အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
3
" ဟိတ္ေကာင္ 'ဝ'လံုးလို ့ပါးစပ္ကေအာ္ေရးေလကြာ "
က်ြန္ေတာ္ရဲ့ ဆူပူသံအဆံုးမွာ ေပါက္စီလံုးရဲ့မပီကလာ ပီကလာနဲ ့ 'ဝ'လံုးလို ့ေအာ္သံေလးကထြက္လာတယ္။
ဟုတ္ပါတယ္ သံုးတန္းေက်ာင္းသားႀကီးက်ြန္ေတာ္က ျဖဴျဖဴလံုးလံုး သံုးနွစ္နဲ ့ရွစ္လ သားကေလးတစ္ေယာက္ကို ရင္ခြင္ထဲထည့္လို ့ စာေရးနည္းသင္ေနတာပါ။
ဒါကမျဖစ္နိုင္ဘူးလို ့ထင္စရာရွိေပမဲ့
ေပါက္စီလံုးရဲ့ကိုယ္လံုးႀကီးကို ခုလို ႀကာႀကာေပြ ့ထားနိုင္ေအာင္ က်ြန္ေတာ္အေတာ္ႀကီးအခ်ိန္ယူခဲ့ရတယ္။
က်ြန္ေတာ္လို မာနႀကီးပီး စာေတာ္တဲ့ အကိုႀကီးဆီမွာ ေပါက္စီလံုး စာသင္ခြင့္ရတာဟာ အေတာ္ႀကီး ကံထူးတယ္လို ့ေျပာရပါ့မယ္။
ေပါက္စီလံုးအေဖကေတာ့ က်ြန္ေတာ္တို ့နွစ္ေယာက္ကို တခ်ပ္ခ်ပ္ျမည္ေအာင္ ဓာတ္ပံုေတြ သေဘာတက်ရုိက္ေနတာကို သိေပမဲ့ လက္တေလာမွာ ေပါက္စီလံုးရဲ့သြားက်ိဳးေပါက္ေလးကေန တခါတေလ မထိန္းနိုင္ပဲထြက္က်တက္တဲ့ သြားေရေတြ
သုတ္ေနတာမို ့ဘာမွေတာ့မေျပာလိုက္ျဖစ္ဘူး။
တကယ္ဆို က်ြန္ေတာ္က ဓာတ္ပံုရုိက္ခံရတာမႀကိဳက္တဲ့သူ။
အဲ့လိုေတြလုပ္ေပးေနလို ့က်ြန္ေတာ္ေပါက္စီလံုးကို ခ်စ္တယ္လို ့မထင္ပါနဲ ့။ က်ြန္ေတာ္လံုးဝသူ ့ကိုမခ်စ္ဘူး။
ေပါက္စီလံုးက က်ြန္ေတာ္သူ ့ကိုဂရုမစိုက္ရင္ ငိုပါတယ္။ ငိုတဲ့အသံေတြကိုနားမခံနိုင္တဲ့ က်ြန္ေတာ့္အတြက္ကေတာ့ ေပါက္စီလံုးကိုထိန္းေပးဖို ့ကလြဲရင္တျခားေရြးခ်ယ္စရာမရွိခဲ့ဘူး။
တီေလးကေျပာတယ္ မင္းကိုသည္းခံမဲ့သူကလံုလံုတစ္ေယာက္ပဲရွိတယ္တဲ့။
တကယ္လဲ ေပါက္စီလံုးက အရြယ္မေရာက္တဲ့ကေလးဆိုေပမဲ့ သူနားလည္သေလာက္ သည္းခံရွာပါတယ္။
က်ြန္ေတာ္စိတ္ဆိုးလို ့သူ ့ကိုနွင္ထုတ္ရင္လဲမသြားတက္သလို ဘယ္ေတာ့မွလဲႀကာႀကာစိတ္မေကာက္တက္ခဲ့ဘူး။
က်ြန္ေတာ့္ဘဝထဲကိုဝင္လာခဲ့တဲ့ ေပါက္စီလံုးကို က်ြန္ေတာ္စိတ္တိုင္းက် ပံုသြင္းဖို ့
သံုးတန္းေက်ာင္းသားက်ြန္ေတာ္ႀကိဳးစားေနခ်ိန္မွာ လူႀကီးေတြကေတာ့ ျပံဳးရယ္ပီးသေဘာတက် ႀကည့္ေနခဲ့ႀကတယ္။
ေပါက္စီလံုးက သူ ့အိမ္မွာသာဆိုးလို ့ရတာက်ြန္ေတာ္ဆီမွာဆို ထိုင္ဆိုထိုင္
သြားဆိုသြားရတဲ့ လူလိမ္မာေလးတစ္ေယာက္ေလ။ အဲ့ဒါေႀကာင့္ က်ြန္ေတာ္နဲ ့ေနရင္လူေတာ္လူေကာင္းေလးျဖစ္မယ္ဆိုတာေတာ့ သူအေဖ သိတယ္ထင္ပါတယ္။
ဒီလိုနဲ ့ ေပါက္စီလံုးရဲ့ငယ္ရြယ္တဲ့ကေလးဘဝကို အလုပ္မအားတဲ့ ေပါက္စီလံုးအေဖက က်ြန္ေတာ္ဆီမွာ အပ္နွံရင္း ေနာက္ဆံကင္းကင္းအလုပ္လုပ္လာခဲ့တယ္။
ကေလးတစ္ေယာက္ကို ကေလးတစ္ေယာက္လက္ထဲထည့္ပီးထိန္းခိုင္းတာ
စိတ္ခ်ရပါ့မလား လို ့ ခင္ဗ်ားတို ့ထင္ေကာင္းထင္နိုင္ပါတယ္။
က်ြန္ေတာ္က ကိုယ္လုပ္တဲ့အလုပ္ကို တာဝန္ေက်ေအာင္လုပ္တက္တဲ့သူတစ္ေယာက္ဆိုေတာ့ ေပါက္စီလံုးကိုထိန္းေႀကာင္း
ဖို ့ရာအဲ့သေလာက္မခက္ခဲဘူး။
ခုလဲ က်ြန္ေတာ္ ေပါက္စီလံုးကိုထမင္းေက်ြးေနတယ္။
ႀကမ္းျပင္ေပၚမွာနွစ္ေယာက္သားမ်က္နွာခ်င္းဆိုင္ထိုင္ေနပီး က်ြန္ေတာ္ေက်ြးသမ်ွ တျမံဳျမံဳ ့ဝါးေနတဲ့ ေပါက္စီလံုးက လိမ္မာတယ္။
"ညက္ေအာင္ဝါးစား "
က်ြန္ေတာ္ေျပာလိုက္ေတာ့ မ်က္လံုးျပဴးေလးနဲ ့ေမာ့ႀကည့္လာပီး ျမန္ျမန္သြက္သြက္ဝါးျပတယ္။
"အင္း လိမ္မာတယ္။ ေရာ ့ ေရေလးတစ္ငံုေသာက္လိုက္"
ေပါက္စီလံုးအတြက္ေက်ာင္း မုန္ ့ဖိုးထဲက
ထုတ္ဝယ္ေပးထားတဲ့ အစိမ္းေရာင္ကာတြန္းရုပ္ေရခြက္ကေလးကို ေပါက္စီလံုးကသိပ္ႀကိဳက္တာ။
က်ြန္ေတာ္သူစားဖို ့ထမင္းခူးေနရင္ သူက
မမွီမကမ္းနဲ ့စင္ေပၚတင္ထားတဲ့ သူ ့ေရခြက္ကို အရင္ယူေတာ့တာပဲ။
သင့္တင့္တဲ့အေနထားေရာက္ေတာ့
ထမင္း ေက်ြးတာကို ရပ္တန္ ့လိုက္တယ္။ ဒါေတာင္ ေပါက္စီလံုးက ထပ္စားခ်င္ေနတုန္း။
အမ်ားႀကီးစားရင္ ေနလို ့မေကာင္းျဖစ္တက္တယ္ဆိုတာ ေပါက္စီလံုးနားမလည္ေသးဘူး။
စားျပီးေတာ့ ေပါက္စီလံုးကုိ ပန္းသီးတစ္လံုးခြဲေက်ြးျဖစ္တယ္။
တကယ္ေတာ့ေပါက္စီလံုးက စပ်စ္သီးကို ပုိႀကိဳက္ပါတယ္။
စာအုပ္ႀကီးသမားက်ြန္ေတာ္ကေတာ့
ဒါကို လ်စ္လ်ဴရွဳ ့ပီး ဒီေန ့စေနေန ့အတြက္ေက်ြးရမဲ့ အခ်ိန္အစာရင္းအတိုင္းပဲ
တေသြမတိမ္းေက်ြးဖို ့ပဲျပင္တယ္။
အထြန္ ့တက္လဲ သူစားခ်င္တာမစားရဘူးဆိုတာသိတဲ့ ေပါက္စီလံုးက အခုလဲ က်ြန္ေတာ္ခ်ေပးထားတဲ့ ဆိုင္ကယ္ရုပ္ေလးသံုးရုပ္နဲ ့ ေျမႀကီးေပၚကို ေဆာ့ကစားရင္းေက်ြးသမ်ွစားေနရွာသည္။
နာရီဝက္ခန္ ့ေဆာ့ကစားေစျပီးေတာ့
ေရခ်ိဳးခ်ိန္ေရာက္လာသည္မို ့
"ေတာ္ျပီ ေရခ်ိဳးခ်ိန္ေရာက္ပီ ။ ေဆာ့ထားေတြျပန္သိမ္းမယ္ "
"ဟြန္ လံုလံု ေဆာ့"
ကစားတာမရပ္ခ်င္ေသးတဲ့ အေႀကာင့္
နွဳတ္ခမ္းဆူျပီးေျပာလာေသာ္လဲ
က်ြန္ေတာ္ မ်က္ေမွာင္ကုတ္ ျပီး
"ေရခ်ိဳးမွာလား မင္းအိမ္ကိုျပန္မွာလား"
ေအးစက္စက္ စကားအဆံုး ေပါက္စီလံုးတစ္ေယာက္ သူ ့ဆိုင္ကယ္ရုပ္ေတြေကာက္သိမ္းျပီး က်ြန္ေတာ္လက္ကိုလာကိုင္၏။
ဒါ သူေရခ်ိဳးပါ့မယ္ဆိုတဲ့သေဘာ။
ေက်နပ္စြာပင္ ေပါက္စီလံုးလက္ကိုဆြဲျပီးအခန္းထဲေခၚခဲ့လိုက္သည္။
အရင္ဆံုးေပါက္စီလံုး ကို အဝတ္ေတြ ခ်ြတ္ျပီး က်ြန္ေတာ္ တဘတ္ႀကီး နဲ ့ပတ္ေပးလိုက္သည္။
"ေနခဲ့အုန္း ငါေရထည့္လိုက္အုန္းမယ္ "
ေပါက္စီလံုးကို ေမြ ့ရာေပၚေကာက္တင္ကာေရခ်ိဳးခန္းထဲဝင္ျပီး ေရေအးေအးေလးထည့္လိုက္သည္။
က်ြန္ေတာ့္ေရခ်ိဳးခန္းသည္ ေပါက္စီလံုးအခန္းလိုေတာ့ ေႀကြကန္မရွိေပ။
ေရစိမ္ခ်ိဳးရတာႀကိဳက္တဲ့ေပါက္စီလံုးအတြက္ က်ြန္ေတာ္ေဒၚေလးကို ပူဆာျပီးဝယ္ခိုင္းထားတဲ့ ဒန္ကန္အဝိုင္းေလးတစ္လံုးသာရွိ၏။
ေရအျပည့္ထည့္ျပီးေတာ့ ေပါက္စီလံုးကို
သြားဆြဲေခၚကာေရ ထဲေပြ ့ထည့္လိုက္သည္။
သိပ္မႀကီးတဲ့ ဒန္ကန္မို ့ ေပါက္စီလံုးထုိင္ခ်ိဳးမွပဲတကိုယ္လံုးေရစိုသည္။
အေတာ္ႀကာေရခ်ိဳးေပးျပီးတဲ့ေနာက္မွာ
ေပါက္စီလံုးကို ခ်ီ မ ျပီး အခန္းျပင္ထုတ္ကာ အဝတ္လဲေပး…သနပ္ခါးလိမ္းေပးတာကို ျမန္ျမန္ဆန္ဆန္လုပ္ေပးလိုက္၏။
ေပါက္စီလံုးရဲ့အက်င့္သည္ ေရခ်ိဳးျပီးတိုင္း
သနပ္ခါးလိမ္းမျပီးေသးခင္ အိပ္ေပ်ာ္တက္တာျဖစ္သည္။
ခုလဲ ပါးေပၚမွာ က်ြန္ေတာ္ရဲ့ မညီမညာ
ဝလံုးေလးအျပီးမွာ ပါးစပ္ေလးဟကာ
အိပ္ေပ်ာ္သြားပီျဖစ္၏။
"ေဆာ့လို ့ဝေတာ့ အိပ္ျပီေပါ့။
မင္းေတာ္ေတာ္ရွဳပ္တဲ့ေကာင္ "
က်ြန္ေတာ္ ေစာင္ပါးေလးရင္ဖက္ေပၚတင္ေပးျပီး မေက်မနပ္ေရရြတ္လိုက္တာကို ေပါက္စီလံုးက မႀကားေတာ့ပါ။
က်ြန္ေတာ္အိပ္ယာေပၚကို ေျခကားယားလက္ကားယား က်က်နနအိပ္လို ့ ေမာင္ပိုင္စီးထားေသာ္လဲ စိတ္ေတာ့ မဆိုးမိေတာ့။
ေပါက္စီလံုးအိပ္ေတာ့ က်ြန္ေတာ္ လုပ္စရာမ်ားစြာကို ျမန္ျမန္ပဲ လုပ္ရေတာ့သည္။
စေနေန ့ေက်ာင္းပိတ္ရက္ျဖစ္လို ့တေနကုန္ေပါက္စီလံုးက အိမ္ျပန္ဖို ့မျမင္။
တီေလး ကလဲ ေစ်းပိတ္ခ်ိန္မွျပန္လာတက္တာမို ့ လုပ္နိုင္သေလာက္အိမ္အလုပ္ေတြ အရင္ႀကိဳလုပ္ေပးထားလိုက္သည္။
အကုန္ျပီးမွ စာႀကည့္စားပြဲ ထိုင္ရ၏။
အဲ့ဒီခ်ိန္ထိ ေပါက္စီလံုးက မနိုးေသး။
တခါတခါအိပ္ရင္ အနည္းဆံုးသံုးနာရီေလာက္ အိပ္တက္သည္မို ့ ဒီႀကားထဲ လန္ ့မနိုးေအာင္ ရင္ဖက္ေပၚထိ ေစာင္တိုးျခံဳေပးလိုက္၏။
"လရိပ္ေရ လရိပ္ …ဦး ဝင္ခဲ့လို ့ရမလား "
ဦးေကာင္းလံု အိမ္ေရွ ့တံခါးဝကေန ရပ္ျပီး
အိမ္တြင္းကိုလွမ္းေအာ္လိုက္သည္။
သားေတာ္ေမာင္က ဒီအိမ္က ကေလးကိုသိပ္ခင္တြယ္သည္။
ေက်ာင္းရက္ဆို တေနကုန္ေနခမ္း ျပန္လာဖို ့ေနေနသာသာ လာေခၚရင္ေတာင္
ျပန္လိုက္ခ်င္တဲ့ေကာင္မဟုတ္။
ဒါေပမဲ့ လရိပ္မွဴးခိုင္ကိုေတာ့ ဦးေကာင္းလံု
စိတ္ခ်သည္ထက္ သေဘာက်သည္ဆိုရင္ပိုမွန္မယ္။
အျမဲညိုရီေနတဲ့ မ်က္ဝန္းေတြထဲမွာ
ကေလးတန္မဲ့ မာန္မာနႀကီးတဲ့အရိပ္အေယာင္ေတြနဲ ့ တည္ႀကည္ခိုင္မာတဲ့ အသြင္သ႑ာန္က ဦးေကာင္းလံု ကိုယံုႀကည္ေစရန္ အေထာက္ပံ့ေကာင္းေတြပင္။
ခဏႀကာေတာ့ ေအးစက္စက္ မ်က္နွာထားနဲ ့အျပံဳးအရယ္မရွိတဲ့ေကာင္ေလးက အိမ္ျပင္ထြက္လာသည္ေႀကာင့္ ျပံဳျပနွဳတ္ဆက္မိ၏။
သို ့ေသာ္ျငားလဲ
"အိပ္ေနတယ္"ဆိုတဲ့ စကားကလြဲျပီး
တျခားတစံုတရာ ျပန္ေျပာမလာခဲ့ပါ။
လရိပ္မွဴးခိုင္ဆိုတဲ့ကေလးကထိုသို ့ပင္တည္း။
ဒါေပမဲ့ ရုိင္းတယ္လို ့ပင္မခံစားရေအာင္ထိုေကာင္ေလးက အႀကည္ဓာတ္ေလးရွိသည္။
"ဟုတ္လား။ ဦး ကပခုကၠဴဖက္ ခရီးထြက္စရာရွိလို ့လာေခၚတာ "
"ဘယ္နွစ္ရက္ႀကာမွာလဲ "
အနည္းငယ္တြန္ ့က်ိဳးသြားတဲ့ မ်က္ခံုးေတြေႀကာင့္ သေဘာက်စြာျပံဳးလိုက္မိျပီးလ်ွင္
"တစ္ညအိပ္ထဲပါ… ဟိုမွာျပသနာနည္းနည္းျဖစ္သြားလို ့။ "
"ထားခဲ့လိုက္"
"ဟမ္"
နားႀကားမ်ားမွားသလားလို ့ေနာက္တေခါက္ျပန္ေမးႀကည့္ေတာ့လဲ ထားခဲ့ဖို ့ထပ္ေျပာလာသည္။
"ထားခဲ့လိုက္ပါ။ မနက္ဖန္က်ြန္ေတာ္ေက်ာင္းပိတ္တယ္ ။ ျပီးေတာ့ တီေလးလဲ ေစ်းပိတ္တယ္ ။ ဒီအရြယ္ကေလးေတြက ခရီးသြားရင္ေခၚသြားဖို ့မေကာင္းေသးဘူး"
၈နွစ္ေက်ာ္ပဲရွိေသးတဲ့ကေလးတစ္ေယာက္ရဲ့စကားေႀကာင့္ ဦးေကာင္းလံု
တဟားဟား အသံထြက္ေအာင္ပင္ရယ္ေမာပစ္လိုက္သည္။
တကယ္မလြယ္တဲ့ကေလးပဲ။
ထားေတာ့ မဟုတ္ေတာင္ လံုလံုတစ္ေယာက္ဒီကေလးလက္ထဲမွာ
အပိုးက်ိဳးေနတာမ်က္ျမင္ပဲမို ့လား။
"ဟားဟား ဟုတ္ပါပီကြာအဲ့ဒါဆို ဦးထားခဲ့လိုက္မယ္။ အဝတ္စားေတြကို အလုပ္သမားတစ္ေယာက္ပို ့ခိုင္းထားလိုက္မယ္ေနာ္ … ေရာ့ ဦးက မုန္ ့ဖိုးေပးတာ"
"က်ြန္ေတာ္ဆီမွာ ပိုက္ဆံရွိပါတယ္။
ေဘဘီနိုးေနေလာက္ျပီ
က်ြန္ေတာ္အထဲဝင္ေတာ့မယ္"
လက္ထဲက တစ္ေသာင္းတန္ တစ္ထပ္ကိုကိုင္ထားရင္ ေက်ာခိုင္းသြားတဲ့ ကေလးတစ္ေယာက္ကို ျပံဳးျပီးႀကည့္ေနရုံသာရွိေတာ့သည္။
ေနပါအုန္း အခ်ိန္တိုင္း ဟိတ္ေကာင္ေလး နဲ ့ တစ္တစ္ခြခြေခၚတက္တဲ့
လရိပ္မွဴးခိုင္က ခုသူ ့သားကို ေဘဘီလို ့ေခၚသြားတယ္။
စိတ္ဝင္စားစရာပဲ။
ခ်စ္တဲ့အိမ္စည္။
>>>>>>>>>><<<<<<<<<<<
" ဟိတ်ကောင် 'ဝ'လုံးလို့ ပါးစပ်ကအော်ရေးလေကွာ "
ကျွန်တော်ရဲ့ ဆူပူသံအဆုံးမှာ ပေါက်စီလုံးရဲ့မပီကလာ ပီကလာနဲ့ 'ဝ'လုံးလို့ အော်သံလေးကထွက်လာတယ်။
ဟုတ်ပါတယ် သုံးတန်းကျောင်းသားကြီးကျွန်တော်က ဖြူဖြူလုံးလုံး သုံးနှစ်နဲ့ ရှစ်လ သားကလေးတစ်ယောက်ကို ရင်ခွင်ထဲထည့်လို့ စာရေးနည်းသင်နေတာပါ။
ဒါကမဖြစ်နိုင်ဘူးလို့ ထင်စရာရှိပေမဲ့
ပေါက်စီလုံးရဲ့ကိုယ်လုံးကြီးကို ခုလို ကြာကြာပွေ့ ထားနိုင်အောင် ကျွန်တော်အတော်ကြီးအချိန်ယူခဲ့ရတယ်။
ကျွန်တော်လို မာနကြီးပီး စာတော်တဲ့ အကိုကြီးဆီမှာ ပေါက်စီလုံး စာသင်ခွင့်ရတာဟာ အတော်ကြီး ကံထူးတယ်လို့ ပြောရပါ့မယ်။
ပေါက်စီလုံးအဖေကတော့ ကျွန်တော်တို့ နှစ်ယောက်ကို တချပ်ချပ်မြည်အောင် ဓာတ်ပုံတွေ သဘောတကျရိုက်နေတာကို သိပေမဲ့ လက်တလောမှာ ပေါက်စီလုံးရဲ့သွားကျိုးပေါက်လေးကနေ တခါတလေ မထိန်းနိုင်ပဲထွက်ကျတက်တဲ့ သွားရေတွေ
သုတ်နေတာမို့ ဘာမှတော့မပြောလိုက်ဖြစ်ဘူး။
တကယ်ဆို ကျွန်တော်က ဓာတ်ပုံရိုက်ခံရတာမကြိုက်တဲ့သူ။
အဲ့လိုတွေလုပ်ပေးနေလို့ ကျွန်တော်ပေါက်စီလုံးကို ချစ်တယ်လို့ မထင်ပါနဲ့ ။ ကျွန်တော်လုံးဝသူ့ ကိုမချစ်ဘူး။
ပေါက်စီလုံးက ကျွန်တော်သူ့ ကိုဂရုမစိုက်ရင် ငိုပါတယ်။ ငိုတဲ့အသံတွေကိုနားမခံနိုင်တဲ့ ကျွန်တော့်အတွက်ကတော့ ပေါက်စီလုံးကိုထိန်းပေးဖို့ ကလွဲရင်တခြားရွေးချယ်စရာမရှိခဲ့ဘူး။
တီလေးကပြောတယ် မင်းကိုသည်းခံမဲ့သူကလုံလုံတစ်ယောက်ပဲရှိတယ်တဲ့။
တကယ်လဲ ပေါက်စီလုံးက အရွယ်မရောက်တဲ့ကလေးဆိုပေမဲ့ သူနားလည်သလောက် သည်းခံရှာပါတယ်။
ကျွန်တော်စိတ်ဆိုးလို့ သူ့ ကိုနှင်ထုတ်ရင်လဲမသွားတက်သလို ဘယ်တော့မှလဲကြာကြာစိတ်မကောက်တက်ခဲ့ဘူး။
ကျွန်တော့်ဘဝထဲကိုဝင်လာခဲ့တဲ့ ပေါက်စီလုံးကို ကျွန်တော်စိတ်တိုင်းကျ ပုံသွင်းဖို့
သုံးတန်းကျောင်းသားကျွန်တော်ကြိုးစားနေချိန်မှာ လူကြီးတွေကတော့ ပြုံးရယ်ပီးသဘောတကျ ကြည့်နေခဲ့ကြတယ်။
ပေါက်စီလုံးက သူ့ အိမ်မှာသာဆိုးလို့ ရတာကျွန်တော်ဆီမှာဆို ထိုင်ဆိုထိုင်
သွားဆိုသွားရတဲ့ လူလိမ်မာလေးတစ်ယောက်လေ။ အဲ့ဒါကြောင့် ကျွန်တော်နဲ့ နေရင်လူတော်လူကောင်းလေးဖြစ်မယ်ဆိုတာတော့ သူအဖေ သိတယ်ထင်ပါတယ်။
ဒီလိုနဲ့ ပေါက်စီလုံးရဲ့ငယ်ရွယ်တဲ့ကလေးဘဝကို အလုပ်မအားတဲ့ ပေါက်စီလုံးအဖေက ကျွန်တော်ဆီမှာ အပ်နှံရင်း နောက်ဆံကင်းကင်းအလုပ်လုပ်လာခဲ့တယ်။
ကလေးတစ်ယောက်ကို ကလေးတစ်ယောက်လက်ထဲထည့်ပီးထိန်းခိုင်းတာ
စိတ်ချရပါ့မလား လို့ ခင်ဗျားတို့ ထင်ကောင်းထင်နိုင်ပါတယ်။
ကျွန်တော်က ကိုယ်လုပ်တဲ့အလုပ်ကို တာဝန်ကျေအောင်လုပ်တက်တဲ့သူတစ်ယောက်ဆိုတော့ ပေါက်စီလုံးကိုထိန်းကြောင်း
ဖို့ ရာအဲ့သလောက်မခက်ခဲဘူး။
ခုလဲ ကျွန်တော် ပေါက်စီလုံးကိုထမင်းကျွေးနေတယ်။
ကြမ်းပြင်ပေါ်မှာနှစ်ယောက်သားမျက်နှာချင်းဆိုင်ထိုင်နေပီး ကျွန်တော်ကျွေးသမျှ တမြုံမြုံ့ ဝါးနေတဲ့ ပေါက်စီလုံးက လိမ်မာတယ်။
"ညက်အောင်ဝါးစား "
ကျွန်တော်ပြောလိုက်တော့ မျက်လုံးပြူးလေးနဲ့ မော့ကြည့်လာပီး မြန်မြန်သွက်သွက်ဝါးပြတယ်။
"အင်း လိမ်မာတယ်။ ရော့ ရေလေးတစ်ငုံသောက်လိုက်"
ပေါက်စီလုံးအတွက်ကျောင်း မုန့် ဖိုးထဲက
ထုတ်ဝယ်ပေးထားတဲ့ အစိမ်းရောင်ကာတွန်းရုပ်ရေခွက်ကလေးကို ပေါက်စီလုံးကသိပ်ကြိုက်တာ။
ကျွန်တော်သူစားဖို့ ထမင်းခူးနေရင် သူက
မမှီမကမ်းနဲ့ စင်ပေါ်တင်ထားတဲ့ သူ့ ရေခွက်ကို အရင်ယူတော့တာပဲ။
သင့်တင့်တဲ့အနေထားရောက်တော့
ထမင်း ကျွေးတာကို ရပ်တန့် လိုက်တယ်။ ဒါတောင် ပေါက်စီလုံးက ထပ်စားချင်နေတုန်း။
အများကြီးစားရင် နေလို့ မကောင်းဖြစ်တက်တယ်ဆိုတာ ပေါက်စီလုံးနားမလည်သေးဘူး။
စားပြီးတော့ ပေါက်စီလုံးကို ပန်းသီးတစ်လုံးခွဲကျွေးဖြစ်တယ်။
တကယ်တော့ပေါက်စီလုံးက စပျစ်သီးကို ပိုကြိုက်ပါတယ်။
စာအုပ်ကြီးသမားကျွန်တော်ကတော့
ဒါကို လျစ်လျူရှု့ ပီး ဒီနေ့ စနေနေ့ အတွက်ကျွေးရမဲ့ အချိန်အစာရင်းအတိုင်းပဲ
တသွေမတိမ်းကျွေးဖို့ ပဲပြင်တယ်။
အထွန့် တက်လဲ သူစားချင်တာမစားရဘူးဆိုတာသိတဲ့ ပေါက်စီလုံးက အခုလဲ ကျွန်တော်ချပေးထားတဲ့ ဆိုင်ကယ်ရုပ်လေးသုံးရုပ်နဲ့ မြေကြီးပေါ်ကို ဆော့ကစားရင်းကျွေးသမျှစားနေရှာသည်။
နာရီဝက်ခန့် ဆော့ကစားစေပြီးတော့
ရေချိုးချိန်ရောက်လာသည်မို့
"တော်ပြီ ရေချိုးချိန်ရောက်ပီ ။ ဆော့ထားတွေပြန်သိမ်းမယ် "
"ဟွန် လုံလုံ ဆော့"
ကစားတာမရပ်ချင်သေးတဲ့ အကြောင့်
နှုတ်ခမ်းဆူပြီးပြောလာသော်လဲ
ကျွန်တော် မျက်မှောင်ကုတ် ပြီး
"ရေချိုးမှာလား မင်းအိမ်ကိုပြန်မှာလား"
အေးစက်စက် စကားအဆုံး ပေါက်စီလုံးတစ်ယောက် သူ့ ဆိုင်ကယ်ရုပ်တွေကောက်သိမ်းပြီး ကျွန်တော်လက်ကိုလာကိုင်၏။
ဒါ သူရေချိုးပါ့မယ်ဆိုတဲ့သဘော။
ကျေနပ်စွာပင် ပေါက်စီလုံးလက်ကိုဆွဲပြီးအခန်းထဲခေါ်ခဲ့လိုက်သည်။
အရင်ဆုံးပေါက်စီလုံး ကို အဝတ်တွေ ချွတ်ပြီး ကျွန်တော် တဘတ်ကြီး နဲ့ ပတ်ပေးလိုက်သည်။
"နေခဲ့အုန်း ငါရေထည့်လိုက်အုန်းမယ် "
ပေါက်စီလုံးကို မွေ့ ရာပေါ်ကောက်တင်ကာရေချိုးခန်းထဲဝင်ပြီး ရေအေးအေးလေးထည့်လိုက်သည်။
ကျွန်တော့်ရေချိုးခန်းသည် ပေါက်စီလုံးအခန်းလိုတော့ ကြွေကန်မရှိပေ။
ရေစိမ်ချိုးရတာကြိုက်တဲ့ပေါက်စီလုံးအတွက် ကျွန်တော်ဒေါ်လေးကို ပူဆာပြီးဝယ်ခိုင်းထားတဲ့ ဒန်ကန်အဝိုင်းလေးတစ်လုံးသာရှိ၏။
ရေအပြည့်ထည့်ပြီးတော့ ပေါက်စီလုံးကို
သွားဆွဲခေါ်ကာရေ ထဲပွေ့ ထည့်လိုက်သည်။
သိပ်မကြီးတဲ့ ဒန်ကန်မို့ ပေါက်စီလုံးထိုင်ချိုးမှပဲတကိုယ်လုံးရေစိုသည်။
အတော်ကြာရေချိုးပေးပြီးတဲ့နောက်မှာ
ပေါက်စီလုံးကို ချီ မ ပြီး အခန်းပြင်ထုတ်ကာ အဝတ်လဲပေး…သနပ်ခါးလိမ်းပေးတာကို မြန်မြန်ဆန်ဆန်လုပ်ပေးလိုက်၏။
ပေါက်စီလုံးရဲ့အကျင့်သည် ရေချိုးပြီးတိုင်း
သနပ်ခါးလိမ်းမပြီးသေးခင် အိပ်ပျော်တက်တာဖြစ်သည်။
ခုလဲ ပါးပေါ်မှာ ကျွန်တော်ရဲ့ မညီမညာ
ဝလုံးလေးအပြီးမှာ ပါးစပ်လေးဟကာ
အိပ်ပျော်သွားပီဖြစ်၏။
"ဆော့လို့ ဝတော့ အိပ်ပြီပေါ့။
မင်းတော်တော်ရှုပ်တဲ့ကောင် "
ကျွန်တော် စောင်ပါးလေးရင်ဖက်ပေါ်တင်ပေးပြီး မကျေမနပ်ရေရွတ်လိုက်တာကို ပေါက်စီလုံးက မကြားတော့ပါ။
ကျွန်တော်အိပ်ယာပေါ်ကို ခြေကားယားလက်ကားယား ကျကျနနအိပ်လို့ မောင်ပိုင်စီးထားသော်လဲ စိတ်တော့ မဆိုးမိတော့။
ပေါက်စီလုံးအိပ်တော့ ကျွန်တော် လုပ်စရာများစွာကို မြန်မြန်ပဲ လုပ်ရတော့သည်။
စနေနေ့ ကျောင်းပိတ်ရက်ဖြစ်လို့ တနေကုန်ပေါက်စီလုံးက အိမ်ပြန်ဖို့ မမြင်။
တီလေး ကလဲ ဈေးပိတ်ချိန်မှပြန်လာတက်တာမို့ လုပ်နိုင်သလောက်အိမ်အလုပ်တွေ အရင်ကြိုလုပ်ပေးထားလိုက်သည်။
အကုန်ပြီးမှ စာကြည့်စားပွဲ ထိုင်ရ၏။
အဲ့ဒီချိန်ထိ ပေါက်စီလုံးက မနိုးသေး။
တခါတခါအိပ်ရင် အနည်းဆုံးသုံးနာရီလောက် အိပ်တက်သည်မို့ ဒီကြားထဲ လန့် မနိုးအောင် ရင်ဖက်ပေါ်ထိ စောင်တိုးခြုံပေးလိုက်၏။
"လရိပ်ရေ လရိပ် …ဦး ဝင်ခဲ့လို့ ရမလား "
ဦးကောင်းလုံ အိမ်ရှေ့ တံခါးဝကနေ ရပ်ပြီး
အိမ်တွင်းကိုလှမ်းအော်လိုက်သည်။
သားတော်မောင်က ဒီအိမ်က ကလေးကိုသိပ်ခင်တွယ်သည်။
ကျောင်းရက်ဆို တနေကုန်နေခမ်း ပြန်လာဖို့ နေနေသာသာ လာခေါ်ရင်တောင်
ပြန်လိုက်ချင်တဲ့ကောင်မဟုတ်။
ဒါပေမဲ့ လရိပ်မှူးခိုင်ကိုတော့ ဦးကောင်းလုံ
စိတ်ချသည်ထက် သဘောကျသည်ဆိုရင်ပိုမှန်မယ်။
အမြဲညိုရီနေတဲ့ မျက်ဝန်းတွေထဲမှာ
ကလေးတန်မဲ့ မာန်မာနကြီးတဲ့အရိပ်အယောင်တွေနဲ့ တည်ကြည်ခိုင်မာတဲ့ အသွင်သဏ္ဍာန်က ဦးကောင်းလုံ ကိုယုံကြည်စေရန် အထောက်ပံ့ကောင်းတွေပင်။
ခဏကြာတော့ အေးစက်စက် မျက်နှာထားနဲ့ အပြုံးအရယ်မရှိတဲ့ကောင်လေးက အိမ်ပြင်ထွက်လာသည်ကြောင့် ပြုံပြနှုတ်ဆက်မိ၏။
သို့ သော်ငြားလဲ
"အိပ်နေတယ်"ဆိုတဲ့ စကားကလွဲပြီး
တခြားတစုံတရာ ပြန်ပြောမလာခဲ့ပါ။
လရိပ်မှူးခိုင်ဆိုတဲ့ကလေးကထိုသို့ ပင်တည်း။
ဒါပေမဲ့ ရိုင်းတယ်လို့ ပင်မခံစားရအောင်ထိုကောင်လေးက အကြည်ဓာတ်လေးရှိသည်။
"ဟုတ်လား။ ဦး ကပခုက္ကူဖက် ခရီးထွက်စရာရှိလို့ လာခေါ်တာ "
"ဘယ်နှစ်ရက်ကြာမှာလဲ "
အနည်းငယ်တွန့် ကျိုးသွားတဲ့ မျက်ခုံးတွေကြောင့် သဘောကျစွာပြုံးလိုက်မိပြီးလျှင်
"တစ်ညအိပ်ထဲပါ… ဟိုမှာပြသနာနည်းနည်းဖြစ်သွားလို့ ။ "
"ထားခဲ့လိုက်"
"ဟမ်"
နားကြားများမှားသလားလို့ နောက်တခေါက်ပြန်မေးကြည့်တော့လဲ ထားခဲ့ဖို့ ထပ်ပြောလာသည်။
"ထားခဲ့လိုက်ပါ။ မနက်ဖန်ကျွန်တော်ကျောင်းပိတ်တယ် ။ ပြီးတော့ တီလေးလဲ ဈေးပိတ်တယ် ။ ဒီအရွယ်ကလေးတွေက ခရီးသွားရင်ခေါ်သွားဖို့ မကောင်းသေးဘူး"
၈နှစ်ကျော်ပဲရှိသေးတဲ့ကလေးတစ်ယောက်ရဲ့စကားကြောင့် ဦးကောင်းလုံ
တဟားဟား အသံထွက်အောင်ပင်ရယ်မောပစ်လိုက်သည်။
တကယ်မလွယ်တဲ့ကလေးပဲ။
ထားတော့ မဟုတ်တောင် လုံလုံတစ်ယောက်ဒီကလေးလက်ထဲမှာ
အပိုးကျိုးနေတာမျက်မြင်ပဲမို့ လား။
"ဟားဟား ဟုတ်ပါပီကွာအဲ့ဒါဆို ဦးထားခဲ့လိုက်မယ်။ အဝတ်စားတွေကို အလုပ်သမားတစ်ယောက်ပို့ ခိုင်းထားလိုက်မယ်နော် … ရော့ ဦးက မုန့် ဖိုးပေးတာ"
"ကျွန်တော်ဆီမှာ ပိုက်ဆံရှိပါတယ်။
ဘေဘီနိုးနေလောက်ပြီ
ကျွန်တော်အထဲဝင်တော့မယ်"
လက်ထဲက တစ်သောင်းတန် တစ်ထပ်ကိုကိုင်ထားရင် ကျောခိုင်းသွားတဲ့ ကလေးတစ်ယောက်ကို ပြုံးပြီးကြည့်နေရုံသာရှိတော့သည်။
နေပါအုန်း အချိန်တိုင်း ဟိတ်ကောင်လေး နဲ့ တစ်တစ်ခွခွခေါ်တက်တဲ့
လရိပ်မှူးခိုင်က ခုသူ့ သားကို ဘေဘီလို့ ခေါ်သွားတယ်။
စိတ်ဝင်စားစရာပဲ။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz