တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
15
ပံုမွန္ဆိုအိမ္ျပန္ခ်ိန္က အမ်ားသူငါ အလုပ္ဆင္းခ်ိန္ျဖစ္သည္၊တခါတေလဆို ဒီထက္ ေနာက္က် ခ်င္ေနာက္က်ေသးတာမို႔
အိမ္ျပန္ခ်ိန္မမွန္သူျဖစ္ေလသည္။ ခုေတာ့မတူညီစြာသူကအိမ္ေထာင္သည္ျဖစ္သြားခဲ့ၿပီ။ၾကည့္ေပးစရာေကာင္ကေလးလည္းရိွလာၿပီမို႔ေရးညို႔ထင္ရဲ့အလုပ္ဆင္းခ်ိန္ကညေနသံုးနာရီခြဲအခ်ိန္ကိုေအာ္တိုေျပာင္းလာခဲ့သလို
ေႁခြတာေနၾကbusေတာင္မစီးျဖစ္ေတာ့ေပ။အေၾကာင္းမွာေကာင္ကေလးကို
လူအမ်ားၾကား ပင္ပန္းစြာ မတိုးေဝွ႔စီးေစခ်င္လို႔ပင္။
ေကာင္ကေလးတို႔ ဆိုင္တံခါးဝသည္ မွန္အၾကည္တံခါးျဖင့္ ျပဳလုပ္ထားၿပီး မွန္အလယ္မွာ ပန္းဆြဲဝါဝါေလးကို လွပဆန္းသစ္စြာ ေရးျခယ္ထား၏။ ေရးညိဳ႕ထင္ ထမင္းခ်ိဳင့္ကိုကိုင္ဆြဲထားရင္း ဆိုင္ေရွ႕နားမွာ ရပ္ေစာင့္ေနလိုက္သည္။
မၾကာဘူး ေကာင္ကေလး ထြက္လာ၏။ ဆိုင္တံခါးဖြင့္လိုက္တာနဲ႔ တခြၽင္ခြၽင္ျမည္သြားတဲ့ အသံေလးနဲ႔အတူ ေကာင္ကေလးက သူ႔ေက်ာပိုးအိတ္ေလးကို ေသခ်ာျပင္လြယ္ရင္းသူ႔ေဘးေျပးလာတာျဖစ္သည္။
" ေကာင္ကေလး ေနာက္ဆို ေျပးမလာနဲ႔ "
" ကိုထင္ေစာင့္ေနရမွာစိုးလို႔ပါ"
"ရတယ္၊ ကိုယ္ေစာင့္နိုင္တယ္။ဘယ္ေလာက္ၾကာၾကာ "
ကိုထင္ေဘးမွာ ေခါင္းငံု႔ရပ္ေနရင္း
ေရႊဘံု သူ႔ခပ္ေဖာင္းေဖာင္းနႈတ္ခမ္းကို ေအာက္သြားျဖင့္ကိုက္ကာ မ်က္နွာေလးမသိမသာရႈံ႕မဲ့လိုက္သည္။
ျမင္သာေအာင္ သူ႔မ်က္နွာကိုေတာ့ ကိုထင္သိေအာင္ လုပ္မျပရဲပါ။
" ကိုယ္ကားေခၚထားတယ္ "
"အင္း "
"ဘာျဖစ္ေနတာလဲ "
"ဘာမွမျဖစ္ပါဘူး "
အမွန္တိုင္းေျပာရရင္ သူနည္းနည္းစိတ္ေကာက္ေနပါသည္။ ဘာအေၾကာင္းျပခ်က္မယ္မယ္ရရမရွိပဲ စိတ္ေကာက္ခ်င္သလိုျဖစ္ေနတဲ့ သူ႔စိတ္ကိုလည္းနားမလည္ေပ။ ထိုအခ်ိန္မွာ ေရႊဘံု ေမးဖ်ားကို လက္ျဖင့္ညႇစ္ကာ ဆြဲေမာ့ခံလိုက္ရသည္။
ကိုထင္သည္ ေရႊဘံု၏ မ်က္နွာကို ေစ့ေစ့ၾကည့္ကာ...
" ေကာင္ကေလး လိမ္ေနတာပဲ "
ဆူပုတ္ပုတ္ရွိတဲ့ မ်က္နွာေလးကို ၾကည့္ကာ ေရးညိဳ႕ထင္ ၿပံဳးမိသည္။
ႀကီးရင္မွီ ငယ္ရင္ခ်ီဆိုတဲ့အတိုင္း တခါတေလ ေကာင္ကေလးက သူကိုယ္တိုင္မသိလိုက္ပဲနဲ႔ေတာင္ ေရးညိဳ႕ထင္အား ဆိုးႏြဲ႕ခ်င္သည္။
မ်က္မွန္ေအာက္ကျပဴးဝိုင္းဝိုင္း
မ်က္လံုးေလးက သူလုပ္လိုက္တဲ့ ပံုကိုလန္႔သြားတဲ့ အေနအထားမို႔ စိတ္သက္သာေအာင္ ၿပံဳးျပ၍ ေမးညစ္ထားတာကိုဖယ္ေပးလိုက္ၿပီး
လက္ကေလးကို ေျပာင္းဆြဲလိုက္၏။
" ေရခဲ့မုန္႔ဝယ္ေကြၽးမယ္ ၊ စိတ္မေကာက္နဲ႔ "
"ေရႊဘံုမေကာက္ပါဘူး "
ေကာင္ကေလးက သူစိတ္ေကာက္ေနတဲ့ အခါမ်ိဳးဆို ေရႊဘံုဟု သူ႔ကိုယ္သူ နာမည္ေလးထည့္ကာ ေျပာတက္တာကို ေရးညိဳ႕ထင္ သတိထားမိေပသည္။ ထို႔ေၾကာင့္ ငယ္႐ြယ္သူ၏ လက္ဖမိုးေလးကို ဖ်စ္ညစ္ရင္း အသာေခ်ာ့လိုက္၏။
" အြန္း ကိုယ္သိတယ္။ ကားေရာက္ၿပီ သြားၾကရေအာင္"
ဆြဲထားတဲ့ လက္ကေလးကို သူလႊတ္မေပးမိေခ်။ လက္ေခ်ာင္းသြယ္သြယ္ေလးေတြက ေသးၿပီးရွည္၏။ လက္ေကာက္ဝတ္ကေလးက သူ႔လက္တဆုပ္ေတာင္ရွိပါ့မလား။
ေရးညိဳ႕ထင္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ကားတံခါးဖြင့္ေပးလိုက္သည္။
"မင္း ေနာက္ရက္ ထမင္းပိုစားရမယ္ေကာင္ကေလး "
ေရႊဘံု ကားထဲဝင္ထိုင္ကာ ေထာင့္ကပ္ထိုင္လိုက္ၿပီး မ်က္နွာကို အေဝးလွည့္ထားလိုက္၏။ ဒီလူႀကီးနဲ႔ရၿပီးမွ သူ အျပင္စာ ဆို မစားရသေလာက္ပဲ။
ခ်ဳပ္ခ်ယ္တာမဟုတ္မွန္းသိေနတာေတာင္
ေရႊဘံု မေက်နပ္ခ်င္ေတာ့ေပ။
ထမင္းကို ေန႔စာ၊ညစာအျပင္ သက္သက္အခ်ိန္ပိုအေနနဲ႔မ်ားေကြၽးလို႔ရရင္ေကြၽးဦးမည့္သေဘာ။
" ဦးေလး "××××" လမ္းထိပ္က ေရခဲမုန္႔ဆိုင္မွာ ခဏရပ္ေပးဦးေနာ္ "
ကားသမားဦးေလးႀကီးကို အသိေပးကာ ေကာင္ေလးကိုငဲ့ၾကည့္မိသည္။
ေကာင္ေလးႀကိဳက္တဲ့ ဒူးရင္းအရသာရွိတဲ့ေရခဲမုန္႔ဝယ္ေကြၽးၿပီး ေခ်ာ့ဖို႔ေတြးလိုက္ရင္း စိတ္ေကာက္ကာ တဖက္လွည့္ေနတဲ့ ေကာင္ကေလး ဆံပင္ေတြကို အသာလွမ္းဖြလိုက္သည္။
" ေကာင္ကေလး စိတ္ေတြ ဒီေန႔မၾကည္ဖူးထင္တယ္။ ကိုယ့္ကိုဘာေတြ မေက်နပ္ေနတာလဲ ဆိုတာ ေျပာျပပါဦး၊ "
"ေရႊဘံု မေက်နပ္တာမရွိပါဘူး "
မပြင့္တပြင့္အသံေလးက လန္းဆန္းမူ႔မရွိေသး။
" မင္းကိုယ့္ကို စိတ္ဆိုးေနပါေသးတယ္။ ဒီလိုလုပ္ေလ၊ ကိုယ္မင္းကို ေရခဲမုန္႔လည္းဝယ္ေကြၽးမယ္။ ညေနစာ မင္းႀကိဳက္တာလည္း စားခြင့္ေပးမယ္ ၊ ဘယ္လိုလဲ"
" အတည္ေနာ္ ကြၽန္ေတာ္ ထမင္းမစားခ်င္ဘူး "
ခ်က္ျခင္း လွည့္လာတာသူမဟုတ္သလို ။
သိတာေပါ့ ။ ထမင္းစားမယ္ဆိုတိုင္း မ်က္နွာက မသာမယာျဖစ္ေနတက္တာကို ။
ေကာင္ကေလးနဲ႔ အေနၾကာလာမွသူ႔သိလာတာက ေကာင္ကေလးက ကေလးဆန္လြန္းတာကိုျဖစ္သည္။
အၾကာႀကီးလည္း စိတ္ဆိုးစိတ္ေကာက္တာမ်ိဳးမျမင္ဖူးသလို ၾကမ္းၾကမ္းတမ္းတမ္းေျပာဆိုလႈပ္ရွားတာမ်ိဳးလည္းမေတြ႕ဖူးေပ။
__#__
စပိုင္ေကသီတစ္ေယာက္ လက္ဆြဲၿပီး ကားေပၚတက္သြားတဲ့ ေမာင္ေရႊတို႔စံုတြဲ ပံုေတြကို ဖုန္းျဖင့္အျမန္မွတ္တမ္းတင္ကာ အန္တီဟန္နီဆီပို႔ေပးလိုက္သည္။
ေဒၚဟန္နီဦးဆီ ပံုေတြေရာက္သြားတဲ့ အခ်ိန္သည္ ရုံးကို သူ႔အမ်ိဳးသားေရာက္ေနတဲ့ အခ်ိန္ျဖစ္သည္။
မ်က္နွာခ်င္းဆိုင္ထိုင္ေနတာမို႔ ဟန္နီမ်က္နွာအေျပာင္းအလဲ ဦးမင္းစံ ျမင္ေနရသည္။ အထက္ေအာက္ေ႐ြ႕ကာ ဖုန္းကိုစိတ္ပါဝင္စားၾကည့္ေနတာမို႔ သိလိုတာကိုေမးလိုက္၏။
" ဟိုကာင္ေလးေတြ အဆင္ေျပေနလား "
"ေျပတာထက္ပိုေျပတယ္။ ကို ဒီမွာျကည့္ေလ "
ဖုန္းကို ဦးမင္းစံမယူပဲ မ်က္လံုးေစြၾကည့္ရင္း မ်က္နွာေသနဲ႔ပဲ မသိသလိုလုပ္ေန၏။
သားကို သူစိတ္ဆိုးေနေသးတာကို
ဟန္နီသိေတာ့ အသံထြက္ေအာင္ ရယ္ၿပီး
လက္ထဲကဖုန္းကို ခ်လိုက္ရ၏။
" ေရးညိဳ႕ထင္က ဘုန္းခန္႔ထည္ထက္ ပိုၿပီး ေရႊဘံုနဲ႔ သင့္ေတာ္တယ္ဆိုတာကို ကိုရိပ္မိမွာပါ ။ ကို ဒါကို သိသိရက္နဲ႔
ဟန္နီနဲ႔သားကို စိတ္မဆိုးသင့္ေတာ့ဘူး။
သားကို တစ္ရက္ထဲနဲ႔ဟန္နီ ေခ်ာင္ပိတ္ေပးစားလိုက္တာမဟုတ္ဘူး ကို. .
ေရးညိဳ႕ထင္နဲ႔ သားဘာမွမျဖစ္ဘူးဆိုတာကို ဟန္နီ အဲ့ေန႔ မနက္ ၃နာရီေလာက္ကတည္းက သတင္းရထားၿပီးသား ။
ေရးညိဳ႕ထင္ရဲ႕အေၾကာင္းေတြကို ေသခ်ာဆံုးစမ္းၿပီး သေဘာက်လို႔ ကို နဲ႔မတိုင္ပင္ပဲ ေနာက္ရက္လာအပ္လိုက္လို႔ ဟန္နီပဲေျပာခဲ့တာ "
ေဒၚဟန္နီဦး ရယ္ေနတဲ့ မ်က္နွာထားကိုတည္လိုက္သည္။ ထို႔ေနာက္ဆက္ေျပာသည္။
"ဟန္နီ ဘုန္းခန္႔ထည္လို လူမ်ိဳးကို သမက္မေတာ္နိုင္ဘူး။ အကယ္၍ သားသာ
မေတာ္တဆ ဘုန္းခန္႔ထည္နဲ႔ ျပန္ပတ္သတ္ၿပီး စိတ္ပါသြားရင္ ဟန္နီပဲ ရင္က်ိဳးရမွာ။
မျဖစ္ဘူး ကို ။ အဲ့ေန႔က ကိစၥေတာင္မွ
သားဖက္က ဘာမွမေျပာခဲ့လို ႔ဟန္နီမသိခ်င္ေယာင္ေဆာင္လိုက္တာ ။ ျဖစ္ႏုိုင္ရင္
အဲ့ေကာင္ကို ေထာင္ထဲေတာင္ထည့္လိုက္ခ်င္တာ "
ျဖစ္ခဲ့သမ်ွ အမွန္တရားကို မသိရေအာင္
သူတို႔ ရဲ႕ အရွိန္အဝါက ဘာမို႔လဲ။ စံုစမ္းလို႔ သိခဲ့တဲ့ အေၾကာင္းအရာေတြေၾကာင့္ ဒီဇာတ္ကို သူ(မ)ကိုယ္တိုင္
ဇာတ္ညႊန္းေျပာင္းေရး လိုက္တာ။
မင္းသားေနရာ ေရးညိဳ႕ထင္ျဖစ္သြားတာကေတာ့ သူ႔ကိုယ္ပိုင္ေ႐ြးခ်ယ္မူ႔ပဲ။
ျငင္းလို႔ရရက္သားနဲ႔ ေရးညိဳ႕ထင္မျငင္းခဲ့သလို သားကလည္း ေရးညိဳ႕ထင္ကိုစိတ္ဝင္စားေနတယ္ဆိုတာခန္႔မွန္းမိသေလာက္ ေသခ်ာသည္။
ဘုန္းခန္႔ထည္နဲ႔ ကိစၥကို သားသိရက္နဲ႔
အေမျဖစ္သူကို မဟုတ္ေၾကာင္းတစ္ခြန္းေတာင္ေျဖရွင္းခ်က္မေပးဘူး။
ေရးညိဳ႕ထင္ စီစဥ္တဲ့အတိုင္းသားေနာက္ကေန အလိုက္သင့္ လက္ခံေပးေန
တာကိုက သားအတြက္ခံစားခ်က္ျဖစ္ေနလို႔မဟုတ္ဘူးလား။
" မဟုတ္ဘူး ဟန္နီ။ ေရးညိဳ႕ထင္အေၾကာင္း မင္းမသိတာေတြ အမ်ားႀကီးရွိေသးတယ္။ သူဘာေကာင္လဲဆိုတာ မင္းမသိလို႔
သားကို သူနဲ႔လက္ထက္ခိုင္းရဲတာ "
ေဒၚဟန္နီဦးကို မ်က္လံုးေတြစူးရဲကုန္သည္။
ဦးမင္းစံရဲ႕မ်က္နွာထပ္မွာစိတ္ပ်က္ဟန္အထင္သားျဖစ္ေနတာကို ၾကည့္ၿပီး
ေဒၚဟန္နီဦး သိခ်င္စိတ္ေတြ ျပင္းျပလာ၏။ လင္မယားနွစ္ေယာက္သည္
နွစ္ကိုယ့္တစ္စိတ္ေတြျဖစ္ေနပါလ်က္ ဦးမင္းစံကလည္း အိမ္မွာေနရတဲ့ရက္ရွားသလို ေဒၚဟန္နီဦးကလည္း
အိမ္ေထာင္ဦးစီးနည္းတူ အလုပ္မ်ားသည္။ ထို႔ေၾကာင့္ခ်စ္ခင္ၾကင္နာေပမဲ့ အၿမဲ တိုင္ပင္ေဖာ္တိုင္ပင္ဖက္ေတြ ျဖစ္မေနခဲ့ေပ။
"သူက ဘာလဲ "
တိတ္ဆိတ္ေနတဲ့ အခန္းတြင္းမွာ
ဦးမင္းစံညႊန္းသက္ျပင္းေရးေရးခ်မိသည္။
သူ႔ဘဝမွာ ဟန္နီဦး ဆိုတဲ့ မိန္းမကို အသက္တမ်ွခ်စ္ခဲ့သည္မို႔ အျပစ္ဟူ၍ စိတ္ထဲ
တစ္ခါေတာင္မေတြးဖူးခဲ့ေပ။
သားအိမ္ေထာင္ေရးမွာလည္း ထို႔အတူပဲ။
ဟန္နီ ရဲ႕ မိခင္စိတ္က အတၱအနည္းငယ္ စြန္းထင္းေနေသာ္ျငား ေကာင္းေစခ်င္လို႔ဆိုတာ သူနားလည္သည္။ ဒါေပမဲ့
ဒီတစ္ခါလုပ္ရပ္က လြဲမွားေနတယ္ဆိုတာ
ကိုေတာ့ ဟန္နီဦး ကို သိေစခ်င္သည္။
"သူက မင္းထင္သေလာက္မရုိးရွင္းဘူးဟန္နီ ။ သူ႔နာမည္က မိုက္တဲ့။
သတ္ကြင္းေလာကမွာ နာမည္ႀကီး ေၾကးစား တစ္ေယာက္ပဲ။ ရႈံးပြဲမရွိတဲ့ မိုက္ဆိုတဲ့ေၾကးစားက ေဒၚလာနဲ႔ခ်ီၿပီး ေပါက္ေၾကးရွိတယ္။ စိန္ေခၚတဲ့သူ၊ ထိုးသတ္ခ်င္တဲ့သူေတြက သူ႔နယ္ပယ္မွာ အမ်ားႀကီးပဲ။
ေျပာရရင္ အသက္အႏၲရာယ္အရွိဆံုး လူတစ္ယာက္ပဲ။ သူလိုလူမ်ိဳးနဲ႔မွသားကို မင္းပတ္သတ္ခိုင္းရဲတယ္။ မင္း ေရးတဲ့ဇာတ္
မင္းနိုင္ေအာင္ က ဟန္နီ။ ဒီပြဲမွာ သား
ဘာမွမျဖစ္ဖို႔ ကိုယ္ေမ်ွာ္လင့္တယ္"
" သား ဘာမွမျဖစ္ေအာင္ ဟန္နီ ကာကြယ္နိုင္တယ္ ကို။ ၿပီးေတာ့ ေရးညိဳ႕ထင္။
သူက မိုက္ပဲ ျဖစ္ေနေန ၊ ေရးညိဳ႕ထင္ပဲျဖစ္ေနေန ဟန္နီေ႐ြးခ်ယ္ထားတဲ့ ဟန္နီသမက္"
ေဒၚဟန္နီဦး လက္ပိုက္ထားတာကို ျဖဳတ္လိုက္ၿပီး ဆိုဖာေနာက္မွီကို ခပ္ေလ်ာေလ်ာထိုင္လိုက္သည္။ အနက္ေရာင္ ပိုးေပ်ာ့သားလို အိတြဲတြဲ စကပ္ရွည္က
ခနၶာကိုယ္ ေအာက္ပိုင္းတစ္ေလ်ွာက္
ကပ္ခ်ပ္ကာ ေအာက္ပိုင္းမွာ ကားကားေလးျဖစ္၍ ေျခခ်ိတ္လိုက္သည္နွင့္ ေျခသလံုးျဖဴ ျဖဴ ကေပၚလာသည္။
သူမ အသက္ ၄၅နွစ္။
ပါးပါးျခယ္ထားေသာ ပန္းေဖ်ာ့ေရာင္နႈတ္ခမ္းဆိုးဆီက တလဲ့လဲ့ေလးေတာက္ေနတာမို႔ ငယ္ႏုေသြးႂကြကာ အသက္၂၀ေက်ာ္အ
ပ်ိဳမေလးသဖြယ္ ႏုငယ္ပံုေပၚသည္။
လွပသလို ၊ ႏုညံ့သည္။
ထက္ျမတ္ေပမဲ့ သိမ္ေမြ့မူ႔ေတြေရာယွက္ေနေသာ ဟန္နီဦး ဆိုတဲ့အမ်ိဳးသမီးသည္
စီးပြားေရးေလာကမွာလည္း ဦးမင္းစံညႊန္းနဲ႔အၿပိဳင္ ေနာက္ေခါက္က် က်န္မေနခဲ့သူ။
" မိုက္က ေၾကးစားတစ္ေယာက္ျဖစ္ေနရင္ေတာင္ ဟန္နီကိုယ္တိုင္ သူ႔ပံုစံ၊ သူ႔အမူအက်င့္ကို သေဘာက်တဲ့အတြက္
သားအိမ္ေထာင္ဖက္ေနရာကကေျပာင္းလဲသြားစရာအေၾကာင္းမရွိဘူး ။ အဲ့အတြက္ ကို ဟန္နီကို ဘာေျပာခ်င္လဲ။"
ဦးမင္းစံၫႊန္းထိုင္ရာမွထရပ္လိုက္ၿပီး
သူ႔ကုတ္အက်ၤ ီကို ေသသပ္ေအာင္ ဆြဲခ်ကာ ဇြဲႀကီးတဲ့ သူ႔အမ်ိဳးသမီးကိုငံု႔ၾကည့္သည္။
" ကို ဘာမွမေျပာဘူး။
မင္းသမက္ မင္းနိုင္ရင္ ၿပီးတာပဲ။
ကို ေငြမမက္ဘူး ဟန္နီ။ မင္းသမက္ကို
အဲ့ေလာက ကေနထြက္လာခိုင္းဖို႔ပဲလိုတယ္။ "
ေျပာၿပီး ရုံးခန္းကေန ဦးမင္းစံညႊန္းထြက္သြားလိုက္သည္။ တိတ္ဆိတ္စြာ က်န္ခဲ့ေသာ ရုံးခန္းမွာ ေဒၚဟန္နီဦးတစ္ေယာက္သာ ေဒါသတႀကီး က်န္ခဲ့တာျဖစ္သည္။
ထို႔ေနာက္ ဖုန္းနံပတ္တစ္ခုကို နွိပ္လိုက္ၿပီး
ဖုန္းဝင္သြားတာကို စိတ္မရွည္စြာ ေစာင့္လိုက္ၿပီးလ်ွင္ တစ္ဖက္က ဖုန္းကိုင္သည္နွင့္
" ေအး ေၾကးစားေလာကက
မိုက္ဆိုတဲ့ တစ္ေယာက္အေၾကာင္း သိခ်င္တယ္။ "
__________
"ေကာင္ကေလး ကိုယ္အျပင္သြားမလို႔ "
အခ်ိန္အားျဖင့္ ညေန၆နာရီခြဲ။
ေရခ်ိဳးထားတာမဟုတ္ပဲ ကိုထင္ အက်ၤ ီလဲဖို႔ျပင္ေနတာကို ေရႊဘံု ေမြ့ရာေပၚကေန ဒီတိုင္းထိုင္ၾကည့္ေနတာျဖစ္သည္။
ႂကြက္သားအျပည့္နဲ႔ လက္ေမာင္းေတြက တုတ္ခိုင္ေနေသာ္ျငား က်စ္လစ္ကာ
လူသန္ႀကီးေတြလိုေတာ့ ျဖစ္မေနေပ။
ရင္ဘတ္ နွင့္ ဝမ္းဗိုက္သားတေလ်ွာက္မွာ
အဆီပိုဟူ၍ မရွိပဲ ေထာင့္မွန္သ႑ာန္အကြက္ေတြက သူ႔ေနရာနဲ႔သူ ေနရာတက် ရွိလွ၏။
တစ္ခု၊ နွစ္ခုဟု စိတ္မွန္းျဖင့္ တြက္ၾကည့္ရာ ရွစ္ခုေတာင္မွရွိေလသည္ဖို႔ ေရႊဘံု ပါးစပ္ေလးေတာင္ ဟ မိသြားရသည္။
ထူးဆန္းသည္။ မ်က္စိေရွ႕ျမင္ေနရတဲ့ ကုိထင္သည္ အေတာ္ေလးထူးဆန္းေနတာ
ဘယ္လိုမွသဘာဝမက်စရာပင္ ။
အၿမဲေတြ႕ေနက် ကိုထင္ကထိုသို႔ေသာ ပံုစံမဟုတ္။ ေအးေဆးတည္ၾကည္ၿပီး သေဘာေကာင္းတဲ့ အမ်ိဳးသားအသြင္ျဖစ္၏။
ခုပံုစံက အရုိင္းဆန္က ဘာေနာင္ႀကိဳးမွ မရွိတဲ့ ေယာက်ာ္းတစ္ေယာက္ပံုမ်ိဳး။
ယုတ္စြဆံုး ကိုထင္လို လူတစ္ေယာက္က
ထိုသို႔ အရွိန္အဟုန္ျပင္းျပေသာ တက္တူးေတြ ရွိစရာအေၾကာင္းမရွိဘူး။
ၿပီးေတာ့ ခနၶာ ကိုယ္အနွံ႔အျပားမွာရွိတဲ့ ထိခိုက္ဒဏ္ရာ တစ္ခ်ိဳ ႕။
တခ်ိဳ႕ က ခပ္ေရးေရးရွိေပမဲ့ ၊ တခ်ိဳ ႕က သိသာသည္။
ညာဖက္ မ်က္ခံုးအဖ်ားမွာလည္း ကန္႔လန္႔ျဖတ္
အမာ႐ြတ္ေလးတစ္ခုရွိကာ ၊ သိသာေအာင္လည္း ႀကီးမေနျပန္တာမို႔ ရုပ္ဆိုးမသြားတာျဖစ္သည္။
" ေကာင္ကေလး ကိုယ္ေျပာတာ ၾကားလား "
"ဗ်ာ ! ဘာေျပာလိုက္တာလဲ "
တီရွပ္တစ္ထည္နဲ႔ အားကစားေဘာင္းဘီ ရွည္လဲကာ ေရးညိဳ႕ထင္ ေကာင္ကေလးဖက္ကို ေသခ်ာလွည့္ၾကည့္လိုက္သည္။
" ကိုယ္အျပင္သြားမလို ႔"
"ဘယ္သြားမလို႔လဲ"
ျမင္ေနက်ပံုစံမဟုတ္တာေၾကာင့္ ေရႊဘံု
ေမးလိုက္သည္။
လက္ထဲမွာလည္း အဝတ္ထည့္ထားတဲ့ အိတ္တစ္လံုးကိုဆြဲထားသည္မို႔ ကိုထင္ပံုစံက သံသယ ျဖစ္စရာေကာင္းေနသလို။
" Boxing Club ၊ လိုက္ခ်င္လား "
ေရးညိဳ႕ထင္ ေမးေငါ့ေမးလိုက္သည္။
ေကာင္ကေလး ခ်က္ျခင္း ထရပ္တာေတြ႕ေတာ့ သူ႔နႈတ္ခမ္းေလး ေကြးသြားရ၏။
သိသားပဲ။
မယံုသလို မ်က္ဝန္းေတြက ခင္ဗ်ား ဘာမဟုတ္တာ လုပ္မလဲလို ႔မေမးရုံတမယ္။
သူ႔အေနနဲ႔ ေကာင္ကေလးကို လိမ္ညာထားစရာအေၾကာင္းမရွိ။ ထို႔ေၾကာင့္ ေကာင္ကေလးကိုေခၚသြားဖို႔ဆံုးျဖတ္လိုက္တာျဖစ္သည္။
သူတို႔ Club ကိုေရာက္ေတာ့ လူအနည္းအက်ဥ္းသာ ရွိတာကိုေတြ႕ရသည္။
ည၉နာရီထိ ကိုနိုင္းက ဖြင့္ေပးထားတာမို႔
ေရးညိဳ႕ထင္အေနနဲ႔ ေအးေအးေဆးေဆး
ဆိုင္အျပန္မွ လာေနၾကပင္။
" ထူးထူးဆန္းဆန္း အေဖာ္ေတြ ဘာေတြနဲ႔ပါ့လား မိုက္ "
" မလာတာ ရက္ပိုင္းပဲရွိေသးတယ္ ကိုနိုင္း
လက္ရည္တက္လာတာလား "
လက္ေဝွ႔ကစားေနတဲ့ ကိုနိုင္းက သူ႔ကိုေတြ႕ေတာ့ ႀကိဳးဝိုင္းထဲမွ ဆင္းလာသည္။
ကိုနိုင္းမ်က္လံုးေတြက ေရးညိဳ႕ထင္ အေမးကို ေျဖစရာမရွိပဲ တအံ့တၾသေငးေမာေနတဲ့ ေကာင္ကေလးဆီကိုသာ ေရာက္ေနတာမို႔ ပုခံုးကေန ဆြဲကာ သူ႔ေဘးကို ကပ္လိုက္ၿပီးလ်ွင္ ကိုနိုင္းအားမိတ္ဆက္ေပးလိုက္၏။
" ကြၽန္ေတာ္ အမ်ိဳးသား ၊ ေရႊဘံုမင္းစံတဲ့။
ကိုနိုင္းသိမွာပါ။ သူေဌးဦးမင္းစံရဲ႕ သား "
"ဘာ ! "
ကိုနိုင္ေအာ္သံအျပင္ ေကာင္ကေလးဆီမွေရာ ထူးဆန္းတဲ့ အၾကည့္ေရာက္လာသည္မို႔ ေရးညိဳ႕ထင္ ၿပံဳး၍ ပုခံုးေလးကို ဆုပ္ကိုင္ၿပီး အနည္းငယ္ လႈပ္လိုက္၏။
သူ႔ပံုစံက အနည္းငယ္ေခ်ာ့ျမဴ ေနဟန္ရွိၿပီး
စိတ္လႈပ္ရွားဟန္လည္းရွိေနသည္။
သူေခါင္းငံု႔ကာ တိုးတိုးေလးေျပာလိုက္သည္။
"ကိုယ့္မွာ လ်ိဳ ႕ဝွက္ခ်က္ေတြ အမ်ားႀကီးရွိတယ္။ ေကာင္ကေလး မင္းသိခ်င္လား "
ခ်စ္တဲ့အိမ္စည္။
ပုံမှန်ဆိုအိမ်ပြန်ချိန်က အများသူငါ အလုပ်ဆင်းချိန်ဖြစ်သည်၊တခါတလေဆို ဒီထက် နောက်ကျ ချင်နောက်ကျသေးတာမို့
အိမ်ပြန်ချိန်မမှန်သူဖြစ်လေသည်။ ခုတော့မတူညီစွာသူကအိမ်ထောင်သည်ဖြစ်သွားခဲ့ပြီ။ကြည့်ပေးစရာကောင်ကလေးလည်းရှိလာပြီမို့ရေးညို့ထင်ရဲ့အလုပ်ဆင်းချိန်ကညနေသုံးနာရီခွဲအချိန်ကိုအော်တိုပြောင်းလာခဲ့သလို
ခြွေတာနေကြbusတောင်မစီးဖြစ်တော့ပေ။အကြောင်းမှာကောင်ကလေးကို
လူအများကြား ပင်ပန်းစွာ မတိုးဝှေ့စီးစေချင်လို့ပင်။
ကောင်ကလေးတို့ ဆိုင်တံခါးဝသည် မှန်အကြည်တံခါးဖြင့် ပြုလုပ်ထားပြီး မှန်အလယ်မှာ ပန်းဆွဲဝါဝါလေးကို လှပဆန်းသစ်စွာ ရေးခြယ်ထား၏။ ရေးညို့ထင် ထမင်းချိုင့်ကိုကိုင်ဆွဲထားရင်း ဆိုင်ရှေ့နားမှာ ရပ်စောင့်နေလိုက်သည်။
မကြာဘူး ကောင်ကလေး ထွက်လာ၏။ ဆိုင်တံခါးဖွင့်လိုက်တာနဲ့ တချွင်ချွင်မြည်သွားတဲ့ အသံလေးနဲ့အတူ ကောင်ကလေးက သူ့ကျောပိုးအိတ်လေးကို သေချာပြင်လွယ်ရင်းသူ့ဘေးပြေးလာတာဖြစ်သည်။
" ကောင်ကလေး နောက်ဆို ပြေးမလာနဲ့ "
" ကိုထင်စောင့်နေရမှာစိုးလို့ပါ"
"ရတယ်၊ ကိုယ်စောင့်နိုင်တယ်။ဘယ်လောက်ကြာကြာ "
ကိုထင်ဘေးမှာ ခေါင်းငုံ့ရပ်နေရင်း
ရွှေဘုံ သူ့ခပ်ဖောင်းဖောင်းနှုတ်ခမ်းကို အောက်သွားဖြင့်ကိုက်ကာ မျက်နှာလေးမသိမသာရှုံ့မဲ့လိုက်သည်။
မြင်သာအောင် သူ့မျက်နှာကိုတော့ ကိုထင်သိအောင် လုပ်မပြရဲပါ။
" ကိုယ်ကားခေါ်ထားတယ် "
"အင်း "
"ဘာဖြစ်နေတာလဲ "
"ဘာမှမဖြစ်ပါဘူး "
အမှန်တိုင်းပြောရရင် သူနည်းနည်းစိတ်ကောက်နေပါသည်။ ဘာအကြောင်းပြချက်မယ်မယ်ရရမရှိပဲ စိတ်ကောက်ချင်သလိုဖြစ်နေတဲ့ သူ့စိတ်ကိုလည်းနားမလည်ပေ။ ထိုအချိန်မှာ ရွှေဘုံ မေးဖျားကို လက်ဖြင့်ညှစ်ကာ ဆွဲမော့ခံလိုက်ရသည်။
ကိုထင်သည် ရွှေဘုံ၏ မျက်နှာကို စေ့စေ့ကြည့်ကာ...
" ကောင်ကလေး လိမ်နေတာပဲ "
ဆူပုတ်ပုတ်ရှိတဲ့ မျက်နှာလေးကို ကြည့်ကာ ရေးညို့ထင် ပြုံးမိသည်။
ကြီးရင်မှီ ငယ်ရင်ချီဆိုတဲ့အတိုင်း တခါတလေ ကောင်ကလေးက သူကိုယ်တိုင်မသိလိုက်ပဲနဲ့တောင် ရေးညို့ထင်အား ဆိုးနွဲ့ချင်သည်။
မျက်မှန်အောက်ကပြူးဝိုင်းဝိုင်း
မျက်လုံးလေးက သူလုပ်လိုက်တဲ့ ပုံကိုလန့်သွားတဲ့ အနေအထားမို့ စိတ်သက်သာအောင် ပြုံးပြ၍ မေးညစ်ထားတာကိုဖယ်ပေးလိုက်ပြီး
လက်ကလေးကို ပြောင်းဆွဲလိုက်၏။
" ရေခဲ့မုန့်ဝယ်ကျွေးမယ် ၊ စိတ်မကောက်နဲ့ "
"ရွှေဘုံမကောက်ပါဘူး "
ကောင်ကလေးက သူစိတ်ကောက်နေတဲ့ အခါမျိုးဆို ရွှေဘုံဟု သူ့ကိုယ်သူ နာမည်လေးထည့်ကာ ပြောတက်တာကို ရေးညို့ထင် သတိထားမိပေသည်။ ထို့ကြောင့် ငယ်ရွယ်သူ၏ လက်ဖမိုးလေးကို ဖျစ်ညစ်ရင်း အသာချော့လိုက်၏။
" အွန်း ကိုယ်သိတယ်။ ကားရောက်ပြီ သွားကြရအောင်"
ဆွဲထားတဲ့ လက်ကလေးကို သူလွှတ်မပေးမိချေ။ လက်ချောင်းသွယ်သွယ်လေးတွေက သေးပြီးရှည်၏။ လက်ကောက်ဝတ်ကလေးက သူ့လက်တဆုပ်တောင်ရှိပါ့မလား။
ရေးညို့ထင် မျက်မှောင်ကြုတ်လိုက်ပြီး ကားတံခါးဖွင့်ပေးလိုက်သည်။
"မင်း နောက်ရက် ထမင်းပိုစားရမယ်ကောင်ကလေး "
ရွှေဘုံ ကားထဲဝင်ထိုင်ကာ ထောင့်ကပ်ထိုင်လိုက်ပြီး မျက်နှာကို အဝေးလှည့်ထားလိုက်၏။ ဒီလူကြီးနဲ့ရပြီးမှ သူ အပြင်စာ ဆို မစားရသလောက်ပဲ။
ချုပ်ချယ်တာမဟုတ်မှန်းသိနေတာတောင်
ရွှေဘုံ မကျေနပ်ချင်တော့ပေ။
ထမင်းကို နေ့စာ၊ညစာအပြင် သက်သက်အချိန်ပိုအနေနဲ့များကျွေးလို့ရရင်ကျွေးဦးမည့်သဘော။
" ဦးလေး "××××" လမ်းထိပ်က ရေခဲမုန့်ဆိုင်မှာ ခဏရပ်ပေးဦးနော် "
ကားသမားဦးလေးကြီးကို အသိပေးကာ ကောင်လေးကိုငဲ့ကြည့်မိသည်။
ကောင်လေးကြိုက်တဲ့ ဒူးရင်းအရသာရှိတဲ့ရေခဲမုန့်ဝယ်ကျွေးပြီး ချော့ဖို့တွေးလိုက်ရင်း စိတ်ကောက်ကာ တဖက်လှည့်နေတဲ့ ကောင်ကလေး ဆံပင်တွေကို အသာလှမ်းဖွလိုက်သည်။
" ကောင်ကလေး စိတ်တွေ ဒီနေ့မကြည်ဖူးထင်တယ်။ ကိုယ့်ကိုဘာတွေ မကျေနပ်နေတာလဲ ဆိုတာ ပြောပြပါဦး၊ "
"ရွှေဘုံ မကျေနပ်တာမရှိပါဘူး "
မပွင့်တပွင့်အသံလေးက လန်းဆန်းမူ့မရှိသေး။
" မင်းကိုယ့်ကို စိတ်ဆိုးနေပါသေးတယ်။ ဒီလိုလုပ်လေ၊ ကိုယ်မင်းကို ရေခဲမုန့်လည်းဝယ်ကျွေးမယ်။ ညနေစာ မင်းကြိုက်တာလည်း စားခွင့်ပေးမယ် ၊ ဘယ်လိုလဲ"
" အတည်နော် ကျွန်တော် ထမင်းမစားချင်ဘူး "
ချက်ခြင်း လှည့်လာတာသူမဟုတ်သလို ။
သိတာပေါ့ ။ ထမင်းစားမယ်ဆိုတိုင်း မျက်နှာက မသာမယာဖြစ်နေတက်တာကို ။
ကောင်ကလေးနဲ့ အနေကြာလာမှသူ့သိလာတာက ကောင်ကလေးက ကလေးဆန်လွန်းတာကိုဖြစ်သည်။
အကြာကြီးလည်း စိတ်ဆိုးစိတ်ကောက်တာမျိုးမမြင်ဖူးသလို ကြမ်းကြမ်းတမ်းတမ်းပြောဆိုလှုပ်ရှားတာမျိုးလည်းမတွေ့ဖူးပေ။
__#__
စပိုင်ကေသီတစ်ယောက် လက်ဆွဲပြီး ကားပေါ်တက်သွားတဲ့ မောင်ရွှေတို့စုံတွဲ ပုံတွေကို ဖုန်းဖြင့်အမြန်မှတ်တမ်းတင်ကာ အန်တီဟန်နီဆီပို့ပေးလိုက်သည်။
ဒေါ်ဟန်နီဦးဆီ ပုံတွေရောက်သွားတဲ့ အချိန်သည် ရုံးကို သူ့အမျိုးသားရောက်နေတဲ့ အချိန်ဖြစ်သည်။
မျက်နှာချင်းဆိုင်ထိုင်နေတာမို့ ဟန်နီမျက်နှာအပြောင်းအလဲ ဦးမင်းစံ မြင်နေရသည်။ အထက်အောက်ရွေ့ကာ ဖုန်းကိုစိတ်ပါဝင်စားကြည့်နေတာမို့ သိလိုတာကိုမေးလိုက်၏။
" ဟိုကာင်လေးတွေ အဆင်ပြေနေလား "
"ပြေတာထက်ပိုပြေတယ်။ ကို ဒီမှာကြည့်လေ "
ဖုန်းကို ဦးမင်းစံမယူပဲ မျက်လုံးစွေကြည့်ရင်း မျက်နှာသေနဲ့ပဲ မသိသလိုလုပ်နေ၏။
သားကို သူစိတ်ဆိုးနေသေးတာကို
ဟန်နီသိတော့ အသံထွက်အောင် ရယ်ပြီး
လက်ထဲကဖုန်းကို ချလိုက်ရ၏။
" ရေးညို့ထင်က ဘုန်းခန့်ထည်ထက် ပိုပြီး ရွှေဘုံနဲ့ သင့်တော်တယ်ဆိုတာကို ကိုရိပ်မိမှာပါ ။ ကို ဒါကို သိသိရက်နဲ့
ဟန်နီနဲ့သားကို စိတ်မဆိုးသင့်တော့ဘူး။
သားကို တစ်ရက်ထဲနဲ့ဟန်နီ ချောင်ပိတ်ပေးစားလိုက်တာမဟုတ်ဘူး ကို. .
ရေးညို့ထင်နဲ့ သားဘာမှမဖြစ်ဘူးဆိုတာကို ဟန်နီ အဲ့နေ့ မနက် ၃နာရီလောက်ကတည်းက သတင်းရထားပြီးသား ။
ရေးညို့ထင်ရဲ့အကြောင်းတွေကို သေချာဆုံးစမ်းပြီး သဘောကျလို့ ကို နဲ့မတိုင်ပင်ပဲ နောက်ရက်လာအပ်လိုက်လို့ ဟန်နီပဲပြောခဲ့တာ "
ဒေါ်ဟန်နီဦး ရယ်နေတဲ့ မျက်နှာထားကိုတည်လိုက်သည်။ ထို့နောက်ဆက်ပြောသည်။
"ဟန်နီ ဘုန်းခန့်ထည်လို လူမျိုးကို သမက်မတော်နိုင်ဘူး။ အကယ်၍ သားသာ
မတော်တဆ ဘုန်းခန့်ထည်နဲ့ ပြန်ပတ်သတ်ပြီး စိတ်ပါသွားရင် ဟန်နီပဲ ရင်ကျိုးရမှာ။
မဖြစ်ဘူး ကို ။ အဲ့နေ့က ကိစ္စတောင်မှ
သားဖက်က ဘာမှမပြောခဲ့လို့ ဟန်နီမသိချင်ယောင်ဆောင်လိုက်တာ ။ ဖြစ်နိုင်ရင်
အဲ့ကောင်ကို ထောင်ထဲတောင်ထည့်လိုက်ချင်တာ "
ဖြစ်ခဲ့သမျှ အမှန်တရားကို မသိရအောင်
သူတို့ ရဲ့ အရှိန်အဝါက ဘာမို့လဲ။ စုံစမ်းလို့ သိခဲ့တဲ့ အကြောင်းအရာတွေကြောင့် ဒီဇာတ်ကို သူ(မ)ကိုယ်တိုင်
ဇာတ်ညွှန်းပြောင်းရေး လိုက်တာ။
မင်းသားနေရာ ရေးညို့ထင်ဖြစ်သွားတာကတော့ သူ့ကိုယ်ပိုင်ရွေးချယ်မူ့ပဲ။
ငြင်းလို့ရရက်သားနဲ့ ရေးညို့ထင်မငြင်းခဲ့သလို သားကလည်း ရေးညို့ထင်ကိုစိတ်ဝင်စားနေတယ်ဆိုတာခန့်မှန်းမိသလောက် သေချာသည်။
ဘုန်းခန့်ထည်နဲ့ ကိစ္စကို သားသိရက်နဲ့
အမေဖြစ်သူကို မဟုတ်ကြောင်းတစ်ခွန်းတောင်ဖြေရှင်းချက်မပေးဘူး။
ရေးညို့ထင် စီစဉ်တဲ့အတိုင်းသားနောက်ကနေ အလိုက်သင့် လက်ခံပေးနေ
တာကိုက သားအတွက်ခံစားချက်ဖြစ်နေလို့မဟုတ်ဘူးလား။
" မဟုတ်ဘူး ဟန်နီ။ ရေးညို့ထင်အကြောင်း မင်းမသိတာတွေ အများကြီးရှိသေးတယ်။ သူဘာကောင်လဲဆိုတာ မင်းမသိလို့
သားကို သူနဲ့လက်ထက်ခိုင်းရဲတာ "
ဒေါ်ဟန်နီဦးကို မျက်လုံးတွေစူးရဲကုန်သည်။
ဦးမင်းစံရဲ့မျက်နှာထပ်မှာစိတ်ပျက်ဟန်အထင်သားဖြစ်နေတာကို ကြည့်ပြီး
ဒေါ်ဟန်နီဦး သိချင်စိတ်တွေ ပြင်းပြလာ၏။ လင်မယားနှစ်ယောက်သည်
နှစ်ကိုယ့်တစ်စိတ်တွေဖြစ်နေပါလျက် ဦးမင်းစံကလည်း အိမ်မှာနေရတဲ့ရက်ရှားသလို ဒေါ်ဟန်နီဦးကလည်း
အိမ်ထောင်ဦးစီးနည်းတူ အလုပ်များသည်။ ထို့ကြောင့်ချစ်ခင်ကြင်နာပေမဲ့ အမြဲ တိုင်ပင်ဖော်တိုင်ပင်ဖက်တွေ ဖြစ်မနေခဲ့ပေ။
"သူက ဘာလဲ "
တိတ်ဆိတ်နေတဲ့ အခန်းတွင်းမှာ
ဦးမင်းစံညွှန်းသက်ပြင်းရေးရေးချမိသည်။
သူ့ဘဝမှာ ဟန်နီဦး ဆိုတဲ့ မိန်းမကို အသက်တမျှချစ်ခဲ့သည်မို့ အပြစ်ဟူ၍ စိတ်ထဲ
တစ်ခါတောင်မတွေးဖူးခဲ့ပေ။
သားအိမ်ထောင်ရေးမှာလည်း ထို့အတူပဲ။
ဟန်နီ ရဲ့ မိခင်စိတ်က အတ္တအနည်းငယ် စွန်းထင်းနေသော်ငြား ကောင်းစေချင်လို့ဆိုတာ သူနားလည်သည်။ ဒါပေမဲ့
ဒီတစ်ခါလုပ်ရပ်က လွဲမှားနေတယ်ဆိုတာ
ကိုတော့ ဟန်နီဦး ကို သိစေချင်သည်။
"သူက မင်းထင်သလောက်မရိုးရှင်းဘူးဟန်နီ ။ သူ့နာမည်က မိုက်တဲ့။
သတ်ကွင်းလောကမှာ နာမည်ကြီး ကြေးစား တစ်ယောက်ပဲ။ ရှုံးပွဲမရှိတဲ့ မိုက်ဆိုတဲ့ကြေးစားက ဒေါ်လာနဲ့ချီပြီး ပေါက်ကြေးရှိတယ်။ စိန်ခေါ်တဲ့သူ၊ ထိုးသတ်ချင်တဲ့သူတွေက သူ့နယ်ပယ်မှာ အများကြီးပဲ။
ပြောရရင် အသက်အန္တရာယ်အရှိဆုံး လူတစ်ယာက်ပဲ။ သူလိုလူမျိုးနဲ့မှသားကို မင်းပတ်သတ်ခိုင်းရဲတယ်။ မင်း ရေးတဲ့ဇာတ်
မင်းနိုင်အောင် က ဟန်နီ။ ဒီပွဲမှာ သား
ဘာမှမဖြစ်ဖို့ ကိုယ်မျှော်လင့်တယ်"
" သား ဘာမှမဖြစ်အောင် ဟန်နီ ကာကွယ်နိုင်တယ် ကို။ ပြီးတော့ ရေးညို့ထင်။
သူက မိုက်ပဲ ဖြစ်နေနေ ၊ ရေးညို့ထင်ပဲဖြစ်နေနေ ဟန်နီရွေးချယ်ထားတဲ့ ဟန်နီသမက်"
ဒေါ်ဟန်နီဦး လက်ပိုက်ထားတာကို ဖြုတ်လိုက်ပြီး ဆိုဖာနောက်မှီကို ခပ်လျောလျောထိုင်လိုက်သည်။ အနက်ရောင် ပိုးပျော့သားလို အိတွဲတွဲ စကပ်ရှည်က
ခန္ဓာကိုယ် အောက်ပိုင်းတစ်လျှောက်
ကပ်ချပ်ကာ အောက်ပိုင်းမှာ ကားကားလေးဖြစ်၍ ခြေချိတ်လိုက်သည်နှင့် ခြေသလုံးဖြူ ဖြူ ကပေါ်လာသည်။
သူမ အသက် ၄၅နှစ်။
ပါးပါးခြယ်ထားသော ပန်းဖျော့ရောင်နှုတ်ခမ်းဆိုးဆီက တလဲ့လဲ့လေးတောက်နေတာမို့ ငယ်နုသွေးကြွကာ အသက်၂၀ကျော်အ
ပျိုမလေးသဖွယ် နုငယ်ပုံပေါ်သည်။
လှပသလို ၊ နုညံ့သည်။
ထက်မြတ်ပေမဲ့ သိမ်မွေ့မူ့တွေရောယှက်နေသော ဟန်နီဦး ဆိုတဲ့အမျိုးသမီးသည်
စီးပွားရေးလောကမှာလည်း ဦးမင်းစံညွှန်းနဲ့အပြိုင် နောက်ခေါက်ကျ ကျန်မနေခဲ့သူ။
" မိုက်က ကြေးစားတစ်ယောက်ဖြစ်နေရင်တောင် ဟန်နီကိုယ်တိုင် သူ့ပုံစံ၊ သူ့အမူအကျင့်ကို သဘောကျတဲ့အတွက်
သားအိမ်ထောင်ဖက်နေရာကကပြောင်းလဲသွားစရာအကြောင်းမရှိဘူး ။ အဲ့အတွက် ကို ဟန်နီကို ဘာပြောချင်လဲ။"
ဦးမင်းစံညွှန်းထိုင်ရာမှထရပ်လိုက်ပြီး
သူ့ကုတ်အင်္ကျီကို သေသပ်အောင် ဆွဲချကာ ဇွဲကြီးတဲ့ သူ့အမျိုးသမီးကိုငုံ့ကြည့်သည်။
" ကို ဘာမှမပြောဘူး။
မင်းသမက် မင်းနိုင်ရင် ပြီးတာပဲ။
ကို ငွေမမက်ဘူး ဟန်နီ။ မင်းသမက်ကို
အဲ့လောက ကနေထွက်လာခိုင်းဖို့ပဲလိုတယ်။ "
ပြောပြီး ရုံးခန်းကနေ ဦးမင်းစံညွှန်းထွက်သွားလိုက်သည်။ တိတ်ဆိတ်စွာ ကျန်ခဲ့သော ရုံးခန်းမှာ ဒေါ်ဟန်နီဦးတစ်ယောက်သာ ဒေါသတကြီး ကျန်ခဲ့တာဖြစ်သည်။
ထို့နောက် ဖုန်းနံပတ်တစ်ခုကို နှိပ်လိုက်ပြီး
ဖုန်းဝင်သွားတာကို စိတ်မရှည်စွာ စောင့်လိုက်ပြီးလျှင် တစ်ဖက်က ဖုန်းကိုင်သည်နှင့်
" အေး ကြေးစားလောကက
မိုက်ဆိုတဲ့ တစ်ယောက်အကြောင်း သိချင်တယ်။ "
__________
"ကောင်ကလေး ကိုယ်အပြင်သွားမလို့ "
အချိန်အားဖြင့် ညနေ၆နာရီခွဲ။
ရေချိုးထားတာမဟုတ်ပဲ ကိုထင် အင်္ကျီလဲဖို့ပြင်နေတာကို ရွှေဘုံ မွေ့ရာပေါ်ကနေ ဒီတိုင်းထိုင်ကြည့်နေတာဖြစ်သည်။
ကြွက်သားအပြည့်နဲ့ လက်မောင်းတွေက တုတ်ခိုင်နေသော်ငြား ကျစ်လစ်ကာ
လူသန်ကြီးတွေလိုတော့ ဖြစ်မနေပေ။
ရင်ဘတ် နှင့် ဝမ်းဗိုက်သားတလျှောက်မှာ
အဆီပိုဟူ၍ မရှိပဲ ထောင့်မှန်သဏ္ဍာန်အကွက်တွေက သူ့နေရာနဲ့သူ နေရာတကျ ရှိလှ၏။
တစ်ခု၊ နှစ်ခုဟု စိတ်မှန်းဖြင့် တွက်ကြည့်ရာ ရှစ်ခုတောင်မှရှိလေသည်ဖို့ ရွှေဘုံ ပါးစပ်လေးတောင် ဟ မိသွားရသည်။
ထူးဆန်းသည်။ မျက်စိရှေ့မြင်နေရတဲ့ ကိုထင်သည် အတော်လေးထူးဆန်းနေတာ
ဘယ်လိုမှသဘာဝမကျစရာပင် ။
အမြဲတွေ့နေကျ ကိုထင်ကထိုသို့သော ပုံစံမဟုတ်။ အေးဆေးတည်ကြည်ပြီး သဘောကောင်းတဲ့ အမျိုးသားအသွင်ဖြစ်၏။
ခုပုံစံက အရိုင်းဆန်က ဘာနောင်ကြိုးမှ မရှိတဲ့ ယောကျာ်းတစ်ယောက်ပုံမျိုး။
ယုတ်စွဆုံး ကိုထင်လို လူတစ်ယောက်က
ထိုသို့ အရှိန်အဟုန်ပြင်းပြသော တက်တူးတွေ ရှိစရာအကြောင်းမရှိဘူး။
ပြီးတော့ ခန္ဓာ ကိုယ်အနှံ့အပြားမှာရှိတဲ့ ထိခိုက်ဒဏ်ရာ တစ်ချို့ ။
တချို့ က ခပ်ရေးရေးရှိပေမဲ့ ၊ တချို့ က သိသာသည်။
ညာဖက် မျက်ခုံးအဖျားမှာလည်း ကန့်လန့်ဖြတ်
အမာရွတ်လေးတစ်ခုရှိကာ ၊ သိသာအောင်လည်း ကြီးမနေပြန်တာမို့ ရုပ်ဆိုးမသွားတာဖြစ်သည်။
" ကောင်ကလေး ကိုယ်ပြောတာ ကြားလား "
"ဗျာ ! ဘာပြောလိုက်တာလဲ "
တီရှပ်တစ်ထည်နဲ့ အားကစားဘောင်းဘီ ရှည်လဲကာ ရေးညို့ထင် ကောင်ကလေးဖက်ကို သေချာလှည့်ကြည့်လိုက်သည်။
" ကိုယ်အပြင်သွားမလို့ "
"ဘယ်သွားမလို့လဲ"
မြင်နေကျပုံစံမဟုတ်တာကြောင့် ရွှေဘုံ
မေးလိုက်သည်။
လက်ထဲမှာလည်း အဝတ်ထည့်ထားတဲ့ အိတ်တစ်လုံးကိုဆွဲထားသည်မို့ ကိုထင်ပုံစံက သံသယ ဖြစ်စရာကောင်းနေသလို။
" Boxing Club ၊ လိုက်ချင်လား "
ရေးညို့ထင် မေးငေါ့မေးလိုက်သည်။
ကောင်ကလေး ချက်ခြင်း ထရပ်တာတွေ့တော့ သူ့နှုတ်ခမ်းလေး ကွေးသွားရ၏။
သိသားပဲ။
မယုံသလို မျက်ဝန်းတွေက ခင်ဗျား ဘာမဟုတ်တာ လုပ်မလဲလို့ မမေးရုံတမယ်။
သူ့အနေနဲ့ ကောင်ကလေးကို လိမ်ညာထားစရာအကြောင်းမရှိ။ ထို့ကြောင့် ကောင်ကလေးကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်တာဖြစ်သည်။
သူတို့ Club ကိုရောက်တော့ လူအနည်းအကျဉ်းသာ ရှိတာကိုတွေ့ရသည်။
ည၉နာရီထိ ကိုနိုင်းက ဖွင့်ပေးထားတာမို့
ရေးညို့ထင်အနေနဲ့ အေးအေးဆေးဆေး
ဆိုင်အပြန်မှ လာနေကြပင်။
" ထူးထူးဆန်းဆန်း အဖော်တွေ ဘာတွေနဲ့ပါ့လား မိုက် "
" မလာတာ ရက်ပိုင်းပဲရှိသေးတယ် ကိုနိုင်း
လက်ရည်တက်လာတာလား "
လက်ဝှေ့ကစားနေတဲ့ ကိုနိုင်းက သူ့ကိုတွေ့တော့ ကြိုးဝိုင်းထဲမှ ဆင်းလာသည်။
ကိုနိုင်းမျက်လုံးတွေက ရေးညို့ထင် အမေးကို ဖြေစရာမရှိပဲ တအံ့တသြငေးမောနေတဲ့ ကောင်ကလေးဆီကိုသာ ရောက်နေတာမို့ ပုခုံးကနေ ဆွဲကာ သူ့ဘေးကို ကပ်လိုက်ပြီးလျှင် ကိုနိုင်းအားမိတ်ဆက်ပေးလိုက်၏။
" ကျွန်တော် အမျိုးသား ၊ ရွှေဘုံမင်းစံတဲ့။
ကိုနိုင်းသိမှာပါ။ သူဌေးဦးမင်းစံရဲ့ သား "
"ဘာ ! "
ကိုနိုင်အော်သံအပြင် ကောင်ကလေးဆီမှရော ထူးဆန်းတဲ့ အကြည့်ရောက်လာသည်မို့ ရေးညို့ထင် ပြုံး၍ ပုခုံးလေးကို ဆုပ်ကိုင်ပြီး အနည်းငယ် လှုပ်လိုက်၏။
သူ့ပုံစံက အနည်းငယ်ချော့မြူ နေဟန်ရှိပြီး
စိတ်လှုပ်ရှားဟန်လည်းရှိနေသည်။
သူခေါင်းငုံ့ကာ တိုးတိုးလေးပြောလိုက်သည်။
"ကိုယ့်မှာ လျို့ ဝှက်ချက်တွေ အများကြီးရှိတယ်။ ကောင်ကလေး မင်းသိချင်လား "
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz