ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

9

eainsi23

" တီေလး ေဘဘီတို ႔သြားတာ
အရမ္းၾကာေနပီေနာ္"

ေက်ာင္းဝတ္စံုပင္မခြၽတ္ရေသးတဲ့ တူျဖစ္သူကို ၾကည့္ပီး လက္ထဲက ဖုန္းကို ေအာက္ခ်လိုက္သည္။

"လရိပ္ မင္းကိုယ္မင္း တျဖည္းျဖည္း အဘိုးႀကီးေပါက္စနဲ ့တူေနတာကိုေရာ သိေသးရဲ႕လား။ အခ်ိန္တိုင္း ဗ်စ္ေတာက္ဗ်စ္ေတာက္နဲ ့ မင္း ကို ၾကည့္ရတာ ငါ
ရုပ္ရင့္တယ္"

ေမရဲ႕ စကားအဆံုးမွာ လရိပ္ ကမႈန္ကုတ္ကုတ္ၾကည့္လာ ျပီးမွ သက္ျပင္းခ်ကာ ေလးပင့္စြာျပန္ေျပာလာတယ္။

" ကြၽန္ေတာ္ ေဘဘီကို စိတ္ပူ လို ႔"

"မင္းစိတ္ပူစရာမွ မဟုတ္တာ။ သူ ႔အေဖ
ကိုေကာင္းလံုက သူေဌး။ သူ ႔သားဘာျဖစ္ျဖစ္အကုန္ကုနိုင္တယ္"

"ဒါေပမဲ့ ....."

တီ တီ

စကားမဆံုးေသး  ၾကားလိုက္ရတဲ့ ကားဟြန္းသံေၾကာင့္ တူျဖစ္သူ ကိုယ္လံုးက မတ္ကနဲ ။
ခဏစူးစိုက္နားေထာင္ကာ ဟိုဖက္အိမ္က အသံ ဆိုတာေသခ်ာေတာ့ အလ်ွင္အျမန္ဖိနပ္စီးကားထြက္သြား၏။

ေမ  သူ ႔တူ ကို စိတ္ပ်က္လက္ပ်က္ၾကည့္မိသည္။
လံုလံုနဲ ့ပတ္သတ္လာရင္ သိပ္အကဲပိုလြန္းလွတယ္ ဆိုတာ သိေပမဲ့ တေန ႔တျခား
ိပိုဆိုးလာတာေတာ့ အျမင္ကပ္စရာပဲ။ခုလည္း လံုလံုကို ေက်ာင္းက အုပ္ထိန္းသူ လွမ္းေခၚပီး ကေလးအေၾကာင္း ေဆြးေႏြးတယ္ဆိုတာ ၾကားၿပီး ထိုင္မရထမရ
ျဖစ္ေနတာပင္။

_____

လရိပ္ ဟိုဖက္အိမ္ကို အေျပးသြားမိတဲ့အခ်ိန္မွာ  ေပါက္စီလံုး ကားေပၚကဆင္းလာတာနဲ ့ကြက္တိ ။
ျမင္လိုက္ရတဲ့ ျမင္ကြင္းေလးေၾကာင့္
ၿခံေပါက္ဝမွာပဲ ရပ္ေငးမိသြားတယ္။
ေပါက္စီလံုးရဲ႕ ဝိုင္းစက္စက္ မ်က္ဝန္းအိမ္ကို ေဘာင္ခတ္ထားေသာ ေရႊအိုေရာင္
မ်က္မွန္ဝိုင္းေလးတလက္က တလက္လက္။

ဒီေန ႔ေပါက္စီလံုး အရမ္းခ်စ္စရာေကာင္းတယ္လို ႔ခံစားေနရတာ ျမင္ေနက်မဟုတ္တဲ့ ပံုေလးေၾကာင့္လား။
ဒါေပမဲ့ ကြၽန္ေတာ္စိတ္အေျခေနရသိပ္မေကာင္းေနပါ။
ေပါက္စီလံုးသည္ အေဝးမွာ သင္ေနတဲ့ စာလံုးေတြကို မျမင္ရဘူးတဲ့။
ဒါကို ေက်ာင္းက ဆရာမတစ္ေယာက္က
အုပ္ထိန္းသူ ဦးေကာင္းလံုထံဖုန္းဆက္အေၾကာင္းၾကားခဲ့တယ္။
ကြၽန္ေတာ္နဲ ့တခ်ိန္လံုးအတူရွိေနခဲ့ေပမဲ့
ေပါက္စီလံုး အေဝးမႈံ ဆိုတာ ဘာလို ကြၽန္ေတာ္သတိမထားမိခဲ့တာလဲ။
ဒီအခ်ိန္မွာ ကြၽန္ေတာ္ေတြးမိသြားတာ
ကြၽန္ေတာ္ရဲ႕ ငယ္႐ြယ္တဲ့အသက္ကိုပင္။
စိတ္တိုင္းမက်စြာပင္ ကြၽန္ေတာ္ အသက္ ကို စိတ္ပ်က္မိခဲ့သည္။

လူႀကီးဘယ္ေလာက္ျဖစ္ခ်င္ပါေစ
ကြၽန္ေတာ္ဟာ ၉ နွစ္သားအ႐ြယ္ တစ္ေယာက္ရဲ႕ ဆံုးျဖတ္နိုင္စြမ္းနဲ ့ေလ့လာနိုင္စြမ္းေလာက္ပဲ ပိုင္ဆိုင္ေနတုန္းပါပဲ။

ေပါက္စီလံုးက ကားေပၚက သူ ႔အေဖကို
တစံုတရာ လွမ္းေတာင္းေနတယ္။
ဘာမွန္းမသိေပမဲ့ ရင္ထဲတမ်ိဳးႀကီးခံစားေနရတာမို ႔ရပ္ၾကည့္ေနမိတုန္း  ေပါက္စီလံုးက ေျခဖ်ားေလးေထာက္ပီး ကားေပၚက
လွမ္းေပးတဲ့အရာကို မမွီမကမ္းယူေနသည္။

ရွင္းလင္းစြာ ျမင္ရတဲ့အခါမွာ ထိုအရာက
ေက်ာပိုးအိတ္ေလးတစ္လံုးပင္။
အသြားတုန္းကအတိုင္း ေက်ာင္းဝတ္စံုက မလဲရေသးဘူး။
သူ ႔ဘာသာ ေက်ာပိုးအိတ္ေလးေသခ်ာ
လြယ္ပီးေတာ့မွ အိမ္ကို ေက်ာခိုင္းကာ ေျခလွမ္းေတြက ၿခံေပါက္ဝဆီ။

ၾကည္ႏူးမူ ႔ကရင္ထဲသိမ့္ကနဲပဲ။
ေပါက္စီလံုးက သူ ႔အိမ္ထဲေတာင္မဝင္ဘူး
သူ ႔ဦးတည္ရာက ကြၽန္ေတာ္ရွိရာ အရပ္ေဒသဆီ။

ျဖည္းျဖည္းျခင္းလွမ္းေနတဲ့ ေျခေထာက္ပုတိုေလးေတြက ကြၽန္ေတာ့္ကိုလဲျမင္ေရာ
ဝမ္းသားအားရ ေျပးလာ၏။

"ခ်စ္ခ်စ္  လံုလံု ျပန္လာပီ"

စီးႀကိဳ လက္ကမ္းေတာ ့ ပစ္ဝင္လာတဲ့
ကိုယ္လံုးက တနင့္တပိုးႀကီး။
ဒါေပမဲ့ ေက်နပ္စြာပင္ ထိန္းေပြ ႕သယ္ထားရင္း  အနီးကပ္ မ်က္နွာေဖာင္းေဖာင္းကို ၾကည့္မိသည္။

" ေဘဘီ  အေဝးက အရာေတြ မျမင္ရဘူးဆိုတာ ငါ့ကို ဘာလို ႔မေျပာတာလဲ"

"လံုလံု မသိဘူး။ "

မွန္ျခားေနေပမဲ့ အနက္ေရာင္ ခပ္ႀကီးႀကီး
မ်က္ဆံအိမ္ကိုေတာ့ ျမင္ေနရဆဲ။
ရုိးရွင္းတဲ့ စကားအဆံုးမွာ ကြၽန္ေတာ္
ေခါင္းေလးကိုဖိပီး ပုခံုးေပၚျပန္ေမွာက္ေစလိုက္သည္။

"အင္း မင္းမသိလဲဘာမွမျဖစ္ဘူး။ေနာက္ကို
ငါပဲ ပိုသိေအာင္ ႀကိဳးစားေတာ့မယ္"

ခပ္တုတ္တုတ္ကိုယ္လံုးကို မနိုင့္တနိုင္ေပြ ႕ကာ ခမ္းနားထည္ဝါတဲ့ တိုက္ႀကီးကို
ေက်ာခိုင္းလိုက္သည္။
ေပါက္စီလံုးသည္ သူ ႔ရွိရပ္ဝန္းမွာပဲ ေပ်ာ္သည္မို ႔  ေဘးမသိရန္မခရေအာင္
ထားရမွာ သူ ႔အလုပ္ပင္။

အိမ္ဖက္ေရာက္ေတာ့  တီေလးက မ်က္မွန္နဲ ့
ေပါက္စီလံုးကိုၾကည့္ကာ သေဘာတက်  ေဟာဟစ္ရယ္ေမာပီး ဇြတ္လုခ်ီသည္။

ခါတိုင္းဆို ဒီလို အၾကမ္းပတမ္းလုပ္တာမ်ိဳး
မႀကိဳက္တက္ေပမဲ့ ေပါက္စီလံုးပံုစံသည္
တကယ္အသည္းယားစရာေလးမို ႔
တီေလးတင္မကဘူး ကြၽန္ေတာ္ပါ
ဖ်စ္ညစ္ခ်င္မိလွသည္။

တခါတေလ ႐ြဲ ့ေစာင္းသြားတက္ေသာ
သူ ႔မ်က္မွန္ေလးကို လက္ပုတိုေလးေတြနဲ ့
ျပန္ျပန္တင္တက္ပီး  တီေလးရဲ ့
ခ်စ္စနိုးဆြဲဖက္နမ္းမူ ႔ေတြကို
မေက်မနပ္ စူပုတ္ကာ ခံေနသည္။

"တီေလး ေတာ္ပီေလ။ ေဘဘီပါးေတြရဲေနပီ။ တီေလးဟာက နမ္းတာနဲ ့မတူေတာ့ဘူး။ နွိပ္စက္ေနသလိုပဲ။ လာ ေဘဘီ
အခန္းထဲေရသြားခ်ိဳးရေအာင္"

လက္ကမ္းေတာ့ တီေလးေပၚကေနအတင္းထိုးခ်ကာ 

"တီေလးကို မခ်စ္ေတာ့ဘူး။
လံုလံု ကိုနွိပ္စက္ေနတယ္ ခ်စ္ခ်စ္" ဟုတိုင္တန္းလာသည္။

"ဟုတ္တယ္ ခ်စ္စရာမလိုဘူး။ေနာက္ကိုတီေလးနားမကပ္နဲ ့။ တအားၾကမ္းတမ္းတာလြန္ေရာပဲ"

အတိုင္အေဖာက္ညီေနေသာ အေသးနွစ္ေကာင္ေၾကာင့္

"အမေလး သည္းသည္းကဲကဲေတြပါေအ။
နမ္းတာကို နွိပ္စက္တယ္လို ႔
ခုအားကိုးရွိေတာ့ ငါ့ကို ေျပာပီေပါ့။
ေနာက္ကို တီေလးေစ်းကအျပန္ မင္းအတြက္ စပ်စ္သီး မဝယ္ခဲ့ေတာ့ဘူးလံုလံု"

" လံုလံု စားဘူး။ ခ်စ္ခ်စ္က ေျပာတယ္။
စပ်စ္သီးက အၿမဲစားရင္ ေခ်ာင္းဆိုးတယ္တဲ့။ တီေလးက လူႀကီးျဖစ္ပီး သိလဲသိဘူး။ "

" အမေလးဟယ္ ေရပဲ သြားခ်ိဳးၾကပါေတာ့ ။ငါပဲမွားတာပါ"

ေမ စိတ္ပ်က္လက္ပ်က္ ဖုန္းျပန္ေကာက္ကိုင္လိုက္သည္။
တခါတေလမွ သက္ငယ္ေဝလံု တစ္ေယာက္ စကားေျပာလို ႔သာပဲ။ အၿမဲတမ္းခုလို စကားအမ်ားႀကီး ေျပာရင္ေတာ့
ေမ  ေသြးတက္ရမွာေသခ်ာသေလာက္ပဲ။

အခန္းထဲလရိပ္တို ႔ေရာက္ေတာ့
ေပါက္စီလံုးကို ေမြ ႕ယာေပၚခ်ကာ 
ေက်ာပိုးအိတ္ေလးကိုအရင္ ခြၽတ္ ေပးလိုက္တယ္။

"ခ်စ္ခ်စ္ "

ကြၽန္ေတာ္လက္ထဲက သူခြၽတ္ထားတဲ့ ေက်ာပိုးအိတ္ကို ျပန္ဆြဲေနသည္မို ႔ 
စိတ္ေက်နပ္ေအာင္ လက္ထဲ ျပန္ထည့္ေပးလိုက္ေတာ့  ဇစ္ဆြဲကာ အိတ္ကိုဖြင့္ကာ
ရွာေနသည္။

"ေဘဘီ ဘာရွာတာလဲ"

ကြၽန္ေတာ္ေျပာတာကို ျပန္မေျဖပဲ အေတာ္ၾကာ ရွာေဖြပီး မွ  လက္သီးစုတ္ေလး
ေလးကို မ်က္စိေရွ ႔ထိုးကာ ျဖန္ ႔ျပလာ၏။

"ခ်စ္ခ်စ္အတြက္ လံုလံု ယူလာတာ ။
ဆရာမ ေျပာတယ္ ဒီခ်ိဳခ်ဥ္ေလးက
အရမ္းစားေကာင္းတယ္တဲ့  "

လက္ဖဝါးေသးေသးထဲက 
ေခ်ာ့ကလက္ခ်ိဳခ်ဥ္ ေလးကို
ၾကည့္ကာ ေပါက္စီလံုးကို ဆြဲဖက္လိုက္သည္။

"ေဘဘီ ေခ်ာ့ကလက္ ႀကိဳက္တယ္ေလ။
ဘာလို ႔မစားပဲ ငါ့အတြက္ယူလာတာလဲ။ "

"ခ်စ္ခ်စ္ကို ေကြၽးခ်င္လို ႔။
လံုလံု မစားဘူး "

လည္ပင္ၾကားမွာထိေတြ ႕ေနတဲ့ ေလေငြ ႕ေလးနဲ ့အတူ ပါးျပင္မွာ  ပူေႏြးေႏြးအနမ္းတခု။ မင္းငါ့ကို နမ္းျပန္ပီလားလို ႔
ကြၽန္ေတာ္ မေျပာမိေတာ့ဘူး။
ကိုယ္တိုင္လဲ ေပါက္စီလံုးရဲ ့အိစက္စက္
ပါးျပင္ေတြကို အတင္းေမႊးၾကဴပစ္လိုက္သည္။သူ ႀကိဳက္တာေလးေတာင္ မစားပဲကိုယ့္အတြက္ တကူးတက ယူလာတက္တဲ့
အက်င့္ေလးက ဘယ္ေလာက္ ခ်စ္စရာေကာင္းသလဲဆိုတာ ေပါက္စီလံုးတစ္ေယာက္သိျမင္မထင္။

"ခ္ခ္   ခ်စ္ခ်စ္ ညစ္ပတ္ ။ လံုလံုယားတယ္"

မ်က္လံုးေတြ နွာေခါင္းေတြပါမက်န္နမ္းေတာ့ ရယ္သံေလးနဲ ့အတူ မတားျမစ္ပဲ
လက္ေသးေသးေလးက လည္ပင္းမွာဖက္ထားသည္။
အေတာ္ၾကာနမ္းရႈိက္ပီးမွ 
လြတ္လိုက္ေတာ့ ေပါက္စီလံုးက
ရယ္ရလြန္းလို ႔ေမာေနရွာသည္။

" အက်ၤ ီခြၽတ္ေပးမယ္။ အရမ္းပူေနလား"

ေျပာပီး  ေက်ာင္းဝတ္စံု ကို
ဂရုတစိုက္ ခြၽတ္ေပးကာ 
အတြင္းခံေလးနဲ ့ သာ ထားလိုက္သည္။
ေပါက္စီလံုးက အသားအရမ္းျဖဴသည္။
ကြၽန္ေတာ္အသားေရ ဝါႏုႏုက သူနဲ ့ယွဥ္
ရင္ မဲေမွာင္သြားသလို  ေပါက္စီလံုးအသားေရသည္ ႏုိ ့နွစ္ေရာင္သန္းေနတက္၏။

ၿပီးေတာ့ ေပါက္စီလံုး ဆံသားေတြသည္ ႏုညံ့ ထူပိန္း ကာ ဆြဖြလိုက္ရင္ ပံုစံမပ်က္ပဲ
သူ ႔ေနရာနဲ ့သူ ျပန္က်တက္သည္။
နဖူးေပၚမွာ တိတိပပညႇပ္ထားတဲ့ ဆံပင္
အုပ္ထူထူ ေလးနဲ ့ မ်က္မွန္ေလးဝိုင္းေလးနဲ ့ပေပါက္စီလံုးသည္  လိုက္ဖက္ကာ
အခ်ိန္ျပည့္ဆြဲညစ္ခ်င္စရာေကာင္းေနသည္။

ေက်ာင္းဝတ္စံုမရွိေတာ့ လြတ္လပ္သြားသည့္ထင္  အိပ္ယာေပၚမွာ ေျခကားယားလက္ကားယား နဲ ့ ဝင္အိပ္ေန ၏။
အစကေတာ့ ေရခ်ိဳးေပးမလို ႔လုပ္ေနမိေပမဲ့  ေမာလာတယ္ထင္၍ ကြၽန္ေတာ္ပါ
ေပါက္စီလံုးေဘးဝင္ထိုးအိပ္လိုက္သည္။

"ေရခ်ိဳးပီးရင္ စာေမးမယ္ေနာ္။ ေက်ာင္းက
စာေတြ မင္းေသခ်ာ မေလ့လာပဲ ေမ်ာက္ကေလးလို အတင္းေဆာ့လာရင္ေတာ့
ငါနဲ ့ေတြ ႕မယ္"

"ဟုတ္ကဲ့ "

အေျဖစကားနဲ ့အတူ ခါးေပၚေရာက္လာတဲ့ ျဖဴတုတ္တုတ္ ေျခေထာက္ တစ္ဖက္နဲ ့ လက္ပင္းၾကားက လက္တဖက္ကို
ငံု ႔ၾကည့္ကာ  ကြၽန္ေတာ္ အနည္းငယ္ၿပံဳးလိုက္သည္။

ေပါက္စီလံုးက သိပ္ပြတ္သီးပြတ္သပ္ေနခ်င္တဲ့ ကေလးပဲ။ 

ခ်စ္တဲ့အိမ္စည္။

___________________

" တီလေး ဘေဘီတို့ သွားတာ
အရမ်းကြာနေပီနော်"

ကျောင်းဝတ်စုံပင်မချွတ်ရသေးတဲ့ တူဖြစ်သူကို ကြည့်ပီး လက်ထဲက ဖုန်းကို အောက်ချလိုက်သည်။

"လရိပ် မင်းကိုယ်မင်း တဖြည်းဖြည်း အဘိုးကြီးပေါက်စနဲ့ တူနေတာကိုရော သိသေးရဲ့လား။ အချိန်တိုင်း ဗျစ်တောက်ဗျစ်တောက်နဲ့  မင်း ကို ကြည့်ရတာ ငါ
ရုပ်ရင့်တယ်"

မေရဲ့ စကားအဆုံးမှာ လရိပ် ကမှုန်ကုတ်ကုတ်ကြည့်လာ ပြီးမှ သက်ပြင်းချကာ လေးပင့်စွာပြန်ပြောလာတယ်။

" ကျွန်တော် ဘေဘီကို စိတ်ပူ လို့ "

"မင်းစိတ်ပူစရာမှ မဟုတ်တာ။ သူ့ အဖေ
ကိုကောင်းလုံက သူဌေး။ သူ့ သားဘာဖြစ်ဖြစ်အကုန်ကုနိုင်တယ်"

"ဒါပေမဲ့ ....."

တီ တီ

စကားမဆုံးသေး  ကြားလိုက်ရတဲ့ ကားဟွန်းသံကြောင့် တူဖြစ်သူ ကိုယ်လုံးက မတ်ကနဲ ။
ခဏစူးစိုက်နားထောင်ကာ ဟိုဖက်အိမ်က အသံ ဆိုတာသေချာတော့ အလျှင်အမြန်ဖိနပ်စီးကားထွက်သွား၏။

မေ  သူ့ တူ ကို စိတ်ပျက်လက်ပျက်ကြည့်မိသည်။
လုံလုံနဲ့ ပတ်သတ်လာရင် သိပ်အကဲပိုလွန်းလှတယ် ဆိုတာ သိပေမဲ့ တနေ့ တခြား
ိပိုဆိုးလာတာတော့ အမြင်ကပ်စရာပဲ။ခုလည်း လုံလုံကို ကျောင်းက အုပ်ထိန်းသူ လှမ်းခေါ်ပီး ကလေးအကြောင်း ဆွေးနွေးတယ်ဆိုတာ ကြားပြီး ထိုင်မရထမရ
ဖြစ်နေတာပင်။

_____

လရိပ် ဟိုဖက်အိမ်ကို အပြေးသွားမိတဲ့အချိန်မှာ  ပေါက်စီလုံး ကားပေါ်ကဆင်းလာတာနဲ့ ကွက်တိ ။
မြင်လိုက်ရတဲ့ မြင်ကွင်းလေးကြောင့်
ခြံပေါက်ဝမှာပဲ ရပ်ငေးမိသွားတယ်။
ပေါက်စီလုံးရဲ့ ဝိုင်းစက်စက် မျက်ဝန်းအိမ်ကို ဘောင်ခတ်ထားသော ရွှေအိုရောင်
မျက်မှန်ဝိုင်းလေးတလက်က တလက်လက်။

ဒီနေ့ ပေါက်စီလုံး အရမ်းချစ်စရာကောင်းတယ်လို့ ခံစားနေရတာ မြင်နေကျမဟုတ်တဲ့ ပုံလေးကြောင့်လား။
ဒါပေမဲ့ ကျွန်တော်စိတ်အခြေနေရသိပ်မကောင်းနေပါ။
ပေါက်စီလုံးသည် အဝေးမှာ သင်နေတဲ့ စာလုံးတွေကို မမြင်ရဘူးတဲ့။
ဒါကို ကျောင်းက ဆရာမတစ်ယောက်က
အုပ်ထိန်းသူ ဦးကောင်းလုံထံဖုန်းဆက်အကြောင်းကြားခဲ့တယ်။
ကျွန်တော်နဲ့ တချိန်လုံးအတူရှိနေခဲ့ပေမဲ့
ပေါက်စီလုံး အဝေးမှုံ ဆိုတာ ဘာလို ကျွန်တော်သတိမထားမိခဲ့တာလဲ။
ဒီအချိန်မှာ ကျွန်တော်တွေးမိသွားတာ
ကျွန်တော်ရဲ့ ငယ်ရွယ်တဲ့အသက်ကိုပင်။
စိတ်တိုင်းမကျစွာပင် ကျွန်တော် အသက် ကို စိတ်ပျက်မိခဲ့သည်။

လူကြီးဘယ်လောက်ဖြစ်ချင်ပါစေ
ကျွန်တော်ဟာ ၉ နှစ်သားအရွယ် တစ်ယောက်ရဲ့ ဆုံးဖြတ်နိုင်စွမ်းနဲ့ လေ့လာနိုင်စွမ်းလောက်ပဲ ပိုင်ဆိုင်နေတုန်းပါပဲ။

ပေါက်စီလုံးက ကားပေါ်က သူ့ အဖေကို
တစုံတရာ လှမ်းတောင်းနေတယ်။
ဘာမှန်းမသိပေမဲ့ ရင်ထဲတမျိုးကြီးခံစားနေရတာမို့ ရပ်ကြည့်နေမိတုန်း  ပေါက်စီလုံးက ခြေဖျားလေးထောက်ပီး ကားပေါ်က
လှမ်းပေးတဲ့အရာကို မမှီမကမ်းယူနေသည်။

ရှင်းလင်းစွာ မြင်ရတဲ့အခါမှာ ထိုအရာက
ကျောပိုးအိတ်လေးတစ်လုံးပင်။
အသွားတုန်းကအတိုင်း ကျောင်းဝတ်စုံက မလဲရသေးဘူး။
သူ့ ဘာသာ ကျောပိုးအိတ်လေးသေချာ
လွယ်ပီးတော့မှ အိမ်ကို ကျောခိုင်းကာ ခြေလှမ်းတွေက ခြံပေါက်ဝဆီ။

ကြည်နူးမူ့ ကရင်ထဲသိမ့်ကနဲပဲ။
ပေါက်စီလုံးက သူ့ အိမ်ထဲတောင်မဝင်ဘူး
သူ့ ဦးတည်ရာက ကျွန်တော်ရှိရာ အရပ်ဒေသဆီ။

ဖြည်းဖြည်းခြင်းလှမ်းနေတဲ့ ခြေထောက်ပုတိုလေးတွေက ကျွန်တော့်ကိုလဲမြင်ရော
ဝမ်းသားအားရ ပြေးလာ၏။

"ချစ်ချစ်  လုံလုံ ပြန်လာပီ"

စီးကြို လက်ကမ်းတော့  ပစ်ဝင်လာတဲ့
ကိုယ်လုံးက တနင့်တပိုးကြီး။
ဒါပေမဲ့ ကျေနပ်စွာပင် ထိန်းပွေ့ သယ်ထားရင်း  အနီးကပ် မျက်နှာဖောင်းဖောင်းကို ကြည့်မိသည်။

" ဘေဘီ  အဝေးက အရာတွေ မမြင်ရဘူးဆိုတာ ငါ့ကို ဘာလို့ မပြောတာလဲ"

"လုံလုံ မသိဘူး။ "

မှန်ခြားနေပေမဲ့ အနက်ရောင် ခပ်ကြီးကြီး
မျက်ဆံအိမ်ကိုတော့ မြင်နေရဆဲ။
ရိုးရှင်းတဲ့ စကားအဆုံးမှာ ကျွန်တော်
ခေါင်းလေးကိုဖိပီး ပုခုံးပေါ်ပြန်မှောက်စေလိုက်သည်။

"အင်း မင်းမသိလဲဘာမှမဖြစ်ဘူး။နောက်ကို
ငါပဲ ပိုသိအောင် ကြိုးစားတော့မယ်"

ခပ်တုတ်တုတ်ကိုယ်လုံးကို မနိုင့်တနိုင်ပွေ့ ကာ ခမ်းနားထည်ဝါတဲ့ တိုက်ကြီးကို
ကျောခိုင်းလိုက်သည်။
ပေါက်စီလုံးသည် သူ့ ရှိရပ်ဝန်းမှာပဲ ပျော်သည်မို့   ဘေးမသိရန်မခရအောင်
ထားရမှာ သူ့ အလုပ်ပင်။

အိမ်ဖက်ရောက်တော့  တီလေးက မျက်မှန်နဲ့
ပေါက်စီလုံးကိုကြည့်ကာ သဘောတကျ  ဟောဟစ်ရယ်မောပီး ဇွတ်လုချီသည်။

ခါတိုင်းဆို ဒီလို အကြမ်းပတမ်းလုပ်တာမျိုး
မကြိုက်တက်ပေမဲ့ ပေါက်စီလုံးပုံစံသည်
တကယ်အသည်းယားစရာလေးမို့ 
တီလေးတင်မကဘူး ကျွန်တော်ပါ
ဖျစ်ညစ်ချင်မိလှသည်။

တခါတလေ ရွဲ့ စောင်းသွားတက်သော
သူ့ မျက်မှန်လေးကို လက်ပုတိုလေးတွေနဲ့
ပြန်ပြန်တင်တက်ပီး  တီလေးရဲ့
ချစ်စနိုးဆွဲဖက်နမ်းမူ့ တွေကို
မကျေမနပ် စူပုတ်ကာ ခံနေသည်။

"တီလေး တော်ပီလေ။ ဘေဘီပါးတွေရဲနေပီ။ တီလေးဟာက နမ်းတာနဲ့ မတူတော့ဘူး။ နှိပ်စက်နေသလိုပဲ။ လာ ဘေဘီ
အခန်းထဲရေသွားချိုးရအောင်"

လက်ကမ်းတော့ တီလေးပေါ်ကနေအတင်းထိုးချကာ 

"တီလေးကို မချစ်တော့ဘူး။
လုံလုံ ကိုနှိပ်စက်နေတယ် ချစ်ချစ်" ဟုတိုင်တန်းလာသည်။

"ဟုတ်တယ် ချစ်စရာမလိုဘူး။နောက်ကိုတီလေးနားမကပ်နဲ့ ။ တအားကြမ်းတမ်းတာလွန်ရောပဲ"

အတိုင်အဖောက်ညီနေသော အသေးနှစ်ကောင်ကြောင့်

"အမလေး သည်းသည်းကဲကဲတွေပါအေ။
နမ်းတာကို နှိပ်စက်တယ်လို့ 
ခုအားကိုးရှိတော့ ငါ့ကို ပြောပီပေါ့။
နောက်ကို တီလေးဈေးကအပြန် မင်းအတွက် စပျစ်သီး မဝယ်ခဲ့တော့ဘူးလုံလုံ"

" လုံလုံ စားဘူး။ ချစ်ချစ်က ပြောတယ်။
စပျစ်သီးက အမြဲစားရင် ချောင်းဆိုးတယ်တဲ့။ တီလေးက လူကြီးဖြစ်ပီး သိလဲသိဘူး။ "

" အမလေးဟယ် ရေပဲ သွားချိုးကြပါတော့ ။ငါပဲမှားတာပါ"

မေ စိတ်ပျက်လက်ပျက် ဖုန်းပြန်ကောက်ကိုင်လိုက်သည်။
တခါတလေမှ သက်ငယ်ဝေလုံ တစ်ယောက် စကားပြောလို့ သာပဲ။ အမြဲတမ်းခုလို စကားအများကြီး ပြောရင်တော့
မေ  သွေးတက်ရမှာသေချာသလောက်ပဲ။

အခန်းထဲလရိပ်တို့ ရောက်တော့
ပေါက်စီလုံးကို မွေ့ ယာပေါ်ချကာ 
ကျောပိုးအိတ်လေးကိုအရင် ချွတ် ပေးလိုက်တယ်။

"ချစ်ချစ် "

ကျွန်တော်လက်ထဲက သူချွတ်ထားတဲ့ ကျောပိုးအိတ်ကို ပြန်ဆွဲနေသည်မို့  
စိတ်ကျေနပ်အောင် လက်ထဲ ပြန်ထည့်ပေးလိုက်တော့  ဇစ်ဆွဲကာ အိတ်ကိုဖွင့်ကာ
ရှာနေသည်။

"ဘေဘီ ဘာရှာတာလဲ"

ကျွန်တော်ပြောတာကို ပြန်မဖြေပဲ အတော်ကြာ ရှာဖွေပီး မှ  လက်သီးစုတ်လေး
လေးကို မျက်စိရှေ့ ထိုးကာ ဖြန့် ပြလာ၏။

"ချစ်ချစ်အတွက် လုံလုံ ယူလာတာ ။
ဆရာမ ပြောတယ် ဒီချိုချဉ်လေးက
အရမ်းစားကောင်းတယ်တဲ့  "

လက်ဖဝါးသေးသေးထဲက 
ချော့ကလက်ချိုချဉ် လေးကို
ကြည့်ကာ ပေါက်စီလုံးကို ဆွဲဖက်လိုက်သည်။

"ဘေဘီ ချော့ကလက် ကြိုက်တယ်လေ။
ဘာလို့ မစားပဲ ငါ့အတွက်ယူလာတာလဲ။ "

"ချစ်ချစ်ကို ကျွေးချင်လို့ ။
လုံလုံ မစားဘူး "

လည်ပင်ကြားမှာထိတွေ့ နေတဲ့ လေငွေ့ လေးနဲ့ အတူ ပါးပြင်မှာ  ပူနွေးနွေးအနမ်းတခု။ မင်းငါ့ကို နမ်းပြန်ပီလားလို့
ကျွန်တော် မပြောမိတော့ဘူး။
ကိုယ်တိုင်လဲ ပေါက်စီလုံးရဲ့ အိစက်စက်
ပါးပြင်တွေကို အတင်းမွှေးကြူပစ်လိုက်သည်။သူ ကြိုက်တာလေးတောင် မစားပဲကိုယ့်အတွက် တကူးတက ယူလာတက်တဲ့
အကျင့်လေးက ဘယ်လောက် ချစ်စရာကောင်းသလဲဆိုတာ ပေါက်စီလုံးတစ်ယောက်သိမြင်မထင်။

"ခ်ခ်   ချစ်ချစ် ညစ်ပတ် ။ လုံလုံယားတယ်"

မျက်လုံးတွေ နှာခေါင်းတွေပါမကျန်နမ်းတော့ ရယ်သံလေးနဲ့ အတူ မတားမြစ်ပဲ
လက်သေးသေးလေးက လည်ပင်းမှာဖက်ထားသည်။
အတော်ကြာနမ်းရှိုက်ပီးမှ 
လွတ်လိုက်တော့ ပေါက်စီလုံးက
ရယ်ရလွန်းလို့ မောနေရှာသည်။

" အင်္ကျီချွတ်ပေးမယ်။ အရမ်းပူနေလား"

ပြောပီး  ကျောင်းဝတ်စုံ ကို
ဂရုတစိုက် ချွတ်ပေးကာ 
အတွင်းခံလေးနဲ့  သာ ထားလိုက်သည်။
ပေါက်စီလုံးက အသားအရမ်းဖြူသည်။
ကျွန်တော်အသားရေ ဝါနုနုက သူနဲ့ ယှဉ်
ရင် မဲမှောင်သွားသလို  ပေါက်စီလုံးအသားရေသည် နို့ နှစ်ရောင်သန်းနေတက်၏။

ပြီးတော့ ပေါက်စီလုံး ဆံသားတွေသည် နုညံ့ ထူပိန်း ကာ ဆွဖွလိုက်ရင် ပုံစံမပျက်ပဲ
သူ့ နေရာနဲ့ သူ ပြန်ကျတက်သည်။
နဖူးပေါ်မှာ တိတိပပညှပ်ထားတဲ့ ဆံပင်
အုပ်ထူထူ လေးနဲ့  မျက်မှန်လေးဝိုင်းလေးနဲ့ ပပေါက်စီလုံးသည်  လိုက်ဖက်ကာ
အချိန်ပြည့်ဆွဲညစ်ချင်စရာကောင်းနေသည်။

ကျောင်းဝတ်စုံမရှိတော့ လွတ်လပ်သွားသည့်ထင်  အိပ်ယာပေါ်မှာ ခြေကားယားလက်ကားယား နဲ့  ဝင်အိပ်နေ ၏။
အစကတော့ ရေချိုးပေးမလို့ လုပ်နေမိပေမဲ့  မောလာတယ်ထင်၍ ကျွန်တော်ပါ
ပေါက်စီလုံးဘေးဝင်ထိုးအိပ်လိုက်သည်။

"ရေချိုးပီးရင် စာမေးမယ်နော်။ ကျောင်းက
စာတွေ မင်းသေချာ မလေ့လာပဲ မျောက်ကလေးလို အတင်းဆော့လာရင်တော့
ငါနဲ့ တွေ့ မယ်"

"ဟုတ်ကဲ့ "

အဖြေစကားနဲ့ အတူ ခါးပေါ်ရောက်လာတဲ့ ဖြူတုတ်တုတ် ခြေထောက် တစ်ဖက်နဲ့  လက်ပင်းကြားက လက်တဖက်ကို
ငုံ့ ကြည့်ကာ  ကျွန်တော် အနည်းငယ်ပြုံးလိုက်သည်။

ပေါက်စီလုံးက သိပ်ပွတ်သီးပွတ်သပ်နေချင်တဲ့ ကလေးပဲ။ 

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz