တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
12
လက္ထပ္ျခင္း။
လူနွစ္ေယာက္ေပါင္းစီးဖို႔ က ခ်စ္ခင္နွစ္သက္္မူ႔က အေျခခံက်တယ္မို႔လား။
မနက္ဆို ေရႊဘံု လက္ထပ္ရေတာ့မည္။
သို႔တိုင္ ရည္႐ြယ္သူသည္ ကိုေရးညိဳ႕ထင္ ျဖစ္လိမ့္မည္ဟု တစ္ခါေတာင္ မေတြးမိခဲ့ဖူးဆိုရင္ ယံုမယ္မထင္။
ကံတရားအား အျပစ္ဆိုရေအာင္လည္း
ဒီေလာက္ကပ္သီးကပ္ဖဲ့ အေျခအေနကို
သူမို႔ဖန္တီးတက္ေလသည္မို႔ လက္ေျမာက္ရမလို။ မေရမရာ အေတြးတို႔ျဖင့္ အိပ္ယာေပၚမွာ ငုတ္တုတ္ထိုင္ရင္း
ခပ္ဖ်ဖ် မီးအိမ္ကို ၾကည့္ေနမိသည္။
ဒီညသည္ သူစိမ္းတစ္ေယာက္ (သို႔မဟုတ္)သူနဲ႔ အေၾကာင္းပါမည့္ ခင္ပြန္းသည္နွင့္ အတူအိပ္ရမည့္ည။
ေယာက်ာ္းေတြကို စိတ္ဝင္စားတဲ့ေရႊဘံုသည္ ေယာက်ာ္းတစ္ေယာက္နွင့္ တစ္ကုတင္တည္းအတူမထိုင္ဖူးဘူး ဆိုရင္ေရာ အံၾသၾကမည္လား။
သူဟာ သန္႔စင္မြန္ျမတ္ေသာ ပန္းကေလးသာ ျဖစ္ေနေသးသည္မွာမထူးဆန္းေပ။
ပထမဦးဆံုး ေပးအပ္မည့္ကိုယ္ခနၶာသည္
သူ႔အမ်ိဳးသားအတြက္သာျဖစ္ရမည္ဟူသည့္အတၱ ၊ ထိုအတၱေၾကာင့္ ကိုခန္႔ကိုပင္
ပါးမွလြဲ၍ နႈတ္ခမ္းထိေရာက္ေအာင္ပင္ အထိမခံျဖစ္ခဲ့ေပ။
" မအိပ္ေသးဘူးလား "
အေတြးႏြံမွာ နွစ္ေျမာေနသူသည္ ေရးညိဳ႕ထင္ အသံေၾကာင့္ ကိုယ္လံုးေလးေတာင္ တုန္ရီသြားသလို။ အားနာသြားသည္ေၾကာင့္ ..
" sorry လန္႔သြားတာလား "
"ရပါတယ္ ၊ အမွတ္တမဲ့မို႔ပါ "
အိပ္ယာစြန္းကို ဝင္ထို္င္လိုက္စဥ္
လြတ္ေနေသာ ေနရာက်ယ္ႀကီး ရွိေနတာတာင္မွ ေကာင္ကေလးက သူကိုယ္ေလးကို အနည္းငယ္ ေဘးရုိ႔ေပးလိုက္ေသးသည္။
ေရးညိဳ႕ထင္ သက္ျပင္းခ်လိုက္သည္။
ခ်က္ျခင္းႀကီးမို႔ ကိုယ္တိုင္လည္း အေနမက်ေသးပါ။ ေကာင္ကေလးလည္းထို႔အတူျဖစ္ေပလိမ့္မည္။
" မင္းကိုယ္နဲ႔ ေနနိုင္ပါ့မလား စိုးရိမ္တယ္။
ၿပီးေတာ့ ကိုယ္တို႔ နွစ္ေယာက္အေနအထား ။ "
ေရးညိဳ႕ထင္ ေရွ႕တည့္တည့္ကို မ်က္နွာမူထားရာမွ ေကာင္ကေလးဖက္ကို လွည့္
လိုက္ၿပီး
" မင္း တကယ္ပဲ ခိုးရာလိုက္ဖို႔ ႀကိဳးစားခဲ့တာလား ေကာင္ကေလး "
"မဟုတ္ဘူး ..ကြၽန္ေတာ္ အဲ့လိုလုပ္ခဲ့တာ မဟုတ္ဘူး..ဒီကိစၥက ကြၽန္ေတာ္ရွင္းျပရင္ ဘယ္သူမွ ယံုၾကည္မွာ မဟုတ္ဘူး ၊ ကြၽန္ေတာ္ တကယ္ေျပာတာ "
ေရႊဘံု ရွင္းျပဖို႔ ႀကိဳးစားမိေပမဲ့
ေရလည္ေအာင္ ေျပာဖို႔ မတက္နိုင္ခဲ့ေပ။
ကိုထင္ သူ႔ကို ဘယ္လိုေတြမ်ားေတြးေနခဲ့တာလဲ။ ညေနကထိ လက္ထပ္ဖို႔ လြယ္ကူေနခဲ့ေသးသည္။
ခု ေရႊဘံုကိုမ်ား ကိုထင္ ယူဖို႔ တုန္႔ဆိုင္းေနတာ ေရႊဘံုကို မယံုၾကည္ေတာ့လို႔လား။
ေတြးရင္း ဆက္ေျပာဖို႔ အသံက ထြက္မလာေတာ့ပဲ မ်က္ရည္ေတြသာ ပိုးတို႔ေပါက္ေတာက္က်လာရသည္။
ေရႊဘံု မငိုခ်င္ပါ။ ေရႊဘံုရဲ႕အားနည္းခ်က္ေတြကို ကိုထင္ေရွ႕မွာ ဘယ္လိုနည္းနဲ႔မွထုတ္မျပခ်င္ခဲ့တာပင္။
" ေဟာ .. ဘာလို႔ငိုရတာလဲ ။
ကိုယ္ မင္းကို ဆူေနတာမဟုတ္ပဲ "
ကိုထင္အသံက ဂရုဏာသံအျပည့္ဆိုေသာ္ျငား ေရႊဘံု ေခါင္းသာအတြင္တြင္ရမ္းျပၿပီး ဘာမွမျဖစ္ဘူးဆိုတဲ့အေၾကာင္း ျပသေနမိသည္။
" ဒီမွာၾကည့္ ..ေရႊဘံု ..ေကာင္ကေလး ကိုယ့္ကိုၾကည့္ "
ပုခံုးနွစ္ဖက္ကိုတင္းတင္းဆုပ္ၿပီး ေမာ့ၾကည္ေစသည္မို႔ ေရႊဘံုျငင္းဖို႔ မစြမ္းေဆာင္နိုင္ခဲ့ေပ။
ေယာက်ာ္းတစ္ေယာက္မို႔ ဘယ္ေလာက္ ေပ်ာ့ညံ့ပါေစအံုးေတာ့ ထုတ္ေဖာ္ျပသဖို႔ထိေတာ့ေရႊဘံု ရွက္ပါသည္။
ထို႔ေၾကာင့္ မငိုမိေအာင္အားတင္း၍
မ်က္နွာကိုေမာ့မိစဥ္ ေဝ့ဝါး စိုထိုင္းေနေသာ ရွင္းလင္းမူ႔မရွိေသာ အျမင္လႊာက
ဆီးႀကိဳကာ ေစာင့္သည္။
" ကြၽန္ေတာ္...ကြၽန္ေတာ္ ကို မလိုခ်င္ရင္ ဘူး ဆိုရင္လည္း..."
" ကိုယ္လိုခ်င္ပါတယ္။ ကိုယ္မင္းကို တကယ္လိုခ်င္ပါတယ္ေရႊဘံု။ ေက်းဇူးျပဳၿပီး မငိုပါနဲ႔လား "
အညိဳေရာင္မ်က္ဆံ ေတြ တကယ္လွပါသည္။
မႈိင္းဖ် ညိဳရီ တဲ့ ဂရုဏာ သက္စရာ မ်က္ဝန္းငယ္သည္ ေငြ႕ရည္တို႔ေၾကာင့္ စိုထိုင္းေနေသာ္ျငား တစက္ကေလးေတာင္ အလွကေလ်ာ့မသြားေခ်။
ေရႊဘံု.. ဒီကေလးက သူ႔ နွလံုးသား မဟုတ္ေသာ္ျငား ၊ သူ႔ရင္ကို ကိုင္လႈပ္နိုင္စြမ္းရွိသည္။
အထူးဆန္းဆံုးက သူ႔မ်က္လံုးအိမ္ေထာင့္စြန္းက မွည့္နက္ေသးေသးေလး။
သက္ေမာခ်မိသည္ထိ ရင္ထဲမွာမခ်ိတင္ကဲ ။
ေကာင္ကေလးသည္ ဝမ္းနည္းလြယ္သူေလးပင္။ ေနာက္ဆို စကားေျပာ ဆင္ျခင္ဖို႔ကို ေရးညိဳ႕ထင္ တထိုင္တည္း ဆံုးျဖတ္မိလိုက္မိတာကိုေတာ့ ရႈိက္သံမဆဲေသးတဲ့ ေကာင္ကေလးကေတာ့ သိမွာမဟုတ္ေပ။
" မင္း မနက္ဖန္အတြက္ ဘာလိုအပ္ေသးလဲ။ ခ်က္ျခင္း စီစဥ္လိုက္ရေတာ့ ကေမာက္ကမ..နိုင္ေပမဲ့ ..အင္း..ကိုယ္ျဖစ္ေအာင္ေတာ့ ႀကိဳးစားထားပါတယ္"
ေရႊဘံု မ်က္ရည္သုတ္ရင္းတိတ္တဆိတ္ေခါင္းရမ္းျပလိုက္သည္။
ဘာလိုအပ္သလဲ ဆိုတာ ေရႊဘံုမွမဂၤလာမေဆာင္ဘူးတာဘယ္သိမွာလဲ။
ညေနက ကိုထင့္အေဒၚဆိုတဲ့ အန္တီႀကီး ပုသိမ္ကေရာက္လာသည္ ။
ေရႊဘံုကို မနွစ္သက္တာမ်ိဳးမရွိေပမဲ့
ျဗဳန္းစားႀကီးမို႔ ထိတ္ထိတ္ျပာျပာျဖစ္လာဟန္ျဖင့္ ကိုထင့္ကိုသာ ေမးျမန္းဆူပူသြားတာျဖစ္သည္။
အဲ့ခ်ိန္ကဆို အားနာလြန္းလို႔ ေရႊဘံုမွာကိုထင္အား မ်က္နွာကိုမျပရဲခဲ့ေပ။
ေနာက္ေတာ့လည္း ကိုထင္မည္သို႔ေခ်ာ့လိုက္သလဲမသိ၊ ေျပေျပလည္လည္ျဖင့္
မနက္ေစာေစာလာခဲ့မယ္ဟု ေျပာကာ ကိုဒီရေမာင္ေခၚကာ ျပန္သြား၏။
လိုအပ္တာမ်ားကိုလည္း ကိုထင္ကပဲ တေနကုန္ဝင္လိုက္ထြက္လိုက္စီစဥ္ေနတာမ်က္ျမင္ပဲ အျပစ္ျပဳ မိသူသကဲ့သို႔ ေရႊဘံု တစ္ေယာက္ ခံစားေနရတာ အမွန္ပင္။
" တကယ္မလိုဘူးလား ၊ တစ္ခုခုေတာင္းဆိုခ်င္တာေရာရွိေသးလား "
ထပ္မံ၍ ေခါင္းရမ္းျပခ်ိန္တြင္ ကိုထင္ဆီမွ ခပ္သဲ့သဲ့ရယ္သံထြက္လာ၏။
" ဟုတ္ပါၿပီ။ ဒါဆို အိပ္ရေအာင္ ၊ မင္းေဆးေသာက္ၿပီးၿပီလား "
"ေသာက္ၿပီးၿပီ ၊ ဟို.. ကြၽန္ေတာ္ အျပင္သြားအိပ္ေပးရမလားဟင္ "
"အဓိပၸါယ္မရွိတာ၊ ဘာလဲ မင္းကိုယ္နဲ႔ မအိပ္ခ်င္တာလား "
ေရႊဘံု၏ မ်က္လံုးေလးသည္ ဝလံုးေလးသဖြယ္ျပဴ းဝိုင္း၍သြားကာ ပုခံုးေလးပင္
အနည္းငယ္မ်ွ ႀကံဳ ႕ကာ သြားေလသည္။
ဘယ္လိုစိတ္နဲ႔ ကိုထင္ထိုစကားကို ေျပာလိုက္သလဲမသိေပမဲ့ေရႊဘံု မ်က္နွာကေတာ့ မေနတက္စြာ ရဲပေလာင္းခတ္သြားတာေတာ့အမွန္ပင္။
"မဟုတ္ဘူးေလ ၊ ကိုထင္အေနရခက္မွာစိုးလို႔ပါ။ ကိုဒီရေမာင္ လည္းျပန္လာမအိပ္ဘူးဆိုေတာ့ ကြၽန္ေတာ္ အခန္းေျပာင္းအိပ္ရင္ပဲျဖစ္ျဖစ္ ကိုထင္ လြတ္လြတ္လပ္လပ္ေနရေအာင္ .."
"နို႔ ..ေနစမ္းပါအံုး ။ ကိုယ္က အေနရခက္တယ္လို႔မ်ားမင္းကို ေျပာဖူးလို႔လား။
ကိုယ္ေနရမခက္ပါဘူး။ မင္းနဲ႔ဒီေန႔တစ္ရက္ပဲ အိပ္ရမွာမွမဟုတ္သလို ေန႔တိုင္းအတူသြား၊အတူစား မွာေလ ၊ အက်င့္ပါသြားေတာ့လည္း ပိုမေကာင္းဘူးလား။
ကိုယ္ေျပာတာမွန္လား ေကာင္ကေလး "
ကိုထင္သည္ ထိုသို႔စကားအမ်ားႀကီးေျပာတက္ေသာ သူလို႔ ေရႊဘံု မထင္ခဲ့ရုိးအမွန္ပင္။
အိပ္ခန္းငယ္သည္ က်ဥ္းသလို
အခန္းေထာင့္ကပ္ထားေသာ ကုတင္ကလည္း ေသးပါ၏။
ထိုအေပၚမွာ နွစ္ေယာက္အတူအိပ္ရမည့္အေရးသည္ အေတာ္ေလး အဆင္မေျပျဖစ္ေစေသာ္ျငား ကုိထင္ကေတာ့သက္ေသာင့္သက္သာရွိလွပါသည္။
ေယာက်ာ္းေလးခ်င္းမို႔မထူးဆန္းသလား မသိေသာ္ျငား ေရႊဘံုကေတာ့ ပလက္ကေလး အိပ္ေနရာမွလြဲ၍ ေဘးကိုေတာင္မေစာင္းရဲပါေခ်။
ခပ္ေဖ်ာ့ေဖ်ာ့ ကိုယ္သင္းနံ႔သည္
ယဥ္ေမႊး၍ ပူပန္မူ႔ကို ေလ်ာ့က်ေစသလို
ကိုထင္သည္ သေနၶေကာင္းေသာ သူ ျဖစ္ေၾကာင္းကိုလည္းသိသာေစ၏။
အသက္ရူသံသဲ့သဲ့မွလြဲ၍ မည္သို႔ေသာ
ၾကမ္းတမ္းမူ ႔ကို မျပဳလုပ္သလို
ၿငိမ္းေအးေသာ ကိုယ္ေနဟန္ထားျဖင့္သာ အိပ္စက္သူ ျဖစ္သည္။
ညသည္ တျဖည္းျဖည္းနက္လာေလသည္။ ေအးစက္မူ ႔ဒီဂရီတိုးလာသည္နွင့္ ၿခံဳေဆာင္ တစ္ထည္ေအာက္က ကိုယ္ထည္နွစ္ခုသည္ နီးကပ္၍ သြားေခ်သည္။
ဖူးစာေရးနတ္သည္ မွန္ကန္တဲ့ ၾကင္ဖက္ကိုေပးသလား၊ ျမားခ်က္လြဲမွားစြာပစ္ခတ္မိ၍သူတို႔ေတြ႕မိသလား မသိေပမဲ့ ေရးညိဳ႕ထင္နွင့္ ေရႊဘံုကေတာ့ မနက္မိုးေသာက္ရင္ျဖင့္ အၾကင္လင္မယားအျဖစ္ကူးေျပာင္းဖို႔ အဆင္သင့္ျဖစ္ေနခဲ့ၿပီ။
___________
မက်ယ္ဝန္းေသာ တိုက္ခန္းငယ္သည္
ေနရာက်ဥ္းေပမဲ့ ေနခ်င္စရာေတာ့ေကာင္း၏။ တခ်က္တခ်က္ လမ္းမ နွင့္ ေဘးခန္းတို႔၏ ဆူညံသံမ်ားကိုလည္း အခန္းမလံုစြာၾကားေနရေသာ္ျငား စိတ္ရႈပ္ရေအာင္ထိေတာ့မဟုတ္။
အခန္းတြင္းကို ေကသီ လွည့္ပတ္ၾကည့္ရင္း မဆိုးဘူးဟု တစ္ေယာက္ထဲ ေခါင္းတဆတ္ဆတ္ၿငိမ့္၍ မွတ္ခ်က္ျပဳမိ၏။
မေန႔က တစ္ေခါက္ေရာက္ၿပီးၿပီ ဆိုေပမဲ့
လာခဲ့ပါဟု ဖုန္းဆက္ေခၚလာတဲ့ ဝမ္းမနာသားေၾကာင့္ ေစာေစာစီးစီး အိပ္ေနရာမွ မနက္ဝတ္မဲ့အဝတ္ေတြအိတ္ထဲေကာက္ထည့္ၿပီး ထေျပးခဲ့ရတာမို႔ အနည္းငယ္ဖိုသီဖတ္သီေတာ့ နိုင္လွသည္။
သူေပ်ာက္သြားတဲ့ညကလည္း တစ္ညလံုး ေကသီတို႔မွာ ျပာယာခတ္ကာ အန္တီဟန္နီနဲ႔ အတူ
ၾကည္ႏူးေရာ သံုးေယာက္သား တေရးမွမအိပ္ခဲ့ရ။
မိုးလင္းမွ ကိုဒီရေမာင္ဆီက ဖုန္းေၾကာင့္
စိတ္ဒုန္းဒုန္း ခ်နိုင္သြားရတာျဖစ္သည္။
" နင့္ေယာက်ာ္း ဘယ္သြားလဲ "
ျဖန္းခနဲ ရဲတက္သြားေသာမ်က္နွာသည္ ေဆးနီျဖင့္ပက္ခံရလိုက္သလို။
ဒူးကိုအသာေပြ႕ထားတဲ့လက္ကေလးသည္ရွက္႐ြံ႕စြာ ပိုတင္းၾကပ္သြားၿပီး နီရဲေသာမ်က္နွာကိုဖြက္လိုက္မိသည္ထိ ေရႊဘံု ကေသာင္းကနင္းျဖစ္၍ သြားသည္။
" အဲ့လိုႀကီး မေျပာပါနဲ႔လား "
မပြင့္တပြင့္စကားအဆံုး၌ ေကသီသည္
ေဘးအသာတိုးကပ္ထိုင္၍ ေရႊဘံုအားဖက္လိုက္သည္။
" သူမ်ားကို ေပးရမယ္ ဆိုေတာ့လည္း နွေျမာလိုက္တာ။ "
" သူ႔အပၚမတရားသလိုမ်ားျဖစ္ေနလားဟင္ ၊ အကယ္လို႔ သူငါ့ကို အားနာၿပီး လက္ခံရတယ္ဆိုရင္ ဘယ္လိုလုပ္မလဲ "
" အရူးေလး ၊ ဘယ္သူက အားနာၿပီး သူ႔ဘဝကို ေပးလိုက္တယ္ဆိုတာရွိလို႔လဲ။
အနည္းဆံုးေတာ့ အမွန္တရားကို သူလည္းသိတာပဲေလ။ သိသိရက္နဲ႔ ေရွ႕တိုးလိုက္တယ္ဆိုကတည္းက သူလည္း စိတ္ပါလို႔ေပါ့ဟဲ့။"
ဖက္ထားရာမွ ခြာကာ တံုးအ လြန္းလို႔ ပုခံုးကို ခပ္ဆတ္ဆတ္ရုိက္လိုက္ေသာ္ျငား
နာသြားလို႔ တြန္႔သြားရာမွလြဲၿပီး အပိုစကားထပ္ဆိုမလာေပ။
ဒီေကာင္ေလးက သူငယ္ခ်င္းေတြဆိုေပမဲ့
ရုိးသားလြန္းလို႔ ၊ ခ်စ္စရာေကာင္းလြန္းလို႔
ေကသီေရာ ၊ ၾကည္ႏူးေရာ မိန္းကေလးေတြတန္မဲ့ အရိပ္တၾကည့္ၾကည့္ ကိုယ့္ေမာင္ေလးလို ခ်စ္ခဲ့ရသည္။
" နင့္မ်က္မွန္ကလည္း ရုပ္ဆိုးလိုက္တာ ။
ဝယ္ေပးတဲ့သူကလည္း တမင္ရုပ္ဆိုးတာရွာဝယ္ေပးထားသလိုပဲ "
"သူဝယ္ေပးထားတာ ၊ ငါလည္းမသိတက္ဘူး "
အနက္ေရာင္ မ်က္မွန္ကိုင္းႀကီးႀကီးက
ေရႊဘံု မ်က္နွာေလးကို ရုပ္မဆိုးေစေပမဲ့
ပံုတံုးႀကီးမို႔ ထင္သေလာက္ ရုပ္ထြက္မလွေပ။
" ဘယ္ခ်ိန္သြားၾကမွာလဲ "
"ကိုထင္အေဒၚေျပာတာေတာ့ မဂၤလာအခ်ိန္က ၁၀နာရီတဲ့ ။ ကိုထင္ကေတာ့ မနက္ကတည္းက မ်က္မွန္နဲ႔ အဝတ္စားအိတ္ေတြ ထားၿပီး ထြက္သြားတာ ခုထိျပန္မလာေသးဘူး။ ဝင္လိုက္ထြက္လိုက္နဲ႔ အကုန္အလုပ္ေတြရႈပ္ေနၾကတာ ၊ တစ္အိမ္လံုး ငါတစ္ေယာက္ထဲပဲ အားေနသလိုပဲ"
" ဒါကေတာ့ ခ်က္ျခင္းလူႀကီးအပ္ဖို႔ စီစဥ္ရတာေလ ဒီေလာက္ေတာ့ရႈပ္မွာပဲေပါ့။
ေစာေတာ့ ေစာပါေသးတယ္။ ကဲ.. ငါမိတ္ကပ္လိမ္းအံုးမယ္၊ နင္နိႈးလို႔ မနက္ကဝရုန္းသုန္းကား ထေျပးခဲ့ရတာ ေရေတာင္မခ်ိဳးခဲ့ရေသးဘူး။ ရွိေစေတာ့ ..ရုပ္ခံနဲ႔ထိန္းရမွာပဲ မတက္နိုင္ဘူး "
ေကသီက အိတ္ထဲ မိတ္ကပ္ဘူးေတြ စားပြဲေပၚ ခ်ကာ အတည္လိမ္းဖို႔ ျပင္ေတာ့သည္။ ေရႊဘံုအားလည္း အသားရည္လွေအာင္ ဟုဆိုကာ တစ္ခုၿပီးတစ္ခု လာလိမ္း၊ လာတို႔ေပးသည္မို႔ စိတ္ေမာလက္ေမာ ျဖစ္ေနတာေတာင္ ဘယ္ေပ်ာက္သြားမွန္းမသိေအာင္ ေကသီ လက္ကေနလြတ္ေအာင္ ပတ္ေျပးေနရသည္။
" ေကသီ မလုပ္နဲ႔ေနာ္။ ငါမလိမ္းခ်င္ဘူး "
ေျပာလည္းေျပာ စားပြဲကိုပတ္ကာ ေျပးစဥ္ အိမ္တံခါးဖြင့္ဝင္လာတဲ့ ကိုထင္ေၾကာင့္ အားကိုးေတြ႕သြားသလို အေနာက္မွာ အျမန္ပင္ဝင္ပုန္းမိသည္ထိ ကိုထင္ထက္ ေကသီလက္ကိုေၾကာက္ရပါသည္။
skin care ေပးတာကိုေတာ့မေၾကာက္ေပမဲ့ ေနာက္တဆင့္တက္ကာ မိတ္ကပ္လိမ္းေပးမွာကိုေတာ့ေၾကာက္၏။
" ဘာျဖစ္တာလဲ ေကာင္ကေလးရ ၊ ေျပးရင္ ထိမိခိုက္မိကုန္မွာေပါ့။ မလုပ္ခ်င္ရင္ ပါးစပ္က ေျပာမွေလ "
"ဟင့္အင္ ေကသီက ပါးစပ္ေျပာလည္းမရဘူး။ ေျပာေပးပါအံုး။ သူကြၽန္ေတာ္ကိုမိတ္ကပ္လိမ္းေပးေတာ့မွာ "
အေၾကာက္အကန္ ျငင္း၍ ကိုထင္းခါးနွစ္ဖက္က အက်ၤ ီစ ကိုလည္းမလြတ္တမ္းဆြဲထားလိုက္မိေသးသည္။
ေကသီသည္ ကိုထင္ေရွ႕မွာတင္ ရပ္ကာ
ေရႊဘံုအား ႁပံဳးစိစိျဖင့္ မမွီမကမ္းေျခဖ်ားေထာက္ကာ ေက်ာ္ၾကည့္ေနေသးသည္။
" ကဲ ေကသီေရ၊ ျမင္တဲ့အတိုင္းပဲ ၊ ေကာင္ကေလးကို မစပါနဲ႔လား။ သူမႀကိဳက္ဘူးထင္တယ္"
" အမေလး ေမာင္ေရႊတို႔မ်ား ေယာက်ာ္းအားကိုး ပုဆိန္ရုိးပဲေနာ္။ ေကသီတို႔က အားကိုးမရွိေတာ့ မစရဲေတာ့ပါဘူးရွင္ "
ေကသီစကားေၾကာင့္ ကိုထင္
အက်ၤ ီကိုဆြဲထားတဲ့လက္ေတြကိုလႊတ္၍ ဂုတ္ပိုးေတြကို ေနရခက္စြာ ေရႊဘံု အႀကိမ္ႀကိမ္ပြတ္ေနမိေတာ့သည္။
အသားေတြနီျမန္းသည္ထိပြတ္ေနတဲ့ ေကာင္ေလးလက္ကိုလွမ္းဆြဲကာ ေရးညိဳ႕ထင္ တားလိုက္ၿပီး ေကသီအား ၿပံဳး၍ ေျပာလိုက္သည္။
" ေကာင္ကေလးက ရွက္တက္တယ္ ေကသီ ၊ အမ်ားႀကီး မစနဲ႔ "
ခ်စ္တဲ့အိမ္စည္။
( အဟမ္း .. ေျပာရမယ္ဆိုရင္ေတာ့ ဇာတ္ရည္မလည္ေသးေတာ့ သို႔ေလာ သို႔ေလာ ထင္ေနၾကတယ္မို႔လား။
ကိုထင္ ကာရုိက္တာ ကလည္း ခ်က္ျခင္း တမ်ိဳးျဖစ္သြားလို႔ စိတ္ခုသြားမွာလည္းစိုးရေသး။ အင္း... အဆင္ေျပသြားမွာပါ )
လက်ထပ်ခြင်း။
လူနှစ်ယောက်ပေါင်းစီးဖို့ က ချစ်ခင်နှစ်သက်မူ့က အခြေခံကျတယ်မို့လား။
မနက်ဆို ရွှေဘုံ လက်ထပ်ရတော့မည်။
သို့တိုင် ရည်ရွယ်သူသည် ကိုရေးညို့ထင် ဖြစ်လိမ့်မည်ဟု တစ်ခါတောင် မတွေးမိခဲ့ဖူးဆိုရင် ယုံမယ်မထင်။
ကံတရားအား အပြစ်ဆိုရအောင်လည်း
ဒီလောက်ကပ်သီးကပ်ဖဲ့ အခြေအနေကို
သူမို့ဖန်တီးတက်လေသည်မို့ လက်မြောက်ရမလို။ မရေမရာ အတွေးတို့ဖြင့် အိပ်ယာပေါ်မှာ ငုတ်တုတ်ထိုင်ရင်း
ခပ်ဖျဖျ မီးအိမ်ကို ကြည့်နေမိသည်။
ဒီညသည် သူစိမ်းတစ်ယောက် (သို့မဟုတ်)သူနဲ့ အကြောင်းပါမည့် ခင်ပွန်းသည်နှင့် အတူအိပ်ရမည့်ည။
ယောကျာ်းတွေကို စိတ်ဝင်စားတဲ့ရွှေဘုံသည် ယောကျာ်းတစ်ယောက်နှင့် တစ်ကုတင်တည်းအတူမထိုင်ဖူးဘူး ဆိုရင်ရော အံသြကြမည်လား။
သူဟာ သန့်စင်မွန်မြတ်သော ပန်းကလေးသာ ဖြစ်နေသေးသည်မှာမထူးဆန်းပေ။
ပထမဦးဆုံး ပေးအပ်မည့်ကိုယ်ခန္ဓာသည်
သူ့အမျိုးသားအတွက်သာဖြစ်ရမည်ဟူသည့်အတ္တ ၊ ထိုအတ္တကြောင့် ကိုခန့်ကိုပင်
ပါးမှလွဲ၍ နှုတ်ခမ်းထိရောက်အောင်ပင် အထိမခံဖြစ်ခဲ့ပေ။
" မအိပ်သေးဘူးလား "
အတွေးနွံမှာ နှစ်မြောနေသူသည် ရေးညို့ထင် အသံကြောင့် ကိုယ်လုံးလေးတောင် တုန်ရီသွားသလို။ အားနာသွားသည်ကြောင့် ..
" sorry လန့်သွားတာလား "
"ရပါတယ် ၊ အမှတ်တမဲ့မို့ပါ "
အိပ်ယာစွန်းကို ဝင်ထိုင်လိုက်စဉ်
လွတ်နေသော နေရာကျယ်ကြီး ရှိနေတာတာင်မှ ကောင်ကလေးက သူကိုယ်လေးကို အနည်းငယ် ဘေးရို့ပေးလိုက်သေးသည်။
ရေးညို့ထင် သက်ပြင်းချလိုက်သည်။
ချက်ခြင်းကြီးမို့ ကိုယ်တိုင်လည်း အနေမကျသေးပါ။ ကောင်ကလေးလည်းထို့အတူဖြစ်ပေလိမ့်မည်။
" မင်းကိုယ်နဲ့ နေနိုင်ပါ့မလား စိုးရိမ်တယ်။
ပြီးတော့ ကိုယ်တို့ နှစ်ယောက်အနေအထား ။ "
ရေးညို့ထင် ရှေ့တည့်တည့်ကို မျက်နှာမူထားရာမှ ကောင်ကလေးဖက်ကို လှည့်
လိုက်ပြီး
" မင်း တကယ်ပဲ ခိုးရာလိုက်ဖို့ ကြိုးစားခဲ့တာလား ကောင်ကလေး "
"မဟုတ်ဘူး ..ကျွန်တော် အဲ့လိုလုပ်ခဲ့တာ မဟုတ်ဘူး..ဒီကိစ္စက ကျွန်တော်ရှင်းပြရင် ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူး ၊ ကျွန်တော် တကယ်ပြောတာ "
ရွှေဘုံ ရှင်းပြဖို့ ကြိုးစားမိပေမဲ့
ရေလည်အောင် ပြောဖို့ မတက်နိုင်ခဲ့ပေ။
ကိုထင် သူ့ကို ဘယ်လိုတွေများတွေးနေခဲ့တာလဲ။ ညနေကထိ လက်ထပ်ဖို့ လွယ်ကူနေခဲ့သေးသည်။
ခု ရွှေဘုံကိုများ ကိုထင် ယူဖို့ တုန့်ဆိုင်းနေတာ ရွှေဘုံကို မယုံကြည်တော့လို့လား။
တွေးရင်း ဆက်ပြောဖို့ အသံက ထွက်မလာတော့ပဲ မျက်ရည်တွေသာ ပိုးတို့ပေါက်တောက်ကျလာရသည်။
ရွှေဘုံ မငိုချင်ပါ။ ရွှေဘုံရဲ့အားနည်းချက်တွေကို ကိုထင်ရှေ့မှာ ဘယ်လိုနည်းနဲ့မှထုတ်မပြချင်ခဲ့တာပင်။
" ဟော .. ဘာလို့ငိုရတာလဲ ။
ကိုယ် မင်းကို ဆူနေတာမဟုတ်ပဲ "
ကိုထင်အသံက ဂရုဏာသံအပြည့်ဆိုသော်ငြား ရွှေဘုံ ခေါင်းသာအတွင်တွင်ရမ်းပြပြီး ဘာမှမဖြစ်ဘူးဆိုတဲ့အကြောင်း ပြသနေမိသည်။
" ဒီမှာကြည့် ..ရွှေဘုံ ..ကောင်ကလေး ကိုယ့်ကိုကြည့် "
ပုခုံးနှစ်ဖက်ကိုတင်းတင်းဆုပ်ပြီး မော့ကြည်စေသည်မို့ ရွှေဘုံငြင်းဖို့ မစွမ်းဆောင်နိုင်ခဲ့ပေ။
ယောကျာ်းတစ်ယောက်မို့ ဘယ်လောက် ပျော့ညံ့ပါစေအုံးတော့ ထုတ်ဖော်ပြသဖို့ထိတော့ရွှေဘုံ ရှက်ပါသည်။
ထို့ကြောင့် မငိုမိအောင်အားတင်း၍
မျက်နှာကိုမော့မိစဉ် ဝေ့ဝါး စိုထိုင်းနေသော ရှင်းလင်းမူ့မရှိသော အမြင်လွှာက
ဆီးကြိုကာ စောင့်သည်။
" ကျွန်တော်...ကျွန်တော် ကို မလိုချင်ရင် ဘူး ဆိုရင်လည်း..."
" ကိုယ်လိုချင်ပါတယ်။ ကိုယ်မင်းကို တကယ်လိုချင်ပါတယ်ရွှေဘုံ။ ကျေးဇူးပြုပြီး မငိုပါနဲ့လား "
အညိုရောင်မျက်ဆံ တွေ တကယ်လှပါသည်။
မှိုင်းဖျ ညိုရီ တဲ့ ဂရုဏာ သက်စရာ မျက်ဝန်းငယ်သည် ငွေ့ရည်တို့ကြောင့် စိုထိုင်းနေသော်ငြား တစက်ကလေးတောင် အလှကလျော့မသွားချေ။
ရွှေဘုံ.. ဒီကလေးက သူ့ နှလုံးသား မဟုတ်သော်ငြား ၊ သူ့ရင်ကို ကိုင်လှုပ်နိုင်စွမ်းရှိသည်။
အထူးဆန်းဆုံးက သူ့မျက်လုံးအိမ်ထောင့်စွန်းက မှည့်နက်သေးသေးလေး။
သက်မောချမိသည်ထိ ရင်ထဲမှာမချိတင်ကဲ ။
ကောင်ကလေးသည် ဝမ်းနည်းလွယ်သူလေးပင်။ နောက်ဆို စကားပြော ဆင်ခြင်ဖို့ကို ရေးညို့ထင် တထိုင်တည်း ဆုံးဖြတ်မိလိုက်မိတာကိုတော့ ရှိုက်သံမဆဲသေးတဲ့ ကောင်ကလေးကတော့ သိမှာမဟုတ်ပေ။
" မင်း မနက်ဖန်အတွက် ဘာလိုအပ်သေးလဲ။ ချက်ခြင်း စီစဉ်လိုက်ရတော့ ကမောက်ကမ..နိုင်ပေမဲ့ ..အင်း..ကိုယ်ဖြစ်အောင်တော့ ကြိုးစားထားပါတယ်"
ရွှေဘုံ မျက်ရည်သုတ်ရင်းတိတ်တဆိတ်ခေါင်းရမ်းပြလိုက်သည်။
ဘာလိုအပ်သလဲ ဆိုတာ ရွှေဘုံမှမင်္ဂလာမဆောင်ဘူးတာဘယ်သိမှာလဲ။
ညနေက ကိုထင့်အဒေါ်ဆိုတဲ့ အန်တီကြီး ပုသိမ်ကရောက်လာသည် ။
ရွှေဘုံကို မနှစ်သက်တာမျိုးမရှိပေမဲ့
ဗြုန်းစားကြီးမို့ ထိတ်ထိတ်ပြာပြာဖြစ်လာဟန်ဖြင့် ကိုထင့်ကိုသာ မေးမြန်းဆူပူသွားတာဖြစ်သည်။
အဲ့ချိန်ကဆို အားနာလွန်းလို့ ရွှေဘုံမှာကိုထင်အား မျက်နှာကိုမပြရဲခဲ့ပေ။
နောက်တော့လည်း ကိုထင်မည်သို့ချော့လိုက်သလဲမသိ၊ ပြေပြေလည်လည်ဖြင့်
မနက်စောစောလာခဲ့မယ်ဟု ပြောကာ ကိုဒီရမောင်ခေါ်ကာ ပြန်သွား၏။
လိုအပ်တာများကိုလည်း ကိုထင်ကပဲ တနေကုန်ဝင်လိုက်ထွက်လိုက်စီစဉ်နေတာမျက်မြင်ပဲ အပြစ်ပြု မိသူသကဲ့သို့ ရွှေဘုံ တစ်ယောက် ခံစားနေရတာ အမှန်ပင်။
" တကယ်မလိုဘူးလား ၊ တစ်ခုခုတောင်းဆိုချင်တာရောရှိသေးလား "
ထပ်မံ၍ ခေါင်းရမ်းပြချိန်တွင် ကိုထင်ဆီမှ ခပ်သဲ့သဲ့ရယ်သံထွက်လာ၏။
" ဟုတ်ပါပြီ။ ဒါဆို အိပ်ရအောင် ၊ မင်းဆေးသောက်ပြီးပြီလား "
"သောက်ပြီးပြီ ၊ ဟို.. ကျွန်တော် အပြင်သွားအိပ်ပေးရမလားဟင် "
"အဓိပ္ပါယ်မရှိတာ၊ ဘာလဲ မင်းကိုယ်နဲ့ မအိပ်ချင်တာလား "
ရွှေဘုံ၏ မျက်လုံးလေးသည် ဝလုံးလေးသဖွယ်ပြူးဝိုင်း၍သွားကာ ပုခုံးလေးပင်
အနည်းငယ်မျှ ကြုံ့ ကာ သွားလေသည်။
ဘယ်လိုစိတ်နဲ့ ကိုထင်ထိုစကားကို ပြောလိုက်သလဲမသိပေမဲ့ရွှေဘုံ မျက်နှာကတော့ မနေတက်စွာ ရဲပလောင်းခတ်သွားတာတော့အမှန်ပင်။
"မဟုတ်ဘူးလေ ၊ ကိုထင်အနေရခက်မှာစိုးလို့ပါ။ ကိုဒီရမောင် လည်းပြန်လာမအိပ်ဘူးဆိုတော့ ကျွန်တော် အခန်းပြောင်းအိပ်ရင်ပဲဖြစ်ဖြစ် ကိုထင် လွတ်လွတ်လပ်လပ်နေရအောင် .."
"နို့ ..နေစမ်းပါအုံး ။ ကိုယ်က အနေရခက်တယ်လို့များမင်းကို ပြောဖူးလို့လား။
ကိုယ်နေရမခက်ပါဘူး။ မင်းနဲ့ဒီနေ့တစ်ရက်ပဲ အိပ်ရမှာမှမဟုတ်သလို နေ့တိုင်းအတူသွား၊အတူစား မှာလေ ၊ အကျင့်ပါသွားတော့လည်း ပိုမကောင်းဘူးလား။
ကိုယ်ပြောတာမှန်လား ကောင်ကလေး "
ကိုထင်သည် ထိုသို့စကားအများကြီးပြောတက်သော သူလို့ ရွှေဘုံ မထင်ခဲ့ရိုးအမှန်ပင်။
အိပ်ခန်းငယ်သည် ကျဉ်းသလို
အခန်းထောင့်ကပ်ထားသော ကုတင်ကလည်း သေးပါ၏။
ထိုအပေါ်မှာ နှစ်ယောက်အတူအိပ်ရမည့်အရေးသည် အတော်လေး အဆင်မပြေဖြစ်စေသော်ငြား ကိုထင်ကတော့သက်သောင့်သက်သာရှိလှပါသည်။
ယောကျာ်းလေးချင်းမို့မထူးဆန်းသလား မသိသော်ငြား ရွှေဘုံကတော့ ပလက်ကလေး အိပ်နေရာမှလွဲ၍ ဘေးကိုတောင်မစောင်းရဲပါချေ။
ခပ်ဖျော့ဖျော့ ကိုယ်သင်းနံ့သည်
ယဉ်မွှေး၍ ပူပန်မူ့ကို လျော့ကျစေသလို
ကိုထင်သည် သန္ဓေကောင်းသော သူ ဖြစ်ကြောင်းကိုလည်းသိသာစေ၏။
အသက်ရူသံသဲ့သဲ့မှလွဲ၍ မည်သို့သော
ကြမ်းတမ်းမူ့ ကို မပြုလုပ်သလို
ငြိမ်းအေးသော ကိုယ်နေဟန်ထားဖြင့်သာ အိပ်စက်သူ ဖြစ်သည်။
ညသည် တဖြည်းဖြည်းနက်လာလေသည်။ အေးစက်မူ့ ဒီဂရီတိုးလာသည်နှင့် ခြုံဆောင် တစ်ထည်အောက်က ကိုယ်ထည်နှစ်ခုသည် နီးကပ်၍ သွားချေသည်။
ဖူးစာရေးနတ်သည် မှန်ကန်တဲ့ ကြင်ဖက်ကိုပေးသလား၊ မြားချက်လွဲမှားစွာပစ်ခတ်မိ၍သူတို့တွေ့မိသလား မသိပေမဲ့ ရေးညို့ထင်နှင့် ရွှေဘုံကတော့ မနက်မိုးသောက်ရင်ဖြင့် အကြင်လင်မယားအဖြစ်ကူးပြောင်းဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။
___________
မကျယ်ဝန်းသော တိုက်ခန်းငယ်သည်
နေရာကျဉ်းပေမဲ့ နေချင်စရာတော့ကောင်း၏။ တချက်တချက် လမ်းမ နှင့် ဘေးခန်းတို့၏ ဆူညံသံများကိုလည်း အခန်းမလုံစွာကြားနေရသော်ငြား စိတ်ရှုပ်ရအောင်ထိတော့မဟုတ်။
အခန်းတွင်းကို ကေသီ လှည့်ပတ်ကြည့်ရင်း မဆိုးဘူးဟု တစ်ယောက်ထဲ ခေါင်းတဆတ်ဆတ်ငြိမ့်၍ မှတ်ချက်ပြုမိ၏။
မနေ့က တစ်ခေါက်ရောက်ပြီးပြီ ဆိုပေမဲ့
လာခဲ့ပါဟု ဖုန်းဆက်ခေါ်လာတဲ့ ဝမ်းမနာသားကြောင့် စောစောစီးစီး အိပ်နေရာမှ မနက်ဝတ်မဲ့အဝတ်တွေအိတ်ထဲကောက်ထည့်ပြီး ထပြေးခဲ့ရတာမို့ အနည်းငယ်ဖိုသီဖတ်သီတော့ နိုင်လှသည်။
သူပျောက်သွားတဲ့ညကလည်း တစ်ညလုံး ကေသီတို့မှာ ပြာယာခတ်ကာ အန်တီဟန်နီနဲ့ အတူ
ကြည်နူးရော သုံးယောက်သား တရေးမှမအိပ်ခဲ့ရ။
မိုးလင်းမှ ကိုဒီရမောင်ဆီက ဖုန်းကြောင့်
စိတ်ဒုန်းဒုန်း ချနိုင်သွားရတာဖြစ်သည်။
" နင့်ယောကျာ်း ဘယ်သွားလဲ "
ဖြန်းခနဲ ရဲတက်သွားသောမျက်နှာသည် ဆေးနီဖြင့်ပက်ခံရလိုက်သလို။
ဒူးကိုအသာပွေ့ထားတဲ့လက်ကလေးသည်ရှက်ရွံ့စွာ ပိုတင်းကြပ်သွားပြီး နီရဲသောမျက်နှာကိုဖွက်လိုက်မိသည်ထိ ရွှေဘုံ ကသောင်းကနင်းဖြစ်၍ သွားသည်။
" အဲ့လိုကြီး မပြောပါနဲ့လား "
မပွင့်တပွင့်စကားအဆုံး၌ ကေသီသည်
ဘေးအသာတိုးကပ်ထိုင်၍ ရွှေဘုံအားဖက်လိုက်သည်။
" သူများကို ပေးရမယ် ဆိုတော့လည်း နှမြောလိုက်တာ။ "
" သူ့အပ်ါမတရားသလိုများဖြစ်နေလားဟင် ၊ အကယ်လို့ သူငါ့ကို အားနာပြီး လက်ခံရတယ်ဆိုရင် ဘယ်လိုလုပ်မလဲ "
" အရူးလေး ၊ ဘယ်သူက အားနာပြီး သူ့ဘဝကို ပေးလိုက်တယ်ဆိုတာရှိလို့လဲ။
အနည်းဆုံးတော့ အမှန်တရားကို သူလည်းသိတာပဲလေ။ သိသိရက်နဲ့ ရှေ့တိုးလိုက်တယ်ဆိုကတည်းက သူလည်း စိတ်ပါလို့ပေါ့ဟဲ့။"
ဖက်ထားရာမှ ခွာကာ တုံးအ လွန်းလို့ ပုခုံးကို ခပ်ဆတ်ဆတ်ရိုက်လိုက်သော်ငြား
နာသွားလို့ တွန့်သွားရာမှလွဲပြီး အပိုစကားထပ်ဆိုမလာပေ။
ဒီကောင်လေးက သူငယ်ချင်းတွေဆိုပေမဲ့
ရိုးသားလွန်းလို့ ၊ ချစ်စရာကောင်းလွန်းလို့
ကေသီရော ၊ ကြည်နူးရော မိန်းကလေးတွေတန်မဲ့ အရိပ်တကြည့်ကြည့် ကိုယ့်မောင်လေးလို ချစ်ခဲ့ရသည်။
" နင့်မျက်မှန်ကလည်း ရုပ်ဆိုးလိုက်တာ ။
ဝယ်ပေးတဲ့သူကလည်း တမင်ရုပ်ဆိုးတာရှာဝယ်ပေးထားသလိုပဲ "
"သူဝယ်ပေးထားတာ ၊ ငါလည်းမသိတက်ဘူး "
အနက်ရောင် မျက်မှန်ကိုင်းကြီးကြီးက
ရွှေဘုံ မျက်နှာလေးကို ရုပ်မဆိုးစေပေမဲ့
ပုံတုံးကြီးမို့ ထင်သလောက် ရုပ်ထွက်မလှပေ။
" ဘယ်ချိန်သွားကြမှာလဲ "
"ကိုထင်အဒေါ်ပြောတာတော့ မင်္ဂလာအချိန်က ၁၀နာရီတဲ့ ။ ကိုထင်ကတော့ မနက်ကတည်းက မျက်မှန်နဲ့ အဝတ်စားအိတ်တွေ ထားပြီး ထွက်သွားတာ ခုထိပြန်မလာသေးဘူး။ ဝင်လိုက်ထွက်လိုက်နဲ့ အကုန်အလုပ်တွေရှုပ်နေကြတာ ၊ တစ်အိမ်လုံး ငါတစ်ယောက်ထဲပဲ အားနေသလိုပဲ"
" ဒါကတော့ ချက်ခြင်းလူကြီးအပ်ဖို့ စီစဉ်ရတာလေ ဒီလောက်တော့ရှုပ်မှာပဲပေါ့။
စောတော့ စောပါသေးတယ်။ ကဲ.. ငါမိတ်ကပ်လိမ်းအုံးမယ်၊ နင်နှိုးလို့ မနက်ကဝရုန်းသုန်းကား ထပြေးခဲ့ရတာ ရေတောင်မချိုးခဲ့ရသေးဘူး။ ရှိစေတော့ ..ရုပ်ခံနဲ့ထိန်းရမှာပဲ မတက်နိုင်ဘူး "
ကေသီက အိတ်ထဲ မိတ်ကပ်ဘူးတွေ စားပွဲပေါ် ချကာ အတည်လိမ်းဖို့ ပြင်တော့သည်။ ရွှေဘုံအားလည်း အသားရည်လှအောင် ဟုဆိုကာ တစ်ခုပြီးတစ်ခု လာလိမ်း၊ လာတို့ပေးသည်မို့ စိတ်မောလက်မော ဖြစ်နေတာတောင် ဘယ်ပျောက်သွားမှန်းမသိအောင် ကေသီ လက်ကနေလွတ်အောင် ပတ်ပြေးနေရသည်။
" ကေသီ မလုပ်နဲ့နော်။ ငါမလိမ်းချင်ဘူး "
ပြောလည်းပြော စားပွဲကိုပတ်ကာ ပြေးစဉ် အိမ်တံခါးဖွင့်ဝင်လာတဲ့ ကိုထင်ကြောင့် အားကိုးတွေ့သွားသလို အနောက်မှာ အမြန်ပင်ဝင်ပုန်းမိသည်ထိ ကိုထင်ထက် ကေသီလက်ကိုကြောက်ရပါသည်။
skin care ပေးတာကိုတော့မကြောက်ပေမဲ့ နောက်တဆင့်တက်ကာ မိတ်ကပ်လိမ်းပေးမှာကိုတော့ကြောက်၏။
" ဘာဖြစ်တာလဲ ကောင်ကလေးရ ၊ ပြေးရင် ထိမိခိုက်မိကုန်မှာပေါ့။ မလုပ်ချင်ရင် ပါးစပ်က ပြောမှလေ "
"ဟင့်အင် ကေသီက ပါးစပ်ပြောလည်းမရဘူး။ ပြောပေးပါအုံး။ သူကျွန်တော်ကိုမိတ်ကပ်လိမ်းပေးတော့မှာ "
အကြောက်အကန် ငြင်း၍ ကိုထင်းခါးနှစ်ဖက်က အင်္ကျီစ ကိုလည်းမလွတ်တမ်းဆွဲထားလိုက်မိသေးသည်။
ကေသီသည် ကိုထင်ရှေ့မှာတင် ရပ်ကာ
ရွှေဘုံအား ပြုံးစိစိဖြင့် မမှီမကမ်းခြေဖျားထောက်ကာ ကျော်ကြည့်နေသေးသည်။
" ကဲ ကေသီရေ၊ မြင်တဲ့အတိုင်းပဲ ၊ ကောင်ကလေးကို မစပါနဲ့လား။ သူမကြိုက်ဘူးထင်တယ်"
" အမလေး မောင်ရွှေတို့များ ယောကျာ်းအားကိုး ပုဆိန်ရိုးပဲနော်။ ကေသီတို့က အားကိုးမရှိတော့ မစရဲတော့ပါဘူးရှင် "
ကေသီစကားကြောင့် ကိုထင်
အင်္ကျီကိုဆွဲထားတဲ့လက်တွေကိုလွှတ်၍ ဂုတ်ပိုးတွေကို နေရခက်စွာ ရွှေဘုံ အကြိမ်ကြိမ်ပွတ်နေမိတော့သည်။
အသားတွေနီမြန်းသည်ထိပွတ်နေတဲ့ ကောင်လေးလက်ကိုလှမ်းဆွဲကာ ရေးညို့ထင် တားလိုက်ပြီး ကေသီအား ပြုံး၍ ပြောလိုက်သည်။
" ကောင်ကလေးက ရှက်တက်တယ် ကေသီ ၊ အများကြီး မစနဲ့ "
ချစ်တဲ့အိမ်စည်။
( အဟမ်း .. ပြောရမယ်ဆိုရင်တော့ ဇာတ်ရည်မလည်သေးတော့ သို့လော သို့လော ထင်နေကြတယ်မို့လား။
ကိုထင် ကာရိုက်တာ ကလည်း ချက်ခြင်း တမျိုးဖြစ်သွားလို့ စိတ်ခုသွားမှာလည်းစိုးရသေး။ အင်း... အဆင်ပြေသွားမှာပါ )
Bạn đang đọc truyện trên: ZingTruyen.Xyz