ZingTruyen.Xyz

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed

14

eainsi23

အဆံုးအဆ မရွိတဲ့ လယ္ကြင္းေတြၾကားက ေျခတံရွည္အိမ္အိုေလးတစ္လံုး။ ဝါစိမ္းေရာင္
ရူ႕ခင္းေတြနဲ႔အလွတရားေတြက  ႏုသစ္လန္းဆန္းစြာ လွေနေပမဲ့ မေအးခ်မ္းနိုင္သူတစ္ဦးက သူဖတ္ေနတဲ့ သတင္းစာကို အေဝးသို႔အားနွင့္ပစ္ေပါက္ရင္း ေဒါသတႀကီးေအာ္ဟစ္လိုက္သည္။
က်ယ္ေလာင္မူ႔သည္ အရပ္မ်က္နွာအနွံ႔အျပားရွိ စပါးဖူးေလးေတြၾကားသာ တိုးဝင္ပ်ံ့နွံ႔ကုန္သည္။ လူေနအိမ္ေျခမရွိေသာ ေနရာ။ ဒီေနရာမွာ သူတို႔ေရာက္ေနတာ
၇ရက္ရွိၿပီ။

" မင္းဘယ္လိုဆက္လုပ္္မလဲ ခန္႔ထည္  "

စားပြဲေပၚမွာတင္ထားတဲ့လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ရင္း
ဘုန္းခန္႔ထင္ ေဒါသေတြထပ္မံပြင့္ထြက္မလာေအာင္ အသက္ျပင္းျပင္းရူေနရသည္။
ေရွာင္တိမ္းေနရတဲ့အေျခအေနမို႔ လယ္ေတာအိမ္အိုမွာ ျဖစ္သလိုအိပ္ ၊ ျဖစ္သလိုစားနဲ႔  ဘာျဖစ္လာမလဲရင္တထိတ္ထိတ္ေစာင့္ေနရခ်ိန္မွာ ေရႊဘံုမင္းစံက 
ရက္ပိုင္းအတြင္းအိမ္ေထာင္ျပဳလိုက္တယ္။
၇ရက္ဆက္တိုက္ သတင္းစာမွာ
ပါလာတဲ့ လက္ထပ္ၿပီးစီးေၾကာင္းသတင္းက  ရင္ဝကို ဓားနဲ႔ထိုးခံရတာထက္ ပိုနာက်င္ေစတယ္ဆိုတာ ဘုန္းခန္႔ထည္တစ္ေယာက္ပဲ သိလိမ့္မယ္။

ဆုပ္လည္းဆူး စားလည္းရူး အေျခေနကို
သူလက္မခံနိုင္ေသးဘူး။

ေရႊဘံု မင္းေျပာေတာ့ ကိုယ့္ကိုခ်စ္တယ္ဆို

ဘုန္းခန္႔ထည္ေအးစက္စြာရယ္လိုက္သည္။ အသက္မပါဘူးဆိုတာ ေဘးမွာအတူထိုင္ေနတဲ့သူေတြလည္းသိမွာပင္။
ရင္ထဲမွာ တင္းၾကပ္လႈိက္ေမာေနတာ
ဘယ္လိုခံစားခ်က္ႀကီးလဲ။
သူငိုခ်င္ေနသည္။
သူရူးခ်င္ေနသည္။
လက္္မခံနိုင္ဘူးဆိုတဲ့စိတ္က ခနၶာကိုယ္အနွံ႔အျပား တ႐ြ႐ြတက္လာသလို သူ႔ကို
ယူႀကံဳးမရျဖစ္လာေစသည္။

" ငါ ..လက္မခံနိုင္ဘူး။ ဟုတ္တယ္
လက္မခံဘူး ။ ငါျပန္မယ္ "

"ခန္႔ထည္ မင္းလက္ေလ်ာ့လိုက္ပါေတာ့ကြာ။
အိမ္ေထာင္က်ၿပီးသားသူတစ္ေယာက္ကို
ေထာင္ဝ ကိုမ်က္ေစာင္းထိုးၿပီးပတ္သတ္ရေအာင္ မင္းအဲ့ေလာက္ မိုက္ရူးရဲမဆန္သင့္ေတာ့ဘူး။ ၿပီးေတာ့ ခုထိ ငါတို႔ကို ဘာမွမလုပ္ဖူးဆိုတာလဲ ဟိုေကာင္ေလး
ေကာင္းေပးေနလို႔ဆိုတာ မင္းသတိရစမ္းပါ "

စူးရဲခက္ထန္ေနေသာ မ်က္လံုးမ်ားသည္ သြးဆာေနတဲ့ ဝံပုေလြ တစ္ေကာင္ကဲ့သို႔
တည္ရွိေနရာမွ  သခင္ အသံၾကားလို႔
လိမ္မာသြားေသာ ေခြးလိမ္မာတစ္ေကာင္လို ေရႊဘံု ဆိုတဲ့နာမ္စားေလးတစ္ခုၾကားရတာနဲ႔ ခ်က္ျခင္းေျပာင္းလဲကုန္၏။

ေဘးမွာရွိတုန္းက ေပါေပါပဲပဲ ထားခဲ့ေသာ
ခ်စ္သူကို ခြဲခြာခ်ိန္ေရာက္မွ  နင့္ေနေအာင္ လြမ္းရတဲ့  ဒုကၡကို ေရႊဘံု
မင္းသိရင္ေလွာင္ရယ္ေနမလားဟင္။
အခ်ိန္ေတြကိုေနာက္ျပန္ဆုတ္လို႔ရရင္ ကိုယ္တကယ္ မင္းတစ္ေယာက္ထဲကိုပဲ ခ်စ္မွာ။

_______

"ေရႊဘံု ၊ နင္တို႔အိမ္ေထာင္ေရးအေျခေန ဘယ္လိုရွိလဲ  "

ဖုန္းကိုင္ထားရင္း အေတြးတို႔က တလႈပ္လႈပ္။ အိမ္ေထာင္ေရးလို႔ အမည္တပ္ရမွာလား၊ သူစိမ္းတစ္ေယာက္နဲ႔ အတူေနျခင္းလို႔ အမည္တပ္ရမွာလား။ သိပ္ႀကီးထူးဆန္းသြားတာမွမဟုတ္ပဲ။ လက္ထပ္တုန္းကလည္း အေျခေနအမ်ိဳးမ်ိဳးေၾကာင့္ ယူလိုက္ရတယ္။ အခ်စ္ဆိုတာဘယ္မွာလဲ။

" ဘယ္လိုရွိရမွာလဲ။ ဒီလိုပါပဲ။ သူက
အေနၾကည္တယ္။ ကိုခန္႔လို ပူပူေလာင္ေလာင္မရွိဘူး။ ယုတ္စြဆံုး သူကိုင္တဲ့ဖုန္း
ေတာင္မွ password မထားဘူး။
သူ႔မွာ ရည္းစားမရွိသလို ဖုန္းလာတဲ့ အမ်ိဳးသမီးသူငယ္ခ်င္းလည္းမရွိဘူး။ ရုိးရွင္းလြန္းလို႔ သူ႔ဖုန္းcontact မွာေတာင္မွ 
လူ၁၃ေယာက္ပဲရွိတယ္ "

"အဲ့ေလာက္ေတာင္ပဲ"

ေကသီနဲ႔ ၾကည္ႏူး မ်က္လံုးေတြျပဴးသြားတာအတိုင္းသား။
ေရႊဘံု နည္းနည္းၿပံဳးလိုက္သည္။

" ထူးဆန္းတယ္မို႔လား။ သူညဖက္အျပင္မသြားဘူး။ ေဆးလိပ္ ၊ ကြမ္း၊ ေလာင္းကစား ၊ အရက္ လံုးဝမရွိ "

" နင့္ကိုေတာ့ ၾကင္နာတယ္မို႔လား"

ေကသီ စဥ္းစဥ္းစားစားေျပာမိသည္။
ကိုထင္က ေအးေဆးတာကိုသူတို႔လည္းသိေပမဲ့ ထိုမ်ွေလာက္ ပ်င္းရိစရာေကာင္းမွန္းေတာ့ မထင္ထား။
ဒါေပမဲ့ ကိုခန္႔လိုလူထပ္စာရင္ေတာ္ေသးသည္ဟု ေျဖသာရမလို။

" ၾကင္နာပါတယ္။ ျမင္တဲ့အတိုင္းပဲ ေတာ္ေတာ္ႀကီးေကာင္းေကာင္းမြန္မြန္ဆက္ဆံပါတယ္။ ဒါေပမဲ့ သူ
ငါ့ကို အလြယ္တကူလက္ခံလိုက္တာကို သိပ္ဘဝင္မက်ဘူး။ "

ေရႊဘံု စိတ္လႈပ္ရွားစြာ သူ႔နႈတ္ခမ္းေလးကို လ်ွာျဖင့္သပ္လိုက္သည္။
ေကသီနဲ႔ ၾကည္ႏူးကိုလည္း သူ႔စကားစိတ္ဝင္စားမစားေသခ်ာလွမ္းၾကည့္လိုက္ၿပီးမွ လက္ထဲဖုန္းကို စားပြဲေပၚခ်ကာ
လက္ေလးနွစ္ဖက္ကို အခ်င္းခ်င္းယွက္ျဖာလိုက္၏။

" သူငါ့ကိုဘာျဖစ္ခဲ့သလဲ တစ္ခြန္းမေမးဘူး။ မာမီနဲ႔နင္တို႔ေတြ အထင္လြဲတဲ့အတိုင္း သူမဟုတ္မွန္းသိရက္နဲ႔ မရွင္းျပပဲ
ေနာက္ရက္ခ်က္ျခင္း လက္မွတ္ထိုးေပးတယ္ ။ အဲ့ဒါကို ငါစိတ္ထဲမေရမရာ ျဖစ္ေနတာ။ ခုထိလည္း ငါ့ကိုလက္ဖ်ားနဲ႔မထိဘူး ၊ ေျပာခ်င္တာက ပံုမွန္ေယာက်ာ္းေလးသူငယ္ခ်င္းတစ္ေယာက္လိုပဲ သူ႔ပံုစံက ငါ့အေပၚမွာထူးထူးဆန္းဆန္းမရွိဘူး "

" အဲ့ဒါေတာ့ နင္အထင္မလြဲနဲ႔ေရႊဘံု။
ငါတို႔ျမင္သေလာက္ေတာ့ ကိုထင္ပံုစံက ေလးေလးနက္နက္ရွိပါတယ္။ နင့္ကို သူငယ္ခ်င္းလို သေဘာထားေနတဲ့ပံုေတာ့ မရွိပါဘူး။ ခ်က္ျခင္း အိမ္ေထာင္သည္ျဖစ္သြားေတာ့  သူ႔အေနနဲ႔လည္း မလြယ္ကူေသးတာေနမွာပါ။ ဒါမွမဟုတ္
ျဖည္းျဖည္းျခင္း သြားဖို႔ စိတ္ကူးထားတာလားမွမသိတာ။ "

" ေကသီေျပာတာမွန္တယ္ ေမာင္ေရႊ။
စိတ္ထဲ အမ်ားႀကီး ေတြးမေနပါနဲ႔။
နင္အိမ္ေထာင္သည္ေတာင္ျဖစ္သြားၿပီပဲ။
အဆင္ေျပသြားမွာပါ။"

ေရႊဘံု မသက္မသာ ၿပံဳးလိုက္ၿပီး ဆက္ေတာ့မေျပာေတာ့ေပ။
၂ရက္အတြင္းကို မိန္းမေတြကိုသာ စိတ္ဝင္စားတဲ့ ေယာက်ာ္းတစ္ေယာက္နဲ႔
အေၾကာင္းတိုက္ဆိုင္မူ႔တစ္ခုေၾကာင့္
အိမ္ေထာင္က်ခဲ့သည္။ ထိုေယာက်ာ္းသည္  မျငင္းဆန္ပဲ လက္ခံခဲ့ရုံမကဘူး
ၾကင္ၾကင္နာနာလည္းဆက္ဆံေသးသည္။
ဒါမထူးဆန္းဘူးလား။

_______

"ကိုထင္  ကြၽန္ေတာ္တို႔ ေမးစရာရွိလို႔"

လက္ကနာရီကိုၾကည့္ေတာ့ ထမင္းစားခ်ိန္ ေရာက္ေနၿပီ။ စိတ္ဝင္စားဟန္ရွိတဲ့ မ်က္လံုးမ်ားက ေမးခြန္းေတြ အျပည့္ျဖင့္ တလဲ့လဲ့ေတာက္ေနၾကတာရယ္စရာ။
လက္မွတ္ေရးထိုးၿပီးတဲ့ေန႔ကတည္းက သူဆိုင္မလာတာ ၅ရက္ေတာင္ရွိခဲ့ၿပီ။
မေန႔က လာၿပီး ဆိုင္ကိုလာၾကည့္ခဲ့ေသာ္လည္း
တျခားလုပ္စရာေလးေတြရွိေတာ့
ခဏေလာက္သာေနၿပီးျပန္ထြက္ရသည္။
ထို႔ေၾကာင့္ ဆိုင္က ကေလးေတြ သူအိမ္ေထာင္က်တဲ့ အေၾကာင္းကို ေရေရရာရာမသိရွိေသးၾကေပ။

ေမးၾကျမန္းၾကတာေတြလုပ္ဖို႔ဆိုတာသိေတာ့ ေရးညိဳ႕ထင္ သက္ျပင္းခ်ကာ
ကေလးေတြနဲ႔ မလွမ္းမကမ္းခံုမွာျပန္ဝင္ထိုင္လိုက္သည္။
မဟုတ္ရင္ ဟိုဖက္ဆိုင္က ေကာင္ကေလး
ဆီကိုထမင္းစားဖို႔ သြားေတာ့မွာ။
ကဲရွိေစေတာ့။

" ေျပာ "

"ဟိုဖက္ကအကိုေလးနဲ႔ လက္ထပ္လိုက္ၿပီဆို "

" ဒီရေမာင္ မေျပာျပဘူးလား "

ေရးညိဳ႕ထင္ ကြန္ျပဴ တာတစ္လံုးနဲ႔ အလုပ္ရႈပ္ေနတဲ့ ဒီရေမာင္ကိုဆတ္ခနဲ လွမ္းၾကည့္ေတာ့ သူ႔ၾကည့္မွန္းသိကာ ခ်က္ျခင္းေနာက္လွည့္ကာ လက္ခါျပသည္။

" ငါ ေျပာျပထားတယ္။သူတို႔က မင္းေျပာတာ ၾကားခ်င္ေနတာ "

ေရးညိဳထင္ တံေတြးျမဳိခ်ရင္း ခံုေပၚမွာခပ္မတ္မတ္ထိုင္လိုက္သည္။ ဒီေကာင္ေလးေတြ သူ႔အား နႈိက္နႈိက္ခြၽတ္ခြၽတ္ေမးၾကေတာ့မွာေသခ်ာသေလာက္ပဲ။
သူ႔ပံုစံက ခုဆို ေရွ႕ေနက တရားခံကို
စစ္ေမးေနသလိုမို႔ ေခြၽးေတာင္ျပန္ခ်င္သလိုလို။

" ကဲေမး "

" ကိုထင္က ေယာက်ာ္းေလးေတြလည္းႀကိဳက္တာပဲလား "

ေရးညိဳ႕ထင္ သူ႔နွာေခါင္းဖ်ားေလးကိုပြတ္လိုက္သည္။ ေမးခြန္းက စလာကတည္းကသတ္ေနၿပီ။

" ေကာင္ကေလးကေတာ့ ေယာက်ာ္းေလးပဲ ဒါေပမဲ့ ငါက ေယာက်ာ္းေလးေတြကိုမႀကိဳက္ဘူး "

" ကိုထင္စကားႀကီးကဗ်ာ။
ႀကိဳက္ရင္ႀကိဳက္တယ္။ မႀကိဳက္ရင္မႀကိဳက္ဘူးေပါ့ဗ်ာ။ "

"မတူဘူးကြ ။ ေကာင္ကေလးကက် သတ္မွတ္ခ်က္ထားလို႔မရဘူး ။ သူနဲ႔ငါကဖူးစာပါလာတာ။ ေျပာခ်င္တာက ငါနဲ႔လက္ထပ္ဖို႔ သူ႔အလိုလိုျဖစ္လာတာမ်ိဳး "

"ပိုလိုက္တာ ကုိထင္ရာ။ "

"ဟုတ္ပါ့ ၊  အဲ့ဒါေၾကာင့္ ေရွးလူႀကီးေတြက ေျပာၾကတာေနမွာ ။ ခ်စ္စ ခင္စ ဆိုရင္
ေဝးေဝးေရွာင္တဲ့။ "

တစ္ေယာက္တစ္ေပါက္ဝိုင္းေအာ္ၾကတဲ့
ကေလးေတြကို ၾကည့္ရင္းႁပံဳးကာ ေရးညိဳ႕ထင္ မေနနိုင္စြာ ေခါင္းရမ္းမိသည္။

" အဲ့ဒါဆိုလည္းေဝးေဝးေရွာင္ေနလိုက္ေတာ့ ငါထမင္းသြားေကြၽးေတာ့မွာ ဟိုဖက္ကို"

"ဟာ !!"

ေအာ္သံေတြက တၿပိဳင္ထဲ။
ေရးညိဳ႕ထင္ၿပံဳး၍ ခံုေပၚတင္ထားတဲ့ ခ်ိဳင့္ကို ယူလိုက္သည္။
ေကာင္ကေလးက ေန႔ခင္းစာဆိုေတြ႕တာစားတာမို႔ က်န္းမာေရးနဲ႔ညီၫြတ္တဲ့အာဟာရရွိတာေတြကို စားေစခ်င္သည္။
ေရးညိဳ႕ထင္ ပန္းဆိုင္ဖက္ေရာက္ေတာ့
ေကာင္ကေလးတစ္ေယာက္ထဲထိုင္ကာ
ပန္းျခင္းေလး တစ္ခုကိုစိတ္ဝင္တစား
ျပဳလုပ္ေနသည္။
သူငယ္ခ်င္းေကာင္မေလးနွစ္ေယာက္နဲ႔ဝင္ထမ္းမိန္းကေလးကိုပါ မေတြ႕ရပဲ တိတ္တိတ္ဆိတ္ဆိတ္ျဖစ္ေနတာမို႔ ေရးညိဳ႕ထင္ေတာင္ မ်က္ခံုးပင့္မိသည္။

မဟုတ္ရင္ ဒီဖက္ဆိုင္က ရယ္လိုက္တဲ့အသံက ဟိုဖက္ဆိုင္ သီခ်င္းဖြင့္ထားရင္ေတာင္ ၾကားရတာ အတိုင္းသား ။

ခ်လြင္ ခ်လြင္....

ဆည္းလည္းေလးေတြ ျမည္သြား၏

" ေကာင္ကေလး ထမင္းစားမယ္ "

  စိတ္ဝင္တစား ပန္းျခင္းထိုးေနရာမွ
ကိုထင္ အသံေၾကာင့္ ေရႊဘံု မ်က္မွန္ေလးပင့္ကာ ေမာ့ၾကည့္လိုက္လ်ွင္ ၅ဆင့္ခ်ိဳင့္ကိုကိုင္ကာ ကိုထင္က ေဘးမွာရပ္ေန၏။

" ေရာက္လာၿပီလား "

"အင္း..မင္းသူငယ္ခ်င္းေတြေကာ"

"အျပင္ကို ထမင္းသြားစားၾကတယ္ "

"ေၾသာ္ ။ စားေတာ့မလား ။ ကိုယ္ျပင္လိုက္ေတာ့မယ္ "

ေရးညိဳ႕ထင္ အေျဖကိုေစာင့္မေနပဲ ထမင္းစားဖို႔ သီးသန္႔လုပ္ထားတဲ့ေနရာေလးကို အရင္ေလ်ွာက္သြားလိုက္၏။

မေန႔က တစ္ေခါက္ ထမင္းလာေကြၽးထားသည္မို႔  ေကာင္ကေလး တို႔ ဆိုင္အေနအထားကို သူသိေနၿပီ။
ေကာင္ကေလးသူငယ္ခ်င္းေတြက ေန႔ခင္းစာ စားခ်ိန္တြင္  ဆိုင္မွာမရွိတက္။
ပံုမွန္ဆို ေကာင္ကေလးလည္း အတူတူထြက္စားတက္ေပမဲ့ ေရးညိဳ႕ထင္ကေတာ့
ဆိုင္လာမဲ့မနက္ကတည္းက  သူလာေကြၽးမည္ျဖစ္ေၾကာင္းႀကိဳ ေျပာျပထားတာျဖစ္သည္။

မေကြၽးလို႔လဲ မျဖစ္ပါ။
ေကာင္ကေလးက ပိန္လြန္းသည္။
ျဖဴ ဖပ္ဖပ္ေလးမို႔ အားမရ ျဖစ္ရသလို
က်န္းမာေရးအတြက္လည္းမေကာင္းသည္မို႔  အလံုးစံုသည္ ေရးညိဳ႕ထင္ေခါင္းေပၚပံုေရာက္လာသည္။

ပံုမွန္မနက္စာက အိမ္မွာ ဒီရေမာင္ရွိစဥ္ကတည္းက သူခ်က္တာမို႔မထူးဆန္းပါ။
ခုဆို ဒီရေမာင္က  အိမ္ေျပာင္းသြားၿပီျဖစ္ကာ
သူသည္လည္း အသစ္စက္စက္ ေယာက်ာ္းျဖင့္  မေျပာင္းလဲစြာ မီးဖိုေခ်ာင္ဝင္ရတုန္း ၊ ခ်က္ရျပဳတ္ရတုန္းပင္။

" ပုဇြန္ဆိတ္နဲ႔ ဘူးသီးကို ေရက်ိဳ ေလးခ်က္ထားတယ္။ ၾကက္သြန္ခ်ဥ္ ( ပါးပါးလွီးထားတဲ့ ၾကက္သြန္နီကို သံပရာရည္ညႇစ္ထားတာ ) နဲ႔ အငန္ေၾကာ္ "

ေႏြးစရာရွိတာေႏြး။ ခူးစရာရွိတာခူးၿပီးခ်ိန္တြင္ ေကာင္ကေလး သူ႔အလုပ္ကို လက္စသတ္ကာ ေရာက္လာ၏။
သူ႔ေဘးမွာ ၿငိမ္ၿငိမ္ေလးရပ္ၿပီး  စားပြဲကိုငံု႔ၾကည့္ေနတာမို႔  ပုခံုးေလးကိုဖိကာ ထိုင္ခိုင္းလိုက္ရသည္။

" ဒီေန႔ေတာ့ ရွိတာေလးခ်က္လာတာ ။
စားတက္တယ္မို႔လား "

"ဟုတ္။ စားတက္ပါတယ္"

ကိုထင္က အစားအေသာက္ကို ေကာင္းေကာင္းခ်က္ျပဳတ္တက္တဲ့ ေယာက်ာ္းျဖစ္သည္။ ၿပီးေတာ့ ေႁခြတာတက္တဲ့ ေနရာမွာ နွစ္ေယာက္မရွိသူအျဖစ္ နာမည္လည္းႀကီးေသးသည္။
ပုစြန္ ဆိုရင္ အိမ္မွာ ၿကီးေပ့ မွ စားတက္ေသာ မာမီေၾကာင့္ ခုလို ေသးေသးေလးမ်ားကို တခါတေလ ခ်ဥ္ဟင္းထဲမွာသာေတြ႕ရတက္သည္။

ဇီဇာမေၾကာင္တဲ့ ေရႊဘံုကေတာ့
ေကသီတို႔နဲ႔ေပါင္းကာ အျပင္မွာ ေတြ႕တာဝင္စားေနၾကမို႔ ဂ်ီးမမ်ားတက္ေပ။ ၿပီးေတာ့ ကိုထင္က ဟင္းအေကာင္ႀကီးမဟုတ္ေပမဲ့ စားေကာင္းေအာင္ခ်က္ေကြၽးတက္သည္မို႔ ကိုထင္လက္ရာဆို ေရႊဘံုက အကုန္ႀကိဳက္ပါသည္။

" ကိုထင္ "

ေရးညိဳ႕ထင္ ထမင္းစားေနတဲ့ေကာင္ေလးေရွ႕ ေရတစ္ခြက္ငဲ့ေပးလိုက္ရင္းေမးေငါ့ျပလိုက္သည္။

" ကြၽန္ေတာ္ကို ဘာလို႔ ကိုထင္တို႔ကားေပၚပါလာတာလဲလို႔ မေမးရတာလဲ"

ေကာင္ကေလးရဲ႕မ်က္ဝန္းေတြကို ေရးညိဳ႕ထင္စူးစမ္းၾကည့္မိသည္။
မွန္ျပင္ေအာက္က အညိဳရင့္ရင့္မ်က္ဝန္းေလး ။
စိုးရိမ္စိတ္ေတြ လ်ံက်ေနတာ အထင္းသား

"  ကံၾကမၼာနဲ႔ဖူးစာကို ကိုယ္ယံုၾကည္တယ္ေလ ။ ဘာကိုေမးေနရအံုးလဲ "

ရိတ္သင္ထားကာစ ေမးရုိးေပၚက စိမ္းဖန္႔ဖန္႔အရိပ္ေတြ ဝန္းရံထားတဲ့ နႈတ္ခမ္းပါးကၿပံဳးျခင္း ရယ္ျခင္းမရွိ ၿငိမ္သက္လ်က္။
တည္ၾကည္ေလးနက္ေနတဲ့အၾကည့္စူးစူးေတြက  ေရႊဘံု ကိုယ္ေပၚျဖာက်ေနသည္မို႔ နားဖ်ားေလးပင္ပူက်စ္လာရသလို။

" မင္းကိုယ့္ကိုမယံုေသးဘူးဆိုတာ ကုိယ္နားလည္ပါတယ္။ မင္းစိ္တ္ထဲမွာ ခ်က္ျခင္းလုပ္လိုက္ရတဲ့ လက္မွတ္ထိုးပြဲအတြက္ စိတ္ဖိစီးမူ႔ေတြရွိမယ္။ အခက္အခဲေတြရွိမယ္ဆိုတာ ကိုယ္သိတယ္။ ဒါေတြအကုန္လံုး မင္းနဲ႔ထပ္တူ ကိုယ္လည္း ျဖစ္ေနတဲ့ခံစားခ်က္ေတြပါ။ မင္းနားလည္ေအာင္ေျပာရရင္ ၊ ကိုယ္မင္းကို လက္ထပ္ဖို႔ တစ္ခါမွေတြးမၾကည့္မိဖူးဘူး။ "

ေရႊဘံု အလန္႔တၾကား ကိုထင္အားၾကည့္မိလိုက္လ်ွင္ ကိုထင္သည္ ေျပာင္းလဲမူ႔မရွိတဲ့အရိပ္ေတြနဲ႔ ေရႊဘံုအား ၾကည့္ေနဆဲပင္။

" ကိုယ့္ဘဝမွာ သူစိမ္းတစ္ေယာက္ကို
ထပ္ေခၚဖို႔ တစ္ခါမွ မႀကိဳးစားခဲ့ဖူးဘူးေကာင္ကေလး ။ မင္းက မဖိတ္ေခၚပဲ ကိုယ့္ေဘးကိုေရာက္လာတဲ့သူ ၊ ကိုယ္လံုးဝမႀကိဳးစားပဲကိုယ္နဲ႔ လက္ထပ္ဖို႔ထိ ကံၾကမၼာကဖန္ဆင္းေပးခဲ့တဲ့သူ။ ၿပီးေတာ့ ကိုယ္ အလြယ္တကူ လက္ခံလိုက္တာရယ္ေတာ့မဟုတ္ပါဘူး  ။
မင္းမွာ ကိုယ္သေဘာက်တဲ့ အခ်က္ေတြအမ်ားႀကီးရွိပါတယ္။ ဥပမာ -မင္းမ်က္လံုးညိဳညိဳေလးေတြေပါ့။ ေနာက္ၿပီး ရွိေသးတယ္၊ မင္းမ်က္လံုးေထာင့္နားက မွည့္စက္ေလး ရယ္ ဘယ္ဖက္ ပါးေအာက္ေျခနားကမတိမ္းမယိမ္းကပ္ေနတဲ့ မွည့္ေလး နွစ္လံုးရယ္။ မင္းလက္ေမာင္းေပၚက အမာ႐ြတ္ေလးရယ္ေပါ့  "

ေရးညိဳ႕ထင္  အနီေရးေရးထင္ဟပ္ေနတဲ့ ပါးေလးနွစ္ဖက္ကို ေငးၾကည့္ရင္း အေတြးေတြကို မည္သူမွမၾကားေအာင္
ဖုံးဖိမိသည္။

လက္ထပ္ဖို႔ မင္းထင္သေလာက္မလြယ္ပါဘူးေကာင္ကေလး။
မင္းမွတ္မိ လား ၊
မင္းလက္ေမာင္းေပၚက အမာ႐ြတ္ေပးခဲ့တဲ့ သူက ကိုယ္ဆိုတာကို
....

ခ်စ္တဲ့အိမ္စည္။

( ကိုယ့္ဖုန္းက အေတာ္ေလး အေျခေနဆိုးဝါးေနပါၿပီ။ အမွားပါရင္ခြင့္လြတ္ပါ။
တစ္လံုးတစ္လံုးေရးဖို႔ကိုမနည္းအားစိုက္ေနရတယ္။ ဒီၾကားထဲ ဖုန္းသံုးလို႔အဆင္ေျပပါေစလို႔ပဲဆုေတာင္းရမွာပဲ။  )

အဆုံးအဆ မရှိတဲ့ လယ်ကွင်းတွေကြားက ခြေတံရှည်အိမ်အိုလေးတစ်လုံး။ ဝါစိမ်းရောင်
ရူ့ခင်းတွေနဲ့အလှတရားတွေက  နုသစ်လန်းဆန်းစွာ လှနေပေမဲ့ မအေးချမ်းနိုင်သူတစ်ဦးက သူဖတ်နေတဲ့ သတင်းစာကို အဝေးသို့အားနှင့်ပစ်ပေါက်ရင်း ဒေါသတကြီးအော်ဟစ်လိုက်သည်။
ကျယ်လောင်မူ့သည် အရပ်မျက်နှာအနှံ့အပြားရှိ စပါးဖူးလေးတွေကြားသာ တိုးဝင်ပျံ့နှံ့ကုန်သည်။ လူနေအိမ်ခြေမရှိသော နေရာ။ ဒီနေရာမှာ သူတို့ရောက်နေတာ
၇ရက်ရှိပြီ။

" မင်းဘယ်လိုဆက်လုပ်မလဲ ခန့်ထည်  "

စားပွဲပေါ်မှာတင်ထားတဲ့လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း
ဘုန်းခန့်ထင် ဒေါသတွေထပ်မံပွင့်ထွက်မလာအောင် အသက်ပြင်းပြင်းရူနေရသည်။
ရှောင်တိမ်းနေရတဲ့အခြေအနေမို့ လယ်တောအိမ်အိုမှာ ဖြစ်သလိုအိပ် ၊ ဖြစ်သလိုစားနဲ့  ဘာဖြစ်လာမလဲရင်တထိတ်ထိတ်စောင့်နေရချိန်မှာ ရွှေဘုံမင်းစံက 
ရက်ပိုင်းအတွင်းအိမ်ထောင်ပြုလိုက်တယ်။
၇ရက်ဆက်တိုက် သတင်းစာမှာ
ပါလာတဲ့ လက်ထပ်ပြီးစီးကြောင်းသတင်းက  ရင်ဝကို ဓားနဲ့ထိုးခံရတာထက် ပိုနာကျင်စေတယ်ဆိုတာ ဘုန်းခန့်ထည်တစ်ယောက်ပဲ သိလိမ့်မယ်။

ဆုပ်လည်းဆူး စားလည်းရူး အခြေနေကို
သူလက်မခံနိုင်သေးဘူး။

ရွှေဘုံ မင်းပြောတော့ ကိုယ့်ကိုချစ်တယ်ဆို

ဘုန်းခန့်ထည်အေးစက်စွာရယ်လိုက်သည်။ အသက်မပါဘူးဆိုတာ ဘေးမှာအတူထိုင်နေတဲ့သူတွေလည်းသိမှာပင်။
ရင်ထဲမှာ တင်းကြပ်လှိုက်မောနေတာ
ဘယ်လိုခံစားချက်ကြီးလဲ။
သူငိုချင်နေသည်။
သူရူးချင်နေသည်။
လက်မခံနိုင်ဘူးဆိုတဲ့စိတ်က ခန္ဓာကိုယ်အနှံ့အပြား တရွရွတက်လာသလို သူ့ကို
ယူကြုံးမရဖြစ်လာစေသည်။

" ငါ ..လက်မခံနိုင်ဘူး။ ဟုတ်တယ်
လက်မခံဘူး ။ ငါပြန်မယ် "

"ခန့်ထည် မင်းလက်လျော့လိုက်ပါတော့ကွာ။
အိမ်ထောင်ကျပြီးသားသူတစ်ယောက်ကို
ထောင်ဝ ကိုမျက်စောင်းထိုးပြီးပတ်သတ်ရအောင် မင်းအဲ့လောက် မိုက်ရူးရဲမဆန်သင့်တော့ဘူး။ ပြီးတော့ ခုထိ ငါတို့ကို ဘာမှမလုပ်ဖူးဆိုတာလဲ ဟိုကောင်လေး
ကောင်းပေးနေလို့ဆိုတာ မင်းသတိရစမ်းပါ "

စူးရဲခက်ထန်နေသော မျက်လုံးများသည် သွးဆာနေတဲ့ ဝံပုလွေ တစ်ကောင်ကဲ့သို့
တည်ရှိနေရာမှ  သခင် အသံကြားလို့
လိမ်မာသွားသော ခွေးလိမ်မာတစ်ကောင်လို ရွှေဘုံ ဆိုတဲ့နာမ်စားလေးတစ်ခုကြားရတာနဲ့ ချက်ခြင်းပြောင်းလဲကုန်၏။

ဘေးမှာရှိတုန်းက ပေါပေါပဲပဲ ထားခဲ့သော
ချစ်သူကို ခွဲခွာချိန်ရောက်မှ  နင့်နေအောင် လွမ်းရတဲ့  ဒုက္ခကို ရွှေဘုံ
မင်းသိရင်လှောင်ရယ်နေမလားဟင်။
အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရရင် ကိုယ်တကယ် မင်းတစ်ယောက်ထဲကိုပဲ ချစ်မှာ။

_______

"ရွှေဘုံ ၊ နင်တို့အိမ်ထောင်ရေးအခြေနေ ဘယ်လိုရှိလဲ  "

ဖုန်းကိုင်ထားရင်း အတွေးတို့က တလှုပ်လှုပ်။ အိမ်ထောင်ရေးလို့ အမည်တပ်ရမှာလား၊ သူစိမ်းတစ်ယောက်နဲ့ အတူနေခြင်းလို့ အမည်တပ်ရမှာလား။ သိပ်ကြီးထူးဆန်းသွားတာမှမဟုတ်ပဲ။ လက်ထပ်တုန်းကလည်း အခြေနေအမျိုးမျိုးကြောင့် ယူလိုက်ရတယ်။ အချစ်ဆိုတာဘယ်မှာလဲ။

" ဘယ်လိုရှိရမှာလဲ။ ဒီလိုပါပဲ။ သူက
အနေကြည်တယ်။ ကိုခန့်လို ပူပူလောင်လောင်မရှိဘူး။ ယုတ်စွဆုံး သူကိုင်တဲ့ဖုန်း
တောင်မှ password မထားဘူး။
သူ့မှာ ရည်းစားမရှိသလို ဖုန်းလာတဲ့ အမျိုးသမီးသူငယ်ချင်းလည်းမရှိဘူး။ ရိုးရှင်းလွန်းလို့ သူ့ဖုန်းcontact မှာတောင်မှ 
လူ၁၃ယောက်ပဲရှိတယ် "

"အဲ့လောက်တောင်ပဲ"

ကေသီနဲ့ ကြည်နူး မျက်လုံးတွေပြူးသွားတာအတိုင်းသား။
ရွှေဘုံ နည်းနည်းပြုံးလိုက်သည်။

" ထူးဆန်းတယ်မို့လား။ သူညဖက်အပြင်မသွားဘူး။ ဆေးလိပ် ၊ ကွမ်း၊ လောင်းကစား ၊ အရက် လုံးဝမရှိ "

" နင့်ကိုတော့ ကြင်နာတယ်မို့လား"

ကေသီ စဉ်းစဉ်းစားစားပြောမိသည်။
ကိုထင်က အေးဆေးတာကိုသူတို့လည်းသိပေမဲ့ ထိုမျှလောက် ပျင်းရိစရာကောင်းမှန်းတော့ မထင်ထား။
ဒါပေမဲ့ ကိုခန့်လိုလူထပ်စာရင်တော်သေးသည်ဟု ဖြေသာရမလို။

" ကြင်နာပါတယ်။ မြင်တဲ့အတိုင်းပဲ တော်တော်ကြီးကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ ဒါပေမဲ့ သူ
ငါ့ကို အလွယ်တကူလက်ခံလိုက်တာကို သိပ်ဘဝင်မကျဘူး။ "

ရွှေဘုံ စိတ်လှုပ်ရှားစွာ သူ့နှုတ်ခမ်းလေးကို လျှာဖြင့်သပ်လိုက်သည်။
ကေသီနဲ့ ကြည်နူးကိုလည်း သူ့စကားစိတ်ဝင်စားမစားသေချာလှမ်းကြည့်လိုက်ပြီးမှ လက်ထဲဖုန်းကို စားပွဲပေါ်ချကာ
လက်လေးနှစ်ဖက်ကို အချင်းချင်းယှက်ဖြာလိုက်၏။

" သူငါ့ကိုဘာဖြစ်ခဲ့သလဲ တစ်ခွန်းမမေးဘူး။ မာမီနဲ့နင်တို့တွေ အထင်လွဲတဲ့အတိုင်း သူမဟုတ်မှန်းသိရက်နဲ့ မရှင်းပြပဲ
နောက်ရက်ချက်ခြင်း လက်မှတ်ထိုးပေးတယ် ။ အဲ့ဒါကို ငါစိတ်ထဲမရေမရာ ဖြစ်နေတာ။ ခုထိလည်း ငါ့ကိုလက်ဖျားနဲ့မထိဘူး ၊ ပြောချင်တာက ပုံမှန်ယောကျာ်းလေးသူငယ်ချင်းတစ်ယောက်လိုပဲ သူ့ပုံစံက ငါ့အပေါ်မှာထူးထူးဆန်းဆန်းမရှိဘူး "

" အဲ့ဒါတော့ နင်အထင်မလွဲနဲ့ရွှေဘုံ။
ငါတို့မြင်သလောက်တော့ ကိုထင်ပုံစံက လေးလေးနက်နက်ရှိပါတယ်။ နင့်ကို သူငယ်ချင်းလို သဘောထားနေတဲ့ပုံတော့ မရှိပါဘူး။ ချက်ခြင်း အိမ်ထောင်သည်ဖြစ်သွားတော့  သူ့အနေနဲ့လည်း မလွယ်ကူသေးတာနေမှာပါ။ ဒါမှမဟုတ်
ဖြည်းဖြည်းခြင်း သွားဖို့ စိတ်ကူးထားတာလားမှမသိတာ။ "

" ကေသီပြောတာမှန်တယ် မောင်ရွှေ။
စိတ်ထဲ အများကြီး တွေးမနေပါနဲ့။
နင်အိမ်ထောင်သည်တောင်ဖြစ်သွားပြီပဲ။
အဆင်ပြေသွားမှာပါ။"

ရွှေဘုံ မသက်မသာ ပြုံးလိုက်ပြီး ဆက်တော့မပြောတော့ပေ။
၂ရက်အတွင်းကို မိန်းမတွေကိုသာ စိတ်ဝင်စားတဲ့ ယောကျာ်းတစ်ယောက်နဲ့
အကြောင်းတိုက်ဆိုင်မူ့တစ်ခုကြောင့်
အိမ်ထောင်ကျခဲ့သည်။ ထိုယောကျာ်းသည်  မငြင်းဆန်ပဲ လက်ခံခဲ့ရုံမကဘူး
ကြင်ကြင်နာနာလည်းဆက်ဆံသေးသည်။
ဒါမထူးဆန်းဘူးလား။

_______

"ကိုထင်  ကျွန်တော်တို့ မေးစရာရှိလို့"

လက်ကနာရီကိုကြည့်တော့ ထမင်းစားချိန် ရောက်နေပြီ။ စိတ်ဝင်စားဟန်ရှိတဲ့ မျက်လုံးများက မေးခွန်းတွေ အပြည့်ဖြင့် တလဲ့လဲ့တောက်နေကြတာရယ်စရာ။
လက်မှတ်ရေးထိုးပြီးတဲ့နေ့ကတည်းက သူဆိုင်မလာတာ ၅ရက်တောင်ရှိခဲ့ပြီ။
မနေ့က လာပြီး ဆိုင်ကိုလာကြည့်ခဲ့သော်လည်း
တခြားလုပ်စရာလေးတွေရှိတော့
ခဏလောက်သာနေပြီးပြန်ထွက်ရသည်။
ထို့ကြောင့် ဆိုင်က ကလေးတွေ သူအိမ်ထောင်ကျတဲ့ အကြောင်းကို ရေရေရာရာမသိရှိသေးကြပေ။

မေးကြမြန်းကြတာတွေလုပ်ဖို့ဆိုတာသိတော့ ရေးညို့ထင် သက်ပြင်းချကာ
ကလေးတွေနဲ့ မလှမ်းမကမ်းခုံမှာပြန်ဝင်ထိုင်လိုက်သည်။
မဟုတ်ရင် ဟိုဖက်ဆိုင်က ကောင်ကလေး
ဆီကိုထမင်းစားဖို့ သွားတော့မှာ။
ကဲရှိစေတော့။

" ပြော "

"ဟိုဖက်ကအကိုလေးနဲ့ လက်ထပ်လိုက်ပြီဆို "

" ဒီရမောင် မပြောပြဘူးလား "

ရေးညို့ထင် ကွန်ပြူ တာတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဒီရမောင်ကိုဆတ်ခနဲ လှမ်းကြည့်တော့ သူ့ကြည့်မှန်းသိကာ ချက်ခြင်းနောက်လှည့်ကာ လက်ခါပြသည်။

" ငါ ပြောပြထားတယ်။သူတို့က မင်းပြောတာ ကြားချင်နေတာ "

ရေးညိုထင် တံတွေးမြိုချရင်း ခုံပေါ်မှာခပ်မတ်မတ်ထိုင်လိုက်သည်။ ဒီကောင်လေးတွေ သူ့အား နှိုက်နှိုက်ချွတ်ချွတ်မေးကြတော့မှာသေချာသလောက်ပဲ။
သူ့ပုံစံက ခုဆို ရှေ့နေက တရားခံကို
စစ်မေးနေသလိုမို့ ချွေးတောင်ပြန်ချင်သလိုလို။

" ကဲမေး "

" ကိုထင်က ယောကျာ်းလေးတွေလည်းကြိုက်တာပဲလား "

ရေးညို့ထင် သူ့နှာခေါင်းဖျားလေးကိုပွတ်လိုက်သည်။ မေးခွန်းက စလာကတည်းကသတ်နေပြီ။

" ကောင်ကလေးကတော့ ယောကျာ်းလေးပဲ ဒါပေမဲ့ ငါက ယောကျာ်းလေးတွေကိုမကြိုက်ဘူး "

" ကိုထင်စကားကြီးကဗျာ။
ကြိုက်ရင်ကြိုက်တယ်။ မကြိုက်ရင်မကြိုက်ဘူးပေါ့ဗျာ။ "

"မတူဘူးကွ ။ ကောင်ကလေးကကျ သတ်မှတ်ချက်ထားလို့မရဘူး ။ သူနဲ့ငါကဖူးစာပါလာတာ။ ပြောချင်တာက ငါနဲ့လက်ထပ်ဖို့ သူ့အလိုလိုဖြစ်လာတာမျိုး "

"ပိုလိုက်တာ ကိုထင်ရာ။ "

"ဟုတ်ပါ့ ၊  အဲ့ဒါကြောင့် ရှေးလူကြီးတွေက ပြောကြတာနေမှာ ။ ချစ်စ ခင်စ ဆိုရင်
ဝေးဝေးရှောင်တဲ့။ "

တစ်ယောက်တစ်ပေါက်ဝိုင်းအော်ကြတဲ့
ကလေးတွေကို ကြည့်ရင်းပြုံးကာ ရေးညို့ထင် မနေနိုင်စွာ ခေါင်းရမ်းမိသည်။

" အဲ့ဒါဆိုလည်းဝေးဝေးရှောင်နေလိုက်တော့ ငါထမင်းသွားကျွေးတော့မှာ ဟိုဖက်ကို"

"ဟာ !!"

အော်သံတွေက တပြိုင်ထဲ။
ရေးညို့ထင်ပြုံး၍ ခုံပေါ်တင်ထားတဲ့ ချိုင့်ကို ယူလိုက်သည်။
ကောင်ကလေးက နေ့ခင်းစာဆိုတွေ့တာစားတာမို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရရှိတာတွေကို စားစေချင်သည်။
ရေးညို့ထင် ပန်းဆိုင်ဖက်ရောက်တော့
ကောင်ကလေးတစ်ယောက်ထဲထိုင်ကာ
ပန်းခြင်းလေး တစ်ခုကိုစိတ်ဝင်တစား
ပြုလုပ်နေသည်။
သူငယ်ချင်းကောင်မလေးနှစ်ယောက်နဲ့ဝင်ထမ်းမိန်းကလေးကိုပါ မတွေ့ရပဲ တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေတာမို့ ရေးညို့ထင်တောင် မျက်ခုံးပင့်မိသည်။

မဟုတ်ရင် ဒီဖက်ဆိုင်က ရယ်လိုက်တဲ့အသံက ဟိုဖက်ဆိုင် သီချင်းဖွင့်ထားရင်တောင် ကြားရတာ အတိုင်းသား ။

ချလွင် ချလွင်....

ဆည်းလည်းလေးတွေ မြည်သွား၏

" ကောင်ကလေး ထမင်းစားမယ် "

  စိတ်ဝင်တစား ပန်းခြင်းထိုးနေရာမှ
ကိုထင် အသံကြောင့် ရွှေဘုံ မျက်မှန်လေးပင့်ကာ မော့ကြည့်လိုက်လျှင် ၅ဆင့်ချိုင့်ကိုကိုင်ကာ ကိုထင်က ဘေးမှာရပ်နေ၏။

" ရောက်လာပြီလား "

"အင်း..မင်းသူငယ်ချင်းတွေကော"

"အပြင်ကို ထမင်းသွားစားကြတယ် "

"သြော် ။ စားတော့မလား ။ ကိုယ်ပြင်လိုက်တော့မယ် "

ရေးညို့ထင် အဖြေကိုစောင့်မနေပဲ ထမင်းစားဖို့ သီးသန့်လုပ်ထားတဲ့နေရာလေးကို အရင်လျှောက်သွားလိုက်၏။

မနေ့က တစ်ခေါက် ထမင်းလာကျွေးထားသည်မို့  ကောင်ကလေး တို့ ဆိုင်အနေအထားကို သူသိနေပြီ။
ကောင်ကလေးသူငယ်ချင်းတွေက နေ့ခင်းစာ စားချိန်တွင်  ဆိုင်မှာမရှိတက်။
ပုံမှန်ဆို ကောင်ကလေးလည်း အတူတူထွက်စားတက်ပေမဲ့ ရေးညို့ထင်ကတော့
ဆိုင်လာမဲ့မနက်ကတည်းက  သူလာကျွေးမည်ဖြစ်ကြောင်းကြို ပြောပြထားတာဖြစ်သည်။

မကျွေးလို့လဲ မဖြစ်ပါ။
ကောင်ကလေးက ပိန်လွန်းသည်။
ဖြူ ဖပ်ဖပ်လေးမို့ အားမရ ဖြစ်ရသလို
ကျန်းမာရေးအတွက်လည်းမကောင်းသည်မို့  အလုံးစုံသည် ရေးညို့ထင်ခေါင်းပေါ်ပုံရောက်လာသည်။

ပုံမှန်မနက်စာက အိမ်မှာ ဒီရမောင်ရှိစဉ်ကတည်းက သူချက်တာမို့မထူးဆန်းပါ။
ခုဆို ဒီရမောင်က  အိမ်ပြောင်းသွားပြီဖြစ်ကာ
သူသည်လည်း အသစ်စက်စက် ယောကျာ်းဖြင့်  မပြောင်းလဲစွာ မီးဖိုချောင်ဝင်ရတုန်း ၊ ချက်ရပြုတ်ရတုန်းပင်။

" ပုဇွန်ဆိတ်နဲ့ ဘူးသီးကို ရေကျို လေးချက်ထားတယ်။ ကြက်သွန်ချဉ် ( ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို သံပရာရည်ညှစ်ထားတာ ) နဲ့ အငန်ကြော် "

နွေးစရာရှိတာနွေး။ ခူးစရာရှိတာခူးပြီးချိန်တွင် ကောင်ကလေး သူ့အလုပ်ကို လက်စသတ်ကာ ရောက်လာ၏။
သူ့ဘေးမှာ ငြိမ်ငြိမ်လေးရပ်ပြီး  စားပွဲကိုငုံ့ကြည့်နေတာမို့  ပုခုံးလေးကိုဖိကာ ထိုင်ခိုင်းလိုက်ရသည်။

" ဒီနေ့တော့ ရှိတာလေးချက်လာတာ ။
စားတက်တယ်မို့လား "

"ဟုတ်။ စားတက်ပါတယ်"

ကိုထင်က အစားအသောက်ကို ကောင်းကောင်းချက်ပြုတ်တက်တဲ့ ယောကျာ်းဖြစ်သည်။ ပြီးတော့ ခြွေတာတက်တဲ့ နေရာမှာ နှစ်ယောက်မရှိသူအဖြစ် နာမည်လည်းကြီးသေးသည်။
ပုစွန် ဆိုရင် အိမ်မှာ ကြီးပေ့ မှ စားတက်သော မာမီကြောင့် ခုလို သေးသေးလေးများကို တခါတလေ ချဉ်ဟင်းထဲမှာသာတွေ့ရတက်သည်။

ဇီဇာမကြောင်တဲ့ ရွှေဘုံကတော့
ကေသီတို့နဲ့ပေါင်းကာ အပြင်မှာ တွေ့တာဝင်စားနေကြမို့ ဂျီးမများတက်ပေ။ ပြီးတော့ ကိုထင်က ဟင်းအကောင်ကြီးမဟုတ်ပေမဲ့ စားကောင်းအောင်ချက်ကျွေးတက်သည်မို့ ကိုထင်လက်ရာဆို ရွှေဘုံက အကုန်ကြိုက်ပါသည်။

" ကိုထင် "

ရေးညို့ထင် ထမင်းစားနေတဲ့ကောင်လေးရှေ့ ရေတစ်ခွက်ငဲ့ပေးလိုက်ရင်းမေးငေါ့ပြလိုက်သည်။

" ကျွန်တော်ကို ဘာလို့ ကိုထင်တို့ကားပေါ်ပါလာတာလဲလို့ မမေးရတာလဲ"

ကောင်ကလေးရဲ့မျက်ဝန်းတွေကို ရေးညို့ထင်စူးစမ်းကြည့်မိသည်။
မှန်ပြင်အောက်က အညိုရင့်ရင့်မျက်ဝန်းလေး ။
စိုးရိမ်စိတ်တွေ လျံကျနေတာ အထင်းသား

"  ကံကြမ္မာနဲ့ဖူးစာကို ကိုယ်ယုံကြည်တယ်လေ ။ ဘာကိုမေးနေရအုံးလဲ "

ရိတ်သင်ထားကာစ မေးရိုးပေါ်က စိမ်းဖန့်ဖန့်အရိပ်တွေ ဝန်းရံထားတဲ့ နှုတ်ခမ်းပါးကပြုံးခြင်း ရယ်ခြင်းမရှိ ငြိမ်သက်လျက်။
တည်ကြည်လေးနက်နေတဲ့အကြည့်စူးစူးတွေက  ရွှေဘုံ ကိုယ်ပေါ်ဖြာကျနေသည်မို့ နားဖျားလေးပင်ပူကျစ်လာရသလို။

" မင်းကိုယ့်ကိုမယုံသေးဘူးဆိုတာ ကိုယ်နားလည်ပါတယ်။ မင်းစ်ိတ်ထဲမှာ ချက်ခြင်းလုပ်လိုက်ရတဲ့ လက်မှတ်ထိုးပွဲအတွက် စိတ်ဖိစီးမူ့တွေရှိမယ်။ အခက်အခဲတွေရှိမယ်ဆိုတာ ကိုယ်သိတယ်။ ဒါတွေအကုန်လုံး မင်းနဲ့ထပ်တူ ကိုယ်လည်း ဖြစ်နေတဲ့ခံစားချက်တွေပါ။ မင်းနားလည်အောင်ပြောရရင် ၊ ကိုယ်မင်းကို လက်ထပ်ဖို့ တစ်ခါမှတွေးမကြည့်မိဖူးဘူး။ "

ရွှေဘုံ အလန့်တကြား ကိုထင်အားကြည့်မိလိုက်လျှင် ကိုထင်သည် ပြောင်းလဲမူ့မရှိတဲ့အရိပ်တွေနဲ့ ရွှေဘုံအား ကြည့်နေဆဲပင်။

" ကိုယ့်ဘဝမှာ သူစိမ်းတစ်ယောက်ကို
ထပ်ခေါ်ဖို့ တစ်ခါမှ မကြိုးစားခဲ့ဖူးဘူးကောင်ကလေး ။ မင်းက မဖိတ်ခေါ်ပဲ ကိုယ့်ဘေးကိုရောက်လာတဲ့သူ ၊ ကိုယ်လုံးဝမကြိုးစားပဲကိုယ်နဲ့ လက်ထပ်ဖို့ထိ ကံကြမ္မာကဖန်ဆင်းပေးခဲ့တဲ့သူ။ ပြီးတော့ ကိုယ် အလွယ်တကူ လက်ခံလိုက်တာရယ်တော့မဟုတ်ပါဘူး  ။
မင်းမှာ ကိုယ်သဘောကျတဲ့ အချက်တွေအများကြီးရှိပါတယ်။ ဥပမာ -မင်းမျက်လုံးညိုညိုလေးတွေပေါ့။ နောက်ပြီး ရှိသေးတယ်၊ မင်းမျက်လုံးထောင့်နားက မှည့်စက်လေး ရယ် ဘယ်ဖက် ပါးအောက်ခြေနားကမတိမ်းမယိမ်းကပ်နေတဲ့ မှည့်လေး နှစ်လုံးရယ်။ မင်းလက်မောင်းပေါ်က အမာရွတ်လေးရယ်ပေါ့  "

ရေးညို့ထင်  အနီရေးရေးထင်ဟပ်နေတဲ့ ပါးလေးနှစ်ဖက်ကို ငေးကြည့်ရင်း အတွေးတွေကို မည်သူမှမကြားအောင်
ဖုံးဖိမိသည်။

လက်ထပ်ဖို့ မင်းထင်သလောက်မလွယ်ပါဘူးကောင်ကလေး။
မင်းမှတ်မိ လား ၊
မင်းလက်မောင်းပေါ်က အမာရွတ်ပေးခဲ့တဲ့ သူက ကိုယ်ဆိုတာကို
....

ချစ်တဲ့အိမ်စည်။

( ကိုယ့်ဖုန်းက အတော်လေး အခြေနေဆိုးဝါးနေပါပြီ။ အမှားပါရင်ခွင့်လွတ်ပါ။
တစ်လုံးတစ်လုံးရေးဖို့ကိုမနည်းအားစိုက်နေရတယ်။ ဒီကြားထဲ ဖုန်းသုံးလို့အဆင်ပြေပါစေလို့ပဲဆုတောင်းရမှာပဲ။  )

Bạn đang đọc truyện trên: ZingTruyen.Xyz