အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
5
" တစ္ေထာင္ေပးပါ"
ငါးရာတန္ကိုင္ထားတဲ့ တီေလးလက္က
ေလထဲတင္ ရပ္တန္ ့လို ့။
က်ြန္ေတာ္ ေသခ်ာေမာ့ႀကည့္ပီးထပ္ေျပာလိုက္တယ္။
"ဒီေန ့ကစ မုန္ ့ဖိုးတစ္ေထာင္ေပးပါ"
"နင္ပဲ အျပင္စာေတြမႀကိဳက္ဘူးဆို ။
ခါတိုင္းဒီလို မဟုတ္ပါဘူး။ ငါဘယ္ေလာက္ေပးေပး စိတ္မဝင္စားသလို မယူခ်င္…ယူခ်င္နဲ ့မတက္သာလို ့ယူသြားတဲ့သူက ဒီေန ့ဘာေတြျဖစ္ေနတာလဲ"
ငါးရာတန္ျပန္သိမ္းပီး တစ္ေထာင္တန္အိတ္ထဲနွဳိက္ရွာေနတဲ့ တီေလးကို က်ြန္ေတာ္ မႀကည့္ေတာ့ပဲ တဖက္က နန္းေတာ္ႀကီးနဲ ့တူတဲ့ အိမ္ထဲက ငိုသံသဲ့သဲ့ကို နားေထာင္ရင္းသက္ျပင္းခ်ရျပန္ပါတယ္။
ေပါက္စီလံုးက က်ြန္ေတာ္ေက်ာင္းသြားရင္
အိမ္မွာမေနခဲ့ခ်င္ဘူး။ အျမဲငိုေနတက္တာမို ့ ေက်ာင္းသြားတိုင္း က်ြန္ေတာ္ စိတ္ညစ္ရပါသည္။
"တီေလး အျပန္ မူႀကိဳေက်ာင္းစံုစမ္းခဲ့အုန္း"
တီေလးဘာျပန္ေျပာသလဲ က်ြန္ေတာ္စိတ္မဝင္စားေတာ့ဘူး။
ေပါက္စီလံုးမငိုေအာင္ က်ြန္ေတာ္ ဘာလုပ္ရမလဲ စဥ္းစားေနမိတယ္။
တီေလးက က်ြန္ေတာ္ လက္ထဲကို ထမင္းခ်ိဳင့္ထည့္ထားတဲ့ ျခင္းေလးကမ္းေပးျပီး ျခံေသာ့ ခတ္လိုက္သည္။
တီေလးကေစ်းကို သက္သက္သြားမွာျဖစ္သလို က်ြန္ေတာ္ကလဲ ရပ္ကြက္ထဲကေက်ာင္းကိုကိုယ့္ဘာသာလမ္းေလ်ွာက္သြားမွာျဖစ္တယ္။
၁၅မိနစ္ေလာက္လမ္းေလ်ွာက္ရတဲ့ ေက်ာင္းကိုသြားတဲ့ လမ္းဟာ ခုေတာ့ႀကာရွည္ေနသေယာင္။
တေန ့လံုး ေက်ာင္းမွာ စာသင္ရတာစိတ္မပါေတာ့ဘူး။
အိမ္ကိုျပန္ခ်င္တဲ့ စိတ္ဟာ ႀကီးစိုးေနတယ္။
ေပါက္စီလံုးက က်ြန္ေတာ္ရဲ့ အခ်ိန္ေတြနဲ ့
စိတ္ခံစားခ်က္ေတြကို တျဖည္းျဖည္းသိမ္းယူေနတယ္လို ့က်ြန္ေတာ္ခံစားေနရေပမဲ့
နည္းနည္းမွစိတ္မတိုမိေတာ့ဘူး။
ေပါက္စီလံုးမွာ အမွား တခုထဲပဲရွိတယ္။ အဲ့ဒါ က်ြန္ေတာ့္ဘဝထဲကို စဝင္လာတာပဲ။
က်ြန္ေတာ္တစ္နွစ္ေက်ာ္အရြယ္မွာ အေမဆံုးတယ္။ နွစ္နွစ္အရြယ္မွာ အေဖက ပင္လယ္ျပင္မွာရြက္လႊင့္တယ္။
အထီးက်န္ျခင္းကို မခြဲျခားနိုင္ေသးတဲ့အရြယ္ကတည္းက က်ြန္ေတာ္က အထီးက်န္ေအးစက္ခဲ့တာ။
လူေတြက ခင္တြယ္လာရင္ ခြဲခြာႀကတာထံုးစံပဲ။အဲ့ဒါေႀကာင့္က်ြန္ေတာ့္မွာ မိတ္ေဆြသူငယ္ခ်င္းမရွိဘူး။
က်ြန္ေတာ္ ရဲ့အေဖာ္က စာအုပ္ေတြျဖစ္လာတယ္။
စာကလြဲပီး က်ြန္ေတာ္ဘယ္သူနဲ ့မွအေပါင္းသင္းမလုပ္ဘူး။
စာအုပ္ေတြက ေပးတဲ့ အသိတရားနဲ ့
၉နွစ္ဆိုတဲ့ အတိုင္းတာမွာ က်ြန္ေတာ္
လူႀကီးတစ္ေယာက္လို ပဲ နားလည္တက္ေနပီ။
ခြဲခြာရမဲ့ လူေတြကို က်ြန္ေတာ္မခင္တြယ္ခ်င္ဘူး။ ေပါက္စီလံုးလဲ က်ြန္ေတာ္ကို
ဘယ္ေန ့ထားခဲ့မလဲ မသိဘူး။ ဒါေႀကာင့္သူ ့ကိုလဲ က်ြန္ေတာ္ခ်စ္ဖို ့မႀကိဳးစားခဲ့ဘူး။
က်ြန္ေတာ္ေပါက္စီလံုးတို ့အိမ္ေရွ ့မွာရပ္တန္ ့လိုက္သည္။
ခါတိုင္းဆို ေက်ာင္းဆင္းခ်ိန္ေမ်ွာ္ေနတက္တဲ့ ေပါက္စီလံုးက အိမ္ေရွ ့ကေန
တစ္ေယာက္ထဲ ေစာင့္ေနတက္လြန္းလို ့
မႀကခဏ ဆူရတယ္။ ဒါေပမဲ့
ဒီေန ့ ေပါက္စီလံုးရဲ့ အရိပ္ေတာင္ မေတြ ့
ရတာမို ့က်ြန္ေတာ္ မ်က္ေမွာင္ကုတ္ကာ
ေတာ္ေတာ္ႀကီးစိတ္ထဲ မတင္မက်ျဖစ္ေနမိသည္။
" ဦးေလး "
ပန္းပင္ ေရေလာင္းေနတဲ့ လူတစ္ေယာက္ကို သံပန္းတံခါးႀကားကေန ေခ်ာင္းလို ့
ေခၚလိုက္တယ္။
က်ြန္ေတာ္ကို ျမင္ေတာ့ ခပ္ျမန္ျမန္ တံခါ
လာဖြင့္ေပးကာ ဝမ္းသာအားရဆိုလာသည္။
"ေက်ာင္းျပန္လာပီလား ။ လံုလံု တစ္ေယာက္ တေနကုန္ ဂ်ီက်ေနတာ တစ္ေယာက္မွ မနားရဘူး "
က်ြန္ေတာ္ ေခါင္းညိမ့္ျပပီး ျခံထဲဝင္လိုက္တယ္။ တခါမွ ဒီဖက္အိမ္ကိုမလာဖူးဘူး။ ပန္းပင္ေတြနဲ ့ျမက္ခင္းျပင္က်ယ္ႀကီးက တျခံလံုးအျပည့္ပဲ။
အျဖဴေရာင္ နွစ္ထပ္တိုက္ႀကီးကလဲ
ခမ္းနားထည္ဝါလြန္းသည္။
ထိုအိမ္ထဲမွာ ေပါက္စီလံုးရွိတယ္ဆိုတဲ့ အသိနဲ ့ က်ြန္ေတာ္ ေျခလွမ္းေတြသြက္ေနတယ္။
ဒါေပမဲ့ အိမ္ေပါက္ဝမွာတင္ က်ြန္ေတာ္ေျခလွမ္းေတြရပ္သြားပါတယ္။
ျမင္လိုက္ရတဲ့ ျမင္ကြင္းက က်ြန္ေတာ္ ရဲ့
ေဒါသကိုေတာင္မထိန္းနိုင္ျဖစ္ေစေလာက္ပင္။
"ခင္ဗ်ား အဲ့ဒါ ဘာလုပ္တာလဲ "
မိန္းမတစ္ေယာက္က
ငိုရွဳိက္ေနတဲ့ေပါက္စီလံုးကို ခပ္ႀကိတ္ႀကိတ္ နားနားကပ္ ျခိမ္းေျခာက္ကာဒဏ္ရာ
မျမင္ရတဲ့ေနရာျဖစ္တဲ့ ဦးေခါင္းက ဆံပင္ေတြကို ဆြဲကာ အားနဲ ့ခါရမ္းေနတာျဖစ္သည္။ ေပါက္စီလံုးသည္ ငိုရလြန္းလို ့နွာေခါင္းဖ်ားေတြနီရဲေနပီး အသံမထြက္ေအာင္ အတင္းႀကိတ္သည္းခံေနရရွာသည္။
ဟိန္းတက္သြားေသာ က်ြန္ေတာ္အသံေႀကာင့္ခိုးေႀကာင္ခိုးဝွက္ ကေလးကိုနွိပ္စက္ေနေသာ မိန္းမသည္ လန္ ့ျဖန္ ့တွဳန္လွဳပ္သြားကာ ေပါက္စီလံုးကေတာ့
အားကိုရာေတြ ့သြားလို ့ထင္
သည္းထန္စြာ ငိုေႀကြးေလေတာ့သည္။
ေပါက္စီလံုးငိုသံႀကားေလ က်ြန္ေတာ္ ့ေဒါသေတြထိန္းမရေလ ျဖစ္လာတာေႀကာင့္
ကေလးကို ေျပးလုကာ ထိုမိန္းမကို အားကုန္းတြန္းလွဲပစ္လိုက္သည္။
ကေလး အားဆိုေပမဲ့ ေဒါသေႀကာင့္
ထိုမိန္းမသည္ ႀကမ္းေပၚမွာ ပစ္စလက္ခတ္လွဲႀကသည္။
က်ြန္ေတာ့္အသိစိတ္ထဲမွာ ေပါက္စီလံုးေအာ္ဟစ္ငိုေႀကြးသံကသာ မင္းမူေနျပီး
က်န္တာဘာမွမျမင္နိုင္ေတာ့ေပ။
က်ြန္ေတာ္ အသိစိတ္ကပ္ျပီးခ်ိန္တြင္
ထိုမိန္းမသည္ ေသြးအိုင္ထဲတြင္လွဲေနျပီး
ပန္းအိုးကြဲစမ်ားသည္ ႀကမ္းျပင္ေပၚတြင္တစစီျဖစ္ေနသည္။
ထိုမ်ွအထိ က်ြန္ေတာ့္ေဒါသက အဆံုးဆမဲ့ျဖစ္ခဲ့ပါသည္။
တခဏအတြင္း အိမ္အတြင္း ဆူညံသံေတြေႀကာင့္ ဘယ္ေနရာကေန ေျပးထြက္လာမွန္းမသိတဲ့ သူေတြသည္ ေသြးအိုင္ထဲလဲေနေသာ ထိုမိန္းမနဲ ့ကေလးကို
ေပြ ့ကာ
ေဒါသတႀကီးမတ္တပ္ရပ္ေနေသာ က်ြန္ေတာ္ကို ႀကည့္ကာ ဆူညံ့စြာ ဘာျဖစ္ႀကသလဲဆိုတာေမးေတာ့သည္။
က်ြန္ေတာ္ အကုန္လံုးကို ေအးစက္စြာႀကည့္ကာ ဘာစကားမွ ျပန္မေျပာပဲ
ဆိုဖာေပၚ ေပါက္စီလံုးကို ေပြ ့ကာ ထိုင္ေနလိုက္သည္။
ဧည့္ခန္းမွာရွိေသာ လူေတြသည္
ေသြးေအးရက္စက္စြာ
ထိုင္ႀကည့္ေနတဲ့ ၉နွစ္အရြယ္ကေလးတစ္ေယာက္ရဲ့ ေအးစက္တဲ့အႀကည့္ကို
မခံနိုင္စြာ ဘာမွဆက္္မေမးေတာ့ပဲ
ေသြးေတြနဲ ့မိန္းမကို ေဆးထည့္ေပးတဲ့သူကေပး ဦးေကာင္းလံုဆီဖုန္းဆက္တဲ့သူက ဆက္ လုပ္ေနႀက၏။
"ခ်စ္ခ်စ္ ဟင့္… လံုလံု နာတယ္"
အိေထြးေနတဲ့ ဆံပင္ေလးေတြကို ျဖဴတုတ္တုတ္လက္ကေလးနဲ ့ပြတ္ကာ ေပါက္စီလံုးကေျပာလာ၏။
ခါတိုင္းလဲ နာတယ္ဟုေျပာတက္တိုင္း
ဒဏ္ရာရွာမေတြ ့တာမို ့ ေပါက္စီလံုး ေလ်ွာက္ေျပာတယ္ဟုပဲထင္ခဲ့သည္။
ဘာလို ့ဒီဖက္အိမ္မွာ ကေလးမေနခ်င္ရသလဲဆိုတာ ခုေတာ့ က်ြန္ေတာ္သိသြားေလျပီ။ ငရဲခန္းနဲ ့တူေသာအိမ္မွာ
က်ြန္ေတာ္ ဇြတ္ထားခဲ့မိျခင္းအေပၚ ေပါက္စီလံုးကို အားနာပီး သနားရသည္။
"ငါေတာင္းပန္ပါတယ္။ ေနာက္ကို
ဒီအိမ္မွာ မင္းကို မထားခဲ့ေတာ့ဘူးေနာ္။
မင္းကို လုပ္တဲ့ သူ ကိုလဲ ခြင့္မလႊတ္ဘူး ။
မငိုနဲ ့ေတာ့"
မ်က္ရည္စေတြေပေနတဲ့ မ်က္လံုးေလးကို
နုနုညံ့ညံ့ပြတ္သုတ္ေပးရင္း ဆိုေတာ့
လည္ပင္ႀကားမွာ မ်က္နွာအပ္ကာ
ျငိမ္သြား၏။
ေစာက နာတယ္လို ့ျပတဲ့ ဆံပင္ေတြ ကိုအသာအယာဖယ္ရွားႀကည့္လိုက္တဲ့အခါမွာ ဦးေရျပားသည္ နီရဲေနကာ တခ်ိဳ ့ေနရာဆို ေသြးစေလးမ်ားေတာင္ ကပ္ေနေသးသည္။
က်ြန္ေတာ္ ေပါက္စီလံုးကို အသာေထြးေပြ ့ထားလိုက္သည္။
ထို ့ေနာက္မွာ ေသေစေလာက္တဲ့ အႀကည့္ေတြနဲ ့ တစ္ေယာက္တေပါက္ ထိုမိန္းမကိုျဖစ္ေႀကာင္းကုန္စင္ေမးျမန္းေနသူမ်ားကို ေဝ့ႀကည့္ကာ ေအးေအးစက္စက္ ေအာ္ေျပာလိုက္သည္။
"အဲ့မိန္းမကို ဘာအေႀကာင္းမွ ေဆးထည့္ေပးစရာမလိုဘူး။ ဖယ္ႀကစမ္း
ထပ္ျပီးဆူဆူညံညံလုပ္ေနရင္ အဲ့ဒီမယ္ေတြ ့လား ။ ဒါခင္ဗ်ားတို ့ဆီေရာက္သြားမယ္"
မွန္စားပြဲေပၚမွာ တင္ထားတဲ့ ေဆးလိပ္ျပာခြက္လို ေလးေထာင့္ခပ္ႀကီးႀကီးအရာကို ကိုင္ကာ ျပလိုက္ေတာ့ ဆူညံမူ ့က ခ်က္ျခင္းတိတ္သြား၏။
မဟုတ္တာ လုပ္ထားတဲ့ သူေတြအခ်င္းခ်င္းေသြးစီးေနႀကတယ္ေပါ့ဟုတ္လား။
တစ္ေယာက္မွ အလြတ္မေပးဘူး ႀကည့္ေန။ အလုပ္သမားေတြ အမ်ားႀကီးရွိတဲ့ အိမ္မွာ ကေလးတစ္ေယာက္ကို နွိပ္စက္ေနတာ မသိပါဘူးလို ့ေတာ့ လာမေျပာနဲ ့။
တေန ့လံုး အိမ္ရွင္မရွိတာနဲ ့ေခြးေသဝက္ေသ ဘယ္ေခ်ာင္မွာ သြားေသေနသလဲ။ ေဒါသနဲ ့က်ြန္ေတာ္အေတြးေတြသည္ ဆိုးသြမ္းရုိင္းစိုင္းလာလ်ွက္။
ငါးမိနစ္ခန္ ့အႀကာတြင္ ဦးေကာင္းလံု
ေရာက္လာျပီး တီေလးသည္လဲ ေရွ ့ဆင့္ေနာက္ဆင့္ဝင္လာ၏။
"ဘာျဖစ္ႀကတာလဲ လရိပ္"
ဦးေကာင္းလံုက ဝင္ဝင္ခ်င္းေမးသည္။
အေမးခံလိုက္ရသူမွာ ကေလးတစ္ေယာက္မို ့သူ ့ထက္ငွာ ေျဖရွင္းဖို ့ျပင္ေနသူမ်ားကေတာ့ မေက်နပ္စြာပါးစပ္ပိတ္ကုန္သည္။
" ေဘဘီကို နွိပ္စက္ေနလို ့ က်ြန္ေတာ္ ရုိက္လိုက္တာ။ "
ေသြးသံရဲရဲနဲ ့မိန္းမကို ေမးေငါ့ေျပာေတာ့
တီေလးက က်ြန္ေတာ္ကို တအံတႀသႀကည့္ကာ ဘုရား တသည္။
"မဟုတ္ပါဘူးသူေဌး ။ ကေလးကို ခ်စ္လို ့
စလိုက္တာပဲရွိတာပါ။ တျခား အသားနာေအာင္မလုပ္ပါဘူး"
ေသြးေတြနဲ ့မိန္းမက အားကိုရာေတြ ့သလို
လိမ္လည္ကာ တိုင္တန္းေလးသည္။
" တိတ္စမ္း ။ ငါ့ကို ေစာက္အ မွတ္ေနလား။ ငါ့သားေခါင္းမွာ လြန္ခဲ့တဲ့ နွစ္ရက္က အညိုအမဲေတြ ့ကတည္းက မသကၤာလို ့အိမ္မွာ နင္တို ့မသိေအာင္CCTV တက္ခိုင္းထားျပီးသား ။ အကုန္ျပန္စစ္လို ့ရတယ္။ သြား နင့္အထုတ္သိမ္းျပီး အခုျပန္။ "
ဦးေကာင္းလံုရဲ့ ေအာ္ဟစ္သံေႀကာင့္အကုန္ပါးစိပ္ပိတ္သြားႀကေသာ္လဲ
" အလုပ္ထုတ္ရုံနဲ ့က်ြန္ေတာ္မေက်နပ္ဘူး။ က်န္တဲ့ သူေတြကလဲ အကုန္အလိုတူ အလိုပါေတြပဲ။ တစ္ေယာက္မွခြင့္မလြတ္ေပးနဲ ့"
မာေႀကာေအးစက္စြာေျပာပီးေနာက္မွာ
က်ြန္ေတာ္ အိပ္ေပ်ာ္ေနတဲ့ ေပါက္စီလံုးကို ေပြ ့ခ်ီျပီး အဲ့အိမ္ထဲကေနထြက္ခဲ့လိုက္သည္။ တီေလးကေတာ့ က်ြန္ေတာ္ရွာခဲ့ေသာျပသနာကိုေျဖရွင္းဖို ့ က်န္ေနခဲ့ျပီး
က်ြန္ေတာ္ကေတာ့ ေပါက္စီလံုးကို ေပြ ့ခ်ီရင္းဝမ္းနည္းစြာ တတြတ္တြတ္ေတာင္းပန္ေနခဲ့သည္။
ခ်စ္တဲ့အိမ္စည္။
>>>>>>|<<<<<
" တစ်ထောင်ပေးပါ"
ငါးရာတန်ကိုင်ထားတဲ့ တီလေးလက်က
လေထဲတင် ရပ်တန့် လို့ ။
ကျွန်တော် သေချာမော့ကြည့်ပီးထပ်ပြောလိုက်တယ်။
"ဒီနေ့ ကစ မုန့် ဖိုးတစ်ထောင်ပေးပါ"
"နင်ပဲ အပြင်စာတွေမကြိုက်ဘူးဆို ။
ခါတိုင်းဒီလို မဟုတ်ပါဘူး။ ငါဘယ်လောက်ပေးပေး စိတ်မဝင်စားသလို မယူချင်…ယူချင်နဲ့ မတက်သာလို့ ယူသွားတဲ့သူက ဒီနေ့ ဘာတွေဖြစ်နေတာလဲ"
ငါးရာတန်ပြန်သိမ်းပီး တစ်ထောင်တန်အိတ်ထဲနှိုက်ရှာနေတဲ့ တီလေးကို ကျွန်တော် မကြည့်တော့ပဲ တဖက်က နန်းတော်ကြီးနဲ့ တူတဲ့ အိမ်ထဲက ငိုသံသဲ့သဲ့ကို နားထောင်ရင်းသက်ပြင်းချရပြန်ပါတယ်။
ပေါက်စီလုံးက ကျွန်တော်ကျောင်းသွားရင်
အိမ်မှာမနေခဲ့ချင်ဘူး။ အမြဲငိုနေတက်တာမို့ ကျောင်းသွားတိုင်း ကျွန်တော် စိတ်ညစ်ရပါသည်။
"တီလေး အပြန် မူကြိုကျောင်းစုံစမ်းခဲ့အုန်း"
တီလေးဘာပြန်ပြောသလဲ ကျွန်တော်စိတ်မဝင်စားတော့ဘူး။
ပေါက်စီလုံးမငိုအောင် ကျွန်တော် ဘာလုပ်ရမလဲ စဉ်းစားနေမိတယ်။
တီလေးက ကျွန်တော် လက်ထဲကို ထမင်းချိုင့်ထည့်ထားတဲ့ ခြင်းလေးကမ်းပေးပြီး ခြံသော့ ခတ်လိုက်သည်။
တီလေးကဈေးကို သက်သက်သွားမှာဖြစ်သလို ကျွန်တော်ကလဲ ရပ်ကွက်ထဲကကျောင်းကိုကိုယ့်ဘာသာလမ်းလျှောက်သွားမှာဖြစ်တယ်။
၁၅မိနစ်လောက်လမ်းလျှောက်ရတဲ့ ကျောင်းကိုသွားတဲ့ လမ်းဟာ ခုတော့ကြာရှည်နေသယောင်။
တနေ့ လုံး ကျောင်းမှာ စာသင်ရတာစိတ်မပါတော့ဘူး။
အိမ်ကိုပြန်ချင်တဲ့ စိတ်ဟာ ကြီးစိုးနေတယ်။
ပေါက်စီလုံးက ကျွန်တော်ရဲ့ အချိန်တွေနဲ့
စိတ်ခံစားချက်တွေကို တဖြည်းဖြည်းသိမ်းယူနေတယ်လို့ ကျွန်တော်ခံစားနေရပေမဲ့
နည်းနည်းမှစိတ်မတိုမိတော့ဘူး။
ပေါက်စီလုံးမှာ အမှား တခုထဲပဲရှိတယ်။ အဲ့ဒါ ကျွန်တော့်ဘဝထဲကို စဝင်လာတာပဲ။
ကျွန်တော်တစ်နှစ်ကျော်အရွယ်မှာ အမေဆုံးတယ်။ နှစ်နှစ်အရွယ်မှာ အဖေက ပင်လယ်ပြင်မှာရွက်လွှင့်တယ်။
အထီးကျန်ခြင်းကို မခွဲခြားနိုင်သေးတဲ့အရွယ်ကတည်းက ကျွန်တော်က အထီးကျန်အေးစက်ခဲ့တာ။
လူတွေက ခင်တွယ်လာရင် ခွဲခွာကြတာထုံးစံပဲ။အဲ့ဒါကြောင့်ကျွန်တော့်မှာ မိတ်ဆွေသူငယ်ချင်းမရှိဘူး။
ကျွန်တော် ရဲ့အဖော်က စာအုပ်တွေဖြစ်လာတယ်။
စာကလွဲပီး ကျွန်တော်ဘယ်သူနဲ့ မှအပေါင်းသင်းမလုပ်ဘူး။
စာအုပ်တွေက ပေးတဲ့ အသိတရားနဲ့
၉နှစ်ဆိုတဲ့ အတိုင်းတာမှာ ကျွန်တော်
လူကြီးတစ်ယောက်လို ပဲ နားလည်တက်နေပီ။
ခွဲခွာရမဲ့ လူတွေကို ကျွန်တော်မခင်တွယ်ချင်ဘူး။ ပေါက်စီလုံးလဲ ကျွန်တော်ကို
ဘယ်နေ့ ထားခဲ့မလဲ မသိဘူး။ ဒါကြောင့်သူ့ ကိုလဲ ကျွန်တော်ချစ်ဖို့ မကြိုးစားခဲ့ဘူး။
ကျွန်တော်ပေါက်စီလုံးတို့ အိမ်ရှေ့ မှာရပ်တန့် လိုက်သည်။
ခါတိုင်းဆို ကျောင်းဆင်းချိန်မျှော်နေတက်တဲ့ ပေါက်စီလုံးက အိမ်ရှေ့ ကနေ
တစ်ယောက်ထဲ စောင့်နေတက်လွန်းလို့
မကြခဏ ဆူရတယ်။ ဒါပေမဲ့
ဒီနေ့ ပေါက်စီလုံးရဲ့ အရိပ်တောင် မတွေ့
ရတာမို့ ကျွန်တော် မျက်မှောင်ကုတ်ကာ
တော်တော်ကြီးစိတ်ထဲ မတင်မကျဖြစ်နေမိသည်။
" ဦးလေး "
ပန်းပင် ရေလောင်းနေတဲ့ လူတစ်ယောက်ကို သံပန်းတံခါးကြားကနေ ချောင်းလို့
ခေါ်လိုက်တယ်။
ကျွန်တော်ကို မြင်တော့ ခပ်မြန်မြန် တံခါ
လာဖွင့်ပေးကာ ဝမ်းသာအားရဆိုလာသည်။
"ကျောင်းပြန်လာပီလား ။ လုံလုံ တစ်ယောက် တနေကုန် ဂျီကျနေတာ တစ်ယောက်မှ မနားရဘူး "
ကျွန်တော် ခေါင်းညိမ့်ပြပီး ခြံထဲဝင်လိုက်တယ်။ တခါမှ ဒီဖက်အိမ်ကိုမလာဖူးဘူး။ ပန်းပင်တွေနဲ့ မြက်ခင်းပြင်ကျယ်ကြီးက တခြံလုံးအပြည့်ပဲ။
အဖြူရောင် နှစ်ထပ်တိုက်ကြီးကလဲ
ခမ်းနားထည်ဝါလွန်းသည်။
ထိုအိမ်ထဲမှာ ပေါက်စီလုံးရှိတယ်ဆိုတဲ့ အသိနဲ့ ကျွန်တော် ခြေလှမ်းတွေသွက်နေတယ်။
ဒါပေမဲ့ အိမ်ပေါက်ဝမှာတင် ကျွန်တော်ခြေလှမ်းတွေရပ်သွားပါတယ်။
မြင်လိုက်ရတဲ့ မြင်ကွင်းက ကျွန်တော် ရဲ့
ဒေါသကိုတောင်မထိန်းနိုင်ဖြစ်စေလောက်ပင်။
"ခင်ဗျား အဲ့ဒါ ဘာလုပ်တာလဲ "
မိန်းမတစ်ယောက်က
ငိုရှိုက်နေတဲ့ပေါက်စီလုံးကို ခပ်ကြိတ်ကြိတ် နားနားကပ် ခြိမ်းခြောက်ကာဒဏ်ရာ
မမြင်ရတဲ့နေရာဖြစ်တဲ့ ဦးခေါင်းက ဆံပင်တွေကို ဆွဲကာ အားနဲ့ ခါရမ်းနေတာဖြစ်သည်။ ပေါက်စီလုံးသည် ငိုရလွန်းလို့ နှာခေါင်းဖျားတွေနီရဲနေပီး အသံမထွက်အောင် အတင်းကြိတ်သည်းခံနေရရှာသည်။
ဟိန်းတက်သွားသော ကျွန်တော်အသံကြောင့်ခိုးကြောင်ခိုးဝှက် ကလေးကိုနှိပ်စက်နေသော မိန်းမသည် လန့် ဖြန့် တှုန်လှုပ်သွားကာ ပေါက်စီလုံးကတော့
အားကိုရာတွေ့ သွားလို့ ထင်
သည်းထန်စွာ ငိုကြွေးလေတော့သည်။
ပေါက်စီလုံးငိုသံကြားလေ ကျွန်တော့် ဒေါသတွေထိန်းမရလေ ဖြစ်လာတာကြောင့်
ကလေးကို ပြေးလုကာ ထိုမိန်းမကို အားကုန်းတွန်းလှဲပစ်လိုက်သည်။
ကလေး အားဆိုပေမဲ့ ဒေါသကြောင့်
ထိုမိန်းမသည် ကြမ်းပေါ်မှာ ပစ်စလက်ခတ်လှဲကြသည်။
ကျွန်တော့်အသိစိတ်ထဲမှာ ပေါက်စီလုံးအော်ဟစ်ငိုကြွေးသံကသာ မင်းမူနေပြီး
ကျန်တာဘာမှမမြင်နိုင်တော့ပေ။
ကျွန်တော် အသိစိတ်ကပ်ပြီးချိန်တွင်
ထိုမိန်းမသည် သွေးအိုင်ထဲတွင်လှဲနေပြီး
ပန်းအိုးကွဲစများသည် ကြမ်းပြင်ပေါ်တွင်တစစီဖြစ်နေသည်။
ထိုမျှအထိ ကျွန်တော့်ဒေါသက အဆုံးဆမဲ့ဖြစ်ခဲ့ပါသည်။
တခဏအတွင်း အိမ်အတွင်း ဆူညံသံတွေကြောင့် ဘယ်နေရာကနေ ပြေးထွက်လာမှန်းမသိတဲ့ သူတွေသည် သွေးအိုင်ထဲလဲနေသော ထိုမိန်းမနဲ့ ကလေးကို
ပွေ့ ကာ
ဒေါသတကြီးမတ်တပ်ရပ်နေသော ကျွန်တော်ကို ကြည့်ကာ ဆူညံ့စွာ ဘာဖြစ်ကြသလဲဆိုတာမေးတော့သည်။
ကျွန်တော် အကုန်လုံးကို အေးစက်စွာကြည့်ကာ ဘာစကားမှ ပြန်မပြောပဲ
ဆိုဖာပေါ် ပေါက်စီလုံးကို ပွေ့ ကာ ထိုင်နေလိုက်သည်။
ဧည့်ခန်းမှာရှိသော လူတွေသည်
သွေးအေးရက်စက်စွာ
ထိုင်ကြည့်နေတဲ့ ၉နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ အေးစက်တဲ့အကြည့်ကို
မခံနိုင်စွာ ဘာမှဆက်မမေးတော့ပဲ
သွေးတွေနဲ့ မိန်းမကို ဆေးထည့်ပေးတဲ့သူကပေး ဦးကောင်းလုံဆီဖုန်းဆက်တဲ့သူက ဆက် လုပ်နေကြ၏။
"ချစ်ချစ် ဟင့်… လုံလုံ နာတယ်"
အိထွေးနေတဲ့ ဆံပင်လေးတွေကို ဖြူတုတ်တုတ်လက်ကလေးနဲ့ ပွတ်ကာ ပေါက်စီလုံးကပြောလာ၏။
ခါတိုင်းလဲ နာတယ်ဟုပြောတက်တိုင်း
ဒဏ်ရာရှာမတွေ့ တာမို့ ပေါက်စီလုံး လျှောက်ပြောတယ်ဟုပဲထင်ခဲ့သည်။
ဘာလို့ ဒီဖက်အိမ်မှာ ကလေးမနေချင်ရသလဲဆိုတာ ခုတော့ ကျွန်တော်သိသွားလေပြီ။ ငရဲခန်းနဲ့ တူသောအိမ်မှာ
ကျွန်တော် ဇွတ်ထားခဲ့မိခြင်းအပေါ် ပေါက်စီလုံးကို အားနာပီး သနားရသည်။
"ငါတောင်းပန်ပါတယ်။ နောက်ကို
ဒီအိမ်မှာ မင်းကို မထားခဲ့တော့ဘူးနော်။
မင်းကို လုပ်တဲ့ သူ ကိုလဲ ခွင့်မလွှတ်ဘူး ။
မငိုနဲ့ တော့"
မျက်ရည်စတွေပေနေတဲ့ မျက်လုံးလေးကို
နုနုညံ့ညံ့ပွတ်သုတ်ပေးရင်း ဆိုတော့
လည်ပင်ကြားမှာ မျက်နှာအပ်ကာ
ငြိမ်သွား၏။
စောက နာတယ်လို့ ပြတဲ့ ဆံပင်တွေ ကိုအသာအယာဖယ်ရှားကြည့်လိုက်တဲ့အခါမှာ ဦးရေပြားသည် နီရဲနေကာ တချို့ နေရာဆို သွေးစလေးများတောင် ကပ်နေသေးသည်။
ကျွန်တော် ပေါက်စီလုံးကို အသာထွေးပွေ့ ထားလိုက်သည်။
ထို့ နောက်မှာ သေစေလောက်တဲ့ အကြည့်တွေနဲ့ တစ်ယောက်တပေါက် ထိုမိန်းမကိုဖြစ်ကြောင်းကုန်စင်မေးမြန်းနေသူများကို ဝေ့ကြည့်ကာ အေးအေးစက်စက် အော်ပြောလိုက်သည်။
"အဲ့မိန်းမကို ဘာအကြောင်းမှ ဆေးထည့်ပေးစရာမလိုဘူး။ ဖယ်ကြစမ်း
ထပ်ပြီးဆူဆူညံညံလုပ်နေရင် အဲ့ဒီမယ်တွေ့ လား ။ ဒါခင်ဗျားတို့ ဆီရောက်သွားမယ်"
မှန်စားပွဲပေါ်မှာ တင်ထားတဲ့ ဆေးလိပ်ပြာခွက်လို လေးထောင့်ခပ်ကြီးကြီးအရာကို ကိုင်ကာ ပြလိုက်တော့ ဆူညံမူ့ က ချက်ခြင်းတိတ်သွား၏။
မဟုတ်တာ လုပ်ထားတဲ့ သူတွေအချင်းချင်းသွေးစီးနေကြတယ်ပေါ့ဟုတ်လား။
တစ်ယောက်မှ အလွတ်မပေးဘူး ကြည့်နေ။ အလုပ်သမားတွေ အများကြီးရှိတဲ့ အိမ်မှာ ကလေးတစ်ယောက်ကို နှိပ်စက်နေတာ မသိပါဘူးလို့ တော့ လာမပြောနဲ့ ။
တနေ့ လုံး အိမ်ရှင်မရှိတာနဲ့ ခွေးသေဝက်သေ ဘယ်ချောင်မှာ သွားသေနေသလဲ။ ဒေါသနဲ့ ကျွန်တော်အတွေးတွေသည် ဆိုးသွမ်းရိုင်းစိုင်းလာလျှက်။
ငါးမိနစ်ခန့် အကြာတွင် ဦးကောင်းလုံ
ရောက်လာပြီး တီလေးသည်လဲ ရှေ့ ဆင့်နောက်ဆင့်ဝင်လာ၏။
"ဘာဖြစ်ကြတာလဲ လရိပ်"
ဦးကောင်းလုံက ဝင်ဝင်ချင်းမေးသည်။
အမေးခံလိုက်ရသူမှာ ကလေးတစ်ယောက်မို့ သူ့ ထက်ငှာ ဖြေရှင်းဖို့ ပြင်နေသူများကတော့ မကျေနပ်စွာပါးစပ်ပိတ်ကုန်သည်။
" ဘေဘီကို နှိပ်စက်နေလို့ ကျွန်တော် ရိုက်လိုက်တာ။ "
သွေးသံရဲရဲနဲ့ မိန်းမကို မေးငေါ့ပြောတော့
တီလေးက ကျွန်တော်ကို တအံတသြကြည့်ကာ ဘုရား တသည်။
"မဟုတ်ပါဘူးသူဌေး ။ ကလေးကို ချစ်လို့
စလိုက်တာပဲရှိတာပါ။ တခြား အသားနာအောင်မလုပ်ပါဘူး"
သွေးတွေနဲ့ မိန်းမက အားကိုရာတွေ့ သလို
လိမ်လည်ကာ တိုင်တန်းလေသည်။
" တိတ်စမ်း ။ ငါ့ကို စောက်အ မှတ်နေလား။ ငါ့သားခေါင်းမှာ လွန်ခဲ့တဲ့ နှစ်ရက်က အညိုအမဲတွေ့ ကတည်းက မသင်္ကာလို့ အိမ်မှာ နင်တို့ မသိအောင်CCTV တက်ခိုင်းထားပြီးသား ။ အကုန်ပြန်စစ်လို့ ရတယ်။ သွား နင့်အထုတ်သိမ်းပြီး အခုပြန်။ "
ဦးကောင်းလုံရဲ့ အော်ဟစ်သံကြောင့်အကုန်ပါးစိပ်ပိတ်သွားကြသော်လဲ
" အလုပ်ထုတ်ရုံနဲ့ ကျွန်တော်မကျေနပ်ဘူး။ ကျန်တဲ့ သူတွေကလဲ အကုန်အလိုတူ အလိုပါတွေပဲ။ တစ်ယောက်မှခွင့်မလွတ်ပေးနဲ့ "
မာကြောအေးစက်စွာပြောပီးနောက်မှာ
ကျွန်တော် အိပ်ပျော်နေတဲ့ ပေါက်စီလုံးကို ပွေ့ ချီပြီး အဲ့အိမ်ထဲကနေထွက်ခဲ့လိုက်သည်။ တီလေးကတော့ ကျွန်တော်ရှာခဲ့သောပြသနာကိုဖြေရှင်းဖို့ ကျန်နေခဲ့ပြီး
ကျွန်တော်ကတော့ ပေါက်စီလုံးကို ပွေ့ ချီရင်းဝမ်းနည်းစွာ တတွတ်တွတ်တောင်းပန်နေခဲ့သည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz