ZingTruyen.Xyz
အကြင်နာဝေလုံ (အကြင်နာဝေလုံ) Completed
38
eainsi23
သူ့နာမည်ကMoon ..
" ဟယ်လို  .. ထူးစစ်ပိုင်! "
ထွက်ပေါ်လာပြီးနောက်....
________
အား ကျွတ်ကျွတ်...
"အင်းး"
"ဘေဘီ  ငြိမ်ငြိမ်နေ "
" နာသေးတယ် ။ မထိ သေးနဲ့အုံး "
ချီး ဘေဘီ ။
________
"  အဆိုတော် လုပ်ပါတယ်ဗျ "
"အဖေ့ !! "
စိုက်ကြည့်ရင်း
မပြောတော့ဘူး  "
အောင်မာ လာသေးတယ်။
ring ring .....
ချစ်တဲ့အိမ်စည်။
ညသန်းခေါင်ယံအချိန်တွင် အခန်းအတွင်းရှိ လူနှစ်ယောက်သည် ငြိမ်သက်စွာ အိပ်မောကျနေလျက်ရှိသည်။ ထိုအချိန်မှာ အိပ်ပျော်နေတယ်ဟု ထင်ရသောကောင်ကလေး၏  မှေးမှိတ်ထားတဲ့ မျက်လုံးတို့က ဖျတ်ခနဲ ဖွင့်လာကာ သူ့ကို  ပွေ့ ဖက်ထားသော တစုံတစ်ယောက်ရဲ့ရင်ခွင်ထဲကနေ  နိုးမသွားအောင် ရုန်းထွက်လာသည်။ 
တဖက်လူသည် နှစ်ခြိုက်စွာအိပ်ပျော်နေတာမို့   သူ့ဖက်က လှုပ်ရှားမူ့ ရှိခဲ့သော်ငြား နိုးတော့မသွားချေ။   တခဏကြာမျှ
နုညံ့တဲ့ အကြည့်တို့ဖြင့် ကြည့်ရူ့ ပြီး  ကုတင်ပေါ်ကနေ သူ မသံမထွက်အောင် ဆင်းလိုက်သည်။
ကြမ်းပေါ်ကို ခြေချလိုက်သည်နှင့် ကိုယ်ပေါ်မှာ အနည်းငယ်သာ ဖုံးအုပ်ထားတဲ့ စောင်ပိုင်းဟာ လျောကျသွားပြီး ဖြူ ဖွေးသောခန္ဓာကိုယ် နောက်ပိုင်းက ဖွေးခနဲ ပေါ်လာသည်။ တောင့်တင်းနေသော ခြေတံရှည်တွေနဲ့ ရင်အုပ်ကျယ်ကျယ်တွေသည် အဝတ်မပါတာမို့ ခပ်မှိန်မှိန် အလင်းအောက်တွင် မြင်ကွင်းက အရှင်းသား။
လှုပ်ရှားမူ့ အကုန်လုံးသည်  တဖက်လူအပေါ်မှာ ဘယ်လောက်လေးနက်သလဲ ဆိုတာ သိသာစေအောင် ဂရုတစိုက်ရှိလွန်းသည်မို့   တစုံတစ်ယောက်ကတော့
အိမ်မက်ကမ္ဘာမှ လုံးဝနိုးထဖို့မမြင်...  
Moon  ကုတင်ပေါ်မှာ နှစ်ချိုက်စွာ အိပ်မောကျနေတဲ့ ချစ်ချစ်ကို လှမ်းကြည့်ပြီး   စားပွဲပေါ်က ဖုန်းကို အသာအယာ ဆွဲယူကာ အခန်းအပြင်ကိုထွက်လာသည်။  စူးရှတဲ့ မျက်လုံးတို့သည်
တည်ငြိမ်နေကာ  ကလေးဆန်တဲ့ အရိပ်အယောင် တစိုးတစိမှ မရှိပဲ လေးနက်လွန်းနေသယောင်...
သူ့နာမည်ကMoon ..
လရိပ်မှူးခိုင်ကိုကိုယ်စားပြုသော နာမည်ဖြစ်ပေမဲ့  သူတစ်ယောက်ထဲ ဖြတ်သန်း ခဲ့တဲ့ နေ့ရက်တွေမှာ  ထိုနာမည်နဲ့ မာကျောသော အသွင်ဆောင်ခဲ့သည်မို့ 
များပြားလှတဲ့ မျက်နှာဖုံးတွေထဲက သူ့အကြိုက်ဆုံးတစ်ခုဆိုရင် မမှား။
ဓားသွားထက်မှာ လမ်းလျှောက်နေရတဲ့ သူလို တစ်ကောင်ကြွက်တစ်မျက်နှာ အတွက် အမျိုးမျိုးသောမျက်နှာများကိုထားရှိရသည်။  ဘယ်လောက်ပဲ  Moon ဆိုတဲ့အကောင်က အပြင်လောကမှာ အကြောတင်းပါစေ  မှူးခိုင်အတွက်ဆိုရင် သူဟာ ၃နှစ်သားအရွယ်လိုမျိုး  ချွဲနွဲ့နေချင်သူသာ။
   လက်ထဲကဖုန်းကို နားမှာ ကပ်ထား ရင်းစောင့်ဆိုင်းနေတဲ့ Moon  မျက်နှာသည်
စိတ်မရှည်စွာ မျက်ခုံးနှစ်ခုထိစပ်လုနီးပါး
တွန့်ကုတ်ထားသည်။ မကြာခင်မှာ ခေါ်ဆိုနေသော ဖုန်းဝင်သွားပီးနောက် 
" ဟယ်လို  .. ထူးစစ်ပိုင်! "
ညသံ ကြောင့် သူ့ အသံကထင်ရှားစွာ
ထွက်ပေါ်လာပြီးနောက်....
________
အား ကျွတ်ကျွတ်...
နာကျင်မူ့ ဖြင့် စရတဲ့ မနက်ခင်း ဆိုတာ
လရိပ်မှူးခိုင်ရဲ့ဘဝမှာရှိဖူးခဲ့ပြီ။ ကိုင်ပေါက်ခံထားရသလို  ခံစားချက် ၊ အဖိုးတန်
သူ့ အနောက်တနေရာ က စူးရှအောင့်သက်သော ခံစားချက်  ... ။ အမှန်ပင် ဆိုးဝါးလှပါသည်။ ဒါတောင် ညက တငိုငိုတရယ်ရယ် တားမြစ်ခဲ့လို့  သက်သာခဲ့ရတာဖြစ်၏။ မျက်လုံးတွေဆိုရင်သေချာ ပေါက် မို့ဖောင်းနေမှာပင်။
ပြီးတော့ သူဟာ လူပျို မဟုတ်တော့ပဲ
တစုံတစ်ယောက်ရဲ့  ပိုင်ဆိုင်မူ့ အမှတ်အသား ပြု ခြင်းခံကို လတ်လတ်ဆတ်ဆတ်ခံထားရတဲ့သူ။ 
"အင်းး"
ရင်ခွင်ထဲက လှုပ်တုတ်လှုပ်တုတ် ကြောင့်
အသာအယာ မျက်လုံးဖွင့်ကြည့်စဉ် ဘေဘီက ညက သူမဟုတ်သလို ရင်ဘတ်မှာ ပါးအပ်ပြီး မျက်လုံးတွေကို ပွတ်နေ၏။
ဖြူ ဖွေးနေတဲ့ ကိုယ်လုံးလေးက သူ့ရင်ခွင်ထဲမှာ အခန့် သား။ အပေါ်စီးကနေမြင်နေရသလောက်ဘေဘီ ကဆံပင်တိုလေးနဲ့လည်းကြည့်ကောင်းသည်ပင်။ 
လရိပ် ငေးကြည့်နေတုန်းမှာပင် ဘေဘီ ကမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အိပ်ယာက နှိုးလာ၏။ တချိန်တည်း
အိပ်မှုံစုတ်ဖွားရုပ်လေးက  ရယ်ပြပြီး  အိင်္ကျီမပါတဲ့ လရိပ်ရင်ဘတ်ကို ကုန်းနမ်းနေပြန်တာမို့ အလျှင်အမြန်နဖူးကနေတွန်းပြီး
တားရသည်။ ညက အရှိန်က မသက်သာသေးတာမို့   အထိခံလို့တော့မဖြစ်ပေ။
"ဘေဘီ  ငြိမ်ငြိမ်နေ "
" လုံလုံ ဘာလုပ်လို့လဲ  ရင်ဘတ်ကလေးက ချစ်စရာလေးမို့နမ်းတာကို "
"အင့်ဟင် မင်းအကြောင်းကို တစ်ညထဲနဲ့နောကျေ သွားပီ ဘေဘီ။ ဖြစ်နိုင်ရင် မထိပါသေးနဲ့ဦး ငါခု တော်တော်နာနေတယ်"
  လရိပ် မရှက်နိုင်တော့တာမို့ တောင်းတောင်းပန်ပန်ပြောမိလိုက်လျှင် ဘေဘီ မျက်ခုံးတွေက ဆတ်ခနဲ ကြုံ့ သွား၏။
" အရမ်းနာနေတာလား ညက မှူးခိုင်အိပ်နေတုန်း ဆေးလိမ်းပေးထားတယ်လေ  "
လရိပ်မျက်နှာ ဖြန်းခနဲ နီရဲတက်သွား၏ 
ဆေးထည့်နေတဲ့ပုံကို တွေးကြည့်ရင်မမြင်ရဲစရာ။  ပြီးတော့  ဆေးထည့်ပေးတာကိုတောင် မသိရလောက်အောင် သူ
ဒီလောက်တောင်  ကျရှုံးခဲ့ရတာလား။
ရှက်ဖွယ်ပဲ  လရိပ်မှူးခိုင်ရာ။
လုံလုံက  မင်းလက်ပေါ်မှာ ကြီးခဲ့တဲ့ကလေးကိုတောင် မင်းက အပေါ်ထပ် မနေနိုင်တဲ့ အပြင် အောက်က  အော်ဟစ်ငိုယိုတောင်းပန်ခဲ့ရသေးသည်။
" နာသေးတယ် ။ မထိ သေးနဲ့အုံး "
" လုံလုံ မထိပဲ မနေနိုင်ဘူးထင်တယ်။ "
ပြောနေရင်း ရင်ဘတ်ကို မျက်နှာနဲ့လိုက်ပွတ်နေတာကြောင့် လရိပ်ငယ်သံပါအောင် အော်ရပြန်သည်။
" အား  ဘေဘီ  မလုပ်နဲ့ ယားတယ်လို့  ။
မင်း ကလေးလား ဖယ်စမ်း ချီး .. လုံလုံ အား လပြွတ်လို့ ငါ့နို့တွေကိုကိုက်နေတာလားဟ  ။  မထိနဲ့ လို့ပြောနေတာကို "
"လုံလုံကို  မချစ်တော့ဘူးလား "
ချီး ဘေဘီ ။
မဲ့တဲ့တဲ့မျက်နှာနဲ့မော့ကြည့်လာတဲ့ မျက်လုံးတွေအလယ်မှာ သောက်အရည်လေးက တရွှဲရွှဲနဲ့။ ချီးပဲဘေဘီ ။ မင်းအဲ့ဒါနဲ့ပဲ လုပ်စားနေလိုက်တော့။
စိတ်တိုတိုနဲ့  မျက်မှောင်ကုတ်ကာ
ဒီလောက်ကိုက်ချင်နေတာကိုက်စမ်းဆိုပြီး အဲ့ဒီမော့နေတဲ့မျက်နှာကို ရင်ဘတ်မှာ ဂုတ်ကနေဆွဲကိုင် ပစ်ကပ်ပေးလိုက်၏။
သူဖြစ်ချင်တာဖြစ်ရတော့ ချက်ချင်း ခါးပေါ်ကိုလက်ကရောက်လာပြီး တတိတိနဲ့ တကိုယ်လုံးကိုက်တော့၏။
________
ဦးသီဟခိုင်သည် သူ့ရှေ့က  ထိုင်နေတဲ့ကောင်လေးကို  အထက်အောက် စူးရှစွာစိုက်ကြည့်နေမိ၏။ ဘယ်လိုပဲကြည့်ကြည့် ကလေးရုပ်ကလေးက မပျောက်ပျက်သေးသည်မို့ ဘေးမှာ ငြိမ်ငြိမ်လေး ကပ်ထိုင်နေတဲ့သူ့သားကို စိတ်ပျက်လက်ပျက်ကြည့်လိုက်မိတော့သည်။
လာရောက် တောင်းပေးပါလို့ ခေါ်တော့ မိဘတစ်ယောက်အနေနဲ့ မလာလို့လဲမဖြစ်တော့ရှိသမျှ အလုပ်ဖျက်ပြီး သူ့မှာပြေးလာရသည်။ မိဘဝတ္တရားရှိသေးတယ် ပဲပြောပြော သားကို စိတ်ချမ်းသာအောင် လုပ်ပေးချင်စိတ်ပဲရှိတာ လက်တွေ့ ကျ  ဒီကလေးသာသာ အရွယ်လေးကို သူ့အနေနဲ့ ဘယ်လိုမှ လက်သင့်မခံပေးချင်ပါ။
ရွေးစရာရှားလိုက်တာလို့တော့ လရိပ်ကိုသွားပြောလို့မဖြစ်ဘူး ဒီကောင်က မွေးကတည်းက ခေါင်းသိပ်မာတဲ့ကောင် ။
သူခိုင်းတဲ့အတိုင်းတောင်းမပေးကြည့်ပါ့လား ကိုယ့်ကိုတောင် အမွေဖြတ်မဲ့သဘောရှိတယ်။ 
ကဲပါလေ  ကာယကံရှင်ကိုယ်တိုင်သဘောကျတယ်ဆိုမှ  သူက ဘာပြောနိုင်မှာလဲ။ အင်း.. အသက်ငယ်တယ်ဆိုပေမဲ့ ၊
ကလေးရုပ်ကလေး မပျောက်သေးဘူးဆိုပေမဲ့  ၊  အသားဖွေဖွေးလေးနဲ့ ချစ်တော့ချစ်စရာလေးပါလေ။ 
"အဟမ်း   !  မင်းဘာအလုပ်လုပ်သလဲကောင်လေး "
လရိပ် သူ့အဖေရဲ့ မေးခွန်းကြီးကြောင့်   မျက်နှာလေးအိုသွားရ၏။ ဘယ်နှယ့် ရောက်ကတည်းက ဘေဘီကို ခပ်တည်တည်ကြီးထိုင်ကြည့်နေရုံမကဘူး  ခု မေးလိုက်တာကလည်း ဇာတ်ကားထဲက သမီးရှည်တွေ မေးတဲ့အတိုင်းကြီး။
ဦးသီဟ သူ့သားမျက်နှာကြီးကိုမြင်ပေမဲ့ မသိချင်ယောင်ဆောင်ထားလိုက်သည်။
ကောင်လေးပုံစံက လေးလေးနက်နက်တော့ရှိတယ်ဆိုပေမဲ့ အသက်အရွယ်ကိုတော့ စိတ်ကသိကအောက်ဖြစ်ရသည်။ ပြီးတော့   အိမ်ကကောင် ။
နွားအိုမြက်နုကြိုက်နေသလို  ကဲကဲသဲသဲဖြစ်နေတာကိုအမြင်ကပ်လို့သူ့ရုပ်ကို ရောက်ကတည်းက  မျက်နှာကြောတင်းထားသည်မို့ ပါးတွေတောင်တောင့်နေပြီ။
"  အဆိုတော် လုပ်ပါတယ်ဗျ "
"   ဒါဆိုမင်းမှာ အလုပ်သဘောအရ ထိတွေ့ဆက်ဆံရတဲ့ မိန်းကလေး သူငယ်ချင်းတွေရော ရှိမှာပေါ့ "
"ဟုတ်ကဲ့ အမြဲတမ်းမဟုတ်ပေမဲ့  ကြော်ငြာရိုက်လို့ လိုအပ်တဲ့အခါဆိုရင်တော့ ထိတွေ့ရတာရှိပါတယ်။"
သိပ်ကြီးသဘောကျဟန်မရှိတဲ့ ယောက်ခထီးကြောင့် ဝေလုံလည်း သတိအနေထားနဲ့နေနေရသည်။ ဖြစ်နိုင်ရင် ဒီနေ့  သဘောတူ နောက်ရက် လက်ထက်တဲ့အထိမြန်မြန်ဆန်ဆန်ဖြစ်ချင်နေတာမို့  ယောက်ခထီး ညို ငြင်သွားလို့တော့လုံးဝမဖြစ်ပေ။
" မင်းအနေနဲ့  အချောအလှမိန်းကလေးတွေကို  ပစ်ပြီး ငါ့သားကို တကယ် လက်ထက်မယ်ပေါ့။ စဉ်းစားကြည့်ရင် မဖြစ်နိုင်ဘူးထင်တယ် ၊ ပုံမှန် ယောကျာ်းနဲ့မိန်းမ ပြု
ကြတဲ့  အိမ်ထောင်တွေတောင် ဖောက်ပြန်မူ့ ဆိုတာ ရှိကြသေးတာပဲ မင်းက တသက်လုံး ယောကျာ်းတစ်ယောက်ကို လက်ထက်ပေါင်းသင်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ပြီးတော့ မင်းအသက်က ၁၉နှစ်တောင်မပြည့်သေးဘူး ..အင်း ထားပါတော့ ၁၉နှစ်၊ ဒီအရွယ်မှာ မင်းအိမ်ထောင်ပြုဖို့စောလွန်းမနေဘူးလား "
"အဖေ့ !! "
လရိပ်  ဘေဘီနားလေးကို လက်နှစ်ဖက်နဲ့အမြန်ပိတ်ပေးလိုက်သည်။  နားမထောင်နဲ့ ဘေဘီ အဖေက မင်းနဲ့ မယူစေချင်လို့  မဟုတ်တာတွေလျှောက်ပြောနေတာ။ လရိပ်အနေနဲ့ အဖေ့ဆီက အမြင်တွေကို မသိချင်ပါ။ ရိုင်းဆိုင်းတာမဟုတ်ပေမဲ့ အဖေကိုယ်တိုင် သူ့သဘောကျတဲ့သူနဲ့ယူခဲ့သေးတာပဲ ။ ခြေရာတိုင်းနေတာထပ် ဘေဘီကို ချစ်တဲ့စိတ်ပိုနေလို့သာ။
ဝေလုံ  သူ့နားတွေကိုလာပိတ်ပေးထားတဲ့ ချစ်ချစ်လက်ကလေးကိုဆွဲယူပြီး ပြန်မလွှတ်ပဲဆုပ်ကိုင်လိုက်၏။  ယောက်ခထီး ကို ပြန်လည်ရန်တွေ့မလို စူစူပုတ်ပုတ်ပြန်ကြည့်နေတဲ့ပုံလေးကကြောင်သားသည်အမေကြီးလို ပင်။ ထိုပုံလေးက ဖက်ထားချင်လောက်အောင် ချစ်စရာကောင်းနေတာမို့
ရှုပ်ထွေးနေတဲ့ စိတ်ပင် ပြေပျောက်သွားရလေသည်။
"ရပါတယ် ကျွန်တော်အဖေနဲ့ စကားပြောဦးမယ် မှူးခိုင်  "
ပြုံးပြလျက်  လက်ခံပေးဖို့  ခေါင်းညိမ့်ပြတော့ ထပ်ပြောမလာတော့ပေ။ ဝေလုံ တည်တည်ငြိမ်ငြိမ်ဖြင့်  မှူးခိုင်အဖေဖက်ကို လှည့်လိုက်၏။
" အဖေပြောတာကို ကျွန်တော်နားလည်ပါတယ်။ အိမ်ထောင်တစ်ခုပြု ဖို့ မလွယ်ကူပါဘူး၊ ကျွန်တော်တို့လို LGBTတွေအတွက်ပိုပြီးတောင်ခက်ခဲဦးမှာပါ။  ဒါပေမဲ့ ..."
ဝေလုံ  ချစ်ချစ်ကို ကြင်နာစွာ
စိုက်ကြည့်ရင်း
" လရိပ်မှူးခိုင် နဲ့ အတူရှိနေသ၍ ကျွန်တော် ဘယ်တော့မှ တခြားတစ်ယောက်ကို စိတ်နဲ့တောင်ပြစ်မှားမှာမဟုတ်ဘူး။
ဘယ်တော့မှလည်း ဖောက်ပြန်မှာမဟုတ်သလို ဘယ်တော့မှလည်းအချစ်လျော့သွားစရာ ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို တဖက်သတ်ချစ်ခဲ့ရတာ ကျွန်တော်တစ်သက် နီးပါးရှိခဲ့ပြီလေ ခဏလေးမှမဟုတ်တော့တာ  "
သူ့စကားကြောင့် ကျေနပ်သွားတဲ့ ချစ်ချစ်ကို ပြုံးပြပီးနောက် ယောက်ခထီးဖက်
ကို ပြန်လှည့်ကာ တည်ငြိမ်စွာ ဆက်ပြောလိုက်၏။
" အဲ့ဒါကြောင့် အဖေ ကျွန်တော်တို့နှစ်ယောက်ကို စိတ်မပူပဲ ၊ လက်ထက်ခွင့်ပြုပါ "
ဦးသီဟခိုင် ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း
သူ့သမက်ကို မဆိုးဘူးဟူ၍ မှတ်ချက်ချလိုက်သေးသည်။သို့ပေမဲ့ နှုတ်ကတော့
မပြောလိုက်ပေ။ သူ့အနေနဲ့ ချွေးမမဟုတ်ပဲ သမက်ဆီက ဒီစကားတွေကိုကြားရတာ အတော်လေးအဆင်တော့မပြေနေပါ။ 
" တခြားတော့  မေးစရာမရှိတော့ပါဘူး
မင်းအနေနဲ့  ပုံမှန်ဝင်ငွေရှိတဲ့ အလုပ်ကိုပို
အခြေကျအောင် လုပ်စေချင်တယ်။ ယောကျာ်းလေးနှစ်ယောက် အတူနေကြတဲ့အခါ အခက်ခဲ တွေ ရှိလာမယ်။နောက်ပြီး မင်းအိမ်ထောင်ရေးက  မင်းအလုပ်ကိုထိခိုက်လာရင်မင်း ဘာဆက်လုပ်မလဲ "
" အဖေ ဘာတွေမေးနေတာလဲ  ၊ ဘေဘီ က သူ့ဘာသာ သီချင်းဆိုတာ ကျွန်တော်တို့ အိမ်ထောင်ရေးနဲ့ ဘာသက်ဆိုင်မှာလဲ။ တကယ်လို့  သူအလုပ် မလုပ်နိုင်တော့ရင်တောင် ကျွန်တော်ရှာကျွေးနိုင်ပါတယ်။ ဘယ်ကုမ္ပဏီမှာ ကျွန်တော့်အရည်အချင်းနဲ့ ဝင်လုပ်လုပ်  ရတဲ့လစာ 
ဒူးနှန့်စားလို့ရတယ် ။ အဲ့ဒါကြောင့် ဘေဘီကိုဖိအားအရမ်းမပေးပါနဲ့ "
ဦးသီဟခိုင်အတော်လေး စိတ်ညစ်လို့သွားပါသည်။ သူ့သား အတော်လေး ယောကျာ်းရချင်နေရှာတာပဲဟူလည်း တွေးလိုက်သေးသည်။ ၂၅နှစ်တောင် မရောက်သေးတဲ့ အရွယ်အရ  အရမ်းမငယ်တော့ပေမဲ့အရမ်းလည်း အသက်မကြီးသေးပါဘူး။
ဒါကို ခုမှ မရရင် နောက်တသက်လုံး
လင်မရတော့မှာများ စိုးရိမ်နေသလား။
" မင်းခဏပါးစပ်ပိတ်ထားလို့မရဘူးလားလရိပ် ။ ငါ ပြောတာကို လက်မခံချင်ရင်
အစကတည်းက ငါ့ကိုလာတောင်းပေးပါလို့ လှမ်းမခေါ်နဲ့လေ  "
အဖေ့စကားကြောင့် လရိပ် ဘေဘီကိုမသိမသာ လှမ်းကြည့်ရသေးသည်။
အစက သူ့က အထက်ကလူ လို့ထင်ခဲ့တာမို့ အဖေ့ကို လာတောင်းပေးဖို့
ပြောခဲ့သည်။ ခုမှတော့  မနေ့ကနဲ့ ဒီနေ့ လုံးဝမတူတော့ပေ။ သူဟာအောက်ကနေရတာတောင် ရိုးရိုးနေရသူမမဟုတ်  အသနားခံ တောင်းပန်နေရတဲ့သူ။
အို .. ဘာပဲဖြစ်ဖြစ် သူတစ်ခါ ကိုယ် တစ်ခါပေါ့။ ဒီတစ်ခါ သူအောက်မှာ နေရရင် နောက် တစ်ခါ  သူအထက်ကပဲ။ သူလည်း ဟိုဟာ ပါသလို ကိုယ်လည်းပါတာပဲ ။ မျှမျှ တတ လုပ်ကြတာပေါ့ဟု တွေးပီးနောက် သူအတော်လေးကျေနပ်သွားရ၏။
"အဟမ်း ! အဖေ ဆက်ပြော  ..ကျွန်တော်
မပြောတော့ဘူး  "
ဦးသီဟခိုင် မျက်စောင်းထိုးကာ
သူ့သားမက်ကို မေးငေါ့ပြ၍ စောကမေးခွန်းကိုပြန်ဖြေခိုင်းသည်။ သမက်ကိုတော့အားနာပါရဲ့။ ဖြေဆိုတော့လည်းခေါင်းလေးဆတ်ပြရင်း တည်တည်ငြိမ်ငြိမ်ပြောဖို့ ကြိုးစားနေရှာသည်။
"ကျွန်တော် အလုပ်က  ဝါသနာပါလို့ လုပ်တာ အဖေ။ တကယ်လို့   အိမ်ထောင်ပြုလိုက်လို့  ကျွန်တော့်အနုပညာကို အကုန်လုံးအားမပေးတော့ဘူး ဆိုရင်တောင်  မှူးခိုင် တစ်ယောက်ထဲ ကျွန်တော်ဆိုပြသမျှနားထောင်ပေးရင် အဆင်ပြေပါတယ်။
ဒါ အဖြစ်ကိုပြောတာပါ  ။  ဒီအလုပ် ကို ဆက်လုပ်ချင်ရင်တောင်မှ  ကျွန်တော့်အပြင်စီးပွားရေးအလုပ်တွေ ကြောင့် အားလပ်တော့မှာမဟုတ်ဘူး "
အောင်မာ လာသေးတယ်။
လူက သူငယ်နာမစင်တဲ့ရုပ်နဲ့ စီးပွားရေးတွေဘာတွေကြီးကြီးကျယ်ကျယ်။
" မင်းက ဘာအလုပ် လုပ်သေးလဲ။
ငါသိသလောက်က မင်းမှာ မိဘတွေမရှိကြတော့ဘူးဆိုတာရယ် ၊  လရိပ်ငယ်ငယ်တုန်းက ထိန်းပေးခဲ့တဲ့ကလေးရယ်ဆိုတာပဲ လောက်ပဲသိထားတာ "
"ဟုတ်ကဲ့ ကျွန်တော့်မှာ မိဘတွေ မရှိကြတော့ဘူးဆိုပေမဲ့ ဦးလေးနဲ့ အဒေါ်တော့ရှိကြပါသေးတယ်။ အလုပ်ကတော့ ထွေထွေထူးထူးမဟုတ်ပါဘူး ။ ဆီဆိုင်ဖွင့်ထားပါတယ်ဗျ  " 
လရိပ်ဘေးကနေ ထိုင်ရင်း အဖေ့ကို
ဆက်မမေးဖို့ တောင်းပန်တဲ့ အကြည့်နဲ့ကြည့်နေမိသည် ။
ဒါကိုပင် ဦးသီဟခိုင် က အဓိပ္ပါယ် တလွဲပေါက်ကာ သူ့သားကို သနားသွားသေး၏။
လရိပ်မျက်နှာကြည့်ပြီး စိတ်မကောင်းတော့တာမို့ ဆက်တော့ မမေးဖြစ်တော့။ သူ့သမက်က
တအားကြီးချမ်းချမ်းသာသာမဟုတ်ပေမဲ့
ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးပိုင်သေးတာဆိုတော့ ထမင်းတော့ငတ်မှာမဟုတ်လောက်ပါဘူးလေ။ သူတို့နှစ်ယောက်ချစ်နေမှတော့ပကာသနက အရေးမကြီးပါဘူး။
ကဲရှိစေတော့ ၊ ရှိစေတော့
" ဒါဆို  မင်းဖက်က လူကြီးတွေနဲ့ ဘယ်နေ့စကားပြောလို့အဆင်ပြေမလဲကောင်လေး။ ငါ အချိန်ကြာကြီးဒီမှာနေလို့မရဘူး..အိမ်က အမျိုးသမီးကခုတလော သိပ်ကျန်းမာရေးမကောင်း သူ့အလုပ်တွေငါပဲသွားပေးနေရတယ် "
ring ring .....
ပြောနေတုန်း အချိန်ကိုက်  ဝင်လာတဲ့ ဖုန်းကို ကြည့်ပြီး သူ့သမက် သဘောတကျ  ပြုံးသွားတာကို ဦးသီဟခိုင် တွေ့လိုက်ရသည်။ ထို့နောက် ဖုန်းကို လက်ကကိုင် ပြီး
မတ်တပ်ရလိုက်ပြီးလျှင် သူ့ကိုရိုရိုသေသေ ပြောလာ၏။
" အဖေတွေ့ ချင် ခုပဲတွေ့သွားလို့ရပါတယ်။
ခဏလေးအဖေ ကျွန်တော် တံခါးသွားဖွင့်ပေးလိုက်ဦးမယ်။    "
ဦးသီဟ ခိုင် ဆတ်ခနဲ ကျောမတ်သွား၏။
ဒါဆို အတိအလင်း လူကြီးချင်းစကားပြောရတော့မှာပေါ့။ လရိပ်ကို  အကျိုးအကြောင်းဖေို့ လှမ်းကြည့်တော့လည်း အပေါက်ဝကို
ငေးနေ၏။ ကြည့်ရတာသူလည်း သိသေးပုံမပေါ်။ နေပါအုံး လရိပ်က ဘာလို့ 
မျက်နှာတွေနီနေတာလဲ။ မသိရင် စေ့စပ်တောင်းရမ်းခံရတဲ့ သမီးပျိုလေးလိုလိုနဲ့။
အရင်အတိုင်း လရိပ်မှူးခိုင်ပီပီ မာန ကြီးကြီး  ခေါင်းမော့နေလိုက်စမ်းပါ့လား
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz