တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
11
" ေနမေကာင္းျဖစ္ရေအာင္ထိ ..သားကို မင္းဘယ္ေလာက္ေတာင္ "
ေဒၚဟန္နီဦး ဆက္မေျပာေတာ့ပဲ
က်ဆင္းလာေတာ့မဲ့ဆဲဆဲ မ်က္ရည္ကို လက္ျဖင့္ပြတ္ဆြဲဖယ္သုတ္လိုက္၏။
ခိုးရာလိုက္ေျပးသြားပါၿပီ ဆိုတဲ့စကားကို
မယံုလို႔ နိုင္ငံရပ္ျခားေရာက္ေနတဲ့သူ႔ဒယ္ဒီကိုေတာင္ ကိုယ့္မွာ အက်ိဳးအေၾကာင္းမေျပာရဲပဲ ႀကိတ္ရွာခဲ့ရသည္။
တစ္ညလံုးမအိပ္ပဲ အင္တိုက္အားတိုက္ရွာေဖြေသာ္ျငား အစအနပင္ မေတြ႕ခဲ့။
အိပ္ဖို႔ေတာင္ ေက်ာမခ်ရဲပဲ ပူေလာင္ခဲ့သမ်ွ တစ္ညတာသည္ မနက္မိုးလင္းမွ သားသူငယ္ခ်င္းေတြဆီက ေတြ႕ၿပီျဖစ္ေၾကာင္းဖုန္းဆက္လာမွ သက္ပ်င္းခ်နိုင္ခဲ့တာပင္။
ခုဒီေရာက္ေတာ့လည္း သားက ကုတင္ေပၚမွာ ေဆးပိုက္တန္းလန္းျဖင့္ ျဖဴ ေဖ်ာ့စြာအိပ္ေပ်ာ္ေနခဲ့သည္။
" ကြၽန္ေတာ္ ၾကမ္းၾကမ္းတမ္းတမ္းမလုပ္ပါဘူး။ ေနမေကာင္းတာကလည္း
ညက အေအးႀကီးထဲ တစ္ညလံုးနီးပါး
ေနလိုက္သလိုျဖစ္သြားလို႔ပါ ။ကြၽန္ေတာ္ေတာင္းပန္ပါတယ္။ "
"တစ္ညလံုးႀကီးေတာင္မွ..ဟင့္"
ေဒၚဟန္နီဦး မထိန္းနိုင္ေတာ့ပါေခ်။
သားက ႏုနယ္လြန္းတာ ေမြးထားတဲ့ ဒီအေမ အသိဆံုး။
ဒါေလးတစ္ေယာက္ပဲ ရွားရွားပါးပါး ရထားေတာ့ ေရႊဘံုေလးရဲ႕ ဒယ္ဒီေတာင္မွ
သူ႔သားကို စကားၾကမ္းၾကမ္းျဖင့္ မဆံုးမဖူးခဲ့ပါ။ ဆံုးမစရာမလိုေလာက္ေအာင္ကို သူတို႔အိမ္က ကေလးက လိမ္မာခဲ့သည္။
ခုေတာ့ သူေ႐ြးခ်ယ္ခဲ့တဲ့ အမ်ိဳးသားနဲ႔
ဒီကေလး ေနမ်ားေနနိုင္ပါ့မလား။
အိမ္ကလည္း မညစ္ပတ္ေပမဲ့ သားအခန္းေလာက္ေတာင္မွမရွိတဲ့ ခပ္ေသးေသး။
ပတ္ဝန္းက်င္ကလည္း ဆူဆူညံညံ။
ေနနိုင္မွာမဟုတ္ဘူး ဟူ၍ ေတြးမိေတာ့
မ်က္ရည္က မဆဲေတာ့ေပ။
"ဟို..မငိုပါနဲ႔ အန္တီ ၊ ညေနေလာက္ဆို ေနျပန္ေကာင္းပါၿပီ "
ေရးညိဳ႕ထင္ ေဖ်ာင္းဖ်ရင္း ေဘးမွာ စူးစူးစမ္းစမ္းၾကည့္ေနတဲ့ ေကာင္မေလးနွစ္ေယာက္နဲ႔ ညီေတာ္ေမာင္ကို မ်က္စပစ္၍ အကူညီေတာင္းမိသည္။
ေရာက္ကတည္းက လူကို ဘယ္လိုအၾကည့္ေတြနဲ႔ လာၾကည့္ေနမွန္းမသိ။
" ဟုတ္တယ္ အန္တီဟန္နီ ။ ဒီကိစၥက ငိုေနလို႔မၿပီးဘူး။ သမီးတို႔ တစ္ခါထဲ ၿပီးျပတ္ေအာင္ လုပ္ဖို႔က်န္ေသးတယ္။ "
ၾကည္ႏူးေျပာေတာ့ ေဒၚဟန္နီဦး မ်က္ရည္သုတ္ကာ ေခါင္းေမာ့လာသည္။
" သားေယာက်ာ္းေလးျဖစ္ေပမဲ့ ခိုးေျပးတာကိုေတာ့ အန္တီတို႔လက္မခံနိုင္ဘူး ။
ဒါေပမဲ့ ျဖစ္ၿပီးမွေတာ့ အန္တီ ဘာမွမေျပာလိုေတာ့ဘူး။မင္းဖက္က လက္ထပ္ပြဲ မလုပ္ေပးနိုင္ေတာင္မွ လက္မွတ္ထိုးတာေလာက္ထိေတာ့..."
"ေန..ေနပါဦး အန္တီ ။ ကြၽန္ေတာ္တို႔က ဘာလို႔လက္ထပ္ရမွာလဲ။ မဟုတ္ဘူး
ကြၽန္ေတာ္..တို႔က ဒီတိုင္းရုိးရုိးသားသား "
ဒီရေမာင္ ကိုထင္ရဲ႕ လက္ကိုဆြဲလိုက္ၿပီး
ဟန္႔တားလိုက္သည္။
ညက အိမ္မွာ သူျပန္မအိပ္ေပ။
ကိုထင္ သူျပန္ေရာက္ေနၿပီဆိုတဲ့အေၾကာင္းနဲ႔ အိမ္မွာ ေရႊဘံုပါ အတူရွိေနတဲ့ အေၾကာင္းကို ရိပ္ဖမ္းသံဖမ္းေျပာၿပီး သူ႔ကိုျပန္လာခိုင္းခဲ့သည္။
ဒီဖက္မွာလည္းေရႊဘံုက ခိုးရာလိုက္ေျပးသည္ဆိုၿပီး ပြက္ေလာရုိက္ေနသည္မို႔
အက်ိဳးအေၾကာင္း စိတ္မပူရေအာင္ ေကသီဆီသူဖုန္းဆက္ေျပာလိုက္၏
အတူျပန္လာတာမဟုတ္ေပမဲ့ တိုက္ခန္းေရွ႕ကို အတူ စံုမိၾကၿပီး အခန္းတြင္းကို သူကိုယ္တိုင္ေသာ့ဖြင့္ေပးရင္းဝင္ခဲ့ၾက ရာ ကိုထင္ ကုတင္ေပၚမွာ ေရႊဘံုက ေဆးပိုက္ခ်ိတ္ၿပီးအိပ္ေပ်ာ္ေနသလို ကိုထင္ကလည္း ေဘးမွာ အတူ အိပ္ေပ်ာ္လ်က္ေတြ႕ရွိခဲ့ရသည္။
"ေန႔ခင္း အေမတို႔ေရာက္မယ္ ကိုထင္၊ ငါလွမ္းေခၚလိုက္တာ "
" ဒီရေမာင္ မင္းကပါ ငါ့ကို .."
ေရးညိဳ႕ထင္ လတ္တေလာ အေျခေနကို ဘယ္လိုရွင္းျပရမွန္းမသိေအာင္ ပူေလာင္လ်က္ရွိသည္။ ေရႊဘံုဆိုတဲ့ ေကာင္ေလးက အတူေျဖရွင္းေပးဖို႔ေနေနသာသာ ျပသနာေပါင္းစံု သယ္ၿပီး သူကေတာ့ ေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္ေနလ်က္။
" ကိုေရးညိဳ႕ထင္ကို ၾကည္ႏူးေရာ ၊ ေကသီေရာ ေလးစားခဲ့တယ္ဆိုတာ မွန္ေသာ စကားပါ။ အဲ့ဒါေၾကာင့္ ခုလတ္တေလာ ရွက္ေနေသးတယ္ဆိုရင္ေတာင္
ေရႊဘံု သိကၡာက်ေအာင္ ဇြတ္မျငင္းပါနဲ႔လား။ ေနာက္လည္းမပတ္သတ္ရမဲ့သူေတြမွမဟုတ္တာ။ေရႊဘံု ကို ဒီတိုက္ခန္းမွာ အတူတူ လက္ဆုပ္လက္ကိုင္ ေတြ႕ခဲ့တာကိုေတာင္ ဆက္ျငင္းေနမယ္ဆိုရင္ ကိုေရးညိဳ႕ထင္ ရဲ႕ မိဘေတြနဲ႔ပဲ ဆက္ၿပီး စကားေျပာဖို႔ပဲ "
ေရးညိဳ႕ထင္ သက္ျပင္းခ်လ်က္ လက္ကာျပလိုက္သည္။ ရွင္းျပေလ ပိုဆိုးေလျဖစ္သည့္အျပင္ ကိုယ္ေျပာတာကိုလည္း ဘယ္သူမွ နားမေထာင္ေပးၾကတာက ဆိုးလြန္းသည္။ ၿပီးေတာ့ မိေကာင္းဖခင္သားသမီးပီပီ ဆံုးမမဲ့ မိဘမရွိေတာ့ေပမဲ့ သူ႔မွာ အသိစိတ္ေတာ့ ရွိပါေသးသည္။
" ကြၽန္ေတာ္က မိဘမရွိတဲ့ တစ္ေကာင္ႂကြက္ပါ။ ေကာင္ကေလးလည္း မနိုးေသးဘူးဆိုေတာ့ လက္ထပ္ဖို႔ သူလက္ခံ၊ မခံေမးပါအံုးမယ္။ အကယ္၍ ကြၽန္ေတာ္အရိပ္မွာ ဘယ္သူ႔အကူအညီ အေထာက္အပံ့မွ မယူပဲ
သူေနနိုင္တယ္ဆိုရင္ေတာ့ လက္ထပ္ဖို႔
ခ်က္ျခင္းစီစဥ္ပါ့မယ္ "
" ဘယ္သူ႔အကူအညီ အေထာက္အပံ့မွမယူရဘူး ဆိုတာ ဘာကိုေျပာတာလဲ။
မင္းဆိုလိုခ်င္တာက အန္တီတို႔နဲ႔လံုးဝ ပတ္သတ္လို႔မရဘူးလို႔ ကေလးကို ကန္႔သတ္ခ်င္တာလား "
ေဒၚဟန္နီဦး ေဘးမွမရွိတဲ့ ေယာက်ာ္းျဖစ္သူကိုသာ ေဒါသထြက္မိေတာ့သည္။
အပူေပးတယ္ျဖစ္မွာစိုးလို႔ အေၾကာင္းမၾကားခဲ့ေပမဲ့ ဒီျပသနာကို သူလည္း မေျဖရွင္းနိုင္ေတာ့ေပ။
ေရးညိဳ႕ထင္ဆိုတဲ့ ေကာင္ေလးက သားထက္ အသက္ႀကီးပံုရေပမဲ့ ဘုန္းခန္႔ထည္ထက္ေတာ့ ပိုၿပီးတည္ၿငိမ္ရင့္က်က္သည္ဆိုတာ ကိုယ္တိုင္ မ်က္ျမင္မို႔ သေဘာမက်သည့္စိတ္ေတာ့မရွိ။ ဒါေပမဲ့
ခုထိ သေဘာထားမတိုက္ဆိုင္ေသးတာကိုေတာ့ သူမအေနျဖင့္ စိတ္ေမာ လူေမာရွိေနတုန္းပင္။
အေၾကာႀကီးနဲ႔ေျပာတာလို႔စြပ္စြဲရေအာင္လည္း ေလသံမာမာရယ္လည္းမဆို၊
အခ်ိဳးမေျပတဲ့ အေျပာအဆိုလည္းမရွိလွတာမို ႔ ေဒၚဟန္နီဦးလည္း ငါအေမဟဲ့ဆိုၿပီး ဆိုဆဲဖို႔လည္းမျဖစ္နိုင္။
" ကြၽန္ေတာ္ဆိုလိုတာအဲ့ဒီသေဘာမဟုတ္ပါဘူး။ သူျပန္ခ်င္တဲ့အခ်ိန္၊ ေတြ႕ခ်င္တဲ့အခ်ိန္ အန္တီတို႔နဲ႔ လြတ္လပ္စြာ ေတြ႕ခြင့္ရွိပါတယ္။ အတူေနမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ ဆူဆံုးမ မူ႔ေအာက္မွာ ေနရမယ္။
ကြၽန္ေတာ္ရွာေကြၽးတာ သူစားရမယ္။
ဆိုလိုတာက အန္တီတို႔ အကူအညီကို
နည္းနည္းေလးေတာင္မွ မယူေစခ်င္တာပါ။ ခ်မ္းသာတဲ့ ေယာက္ခမ ေတြဆီက လက္ျဖန္႔ေတာင္းတယ္ဆိုၿပီး သြားပုပ္ေလလြင့္အေျပာအဆိုမခံနိုင္တာက ကြၽန္ေတာ္မာနပါ။ ျဖစ္လာၿပီးမွေတာ့ ဘာဆင္ေျခမွ ကြၽန္ေတာ္မေပးေတာ့ဘူး။ ဖူးစာပါ လာလို႔ပဲ သတ္မွတ္ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ သိကၡာတရားနဲ႔ ေကာင္ကေလးရဲ႕ သိကၡာေၾကာင့္ အန္တီတို႔ ဖက္က ဒီကိစၥကို
ဒီမွာပဲ ၿပီးသြားေစခ်င္တယ္"
စကားဆံုးသည္နွင့္ မတ္ေနေသာ ေက်ာျပင္သည္
ခ်က္ျခင္းျပဳတ္က်သြားတာ ေဒၚဟန္နီဦး မဟုတ္တဲ့အတိုင္းပင္။ မတင္မက်စိတ္သည္ အနည္းငယ္မ်ွ ေလ်ာ့နည္းသြားၿပီ မို႔ စိတ္ေအးလက္ေအးေတာ့ ရွိသြားေခ်၏။
ညေနအကိုလာရင္ေတာ့ သူမ ကိုဆူေလမလား။
အနည္းငယ္ ေအးခ်မ္းသြားၿပီမို႔
ျပသာနာကို ျပန္လည္သံုးသပ္မိသည္။
ထို႔ေၾကာင့္ ေခါင္းညိမ့္ျပၿပီး ပိုက္ဆံအိတ္ကို လက္မွာ ခ်ိတ္၍ နႈတ္ဆက္လိုက္သည္။
" အန္တီတို႔ ျပန္မယ္ ။ မနက္ဖန္ အိမ္မွာ လူႀကီး စံုရာနဲ႔ လာေတြ႕လွည့္ပါ။
ဘာပကာသနမွ မလိုဘူး။ အေလးအနက္
ရွိဖို႔ ၊မဂၤလာရွိဖို႔ပဲလိုတယ္ "
ျပန္လည္ထြက္ခြာသြားသည့္တိုင္ ေရးညိဳ႕ထင္ သက္ျပင္းခ် မၿပီး။
ဘယ္သူ႔အမွားလို႔ေျပာရမွန္းမသိေအာင္
ျပသာနာက သူ႔ေခါင္းေပၚဦးတည္၍ လာေနတာပင္။
မဟုတ္ဘူးဟူ၍ ျငင္းဆန္ခ်င္ေသာ္ျငား
ေကာင္ကေလးရဲ႕ သိကၡာက ရွိေသးသည္။
ဘာျဖစ္လာတယ္ဆိုတာ အက်ိဳးအေၾကာင္းေမးၿပီး ျဖစ္ခ်င္တဲ့ အတိုင္း ဦးေဆာင္ လုပ္ေပးဖို႔ စဥ္းစားထား၏။
" အႀကိဳက္ေျပာင္းသြားတာလား ထင္ထင္
၊ ေျပာင္းမယ္ဆိုရင္ေတာ့ေျပာင္းေလာက္စရာပဲ ၊ အဲ့ေကာင္ေလးက မ်က္မွန္မပါရင္ ေတာ္ေတာ္လွတယ္ "
" ဒီရေမာင္ မင္းကို ငါမထိုးခ်င္ဘူးေနာ္ ၊ ပါးစပ္ပိတ္ၿပီး တိတ္ေနလိုက္ေတာ့ "
သူ႔ေရွ႕ အေအးတစ္ဘူး ခ်ေပးရင္း ဒီရေမာင္က စပ္ၿဖဲၿဖဲရယ္ေနသည္။
တကယ္စိတ္တိုစရာေကာင္းတဲ့ေကာင္။
ျပသနာကို မီးထြန္းရွာတဲ့ ၿဂိဳလ္ဆိုးေကာင္ ။
လက္ထက္ဖို႔ကို ဘယ္လိုမွ ဝန္ထုတ္ဝန္ပိုးျဖစ္မေနေပမဲ့
ခ်က္ျခင္းႀကီး ေကာင္ကေလး တစ္ေယာက္နဲ႔ မွားယြင္း စြပ္စြဲခံရတဲ့ ခံစားခ်က္ကေတာ့ ေကာင္းမေနေပ။
ဒါထဲက ညေန ေဒၚေလး လာရင္
တပူပူတညံညံက လုပ္ခံရဦးမယ္ ။
ဟူးးး
စိတ္ပင္ပန္းလိုက္တာ တကယ္ပဲ။
" စြံရေတာ့မွာေတြးၿပီး စိတ္ညစ္ေနရင္ေတာ့ စိတ္ေလ်ာ့လိုက္ေတာ့ ၊ မင္းလက္ထပ္ရမွာ ေယာက်ာ္းေလးဆိုေပမဲ့ နာမည္နဲ႔လိုက္ေအာင္ ေရႊဘံုေပၚစံေနရတဲ့ သူေဌးသား။ ေတာ္ရုံခ်မ္းသာတာမဟုတ္ဘူးေနာ္ ၊ ေရႊတြင္းႀကီးကို လက္ဝယ္ပိုက္ထားတာ "
ေရးညိဳ႕ထင္ မ်က္ေမွာင္ႀကံဳ႕ကာ လက္ဟန္ေျခဟန္ျဖင့္ ေသခ်ာ လုပ္ျပေနတဲ့ ဒီရအားစိတ္မရွည္စြာၾကည့္လိုက္သည္။
ဒီေကာင္ သူ႔ကိုေငြမက္တဲ့ေကာင္မ်ားထင္ေနတာလား။
" ငါနာမည္ ေရးညိဳ႕ထင္ ။ နာမည္သံုးလံုးနဲ႔ေနေပမဲ့ မာနတရားကို ပုခံုးေပၚထမ္းၿပီး မားမားမတ္မတ္ေနတဲ့သူ ၊ ေနာက္ မင္းပါးစပ္က ငါ့ကိုေစာ္ကားတဲ့ စကားေျပာရင္
ငါ့လက္သီးက ညီေသာ ဘာေသာ နားလည္မွာမဟုတ္ဘူး "
ဒီရေမာင္ ပါးစပ္ပိတ္၍ ေနရာမွ ထထြက္သြားသည္။ မပိတ္လို႔လည္းမရေပ။
ကိုထင္က ေဒါသထြက္ရင္ တကယ္တီးတာ ၊ အခန္႔မသင့္ရင္ ဆန္ျပဳတ္ေန႔တိုင္းနီးပါးေသာက္ရနိုင္သည္မို႔ သူဆက္မေျပာရဲေပ။
__________
နာရီသံ တခ်က္ခ်က္သည္ တိတ္ဆိတ္မူ႔ကိုေဖာ္က်ဴ း၍ အလံုးစံုျပတ္သားစြာ ၾကားေနရသည္။
ေရႊဘံုသည္ တုန္ရီစြာ သူ႔လက္ကေလးကိုပြတ္ေျခရင္း မ်က္နွာခ်င္းဆိုင္ခံုမွာ လက္ပိုက္ရင္း သူ႔အား ေသခ်ာအကဲခတ္ေနေသာ
ကိုထင္ကို မဝင့္မရဲၾကည့္မိ၏။
နိုးနိုးခ်င္း သူ ေရာက္ရွိေနေသာ ေနရာသည္
ကိုထင္အိမ္ ျဖစ္မွန္းအံ့ၾသစြာသိရွိရၿပီးေနာက္မွာ ေမ်ွာ္မွန္းမထားေသာ အျဖစ္အပ်က္မ်ားသည္လည္း စီးႀကိဳ၍ ေနခဲ့သည္။
အလံုးစံုသည္ ေရႊဘံု သယ္ေဆာင္လာေသာ မီးစ ျဖစ္ၿပီး ထိုအပူမီးသည္ ကိုထင္ကို ေလာင္ကြၽမ္းေစမတက္ျဖစ္ခဲ့ရတာကိုေတာ့ ေရႊဘံုလည္းမရည္႐ြယ္ခဲ့ေပ။
" ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ၊ ကိုထင္ေက်နပ္ေအာင္ တစ္ခုခု လုပ္ေပးဖို႔ ကြၽန္ေတာ္..."
"မင္း ငါ့ကို လက္ထပ္ခ်င္စိတ္ရွိရဲ႕လား ေရႊဘံု "
"ဗ်ာ "
အာေမဋိတ္သံ က်ယ္က်ယ္ ျပဳမိသည္ထိ ေရႊဘံုအံ့ၾသမိသည္။
ကိုထင္ပံုစံကလည္း စေနာက္ေနတာမိ်ဳး မရွိပဲ ေရႊဘံုထံပါးမွာ အေျဖကို ေသခ်ာေမ်ွာ္လင့္လ်က္ရွိေနတာကို ေသခ်ာမသဲကြဲေပမဲ့ အသိျဖင့္ခံစားသိေနမိသည္။
" မင္း မိန္းမေတြကို မႀကိဳက္ဘူးလို႔ေျပာတုန္းက ကိုယ္သတိမထားမိလိုက္ဘူး။ "
" ကြၽန္ေတာ္..."
ေရႊဘံု တမင္လ်ိဳ႕ဝွက္ထားတာမဟုတ္ေၾကာင္းေျဖရွင္းဖို႔ႀကိဳးစားေပမဲ့ ေရးညိဳ႕ထင္က ဆက္ေျပာခြင့္မေပးခဲ့ေပ။
" မဟုတ္ဘူး ကိုယ္မင္းကို အျပစ္တင္ခ်င္တာမဟုတ္ဘူး။ ခုျဖစ္သြားတဲ့ ကိစၥမွာလည္း မင္းရည္႐ြယ္ခ်က္ရွိရွိလုပ္ခဲ့တာမဟုတ္ဘူးဆိုတာ ကိုယ္ယံုၾကည္တယ္။
ဘာပဲေျပာေျပာ အထင္လြဲတဲ့သူက လြဲၿပီးသြားၾကၿပီ ၊ ေျဖရွင္းဖို႔ႀကိဳးစားခဲ့ေပမဲ့ ကိုယ့္ကိုတာဝန္မယူခ်င္ပဲေရွာင္ဖယ္ဖို႔ ႀကိဳးစားေနတယ္သူလို႔ သူတို႔ထင္ေနၾကတယ္။ ကိုယ့္သိကၡာအရေရာ ၊ မင္းကိုယ္က်င့္တရားအရေရာ ကိုယ့္ကို လက္ထပ္ဖို႔ သေဘာတူ၊ မတူ မင္းပဲေ႐ြးခ်ယ္ရမွာ ။ ကိုယ့္ဖက္က မင္းျဖစ္ခ်င္တာကို လိုက္ေလ်ာေပးဖို႔ အဆင္သင့္ပဲ။ တစ္ခုေတာ့ရွိတယ္။ အဲ့ဒါ မင္း ကိုယ့္အရိပ္ေအာက္ေနဖို႔ ေ႐ြးခ်ယ္ၿပီးသြားရင္ တျခားဘယ္ကိုမွ ထပ္ေ႐ြးဖို႔ အခြင့္အေရးမရွိေတာ့ဘူး "
ေရႊဘံုက ေရးညိဳ႕ထင္ မ်က္လံုးထဲမွာ ဘာေတြရွိေနလည္းဆိုတာ ရွာေဖြေနတာကို ျမင္ေနရသည္။
တကယ္ေတာ့ ပုလင္းဖင္ေလာက္ မ်က္မွန္မရွိဘူးဆိုမွ အျမင္အာရုံကြဲျပားဖို႔လည္း တက္နိုင္မွာမဟုတ္။
မျမင္ရမွန္းသိေတာ့ လက္ေလ်ာ့ကာ ေခါင္းငိုက္က်သြားသည္။
ဒီေကာင္ေလးက ကေလးနဲ႔တူတယ္။
စိတ္ခံစားခ်က္အကုန္လံုးကို မေျပာျပပဲနဲ႔ေတာင္ တဖက္လူက သိနိုင္တဲ့ရုပ္မ်ိဳး။
မ်က္ေတာင္ေလးပုတ္တာပဲျဖစ္ ၊ မ်က္လံုးတစ္ခ်က္ဝင့္လိုက္တာပဲျဖစ္ျဖစ္၊
ေငးၾကည့္မိသြားေအာင္ တကယ္လွတယ္။
ရွင္းရွင္းလင္းလင္းျမင္ေနရတဲ့မ်က္နွာထားကို အခြင့္ေရးရတုန္း ေရးညိဳ႕ထင္ ဒီတိုင္းၾကည့္ေနလိုက္သည္။ ထူးဆန္းတာက တေနကုန္ ပူပင္ေနတဲ့ ေသာကေတြသည္
ေကာင္ကေလးကို ျမင္လိုက္သည့္အခ်ိန္မွစ၍ ရင္ထဲမွာ တစိုးတစိေတာင္မရွိပဲ ေပ်ာက္ဆံုးသြားတာျဖစ္သည္။
ေဝ့ဝါးေနတာမ်ိဳးထိ ျမင္လႊာဆိုးေနတာ မဟုတ္ေတာ့ သူၾကည့္ေနတာကို သိပံုပင္၊ ပါးေလးေတြသိသိသာသာရဲလာတာကအစ တစ္ခုမွ မ်က္စိမလြဲခ်င္စရာ ။
အားရေအာင္ၾကည့္ၿပီးၿပီးဆိုမွ ေရးညိဳ႕ထင္မ်က္စိလႊဲလိုက္သည္။
" မင္းဆံုးျဖတ္ရခက္ေနတယ္ဆိုရင္
လက္ထပ္ဖို႔ပဲ ေ႐ြးၾကတာေပါ့။
ကိုယ္နဲ႔မင္း ခ်စ္သူေတြမဟုတ္ၾကေပမဲ့
ခ်စ္ၾကည့္ဖို႔ေတာ့ ကိုယ္ႀကိဳးစားမွာပါ။
မင္းအေနနဲ႔လည္း ကိုယ့္အရိပ္မွာ ေပ်ာ္ဖို႔ ေမ်ွာ္လင့္တယ္ ေကာင္ကေလး။ ခဏနားလိုက္ ၊ ညေန၃နာရီေက်ာ္ရင္ ပုသိမ္က ကိုယ့္အေဒၚေရာက္လာလိမ့္မယ္။ မင္းဟာလဝါ ႀကိဳက္လား "
ဘာမဆိုင္ညာမဆိုင္ အစားေသာက္ဖက္ေရာက္သြားေတာ့လည္း ခ်က္ခ်င္း ေခါင္းညိမ့္ျပလာသည္။
ေရးညိဳ႕ထင္ ေသခ်ာျပန္ၾကည့္ရင္း ၿပံဳးလိုက္မွန္းသိေတာ့လည္း ရွက္သြားျပန္သည္။
ေနမေကာင္းေနတာေၾကာင့္ မ်က္နွာေလးပန္းေရာင္သန္းေနတာကအစ ၾကည့္ရတာ တမ်ိဳးေလး ၊ မသိရင္ စားစရာအသီးေလးနဲ႔ေတာင္တူေသး။
ဘာအသီးေနေန အားရပါးရႀကိဳက္တက္တဲ့ ေရးညိဳ႕ထင္နဲ႔ အသီးနဲ႔တူတဲ့ေကာင္ေလးနဲ႔ေတာ့ အင္း....
ခက္ေတာ့ ခက္ေနၿပီ ။
အိမ္ေထာင္ တစ္ခုျပဳ ဖို႔ ဘယ္အတိုင္းအတာထိ ခက္ခဲမလဲ။
ေထာင္နဲ႔တူေသာ အခ်ဳပ္အေနွာင္တဲ့။
ကိုယ္ကေတာ့ သံေယာဇဥ္ေတြနဲ႔ပဲ ခ်ည္ေနွာင္ခ်င္တယ္ ။
အမွတ္တမဲ့ ျဖစ္လာတဲ့ ကံၾကမၼာကို အျပစ္မဖြဲ႕ခ်င္ဘူး ေရႊဘံု ။
ျဖစ္လာၿပီးမွေတာ့ ကံေကာင္းမူ ႔တစ္ခု႔ျဖစ္ သတ္မွတ္ၿပီး ကိုယ္မင္းကို ၾကင္နာမွာပါ။
တစ္ခုပဲ မင္းကိုယ့္ကို ယံုၾကည္ဖို႔ပဲလိုတယ္။
ခ်စ္တဲ့အိမ္စည္။
" နေမကောင်းဖြစ်ရအောင်ထိ ..သားကို မင်းဘယ်လောက်တောင် "
ဒေါ်ဟန်နီဦး ဆက်မပြောတော့ပဲ
ကျဆင်းလာတော့မဲ့ဆဲဆဲ မျက်ရည်ကို လက်ဖြင့်ပွတ်ဆွဲဖယ်သုတ်လိုက်၏။
ခိုးရာလိုက်ပြေးသွားပါပြီ ဆိုတဲ့စကားကို
မယုံလို့ နိုင်ငံရပ်ခြားရောက်နေတဲ့သူ့ဒယ်ဒီကိုတောင် ကိုယ့်မှာ အကျိုးအကြောင်းမပြောရဲပဲ ကြိတ်ရှာခဲ့ရသည်။
တစ်ညလုံးမအိပ်ပဲ အင်တိုက်အားတိုက်ရှာဖွေသော်ငြား အစအနပင် မတွေ့ခဲ့။
အိပ်ဖို့တောင် ကျောမချရဲပဲ ပူလောင်ခဲ့သမျှ တစ်ညတာသည် မနက်မိုးလင်းမှ သားသူငယ်ချင်းတွေဆီက တွေ့ပြီဖြစ်ကြောင်းဖုန်းဆက်လာမှ သက်ပျင်းချနိုင်ခဲ့တာပင်။
ခုဒီရောက်တော့လည်း သားက ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းဖြင့် ဖြူ ဖျော့စွာအိပ်ပျော်နေခဲ့သည်။
" ကျွန်တော် ကြမ်းကြမ်းတမ်းတမ်းမလုပ်ပါဘူး။ နေမကောင်းတာကလည်း
ညက အအေးကြီးထဲ တစ်ညလုံးနီးပါး
နေလိုက်သလိုဖြစ်သွားလို့ပါ ။ကျွန်တော်တောင်းပန်ပါတယ်။ "
"တစ်ညလုံးကြီးတောင်မှ..ဟင့်"
ဒေါ်ဟန်နီဦး မထိန်းနိုင်တော့ပါချေ။
သားက နုနယ်လွန်းတာ မွေးထားတဲ့ ဒီအမေ အသိဆုံး။
ဒါလေးတစ်ယောက်ပဲ ရှားရှားပါးပါး ရထားတော့ ရွှေဘုံလေးရဲ့ ဒယ်ဒီတောင်မှ
သူ့သားကို စကားကြမ်းကြမ်းဖြင့် မဆုံးမဖူးခဲ့ပါ။ ဆုံးမစရာမလိုလောက်အောင်ကို သူတို့အိမ်က ကလေးက လိမ်မာခဲ့သည်။
ခုတော့ သူရွေးချယ်ခဲ့တဲ့ အမျိုးသားနဲ့
ဒီကလေး နေများနေနိုင်ပါ့မလား။
အိမ်ကလည်း မညစ်ပတ်ပေမဲ့ သားအခန်းလောက်တောင်မှမရှိတဲ့ ခပ်သေးသေး။
ပတ်ဝန်းကျင်ကလည်း ဆူဆူညံညံ။
နေနိုင်မှာမဟုတ်ဘူး ဟူ၍ တွေးမိတော့
မျက်ရည်က မဆဲတော့ပေ။
"ဟို..မငိုပါနဲ့ အန်တီ ၊ ညနေလောက်ဆို နေပြန်ကောင်းပါပြီ "
ရေးညို့ထင် ဖျောင်းဖျရင်း ဘေးမှာ စူးစူးစမ်းစမ်းကြည့်နေတဲ့ ကောင်မလေးနှစ်ယောက်နဲ့ ညီတော်မောင်ကို မျက်စပစ်၍ အကူညီတောင်းမိသည်။
ရောက်ကတည်းက လူကို ဘယ်လိုအကြည့်တွေနဲ့ လာကြည့်နေမှန်းမသိ။
" ဟုတ်တယ် အန်တီဟန်နီ ။ ဒီကိစ္စက ငိုနေလို့မပြီးဘူး။ သမီးတို့ တစ်ခါထဲ ပြီးပြတ်အောင် လုပ်ဖို့ကျန်သေးတယ်။ "
ကြည်နူးပြောတော့ ဒေါ်ဟန်နီဦး မျက်ရည်သုတ်ကာ ခေါင်းမော့လာသည်။
" သားယောကျာ်းလေးဖြစ်ပေမဲ့ ခိုးပြေးတာကိုတော့ အန်တီတို့လက်မခံနိုင်ဘူး ။
ဒါပေမဲ့ ဖြစ်ပြီးမှတော့ အန်တီ ဘာမှမပြောလိုတော့ဘူး။မင်းဖက်က လက်ထပ်ပွဲ မလုပ်ပေးနိုင်တောင်မှ လက်မှတ်ထိုးတာလောက်ထိတော့..."
"နေ..နေပါဦး အန်တီ ။ ကျွန်တော်တို့က ဘာလို့လက်ထပ်ရမှာလဲ။ မဟုတ်ဘူး
ကျွန်တော်..တို့က ဒီတိုင်းရိုးရိုးသားသား "
ဒီရမောင် ကိုထင်ရဲ့ လက်ကိုဆွဲလိုက်ပြီး
ဟန့်တားလိုက်သည်။
ညက အိမ်မှာ သူပြန်မအိပ်ပေ။
ကိုထင် သူပြန်ရောက်နေပြီဆိုတဲ့အကြောင်းနဲ့ အိမ်မှာ ရွှေဘုံပါ အတူရှိနေတဲ့ အကြောင်းကို ရိပ်ဖမ်းသံဖမ်းပြောပြီး သူ့ကိုပြန်လာခိုင်းခဲ့သည်။
ဒီဖက်မှာလည်းရွှေဘုံက ခိုးရာလိုက်ပြေးသည်ဆိုပြီး ပွက်လောရိုက်နေသည်မို့
အကျိုးအကြောင်း စိတ်မပူရအောင် ကေသီဆီသူဖုန်းဆက်ပြောလိုက်၏
အတူပြန်လာတာမဟုတ်ပေမဲ့ တိုက်ခန်းရှေ့ကို အတူ စုံမိကြပြီး အခန်းတွင်းကို သူကိုယ်တိုင်သော့ဖွင့်ပေးရင်းဝင်ခဲ့ကြ ရာ ကိုထင် ကုတင်ပေါ်မှာ ရွှေဘုံက ဆေးပိုက်ချိတ်ပြီးအိပ်ပျော်နေသလို ကိုထင်ကလည်း ဘေးမှာ အတူ အိပ်ပျော်လျက်တွေ့ရှိခဲ့ရသည်။
"နေ့ခင်း အမေတို့ရောက်မယ် ကိုထင်၊ ငါလှမ်းခေါ်လိုက်တာ "
" ဒီရမောင် မင်းကပါ ငါ့ကို .."
ရေးညို့ထင် လတ်တလော အခြေနေကို ဘယ်လိုရှင်းပြရမှန်းမသိအောင် ပူလောင်လျက်ရှိသည်။ ရွှေဘုံဆိုတဲ့ ကောင်လေးက အတူဖြေရှင်းပေးဖို့နေနေသာသာ ပြသနာပေါင်းစုံ သယ်ပြီး သူကတော့ အေးအေးချမ်းချမ်းအိပ်ပျော်နေလျက်။
" ကိုရေးညို့ထင်ကို ကြည်နူးရော ၊ ကေသီရော လေးစားခဲ့တယ်ဆိုတာ မှန်သော စကားပါ။ အဲ့ဒါကြောင့် ခုလတ်တလော ရှက်နေသေးတယ်ဆိုရင်တောင်
ရွှေဘုံ သိက္ခာကျအောင် ဇွတ်မငြင်းပါနဲ့လား။ နောက်လည်းမပတ်သတ်ရမဲ့သူတွေမှမဟုတ်တာ။ရွှေဘုံ ကို ဒီတိုက်ခန်းမှာ အတူတူ လက်ဆုပ်လက်ကိုင် တွေ့ခဲ့တာကိုတောင် ဆက်ငြင်းနေမယ်ဆိုရင် ကိုရေးညို့ထင် ရဲ့ မိဘတွေနဲ့ပဲ ဆက်ပြီး စကားပြောဖို့ပဲ "
ရေးညို့ထင် သက်ပြင်းချလျက် လက်ကာပြလိုက်သည်။ ရှင်းပြလေ ပိုဆိုးလေဖြစ်သည့်အပြင် ကိုယ်ပြောတာကိုလည်း ဘယ်သူမှ နားမထောင်ပေးကြတာက ဆိုးလွန်းသည်။ ပြီးတော့ မိကောင်းဖခင်သားသမီးပီပီ ဆုံးမမဲ့ မိဘမရှိတော့ပေမဲ့ သူ့မှာ အသိစိတ်တော့ ရှိပါသေးသည်။
" ကျွန်တော်က မိဘမရှိတဲ့ တစ်ကောင်ကြွက်ပါ။ ကောင်ကလေးလည်း မနိုးသေးဘူးဆိုတော့ လက်ထပ်ဖို့ သူလက်ခံ၊ မခံမေးပါအုံးမယ်။ အကယ်၍ ကျွန်တော်အရိပ်မှာ ဘယ်သူ့အကူအညီ အထောက်အပံ့မှ မယူပဲ
သူနေနိုင်တယ်ဆိုရင်တော့ လက်ထပ်ဖို့
ချက်ခြင်းစီစဉ်ပါ့မယ် "
" ဘယ်သူ့အကူအညီ အထောက်အပံ့မှမယူရဘူး ဆိုတာ ဘာကိုပြောတာလဲ။
မင်းဆိုလိုချင်တာက အန်တီတို့နဲ့လုံးဝ ပတ်သတ်လို့မရဘူးလို့ ကလေးကို ကန့်သတ်ချင်တာလား "
ဒေါ်ဟန်နီဦး ဘေးမှမရှိတဲ့ ယောကျာ်းဖြစ်သူကိုသာ ဒေါသထွက်မိတော့သည်။
အပူပေးတယ်ဖြစ်မှာစိုးလို့ အကြောင်းမကြားခဲ့ပေမဲ့ ဒီပြသနာကို သူလည်း မဖြေရှင်းနိုင်တော့ပေ။
ရေးညို့ထင်ဆိုတဲ့ ကောင်လေးက သားထက် အသက်ကြီးပုံရပေမဲ့ ဘုန်းခန့်ထည်ထက်တော့ ပိုပြီးတည်ငြိမ်ရင့်ကျက်သည်ဆိုတာ ကိုယ်တိုင် မျက်မြင်မို့ သဘောမကျသည့်စိတ်တော့မရှိ။ ဒါပေမဲ့
ခုထိ သဘောထားမတိုက်ဆိုင်သေးတာကိုတော့ သူမအနေဖြင့် စိတ်မော လူမောရှိနေတုန်းပင်။
အကြောကြီးနဲ့ပြောတာလို့စွပ်စွဲရအောင်လည်း လေသံမာမာရယ်လည်းမဆို၊
အချိုးမပြေတဲ့ အပြောအဆိုလည်းမရှိလှတာမို့ ဒေါ်ဟန်နီဦးလည်း ငါအမေဟဲ့ဆိုပြီး ဆိုဆဲဖို့လည်းမဖြစ်နိုင်။
" ကျွန်တော်ဆိုလိုတာအဲ့ဒီသဘောမဟုတ်ပါဘူး။ သူပြန်ချင်တဲ့အချိန်၊ တွေ့ချင်တဲ့အချိန် အန်တီတို့နဲ့ လွတ်လပ်စွာ တွေ့ခွင့်ရှိပါတယ်။ အတူနေမယ်ဆိုရင်တော့ ကျွန်တော် ဆူဆုံးမ မူ့အောက်မှာ နေရမယ်။
ကျွန်တော်ရှာကျွေးတာ သူစားရမယ်။
ဆိုလိုတာက အန်တီတို့ အကူအညီကို
နည်းနည်းလေးတောင်မှ မယူစေချင်တာပါ။ ချမ်းသာတဲ့ ယောက်ခမ တွေဆီက လက်ဖြန့်တောင်းတယ်ဆိုပြီး သွားပုပ်လေလွင့်အပြောအဆိုမခံနိုင်တာက ကျွန်တော်မာနပါ။ ဖြစ်လာပြီးမှတော့ ဘာဆင်ခြေမှ ကျွန်တော်မပေးတော့ဘူး။ ဖူးစာပါ လာလို့ပဲ သတ်မှတ်ပါတယ်။ ပြီးတော့ ကျွန်တော် သိက္ခာတရားနဲ့ ကောင်ကလေးရဲ့ သိက္ခာကြောင့် အန်တီတို့ ဖက်က ဒီကိစ္စကို
ဒီမှာပဲ ပြီးသွားစေချင်တယ်"
စကားဆုံးသည်နှင့် မတ်နေသော ကျောပြင်သည်
ချက်ခြင်းပြုတ်ကျသွားတာ ဒေါ်ဟန်နီဦး မဟုတ်တဲ့အတိုင်းပင်။ မတင်မကျစိတ်သည် အနည်းငယ်မျှ လျော့နည်းသွားပြီ မို့ စိတ်အေးလက်အေးတော့ ရှိသွားချေ၏။
ညနေအကိုလာရင်တော့ သူမ ကိုဆူလေမလား။
အနည်းငယ် အေးချမ်းသွားပြီမို့
ပြသာနာကို ပြန်လည်သုံးသပ်မိသည်။
ထို့ကြောင့် ခေါင်းညိမ့်ပြပြီး ပိုက်ဆံအိတ်ကို လက်မှာ ချိတ်၍ နှုတ်ဆက်လိုက်သည်။
" အန်တီတို့ ပြန်မယ် ။ မနက်ဖန် အိမ်မှာ လူကြီး စုံရာနဲ့ လာတွေ့လှည့်ပါ။
ဘာပကာသနမှ မလိုဘူး။ အလေးအနက်
ရှိဖို့ ၊မင်္ဂလာရှိဖို့ပဲလိုတယ် "
ပြန်လည်ထွက်ခွာသွားသည့်တိုင် ရေးညို့ထင် သက်ပြင်းချ မပြီး။
ဘယ်သူ့အမှားလို့ပြောရမှန်းမသိအောင်
ပြသာနာက သူ့ခေါင်းပေါ်ဦးတည်၍ လာနေတာပင်။
မဟုတ်ဘူးဟူ၍ ငြင်းဆန်ချင်သော်ငြား
ကောင်ကလေးရဲ့ သိက္ခာက ရှိသေးသည်။
ဘာဖြစ်လာတယ်ဆိုတာ အကျိုးအကြောင်းမေးပြီး ဖြစ်ချင်တဲ့ အတိုင်း ဦးဆောင် လုပ်ပေးဖို့ စဉ်းစားထား၏။
" အကြိုက်ပြောင်းသွားတာလား ထင်ထင်
၊ ပြောင်းမယ်ဆိုရင်တော့ပြောင်းလောက်စရာပဲ ၊ အဲ့ကောင်လေးက မျက်မှန်မပါရင် တော်တော်လှတယ် "
" ဒီရမောင် မင်းကို ငါမထိုးချင်ဘူးနော် ၊ ပါးစပ်ပိတ်ပြီး တိတ်နေလိုက်တော့ "
သူ့ရှေ့ အအေးတစ်ဘူး ချပေးရင်း ဒီရမောင်က စပ်ဖြဲဖြဲရယ်နေသည်။
တကယ်စိတ်တိုစရာကောင်းတဲ့ကောင်။
ပြသနာကို မီးထွန်းရှာတဲ့ ဂြိုလ်ဆိုးကောင် ။
လက်ထက်ဖို့ကို ဘယ်လိုမှ ဝန်ထုတ်ဝန်ပိုးဖြစ်မနေပေမဲ့
ချက်ခြင်းကြီး ကောင်ကလေး တစ်ယောက်နဲ့ မှားယွင်း စွပ်စွဲခံရတဲ့ ခံစားချက်ကတော့ ကောင်းမနေပေ။
ဒါထဲက ညနေ ဒေါ်လေး လာရင်
တပူပူတညံညံက လုပ်ခံရဦးမယ် ။
ဟူးးး
စိတ်ပင်ပန်းလိုက်တာ တကယ်ပဲ။
" စွံရတော့မှာတွေးပြီး စိတ်ညစ်နေရင်တော့ စိတ်လျော့လိုက်တော့ ၊ မင်းလက်ထပ်ရမှာ ယောကျာ်းလေးဆိုပေမဲ့ နာမည်နဲ့လိုက်အောင် ရွှေဘုံပေါ်စံနေရတဲ့ သူဌေးသား။ တော်ရုံချမ်းသာတာမဟုတ်ဘူးနော် ၊ ရွှေတွင်းကြီးကို လက်ဝယ်ပိုက်ထားတာ "
ရေးညို့ထင် မျက်မှောင်ကြုံ့ကာ လက်ဟန်ခြေဟန်ဖြင့် သေချာ လုပ်ပြနေတဲ့ ဒီရအားစိတ်မရှည်စွာကြည့်လိုက်သည်။
ဒီကောင် သူ့ကိုငွေမက်တဲ့ကောင်များထင်နေတာလား။
" ငါနာမည် ရေးညို့ထင် ။ နာမည်သုံးလုံးနဲ့နေပေမဲ့ မာနတရားကို ပုခုံးပေါ်ထမ်းပြီး မားမားမတ်မတ်နေတဲ့သူ ၊ နောက် မင်းပါးစပ်က ငါ့ကိုစော်ကားတဲ့ စကားပြောရင်
ငါ့လက်သီးက ညီသော ဘာသော နားလည်မှာမဟုတ်ဘူး "
ဒီရမောင် ပါးစပ်ပိတ်၍ နေရာမှ ထထွက်သွားသည်။ မပိတ်လို့လည်းမရပေ။
ကိုထင်က ဒေါသထွက်ရင် တကယ်တီးတာ ၊ အခန့်မသင့်ရင် ဆန်ပြုတ်နေ့တိုင်းနီးပါးသောက်ရနိုင်သည်မို့ သူဆက်မပြောရဲပေ။
__________
နာရီသံ တချက်ချက်သည် တိတ်ဆိတ်မူ့ကိုဖော်ကျူး၍ အလုံးစုံပြတ်သားစွာ ကြားနေရသည်။
ရွှေဘုံသည် တုန်ရီစွာ သူ့လက်ကလေးကိုပွတ်ခြေရင်း မျက်နှာချင်းဆိုင်ခုံမှာ လက်ပိုက်ရင်း သူ့အား သေချာအကဲခတ်နေသော
ကိုထင်ကို မဝင့်မရဲကြည့်မိ၏။
နိုးနိုးချင်း သူ ရောက်ရှိနေသော နေရာသည်
ကိုထင်အိမ် ဖြစ်မှန်းအံ့သြစွာသိရှိရပြီးနောက်မှာ မျှော်မှန်းမထားသော အဖြစ်အပျက်များသည်လည်း စီးကြို၍ နေခဲ့သည်။
အလုံးစုံသည် ရွှေဘုံ သယ်ဆောင်လာသော မီးစ ဖြစ်ပြီး ထိုအပူမီးသည် ကိုထင်ကို လောင်ကျွမ်းစေမတက်ဖြစ်ခဲ့ရတာကိုတော့ ရွှေဘုံလည်းမရည်ရွယ်ခဲ့ပေ။
" ကျွန်တော်တောင်းပန်ပါတယ် ၊ ကိုထင်ကျေနပ်အောင် တစ်ခုခု လုပ်ပေးဖို့ ကျွန်တော်..."
"မင်း ငါ့ကို လက်ထပ်ချင်စိတ်ရှိရဲ့လား ရွှေဘုံ "
"ဗျာ "
အာမေဋိတ်သံ ကျယ်ကျယ် ပြုမိသည်ထိ ရွှေဘုံအံ့သြမိသည်။
ကိုထင်ပုံစံကလည်း စနောက်နေတာမျိုး မရှိပဲ ရွှေဘုံထံပါးမှာ အဖြေကို သေချာမျှော်လင့်လျက်ရှိနေတာကို သေချာမသဲကွဲပေမဲ့ အသိဖြင့်ခံစားသိနေမိသည်။
" မင်း မိန်းမတွေကို မကြိုက်ဘူးလို့ပြောတုန်းက ကိုယ်သတိမထားမိလိုက်ဘူး။ "
" ကျွန်တော်..."
ရွှေဘုံ တမင်လျို့ဝှက်ထားတာမဟုတ်ကြောင်းဖြေရှင်းဖို့ကြိုးစားပေမဲ့ ရေးညို့ထင်က ဆက်ပြောခွင့်မပေးခဲ့ပေ။
" မဟုတ်ဘူး ကိုယ်မင်းကို အပြစ်တင်ချင်တာမဟုတ်ဘူး။ ခုဖြစ်သွားတဲ့ ကိစ္စမှာလည်း မင်းရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ဘူးဆိုတာ ကိုယ်ယုံကြည်တယ်။
ဘာပဲပြောပြော အထင်လွဲတဲ့သူက လွဲပြီးသွားကြပြီ ၊ ဖြေရှင်းဖို့ကြိုးစားခဲ့ပေမဲ့ ကိုယ့်ကိုတာဝန်မယူချင်ပဲရှောင်ဖယ်ဖို့ ကြိုးစားနေတယ်သူလို့ သူတို့ထင်နေကြတယ်။ ကိုယ့်သိက္ခာအရရော ၊ မင်းကိုယ်ကျင့်တရားအရရော ကိုယ့်ကို လက်ထပ်ဖို့ သဘောတူ၊ မတူ မင်းပဲရွေးချယ်ရမှာ ။ ကိုယ့်ဖက်က မင်းဖြစ်ချင်တာကို လိုက်လျောပေးဖို့ အဆင်သင့်ပဲ။ တစ်ခုတော့ရှိတယ်။ အဲ့ဒါ မင်း ကိုယ့်အရိပ်အောက်နေဖို့ ရွေးချယ်ပြီးသွားရင် တခြားဘယ်ကိုမှ ထပ်ရွေးဖို့ အခွင့်အရေးမရှိတော့ဘူး "
ရွှေဘုံက ရေးညို့ထင် မျက်လုံးထဲမှာ ဘာတွေရှိနေလည်းဆိုတာ ရှာဖွေနေတာကို မြင်နေရသည်။
တကယ်တော့ ပုလင်းဖင်လောက် မျက်မှန်မရှိဘူးဆိုမှ အမြင်အာရုံကွဲပြားဖို့လည်း တက်နိုင်မှာမဟုတ်။
မမြင်ရမှန်းသိတော့ လက်လျော့ကာ ခေါင်းငိုက်ကျသွားသည်။
ဒီကောင်လေးက ကလေးနဲ့တူတယ်။
စိတ်ခံစားချက်အကုန်လုံးကို မပြောပြပဲနဲ့တောင် တဖက်လူက သိနိုင်တဲ့ရုပ်မျိုး။
မျက်တောင်လေးပုတ်တာပဲဖြစ် ၊ မျက်လုံးတစ်ချက်ဝင့်လိုက်တာပဲဖြစ်ဖြစ်၊
ငေးကြည့်မိသွားအောင် တကယ်လှတယ်။
ရှင်းရှင်းလင်းလင်းမြင်နေရတဲ့မျက်နှာထားကို အခွင့်ရေးရတုန်း ရေးညို့ထင် ဒီတိုင်းကြည့်နေလိုက်သည်။ ထူးဆန်းတာက တနေကုန် ပူပင်နေတဲ့ သောကတွေသည်
ကောင်ကလေးကို မြင်လိုက်သည့်အချိန်မှစ၍ ရင်ထဲမှာ တစိုးတစိတောင်မရှိပဲ ပျောက်ဆုံးသွားတာဖြစ်သည်။
ဝေ့ဝါးနေတာမျိုးထိ မြင်လွှာဆိုးနေတာ မဟုတ်တော့ သူကြည့်နေတာကို သိပုံပင်၊ ပါးလေးတွေသိသိသာသာရဲလာတာကအစ တစ်ခုမှ မျက်စိမလွဲချင်စရာ ။
အားရအောင်ကြည့်ပြီးပြီးဆိုမှ ရေးညို့ထင်မျက်စိလွှဲလိုက်သည်။
" မင်းဆုံးဖြတ်ရခက်နေတယ်ဆိုရင်
လက်ထပ်ဖို့ပဲ ရွေးကြတာပေါ့။
ကိုယ်နဲ့မင်း ချစ်သူတွေမဟုတ်ကြပေမဲ့
ချစ်ကြည့်ဖို့တော့ ကိုယ်ကြိုးစားမှာပါ။
မင်းအနေနဲ့လည်း ကိုယ့်အရိပ်မှာ ပျော်ဖို့ မျှော်လင့်တယ် ကောင်ကလေး။ ခဏနားလိုက် ၊ ညနေ၃နာရီကျော်ရင် ပုသိမ်က ကိုယ့်အဒေါ်ရောက်လာလိမ့်မယ်။ မင်းဟာလဝါ ကြိုက်လား "
ဘာမဆိုင်ညာမဆိုင် အစားသောက်ဖက်ရောက်သွားတော့လည်း ချက်ချင်း ခေါင်းညိမ့်ပြလာသည်။
ရေးညို့ထင် သေချာပြန်ကြည့်ရင်း ပြုံးလိုက်မှန်းသိတော့လည်း ရှက်သွားပြန်သည်။
နေမကောင်းနေတာကြောင့် မျက်နှာလေးပန်းရောင်သန်းနေတာကအစ ကြည့်ရတာ တမျိုးလေး ၊ မသိရင် စားစရာအသီးလေးနဲ့တောင်တူသေး။
ဘာအသီးနေနေ အားရပါးရကြိုက်တက်တဲ့ ရေးညို့ထင်နဲ့ အသီးနဲ့တူတဲ့ကောင်လေးနဲ့တော့ အင်း....
ခက်တော့ ခက်နေပြီ ။
အိမ်ထောင် တစ်ခုပြု ဖို့ ဘယ်အတိုင်းအတာထိ ခက်ခဲမလဲ။
ထောင်နဲ့တူသော အချုပ်အနှောင်တဲ့။
ကိုယ်ကတော့ သံယောဇဉ်တွေနဲ့ပဲ ချည်နှောင်ချင်တယ် ။
အမှတ်တမဲ့ ဖြစ်လာတဲ့ ကံကြမ္မာကို အပြစ်မဖွဲ့ချင်ဘူး ရွှေဘုံ ။
ဖြစ်လာပြီးမှတော့ ကံကောင်းမူ့ တစ်ခု့ဖြစ် သတ်မှတ်ပြီး ကိုယ်မင်းကို ကြင်နာမှာပါ။
တစ်ခုပဲ မင်းကိုယ့်ကို ယုံကြည်ဖို့ပဲလိုတယ်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz