ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

39

eainsi23

"အေဖ လံုးဝမတရားဘူး "

"ေအာင္မာ  မတရားတာေတြ ၊ တရားတာေတြ ငါမသိဘူး ၊ မင္းအဲ့ေကာင္ေလးနဲ႔အဆက္သြယ္ျဖတ္ၿပီး ငါနဲ႔ ဟိုကိုျပန္လိုက္ခဲ့"

"မလိုက္နိုင္ဘူး ကြၽန္ေတာ္ ေဘဘီနဲ႔ပဲ လက္ထက္ၿပီး ဒီမွာပဲေနခဲ့မွာ  "

ဦးသီလခိုင္မ်က္နွာရဲခနဲျဖစ္သြားသည္။
ကုတင္ေပၚမွာ ငုတ္တုတ္ထိုင္ေနတဲ့ လရိပ္မွဴ းခိုင္ဆိုတဲ့ ေကာင္က အေဖလုပ္သူကို မေျပာရဲတဲ့စကားကိုမရွိေတာ့တာလား။
လက္နွစ္ဖက္သည္ ခါးကို ေထာက္ထားလ်က္ အသက္ကိုျပင္းျပင္းရွဴ ေနရတဲ့အေနထားျဖင့္ သူ႔မ်က္နွာဟာ ေဒါသေၾကာင့္နီရဲေနေပေလာက္ၿပီ။ အေတာ္အသင့္စိတ္ၿငိမ္သြားၿပီဆိုမွ ရာဇသံကို ထုတ္လိုက္၏။

"လရိပ္မွဴ းခိုင္  မင္း တစ္ခြန္းမွ ဆက္မေျပာနဲ႔ ၊ ဒီနွစ္ရက္အတြင္း ငါမိတ္ေဆြနဲ႔ အလုပ္ကိစၥၿပီးရင္ မျဖစ္မေန ငါနဲ႔ျပန္လိုက္ကိုလိုက္ခဲ့ရမယ္ ဒါပဲ "

ေျပာၿပီးတာနဲ႔ အခန္းျပင္ကိုထြက္ကာတံခါးကို အျပင္ကေနေသာ့ခတ္လိုက္သည္။ ျပန္ေတြးၾကည့္ရင္ ေနလည္က အျဖစ္အပ်က္က စိတ္တိုစရာ ၊ စဥ္းစားၾကည့္ပါအံုး ကိုယ္ေမြးထားတာ သားေယာက်ာ္းေလး၊၊
မျဖစ္မေန တင္ေတာင္းမယ္ဆိုရင္ေတာင္ ကိုယ္ပဲလုပ္ခ်င္တာ။ သူ႔ဖာသာ ဘယ္သူနဲ႔ယူယူ အဲ့ဒါထိ ခြင့္ျပဳေပးနိုင္ေသးတယ္။

ဒါကိုတဖက္ မိသားစုက ေရႊစင္ တစ္ပိႆ       နဲ႔ တင္ေတာင္းပါရေစတဲ့။
အဲ့ဒါကို အနာဆံုး ။  ဘာကိစၥ အဲ့ေရႊကို သူကလက္ခံရမွာလဲ  ၊  လက္ခံခ်င္းလက္ခံ
လက္ဖြဲ႕ဖို႔  သူဝယ္ထားတဲ့ ၿခံနဲ႔တိုက္ကို ဟိုဖက္အသိုင္းအဝိုင္းက လက္ခံလိုက္ေလ။

အဲ့လိုက်မဟုတ္ရဘူး၊ ကိုယ့္ဖက္ကတင္းေတာ့ တစ္ပိႆ      အျပင္ကို ေနာက္ထက္ စိန္တစ္ဆင္စာတဲ့။
ေတြးၾကည့္ေလ ခံရခက္ေလပဲ။
စိန္တစ္ဆင္စာဝတ္ရေအာင္သူ႔သားကမိန္းမလား။ ဟိုဖက္ကနည္းနည္းမွမေလ်ာ့ေလ သူစိတ္တိုေလပဲ။ ျဖစ္ပံုက တင္ေတာင္းနိုင္တဲ့သူျဖစ္ဖို႔အေရးေလလံဆြဲေနသလိုပဲ။  တျဖည္းျဖည္းမ်ားလာတဲ့ ပစၥည္းပမာနကို မယွဥ္နိုင္တဲ့အဆံုး သားကို လက္ဆြဲၿပီး ျပန္ခဲ့လိုက္တာပဲ။ ဒီကိစၥကို သူလံုးဝအေလ်ာ့မေပးနိုင္ဘူး။

ေနပါေစ  ၊  သူ႔တို႔တူဖက္က မျပတ္နိင္ရင္ ကိုယ္တင္ေတာင္းမွာကို လက္ခံေပးလိမ့္မယ္။

သီဟခိုင္တဲ့ တစ္ခိုင္ထဲရွိတယ္သိလား။

ကိုယ့္သားကို ဘယ္ေတာ့မွေအာက္ေရာက္မခံနိုင္ဘူး လံုးဝပဲ။

_________

" ဘြားေလး လံုးဝမမိုက္ဘူးဗ်ာ  "

ဘြားေလးသည္ သူ႔စကားေၾကာင့္ ရွဴ းရွဴ းရွားရွားျဖစ္သြားသည္။ ဘြားေလးဟု ေခၚတြင္ေသာ္ျငား အသက္အားျဖင့္ ၅၀ေတာင္မျပည့္ေသးပဲ လွတုန္းပတုန္းပင္။
ၾသဇာေညာင္းတဲ့ရုပ္ရွည္ရွိၿပီး လုပ္ငန္းမ်ာစြာကိုဦးေဆာင္လာေသာ အပ်ိဳႀကီးပီပီ
သေဘာေကာင္းေပမဲ့ တုတ္ထုိးအိုးေပါက္ေျပာဆိုတက္ေသးသည္။

"ဟဲ့ ...နင့္ေယာက္ခထီးဖက္ကလြန္တာေလ ၊ ငါ တင္ေတာင္းတာနည္းသလား ၊ လက္ခံလိုက္ရင္ေအးေဆးျဖစ္သြားမဲ့ကိစၥကို အထြန္႔ရွည္ၿပီး သူကတျပန္စီး "

"ဘြားေလး! "

"ဘာလဲ ၊ နင္ေခၚလို႔ ငါလိုက္လာခဲ့တာေလ ၊ ျဖစ္နိုင္ရင္ ငါ့တူကို ဘယ္သူနဲ႔မွသေဘာတူတာမဟုတ္ဘူး ၊ ဟိုးငယ္ငယ္ေလးကတည္းက လရိပ္မွဴ းခိုင္မွ မရရင္ ေသေတာ့မလို ျဖစ္ခဲ့ဖူးတဲ့ပံုရိပ္ေတြေၾကာင့္သာ ဆက္မတားေတာ့တာ ၊ ဒီေလာက္ထိလိုက္ေလ်ာၿပီးမွေတာ့ တင္ေတာင္းတာငါတို႔ဖက္ကမျဖစ္သင့္ဘူးလား၊ နင္ပဲစဥ္းစားၾကည့္  စိမ္းျမေဝ ဆိုတာ ေတာင္ႀကီးတစ္ၿမိဳ႕လံုးမသိသူမရွိဘူးေနာ္၊ အသိုင္းအဝိုင္းရဲ႕မ်က္နွာလည္းနင္ေထာက္အံုး ၊ ဘာမဟုတ္တဲ့ သူတင္ေတာင္းတဲ့အိမ္ကို ငါကဘာကိစၥလက္ခံရမွာလဲ "

အတၱႀကီးေသာ ဘြားေလးကို ေဝလံုဆက္မေျပာခ်င္ေတာ့ေပ။ ထို႔ေၾကာင့္ အိမ္ေပၚထပ္ေလွကားမ်ားကို တဒုန္းဒုန္းအသံထြက္ေအာင္ တက္ကာ မေက်နပ္ေၾကာင္းျပသမိသည္။ အမွန္တိုင္းေျပာရရင္ ဘြားေလးကို သူအရမ္းစိတ္ဆိုးမိသည္။ လြယ္လြယ္နဲ႔ ထက္ထက္ဖို႔ အဆင္ေျပမည္ထင္ခဲ့လို႔  ဘြားေလးကိုလွမ္းေခၚမိသည္။ ခုေတာ့အရာအားလံုးပိုဆိုးသြားေလၿပီ။

ဝရံတာလက္ရန္းကို တံေတာင္ျဖင့္ေထာက္ခါ ေမွာင္မဲေနတဲ့ ေကာင္းကင္ကို ေမာ့ၾကည့္မိသည္။ ခြဲခြာရတာ နာရီပိုင္းမ်ွ ရွိေသးေပမဲ့ သူ တစ္ေယာက္ထဲ မေနနိုင္ေပ။အခုသူျပန္ေရာက္ေနေသာေနရာသည္ ေဖေဖနဲ႔အတူရွိစဥ္ကေနခဲ့ေသာ အိမ္ႀကီးမို႔ 
ခ်စ္ခ်စ္အရိပ္ေတြမ်ားစြာ စိုးမိုးေနေသးသည္။ မီးေရာင္ဖ်ဖ်ထြန္းထားတဲ့ တဖက္အိမ္ကေလးသည္ ငယ္စဥ္က ခ်စ္ခ်စ္နဲ႔အတူ ျဖတ္သန္းခဲ့ဖူးသည္။

" လြမ္းတယ္ မွဴ းခိုင္  ၊ ခင္ဗ်ား ဘယ္ေရာက္ေနမလဲ "

အေခ်အတင္ျဖစ္ခဲ့ၾကတဲ့ စကားဝိုင္းမွာ သူတို႔နွစ္ေယာက္သား ဝင္ေရာက္ေျပာဆိုခြင့္မရခဲ့ၾက။ အဆံုးသတ္တြင္ ေယာက္ခထီးသည္ ခ်စ္ခ်စ္လက္ကိုဆြဲလ်က္ လက္ထက္မေပးနိုင္ဟုဆိုကာ စိတ္ဆိုးမာန္ဆိုးထြက္သြားခဲ့သည္။ တားခြင့္မရလိုက္သလို ဘြားေလးဆြဲထားတာေၾကာင့္ တားလို႔လည္းမမွီခဲ့။

Ring Ring ...

ဖုန္းသံေၾကာင့္ စိတ္ပ်က္လက္ပ်က္ ဖုန္းကိုထုတ္ၾကည့္မိသည္။
ေခၚဆိုသူမွာ ထူးစစ္ပိုင္။

"Hello  ! "

"အကိုေလးလရိပ္ရဲ႕ အိမ္လိပ္စာ ပို႔ေပးထားပါတယ္ "

ညိဳးငယ္ေနေသာ မ်က္နွာသည္ ထူးစစ္ပိုင္စကားေၾကာင့္ လန္းဆန္းလာေလသည္။
အလိုက္သိတဲ့ထူးစစ္ပိုင္တို႔သည္ ၾကည့္ရတာ  ေနာက္ကေန လိုက္ၾကည့္ခဲ့ပံုပင္။
ေနာက္မွ ေဘာနပ္ေပးမယ္ဟုေတးမွတ္လ်က္ ကားေသာ့ကိုဆြဲ၍ အိမ္ေအာက္ကိုျပန္ဆင္းခဲ့လိုက္သည္။

"အဲ့ဒါ ဘယ္လဲ လံုလံု "

ေအာက္ထပ္ဧည့္ခန္းမွာ ပုတီးစိတ္ေနတဲ့ ဘြားေလးေၾကာင့္ ေဝလံု စိတ္ရႈပ္သြား၏။
စူးစမ္းေနတဲ့ အၾကည့္ေတြက သူမူမမွန္တာသိလို႔ ပုတီးကို လက္မွာေခြ၍ အနားကိုကပ္လာ၏။ ေဝလံု ဘြားေလးကို ရူ႕တည္တည္ၾကည့္၍

" ခ်စ္ခ်စ္ဆီသြားမလို႔ "

"ဟဲ့ ျပန္ေရာက္တာ ၄နာရီမျပည့္ေသးဘူးေလ  "

"မသိဘူး သား ခြဲမေနခ်င္ဘူး၊ ဒီခံစားခ်က္ကို ဘြားေလးမသိဘူးမို႔လား ဆက္မေမးေတာ့နဲ႔ ခ်စ္ခ်စ္ဆီသြားမလို႔ ၊ လက္ထက္ေပးဖို႔ေခၚတာ သာတယ္နာတယ္တြက္ေနရင္ သားဘြားေလးလို တသက္လံုး ငွက္ေပ်ာတံုးဖက္ရလိမ့္မယ္။ လံုးဝပဲေနာ္။ သား ေယာက်ာ္းယူမွာ"

"ေအာင္မာ ရာရာစစ ၊ ငါအပ်ိဳႀကီးျဖစ္တာကိုဆြဲထည့္မေနနဲ႔။ တသက္လံုးတစ္ေယာက္ထဲ ၿငိမ္းခ်မ္းခ်င္လို႔ တစ္ကိုယ္တည္းေနေနတာ ၊ နင္သာ အပူေတာကို ခုန္ဆင္းဖို႔ႀကံေနတာမို႔လား "

ေစြ႕ေစြ႕ခုန္ေနတဲ့ ဘြားေလးကိုၾကည့္၍ မ်က္နွာမဲ့လိုက္သည္။ ခ်စ္မဲ့သူမရွိလို႔အပ်ိဳႀကီးျဖစ္တာဆန္းလား။ လံုလံုတို႔ကေတာ့ရွင္းတယ္။ တစ္ေယာက္ထဲေတာ့ မေနနိုင္ဘူး ။ ခ်စ္ခ်စ္ မွခ်စ္ခ်စ္ ပဲ။ သူ႔မွမရရင္ ဘြားေလးလည္း တစ္သက္လံုး အပ်ိဳႀကီးဘဝနဲ႔ ေအးေအးေနရမယ္မထင္နဲ႔ပဲ။

" ဘာအပူေတာလဲ။ ခ်စ္ခ်စ္က  သားအတြက္ ေႏြ ၊ မိုး ၊ ေဆာင္းေလး။ ဟြန္႔ .. ဘြာေလး ေျပာျပလည္း နားလည္မွာမွမဟုတ္တာ။ သားသြားၿပီ ၊ မတားနဲ႔ေတာ့။
မဟုတ္လည္း သားတို႔က လြန္ကြၽန္ၿပီးသြားၿပီ ဘြားေလး၊ သားဘဝေလး ကို
မနစ္မြန္းေစခ်င္ရင္ လံုးဝမတားပါနဲ႔ "

ေျပာၿပီး လွစ္လွစ္ပါေအာင္ ေျပးထြက္သြားတဲ့ တူေတာ္ေမာင္ေၾကာင့္ ဘြားေလးတစ္ေယာက္ ရင္ဖက္ဖိက်န္ခဲ့ရေလသည္။
စဥ္းစားၾကည့္ပါအံုး။ တစ္သက္လံုး အမိမဲ့သားေလးဆိုၿပီး အလိုလိုက္ခဲ့ရတာ။ ခုေတာ့ က်ားဖက္လိုက္ေတာ့ ႀကိဳက္ဖက္ပါကုန္ၿပီေလ ဒါဘာသေဘာလဲ။ ကိုယ့္မွာေတာ့
ကေလး ကေလး နဲ႔  ကိုယ့္တူကို ေပါက္စေလးထင္ေနခဲ့တာ ။ သူကေတာ့  ဟိုဟာေတာင္ ျဖစ္ၿပီးၿပီတဲ့။

အမေလး ..အမေလး

ေကာင္းလံုရယ္ ..နင့္သားကို လာၾကည့္ပါအံုးလား။

______

ေဒါက္..ေဒါက္

ျပတင္းေပါက္ဆီမွခပ္တိုးတိုး လက္နဲ႔ေခါက္သံေၾကာင့္ လူကဆတ္ခနဲ။
မသိစိတ္ရဲ႕လႈံ႕ေစာ္မူ႔ေၾကာင့္ ကုတင္ေပၚကေန ေျခခ်ထိုင္ကာ ခဏၾကာမွ် ျပတင္းေပါက္ဆီ ေငးၾကည့္မိသည္။

ေဘဘီလား....

အေတြးေၾကာင့္ လရိပ္မ်က္နွာျဖတ္ခနဲဝင္းပသြား၏။ ခပ္သြက္သြက္ပင္ ျပတင္းေပါက္နားေလ်ွာက္သြားကာ

" ေဘဘီ..မင္းလား"

"ခ်စ္ခ်စ္ တံခါးဖြင့္ "

ခ်က္ျခင္းထူးသံေပးလာတဲ့ ေဘဘီအသံသဲ့သဲ့ေၾကာင့္ ျပတင္းတံခါးကိုဆြဲဖြင့္လိုက္သည္။  ခုေရာက္ေနတဲ့ အိမ္သည္
သူတို႔နွစ္ေယာက္အတြက္ အေဖဝယ္ေပးထားတဲ့ အိမ္ေလးပင္။
အေဖလည္းသူတက္နိုင္သေလာက္ဝယ္ေပးထားသည့္ထင္ ေျမေနရာအက်ယ္အဝန္း သိပ္မရွိပဲ ၿခံကုန္ေျမကုန္ ေဆာက္ထားတာမို႔ ၿခံစည္းရုိးမရွိပဲ အိမ္တံခါးထိသာ အပိတ္ျဖစ္သည္။ 

" ခ်စ္ခ်စ္ "

"ေဘဘီ မင္းဘယ္လိုေရာက္.."

"ဟင့္အင္ မေျပာနဲ႔ ။ လာ ဆင္းခဲ့ခု။
ခိုးေျပးရေအာင္၊ လံုလံု တစ္ညေလးေတာင္ ခြဲမေနခ်င္ဘူး "

စကားေတာင္ဆံုးေအာင္ မေျပာလိုက္ရေပ။ ေဝလံု ဇြတ္ ေလွကားေပၚကေန လရိပ္ကိုဆြဲခ်သည္။

" ေဘဘီ ခဏေလး ။ ဇြတ္မလုပ္နဲ႔ကြာ ျပဳတ္က်ကုန္မယ္"

ျပတင္းေပါက္ေပၚကေန ခြကာ ေဘဘီအလိုက်  လရိပ္ေက်ာ္ခ်ေနရသည္။
အိမ္က သိပ္မျမင့္လို႔ေၾကာက္စရာမလိုေပ။
ေၾကာက္လည္းမေၾကာက္ရေအာင္ထိ
ေဘဘီစိတ္နဲ႔ သူလည္း ေသြးႂကြေနသည္။
အေဖသိရင္ ဘယ္လိုေနမလဲ  မစဥ္းစားခ်င္ေတာ့ေပ။

ေဘဘီသည္သာ အဓိကမို႔ အေဖေသြးမတိုးပါေစနဲ႔ဟုသာ ဆုေတာင္းရုံပင္။
ေအာက္ေရာက္တာနဲ႔ လံုလံုက ဇြတ္ပင္ ကားထဲထိုးထည့္ကာ

" သြားမယ္ လာ "

"ေနအံုး အေဖသိရင္ စိတ္ဆိုးမယ္ေနာ္၊ မင္းဘြားေလးကေရာ "

" ဘြားေလးက ဘာမွမျဖစ္ဘူး ၊ ခ်စ္ခ်စ္အေဖကသာ အဓိက ၊ လံုလံုကေတာ့
ခ်စ္ခ်စ္နဲ႔ လံုးဝမခြဲနိုင္ဘူးေနာ္။..ေတာ္ၿပီ အဲ့ဒါေတြေနာက္မွေမး ။ ကားေပၚတက္ေတာ့  "

အတင္းတြန္းတင္ၿပီး ကားေမာင္းထြက္ခဲ့သည္ထိ လရိပ္မွာ ပါးစပ္အေဟာင္းသား။ အျဖစ္အပ်က္က မနက္ကအထိ အေကာင္း။ ဘယ္နွယ့္ေၾကာင့္ ခိုးေျပးတာထိ ျဖစ္လာသလဲ ။ ကားကေလးသည္ ဦးတည္ရာ ဘယ္ဆီမွန္းမသိ ေျပးလႊားေနသလို လရိပ္လည္း အေဖ သိရင္ စိတ္ဆိုးေနမွာပဲ ဆိုတဲ့ အပူစိတ္ျဖင့္ေသာကေဝလ်က္ရွိသည္။

" ေဘဘီ  ...ဒါက "

"ကြၽန္ေတာ္တို႔ တိုက္ခန္းေလ ၊ အနီးဆံုးက အႏၲရာယ္အကင္းဆံုးပဲ။ လာ တက္ရေအာင္။ "

"အေဖ စိတ္ဆိုးေနမယ္ထင္တယ္"

"လံုလံု ကိုသာ စိတ္ခ်ထားပါ၊ ျဖစ္ေအာင္လုပ္ေပးမယ္ ခ်စ္ခ်စ္ရာ၊ စိတ္ညစ္မေနစမ္းနဲ႔ ၊ တခါတေလေလာက္မ်ား ကြၽန္ေတာ့္ကို ယံုၾကည္ေပးလို႔မရဘူးလား"

ခါတိုင္း သနားကမားမ်က္ဝန္းေတြက
ယခုမူ အလိုမက်စြာ  စူးရဲေနတာမို႔  ေပါင္ေပၚတင္ထားတဲ့ ေဘဘီလက္ကေလးကိုဆြဲယူကာ ပါးနဲ႔ကပ္ထားလိုက္သည္။
လရိပ္ ရီေဝေဝၾကည့္၍ပင္ 

" ေဘဘီကို မယံုလို႔မဟုတ္ပါဘူး။
အေဖနဲ႔ ေျပေျပလည္လည္ ၿပီးသြားေစခ်င္တာ။ အဖုအထစ္ေတြနဲ႔ အိမ္ေထာင္ေရးကိုမစခ်င္တာပါ ။ စိတ္မဆိုးေတာ့နဲ႔ေနာ္။
ငါ ဆက္မေျပာေတာ့ဘူး "

"မဟုတ္ဘူး ၊ ခ်စ္ခ်စ္ မမွားပါဘူး။ စိတ္မေကာင္းမျဖစ္ပါနဲ႔။
ကြၽန္ေတာ့္ကို ယံုၿပီး ခဏေလာက္ေစာင့္ၾကည့္ေပးပါ  ၊ကြၽန္ေတာ္ အကုန္လံုး အဆင္ေျပေအာင္ ႀကိဳးစားေပးမယ္ "

"အင္း "

အသာအယာ ေခါင္းညိမ့္ျပမိစဥ္ ပါးကိုထိထားတဲ့ ေဝလံုလက္က ၿငိမ္ၿငိမ္မေနေတာ့ပဲ နားေနာက္က ဂုတ္စိထိတိုး၍ လရိပ္မ်က္နွာကို သူ႔ေရွ႕ဆြဲယူေလသည္။

" ခ်စ္တယ္ သိလား၊ ဘယ္ေလာက္ခ်စ္သလဲဆိုရင္  ၊ တစ္စကၠန္႔ေတာင္ေဝးၿပီးမေနနိုင္ဘူး၊ အဲ့ေလာက္ထိ ခ်စ္ခ်စ္ကိုရူးသြပ္ေနတာ ကြၽန္ေတာ္က "

ထိစပ္သြားေသာ နႈတ္ခမ္းေတြသည္ အသာအယာ ပြတ္တိုက္ေ႐ြ႕လ်ား၍ ျမတ္နိုးမူ႔ကိုပံုေဖာ္လ်က္ရွိသည္။

အခ်ိန္ၾကာလာရင္ ရုိးသြားမယ္ဆိုတဲ့ အထဲ
ကြၽန္ေတာ္မပါဘူး မွဴ းခိုင္။
ေဝးကြာမူ႔ေတြကို မုန္းတဲ့ ကြၽန္ေတာ္က
တစ္မိုင္ေတာင္ မွဴ းခိုင္နဲ႔ ခြဲမေနနိုင္ေအာင္
ေၾကာက္စိတ္ဝင္သြားတာပါ။
ဘယ္ေတာ့မွ မေဝးေၾကး လရိပ္မွဴ းခိုင္။
ခင္ဗ်ား အားကိုးဖို႔ ကြၽန္ေတာ္ဘာေတြလုပ္ျပဖို႔လိုမလဲ။

ခ်စ္တဲ့အိမ္စည္။

( ဒီေန႔ည ဇာတ္သိမ္းထိupေပးမွာပါ
အၾကာႀကီးေစာင့္ရေအာင္ လုပ္မိတဲ့အတြက္ေတာင္းပန္ပါတယ္)

"အဖေ လုံးဝမတရားဘူး "

"အောင်မာ  မတရားတာတွေ ၊ တရားတာတွေ ငါမသိဘူး ၊ မင်းအဲ့ကောင်လေးနဲ့အဆက်သွယ်ဖြတ်ပြီး ငါနဲ့ ဟိုကိုပြန်လိုက်ခဲ့"

"မလိုက်နိုင်ဘူး ကျွန်တော် ဘေဘီနဲ့ပဲ လက်ထက်ပြီး ဒီမှာပဲနေခဲ့မှာ  "

ဦးသီလခိုင်မျက်နှာရဲခနဲဖြစ်သွားသည်။
ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ လရိပ်မှူးခိုင်ဆိုတဲ့ ကောင်က အဖေလုပ်သူကို မပြောရဲတဲ့စကားကိုမရှိတော့တာလား။
လက်နှစ်ဖက်သည် ခါးကို ထောက်ထားလျက် အသက်ကိုပြင်းပြင်းရှူ နေရတဲ့အနေထားဖြင့် သူ့မျက်နှာဟာ ဒေါသကြောင့်နီရဲနေပေလောက်ပြီ။ အတော်အသင့်စိတ်ငြိမ်သွားပြီဆိုမှ ရာဇသံကို ထုတ်လိုက်၏။

"လရိပ်မှူးခိုင်  မင်း တစ်ခွန်းမှ ဆက်မပြောနဲ့ ၊ ဒီနှစ်ရက်အတွင်း ငါမိတ်ဆွေနဲ့ အလုပ်ကိစ္စပြီးရင် မဖြစ်မနေ ငါနဲ့ပြန်လိုက်ကိုလိုက်ခဲ့ရမယ် ဒါပဲ "

ပြောပြီးတာနဲ့ အခန်းပြင်ကိုထွက်ကာတံခါးကို အပြင်ကနေသော့ခတ်လိုက်သည်။ ပြန်တွေးကြည့်ရင် နေလည်က အဖြစ်အပျက်က စိတ်တိုစရာ ၊ စဉ်းစားကြည့်ပါအုံး ကိုယ်မွေးထားတာ သားယောကျာ်းလေး၊၊
မဖြစ်မနေ တင်တောင်းမယ်ဆိုရင်တောင် ကိုယ်ပဲလုပ်ချင်တာ။ သူ့ဖာသာ ဘယ်သူနဲ့ယူယူ အဲ့ဒါထိ ခွင့်ပြုပေးနိုင်သေးတယ်။

ဒါကိုတဖက် မိသားစုက ရွှေစင် တစ်ပိဿ       နဲ့ တင်တောင်းပါရစေတဲ့။
အဲ့ဒါကို အနာဆုံး ။  ဘာကိစ္စ အဲ့ရွှေကို သူကလက်ခံရမှာလဲ  ၊  လက်ခံချင်းလက်ခံ
လက်ဖွဲ့ဖို့  သူဝယ်ထားတဲ့ ခြံနဲ့တိုက်ကို ဟိုဖက်အသိုင်းအဝိုင်းက လက်ခံလိုက်လေ။

အဲ့လိုကျမဟုတ်ရဘူး၊ ကိုယ့်ဖက်ကတင်းတော့ တစ်ပိဿ      အပြင်ကို နောက်ထက် စိန်တစ်ဆင်စာတဲ့။
တွေးကြည့်လေ ခံရခက်လေပဲ။
စိန်တစ်ဆင်စာဝတ်ရအောင်သူ့သားကမိန်းမလား။ ဟိုဖက်ကနည်းနည်းမှမလျော့လေ သူစိတ်တိုလေပဲ။ ဖြစ်ပုံက တင်တောင်းနိုင်တဲ့သူဖြစ်ဖို့အရေးလေလံဆွဲနေသလိုပဲ။  တဖြည်းဖြည်းများလာတဲ့ ပစ္စည်းပမာနကို မယှဉ်နိုင်တဲ့အဆုံး သားကို လက်ဆွဲပြီး ပြန်ခဲ့လိုက်တာပဲ။ ဒီကိစ္စကို သူလုံးဝအလျော့မပေးနိုင်ဘူး။

နေပါစေ  ၊  သူ့တို့တူဖက်က မပြတ်နိင်ရင် ကိုယ်တင်တောင်းမှာကို လက်ခံပေးလိမ့်မယ်။

သီဟခိုင်တဲ့ တစ်ခိုင်ထဲရှိတယ်သိလား။

ကိုယ့်သားကို ဘယ်တော့မှအောက်ရောက်မခံနိုင်ဘူး လုံးဝပဲ။

_________

" ဘွားလေး လုံးဝမမိုက်ဘူးဗျာ  "

ဘွားလေးသည် သူ့စကားကြောင့် ရှူးရှူးရှားရှားဖြစ်သွားသည်။ ဘွားလေးဟု ခေါ်တွင်သော်ငြား အသက်အားဖြင့် ၅၀တောင်မပြည့်သေးပဲ လှတုန်းပတုန်းပင်။
သြဇာညောင်းတဲ့ရုပ်ရှည်ရှိပြီး လုပ်ငန်းမျာစွာကိုဦးဆောင်လာသော အပျိုကြီးပီပီ
သဘောကောင်းပေမဲ့ တုတ်ထိုးအိုးပေါက်ပြောဆိုတက်သေးသည်။

"ဟဲ့ ...နင့်ယောက်ခထီးဖက်ကလွန်တာလေ ၊ ငါ တင်တောင်းတာနည်းသလား ၊ လက်ခံလိုက်ရင်အေးဆေးဖြစ်သွားမဲ့ကိစ္စကို အထွန့်ရှည်ပြီး သူကတပြန်စီး "

"ဘွားလေး! "

"ဘာလဲ ၊ နင်ခေါ်လို့ ငါလိုက်လာခဲ့တာလေ ၊ ဖြစ်နိုင်ရင် ငါ့တူကို ဘယ်သူနဲ့မှသဘောတူတာမဟုတ်ဘူး ၊ ဟိုးငယ်ငယ်လေးကတည်းက လရိပ်မှူးခိုင်မှ မရရင် သေတော့မလို ဖြစ်ခဲ့ဖူးတဲ့ပုံရိပ်တွေကြောင့်သာ ဆက်မတားတော့တာ ၊ ဒီလောက်ထိလိုက်လျောပြီးမှတော့ တင်တောင်းတာငါတို့ဖက်ကမဖြစ်သင့်ဘူးလား၊ နင်ပဲစဉ်းစားကြည့်  စိမ်းမြဝေ ဆိုတာ တောင်ကြီးတစ်မြို့လုံးမသိသူမရှိဘူးနော်၊ အသိုင်းအဝိုင်းရဲ့မျက်နှာလည်းနင်ထောက်အုံး ၊ ဘာမဟုတ်တဲ့ သူတင်တောင်းတဲ့အိမ်ကို ငါကဘာကိစ္စလက်ခံရမှာလဲ "

အတ္တကြီးသော ဘွားလေးကို ဝေလုံဆက်မပြောချင်တော့ပေ။ ထို့ကြောင့် အိမ်ပေါ်ထပ်လှေကားများကို တဒုန်းဒုန်းအသံထွက်အောင် တက်ကာ မကျေနပ်ကြောင်းပြသမိသည်။ အမှန်တိုင်းပြောရရင် ဘွားလေးကို သူအရမ်းစိတ်ဆိုးမိသည်။ လွယ်လွယ်နဲ့ ထက်ထက်ဖို့ အဆင်ပြေမည်ထင်ခဲ့လို့  ဘွားလေးကိုလှမ်းခေါ်မိသည်။ ခုတော့အရာအားလုံးပိုဆိုးသွားလေပြီ။

ဝရံတာလက်ရန်းကို တံတောင်ဖြင့်ထောက်ခါ မှောင်မဲနေတဲ့ ကောင်းကင်ကို မော့ကြည့်မိသည်။ ခွဲခွာရတာ နာရီပိုင်းမျှ ရှိသေးပေမဲ့ သူ တစ်ယောက်ထဲ မနေနိုင်ပေ။အခုသူပြန်ရောက်နေသောနေရာသည် ဖေဖေနဲ့အတူရှိစဉ်ကနေခဲ့သော အိမ်ကြီးမို့ 
ချစ်ချစ်အရိပ်တွေများစွာ စိုးမိုးနေသေးသည်။ မီးရောင်ဖျဖျထွန်းထားတဲ့ တဖက်အိမ်ကလေးသည် ငယ်စဉ်က ချစ်ချစ်နဲ့အတူ ဖြတ်သန်းခဲ့ဖူးသည်။

" လွမ်းတယ် မှူးခိုင်  ၊ ခင်ဗျား ဘယ်ရောက်နေမလဲ "

အချေအတင်ဖြစ်ခဲ့ကြတဲ့ စကားဝိုင်းမှာ သူတို့နှစ်ယောက်သား ဝင်ရောက်ပြောဆိုခွင့်မရခဲ့ကြ။ အဆုံးသတ်တွင် ယောက်ခထီးသည် ချစ်ချစ်လက်ကိုဆွဲလျက် လက်ထက်မပေးနိုင်ဟုဆိုကာ စိတ်ဆိုးမာန်ဆိုးထွက်သွားခဲ့သည်။ တားခွင့်မရလိုက်သလို ဘွားလေးဆွဲထားတာကြောင့် တားလို့လည်းမမှီခဲ့။

Ring Ring ...

ဖုန်းသံကြောင့် စိတ်ပျက်လက်ပျက် ဖုန်းကိုထုတ်ကြည့်မိသည်။
ခေါ်ဆိုသူမှာ ထူးစစ်ပိုင်။

"Hello  ! "

"အကိုလေးလရိပ်ရဲ့ အိမ်လိပ်စာ ပို့ပေးထားပါတယ် "

ညိုးငယ်နေသော မျက်နှာသည် ထူးစစ်ပိုင်စကားကြောင့် လန်းဆန်းလာလေသည်။
အလိုက်သိတဲ့ထူးစစ်ပိုင်တို့သည် ကြည့်ရတာ  နောက်ကနေ လိုက်ကြည့်ခဲ့ပုံပင်။
နောက်မှ ဘောနပ်ပေးမယ်ဟုတေးမှတ်လျက် ကားသော့ကိုဆွဲ၍ အိမ်အောက်ကိုပြန်ဆင်းခဲ့လိုက်သည်။

"အဲ့ဒါ ဘယ်လဲ လုံလုံ "

အောက်ထပ်ဧည့်ခန်းမှာ ပုတီးစိတ်နေတဲ့ ဘွားလေးကြောင့် ဝေလုံ စိတ်ရှုပ်သွား၏။
စူးစမ်းနေတဲ့ အကြည့်တွေက သူမူမမှန်တာသိလို့ ပုတီးကို လက်မှာခွေ၍ အနားကိုကပ်လာ၏။ ဝေလုံ ဘွားလေးကို ရူ့တည်တည်ကြည့်၍

" ချစ်ချစ်ဆီသွားမလို့ "

"ဟဲ့ ပြန်ရောက်တာ ၄နာရီမပြည့်သေးဘူးလေ  "

"မသိဘူး သား ခွဲမနေချင်ဘူး၊ ဒီခံစားချက်ကို ဘွားလေးမသိဘူးမို့လား ဆက်မမေးတော့နဲ့ ချစ်ချစ်ဆီသွားမလို့ ၊ လက်ထက်ပေးဖို့ခေါ်တာ သာတယ်နာတယ်တွက်နေရင် သားဘွားလေးလို တသက်လုံး ငှက်ပျောတုံးဖက်ရလိမ့်မယ်။ လုံးဝပဲနော်။ သား ယောကျာ်းယူမှာ"

"အောင်မာ ရာရာစစ ၊ ငါအပျိုကြီးဖြစ်တာကိုဆွဲထည့်မနေနဲ့။ တသက်လုံးတစ်ယောက်ထဲ ငြိမ်းချမ်းချင်လို့ တစ်ကိုယ်တည်းနေနေတာ ၊ နင်သာ အပူတောကို ခုန်ဆင်းဖို့ကြံနေတာမို့လား "

စွေ့စွေ့ခုန်နေတဲ့ ဘွားလေးကိုကြည့်၍ မျက်နှာမဲ့လိုက်သည်။ ချစ်မဲ့သူမရှိလို့အပျိုကြီးဖြစ်တာဆန်းလား။ လုံလုံတို့ကတော့ရှင်းတယ်။ တစ်ယောက်ထဲတော့ မနေနိုင်ဘူး ။ ချစ်ချစ် မှချစ်ချစ် ပဲ။ သူ့မှမရရင် ဘွားလေးလည်း တစ်သက်လုံး အပျိုကြီးဘဝနဲ့ အေးအေးနေရမယ်မထင်နဲ့ပဲ။

" ဘာအပူတောလဲ။ ချစ်ချစ်က  သားအတွက် နွေ ၊ မိုး ၊ ဆောင်းလေး။ ဟွန့် .. ဘွာလေး ပြောပြလည်း နားလည်မှာမှမဟုတ်တာ။ သားသွားပြီ ၊ မတားနဲ့တော့။
မဟုတ်လည်း သားတို့က လွန်ကျွန်ပြီးသွားပြီ ဘွားလေး၊ သားဘဝလေး ကို
မနစ်မွန်းစေချင်ရင် လုံးဝမတားပါနဲ့ "

ပြောပြီး လှစ်လှစ်ပါအောင် ပြေးထွက်သွားတဲ့ တူတော်မောင်ကြောင့် ဘွားလေးတစ်ယောက် ရင်ဖက်ဖိကျန်ခဲ့ရလေသည်။
စဉ်းစားကြည့်ပါအုံး။ တစ်သက်လုံး အမိမဲ့သားလေးဆိုပြီး အလိုလိုက်ခဲ့ရတာ။ ခုတော့ ကျားဖက်လိုက်တော့ ကြိုက်ဖက်ပါကုန်ပြီလေ ဒါဘာသဘောလဲ။ ကိုယ့်မှာတော့
ကလေး ကလေး နဲ့  ကိုယ့်တူကို ပေါက်စလေးထင်နေခဲ့တာ ။ သူကတော့  ဟိုဟာတောင် ဖြစ်ပြီးပြီတဲ့။

အမလေး ..အမလေး

ကောင်းလုံရယ် ..နင့်သားကို လာကြည့်ပါအုံးလား။

______

ဒေါက်..ဒေါက်

ပြတင်းပေါက်ဆီမှခပ်တိုးတိုး လက်နဲ့ခေါက်သံကြောင့် လူကဆတ်ခနဲ။
မသိစိတ်ရဲ့လှုံ့စော်မူ့ကြောင့် ကုတင်ပေါ်ကနေ ခြေချထိုင်ကာ ခဏကြာမျှ ပြတင်းပေါက်ဆီ ငေးကြည့်မိသည်။

ဘေဘီလား....

အတွေးကြောင့် လရိပ်မျက်နှာဖြတ်ခနဲဝင်းပသွား၏။ ခပ်သွက်သွက်ပင် ပြတင်းပေါက်နားလျှောက်သွားကာ

" ဘေဘီ..မင်းလား"

"ချစ်ချစ် တံခါးဖွင့် "

ချက်ခြင်းထူးသံပေးလာတဲ့ ဘေဘီအသံသဲ့သဲ့ကြောင့် ပြတင်းတံခါးကိုဆွဲဖွင့်လိုက်သည်။  ခုရောက်နေတဲ့ အိမ်သည်
သူတို့နှစ်ယောက်အတွက် အဖေဝယ်ပေးထားတဲ့ အိမ်လေးပင်။
အဖေလည်းသူတက်နိုင်သလောက်ဝယ်ပေးထားသည့်ထင် မြေနေရာအကျယ်အဝန်း သိပ်မရှိပဲ ခြံကုန်မြေကုန် ဆောက်ထားတာမို့ ခြံစည်းရိုးမရှိပဲ အိမ်တံခါးထိသာ အပိတ်ဖြစ်သည်။ 

" ချစ်ချစ် "

"ဘေဘီ မင်းဘယ်လိုရောက်.."

"ဟင့်အင် မပြောနဲ့ ။ လာ ဆင်းခဲ့ခု။
ခိုးပြေးရအောင်၊ လုံလုံ တစ်ညလေးတောင် ခွဲမနေချင်ဘူး "

စကားတောင်ဆုံးအောင် မပြောလိုက်ရပေ။ ဝေလုံ ဇွတ် လှေကားပေါ်ကနေ လရိပ်ကိုဆွဲချသည်။

" ဘေဘီ ခဏလေး ။ ဇွတ်မလုပ်နဲ့ကွာ ပြုတ်ကျကုန်မယ်"

ပြတင်းပေါက်ပေါ်ကနေ ခွကာ ဘေဘီအလိုကျ  လရိပ်ကျော်ချနေရသည်။
အိမ်က သိပ်မမြင့်လို့ကြောက်စရာမလိုပေ။
ကြောက်လည်းမကြောက်ရအောင်ထိ
ဘေဘီစိတ်နဲ့ သူလည်း သွေးကြွနေသည်။
အဖေသိရင် ဘယ်လိုနေမလဲ  မစဉ်းစားချင်တော့ပေ။

ဘေဘီသည်သာ အဓိကမို့ အဖေသွေးမတိုးပါစေနဲ့ဟုသာ ဆုတောင်းရုံပင်။
အောက်ရောက်တာနဲ့ လုံလုံက ဇွတ်ပင် ကားထဲထိုးထည့်ကာ

" သွားမယ် လာ "

"နေအုံး အဖေသိရင် စိတ်ဆိုးမယ်နော်၊ မင်းဘွားလေးကရော "

" ဘွားလေးက ဘာမှမဖြစ်ဘူး ၊ ချစ်ချစ်အဖေကသာ အဓိက ၊ လုံလုံကတော့
ချစ်ချစ်နဲ့ လုံးဝမခွဲနိုင်ဘူးနော်။..တော်ပြီ အဲ့ဒါတွေနောက်မှမေး ။ ကားပေါ်တက်တော့  "

အတင်းတွန်းတင်ပြီး ကားမောင်းထွက်ခဲ့သည်ထိ လရိပ်မှာ ပါးစပ်အဟောင်းသား။ အဖြစ်အပျက်က မနက်ကအထိ အကောင်း။ ဘယ်နှယ့်ကြောင့် ခိုးပြေးတာထိ ဖြစ်လာသလဲ ။ ကားကလေးသည် ဦးတည်ရာ ဘယ်ဆီမှန်းမသိ ပြေးလွှားနေသလို လရိပ်လည်း အဖေ သိရင် စိတ်ဆိုးနေမှာပဲ ဆိုတဲ့ အပူစိတ်ဖြင့်သောကဝေလျက်ရှိသည်။

" ဘေဘီ  ...ဒါက "

"ကျွန်တော်တို့ တိုက်ခန်းလေ ၊ အနီးဆုံးက အန္တရာယ်အကင်းဆုံးပဲ။ လာ တက်ရအောင်။ "

"အဖေ စိတ်ဆိုးနေမယ်ထင်တယ်"

"လုံလုံ ကိုသာ စိတ်ချထားပါ၊ ဖြစ်အောင်လုပ်ပေးမယ် ချစ်ချစ်ရာ၊ စိတ်ညစ်မနေစမ်းနဲ့ ၊ တခါတလေလောက်များ ကျွန်တော့်ကို ယုံကြည်ပေးလို့မရဘူးလား"

ခါတိုင်း သနားကမားမျက်ဝန်းတွေက
ယခုမူ အလိုမကျစွာ  စူးရဲနေတာမို့  ပေါင်ပေါ်တင်ထားတဲ့ ဘေဘီလက်ကလေးကိုဆွဲယူကာ ပါးနဲ့ကပ်ထားလိုက်သည်။
လရိပ် ရီဝေဝေကြည့်၍ပင် 

" ဘေဘီကို မယုံလို့မဟုတ်ပါဘူး။
အဖေနဲ့ ပြေပြေလည်လည် ပြီးသွားစေချင်တာ။ အဖုအထစ်တွေနဲ့ အိမ်ထောင်ရေးကိုမစချင်တာပါ ။ စိတ်မဆိုးတော့နဲ့နော်။
ငါ ဆက်မပြောတော့ဘူး "

"မဟုတ်ဘူး ၊ ချစ်ချစ် မမှားပါဘူး။ စိတ်မကောင်းမဖြစ်ပါနဲ့။
ကျွန်တော့်ကို ယုံပြီး ခဏလောက်စောင့်ကြည့်ပေးပါ  ၊ကျွန်တော် အကုန်လုံး အဆင်ပြေအောင် ကြိုးစားပေးမယ် "

"အင်း "

အသာအယာ ခေါင်းညိမ့်ပြမိစဉ် ပါးကိုထိထားတဲ့ ဝေလုံလက်က ငြိမ်ငြိမ်မနေတော့ပဲ နားနောက်က ဂုတ်စိထိတိုး၍ လရိပ်မျက်နှာကို သူ့ရှေ့ဆွဲယူလေသည်။

" ချစ်တယ် သိလား၊ ဘယ်လောက်ချစ်သလဲဆိုရင်  ၊ တစ်စက္ကန့်တောင်ဝေးပြီးမနေနိုင်ဘူး၊ အဲ့လောက်ထိ ချစ်ချစ်ကိုရူးသွပ်နေတာ ကျွန်တော်က "

ထိစပ်သွားသော နှုတ်ခမ်းတွေသည် အသာအယာ ပွတ်တိုက်ရွေ့လျား၍ မြတ်နိုးမူ့ကိုပုံဖော်လျက်ရှိသည်။

အချိန်ကြာလာရင် ရိုးသွားမယ်ဆိုတဲ့ အထဲ
ကျွန်တော်မပါဘူး မှူးခိုင်။
ဝေးကွာမူ့တွေကို မုန်းတဲ့ ကျွန်တော်က
တစ်မိုင်တောင် မှူးခိုင်နဲ့ ခွဲမနေနိုင်အောင်
ကြောက်စိတ်ဝင်သွားတာပါ။
ဘယ်တော့မှ မဝေးကြေး လရိပ်မှူးခိုင်။
ခင်ဗျား အားကိုးဖို့ ကျွန်တော်ဘာတွေလုပ်ပြဖို့လိုမလဲ။

ချစ်တဲ့အိမ်စည်။

( ဒီနေ့ည ဇာတ်သိမ်းထိupပေးမှာပါ
အကြာကြီးစောင့်ရအောင် လုပ်မိတဲ့အတွက်တောင်းပန်ပါတယ်)

Bạn đang đọc truyện trên: ZingTruyen.Xyz