အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
40
ဒုတိယ အႀကိမ္ေျမာက္ေတြ႕ဆံုပြဲ။
ရွက္စရာေကာင္းတယ္ဆိုတာ ဒါကိုေျပာတာလား။ တသက္လံုး သားေဘးမွာ အတူမေနေပးနိုင္ခဲ့လို႔ သူ႔ကိုမေလးစားေတာ့တာလား။
တဖက္ အမ်ိဳးသမီးေရွ႕မွာ ထိုင္ေနရေပမဲ့ သိမ္ငယ္စိတ္က တစ္ကိုယ္လံုး ေဝ့သီလ်က္။ မသြားရဘူး ၊ မင္းကို လိုခ်င္ရင္ ေနာက္တစ္ႀကိမ္ ျပန္လာလိမ့္မယ္လို႔ ေျပာထားတာက ဒီနည္းမွမဟုတ္တာ။
ခိုးေျပးတာတဲ့ ၊ ၾကားလို႔မွေကာင္းေသးလား။ ျပတင္းေပါက္ကေန ေက်ာ္ၿပီး ထြက္ရေလာက္ထိ အဲ့ေလာက္ေတာင္
မေနနိုင္တာလား။ လူၾကားေကာင္းေအာင္ ဖေအနဲ႔ တစ္ရက္ေလာက္မ်ားေနေတာ့ ဘာျဖစ္သြားမွာလဲ။
စိတ္တိုတိုနဲ႔ လရိပ္မွဴ းခိုင္ကို လွမ္းၾကည့္လိုက္သည္။ သေကာင့္သားက မ်က္နွာငယ္ေလးနဲ႔ ျပန္ၾကည့္တာျမင္ေတာ့လည္းစိတ္မေကာင္း။ ဘယ္တုန္းက အဲ့လို မ်က္နွာထားမ်ိဳး ဒင္းလုပ္တက္သြားတာလဲ။
အခ်ိန္တိုင္း သူ႔လုပ္စာ ထိုင္စားေနရတဲ့ရုပ္နဲ႔ မာနႀကီး တစ္ခြဲစားအခ်ိန္တိုင္းရုပ္တည္ေနတဲ့ေကာင္ကအခ်စ္နဲ႔ေတြ႕ေတာ့ေျပာင္းလဲသြားတာ အံ့ၾသစရာ။
" ကြၽန္ေတာ္ေတာင္းပန္ပါတယ္ အေဖ "
ပထမဆံုးထြက္လာတဲ့အသံက ဟို သမက္ဆိုတဲ့ ျဖဴ ဥဥ ေကာင္ဆီက။ စိတ္တိုေပမဲ့ စိတ္ေလ်ာ့လိုက္ရသည္။
အမွန္တကယ္လည္း စိတ္ဆိုးတုန္းခဏ
ေခၚသြားမိတာပါ။ ခြဲဖို႔ ျပဳ ဖို႔ဆိုတာ လံုးလံုး အေတြးမရွိခဲ့ေပ။ ဖေအ ပီပီ မာနေလးအနည္းငယ္ေလာက္ သားေဇာနဲ႔ ျပမိရုံ။
" ကြၽန္ေတာ္ ညက ဇြတ္လာေခၚသြားမိတာ ကြၽန္ေတာ္အျပစ္ေတြပါ။ ျဖစ္နိုင္ရင္ ဘြားေလးေရာ အေဖေရာ စိတ္ေလ်ာ့ေပးၾကလို႔မရဘူးလားဟင္။ ကြၽန္ေတာ္တို႔နွစ္ေယာက္က ဘယ္လိုမွ ခြဲလို႔ရမွာမဟုတ္ဘူး။ ၿပီးေတာ့ တင္ေတာင္းတဲ့ ကိစၥ၊
နွစ္ဖက္လံုးဆီက ဘာတစ္ခုမွ လက္မခံနိုင္ေတာ့ဘူး။ ကြၽန္ေတာ္မွာ ပိုက္ဆံရွိတယ္၊ မွဴ းခိုင္မွာ ပညာရွိတယ္ ၊ အေဖတို႔ ဘြားေလးတို႔ စိတ္ပူေပးဖို႔မလိုအပ္ေလာက္ေအာင္ ကြၽန္ေတာ္တို႔
နွစ္ေယာက္လံုး အေကာင္းဆံုးျဖတ္ေက်ာ္နိုင္ပါတယ္။ ဒါေၾကာင့္ သာတယ္ ၊ နာတယ္မတြက္ပဲ ဒီတိုင္းရုိးရုိးေလးပဲ လက္ခံေပးလို႔မရဘူးလား"
အေဖေရာဘြားေလးေရာ ၿငိမ္ေနၾကတာမို႔ လရိပ္ပါ အရဲစြန္႔လ်က္ အေဖ့ကို နားခ်မိသည္။
" ကြၽန္ေတာ္လည္း ေဝလံု ေျပာတာကို
လက္ခံေစခ်င္ပါတယ္။ အေဖ ဒီကိုလာတဲ့ ရည္႐ြယ္ခ်က္က ကြၽန္ေတာ္တို႔နွစ္ေယာက္ကို လက္ခံေပးဖို႔မို႔လား။ ေက်းဇူးျပဳ ၿပီး ရုိးရုိးရွင္းရွင္းပဲ ၿပီးရေအာင္လား ။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ နွစ္ေယာက္လံုး လူႀကီးေတြ ျဖစ္ေနၾကပါၿပီ ၊ အေဖနဲ႔ ဘြားေလးနဲ႔ စိတ္ပူရတာမ်ိဳး မျဖစ္ေအာင္ ႀကိဳးစားၿပီးေနထိုင္ပါ့မယ္လို႔ ကတိလည္းေပးပါတယ္ "
စကားဝိုင္းသည္ တဖန္ ျပန္လည္တိတ္ဆိတ္သြား၏။ ေမ်ွာ္လင့္ေနတဲ့ မ်က္ဝန္းနွစ္စံုေၾကာင့္ ဘြားေလး သက္ပ်င္းခ်ရေတာ့သည္။ သူ႔တူက ဒီေကာင္ေလးကို သိပ္စြဲလန္းတာ။ အခ်ိန္ေတြအၾကာႀကီး ျမဳပ္နွံ႔ခဲ့ရသလို ေမ်ွာ္လင့္ခဲ့ရသူဆိုတာ ေဘးမွာ အတူေနခဲ့ရတဲ့ ဒီအေဒၚကအသိဆံုးပါ။
ထို႔ေၾကာင့္ သူမ ဖက္ကပဲ အရင္အေလ်ာ့ေပးဖို႔ဆံုးျဖတ္ခ်က္ျဖင့္ ဦးသီဟခိုင္ ဖက္လွည့္လိုက္သည္။
" ကြၽန္မဖက္.."
"ကြၽန္ေတာ္လက္ခံပါတယ္။ ခင္ဗ်ားတို႔ဖက္ကပဲ အဆင္ေျပသလို လုပ္လိုက္ၾကပါ "
စကားမဆံုးခင္ ဦးသီဟခိုင္ကအရင္ျဖတ္ေျပာလိုက္တာေၾကာင့္ အနည္းငယ္ေတာ့ေနရခက္သြားသည္။ ဒါ ဦးသီဟခိုင္တို႔ဖက္ကအရင္အေလ်ာ့ေပးသြားျခင္းပင္မို႔လား။
သက္ျပင္းခ်လ်က္ပင္ တူျဖစ္သူကို ေလးတြဲ႕စြာၾကည့္လိုက္ရင္း ဘြားေလးလည္း
လက္ခံလိုက္ၿပီဆိုတဲ့အေၾကာင့္ ေခါင္းဆတ္ျပလိုက္ရေတာ့သည္။
" ေက်းဇူးတင္ပါတယ္ ဦးသီဟ ၊ ကြၽန္မ မေန႔က လူႀကီးလူေကာင္းမဆန္သလို႔ျဖစ္သြားတယ္ ။ အဲ့အတြက္ေတာင္းပန္ပါတယ္။ ကေလးေတြ စိတ္တိုင္းက် စီစဥ္ပါလိမ့္မယ္။ ကြၽန္မ လည္းဦးသီဟ လိုပဲ ဝင္ေရာက္စြက္ဖက္မွာမဟုတ္ေတာ့ပါဘူး။ "
"ကြၽန္ေတာ္လည္းေတာင္းပန္ပါတယ္။
ဒါဆို ေျပေျပလည္လည္ပဲ လက္ခံလိုက္ၾကရေအာင္၊ ကြၽန္ေတာ့္အမ်ိဳးသမီးကလည္းက်န္းမာေရးမေကာင္းေတာ့ သားေဘးမွာ အခ်ိန္ၾကာၾကာေနေပးလို႔မရျဖစ္ေနတယ္။ ဒါကို အမတို႔ဖက္က နားလည္ေပးေစခ်င္တယ္ "
"က်န္းမာေရးပဲ ကြၽန္မတို႔နားလည္ပါတယ္။ ဒါဆို ဒီရက္ပိုင္းအတြင္း စီစဥ္လိုက္ေတာ့မယ္ေနာ္ "
ျပသနာက ထိုမ်ွနဲ႔ ၿပီးျပတ္ခဲ့ၾကေလသည္။
ေဝလံု မွဴ းခိုင္လက္ကိုဆြဲကိုင္လ်က္ ျမတ္နိုးစြာၾကည့္မိသည္။
ခင္ဗ်ားကို ေစာင့္ေရွာက္ဖို႔ အားအင္အျပည့္ပဲ မွဴ းခိုင္။
ကြၽန္ေတာ့္ကို ကေလးတစ္ေယာက္လို မျမင္ေစခ်င္ေတာ့ဘူး။
_________
"အားလံုးပဲ မဂၤလာပါ ။ ကြၽန္ေတာ္ Moon ပါ ၊ မနက္ဖန္ ၁၉နွစ္ျပည့္ေမြးေန႔မေရာက္ခင္ ခ်စ္ရတဲ့ ပရိတ္သတ္ ေတြအတြက္ ပထမဆံုး အသိေပးစကားေျပာခ်င္လို႔ ဒီ စာ ေလးကို တင္လိုက္ရျခင္းျဖစ္ပါတယ္ ။ စကားေတြ မေျပာခင္ ကြၽန္ေတာ္ ေက်းဇူးတင္စကား အရင္ေျပာပါ့ရေစ။
အားလံုးရဲ႕ အခ်စ္ေတြေၾကာင့္ ဒီနွစ္ေတြမွာ ကြၽန္ေတာ္ တစ္ေယာက္ထဲ ေတာင့္ခံနိုင္ခဲ့တယ္ဆိုရင္ပိုမွန္ပါလိမ့္မယ္။
အဲ့ဒီအတြက္ ကြၽန္ေတာ္ ခ်စ္ရတဲ့ ပရိတ္သတ္ေတြကို အေလးအနက္ ေက်းဇူး တင္ပါတယ္။
ေပးခဲ့တဲ့ အခ်စ္ေတြနဲ႔ ထိုက္တန္ေအာင္ မေနခဲ့ဖူးတဲ့ အတြက္လည္း အားလည္းနာရသလို စိတ္မေကာင္းလည္းျဖစ္ရပါတယ္။
ဒီေန႔ ကြၽန္ေတာ္ အႏုပညာေလာက ကေနထာဝရ နႈတ္ဆက္ထြက္ခြာရေတာ့မယ္ဆိုတဲ့အေၾကာင္း အသိေပးပါ့ရေစ။
ၿပီးေတာ့ ကြၽန္ေတာ္ အိမ္ေထာင္ျပဳေတာ့မွာပါ။ ဒီသတင္းၾကားရလို႔ စိတ္မေကာင္းျဖစ္သြားၾကရင္ ကြၽန္ေတာ္ ထပ္မံၿပီး ေတာင္းပန္ခ်င္ပါတယ္။ ပရိတ္သတ္ေတြ အေနနဲ႔လည္း အသက္ငယ္ငယ္ေလးပဲရွိေသး ဘာလို႔ လက္ထက္ဖို႔ အလြယ္တကူ ဆံုးျဖတ္လိုက္တာလဲ လို႔ ထင္ေကာင္းထင္နိုင္လိမ့္မယ္၊ ဒါေပမဲ့ ကြၽန္ေတာ္ သူ႔အခ်စ္ကို ရဖို႔မလြယ္ကူသလို ခုလို နီးစပ္ဖို႔လည္း မလြယ္ကူခဲ့ပါဘူးဆိုတာေတာ့ သိေစခ်င္တယ္။
အႏုပညာအလုပ္ေတြ ရပ္နားလိုက္ရတဲ့ အေၾကာင္းျပခ်က္ကလည္း သူ႔ေၾကာင့္ဆိုလည္းမမွားဘူး။ ကြၽန္ေတာ္အမ်ားႀကီးစဥ္းစားခဲ့ပါတယ္။
ကြၽန္ေတာ့္ရဲ႕ ငယ္႐ြယ္မူ႔ေၾကာင့္ သူစိတ္အေနွာက္အယွက္ျဖစ္မွာ ၊ ကြၽန္ေတာ္ရဲ႕ လူသိမ်ားတဲ့ အလုပ္ေၾကာင့္ သူ႔ကို တစ္စံုတစ္ရာ ထိခိုက္မွာ ကြၽန္ေတာ္ တကယ္ေၾကာက္ခဲ့ရပါတယ္။ ခြဲရတဲ့ ခံစားခ်က္ကိုခြဲဘူးတဲ့သူပဲ သိလိမ့္မယ္။ ၉နွစ္ၾကာ ခြဲဖူးၿပီးၿပီမို႔ ေနာက္တစ္ႀကိမ္ဆိုတာ မရွိေတာ့ေအာင္ ကြၽန္ေတာ္ သူ႔ကို အၿပီးတိုင္ဆြဲထားမွျဖစ္ေတာ့မယ္။
အဲ့ဒါေၾကာင့္ ေအာင္ျမင္မူ ႔နဲ႔ ငယ္႐ြယ္မူ ႔ကို အလဲအထပ္လုပ္ၿပီး ကြၽန္ေတာ္ လက္ထက္ဖို႔ဆံုးျဖတ္လိုက္ရတာပါ။ သူက ဒီထက္အမ်ားႀကီးပိုၿပီး ကြၽန္ေတာ့္အတြက္ အဖိုးတန္တဲ့ သူတစ္ေယာက္မို႔ တိတ္တဆိတ္ ထြက္ခြာသြားမဲ့လမ္းက သူ႔အတြက္ အသက္သာဆံုးလမ္းျဖစ္ပါလိမ့္မယ္။
ဘာလို႔လဲ ဆိုေတာ့ ကြၽန္ေတာ္လက္ထက္မဲ့သူက ကြၽန္ေတာ္ထက္ ၅နွစ္ႀကီးတဲ့ အမ်ိဳးသားတစ္ေယာက္ျဖစ္ေနလို႔ပါပဲ။
ဘယ္ေလာက္ေတာင္ သူ႔အေပၚမွာ ကြၽန္ေတာ္ ေမတၱာသက္ဝင္ခဲ့သလဲ ဆိုရင္ အခ်စ္ဆိုတဲ့ အဓိပၸါယ္ကို မသိေသးတဲ့ ၁၀နွစ္အ႐ြယ္ကတည္းက ဆိုရမွာပါ။
ၿပီးေတာ့ Moonဆိုတဲ့ နာမည္က သူ႔ကိုကိုယ္စားျပဳသလို ၁၉ရက္တမ္းခ်င္းကလည္း သူ႔အတြက္ေရးခဲ့တာပါ။
၁၁နွစ္အ႐ြယ္ ကတည္းက ကြၽန္ေတာ္ ဘယ္ေလာက္ ဆိုးသလည္းဆိုရင္
နွစ္တိုင္း ေက်ာင္းပိတ္ရက္ေရာက္တိုင္း
ေဖေဖ့လက္ကို ဆြဲၿပီး သူ႔ရွိရာ New York ကို လိုက္ပို႔ခိုင္းေတာ့ပဲ။ ခုေတာ့ လိုက္ပို႔ခိုင္းရမဲ့ ေဖေဖလည္းမရွိေတာ့သလို သူကလည္း ကြၽန္ေတာ္ေဘးနားမွာ ေရာက္ေနၿပီေလ။ ကြၽန္ေတာ္ဆက္ၿပီး သူနဲ႔
မေဝးခ်င္ေတာ့ဘူး ၊ အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္လက္ထက္ပြဲကို ပရိတ္သတ္ေတြအေနနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အသိမွတ္ျပဳေပးေစခ်ဳင္တယ္။
Moon အႏုပညာအလုပ္ေတြကို ထာ၀ရ အနားယူလိုက္သလို Moonနဲ႔ ပတ္သတ္တဲ့ ဒီfacebookအေကာင့္လည္း အၿပီးတိုင္ မၾကာခင္မွာ ျဖတ္သိမ္းပါေတာ့မယ္။ ကြၽန္ေတာ့္ဘဝကို ကြၽန္ေတာ္ခ်စ္တဲ့သူနဲ႔ အရုိးရွင္းဆံုး ျဖတ္သန္းၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနပါ့မယ္လို႔ အားလံုးကို ကတိေပးပါတယ္။
မနက္ဖန္ညမွာ သူ႔အတြက္ေရးစပ္ထားတဲ့
အၾကင္နာေဝလံုဆိုတဲ့ သီခ်င္ေလးတစ္ပုဒ္ကို ေနာက္ဆံုးအေနနဲ႔ အမွတ္တရ တင္ေပးခဲ့ပါ့မယ္။ ေက်းဇူးတင္ပါတယ္
(ပံုမ်ားကို mediaမွာ ကူးယူအသံုးျပဳ ခြင့္မျပဳ။)
မွဴ းခိုင္ စာကို အထက္ေအာက္စံုဆန္ခ်ည္ဖတ္၍ မ်က္ရည္မ်ားက အတားအစီးမရွိက်လာရေတာ့သည္။
ပံုေတြကလည္းတျခားမဟုတ္ေပ။
ငယ္စဥ္က ေဘဘီကို ထမင္းခြံ႕ေနပံု၊ပထမဆံုး မူႀကိဳ ေက်ာင္းတက္မဲ့ေန႔က ခ်ီပိုးထားတဲ့ ပံု ၊ မ်က္္မွန္ဝိုင္းေလး နဲ႔ေဘဘီကို ခ်စ္လြန္းလို႔ တယုတယနမ္းေနတဲ့ပံုမ်ားနွင့္ ငယ္စဥ္က ဦးေကာင္းလံု နွင့္ ေဘဘီ့ကို
အႀကိဳ အပို႔ လုပ္ေပးတဲ့ကားသမားရုိက္ေပးတဲ့ ပံုမ်ားစြာပင္။
ဝမ္းနည္းရသလို ေပ်ာ္လည္းေပ်ာ္ရသည္။
သူ႔ကိုမတိုင္ပင္ပဲ လုပ္ခ်င္ရာလုပ္လို႔ေဒါသလည္းထြက္ရသည္။ တက္လာသမ်ွ postတိုင္းသည္ ေဘဘီအေၾကာင္းေတြႀကီးပဲ ျဖစ္ၿပီး လရိပ္ကေတာ့ အကုန္ပြက္ေလာရုိက္ကုန္မွသိရတာျဖစ္သည္။
ေဘဘီက တကယ္မေကာင္းတဲ့ေကာင္ပဲ။
"ဘာလို ငိုေနတာလဲ ခ်စ္ခ်စ္ရာ ၊ ကြၽန္ေတာ္လုပ္သမ်ွ အကုန္လံုး မွဴ းခိုင္ေကာင္းဖို႔အတြက္ေတြႀကီးပဲ "
ေဘးကေမြ ႕ရာ အလြတ္မွာ ေစြ႕ခနဲဝင္ထိုင္ကာ ေျပာလည္းေျပာ ၊ မ်က္နွာကိုပါ သူ႔ဖက္လွည့္ေစၿပီး မ်က္ရည္ေတြကိုေသခ်ာသုတ္ေပးေနေသးသည္။ နားထဲအစီအစဥ္မက်စြာ တိုးဝင္လာတဲ့ စကားက ကြၽန္ေတာ္ဆိုတဲ့ စကားႀကီး။ ထို႔ေၾကာင့္ စိတ္ဆိုးတာေမ့လ်က္ပင္
" လံုလံု ကလို႔ေျပာေလ ၊ ဘာကြၽန္ေတာ္လဲ"
"ဟင့္အင္ ကြၽန္ေတာ္ ကေလးလုပ္မေနခ်င္ေတာ့ဘူး။ မွဴ းခိုင္မ်က္လံုးထဲမွာ အ႐ြယ္မေရာက္ေသးတဲ့ ကေလးလို႔လည္း အျမင္မခံနိုင္ေတာ့ဘူး။ မနက္ဖန္ဆို အိမ္ေထာင္ဦးစီး ျဖစ္ၿပီဆိုေတာ့ ကြၽန္ေတာ္ ပိုၿပီးသန္မာမွျဖစ္မယ္ "
တယုတယ သုတ္ေနတဲ့ ပါးျပင္ေပၚကလက္ေတြေၾကာင့္ လူက မေနတက္မထိုင္တက္ေတာ့ေလၿပီ။ ဒီေကာင္ေလး ဘယ္ေလာက္ေတာင္ လူႀကီးျဖစ္ခ်င္ေနမွန္းမသိ၊ ေခၚတာေတာင္ မွဴ းခိုင္ ဆိုၿပီး ျဖစ္ကုန္သည္။
ခ်စ္ခ်စ္ ဆိုတာ တခါတေလ သူနႈတ္က်ိဳးၿပီး ေခၚမွသာ ၾကားရတက္ၿပီး မွဴ းခိုင္ဟု ေခၚတာသာ မ်ားလာ၏။
မႀကိဳက္တာမဟုတ္ေပမဲ့ ဒီေကာင္ေလးက ကိုယ္ေစာင့္ေရွာက္လာတဲ့ ကေလးမို႔ ဆက္ၿပီး ကိုယ္ကပဲ ေစာက္ေရွာက္ခ်င္တဲ့ အတၱက ဆိုးသည္။
" မင္းတအားလူႀကီးျဖစ္ခ်င္ေနရင္ ငါလည္းေဝလံုလို႔ပဲ ေျပာင္းေခၚမယ္ေလ"
အျမင္ကပ္လို႔႐ြဲ႕ေျပာေတာ့ မႀကိဳက္သလို မ်က္ေမွာင္ကုတ္လ်က္
"မရဘူး ေဘဘီလို႔ပဲေခၚေပး ၊ ဘာေဝလံုလဲ"
"မင္းေတာင္ မွဴ းခိုင္လို႔ေခၚေသးတာပဲ"
"ခ်စ္ခ်စ္ပဲ ျဖစ္ျဖစ္ မွဴ းခိုင္ပဲျဖစ္ျဖစ္ ျမတ္နိုးလို႔ထြက္လာတဲ့ နာမည္ေတြႀကီးပဲ။
ခ်စ္ခ်စ္ေခၚတဲ့ ေဝလံုကေတာ့မတူဘူး ၊ သူစိမ္းေတြၾကေနတာပဲ။ ေခၚပါ ေဘဘီလို႔ပဲ။
မဟုတ္ရင္ ကြၽန္ေတာ္ဝမ္းနည္းရလိမ့္မယ္ "
ၾကည့္ ! မ်က္နွာက ။
အမ်ိဳးမ်ိဳးတက္လည္းတက္နိုင္တဲ့ေကာင္။
ခ်က္ျခင္း ငယ္ က် သြားတာမ်ား မသိရင္ ေျခဆင္းငိုမဲ့ကေလးလိုပင္။
" ေတာ္ပါ မင္းစကားတက္တိုင္းငါ့ကို "
"လံုလံု ကို မခ်စ္ေတာ့ဘူးလား "
ပုတ္ခတ္ ပုတ္ခတ္ မ်က္ေတာင္ေတြအစားရင္ေလးမိတယ္။ ဒီေကာင္ တကယ့္ ငခြၽဲ။
လိုခ်င္တာမရရင္ ရေအာင္ယူတယ္။
အႏုနည္း အၾကမ္းနည္း သူအကုန္ပိုင္တယ္။
" ခ်စ္တယ္၊ ခ်စ္တယ္ဟ "
ထိုအခါမွာ မ်က္နွာက ရႊင္လန္းလာကာ ပါးကို ကိုင္လ်က္နႈတ္ခမ္းကို တရႊတ္ရႊတ္လာနမ္းေတာ့သည္။
လရိပ္မ်က္လံုးေတြကိုအသာမွိတ္ထားလိုက္မိသည္။
အခ်ိန္အၾကာႀကီးထားခဲ့မိလို႔ ေတာင္းပန္ပါတယ္ဆိုတဲ့ စကားက ေဘဘီကိုေျပာဖို႔မလံုေလာက္ေတာ့သလို ခံစားေနရသည္။
ထို႔အစား သူ႔ဘဝ တစ္သက္တာလံုးရုိးေျမက် ေဘဘီနားမွာ ေနဖို႔ နဲ႔ ေဘဘီကို လံုေလာက္သည္ထက္ ပိုေအာင္ ခ်စ္ေပးဖို႔ပဲ ရွိေတာ့တာမို႔ ဘယ္ေတာ့မွ ခြဲခြာဖို႔ဆိုတာ မျဖစ္နိုင္ေတာ့ေပ။
ဒုတိယ အကြိမ်မြောက်တွေ့ဆုံပွဲ။
ရှက်စရာကောင်းတယ်ဆိုတာ ဒါကိုပြောတာလား။ တသက်လုံး သားဘေးမှာ အတူမနေပေးနိုင်ခဲ့လို့ သူ့ကိုမလေးစားတော့တာလား။
တဖက် အမျိုးသမီးရှေ့မှာ ထိုင်နေရပေမဲ့ သိမ်ငယ်စိတ်က တစ်ကိုယ်လုံး ဝေ့သီလျက်။ မသွားရဘူး ၊ မင်းကို လိုချင်ရင် နောက်တစ်ကြိမ် ပြန်လာလိမ့်မယ်လို့ ပြောထားတာက ဒီနည်းမှမဟုတ်တာ။
ခိုးပြေးတာတဲ့ ၊ ကြားလို့မှကောင်းသေးလား။ ပြတင်းပေါက်ကနေ ကျော်ပြီး ထွက်ရလောက်ထိ အဲ့လောက်တောင်
မနေနိုင်တာလား။ လူကြားကောင်းအောင် ဖအေနဲ့ တစ်ရက်လောက်များနေတော့ ဘာဖြစ်သွားမှာလဲ။
စိတ်တိုတိုနဲ့ လရိပ်မှူးခိုင်ကို လှမ်းကြည့်လိုက်သည်။ သကောင့်သားက မျက်နှာငယ်လေးနဲ့ ပြန်ကြည့်တာမြင်တော့လည်းစိတ်မကောင်း။ ဘယ်တုန်းက အဲ့လို မျက်နှာထားမျိုး ဒင်းလုပ်တက်သွားတာလဲ။
အချိန်တိုင်း သူ့လုပ်စာ ထိုင်စားနေရတဲ့ရုပ်နဲ့ မာနကြီး တစ်ခွဲစားအချိန်တိုင်းရုပ်တည်နေတဲ့ကောင်ကအချစ်နဲ့တွေ့တော့ပြောင်းလဲသွားတာ အံ့သြစရာ။
" ကျွန်တော်တောင်းပန်ပါတယ် အဖေ "
ပထမဆုံးထွက်လာတဲ့အသံက ဟို သမက်ဆိုတဲ့ ဖြူ ဥဥ ကောင်ဆီက။ စိတ်တိုပေမဲ့ စိတ်လျော့လိုက်ရသည်။
အမှန်တကယ်လည်း စိတ်ဆိုးတုန်းခဏ
ခေါ်သွားမိတာပါ။ ခွဲဖို့ ပြု ဖို့ဆိုတာ လုံးလုံး အတွေးမရှိခဲ့ပေ။ ဖအေ ပီပီ မာနလေးအနည်းငယ်လောက် သားဇောနဲ့ ပြမိရုံ။
" ကျွန်တော် ညက ဇွတ်လာခေါ်သွားမိတာ ကျွန်တော်အပြစ်တွေပါ။ ဖြစ်နိုင်ရင် ဘွားလေးရော အဖေရော စိတ်လျော့ပေးကြလို့မရဘူးလားဟင်။ ကျွန်တော်တို့နှစ်ယောက်က ဘယ်လိုမှ ခွဲလို့ရမှာမဟုတ်ဘူး။ ပြီးတော့ တင်တောင်းတဲ့ ကိစ္စ၊
နှစ်ဖက်လုံးဆီက ဘာတစ်ခုမှ လက်မခံနိုင်တော့ဘူး။ ကျွန်တော်မှာ ပိုက်ဆံရှိတယ်၊ မှူးခိုင်မှာ ပညာရှိတယ် ၊ အဖေတို့ ဘွားလေးတို့ စိတ်ပူပေးဖို့မလိုအပ်လောက်အောင် ကျွန်တော်တို့
နှစ်ယောက်လုံး အကောင်းဆုံးဖြတ်ကျော်နိုင်ပါတယ်။ ဒါကြောင့် သာတယ် ၊ နာတယ်မတွက်ပဲ ဒီတိုင်းရိုးရိုးလေးပဲ လက်ခံပေးလို့မရဘူးလား"
အဖေရောဘွားလေးရော ငြိမ်နေကြတာမို့ လရိပ်ပါ အရဲစွန့်လျက် အဖေ့ကို နားချမိသည်။
" ကျွန်တော်လည်း ဝေလုံ ပြောတာကို
လက်ခံစေချင်ပါတယ်။ အဖေ ဒီကိုလာတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့နှစ်ယောက်ကို လက်ခံပေးဖို့မို့လား။ ကျေးဇူးပြု ပြီး ရိုးရိုးရှင်းရှင်းပဲ ပြီးရအောင်လား ။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်လုံး လူကြီးတွေ ဖြစ်နေကြပါပြီ ၊ အဖေနဲ့ ဘွားလေးနဲ့ စိတ်ပူရတာမျိုး မဖြစ်အောင် ကြိုးစားပြီးနေထိုင်ပါ့မယ်လို့ ကတိလည်းပေးပါတယ် "
စကားဝိုင်းသည် တဖန် ပြန်လည်တိတ်ဆိတ်သွား၏။ မျှော်လင့်နေတဲ့ မျက်ဝန်းနှစ်စုံကြောင့် ဘွားလေး သက်ပျင်းချရတော့သည်။ သူ့တူက ဒီကောင်လေးကို သိပ်စွဲလန်းတာ။ အချိန်တွေအကြာကြီး မြုပ်နှံ့ခဲ့ရသလို မျှော်လင့်ခဲ့ရသူဆိုတာ ဘေးမှာ အတူနေခဲ့ရတဲ့ ဒီအဒေါ်ကအသိဆုံးပါ။
ထို့ကြောင့် သူမ ဖက်ကပဲ အရင်အလျော့ပေးဖို့ဆုံးဖြတ်ချက်ဖြင့် ဦးသီဟခိုင် ဖက်လှည့်လိုက်သည်။
" ကျွန်မဖက်.."
"ကျွန်တော်လက်ခံပါတယ်။ ခင်ဗျားတို့ဖက်ကပဲ အဆင်ပြေသလို လုပ်လိုက်ကြပါ "
စကားမဆုံးခင် ဦးသီဟခိုင်ကအရင်ဖြတ်ပြောလိုက်တာကြောင့် အနည်းငယ်တော့နေရခက်သွားသည်။ ဒါ ဦးသီဟခိုင်တို့ဖက်ကအရင်အလျော့ပေးသွားခြင်းပင်မို့လား။
သက်ပြင်းချလျက်ပင် တူဖြစ်သူကို လေးတွဲ့စွာကြည့်လိုက်ရင်း ဘွားလေးလည်း
လက်ခံလိုက်ပြီဆိုတဲ့အကြောင့် ခေါင်းဆတ်ပြလိုက်ရတော့သည်။
" ကျေးဇူးတင်ပါတယ် ဦးသီဟ ၊ ကျွန်မ မနေ့က လူကြီးလူကောင်းမဆန်သလို့ဖြစ်သွားတယ် ။ အဲ့အတွက်တောင်းပန်ပါတယ်။ ကလေးတွေ စိတ်တိုင်းကျ စီစဉ်ပါလိမ့်မယ်။ ကျွန်မ လည်းဦးသီဟ လိုပဲ ဝင်ရောက်စွက်ဖက်မှာမဟုတ်တော့ပါဘူး။ "
"ကျွန်တော်လည်းတောင်းပန်ပါတယ်။
ဒါဆို ပြေပြေလည်လည်ပဲ လက်ခံလိုက်ကြရအောင်၊ ကျွန်တော့်အမျိုးသမီးကလည်းကျန်းမာရေးမကောင်းတော့ သားဘေးမှာ အချိန်ကြာကြာနေပေးလို့မရဖြစ်နေတယ်။ ဒါကို အမတို့ဖက်က နားလည်ပေးစေချင်တယ် "
"ကျန်းမာရေးပဲ ကျွန်မတို့နားလည်ပါတယ်။ ဒါဆို ဒီရက်ပိုင်းအတွင်း စီစဉ်လိုက်တော့မယ်နော် "
ပြသနာက ထိုမျှနဲ့ ပြီးပြတ်ခဲ့ကြလေသည်။
ဝေလုံ မှူးခိုင်လက်ကိုဆွဲကိုင်လျက် မြတ်နိုးစွာကြည့်မိသည်။
ခင်ဗျားကို စောင့်ရှောက်ဖို့ အားအင်အပြည့်ပဲ မှူးခိုင်။
ကျွန်တော့်ကို ကလေးတစ်ယောက်လို မမြင်စေချင်တော့ဘူး။
_________
"အားလုံးပဲ မင်္ဂလာပါ ။ ကျွန်တော် Moon ပါ ၊ မနက်ဖန် ၁၉နှစ်ပြည့်မွေးနေ့မရောက်ခင် ချစ်ရတဲ့ ပရိတ်သတ် တွေအတွက် ပထမဆုံး အသိပေးစကားပြောချင်လို့ ဒီ စာ လေးကို တင်လိုက်ရခြင်းဖြစ်ပါတယ် ။ စကားတွေ မပြောခင် ကျွန်တော် ကျေးဇူးတင်စကား အရင်ပြောပါ့ရစေ။
အားလုံးရဲ့ အချစ်တွေကြောင့် ဒီနှစ်တွေမှာ ကျွန်တော် တစ်ယောက်ထဲ တောင့်ခံနိုင်ခဲ့တယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။
အဲ့ဒီအတွက် ကျွန်တော် ချစ်ရတဲ့ ပရိတ်သတ်တွေကို အလေးအနက် ကျေးဇူး တင်ပါတယ်။
ပေးခဲ့တဲ့ အချစ်တွေနဲ့ ထိုက်တန်အောင် မနေခဲ့ဖူးတဲ့ အတွက်လည်း အားလည်းနာရသလို စိတ်မကောင်းလည်းဖြစ်ရပါတယ်။
ဒီနေ့ ကျွန်တော် အနုပညာလောက ကနေထာဝရ နှုတ်ဆက်ထွက်ခွာရတော့မယ်ဆိုတဲ့အကြောင်း အသိပေးပါ့ရစေ။
ပြီးတော့ ကျွန်တော် အိမ်ထောင်ပြုတော့မှာပါ။ ဒီသတင်းကြားရလို့ စိတ်မကောင်းဖြစ်သွားကြရင် ကျွန်တော် ထပ်မံပြီး တောင်းပန်ချင်ပါတယ်။ ပရိတ်သတ်တွေ အနေနဲ့လည်း အသက်ငယ်ငယ်လေးပဲရှိသေး ဘာလို့ လက်ထက်ဖို့ အလွယ်တကူ ဆုံးဖြတ်လိုက်တာလဲ လို့ ထင်ကောင်းထင်နိုင်လိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော် သူ့အချစ်ကို ရဖို့မလွယ်ကူသလို ခုလို နီးစပ်ဖို့လည်း မလွယ်ကူခဲ့ပါဘူးဆိုတာတော့ သိစေချင်တယ်။
အနုပညာအလုပ်တွေ ရပ်နားလိုက်ရတဲ့ အကြောင်းပြချက်ကလည်း သူ့ကြောင့်ဆိုလည်းမမှားဘူး။ ကျွန်တော်အများကြီးစဉ်းစားခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ငယ်ရွယ်မူ့ကြောင့် သူစိတ်အနှောက်အယှက်ဖြစ်မှာ ၊ ကျွန်တော်ရဲ့ လူသိများတဲ့ အလုပ်ကြောင့် သူ့ကို တစ်စုံတစ်ရာ ထိခိုက်မှာ ကျွန်တော် တကယ်ကြောက်ခဲ့ရပါတယ်။ ခွဲရတဲ့ ခံစားချက်ကိုခွဲဘူးတဲ့သူပဲ သိလိမ့်မယ်။ ၉နှစ်ကြာ ခွဲဖူးပြီးပြီမို့ နောက်တစ်ကြိမ်ဆိုတာ မရှိတော့အောင် ကျွန်တော် သူ့ကို အပြီးတိုင်ဆွဲထားမှဖြစ်တော့မယ်။
အဲ့ဒါကြောင့် အောင်မြင်မူ့ နဲ့ ငယ်ရွယ်မူ့ ကို အလဲအထပ်လုပ်ပြီး ကျွန်တော် လက်ထက်ဖို့ဆုံးဖြတ်လိုက်ရတာပါ။ သူက ဒီထက်အများကြီးပိုပြီး ကျွန်တော့်အတွက် အဖိုးတန်တဲ့ သူတစ်ယောက်မို့ တိတ်တဆိတ် ထွက်ခွာသွားမဲ့လမ်းက သူ့အတွက် အသက်သာဆုံးလမ်းဖြစ်ပါလိမ့်မယ်။
ဘာလို့လဲ ဆိုတော့ ကျွန်တော်လက်ထက်မဲ့သူက ကျွန်တော်ထက် ၅နှစ်ကြီးတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေလို့ပါပဲ။
ဘယ်လောက်တောင် သူ့အပေါ်မှာ ကျွန်တော် မေတ္တာသက်ဝင်ခဲ့သလဲ ဆိုရင် အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို မသိသေးတဲ့ ၁၀နှစ်အရွယ်ကတည်းက ဆိုရမှာပါ။
ပြီးတော့ Moonဆိုတဲ့ နာမည်က သူ့ကိုကိုယ်စားပြုသလို ၁၉ရက်တမ်းချင်းကလည်း သူ့အတွက်ရေးခဲ့တာပါ။
၁၁နှစ်အရွယ် ကတည်းက ကျွန်တော် ဘယ်လောက် ဆိုးသလည်းဆိုရင်
နှစ်တိုင်း ကျောင်းပိတ်ရက်ရောက်တိုင်း
ဖေဖေ့လက်ကို ဆွဲပြီး သူ့ရှိရာ New York ကို လိုက်ပို့ခိုင်းတော့ပဲ။ ခုတော့ လိုက်ပို့ခိုင်းရမဲ့ ဖေဖေလည်းမရှိတော့သလို သူကလည်း ကျွန်တော်ဘေးနားမှာ ရောက်နေပြီလေ။ ကျွန်တော်ဆက်ပြီး သူနဲ့
မဝေးချင်တော့ဘူး ၊ အဲ့ဒါကြောင့် ကျွန်တော့်လက်ထက်ပွဲကို ပရိတ်သတ်တွေအနေနဲ့ ပျော်ပျော်ရွှင်ရွှင် အသိမှတ်ပြုပေးစေချုင်တယ်။
Moon အနုပညာအလုပ်တွေကို ထာဝရ အနားယူလိုက်သလို Moonနဲ့ ပတ်သတ်တဲ့ ဒီfacebookအကောင့်လည်း အပြီးတိုင် မကြာခင်မှာ ဖြတ်သိမ်းပါတော့မယ်။ ကျွန်တော့်ဘဝကို ကျွန်တော်ချစ်တဲ့သူနဲ့ အရိုးရှင်းဆုံး ဖြတ်သန်းပြီး ပျော်ပျော်ရွှင်ရွှင် နေပါ့မယ်လို့ အားလုံးကို ကတိပေးပါတယ်။
မနက်ဖန်ညမှာ သူ့အတွက်ရေးစပ်ထားတဲ့
အကြင်နာဝေလုံဆိုတဲ့ သီချင်လေးတစ်ပုဒ်ကို နောက်ဆုံးအနေနဲ့ အမှတ်တရ တင်ပေးခဲ့ပါ့မယ်။ ကျေးဇူးတင်ပါတယ်
(ပုံများကို mediaမှာ ကူးယူအသုံးပြု ခွင့်မပြု။)
မှူးခိုင် စာကို အထက်အောက်စုံဆန်ချည်ဖတ်၍ မျက်ရည်များက အတားအစီးမရှိကျလာရတော့သည်။
ပုံတွေကလည်းတခြားမဟုတ်ပေ။
ငယ်စဉ်က ဘေဘီကို ထမင်းခွံ့နေပုံ၊ပထမဆုံး မူကြို ကျောင်းတက်မဲ့နေ့က ချီပိုးထားတဲ့ ပုံ ၊ မျက်မှန်ဝိုင်းလေး နဲ့ဘေဘီကို ချစ်လွန်းလို့ တယုတယနမ်းနေတဲ့ပုံများနှင့် ငယ်စဉ်က ဦးကောင်းလုံ နှင့် ဘေဘီ့ကို
အကြို အပို့ လုပ်ပေးတဲ့ကားသမားရိုက်ပေးတဲ့ ပုံများစွာပင်။
ဝမ်းနည်းရသလို ပျော်လည်းပျော်ရသည်။
သူ့ကိုမတိုင်ပင်ပဲ လုပ်ချင်ရာလုပ်လို့ဒေါသလည်းထွက်ရသည်။ တက်လာသမျှ postတိုင်းသည် ဘေဘီအကြောင်းတွေကြီးပဲ ဖြစ်ပြီး လရိပ်ကတော့ အကုန်ပွက်လောရိုက်ကုန်မှသိရတာဖြစ်သည်။
ဘေဘီက တကယ်မကောင်းတဲ့ကောင်ပဲ။
"ဘာလို ငိုနေတာလဲ ချစ်ချစ်ရာ ၊ ကျွန်တော်လုပ်သမျှ အကုန်လုံး မှူးခိုင်ကောင်းဖို့အတွက်တွေကြီးပဲ "
ဘေးကမွေ့ ရာ အလွတ်မှာ စွေ့ခနဲဝင်ထိုင်ကာ ပြောလည်းပြော ၊ မျက်နှာကိုပါ သူ့ဖက်လှည့်စေပြီး မျက်ရည်တွေကိုသေချာသုတ်ပေးနေသေးသည်။ နားထဲအစီအစဉ်မကျစွာ တိုးဝင်လာတဲ့ စကားက ကျွန်တော်ဆိုတဲ့ စကားကြီး။ ထို့ကြောင့် စိတ်ဆိုးတာမေ့လျက်ပင်
" လုံလုံ ကလို့ပြောလေ ၊ ဘာကျွန်တော်လဲ"
"ဟင့်အင် ကျွန်တော် ကလေးလုပ်မနေချင်တော့ဘူး။ မှူးခိုင်မျက်လုံးထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးလို့လည်း အမြင်မခံနိုင်တော့ဘူး။ မနက်ဖန်ဆို အိမ်ထောင်ဦးစီး ဖြစ်ပြီဆိုတော့ ကျွန်တော် ပိုပြီးသန်မာမှဖြစ်မယ် "
တယုတယ သုတ်နေတဲ့ ပါးပြင်ပေါ်ကလက်တွေကြောင့် လူက မနေတက်မထိုင်တက်တော့လေပြီ။ ဒီကောင်လေး ဘယ်လောက်တောင် လူကြီးဖြစ်ချင်နေမှန်းမသိ၊ ခေါ်တာတောင် မှူးခိုင် ဆိုပြီး ဖြစ်ကုန်သည်။
ချစ်ချစ် ဆိုတာ တခါတလေ သူနှုတ်ကျိုးပြီး ခေါ်မှသာ ကြားရတက်ပြီး မှူးခိုင်ဟု ခေါ်တာသာ များလာ၏။
မကြိုက်တာမဟုတ်ပေမဲ့ ဒီကောင်လေးက ကိုယ်စောင့်ရှောက်လာတဲ့ ကလေးမို့ ဆက်ပြီး ကိုယ်ကပဲ စောက်ရှောက်ချင်တဲ့ အတ္တက ဆိုးသည်။
" မင်းတအားလူကြီးဖြစ်ချင်နေရင် ငါလည်းဝေလုံလို့ပဲ ပြောင်းခေါ်မယ်လေ"
အမြင်ကပ်လို့ရွဲ့ပြောတော့ မကြိုက်သလို မျက်မှောင်ကုတ်လျက်
"မရဘူး ဘေဘီလို့ပဲခေါ်ပေး ၊ ဘာဝေလုံလဲ"
"မင်းတောင် မှူးခိုင်လို့ခေါ်သေးတာပဲ"
"ချစ်ချစ်ပဲ ဖြစ်ဖြစ် မှူးခိုင်ပဲဖြစ်ဖြစ် မြတ်နိုးလို့ထွက်လာတဲ့ နာမည်တွေကြီးပဲ။
ချစ်ချစ်ခေါ်တဲ့ ဝေလုံကတော့မတူဘူး ၊ သူစိမ်းတွေကြနေတာပဲ။ ခေါ်ပါ ဘေဘီလို့ပဲ။
မဟုတ်ရင် ကျွန်တော်ဝမ်းနည်းရလိမ့်မယ် "
ကြည့် ! မျက်နှာက ။
အမျိုးမျိုးတက်လည်းတက်နိုင်တဲ့ကောင်။
ချက်ခြင်း ငယ် ကျ သွားတာများ မသိရင် ခြေဆင်းငိုမဲ့ကလေးလိုပင်။
" တော်ပါ မင်းစကားတက်တိုင်းငါ့ကို "
"လုံလုံ ကို မချစ်တော့ဘူးလား "
ပုတ်ခတ် ပုတ်ခတ် မျက်တောင်တွေအစားရင်လေးမိတယ်။ ဒီကောင် တကယ့် ငချွဲ။
လိုချင်တာမရရင် ရအောင်ယူတယ်။
အနုနည်း အကြမ်းနည်း သူအကုန်ပိုင်တယ်။
" ချစ်တယ်၊ ချစ်တယ်ဟ "
ထိုအခါမှာ မျက်နှာက ရွှင်လန်းလာကာ ပါးကို ကိုင်လျက်နှုတ်ခမ်းကို တရွှတ်ရွှတ်လာနမ်းတော့သည်။
လရိပ်မျက်လုံးတွေကိုအသာမှိတ်ထားလိုက်မိသည်။
အချိန်အကြာကြီးထားခဲ့မိလို့ တောင်းပန်ပါတယ်ဆိုတဲ့ စကားက ဘေဘီကိုပြောဖို့မလုံလောက်တော့သလို ခံစားနေရသည်။
ထို့အစား သူ့ဘဝ တစ်သက်တာလုံးရိုးမြေကျ ဘေဘီနားမှာ နေဖို့ နဲ့ ဘေဘီကို လုံလောက်သည်ထက် ပိုအောင် ချစ်ပေးဖို့ပဲ ရှိတော့တာမို့ ဘယ်တော့မှ ခွဲခွာဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
Bạn đang đọc truyện trên: ZingTruyen.Xyz