တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
13
" ေကာင္ကေလး ကိုယ္ မဂၤလာေခါင္းေပါင္းေရာတပ္ဖို႔လိုေသးလား "
မွန္ေရွ႕မွာ ကိုထင္ တစ္ေယာက္ ေခါင္းေပါင္းႀကီးကို ဟိုဖက္၊သည္ဖက္ေျပာင္းေဆာင္းၿပီး အလုပ္ရႈပ္ေန၏။
ဝတ္ဖို႔ ကုတင္ေပၚမွာခ်ထားတဲ့ အျဖဴ ေရာင္တိုက္ပံုကိုၾကည့္ရင္း ကိုထင္အစား အေတာ္ေလးေနရခက္လွၿပီ။
ေခါင္းေပါင္းႀကီးျဖင့္ မသိရင္ ဘိတ္သိတ္ဆရာ လုပ္ဖို႔အလွဴ သြားတယ္လို႔ထင္ၾကေတာ့မွာပဲ။
ေရႊဘံုသက္ေမာခ်ရင္း ကိုထင္အား
ေလးေလးပင္ပင္ေျပာမိသည္။
"မာမီစကားေၾကာင့္ဆိုရင္ေတာ့ မေဆာင္းပါနဲ႔လား၊ အဲ့ေလာက္ထိ ကိုထင္ လုပ္ေပးဖို႔ မလိုပါဘူးေလ။ "
"ကိုယ္႐ြဲ႕တာ မဟုတ္ဘူးဆိုတာေတာ့ေသခ်ာပါတယ္ကြာ ။
သူေျပာတာမင္းလည္းၾကားတာပဲ၊ မဂၤလာရွိဖို႔ပဲ လိုတယ္တဲ့ ၊ ေနာက္ၿပီး သူမ်ားေျပာလို႔လုပ္ေပးရတာထက္ ကိုယ္လည္း မင္းကို မဂၤလာရွိေစခ်င္တယ္ေလ "
ေရႊဘံု နွလံုးသားသည္ ပ်ားရည္အိုင္ထဲနစ္ဝင္သြားသလို ခ်ိဳျမ၍ သြားေလသည္။
ကိုထင္သည္ သူဘာေျပာလိုက္မွန္းသတိေတာင္ထားမိပံုမေပၚကာ မွန္ကိုၾကည့္ကာ ေခါင္းေပါင္းျဖင့္ အလုပ္ရႈပ္လ်က္ရွိေနသည္။
အေတာ္ၾကာမွ မွန္ထဲကေန အေနာက္နားမွာ ရပ္ေနတဲ့ေရႊဘံုထံလွမ္းၾကည္လာၿပီး
"စကားမဆက္ ကိုယ့္ပံုစံက ရယ္စရာေကာင္းေနလား ေကာင္းကေလး။ လူႀကီးအပ္သြားရုံပဲဟာ ၊ အရမ္းအိုဗာတင္းေနသလိုမ်ားျဖစ္ေနလားဟင္။ ဒီရေမာင္နဲ႔ ေကာင္ကေလးသူငယ္ခ်င္းေတြ ကိုယ့္ကိုၾကည့္ၿပီး ရယ္ေတာ့မရယ္ေလာက္ပါဘူးေနာ္"
"ေခါင္းေပါင္းႀကီးေဆာင္းသြားရင္ေတာ့ရယ္ၾကမယ္ထင္တယ္။ ၿပီးေတာ့ ကန္ေတာ့ပြဲေတြေရာ "
အိမ္ေရွ႕မွာ အဆင္သင့္ေစာင့္ေနေသာ အမ်ိဳးတစ္အုပ္နွင့္ကန္ေတာ့ပြဲေၾကာင့္ေရးညိဳ႕ထင္ ေတြးေတြးဆဆျဖစ္သြားသည္။
ဘာလို႔မ်ား ေဒၚေလးလာေပးတဲ့ ဒီေခါင္းေပါင္းႀကီးကို သူယူထားမိတာပါလိမ့္။
အခ်ိန္ၾကာၾကာ သူဆက္ၿပီး မေတြးနိုင္ေတာ့သည္မို႔ လက္ထဲကေန ေဘးကမွန္တင္ခံုေပၚေျပာင္းတင္လိုက္သည္။
ထို႔ေနာက္ ကုတင္ေပၚက တိုက္ပံု အျဖဴ ကိုယူ၍ လက္လ်ိဳကာ ဝတ္လိုက္ၿပီး ၾကယ္သီးတပ္ဖို႔ ႀကိဳးစားလိုက္လ်ွင္ လက္ျပင္ဆီမွ တဆစ္ဆစ္ နာသြားသည္မို႔ ခုထိ ေဘးမွ ၿငိမ္ၿငိမ္ေလးရပ္ေနေသးေသာ ေရႊဘံုအား
မတင္မက်ေလသံျဖင့္ေျပာလိုက္သည္။
" ကိုယ့္ၾကယ္သီးေလး မင္းတပ္ေပးလို႔အဆင္ေျပမလား ၊ ကိုယ့္လက္ျပင္ေၾကာ ညပ္ေနလို႔ တပ္ဖို႔အဆင္မေျပဘူးျဖစ္ေနတယ္"
ေရႊဘံု ကိုထင္နားအလ်ွင္အျမန္သြားကာ
တိုက္ပံုအနားစေတြကိုကိုင္ၿပီး ကူညီဖို႔ႀကိဳးစားလိုက္သည္။
" အရမ္းနာေနရင္ ေဆးခန္းအရင္ဝင္မလား "
"ဘာမွမျဖစ္ပါဘူး။ ကိုယ္က ခဏတိုင္းျဖစ္ေနက်ပါ။ ဟိုေန႔က မင္းကို ခ်ီၿပီး ဒီထိေတာင္တက္လာေသးတာပဲ ၊ စိတ္ပူစရာမရွိပါဘူး "
ေရႊဘံု ဆက္္ေျပာေတာ့ေပ။
တိတ္တဆိတ္ တိုက္ပံုအသီးေတြတပ္ေပးရင္း ကိုထင္အား အားနာၿပီးရင္းအားနာေနရသည္။
" ေရႊဘံုမင္းစံ "
ေရႊဘံု ေမာ့ၾကည့္သည္။
ကိုထင္က အေၾကာင္းရင္းမရွိပဲ ေခၚၾကည့္သည့္ပံုစံရွိကာ သူ႔မ်က္နွာထက္မွာ မည္သည့္ ပံုရိပ္ေယာင္မွ ယွက္သန္းမေနပဲတည္ၾကည္၍ေနသည္။
ထို႔ေနာက္ထပ္ေျပာသည္။
" မင္းနာမည္ေရႊဘံုမင္းစံ ဆိုတာ အေဖနာမည္နဲ႔ တြဲေခၚမွန္း ကိုယ္သတိ္ထားမိဘူး။ "
"အင္း ဒယ္ဒီနာမည္က ဦးမင္းစံညႊန္း ။
မာမီနာမည္က ေဒၚဟန္နီဦး ေလ။ မာမီနဲ႔ဒ
္ယ္ဒီဆိုရင္ ဒယ္ဒီကကြၽန္ေတာ္ကို ပိုၿပီးခ်စ္တယ္ "
တိုက္ပံုအသီးေတြသည္ တပ္ရခက္သည္။
အက်ၤ ီအသစ္မို႔ ၾကယ္သီးေပါက္က
က်ဥ္းေနသလို အစျဖင့္ေသခ်ာျပဳလုပ္ထားေသာ ႀကိဳးထုပ္သီးလံုးေလးေတြကလည္း အေပါက္ထဲဝင္ဖို႔ မနည္းအားစိုက္ဖိသြင္းေနရသည္။
ေရႊဘံု အကုန္တပ္ၿပီးသည့္အခ်ိန္ထိ
ကိုထင္သည္ ေရႊဘံုအား ခန္႔မွန္းမရေသာ အရိပ္သ႑ာန္မ်ားျဖင့္ ငံု႔ၾကည့္ေနတာကိုေတြ႕ရသည္။
" ဘာျဖစ္ေနတာလဲ"
"ဘာမွမျဖစ္ဘူး "
အပိုလိုမရွိထြက္က်လာတဲ့စကားစုေလးမွာ
ထိန္ခ်န္ထားတာေတြရွိေနတယ္ဆိုတာ
ေရႊဘံုသိ၏။ ကိုထင္နဲ႔ အတူရွိတဲ့နာရီ လက္တံေလးေတြသည္ အပတ္ေရမ်ားမ်ား
မလည္ပတ္ေသးေပမဲ့ ေရႊဘံု ေတာ္ေတာ္မ်ားမ်ားနားလည္သိရွိေနၿပီျဖစ္၏။
ကိုထင္က သေဘာေကာင္းၿပီး အေနၾကည္တဲ့ေယာက်ာ္းတစ္ေယာက္ျဖစ္လင့္ကစား တခါတေလ ေရႊဘံု အလွမ္းမမွီနိုင္တဲ့ေနရာမွာရွိေနသလိုလည္း ခံစားတက္ေသးသည္။
" မနက္က ဘယ္ေတြသြားေနတာလဲ "
" ညမွေအးေဆးေျပာၾကတာေပါ့။
ကိုယ္တို႔သြားဖို႔အခ်ိန္နီးေနၿပီ "
ေရးညိဳ႕ထင္ လက္မွနာရီကိုၾကည့္၍ ေျပာသည္။ ထို႔ေနာက္သူ႔ေရွ႕မွာ မ်က္နွာခ်င္းဆိုင္ ရပ္ေနဆဲျဖစ္တဲ့ ေကာင္ကေလး၏
တိုက္ပံုအက်ၤ ီကို ေသခ်ာ ဆြဲဆန္႔ ျပဳျပင္ေပးၿပီး လက္တစ္ဖက္ကိုဆြဲယူလိုက္သည္။
ယွက္ျဖာထားေသာ လက္ေခ်ာင္းေတြေၾကာင့္ေရႊဘံု လက္ဖဝါးမွာ ကိုထင္အေႏြးဓာတ္ကိုရေန၏။ မ်က္နွာလည္း အေတာ္ေလး ပူသြားသည္။
အိမ္ေရွ႕ဧည့္ခန္းေသးေသးမွာ
ပုသိမ္က အေဒၚလင္မယားအျပင္
အမ်ိဳးထဲမွ ၾသဇာရွိေသာ ႀကီးေဒၚ တစ္ေယာက္နွင့္ ၿပံဳးၿပံဳးႀကီးထိုင္ၾကည့္ေနတဲ့ဒီရေမာင္။ ရန္ကုန္မွာ အေျခက်ေနေသာ အမ်ိဳးမကင္းတဲ့ အေဒၚတခ်ိဳ႕ ။ ၿပီးေတာ့ လိမ္းျခယ္ၿပီးစီးၿပီးေရႊဘံု အေဖာ္ရေအာင္ သက္သက္လာေစာင့္ေပးေသာ ေကသီ။
အားလံုးေပါင္း ဆယ္ေယာက္ထက္မနည္း။ အကုန္လံုးေရွ႕ထိ ကိုထင္က ေရႊဘံုလက္အားလံုဝမလႊတ္ခဲ့ေပ။
" ကားအဆင္သင့္ျဖစ္ၿပီ ၊ သြားၾကရေအာင္"
"ကန္ေတာ့ပြဲ ႐ြက္မဲ့သူေရွ႕ကသြား "
တခဏအတြင္း ဆူဆူညံညံျဖစ္သြားသည္မို႔ ေရႊဘံု ကိုထင္ေနာက္နားကို ကိုယ္ကိုရုိ ့ၿပီး ဖယ္ေပးလိုက္သည္။
"ဘာျဖစ္တာလဲ "
ေရးညိဳ႕ထင္ သူ႔ပုခံုးေဘးမွာ ႀကံဳ ႕ႀကံဳ ႕ေလးတိုးရပ္ေနတဲ့ ေကာင္ကေလးေရွ႕ကို မ်က္နွာငံု ႔ေမးလိုက္သည္။
ေကာင္ကေလးက သူ႔အမ်ိဳးအုပ္ကိုမ်ားေၾကာက္ေနသလား။
သူ႔လက္ကိုလည္း တင္းတင္းဆုပ္ကိုင္ထားၿပီး မ်က္နွာေလးလည္းငယ္ေနသည္မွာ သနားစရာေကာင္းေသာ္ျငား ေရးညိဳ႕ထင္ကေတာ့ ရယ္ပဲရယ္ခ်င္သြားမိသည္။
မေန႔က ေရးညိဳ႕ထင္ကို အေဒၚဆူပူတာျမင္သြားၿပီးကတည္းက ေကာင္ကေလး
အေနၾကပ္သြားရွာသည္။ အေဒၚလာၿပီဆိုတာနွင့္အိပ္ခန္းထဲကပင္မထြက္ေတာ့သည္ကို သတိထားမိသည္မို႔ ဆုပ္ကိုင္ထားဆဲလက္ကေလးကို အနည္းငယ္ ရမ္းခါလိုက္ၿပီး
" မေၾကာက္နဲ႔။ အေဒၚက အေျပာဆိုးေပမဲ့စိတ္ရင္းေကာင္းပါတယ္။ ၿပီးေတာ့
မင္းကို စိတ္ရႈပ္ေအာင္ ေနာက္ထပ္ ထပ္လုပ္မွာမဟုတ္ဘူး "
ေကာင္ကေလး ေခါင္းညိမ့္ျပေပမဲ့ သူ႔စိတ္ထဲ ေနလို႔မေကာင္းေသးဘူးဆိုတာ ေရးညိဳ႕ထင္သိသည္။
ထို႔ေၾကာင့္ နဂိုစီစဥ္ထားတဲ့ အေဒၚတို႔နဲ႔ကားအတူစီးဖို႔အစီအစဥ္ကို ဘယ္သူမွမသိေအာင္ ဖယ္ရွား၍
ေကသီနဲ႔ အတူသြားဖို႔ ခ်က္ခ်င္းေျပာင္းလဲလိုက္သည္။
" ေကသီ အကိုတို႔ အတူလိုက္လို႔ရမလား "
ေကသီဝမ္းပန္းတသာပဲ ကိုထင္အားေသာ့ေပးလိုက္သည္။
ကိုထင္သည္ တည္ၿငိမ္စြာ ကားေမာင္းသူေနရာကိုမထိုင္ခင္ ေကာင္ကေလးထိုင္ဖို႔ ေဘးခံုတံခါးကိုဖြင့္ေပးလိုက္၏။
" ေနာက္ခန္းမသြားနဲ႔ ေကာင္ကေလး။ ကိုယ့္ေဘးမွာထိုင္ "
ေကသီ သူ႔အား ဘယ္ထိုင္ဖို႔ အသိေပးေနမွန္းသိေတာ့ နႈတ္ခမ္းဆူကာ ေနာက္ခန္းမွာသြားထိုင္သည္။ ဒီလိုမွန္းသိရင္ ၾကည္ႏူးမနဲ႔အတူ အန္တီဟန္နီတို႔အိမ္မွာ အတူေစာင့္ေနပါတယ္ဟူေသာ ေနာင္တတရားက ေကသီရင္ကို ပါးပါးပုတ္ေနသလို ။
ေရးညိဳ္ထင္ ၿပံဳး၍ ေရႊဘံု ကို ကားေရွ႕ခန္းမွာဝင္ထိုင္ေစၿပီး တိုးတိုးေလး ေရႊဘံုၾကားေအာင္ ေျပာလိုက္သည္။
" ကိုယ္လမ္းမသိလို႔ ပါ "
ကားသံုးစီးသည္ ေရွ႕ဆင့္ေနာက္ဆင့္ေရႊဘံုတိူ႔အိမ္ရွိရာကိုသြားၾကသည္။
အိမ္ရွိရာ လမ္းကိုေသခ်ာညႊန္ျပေပးေနတဲ့
ေကာင္ကေလးကို ေရးညိဳ႕ထင္ မသိမသာ ေငးေမာၾကည့္ရင္း တိတ္တဆိတ္သက္ျပင္းခ်မိသည္။
မနက္က ေကာင္ကေလး အေဖနဲ႔ေတြ႕ဆံုခဲ့တဲ့အေၾကာင္းေတြကို မည္သူကိုမွမသိေစခ်င္ေပ။
ဖခင္ တစ္ေယာက္အေနနဲ႔ ဒီအေျခေနကို လက္ခံဖို႔ ေစာလြန္းမယ္ဆိုတာ သိေပမဲ့
သူ႔အေနနဲ႔လည္း ဘယ္လိုေျဖရွင္းခ်က္ကိုမွေပးဖို႔မတက္ခဲ့ေခ်။
ေရႊဘံုမင္းစံ ။
ဒီေကာင္ေလးက လြန္ခဲ့တဲ့ ၆နွစ္က ....
" ကိုထင္ ..ဟိုေရွ႕က ေထာင့္ဆံုးၿခံ "
သူ႔အေတြးစေတြကို ျဖတ္သိမ္းေပးလိုက္တဲ့ ေကာင္ကေလး အသံေလးေၾကာင့္
မ်က္နွာေပၚက ပူပင္မူ႔ေတြကို အတက္နိုင္ဆံုးဖံုးဖိလိုက္ရေတာ့သည္။
"အင္း...ကိုယ္သိၿပီ "
အျဖဴ ေရာင္သံပန္းေတြကို ေရႊေရာင္ႏြယ္ႀကိဳးေတြရစ္ပတ္ေနသ႑ာန္ရွိေသာ ၿခံတံခါးႀကီးေရွ႕ ကားရပ္ရင္း ေရးညိဳ႕ထင္
ေရႊဘံုမသိေအာင္ သက္ျပင္းခိုးခ်ရသည္။
ဘယ္အတိုင္းအတာထိခ်မ္းသာသလဲဆိုတာ ေမးစရာမလိုေတာ့တဲ့အေျခေနပင္။
ၿခံတံခါးေရွ႕မွာရပ္ၿပီး ေရႊစံအိမ္ႀကီးဆီကို
ေငးေမာၾကည့္မိလ်ွင္ အတိုင္းဆမရွိ ပူေလာင္လာရျပန္သည္။
သူနဲ႔ေနနိုင္ပါ့မလား။
ဒီအေတြးက ေခါင္းကိုက္သည္ထိ
ေရးညိဳ႕ထင္အား နွိပ္စက္ေနပါသည္။
ကားစုတ္ေလးကိုစီးေသာ ေကာင္ကေလး၊
ခပ္ေဖ်ာ့ေဖ်ာ့ အၿပံဳးေလးနဲ႔ ဟိတ္ဟန္မရွိေသာ ေကာင္ကေလး။
ဒီေကာင္ေလးက ဦးမင္းစံရဲ႕ တစ္ဦးတည္းေသာ ရင္နွစ္သည္းခ်ာတဲ့လား။
"ဝင္ ၾကပါ ။ ဝင္ၾကပါ "
ေဒၚဟန္နီဦးသည္ ေရႊေရာင္ပန္းပြင့္ျခယ္ထားေသာ ခဲေဖ်ာ့ေရာင္ ပိုးဝမ္းဆက္ကိုဝတ္လ်က္ အိမ္ေပါက္ဝထိ ဆီးႀကိဳ နႈတ္ဆက္သည္။ အေနာက္ပါးမွာ မသိမသာရပ္ေနေသာ ဦးမင္းစံသည္ မနက္ကမွ သူနဲ႔မေတြ႕ဖူးထားသလို ခပ္ပါးပါးအၿပံဳးတင္၍
မတ္တပ္ရပ္ ဧည့္ခံစကားေျပာေနသည္ကိုၾကည့္၍ ေရးညိဳ႕ထင္လည္း ဝန္ထုတ္ဝန္ပိုးျဖစ္ေနတဲ့ သူ႔ စိတ္ကို ေလ်ာ့ခ်မိ၏။
က်ယ္ဝန္းလွေသာ ဧည့္ခန္း။
ျပင္ဆင္ထားေသာ ခန္းနားမူ႔မ်ား ။
ဖိတ္ဖိတ္လက္ေနေသာ အေျခေနေၾကာင့္ ပါလာတဲ့ဧည့္သည္မ်ားအပါအဝင္ ေရးညိဳ႕ထင္၏ အေဒၚပါ ၿငိမ္သက္သြားၾကမတက္။
အရွိန္အဝါဆိုတာ ဒါမ်ိဳးလား။
လူတစ္ေယာက္ကို နႈတ္လွန္ထိုးစရာမလို
၊ အၾကည့္တစ္ခ်က္ေပးစရာမလိုပဲ အနိုင္ယူတဲ့နည္း။
ေကာင္ကေလးမိဘေတြက မည္သည့္ရည္႐ြယ္ခ်က္မ်ွမရွိေပမဲ့ ေရးညိဳ႕ထင္အသိုင္းအဝိုင္းကေတာ့ ဒီေလာက္ထိခ်မ္းသာမယ္လို ႔ မေမ်ွာ္လင့္ထားဘူးဆိုတာ သိသာေနစြာ တအံတၾသျဖစ္ေနၾကသည္။
" ဒါ ေရွ႕ေန ဦးသူရနိုင္ပါ ။ လက္မွတ္ေရးထိုးဖို႔ အသိသက္ေသအေနနဲ႔ ကြၽန္မတို႔ဖက္ကလည္း ရပ္မိရပ္ဖ တစ္ခ်ိဳ႕ ကိုဖိတ္ထားပါတယ္။ ဒီဖက္ကေတာ့ ကြၽန္မအမ်ိဳးသား ဦးမင္းစံ၊ သူလည္း
မေန႔ညကမွ သားသတင္းၾကားလို႔ စကၤာပူကေန ခ်က္ျခင္းျပန္လာရတာ။ "
ျမန္မာ့ရုိးရာ ကန္ေတာ့ပြဲနဲ႔ မိသားဖသားပီပီ ျပန္အပ္တာမို႔ ေဒၚဟန္နီဦးကေက်နပ္သြားတာေတာ့အမွန္ပင္။ စီးပြားေရးလုပ္ငန္းရွင္ပီပီ ဦးမင္းစံက ဧည့္ခံစကားေျပာေကာင္းသူျဖစ္ေၾကာင္း ျငင္းစရာမလိုေအာင္ပင္ တခဏအတြင္း စကားဝိုင္းကိုထိန္းသြား၏။
" ကြၽန္ေတာ္အေနနဲ႔သားေပ်ာ္ဖို႔က အေရးႀကီးဆံုးပါ။ "
ေရႊဘံု ဒယ္ဒီကုိမၾကည့္ရဲစြာ သူ႔ေခါင္းေလးအားငံု႔ထားလိုက္၏။
ထိုစဥ္ ခပ္ဖြဖြကိုင္လာေသာ လက္ေခ်ာင္းေတြသည္ ကြၽမ္းက်င္စြာ ေရႊဘံုလက္ေလးကို ဆြဲယူ၍ ေႏြးေထြးေစသည္။
ခ်က္ျခင္း တကိုယ္လံုးကို ေစာင္ထူထူျဖင့္ ရစ္ပတ္ခံလိုက္ရေသာ ခံစားခ်က္က တကိုယ္လံုး ျဖန္႔က်က္သြားသေယာင္။
ထူးဆန္းသည္။
ကိုထင္သည္ ဘာလို ႔ကိုခန္႔နဲ႔လံုးလံုးမတူညီရတာလဲ။
" ေရႊဘံု ..သား လက္ထက္လိုက္ရင္ ေသခ်ာေပါက္ ေပ်ာ္မွာလား "
ဦးမင္းစံ တလႈိက္လႈိက္တက္လာေသာခံစားခ်က္ကို ထိန္း၍ သားအား ၾကင္နာစြာေမးလိုက္မိသည္။
သူ႔သားေလး ေရႊဘံု ။ ဒီကေလးကို သူတို႔လင္မယား ပိုးလိုဥခဲ့ရတာ။
ငယ္စဥ္ကတည္းက မ်က္နွာတခ်က္မညႇိဳးေအာင္၊ စိတ္မဆင္းရဲခဲ့ရေအာင္
ေခ်ာ့ျမဴ ေထြးေပြ႕ ခဲ့ရတဲ့အခ်ိန္ေတြသည္ ဘာမွေတာင္ မၾကာလိုက္သလိုပဲ။
ခရီးေရာက္မဆိုက္ သားမရွိတဲ့ အိမ္ထဲ
ဒီေကာင္ေလး ဒီလိုလုပ္ရပ္မ်ိဳး မလုပ္ေလာက္ပါဘူးဆိုတဲ့ ေမ်ွာ္လင့္ခ်က္ ေသးေသးေလးကို ဖမ္းဆုပ္ရင္း ဝင္ခဲ့ရတဲ့ အျဖစ္အပ်က္။ ျဖစ္နိုင္ရင္ သူျပန္မေတြးခ်င္ခဲ့ဘူး။
လွမ္းျမင္ေနရတဲ့ သားက သူနဲ႔ အလွမ္းေဝးကြာသြားသလိုပင္။
သူစိမ္းတစ္ေယာက္အရိပ္မွာ သားလံုၿခံဳေအာင္ ခိုနားနိုင္ပါ့မလားေတြးရင္း
" သားရယ္ ရည္းစားပဲ ထားပါလား ၊ အိမ္ေထာင္မျပဳပါနဲ႔လား"ဟု တားျမစ္လိုက္ခ်င္သည္။
ေမ်ွာ္လင့္ထားၿပီးသား သားဆီက
"ဟုတ္ကဲ့ " ဆိုတဲ့ စကားကို သူနည္းနည္းမွ မၾကားခ်င္ခဲ့ဘူး။
တိုက္ပံုအျဖဴ ေလးနဲ႔ ေသေသသပ္သပ္ေလးဝတ္ထားတဲ့ကေလးက
အသက္၂၂ပဲရွိေသးတာကို အိမ္ေထာင္ျပဳဖို႔ ဘယ္လိုမ်ား ေတြးလိုက္တာလဲဟုဆူခ်င္မိသည္။
မိဘပဲ သားသမီးဆီက " ေပ်ာ္မွာပါ" ဆိုေတာ့လည္း ဘာတက္နိုင္မွာလဲ။
ဦးမင္းစံ ေခါင္းတဆတ္ညိမ့္ျပရင္း
မခ်ိတင္ကဲ ၿပံဳးျပမိသည္။
" သားေပ်ာ္တယ္ဆိုရင္လည္း ဒယ္ဒီ မတားေတာ့ပါဘူး။
ေရးညိဳ႕ထင္ အေနနဲ႔လည္း ကိုယ္တာဝန္ယူလိုက္တဲ့ ကိစၥကို အဆံုးထိ
ကတိသစၥာရွိဖို႔ အန္ကယ္ေမ်ွာ္လင့္ခ်င္တယ္။ အန္ကယ္တို႔ ဒီကိစၥကို အလြယ္တကူ ခြင့္ျပဳ ခဲ့တာမဟုတ္ဘူးဆိုတာ
မင္းေခါင္းထဲမွာ အၿမဲ ထည့္ထားပါ။
ေနာက္ပိုင္း မင္းဖက္က ငါ့သားကို
သစၥာမရွိပဲ စြန္႔ပစ္ဖို႔ႀကိဳးစားမယ္ ဆိုရင္ မင္းဘဝအတြက္ အန္ကယ္အာမခံဘူး "
ဦးမင္းစံေအးစက္စြာ ေရးညိဳ႕ထင္ကို တည့္တည့္ၾကည့္ၿပီးေျပာလိုက္သည္။
"ဒယ္ဒီ "
ေပၚတင္ၿခိမ္းေျခာက္လိုက္တဲ့ စကားအတြက္ အကုန္လံုးလႈပ္လႈပ္ရွားရွားျဖစ္သြားၾကေပမဲ့ ဦးမင္းစံညႊန္း၏ ဂုဏ္သိကၡာေၾကာင့္ တစ္ေယာက္မွ ဝင္ေရာက္ေျပာဆိုျခင္းမရွိၾကေပ။
ေရးညိဳ႕ထင္ သူ႔လက္ထဲကိုင္ထားသာ ေရႊဘံုလက္ကလးကို လက္မေလးျဖင့္အသာဖိလိုက္ၿပီး ေလးေလးနက္နက္ပင္ ဦးမင္းစံအား ေျပာလိုက္သည္။
" ဦးေလးစိတ္မပ်က္ေစရပါဘူး ။
တာဝန္ယူမူ ႔၊ တာဝန္ခံမူ ႔ အျပင္ ေယာက်ာ္းတစ္ေယာက္ရဲ႕ က်င့္ဝတ္ကိုလည္းကြၽန္ေတာ္ေကာင္းေကာင္းသိပါတယ္။ "
ဦးမင္းစံ ေရးညိဳ႕ထင္အားေစ့ေစ့ၾကည့္ၿပီး
သူ႔အၾကည့္ေတြကို ေရွ႕ေနဆီပို႔လိုက္သည္။
" ျပင္ဆင္ထားတဲ့ လက္ထက္စာခ်ဳပ္ ကို
ကေလးေတြကို ေပးလိုက္ပါ "
"ဟုတ္ကဲ့"
ကတိခံဝန္ခ်က္နဲ႔ စာခ်ဳပ္ပါ အေၾကာင္းအရာမ်ားကုိ ေရွ႕ေနက ရွင္းျပၿပီး
ဆံုးမ စကားမ်ားကို အေတာ္ၾကာေျပာဆိုခဲ့သည္။
အျပာေရာင္ လက္ထက္စာခ်ဳပ္လွလွေလးသည္ မ်က္စိေရွ႕မွာအခန္႔သား။
ေဘာပင္ကိုင္ထားတဲ့ ေရႊဘံုလက္ကေလးသည္ တုန္ရီေနသည္။
ကိုယ္ခ်စ္ရတဲ့ ခ်စ္သူမဟုတ္ပဲ ၃ရက္အတြင္း အေၾကာင္းအရင္းမ်ားစြာျဖစ္ပ်က္ၿပီး
မရင္းနွီးတဲ့သူျဖင့္ လက္ထက္ရမယ္လို႔ေရႊဘံု အိမ္မက္ေတာင္မ မက္ဘူးခဲ့ေပ။
" စာခ်ဳပ္မွာ ရဲရဲသာ ထိုးလိုက္ပါ ၊ ကိုယ္မင္းကို နာက်င္ေအာင္ လုပ္မဲ့သူမဟုတ္ပါဘူး"
နားစည္မွာ ျဖတ္သန္းသြားေသာ ညင္သာတဲ့ ေလလႈိင္းေလး။
နာက်င္မူ႔ ။
နာက်င္မူ႔ဆိုတာ ဘယ္အတိုင္အတာထိသက္ေရာက္လဲ။
ခလုတ္မထိ ဆူးမၿငိ ေအာင္ထားမယ္ေျပာတာလား။
ေရႊဘံု နွလံုးသားေလးကို အနာအဆာကင္းေအာင္ ကာကြယ္ေပးမယ္ေျပာခ်င္တာလား။
ေရႊဘံု ေရေရရာရာမသိပါ။
အဆံုးသတ္မွာ လက္မွတ္လွလွကေနရာယူသြားၿပီးျဖစ္သည္။
အျပန္အလွန္ လဲထိုးခဲ့ေသာ လက္မွတ္ေတြ အသိသက္ေသေနရာမွာ ဒယ္ဒီ၊မာမီ လက္မွတ္ေတြ။
ဒီစာခ်ဳပ္ တစ္ခုထဲနဲ႔ ေရႊဘံု ဘဝကို
ကန္႔သတ္ပစ္လိုက္ၿပီျဖစ္သည္။
ေရႊဘံု တိုးဝင္လိုက္တဲ့ေနရာစိမ္းဟာ
ေကာင္းကင္နဲ႔တူေသာ ေနရာလား၊
ငရဲနဲ႔တူေသာ ေနရာလား
ေရႊဘံု မစူးစမ္းခ်င္ေတာ့ပါ။
သို႔ေသာ္ ေရႊဘံု အနည္းငယ္ေတာ့ေၾကာက္႐ြံ႕ေနပါသည္။
ပထမဦးဆံုး အိမ္ေထာင္သည္ဘဝက်ေရာက္ျခင္းကို လံုးဝေရႊဘံု အသားမက်ေသးပါ။
ကိုထင္က ေျပာဖူးသည္။
သူ႔ကိုယံုၾကည္ဖို႔ပဲ လိုတယ္တဲ့။
ခ်စ္သူမဟုတ္ပဲ ေျဖရွင္းလို႔ရတဲ့ အၾကာင္းအရာတစ္ခုကို လက္ထက္ဖို႔ထိ ကိုထင္ကေရာ ဘာလို႔ေ႐ြးခ်ယ္လိုက္လဲ ဆိုတာ
ေရႊဘံု စဥ္းစား၍ မရခဲ့။
"ေကာင္ကေလး ကိုယ့္ကို ယံုပါ "
လက္သူျကြယ္သည္ ေအးခနဲ။
ေရႊဘံု ငံု႔ၾကည့္ေတာ့ အျပာရင့္ရင့္
ေက်ာက္ကေလးနဲ႔ ေရႊႀကိဳးပါးပါးလက္စြပ္ကေလးက အခန္႔သား။
___________
" Tattoo ေတြ "
ေရႊဘံု မ်က္မွန္ေလးပင့္ကာ ေသခ်ာၾကည့္မိသည္။
အတည္ပဲ Tattoo ေတြပဲ။
ႀကီးမားလွေသာ လက္ေမာင္းအိုးႀကီးနွင့္
လွပေသာ ကိုယ္ထည္။
ကိုထင္က ထိုသို႔ေသာ အေနအထားမ်ိဳးရွိတဲ့ ေယာက်ာ္းလား။
ပုဆိုးတစ္ထည္နဲ႔ ေရခ်ိဳးခန္းမွ ထြက္လာေသာ ကိုထင္ကိုယ္ေပၚမွာ ေရသုတ္ၿပီး ဖယ္ခြာသြားေသာ တဘတ္ေၾကာင့္ ရင္ဘတ္ေနရာတေလ်ွာက္က အထင္းသား။
ႂကြက္သားတုတ္တုတ္ေပၚမွာထိုးထားေသာ အစိမ္းေရာင္မ်က္ဆံရွိေသာ
က်ားႀကီး ။ ဟိန္းေဟာက္ေနတဲ့ ပံုပန္းက အသက္ဝင္စြာ လက္ေမာင္းတစ္ေယာက္ႂကြတက္လုမတက္။
လွလိုက္တာ။
ကိုထင္အရမ္းေယာက်ာ္းပီသတာပဲ။
" အင္း မင္းမႀကိဳက္ဘူးလား "
ေရႊဘံု ခပ္ျမန္ျမန္ေခါင္းရမ္းျပလိုက္သည္။
ဘာလို႔မႀကိဳက္ရမွာလဲ။
တကယ္လွတဲ့ အႏုပညာပဲ။
ေရႊဘံု အမ်ားႀကီးႀကိဳက္တယ္။
ေရးညိဳ႕ထင္ ၿပံဳးကာ ဘီရုိထဲက
တီရွပ္တစ္ထည္ေကာက္စြပ္လိုက္သည္။
ထို႔ေနာက္ ခုထိ ေငးေနေသးေသာ ေကာင္ကေလးေဘးသြားၿပီး ဆံပင္ေတြ ဆြဲဖြ၍ စေနာက္လိုက္ရင္း
" ကိုယ္နဲ႔ အတူရွိေနရင္ မ်က္မွန္ခြၽတ္ထားပါလား။ အၿမဲ မ်က္မွန္တက္ထားရေတာ့ မင္းမ်က္ရုိးေလးနားမွာ အရာေလးေတာင္ထင္ေနၿပီ "
ကိုယ့္မ်က္မွန္ကို ကိုယ္ျပန္စမ္းကာ ေရႊဘံု နား႐ြက္ေလးနီသြား၏။
ခုထိ စူးစိုက္ၾကည့္ေနဆဲ ကိုထင္က
ခဏၾကာေတာ့ ေရႊဘံု မ်က္မွန္ေလးကို သူကိုယ္တိုင္ပဲ စိတ္မရွည္စြာ ဆြဲခြၽတ္သြားသည္။
" ပင္ပန္းေနၿပီ ကိုယ္တို႔ အိပ္ရေအာင္ "
လက္ဆတ္ေသာ ဆပ္ျပာနံ႔က သင္းပ်ံ့၍ ေနသည္။
ကိုထင္ေဘးမွာဝင္လွဲရင္း မပီျပင္ေတာ့တဲ့ အျမင္လႊာကို ေမွးမွိတ္လိုက္၏။
ေစာင္တစ္ထည္ထဲမွာ နွစ္ေယာက္အတူၿခံဳရတဲ့ ခံစားခ်က္က ထူးဆန္းစြာ သက္ေသာင့္သက္သာျဖစ္ေနသည္။
ကိုထင္သည္ ပထမေန႔ကလိုပင္ ေဘးမွာ ၿငိမ္သက္ၿပီး ခပ္ေျဖးေျဖး အသက္ရူ
လွဲေလ်ာင္းေနဆဲပင္။
ေအးေပမဲ့ေႏြးေနသည္။
ေဆာင္းညသည္ ကိုထင္ေၾကာင့္ မေအးေတာ့ေပ။
ေႏြးေထြးသည္ ၊ လံုၿခံဳသည္။
ၿပီးေတာ့ ေရႊဘံု အမ်ိဳးသား ကိုထင္ရွိသည္။
ခ်စ္တဲ့အိမ္စည္။
" ကောင်ကလေး ကိုယ် မင်္ဂလာခေါင်းပေါင်းရောတပ်ဖို့လိုသေးလား "
မှန်ရှေ့မှာ ကိုထင် တစ်ယောက် ခေါင်းပေါင်းကြီးကို ဟိုဖက်၊သည်ဖက်ပြောင်းဆောင်းပြီး အလုပ်ရှုပ်နေ၏။
ဝတ်ဖို့ ကုတင်ပေါ်မှာချထားတဲ့ အဖြူ ရောင်တိုက်ပုံကိုကြည့်ရင်း ကိုထင်အစား အတော်လေးနေရခက်လှပြီ။
ခေါင်းပေါင်းကြီးဖြင့် မသိရင် ဘိတ်သိတ်ဆရာ လုပ်ဖို့အလှူ သွားတယ်လို့ထင်ကြတော့မှာပဲ။
ရွှေဘုံသက်မောချရင်း ကိုထင်အား
လေးလေးပင်ပင်ပြောမိသည်။
"မာမီစကားကြောင့်ဆိုရင်တော့ မဆောင်းပါနဲ့လား၊ အဲ့လောက်ထိ ကိုထင် လုပ်ပေးဖို့ မလိုပါဘူးလေ။ "
"ကိုယ်ရွဲ့တာ မဟုတ်ဘူးဆိုတာတော့သေချာပါတယ်ကွာ ။
သူပြောတာမင်းလည်းကြားတာပဲ၊ မင်္ဂလာရှိဖို့ပဲ လိုတယ်တဲ့ ၊ နောက်ပြီး သူများပြောလို့လုပ်ပေးရတာထက် ကိုယ်လည်း မင်းကို မင်္ဂလာရှိစေချင်တယ်လေ "
ရွှေဘုံ နှလုံးသားသည် ပျားရည်အိုင်ထဲနစ်ဝင်သွားသလို ချိုမြ၍ သွားလေသည်။
ကိုထင်သည် သူဘာပြောလိုက်မှန်းသတိတောင်ထားမိပုံမပေါ်ကာ မှန်ကိုကြည့်ကာ ခေါင်းပေါင်းဖြင့် အလုပ်ရှုပ်လျက်ရှိနေသည်။
အတော်ကြာမှ မှန်ထဲကနေ အနောက်နားမှာ ရပ်နေတဲ့ရွှေဘုံထံလှမ်းကြည်လာပြီး
"စကားမဆက် ကိုယ့်ပုံစံက ရယ်စရာကောင်းနေလား ကောင်းကလေး။ လူကြီးအပ်သွားရုံပဲဟာ ၊ အရမ်းအိုဗာတင်းနေသလိုများဖြစ်နေလားဟင်။ ဒီရမောင်နဲ့ ကောင်ကလေးသူငယ်ချင်းတွေ ကိုယ့်ကိုကြည့်ပြီး ရယ်တော့မရယ်လောက်ပါဘူးနော်"
"ခေါင်းပေါင်းကြီးဆောင်းသွားရင်တော့ရယ်ကြမယ်ထင်တယ်။ ပြီးတော့ ကန်တော့ပွဲတွေရော "
အိမ်ရှေ့မှာ အဆင်သင့်စောင့်နေသော အမျိုးတစ်အုပ်နှင့်ကန်တော့ပွဲကြောင့်ရေးညို့ထင် တွေးတွေးဆဆဖြစ်သွားသည်။
ဘာလို့များ ဒေါ်လေးလာပေးတဲ့ ဒီခေါင်းပေါင်းကြီးကို သူယူထားမိတာပါလိမ့်။
အချိန်ကြာကြာ သူဆက်ပြီး မတွေးနိုင်တော့သည်မို့ လက်ထဲကနေ ဘေးကမှန်တင်ခုံပေါ်ပြောင်းတင်လိုက်သည်။
ထို့နောက် ကုတင်ပေါ်က တိုက်ပုံ အဖြူ ကိုယူ၍ လက်လျိုကာ ဝတ်လိုက်ပြီး ကြယ်သီးတပ်ဖို့ ကြိုးစားလိုက်လျှင် လက်ပြင်ဆီမှ တဆစ်ဆစ် နာသွားသည်မို့ ခုထိ ဘေးမှ ငြိမ်ငြိမ်လေးရပ်နေသေးသော ရွှေဘုံအား
မတင်မကျလေသံဖြင့်ပြောလိုက်သည်။
" ကိုယ့်ကြယ်သီးလေး မင်းတပ်ပေးလို့အဆင်ပြေမလား ၊ ကိုယ့်လက်ပြင်ကြော ညပ်နေလို့ တပ်ဖို့အဆင်မပြေဘူးဖြစ်နေတယ်"
ရွှေဘုံ ကိုထင်နားအလျှင်အမြန်သွားကာ
တိုက်ပုံအနားစတွေကိုကိုင်ပြီး ကူညီဖို့ကြိုးစားလိုက်သည်။
" အရမ်းနာနေရင် ဆေးခန်းအရင်ဝင်မလား "
"ဘာမှမဖြစ်ပါဘူး။ ကိုယ်က ခဏတိုင်းဖြစ်နေကျပါ။ ဟိုနေ့က မင်းကို ချီပြီး ဒီထိတောင်တက်လာသေးတာပဲ ၊ စိတ်ပူစရာမရှိပါဘူး "
ရွှေဘုံ ဆက်ပြောတော့ပေ။
တိတ်တဆိတ် တိုက်ပုံအသီးတွေတပ်ပေးရင်း ကိုထင်အား အားနာပြီးရင်းအားနာနေရသည်။
" ရွှေဘုံမင်းစံ "
ရွှေဘုံ မော့ကြည့်သည်။
ကိုထင်က အကြောင်းရင်းမရှိပဲ ခေါ်ကြည့်သည့်ပုံစံရှိကာ သူ့မျက်နှာထက်မှာ မည်သည့် ပုံရိပ်ယောင်မှ ယှက်သန်းမနေပဲတည်ကြည်၍နေသည်။
ထို့နောက်ထပ်ပြောသည်။
" မင်းနာမည်ရွှေဘုံမင်းစံ ဆိုတာ အဖေနာမည်နဲ့ တွဲခေါ်မှန်း ကိုယ်သတ်ိထားမိဘူး။ "
"အင်း ဒယ်ဒီနာမည်က ဦးမင်းစံညွှန်း ။
မာမီနာမည်က ဒေါ်ဟန်နီဦး လေ။ မာမီနဲ့ဒ
်ယ်ဒီဆိုရင် ဒယ်ဒီကကျွန်တော်ကို ပိုပြီးချစ်တယ် "
တိုက်ပုံအသီးတွေသည် တပ်ရခက်သည်။
အင်္ကျီအသစ်မို့ ကြယ်သီးပေါက်က
ကျဉ်းနေသလို အစဖြင့်သေချာပြုလုပ်ထားသော ကြိုးထုပ်သီးလုံးလေးတွေကလည်း အပေါက်ထဲဝင်ဖို့ မနည်းအားစိုက်ဖိသွင်းနေရသည်။
ရွှေဘုံ အကုန်တပ်ပြီးသည့်အချိန်ထိ
ကိုထင်သည် ရွှေဘုံအား ခန့်မှန်းမရသော အရိပ်သဏ္ဍာန်များဖြင့် ငုံ့ကြည့်နေတာကိုတွေ့ရသည်။
" ဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ဘူး "
အပိုလိုမရှိထွက်ကျလာတဲ့စကားစုလေးမှာ
ထိန်ချန်ထားတာတွေရှိနေတယ်ဆိုတာ
ရွှေဘုံသိ၏။ ကိုထင်နဲ့ အတူရှိတဲ့နာရီ လက်တံလေးတွေသည် အပတ်ရေများများ
မလည်ပတ်သေးပေမဲ့ ရွှေဘုံ တော်တော်များများနားလည်သိရှိနေပြီဖြစ်၏။
ကိုထင်က သဘောကောင်းပြီး အနေကြည်တဲ့ယောကျာ်းတစ်ယောက်ဖြစ်လင့်ကစား တခါတလေ ရွှေဘုံ အလှမ်းမမှီနိုင်တဲ့နေရာမှာရှိနေသလိုလည်း ခံစားတက်သေးသည်။
" မနက်က ဘယ်တွေသွားနေတာလဲ "
" ညမှအေးဆေးပြောကြတာပေါ့။
ကိုယ်တို့သွားဖို့အချိန်နီးနေပြီ "
ရေးညို့ထင် လက်မှနာရီကိုကြည့်၍ ပြောသည်။ ထို့နောက်သူ့ရှေ့မှာ မျက်နှာချင်းဆိုင် ရပ်နေဆဲဖြစ်တဲ့ ကောင်ကလေး၏
တိုက်ပုံအင်္ကျီကို သေချာ ဆွဲဆန့် ပြုပြင်ပေးပြီး လက်တစ်ဖက်ကိုဆွဲယူလိုက်သည်။
ယှက်ဖြာထားသော လက်ချောင်းတွေကြောင့်ရွှေဘုံ လက်ဖဝါးမှာ ကိုထင်အနွေးဓာတ်ကိုရနေ၏။ မျက်နှာလည်း အတော်လေး ပူသွားသည်။
အိမ်ရှေ့ဧည့်ခန်းသေးသေးမှာ
ပုသိမ်က အဒေါ်လင်မယားအပြင်
အမျိုးထဲမှ သြဇာရှိသော ကြီးဒေါ် တစ်ယောက်နှင့် ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ဒီရမောင်။ ရန်ကုန်မှာ အခြေကျနေသော အမျိုးမကင်းတဲ့ အဒေါ်တချို့ ။ ပြီးတော့ လိမ်းခြယ်ပြီးစီးပြီးရွှေဘုံ အဖော်ရအောင် သက်သက်လာစောင့်ပေးသော ကေသီ။
အားလုံးပေါင်း ဆယ်ယောက်ထက်မနည်း။ အကုန်လုံးရှေ့ထိ ကိုထင်က ရွှေဘုံလက်အားလုံဝမလွှတ်ခဲ့ပေ။
" ကားအဆင်သင့်ဖြစ်ပြီ ၊ သွားကြရအောင်"
"ကန်တော့ပွဲ ရွက်မဲ့သူရှေ့ကသွား "
တခဏအတွင်း ဆူဆူညံညံဖြစ်သွားသည်မို့ ရွှေဘုံ ကိုထင်နောက်နားကို ကိုယ်ကိုရို့ ပြီး ဖယ်ပေးလိုက်သည်။
"ဘာဖြစ်တာလဲ "
ရေးညို့ထင် သူ့ပုခုံးဘေးမှာ ကြုံ့ ကြုံ့ လေးတိုးရပ်နေတဲ့ ကောင်ကလေးရှေ့ကို မျက်နှာငုံ့ မေးလိုက်သည်။
ကောင်ကလေးက သူ့အမျိုးအုပ်ကိုများကြောက်နေသလား။
သူ့လက်ကိုလည်း တင်းတင်းဆုပ်ကိုင်ထားပြီး မျက်နှာလေးလည်းငယ်နေသည်မှာ သနားစရာကောင်းသော်ငြား ရေးညို့ထင်ကတော့ ရယ်ပဲရယ်ချင်သွားမိသည်။
မနေ့က ရေးညို့ထင်ကို အဒေါ်ဆူပူတာမြင်သွားပြီးကတည်းက ကောင်ကလေး
အနေကြပ်သွားရှာသည်။ အဒေါ်လာပြီဆိုတာနှင့်အိပ်ခန်းထဲကပင်မထွက်တော့သည်ကို သတိထားမိသည်မို့ ဆုပ်ကိုင်ထားဆဲလက်ကလေးကို အနည်းငယ် ရမ်းခါလိုက်ပြီး
" မကြောက်နဲ့။ အဒေါ်က အပြောဆိုးပေမဲ့စိတ်ရင်းကောင်းပါတယ်။ ပြီးတော့
မင်းကို စိတ်ရှုပ်အောင် နောက်ထပ် ထပ်လုပ်မှာမဟုတ်ဘူး "
ကောင်ကလေး ခေါင်းညိမ့်ပြပေမဲ့ သူ့စိတ်ထဲ နေလို့မကောင်းသေးဘူးဆိုတာ ရေးညို့ထင်သိသည်။
ထို့ကြောင့် နဂိုစီစဉ်ထားတဲ့ အဒေါ်တို့နဲ့ကားအတူစီးဖို့အစီအစဉ်ကို ဘယ်သူမှမသိအောင် ဖယ်ရှား၍
ကေသီနဲ့ အတူသွားဖို့ ချက်ချင်းပြောင်းလဲလိုက်သည်။
" ကေသီ အကိုတို့ အတူလိုက်လို့ရမလား "
ကေသီဝမ်းပန်းတသာပဲ ကိုထင်အားသော့ပေးလိုက်သည်။
ကိုထင်သည် တည်ငြိမ်စွာ ကားမောင်းသူနေရာကိုမထိုင်ခင် ကောင်ကလေးထိုင်ဖို့ ဘေးခုံတံခါးကိုဖွင့်ပေးလိုက်၏။
" နောက်ခန်းမသွားနဲ့ ကောင်ကလေး။ ကိုယ့်ဘေးမှာထိုင် "
ကေသီ သူ့အား ဘယ်ထိုင်ဖို့ အသိပေးနေမှန်းသိတော့ နှုတ်ခမ်းဆူကာ နောက်ခန်းမှာသွားထိုင်သည်။ ဒီလိုမှန်းသိရင် ကြည်နူးမနဲ့အတူ အန်တီဟန်နီတို့အိမ်မှာ အတူစောင့်နေပါတယ်ဟူသော နောင်တတရားက ကေသီရင်ကို ပါးပါးပုတ်နေသလို ။
ရေးညိုထင် ပြုံး၍ ရွှေဘုံ ကို ကားရှေ့ခန်းမှာဝင်ထိုင်စေပြီး တိုးတိုးလေး ရွှေဘုံကြားအောင် ပြောလိုက်သည်။
" ကိုယ်လမ်းမသိလို့ ပါ "
ကားသုံးစီးသည် ရှေ့ဆင့်နောက်ဆင့်ရွှေဘုံတိူ့အိမ်ရှိရာကိုသွားကြသည်။
အိမ်ရှိရာ လမ်းကိုသေချာညွှန်ပြပေးနေတဲ့
ကောင်ကလေးကို ရေးညို့ထင် မသိမသာ ငေးမောကြည့်ရင်း တိတ်တဆိတ်သက်ပြင်းချမိသည်။
မနက်က ကောင်ကလေး အဖေနဲ့တွေ့ဆုံခဲ့တဲ့အကြောင်းတွေကို မည်သူကိုမှမသိစေချင်ပေ။
ဖခင် တစ်ယောက်အနေနဲ့ ဒီအခြေနေကို လက်ခံဖို့ စောလွန်းမယ်ဆိုတာ သိပေမဲ့
သူ့အနေနဲ့လည်း ဘယ်လိုဖြေရှင်းချက်ကိုမှပေးဖို့မတက်ခဲ့ချေ။
ရွှေဘုံမင်းစံ ။
ဒီကောင်လေးက လွန်ခဲ့တဲ့ ၆နှစ်က ....
" ကိုထင် ..ဟိုရှေ့က ထောင့်ဆုံးခြံ "
သူ့အတွေးစတွေကို ဖြတ်သိမ်းပေးလိုက်တဲ့ ကောင်ကလေး အသံလေးကြောင့်
မျက်နှာပေါ်က ပူပင်မူ့တွေကို အတက်နိုင်ဆုံးဖုံးဖိလိုက်ရတော့သည်။
"အင်း...ကိုယ်သိပြီ "
အဖြူ ရောင်သံပန်းတွေကို ရွှေရောင်နွယ်ကြိုးတွေရစ်ပတ်နေသဏ္ဍာန်ရှိသော ခြံတံခါးကြီးရှေ့ ကားရပ်ရင်း ရေးညို့ထင်
ရွှေဘုံမသိအောင် သက်ပြင်းခိုးချရသည်။
ဘယ်အတိုင်းအတာထိချမ်းသာသလဲဆိုတာ မေးစရာမလိုတော့တဲ့အခြေနေပင်။
ခြံတံခါးရှေ့မှာရပ်ပြီး ရွှေစံအိမ်ကြီးဆီကို
ငေးမောကြည့်မိလျှင် အတိုင်းဆမရှိ ပူလောင်လာရပြန်သည်။
သူနဲ့နေနိုင်ပါ့မလား။
ဒီအတွေးက ခေါင်းကိုက်သည်ထိ
ရေးညို့ထင်အား နှိပ်စက်နေပါသည်။
ကားစုတ်လေးကိုစီးသော ကောင်ကလေး၊
ခပ်ဖျော့ဖျော့ အပြုံးလေးနဲ့ ဟိတ်ဟန်မရှိသော ကောင်ကလေး။
ဒီကောင်လေးက ဦးမင်းစံရဲ့ တစ်ဦးတည်းသော ရင်နှစ်သည်းချာတဲ့လား။
"ဝင် ကြပါ ။ ဝင်ကြပါ "
ဒေါ်ဟန်နီဦးသည် ရွှေရောင်ပန်းပွင့်ခြယ်ထားသော ခဲဖျော့ရောင် ပိုးဝမ်းဆက်ကိုဝတ်လျက် အိမ်ပေါက်ဝထိ ဆီးကြို နှုတ်ဆက်သည်။ အနောက်ပါးမှာ မသိမသာရပ်နေသော ဦးမင်းစံသည် မနက်ကမှ သူနဲ့မတွေ့ဖူးထားသလို ခပ်ပါးပါးအပြုံးတင်၍
မတ်တပ်ရပ် ဧည့်ခံစကားပြောနေသည်ကိုကြည့်၍ ရေးညို့ထင်လည်း ဝန်ထုတ်ဝန်ပိုးဖြစ်နေတဲ့ သူ့ စိတ်ကို လျော့ချမိ၏။
ကျယ်ဝန်းလှသော ဧည့်ခန်း။
ပြင်ဆင်ထားသော ခန်းနားမူ့များ ။
ဖိတ်ဖိတ်လက်နေသော အခြေနေကြောင့် ပါလာတဲ့ဧည့်သည်များအပါအဝင် ရေးညို့ထင်၏ အဒေါ်ပါ ငြိမ်သက်သွားကြမတက်။
အရှိန်အဝါဆိုတာ ဒါမျိုးလား။
လူတစ်ယောက်ကို နှုတ်လှန်ထိုးစရာမလို
၊ အကြည့်တစ်ချက်ပေးစရာမလိုပဲ အနိုင်ယူတဲ့နည်း။
ကောင်ကလေးမိဘတွေက မည်သည့်ရည်ရွယ်ချက်မျှမရှိပေမဲ့ ရေးညို့ထင်အသိုင်းအဝိုင်းကတော့ ဒီလောက်ထိချမ်းသာမယ်လို့ မမျှော်လင့်ထားဘူးဆိုတာ သိသာနေစွာ တအံတသြဖြစ်နေကြသည်။
" ဒါ ရှေ့နေ ဦးသူရနိုင်ပါ ။ လက်မှတ်ရေးထိုးဖို့ အသိသက်သေအနေနဲ့ ကျွန်မတို့ဖက်ကလည်း ရပ်မိရပ်ဖ တစ်ချို့ ကိုဖိတ်ထားပါတယ်။ ဒီဖက်ကတော့ ကျွန်မအမျိုးသား ဦးမင်းစံ၊ သူလည်း
မနေ့ညကမှ သားသတင်းကြားလို့ စင်္ကာပူကနေ ချက်ခြင်းပြန်လာရတာ။ "
မြန်မာ့ရိုးရာ ကန်တော့ပွဲနဲ့ မိသားဖသားပီပီ ပြန်အပ်တာမို့ ဒေါ်ဟန်နီဦးကကျေနပ်သွားတာတော့အမှန်ပင်။ စီးပွားရေးလုပ်ငန်းရှင်ပီပီ ဦးမင်းစံက ဧည့်ခံစကားပြောကောင်းသူဖြစ်ကြောင်း ငြင်းစရာမလိုအောင်ပင် တခဏအတွင်း စကားဝိုင်းကိုထိန်းသွား၏။
" ကျွန်တော်အနေနဲ့သားပျော်ဖို့က အရေးကြီးဆုံးပါ။ "
ရွှေဘုံ ဒယ်ဒီကိုမကြည့်ရဲစွာ သူ့ခေါင်းလေးအားငုံ့ထားလိုက်၏။
ထိုစဉ် ခပ်ဖွဖွကိုင်လာသော လက်ချောင်းတွေသည် ကျွမ်းကျင်စွာ ရွှေဘုံလက်လေးကို ဆွဲယူ၍ နွေးထွေးစေသည်။
ချက်ခြင်း တကိုယ်လုံးကို စောင်ထူထူဖြင့် ရစ်ပတ်ခံလိုက်ရသော ခံစားချက်က တကိုယ်လုံး ဖြန့်ကျက်သွားသယောင်။
ထူးဆန်းသည်။
ကိုထင်သည် ဘာလို့ ကိုခန့်နဲ့လုံးလုံးမတူညီရတာလဲ။
" ရွှေဘုံ ..သား လက်ထက်လိုက်ရင် သေချာပေါက် ပျော်မှာလား "
ဦးမင်းစံ တလှိုက်လှိုက်တက်လာသောခံစားချက်ကို ထိန်း၍ သားအား ကြင်နာစွာမေးလိုက်မိသည်။
သူ့သားလေး ရွှေဘုံ ။ ဒီကလေးကို သူတို့လင်မယား ပိုးလိုဥခဲ့ရတာ။
ငယ်စဉ်ကတည်းက မျက်နှာတချက်မညှိုးအောင်၊ စိတ်မဆင်းရဲခဲ့ရအောင်
ချော့မြူ ထွေးပွေ့ ခဲ့ရတဲ့အချိန်တွေသည် ဘာမှတောင် မကြာလိုက်သလိုပဲ။
ခရီးရောက်မဆိုက် သားမရှိတဲ့ အိမ်ထဲ
ဒီကောင်လေး ဒီလိုလုပ်ရပ်မျိုး မလုပ်လောက်ပါဘူးဆိုတဲ့ မျှော်လင့်ချက် သေးသေးလေးကို ဖမ်းဆုပ်ရင်း ဝင်ခဲ့ရတဲ့ အဖြစ်အပျက်။ ဖြစ်နိုင်ရင် သူပြန်မတွေးချင်ခဲ့ဘူး။
လှမ်းမြင်နေရတဲ့ သားက သူနဲ့ အလှမ်းဝေးကွာသွားသလိုပင်။
သူစိမ်းတစ်ယောက်အရိပ်မှာ သားလုံခြုံအောင် ခိုနားနိုင်ပါ့မလားတွေးရင်း
" သားရယ် ရည်းစားပဲ ထားပါလား ၊ အိမ်ထောင်မပြုပါနဲ့လား"ဟု တားမြစ်လိုက်ချင်သည်။
မျှော်လင့်ထားပြီးသား သားဆီက
"ဟုတ်ကဲ့ " ဆိုတဲ့ စကားကို သူနည်းနည်းမှ မကြားချင်ခဲ့ဘူး။
တိုက်ပုံအဖြူ လေးနဲ့ သေသေသပ်သပ်လေးဝတ်ထားတဲ့ကလေးက
အသက်၂၂ပဲရှိသေးတာကို အိမ်ထောင်ပြုဖို့ ဘယ်လိုများ တွေးလိုက်တာလဲဟုဆူချင်မိသည်။
မိဘပဲ သားသမီးဆီက " ပျော်မှာပါ" ဆိုတော့လည်း ဘာတက်နိုင်မှာလဲ။
ဦးမင်းစံ ခေါင်းတဆတ်ညိမ့်ပြရင်း
မချိတင်ကဲ ပြုံးပြမိသည်။
" သားပျော်တယ်ဆိုရင်လည်း ဒယ်ဒီ မတားတော့ပါဘူး။
ရေးညို့ထင် အနေနဲ့လည်း ကိုယ်တာဝန်ယူလိုက်တဲ့ ကိစ္စကို အဆုံးထိ
ကတိသစ္စာရှိဖို့ အန်ကယ်မျှော်လင့်ချင်တယ်။ အန်ကယ်တို့ ဒီကိစ္စကို အလွယ်တကူ ခွင့်ပြု ခဲ့တာမဟုတ်ဘူးဆိုတာ
မင်းခေါင်းထဲမှာ အမြဲ ထည့်ထားပါ။
နောက်ပိုင်း မင်းဖက်က ငါ့သားကို
သစ္စာမရှိပဲ စွန့်ပစ်ဖို့ကြိုးစားမယ် ဆိုရင် မင်းဘဝအတွက် အန်ကယ်အာမခံဘူး "
ဦးမင်းစံအေးစက်စွာ ရေးညို့ထင်ကို တည့်တည့်ကြည့်ပြီးပြောလိုက်သည်။
"ဒယ်ဒီ "
ပေါ်တင်ခြိမ်းခြောက်လိုက်တဲ့ စကားအတွက် အကုန်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြပေမဲ့ ဦးမင်းစံညွှန်း၏ ဂုဏ်သိက္ခာကြောင့် တစ်ယောက်မှ ဝင်ရောက်ပြောဆိုခြင်းမရှိကြပေ။
ရေးညို့ထင် သူ့လက်ထဲကိုင်ထားသာ ရွှေဘုံလက်ကလးကို လက်မလေးဖြင့်အသာဖိလိုက်ပြီး လေးလေးနက်နက်ပင် ဦးမင်းစံအား ပြောလိုက်သည်။
" ဦးလေးစိတ်မပျက်စေရပါဘူး ။
တာဝန်ယူမူ့ ၊ တာဝန်ခံမူ့ အပြင် ယောကျာ်းတစ်ယောက်ရဲ့ ကျင့်ဝတ်ကိုလည်းကျွန်တော်ကောင်းကောင်းသိပါတယ်။ "
ဦးမင်းစံ ရေးညို့ထင်အားစေ့စေ့ကြည့်ပြီး
သူ့အကြည့်တွေကို ရှေ့နေဆီပို့လိုက်သည်။
" ပြင်ဆင်ထားတဲ့ လက်ထက်စာချုပ် ကို
ကလေးတွေကို ပေးလိုက်ပါ "
"ဟုတ်ကဲ့"
ကတိခံဝန်ချက်နဲ့ စာချုပ်ပါ အကြောင်းအရာများကို ရှေ့နေက ရှင်းပြပြီး
ဆုံးမ စကားများကို အတော်ကြာပြောဆိုခဲ့သည်။
အပြာရောင် လက်ထက်စာချုပ်လှလှလေးသည် မျက်စိရှေ့မှာအခန့်သား။
ဘောပင်ကိုင်ထားတဲ့ ရွှေဘုံလက်ကလေးသည် တုန်ရီနေသည်။
ကိုယ်ချစ်ရတဲ့ ချစ်သူမဟုတ်ပဲ ၃ရက်အတွင်း အကြောင်းအရင်းများစွာဖြစ်ပျက်ပြီး
မရင်းနှီးတဲ့သူဖြင့် လက်ထက်ရမယ်လို့ရွှေဘုံ အိမ်မက်တောင်မ မက်ဘူးခဲ့ပေ။
" စာချုပ်မှာ ရဲရဲသာ ထိုးလိုက်ပါ ၊ ကိုယ်မင်းကို နာကျင်အောင် လုပ်မဲ့သူမဟုတ်ပါဘူး"
နားစည်မှာ ဖြတ်သန်းသွားသော ညင်သာတဲ့ လေလှိုင်းလေး။
နာကျင်မူ့ ။
နာကျင်မူ့ဆိုတာ ဘယ်အတိုင်အတာထိသက်ရောက်လဲ။
ခလုတ်မထိ ဆူးမငြိ အောင်ထားမယ်ပြောတာလား။
ရွှေဘုံ နှလုံးသားလေးကို အနာအဆာကင်းအောင် ကာကွယ်ပေးမယ်ပြောချင်တာလား။
ရွှေဘုံ ရေရေရာရာမသိပါ။
အဆုံးသတ်မှာ လက်မှတ်လှလှကနေရာယူသွားပြီးဖြစ်သည်။
အပြန်အလှန် လဲထိုးခဲ့သော လက်မှတ်တွေ အသိသက်သေနေရာမှာ ဒယ်ဒီ၊မာမီ လက်မှတ်တွေ။
ဒီစာချုပ် တစ်ခုထဲနဲ့ ရွှေဘုံ ဘဝကို
ကန့်သတ်ပစ်လိုက်ပြီဖြစ်သည်။
ရွှေဘုံ တိုးဝင်လိုက်တဲ့နေရာစိမ်းဟာ
ကောင်းကင်နဲ့တူသော နေရာလား၊
ငရဲနဲ့တူသော နေရာလား
ရွှေဘုံ မစူးစမ်းချင်တော့ပါ။
သို့သော် ရွှေဘုံ အနည်းငယ်တော့ကြောက်ရွံ့နေပါသည်။
ပထမဦးဆုံး အိမ်ထောင်သည်ဘဝကျရောက်ခြင်းကို လုံးဝရွှေဘုံ အသားမကျသေးပါ။
ကိုထင်က ပြောဖူးသည်။
သူ့ကိုယုံကြည်ဖို့ပဲ လိုတယ်တဲ့။
ချစ်သူမဟုတ်ပဲ ဖြေရှင်းလို့ရတဲ့ အကြာင်းအရာတစ်ခုကို လက်ထက်ဖို့ထိ ကိုထင်ကရော ဘာလို့ရွေးချယ်လိုက်လဲ ဆိုတာ
ရွှေဘုံ စဉ်းစား၍ မရခဲ့။
"ကောင်ကလေး ကိုယ့်ကို ယုံပါ "
လက်သူကြွယ်သည် အေးခနဲ။
ရွှေဘုံ ငုံ့ကြည့်တော့ အပြာရင့်ရင့်
ကျောက်ကလေးနဲ့ ရွှေကြိုးပါးပါးလက်စွပ်ကလေးက အခန့်သား။
___________
" Tattoo တွေ "
ရွှေဘုံ မျက်မှန်လေးပင့်ကာ သေချာကြည့်မိသည်။
အတည်ပဲ Tattoo တွေပဲ။
ကြီးမားလှသော လက်မောင်းအိုးကြီးနှင့်
လှပသော ကိုယ်ထည်။
ကိုထင်က ထိုသို့သော အနေအထားမျိုးရှိတဲ့ ယောကျာ်းလား။
ပုဆိုးတစ်ထည်နဲ့ ရေချိုးခန်းမှ ထွက်လာသော ကိုထင်ကိုယ်ပေါ်မှာ ရေသုတ်ပြီး ဖယ်ခွာသွားသော တဘတ်ကြောင့် ရင်ဘတ်နေရာတလျှောက်က အထင်းသား။
ကြွက်သားတုတ်တုတ်ပေါ်မှာထိုးထားသော အစိမ္းရောင်မျက်ဆံရှိသော
ကျားကြီး ။ ဟိန်းဟောက်နေတဲ့ ပုံပန်းက အသက်ဝင်စွာ လက်မောင်းတစ်ယောက်ကြွတက်လုမတက်။
လှလိုက်တာ။
ကိုထင်အရမ်းယောကျာ်းပီသတာပဲ။
" အင်း မင်းမကြိုက်ဘူးလား "
ရွှေဘုံ ခပ်မြန်မြန်ခေါင်းရမ်းပြလိုက်သည်။
ဘာလို့မကြိုက်ရမှာလဲ။
တကယ်လှတဲ့ အနုပညာပဲ။
ရွှေဘုံ အများကြီးကြိုက်တယ်။
ရေးညို့ထင် ပြုံးကာ ဘီရိုထဲက
တီရှပ်တစ်ထည်ကောက်စွပ်လိုက်သည်။
ထို့နောက် ခုထိ ငေးနေသေးသော ကောင်ကလေးဘေးသွားပြီး ဆံပင်တွေ ဆွဲဖွ၍ စနောက်လိုက်ရင်း
" ကိုယ်နဲ့ အတူရှိနေရင် မျက်မှန်ချွတ်ထားပါလား။ အမြဲ မျက်မှန်တက်ထားရတော့ မင်းမျက်ရိုးလေးနားမှာ အရာလေးတောင်ထင်နေပြီ "
ကိုယ့်မျက်မှန်ကို ကိုယ်ပြန်စမ်းကာ ရွှေဘုံ နားရွက်လေးနီသွား၏။
ခုထိ စူးစိုက်ကြည့်နေဆဲ ကိုထင်က
ခဏကြာတော့ ရွှေဘုံ မျက်မှန်လေးကို သူကိုယ်တိုင်ပဲ စိတ်မရှည်စွာ ဆွဲချွတ်သွားသည်။
" ပင်ပန်းနေပြီ ကိုယ်တို့ အိပ်ရအောင် "
လက်ဆတ်သော ဆပ်ပြာနံ့က သင်းပျံ့၍ နေသည်။
ကိုထင်ဘေးမှာဝင်လှဲရင်း မပီပြင်တော့တဲ့ အမြင်လွှာကို မှေးမှိတ်လိုက်၏။
စောင်တစ်ထည်ထဲမှာ နှစ်ယောက်အတူခြုံရတဲ့ ခံစားချက်က ထူးဆန်းစွာ သက်သောင့်သက်သာဖြစ်နေသည်။
ကိုထင်သည် ပထမနေ့ကလိုပင် ဘေးမှာ ငြိမ်သက်ပြီး ခပ်ဖြေးဖြေး အသက်ရူ
လှဲလျောင်းနေဆဲပင်။
အေးပေမဲ့နွေးနေသည်။
ဆောင်းညသည် ကိုထင်ကြောင့် မအေးတော့ပေ။
နွေးထွေးသည် ၊ လုံခြုံသည်။
ပြီးတော့ ရွှေဘုံ အမျိုးသား ကိုထင်ရှိသည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz