အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
36
တီခနဲ သံရွည္ဆြဲဝင္ေနတဲ့ ဖုန္းသံကို နားမွာ ကပ္နားေထာင္ရင္း ေျခေထာက္ကို စိတ္လႈပ္ရွားစြာ ၾကမ္းေပၚခင္းထားတဲ့ အေမႊးပြေကာ္ေဇာေလးကို ပြတ္ေနမိ၏။
ဒီေန ႔ အေဖ့ဆီဖုန္းဆက္ၿပီး
ေဝလံုနဲ႔ပတ္သတ္မူ႔ကို အက်ိဳးအေၾကာင္းေျပာျပမည္ျဖစ္သည္။ ေဘဘီကေတာ့ မေရာက္တာၾကာၿပီျဖစ္တဲ့ သူ႔အလုပ္ေတြကို သြားၾကည့္ေနတာမို ႔အိမ္မွာမရွိ။ မရွိတာလည္းေကာင္းပါတယ္ အေဖနဲ ့လြတ္လြတ္လပ္လပ္ေျပာလို႔ရတာေပါ့..
" Hello လရိပ္ ေျပာ သား "
" အေဖ ေနေကာင္းလား "
အေဖအသံၾကားေတာ့လည္း ဘယ္စကားကိုအရင္စေျပာရမွန္းမသိ နည္းနည္းေတာ့ ရွိန္သြား၏။ အခု ကိုယ္တြဲလိုက္တဲ့သူက ေကာင္ကေလးမွန္းသိရင္ အေဖ လက္ခံပါ့မလားဆိုတာ မစဥ္းစားရဲေသး၊ ဘာပဲေျပာေျပာ ဒီကိစၥကိုအေဖ့ကို ဒီေန႔အသိေပးမွပဲရေတာ့မည္..
" ေအး ေနေကာင္းပါတယ္ကြ မင္းအန္တီ ကေတာ့ ဒီရက္ပိုင္း နွာစီးေခ်ာင္းဆိုးေတာ့ ျဖစ္ေနတယ္ "
"ဟုတ္လား ကြၽန္ေတာ္ေမးေနတယ္လို ႔ေျပာလိုက္ပါအံုး "
ဒါကိုေတာ့ ဝတၲရားေက် ေမးလိုက္ျခင္းမဟုတ္ ၊ အန္တီဂေရစ့္က မိေထြးဆိုေပမဲ့
လရိပ္ သံေယာဇဥ္ ရွိပါသည္။ အေဖ့ထပ္စာရင္ ေႏြးေထြး ၾကင္နာေပးတက္သလို သေဘာမေနာေကာင္းမို ႔ လရိပ္တို႔နွစ္ေယာက္ဆက္ဆံေရးသည္ အဆင္ေျပတာထက္ပိုပါသည္။ ၿပီးေတာ့ လရိပ္ေမြးစားအေမ နာနာကလည္း အန္တီဂေရ႕စ္ညီမ ဆိုေတာ့ တကယ့္မိသားစုေတြလိုပင္ျဖစ္ေနေလၿပီ။
" ေျပာလိုက္မယ္ ဒါနဲ ့မင္းအလုပ္ေတြေရာ အဆင္ေျပရဲ႕လား .. ဘယ္ကုမၸဏီမွာ အလုပ္ဝင္ေနလဲ.. ေျပာလို႔သာေျပာတာမင္းကို ဒီမွာ အေျခခ်ေစခ်င္တာ ဘာပဲေျပာေျပာ ေနထိုင္မူ ႔ပတ္ဝန္းက်င္နဲ ့ ဝန္ထမ္းလခက ကိုယ့္နိုင္ငံထက္ စာရင္ အကုန္ေကာင္းေနတာပဲမို ႔လား..ကိုယ့္အရည္အခ်င္းကို
တိမ္ျမဳပ္နိုင္တဲ့ ေျမႇာက္စားမူ ႔မရွိတဲ့ေနရာေတြမွာ အေဖက ေတာ့မေနေစခ်င္ဘူး မင္းကို "
" အေဖေျပာသလိုသာဆိုရင္ လူေတာ္မွန္သမ်ွ ကြၽန္ေတာ္တို ႔နိုင္ငံမွာဘယ္မွာရွိေတာ့မွာလဲ ... "
"ေအး အခုလည္း ကုန္သေလာက္နီးပါးရွိေနၿပီမို႔လား .. ေတာ္တဲ့သူမွန္သမ်ွ ပိုေတာ္လာေအာင္ ၊ ပိုထက္ျမက္လာေအာင္ ဘယ္သူမွပံ့ပိုးခ်ီးေျမာက္တဲ့သူမရွိဘူး ..မင္းေနတဲ့ေနရာမွာ..။ ဘာပဲေျပာေျပာ တိုင္းျပည္ ကိုခ်စ္ရမယ္ဆိုတာ အေဖနားလည္ပါတယ္ဒါေပမဲ့ ...."
"ဟိုးထား ဟိုးထား အေဖ ကြၽန္ေတာ္အေဖ့ကိုေျပာစရာရွိလို႔ဆက္လိုက္တာနိုင္ငံေရးေတြပါမလာနဲ ့ေလ "
ဦးသီဟခိုင္ နႈတ္ခမ္းေတြကို ဖုန္းေျပာေနရင္းမဲ့႐ြဲ႕ပစ္လိုက္သည္ ။ ထို႔ေနာက္
" မင္းပဲ နိုင္ငံခ်စ္လို ႔ ေနေနတာမဟုတ္ဘူးလား.."
"အေဖကလည္းလုပ္ၿပီ ..အေဖလိုစိတ္မ်ိဳးေမြးတဲ့သူေတြေၾကာင့္ တိုင္းျပည္ကမတိုးတက္တာ "
ဒီထက္ပိုေျပာလိုက္ရရင္ ဖုန္းထဲလိုရင္းမေရာက္ပဲ တေနကုန္ရန္ျဖစ္ရေတာ့မဲ့သေဘာမို ႔ စိတ္ေလ်ာ့ကာ
" ေအးထားေတာ့မင္းနဲ ့ၿပိဳင္္မျငင္းေတာ့ဘူး "
"ကြၽန္ေတာ္လည္းအေဖ့ဆီ ျငင္းခ်င္လို႔ဆက္တာမွမဟုတ္တာ .. တျခားေျပာစရာရွိလို႔ဆက္လိုက္..ေျပာၿပီးရင္ေတာ့အေဖစိတ္မဆိုးနဲ႔ေနာ္..ဘာပဲေျပာေျပာ အေဖလည္း အေဖ့သေဘာနဲ ့စိတ္ႀကိဳက္လုပ္ခဲ့တာပဲ အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္ကိုလည္းအေဖနားလည္ေပးရမယ္ေနာ္"
ဖုန္းထဲကေန လရိပ္အေဖ့ကို ေလသံေပ်ာ့ေပ်ာ့ျဖင့္ နားခ်ေနသည္။ ဒါကို ဦသီဟခိုင္သိေတာ့
" လရိပ္ မင္းေျပာစရာစကားရွိလို႔ ဆက္တာမို႔လားလား
ေဝ့လည္ေခ်ာင္ပတ္လုပ္မေနနဲ ့ ငါေမြးထားတဲ့ သား မင္းပါစပ္ဟလိုက္တာနဲ ့အူဘယ္နွစ္ေခြရွိသလည္းဆိုတာသိတယ္ အေၾကာင္းျပခ်က္မရွိပဲ ငါ့ဆီဘယ္တုန္းကဖုန္းဆက္ဖူးလို႔လဲ မင္းတခုခုေျပာစရာရွိလို႔သာ ဆက္တယ္ဆိုတာ ငါသိေနတယ္ ေျပာစရာရွိတာဒဲ့ေျပာေတာ့ "
ဦးသီဟခိုင္ အေနျဖင့္ သားဖက္က တခုခုေျပာစရာရွိမွန္းသိလို ႔တမင္လမ္းေၾကာင္းေပးလိုက္ျခင္းသာ ..
ဒီအ႐ြယ္ေရာက္ေနပီမို ႔မိန္းကေလးကိစၥဘာညာေျပာခ်င္လာပံုပင္။
ေျပာလာခဲ့ရင္ေတာ့အေကာင္းသားေပါ့
သူ႔မွာ ေခြၽးမ ရခ်င္လြန္းလို႔တပိုင္းေသမတက္ပဲ။ ႐ြယ္တူေတြ ေျမးခ်ီေနရခ်ိန္မွာ သူမွာေတာ့ လက္ဆုပ္လက္ကိုင္ ျပဖို႔ေဝလာေဝး ..ငမိုက္သားက ဟိုေကာင္ေလးနဲ ့ပဲ တခ်ိန္လံုးအလုပ္ရႈပ္ေနသည္။ ခုလည္း အဲ့ေကာင္ေလးနဲ ့
ျပန္ေတြ ႕မေတြ ႕ကို ေမးမၾကည့္ရေသးဘူး.. ဘာပဲေျပာေျပာ မိဘတို ႔ဝတၲရားအတိုင္း သူ႔ဖက္က လူႀကီးစံုရာနဲ ့ေတာင္ရမ္းေပးရမွာျဖစ္သည္မို ႔ စိတ္ဝင္တစား သားေျပာတာကို နားစြံ႕ေနမိသည္။
" အဟမ္း ! အေဖ စိတ္မဆိုးပါနဲ ့ေနာ္
ကြၽန္ေတာ္အေနနဲ ့ ေျပာဖို ႔ခက္တယ္ဆိုေပမဲ့ မေျပာလို ႔မျဖစ္လို႔ပဲ .. "
"ေျပာစရာရွိတာေျပာကြာ ၾကာတယ္"
ဦးသီဟခိုင္ မ်က္ခံုးလႈပ္ေနပါၿပီ။
မဟုတ္ကဟုတ္က မိန္းကေလးနဲ ့မ်ားလား
ဒါမွမဟုတ္ ကေလးရွိတဲ့ တစ္ခုလပ္တို ႔
သူမ်ားအိမ္ေထာင္က သားမယားတို႔လား
" ဟို ကြၽန္ေတာ္မွာ ခ်စ္သူရွိေနပါၿပီ ၿပီးေတာ့ လက္ထက္ဖို႔လည္း စိတ္ကူးေနၿပီမို ႔အေဖ့ကို အသိေပးတာပါ "
"ေအး မိန္းကေလးက ဘယ္ကလဲ
ဘာအလုပ္လုပ္တာလဲ လြတ္လြတ္ကင္းကင္းေရာဟုတ္ရဲ႕လား ၊ ပိုက္ဆံမခ်မ္းသာခ်င္ေနေနာ္ စာရိတၱေကာင္းေကာင္းေလးနဲ ့ ရုိးရုိးသားသားေလးဆို ငါေက်နပ္တယ္ ..ေတြ႕တာေတာ့ဆြဲမယူလာေလနဲ ့..မဟုတ္ကဟုတ္ကဆိုရင္ေတာ့ မိဘအေနနဲ ့ တားသင့္တားရမွာပဲ "
" လြတ္လြတ္ကင္းကင္းပါပဲ ..အသက္ကကြၽန္ေတာ့္ထက္၅နွစ္ငယ္တယ္ ..
စာရိတၱလည္းေကာင္းတယ္ ၊ အရည္းအခ်င္းလည္းရွိတယ္ၿပီးေတာ့ ပိုက္ဆံ၊ ရုပ္ရည္ တစ္ခုမွ အျပစ္ေျပာစရာမရွိဘူး ဒါေပမဲ့.."
အထက္ပါအရည္အခ်င္းေတြၾကားလို႔
ရင္ဘတ္ထဲကအလံုးႀကီးက်သြားခါရွိေသး
ေနာက္ဆက္တြဲ ဒါေပမဲ့ ဆိုတဲ့ စကားၾကားေတာ့ ပိုႀကီးတဲ့အလံုးႀကီးက လည္ေခ်ာင္းထဲထိ ျပန္ဆန္တက္လာသလို
" ဒါေပမဲ့ ဘာလဲဆက္ေျပာကြာ
ငါစိတ္မရွည္ေတာ့ဘူး မင္းဟာက "
"ဟို ဒါေပမဲ့ သူကမိန္းကေလးမဟုတ္ဘူး အေဖ "
"ဟမ္ မိန္းကေလးမဟုတ္ဘူးဆိုေတာ့
ဟာ!!! ဟိတ္ေကာင္ လရိပ္မွဴ းခိုင္ မင္း
မိန္းမလ်ာနဲ ့မ်ားတြဲေနတာလား "
မ်က္လံုးထဲျမင္လိုက္ရတာ ဇာတ္ကားေတြထဲက ကႏြဲ႕ကလ် နွတ္ခမ္းနီပါးနီနဲ ့အေျခာက္ေတြ....
မ်က္လံုးကိုစံုမွိတ္ကာ ဘုရားတလ်က္ မျဖစ္နိုင္ပါဟု လက္မခံစြာေခါင္းကိုဘယ္ျပန္ညာျပန္ရမ္းမိသည္။
" ဟာဗ်ာ မဟုတ္ပါဘူး ... ကြၽန္ေတာ့္ေဘဘီ က မိန္းမလ်ာျဖစ္စရာလား ဒီေလာက္ ေတာင့္ေျဖာင့္ ေခ်ာေမာေနတာ ကို "
"ဘာကြ ! ဒါဆို မင္းႀကိဳက္တာ ေယာက်ာ္းႀကီးေပါ့"
"ေယာက်ာ္းႀကီး မဟုတ္ပါဘူး ေကာင္ကေလး အေဖ ေကာင္ကေလး ..။ ေကာင္ကေလးေတာင္ ဟီး ျဖဴ ျဖဴ ေဖြးေဖြး တတံုးတခဲေလး "
ဦးသီဟခိုင္တက္လာတဲ့ေဒါသေတြကို အတင္းၿမိဳခ််ေနရလြန္းလို ႔သူမ်က္နွာႀကီးက
ပြင့္ထြက္ေတာ့မတက္နီရဲေနေလၿပီ ။
ဘာထူးလဲဒါကေရာ။ ကိုယ့္မွာေတာ့ အေနတည္တယ္ဆိုၿပီး ကြယ္ရာမွာေနတာေတာင္စိတ္ခ်လက္ခ်ထားခဲ့တာ..ခုေတာ့ေက်ာ္မေကာင္းၾကားမေကာင္း..ေယာင္းမျမင္းစီးထြက္လိုက္သလိုပဲ ငမိုက္သား။
ေမြးေက်းဇူးေတြ ဆပ္ခ်ပစ္လိုက္တာ
" တိတ္စမ္း ! ငါနားမလည္တဲ့စကားေတြကိုနားရႈပ္ေအာင္ဆက္ေျပာမေနနဲ ့
စ,စရာမဟုတ္ဘူး အေဖကို စ မေနစမ္းနဲ ့လရိပ္ "
"ကြၽန္ေတာ္စေနတာမဟုတ္ဘူး အေဖ
သူကို အေဖသိပါတယ္ .. တျခားမဟုတ္ဘူးအေဖ သူကကြၽန္ေတာ္ လာရွာတဲ့ လံုလံုေလးေလ "
"ဘာ!!!!"
ဖုန္းကိုင္ထားလ်က္နဲ ့ အလန္႔တၾကား ဦးသီဟခိုင္ ၿငိမ္သက္သြား၏။ ဒါဆို
သား တခ်ိန္လံုး ဒီကေလးကို ဟိုစိတ္ေတြနဲ ့ ေမ့မရတာေပါ့ ။
________
"အကိုေလး ..ကြၽန္ေတာ္တို ႔ "
"အလုပ္ထြက္ေတာ့..."
ထိပ္ေျပာင္ကာဗိုက္ပူခ်င္ေနတဲ့ ဦးဆန္းလြင္ဆိုတဲ့ မန္ေနဂ်ာ က ေဝလံု စကားၾကားေတာ့ ရွဴ းရွဴ းရွားရွား ျဖစ္သြားပံု။
ၿပီးေတာ့ လက္သံမခံနိုင္ပံုနဲ ့ေအာက္က်ခံတာ မဟုတ္ေသာ အျပဳအမူျဖင့္
"ဟို..အလုပ္ထုတ္တဲ့ထိေတာ့မလုပ္ပါနဲ ့အကိုေလးရာ.. ကြၽန္ေတာ္တို ႔ နွစ္ရွည္
ကုမၸဏီအေပၚအလုပ္ေကြၽးျပဳခဲ့ဖူးတာကိုလည္းထည့္စဥ္းစားေပးပါ ၊ၿပီးေတာ့
အကိုေလး ကြၽန္ေတာ္တို ႔မရွိပဲ လုပ္ငန္းကို လည္ပတ္ေအာင္ေဆာင္႐ြက္နိုင္မွာ မဟုတ္ဘူး ထင္တယ္"
ေဝလံု ေျခခ်ိတ္ထိုင္ရင္း ဟြန္းခနဲ မဲ့ကာ သူ႔ေရွ႕ရပ္ေနတဲ့ မန္ေနဂ်ာနဲ ့ တာဝန္ခံဆိုေသာ လူနွစ္ေယာက္ကို ရင့္သီးစြာၾကည့္သည္။ လာၿခိမ္းေျခာက္ေနရေအာင္ သူက ဘယ္သူလဲ။
" နွစ္ရွည္လုပ္ေကြၽးတာလား နွစ္ရွည္ခိုးတာလား ရွင္းရွင္းပဲေျပာမယ္ .. ေႁမြေပြးကိုခါးပိုက္ပိုက္ထားရေအာင္ ေစာက္ရူးမဟုတ္ဘူး ..က်ဳပ္ကို ကေလးသာသာဆိုၿပီး ခင္ဗ်ားတို ႔လိမ့္ခ်င္တိုင္းလိမ့္လို႔ရမယ္လို႔ထင္ေနတယ္ထင္တယ္...ေအးေအးေဆးေဆး ထြက္သြားမွာလား ဒါမွမဟုတ္ တရားဥပေဒအတိုင္း ဆက္လုပ္ရမွာလား.."
"ဒါေပမဲ့ ကြၽန္ေတာ္..."
" က်စ္! ထူးစစ္ပိုင္ !!!"
ေအာ္သံအဆံုးမွာ ရုံးခန္းထဲကို
ဗလေတာင့္ေတာင့္နဲ ့ Suitဝတ္ထားတဲ့
ေယာက်ာ္း၅ေယာက္ခန္ ႔ဝင္လာ၏။
ဒါ ေဝလံုရဲ႕ အေဖေသခ်ာ ေ႐ြးခ်ယ္ထားခဲ့တဲ့ သစၥာရွိ ေဘာ္ဒီဂတ္ေတြ...။ ဒီအေရးေတြျမင္လို႔ေနမွာ ေဖေဖက တစ္ဦးတည္းေသာသားကို ေသဆံုးသြားသည္တိုင္ေအာင္ အေႁခြရံအသင္းပင္ တပံုတေခါင္းနဲ႔ ထားပစ္ခဲ့သည္။
" စကားေျပာရတာေမာတယ္၊ ဆြဲေခၚသြားသြားလိုက္ေတာ့.. ၿပီးေတာ့ ေနာက္မခိုးရဲေအာင္ မွတ္ေလာက္သားေလာက္ဆံုးမလိုက္ .. ေၾသာ္ ေနအံုး အျပင္ေရာက္ရင္အတြင္းေရးမွဴ းကိုအခန္းထဲလႊတ္လိုက္ "
"မဟုတ္ဘူး အကိုေလး အလုပ္ပါနဲ ့
ကြၽန္ေတာ္တို႔ေနာက္ မခိုးေတာ့ပါဘူး
အကိုေလး..."
ခ်ိဳင္းကေနရုန္းမရေအာင္ဆြဲေခၚသြားတဲ့
မန္ေနဂ်ာ တို ႔ကို ေဝလံု မ်က္လံုးကိုေမွးကာ ေနာက္မွီကိုခပ္ေလ်ာေလ်ာမွီလ်က္ ၾကည့္သည္။ ဒီမန္ေနဂ်ာက အေဖ့လက္ထက္ကတည္းက လုပ္လာတဲ့ ဝန္ထမ္း။ ခါတိုင္း အနည္းအပါး သူ႔အတြက္က်န္ေအာင္ လုပ္တက္တာမ်ိဳးသိေပမဲ့
အေသးအမႊားမို ႔မ်က္စိစံုမွိတ္ၿပီး မေျပာပဲေနခဲ့တာ.. ဒါေပမဲ့ ခုမေျပာလို႔မရေတာ့ဘူး
သူ႔ ဒီရုံးကိုမလာတာ ၁လေက်ာ္ေလာက္ၾကာလာၿပီဆိုေတာ့ နယ္က ဆီဆိုင္တာဝန္ခံနဲ ့ေပါင္းကာ အႀကီးႀကီးလုပ္ဖို ႔ႀကံတယ္။ ဒီေလာက မွာ ကိုယ့္ကို ကေလး သာသာဆိုၿပီး လွည့္ခ်င္တဲ့ သူေတြမွအမ်ားႀကီး
ပဲေဝလံုက မ်က္နာဘယ္နွစ္မ်ိဳးရွိသလဲ
သူတို ႔မသိဘူး..ဟြန္း လာမထိရင္ေတာ့
ေစာက္ေရး စိုက္စရာအေၾကာင္းမရွိဘူး
လာထိၿပီးသြားရင္ စိတ္ရွည္ေနေသးရင္ ခြင့္လြတ္ေပးခ်င္ေပးမိမယ္ ...မဟုတ္ရင္
....
ေဒါက္..ေဒါက္
"ဝင္ခဲ့"
" အကိုေလး ...ကြၽန္ေတာ္ေရာက္ပါၿပီ "
" အင္း အလုပ္ေခၚစာျပင္ထားလိုက္ !
ၿပီးေတာ့ နယ္ဖက္က ဆိုင္တာဝန္ခံေတြအကုန္လံုး ကို စည္းကမ္းပိုင္းကို မေမ့ေအာင္ mailထပ္ပို႔ထားေပး ၊ ဒီေန ႔ကိစၥနဲ ့ပတ္သတ္ၿပီး ဒီလူနွစ္ေယာက္ကို
blacklistထဲထည့္ေၾကာင္း ကုမၸဏီကေန တရားဝင္စာထုတ္ထား ..."
"ဟုတ္ကဲ့ အကိုေလး "
ေတာင္!
မက္ေဆ့သံၾကားေတာ့ ၿပံဳးသြားတဲ့မ်က္နွာက ေနာက္တမ်ိဳး ေျပာင္းသြားသလိုပဲ ။
အကိုေလးက အၿမဲ ရုံးကိုမလာတက္ေပ။
လာစရာမလိုေလာက္ေအာင္ပင္ တခါတေလ လာစစ္ေဆးတက္ေသာ အရင္သူေဌး၏ လူယံုေတာ္ႀကီး ဦးသီလ က စိတ္ခ်ရလို႔ပင္။ ခုျဖစ္သြားတဲ့ ကိစၥကလည္း ဦးသီလ က ေဝလံု အင္တာတိန္းမန္႔ဖက္မွာ ခုတေလာ လုပ္ငန္းပိုင္းလြဲေျပာင္းဖို ႔ ျပင္ဆင္ေနရတာမို ႔ဒီဖက္မွာ သတိလြတ္သြားတာေၾကာင့္ျဖစ္၏။
"ကြၽန္ေတာ္ရုံးဆင္းေတာ့မယ္..အေရးႀကီးရင္ ဖုန္းဆက္လိုက္ ..ေရွ႕ေလ်ာက္ ရုံးပံုမွန္ျပန္တက္ျဖစ္ေတာ့မယ္ဆိုတာ ကုမၸဏီ တစ္ခုလံုးသိပါေစ .. လာမဲ့ ကုမၸဏီနွစ္ပတ္လည္ေန႔အတြက္ကိုလည္း ရုိးသားတဲ့
နွစ္ရွည္ဝန္ထမ္းေတြအတြက္ ဆုေပးပြဲရွိတယ္ ..အဲ့ဒါ နယ္ဖက္က အနိွမ့္ဆံုးဝန္းထမ္းေတြထိ အႀကံဳးဝင္တယ္ ..ကဲကြၽန္ေတာ္သြားၿပီ "
ေဝလံု ခပ္တည္တည္ပင္ ဖုန္းနဲ ့ ပိုက္ဆံအိတ္ေကာက္ထည့္ကာ ရုံးခန္းထဲမွ ထြက္လာခဲ့လိုက္သည္။ အခန္းတံခါးဖြင့္လိုက္တာနဲ ့ ထူးစစ္ပိုင္က အရံသင့္မတ္တပ္ရပ္ေန၏။
" မလိုက္နဲ ့ေတာ့ ေအာက္မွာ ကြၽန္ေတာ္ ရည္းစားေရာက္ေနတယ္ .. ခင္ဗ်ားတို ႔ကိုျမင္လို႔မျဖစ္ဘူး .. "
စကားဆံုးေတာ့ ထူးစစ္ပိုင္တို ႔ေနာက္မွာ က်န္ေနခဲ့၏။ ထူးစစ္ပိုင္ဆိုတာ လူနာမည္မဟုတ္ေပ။ အဖြဲ႕ တစ္ခုလံုး၏ နာမည္ကို ကိုယ္စားျပဳကာ ထူးစစ္ပိုင္ဟု ေခၚရသည္။ ထူးစစ္ပိုင္မွာ အဖြဲ႕ဝင္ ၉ေယာက္ရွိကာ အကုန္လံုး ေဖေဖ့လက္ထက္ကတည္းက ေနာက္ကြယ္ကေန ေစာင့္ေရွာက္ေပးခဲ့ရတဲ့ လူယံုေတြပင္။ မလိုက္နဲ ့ေျပာေပမဲ့ ေဝလံု ကားေနာက္မွာ ဘယ္သြားသြားတစ္ေယာက္မဟုတ္တစ္ေယာက္ပါတက္တယ္ဆိုတာ သူသိသည္။ ဒါေပမဲ့
ေဖေဖ့ ေပးခဲ့ေသာ အမိန္႔တစ္ခုမို ႔
ေဝလံုတားျမစ္ရင္ေတာင္ ထူးစစ္ပိုင္က
လက္ခံမည္မဟုတ္။ သူတို႔၏ တစ္ခုတည္းေသာ မစ္ရွင္မွာ သက္ငယ္ေဝလံုကို အသက္အႏၲရာယ္ကင္းေအာင္ ေစာင့္ေရွာက္ေပးဖို႔ သာျဖစ္၏။
ေဝလံု ကုမၸဏီေရွ ႔ေရာက္ေတာ့ ခ်စ္ခ်စ္က ကားေပၚကေန လွမ္းၿပံဳးျပလာ၏။
" ခ်စ္ခ်စ္ကို အလုပ္လုပ္ေနရင္းနဲ႔ေတာင္ လံုလံု က လြမ္းေနရတာ "
ကားတံခါးပိတ္လိုက္တာနဲ ့တၿပိဳင္နက္
လက္ေမာင္းေပၚေခါင္းတင္ကာ ေဘဘီက စတင္ ခြၽဲလာခဲ့သည္။ လရိပ္ေက်နပ္စြာ ေဘဘီ နဖူးေလးကိုေစာင္းနမ္းၿပီးမွ ကားစက္နႈိးသည္
" တေနကုန္ မင္းအသံေလးမၾကားရေတာ့ ငါလည္း မေနတက္ဘူးေလ ..
ရုံးဆင္းခ်ိန္ေတာ့ ေစာဦးမယ္ထင္တယ္ ..
မင္းကသူေဌးပဲ တစ္ရက္တေလေတာ့ ဘာမွမျဖစ္ဘူးမို႔လား "
" ေန႔တိုင္း ရုံေစာေစာဆင္းလည္းဘာမွမျဖစ္ဘူး .. လံုလံုကို ဘယ္သူဘာေျပာရဲမွာလဲ "
" ဟက္! ေန႔တိုင္းေတာ့ ဘယ္ျဖစ္မလဲ ေဘဘီရာ .. မင္းေျပာေတာ့ ငါ့ကို စိန္စီထားမွာဆို .. အဲ့ဒါေၾကာင့္ မင္းပိုက္ဆံေတာ့ရွာရအံုးမွာေပါ့ "
" အာ မသိခ်င္ဘူး ပင္ပန္းလာတယ္
လံုလံုေလးကို ဒီက ဘဲႀကီးက အာဘြားေလးမေပးခ်င္ဘူးလားဟင္ .. ခ်စ္ခ်စ္ေပးလိုက္ရင္ လံုလံု အေမာေျပသြားမယ္ထင္တယ္ ေနာ္ ... ဟိုေရွ႕နားေလး ကားရပ္လိုက္ပါ့လား လံုလံုတို ႔ car kissing မဆြဲဖူးေသးဘူးေလ "
ပုခံုးေပၚ ေခါင္းထိုးတင္ထားတဲ့ သက္ငယ္ေဝလံုသည္ လရိပ္ေမးဖ်ားကို ေျပာေနရင္း နွာေခါင္းနဲ ့ပြတ္လိုက္ ဖြဖြေလးလွမ္းကိုက္လိုက္နဲ ့ကားမရပ္၊ရပ္ေအာင္ ဆြေန၏။ လရိပ္လည္း စိတ္တိုလာတာေၾကာင့္ လူရွင္းတဲ့ သစ္ပင္ေအာက္ကားထိုးရပ္ကာ ေဘဘီ၏ နီရဲေနေသာ နႈတ္ခမ္းကို ေဒါသတႀကီး ဆြဲကိုက္လိုက္ရင္း မြတ္သိပ္စြာ နမ္းပစ္လိုက္သည္။
မရဘူး ေဘဘီ ငါကို စိတ္တိုေအာင္လာမလုပ္နဲ ့...
ခ်စ္တဲ့အိမ္စည္။
တီခနဲ သံရှည်ဆွဲဝင်နေတဲ့ ဖုန်းသံကို နားမှာ ကပ်နားထောင်ရင်း ခြေထောက်ကို စိတ်လှုပ်ရှားစွာ ကြမ်းပေါ်ခင်းထားတဲ့ အမွှေးပွကော်ဇောလေးကို ပွတ်နေမိ၏။
ဒီနေ့ အဖေ့ဆီဖုန်းဆက်ပြီး
ဝေလုံနဲ့ပတ်သတ်မူ့ကို အကျိုးအကြောင်းပြောပြမည်ဖြစ်သည်။ ဘေဘီကတော့ မရောက်တာကြာပြီဖြစ်တဲ့ သူ့အလုပ်တွေကို သွားကြည့်နေတာမို့ အိမ်မှာမရှိ။ မရှိတာလည်းကောင်းပါတယ် အဖေနဲ့ လွတ်လွတ်လပ်လပ်ပြောလို့ရတာပေါ့..
" Hello လရိပ် ပြော သား "
" အဖေ နေကောင်းလား "
အဖေအသံကြားတော့လည်း ဘယ်စကားကိုအရင်စပြောရမှန်းမသိ နည်းနည်းတော့ ရှိန်သွား၏။ အခု ကိုယ်တွဲလိုက်တဲ့သူက ကောင်ကလေးမှန်းသိရင် အဖေ လက်ခံပါ့မလားဆိုတာ မစဉ်းစားရဲသေး၊ ဘာပဲပြောပြော ဒီကိစ္စကိုအဖေ့ကို ဒီနေ့အသိပေးမှပဲရတော့မည်..
" အေး နေကောင်းပါတယ်ကွ မင်းအန်တီ ကတော့ ဒီရက်ပိုင်း နှာစီးချောင်းဆိုးတော့ ဖြစ်နေတယ် "
"ဟုတ်လား ကျွန်တော်မေးနေတယ်လို့ ပြောလိုက်ပါအုံး "
ဒါကိုတော့ ဝတ္တရားကျေ မေးလိုက်ခြင်းမဟုတ် ၊ အန်တီဂရေစ့်က မိထွေးဆိုပေမဲ့
လရိပ် သံယောဇဉ် ရှိပါသည်။ အဖေ့ထပ်စာရင် နွေးထွေး ကြင်နာပေးတက်သလို သဘောမနောကောင်းမို့ လရိပ်တို့နှစ်ယောက်ဆက်ဆံရေးသည် အဆင်ပြေတာထက်ပိုပါသည်။ ပြီးတော့ လရိပ်မွေးစားအမေ နာနာကလည်း အန်တီဂရေ့စ်ညီမ ဆိုတော့ တကယ့်မိသားစုတွေလိုပင်ဖြစ်နေလေပြီ။
" ပြောလိုက်မယ် ဒါနဲ့ မင်းအလုပ်တွေရော အဆင်ပြေရဲ့လား .. ဘယ်ကုမ္ပဏီမှာ အလုပ်ဝင်နေလဲ.. ပြောလို့သာပြောတာမင်းကို ဒီမှာ အခြေချစေချင်တာ ဘာပဲပြောပြော နေထိုင်မူ့ ပတ်ဝန်းကျင်နဲ့ ဝန်ထမ်းလခက ကိုယ့်နိုင်ငံထက် စာရင် အကုန်ကောင်းနေတာပဲမို့ လား..ကိုယ့်အရည်အချင်းကို
တိမ်မြုပ်နိုင်တဲ့ မြှောက်စားမူ့ မရှိတဲ့နေရာတွေမှာ အဖေက တော့မနေစေချင်ဘူး မင်းကို "
" အဖေပြောသလိုသာဆိုရင် လူတော်မှန်သမျှ ကျွန်တော်တို့ နိုင်ငံမှာဘယ်မှာရှိတော့မှာလဲ ... "
"အေး အခုလည်း ကုန်သလောက်နီးပါးရှိနေပြီမို့လား .. တော်တဲ့သူမှန်သမျှ ပိုတော်လာအောင် ၊ ပိုထက်မြက်လာအောင် ဘယ်သူမှပံ့ပိုးချီးမြောက်တဲ့သူမရှိဘူး ..မင်းနေတဲ့နေရာမှာ..။ ဘာပဲပြောပြော တိုင်းပြည် ကိုချစ်ရမယ်ဆိုတာ အဖေနားလည်ပါတယ်ဒါပေမဲ့ ...."
"ဟိုးထား ဟိုးထား အဖေ ကျွန်တော်အဖေ့ကိုပြောစရာရှိလို့ဆက်လိုက်တာနိုင်ငံရေးတွေပါမလာနဲ့ လေ "
ဦးသီဟခိုင် နှုတ်ခမ်းတွေကို ဖုန်းပြောနေရင်းမဲ့ရွဲ့ပစ်လိုက်သည် ။ ထို့နောက်
" မင်းပဲ နိုင်ငံချစ်လို့ နေနေတာမဟုတ်ဘူးလား.."
"အဖေကလည်းလုပ်ပြီ ..အဖေလိုစိတ်မျိုးမွေးတဲ့သူတွေကြောင့် တိုင်းပြည်ကမတိုးတက်တာ "
ဒီထက်ပိုပြောလိုက်ရရင် ဖုန်းထဲလိုရင်းမရောက်ပဲ တနေကုန်ရန်ဖြစ်ရတော့မဲ့သဘောမို့ စိတ်လျော့ကာ
" အေးထားတော့မင်းနဲ့ ပြိုင်မငြင်းတော့ဘူး "
"ကျွန်တော်လည်းအဖေ့ဆီ ငြင်းချင်လို့ဆက်တာမှမဟုတ်တာ .. တခြားပြောစရာရှိလို့ဆက်လိုက်..ပြောပြီးရင်တော့အဖေစိတ်မဆိုးနဲ့နော်..ဘာပဲပြောပြော အဖေလည်း အဖေ့သဘောနဲ့ စိတ်ကြိုက်လုပ်ခဲ့တာပဲ အဲ့ဒါကြောင့် ကျွန်တော့်ကိုလည်းအဖေနားလည်ပေးရမယ်နော်"
ဖုန်းထဲကနေ လရိပ်အဖေ့ကို လေသံပျော့ပျော့ဖြင့် နားချနေသည်။ ဒါကို ဦသီဟခိုင်သိတော့
" လရိပ် မင်းပြောစရာစကားရှိလို့ ဆက်တာမို့လားလား
ဝေ့လည်ချောင်ပတ်လုပ်မနေနဲ့ ငါမွေးထားတဲ့ သား မင်းပါစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိသလည်းဆိုတာသိတယ် အကြောင်းပြချက်မရှိပဲ ငါ့ဆီဘယ်တုန်းကဖုန်းဆက်ဖူးလို့လဲ မင်းတခုခုပြောစရာရှိလို့သာ ဆက်တယ်ဆိုတာ ငါသိနေတယ် ပြောစရာရှိတာဒဲ့ပြောတော့ "
ဦးသီဟခိုင် အနေဖြင့် သားဖက်က တခုခုပြောစရာရှိမှန်းသိလို့ တမင်လမ်းကြောင်းပေးလိုက်ခြင်းသာ ..
ဒီအရွယ်ရောက်နေပီမို့ မိန်းကလေးကိစ္စဘာညာပြောချင်လာပုံပင်။
ပြောလာခဲ့ရင်တော့အကောင်းသားပေါ့
သူ့မှာ ချွေးမ ရချင်လွန်းလို့တပိုင်းသေမတက်ပဲ။ ရွယ်တူတွေ မြေးချီနေရချိန်မှာ သူမှာတော့ လက်ဆုပ်လက်ကိုင် ပြဖို့ဝေလာဝေး ..ငမိုက်သားက ဟိုကောင်လေးနဲ့ ပဲ တချိန်လုံးအလုပ်ရှုပ်နေသည်။ ခုလည်း အဲ့ကောင်လေးနဲ့
ပြန်တွေ့ မတွေ့ ကို မေးမကြည့်ရသေးဘူး.. ဘာပဲပြောပြော မိဘတို့ ဝတ္တရားအတိုင်း သူ့ဖက်က လူကြီးစုံရာနဲ့ တောင်ရမ်းပေးရမှာဖြစ်သည်မို့ စိတ်ဝင်တစား သားပြောတာကို နားစွံ့နေမိသည်။
" အဟမ်း ! အဖေ စိတ်မဆိုးပါနဲ့ နော်
ကျွန်တော်အနေနဲ့ ပြောဖို့ ခက်တယ်ဆိုပေမဲ့ မပြောလို့ မဖြစ်လို့ပဲ .. "
"ပြောစရာရှိတာပြောကွာ ကြာတယ်"
ဦးသီဟခိုင် မျက်ခုံးလှုပ်နေပါပြီ။
မဟုတ်ကဟုတ်က မိန်းကလေးနဲ့ များလား
ဒါမှမဟုတ် ကလေးရှိတဲ့ တစ်ခုလပ်တို့
သူများအိမ်ထောင်က သားမယားတို့လား
" ဟို ကျွန်တော်မှာ ချစ်သူရှိနေပါပြီ ပြီးတော့ လက်ထက်ဖို့လည်း စိတ်ကူးနေပြီမို့ အဖေ့ကို အသိပေးတာပါ "
"အေး မိန်းကလေးက ဘယ်ကလဲ
ဘာအလုပ်လုပ်တာလဲ လွတ်လွတ်ကင်းကင်းရောဟုတ်ရဲ့လား ၊ ပိုက်ဆံမချမ်းသာချင်နေနော် စာရိတ္တကောင်းကောင်းလေးနဲ့ ရိုးရိုးသားသားလေးဆို ငါကျေနပ်တယ် ..တွေ့တာတော့ဆွဲမယူလာလေနဲ့ ..မဟုတ်ကဟုတ်ကဆိုရင်တော့ မိဘအနေနဲ့ တားသင့်တားရမှာပဲ "
" လွတ်လွတ်ကင်းကင်းပါပဲ ..အသက်ကကျွန်တော့်ထက်၅နှစ်ငယ်တယ် ..
စာရိတ္တလည်းကောင်းတယ် ၊ အရည်းအချင်းလည်းရှိတယ်ပြီးတော့ ပိုက်ဆံ၊ ရုပ်ရည် တစ်ခုမှ အပြစ်ပြောစရာမရှိဘူး ဒါပေမဲ့.."
အထက်ပါအရည်အချင်းတွေကြားလို့
ရင်ဘတ်ထဲကအလုံးကြီးကျသွားခါရှိသေး
နောက်ဆက်တွဲ ဒါပေမဲ့ ဆိုတဲ့ စကားကြားတော့ ပိုကြီးတဲ့အလုံးကြီးက လည်ချောင်းထဲထိ ပြန်ဆန်တက်လာသလို
" ဒါပေမဲ့ ဘာလဲဆက်ပြောကွာ
ငါစိတ်မရှည်တော့ဘူး မင်းဟာက "
"ဟို ဒါပေမဲ့ သူကမိန်းကလေးမဟုတ်ဘူး အဖေ "
"ဟမ် မိန်းကလေးမဟုတ်ဘူးဆိုတော့
ဟာ!!! ဟိတ်ကောင် လရိပ်မှူးခိုင် မင်း
မိန်းမလျာနဲ့ များတွဲနေတာလား "
မျက်လုံးထဲမြင်လိုက်ရတာ ဇာတ်ကားတွေထဲက ကနွဲ့ကလျ နှတ်ခမ်းနီပါးနီနဲ့ အခြောက်တွေ....
မျက်လုံးကိုစုံမှိတ်ကာ ဘုရားတလျက် မဖြစ်နိုင်ပါဟု လက်မခံစွာခေါင်းကိုဘယ်ပြန်ညာပြန်ရမ်းမိသည်။
" ဟာဗျာ မဟုတ်ပါဘူး ... ကျွန်တော့်ဘေဘီ က မိန်းမလျာဖြစ်စရာလား ဒီလောက် တောင့်ဖြောင့် ချောမောနေတာ ကို "
"ဘာကွ ! ဒါဆို မင်းကြိုက်တာ ယောကျာ်းကြီးပေါ့"
"ယောကျာ်းကြီး မဟုတ်ပါဘူး ကောင်ကလေး အဖေ ကောင်ကလေး ..။ ကောင်ကလေးတောင် ဟီး ဖြူ ဖြူ ဖွေးဖွေး တတုံးတခဲလေး "
ဦးသီဟခိုင်တက်လာတဲ့ဒေါသတွေကို အတင်းမြိုချနေရလွန်းလို့ သူမျက်နှာကြီးက
ပွင့်ထွက်တော့မတက်နီရဲနေလေပြီ ။
ဘာထူးလဲဒါကရော။ ကိုယ့်မှာတော့ အနေတည်တယ်ဆိုပြီး ကွယ်ရာမှာနေတာတောင်စိတ်ချလက်ချထားခဲ့တာ..ခုတော့ကျော်မကောင်းကြားမကောင်း..ယောင်းမမြင်းစီးထွက်လိုက်သလိုပဲ ငမိုက်သား။
မွေးကျေးဇူးတွေ ဆပ်ချပစ်လိုက်တာ
" တိတ်စမ်း ! ငါနားမလည်တဲ့စကားတွေကိုနားရှုပ်အောင်ဆက်ပြောမနေနဲ့
စ,စရာမဟုတ်ဘူး အဖေကို စ မနေစမ်းနဲ့ လရိပ် "
"ကျွန်တော်စနေတာမဟုတ်ဘူး အဖေ
သူကို အဖေသိပါတယ် .. တခြားမဟုတ်ဘူးအဖေ သူကကျွန်တော် လာရှာတဲ့ လုံလုံလေးလေ "
"ဘာ!!!!"
ဖုန်းကိုင်ထားလျက်နဲ့ အလန့်တကြား ဦးသီဟခိုင် ငြိမ်သက်သွား၏။ ဒါဆို
သား တချိန်လုံး ဒီကလေးကို ဟိုစိတ်တွေနဲ့ မေ့မရတာပေါ့ ။
________
"အကိုလေး ..ကျွန်တော်တို့ "
"အလုပ်ထွက်တော့..."
ထိပ်ပြောင်ကာဗိုက်ပူချင်နေတဲ့ ဦးဆန်းလွင်ဆိုတဲ့ မန်နေဂျာ က ဝေလုံ စကားကြားတော့ ရှူးရှူးရှားရှား ဖြစ်သွားပုံ။
ပြီးတော့ လက်သံမခံနိုင်ပုံနဲ့ အောက်ကျခံတာ မဟုတ်သော အပြုအမူဖြင့်
"ဟို..အလုပ်ထုတ်တဲ့ထိတော့မလုပ်ပါနဲ့ အကိုလေးရာ.. ကျွန်တော်တို့ နှစ်ရှည်
ကုမ္ပဏီအပေါ်အလုပ်ကျွေးပြုခဲ့ဖူးတာကိုလည်းထည့်စဉ်းစားပေးပါ ၊ပြီးတော့
အကိုလေး ကျွန်တော်တို့ မရှိပဲ လုပ်ငန်းကို လည်ပတ်အောင်ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး ထင်တယ်"
ဝေလုံ ခြေချိတ်ထိုင်ရင်း ဟွန်းခနဲ မဲ့ကာ သူ့ရှေ့ရပ်နေတဲ့ မန်နေဂျာနဲ့ တာဝန်ခံဆိုသော လူနှစ်ယောက်ကို ရင့်သီးစွာကြည့်သည်။ လာခြိမ်းခြောက်နေရအောင် သူက ဘယ်သူလဲ။
" နှစ်ရှည်လုပ်ကျွေးတာလား နှစ်ရှည်ခိုးတာလား ရှင်းရှင်းပဲပြောမယ် .. မြွေပွေးကိုခါးပိုက်ပိုက်ထားရအောင် စောက်ရူးမဟုတ်ဘူး ..ကျုပ်ကို ကလေးသာသာဆိုပြီး ခင်ဗျားတို့ လိမ့်ချင်တိုင်းလိမ့်လို့ရမယ်လို့ထင်နေတယ်ထင်တယ်...အေးအေးဆေးဆေး ထွက်သွားမှာလား ဒါမှမဟုတ် တရားဥပဒေအတိုင်း ဆက်လုပ်ရမှာလား.."
"ဒါပေမဲ့ ကျွန်တော်..."
" ကျစ်! ထူးစစ်ပိုင် !!!"
အော်သံအဆုံးမှာ ရုံးခန်းထဲကို
ဗလတောင့်တောင့်နဲ့ Suitဝတ်ထားတဲ့
ယောကျာ်း၅ယောက်ခန့် ဝင်လာ၏။
ဒါ ဝေလုံရဲ့ အဖေသေချာ ရွေးချယ်ထားခဲ့တဲ့ သစ္စာရှိ ဘော်ဒီဂတ်တွေ...။ ဒီအရေးတွေမြင်လို့နေမှာ ဖေဖေက တစ်ဦးတည်းသောသားကို သေဆုံးသွားသည်တိုင်အောင် အခြွေရံအသင်းပင် တပုံတခေါင်းနဲ့ ထားပစ်ခဲ့သည်။
" စကားပြောရတာမောတယ်၊ ဆွဲခေါ်သွားသွားလိုက်တော့.. ပြီးတော့ နောက်မခိုးရဲအောင် မှတ်လောက်သားလောက်ဆုံးမလိုက် .. သြော် နေအုံး အပြင်ရောက်ရင်အတွင်းရေးမှူးကိုအခန်းထဲလွှတ်လိုက် "
"မဟုတ်ဘူး အကိုလေး အလုပ်ပါနဲ့
ကျွန်တော်တို့နောက် မခိုးတော့ပါဘူး
အကိုလေး..."
ချိုင်းကနေရုန်းမရအောင်ဆွဲခေါ်သွားတဲ့
မန်နေဂျာ တို့ ကို ဝေလုံ မျက်လုံးကိုမှေးကာ နောက်မှီကိုခပ်လျောလျောမှီလျက် ကြည့်သည်။ ဒီမန်နေဂျာက အဖေ့လက်ထက်ကတည်းက လုပ်လာတဲ့ ဝန်ထမ်း။ ခါတိုင်း အနည်းအပါး သူ့အတွက်ကျန်အောင် လုပ်တက်တာမျိုးသိပေမဲ့
အသေးအမွှားမို့ မျက်စိစုံမှိတ်ပြီး မပြောပဲနေခဲ့တာ.. ဒါပေမဲ့ ခုမပြောလို့မရတော့ဘူး
သူ့ ဒီရုံးကိုမလာတာ ၁လကျော်လောက်ကြာလာပြီဆိုတော့ နယ်က ဆီဆိုင်တာဝန်ခံနဲ့ ပေါင်းကာ အကြီးကြီးလုပ်ဖို့ ကြံတယ်။ ဒီလောက မှာ ကိုယ့်ကို ကလေး သာသာဆိုပြီး လှည့်ချင်တဲ့ သူတွေမှအများကြီး
ပဲဝေလုံက မျက်နာဘယ်နှစ်မျိုးရှိသလဲ
သူတို့ မသိဘူး..ဟွန်း လာမထိရင်တော့
စောက်ရေး စိုက်စရာအကြောင်းမရှိဘူး
လာထိပြီးသွားရင် စိတ်ရှည်နေသေးရင် ခွင့်လွတ်ပေးချင်ပေးမိမယ် ...မဟုတ်ရင်
....
ဒေါက်..ဒေါက်
"ဝင်ခဲ့"
" အကိုလေး ...ကျွန်တော်ရောက်ပါပြီ "
" အင်း အလုပ်ခေါ်စာပြင်ထားလိုက် !
ပြီးတော့ နယ်ဖက်က ဆိုင်တာဝန်ခံတွေအကုန်လုံး ကို စည်းကမ်းပိုင်းကို မမေ့အောင် mailထပ်ပို့ထားပေး ၊ ဒီနေ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဒီလူနှစ်ယောက်ကို
blacklistထဲထည့်ကြောင်း ကုမ္ပဏီကနေ တရားဝင်စာထုတ်ထား ..."
"ဟုတ်ကဲ့ အကိုလေး "
တောင်!
မက်ဆေ့သံကြားတော့ ပြုံးသွားတဲ့မျက်နှာက နောက်တမျိုး ပြောင်းသွားသလိုပဲ ။
အကိုလေးက အမြဲ ရုံးကိုမလာတက်ပေ။
လာစရာမလိုလောက်အောင်ပင် တခါတလေ လာစစ်ဆေးတက်သော အရင်သူဌေး၏ လူယုံတော်ကြီး ဦးသီလ က စိတ်ချရလို့ပင်။ ခုဖြစ်သွားတဲ့ ကိစ္စကလည်း ဦးသီလ က ဝေလုံ အင်တာတိန်းမန့်ဖက်မှာ ခုတလော လုပ်ငန်းပိုင်းလွဲပြောင်းဖို့ ပြင်ဆင်နေရတာမို့ ဒီဖက်မှာ သတိလွတ်သွားတာကြောင့်ဖြစ်၏။
"ကျွန်တော်ရုံးဆင်းတော့မယ်..အရေးကြီးရင် ဖုန်းဆက်လိုက် ..ရှေ့လျောက် ရုံးပုံမှန်ပြန်တက်ဖြစ်တော့မယ်ဆိုတာ ကုမ္ပဏီ တစ်ခုလုံးသိပါစေ .. လာမဲ့ ကုမ္ပဏီနှစ်ပတ်လည်နေ့အတွက်ကိုလည်း ရိုးသားတဲ့
နှစ်ရှည်ဝန်ထမ်းတွေအတွက် ဆုပေးပွဲရှိတယ် ..အဲ့ဒါ နယ်ဖက်က အနှိမ့်ဆုံးဝန်းထမ်းတွေထိ အကြုံးဝင်တယ် ..ကဲကျွန်တော်သွားပြီ "
ဝေလုံ ခပ်တည်တည်ပင် ဖုန်းနဲ့ ပိုက်ဆံအိတ်ကောက်ထည့်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ အခန်းတံခါးဖွင့်လိုက်တာနဲ့ ထူးစစ်ပိုင်က အရံသင့်မတ်တပ်ရပ်နေ၏။
" မလိုက်နဲ့ တော့ အောက်မှာ ကျွန်တော် ရည်းစားရောက်နေတယ် .. ခင်ဗျားတို့ ကိုမြင်လို့မဖြစ်ဘူး .. "
စကားဆုံးတော့ ထူးစစ်ပိုင်တို့ နောက်မှာ ကျန်နေခဲ့၏။ ထူးစစ်ပိုင်ဆိုတာ လူနာမည်မဟုတ်ပေ။ အဖွဲ့ တစ်ခုလုံး၏ နာမည်ကို ကိုယ်စားပြုကာ ထူးစစ်ပိုင်ဟု ခေါ်ရသည်။ ထူးစစ်ပိုင်မှာ အဖွဲ့ဝင် ၉ယောက်ရှိကာ အကုန်လုံး ဖေဖေ့လက်ထက်ကတည်းက နောက်ကွယ်ကနေ စောင့်ရှောက်ပေးခဲ့ရတဲ့ လူယုံတွေပင်။ မလိုက်နဲ့ ပြောပေမဲ့ ဝေလုံ ကားနောက်မှာ ဘယ်သွားသွားတစ်ယောက်မဟုတ်တစ်ယောက်ပါတက်တယ်ဆိုတာ သူသိသည်။ ဒါပေမဲ့
ဖေဖေ့ ပေးခဲ့သော အမိန့်တစ်ခုမို့
ဝေလုံတားမြစ်ရင်တောင် ထူးစစ်ပိုင်က
လက်ခံမည်မဟုတ်။ သူတို့၏ တစ်ခုတည်းသော မစ်ရှင်မှာ သက်ငယ်ဝေလုံကို အသက်အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးဖို့ သာဖြစ်၏။
ဝေလုံ ကုမ္ပဏီရှေ့ ရောက်တော့ ချစ်ချစ်က ကားပေါ်ကနေ လှမ်းပြုံးပြလာ၏။
" ချစ်ချစ်ကို အလုပ်လုပ်နေရင်းနဲ့တောင် လုံလုံ က လွမ်းနေရတာ "
ကားတံခါးပိတ်လိုက်တာနဲ့ တပြိုင်နက်
လက်မောင်းပေါ်ခေါင်းတင်ကာ ဘေဘီက စတင် ချွဲလာခဲ့သည်။ လရိပ်ကျေနပ်စွာ ဘေဘီ နဖူးလေးကိုစောင်းနမ်းပြီးမှ ကားစက်နှိုးသည်
" တနေကုန် မင်းအသံလေးမကြားရတော့ ငါလည်း မနေတက်ဘူးလေ ..
ရုံးဆင်းချိန်တော့ စောဦးမယ်ထင်တယ် ..
မင်းကသူဌေးပဲ တစ်ရက်တလေတော့ ဘာမှမဖြစ်ဘူးမို့လား "
" နေ့တိုင်း ရုံစောစောဆင်းလည်းဘာမှမဖြစ်ဘူး .. လုံလုံကို ဘယ်သူဘာပြောရဲမှာလဲ "
" ဟက်! နေ့တိုင်းတော့ ဘယ်ဖြစ်မလဲ ဘေဘီရာ .. မင်းပြောတော့ ငါ့ကို စိန်စီထားမှာဆို .. အဲ့ဒါကြောင့် မင်းပိုက်ဆံတော့ရှာရအုံးမှာပေါ့ "
" အာ မသိချင်ဘူး ပင်ပန်းလာတယ်
လုံလုံလေးကို ဒီက ဘဲကြီးက အာဘွားလေးမပေးချင်ဘူးလားဟင် .. ချစ်ချစ်ပေးလိုက်ရင် လုံလုံ အမောပြေသွားမယ်ထင်တယ် နော် ... ဟိုရှေ့နားလေး ကားရပ်လိုက်ပါ့လား လုံလုံတို့ car kissing မဆွဲဖူးသေးဘူးလေ "
ပုခုံးပေါ် ခေါင်းထိုးတင်ထားတဲ့ သက်ငယ်ဝေလုံသည် လရိပ်မေးဖျားကို ပြောနေရင်း နှာခေါင်းနဲ့ ပွတ်လိုက် ဖွဖွလေးလှမ်းကိုက်လိုက်နဲ့ ကားမရပ်၊ရပ်အောင် ဆွနေ၏။ လရိပ်လည်း စိတ်တိုလာတာကြောင့် လူရှင်းတဲ့ သစ်ပင်အောက်ကားထိုးရပ်ကာ ဘေဘီ၏ နီရဲနေသော နှုတ်ခမ်းကို ဒေါသတကြီး ဆွဲကိုက်လိုက်ရင်း မွတ်သိပ်စွာ နမ်းပစ်လိုက်သည်။
မရဘူး ဘေဘီ ငါကို စိတ်တိုအောင်လာမလုပ်နဲ့ ...
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz