အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
41 (final)
" တစ္ဦး အေပၚ တစ္ဦး ၾကင္ၾကင္နာနာ ဆက္ဆံၾက၊ ရန္ျဖစ္တာ ဘာညာ ျပန္မၾကားခ်င္ဘူး ၊ လိုအပ္တာရွိရင္လည္း ဘြားေလးဆီ လွမ္းေျပာ ။ "
လရိပ္နဲ႔ ေဝလံု လက္အုပ္ခ်ီ ထားလ်က္
ေခါင္းညိမ့္ျပလိုက္သည္။ ဘြားေလး ၊
အေဖ ေရာ ဆုေတြ တသီႀကီးေပးၾကေပမဲ့
လူက ဘာကိုဝမ္းနည္းေနမွန္းမသိေအာင္
မ်က္ရည္တလည္လည္ ျဖစ္ေနသည္။
ပံုမွန္ဆို လရိပ္က စိတ္ေပ်ာ့သူမဟုတ္ေပ။
ေဘဘီကေတာ့ ေဘးမွာ မ်က္လႊာခ်လ်က္
ေျပာစကားနားေထာင္ေနပါေသာ္ျငား
ကိုယ္က အႀကီးျဖစ္ၿပီး မ်က္ရည္က်ခ်င္ေနတာ အနည္းငယ္ေတာ့ရွက္စရာေကာင္းေနသလို။
ကေလးလည္းမဟုတ္ပဲ ဆံုးမ စကားၾကားရုံျဖင့္ ဝမ္းနည္းဝမ္းသာ တမ်ိဳးႀကီးျဖစ္ေနသည္။
မဂၤလာေဆာင္ မဟုတ္ပဲ မဂၤလာ လက္္မွတ္ထိုးပြဲ အျဖစ္သာ ေဘဘီက က်င္းပေစခဲ့သည္။ အေၾကာင္းျပခ်က္မွာ လူအမ်ားႀကီးေရွ႕ လရိပ္ကို ထုတ္မျပခ်င္သည္ဟုဆိုတာပင္။
တသက္လံုး ဖြက္ထားမဲ့ သေဘာအထိ ေျပာလာတာမို႔ ညကလည္းစကားမ်ားရေသး၏။
" အေဖကေတာ့ လရိပ္ကို ယံုၿပီးသားဆိုေတာ့ ေထြေထြထူးထူး မဆံုးမေတာ့ဘူး။
သား အိမ္ေထာင္ေရးကို အေကာင္းဆံုး တည္ေထာင္နိုင္မယ္ဆိုတာ အေဖသိတယ္။ အဲ့ဒါေၾကာင့္နားလည္မူ႔ရွိရွိနဲ႔ ခ်စ္ခ်စ္ခင္ခင္ ေနၾကပါ။ "
"ဟုတ္ကဲ့"
တိုးလ်တဲ့ အသံမွာ ငိုသံအနည္းငယ္ျဖတ္ေျပးသြားေတာ့ ေဘဘီက ေခါင္းေစာင္းၾကည့္၏။ ထို႔ေနာက္ အေဖနဲ႔ ဘြားေလးကို ျမန္ျမန္ဆန္ဆန္ ကန္ေတာ့ကာ ထိုင္ရာမွ လက္ဆြဲ၍ ထေစ၏။
" အေဖ ဘယ္ခ်ိန္ျပန္မွာလဲ "
"ေလယာဥ္ခ်ိန္က ေနာက္ ၂နာရီေလာက္ေတာ့ လိုေသးတယ္။ ႀကိဳသြားရမယ္ထင္တယ္ "
" ဟုတ္တယ္ အေဖ၊ ႀကိဳသြားမွ ရမွာ အေဖ ခဏနားအံုးမလား။ ကြၽန္ေတာ္ ထူးစစ္ပိုင္တို႔ကို လိုက္ပို႔ဖို႔ စီစဥ္ခိုင္းထားလိုက္မယ္။ ဘြားေလးကေရာ "
"ငါလည္း ခဏေနျပန္မွာ ၊ စိမ္းျမေဝမွာ ငါမရွိရင္မျဖစ္ဘူး။ မင္းေၾကာင့္သာ ဒီမွာ ရက္ၾကာၾကာေနဖူးတာ မဟုတ္ရင္ စိမ္းျမေဝ ကေနေျခတစ္လွမ္းေတာင္ခြာလို႔ရတာမဟုတ္ဘူး "
ဘြားေလးစကားေၾကာင့္ လရိပ္ကရယ္မိေပမဲ့ ေဘဘီကေတာ့ နွာေခါင္းတရႈံ႕ရႈံျဖင့္။
စိမ္းျမေဝ ဆိုတာေတာင္ႀကီးမွာ ဘြားေလးတို႔ ပိုင္တဲ့ လုပ္ငန္းပင္ျဖစ္သည္။
ဘာအလုပ္လုပ္သလဲ လရိပ္မသိေပမဲ့
ဘြားေလးက ခ်မ္းသာၿပီးေတာင္ႀကီးၿမိဳ႕မ်က္နွာဖံုးမ်ားျဖစ္ၾကတာေတာ့သိသည္။
ကမန္းကတမ္း လိုက္လာခဲ့ရသလို လက္မွတ္ထိုးဖို႔လည္း အလ်ွင္အျမန္စီစဥ္ေပးရေသးသည္။ တစ္ခုေကာင္းတာက မိန္းကေလးေတြလို မိတ္ကပ္ အဝတ္အစားျပင္စရာမလိုတာပင္။
" ေဘဘီ လက္ေဆာင္ဝယ္ထားလား ၊ မေန႔က ငါမွာထားတာေတြေလ "
အခန္းထဲေရာက္ေရာက္ေမးမိတာ အေဖနဲ႔ ဘြားေလးတို႔အတြက္ အိမ္အျပန္ တစ္ခုခုထည့္ေပးဖို႔ရာ ညကမွာထားတဲ့ လက္ေဆာင္ပင္။
" ဝယ္ထားပါတယ္ ခ်စ္ခ်စ္ ရာ အလန္႔တၾကားနဲ႔ ၊ ညကတည္းက ထူးစစ္ပိုင္ တို႔
ကိုတစ္ခါထဲမွာထားၿပီးသား "
"ၿပီးတာပဲ ၊ မဟုတ္ရင္အေဖကို လက္ဗလာနဲ႔ျပန္ခိုင္းရတာ အားနာလို႔ "
အက်ၤ ီခြၽတ္ဖို႔ လည္ပင္းက ၾကယ္သီးကို
ျဖဳတ္ေနတဲ့ မွဴ းခိုင္လက္ေတြကို ေဝလံု ဆြဲတားလိုက္မိသည္။ နံ႔သာေရာင္ ရွပ္လက္ရွည္နဲ႔ ပုဆိုးေလးဝတ္ထားတဲ့ ခ်စ္ခ်စ္က သူနဲ႔ဆင္တူဝတ္ထားတာေတာင္ ပိုၿပီး လွေနလိုက္တာ။
"ဘာလဲ ငါ မေနတက္ဘူး။ ခြၽတ္ေတာ့မယ္"
"ဟင့္အင္ လွေနတာကို ခဏထားလိုက္....မခြၽတ္ေသးနဲ႔ဦး "
ေဘဘီစကားေၾကာင့္ မ်က္ခံုးေတြ တြန္႔ခနဲ။ လွတယ္လို႔ေျပာရင္ လရိပ္က လံုးလံုးမွမႀကိဳက္။ သူမႀကိဳက္တာသိေတာ့ ေဘဘီက ငံု႔ၾကည့္ရင္း ရယ္ျပ၏။
မ်က္မွန္အဝိုင္းေလးနဲ႔ ပါးအိအိေလးေၾကာင့္ လူက စိတ္ဆိုးဖို႔ေမ့သြားျပန္၏
လည္ပင္းက ၾကယ္သီးကိုကိုင္ထားဆဲ
လက္ေတြကို လႊတ္၍ ေဘဘီ့ပါးအိအိဆီသို႔ေျပာင္းကိုင္လိုက္သည္။
အရပ္လည္းရွည္လာတယ္။
လူေလးကလည္း ဘယ္ေလာက္ ခ်စ္စရာေကာင္းလိုက္လဲ။
ေဘဘီ ေကာင္းေကာင္းမြန္မြန္ႀကီးျပင္းလာတာပဲ။
" မင္း ဒီလိုပံုေလး ႀကီးျပင္းလာလိမ့္မယ္လို႔ေမ်ွာ္လင့္ထားၿပီးသားပါ ၊ အေဝးမွာ
ေနခဲ့ရတဲ့ အခ်ိန္ေတြတုန္းက ငါတေန႔တေန႔ မင္း ဘယ္လိုပံုေလး ျဖစ္လာမလဲ။ ဒီခ်ိန္ဆို မင္းအရပ္ကေလးေရာ ရွည္လာေလာက္ၿပီလား ၊ ငါ့ကို သတိေရာရေသးလားဆိုတာ မေတြးမိတဲ့ ရက္မရွိသေလာပဲ။ "
ပါးေလးကို လက္ျဖင့္အသာပြတ္၍
လြမ္းဆြတ္စြာ ဆိုမိသည္။
ေဘဘီကို အမ်ားႀကီး အမ်ားႀကီး လြမ္းခဲ့ရတာ သူအသိဆံုး။
" ကြၽန္ေတာ္ကေတာ့ ခ်စ္ခ်စ္ အသက္ႀကီးလာတဲ့ ပံုေလးေတြကို အၿမဲ ေနာက္ကေနလိုက္ၾကည့္ၿပီး ငယ္ဘဝေတြကို ျဖတ္သန္းခဲ့ရတာဆိုေပမဲ့ အဲ့ဒါပိုဆိုးတယ္။
ျမင္ေနရရက္နဲ႔ မေခၚရတဲ့ အေျခေနေလ ။ ကြၽန္ေတာ္တကယ္ မႀကိဳက္ဘူး။ "
"မုန္းတယ္ "
"ငါ့ကိုလား "
နား႐ြက္ဖ်ားေတြဆြဲ၍ လရိပ္ မေက်နပ္စြာေမး၏။ ေဘဘီကလည္း ရူ႕တည္တည္ျပန္ၾကည့္၍ မေခၚဘူးဆိုတဲ့ ပံုစံနဲ႔ မ်က္နွာကို ေဘးကိုေစာင္းသြားသည္။
ေဟာ အရင္က အၾကာင္းေတြ ျပန္ေတြးၿပီး စိတ္ေကာက္ဖို႔ အခုမွသတိရသြားတဲ့ပံု။
" ေဘဘီ မင္း အရမ္းေခ်ာလာတယ္ "
မ်က္နွာလွည့္ထားေပမဲ့ ေဘဘီကိုယ္လံုးက လရိပ္နဲ႔ မ်က္နွာခ်င္းဆိုင္အေနအထားမွာ။ နံ႔သာေရာင္က ေဘဘီ ရဲ႕ ျဖဴေဖြးေနေသာ အသားေအာက္မွာ အေရာင္မွိန္သြားသေယာင္။ ဘာဝတ္ဝတ္ ဒီကေလးၾကည့္ေကာင္းေပမဲ့ ျမန္မာဝတ္စံုနဲ႔က် တကယ့္ ကေလးေလးလိုပင္။
အရုပ္ကေလးလိုသာ တယုတယ ပိုက္ထားခ်င္ေလာက္ေအာင္ထိ ေဘဘီက
အသည္းယားစရာေလးျဖစ္ေနသည္။
ဒါေလးကို ခ်စ္လြန္းလို႔ ဘယ္မွာ သိမ္းထားရင္ေကာင္းမလဲ။
" နမ္းခ်င္တယ္ "
စကားဆံုးေတာ့ ေဘဘီလည္ပင္းေတြ
ျပန္လွည့္မလာသးေပမဲ့ သူ႔နႈတ္ခမ္းေလးဖိကိုက္လိုက္တာကို ျမင္လိုက္ရသည္။
စိတ္ေျပေနၿပီသားနဲ႔ မာယာစိန္ လုပ္ေနေသးတာမို႔ ျမင္ေနရတဲ့ လည္ပင္းျဖဴ ျဖဴ ေတြကို ဆြဲကိုက္ပစ္လိုက္သည္။
ပုခံုးေပၚေရာက္လာတဲ့ လက္ေတြနဲ႔ တြန္႔ခနဲ ျဖစ္သြားတဲ့ ေဘဘီကိုယ္လံုးေလး။
" ခ်စ္ခ်စ္ နာခ်င္ေနၿပီလား "
ေနာက္ဆံုးေတာ့ ေဘဘီ စိတ္ဆိုးေျပသြားၿပီ။ နီရဲေနတဲ့ လည္ပင္းကို ၾကည့္ရင္း
ေခါင္းညိမ့္ျပလိုက္သည္။
" အင္း နာခ်င္ေနၿပီ "
"ဟာ ခ်စ္ခ်စ္ရာ ခင္ဗ်ားေတာ့ ။ ေတာ္ၿပီ အေဖတို႔ကို ေလဆိပ္ လိုက္ပို႔ဖို႔ စီစဥ္ၿပီးရင္ လရိပ္မွဴ းခိုင္ ခင္ဗ်ားနဲ႔ေတြ႕မယ္ "
အက်ၤ ီေတာင္္မလဲေတာ့ပဲ ေဘဘီ တလႊားလႊားနဲ႔ အခန္းထဲကျပန္ထြက္သြား၏။
လရိပ္ သေဘာက်ရယ္ေမာကာ
ေပါ့ပါးတဲ့ အဝတ္အစား တစ္စံု လဲဖို႔ထုတ္လိုက္သည္။ သူတို႔နွစ္ေယာက္ အခု ေဘဘီေနတဲ့ အိမ္ႀကီးဆီျပန္ေရာက္ေနခဲ့ၾကတာျဖစ္သည္။
Condoကိုေတာ့ ဒီတိုင္းေသာ့ပိတ္ထားလိုက္ရသည္။ ျပန္ေရာင္းဖို႔ ေဘဘီကိုေတာ့ေပာရဦးမည္။ မဟုတ္ေတာင္ ၂ေယာက္ထဲမို႔
ေနဖို႔အမ်ားႀကီးမလိုအပ္ေပ။ အေဖ လက္ဖြဲ႕ေပးတဲ့ အိမ္ကိုလည္း အေဖ့ကို ျပန္အပ္ေပမဲ့ အေဖက လက္မခံခဲ့သည္မို႔
လရိပ္ပဲယူထားလိုက္ရသည္။
တစ္ဖက္က တီေလးနဲ႔လရိပ္ ငယ္ငယ္က အတူေနခဲ့တဲ့ အိမ္ေဟာင္းေလးကို ၾကည့္ရင္း
တီေလးကို သတိရမိတာ သားဖနွစ္ေယာက္လံုးပင္။
ေဘဘီနဲ႔ ဦးေကာင္းလံုကို တကယ္ေက်းဇူးတင္မိသည္။ အမွတ္တရမ်ားစြာရွိတဲ့
တီေလးအိမ္ေလးကို တျခားသူဆီ လရိပ္မေပးနိုင္တာေတာ့အမွန္ပင္ျဖစ္သည္။
______
" အေဖ ဂရုတစိုက္ျပန္ပါဗ် ၊ ကြၽန္ေတာ္ မွဴ းခိုင္နဲ႔ အတူ မၾကာမၾကာ လာလည္ပါ့မယ္"
"အင္း မင္းလည္း လိမ္လိမ္မာမာေန။ ငါ့သားကို တအားဆိုးမေနနဲ႔ "
ေယာက္ခထီးဆီက စကားေၾကာင့္
ေဝလံု မ်က္နွာရဲခနဲ။
" အေဖကလည္း ကြၽန္ေတာ္ လိမ္မာပါတယ္ဗ် ။ ဆိုးရေအာင္ ကေလးလည္းမဟုတ္ "
စူပုတ္ပုတ္ျပန္ေျပာေနတဲ့ ေကာင္ေလးေၾကာင့္ ဦးသီဟခိုင္ ေခါင္းရမ္းလိုက္ၿပီး အသင့္ဖြင့္ေပးထားတဲ့ ကားေပၚတက္လိုက္သည္။ ဘယ္ရူ ႔ေထာင့္ကပဲၾကည့္ၾကည့္ ၁၉နွစ္ဆိုတဲ့ အ႐ြယ္က ကေလးပဲမို႔လား။
" သြားၿပီလို႔ လရိပ္ကို ေျပာလိုက္ဦး "
" မွဴ းခိုင္ကို နႈတ္ဆက္သြားဦးေလ ။ ကြၽန္ေတာ္သြားေခၚဦးမယ္ ေရခ်ိဳးေနလို႔ ၾကာ..."
" ဟိတ္ေကာင္ေလး သြားမေခၚနဲ႔ေတာ့ ငါသြားေတာ့မယ္။ သြားၿပီလို႔သာေျပာလိုက္ ။ ေမာင္းေတာ့ "
ကားေမာင္းတဲ့ေကာင္ေလးကို မ်က္စ ပစ္ကာ အလ်ွင္အျမန္ေမာင္းခိုင္းလိုက္ရသည္။ အိမ္ေပါက္ဝ မွာ ေယာင္နနက်န္ခဲ့တဲ့ကာင္ေလးကို ၾကည့္ၿပီး မေနနိုင္မထိုင္နိုင္ရယ္မိေသးတယ္။
ပူပူေႏြးေႏြး လက္ထက္ထားတဲ့ လင္မယားအိမ္မွာ အေဖလုပ္သူက ဘယ္မ်က္နွာနဲ႔ ထိုင္ေနရမွာလဲ။ လရိပ္ကိုေတာင္ မ်က္နွာခ်င္းဆိုင္ဖို႔ဝန္ေလးေနတာမို႔ မနႈတ္ဆက္ခဲ့လိုက္ေတာ့ဘူး။ သူတင္ပဲ အျမန္ေျပးခဲ့သလားဆိုေတာ့မဟုတ္။ ဟို အပ်ိဳႀကီးမမလည္း ေတာင္ႀကီးျပန္ေျပးတာမွ ခ်က္ျခင္း။
ၿပီးေတာ့ သမက္အတြက္လည္း စိတ္မေကာင္းျဖစ္မိလို႔ပင္။ သားအတြက္ေတာ့ေက်နပ္လိုက္ရပါသည္။
ဖိုက္တင္း ငါ့သမက္ေရ မဂၤလာဦးေန႔အတြက္ မင္းအဆင္ေျပပါေစ။
မ်က္လံုးထဲ ျဖဴႏုႏု ေကာင္ေလးမ်က္နွာေတြးမိေတာ့ လရိပ္အတြက္ ဂုဏ္ယူလိုက္ေသးသည္။
အင္း.. ဖေအဆိုေတာ့လည္း ကိုယ့္သားသမီးကို အေကာင္းဖက္ကပဲေတြးေပးခ်င္တာမ်ိဳးေပါ့။
_________
" ေဘဘီ အေဖ နဲ႔ ဘြားေလးေရာ "
တိတ္ဆိတ္ေနတဲ့ အိမ္ႀကီးေၾကာင့္ လရိပ္
ေဝ့ၾကည့္ကာ အေအးခြက္ကိုကိုင္လာတဲ့
ေဘဘီ့ကို လွမ္းေမးလိုက္သည္။ ေရခ်ိဳးေနတုန္းခဏကို အျပင္ေရာက္ေတာ့ တစ္ေယာက္မွမရွိေတာ့။
" ျပန္ကုန္ၿပီ ၊ ေရာ႕ အေအးေလးေသာက္လိုက္"
"အမ္ ! ခ်က္ျခင္းႀကီး ။ မင္းငါ့လည္းလာမေခၚဘူး "
အေအးခြက္ကို လွမ္းယူရင္း ေဘဘီေက်နပ္ေအာင္ ေမာ့ေသာက္လိုက္ရ၏။ စိတ္ထဲမွာေတာ့ နႈတ္ဆက္မသြားတဲ့ အေဖ့ကို မေက်မနပ္ျဖစ္ေနရသည္။
" ေလဆိပ္မွာ အေဖ့မိတ္ေဆြနဲ႔ စကားေျပာစရာရွိလို႔တဲ့။ "
"ဒါဆို ဘြားေလးကေရာ "
" ဘြားေလးေရာ အေဖေရာ ျပန္ၿပီ။
ဒီအိမ္ႀကီးမွာ မွဴ းခိုင္နဲ႔ ဒီက လံုလံုေလးပဲ က်န္ေတာ့တယ္။ ကုန္ေအာင္ ေမာ့ေသာက္လိုက္။ "
အနည္းငယ္သာ က်န္ေတာ့တဲ့ လိေမၼာ္ရည္ခြက္ကို အတင္းေသာက္ခိုင္းေနျပန္တာမို႔ မ်က္ေစာင္းထို႔၍ ေမာ့ရျပန္သည္။
" ဒီမွာ ကုန္ ..ပလုတ္တုတ္ႀကီး"
ေပြ႕ခ်ီလိုက္တာ ေဆြ႕ခနဲ။
ဖန္ခြက္ကို တင္းတင္းဆုပ္လ်က္ ေအာ္လိုက္မိတာ အလန္႔တၾကားပင္။
ကိုယ္ေအာ္တဲ့ပံု ကိုပင္သေဘာက်သြားသည္ထင္ တဟားဟား ရယ္ေနေသးတာမို႔ လက္ေမာင္းကို လက္သီးနဲ႔ထုကာ
" ျပန္ခ်စမ္း သက္ငယ္ေဝလံု ။
ခ်ီးေပါက္ေကာင္ ...ငါ့ကိုလန္႔ေအာင္လုပ္ရတာကိုေပ်ာ္ေနတယ္ေပါ့ ဟုတ္လား "
" လြတ္ခ်လိုက္မယ္ေနာ္ ၿငိမ္ၿငိမ္ေန "
လႊတ္ခ်သေယာင္ ျပဳ သည္မို႔ လည္ပင္းကို အလ်ွင္အျမန္ဖက္က လရိပ္ၿငိမ္လိုက္ရသည္။ တလႊားလႊားနဲ႔ အိမ္ေပၚထပ္ေလွကားေတြကို ေပြ႕ရက္အတိုင္း မခ်ီ သြားတာမို႔ ျပဳတ္က်မွာလည္းစိုးရသည္။
လရိပ္လည္း အရပ္ရွည္တဲ့အထဲပါေပမဲ့
ေဘဘီကေတာ့ ေလးအံ့မထင္ ။ ခ်ီသြားတာမွ သစ္႐ြက္ကေလးအတိုင္းပင္။
" အာ့ ျဖည္းျဖည္းလုပ္ေလ "
ေမြ့ရာေပၚပစ္ခ်လိုက္တာေၾကာင့္ လူက မနာေသာ္ျငား ရင္ထဲေအးခနဲ ျဖစ္သြား၏။
" နာခ်င္တယ္ဆို "
လရိပ္ကိုယ္ေပၚကေန လက္ေထာက္အုပ္မိုး၍ တိုးဖြဖြနဲ႔ လူကို မထိတထိစေနသည္။ လရိပ္ ေဘဘီကို မ်က္ေမွာင္ကုတ္ၿပီးျပန္ၾကည့္ၿပီးလ်ွင္ ...
" ေမ့သြားၿပီ "
"ဟား လရိပ္မွဴ းခိုင္ကေတာ့ အသည္းေတြယားေအာင္ လုပ္ေနတယ္ေပါ့ဟုတ္လား "
နွာေခါင္းနဲ႔ ပါးျပင္တေလ်ွာက္လိုက္ပြတ္ေနတာမို႔ ရင္ဘတ္ကို လက္နဲ႔တြန္း၍ တားေနရသည္။
" ေဘဘီ ေန႔ခင္းပဲရွိေသးတယ္။ ဖယ္စမ္း
ေရလည္းမခ်ိဳးေသးပဲ ငါ့နားမကပ္နဲ႔ "
" ေနခင္း လည္းဘာျဖစ္လဲ ။ လာစမ္း မွဴ းခိုင္"
အိပ္ယာေပၚကေန အတင္းရုန္းထြက္ေနတဲ့ လရိပ္တစ္ေယာက္ ဆြဲ၍ ေအာက္ကိုျပန္ပို႔ကာ လည္ပင္းၾကားေတြကိုမ်က္နွာအပ္ခံလိုက္ရသည္။ ယားစိစိခံစားခ်က္ေၾကာင့္ လူကမေနတက္မထိုင္တက္ျဖစ္ေစကဲ့သို႔။
" အာ့ ေဘဘီ ..ေဘဘီ မကိုက္နဲ႔ ဖယ္..ဖယ္စမ္း"
နမ္းရႈံ႕ခံလိုက္ရေသာ လည္ပင္းနွင့္ ပါးျပင္ေတြတေလ်ွာက္နီေစြးမူ႔ေတြက အနီေရာင္ အတန္းလိုက္။
ေဘဘီက စကားနားမေထာင္တဲ့ ကေလးဆိုးေလးျဖစ္သည္။
တိုးတိတ္ေသာ ညီးျငဴ းသံသဲ့သဲ့က
ေဘဘီအေပၚ အလိုလိုက္ျခင္း နည္းလမ္းမ်ားအလား။
ခပ္ပါးပါးေလေၾကာင့္ လိုက္ကာစေလး လႊင့္သြားသလို သစ္႐ြက္စိမ္းေလးေတြလည္းလႈပ္လီလႈပ္လဲ့။
ခ်စ္ျခင္းဟူသည္ ဘယ္သို႔ေသာ ေပးစပ္မူ႔ျဖင့္ လွပေစနိုင္အံ့နည္း။
ေဝးကြာတဲ့ ေန႔ဆိုတာ သက္ငယ္ေဝလံုနဲ႔
လရိပ္မွဴ းခိုင္ဘဝမွာ မရွိေတာ့ေပ။
နွလံုးေသြးနဲ႔ေရးထိုးလိုက္သလို လက္မွတ္ တစ္ခုဟာ အရာထင္ခဲ့ၿပီ။
ဘယ္ေတာ့မွ ထြက္သြားခြင့္မရွိေတာ့ဘူးဆိုတာ လရိပ္မွဴ းခိုင္သိပါေလစ။
တကယ္ပါ ..လံုလံု ေလ ခ်စ္ခ်စ္ကို
ရူးေလာက္ေအာင္ကို ခ်စ္မိသြားတာ....
ခ်စ္တဲ့အိမ္စည္။
( လိုအပ္ခ်က္မ်ားစြာျဖင့္ ၿပီးသြားခဲ့ပါၿပီ ။
အၿမဲ ေစာင့္ေမ်ွာ္ေပးၾကတဲ့ ၊ ဖတ္ရူ႕ေပးၾကတဲ့ တစ္ဦးတစ္ေယာက္ျခင္းအတြက္ အမ်ားႀကီး အမ်ားႀကီး ေက်းဇူးတင္ပါတယ္ ။
ဒီတေလာ စိတ္ေရာ လူေရာ ပင္ပန္းခဲ့တာမို႔ စာေရးတာကို အနည္းငယ္ရပ္ဆိုင္းခဲ့ရပါတယ္။ အခ်ိန္ေတြ အမ်ားႀကီး ယူမိသလို ျဖစ္ခဲ့အတြက္ ေတာင္းပန္ခ်င္ခဲ့တာပါ။
နွလံုးေသြးေၾကာက်ဥ္းခ်င္သလို ျဖစ္ေနလို႔ စာထဲ စိတ္နွစ္မယ္ႀကံရင္ လူကေမာေမာေနတယ္။
အဲ့ဒါေၾကာင့္ ဖတ္ရတာ နည္းနည္းေတာ့ အဆင္ေျပမယ္မထင္ဘူး ။
ဒါေပမဲ့ ေနာက္ficေတြမွာ ခုထပ္ ပိုၿပီး ႀကိဳးစားပါ့မယ္။
စကားေတြ အမ်ားႀကီးမေျပာျဖစ္ေပမဲ့ အကုန္လံုးကို ခ်စ္တယ္ဆိုတာေတာ့ ယံုေပးပါ။ ေနာက္ထပ္ fic အသစ္တစ္ပုဒ္နဲ႔အတူ မၾကာခင္ ျပန္လာခဲ့ပါ့မယ္)
" တစ်ဦး အပေါ် တစ်ဦး ကြင်ကြင်နာနာ ဆက်ဆံကြ၊ ရန်ဖြစ်တာ ဘာညာ ပြန်မကြားချင်ဘူး ၊ လိုအပ်တာရှိရင်လည်း ဘွားလေးဆီ လှမ်းပြော ။ "
လရိပ်နဲ့ ဝေလုံ လက်အုပ်ချီ ထားလျက်
ခေါင်းညိမ့်ပြလိုက်သည်။ ဘွားလေး ၊
အဖေ ရော ဆုတွေ တသီကြီးပေးကြပေမဲ့
လူက ဘာကိုဝမ်းနည်းနေမှန်းမသိအောင်
မျက်ရည်တလည်လည် ဖြစ်နေသည်။
ပုံမှန်ဆို လရိပ်က စိတ်ပျော့သူမဟုတ်ပေ။
ဘေဘီကတော့ ဘေးမှာ မျက်လွှာချလျက်
ပြောစကားနားထောင်နေပါသော်ငြား
ကိုယ်က အကြီးဖြစ်ပြီး မျက်ရည်ကျချင်နေတာ အနည်းငယ်တော့ရှက်စရာကောင်းနေသလို။
ကလေးလည်းမဟုတ်ပဲ ဆုံးမ စကားကြားရုံဖြင့် ဝမ်းနည်းဝမ်းသာ တမျိုးကြီးဖြစ်နေသည်။
မင်္ဂလာဆောင် မဟုတ်ပဲ မင်္ဂလာ လက်မှတ်ထိုးပွဲ အဖြစ်သာ ဘေဘီက ကျင်းပစေခဲ့သည်။ အကြောင်းပြချက်မှာ လူအများကြီးရှေ့ လရိပ်ကို ထုတ်မပြချင်သည်ဟုဆိုတာပင်။
တသက်လုံး ဖွက်ထားမဲ့ သဘောအထိ ပြောလာတာမို့ ညကလည်းစကားများရသေး၏။
" အဖေကတော့ လရိပ်ကို ယုံပြီးသားဆိုတော့ ထွေထွေထူးထူး မဆုံးမတော့ဘူး။
သား အိမ်ထောင်ရေးကို အကောင်းဆုံး တည်ထောင်နိုင်မယ်ဆိုတာ အဖေသိတယ်။ အဲ့ဒါကြောင့်နားလည်မူ့ရှိရှိနဲ့ ချစ်ချစ်ခင်ခင် နေကြပါ။ "
"ဟုတ်ကဲ့"
တိုးလျတဲ့ အသံမှာ ငိုသံအနည်းငယ်ဖြတ်ပြေးသွားတော့ ဘေဘီက ခေါင်းစောင်းကြည့်၏။ ထို့နောက် အဖေနဲ့ ဘွားလေးကို မြန်မြန်ဆန်ဆန် ကန်တော့ကာ ထိုင်ရာမှ လက်ဆွဲ၍ ထစေ၏။
" အဖေ ဘယ်ချိန်ပြန်မှာလဲ "
"လေယာဉ်ချိန်က နောက် ၂နာရီလောက်တော့ လိုသေးတယ်။ ကြိုသွားရမယ်ထင်တယ် "
" ဟုတ်တယ် အဖေ၊ ကြိုသွားမှ ရမှာ အဖေ ခဏနားအုံးမလား။ ကျွန်တော် ထူးစစ်ပိုင်တို့ကို လိုက်ပို့ဖို့ စီစဉ်ခိုင်းထားလိုက်မယ်။ ဘွားလေးကရော "
"ငါလည်း ခဏနေပြန်မှာ ၊ စိမ်းမြဝေမှာ ငါမရှိရင်မဖြစ်ဘူး။ မင်းကြောင့်သာ ဒီမှာ ရက်ကြာကြာနေဖူးတာ မဟုတ်ရင် စိမ်းမြဝေ ကနေခြေတစ်လှမ်းတောင်ခွာလို့ရတာမဟုတ်ဘူး "
ဘွားလေးစကားကြောင့် လရိပ်ကရယ်မိပေမဲ့ ဘေဘီကတော့ နှာခေါင်းတရှုံ့ရှုံဖြင့်။
စိမ်းမြဝေ ဆိုတာတောင်ကြီးမှာ ဘွားလေးတို့ ပိုင်တဲ့ လုပ်ငန်းပင်ဖြစ်သည်။
ဘာအလုပ်လုပ်သလဲ လရိပ်မသိပေမဲ့
ဘွားလေးက ချမ်းသာပြီးတောင်ကြီးမြို့မျက်နှာဖုံးများဖြစ်ကြတာတော့သိသည်။
ကမန်းကတမ်း လိုက်လာခဲ့ရသလို လက်မှတ်ထိုးဖို့လည်း အလျှင်အမြန်စီစဉ်ပေးရသေးသည်။ တစ်ခုကောင်းတာက မိန်းကလေးတွေလို မိတ်ကပ် အဝတ်အစားပြင်စရာမလိုတာပင်။
" ဘေဘီ လက်ဆောင်ဝယ်ထားလား ၊ မနေ့က ငါမှာထားတာတွေလေ "
အခန်းထဲရောက်ရောက်မေးမိတာ အဖေနဲ့ ဘွားလေးတို့အတွက် အိမ်အပြန် တစ်ခုခုထည့်ပေးဖို့ရာ ညကမှာထားတဲ့ လက်ဆောင်ပင်။
" ဝယ်ထားပါတယ် ချစ်ချစ် ရာ အလန့်တကြားနဲ့ ၊ ညကတည်းက ထူးစစ်ပိုင် တို့
ကိုတစ်ခါထဲမှာထားပြီးသား "
"ပြီးတာပဲ ၊ မဟုတ်ရင်အဖေကို လက်ဗလာနဲ့ပြန်ခိုင်းရတာ အားနာလို့ "
အင်္ကျီချွတ်ဖို့ လည်ပင်းက ကြယ်သီးကို
ဖြုတ်နေတဲ့ မှူးခိုင်လက်တွေကို ဝေလုံ ဆွဲတားလိုက်မိသည်။ နံ့သာရောင် ရှပ်လက်ရှည်နဲ့ ပုဆိုးလေးဝတ်ထားတဲ့ ချစ်ချစ်က သူနဲ့ဆင်တူဝတ်ထားတာတောင် ပိုပြီး လှနေလိုက်တာ။
"ဘာလဲ ငါ မနေတက်ဘူး။ ချွတ်တော့မယ်"
"ဟင့်အင် လှနေတာကို ခဏထားလိုက်....မချွတ်သေးနဲ့ဦး "
ဘေဘီစကားကြောင့် မျက်ခုံးတွေ တွန့်ခနဲ။ လှတယ်လို့ပြောရင် လရိပ်က လုံးလုံးမှမကြိုက်။ သူမကြိုက်တာသိတော့ ဘေဘီက ငုံ့ကြည့်ရင်း ရယ်ပြ၏။
မျက်မှန်အဝိုင်းလေးနဲ့ ပါးအိအိလေးကြောင့် လူက စိတ်ဆိုးဖို့မေ့သွားပြန်၏
လည်ပင်းက ကြယ်သီးကိုကိုင်ထားဆဲ
လက်တွေကို လွှတ်၍ ဘေဘီ့ပါးအိအိဆီသို့ပြောင်းကိုင်လိုက်သည်။
အရပ်လည်းရှည်လာတယ်။
လူလေးကလည်း ဘယ်လောက် ချစ်စရာကောင်းလိုက်လဲ။
ဘေဘီ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတာပဲ။
" မင်း ဒီလိုပုံလေး ကြီးပြင်းလာလိမ့်မယ်လို့မျှော်လင့်ထားပြီးသားပါ ၊ အဝေးမှာ
နေခဲ့ရတဲ့ အချိန်တွေတုန်းက ငါတနေ့တနေ့ မင်း ဘယ်လိုပုံလေး ဖြစ်လာမလဲ။ ဒီချိန်ဆို မင်းအရပ်ကလေးရော ရှည်လာလောက်ပြီလား ၊ ငါ့ကို သတိရောရသေးလားဆိုတာ မတွေးမိတဲ့ ရက်မရှိသလောပဲ။ "
ပါးလေးကို လက်ဖြင့်အသာပွတ်၍
လွမ်းဆွတ်စွာ ဆိုမိသည်။
ဘေဘီကို အများကြီး အများကြီး လွမ်းခဲ့ရတာ သူအသိဆုံး။
" ကျွန်တော်ကတော့ ချစ်ချစ် အသက်ကြီးလာတဲ့ ပုံလေးတွေကို အမြဲ နောက်ကနေလိုက်ကြည့်ပြီး ငယ်ဘဝတွေကို ဖြတ်သန်းခဲ့ရတာဆိုပေမဲ့ အဲ့ဒါပိုဆိုးတယ်။
မြင်နေရရက်နဲ့ မခေါ်ရတဲ့ အခြေနေလေ ။ ကျွန်တော်တကယ် မကြိုက်ဘူး။ "
"မုန်းတယ် "
"ငါ့ကိုလား "
နားရွက်ဖျားတွေဆွဲ၍ လရိပ် မကျေနပ်စွာမေး၏။ ဘေဘီကလည်း ရူ့တည်တည်ပြန်ကြည့်၍ မခေါ်ဘူးဆိုတဲ့ ပုံစံနဲ့ မျက်နှာကို ဘေးကိုစောင်းသွားသည်။
ဟော အရင်က အကြာင်းတွေ ပြန်တွေးပြီး စိတ်ကောက်ဖို့ အခုမှသတိရသွားတဲ့ပုံ။
" ဘေဘီ မင်း အရမ်းချောလာတယ် "
မျက်နှာလှည့်ထားပေမဲ့ ဘေဘီကိုယ်လုံးက လရိပ်နဲ့ မျက်နှာချင်းဆိုင်အနေအထားမှာ။ နံ့သာရောင်က ဘေဘီ ရဲ့ ဖြူဖွေးနေသော အသားအောက်မှာ အရောင်မှိန်သွားသယောင်။ ဘာဝတ်ဝတ် ဒီကလေးကြည့်ကောင်းပေမဲ့ မြန်မာဝတ်စုံနဲ့ကျ တကယ့် ကလေးလေးလိုပင်။
အရုပ်ကလေးလိုသာ တယုတယ ပိုက်ထားချင်လောက်အောင်ထိ ဘေဘီက
အသည်းယားစရာလေးဖြစ်နေသည်။
ဒါလေးကို ချစ်လွန်းလို့ ဘယ်မှာ သိမ်းထားရင်ကောင်းမလဲ။
" နမ်းချင်တယ် "
စကားဆုံးတော့ ဘေဘီလည်ပင်းတွေ
ပြန်လှည့်မလာသးပေမဲ့ သူ့နှုတ်ခမ်းလေးဖိကိုက်လိုက်တာကို မြင်လိုက်ရသည်။
စိတ်ပြေနေပြီသားနဲ့ မာယာစိန် လုပ်နေသေးတာမို့ မြင်နေရတဲ့ လည်ပင်းဖြူ ဖြူ တွေကို ဆွဲကိုက်ပစ်လိုက်သည်။
ပုခုံးပေါ်ရောက်လာတဲ့ လက်တွေနဲ့ တွန့်ခနဲ ဖြစ်သွားတဲ့ ဘေဘီကိုယ်လုံးလေး။
" ချစ်ချစ် နာချင်နေပြီလား "
နောက်ဆုံးတော့ ဘေဘီ စိတ်ဆိုးပြေသွားပြီ။ နီရဲနေတဲ့ လည်ပင်းကို ကြည့်ရင်း
ခေါင်းညိမ့်ပြလိုက်သည်။
" အင်း နာချင်နေပြီ "
"ဟာ ချစ်ချစ်ရာ ခင်ဗျားတော့ ။ တော်ပြီ အဖေတို့ကို လေဆိပ် လိုက်ပို့ဖို့ စီစဉ်ပြီးရင် လရိပ်မှူးခိုင် ခင်ဗျားနဲ့တွေ့မယ် "
အင်္ကျီတောင်မလဲတော့ပဲ ဘေဘီ တလွှားလွှားနဲ့ အခန်းထဲကပြန်ထွက်သွား၏။
လရိပ် သဘောကျရယ်မောကာ
ပေါ့ပါးတဲ့ အဝတ်အစား တစ်စုံ လဲဖို့ထုတ်လိုက်သည်။ သူတို့နှစ်ယောက် အခု ဘေဘီနေတဲ့ အိမ်ကြီးဆီပြန်ရောက်နေခဲ့ကြတာဖြစ်သည်။
Condoကိုတော့ ဒီတိုင်းသော့ပိတ်ထားလိုက်ရသည်။ ပြန်ရောင်းဖို့ ဘေဘီကိုတော့ပောရဦးမည်။ မဟုတ်တောင် ၂ယောက်ထဲမို့
နေဖို့အများကြီးမလိုအပ်ပေ။ အဖေ လက်ဖွဲ့ပေးတဲ့ အိမ်ကိုလည်း အဖေ့ကို ပြန်အပ်ပေမဲ့ အဖေက လက်မခံခဲ့သည်မို့
လရိပ်ပဲယူထားလိုက်ရသည်။
တစ်ဖက်က တီလေးနဲ့လရိပ် ငယ်ငယ်က အတူနေခဲ့တဲ့ အိမ်ဟောင်းလေးကို ကြည့်ရင်း
တီလေးကို သတိရမိတာ သားဖနှစ်ယောက်လုံးပင်။
ဘေဘီနဲ့ ဦးကောင်းလုံကို တကယ်ကျေးဇူးတင်မိသည်။ အမှတ်တရများစွာရှိတဲ့
တီလေးအိမ်လေးကို တခြားသူဆီ လရိပ်မပေးနိုင်တာတော့အမှန်ပင်ဖြစ်သည်။
______
" အဖေ ဂရုတစိုက်ပြန်ပါဗျ ၊ ကျွန်တော် မှူးခိုင်နဲ့ အတူ မကြာမကြာ လာလည်ပါ့မယ်"
"အင်း မင်းလည်း လိမ်လိမ်မာမာနေ။ ငါ့သားကို တအားဆိုးမနေနဲ့ "
ယောက်ခထီးဆီက စကားကြောင့်
ဝေလုံ မျက်နှာရဲခနဲ။
" အဖေကလည်း ကျွန်တော် လိမ်မာပါတယ်ဗျ ။ ဆိုးရအောင် ကလေးလည်းမဟုတ် "
စူပုတ်ပုတ်ပြန်ပြောနေတဲ့ ကောင်လေးကြောင့် ဦးသီဟခိုင် ခေါင်းရမ်းလိုက်ပြီး အသင့်ဖွင့်ပေးထားတဲ့ ကားပေါ်တက်လိုက်သည်။ ဘယ်ရူ့ ထောင့်ကပဲကြည့်ကြည့် ၁၉နှစ်ဆိုတဲ့ အရွယ်က ကလေးပဲမို့လား။
" သွားပြီလို့ လရိပ်ကို ပြောလိုက်ဦး "
" မှူးခိုင်ကို နှုတ်ဆက်သွားဦးလေ ။ ကျွန်တော်သွားခေါ်ဦးမယ် ရေချိုးနေလို့ ကြာ..."
" ဟိတ်ကောင်လေး သွားမခေါ်နဲ့တော့ ငါသွားတော့မယ်။ သွားပြီလို့သာပြောလိုက် ။ မောင်းတော့ "
ကားမောင်းတဲ့ကောင်လေးကို မျက်စ ပစ်ကာ အလျှင်အမြန်မောင်းခိုင်းလိုက်ရသည်။ အိမ်ပေါက်ဝ မှာ ယောင်နနကျန်ခဲ့တဲ့ကာင်လေးကို ကြည့်ပြီး မနေနိုင်မထိုင်နိုင်ရယ်မိသေးတယ်။
ပူပူနွေးနွေး လက်ထက်ထားတဲ့ လင်မယားအိမ်မှာ အဖေလုပ်သူက ဘယ်မျက်နှာနဲ့ ထိုင်နေရမှာလဲ။ လရိပ်ကိုတောင် မျက်နှာချင်းဆိုင်ဖို့ဝန်လေးနေတာမို့ မနှုတ်ဆက်ခဲ့လိုက်တော့ဘူး။ သူတင်ပဲ အမြန်ပြေးခဲ့သလားဆိုတော့မဟုတ်။ ဟို အပျိုကြီးမမလည်း တောင်ကြီးပြန်ပြေးတာမှ ချက်ခြင်း။
ပြီးတော့ သမက်အတွက်လည်း စိတ်မကောင်းဖြစ်မိလို့ပင်။ သားအတွက်တော့ကျေနပ်လိုက်ရပါသည်။
ဖိုက်တင်း ငါ့သမက်ရေ မင်္ဂလာဦးနေ့အတွက် မင်းအဆင်ပြေပါစေ။
မျက်လုံးထဲ ဖြူနုနု ကောင်လေးမျက်နှာတွေးမိတော့ လရိပ်အတွက် ဂုဏ်ယူလိုက်သေးသည်။
အင်း.. ဖအေဆိုတော့လည်း ကိုယ့်သားသမီးကို အကောင်းဖက်ကပဲတွေးပေးချင်တာမျိုးပေါ့။
_________
" ဘေဘီ အဖေ နဲ့ ဘွားလေးရော "
တိတ်ဆိတ်နေတဲ့ အိမ်ကြီးကြောင့် လရိပ်
ဝေ့ကြည့်ကာ အအေးခွက်ကိုကိုင်လာတဲ့
ဘေဘီ့ကို လှမ်းမေးလိုက်သည်။ ရေချိုးနေတုန်းခဏကို အပြင်ရောက်တော့ တစ်ယောက်မှမရှိတော့။
" ပြန်ကုန်ပြီ ၊ ရော့ အအေးလေးသောက်လိုက်"
"အမ် ! ချက်ခြင်းကြီး ။ မင်းငါ့လည်းလာမခေါ်ဘူး "
အအေးခွက်ကို လှမ်းယူရင်း ဘေဘီကျေနပ်အောင် မော့သောက်လိုက်ရ၏။ စိတ်ထဲမှာတော့ နှုတ်ဆက်မသွားတဲ့ အဖေ့ကို မကျေမနပ်ဖြစ်နေရသည်။
" လေဆိပ်မှာ အဖေ့မိတ်ဆွေနဲ့ စကားပြောစရာရှိလို့တဲ့။ "
"ဒါဆို ဘွားလေးကရော "
" ဘွားလေးရော အဖေရော ပြန်ပြီ။
ဒီအိမ်ကြီးမှာ မှူးခိုင်နဲ့ ဒီက လုံလုံလေးပဲ ကျန်တော့တယ်။ ကုန်အောင် မော့သောက်လိုက်။ "
အနည်းငယ်သာ ကျန်တော့တဲ့ လိမ္မော်ရည်ခွက်ကို အတင်းသောက်ခိုင်းနေပြန်တာမို့ မျက်စောင်းထို့၍ မော့ရပြန်သည်။
" ဒီမှာ ကုန် ..ပလုတ်တုတ်ကြီး"
ပွေ့ချီလိုက်တာ ဆွေ့ခနဲ။
ဖန်ခွက်ကို တင်းတင်းဆုပ်လျက် အော်လိုက်မိတာ အလန့်တကြားပင်။
ကိုယ်အော်တဲ့ပုံ ကိုပင်သဘောကျသွားသည်ထင် တဟားဟား ရယ်နေသေးတာမို့ လက်မောင်းကို လက်သီးနဲ့ထုကာ
" ပြန်ချစမ်း သက်ငယ်ဝေလုံ ။
ချီးပေါက်ကောင် ...ငါ့ကိုလန့်အောင်လုပ်ရတာကိုပျော်နေတယ်ပေါ့ ဟုတ်လား "
" လွတ်ချလိုက်မယ်နော် ငြိမ်ငြိမ်နေ "
လွှတ်ချသယောင် ပြု သည်မို့ လည်ပင်းကို အလျှင်အမြန်ဖက်က လရိပ်ငြိမ်လိုက်ရသည်။ တလွှားလွှားနဲ့ အိမ်ပေါ်ထပ်လှေကားတွေကို ပွေ့ရက်အတိုင်း မချီ သွားတာမို့ ပြုတ်ကျမှာလည်းစိုးရသည်။
လရိပ်လည်း အရပ်ရှည်တဲ့အထဲပါပေမဲ့
ဘေဘီကတော့ လေးအံ့မထင် ။ ချီသွားတာမှ သစ်ရွက်ကလေးအတိုင်းပင်။
" အာ့ ဖြည်းဖြည်းလုပ်လေ "
မွေ့ရာပေါ်ပစ်ချလိုက်တာကြောင့် လူက မနာသော်ငြား ရင်ထဲအေးခနဲ ဖြစ်သွား၏။
" နာချင်တယ်ဆို "
လရိပ်ကိုယ်ပေါ်ကနေ လက်ထောက်အုပ်မိုး၍ တိုးဖွဖွနဲ့ လူကို မထိတထိစနေသည်။ လရိပ် ဘေဘီကို မျက်မှောင်ကုတ်ပြီးပြန်ကြည့်ပြီးလျှင် ...
" မေ့သွားပြီ "
"ဟား လရိပ်မှူးခိုင်ကတော့ အသည်းတွေယားအောင် လုပ်နေတယ်ပေါ့ဟုတ်လား "
နှာခေါင်းနဲ့ ပါးပြင်တလျှောက်လိုက်ပွတ်နေတာမို့ ရင်ဘတ်ကို လက်နဲ့တွန်း၍ တားနေရသည်။
" ဘေဘီ နေ့ခင်းပဲရှိသေးတယ်။ ဖယ်စမ်း
ရေလည်းမချိုးသေးပဲ ငါ့နားမကပ်နဲ့ "
" နေခင်း လည်းဘာဖြစ်လဲ ။ လာစမ်း မှူးခိုင်"
အိပ်ယာပေါ်ကနေ အတင်းရုန်းထွက်နေတဲ့ လရိပ်တစ်ယောက် ဆွဲ၍ အောက်ကိုပြန်ပို့ကာ လည်ပင်းကြားတွေကိုမျက်နှာအပ်ခံလိုက်ရသည်။ ယားစိစိခံစားချက်ကြောင့် လူကမနေတက်မထိုင်တက်ဖြစ်စေကဲ့သို့။
" အာ့ ဘေဘီ ..ဘေဘီ မကိုက်နဲ့ ဖယ်..ဖယ်စမ်း"
နမ်းရှုံ့ခံလိုက်ရသော လည်ပင်းနှင့် ပါးပြင်တွေတလျှောက်နီစွေးမူ့တွေက အနီရောင် အတန်းလိုက်။
ဘေဘီက စကားနားမထောင်တဲ့ ကလေးဆိုးလေးဖြစ်သည်။
တိုးတိတ်သော ညီးငြူးသံသဲ့သဲ့က
ဘေဘီအပေါ် အလိုလိုက်ခြင်း နည်းလမ်းများအလား။
ခပ်ပါးပါးလေကြောင့် လိုက်ကာစလေး လွှင့်သွားသလို သစ်ရွက်စိမ်းလေးတွေလည်းလှုပ်လီလှုပ်လဲ့။
ချစ်ခြင်းဟူသည် ဘယ်သို့သော ပေးစပ်မူ့ဖြင့် လှပစေနိုင်အံ့နည်း။
ဝေးကွာတဲ့ နေ့ဆိုတာ သက်ငယ်ဝေလုံနဲ့
လရိပ်မှူးခိုင်ဘဝမှာ မရှိတော့ပေ။
နှလုံးသွေးနဲ့ရေးထိုးလိုက်သလို လက်မှတ် တစ်ခုဟာ အရာထင်ခဲ့ပြီ။
ဘယ်တော့မှ ထွက်သွားခွင့်မရှိတော့ဘူးဆိုတာ လရိပ်မှူးခိုင်သိပါလေစ။
တကယ်ပါ ..လုံလုံ လေ ချစ်ချစ်ကို
ရူးလောက်အောင်ကို ချစ်မိသွားတာ....
ချစ်တဲ့အိမ်စည်။
( လိုအပ်ချက်များစွာဖြင့် ပြီးသွားခဲ့ပါပြီ ။
အမြဲ စောင့်မျှော်ပေးကြတဲ့ ၊ ဖတ်ရူ့ပေးကြတဲ့ တစ်ဦးတစ်ယောက်ခြင်းအတွက် အများကြီး အများကြီး ကျေးဇူးတင်ပါတယ် ။
ဒီတလော စိတ်ရော လူရော ပင်ပန်းခဲ့တာမို့ စာရေးတာကို အနည်းငယ်ရပ်ဆိုင်းခဲ့ရပါတယ်။ အချိန်တွေ အများကြီး ယူမိသလို ဖြစ်ခဲ့အတွက် တောင်းပန်ချင်ခဲ့တာပါ။
နှလုံးသွေးကြောကျဉ်းချင်သလို ဖြစ်နေလို့ စာထဲ စိတ်နှစ်မယ်ကြံရင် လူကမောမောနေတယ်။
အဲ့ဒါကြောင့် ဖတ်ရတာ နည်းနည်းတော့ အဆင်ပြေမယ်မထင်ဘူး ။
ဒါပေမဲ့ နောက်ficတွေမှာ ခုထပ် ပိုပြီး ကြိုးစားပါ့မယ်။
စကားတွေ အများကြီးမပြောဖြစ်ပေမဲ့ အကုန်လုံးကို ချစ်တယ်ဆိုတာတော့ ယုံပေးပါ။ နောက်ထပ် fic အသစ်တစ်ပုဒ်နဲ့အတူ မကြာခင် ပြန်လာခဲ့ပါ့မယ်)
Bạn đang đọc truyện trên: ZingTruyen.Xyz