ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

7

eainsi23

ေမ   သူ ႔တူကို စိတ္ပ်က္လက္ပ်က္ ၾကည့္ေနမိသည္။
လရိပ္မွဴ းခိုင္ ေခါင္းမာတက္မွန္းသိေပမဲ့
ဒီေလာက္ ေခါင္းမာလိမ့္မယ္လို ႔ထင္မထားခဲ့တာအမွန္ပါ။

လံုလံု ကို ေမ လဲခ်စ္ပါသည္။
ဒါေပမဲ့ ကိုယ့္တူအရင္းနဲ ့ယွဥ္လာရင္ေတာ့ လရိပ္က ေသြးသားမို ပိုမိတာ မျငင္းပါ။

သူ ႔အေဖ ဦးေကာင္းလံု က တခ်ိန္လံုးအိမ္သိပ္ကပ္တဲ့သူမဟုတ္တာမို ႔ လံုလံုက
ေမတို ႔အိမ္မွာ အၿမဲေသာင္တင္ေနတက္သည္။
ေခၚထိန္းေပးရလို ႔အျပစ္ျမင္တာမဟုတ္ပါ။
သူ ႔တူ လရိပ္ရဲ႕ ထူးဆန္းတဲ့ သံေယာဇဥ္ကို လက္ဖ်ားခါလာတာပင္။
မခ်စ္ဖူးလို ႔ ပါးစပ္ကသာ မခ်တာ 
ဟိုကေလးနဲ ့ပတ္သတ္လာရင္
လိုအပ္တာထပ္ ပိုပီးလုပ္ေဆာင္လာတာ
မို ႔ ေမနည္းနည္းေတာ့ ညိဳညင္ခ်င္ေနေလၿပီ။

ခုလဲ  လံုလံု ကို ေရမိုးခ်ိဳး..သနပ္ခါးလူး
ေပးရုံမကဘူး ကေလးအေဖႀကီးလို
ထမင္းခြံ ့ေပးေနတာ။
တခါတေလ လံုလံုအေဖက လရိပ္လားေတာင္ထင္မိေတာ့မတက္ပဲ။

ဟိုကေလးကလဲ အပိုးကို က်ိဳးမွက်ိဳးပဲ။
ဘယ္ေလာက္ေဆာ့ခ်င္ခ်င္
" ေဘဘီအခ်ိန္ျပည့္ပီ လာေတာ့"
လို ႔ေခၚလိုက္တာနဲ ့
သူ ႔ေဆာ့ထားတာေကာက္သိမ္းၿပီး
ေျပးကပ္ေတာ့တာပဲ။

"လရိပ္ ေန ႔ခင္းက နင္လုပ္သြားတာမ်ိဳးက
တီေလးကို မထီမဲ့ျမင္လုပ္သြားသလိုဆိုတာ  သတိေရာရေသးလား"

ေပါက္စီလံုးကို ေရတငံု တိုက္ၿပီးေတာ့
လူေပၚေပြ ႕တင္ကာ  တီေလးဖက္ကိုစကားေျပာဖို ႔လွည့္လိုက္သည္။
လရိပ္က ေအာက္ၾကမ္းျပင္ေပၚမွာသင္ျဖဴးဖ်ာခင္းကာ ေပါက္စီလံုးကို ထမင္းခြံ ့ေနတာျဖစ္ပီး  တီေလးက ဆိုဖာေပၚကေန
လရိပ္ကိုငံု ႔ၾကည့္ေနျခင္းသာ။

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ တီေလး။
မဟုတ္ရင္ တီေလးေစ်းႀကီးလို ႔ဆိုပီး ေက်ာင္းမအပ္ခဲ့မွာစိုးလို ႔ပါ"

ေမ  မ်က္ေမွာင္ကုတ္ထားတာကို ျဖည္
လိုက္ပီး  လက္ပိုက္ကာ ဆိုဖာေနာက္မွီကို မွီလိုက္သည္။
လရိပ္ဒီအ႐ြယ္ေရာက္သည္ထိ ေမ လက္ေပၚမွာသာႀကီးျပင္းခဲ့တာမို ႔ တူဆိုတာထက္  သားတေယာက္လို ျဖစ္ေနခဲ့သည္။
တခါတေလ ဆူခ်င္ရင္ေတာင္
လရိပ္ရဲ႕ခပ္ေအးေအးစကားေတြေအာက္မွ အရႈံးေပးခဲ့ရတာႀကီးပဲ။ ဒါေပမဲ့
ေန ႔ခင္းက လရိပ္လုပ္ပံုကနည္းနည္းမွမဟုတ္။

လံုလံုအတြက္ မူႀကိဳေက်ာင္းေ႐ြးခ်ယ္တာကို ေမ မတားျမစ္ေပမဲ့ ေတာ္သင့္ရုံေလာက္သာ ထားေစခ်င္သည္။
တခုၿပီးတခု ဂ်ီးမ်ားတာမ်ားျမင္မေကာင္း။

ေက်ာင္းကို ေမနဲ ့အတူ လိုက္လာၿပီး
ေက်ာင္းအုပ္နဲ ့စကားေျပာတာနားေထာင္ရုံမကဘူး အိမ္သာ ထမင္းစားခန္းကအစ စစ္ေဆးေသးတာ။
သင္ေပမဲ့ ဆရာေတြရဲ႕ ကေလးေတြ
အေပၚ ထားတဲ့ စိတ္ရွည္လား.. ေႏြးေထြးလား
ဆိုတာကအစ စာသင္ခန္းထိလိုက္ၾကည့္တာ။

ေနာက္ဆံုးသူသေဘာက်သြားတဲ့
ေက်ာင္းက နယ္နယ္ရရမဟုတ္ တလကို ၁သိန္း၅ေသာင္းေတာင္ေပးရတဲ့ေက်ာင္း။
ေက်ာင္းက ေက်ာင္းသစ္ဆိုေတာ့ ပထမဆံုးလာအပ္တဲ့ ေက်ာင္းသား၇ေယာက္ကို
တလ၅ေသာင္းနဲ ့ အထူးေစ်းခ်ေပးထားတဲ့အစီစဥ္ရွိသည္။
ေပးရတဲ့ေစ်းနဲ ့တန္လွေအာင္အေတာ္ႀကီး
သန္ ႔ရွင္းသပ္ရပ္ေနသည္မို ႔လရိပ္က
ဒါမွဒါ ဘယ္လိုမွေျပာမရေတာ့။

လရိပ္တက္တဲ့က်ဴရွင္ေတာင္ တလ၃၅၀၀၀တင္ေပးရသည္မို ႔ ေစ်းဘယ္ေလာက္ခ်ခ် တလငါးေသာင္း
လစဥ္ေပးရမွာဆိုေတာ့
ေမနည္းနည္းေတာ့ စိတ္ခုမိသည္။
ဟိုက ပိုက္ဆံကို ကဒ္လိုက္ သံုးခ်င္ရာသံုးေပးတာေတာင္ မာနမင္းသားေမာင္လရိပ္က ကေလးတန္မဲ့ လွည့္ကိုမၾကည့္ တာ ။ျဖစ္ေစခ်င္တာ ကိုယ္လဲခ်မ္းသာသူမဟုတ္ေတာ့ ေပးရင္ယူထားေစခ်င္သည္။

ၾကာေတာ့ စာဖတ္တာမ်ားသြားလို႔မ်ား
လရိပ္မွဴ းခိုင္ ေဂါက္ေၾကာင္ျဖစ္သြားသလားေတာင္ သံသယဝင္ခ်င္လာသည္
ထိ ဟိုကဘာေပးေပးကို မယူတာ။

" လံုလံုကို ဘာစိတ္မွ တီေလးမထားေပမဲ့
သားအေနနဲ ့ အရမ္းႀကီး  overျဖစ္ေနတယ္လို ႔တီေလးခံစားေနရတယ္။
တီေလးတို ႔က မခ်မ္းသာေပမဲ့
လရိပ္ကိုေတာ့ စိတ္ခ်မ္းသာေစခ်င္ပါတယ္။သားအေဖ  ရွာသမ်ွပိုက္ဆံေတြကလဲ
သားအတြက္ဆိုေတာ့  တီေလးက
ဘာမွေတာ့ သိပ္မေျပာခ်င္ေပမဲ့
သံေယာဇဥ္ဆိုတာ တြယ္တာလြန္းရင္ေတာ့မေကာင္းဘူးေနာ္။ အခုသားျဖစ္ေနတဲ့
ပံုစံက လံုလံု ကို အရမ္းယုယလြန္းတယ္"

လရိပ္ တီေလးကို ၾကည့္ေနရာမွ
ရင္ခြင္ထဲကေန သူတို ႔စကားျပာေနတာကိုၿငိမ္ၿငိမ္ေလးနားေထာင္ေနတဲ့ ေပါက္စီလံုးကိုငံု ႔ၾကည့္မိသည္။

ေဖာင္းေနတဲ့ ပါးေလးေတြနဲ ့
ဝိုင္းစက္စက္မ်က္လံုးေတြ ရွိတဲ့ေပါက္စီလံုး
ဂရုဏာသက္ခ်င္စရာေလးပင္။
အိစက္စက္နဲ ့ ..လံုးတစ္ေနတဲ့ကိုယ္လံုးေလးကို
တင္းၾကပ္စြာေထြးဖက္ရင္း တီေလးကို
ဘာစကားမွထပ္မေျပာေတာ့ပဲ
အိမ္ေရွ ႔ေပြ ႕ခ်ီလာလိုက္သည္။

"ခ်စ္ခ်စ္  လံုလံု  ေက်ာင္းသြားရင္
ခ်စ္ခ်စ္လိုက္ပို ႔မွာလား"

"အင္း  လိုက္ပို ႔မွာ ။ အျပန္လဲလာႀကိဳေပးမယ္။ ငါ့ေက်ာင္းက ပိတ္ထားတယ္ေလ
က်ဴရွင္ခ်ိန္ကို ေရွ ႔တိုးလိုက္ရင္ေတာ့ ညေနသံုးနာရီ မင္းကိုလာႀကိဳဖို ႔ေတာ့အခ်ိန္ရတယ္။ တခါထဲမွာလိုက္မယ္ ဟိုမွာေတြ ႕တဲ့သူကို  ခ်စ္ခ်စ္လိုက္ေခၚတယ္ၾကားရင္
မင္းနဲ ့ငါေတြ ႕မယ္"

ကြၽန္ေတာ္ လက္ညိဳးေထာင္ကာ က်ိမ္းေတာ့
ေပါက္စီလံုးက မေၾကာက္မ႐ြံ လက္ညိဳးထိပ္ကို သြားနဲ ့ကိုက္ကာ ျပန္စသည္။

"လံုလံု ေခၚဘူး။ ခ်စ္ခ်စ္က ဒီမွာ "

ရင္ဖက္ကိုပုတ္ကာ ေျပာလာေတာ့
လရိပ္ေက်နပ္သြားရသည္။

"ၿပီးေရာ ေအာက္ဆင္းၿပီးေဆာ့ေတာ့။
မင္းကိုယ္လံုးကို ၾကာၾကာငါမခ်ီနိုင္ေတာ့ဘူး ။ တကယ္ပဲၾကာေလ ေဖာင္းေလ
ေလထိုးထားတဲ့အတိုင္းပဲ"

ေရခ်ိဳးၿပီးပီမို ႔ ေပေအာင္မေဆာ့ေစပဲ
လက္ဆြဲကာ လမ္းေလ်ွာက္ေစေတာ့ ေျခေထာက္တိုတိုေတြက အၿငိမ္မေနပဲ ခုန္ေပါက္ေတာ့သည္။
-
-
-
ေနာက္တေန ႔ မနက္တြင္
သရီေမ သည္ ခ်က္ျပဳတ္ကာ ဆိုင္သြားဖို ႔
ျပင္သည္။
တူျဖစ္သူ ကေတာ့ ဝက္တေကာင္ကို
ေက်ာင္းပို ႔ဖို႔ မနက္အေစာႀကီးထျပင္ေပးေနေလသည္။

"လရိပ္ ..တီေလး ဆိုင္သြားေတာ့မယ္။
လံုလံု ကို ပထမဦးဆံုးေန ႔ဆိုေတာ့
တခါထဲ ဝင္ပို ႔ေပးရမလား "

"ေတာ္ပီ တီေလးသြားစရာရွိတာသြားပါ။
ခုမွ၈နာရီပဲရွိေသးတယ္ ။ ေဘဘီေက်ာင္းက ၉နာရီမွ ပို ႔ရမွာ ။ ခုအေစာႀကီးပို ႔လိုက္ရင္ ဟိုမွာေဘဘီ ေၾကာင္ေတာင္ေတာင္ျဖစ္ေနမွာေပါ့"

တူေတာ္ေမာင္ရဲ႕ ခပ္ကဲကဲစကားေၾကာင့္
ေမ  နႈတ္ခမ္း႐ြဲ ့ကာ ဘာစကားမွဆက္မေျပာေတာ့ပဲ ထမင္းခ်ိဳင့္ဆြဲကာ အိမ္ထဲကေနထြက္သြားလိုက္သည္။
လရိပ္အတြက္တခါထဲ ခူးခပ္ေပးခဲ့ၿပီးသားမို ႔ စိတ္မခ်စရာေတာ့မရွိ ။
ေရွာ႔ျဖစ္စရာ ဘာညာလဲ လရိပ္က ကေလးပီပီ ေဆာ့မေနတက္တာမို ႔
ေမ ဆိုင္သြားဖို ႔စိတ္ခ်ျခင္းသာ။

ေဒၚေလးသြားတာျမင္မွ
ေပါက္စီလံုးဖက္ကို အာရုံျပန္စိုက္ရေတာ့သည္။
ေရခ်ိဳးၿပီးခါစမို ႔ ေပါက္စီလံုးက အတြင္းခံေဘာင္းဘီေလး တစ္ထည္နဲ ့လရိပ္ေမြ ႕ယာေပၚမွာထိုင္ေနသည္။
သနပ္ခါးမေျခာက္ေသးသည္မို ႔
အိပ္ယာထပ္မွာ ပက္လက္ကေလး
လွဲေပးကာ ခ်ိဳင္းနဲ ့ရင္ဖက္ေတြကို
ေပါင္ဒါမႈန္ ႔ ေတြနဲ ့ေမႊးသြားေအာင္
ပြတ္ေပးလိုက္သည္။

"ခ္ခ္..လံုလံုယားတယ္"

"မလႈပ္ရဘူး ေဘဘီခဏပဲ ၿပီးေတာ့မယ္"

ေခ်ာ့ကာ ေသခ်ာ အက်ိဳအၾကားေတြမခ်န္
ပြတ္ေပးၿပီးမွ  အိပ္ယာထပ္ကေန ေပြ ႕ကာ မတ္တပ္ရပ္ေပးလိုက္သည္။

ဒီေန ႔ေပါက္စီလံုးရဲ႕ပထမဆံုး ေက်ာင္းသြားရမဲ့ေန ႔မို ႔  အၿပီအျပင္ အလွျပင္ေပးေနျခင္းပင္။
ေက်ာင္းဝတ္စံုက နီညိဳေရာင္ ေဘာင္းဘီတိုေလးနဲ ့ေကာ္လံပါ ရွပ္လက္တိုေလးပင္။
ေသခ်ာ ဝတ္ေပးၿပီးေတာ့ မွာစရာရွိတာမွာရသည္။

"ေဘဘီ  ငါမွာထားတာမေမ့နဲ ့ေနာ္ "

"ဟုတ္ "

ေျပာတာကို ေမာ့မၾကည့္ပဲ ေမြ ႕ယာေပၚကို ဆိုင္ကယ္ရုပ္ေလးတြန္းေဆာ့ေနသည္မို ႔ ထပ္ေခၚရျပန္သည္။

"ေဘဘီေသခ်ာေျဖ။ ဘာေတြ မွာထားတာလဲ။ ငါ့ကိုေမာ့ၾကည့္"

ထိုအခါမွ မ်က္လံုးဝိုင္းႀကီးေတြနဲ ့ေမာ့ၾကည့္လာသည္။
ဆိုင္ကယ္ရုပ္ေလးကေတာ့ ေဘးမွ ပိုးလို ႔ပက္လက္ လွဲက်လို ႔။

"လံုလံု အင္းအင္းပါခ်င္ရင္ ေအာင့္မထားရဘူး။ "

"အင္း ေနာက္ၿပီးေတာ့ေရာ"

"ရန္မျဖစ္ရဘူး ။ "

"က်န္ေသးတယ္ေလ"

စဥ္းစားဟန္ျပဳေနတဲ့ မ်က္လံုးဝိုင္းေတြက ကလယ္... ကလယ္နဲ ့။မမွတ္မိေတာ့ဟန္ေၾကာင့္

"ရန္မျဖစ္ရဘူး။ ေရွာင္နိုင္သမ်ွ ေရွာင္ရမယ္။ မေရွာင္နိုင္ေတာ့ရင္ ကိုယ္ကဦးေအာင္လုပ္ခဲ့ၾကားလား။ "

မသင္အပ္ေပမဲ့ ေပါက္စီလံုး ခံလာရတာေတာ့မျမင္ခ်င္ပါ။

"ဟုတ္"

"ေနာက္ဆံုးအေရးႀကီးဆံုးက ဘာလဲ"

"ခ်စ္ခ်စ္လို ႔ေလ်ွာက္မေခၚရပါဘူး။
ေကာင္မေလးေတြနဲ ့မေဆာ့ရပါဘူး"

အက်ယ္ႀကီးေအာ္ေျပာကာ ကိုယ္ေပၚခြတက္လာတာေၾကာင့္ လရိပ္ၿပံဳးကာေပြ ႕ခ်ီထားလိုက္သည္။ နွစ္ေယာက္သားစကားတေျပာေျပာနဲ ့
ေက်ာပိုးအိတ္ေလးကို ေကာက္ကိုင္ပီး အခန္းထဲကေန ထြက္လာေတာ့ အိမ္ေရွ ႔ဧည့္ခန္းမွာ  ေက်ာင္းကိုလိုက္ပို ႔ေပးမဲ့ ဦးေကာင္းလံုအသစ္ခန္ ႔ထားတဲ့ ဒရုိင္ဘာက ထိုင္ေစာင့္ေနသည္။

"ေက်ာင္းသြာေတာ့မွာလားအကိုေလး"

မုန္ ႔နဲ ့ေရသန္႔ဘူးပါေသာျခင္းေလးကိုလက္ကကိုင္လို ႔လရိပ္ေခါင္းညိမ့္ျပလိုက္တယ္။

ခ်ပ္...

လင္းကနဲ ျဖစ္သြားေသာမီးေရာင္ေၾကာင့္
လရိပ္မ်က္ေမွာင္ကုတ္ကာေမာ့ၾကည့္ေတာ့ကင္မရာတလံုးကိုင္ကာ ဒရုိင္ဘာဆိုသူက အလ်ွင္အျမန္ေျဖရွင္းလာသည္။

"သူေဌးက အကိုေလးတို ႔နွစ္ေယာက္ပံုကို
ေက်ာင္းမသြားခင္ ဓာတ္ပံု ရုိက္ခိုင္းလို ႔ပါ"

"ရတယ္ ။ ဒါဆိုသြားရေအာင္ "

ဒရုိင္ဘာ ကေတာ့ ၉နွစ္အ႐ြယ္ကေလးငယ္ရဲ႕ အမိန္ ႔ေတြကိုမေရွာင္လြဲနိုင္စြာ ခပ္ျမန္ျမန္တံခါးေျပးဖြင့္ေပးလိုက္သည္။
သူေဌးျဖစ္သူက မွာထားသည္။
လရိပ္မွဴ းခိုင္ ဆိုတဲ့ ကေလးနဲ ့သာ အဆင္ေျပေအာင္ေနတဲ့။

_________

"ေဘဘီ  ညေနက်လာေခၚမယ္ေနာ္။
စာေကာင္းေကာင္းသင္ခဲ့"

ဆရာမက အျပင္ထိ ထြက္ႀကိဳကာ
လရိပ္ကမ္းေပးလိုက္တဲ့ ျခင္းေလးကိုလက္လႊဲယူပီး ေပါက္စီလံုးလက္ေတြကို ဆြဲကုိင္ထားသည္။

ျခေသၤ့ပံုေက်ာပိုးအိတ္ေလးကိုလြယ္ထားတဲ့ ေပါက္စီလံုးက ျဖဴတုတ္တုတ္ေဖာင္းေဖာင္းေလးမို ႔ လူတကာရဲ႕အၾကည့္တို ႔က
ေပါက္စီလံုးထံသာ။
ေနရာစိမ္းမို ႔လားမသိ ေပါက္စီလံုးက
မေနခ်င္ခဲ့သလို လွည့္ၾကည့္လွည့္ၾကည့္နဲ ့ပါသြား၏။
ငိုလို ႔မရဘူး ..ဒီေနရာမွာ သူစာသင္ရမယ္ဆိုတာ ေပါက္စီလံုးနားလည္သည္ပင္။

ေက်ာင္းထဲေရာက္သြားသည့္တိုင္ လရိပ္
ၾကည့္မိေနတုန္း။
ျဖစ္ႏိုင္ရင္ သြားေျပးေခၚခ်င္သည္။
သို ႔ေပမဲ့ ပညာေရးမို ႔ ေက်ာင္းကိုလရိပ္ေက်ာခိုင္းပစ္လိုက္သည္။

ခ်စ္တဲ့အိမ္စည္။

>>>>>>><<<<<<<<

မေ   သူ့ တူကို စိတ်ပျက်လက်ပျက် ကြည့်နေမိသည်။
လရိပ်မှူးခိုင် ခေါင်းမာတက်မှန်းသိပေမဲ့
ဒီလောက် ခေါင်းမာလိမ့်မယ်လို့ ထင်မထားခဲ့တာအမှန်ပါ။

လုံလုံ ကို မေ လဲချစ်ပါသည်။
ဒါပေမဲ့ ကိုယ့်တူအရင်းနဲ့ ယှဉ်လာရင်တော့ လရိပ်က သွေးသားမို ပိုမိတာ မငြင်းပါ။

သူ့ အဖေ ဦးကောင်းလုံ က တချိန်လုံးအိမ်သိပ်ကပ်တဲ့သူမဟုတ်တာမို့  လုံလုံက
မေတို့ အိမ်မှာ အမြဲသောင်တင်နေတက်သည်။
ခေါ်ထိန်းပေးရလို့ အပြစ်မြင်တာမဟုတ်ပါ။
သူ့ တူ လရိပ်ရဲ့ ထူးဆန်းတဲ့ သံယောဇဉ်ကို လက်ဖျားခါလာတာပင်။
မချစ်ဖူးလို့  ပါးစပ်ကသာ မချတာ 
ဟိုကလေးနဲ့ ပတ်သတ်လာရင်
လိုအပ်တာထပ် ပိုပီးလုပ်ဆောင်လာတာ
မို့  မေနည်းနည်းတော့ ညိုညင်ချင်နေလေပြီ။

ခုလဲ  လုံလုံ ကို ရေမိုးချိုး..သနပ်ခါးလူး
ပေးရုံမကဘူး ကလေးအဖေကြီးလို
ထမင်းခွံ့ ပေးနေတာ။
တခါတလေ လုံလုံအဖေက လရိပ်လားတောင်ထင်မိတော့မတက်ပဲ။

ဟိုကလေးကလဲ အပိုးကို ကျိုးမှကျိုးပဲ။
ဘယ်လောက်ဆော့ချင်ချင်
" ဘေဘီအချိန်ပြည့်ပီ လာတော့"
လို့ ခေါ်လိုက်တာနဲ့
သူ့ ဆော့ထားတာကောက်သိမ်းပြီး
ပြေးကပ်တော့တာပဲ။

"လရိပ် နေ့ ခင်းက နင်လုပ်သွားတာမျိုးက
တီလေးကို မထီမဲ့မြင်လုပ်သွားသလိုဆိုတာ  သတိရောရသေးလား"

ပေါက်စီလုံးကို ရေတငုံ တိုက်ပြီးတော့
လူပေါ်ပွေ့ တင်ကာ  တီလေးဖက်ကိုစကားပြောဖို့ လှည့်လိုက်သည်။
လရိပ်က အောက်ကြမ်းပြင်ပေါ်မှာသင်ဖြူးဖျာခင်းကာ ပေါက်စီလုံးကို ထမင်းခွံ့ နေတာဖြစ်ပီး  တီလေးက ဆိုဖာပေါ်ကနေ
လရိပ်ကိုငုံ့ ကြည့်နေခြင်းသာ။

"ကျွန်တော်တောင်းပန်ပါတယ် တီလေး။
မဟုတ်ရင် တီလေးဈေးကြီးလို့ ဆိုပီး ကျောင်းမအပ်ခဲ့မှာစိုးလို့ ပါ"

မေ  မျက်မှောင်ကုတ်ထားတာကို ဖြည်
လိုက်ပီး  လက်ပိုက်ကာ ဆိုဖာနောက်မှီကို မှီလိုက်သည်။
လရိပ်ဒီအရွယ်ရောက်သည်ထိ မေ လက်ပေါ်မှာသာကြီးပြင်းခဲ့တာမို့  တူဆိုတာထက်  သားတယောက်လို ဖြစ်နေခဲ့သည်။
တခါတလေ ဆူချင်ရင်တောင်
လရိပ်ရဲ့ခပ်အေးအေးစကားတွေအောက်မှ အရှုံးပေးခဲ့ရတာကြီးပဲ။ ဒါပေမဲ့
နေ့ ခင်းက လရိပ်လုပ်ပုံကနည်းနည်းမှမဟုတ်။

လုံလုံအတွက် မူကြိုကျောင်းရွေးချယ်တာကို မေ မတားမြစ်ပေမဲ့ တော်သင့်ရုံလောက်သာ ထားစေချင်သည်။
တခုပြီးတခု ဂျီးများတာများမြင်မကောင်း။

ကျောင်းကို မေနဲ့ အတူ လိုက်လာပြီး
ကျောင်းအုပ်နဲ့ စကားပြောတာနားထောင်ရုံမကဘူး အိမ်သာ ထမင်းစားခန်းကအစ စစ်ဆေးသေးတာ။
သင်ပေမဲ့ ဆရာတွေရဲ့ ကလေးတွေ
အပေါ် ထားတဲ့ စိတ်ရှည်လား.. နွေးထွေးလား
ဆိုတာကအစ စာသင်ခန်းထိလိုက်ကြည့်တာ။

နောက်ဆုံးသူသဘောကျသွားတဲ့
ကျောင်းက နယ်နယ်ရရမဟုတ် တလကို ၁သိန်း၅သောင်းတောင်ပေးရတဲ့ကျောင်း။
ကျောင်းက ကျောင်းသစ်ဆိုတော့ ပထမဆုံးလာအပ်တဲ့ ကျောင်းသား၇ယောက်ကို
တလ၅သောင်းနဲ့  အထူးဈေးချပေးထားတဲ့အစီစဉ်ရှိသည်။
ပေးရတဲ့ဈေးနဲ့ တန်လှအောင်အတော်ကြီး
သန့် ရှင်းသပ်ရပ်နေသည်မို့ လရိပ်က
ဒါမှဒါ ဘယ်လိုမှပြောမရတော့။

လရိပ်တက်တဲ့ကျူရှင်တောင် တလ၃၅၀၀၀တင်ပေးရသည်မို့  ဈေးဘယ်လောက်ချချ တလငါးသောင်း
လစဉ်ပေးရမှာဆိုတော့
မေနည်းနည်းတော့ စိတ်ခုမိသည်။
ဟိုက ပိုက်ဆံကို ကဒ်လိုက် သုံးချင်ရာသုံးပေးတာတောင် မာနမင်းသားမောင်လရိပ်က ကလေးတန်မဲ့ လှည့်ကိုမကြည့် တာ ။ဖြစ်စေချင်တာ ကိုယ်လဲချမ်းသာသူမဟုတ်တော့ ပေးရင်ယူထားစေချင်သည်။

ကြာတော့ စာဖတ်တာများသွားလို့များ
လရိပ်မှူးခိုင် ဂေါက်ကြောင်ဖြစ်သွားသလားတောင် သံသယဝင်ချင်လာသည်
ထိ ဟိုကဘာပေးပေးကို မယူတာ။

" လုံလုံကို ဘာစိတ်မှ တီလေးမထားပေမဲ့
သားအနေနဲ့  အရမ်းကြီး  overဖြစ်နေတယ်လို့ တီလေးခံစားနေရတယ်။
တီလေးတို့ က မချမ်းသာပေမဲ့
လရိပ်ကိုတော့ စိတ်ချမ်းသာစေချင်ပါတယ်။သားအဖေ  ရှာသမျှပိုက်ဆံတွေကလဲ
သားအတွက်ဆိုတော့  တီလေးက
ဘာမှတော့ သိပ်မပြောချင်ပေမဲ့
သံယောဇဉ်ဆိုတာ တွယ်တာလွန်းရင်တော့မကောင်းဘူးနော်။ အခုသားဖြစ်နေတဲ့
ပုံစံက လုံလုံ ကို အရမ်းယုယလွန်းတယ်"

လရိပ် တီလေးကို ကြည့်နေရာမှ
ရင်ခွင်ထဲကနေ သူတို့ စကားပြာနေတာကိုငြိမ်ငြိမ်လေးနားထောင်နေတဲ့ ပေါက်စီလုံးကိုငုံ့ ကြည့်မိသည်။

ဖောင်းနေတဲ့ ပါးလေးတွေနဲ့ 
ဝိုင်းစက်စက်မျက်လုံးတွေ ရှိတဲ့ပေါက်စီလုံး
ဂရုဏာသက်ချင်စရာလေးပင်။
အိစက်စက်နဲ့  ..လုံးတစ်နေတဲ့ကိုယ်လုံးလေးကို
တင်းကြပ်စွာထွေးဖက်ရင်း တီလေးကို
ဘာစကားမှထပ်မပြောတော့ပဲ
အိမ်ရှေ့ ပွေ့ ချီလာလိုက်သည်။

"ချစ်ချစ်  လုံလုံ  ကျောင်းသွားရင်
ချစ်ချစ်လိုက်ပို့ မှာလား"

"အင်း  လိုက်ပို့ မှာ ။ အပြန်လဲလာကြိုပေးမယ်။ ငါ့ကျောင်းက ပိတ်ထားတယ်လေ
ကျူရှင်ချိန်ကို ရှေ့ တိုးလိုက်ရင်တော့ ညနေသုံးနာရီ မင်းကိုလာကြိုဖို့ တော့အချိန်ရတယ်။ တခါထဲမှာလိုက်မယ် ဟိုမှာတွေ့ တဲ့သူကို  ချစ်ချစ်လိုက်ခေါ်တယ်ကြားရင်
မင်းနဲ့ ငါတွေ့ မယ်"

ကျွန်တော် လက်ညိုးထောင်ကာ ကျိမ်းတော့
ပေါက်စီလုံးက မကြောက်မရွံ လက်ညိုးထိပ်ကို သွားနဲ့ ကိုက်ကာ ပြန်စသည်။

"လုံလုံ ခေါ်ဘူး။ ချစ်ချစ်က ဒီမှာ "

ရင်ဖက်ကိုပုတ်ကာ ပြောလာတော့
လရိပ်ကျေနပ်သွားရသည်။

"ပြီးရော အောက်ဆင်းပြီးဆော့တော့။
မင်းကိုယ်လုံးကို ကြာကြာငါမချီနိုင်တော့ဘူး ။ တကယ်ပဲကြာလေ ဖောင်းလေ
လေထိုးထားတဲ့အတိုင်းပဲ"

ရေချိုးပြီးပီမို့  ပေအောင်မဆော့စေပဲ
လက်ဆွဲကာ လမ်းလျှောက်စေတော့ ခြေထောက်တိုတိုတွေက အငြိမ်မနေပဲ ခုန်ပေါက်တော့သည်။
-
-
-
နောက်တနေ့  မနက်တွင်
သရီမေ သည် ချက်ပြုတ်ကာ ဆိုင်သွားဖို့
ပြင်သည်။
တူဖြစ်သူ ကတော့ ဝက်တကောင်ကို
ကျောင်းပို့ ဖို့ မနက်အစောကြီးထပြင်ပေးနေလေသည်။

"လရိပ် ..တီလေး ဆိုင်သွားတော့မယ်။
လုံလုံ ကို ပထမဦးဆုံးနေ့ ဆိုတော့
တခါထဲ ဝင်ပို့ ပေးရမလား "

"တော်ပီ တီလေးသွားစရာရှိတာသွားပါ။
ခုမှ၈နာရီပဲရှိသေးတယ် ။ ဘေဘီကျောင်းက ၉နာရီမှ ပို့ ရမှာ ။ ခုအစောကြီးပို့ လိုက်ရင် ဟိုမှာဘေဘီ ကြောင်တောင်တောင်ဖြစ်နေမှာပေါ့"

တူတော်မောင်ရဲ့ ခပ်ကဲကဲစကားကြောင့်
မေ  နှုတ်ခမ်းရွဲ့ ကာ ဘာစကားမှဆက်မပြောတော့ပဲ ထမင်းချိုင့်ဆွဲကာ အိမ်ထဲကနေထွက်သွားလိုက်သည်။
လရိပ်အတွက်တခါထဲ ခူးခပ်ပေးခဲ့ပြီးသားမို့  စိတ်မချစရာတော့မရှိ ။
ရှော့ဖြစ်စရာ ဘာညာလဲ လရိပ်က ကလေးပီပီ ဆော့မနေတက်တာမို့ 
မေ ဆိုင်သွားဖို့ စိတ်ချခြင်းသာ။

ဒေါ်လေးသွားတာမြင်မှ
ပေါက်စီလုံးဖက်ကို အာရုံပြန်စိုက်ရတော့သည်။
ရေချိုးပြီးခါစမို့  ပေါက်စီလုံးက အတွင်းခံဘောင်းဘီလေး တစ်ထည်နဲ့ လရိပ်မွေ့ ယာပေါ်မှာထိုင်နေသည်။
သနပ်ခါးမခြောက်သေးသည်မို့ 
အိပ်ယာထပ်မှာ ပက်လက်ကလေး
လှဲပေးကာ ချိုင်းနဲ့ ရင်ဖက်တွေကို
ပေါင်ဒါမှုန့်  တွေနဲ့ မွှေးသွားအောင်
ပွတ်ပေးလိုက်သည်။

"ခ်ခ်..လုံလုံယားတယ်"

"မလှုပ်ရဘူး ဘေဘီခဏပဲ ပြီးတော့မယ်"

ချော့ကာ သေချာ အကျိုအကြားတွေမချန်
ပွတ်ပေးပြီးမှ  အိပ်ယာထပ်ကနေ ပွေ့ ကာ မတ်တပ်ရပ်ပေးလိုက်သည်။

ဒီနေ့ ပေါက်စီလုံးရဲ့ပထမဆုံး ကျောင်းသွားရမဲ့နေ့ မို့   အပြီအပြင် အလှပြင်ပေးနေခြင်းပင်။
ကျောင်းဝတ်စုံက နီညိုရောင် ဘောင်းဘီတိုလေးနဲ့ ကော်လံပါ ရှပ်လက်တိုလေးပင်။
သေချာ ဝတ်ပေးပြီးတော့ မှာစရာရှိတာမှာရသည်။

"ဘေဘီ  ငါမှာထားတာမမေ့နဲ့ နော် "

"ဟုတ် "

ပြောတာကို မော့မကြည့်ပဲ မွေ့ ယာပေါ်ကို ဆိုင်ကယ်ရုပ်လေးတွန်းဆော့နေသည်မို့  ထပ်ခေါ်ရပြန်သည်။

"ဘေဘီသေချာဖြေ။ ဘာတွေ မှာထားတာလဲ။ ငါ့ကိုမော့ကြည့်"

ထိုအခါမှ မျက်လုံးဝိုင်းကြီးတွေနဲ့ မော့ကြည့်လာသည်။
ဆိုင်ကယ်ရုပ်လေးကတော့ ဘေးမှ ပိုးလို့ ပက်လက် လှဲကျလို့ ။

"လုံလုံ အင်းအင်းပါချင်ရင် အောင့်မထားရဘူး။ "

"အင်း နောက်ပြီးတော့ရော"

"ရန်မဖြစ်ရဘူး ။ "

"ကျန်သေးတယ်လေ"

စဉ်းစားဟန်ပြုနေတဲ့ မျက်လုံးဝိုင်းတွေက ကလယ်... ကလယ်နဲ့ ။မမှတ်မိတော့ဟန်ကြောင့်

"ရန်မဖြစ်ရဘူး။ ရှောင်နိုင်သမျှ ရှောင်ရမယ်။ မရှောင်နိုင်တော့ရင် ကိုယ်ကဦးအောင်လုပ်ခဲ့ကြားလား။ "

မသင်အပ်ပေမဲ့ ပေါက်စီလုံး ခံလာရတာတော့မမြင်ချင်ပါ။

"ဟုတ်"

"နောက်ဆုံးအရေးကြီးဆုံးက ဘာလဲ"

"ချစ်ချစ်လို့ လျှောက်မခေါ်ရပါဘူး။
ကောင်မလေးတွေနဲ့ မဆော့ရပါဘူး"

အကျယ်ကြီးအော်ပြောကာ ကိုယ်ပေါ်ခွတက်လာတာကြောင့် လရိပ်ပြုံးကာပွေ့ ချီထားလိုက်သည်။ နှစ်ယောက်သားစကားတပြောပြောနဲ့
ကျောပိုးအိတ်လေးကို ကောက်ကိုင်ပီး အခန်းထဲကနေ ထွက်လာတော့ အိမ်ရှေ့ ဧည့်ခန်းမှာ  ကျောင်းကိုလိုက်ပို့ ပေးမဲ့ ဦးကောင်းလုံအသစ်ခန့် ထားတဲ့ ဒရိုင်ဘာက ထိုင်စောင့်နေသည်။

"ကျောင်းသွာတော့မှာလားအကိုလေး"

မုန့် နဲ့ ရေသန့်ဘူးပါသောခြင်းလေးကိုလက်ကကိုင်လို့ လရိပ်ခေါင်းညိမ့်ပြလိုက်တယ်။

ချပ်...

လင်းကနဲ ဖြစ်သွားသောမီးရောင်ကြောင့်
လရိပ်မျက်မှောင်ကုတ်ကာမော့ကြည့်တော့ကင်မရာတလုံးကိုင်ကာ ဒရိုင်ဘာဆိုသူက အလျှင်အမြန်ဖြေရှင်းလာသည်။

"သူဌေးက အကိုလေးတို့ နှစ်ယောက်ပုံကို
ကျောင်းမသွားခင် ဓာတ်ပုံ ရိုက်ခိုင်းလို့ ပါ"

"ရတယ် ။ ဒါဆိုသွားရအောင် "

ဒရိုင်ဘာ ကတော့ ၉နှစ်အရွယ်ကလေးငယ်ရဲ့ အမိန့် တွေကိုမရှောင်လွဲနိုင်စွာ ခပ်မြန်မြန်တံခါးပြေးဖွင့်ပေးလိုက်သည်။
သူဌေးဖြစ်သူက မှာထားသည်။
လရိပ်မှူးခိုင် ဆိုတဲ့ ကလေးနဲ့ သာ အဆင်ပြေအောင်နေတဲ့။

_________

"ဘေဘီ  ညနေကျလာခေါ်မယ်နော်။
စာကောင်းကောင်းသင်ခဲ့"

ဆရာမက အပြင်ထိ ထွက်ကြိုကာ
လရိပ်ကမ်းပေးလိုက်တဲ့ ခြင်းလေးကိုလက်လွှဲယူပီး ပေါက်စီလုံးလက်တွေကို ဆွဲကိုင်ထားသည်။

ခြင်္သေ့ပုံကျောပိုးအိတ်လေးကိုလွယ်ထားတဲ့ ပေါက်စီလုံးက ဖြူတုတ်တုတ်ဖောင်းဖောင်းလေးမို့  လူတကာရဲ့အကြည့်တို့ က
ပေါက်စီလုံးထံသာ။
နေရာစိမ်းမို့ လားမသိ ပေါက်စီလုံးက
မနေချင်ခဲ့သလို လှည့်ကြည့်လှည့်ကြည့်နဲ့ ပါသွား၏။
ငိုလို့ မရဘူး ..ဒီနေရာမှာ သူစာသင်ရမယ်ဆိုတာ ပေါက်စီလုံးနားလည်သည်ပင်။

ကျောင်းထဲရောက်သွားသည့်တိုင် လရိပ်
ကြည့်မိနေတုန်း။
ဖြစ်နိုင်ရင် သွားပြေးခေါ်ချင်သည်။
သို့ ပေမဲ့ ပညာရေးမို့  ကျောင်းကိုလရိပ်ကျောခိုင်းပစ်လိုက်သည်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz