အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
4
"ခ်စ္ခ်စ္ …လံုလံုကိုခ်ီ "
စာက်က္ေနတဲ့ နား ေရာက္လာကာ အတင္းေပါင္ေပၚကုတ္တက္ေနတဲ့ ေပါက္စီလံုးက ေနာက္ဆံုး ဘယ္လိုမွတက္မရေတာ့ မ်က္နွာငယ္ေလးနဲ ့သူ ့ကိုခ်ီဖို ့ေျပာလာတယ္။
သူ ့အေဖခရီးသြားေနတယ္လို ့ေျပာရင္လဲ မ်က္လံုးျပဴးေလးနဲ ့နားေထာင္ေနရုံကလြဲျပီးထူးထူးျခားျခားမငိုခဲ့။အဲ့ဒါေတြေႀကာင့္
ဦးေကာင္းလံုက သူ ့သားကို က်ြန္ေတာ္တို ့အိမ္မွာ အပ္ျပီး စိတ္ခ်လက္ခ် ခရီးေတြခဏတိုင္းထြက္ေနေတာ့တာ။
တစ္ဦးတည္းေသာအေဖကို လြမ္းရမွန္းလဲမသိတဲ့ ေပါက္စီလံုးက အိပ္ယာနိုးကတည္းက တအိမ္လံုး သူမေရာက္တဲ့ေနရာမရွိ ေဆာ့လိုက္တာမ်ား ေမ်ာက္ေတာင္မူးလဲနိုင္ေအာင္ပင္။
ခုလဲ စာေကာင္းေကာင္းက်က္မရေအာင္
ေဘးကေန ေနာက္ယွက္ေနျပန္တယ္။
"ေဘဘီ ဒီမွာ ငါစာက်က္ေနတယ္ေလ "
က်ြန္ေတာ္ဆူေတာ့ နွဳတ္ခမ္းဆူပီး ငိုဖို ့ျပင္တယ္။ တလွဳပ္လွဳပ္ျဖစ္လာတဲ့ မ်က္ေတာင္ေတြေႀကာင့္ ေနာက္ဆံုး က်က္ေနတဲ့ စာအုပ္ကိုပိတ္လိုက္ရပါ၏။
"မင္းအေတာ္ဆိုးလာတာပဲ။ ဒီပံုစံအတိုင္းဆို ေနာက္မင္းႀကီးလာရင္ ငါထိန္းဖို ့လြယ္ေတာ့မယ္မထင္ဘူး"
ညူညူစူစူ ေျပာရင္း ေပြ ့ခ်ီကာစာအုပ္ေတြထားတဲ့ စားပြဲေပၚကို မ်က္နွာခ်င္းဆိုင္ ေကာက္တင္လိုက္တယ္။
"ေျပာ …ဘာလို ့ငါစာက်က္ေနတာကို
ေနွာက္ယွက္ တာလဲ "
မ်က္ေမွာင္ေတြကုတ္ကာ က်ြန္ေတာ္ေျပာေတာ့ သူ ့ကိုဆူတယ္ထင္ကာ နွဳတ္ခမ္းေလးက မဲ့က်သြားတယ္။
"ခ်စ္ခ်စ္ ဟင့္ …လံုလံု အိပ္ခ်င္"
ဒါသူ ့ကိုေခ်ာ့သိပ္ခိုင္းေနတာ။
က်ြန္ေတာ္က ေပါက္စီလံုးနဲ ့ပတ္သတ္လာရင္
စိတ္သိပ္မဆိုးတက္ေတာ့တာေတာင္ႀကာပီ။
အေတာ္ႀကာမွ မ်က္နွာငယ္ေလးလုပ္ျပေနတဲ့ ေပါက္စီလံုးကို သက္ျပင္းခ်ကာ ေကာက္ေပြ ့လိုက္ရသည္။
မနက္ဖန္ စာေမးပြဲေျဖေတာ့မည္။
ရျပီးသားစာေတြဆိုေပမဲ့ စာႀကည့္စားပြဲေတာ့ ထိုင္ခ်င္ေသးသည္။
"ေဘဘီ မင္း အိမ္မွာ ေဆာ့ပဲမေနသင့္ေတာ့ဘူးေနာ္။ မင္းအရြယ္ကေလးေတြ
မူႀကိဳတက္ေနႀကပီ။ မင္း ဘယ္ေတာ့
တက္ဖို ့စဥ္းစားထားလဲ "
ေပါက္စီလံုးက ပုခံုးေပၚေခါင္းေလးတင္အိပ္ေနရာမွ ေခါင္းေထာင္လာပီး
"လံုလံု ခ်စ္ခ်စ္နဲ ့လိုက္ရမွာလား "
ေလးနွစ္ျပည့္ခါနီး သက္ငယ္ေဝလံုတစ္ေယာက္ ခုဆိုရင္ ေတာ္ေတာ္မ်ားမ်ား
စကားမပီေသးေပမဲ့ ေျပာတက္ေနပါပီ။
ဒါလဲ ငပ်င္းေလး က သူေျပာခ်င္မွေျပာတာ။
"ငါနဲ ့လိုက္ရမွာမဟုတ္ဘူး။
မင္းဘာသာ သက္သက္သြားရမွာ ။
ေနာက္နွစ္ မင္းမူႀကိဳကေန စာေတြသင္ပီးမွ ငါေနတဲ့ေက်ာင္းကို တက္လို ့ရမွာ "
"ဟြန္း လံုလံု ခ်စ္ခ်စ္နဲ ့ပဲလိုက္မွာ "
"မရဘူး ။ မင္းမွအသက္မျပည့္ေသးတာ "
က်ြန္ေတာ္တက္တဲ့ေက်ာင္းကို မတက္ရဘူးဆိုေတာ့ ပုခံုးေပၚျပန္မွီကာ အိပ္သြားျပန္ပီ။
"ငါေျပာတာႀကားလား ။ မနက္ဖန္ တီေလးကို ေက်ာင္းအပ္ဖို ့ငါေျပာလိုက္မယ္။
မင္းစာမသင္ခ်င္လို ့မရဘူး။
စာမတက္ရင္ ငါမင္းကိုမခ်စ္ဘူးေနာ္…ႀကာလား"
"အင္း"
"ပါးစပ္က ေသခ်ာေျပာ"
"ဟုတ္"
လေပါင္းမ်ားစြာ အတူေနတာႀကာလာေတာ့ သူ ေျပာသမ်ွ …ဂ်ီက်သမ်ွ က်ြန္ေတာ္လက္မခံဘူးဆိုတာ သိလာတယ္ထင္သည္။ မရဘူးလို ့တခြန္းေျပာလိုက္ရင္ထပ္ျပီးေတာ့ အထြန္ ့မတက္ရဲ။
ေတာင္ေလ်ွာက္လိုက္ေျမာက္ေလ်ွာက္လိုက္နဲ ့အေတာ္ႀကာသိပ္ပီးခ်ိန္မွာ
ေပါက္စီလံုး အိပ္ေပ်ာ္သြားေလတယ္။
ေပါက္စီလံုးအေဖက တကယ္ခ်မ္းသာေသာ စီးပြားေရးလုပ္ငန္းရွင္ျဖစ္တာေႀကာင့္မ်ားေသာအားျဖင့္ ခရီးခဏတိုင္းထြက္ရပီးထြက္တိုင္းလဲ ေပါက္စီလံုး ကို လရိပ္တို ့အိမ္မွာပဲထားခဲ့တက္သည္။
ပံုမွန္ သူတို ့အိမ္အေနထားနဲ ့ဆိုရင္
အလုပ္သမားေတြနဲ ့ေသခ်ာ ထားခဲ့လို ့ရရဲ့သားနဲ ့ လရိပ္ဆီမွာသာ အပ္သြားတက္တာ ေပါက္စီလံုးေႀကာင့္ပါ။
ေပါက္စီလံုးက သူ ့အိပ္ခန္းထဲက ေမြ ့ယာက်ယ္ႀကီးကို ပစ္ပီး က်ြန္ေတာ့္ကုတင္ ေသးေသးေပၚမွာ ပူးကပ္အိပ္ခ်င္တဲ့ေကာင္။
အခန္းအပူခ်ိန္ကုိ ညွိပီး ေပါက္စီလံုးဗိုက္နားထိ ေစာင္လႊားေပးကာ တီေလးအခန္းဆီထြက္ခဲ့လိုက္သည္။
တီေလးနဲ ့တိုင္ပင္စရာရွိသည္။
သူ ့အိမ္မွာဆို ေပါက္စီလံုးက လူဆိုးလုပ္ေနတာနဲ ့မူႀကိဳသြားမဲ့သေဘာမရွိတာ က်ြန္ေတာ္သိသည္။
ေခါက္! ေဒါက္!
"တီေလး က်ြန္ေတာ္ပါ။ ဝင္ခဲ့လို ့ရမလား"
ေလးစားသမူ ့နဲ ့အခန္းတံခါးေခါက္ေတာင္းဆိုလိုက္ေတာ့ တီေလးက အခန္းထဲကေန ဝင္ခဲ့ဖို ့လွမ္းေအာ္လာတယ္။
ထို အခါမွ တံခါးဖြင့္ဝင္လိုက္ေတာ့ တီေလးက ကုတင္ေပၚမွာ ဖုန္းသံုးေနရင္းနဲ ့လွမ္းႀကည့္ေမးလာ၏။
"ဘာေျပာစရာရွိလို ့လဲ အကိုေတာ္"
တခါတေလ ဆရာႀကီးလုပ္တက္လြန္းတဲ့က်ြန္ေတာ့္ကိုရြဲ ့ေခၚတက္တဲ့ နာမည္မို ့
မသိခ်င္ေယာင္ေဆာင္ကာ ကုတင္ေဘးက ခံုေပၚတက္ထိုင္သည္။
"ေျပာစရာရွိတယ္ တီေလး ။ ဖုန္းျပီးမွသံုး"
"အမေလးေတာ္ ဆရာႀကီးကိုလုပ္မွလုပ္ပဲ။ ေျပာ ေျပာ ဘာလဲ "
ဖုန္းကို ေဘးခ်ရုံတင္မဟုတ္ဘူး လူကပါ ထ ထိုင္ပီး ေသခ်ာေမးလာတာမို ့ေက်နပ္သြားသည္။
"ေဘဘီကို မူႀကိဳထားခ်င္လို ့။ ရပ္ကြက္ထဲက က်ြန္ေတာ္တက္တဲ့ေက်ာင္းနဲ ့နီးတဲ့ေနရာေလးစံုစမ္းေပးပါအုန္း"
"ဟဲ့ အဲ့ဒါ သူ ့အေဖလုပ္ရမွာေလ။ ကေလးက ကေလးလိုေနစမ္း လရိပ္။
ငါတို ့က ေစတနာနဲ ့လုပ္ေပး ေခၚထိန္းေပးတာ အေရးမႀကီးဘူး။ ပတ္ဝန္းက်င္က
အျမင္မတင့္တယ္စရာျဖစ္လာလို ့ေျပာႀကဆိုႀကရင္ နင့္အေဒၚငါက အပ်ိဳႀကီးေနာ္။ နာမည္ပ်က္ရင္ ငါကပ်က္မွာ ။ ျပီးေတာ့
လံုလံုအေဖကလဲ ႀကိဳက္ခ်င္မွ ႀကိဳက္မွာေပါ့"
သရီေမ အလန္ ့တႀကား သူ ့တူ ကိုဆူလိုက္မိသည္။ အေတာ္တန္ႀကာစဥ္းစားသလို ျငိမ္သြားရုံက လြဲျပီး လက္ေလ်ာ့မဲ့ပံုေတာ့မျမင္။ လရိပ္မွဴ းခိုင္ က၉နွစ္အရြယ္မို ့သာေတာ့ေရာ့သည္။
တေန ့တေန ့ ေနရာတကာ လိုက္မေျပာတက္ေပမဲ့ မ်က္ေမွာင္ကုတ္ႀကီးနဲ ့
ႀကည့္တက္လြန္းလို ့ တူေတာ္ေမာင္ဆိုေပမဲ့ သူမ ကေတာင္ျပန္ေႀကာက္ေနရေသးသည္။ လံုလံုကိုဆိုရင္ မခ်စ္ဘူး မခ်စ္ဘူးနဲ ့ ခ်ီးေသးကအစ မရြံမရွာ သူပဲလုပ္ေပးတာ။
"ဘယ္သူေတြဘာေျပာမွာလဲ ။ တီေလးလဲအေနထိုင္မွန္သလို ဦးေကာင္းလံု ကလဲ
သူ ့ဖာသာ တည္တည္ႀကည္ႀကည္ေနေနတာပဲကို။ တီေလးအစိုးရိမ္လြန္ေနတာပါ။
အထင္လြဲရေအာင္လဲ ဦးေကာင္းလံုက အခ်ိန္တိုင္းခရီးထြက္ေနတာ အိမ္ေတာင္ကပ္တာမွမဟုတ္တာ "
"စျပီ လိုခ်င္တာရွိရင္ မျဖစ္ ျဖစ္ေအာင္
လုပ္ခ်င္တဲ့ စိတ္ဓာတ္ေတြ။ အကိုကို ့လဲ
ဖုန္းဆက္ေျပာအုန္းမွာ။ ငါ့ကိုအပ္ထားခဲ့တာ နင့္ကေလးေရာေသခ်ာရဲ့လားလို ့။
ဆံုးသြားတဲ့သြားေလသူ ေယာင္းမကလဲ
နင္ေလာက္ ဇီဇာေႀကာင္လက္ေပါက္မကပ္တာေသခ်ာတယ္။ ဒါပဲမို ့လား သြားျပန္ေတာ့။ ငါ ဘာသာ ႀကည့္လုပ္လိုက္မယ္။ "
တီေလးဖက္က လက္ခံတာေသခ်ာ မွ
လရိပ္ ခံုေပၚကဆင္းလိုက္သည္။ ထို ့ေနာက္စစ္ပြဲတစ္ရာေအာင္နိုင္သူလိုရင္ကိုဖြင့္ ပီး အခန္းထဲကေနထြက္၏။
သူက ကေလးဆိုေပမဲ့ အေနအထိုင္လဲ တည္သည္မို ့ တီေလးက လူႀကီးအရာသြင္းကာတိုင္ပင္စရာရွိရင္တိုင္ပင္တက္သည္။
ေနာက္ေန ့ကစ ေပါက္စီလံုးကို မူႀကိဳပို ့ေတာ့မည္။
အရွဳပ္ထုတ္ေလး ကို မေကာင္းေက်ာင္းပို ့
တာျဖစ္သည္။ အနည္းဆံုးေတာ့ သူ စိတ္ေျဖာင့္ေျဖာင့္နဲ ့ေက်ာင္းတက္လို ့ရေသးသည္ပင္။
အေတြးတို ့ျဖင့္ အခန္းထဲေရာက္ေတာ့
အံဆြဲကိုဖြင့္ကာ သူ မသံုးပဲ ထည့္ထားေသာ ပိုက္ဆံေတြကို ႀကမ္းေပၚပံုလိုက္သည္။ ငါးရာတန္ တစ္ေထာင္တန္ေလးေတြသည္ သူ မုန္ ့ေစ်းသြားရမွာ စိုးလို ့မသံုးျဖစ္ခဲ့တဲ့ ပိုက္ဆံေလးေတြပင္။
ႀကမ္းေပၚ ထိုင္ကာ ေသခ်ာ တစ္ေထာင္တန္ေလးေတြပဲ စီရီေနေအာင္ထပ္ကာ
ေရတြက္ လိုက္၏။
လရိပ္ရဲ့ တေန ့တာ မို ့ဖိုးသည္ ပံုမွန္မရွိပါ။ တီေလးကလဲ သူ မသံုးတာ သိ၍ ငါးရာရွိရင္ငါးရာ ေပးသည္။ မရွိရင္ေတာ့ တစ္ေထာင္ထုတ္ေပးသြားတက္သည္။
ညီညာစြာ စီထပ္ထားေသာ တစ္ေထာင္တန္သည္ အားလံုးေပါင္း တစ္သိန္းေျခာက္ေထာင္တိတိ ပင္။
ငါးရာတန္ကိုေတာ့ သူအေရးအရာလုပ္ကာ မေရတြက္ခဲ့ပါ။ သူ တစ္ေထာင္တန္အထပ္လိုက္ကိုင္ကာ ငုိင္ေတြသြားသည္။ သူမသံုးခဲ့တဲ့ ပိုက္ဆံသည္ ဒီေလာက္ပဲ ရွိသည္လား။
စိတ္ရွဳပ္သြားသည္ေႀကာင့္ လရိပ္မ်က္ခံုးေတြ တြန္ ့ေကြးေန၏။
ကေလးတစ္ေယာက္ရဲ့မူႀကိဳစရိတ္သည္
မည္မ်ွရွိသလဲ သူမသိပါ။
သူတက္ေသာ က်ဴရွင္လခသည္ပင္ တလကို သံုးေသာင္းခြဲေပးရ၏။
စိတ္ပ်က္လက္ပ်က္ ေအာက္မွာ က်န္ေနေသာ ပိုက္ဆံငါးရာတန္ေတြကိုစိုက္ႀကည့္ပီး သက္ျပင္းခ်လိုက္၏။
ေပါက္စီလံုး ေက်ာင္းအပ္ခ ကို ငါးရာတန္ေတာ့ မေပးခ်င္ပါ။ အျပိဳင္အဆိုင္
ကိုယ့္ကေလးကို အေကာင္းဆံုးျဖစ္ေအာင္ ေက်ာင္းထားေနႀကခ်ိန္မွာ သူ ့ရဲ့ငါးရာတန္ေတြနဲ ့ေတာ့ ေပါက္စီလံုးကို သိကၡာမခ် ခ်င္ပါ။
ပါးစပ္ေလးဟ ကာ အိပ္ေပ်ာ္ေနတဲ့ ေပါက္စီလံုးကို ေမာ့ေငးကာ ကိုင္ထားတဲ့ ပိုက္ဆံေတြကို ေသခ်ာ ယြန္းဘူးေလးထဲ ဂရုတစိုက္ထည့္လိုက္သည္။
ငါးရာတန္ေတြေတာ့ သိပ္စိတ္မဝင္စားတာမို ့ ျပန္ႀကံဳး ျပီး အံဆြဲထဲထည့္ပိတ္၏။
အနည္းဆံုးေတာ့ သံုးလခစာေတာ့ ရွိမွာပါ
ဟု စိတ္ေျဖကာ ပိုက္ဆံကိုင္ထားတဲ့လက္ေတြကို ေရနဲ ့ေသခ်ာေဆးသည္။
ကေလးငယ္ေတြက သိပ္နုညံ့ျပီးေရာဂါရလြယ္သည္မို ့ေပါက္စီလံုးနားေနရင္ လရိပ္ တကိုယ္ရည္သန္ ့ရွင္းမူ ့ကိုအထူးဦးစားေပးထားသည္။
ကုတင္ေပၚေရာက္ေတာ့ ေပါက္စီလံုးက ပူပင္ေသာက မရွိ အိပ္ေပ်ာ္ေန၏။
လရိပ္ကသာ ပူေလာင္ေနတာ အိပ္ေနနိုင္သူက အိပ္ေနတာမို ့ စိတ္တို တိုနဲ ့
ေဖာင္းကားေနေသာ ပါးေတြကို
အားနဲ ့နမ္းပစ္လိုက္သည္။
"မွတ္ထားအဲ့ဒါ ငါ့ကို စိတ္တိုေအာင္
လုပ္လို ့"
နီသြားေသာ ပါးေဖာင္းေဖာင္းကို လက္နဲ ့ပြတ္ကာ ဆိုလိုက္တဲ့ စကားကို ေပါက္စီလံုးက ႀကားသည္လားမသိ က်ိဳးေနေသာ သြားေလးကိုေပၚေအာင္ မ်က္လံုးမဖြင့္ပဲရယ္ျပပီး ျပန္အိပ္သြား၏။
ခ်စ္တဲ့အိမ္စည္။
>>>>>>>><<<<<<<<
"ချစ်ချစ် …လုံလုံကိုချီ "
စာကျက်နေတဲ့ နား ရောက်လာကာ အတင်းပေါင်ပေါ်ကုတ်တက်နေတဲ့ ပေါက်စီလုံးက နောက်ဆုံး ဘယ်လိုမှတက်မရတော့ မျက်နှာငယ်လေးနဲ့ သူ့ ကိုချီဖို့ ပြောလာတယ်။
သူ့ အဖေခရီးသွားနေတယ်လို့ ပြောရင်လဲ မျက်လုံးပြူးလေးနဲ့ နားထောင်နေရုံကလွဲပြီးထူးထူးခြားခြားမငိုခဲ့။အဲ့ဒါတွေကြောင့်
ဦးကောင်းလုံက သူ့ သားကို ကျွန်တော်တို့ အိမ်မှာ အပ်ပြီး စိတ်ချလက်ချ ခရီးတွေခဏတိုင်းထွက်နေတော့တာ။
တစ်ဦးတည်းသောအဖေကို လွမ်းရမှန်းလဲမသိတဲ့ ပေါက်စီလုံးက အိပ်ယာနိုးကတည်းက တအိမ်လုံး သူမရောက်တဲ့နေရာမရှိ ဆော့လိုက်တာများ မျောက်တောင်မူးလဲနိုင်အောင်ပင်။
ခုလဲ စာကောင်းကောင်းကျက်မရအောင်
ဘေးကနေ နောက်ယှက်နေပြန်တယ်။
"ဘေဘီ ဒီမှာ ငါစာကျက်နေတယ်လေ "
ကျွန်တော်ဆူတော့ နှုတ်ခမ်းဆူပီး ငိုဖို့ ပြင်တယ်။ တလှုပ်လှုပ်ဖြစ်လာတဲ့ မျက်တောင်တွေကြောင့် နောက်ဆုံး ကျက်နေတဲ့ စာအုပ်ကိုပိတ်လိုက်ရပါ၏။
"မင်းအတော်ဆိုးလာတာပဲ။ ဒီပုံစံအတိုင်းဆို နောက်မင်းကြီးလာရင် ငါထိန်းဖို့ လွယ်တော့မယ်မထင်ဘူး"
ညူညူစူစူ ပြောရင်း ပွေ့ ချီကာစာအုပ်တွေထားတဲ့ စားပွဲပေါ်ကို မျက်နှာချင်းဆိုင် ကောက်တင်လိုက်တယ်။
"ပြော …ဘာလို့ ငါစာကျက်နေတာကို
နှောက်ယှက် တာလဲ "
မျက်မှောင်တွေကုတ်ကာ ကျွန်တော်ပြောတော့ သူ့ ကိုဆူတယ်ထင်ကာ နှုတ်ခမ်းလေးက မဲ့ကျသွားတယ်။
"ချစ်ချစ် ဟင့် …လုံလုံ အိပ်ချင်"
ဒါသူ့ ကိုချော့သိပ်ခိုင်းနေတာ။
ကျွန်တော်က ပေါက်စီလုံးနဲ့ ပတ်သတ်လာရင်
စိတ်သိပ်မဆိုးတက်တော့တာတောင်ကြာပီ။
အတော်ကြာမှ မျက်နှာငယ်လေးလုပ်ပြနေတဲ့ ပေါက်စီလုံးကို သက်ပြင်းချကာ ကောက်ပွေ့ လိုက်ရသည်။
မနက်ဖန် စာမေးပွဲဖြေတော့မည်။
ရပြီးသားစာတွေဆိုပေမဲ့ စာကြည့်စားပွဲတော့ ထိုင်ချင်သေးသည်။
"ဘေဘီ မင်း အိမ်မှာ ဆော့ပဲမနေသင့်တော့ဘူးနော်။ မင်းအရွယ်ကလေးတွေ
မူကြိုတက်နေကြပီ။ မင်း ဘယ်တော့
တက်ဖို့ စဉ်းစားထားလဲ "
ပေါက်စီလုံးက ပုခုံးပေါ်ခေါင်းလေးတင်အိပ်နေရာမှ ခေါင်းထောင်လာပီး
"လုံလုံ ချစ်ချစ်နဲ့ လိုက်ရမှာလား "
လေးနှစ်ပြည့်ခါနီး သက်ငယ်ဝေလုံတစ်ယောက် ခုဆိုရင် တော်တော်များများ
စကားမပီသေးပေမဲ့ ပြောတက်နေပါပီ။
ဒါလဲ ငပျင်းလေး က သူပြောချင်မှပြောတာ။
"ငါနဲ့ လိုက်ရမှာမဟုတ်ဘူး။
မင်းဘာသာ သက်သက်သွားရမှာ ။
နောက်နှစ် မင်းမူကြိုကနေ စာတွေသင်ပီးမှ ငါနေတဲ့ကျောင်းကို တက်လို့ ရမှာ "
"ဟွန်း လုံလုံ ချစ်ချစ်နဲ့ ပဲလိုက်မှာ "
"မရဘူး ။ မင်းမှအသက်မပြည့်သေးတာ "
ကျွန်တော်တက်တဲ့ကျောင်းကို မတက်ရဘူးဆိုတော့ ပုခုံးပေါ်ပြန်မှီကာ အိပ်သွားပြန်ပီ။
"ငါပြောတာကြားလား ။ မနက်ဖန် တီလေးကို ကျောင်းအပ်ဖို့ ငါပြောလိုက်မယ်။
မင်းစာမသင်ချင်လို့ မရဘူး။
စာမတက်ရင် ငါမင်းကိုမချစ်ဘူးနော်…ကြာလား"
"အင်း"
"ပါးစပ်က သေချာပြော"
"ဟုတ်"
လပေါင်းများစွာ အတူနေတာကြာလာတော့ သူ ပြောသမျှ …ဂျီကျသမျှ ကျွန်တော်လက်မခံဘူးဆိုတာ သိလာတယ်ထင်သည်။ မရဘူးလို့ တခွန်းပြောလိုက်ရင်ထပ်ပြီးတော့ အထွန့် မတက်ရဲ။
တောင်လျှောက်လိုက်မြောက်လျှောက်လိုက်နဲ့ အတော်ကြာသိပ်ပီးချိန်မှာ
ပေါက်စီလုံး အိပ်ပျော်သွားလေတယ်။
ပေါက်စီလုံးအဖေက တကယ်ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်ဖြစ်တာကြောင့်များသောအားဖြင့် ခရီးခဏတိုင်းထွက်ရပီးထွက်တိုင်းလဲ ပေါက်စီလုံး ကို လရိပ်တို့ အိမ်မှာပဲထားခဲ့တက်သည်။
ပုံမှန် သူတို့ အိမ်အနေထားနဲ့ ဆိုရင်
အလုပ်သမားတွေနဲ့ သေချာ ထားခဲ့လို့ ရရဲ့သားနဲ့ လရိပ်ဆီမှာသာ အပ်သွားတက်တာ ပေါက်စီလုံးကြောင့်ပါ။
ပေါက်စီလုံးက သူ့ အိပ်ခန်းထဲက မွေ့ ယာကျယ်ကြီးကို ပစ်ပီး ကျွန်တော့်ကုတင် သေးသေးပေါ်မှာ ပူးကပ်အိပ်ချင်တဲ့ကောင်။
အခန်းအပူချိန်ကို ညှိပီး ပေါက်စီလုံးဗိုက်နားထိ စောင်လွှားပေးကာ တီလေးအခန်းဆီထွက်ခဲ့လိုက်သည်။
တီလေးနဲ့ တိုင်ပင်စရာရှိသည်။
သူ့ အိမ်မှာဆို ပေါက်စီလုံးက လူဆိုးလုပ်နေတာနဲ့ မူကြိုသွားမဲ့သဘောမရှိတာ ကျွန်တော်သိသည်။
ခေါက်! ဒေါက်!
"တီလေး ကျွန်တော်ပါ။ ဝင်ခဲ့လို့ ရမလား"
လေးစားသမူ့ နဲ့ အခန်းတံခါးခေါက်တောင်းဆိုလိုက်တော့ တီလေးက အခန်းထဲကနေ ဝင်ခဲ့ဖို့ လှမ်းအော်လာတယ်။
ထို အခါမှ တံခါးဖွင့်ဝင်လိုက်တော့ တီလေးက ကုတင်ပေါ်မှာ ဖုန်းသုံးနေရင်းနဲ့ လှမ်းကြည့်မေးလာ၏။
"ဘာပြောစရာရှိလို့ လဲ အကိုတော်"
တခါတလေ ဆရာကြီးလုပ်တက်လွန်းတဲ့ကျွန်တော့်ကိုရွဲ့ ခေါ်တက်တဲ့ နာမည်မို့
မသိချင်ယောင်ဆောင်ကာ ကုတင်ဘေးက ခုံပေါ်တက်ထိုင်သည်။
"ပြောစရာရှိတယ် တီလေး ။ ဖုန်းပြီးမှသုံး"
"အမလေးတော် ဆရာကြီးကိုလုပ်မှလုပ်ပဲ။ ပြော ပြော ဘာလဲ "
ဖုန်းကို ဘေးချရုံတင်မဟုတ်ဘူး လူကပါ ထ ထိုင်ပီး သေချာမေးလာတာမို့ ကျေနပ်သွားသည်။
"ဘေဘီကို မူကြိုထားချင်လို့ ။ ရပ်ကွက်ထဲက ကျွန်တော်တက်တဲ့ကျောင်းနဲ့ နီးတဲ့နေရာလေးစုံစမ်းပေးပါအုန်း"
"ဟဲ့ အဲ့ဒါ သူ့ အဖေလုပ်ရမှာလေ။ ကလေးက ကလေးလိုနေစမ်း လရိပ်။
ငါတို့ က စေတနာနဲ့ လုပ်ပေး ခေါ်ထိန်းပေးတာ အရေးမကြီးဘူး။ ပတ်ဝန်းကျင်က
အမြင်မတင့်တယ်စရာဖြစ်လာလို့ ပြောကြဆိုကြရင် နင့်အဒေါ်ငါက အပျိုကြီးနော်။ နာမည်ပျက်ရင် ငါကပျက်မှာ ။ ပြီးတော့
လုံလုံအဖေကလဲ ကြိုက်ချင်မှ ကြိုက်မှာပေါ့"
သရီမေ အလန့် တကြား သူ့ တူ ကိုဆူလိုက်မိသည်။ အတော်တန်ကြာစဉ်းစားသလို ငြိမ်သွားရုံက လွဲပြီး လက်လျော့မဲ့ပုံတော့မမြင်။ လရိပ်မှူးခိုင် က၉နှစ်အရွယ်မို့ သာတော့ရော့သည်။
တနေ့ တနေ့ နေရာတကာ လိုက်မပြောတက်ပေမဲ့ မျက်မှောင်ကုတ်ကြီးနဲ့
ကြည့်တက်လွန်းလို့ တူတော်မောင်ဆိုပေမဲ့ သူမ ကတောင်ပြန်ကြောက်နေရသေးသည်။ လုံလုံကိုဆိုရင် မချစ်ဘူး မချစ်ဘူးနဲ့ ချီးသေးကအစ မရွံမရှာ သူပဲလုပ်ပေးတာ။
"ဘယ်သူတွေဘာပြောမှာလဲ ။ တီလေးလဲအနေထိုင်မှန်သလို ဦးကောင်းလုံ ကလဲ
သူ့ ဖာသာ တည်တည်ကြည်ကြည်နေနေတာပဲကို။ တီလေးအစိုးရိမ်လွန်နေတာပါ။
အထင်လွဲရအောင်လဲ ဦးကောင်းလုံက အချိန်တိုင်းခရီးထွက်နေတာ အိမ်တောင်ကပ်တာမှမဟုတ်တာ "
"စပြီ လိုချင်တာရှိရင် မဖြစ် ဖြစ်အောင်
လုပ်ချင်တဲ့ စိတ်ဓာတ်တွေ။ အကိုကို့ လဲ
ဖုန်းဆက်ပြောအုန်းမှာ။ ငါ့ကိုအပ်ထားခဲ့တာ နင့်ကလေးရောသေချာရဲ့လားလို့ ။
ဆုံးသွားတဲ့သွားလေသူ ယောင်းမကလဲ
နင်လောက် ဇီဇာကြောင်လက်ပေါက်မကပ်တာသေချာတယ်။ ဒါပဲမို့ လား သွားပြန်တော့။ ငါ ဘာသာ ကြည့်လုပ်လိုက်မယ်။ "
တီလေးဖက်က လက်ခံတာသေချာ မှ
လရိပ် ခုံပေါ်ကဆင်းလိုက်သည်။ ထို့ နောက်စစ်ပွဲတစ်ရာအောင်နိုင်သူလိုရင်ကိုဖွင့် ပီး အခန်းထဲကနေထွက်၏။
သူက ကလေးဆိုပေမဲ့ အနေအထိုင်လဲ တည်သည်မို့ တီလေးက လူကြီးအရာသွင်းကာတိုင်ပင်စရာရှိရင်တိုင်ပင်တက်သည်။
နောက်နေ့ ကစ ပေါက်စီလုံးကို မူကြိုပို့ တော့မည်။
အရှုပ်ထုတ်လေး ကို မကောင်းကျောင်းပို့
တာဖြစ်သည်။ အနည်းဆုံးတော့ သူ စိတ်ဖြောင့်ဖြောင့်နဲ့ ကျောင်းတက်လို့ ရသေးသည်ပင်။
အတွေးတို့ ဖြင့် အခန်းထဲရောက်တော့
အံဆွဲကိုဖွင့်ကာ သူ မသုံးပဲ ထည့်ထားသော ပိုက်ဆံတွေကို ကြမ်းပေါ်ပုံလိုက်သည်။ ငါးရာတန် တစ်ထောင်တန်လေးတွေသည် သူ မုန့် ဈေးသွားရမှာ စိုးလို့ မသုံးဖြစ်ခဲ့တဲ့ ပိုက်ဆံလေးတွေပင်။
ကြမ်းပေါ် ထိုင်ကာ သေချာ တစ်ထောင်တန်လေးတွေပဲ စီရီနေအောင်ထပ်ကာ
ရေတွက် လိုက်၏။
လရိပ်ရဲ့ တနေ့ တာ မို့ ဖိုးသည် ပုံမှန်မရှိပါ။ တီလေးကလဲ သူ မသုံးတာ သိ၍ ငါးရာရှိရင်ငါးရာ ပေးသည်။ မရှိရင်တော့ တစ်ထောင်ထုတ်ပေးသွားတက်သည်။
ညီညာစွာ စီထပ်ထားသော တစ်ထောင်တန်သည် အားလုံးပေါင်း တစ်သိန်းခြောက်ထောင်တိတိ ပင်။
ငါးရာတန်ကိုတော့ သူအရေးအရာလုပ်ကာ မရေတွက်ခဲ့ပါ။ သူ တစ်ထောင်တန်အထပ်လိုက်ကိုင်ကာ ငိုင်တွေသွားသည်။ သူမသုံးခဲ့တဲ့ ပိုက်ဆံသည် ဒီလောက်ပဲ ရှိသည်လား။
စိတ်ရှုပ်သွားသည်ကြောင့် လရိပ်မျက်ခုံးတွေ တွန့် ကွေးနေ၏။
ကလေးတစ်ယောက်ရဲ့မူကြိုစရိတ်သည်
မည်မျှရှိသလဲ သူမသိပါ။
သူတက်သော ကျူရှင်လခသည်ပင် တလကို သုံးသောင်းခွဲပေးရ၏။
စိတ်ပျက်လက်ပျက် အောက်မှာ ကျန်နေသော ပိုက်ဆံငါးရာတန်တွေကိုစိုက်ကြည့်ပီး သက်ပြင်းချလိုက်၏။
ပေါက်စီလုံး ကျောင်းအပ်ခ ကို ငါးရာတန်တော့ မပေးချင်ပါ။ အပြိုင်အဆိုင်
ကိုယ့်ကလေးကို အကောင်းဆုံးဖြစ်အောင် ကျောင်းထားနေကြချိန်မှာ သူ့ ရဲ့ငါးရာတန်တွေနဲ့ တော့ ပေါက်စီလုံးကို သိက္ခာမချ ချင်ပါ။
ပါးစပ်လေးဟ ကာ အိပ်ပျော်နေတဲ့ ပေါက်စီလုံးကို မော့ငေးကာ ကိုင်ထားတဲ့ ပိုက်ဆံတွေကို သေချာ ယွန်းဘူးလေးထဲ ဂရုတစိုက်ထည့်လိုက်သည်။
ငါးရာတန်တွေတော့ သိပ်စိတ်မဝင်စားတာမို့ ပြန်ကြုံး ပြီး အံဆွဲထဲထည့်ပိတ်၏။
အနည်းဆုံးတော့ သုံးလခစာတော့ ရှိမှာပါ
ဟု စိတ်ဖြေကာ ပိုက်ဆံကိုင်ထားတဲ့လက်တွေကို ရေနဲ့ သေချာဆေးသည်။
ကလေးငယ်တွေက သိပ်နုညံ့ပြီးရောဂါရလွယ်သည်မို့ ပေါက်စီလုံးနားနေရင် လရိပ် တကိုယ်ရည်သန့် ရှင်းမူ့ ကိုအထူးဦးစားပေးထားသည်။
ကုတင်ပေါ်ရောက်တော့ ပေါက်စီလုံးက ပူပင်သောက မရှိ အိပ်ပျော်နေ၏။
လရိပ်ကသာ ပူလောင်နေတာ အိပ်နေနိုင်သူက အိပ်နေတာမို့ စိတ်တို တိုနဲ့
ဖောင်းကားနေသော ပါးတွေကို
အားနဲ့ နမ်းပစ်လိုက်သည်။
"မှတ်ထားအဲ့ဒါ ငါ့ကို စိတ်တိုအောင်
လုပ်လို့ "
နီသွားသော ပါးဖောင်းဖောင်းကို လက်နဲ့ ပွတ်ကာ ဆိုလိုက်တဲ့ စကားကို ပေါက်စီလုံးက ကြားသည်လားမသိ ကျိုးနေသော သွားလေးကိုပေါ်အောင် မျက်လုံးမဖွင့်ပဲရယ်ပြပီး ပြန်အိပ်သွား၏။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz