အကြင်နာဝေလုံ (အကြင်နာဝေလုံ) Completed
35
စာမစစ်ထား
အဖျားခတ်တီးလိုက်တဲ့ ဂစ်တာသံအဆုံးမှာ လက်ခုပ်သံတဖြောင်းဖြောင်းက ကျယ်ကျယ်လောင်လောင်ထွက်လာ၏။
အောက်မှာ ရှိတဲ့ဧည့်ပရိတ်သတ်များကို
တချက်ဝေ့ဝဲကြည့်လိုက်ပြီး ရင်ခွင်ထဲပိုက်ထားသော ဂစ်တာကို ဘေးမှာထောင်လိုက်ပြီးလျှင် ထိုင်နေတဲ့ခုံကနေMoonထရပ်လိုက်သည်။
ထို့နောက် သိပ်မကြီးလှတဲ့ စတိတ်စင် ဘေးက အောက်ကိုဆင်းတဲ့လှေကားထစ်ကလေးတွေကနေ သွက်သွက် နင်းဖြတ်လျှောက်ကာ အိမ်ပြန်ဖို့ အကိုဖြစ်သူကို လိုက်ရှာမိသည်။ ဒီနေ့ အဖို့ ညီတစ်ယောက်အနေဖြင့် သူတာဝန်ဒီလောက်ဆိုကျေလောက်ပြီ။ အမှန်ဆို ဒီပွဲကို မလာဖို့တောင် ဆုံးဖြတ်ထားပြီးမှ ချစ်ချစ်ဇွတ်လွတ်လို့ လာခဲ့ရသည်။
သို့ပေမဲ့ ရောက်ကတည်းက Moonမှာ
ဂနာလုံဝမငြိမ် ၊ ပြန်ချင်လွန်းလို့ ရွတောင်ထိုးမတက်ပဲ။
နေမကောင်းတဲ့ ချစ်သူကို အိမ်မှာတစ်ယောက်ထဲထားခဲ့ရတာ ဘယ်သူက စိတ်ချလက်ချနေနိုင်မှာလဲ ။ အဲ့ဒါ ဟယ်လင်ကြောင့်။ သူ တို့ သာ ဂါဝန်ဝတ်ပြီး မင်္ဂလာမဆောင်ရင် ချစ်ချစ်ကလေးက ချုပ်ပေးစရာ လိုမတဲ့လား။
အပိုအလိုတွေ လုပ်ပြီး လှချင်လွန်းတော့
ဟော..ခုတော့ အလုပ်ပင်ပန်းပြီး သူ့ချစ်သူလေး ဖျားပြီလေ။ အဲ့ဒါကြောင့် မိန်းမတွေကို စိတ်မရှည်တာ။ လှချင်လွန်းတာလည်းနှစ်ယောက်မရှိဘူး။ ပြင်လိုက်ဆင်လိုက်တာ ကလည်း ဟယ်လင်လို အေးဆေးတဲ့သူတောင် ဗီဇပြ ပြီး မိတ်ကပ်ကို ၃နာရီလောက်ကြာအောင်လိမ်းတက်သေး၏။ ထွက်လာတော့လည်း
မပြောင်းလဲစွာ ဒီရုပ်ပဲ။
တကယ်စိတ်တွေရှည်မနေဘူး။
မတည့်သမျှအကုန်ပြောနေရရင် မိုးလင်းတာတောင် ကုန်မယ်မထင်ဘူး။
ချစ်ချစ်ခမျာ ချုပ်တော့တာ တလနီးပါးလောက်။ ဒါကို ဟယ်လင်ဝတ်ရင် အလွန်းဆုံး ၃နာရီပေါ့။ သပ်သပ် အပိုတွေလုပ်ကြတာ။
ဘာဖြစ်လဲ ဖြစ်သလိုဝတ်ပြီးဆောင်လိုက်ကြပေါ့။ ငွေကုန်အချိန်ကုန် မင်္ဂလာတစ်ခါဆောင်ဖို့ အရေး ချဲ့ကားလွန်းလှတယ်။ မြင်သမျှ Moonအတွက်ပြသနာရှာချင်စရာတွေကြီးပဲ
"ဟေး Moon ဒီမှာထိုင်မလား "
" တော်ပြီ လင်းလက် ကျွန်တော် မအားသေးဘူး "
နှစ်ခါလောက် တွဲပြီး ကြော်ငြာရိုက်ဖူးတဲ့ မော်ဒယ်ကောင်မလေးက သူ့ဝိုင်းမှာ ထိုင်ဖို့ ပြောလာတာမို့ Moonငြင်းလိုက်သည်။
အများစုကအနုပညာရှင် အသိုင်းအဝိုင်း ကမို့ ကိုယ့်ဝိုင်းနဲ့ ကိုယ် အေးအေးဆေးဆေး သာ ...။
စကားပြောနေကြတဲ့ လူတွေကြားထဲ moon သူ့မျက်လုံးကို အလုပ်ပေးနေမိသည်။
မလှမ်းမကမ်းမှာ ချစ်ချစ်ချုပ်ပေးထားတဲ့ဂါဝန်ဝတ်ထားတဲ့ ဟယ်လင် က ကိုကြီးဝေလွင်လက်ကိုချိတ်ကာ ဧည့်ခံနေ၏။
ရင်ပြတ် အပြာနုရောင် ဂါဝန်သည် အပေါ်ကနေ ပေါင်လည်ထိအကြပ်ဖြစ်ကာ အောက်ရောက်မှ ရေသူမလေးလိုကားကားလေးဖြစ်သွား၏။ ဒီညမှာ ဟယ်လင်က သိပ် လှနေပေမဲ့ မကြည်လင်နေတဲ့Moonအတွက်ကတော့ စိတ်ပျက်စရာကောင်မလေးဖြစ်နေပါသည်။
"ကိုကြီး ကျွန်တော်ပြန်တော့မလို့ "
"ဟာ အစောကြီးရှိသေးတယ်လေ "
ဝေလွင် စိတ်မရှည်စွာ မျက်နှာထားတင်းသွား၏။
သူနဲ့ အပြိုင်ပင် Moonကလည်း စိတ်ညစ်ညူးနေတဲ့ပုံပင် မျက်ခုံးမဲမဲတို့က
တွန့်ချိုးလျက် စည်းနောင်မထားတဲ့ ဆံပင်တွေ အပေါ်ကို သိမ်းကြုံးလှန်တင်နေ၏။
ကြည့်ရဆိုးလောက်အောင် တွန့် ထားတဲ့မျက်ခုံးတို့သည် Moon ဖြစ်နေလို့လားမသိ အကျည်းတန်မဲ့အစား ငေးခနဲတောင်ဖြစ်သွားသေးသည်။ ဝတ်ထားတဲ့ ပုံစံကSuitမဟုတ်ပဲနဲ့ သတိုးသားဖြစ်တဲ့ ကိုယ်တောင် အရှုံးပေးရလောက်ပင် Moonနဲ့ လိုက်ဖက်ကာထင်ပေါ်နေလျက်ရှိသည်။
အနက်ရောင် စတိုင်ပန်သည် ရှည်လျားတဲ့ခြေတံတွေကို အထင်းသားမြင်ရစေအောင်ချပ်ကပ် နေလျက်ရှိကာ ပိုးပျော့သားလို အဖြူ ရောင် လက်ရှည် သည် ကြယ်သီး မပါပဲ Vရှတ်ပုံ လည်ပင်းပေါက်ဖြစ်လျက် လည်ခွေ တဝိုက်တွင် အနက်ရောင်ပိုးဖြင့် ကနုတ်သေးသေး ထိုးထားတဲ့ဒီဇိုင်းကိုဝတ်ဆင်ထား၏။
" ကျစ် ! မပြန်လို့မရဘူးလေ အိမ်မှာ
ချစ်ချစ်နေမကောင်းဘူး "
" အရမ်းဆိုးနေတာမှမဟုတ်တာ ငါ့ပွဲလေးပြီးအောင်တော့နေလိုက်ပါအုံး "
"မရဘူး ကျွန်တော် တကယ်စိတ်မချလို့ကိုကြီး။ ဒီမှာလည်း ကျွန်တော်နဲ့ ရင်းနှီးတဲ့သူမှမရှိတာ ပြန်တော့မယ်ဗျာ၊ ထိုင်နေရင်တောင် လူပဲရမယ် စိတ်ကအိမ်ပြန်ရောက်နေမှာသေချာသလောက်ပဲ ထပ်ပြီးတားနေရင် ကိုကြီး မင်္ဂလာဦးမဲ့အခန်းထိ ကျွန်တော်လိုက်အိပ်မှာနော် "
ဝေလုံ မျက်လုံးပြူးသွား၏။ တကယ်လုပ်မဲ့ရုပ်ကြောင့် ချောင်းဟမ့် ကာ
ဘေးမှာရှိတဲ့ဟယ်လင်ကို ပြန်ကြည့်မိသည်။ သူ့ သတိုးသမီးလေးက အသေလှနေသည်မို့ ဒီညတော့ လက်လွတ်ခံလို့တော့မဖြစ်သေး
" သွား..သွားလိုက်တော့ ငါရှေ့ကမြန်မြန် "
Moon ပုခုံးတွန့် ပြကာ ပါတီပွဲကို ကျောခိုင်းလိုက်သည်။ အချစ်ဘေးမှာမရှိတော့
နေပျော်စရာ ပွဲတွေကလည်း စိတ်ရှုပ်ထွေးစရာ ဖြစ်လျက်....
_______
လရိပ် အိပ်နေရာကနေ ဖြေးညင်းစွာ
ထ လိုက်တော့ ခေါင်းကအနည်းငယ်ရိပ်ခနဲ မူးသွား၏။
ကျွတ် ကျွတ် ..
ကိုင်ရိုက်ထားသလိုပင် အသားတွေနာလျက် ညောင်းညာကိုက်ခဲနေသည်။
ဟယ်လင်၏ ပွဲတက်ဝတ်စုံကို သူအချိန်ပေး စိတ်နစ်ကာ ဖန်တီးခဲ့တဲ့ အကျိုးကျေးဇူးသည် ပြီးစီးသွားတာနဲ့တပြိုင်နက် လူကပုံရက်လဲတော့သည်။
အရင်ကတည်းက လရိပ်က အထိအခိုက်မခံသူမို့ စိတ်မော လက်မော ဖြစ်လိုက်တာနဲ့ ခံနိုင်ရည်မရှိ ဖျားတက်သူပင်။
ဒါကို ဘေဘီက တဖျစ်တောက်တောက်ပြော၍ မဆုံးတော့။ နောက်ဘယ်အထည်မှ လက်မခံဖို့နဲ့ လုပ်လည်းမစားဖို့ပါ ပိတ်ပင်ကန့်သတ်လိုက်သေးသည်။
တကယ်ဆို သူကအငယ်လေ ၊
နေရာတကာ အကြီးကို လိုက်ချုပ်ချယ်နေတာတော့မဟုတ်သေးပါဘူး...
"အဲ့ဒါဘယ်လဲ "
"ဗုဒ္ဓေါ !"
ရေချိုးခန်းဆီသို့ သွားနေတဲ့ခြေလှမ်းတွေသည် အလန့် တကြားရပ်တန့် သွားသလို
မျက်လုံးပြူးနဲ့ အနီးနားရောက်လာသူကို မော့ကြည့်မိ၏။ သွားတာ တစ်နာရီလောက်ပဲရှိသေးတယ်လေ။ ချက်ခြင်းဘာလို့ ပြန်ရောက်လာသလဲ ဆိုတာ တွေးမိနေတုန်း လူက မိုးပေါ်မြောက်ခနဲ
"အား! ဘေဘီ ဘာလုပ်တာလဲ "
"ရှူးပေါက်မလို့ မို့လား လိုက်ပို့ပေးမလို့ "
"ဖယ်ပါ ငါ့ဘာသာလျှောက်ပါမယ် "
မနေတက်စွာ ရင်ဘတ်ကိုတွန်းလျက်အောက်ချခိုင်းနေပေမဲ့ Moonက ဂရုမစိုက်ပဲ Toilet ထဲထိရောက်အောင်ပို့ ပေးသွား၏။
" ပြီးရင် လှမ်းခေါ်လိုက် အပြင်ကစောင့်နေမယ် "
ဘေဘီမျက်နှာ အနည်းငယ်တည်နေတာကို လရိပ်တွေ့ လိုက်ရသည်။
ခါတိုင်း ချွဲနွဲ့ နေတက်တဲ့ ကလေးက ခုလို
ပုံစံပြောင်းနေတာကိုအနီးကပ်နေသူတွေမို့ လရိပ် ချက်ခြင်းသိသည် ။
မြန်မြန်ဆန်ဆန် ကိစ္စပြီးတာနဲ့
အခန်းထဲကနေ ထွက်လာလိုက်လျှင်
ဘေဘီက ငြိမ်သက်စွာ မွေ့ ရာပေါ်မှာ ခေါင်းငိုက်စိုက်နဲ့ ထိုင်နေ၏။
" ဘေဘီ "
"ပြီးပီလား လာ လုံလုံ ချီ မယ် "
"နေနေ ရတယ် ငါလမ်းလျှောက်နိုင်ပါတယ်။ ဘာဖြစ်လာတာလဲ မျက်နှာလဲ မကောင်းပါ့လား "
ဘေးနားမှာ လာတွဲခေါ်ပေးတဲ့ ဘေဘီ လက်တွေကို ပြန်ဆုပ်ကိုင်ကာ မော့ကြည့်ပြီးမေးမိသည်။ ဆံပင်ရှည်တွေကြားထဲမှာ မြင်နေရတဲ့ မျက်နှာနုနသည် ဝမ်းနည်းရိပ်တို့ သန်းနေလျက် သိသိသာသာ မျက်ခမ်းစပ်လေးတွေ ပန်းရောင်သန်းနေ၏။
" ဘာမှမဖြစ်ပါဘူး လာ အိပ်ရာထဲ လှဲနေခေါင်းမူးနေလိမ့်မယ် "
ခြေထောက်တွေ ကို စုသိမ်းကာ စောင်အောက် ထိုးထည့်နေတဲ့ Moonကို လရိပ် သိမ်းဖက်လိုက်၏။ ထို့ နောက်နားထင်စပ်ကလေးတွေကို ဖွဖွနမ်းပြီး ချော့မြူ နေမိသည်။ ဘာကိုဝမ်းနည်းမှန်းမသိပေမဲ့
တစ်ယောက်ထဲကိုတော့ မခံစားစေချင်ပါ။
" ဘေဘီ ဘာဖြစ်လာတာလဲဟင် ၊
ငါ့ကိုမှ မပြောရင် ကလေးက ဘယ်သူ့ကိုပြောပြဖို့ ရည်ရွယ်ထားတာလဲ။
ခုလို ဘေဘီဝမ်းနည်းနေရင် ငါပိုပြီးစိတ်မကောင်းဖြစ်ရတယ်လေ "
"လုံလုံ ဟင့် လုံလုံ ပြောရင် ချစ်ချစ်က စိတ်ဆိုးမှာ ..အဲ့ဒါကြောင့်မမေးပါနဲ့ "
ဝမ်းနည်းတဲ့ကလေးတွေက ချော့ရင် ပိုတိုးငိုတက်သလားပဲ ဘေဘီက သူပြောလိုက်တာနဲ့ တပြိုင်နက် ထိန်းထားတဲ့ မျက်ရည်က အဆက်မပြတ်ကျ၏။
" ဟော်ဗျာ ကဲ ငိုစရာမဟုတ်ပဲ ကွာ
ပြော ဘေဘီ ဘာပြောချင်တာလဲ ငါက မင်းကိုဒီလောက်ချစ်နေရတာ စိတ်ဆိုးစရာလား မဆိုးဘူး လုံဝမဆိုးဘူး ဘေဘီလေးပြော "
" လုံ..လုံလုံလည်းလက်ထက်ချင်တယ် ..ဟီးအီးအီး."
"အမ်! "
လရိပ် စွန့်အ သွားလေပြီ ။
ရှိုက်သံတငင်ငင်နဲ့ အော်ကြီးဟစ်ကျယ်ငိုနေတာ လက်ထက်ချင်လို့တဲ့လား။
ဖြစ်ရလေ ဝေလုံရယ်...
ရယ်ချင်စိတ်ကိုမြို သိပ်ကာ ငိုနေတဲ့ ရည်းစားကလေးကို ပိုတိုးဖက်လိုက်သည်။
" လုံလုံက ငယ်သေးတယ်လေ လက်ထက်ဖို့ ဆိုတာ ..."
"ဟီးအီးအီး. ငယ်ရင် ယောကျာ်း အင့်မယူရဘူးလို့ ဘယ်သူပြောလဲ ဟင့် ချစ်ချစ်မရချင်ဘူးမို့လားလုံလုံကို.. "
"မဟုတ်ပါဘူးကွာ။ ဘယ်သူက မရချင်ရမှာလဲဒီလောက်ချစ်စရာကောင်းနေတာကို"
"ဟင့် အဲ့ဒါဆို လက်ထက်ရအောင်လေ
လုံလုံ လည်း ယောကျာ်းရချင်လှပြီ ၊ကိုကြီးဝေလွင်လို ဝတုတ်တုတ်ကိုယ်လုံးကြီး
တောင် ယူမဲ့သူရှိသေးတယ်..ဟင့် လုံလုံက ဒီလောက်ချောနေတာ ချစ်ချစ်က ဘာလို့ဈေးဆစ်နေတာလဲ "
"အဲ ဈေးဆစ်တာမဟုတ်ပါဘူးကွာ.
ငါက မင်းအတွက်.."
"လက်ထက်ချင်တယ် ဟင့် ကျန်တာမကြားချင်ဘူး လုံလုံ ပြောတာကို သာ လက်ခံလိုက်ပါ "
လရိပ် မရယ်ပဲမနေနိုင်တော့။
အတင်းတွယ်ဖက်ပြီး မပြောမချင်း လှုပ်ခါနေတာမို့ ခေါင်းတွေက တချက်တချက်ရိပ်ခနဲတောင်ဖြစ်သွားသေးသည်ဒါပေမဲ့ လရိပ်ကျေနပ်နေပါသည်။
" အင်း ဒါဆို မနက်ဖန်မှလက်စွပ်ဝယ်ပြီး
လက်ထက်ခွင့်တောင်းမယ်လေ "
"အင်း ဒါပေမဲ့ လက်စွပ်က လုံလုံဝယ်ခဲ့ပြီးသွားပြီ မို့ တခါထဲတောင်းလိုက်တော့မယ် "
တခါထဲ ချည်ပြီးတုတ်ပြီး လုပ်ဖို့ ပြင်လာတာများ..
လရိပ် နှုတ်ခမ်းကို ကိုက်လျက် သူ့ ဘေဘီလေးကို အသည်းယားစွာ ငုံ့ ကြည့်မိသည်။ တကယ့်ဥာဏ်ကြီးရှင်လေး အကြောင်းမသိတာကြလို့ ..
"ကဲ ဒါဆိုလည်း လက်မှာစွပ်ပေးစေဗျာ "
Moon ချစ်ချစ်ကိုဖက်ထားရာမှ ဖယ်ခွာလိုက်ပြီး မျက်ရည်တွေ ကို မြန်မြန်သုတ်ကာ ဘောင်းဘီအိတ်ထဲက ဘူးလေးကိုထုတ်လိုက်၏။ ထို့နောက် ချစ်ချစ်ရှေ့ကို ဘူးလေးကိုဖွင့်ပြလိုက်ပီးလျှင်
" ကျွန်တော့်ကို လက်ထက်ပါ လရိပ်မှူးခိုင် "
ဟုတီးတိုးပြောမိ၏။
တည်ကြည်လေးနက်သော မျက်နှာအမူရာတို့ ဖြင့် ဘေဘီက လရိပ်ကို သေချာစွာ စူးစိုက်ကြည့်နေခဲ့သည်။ မျက်ဝန်းတွေထဲမှာ ချစ်မြတ်နိုးရိပ်တွေသည် တဖိတ်ဖိတ်လက်နေပြီး လရိပ်ဆီက အဖြေကို စောင့်မျှော်နေဟန်
သက်ငယ်ဝေလုံ က မျက်နှာဖုံးဘယ်နှစ်မျိုးရှိသလဲ ဆိုတာ လရိပ်မသိချင်ပါ ပြောင်းလဲသွားသော မျက်နှာလေးက မကြာခင်က ငိုနေသူနှင့် တခြားဆီ။ သို့ပေမဲ့
ထိုကောင်လေးက သူချစ်မြတ်နိုးရသူမို့လရိပ်ကြင်ကြင်နာနာပြုံးပြီး ခေါင်းညိမ့်ပြလိုက်သည်။ လရိပ်တကယ်ကို ဘာမှမတွေးချင်တော့ပါ။ လုံလုံသာကျေနပ်ပျော်ရွှင်မယ်ဆိုရင် လရိပ်ခွင့်ပြု ပေးရကျိုးနပ်ပါ၏။
"လက်ထက်ကျမယ်ဘေဘီ "
အဖြူ ရောင် စိန်လက်စွပ်ကလေးက လရိပ်လက်ချောင်းမှာ တဖြည်းတဖြည်းတိုးဝင်လာ၏။
မီးရောင်အောက်က တန်ဖိုးကြီးစိန်ထည်၏တဖျတ်ဖျတ်တောက်နေမူ့ ထပ်ပင်ဘေဘီမျက်လုံးလေးကပိုပီးအရောင်ထွက်နေသယောင်
" ဘာလို ငိုပြန်တာလဲကွာ "
အိခနဲ ဝိုင်းလာတဲ့ မျက်ရည်တွေကို မြင်တော့ ရင်ထဲမှာ ကျင်ခနဲပဲ။ ဖြန့် ချထားတဲ့
ဆံပင်ရှည်တွေကြားထဲက ဘေဘီမျက်နှာလေးသည် မျက်လွှာတွေစင်းချလျက်ရှိနေပြီး ပါးပြင်ပေါ်မှာ စီးကျသွားတဲ့ မျက်ရည်စီးကြောင်းက မျက်တောင် တချက်ပုတ်လိုက်တာ တလိမ့်လိမ့်တလှုပ်လှုပ်ကျ၏။
အိစက်နေတဲ့ ပါးပြင်လေးကို လက်နဲ့ လှမ်းကိုင် ရင်း လရိပ် တိုးကာ ဘေဘီကိုငုံ့ နမ်းလိုက်၏။ နှာဖျားနဲ့ ထိတွေလိုက်တာနဲ့
နစ်ဝင်သွားလောက်အောင် ဘေဘီပါးပြင်လေးက ဖောင်းဖောင်းအိအိလေးပင်။
"မပျော်ဘူးလားဟင် "
"ဟင့် မဟုတ်ဘူး ပျော်လွန်းလို့ ပါ ..ချစ်ချစ်
ကိုလုံလုံ ပိုင်သွားပြီဆိုတာ တွေးရင်းနဲ့
အိမ်မက်လိုပဲ။ တကယ်ဆို ချစ်ချစ်လက်မခံလောက်သေးဘူးထင်နေတာ ဟင့်
ခုတော့ ချစ်ချစ်က လုံလုံယောကျာ်းဖြစ်သွားပြီ"
" အင်း ဘေဘီကလည်း ငါ့ယောကျာ်းဖြစ်သွားပြီ အတူတူပဲ အိပ်ရအောင် ငါခေါင်းမူးနေလို့ "
" ဟင်!အရမ်းမူးနေလား ခဏလေးနော် လုံလုံ အင်္ကျီလဲလိုက်အုံးမယ် ချစ်ချစ် အိပ်ယာထဲ အရင်လှဲနေလိုက် "
Moon အသံက အလန့် တကြား။
ထို့နောက် မျက်ရည်သုတ်ကာ အိပ်ယာပေါ်ကနေ ထရပ်လိုက်သည်။ မျက်နှာသစ် အဝတ်အစားအမြန်လဲပြီး ချက်ခြင်း ကုတင်းပေါ်ကိုတင်ကာ ချစ်ချစ်ကိုပွေ့ ဖက်၏။
နွေးနေတဲ့ ကိုယ်လေးကြောင့် moonစိတ်ထဲကနေ ဟယ်လင်တို့ လင်မယားကိုလှမ်းကျိန်ဆဲပစ်လိုက်သည်။
"နောက်ဆို ပင်ပန်းတာတွေ ချစ်ချစ်ကိုလုပ်ခွင့်မပြုတော့ဘူး "
" အဲ့ဒါပင်ပန်းတာလား ငါ့မှာအလုပ်မရှိရင် ဘာနဲ့ စားမလဲ "
လရိပ် ဘေဘီ ပါးကြီးကို လက်နဲ့ ဖျစ်ကာ နှာခေါင်းရှုံ့ ပြောလိုက်သည်။
သူ့ မှာနောက်ဆိုရင် ဘေဘီ ကိုရှာကျွေးဖို့
အလုပ်တွေပိုတောင်လုပ်ရအုံးမယ် မဟုတ်ဘူးလား
" လုံလုံမှာရှိတယ် ပိုက်ဆံတွေအများကြီး
ချစ်ချစ်နဲ့ လက်ထက်ပြီးရင် တစ်ကိုယ်လုံးစိန်စီပေးမယ် "
"ဟားဟား မင်းက သကြားဖေဖေ လုပ်မလို့ ပေါ့ဟုတ်လား "
လရိပ် အူယားစွာ သူ့ရည်စားလေးကို
ကလေးတွေနမ်းသလို မျက်နှာအနှံ့ လိုက်နမ်းမိသည်။ သူလုပ်သမျှ ပြုံးပြုံးလေးသဘောကျနေတဲ့ ဘေဘီက မလုပ်ပါနဲ့ လို့ တခွန်းမပြော လရိပ်နှယ်နေ သမျှ
ငြိမ်ခံသည်။ လရိပ်ကလည်းလရိပ်ပင် ဘေဘီဆိုရင် ငယ်ငယ်က ၃နှစ်သားလေးလိုပင်ထင်နေတုန်း..ပွေ့ လိုက်နမ်းလိုက်နဲ့ တအားလုပ်ချင်တာ တကယ်ကျ သူ့ကလေးကြီးက တစ်ခါပွေ့ ဖို့ တောင် မလွယ်လှတာကို လရိပ့်မသိချင်ယောင်ကာမေ့ပစ်ထားလေ့ရှိသည်။
အလုပ်လုပ်နေတဲ့နားဆို မယောင်မလည်ရောက်လာကာ ကိုယ်ပေါ်အတင်းထိုးအိပ်တက်တဲ့ညတွေ မနိုင်မနင်း ပြန်ပွေ့ ချီပြီ အိပ်ယာပေါ် ပြန်ပြောင်းတင်ရတဲ့ ညတွေ .. တကယ်ပဲများနေတာတောင် လရိပ်အမှတ်မရှိပါ။ ဘေဘီ့ကို တခါချီပြီးရင် လရိပ်အမြဲ ခါးနာရသည်။ သူ့ ကလေးသည် အရင်လို ပိစိကလေးမဟုတ်တော့တာမို့ လရိပ် မချီနိုင်တော့တာဝန်ခံပါသည်။ ဒါပေမဲ့ အဲ့လိုတွေ ပတ်ချွဲနပ်ချွဲလာလုပ်ရင် လူက မရဘူး အနှီးထုပ်လေးနဲ့ ထုပ်ပြီးတော့တောင် ပွေ့ ပိုက်ထားချင်သေးတာ။တချို့ သူအိပ်မပျော်တဲ့ညတွေဆိုရရင်ဘတ်ပေါ် လာပြီး အားယားမှောက်ထပ်အိပ်တဲ့အခါမျိုးတွေတောင်ရှိသေးတယ်။
ဘေဘီကိုယ်လုံးက နည်းတဲ့ဝိတ်မှ မဟုတ်တာ နင့်နေအောင်ခံရပေမဲ့ ဒီလိုပဲ
ချစ်တော့လည်း ကြိတ်ခံရတာပဲလေ။
ဘေဘီ့မှာ ဆိုးနွဲ့ ခွင့်မရတဲ့ အချိန်တွေအတွက်အစားပြန်ယူနေသလားတောင်ထင်မိတဲ့အထိ အချေကိုယ်တော်က အိမ်မှာဆို သိပ်ကလေးဆန်တာ။
လက်က စိန်လက်စွပ်ကို မျက်နှာရှေ့မြောက်ကြည့်ကာ အဖေ့ကို ဘယ်လိုပြောရမလဲ စိတ်မောရပြန်သည်။
၁၉နှစ်အရွယ် ရည်းစားကို အလိုလိုက်မိပြီးမှတော့ အဖေနဲ့ စကားပြောဖို့ ကြောက်နေ၍ မဖြစ်တော့ပြီ။
ဘေးမှာ သူ့ ကိုငေးကြည့်နေတဲ့ ဘေဘီ
ဖက် လုံးလုံးလျားလျား စောင်းလိုက်ပြီး
ဘေဘီ့မျက်နှာလေးပေါ်လွင်အောင် ဆံပင်တွေကို သိမ်းဖယ်ပေးလိုက်၏။
" အဖေ့ကို ငါတို့ အကြောင်း မနက်ဖန် အသိပေးလိုက်တော့မယ် ဘေဘီ ..
အင်း လက်ထက်ကြမယ် ..ငါတို့ နှစ်ယောက် တသက်လုံး မခွဲပဲ အတူနေကြမယ် ကလေးလေး "
ဘေဘီ့မျက်လုံးတွေက လရိပ်စကားဆုံးတော့ သိသိသာသာ လင်းလဲ့လာ၏။
ချစ်တဲ့အိမ်စည်။