အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
8
ညေန ေက်ာင္းဆင္းခ်ိန္ေရာက္ေတာ့
ေက်ာင္းေပါက္ဝ ကေန တျခားေသာ မိဘေတြနည္းတူ ကြၽန္ေတာ္လဲ တေမ်ွာ္ေမ်ွာ္ျဖင့္ေစာင့္ေနမိသည္။
က်ဴ ရွင္ခ်ိန္က ညႇိမရေတာ့ ေပါက္စီလံုး
ေက်ာင္းဆင္းခ်ိန္နဲ ့နည္းနည္းကပ္သြားရ၏
ကြၽန္ေတာ့္အတြက္ စာေနရတဲ့ အခ်ိန္တေလ်ွာက္လံုးသည္ေပါက္စီလံုးဆီကိုသာ
စိတ္ေရာက္ေနပီး စာလဲေျဖာင့္ေျဖာင့္မသင္ခဲ့ရေပ။
ခဏၾကာေတာ့ ေက်ာင္းဆင္းသံ ၾကားရပီး
ကေလးေတြနဲ ့အတူ ဆရာမေတြပါ
ညီညီညာညာ ဆင္းလာၾကသည္။
တန္းစီဆင္းလာေသာ ကေလးေတြ
ၾကားထဲတြင္ ေပါက္စီလံုးကို ျမင္ရလို ႔
ျမင္ရျငား လရိပ္ မိဘေတြၾကားထဲကေန အတင္းတိုးေဝွ ႔ၾကည့္ေသာ္လဲ ပုေနေသးေသာအရပ္ေၾကာင့္ ဘာမွမျမင္ရေပ။
စိတ္ပ်က္လက္ပ်က္ သံပန္း
ၿခံစည္းရုိးေလးကေန ေခ်ာင္းၾကည့္ေနစဥ္
စူးရွေနေသာ ေပါက္စီလံုးေအာ္သံက
ကေလးအုပ္ၾကားထဲတြင္ ထြက္လာ၏
"ခ်စ္ခ်စ္ လံုလံု ဒီမွာ "
အသံသာ ၾကားရပီး လူကို မျမင္ရေသးတာေၾကာင့္ လရိပ္အတင္း ျပဴးၿပဲရွာရေသးသည္။
ေဟာေတြ ႕ပါပီ။
ျပဴ ဥ ဥ ေပါက္စီလံုးသည္ ၇ေယာက္ေျမာက္ ေနရာမွာ လက္ဆြဲထားေသာ ဆရာမ လက္ကို ျဖဳတ္ခ်ကာ ေျခေထာက္ေတြက
ကြၽန္ေတာ္ဆီလာခ်င္လြန္းလို ႔ခုန္စြခုန္စြျဖစ္ေနသည္။
တစ္ေယာက္ခ်င္းဆီ မိဘလက္အပ္ၿပီးတာနဲ ့ တျဖည္းျဖည္းကြၽန္ေတာ့္ အလွည့္ေရာက္လာခဲ့ေလသည္။
"သက္ငယ္ေဝလံုရဲ႕ အုပ္ထိန္းသူ ။
ကေလးလာေခၚလို ႔ရပါပီ"
ဆရာမ အသံခပ္က်ယ္က်ယ္ေၾကာင့္
လူအုပ္ေနာက္ကေန အတင္းတိုးေဝွ ့ကာ
သြားေခၚမိသည္။
စည္းကမ္းက်တာကို သေဘာက်ေပမဲ့
ဒီတခါေတာ့ လရိပ္သိပ္စိတ္မရွည္ျဖစ္ရသည္။
"ကြၽန္ေတာ္ပါ။ ေဘဘီ လာဒီကို "
ေခၚသံၾကားေတာ့ ဆရာမလက္ထဲကေနရုန္းကာ ေျပးလားလိုက္တာမ်ားလံုးလို ႔။
ရင္ခြင္ထဲ ဝင္ေျပးလာတဲ့ ခပ္ဖိုင့္ဖိုင့္ ကိုယ္လံုးေလးကို မနိုင္တနိုင္ေပြ ႕ခ်ီကာ လရိပ္ ျပန္ထြက္လာခဲ့သည္။
"ခ်စ္ခ်စ္ လံုလံု အရမ္းလြမ္း"
"စာေတြသင္ရတာအဆင္ေျပလား "
"အြန္း "
"ဟုတ္ကဲ့လို ႔ေျပာ"
"ဟုတ္ကဲ့"
လည္ပင္းကိုဖက္ကာ စကားေျပာလိုက္လာတဲ့ ေပါက္စီလံုးသည္ တေန ႔တာ
စာသင္ခဲ့ရေသာ သင္ခန္းစာမ်ားအျပင္
နာမည္မသိေသးေသာ သူငယ္ခ်င္း နွစ္ေယာက္ရခဲ့သည္ဟု ေျပာျပလာသည္။
သင္ခဲ့ရသာ ကဗ်ာ မ်ားကိုလဲ
တလမ္းလံုးကားေပၚမွာ ႐ြတ္ျပေနပီး
သူ ေတာ္တယ္ဆိုတာကို ခ်ီးက်ဴးခံခ်င္တဲ့ကေလးတစ္ေယာက္ပံုစံျဖစ္ေနသည္ေၾကာင့္
"ေတာ္တယ္။ စာေတြမေမ့ေစနဲ ့။
ေက်ာင္းမွာအေတာ္ဆံုးမဟုတ္ေတာင္
အညံ့ဆံုးမျဖစ္ေစနဲ ့။ ၾကားလား"
"ဟုတ္ကဲ့"
အက်ယ္ႀကီး ရွိတဲ့ ကားေပၚမွာ ေပါက္စီလံုးက ကြၽန္ေတာ့္ ေပါင္ေပၚကေန
ထိုင္လိုက္ကာ ေအာက္လဲခ်လို ႔မရေပ။
သူ ႔ကိုယ္လံုးႀကီးေၾကာင့္ ေညာင္းေတာင့္ေနေသာ ေပါင္ကို မသိခ်င္ေယာင္ေဆာင္ကာ ခ်ီပိုးထားရသည္။
အိမ္ေရာက္ေတာ့ ဦးေကာင္းလံု
ထားရွိေပးတဲ့ ကားဒရုိင္ဘာသည္
တာဝန္ေက်စြာ ကားတံခါးဖြင့္ေပးၿပီး
မနက္ ၉နာရီလာႀကိဳ မယ္ေျပာကာ
နႈတ္ဆက္ျပန္သြားသည္။
ပံုမွန္ဆို သူမ်ားအကူညီမယူျဖစ္ေပမဲ့
အႀကိဳအပို ႔ကိုေတာ့ ေပါက္စီလံုးမ်က္နွာ
ၾကည့္ပီး လက္ခံလိုက္တာျဖစ္သည္။
"ေဘဘီ ခဏနား။ ၿပီးရင္ ေရခ်ိဳးရမယ္။
ခုေတာ့ေဆာ့လိုက္အုန္း"
အရုပ္မ်ိဳးစံု ထည့္ထားတဲ့ ျခင္းေလးကို
ခ်ေပးလိုက္ေတာ့ ၾကမ္းေပၚထိုင္ကာေဆာ့ေတာ့သည္။
ေရာက္ေရာက္ျခင္း လြတ္လြတ္လပ္လပ္ေနရေအာင္ ေက်ာင္းဝတ္စံု ခြၽတ္ေပးထား
တာေၾကာင့္ ကာတြန္းရုပ္ေလးေတြပါတဲ့
အတြင္းခံေလးတစ္ထည္နဲ ့သာ ထိုင္ေဆာ့ေနတာျဖစ္သည္။
ေဆာ့ေနတဲ့ ေပါက္စီလံုးရဲ႕ တစ္တိုေနေသာ ခါးတိုင္တုတ္တုတ္နဲ ့ျဖဴလံုးလံုး တင္ပါးေလးကို ၾကည့္ေနရင္းအူယား လာတာေၾကာင့္
လုပ္လက္စခ်ကာ ငုံ ့ကိုက္ပစ္လိုက္သည္။
"အား ခ်စ္ခ်စ္ နာတယ္လို ႔"
"မနာပါဘူး ။ ငါအသာေလး ကိုက္တာကို "
သူ ႔တင္ပါးကို ပြတ္လို ႔ မ်က္လံုးျပဴးကာ
ရန္လုပ္ေနတာမို ႔ ေဖာင္းကားေနတဲ့
ပါးစံုႀကီးေတြကိုပါ ထပ္ကိုက္လိုက္ေတာ့
ေအာ္သံက ဆူညံ့စြာထြက္လာ၏
ျဖဴ ဥဥ ပါးျပင္သည္ ကြၽန္ေတာ္ကိုက္လိုက္ေသာ သြားရာ ေသးေသးက မပီမျပင္
ေပၚလို ႔ေနတယ္။
"ခ်စ္ခ်စ္ မေကာင္းဘူး "
"အင္း မေကာင္းဘူး။ အဲ့ေတာ့ မင္းမခ်စ္ဘူးလား"
ဆူပုတ္ပုတ္ရုပ္ေလးက သူ ႔ကို ဒီေန ႔နာေအာင္လုပ္လို ႔မေက်နပ္ေနဟန္။
"ခ်စ္တယ္"
ေျပာပီး လႈပ္စိလႈပ္စိနဲ ့ ဖင္ေလးေနာက္ပစ္ကာ ဆိုင္ကယ္ရုပ္ေလးကို တြန္းေနျပန္သည္။
ဒီတခါထပ္လုပ္ရင္ ေအာ္ငိုေတာ့မွာ ေသခ်ာေနၿပီမို ႔ ေပါက္စီလံုးခြၽတ္ခ်ထားတဲ့
ေက်ာင္းဝတ္စံုကို ေကာက္ကိုင္ကာ
ေရခ်ိဳးခန္းထဲဝင္ကာ ေလ်ွာ္ဖြတ္ေနလိုက္သည္။ အဝတ္ေလ်ွာ္စက္ရွိေပမဲ့ လရိပ္က
လ်ွပ္စစ္ပစၥည္းေတြကိုေတာ့ မ်ားေသာအားျဖင့္အသံုးမျပဳတက္။
ဘယ္ေလာက္ပဲ လူႀကီးဆန္ေအာင္ေနေန
လရိပ္က ကေလးပဲျဖစ္ေသးသည္မို ႔
မဆိုင္တဲ့အရာေတြကို မလုပ္မိေအာင္
ကိုယ့္ကိုကိုယ္စည္းကမ္း ခ်ထားျခင္းျဖစ္သည္။
နို ႔မို ႔ဆို အိမ္မွာထားခဲ့ရေသာ လရိပ္အတြက္ တီေလး အလုပ္မွာ ပူပင္ေသာကနဲ ့
စိုးရိမ္ေနရလိမ့္မည္။
TVၾကည့္မဲ့အစား လရိပ္က စာအုပ္ဖတ္သည္။
ေပါက္တကရ ေလ်ွာက္စားမဲ့အစား တီေလးခ်က္ေကြၽးခဲ့ေသာ ထမင္းဟင္း နဲ ့ ေရခဲေသတၱာထဲက အသီး တခ်ိဳ ႕ကိုသာ မက္ေမာစြာစားသည္။
မရွိလ်ွင္ စပ္ေဆာ့က ရွာေဖြစားေသာက္တက္ျခင္းမ်ိဳး လရိပ္မလုပ္တက္ေပ။
တီေလးက တခါတေလ ေျပာတက္သည္။
"နင္လို လူထူဆန္းမ်ိဳး ငါခုမွေတြ ႕ဖူးတယ္"တဲ့ ။ တကယ္ရယ္စရာေကာင္းတာပဲ ။
စာဖတ္ျခင္း.. အေနေအးျခင္းနဲ ့စည္းကမ္း
က်ျခင္းေတြက လူထူးဆန္းမွမဟုတ္တာ။
ေကာင္းတဲ့ ဗဇ ကို ေမြးျမဴ တက္တဲ့ ကေလးတစ္ေယာက္ကို ဘာေၾကာင့္
မေျမာက္ပင့္ပဲ အံ့ၾသတႀကီး လိုက္ၾကည့္ေနၾကတာလဲ ။
ေလ်ွာ္ထားပီးသားေက်ာင္းဝတ္စံုေလးကို ခ်ိတ္နဲ ့ေသခ်ာခ်ိတ္ကာ ဝရံတာက အဝတ္စင္မွာ သြားခ်ိတ္လိုက္သည္။
ၿပီးမွ
"ေဘဘီ ေရခ်ိဳးမယ္ ။ အရုပ္ေတြ သိမ္း "
ေပါက္စီလံုးကို ေအာ္ထားခဲ့ၿပီး
ေရခ်ိဳးခန္းထဲဝင္ကာ ခ်ိဳးေပးေနၾက ဒန္ကန္ထဲကို ေရျဖည့္ထားခဲ့ကာ အေပါက္ဝကေန သူခိုင္းတာလုပ္ရဲ႕လားဆိုတာ ေခါင္းျပဴ ၾကည့္လိုက္၏။
ေပါက္စီလံုး တစ္ေယာက္သည္
သူ ေဆာ့ခဲ့တဲ့ အရုပ္မ်ိဳးစံုကို ေသခ်ာ တရုပ္ျခင္း ျခင္းစိမ္းေလးထဲကိုေကာက္ထည့္သိမ္းေနသည္ကို ေတြ ႕ရမွ ေရခ်ိဳးခန္းထဲျပန္ဝင္ကာ ေပါက္စီလံုးအလာကို ေစာင့္ေနလိုက္သည္။
ဒီကေလး အခ်ိဳးက် လာသည္ကို ေတြ ႕
ရေတာ့ ကြၽန္ေတာ္ ေက်နပ္သြားရသည္။
"ခ်စ္ခ်စ္ လံုလံု လာၿပီ "
"သိမ္းခဲ့ၿပီလား"
"အင္း လံုလံု အကုန္ သိမ္းခဲ့တယ္ "
"ေတာ္တယ္။ လာ ခ်ိဳးရေအာင္ "
ဝတုတ္တုတ္ ကိုယ္လံုးႀကီးကို မနည္း
မ,ကာ ေရကန္ထဲထည့္ေတာ့ ေပ်ာ္ရႊင္စြာ
ေျခေထာက္ေတြက ေရနဲ ့တဗြမ္းဗြမ္းကန္ေဆာ့သည္။
ဒန္ကန္က ေသးတဲ့ အျပင္.. မ,ထားရက္နဲ ့ေဆာ့ေနတာမို ႔ ေျခေထာက္ေတြကို အထဲေရာက္ေအာင္ေတာ္ေတာ္နဲ ့ထည့္မရ ျဖစ္ေန၏
"ေဘဘီ ။ မေဆာ့ေသးနဲ ့အုန္း "
ေလသံနည္းနည္းမာေတာ့ လႈပ္ရွားေနတာေတြ ခ်က္ျခင္းရပ္တန္ ႔ကာ မ်က္နွာငယ္ေလးနဲ ့ေမာ့ၾကည့္လာတယ္။ ေသခ်ာေရကန္ထဲထည့္ေပးၿပီးမွ
" ရပီ ေဆာ့ေတာ့ ။ မင္း ၿငိမ္ၿငိမ္မေနရင္
ေအာက္ျပဳတ္က်မွာစိုးလို ႔ေအာ္တာ ။
ဘာမွမျဖစ္ဘူး "
ထိုအခါမွာ ေရေတြကို တဗြမ္းဗြမ္းလက္နဲ ့
ရုိက္ပုတ္ေဆာ့ကာ ေပ်ာ္ေတာ့သည္။
အေတာ္ၾကာေအာင္ေဆာ့ေစၿပီးမွဆပ္ျပာတိုက္ေပး..သန္ ႔ရွင္းေရးလုပ္ေပး ၿပီး ေရကန္ထဲကထုတ္လိုက္သည္။
ေရသန္ ႔ ေသခ်ာ ထပ္ခ်ိဳးေပးၿပီး တဘတ္နဲ ့ထုပ္ပိုးကာ သနပ္ခါးလိမ္းေပးျခင္း အဝတ္ဝတ္ေပးျခင္းေတြကိုျမန္ျမန္ဆန္ဆန္လုပ္ေပးမိ၏
"ဗိုက္ဆာပီလား ။ "
သနပ္ခါးအေဖြးသားနဲ ့ ေပါက္စီလံုးက ခ်စ္စဖြယ္။ဒီေန ႔ေတာ့ေက်ာင္းမွာအိပ္ခဲ့သည္မို ႔ သူ မအိပ္ေပ။
"လံုလံု မံမံနဲ ့ ၾကက္ေၾကာ္စားမွာ"
"အင္း "
ကြၽန္ေတာ္သည္ ေပါက္စီလံုးနဲ ့
ပတ္သက္ဆက္ႏြယ္မူ ႔မရွိေသာ သူစိမ္းသာသာပင္။
ဒါေပမဲ့ အတိတ္ကံေတြေၾကာင့္
ေပါက္စီလံုးကို ျပဳစုယုယရ ရမဲ့ အေၾကာင္းေတြ ကြၽန္ေတာ္ဆီမွာ ျဖစ္ေပၚေနသည္။
ေပါက္စီလံုးကို ကြၽန္ေတာ္မခ်စ္ပါ။
အတူေနတာၾကာလို ႔သံေယာဇဥ္ျဖစ္သြားဆိုရင္ ပိုမွန္လိမ့္မယ္။
အတူရွိျခင္း မရွိျခင္းက ကြၽန္ေတာ္လုပ္ေပးနိုင္တဲ့ အရာမဟုတ္ေပ။
ေပါက္စီလံုးသည္ ကြၽန္ေတာ္ေဘး ဘယ္ခ်ိန္ထိေနေပးမလည္းဆိုတာ ကြၽန္ေတာ္မသိခ်င္ပါ။
လတ္တေလာ အတူရွိခ်ိန္မ်ားတြင္
ေစတနာပါေသာ ဂရုစိုက္ျခင္းမ်ားနဲ ့
ဂရုစိုက္မိျခင္းသည္ ေနာင္ ကြၽန္ေတာ္တို ႔
နွစ္ေယာက္ေဝးကြာသြားခဲ့ရင္ အမွတ္တရအျဖစ္ က်န္ရွိေနေပလိမ့္မည္။
ဒီလိုမဟုတ္ပဲ ေပါက္စီလံုးသာ
ကြၽန္ေတာ္ေဘးမွာ ထာဝရ အတူရွိေနခဲ့ရင္လဲ ငယ္စဥ္ ျဖတ္သန္းခဲ့ရေသာ အတိတ္ဘဝမွာ ကြၽန္ေတာ္က ထပ္တူ
ေကာင္းမြန္စြာ ေပါက္စီလံုးနဲ ့အတူပါရွိေနလိမ့္မည္။
ကြၽန္ေတာ္သည္ ကိုးနွစ္အ႐ြယ္ျဖစ္လင့္ကစား ခြဲခြာျခင္းကိုေတာ့ ေကာင္းစြာသိေလသည္။
အထီးက်န္ျခင္းနဲ ့အေတာ္ႀကီးအသားက်ေနေပမဲ့ အထီက်န္ျခင္းကိုေတာ့ ကြၽန္ေတာ္မနွစ္သက္ေပ။
တေန ႔ေန ႔တခ်ိန္ခ်ိန္ ေပါက္စီလံုးသည္
ကြၽန္ေတာ္ကို ထားရစ္ခဲ့မယ္ဆိုရင္ေတာင္ မလြမ္းတက္ေအာင္ ခုကတည္းက
ကြၽန္ေတာ္ျပင္ဆင္ထားသည္။
လြမ္းရသည္ကို ကြၽန္ေတာ္တကယ္မႀကိဳက္ေပ။
"ေဘဘီ ။ ငါနဲ ့ အၿမဲအတူေနမွာလား"
"အြန္း လံုလံုေနမွာ"
ထမင္းေတြျပည့္ေနတဲ့ ပါးစပ္ေလးကို အတင္း ,ဟ လို ႔ေျပာလာသည္မို ႔
ေရခြက္ေလးေရွ ႔တိုးေပးလိုက္သည္။
ေပါက္စီလံုးသည္ ထမင္းဆီဆမ္းနဲ ့
ၾကက္သားမႊေၾကာ္ကို သိပ္ႀကိဳက္၏။
" မင္း တသက္လံုးငါနဲ ့အတူေနလို ႔မွမရတာ။ ငါ့အေမလဲ ငါနဲ ့အတူမေနေတာ့ဘူး။
ငါ့အေဖကလဲ ပင္လယ္ႀကီးကို ငါ့ထက္ပိုခ်စ္တယ္။ တီေလးကလဲ အခ်ိန္တန္အိမ္ေထာင္ျပဳမွာပဲ။ လူဆိုတာက တစ္ေယာက္ထဲ ေနတက္ဖို ႔ ေလ့က်င့္ထားတာအေကာင္းဆံုးပါပဲ "
ကြၽန္ေတာ္ရဲ႕စကားဆံုးေတာ့ ေပါက္စီလံုးက မ်က္ေတာင္ေတြပုတ္ကာၾကည့္လာသည္။ ကြၽန္ေတာ္ဘာေတြေျပာေနတာလဲ
ဆိုတာ တကယ္ေတာ့ သူနားမလည္ေသးဘူး။
မၾကာဘူး ထိုင္ေနရာမွ ထ လာပီး
ပုခံုးေပၚေခါင္းတင္ကာ လည္ပင္းကိုသိုင္းဖက္ေတာ့သည္။
ၿပီးေနာက္ ခပ္တိုးတိုးအသံေလးျဖင့္
"လံုလံု ဘယ္မွသြားဘူး" တဲ့
ခ်စ္တဲ့အိမ္စည္။
(လရိပ္မွဴ းခိုင္က အင္မတန္ အေၾကာတင္းတဲ့ကေလး။အဲ့လို ကေလးမ်ိဳး ကိုယ္ေတြ ႕ဖူးတယ္။ သူကေတာ့ ၇နွစ္ပဲရွိေသးတယ္။
အခ်ိန္တိုင္းစာဖတ္ေနတက္တယ္။
စကားသြားေျပာရင္လဲ မထံုတေတးနဲ ့။
တကယ္ေတာ့ အဲ့ကေလးမွာ စိတ္ဒဏ္ရာရွိေနတာကို ေနာက္ဆံုးမွာ ကိုယ္သိခဲ့တယ္။ သနားလို ႔ မုန္ ႔ေတြဘာေတြ ဝယ္ေကြၽးရင္လဲ မ်က္ေမွာင္ကုတ္ပီး မယူဘူး ။ )
______________
ညနေ ကျောင်းဆင်းချိန်ရောက်တော့
ကျောင်းပေါက်ဝ ကနေ တခြားသော မိဘတွေနည်းတူ ကျွန်တော်လဲ တမျှော်မျှော်ဖြင့်စောင့်နေမိသည်။
ကျူ ရှင်ချိန်က ညှိမရတော့ ပေါက်စီလုံး
ကျောင်းဆင်းချိန်နဲ့ နည်းနည်းကပ်သွားရ၏
ကျွန်တော့်အတွက် စာနေရတဲ့ အချိန်တလျှောက်လုံးသည်ပေါက်စီလုံးဆီကိုသာ
စိတ်ရောက်နေပီး စာလဲဖြောင့်ဖြောင့်မသင်ခဲ့ရပေ။
ခဏကြာတော့ ကျောင်းဆင်းသံ ကြားရပီး
ကလေးတွေနဲ့ အတူ ဆရာမတွေပါ
ညီညီညာညာ ဆင်းလာကြသည်။
တန်းစီဆင်းလာသော ကလေးတွေ
ကြားထဲတွင် ပေါက်စီလုံးကို မြင်ရလို့
မြင်ရငြား လရိပ် မိဘတွေကြားထဲကနေ အတင်းတိုးဝှေ့ ကြည့်သော်လဲ ပုနေသေးသောအရပ်ကြောင့် ဘာမှမမြင်ရပေ။
စိတ်ပျက်လက်ပျက် သံပန်း
ခြံစည်းရိုးလေးကနေ ချောင်းကြည့်နေစဉ်
စူးရှနေသော ပေါက်စီလုံးအော်သံက
ကလေးအုပ်ကြားထဲတွင် ထွက်လာ၏
"ချစ်ချစ် လုံလုံ ဒီမှာ "
အသံသာ ကြားရပီး လူကို မမြင်ရသေးတာကြောင့် လရိပ်အတင်း ပြူးပြဲရှာရသေးသည်။
ဟောတွေ့ ပါပီ။
ပြူ ဥ ဥ ပေါက်စီလုံးသည် ၇ယောက်မြောက် နေရာမှာ လက်ဆွဲထားသော ဆရာမ လက်ကို ဖြုတ်ချကာ ခြေထောက်တွေက
ကျွန်တော်ဆီလာချင်လွန်းလို့ ခုန်စွခုန်စွဖြစ်နေသည်။
တစ်ယောက်ချင်းဆီ မိဘလက်အပ်ပြီးတာနဲ့ တဖြည်းဖြည်းကျွန်တော့် အလှည့်ရောက်လာခဲ့လေသည်။
"သက်ငယ်ဝေလုံရဲ့ အုပ်ထိန်းသူ ။
ကလေးလာခေါ်လို့ ရပါပီ"
ဆရာမ အသံခပ်ကျယ်ကျယ်ကြောင့်
လူအုပ်နောက်ကနေ အတင်းတိုးဝှေ့ကာ
သွားခေါ်မိသည်။
စည်းကမ်းကျတာကို သဘောကျပေမဲ့
ဒီတခါတော့ လရိပ်သိပ်စိတ်မရှည်ဖြစ်ရသည်။
"ကျွန်တော်ပါ။ ဘေဘီ လာဒီကို "
ခေါ်သံကြားတော့ ဆရာမလက်ထဲကနေရုန်းကာ ပြေးလားလိုက်တာများလုံးလို့ ။
ရင်ခွင်ထဲ ဝင်ပြေးလာတဲ့ ခပ်ဖိုင့်ဖိုင့် ကိုယ်လုံးလေးကို မနိုင်တနိုင်ပွေ့ ချီကာ လရိပ် ပြန်ထွက်လာခဲ့သည်။
"ချစ်ချစ် လုံလုံ အရမ်းလွမ်း"
"စာတွေသင်ရတာအဆင်ပြေလား "
"အွန်း "
"ဟုတ်ကဲ့လို့ ပြော"
"ဟုတ်ကဲ့"
လည်ပင်းကိုဖက်ကာ စကားပြောလိုက်လာတဲ့ ပေါက်စီလုံးသည် တနေ့ တာ
စာသင်ခဲ့ရသော သင်ခန်းစာများအပြင်
နာမည်မသိသေးသော သူငယ်ချင်း နှစ်ယောက်ရခဲ့သည်ဟု ပြောပြလာသည်။
သင်ခဲ့ရသာ ကဗျာ များကိုလဲ
တလမ်းလုံးကားပေါ်မှာ ရွတ်ပြနေပီး
သူ တော်တယ်ဆိုတာကို ချီးကျူးခံချင်တဲ့ကလေးတစ်ယောက်ပုံစံဖြစ်နေသည်ကြောင့်
"တော်တယ်။ စာတွေမမေ့စေနဲ့ ။
ကျောင်းမှာအတော်ဆုံးမဟုတ်တောင်
အညံ့ဆုံးမဖြစ်စေနဲ့ ။ ကြားလား"
"ဟုတ်ကဲ့"
အကျယ်ကြီး ရှိတဲ့ ကားပေါ်မှာ ပေါက်စီလုံးက ကျွန်တော့် ပေါင်ပေါ်ကနေ
ထိုင်လိုက်ကာ အောက်လဲချလို့ မရပေ။
သူ့ ကိုယ်လုံးကြီးကြောင့် ညောင်းတောင့်နေသော ပေါင်ကို မသိချင်ယောင်ဆောင်ကာ ချီပိုးထားရသည်။
အိမ်ရောက်တော့ ဦးကောင်းလုံ
ထားရှိပေးတဲ့ ကားဒရိုင်ဘာသည်
တာဝန်ကျေစွာ ကားတံခါးဖွင့်ပေးပြီး
မနက် ၉နာရီလာကြို မယ်ပြောကာ
နှုတ်ဆက်ပြန်သွားသည်။
ပုံမှန်ဆို သူများအကူညီမယူဖြစ်ပေမဲ့
အကြိုအပို့ ကိုတော့ ပေါက်စီလုံးမျက်နှာ
ကြည့်ပီး လက်ခံလိုက်တာဖြစ်သည်။
"ဘေဘီ ခဏနား။ ပြီးရင် ရေချိုးရမယ်။
ခုတော့ဆော့လိုက်အုန်း"
အရုပ်မျိုးစုံ ထည့်ထားတဲ့ ခြင်းလေးကို
ချပေးလိုက်တော့ ကြမ်းပေါ်ထိုင်ကာဆော့တော့သည်။
ရောက်ရောက်ခြင်း လွတ်လွတ်လပ်လပ်နေရအောင် ကျောင်းဝတ်စုံ ချွတ်ပေးထား
တာကြောင့် ကာတွန်းရုပ်လေးတွေပါတဲ့
အတွင်းခံလေးတစ်ထည်နဲ့ သာ ထိုင်ဆော့နေတာဖြစ်သည်။
ဆော့နေတဲ့ ပေါက်စီလုံးရဲ့ တစ်တိုနေသော ခါးတိုင်တုတ်တုတ်နဲ့ ဖြူလုံးလုံး တင်ပါးလေးကို ကြည့်နေရင်းအူယား လာတာကြောင့်
လုပ်လက်စချကာ ငုံ့ ကိုက်ပစ်လိုက်သည်။
"အား ချစ်ချစ် နာတယ်လို့ "
"မနာပါဘူး ။ ငါအသာလေး ကိုက်တာကို "
သူ့ တင်ပါးကို ပွတ်လို့ မျက်လုံးပြူးကာ
ရန်လုပ်နေတာမို့ ဖောင်းကားနေတဲ့
ပါးစုံကြီးတွေကိုပါ ထပ်ကိုက်လိုက်တော့
အော်သံက ဆူညံ့စွာထွက်လာ၏
ဖြူ ဥဥ ပါးပြင်သည် ကျွန်တော်ကိုက်လိုက်သော သွားရာ သေးသေးက မပီမပြင်
ပေါ်လို့ နေတယ်။
"ချစ်ချစ် မကောင်းဘူး "
"အင်း မကောင်းဘူး။ အဲ့တော့ မင်းမချစ်ဘူးလား"
ဆူပုတ်ပုတ်ရုပ်လေးက သူ့ ကို ဒီနေ့ နာအောင်လုပ်လို့ မကျေနပ်နေဟန်။
"ချစ်တယ်"
ပြောပီး လှုပ်စိလှုပ်စိနဲ့ ဖင်လေးနောက်ပစ်ကာ ဆိုင်ကယ်ရုပ်လေးကို တွန်းနေပြန်သည်။
ဒီတခါထပ်လုပ်ရင် အော်ငိုတော့မှာ သေချာနေပြီမို့ ပေါက်စီလုံးချွတ်ချထားတဲ့
ကျောင်းဝတ်စုံကို ကောက်ကိုင်ကာ
ရေချိုးခန်းထဲဝင်ကာ လျှော်ဖွတ်နေလိုက်သည်။ အဝတ်လျှော်စက်ရှိပေမဲ့ လရိပ်က
လျှပ်စစ်ပစ္စည်းတွေကိုတော့ များသောအားဖြင့်အသုံးမပြုတက်။
ဘယ်လောက်ပဲ လူကြီးဆန်အောင်နေနေ
လရိပ်က ကလေးပဲဖြစ်သေးသည်မို့
မဆိုင်တဲ့အရာတွေကို မလုပ်မိအောင်
ကိုယ့်ကိုကိုယ်စည်းကမ်း ချထားခြင်းဖြစ်သည်။
နို့ မို့ ဆို အိမ်မှာထားခဲ့ရသော လရိပ်အတွက် တီလေး အလုပ်မှာ ပူပင်သောကနဲ့
စိုးရိမ်နေရလိမ့်မည်။
TVကြည့်မဲ့အစား လရိပ်က စာအုပ်ဖတ်သည်။
ပေါက်တကရ လျှောက်စားမဲ့အစား တီလေးချက်ကျွေးခဲ့သော ထမင်းဟင်း နဲ့ ရေခဲသေတ္တာထဲက အသီး တချို့ ကိုသာ မက်မောစွာစားသည်။
မရှိလျှင် စပ်ဆော့က ရှာဖွေစားသောက်တက်ခြင်းမျိုး လရိပ်မလုပ်တက်ပေ။
တီလေးက တခါတလေ ပြောတက်သည်။
"နင်လို လူထူဆန်းမျိုး ငါခုမှတွေ့ ဖူးတယ်"တဲ့ ။ တကယ်ရယ်စရာကောင်းတာပဲ ။
စာဖတ်ခြင်း.. အနေအေးခြင်းနဲ့ စည်းကမ်း
ကျခြင်းတွေက လူထူးဆန်းမှမဟုတ်တာ။
ကောင်းတဲ့ ဗဇ ကို မွေးမြူ တက်တဲ့ ကလေးတစ်ယောက်ကို ဘာကြောင့်
မမြောက်ပင့်ပဲ အံ့သြတကြီး လိုက်ကြည့်နေကြတာလဲ ။
လျှော်ထားပီးသားကျောင်းဝတ်စုံလေးကို ချိတ်နဲ့ သေချာချိတ်ကာ ဝရံတာက အဝတ်စင်မှာ သွားချိတ်လိုက်သည်။
ပြီးမှ
"ဘေဘီ ရေချိုးမယ် ။ အရုပ်တွေ သိမ်း "
ပေါက်စီလုံးကို အော်ထားခဲ့ပြီး
ရေချိုးခန်းထဲဝင်ကာ ချိုးပေးနေကြ ဒန်ကန်ထဲကို ရေဖြည့်ထားခဲ့ကာ အပေါက်ဝကနေ သူခိုင်းတာလုပ်ရဲ့လားဆိုတာ ခေါင်းပြူ ကြည့်လိုက်၏။
ပေါက်စီလုံး တစ်ယောက်သည်
သူ ဆော့ခဲ့တဲ့ အရုပ်မျိုးစုံကို သေချာ တရုပ်ခြင်း ခြင်းစိမ်းလေးထဲကိုကောက်ထည့်သိမ်းနေသည်ကို တွေ့ ရမှ ရေချိုးခန်းထဲပြန်ဝင်ကာ ပေါက်စီလုံးအလာကို စောင့်နေလိုက်သည်။
ဒီကလေး အချိုးကျ လာသည်ကို တွေ့
ရတော့ ကျွန်တော် ကျေနပ်သွားရသည်။
"ချစ်ချစ် လုံလုံ လာပြီ "
"သိမ်းခဲ့ပြီလား"
"အင်း လုံလုံ အကုန် သိမ်းခဲ့တယ် "
"တော်တယ်။ လာ ချိုးရအောင် "
ဝတုတ်တုတ် ကိုယ်လုံးကြီးကို မနည်း
မ,ကာ ရေကန်ထဲထည့်တော့ ပျော်ရွှင်စွာ
ခြေထောက်တွေက ရေနဲ့ တဗွမ်းဗွမ်းကန်ဆော့သည်။
ဒန်ကန်က သေးတဲ့ အပြင်.. မ,ထားရက်နဲ့ ဆော့နေတာမို့ ခြေထောက်တွေကို အထဲရောက်အောင်တော်တော်နဲ့ ထည့်မရ ဖြစ်နေ၏
"ဘေဘီ ။ မဆော့သေးနဲ့ အုန်း "
လေသံနည်းနည်းမာတော့ လှုပ်ရှားနေတာတွေ ချက်ခြင်းရပ်တန့် ကာ မျက်နှာငယ်လေးနဲ့ မော့ကြည့်လာတယ်။ သေချာရေကန်ထဲထည့်ပေးပြီးမှ
" ရပီ ဆော့တော့ ။ မင်း ငြိမ်ငြိမ်မနေရင်
အောက်ပြုတ်ကျမှာစိုးလို့ အော်တာ ။
ဘာမှမဖြစ်ဘူး "
ထိုအခါမှာ ရေတွေကို တဗွမ်းဗွမ်းလက်နဲ့
ရိုက်ပုတ်ဆော့ကာ ပျော်တော့သည်။
အတော်ကြာအောင်ဆော့စေပြီးမှဆပ်ပြာတိုက်ပေး..သန့် ရှင်းရေးလုပ်ပေး ပြီး ရေကန်ထဲကထုတ်လိုက်သည်။
ရေသန့် သေချာ ထပ်ချိုးပေးပြီး တဘတ်နဲ့ ထုပ်ပိုးကာ သနပ်ခါးလိမ်းပေးခြင်း အဝတ်ဝတ်ပေးခြင်းတွေကိုမြန်မြန်ဆန်ဆန်လုပ်ပေးမိ၏
"ဗိုက်ဆာပီလား ။ "
သနပ်ခါးအဖွေးသားနဲ့ ပေါက်စီလုံးက ချစ်စဖွယ်။ဒီနေ့ တော့ကျောင်းမှာအိပ်ခဲ့သည်မို့ သူ မအိပ်ပေ။
"လုံလုံ မံမံနဲ့ ကြက်ကြော်စားမှာ"
"အင်း "
ကျွန်တော်သည် ပေါက်စီလုံးနဲ့
ပတ်သက်ဆက်နွယ်မူ့ မရှိသော သူစိမ်းသာသာပင်။
ဒါပေမဲ့ အတိတ်ကံတွေကြောင့်
ပေါက်စီလုံးကို ပြုစုယုယရ ရမဲ့ အကြောင်းတွေ ကျွန်တော်ဆီမှာ ဖြစ်ပေါ်နေသည်။
ပေါက်စီလုံးကို ကျွန်တော်မချစ်ပါ။
အတူနေတာကြာလို့ သံယောဇဉ်ဖြစ်သွားဆိုရင် ပိုမှန်လိမ့်မယ်။
အတူရှိခြင်း မရှိခြင်းက ကျွန်တော်လုပ်ပေးနိုင်တဲ့ အရာမဟုတ်ပေ။
ပေါက်စီလုံးသည် ကျွန်တော်ဘေး ဘယ်ချိန်ထိနေပေးမလည်းဆိုတာ ကျွန်တော်မသိချင်ပါ။
လတ်တလော အတူရှိချိန်များတွင်
စေတနာပါသော ဂရုစိုက်ခြင်းများနဲ့
ဂရုစိုက်မိခြင်းသည် နောင် ကျွန်တော်တို့
နှစ်ယောက်ဝေးကွာသွားခဲ့ရင် အမှတ်တရအဖြစ် ကျန်ရှိနေပေလိမ့်မည်။
ဒီလိုမဟုတ်ပဲ ပေါက်စီလုံးသာ
ကျွန်တော်ဘေးမှာ ထာဝရ အတူရှိနေခဲ့ရင်လဲ ငယ်စဉ် ဖြတ်သန်းခဲ့ရသော အတိတ်ဘဝမှာ ကျွန်တော်က ထပ်တူ
ကောင်းမွန်စွာ ပေါက်စီလုံးနဲ့ အတူပါရှိနေလိမ့်မည်။
ကျွန်တော်သည် ကိုးနှစ်အရွယ်ဖြစ်လင့်ကစား ခွဲခွာခြင်းကိုတော့ ကောင်းစွာသိလေသည်။
အထီးကျန်ခြင်းနဲ့ အတော်ကြီးအသားကျနေပေမဲ့ အထီကျန်ခြင်းကိုတော့ ကျွန်တော်မနှစ်သက်ပေ။
တနေ့ နေ့ တချိန်ချိန် ပေါက်စီလုံးသည်
ကျွန်တော်ကို ထားရစ်ခဲ့မယ်ဆိုရင်တောင် မလွမ်းတက်အောင် ခုကတည်းက
ကျွန်တော်ပြင်ဆင်ထားသည်။
လွမ်းရသည်ကို ကျွန်တော်တကယ်မကြိုက်ပေ။
"ဘေဘီ ။ ငါနဲ့ အမြဲအတူနေမှာလား"
"အွန်း လုံလုံနေမှာ"
ထမင်းတွေပြည့်နေတဲ့ ပါးစပ်လေးကို အတင်း ,ဟ လို့ ပြောလာသည်မို့
ရေခွက်လေးရှေ့ တိုးပေးလိုက်သည်။
ပေါက်စီလုံးသည် ထမင်းဆီဆမ်းနဲ့
ကြက်သားမွှကြော်ကို သိပ်ကြိုက်၏။
" မင်း တသက်လုံးငါနဲ့ အတူနေလို့ မှမရတာ။ ငါ့အမေလဲ ငါနဲ့ အတူမနေတော့ဘူး။
ငါ့အဖေကလဲ ပင်လယ်ကြီးကို ငါ့ထက်ပိုချစ်တယ်။ တီလေးကလဲ အချိန်တန်အိမ်ထောင်ပြုမှာပဲ။ လူဆိုတာက တစ်ယောက်ထဲ နေတက်ဖို့ လေ့ကျင့်ထားတာအကောင်းဆုံးပါပဲ "
ကျွန်တော်ရဲ့စကားဆုံးတော့ ပေါက်စီလုံးက မျက်တောင်တွေပုတ်ကာကြည့်လာသည်။ ကျွန်တော်ဘာတွေပြောနေတာလဲ
ဆိုတာ တကယ်တော့ သူနားမလည်သေးဘူး။
မကြာဘူး ထိုင်နေရာမှ ထ လာပီး
ပုခုံးပေါ်ခေါင်းတင်ကာ လည်ပင်းကိုသိုင်းဖက်တော့သည်။
ပြီးနောက် ခပ်တိုးတိုးအသံလေးဖြင့်
"လုံလုံ ဘယ်မှသွားဘူး" တဲ့
ချစ်တဲ့အိမ်စည်။
(လရိပ်မှူးခိုင်က အင်မတန် အကြောတင်းတဲ့ကလေး။အဲ့လို ကလေးမျိုး ကိုယ်တွေ့ ဖူးတယ်။ သူကတော့ ၇နှစ်ပဲရှိသေးတယ်။
အချိန်တိုင်းစာဖတ်နေတက်တယ်။
စကားသွားပြောရင်လဲ မထုံတတေးနဲ့ ။
တကယ်တော့ အဲ့ကလေးမှာ စိတ်ဒဏ်ရာရှိနေတာကို နောက်ဆုံးမှာ ကိုယ်သိခဲ့တယ်။ သနားလို့ မုန့် တွေဘာတွေ ဝယ်ကျွေးရင်လဲ မျက်မှောင်ကုတ်ပီး မယူဘူး ။ )
Bạn đang đọc truyện trên: ZingTruyen.Xyz