အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
6
အိပ္ေပ်ာ္ေနတဲ့ ေပါက္စီလံုးကို လရိပ္ ထိုင္ႀကည့္ေနတာ အခ်ိန္အေတာ္ႀကာတဲ့အထိပဲ။
ဖ်ားေသြးေႀကာင့္ နီရဲေနတဲ့ မ်က္ခြံေလးေတြကို ထိကိုင္ရင္း အံႀကိတ္ထားရလို ့
ေသြးေတာင္ထြက္ေတာ့မယ္။
ဒီေန ့နဲ ့ဆို ေပါက္စီလံုးဖ်ားတာ နွစ္ရက္ရွိေနပီ။
က်ြန္ေတာ္ကိုယ္တိုင္လဲ ေက်ာင္းကို စာေမးပြဲသြားေျဖရုံပဲ သြားခဲ့ျပီး က်န္တဲ့ အခ်ိန္ေတြမွာ ေပါက္စီလံုးနားမွာသာေနျဖစ္ခဲ့သည္။
ကေလးကို ဘယ္ေလာက္ေတာင္
နွိပ္စက္ထားလို ့ ဖ်ားတဲ့အထိျဖစ္ရသလဲဆိုတာေတြးႀကည့္လို ့ေတာင္မရဘူး။
ပိုဆိုးတာက ေပါက္စီလံုးက သူ ့အေဖကို အကပ္မခံေတာ့တာ။
က်ြန္ေတာ့္ကိုမ်က္စိအာက္ေပ်ာက္သြားတာနဲ ့
တအီအီငို ေတာ့တာပဲ။
"ဟင့္ …"
ငိုရွဳိက္သံသဲ့သဲ့နဲ ့လန္ ့ပီးရုန္းလိုက္တာမို့
က်ြန္ေတာ္အနီးကပ္သြားကာ ရင္ဖက္ေပၚလက္တင္ပီး ဖိေပးထားလိုက္သည္။
"က်ြတ္…က်ြတ္ ငါရွိတယ္ေဘဘီ။
အိပ္…အိပ္"
အသံေပးလိုက္ေတာ့ျငိမ္က်သြား၏။
ဟိုဖက္အိမ္မွာ ဘာေတြျဖစ္သြားတယ္ဆိုတာ က်ြန္ေတာ္မသိဘူး။
သိလဲသိစရာမလိုဘူး။
ျမင္ေတြ ့ေနရရင္ေဒါသကထြက္လာအုန္းမွာမို ့ မျမင္ရမႀကားရရင္ ပိုအဆင္ေျပတယ္။
"လရိပ္ …ဦးေကာင္းလံု ဆန္ျပဳတ္လာ
ပို ့တာ"
အခန္းဝမွာ ပန္းကန္တစ္လံုးနဲ ့ရပ္ေစာင့္ေနတဲ့ ေပါက္စီလံုးအေဖေႀကာင့္ မေတြ ့ခ်င္ေပမဲ့ မေကာင္းတက္လို ့ထယူလိုက္သည္။
"သက္သာတယ္မို ့လား"
"ဟုတ္ကဲ့"
တိုျပတ္ျပတ္ အေျဖေႀကာင့္
ဦးေကာင္းလံု ဆက္မေမးရဲေတာ့ေပ။
လရိပ္က သူစိမ္းဆိုေပမဲ့ ကိုယ့္သားအေပၚမွာ ေသခ်ာ သူ ့ထက္စာရင္ဂရုစိုက္ေပးနိုင္ေသးသည္။
လုပ္ငန္းေပါင္းေသာင္းေျခာက္ေထာင္နဲ ့
အျမဲ အလုပ္ရွဳပ္ေနေသာ သူ ့အတြက္
သားကို ေသခ်ာထိန္းေပးဖို ့ကေတာ့မျဖစ္နိုင္ေပ။
"ဦးေကာင္းေတာင္းပန္ပါတယ္ လရိပ္။
အလုပ္ေတြလုပ္ေနတာနဲ ့သားကို ဂရုစိုက္ဖို ့ေပါ့ဆ သြားတယ္။ ေနာက္မျဖစ္ဖို ့
ဦးေကာင္းသတိထားပါ့မယ္"
၉နွစ္အရြယ္ကေလးတစ္ေယာက္ကိုေတာင္းပန္ရတာ ေအာက္က်တယ္လို ့မခံစားရေအာင္ လရိပ္မွဴးခိုင္ဆိုတဲ့ ကေလးက
မာန္မာနအရွိန္အဝါေတြနဲ ့ထိန္လင္းေနတာျဖစ္သည္။
ကေလးေတြအမ်ားႀကီး သူေတြ ့ဘူးတယ္။
လရိပ္က သူ ့တဘာသာကြဲထြက္ေနတဲ့ပံုမ်ိဳး။ ထက္ျမတ္တယ္ အေနတည္တန္ ့တယ္။ ႀကည့္လိုက္တိုင္း အားေနရင္
လက္က စာအုပ္တအုပ္နဲ ့တေနေနရာမွာျငိမ္သက္ေနတက္တာ လရိပ္မွဴးခိုင္အက်င့္ပဲ။
ဘာစာေတြဖတ္သလဲ သြားမႀကည့္နဲ ့
ကိုယ္မဖတ္ဘူးတဲ့ စာႀကီးေပႀကီးေတြကအစ ။ အဂၤလိပ္ဘာသာျပန္ စာအုပ္ေတြ
နဲ ့ျပင္ပ ဗဟုသုတ အဆံုး သူအကုန္ဖတ္တယ္။
"ရတယ္ ေနာက္လဲ ျဖစ္စရာမွမရွိေတာ့။
က်ြန္ေတာ္ စကားေျပာတာရုိင္းသြားရင္ခြင့္လြတ္ပါ။ အမွန္တိုင္းေျပာရင္ ေဘဘီဒီလို ျဖစ္တာ ဦးေလးတာဝန္ မကင္းဘူးဆိုတာ သိတယ္မို ့လား "
ေမာ့ႀကည့္လာတဲ့ မ်က္ဝန္းေတြက
ခင္ဗ်ား အမွား ဘာလဲ ဆိုတာ ဝန္ခံလိုက္စမ္းပါလို ့ေျပာေနသေယာင္။
ရုတ္တရက္ ဒီကေလးကိုေႀကာက္လာသလို ခံစားေနရတာ ဘာေႀကာင့္လဲ။
ဖိအားေပးခံရတဲ့ ခံစားခ်က္မ်ိဳးေႀကာင့္
သူ မသက္မသာေခါင္းညိမ့္ျပလိုက္ရတယ္။
"အဲ့ဒါေႀကာင့္ ဦးေလး မထိန္းနိုင္ရင္ေဘဘီ့ကို က်ြန္ေတာ္ကိုေပးပါ။ မွည့္တေပါက္မစြန္းေစရေအာင္ ေစာင့္ေရွာက္ေပးမယ္"
ဗုေဒၶါ ။ စိတ္ထဲက ဘုရားတမိတာ အက်ယ္ႀကီးပဲ ။
သူ ့သားအရင္းေခါက္ေခါက္ကို ဖေအဆီမွာ ဒီကေလး အားမနာလ်ွာမႀကိဳးလာေတာင္းေနတယ္။ ျပီးေတာ့ အသက္မွ
၉နွစ္ပဲ ရွိေသးတဲ့ ကေလးေပါက္စက။
"ဟို ဒါကေတာ့ လံုလံုက ငယ္ေသးတယ္ေလ။ မင္းကလဲ ကေလးသာသာဆိုေတာ့ ကေလးက ကေလးျပန္ထိန္းေနသလို
ျဖစ္မွာေပါ့ "
"မျဖစ္ဘူး။ စကားကိုလြယ္လြယ္ေျပာေနတာမဟုတ္ဘူး။ က်ြန္ေတာ္ စဥ္းစားျပီးပီ။
ေဘဘီကို က်ြန္ေတာ္တာဝန္ယူနိုင္တယ္။
မဟုတ္ရင္ေတာင္ ေဘဘီကို ဦးေလးသြားေလရာေခၚသြားနိုင္တာမွမဟုတ္တာ။ ထပ္ျပီးကေလးထိန္း ငွားအုန္းမွာပဲ မို ့လား။ "
အခ်က္ခ်ာက်တဲ့ စကားေတြေႀကာင့္
ဦးေကာင္းလံု ပါးစပ္ပိတ္သြားသည္။
သူ ့လုပ္ငန္းက ျမန္မာျပည္အနွံ ့ စက္သံုးဆီအေရာင္းဆိုင္ေတြဖြင့္ထားတဲ့လုပ္ငန္း။
အျမဲခရီးထြက္ေနရတာမ်ိဳးမို ့ သားကို သူ ့ေဘးနားထားလို ့ေတာ့မရပါ။
ဘယ္လိုပဲစဥ္းစားႀကည့္ …စဥ္းစားႀကည့္
လံုလံုကိုထိန္းနိုင္တာလရိပ္တစ္ေယာက္ပဲရွိတယ္။
သူ ့သားက အိမ္မွာသာ ဆိုးေပေနတာ
ဒီဖက္အိမ္ေရာက္လို ့ငိုခ်င္ရင္ေတာင္
လရိပ္က ခုတိတ္ဆိုရင္ ရွဳိက္သံတခ်က္ေတာင္မထြက္ရဲေအာင္
အပိုးက်ိဳးတာ။
ခက္တာက လရိပ္မွဴ းခိုင္ပဲ။
ကေလးဆိုျပီး ပီးစလြယ္ ေအးေအး ေပးတယ္ဆိုျပီး လြယ္လြယ္ေျပာလို ့ရမွာမဟုတ္ဘူး။ ေနာက္မ်ား ကိုယ္သားကိုေတြ ့ခ်င္ရင္ေတာင္ သူ ့ဆီခြင့္ေတာင္းေနရရင္ ဘယ္လို လုပ္မလဲ။
"ဟင့္ ခ်စ္ခ်စ္ …လံုလံု ကိုခ်ီ "
တိတ္ဆိတ္ေနတဲ့ အခန္းမွာ ေပါက္စီလံုးငိုသံက တိုးထြက္လာ၏။
ေျဖရခက္ေနတဲ့ ဦးေကာင္းလံုက အားကိုးရာေတြ ့ သြားသလို ပံုမ်ိဳးျဖစ္သြားေပမဲ့လရိပ္ကေတာ့ ခန္ ့မွန္းလို ့မရေအာင္ ေအးတိေအးစက္။
"ေဘဘီ မငိုရဘူး ငါရွိတယ္"
စကားဆံုးေတာ့ ခ်က္ျခင္းတိတ္သြားတဲ့ ငိုသံက တိကနဲပဲ။
မေအေပးေလး ကိုယ့္က် တိတ္ဆိုလဲ တိတ္ခိုင္းလို ့မရ ။ ဂ်ီက်ပီဆိုရင္ ဘာေပးေပး
ဘာလုပ္ျပျပ မျပီးနိုင္မစီးနိုင္ ဂ်စ္တိုက္တာ။
မေက်မနပ္ အခန္းဝကေန လွမ္းႀကည့္ေတာ့ လရိပ္ပုခံုးေပၚေခါင္းတင္ထားျပီး သူ ့
ကိုမ်က္လံုးဝိုင္းႀကီးနဲ ့လွမ္းႀကည့္ေန၏။
လာေဖေဖဆီဆိုတဲ့ ပံုစံမ်ိဳး လက္ကမ္းျပလိုက္ေသာ္လဲ ေသာက္ဖက္မလုပ္ပဲ မ်က္နွာကိုတဖက္လွည့္သြား၏။
သူအခု ပလစ္ခံလိုက္ရတာလား။
သူ ့သားဆီကေလ။
စိတ္ပ်က္စရာပဲ ဒါေတာင္ ေလးနွစ္သားပဲ
ရွိေသးလို ့။
အရြယ္ေရာက္လာရင္ သူ ့ကို လွည့္မႀကည့္ေတာ့ရင္ဘယ္လို လုပ္မလဲ။
ေနာက္မိန္းမထပ္ယူပီး သူ ့နားကပ္ခ်င္တဲ့
ကေလးတစ္ေယာက္ထပ္ေမြးရမလား။
ဦးေကာင္းလံုတစ္ေယာက္ အိမ္ဖက္ ျပန္သြားတဲ့အထိ သူ ့သား သက္ငယ္ေဝလံုရဲ့ ဥေပကၡာျပဳလိုက္ျခင္းအေပၚ အေတာ္ႀကီး နာက်င္သြားေလသည္။
"ေဘဘီ ေခါင္းက နားေသးလား "
တယုတယ ဆံပင္နုနုကို ငံု ့ေမႊးေတာ့
ခပ္သင္းသင္း ကေလးေခါင္းေလ်ွာ္ရည္နံ ့ကိုရသည္။
ေပါက္စီလံုးရဲ့ဆံပင္ေတြက အိေပ်ာ့ေပ်ာ့ေလးနဲ ့ တအားကိုင္လို ့ေကာင္းတာ။
"နာေတာ့ဘူး"
"မနာေတာ့ဘူး လို ့ေျပာရတယ္"
"မနာေတာ့ဘူး။ ခ်စ္ခ်စ္ လံုလံု
ဗိုက္ဆာ"
"အာ ဟုတ္သားပဲ မင္းအေဖ ပို ့သြားတဲ့
ဆန္ျပဳတ္ေတြ ရွိတယ္ လာ "
ကုတင္ေပၚကို အသာအယာ ေပြ ့တင္ေတာ့ ထားတဲ့ေနရာ ျငိမ္ျငိမ္ေလးထိုင္ေန၏။ အျဖဴေရာင္ ကေလးဝတ္ လက္ရွည္ေလးက အိပ္ယာထ စ မို ့အနည္းငယ္ရြဲ ့ေစာင္းေနတာမို ့ငံု ့ျပီး ျပန္တည့္ေပးေနစဥ္ ပါးတဖက္က ေႏြးကနဲ ။
ေမာ့ႀကည့္ေတာ့ အနီေရာင္ မ်က္နွာေလးက ျပံဳးျဖဲျဖဲ။
လုပ္ခ်င္ရာလုပ္ပီးရင္ေပါက္စီလံုးက အဲ့တိုင္းပဲ။
"ဟီး ခ်စ္ခ်စ္ ကို ခ်စ္"
"ရုပ္ကိုက နည္းနည္းမွအခ်ိဳးမေျပဘူး။ "
ဘယ္ေလာက္ေျပာေျပာအမွတ္မရွိတဲ့ ေပါက္စီလံုးက သူ ့ကို စေနွာက္ေနသည္ထင္ေနသလားမသိ။ တခစ္ခစ္ ရယ္ေနတာ မရပ္ေတာ့ ။ လန္းေနတဲ့ ပံုမို ့အဖ်ားေပ်ာက္ေတာ့မွာမွန္း သတိထားမိတာမို ့ ေဖာင္းေဖာင္းကားကား ပါးနွစ္ဖက္ကို လက္နဲ ့ထိက စမ္းလိုက္၏။
အရင္ကေလာက္မပူေတာ့ေပမဲ့ ေႏြးေတးေတးအေငြ ့သက္က က်န္ေတာ့က်န္ေနသည္။
"ေဘဘီ မင္းကိုေျပာစရာရွိတယ္"
ဆန္ျပဳတ္ပန္းကန္ကို ဆြဲယူျပီးေပါက္စီလံုးနဲ ့မ်က္နွာျခင္းဆိုင္ ထိုင္လိုက္သည္။
အရမ္းႀကီး မပူေတာ့တဲ့ ဆန္ျပဳတ္ကို
ေလနည္းနည္းထပ္မွဳတ္ေပးကာ အရင္ တဇြန္း ေပါက္စီလံုးကိုတိုက္လိုက္၏။
"မင္း ေနာက္ကို ဘာျဖစ္ျဖစ္ ငါ့ကုိေျပာရမယ္ႀကားလား။ ငါ့ကို ခ်က္ျခင္းမေျပာနိုင္ေသးရင္ေတာင္ ဘယ္သူက မင္းကို အသားနာေအာင္ လုပ္သလဲဆိုတာ ေသခ်ာမွတ္ထား …နားလည္လားငါေျပာတာ"
"ဟုတ္ "
ဟုတ္လို ့သာေျပာေနတာ မ်က္လံုးက ဆန္ျပဳတ္ေမႊေနေသာ လက္ဆီကိုေရာက္ေနသည္မို ့ သက္ျပင္းခ်ကာ ထပ္ေက်ြးရသည္။
ေပါက္စီလံုး တကယ္ဗိုက္ဆာေနရွာသည္။
ေက်ြးသမ်ွဆန္ျပဳတ္ကို အနည္းငယ္က်န္
သည္ထိ ကုန္ေအာင္ စားျပီးမွ ရပ္သြား၏။
ေပပြေနတဲ့ နွဳတ္ခမ္းေပါက္စ ကို အနာတရမျဖစ္ေအာင္ သုတ္ေပးရင္း
"ေနေကာင္းေပ်ာက္ရင္ မင္းမူႀကိဳတက္ရမွာေနာ္ ေဘဘီ။ မင္းစာမတက္ရင္
သူမ်ားအနိုင္က်င့္တာခံရလိမ့္မယ္။
စာမ်ားမ်ားသင္ျပီး စာေတြတက္လာရင္
ငါတက္တဲ့ေက်ာင္းမွာ မင္းလိုက္တက္ရမွာ။ သြားမယ္မို ့လား မူႀကိဳကို"
"ခ်စ္ခ်စ္နဲ ့လိုက္ရဖူးလား။ လံုလံု
မူႀကိဳသြားခ်င္ဘူး"
"မရဘူး ။ မင္းအရင္မူႀကိဳမွာ အရင္တက္ရမွာ မဟုတ္ရင္ ငါ့ေက်ာင္းမွာ လိုက္တက္လို ့မရဘူး။ မင္းစာမသင္ခ်င္ရင္ ေနာက္ေန ့ငါ့အိမ္မလာခဲ့နဲ ့"
"………"
လူေပၚအတင္း ထိုးခ်ျပီးကုတ္တြယ္တက္ေနတာမို ့ေပြ ့ခ်ီလိုက္ရ၏။
လည္ပင္းကိုသိုင္းဖက္လာတဲ့ လက္ေတြက ျမဲျမံစြာ။
" လံုလံု ေက်ာင္းသြားမွာ။ "
"အင္း ။ လိမ္မာတယ္"
ခပ္တင္းတင္းျပန္ေပြ ့ကာ ဆိုလိုက္ေတာ့
သက္ငယ္ေဝလံု က သေဘာက်စြာ
တခစ္ခစ္ရယ္သည္။
ခ်စ္တဲ့အိမ္စည္။
>>>>>>>>><<<<<<<<<
အိပ်ပျော်နေတဲ့ ပေါက်စီလုံးကို လရိပ် ထိုင်ကြည့်နေတာ အချိန်အတော်ကြာတဲ့အထိပဲ။
ဖျားသွေးကြောင့် နီရဲနေတဲ့ မျက်ခွံလေးတွေကို ထိကိုင်ရင်း အံကြိတ်ထားရလို့
သွေးတောင်ထွက်တော့မယ်။
ဒီနေ့ နဲ့ ဆို ပေါက်စီလုံးဖျားတာ နှစ်ရက်ရှိနေပီ။
ကျွန်တော်ကိုယ်တိုင်လဲ ကျောင်းကို စာမေးပွဲသွားဖြေရုံပဲ သွားခဲ့ပြီး ကျန်တဲ့ အချိန်တွေမှာ ပေါက်စီလုံးနားမှာသာနေဖြစ်ခဲ့သည်။
ကလေးကို ဘယ်လောက်တောင်
နှိပ်စက်ထားလို့ ဖျားတဲ့အထိဖြစ်ရသလဲဆိုတာတွေးကြည့်လို့ တောင်မရဘူး။
ပိုဆိုးတာက ပေါက်စီလုံးက သူ့ အဖေကို အကပ်မခံတော့တာ။
ကျွန်တော့်ကိုမျက်စိအာက်ပျောက်သွားတာနဲ့
တအီအီငို တော့တာပဲ။
"ဟင့် …"
ငိုရှိုက်သံသဲ့သဲ့နဲ့ လန့် ပီးရုန်းလိုက်တာမို့
ကျွန်တော်အနီးကပ်သွားကာ ရင်ဖက်ပေါ်လက်တင်ပီး ဖိပေးထားလိုက်သည်။
"ကျွတ်…ကျွတ် ငါရှိတယ်ဘေဘီ။
အိပ်…အိပ်"
အသံပေးလိုက်တော့ငြိမ်ကျသွား၏။
ဟိုဖက်အိမ်မှာ ဘာတွေဖြစ်သွားတယ်ဆိုတာ ကျွန်တော်မသိဘူး။
သိလဲသိစရာမလိုဘူး။
မြင်တွေ့ နေရရင်ဒေါသကထွက်လာအုန်းမှာမို့ မမြင်ရမကြားရရင် ပိုအဆင်ပြေတယ်။
"လရိပ် …ဦးကောင်းလုံ ဆန်ပြုတ်လာ
ပို့ တာ"
အခန်းဝမှာ ပန်းကန်တစ်လုံးနဲ့ ရပ်စောင့်နေတဲ့ ပေါက်စီလုံးအဖေကြောင့် မတွေ့ ချင်ပေမဲ့ မကောင်းတက်လို့ ထယူလိုက်သည်။
"သက်သာတယ်မို့ လား"
"ဟုတ်ကဲ့"
တိုပြတ်ပြတ် အဖြေကြောင့်
ဦးကောင်းလုံ ဆက်မမေးရဲတော့ပေ။
လရိပ်က သူစိမ်းဆိုပေမဲ့ ကိုယ့်သားအပေါ်မှာ သေချာ သူ့ ထက်စာရင်ဂရုစိုက်ပေးနိုင်သေးသည်။
လုပ်ငန်းပေါင်းသောင်းခြောက်ထောင်နဲ့
အမြဲ အလုပ်ရှုပ်နေသော သူ့ အတွက်
သားကို သေချာထိန်းပေးဖို့ ကတော့မဖြစ်နိုင်ပေ။
"ဦးကောင်းတောင်းပန်ပါတယ် လရိပ်။
အလုပ်တွေလုပ်နေတာနဲ့ သားကို ဂရုစိုက်ဖို့ ပေါ့ဆ သွားတယ်။ နောက်မဖြစ်ဖို့
ဦးကောင်းသတိထားပါ့မယ်"
၉နှစ်အရွယ်ကလေးတစ်ယောက်ကိုတောင်းပန်ရတာ အောက်ကျတယ်လို့ မခံစားရအောင် လရိပ်မှူးခိုင်ဆိုတဲ့ ကလေးက
မာန်မာနအရှိန်အဝါတွေနဲ့ ထိန်လင်းနေတာဖြစ်သည်။
ကလေးတွေအများကြီး သူတွေ့ ဘူးတယ်။
လရိပ်က သူ့ တဘာသာကွဲထွက်နေတဲ့ပုံမျိုး။ ထက်မြတ်တယ် အနေတည်တန့် တယ်။ ကြည့်လိုက်တိုင်း အားနေရင်
လက်က စာအုပ်တအုပ်နဲ့ တနေနေရာမှာငြိမ်သက်နေတက်တာ လရိပ်မှူးခိုင်အကျင့်ပဲ။
ဘာစာတွေဖတ်သလဲ သွားမကြည့်နဲ့
ကိုယ်မဖတ်ဘူးတဲ့ စာကြီးပေကြီးတွေကအစ ။ အင်္ဂလိပ်ဘာသာပြန် စာအုပ်တွေ
နဲ့ ပြင်ပ ဗဟုသုတ အဆုံး သူအကုန်ဖတ်တယ်။
"ရတယ် နောက်လဲ ဖြစ်စရာမှမရှိတော့။
ကျွန်တော် စကားပြောတာရိုင်းသွားရင်ခွင့်လွတ်ပါ။ အမှန်တိုင်းပြောရင် ဘေဘီဒီလို ဖြစ်တာ ဦးလေးတာဝန် မကင်းဘူးဆိုတာ သိတယ်မို့ လား "
မော့ကြည့်လာတဲ့ မျက်ဝန်းတွေက
ခင်ဗျား အမှား ဘာလဲ ဆိုတာ ဝန်ခံလိုက်စမ်းပါလို့ ပြောနေသယောင်။
ရုတ်တရက် ဒီကလေးကိုကြောက်လာသလို ခံစားနေရတာ ဘာကြောင့်လဲ။
ဖိအားပေးခံရတဲ့ ခံစားချက်မျိုးကြောင့်
သူ မသက်မသာခေါင်းညိမ့်ပြလိုက်ရတယ်။
"အဲ့ဒါကြောင့် ဦးလေး မထိန်းနိုင်ရင်ဘေဘီ့ကို ကျွန်တော်ကိုပေးပါ။ မှည့်တပေါက်မစွန်းစေရအောင် စောင့်ရှောက်ပေးမယ်"
ဗုဒ္ဓေါ ။ စိတ်ထဲက ဘုရားတမိတာ အကျယ်ကြီးပဲ ။
သူ့ သားအရင်းခေါက်ခေါက်ကို ဖအေဆီမှာ ဒီကလေး အားမနာလျှာမကြိုးလာတောင်းနေတယ်။ ပြီးတော့ အသက်မှ
၉နှစ်ပဲ ရှိသေးတဲ့ ကလေးပေါက်စက။
"ဟို ဒါကတော့ လုံလုံက ငယ်သေးတယ်လေ။ မင်းကလဲ ကလေးသာသာဆိုတော့ ကလေးက ကလေးပြန်ထိန်းနေသလို
ဖြစ်မှာပေါ့ "
"မဖြစ်ဘူး။ စကားကိုလွယ်လွယ်ပြောနေတာမဟုတ်ဘူး။ ကျွန်တော် စဉ်းစားပြီးပီ။
ဘေဘီကို ကျွန်တော်တာဝန်ယူနိုင်တယ်။
မဟုတ်ရင်တောင် ဘေဘီကို ဦးလေးသွားလေရာခေါ်သွားနိုင်တာမှမဟုတ်တာ။ ထပ်ပြီးကလေးထိန်း ငှားအုန်းမှာပဲ မို့ လား။ "
အချက်ချာကျတဲ့ စကားတွေကြောင့်
ဦးကောင်းလုံ ပါးစပ်ပိတ်သွားသည်။
သူ့ လုပ်ငန်းက မြန်မာပြည်အနှံ့ စက်သုံးဆီအရောင်းဆိုင်တွေဖွင့်ထားတဲ့လုပ်ငန်း။
အမြဲခရီးထွက်နေရတာမျိုးမို့ သားကို သူ့ ဘေးနားထားလို့ တော့မရပါ။
ဘယ်လိုပဲစဉ်းစားကြည့် …စဉ်းစားကြည့်
လုံလုံကိုထိန်းနိုင်တာလရိပ်တစ်ယောက်ပဲရှိတယ်။
သူ့ သားက အိမ်မှာသာ ဆိုးပေနေတာ
ဒီဖက်အိမ်ရောက်လို့ ငိုချင်ရင်တောင်
လရိပ်က ခုတိတ်ဆိုရင် ရှိုက်သံတချက်တောင်မထွက်ရဲအောင်
အပိုးကျိုးတာ။
ခက်တာက လရိပ်မှူးခိုင်ပဲ။
ကလေးဆိုပြီး ပီးစလွယ် အေးအေး ပေးတယ်ဆိုပြီး လွယ်လွယ်ပြောလို့ ရမှာမဟုတ်ဘူး။ နောက်များ ကိုယ်သားကိုတွေ့ ချင်ရင်တောင် သူ့ ဆီခွင့်တောင်းနေရရင် ဘယ်လို လုပ်မလဲ။
"ဟင့် ချစ်ချစ် …လုံလုံ ကိုချီ "
တိတ်ဆိတ်နေတဲ့ အခန်းမှာ ပေါက်စီလုံးငိုသံက တိုးထွက်လာ၏။
ဖြေရခက်နေတဲ့ ဦးကောင်းလုံက အားကိုးရာတွေ့ သွားသလို ပုံမျိုးဖြစ်သွားပေမဲ့လရိပ်ကတော့ ခန့် မှန်းလို့ မရအောင် အေးတိအေးစက်။
"ဘေဘီ မငိုရဘူး ငါရှိတယ်"
စကားဆုံးတော့ ချက်ခြင်းတိတ်သွားတဲ့ ငိုသံက တိကနဲပဲ။
မအေပေးလေး ကိုယ့်ကျ တိတ်ဆိုလဲ တိတ်ခိုင်းလို့ မရ ။ ဂျီကျပီဆိုရင် ဘာပေးပေး
ဘာလုပ်ပြပြ မပြီးနိုင်မစီးနိုင် ဂျစ်တိုက်တာ။
မကျေမနပ် အခန်းဝကနေ လှမ်းကြည့်တော့ လရိပ်ပုခုံးပေါ်ခေါင်းတင်ထားပြီး သူ့
ကိုမျက်လုံးဝိုင်းကြီးနဲ့ လှမ်းကြည့်နေ၏။
လာဖေဖေဆီဆိုတဲ့ ပုံစံမျိုး လက်ကမ်းပြလိုက်သော်လဲ သောက်ဖက်မလုပ်ပဲ မျက်နှာကိုတဖက်လှည့်သွား၏။
သူအခု ပလစ်ခံလိုက်ရတာလား။
သူ့ သားဆီကလေ။
စိတ်ပျက်စရာပဲ ဒါတောင် လေးနှစ်သားပဲ
ရှိသေးလို့ ။
အရွယ်ရောက်လာရင် သူ့ ကို လှည့်မကြည့်တော့ရင်ဘယ်လို လုပ်မလဲ။
နောက်မိန်းမထပ်ယူပီး သူ့ နားကပ်ချင်တဲ့
ကလေးတစ်ယောက်ထပ်မွေးရမလား။
ဦးကောင်းလုံတစ်ယောက် အိမ်ဖက် ပြန်သွားတဲ့အထိ သူ့ သား သက်ငယ်ဝေလုံရဲ့ ဥပေက္ခာပြုလိုက်ခြင်းအပေါ် အတော်ကြီး နာကျင်သွားလေသည်။
"ဘေဘီ ခေါင်းက နားသေးလား "
တယုတယ ဆံပင်နုနုကို ငုံ့ မွှေးတော့
ခပ်သင်းသင်း ကလေးခေါင်းလျှော်ရည်နံ့ ကိုရသည်။
ပေါက်စီလုံးရဲ့ဆံပင်တွေက အိပျော့ပျော့လေးနဲ့ တအားကိုင်လို့ ကောင်းတာ။
"နာတော့ဘူး"
"မနာတော့ဘူး လို့ ပြောရတယ်"
"မနာတော့ဘူး။ ချစ်ချစ် လုံလုံ
ဗိုက်ဆာ"
"အာ ဟုတ်သားပဲ မင်းအဖေ ပို့ သွားတဲ့
ဆန်ပြုတ်တွေ ရှိတယ် လာ "
ကုတင်ပေါ်ကို အသာအယာ ပွေ့ တင်တော့ ထားတဲ့နေရာ ငြိမ်ငြိမ်လေးထိုင်နေ၏။ အဖြူရောင် ကလေးဝတ် လက်ရှည်လေးက အိပ်ယာထ စ မို့ အနည်းငယ်ရွဲ့ စောင်းနေတာမို့ ငုံ့ ပြီး ပြန်တည့်ပေးနေစဉ် ပါးတဖက်က နွေးကနဲ ။
မော့ကြည့်တော့ အနီရောင် မျက်နှာလေးက ပြုံးဖြဲဖြဲ။
လုပ်ချင်ရာလုပ်ပီးရင်ပေါက်စီလုံးက အဲ့တိုင်းပဲ။
"ဟီး ချစ်ချစ် ကို ချစ်"
"ရုပ်ကိုက နည်းနည်းမှအချိုးမပြေဘူး။ "
ဘယ်လောက်ပြောပြောအမှတ်မရှိတဲ့ ပေါက်စီလုံးက သူ့ ကို စနှောက်နေသည်ထင်နေသလားမသိ။ တခစ်ခစ် ရယ်နေတာ မရပ်တော့ ။ လန်းနေတဲ့ ပုံမို့ အဖျားပျောက်တော့မှာမှန်း သတိထားမိတာမို့ ဖောင်းဖောင်းကားကား ပါးနှစ်ဖက်ကို လက်နဲ့ ထိက စမ်းလိုက်၏။
အရင်ကလောက်မပူတော့ပေမဲ့ နွေးတေးတေးအငွေ့ သက်က ကျန်တော့ကျန်နေသည်။
"ဘေဘီ မင်းကိုပြောစရာရှိတယ်"
ဆန်ပြုတ်ပန်းကန်ကို ဆွဲယူပြီးပေါက်စီလုံးနဲ့ မျက်နှာခြင်းဆိုင် ထိုင်လိုက်သည်။
အရမ်းကြီး မပူတော့တဲ့ ဆန်ပြုတ်ကို
လေနည်းနည်းထပ်မှုတ်ပေးကာ အရင် တဇွန်း ပေါက်စီလုံးကိုတိုက်လိုက်၏။
"မင်း နောက်ကို ဘာဖြစ်ဖြစ် ငါ့ကိုပြောရမယ်ကြားလား။ ငါ့ကို ချက်ခြင်းမပြောနိုင်သေးရင်တောင် ဘယ်သူက မင်းကို အသားနာအောင် လုပ်သလဲဆိုတာ သေချာမှတ်ထား …နားလည်လားငါပြောတာ"
"ဟုတ် "
ဟုတ်လို့ သာပြောနေတာ မျက်လုံးက ဆန်ပြုတ်မွှေနေသော လက်ဆီကိုရောက်နေသည်မို့ သက်ပြင်းချကာ ထပ်ကျွေးရသည်။
ပေါက်စီလုံး တကယ်ဗိုက်ဆာနေရှာသည်။
ကျွေးသမျှဆန်ပြုတ်ကို အနည်းငယ်ကျန်
သည်ထိ ကုန်အောင် စားပြီးမှ ရပ်သွား၏။
ပေပွနေတဲ့ နှုတ်ခမ်းပေါက်စ ကို အနာတရမဖြစ်အောင် သုတ်ပေးရင်း
"နေကောင်းပျောက်ရင် မင်းမူကြိုတက်ရမှာနော် ဘေဘီ။ မင်းစာမတက်ရင်
သူများအနိုင်ကျင့်တာခံရလိမ့်မယ်။
စာများများသင်ပြီး စာတွေတက်လာရင်
ငါတက်တဲ့ကျောင်းမှာ မင်းလိုက်တက်ရမှာ။ သွားမယ်မို့ လား မူကြိုကို"
"ချစ်ချစ်နဲ့ လိုက်ရဖူးလား။ လုံလုံ
မူကြိုသွားချင်ဘူး"
"မရဘူး ။ မင်းအရင်မူကြိုမှာ အရင်တက်ရမှာ မဟုတ်ရင် ငါ့ကျောင်းမှာ လိုက်တက်လို့ မရဘူး။ မင်းစာမသင်ချင်ရင် နောက်နေ့ ငါ့အိမ်မလာခဲ့နဲ့ "
"………"
လူပေါ်အတင်း ထိုးချပြီးကုတ်တွယ်တက်နေတာမို့ ပွေ့ ချီလိုက်ရ၏။
လည်ပင်းကိုသိုင်းဖက်လာတဲ့ လက်တွေက မြဲမြံစွာ။
" လုံလုံ ကျောင်းသွားမှာ။ "
"အင်း ။ လိမ်မာတယ်"
ခပ်တင်းတင်းပြန်ပွေ့ ကာ ဆိုလိုက်တော့
သက်ငယ်ဝေလုံ က သဘောကျစွာ
တခစ်ခစ်ရယ်သည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz