ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

10

eainsi23

အခ်ိန္ေတြက ကြၽန္ေတာ္နဲ ့ေပါက္စီလံုးရဲ႕
အသက္အ႐ြယ္ကို မတားစီးနိုင္ဘူး။
တေ႐ြ ႕ေ႐ြ ႕ေျပာင္းလဲလာတဲ့ ေန ႔ရက္
မ်ားစြာကို ေပါက္စီလံုးက ကြၽန္ေတာ္နဲ ့
အတူ ကုန္ဆံုးခဲ့ၿပီး ခုဆိုရင္ သံုးတန္းေက်ာင္းသားႀကီးပင္ ျဖစ္လာခဲ့သည္။

ျပန္ေတြးၾကည့္ရင္ မေန ႔တေန ႔ကအတိုင္း
ထင္ဟပ္ေနဆဲပင္။
ကြၽန္ေတာ္ရဲ႕ ကေလးဘဝကို ေပါက္စီလံုးကိုထိန္းေက်ာင္းၿပီး ႀကီးျပင္းခဲ့ရသလို
ေပါက္စီလံုးသည္လည္း ကြၽန္ေတာ္သြန္သင္ဆံုးမမူ ႔နဲ ့အတူ ထူးခြၽန္လိမ္မာေသာ
ေက်ာင္းသားကေလးျဖစ္ခဲ့သည္။

ေပါက္စီလံုးသည္ အရမ္းလိမ္မာေသာကေလးျဖစ္သည္။
စကားေတြအမ်ားႀကီးေျပာဆိုဆံုးမစရာမလိုပဲ  ကြၽန္ေတာ္ရဲ႕မ်က္နွာကိုဖတ္တက္ပီး
အရာရာကိုနားလည္ေနသည္ထိ ကြၽန္ေတာ္တို ႔နွစ္ေယာက္ရဲ႕ သံေယာဇဥ္သည္
ထူးျခားၿမဲၿမံခဲ့သည္။

ေပါက္စီလံုးအေဖဦးေကာင္းလံု
ဖြင့္လွစ္ခဲ့ေသာ ေဝလံု စက္သံုးဆီ ဆိုင္မ်ားသည္ အေတာ္ႀကီး ေအာင္ျမင္လာခဲ့ၿပီး ျမန္မာျပည္အနွံ ့အၿမိဳ ႕ၿမိဳ ႕အနယ္နယ္တိုင္းထိ တိုးခ်ဲ ့နိုင္ခဲ့သည္။
စီးပြာေရးတိုးတက္လာသည္နွင့္အမ်ွ
ဦးေကာင္းလံု ရဲ႕ အားလပ္ခ်ိန္မ်ားသည္နည္းပါးလာခဲ့သည္။

ေပါက္စီလံုးကေတာ့ သားေယာက်ာ္းေလးပီပီ  ထားတဲ့အတိုင္းေနၿပီး သိပ္ဂ်ီက်တာ
ဘာညာ မလုပ္ခဲ့ေပ။
အရင္ကတည္းက ကြၽန္ေတာ္ကို သိပ္ကပ္ေသာ  ေပါက္စီလံုးက ခုဆိုရင္
သူ ႔အေဖ အိမ္ျပန္လာရင္ေတာင္ ဟုိဖက္အိမ္ကိုသိပ္မသြားခ်င္ေတာ့။

"ေဘဘီ  မအိပ္ေသးနဲ ့အုန္း ။စာရပီလား"

တစ္ေယာက္အိပ္ေမြ ႕ယာသည္ အရင္အတိုင္း မေျပာင္းလဲစြာ တည္ရွိေနတုန္းဆိုေပမဲ့ အိပ္ယာေပၚမွာ ပက္လက္ႀကီးအိပ္ေနေသာ ဝက္ေပါက္ကေတာ့  ၉နွစ္အ႐ြယ္ကေလး တစ္ေယာက္နဲ ့မဆိုင္စြာ
ဝတုတ္ၿပဲေနသည္။

ကြၽန္ေတာ္အသံၾကားေတာ့ အိပ္ယာေပၚကေနမ်က္မွန္ေလးေကာက္တပ္ကာ
ဆင္းလာၿပီး ကြၽန္ေတာ္စာက်က္ေနတဲ့ ေဘးလာရပ္ကာ ပုခံုးေတြကိုလာနွိပ္ေပးသည္။

"လံုလံု မအိပ္ေသးပါဘူး။ ခ်စ္ခ်စ္ စာက်က္ၿပီးမွ အိပ္မွာ။ "

ေဖာင္းအိအိလက္ကေလးေတြက ပုခံုးေပၚမွာေျပးလႊားနွိပ္နွယ္ေနၿပီး ခပ္ခြၽဲခြၽဲဆိုလာသည္။

"စာကေရာ"

"အရင္ကတည္းကရေနၿပီးသားေတြပါ ခ်စ္ခ်စ္ရာ။ လံုလံု ခုျပန္ေႏြးရုံမကဘူး
အလြတ္လဲခ်ေရးၿပီးၿပီ။ "

ကြၽန္ေတာ္ ဖတ္လက္စ အဂၤလိပ္စာအုပ္ကို ပိတ္ပီး ပုခံုးေပၚကလက္ေတြကိုဆြဲယူလိုက္တယ္။
ၿပီးေတာ့  နွာေခါင္းလံုးလံုးေလးေပၚမွာ
အနည္းငယ္ေလ်ာက်ေနတဲ့ မ်က္မွန္ကို
ဆြဲခြၽတ္ပီး စာၾကည့္ခံုေပၚေသခ်ာတင္ေပးလိုက္တယ္။

"အိပ္ရေအာင္ေဘဘီ။
မနက္ကို ေစာေစာမထနိုင္ပဲေနလိမ့္မယ္။
လမ္းေလ်ွာက္ရမွာေနာ္။ ၾကာေလၾကာေလ
မင္းကိုယ္မင္းေရာ သယ္နိုင္ေသးရဲ႕လား"

ီတီရွပ္နဲ ့ ေဘာင္းဘီတို ၾကားက ျဖဴေဖြးေနေသာ ဗိုက္သားသည္ ေဖာင္းကားေနမူ ႔ကိုမထိန္းနိုင္စြာ အက်ၤ ီအျပင္ဖက္ကိုလ်ံက်ေနသည္။
ေပါက္စီလံုးသည္ ပါးျပင္ေတြေဖာင္းသလို
ေျခသလံုးေတြကလည္းျဖဴေဖြးတစ္တုတ္ေနသည္။
ဝမ္းဗိုက္သည္လည္း အဝလြန္မူ ႔ေၾကာင့္
မကြယ္ဝွက္နိုင္စြာ စူထြက္ေန၏။

မနက္လမ္းေလ်ွာက္ရမယ္ေျပာေတာ့
အိပ္ပုတ္ကေလးသည္ မထခ်င္စြာ
စကားအေျဖျပန္မလာေပ။
ထို ႔ေၾကာင့္ ေဘးမွာရပ္ေနေသာ ကိုယ္လံုးႀကီးကို ေပါင္ေပၚ ဆြဲတင္လိုက္သည္။

နင့္ကနဲ ျဖစ္ေသာတဲ့ခံစားခ်က္က
ခုထိ အသားမက်ေသး။
ကြၽန္ေတာ္သည္ သြယ္လ်တဲ့ထဲ ပါသည္မို ႔
တေန ႔တျခား ႀကီးထြားလာတဲ့ ေပါက္စီလံုးကိုေတာ့ ဘယ္ေတာ့မွ နိုင္ေတာ့မည္မထင္။

" ေဘဘီရခ်င္တဲ့ ဆိုင္ကယ္ရုပ္အသစ္ရယ္ ..အရုပ္ဆက္တဲ့ဟာရယ္...ဝယ္ေပးမယ္ေလ"

"တကယ္ေနာ္ "

"အင္း"

ေပါက္စီလံုးသည္ ကေလးပီပီ အရုပ္ဆက္ရသည္ကို သေဘာက်သည္။
သူလိုခ်င္တာ ဝယ္ေပးမယ္ေျပာရင္ အကုန္ခိုင္း
လို ႔ရသည္ေၾကာင့္ တခုခုဆိုထိုနည္းနဲ ့သာျမဴဆြယ္ရသည္။

အိပ္ယာေပၚေရာက္ေတာ့
ေျခေထာက္တဖက္က အရင္ေပါင္ေပၚေရာက္လာသည္။
ထူးဆန္းတဲ့ အက်င့္က ေဘးမွာဖက္လံုးရွိေနတာေတာင္ ေျခေထာက္တဖက္ကေတာ့ရေအာင္တင္တက္တာျဖစ္သည္။

"ခ်စ္ခ်စ္ ဒီတခါေက်ာင္းပိတ္ရင္ လံုလံုတို ႔
ဘယ္သြားၾကမလဲ "

"မင္းက ဘယ္သြားခ်ဳင္တာလဲ "

"လံုလံု  က ခ်စ္ခ်စ္နဲ ့ဆို ဘယ္သြားရသြားရ "

စကားတက္ေနတဲ့ ေပါက္စီလံုး ပါးစံုႀကီးကို ဆြဲဖဲ့ျဖစ္လိုက္ေတာ့ ခါတိုင္းလို မေအာ္ဟစ္။ၿငိမ္သက္စြာပင္ ကြၽန္ေတာ္ကိုစူးစိုက္ၾကည့္ေနပီး လက္တဖက္သည္ ကြၽန္ေတာ့္မ်က္ေတာင္ေတြကိုတုိ ့ထိလာသည္။

"ခ်စ္ခ်စ္မ်က္ေတာင္ေတြက အထူႀကီးပဲေနာ္။ ၿပီးေတာ့ လံုလံုလို မဟုတ္ဘူး ခ်စ္ခ်စ္ မ်က္လံုးေလးက လွတယ္"

ေပါက္စီလံုးရဲ႕ မ်က္လံုးအိမ္သည္
ၾကယ္ကေလးေတြလို ဝိုင္းဝိုင္းလက္လက္ေလးျဖစ္ေနေပမဲ့ ကြၽန္ေတာ့္ထက္စာအနည္းငယ္ေမွးခ်င္သည္။
ေပါက္စီလံုးေျပာသလိုပင္ ကြၽန္ေတာ့္
မ်က္ဆံအိမ္သည္ ရွည္ေမ်ာေမ်ာပံုစံရွိၿပီး
ရယ္ေမာလိုက္လ်ွင္  နွစ္လိုဖြယ္ေကာင္းကာ  ပိုခ်စ္စရာေကာင္းသြားတက္သည္ဟု
လူတိုင္းကေျပာဖူးသည္။

သို ႔ေပမဲ့ မာနႀကီးတဲ့ ကြၽန္ေတာ္သည္
အၿမဲရယ္ေမာမေနတက္ေပ။
တခါတရံမွ ရယ္ေမာတက္ေသာ
ကြၽန္ေတာ့္ၿပံဳးရယ္ျခင္းေတြသည္
ေပါက္စီလံုးသာအမ်ားဆံုးျမင္ေတြ ႕နိုင္ခဲ့သည္။

"ခ်စ္ခ်စ္ကို ခ်စ္တယ္"

မ်က္ခြံထပ္မွာ ေႏြးကနဲ  ။

"အင္း အိပ္ေတာ့"

အိတံုတံု ဗိုက္သားေတြကို ပြတ္သပ္ေပးရင္း ကြၽန္ေတာ့္မ်က္လံုးေတြေမွးမွိတ္လိုက္သည္။
ကြၽန္ေတာ္အိပ္မေပ်ာ္ခင္္မွာပဲ
အသက္ရူသံသဲ့သဲ့ ထြက္ေပၚလာသည္္မို ႔
အနည္းငယ္ၿပံဳးကာ  လက္ကိုဖယ္ကာ
လွန္ေနေသာ အက်ၤ ီကိုဆြဲခ်ေပးလိုက္သည္။

ကေလးေတြလို ဗိုက္ကိုပြတ္သပ္ေပးမွ
အိပ္ေပ်ာ္တက္ေသာ ေပါက္စီလံုးပါးျပင္ကိုအသာအယာ နမ္းရႈိက္လိုက္ပီး
ကြၽန္ေတာ္သည္လည္း အိပ္စက္အနားယူလိုက္သည္။

-------

" ေဘဘီ သြက္သြက္ေလ်ွာက္ေလ"

လႈပ္ပဲ့လႈပ္ပဲ့ ေလ်ာက္ေနေသာေပါက္စီလံုးသည္ ေခြၽးေတြ႐ြဲကာ လက္နွစ္ဖက္သည္ေအာက္ကို တြဲေလာင္းက်ေနသည္။

"လံုလံုေမာေနပီ"

"၁၀မိနစ္ပဲရွိေသးတယ္။ နာရီဝက္ျပည့္ေအာင္ေလ်ွာက္ရမယ္"

အားကစားဝတ္စံုေအာက္က ပူထြက္ေနေသာ အဆီျပင္ေလးေၾကာင့္ သနားမိေပမဲ့  စိတ္ထိန္းကာ ထပ္ေလ်ွာက္ခိုင္းမိသည္။
ေပါက္စီလံုးအေတာ္ ဝေနသည္။

မ်ားမၾကာခင္  ထပ္ဝလာမည္ဆိုပါက
က်န္းမာေရးအတြက္  အဆင္မေျပျဖစ္လာနိုင္သည္။
ခုေတာင္ တခါတေလ ေပါက္စီလံုးက
ဟိုနားသည္နားသြားဖို ႔ကို သူ ႔ကိုယ္လံုးသူမနိုင္ေတာ့ေပ။

နာရီဝက္ခန္ ႔ေခ်ာ့တလွည့္ေျခာက္တလွည့္
ခိုင္းပီးတဲ့ေနာက္မွာ  ေပါက္စီလံုး ေျခပစ္လက္ပစ္ လမ္းေပၚတြင္ထိုင္ခ်လိုက္သည္။
အိမ္ေရာက္ဖို ႔သိပ္မလိုေတာ့သည့္ေၾကာင့္

"ေဘဘီ ထ  အိမ္ေရာက္မွ နားေတာ့"

"လံုလံု ေျခေထာက္ေတြနာတယ္။ "

တစ္တိုတုတ္ေနတဲ့ ေျခေထာက္ေတြဆန္ ႔ကာျပလာေတာ့ သက္ပ်င္းခ်ကာ
လက္နဲ ့အသာနွိပ္ေပးမိသည္။

"ေတြ ႕လား မင္းေျခေထာက္ေတြေတာင္
မင္းဝိတ္ကိုၾကာၾကာမထိန္းနိင္ေတာ့ဘူး
ေနာက္ဒီထပ္သာပိုဝလာရင္ေတာ့
မင္း ကိုေကာင္မေလးေတြမႀကိဳက္ပဲေနေတာ့မွာပဲ"

"လံုလံုမွာ ခ်စ္ခ်စ္ရွိတာပဲ။
လံုလံု ေကာင္မေလးမရခ်င္ဘူး"

"ငါကလည္း မင္းဒီထပ္ပို ဝလာရင္ မႀကိဳက္ေတာ့ဘူး"

"....."

အသံထြက္မလာေတာ့နွိပ္ေနရင္းမွ
ေမာ့ၾကည့္မွ ေပါက္စီလံုးတစ္ေယာက္ ေခါင္းငံု ႔ကာ ငိုေနသည္။

"ေဟာ ငိုစရာပါလားေဘဘီ။
ကေလးလဲမဟုတ္ပဲ ။ "

နွာသီးဖ်ားေတြရဲေနတဲ့အျပင္
မ်က္ရည္စေတြက ပါးစံု ႀကီးေတြေပၚမွာစီးက်ေနတာမ်ား သနားစရာမေကာင္းပဲ
ရယ္ခ်င္စရာေလးျဖစ္ေနသည္။
ခပ္ဟဟရယ္ကာ  မ်က္ရည္ေတြလက္နဲ ့
သုပ္ေပးေတာ့ အထိမခံပဲ မ်က္နွာကိုတဖက္လွည့္သြားသည္။

"ေဘဘီ စိတ္ေကာက္စရာမဟုတ္ပဲ။
ထ  အိမ္ျပန္ရေအာင္ ။ "

ကေလးကို လမ္းေပၚမွာ မဆံုးမခ်င္လို ႔
လက္ကမ္းကာ ထဖို ႔ေျပာေသာ္လည္း
ေပါက္စီလံုးက မလႈပ္ပဲထပ္ေမးလာသည္။

"ဝရင္ တကယ္မႀကိဳက္ဖူးလား။
လံုလံု ဝေနလို ႔ ခ်စ္ခ်စ္ သေဘာမက်ေတာ့လို ႔လံုလံု ကိုလမ္းေလ်ွာက္ခိုင္းေနတာလား"

ကြၽန္ေတာ္ မ်က္ခံုးပင့္ကာ
ေပါက္စီလံုးကိုၾကည့္လိုက္သည္။
ဒီလိုပဲ စေနာက္လိုက္တဲ့စကားကို
ဘာေၾကာင့္  ငိုရတဲ့အထိျဖစ္သြားရတာလဲ။
ကြၽန္ေတာ္ ေပါက္စီလံုးေဘးကို ဒူးတဖက္ေထာက္ကာ ေက်ာေပးထိုင္ကာ

"တက္ အိမ္ျပန္မယ္။ မဆိုင္တာမေျပာနဲ ့။
မင္းအရမ္းဝေနရင္  မင္းက်န္းမာေရးအတြက္စိုးရိမ္လို ႔ငါကေျပာတာ။ ေနာက္ကို
မဟုတ္တာေတြ ငါ့ကိုလာမေမးစမ္းနဲ ့"

စကားဆံုးေတာ့  ေပါက္စီလံုးမတ္တပ္ရပ္လာၿပီး  

"လံုလံု အသက္၉နွစ္ရွိေနပီ  ကေလးမဟုတ္ေတာ့ဘူး။
လံုလံုဘာသာလမ္းေလ်ွာက္မယ္"

ကြၽန္ေတာ္ကို ေက်ာ္ကာ
ေဘာလံုးေလးလို ႔ တလိမ့္လိမ့္ေလ်ွာက္သြားသည္။

ဘာလဲ ခုကြၽန္ေတာ္ကို ေပါက္စီလံုး လ်စ္လ်ဴ ရွဴ ႕သြားတာလား။

လမ္းေပၚမွာ ဒူးတစ္ဖက္ေထာက္ရင္းတန္းလမ္းျဖင္ ့  ေက်ာေပးထြက္ခြာသြားေသာေပါက္စီလံုးကိုတအံ့တၾသၾကည့္မိသည္။
ဒီေန ႔ေပါက္စီလံုးကို ဘာေၾကာင့္ လူႀကီးတစ္ေယာက္လိုခံစားမိေနရတာလဲ။

ခ်စ္တဲ့အိမ္စည္။

__________

အချိန်တွေက ကျွန်တော်နဲ့ ပေါက်စီလုံးရဲ့
အသက်အရွယ်ကို မတားစီးနိုင်ဘူး။
တရွေ့ ရွေ့ ပြောင်းလဲလာတဲ့ နေ့ ရက်
များစွာကို ပေါက်စီလုံးက ကျွန်တော်နဲ့
အတူ ကုန်ဆုံးခဲ့ပြီး ခုဆိုရင် သုံးတန်းကျောင်းသားကြီးပင် ဖြစ်လာခဲ့သည်။

ပြန်တွေးကြည့်ရင် မနေ့ တနေ့ ကအတိုင်း
ထင်ဟပ်နေဆဲပင်။
ကျွန်တော်ရဲ့ ကလေးဘဝကို ပေါက်စီလုံးကိုထိန်းကျောင်းပြီး ကြီးပြင်းခဲ့ရသလို
ပေါက်စီလုံးသည်လည်း ကျွန်တော်သွန်သင်ဆုံးမမူ့ နဲ့ အတူ ထူးချွန်လိမ်မာသော
ကျောင်းသားကလေးဖြစ်ခဲ့သည်။

ပေါက်စီလုံးသည် အရမ်းလိမ်မာသောကလေးဖြစ်သည်။
စကားတွေအများကြီးပြောဆိုဆုံးမစရာမလိုပဲ  ကျွန်တော်ရဲ့မျက်နှာကိုဖတ်တက်ပီး
အရာရာကိုနားလည်နေသည်ထိ ကျွန်တော်တို့ နှစ်ယောက်ရဲ့ သံယောဇဉ်သည်
ထူးခြားမြဲမြံခဲ့သည်။

ပေါက်စီလုံးအဖေဦးကောင်းလုံ
ဖွင့်လှစ်ခဲ့သော ဝေလုံ စက်သုံးဆီ ဆိုင်များသည် အတော်ကြီး အောင်မြင်လာခဲ့ပြီး မြန်မာပြည်အနှံ့ အမြို့ မြို့ အနယ်နယ်တိုင်းထိ တိုးချဲ့ နိုင်ခဲ့သည်။
စီးပွာရေးတိုးတက်လာသည်နှင့်အမျှ
ဦးကောင်းလုံ ရဲ့ အားလပ်ချိန်များသည်နည်းပါးလာခဲ့သည်။

ပေါက်စီလုံးကတော့ သားယောကျာ်းလေးပီပီ  ထားတဲ့အတိုင်းနေပြီး သိပ်ဂျီကျတာ
ဘာညာ မလုပ်ခဲ့ပေ။
အရင်ကတည်းက ကျွန်တော်ကို သိပ်ကပ်သော  ပေါက်စီလုံးက ခုဆိုရင်
သူ့ အဖေ အိမ်ပြန်လာရင်တောင် ဟိုဖက်အိမ်ကိုသိပ်မသွားချင်တော့။

"ဘေဘီ  မအိပ်သေးနဲ့ အုန်း ။စာရပီလား"

တစ်ယောက်အိပ်မွေ့ ယာသည် အရင်အတိုင်း မပြောင်းလဲစွာ တည်ရှိနေတုန်းဆိုပေမဲ့ အိပ်ယာပေါ်မှာ ပက်လက်ကြီးအိပ်နေသော ဝက်ပေါက်ကတော့  ၉နှစ်အရွယ်ကလေး တစ်ယောက်နဲ့ မဆိုင်စွာ
ဝတုတ်ပြဲနေသည်။

ကျွန်တော်အသံကြားတော့ အိပ်ယာပေါ်ကနေမျက်မှန်လေးကောက်တပ်ကာ
ဆင်းလာပြီး ကျွန်တော်စာကျက်နေတဲ့ ဘေးလာရပ်ကာ ပုခုံးတွေကိုလာနှိပ်ပေးသည်။

"လုံလုံ မအိပ်သေးပါဘူး။ ချစ်ချစ် စာကျက်ပြီးမှ အိပ်မှာ။ "

ဖောင်းအိအိလက်ကလေးတွေက ပုခုံးပေါ်မှာပြေးလွှားနှိပ်နှယ်နေပြီး ခပ်ချွဲချွဲဆိုလာသည်။

"စာကရော"

"အရင်ကတည်းကရနေပြီးသားတွေပါ ချစ်ချစ်ရာ။ လုံလုံ ခုပြန်နွေးရုံမကဘူး
အလွတ်လဲချရေးပြီးပြီ။ "

ကျွန်တော် ဖတ်လက်စ အင်္ဂလိပ်စာအုပ်ကို ပိတ်ပီး ပုခုံးပေါ်ကလက်တွေကိုဆွဲယူလိုက်တယ်။
ပြီးတော့  နှာခေါင်းလုံးလုံးလေးပေါ်မှာ
အနည်းငယ်လျောကျနေတဲ့ မျက်မှန်ကို
ဆွဲချွတ်ပီး စာကြည့်ခုံပေါ်သေချာတင်ပေးလိုက်တယ်။

"အိပ်ရအောင်ဘေဘီ။
မနက်ကို စောစောမထနိုင်ပဲနေလိမ့်မယ်။
လမ်းလျှောက်ရမှာနော်။ ကြာလေကြာလေ
မင်းကိုယ်မင်းရော သယ်နိုင်သေးရဲ့လား"

ီတီရှပ်နဲ့  ဘောင်းဘီတို ကြားက ဖြူဖွေးနေသော ဗိုက်သားသည် ဖောင်းကားနေမူ့ ကိုမထိန်းနိုင်စွာ အင်္ကျီအပြင်ဖက်ကိုလျံကျနေသည်။
ပေါက်စီလုံးသည် ပါးပြင်တွေဖောင်းသလို
ခြေသလုံးတွေကလည်းဖြူဖွေးတစ်တုတ်နေသည်။
ဝမ်းဗိုက်သည်လည်း အဝလွန်မူ့ ကြောင့်
မကွယ်ဝှက်နိုင်စွာ စူထွက်နေ၏။

မနက်လမ်းလျှောက်ရမယ်ပြောတော့
အိပ်ပုတ်ကလေးသည် မထချင်စွာ
စကားအဖြေပြန်မလာပေ။
ထို့ ကြောင့် ဘေးမှာရပ်နေသော ကိုယ်လုံးကြီးကို ပေါင်ပေါ် ဆွဲတင်လိုက်သည်။

နင့်ကနဲ ဖြစ်သောတဲ့ခံစားချက်က
ခုထိ အသားမကျသေး။
ကျွန်တော်သည် သွယ်လျတဲ့ထဲ ပါသည်မို့
တနေ့ တခြား ကြီးထွားလာတဲ့ ပေါက်စီလုံးကိုတော့ ဘယ်တော့မှ နိုင်တော့မည်မထင်။

" ဘေဘီရချင်တဲ့ ဆိုင်ကယ်ရုပ်အသစ်ရယ် ..အရုပ်ဆက်တဲ့ဟာရယ်...ဝယ်ပေးမယ်လေ"

"တကယ်နော် "

"အင်း"

ပေါက်စီလုံးသည် ကလေးပီပီ အရုပ်ဆက်ရသည်ကို သဘောကျသည်။
သူလိုချင်တာ ဝယ်ပေးမယ်ပြောရင် အကုန်ခိုင်း
လို့ ရသည်ကြောင့် တခုခုဆိုထိုနည်းနဲ့ သာမြူဆွယ်ရသည်။

အိပ်ယာပေါ်ရောက်တော့
ခြေထောက်တဖက်က အရင်ပေါင်ပေါ်ရောက်လာသည်။
ထူးဆန်းတဲ့ အကျင့်က ဘေးမှာဖက်လုံးရှိနေတာတောင် ခြေထောက်တဖက်ကတော့ရအောင်တင်တက်တာဖြစ်သည်။

"ချစ်ချစ် ဒီတခါကျောင်းပိတ်ရင် လုံလုံတို့
ဘယ်သွားကြမလဲ "

"မင်းက ဘယ်သွားချုင်တာလဲ "

"လုံလုံ  က ချစ်ချစ်နဲ့ ဆို ဘယ်သွားရသွားရ "

စကားတက်နေတဲ့ ပေါက်စီလုံး ပါးစုံကြီးကို ဆွဲဖဲ့ဖြစ်လိုက်တော့ ခါတိုင်းလို မအော်ဟစ်။ငြိမ်သက်စွာပင် ကျွန်တော်ကိုစူးစိုက်ကြည့်နေပီး လက်တဖက်သည် ကျွန်တော့်မျက်တောင်တွေကိုတို့ ထိလာသည်။

"ချစ်ချစ်မျက်တောင်တွေက အထူကြီးပဲနော်။ ပြီးတော့ လုံလုံလို မဟုတ်ဘူး ချစ်ချစ် မျက်လုံးလေးက လှတယ်"

ပေါက်စီလုံးရဲ့ မျက်လုံးအိမ်သည်
ကြယ်ကလေးတွေလို ဝိုင်းဝိုင်းလက်လက်လေးဖြစ်နေပေမဲ့ ကျွန်တော့်ထက်စာအနည်းငယ်မှေးချင်သည်။
ပေါက်စီလုံးပြောသလိုပင် ကျွန်တော့်
မျက်ဆံအိမ်သည် ရှည်မျောမျောပုံစံရှိပြီး
ရယ်မောလိုက်လျှင်  နှစ်လိုဖွယ်ကောင်းကာ  ပိုချစ်စရာကောင်းသွားတက်သည်ဟု
လူတိုင်းကပြောဖူးသည်။

သို့ ပေမဲ့ မာနကြီးတဲ့ ကျွန်တော်သည်
အမြဲရယ်မောမနေတက်ပေ။
တခါတရံမှ ရယ်မောတက်သော
ကျွန်တော့်ပြုံးရယ်ခြင်းတွေသည်
ပေါက်စီလုံးသာအများဆုံးမြင်တွေ့ နိုင်ခဲ့သည်။

"ချစ်ချစ်ကို ချစ်တယ်"

မျက်ခွံထပ်မှာ နွေးကနဲ  ။

"အင်း အိပ်တော့"

အိတုံတုံ ဗိုက်သားတွေကို ပွတ်သပ်ပေးရင်း ကျွန်တော့်မျက်လုံးတွေမှေးမှိတ်လိုက်သည်။
ကျွန်တော်အိပ်မပျော်ခင်မှာပဲ
အသက်ရူသံသဲ့သဲ့ ထွက်ပေါ်လာသည်မို့
အနည်းငယ်ပြုံးကာ  လက်ကိုဖယ်ကာ
လှန်နေသော အင်္ကျီကိုဆွဲချပေးလိုက်သည်။

ကလေးတွေလို ဗိုက်ကိုပွတ်သပ်ပေးမှ
အိပ်ပျော်တက်သော ပေါက်စီလုံးပါးပြင်ကိုအသာအယာ နမ်းရှိုက်လိုက်ပီး
ကျွန်တော်သည်လည်း အိပ်စက်အနားယူလိုက်သည်။

-------

" ဘေဘီ သွက်သွက်လျှောက်လေ"

လှုပ်ပဲ့လှုပ်ပဲ့ လျောက်နေသောပေါက်စီလုံးသည် ချွေးတွေရွဲကာ လက်နှစ်ဖက်သည်အောက်ကို တွဲလောင်းကျနေသည်။

"လုံလုံမောနေပီ"

"၁၀မိနစ်ပဲရှိသေးတယ်။ နာရီဝက်ပြည့်အောင်လျှောက်ရမယ်"

အားကစားဝတ်စုံအောက်က ပူထွက်နေသော အဆီပြင်လေးကြောင့် သနားမိပေမဲ့  စိတ်ထိန်းကာ ထပ်လျှောက်ခိုင်းမိသည်။
ပေါက်စီလုံးအတော် ဝနေသည်။

များမကြာခင်  ထပ်ဝလာမည်ဆိုပါက
ကျန်းမာရေးအတွက်  အဆင်မပြေဖြစ်လာနိုင်သည်။
ခုတောင် တခါတလေ ပေါက်စီလုံးက
ဟိုနားသည်နားသွားဖို့ ကို သူ့ ကိုယ်လုံးသူမနိုင်တော့ပေ။

နာရီဝက်ခန့် ချော့တလှည့်ခြောက်တလှည့်
ခိုင်းပီးတဲ့နောက်မှာ  ပေါက်စီလုံး ခြေပစ်လက်ပစ် လမ်းပေါ်တွင်ထိုင်ချလိုက်သည်။
အိမ်ရောက်ဖို့ သိပ်မလိုတော့သည့်ကြောင့်

"ဘေဘီ ထ  အိမ်ရောက်မှ နားတော့"

"လုံလုံ ခြေထောက်တွေနာတယ်။ "

တစ်တိုတုတ်နေတဲ့ ခြေထောက်တွေဆန့် ကာပြလာတော့ သက်ပျင်းချကာ
လက်နဲ့ အသာနှိပ်ပေးမိသည်။

"တွေ့ လား မင်းခြေထောက်တွေတောင်
မင်းဝိတ်ကိုကြာကြာမထိန်းနိင်တော့ဘူး
နောက်ဒီထပ်သာပိုဝလာရင်တော့
မင်း ကိုကောင်မလေးတွေမကြိုက်ပဲနေတော့မှာပဲ"

"လုံလုံမှာ ချစ်ချစ်ရှိတာပဲ။
လုံလုံ ကောင်မလေးမရချင်ဘူး"

"ငါကလည်း မင်းဒီထပ်ပို ဝလာရင် မကြိုက်တော့ဘူး"

"....."

အသံထွက်မလာတော့နှိပ်နေရင်းမှ
မော့ကြည့်မှ ပေါက်စီလုံးတစ်ယောက် ခေါင်းငုံ့ ကာ ငိုနေသည်။

"ဟော ငိုစရာပါလားဘေဘီ။
ကလေးလဲမဟုတ်ပဲ ။ "

နှာသီးဖျားတွေရဲနေတဲ့အပြင်
မျက်ရည်စတွေက ပါးစုံ ကြီးတွေပေါ်မှာစီးကျနေတာများ သနားစရာမကောင်းပဲ
ရယ်ချင်စရာလေးဖြစ်နေသည်။
ခပ်ဟဟရယ်ကာ  မျက်ရည်တွေလက်နဲ့
သုပ်ပေးတော့ အထိမခံပဲ မျက်နှာကိုတဖက်လှည့်သွားသည်။

"ဘေဘီ စိတ်ကောက်စရာမဟုတ်ပဲ။
ထ  အိမ်ပြန်ရအောင် ။ "

ကလေးကို လမ်းပေါ်မှာ မဆုံးမချင်လို့
လက်ကမ်းကာ ထဖို့ ပြောသော်လည်း
ပေါက်စီလုံးက မလှုပ်ပဲထပ်မေးလာသည်။

"ဝရင် တကယ်မကြိုက်ဖူးလား။
လုံလုံ ဝနေလို့  ချစ်ချစ် သဘောမကျတော့လို့ လုံလုံ ကိုလမ်းလျှောက်ခိုင်းနေတာလား"

ကျွန်တော် မျက်ခုံးပင့်ကာ
ပေါက်စီလုံးကိုကြည့်လိုက်သည်။
ဒီလိုပဲ စနောက်လိုက်တဲ့စကားကို
ဘာကြောင့်  ငိုရတဲ့အထိဖြစ်သွားရတာလဲ။
ကျွန်တော် ပေါက်စီလုံးဘေးကို ဒူးတဖက်ထောက်ကာ ကျောပေးထိုင်ကာ

"တက် အိမ်ပြန်မယ်။ မဆိုင်တာမပြောနဲ့ ။
မင်းအရမ်းဝနေရင်  မင်းကျန်းမာရေးအတွက်စိုးရိမ်လို့ ငါကပြောတာ။ နောက်ကို
မဟုတ်တာတွေ ငါ့ကိုလာမမေးစမ်းနဲ့ "

စကားဆုံးတော့  ပေါက်စီလုံးမတ်တပ်ရပ်လာပြီး  

"လုံလုံ အသက်၉နှစ်ရှိနေပီ  ကလေးမဟုတ်တော့ဘူး။
လုံလုံဘာသာလမ်းလျှောက်မယ်"

ကျွန်တော်ကို ကျော်ကာ
ဘောလုံးလေးလို့  တလိမ့်လိမ့်လျှောက်သွားသည်။

ဘာလဲ ခုကျွန်တော်ကို ပေါက်စီလုံး လျစ်လျူ ရှူ့ သွားတာလား။

လမ်းပေါ်မှာ ဒူးတစ်ဖက်ထောက်ရင်းတန်းလမ်းဖြင့်   ကျောပေးထွက်ခွာသွားသောပေါက်စီလုံးကိုတအံ့တသြကြည့်မိသည်။
ဒီနေ့ ပေါက်စီလုံးကို ဘာကြောင့် လူကြီးတစ်ယောက်လိုခံစားမိနေရတာလဲ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz