ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

34

eainsi23

စာစစ္မထား..

"ခ်စ္ခ်စ္ေရ လံုလံု လုပ္ခ်င္လို႔ပါဆို။ "

လက္ေမာင္းကို အတင္းဆြဲလႈပ္ကာ ေျပာလာတာမို ႔ ကိုင္ထားတဲ့ ပုလဲခြက္ကေလးသည္ တေဖ်ာေဖ်ာ ေအာက္ကို ေစာင္းက်သြားေလသည္။ လရိပ္ ျပန္ ႔က်ဲ ေနေသာ
ပုလဲလံုးေတြကို ၾကည့္ကာ ၿငိမ္သက္သြား၏။ လံုလံု ကလည္း သူကိုင္ထားတဲ့ လရိပ္လက္ကို အလန္ ႔တၾကားလႊတ္၍ ပုလဲလံုးေတြကို အလ်ွင္အျမန္ ငံု ႔ေကာက္ေပးေနသည္။

"ထားလိုက္ေတာ့ ။ ၿပီးမွ ငါ့ဘာသာရွင္းေတာ့မယ္ "

ကေလးေတြလို အမွားလုပ္္မိရင္ ျဖစ္ေလ့ရွိတဲ့ ပံုအတိုင္း လံုလံု လန္ ႔ေနတဲ့ပံုျဖစ္ေနသည္။ လရိပ္ သက္ျပင္းခ်ကာ ခုထိမရပ္ပဲ ငံု ႔ေကာက္ေနတဲ့ လံုလံု လက္ေတြကို
ဆြဲလိုက္၏။

"ေဘဘီ ငါေျပာေနတယ္ မလုပ္ေတာ့နဲ ့လို ႔ "

စိတ္မရွည္ေတာ့ ေအာ္ပစ္လိုက္၏။
ဟယ္လင္အတြက္ ခုတေလာ အက်ၤ ီခ်ဳပ္ေပးေနရတာမို ႔ အရမ္းပန္းေနေလၿပီ။
ပြဲရက္က နီးလာေလေလ မၿပီးမွာစိုးေနရေလမို႔ လရိပ္ နားေတာင္မနားရဲ။
အစကတည္းက အရမ္းကပ္ေနတဲ့ အထည္ကို သူလက္ခံလိုက္တာေၾကာင့္ ဝန္ပိကာ စိတ္ဖိစီးေနတာျဖစ္၏။

"လံု..လံုလံုေတာင္းပန္ပါတယ္.."

တိုးဝင္ ေနတဲ့ ေဘဘီအသံသည္
ခါတိုင္းလို တက္ႂကြ မေနပါ။ ခုထိ မ်က္နွာက ေမာ့မလာေသးတာမို ႔ စိတ္ေလ်ာ့ကာ
လက္နွစ္ဖက္နဲ ့ပါးေဖာင္းေဖာင္းေလးကို ဆြဲေမာ့လိုက္၏။

" ေဘဘီ "

မ်က္ရည္ေတြက်လ်က္ တိတ္တဆိတ္ငိုေနတဲ့ ေဘဘီကိုျမင္ေတာ့ ကိုယ့္ကိုကိုယ္သာ ပိတ္ထုရုိက္ပစ္ခ်င္ပါသည္။

" လံုလံုေတာင္းပန္ပါတယ္ ဟင့္"

ပုလဲထပ္လွေသာ အျဖဴေရာင္ အရည္ဥၾကည္ၾကည္ေလးသည္ မ်က္ဝန္းထပ္မွာ က်လုက်ခင္ ျဖစ္လို ႔ေန၏။ အသားျဖဴ သူမို ႔
ဝမ္းနည္းလာရင္ မ်က္ခမ္းစပ္ကေလးေတြပါ အေရာင္းေျပာင္းတက္သူပင္။
အရမ္းလွေနေသာ မ်က္လံုးေတာက္ေတာက္ေလးေတြကိုထိေတြ ႕ကာ မ်က္ရည္မ်ားကို က်ဆင္းေစလိုက္သည္။
တလိမ့္လိမ့္ ျဖတ္သြားတဲ့ မ်က္ရည္စက္ကေလးသည္ ေဘဘီ ပါးေပၚမွာ ပိုအေရာင္ထြက္ေနသလို သိပ္သိပ္လွေနပါသည္။ ထို ႔ေၾကာင့္ နႈတ္ခမ္းျဖင့္ ထိုမ်က္စက္ကေလးခိုတြဲရာ ေမးဖ်ားေလးကို ထိေတြ ႕ေစမိ၏။

" မင္းကို သိပ္ခ်စ္တယ္ေဘဘီ ။ ငိုေနတာေတာင္ မင္းက သိပ္လွေနေတာ့
ငါဘယ္လိုလုပ္ စိတ္ဆိုးရက္မွာလဲ ။"

"အင့္"

ထို႔ေနာက္ ေဘဘီသည္ သူ ႔ကိုသိမ္းႀကံဳးေပြ ႕ဖက္လာပါသည္။
ေဘဘီ့အားနဲ ့ပစ္ဝင္လာတာမို ႔အေနာက္ကို လွန္ၾကသြားကာ ေအာက္ ၾကမ္းေပၚမွာ ပက္လက္ျဖစ္သြား၏။

"အဟြန္း ! ဆိုးတယ္ ေဘဘီလံုတို ႔က အရမ္းဆိုး အမ်ားႀကီးဆိုး။ "

လရိပ္ရင္ဘတ္ေပၚမွာ ကပ္ေနတဲ့ ငခြၽဲစိန္ေလးကို အတင္းဖက္ၿပီး တဟားဟားေအာ္ရယ္မိသည္။ ေဘဘီတအား
ကေလးလုပ္ကာ ခြၽဲလြန္းသည္။
ဒါကိုပင္ သူကလည္းခ်စ္ေနရတာပင္။

" ကဲ ေျပာ ဘာလို ႔Tattoo ထိုးခ်င္ရတာလဲ ကိုလံုလံု '

ဆံပင္ေတြကို နစ္ဝင္ေအာင္နမ္းရႈိက္ရင္း
စိတ္ရွည္လက္ရွည္ ေျပာေနမိသည္။
ဒီရက္ပိုင္း ကေလးကို လရိပ္
ဂရုမစိုက္ပဲ အလုပ္ေၾကာင့္ပစ္ထားမိသလို ျဖစ္ေနသည္။ ခုလည္း ထူးထူးဆန္းဆန္း tattoo ထိုးခ်င္ပါသည္ဟု ေကာက္ခါငင္ကာ ေျပာလာ၏။
ဆယ္ေက်ာ္သက္မို ႔ လက္တည့္စမ္းခ်င္ေနတဲ့ သေဘာမို ႔ မတားျမစ္ခ်င္ေပ။

"လံုလံု ကိုယ္ေပၚမွာ ခ်စ္ခ်စ္နဲ ့အမွတ္တရ တခုခု ရွိခ်င္တာ ။ ဒါေပမဲ့ အသားနာတယ္ဆိုေတာ့ လံုလံု တစ္ေယာက္ပဲထိုးမယ္ ခ်စ္ခ်စ္က ေဘးမွာ အေဖာ္လိုက္ေပး "

"မလုပ္ရဘူးဆိုရင္ေရာ "

လရိပ္ေသြးတိုးစမ္းကာ ေမးလိုက္၏။
ျပန္ေျဖမလာေပမဲ့ စိတ္ေကာက္သူတို ႔ထံုးစံအတိုင္း ငိုျခင္းနဲ ့ အစျပဳ၏။
လႈပ္ခါေနေသာ ပုခံုးက်ယ္တို ႔သည္
tattooမထိုးရလို ႔ ငိုသတဲ့။

ေဘဘီ ကေလး ၊ ကေလး ေဘဘီ။

လရိပ္ေတာ့ ေမြးခါစ နီတာရဲကိုထိန္းေနရသလိုေတာင္ျဖစ္ေန၏။

"ဟုတ္ၿပီ ထိုး ။ ဒါေပမဲ့ ေသးေသးေလးပဲထိုးရမယ္ ok "

"ok "

အယ္မယ္ ဒါက် ခ်က္ျခင္း လက္ညိဳးနဲ ့လက္မဝိုင္းကာ ေျပာလာတယ္။
ဘာလုပ္လုပ္ ခ်စ္စရာေကာင္းေနေတာ့လည္းခက္သားပဲ။

______

"ေဘဘီ ေဘာင္းဘီတိုမဝတ္နဲ ့ခုသြားလဲ "

မုန္လာဥ ျဖဴ ျဖဴ ေလးလို ဝင္းအိေနတဲ့ ေျခသလံုးသားေလးကို ျဖစ္နိုင္ရင္ေျပးေတာင္ကိုက္ခ်င္မိ၏။ အေမႊးအမ်ွင္ မရွိေျပာင္ဝင္းေနတာမို ႔ အားးး ေတြးရင္းသြားေတြေတာင္ယားတယ္။

သူေတာင္ ခုလိုျဖစ္ေနရင္တျခားသူေတြဆိုရင္ေရာ ။
အေတြးဆိုးကို ေခါင္းရမ္းဖယ္ထုတ္ကာ ေနာက္တႀကိမ္ ထပ္ေျပာလိုက္၏။

"ေဘဘီ ငါ့ရည္းစားေလး။ မင္း အဲ့ပံုစံနဲ ့အျပင္သြားမယ္ဆိုရင္ ငါေသြးတက္လိမ့္မယ္ လိမ္လိမ္မာမာေလး သြားလဲလိုက္စမ္းပါ "

"ခ်စ္ခ်စ္ကလည္းဒီမယ္ လံုလံုအရမ္းမိုက္ေနၿပီေလ။ ေဘာင္းဘီကလည္းအဲ့သေလာက္မတိုပါဘူး "

တီရွပ္ အနက္ေရာင္ ပြပြႀကီးရယ္ ဒူးဖံုးရုံေဘာင္းဘီ ပြပြရယ္က သာမန္သာ ။
ဒါေပမဲ့ ရွည္လ်ားေျဖာင္းစင္းတဲ့ ေဘဘီ့ေျခေထာက္ေတြကိုေတာ့ ပိုၿပီးလွပသေယာင္။ ပုခံုးေက်ာ္စျပဳေနေသာ ဆံပင္ေလးေတြက ေနာက္မွာ သိမ္းဆည္း ခ်ည္ေနွာင္ေပးထားတာမို ႔ရွင္းလင္းေနတဲ့ မ်က္နွာေလးက အတိုင္းသား။

" မျဖစ္ဘူး သြားလဲလိုက္ေဘဘီ ေနာက္တခြန္းမေျပာဘူး ။ ေဘာင္းဘီရွည္ဝတ္ခဲ့ "

တခ်က္လႊတ္အမိန္ ႔အဆံုးမွာ ေစာင့္ႀကီးေအာင့္ႀကီး အထဲျပန္ဝင္သြား၏။
ျပန္ထြက္လာေတာ့ ေဘာင္းဘီရွည္ အပြႀကီးဝတ္ကာ ေခါင္းမွာ အနက္ေရာင္ဦးထုပ္အလံုးေလးေစာင္းလာ၏။ မ်က္မွန္သမားမို ႔ေရႊအိုေရာင္ ေလးေထာင့္မ်က္မွန္ကို တပ္ထား၏။ တကိုယ္လံုး အနက္ေရာင္ ဝတ္ထားတာေၾကာင့္ ျဖဴဥေနတဲ့ မ်က္နွာေလးက မျမင္ခ်င္မွ အဆံုး။ စိတ္တိုင္းမက်စြာ နာမည္ေက်ာ္အႏုပညာရွင္ကို mask ေျပးတပ္ေပးလိုက္၏။

သို ႔ေပမဲ့ဖံုးေလေပၚေလ ဆိုသလိုအတိုင္း
ေဘဘီက ဘာဝတ္ဝတ္ပိုမိုက္ေနေတာ့ လရိပ္ ေသြးေတြေတာင္တိုးလာရ၏။

"သြားမယ္ လံုလံု ၿပီးပီ "

"ေအး "

ပါးစပ္ကေျပာေပမဲ့ လက္က ေဘဘီ ဦးထုပ္ကို ဆြဲခြၽတ္ကာ လႊင့္ပစ္လိုက္၏

သြားစမ္း ဒီဟာေၾကာင့္ေဘဘီပိုၾကည့္ေကာင္းေနတာ။

အေဝးေရာက္သြားတဲ့ ဦးထုတ္ကို ၾကည့္ကာ စိတ္တိုင္းက်သြားသလို ၿပံဳးမိ၏။
ထို႔ေနာက္ ေဘဘီဖက္ကိုလွည့္ကာ လက္ကမ္းဖို႔ျပင္လိုက္စဥ္ ေဘဘီသည္ ထင္ထားတာနဲ ့တျခားျဖစ္ေနသည္။

သပ္ရပ္စြာစီးေနွာင္ေပးထားေသာဆံပင္တို ႔သည္ ဦးထုပ္ဆြဲဖယ္လိုက္တာမို ႔
အနည္းငယ္ပြေယာင္းကာ ကပိုကရုိ ျဖစ္ေန၏။

ထို႔ေနာက္ သူ ႔လက္ေခ်ာင္းျဖဴျဖဴေလးေတြနဲ ့ ေဘးက်ေနတဲ့ ဆံပင္တို ႔ကိုသပ္တင္လိုက္တဲ့အခါမွာ လရိပ္ မ်က္လံုးအစံု ျပဴးဝိုင္းကာ သြား၏။ ေသခ်ာၾကည့္မယ္ဆိုရင္
လရိပ္မ်က္လံုးထဲမွာ ပန္းေရာင္ အသည္းပ်ံေလးေတြ ပ်ံသန္းေနမွာ ျဖစ္ၿပီး
နႈတ္မွလည္းမထိန္းနိုင္စြာ ခပ္တိုးတိုးထြက္သြားေသး၏။

" ေဘဘီ sexy "

"ခ်စ္ခ်စ္ ! "

"အမ္! "

လက္ေမာင္းကို ကိုင္လႈပ္ဆြဲခါခံလိုက္ရ၍
ျပဴ းေနတဲ့ မ်က္လံုးမ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ကာ အရွက္ေျပရယ္ျပလိုက္၏။

"ဟီး မ်က္လံုးထဲ အေကာင္ဝင္သြားလို ႔"

"ဟုတ္လား လံုလံု မႈတ္ေပးမယ္ လာ "

နႈတ္ခမ္းဖူးဖူးေလးက စိုးရိမ္တႀကီး မ်က္နွာေရွ ႔ေျပးကပ္လာ၏။
လရိပ္ မထိန္းနိုင္ေတာ့ၿပီမို ႔ မ်က္လံုးေရွ ႔ေရာက္ေနတဲ့ နႈတ္ခမ္းစူစူေလးကို မ်က္နွာခ်င္းဆိုင္ ဆြဲကပ္လိုက္၏။
ထို ႔ေနာက္ မြတ္သိပ္စြာ လရိပ္က အရင္နမ္းမိေတာ့သည္။
သူ ႔ေကာင္ေလး သည္ ထိုမ်ွ ခ်စ္ဖို ႔ေကာင္းလြန္းပါသည္။
သိပ္ေခ်ာလြန္းတဲ့ ရည္းစားေလးေၾကာင့္
အျပင္ေတာင္မထြက္နိုင္ေတာ့ၿပီ။

"အြန္း ေနပါ ႁပြတ္! "

ေျပာခြင့္မရတဲ့ နႈတ္ခမ္းေတြကို အတင္းေရွာင္ဖယ္၍ ရုန္းမိ၏။

မၾကည္မလင္ ၾကည့္လာတဲ့ ခ်စ္ခ်စ္က
သူရုန္းလိုက္တာမို ႔ စိတ္မရွည္ေတာ့ဟန္။

" အျပင္သြားမယ္ေလ။ အျပန္ မွ ဆက္နမ္းရေအာင္ ခုလံုလံုတို ႔မသြားရင္ ဆိုင္ပိတ္သြားလိမ့္မယ္ "

"လႁပြတ္ပဲ "

လရိပ္ ဆံပင္ေတြကို သပ္ေပးၿပီး ခ်စ္စနိုးဆိုလာတဲ့ ေဘဘီလက္ေတြကိုရုိက္ပုတ္ကာ ေရွ ႔ကေနအရင္ ထြက္လာလိုက္သည္။ အရွိန္ရေနၿပီ မို ႔သူအရမ္းစိတ္ဆိုးပါသည္။

Moonသည္ သူ ႔ေရွ ႔က စိတ္ဆိုးမာန္ဆိုးထြက္ခြာသြားတဲ့ သူ႔ဘဲႀကီးကို အရမ္းအသည္းယားလို ႔ေန၏။ ခ်စ္ခ်စ္က အေျပာအဆို
သိပ္မတက္ေပမဲ့ သူ ႔ကိုခ်စ္မွန္းသိသာသည္။
ၿပီးေတာ့ ခုထိ သူ ႔ကို ကေလးတစ္ေယာက္လို သနားငဲ့ညာေနတက္တာမို ႔ Moonရဲ႕
တဖက္ျခမ္းသည္ လရိပ္အေပၚမွာ
ခ်စ္စဖြယ္ေကာင္းေအာင္ တမင္ဆိုးႏြဲ ့ျခင္းျဖင့္ အနိုင္ယူေနျခင္းျဖစ္သည္။

မထိတထိရယ္ေနေသာ နႈတ္ခမ္းပါးေတြသည္ ဆတ္ခနဲ ခ်စ္ခ်စ္ေနာက္လွည့္ၾကည့္လိုက္တာနဲ ့တၿပိဳင္နက္ထဲ သနားစရာေကာင္းေအာင္ မ်က္နွာေလးငယ္သြား၏။

ထို ႔ပံုစံကို ျမင္တဲ့ လရိပ္သည္ စိတ္မေကာင္းျဖစ္သြားဟန္ျဖင့္ ေနာက္ကိုျပန္ေလ်ွာက္လာကာ သူ ႔ကေလးကို ၾကင္ၾကင္နာနာေလးလက္တြဲေခၚယူလိုက္၏။
နႈတ္မွလည္း

" ေနွးတိေနွးတုတ္နဲ ့ေျခတံရွည္ႀကီးမွအားမနာ လိပ္ကေလးလို လမ္းေလ်ွာက္ေနတာလားေဘဘီ။ ဟိုေရာက္ရင္ နာရင္
ဆက္မထိုးေတာ့နဲ ့ေနာ္ ေကာင္ေလး ။ ၾကားလား " ဟု မွာေနေသးသည္။

Moon ငံု႔ၾကည့္ေနရင္း သူ ႔နႈတ္ခမ္းေတြကို လ်ွာနဲ ့ သပ္လိုက္သည္။
တကယ္ပဲ လရိပ္မွဴ းခိုင္က သူ႔အတြက္ စားခ်င္စရာ လဝန္းကေလးပင္။
မ်က္ေတာင္မဲမဲေလးေတြက အေပၚစီးကေနျမင္ေနရတာ ရင္ခုန္ခ်င္စရာ။

"ၾကားလား ေဘဘီ "

"လံုလံု ကို ခ်စ္ခ်စ္ဖက္ထားေပးရင္ မနာေလာက္ဘူး"

စကားတက္တဲ့ သူ႔ရည္းစားကို မ်က္ေစာင့္ဝင့္ကာ

" အပိုေတြ "

"အပိုေျပာတာမဟုတ္ဘူးလို ႔..ေနာ္ ဖက္ထားေပးမယ္မို႔ဟုတ္လား "

ကားေပၚေရာက္တက္ထိ စက္မနႈိးနိုင္ပဲ
ဒီေမးခြန္းကိုေမးေနတုန္းမို ႔ လရိပ္
ခါးကုန္းလ်က္ လွမ္းနမ္းလိုက္တယ္။

" ငါ့ေကာင္ေလး သေဘာ "

"ဟက္! "

Moon သေဘာက်စြာ ကားစီယာတိုင္ကို သံုးခ်က္ေလာက္ရုိက္ပစ္လိုက္သည္။
ငါ့ေကာင္ေလးလို ႔ေခၚရင္ သူ သိပ္သိပ္သေဘာက်၏။
ထိုစကားေလးသည္ ခ်စ္ခ်စ္နဲ ့သူသည္
စံုတြဲေတြဆိုတာ ေဖာ္ျပေနတာမို ႔
ကားေမာင္းေနရင္းနဲ ့ေတာင္ အၿပံဳးက ပ္လို႔ မရပ္ေတာ့ေအာင္ပင္။

_________

"ဘယ္ေနရာထိုးမွာလဲ ညီေလး "

"ခါးစပ္နားအကို .. ဒီပံုစံေလးထိုးမယ္"

Tattoo ဆရာသည္ အသက္၃၀အ႐ြယ္ေလာက္ရွိေသးေပမဲ့ နာမည္အရမ္းႀကီးကာ သူ ႔လက္ရာကိုႀကိဳက္လို ႔ တန္းစီေနၾကတဲ့ သူေတြ မွ အမ်ားသားတဲ့။
ခုၾကည့္ရသေလာက္ ရည္ရည္မြန္မြန္နဲ ့
စိတ္ရွည္မဲ့ ပံုမို ႔ လရိပ္ ေဘးကေနသာ
စိတ္ေအးလက္ေအး ရပ္ၾကည့္ေနမိသည္။ Tattooဆရာနဲ ့နွစ္ေယာက္သား သူထိုးမဲ့ပံုကို ေ႐ြးခ်ယ္ျပသ ကာ အဆင္မေျပ စကားေျပာေနၾကသည္ကို ၾကည့္ကာ
လရိပ္ ေက်နပ္ေနမိသည္။

ဒီလိုက် ျပန္ရင္လည္းသူ႔ကေလးက လူႀကီးေလးနဲ ့တူေနျပန္၏။

" ခ်စ္ခ်စ္ ဒီကိုလာ "

" အဆင္ေျပၿပီလား ဘယ္လိုပံုထိုးမွာလဲ "

အနီးနားကပ္သြားကာ ေဘဘီျပတဲ့ ပံုကိုၾကည့္မိ၏။ ၿပီးေတာ့ ၿပံဳးမိသြားသည္။
အနီးနားမွာ ေခါင္းငဲ့ၿပီး သူ ႔သေဘာထားကို စိတ္ဝင္တစား ေစာင့္နားေထာင္ေနတဲ့ ေဘဘီနား႐ြက္ကေလးကို ခ်စ္စနိုးနဲ ့လိမ္ဆြဲလိုက္၏။

ေဘဘီေ႐ြးခ်ယ္ထားတဲ့ ပံုေလးသည္
လျခမ္းေကြး ေလးေပၚမွာ အနီေရာင္လိပ္ျပာ အေသးေလး ခိုနားေနဟန္ ျဖစ္၏။
ထိုေအာက္ေျခ တြင္ 11 hr 3min 20 sec ဟု ခပ္ေစာင္းေစာင္း စာလံုးလွလွေလးနဲ ့ေရးျခယ္ထားေလသည္။
ထိုအခ်ိန္သည္ သူတို ႔နွစ္ေယာက္ ရည္းစားစျဖစ္တဲ့ နာရီလက္တံေလးေတြရပ္တန္႔ရာေနရာျဖစ္၏။

စိတ္ထဲမွာထင္လိုက္မိတာက tattooဆိုလို ႔ အႀကီးအက်ယ္ နဂါးရုပ္၊
က်ားရုပ္ႀကီးေတြလားလို ႔ပင္။

သေဘာတက်ရယ္ေမာကာ ေခါင္းညိမ့္ျပလိုက္၏။ ထိုအခါမွ သက္ေမာခ်ကာ အက်ၤ ီခြၽတ္ဖို ႔ျပင္သည္။

လက္နွစ္ဖက္နဲ ့ဆြဲတင္လိုက္ေသာ အက်ၤ ီသည္ ရင္ဘတ္ေပၚထိေျမာက္တက္လာကာ နီရဲရဲ ျခင္ကိုက္ဖုေလးနွစ္လံုးကေပၚလာ၏။

ဘုရားေရ ..

လရိပ္ အလ်ွင္အျမန္ လက္ေတြကိုဆြဲခ်ဳပ္ကာ ဆက္မခြၽတ္ဖို ႔ မ်က္လံုးျပဴး ျပလိုက္၏။
ၿပီးေတာ့ ထိုးမဲ့စက္ကို ကိုင္ကာ ေစာင့္ေနတဲ့ Tattooဆရာကို လွည့္ၿပီး သြားၿဖဲရယ္ျပလိုက္သည္။

" ဒီတိုင္းထိုးလို ႔ရမလား အကို။ သူ အေအးပတ္ေနလို ႔ "

အလိမ္အညာစကားေတြသည္ ခ်စ္စရာ
ရည္းစားေပါက္စေလးေၾကာင့္ အလြယ္တကူထြက္လာရသည္။

"ရတယ္ ရတယ္ မခြၽတ္ နဲ ့။ အက်ၤ ီေလးပဲ ေျမႇာက္ေပးထား။ ခါးစပ္ဆိုေတာ့ လြတ္တယ္ "

" ထိုင္ရက္ပဲ ထိုးမယ္ေနာ္အကို ၊ ကြၽန္ေတာ္ အပ္ေၾကာက္လို ႔... ခ်စ္ခ်စ္ ဖက္ထားေပး လံုလံု နာမွာေၾကာက္တယ္ "

ဂ်စ္ေဖာက္ေဖာက္ နိုင္ငံေက်ာ္အဆိုေတာ့္၏ ခြၽဲပစ္မူ ႔ကို စိတ္ရွည္ေသာ Tattoo
ဆရာသည္ အျမင္ကပ္သြားပံုပင္ ေအးဟု သာ ခပ္မာမာေျပာလာ၏ ။

Tattooထိုးသံသည္ တဒီဒီ စၾကားေနရၿပီ။
ေဘဘီသည္ ခံုေပၚမွာ ထိုင္ရက္အေနထားျဖင့္ ေဘးမွာ မတ္တပ္ရပ္ေနေသာ
လရိပ္ကို ဖက္တြယ္မွီႏြဲ ့ထားသည္။

ေဘဘီ့မ်က္နွာေလးနည္းနည္းမဲ့ သြားရင္ကို လရိပ္ကိုယ္တိုင္ခံစားရတဲ့အတိုင္း
နာက်င္ရသည္မို ႔ ေခြၽးစို ႔ေနတဲ့ နွဖူးေလးကို တ႐ႊတ္ရႊတ္နမ္းကာ အားေပးေနမိသည္။ ဒီအခ်ိန္မွာ သူစိမ္းရွိတယ္ဆိုတာကိုလည္းမရွက္နိုင္ေတာ့ေပ။
သူ ႔ရည္းစားသည္သာ အေရးႀကီးေလ၏။

အျဖစ္သည္းလွေသာ နွစ္ေယာက္ကိုၾကည့္ၿပီး Tattooဆရာသည္ အေတာ္ေလး
စိတ္ရွည္ေနရပါသည္။ ထိုးတဲ့ Tattooသည္ လက္သံုးလံုးအ႐ြယ္ေလာက္သာရွိတဲ့ ပိစိေပါက္စကေလးသာျဖစ္၏ ။
ဒါကိုပင္ အဆိုေတာ္ေကာင္သည္ မွီႏြဲ႕ေခြေခါက္ကာ ရႈံ ့မဲ့ျပ၏။

စိတ္ပ်က္တယ္ ။ ငါ သိပ္စိတ္ပ်က္တယ္

FA တစ္ေယာက္၏ ညီးညဴသံသည္ ရင္ထဲမွာအႀကိမ္ႀကိမ္ပဲ့တင္လ်က္ ရွိေန၏။

Tattooထိုးတယ္ဆိုတာ ရည္းစားရွိမွ ပိုနာတက္တာလား...ခ်ီး အံ့ၾသစရာ
ေသာက္အတြဲေတြ

ခ်စ္တဲ့အိမ္စည္။



စာစစ်မထား..

"ချစ်ချစ်တရေ လုံလုံ လုပ်ချင်လို့ပါဆို။ "

လက်မောင်းကို အတင်းဆွဲလှုပ်ကာ ပြောလာတာမို့ ကိုင်ထားတဲ့ ပုလဲခွက်ကလေးသည် တဖျောဖျော အောက်ကို စောင်းကျသွားလေသည်။ လရိပ် ပြန့် ကျဲ နေသော
ပုလဲလုံးတွေကို ကြည့်ကာ ငြိမ်သက်သွား၏။ လုံလုံ ကလည်း သူကိုင်ထားတဲ့ လရိပ်လက်ကို အလန့် တကြားလွှတ်၍ ပုလဲလုံးတွေကို အလျှင်အမြန် ငုံ့ ကောက်ပေးနေသည်။

"ထားလိုက်တော့ ။ ပြီးမှ ငါ့ဘာသာရှင်းတော့မယ် "

ကလေးတွေလို အမှားလုပ်မိရင် ဖြစ်လေ့ရှိတဲ့ ပုံအတိုင်း လုံလုံ လန့် နေတဲ့ပုံဖြစ်နေသည်။ လရိပ် သက်ပြင်းချကာ ခုထိမရပ်ပဲ ငုံ့ ကောက်နေတဲ့ လုံလုံ လက်တွေကို
ဆွဲလိုက်၏။

"ဘေဘီ ငါပြောနေတယ် မလုပ်တော့နဲ့ လို့ "

စိတ်မရှည်တော့ အော်ပစ်လိုက်၏။
ဟယ်လင်အတွက် ခုတလော အင်္ကျီချုပ်ပေးနေရတာမို့ အရမ်းပန်းနေလေပြီ။
ပွဲရက်က နီးလာလေလေ မပြီးမှာစိုးနေရလေမို့ လရိပ် နားတောင်မနားရဲ။
အစကတည်းက အရမ်းကပ်နေတဲ့ အထည်ကို သူလက်ခံလိုက်တာကြောင့် ဝန်ပိကာ စိတ်ဖိစီးနေတာဖြစ်၏။

"လုံ..လုံလုံတောင်းပန်ပါတယ်.."

တိုးဝင် နေတဲ့ ဘေဘီအသံသည်
ခါတိုင်းလို တက်ကြွ မနေပါ။ ခုထိ မျက်နှာက မော့မလာသေးတာမို့ စိတ်လျော့ကာ
လက်နှစ်ဖက်နဲ့ ပါးဖောင်းဖောင်းလေးကို ဆွဲမော့လိုက်၏။

" ဘေဘီ "

မျက်ရည်တွေကျလျက် တိတ်တဆိတ်ငိုနေတဲ့ ဘေဘီကိုမြင်တော့ ကိုယ့်ကိုကိုယ်သာ ပိတ်ထုရိုက်ပစ်ချင်ပါသည်။

" လုံလုံတောင်းပန်ပါတယ် ဟင့်"

ပုလဲထပ်လှသော အဖြူရောင် အရည်ဥကြည်ကြည်လေးသည် မျက်ဝန်းထပ်မှာ ကျလုကျခင် ဖြစ်လို့ နေ၏။ အသားဖြူ သူမို့
ဝမ်းနည်းလာရင် မျက်ခမ်းစပ်ကလေးတွေပါ အရောင်းပြောင်းတက်သူပင်။
အရမ်းလှနေသော မျက်လုံးတောက်တောက်လေးတွေကိုထိတွေ့ ကာ မျက်ရည်များကို ကျဆင်းစေလိုက်သည်။
တလိမ့်လိမ့် ဖြတ်သွားတဲ့ မျက်ရည်စက်ကလေးသည် ဘေဘီ ပါးပေါ်မှာ ပိုအရောင်ထွက်နေသလို သိပ်သိပ်လှနေပါသည်။ ထို့ ကြောင့် နှုတ်ခမ်းဖြင့် ထိုမျက်စက်ကလေးခိုတွဲရာ မေးဖျားလေးကို ထိတွေ့ စေမိ၏။

" မင်းကို သိပ်ချစ်တယ်ဘေဘီ ။ ငိုနေတာတောင် မင်းက သိပ်လှနေတော့
ငါဘယ်လိုလုပ် စိတ်ဆိုးရက်မှာလဲ ။"

"အင့်"

ထို့နောက် ဘေဘီသည် သူ့ ကိုသိမ်းကြုံးပွေ့ ဖက်လာပါသည်။
ဘေဘီ့အားနဲ့ ပစ်ဝင်လာတာမို့ အနောက်ကို လှန်ကြသွားကာ အောက် ကြမ်းပေါ်မှာ ပက်လက်ဖြစ်သွား၏။

"အဟွန်း ! ဆိုးတယ် ဘေဘီလုံတို့ က အရမ်းဆိုး အများကြီးဆိုး။ "

လရိပ်ရင်ဘတ်ပေါ်မှာ ကပ်နေတဲ့ ငချွဲစိန်လေးကို အတင်းဖက်ပြီး တဟားဟားအော်ရယ်မိသည်။ ဘေဘီတအား
ကလေးလုပ်ကာ ချွဲလွန်းသည်။
ဒါကိုပင် သူကလည်းချစ်နေရတာပင်။

" ကဲ ပြော ဘာလို့ Tattoo ထိုးချင်ရတာလဲ ကိုလုံလုံ '

ဆံပင်တွေကို နစ်ဝင်အောင်နမ်းရှိုက်ရင်း
စိတ်ရှည်လက်ရှည် ပြောနေမိသည်။
ဒီရက်ပိုင်း ကလေးကို လရိပ်
ဂရုမစိုက်ပဲ အလုပ်ကြောင့်ပစ်ထားမိသလို ဖြစ်နေသည်။ ခုလည်း ထူးထူးဆန်းဆန်း tattoo ထိုးချင်ပါသည်ဟု ကောက်ခါငင်ကာ ပြောလာ၏။
ဆယ်ကျော်သက်မို့ လက်တည့်စမ်းချင်နေတဲ့ သဘောမို့ မတားမြစ်ချင်ပေ။

"လုံလုံ ကိုယ်ပေါ်မှာ ချစ်ချစ်နဲ့ အမှတ်တရ တခုခု ရှိချင်တာ ။ ဒါပေမဲ့ အသားနာတယ်ဆိုတော့ လုံလုံ တစ်ယောက်ပဲထိုးမယ် ချစ်ချစ်က ဘေးမှာ အဖော်လိုက်ပေး "

"မလုပ်ရဘူးဆိုရင်ရော "

လရိပ်သွေးတိုးစမ်းကာ မေးလိုက်၏။
ပြန်ဖြေမလာပေမဲ့ စိတ်ကောက်သူတို့ ထုံးစံအတိုင်း ငိုခြင်းနဲ့ အစပြု၏။
လှုပ်ခါနေသော ပုခုံးကျယ်တို့ သည်
tattooမထိုးရလို့ ငိုသတဲ့။

ဘေဘီ ကလေး ၊ ကလေး ဘေဘီ။

လရိပ်တော့ မွေးခါစ နီတာရဲကိုထိန်းနေရသလိုတောင်ဖြစ်နေ၏။

"ဟုတ်ပြီ ထိုး ။ ဒါပေမဲ့ သေးသေးလေးပဲထိုးရမယ် ok "

"ok "

အယ်မယ် ဒါကျ ချက်ခြင်း လက်ညိုးနဲ့ လက်မဝိုင်းကာ ပြောလာတယ်။
ဘာလုပ်လုပ် ချစ်စရာကောင်းနေတော့လည်းခက်သားပဲ။

______

"ဘေဘီ ဘောင်းဘီတိုမဝတ်နဲ့ ခုသွားလဲ "

မုန်လာဥ ဖြူ ဖြူ လေးလို ဝင်းအိနေတဲ့ ခြေသလုံးသားလေးကို ဖြစ်နိုင်ရင်ပြေးတောင်ကိုက်ချင်မိ၏။ အမွှေးအမျှင် မရှိပြောင်ဝင်းနေတာမို့ အားးး တွေးရင်းသွားတွေတောင်ယားတယ်။

သူတောင် ခုလိုဖြစ်နေရင်တခြားသူတွေဆိုရင်ရော ။
အတွေးဆိုးကို ခေါင်းရမ်းဖယ်ထုတ်ကာ နောက်တကြိမ် ထပ်ပြောလိုက်၏။

"ဘေဘီ ငါ့ရည်းစားလေး။ မင်း အဲ့ပုံစံနဲ့ အပြင်သွားမယ်ဆိုရင် ငါသွေးတက်လိမ့်မယ် လိမ်လိမ်မာမာလေး သွားလဲလိုက်စမ်းပါ "

"ချစ်ချစ်ကလည်းဒီမယ် လုံလုံအရမ်းမိုက်နေပြီလေ။ ဘောင်းဘီကလည်းအဲ့သလောက်မတိုပါဘူး "

တီရှပ် အနက်ရောင် ပွပွကြီးရယ် ဒူးဖုံးရုံဘောင်းဘီ ပွပွရယ်က သာမန်သာ ။
ဒါပေမဲ့ ရှည်လျားဖြောင်းစင်းတဲ့ ဘေဘီ့ခြေထောက်တွေကိုတော့ ပိုပြီးလှပသယောင်။ ပုခုံးကျော်စပြုနေသော ဆံပင်လေးတွေက နောက်မှာ သိမ်းဆည်း ချည်နှောင်ပေးထားတာမို့ ရှင်းလင်းနေတဲ့ မျက်နှာလေးက အတိုင်းသား။

" မဖြစ်ဘူး သွားလဲလိုက်ဘေဘီ နောက်တခွန်းမပြောဘူး ။ ဘောင်းဘီရှည်ဝတ်ခဲ့ "

တချက်လွှတ်အမိန့် အဆုံးမှာ စောင့်ကြီးအောင့်ကြီး အထဲပြန်ဝင်သွား၏။
ပြန်ထွက်လာတော့ ဘောင်းဘီရှည် အပွကြီးဝတ်ကာ ခေါင်းမှာ အနက်ရောင်ဦးထုပ်အလုံးလေးစောင်းလာ၏။ မျက်မှန်သမားမို့ ရွှေအိုရောင် လေးထောင့်မျက်မှန်ကို တပ်ထား၏။ တကိုယ်လုံး အနက်ရောင် ဝတ်ထားတာကြောင့် ဖြူဥနေတဲ့ မျက်နှာလေးက မမြင်ချင်မှ အဆုံး။ စိတ်တိုင်းမကျစွာ နာမည်ကျော်အနုပညာရှင်ကို mask ပြေးတပ်ပေးလိုက်၏။

သို့ ပေမဲ့ဖုံးလေပေါ်လေ ဆိုသလိုအတိုင်း
ဘေဘီက ဘာဝတ်ဝတ်ပိုမိုက်နေတော့ လရိပ် သွေးတွေတောင်တိုးလာရ၏။

"သွားမယ် လုံလုံ ပြီးပြီ"

"အေး "

ပါးစပ်ကပြောပေမဲ့ လက်က ဘေဘီ ဦးထုပ်ကို ဆွဲချွတ်ကာ လွှင့်ပစ်လိုက်၏

သွားစမ်း ဒီဟာကြောင့်ဘေဘီပိုကြည့်ကောင်းနေတာ။

အဝေးရောက်သွားတဲ့ ဦးထုတ်ကို ကြည့်ကာ စိတ်တိုင်းကျသွားသလို ပြုံးမိ၏။
ထို့နောက် ဘေဘီဖက်ကိုလှည့်ကာ လက်ကမ်းဖို့ပြင်လိုက်စဉ် ဘေဘီသည် ထင်ထားတာနဲ့ တခြားဖြစ်နေသည်။

သပ်ရပ်စွာစီးနှောင်ပေးထားသောဆံပင်တို့ သည် ဦးထုပ်ဆွဲဖယ်လိုက်တာမို့
အနည်းငယ်ပွယောင်းကာ ကပိုကရို ဖြစ်နေ၏။

ထို့နောက် သူ့ လက်ချောင်းဖြူဖြူလေးတွေနဲ့ ဘေးကျနေတဲ့ ဆံပင်တို့ ကိုသပ်တင်လိုက်တဲ့အခါမှာ လရိပ် မျက်လုံးအစုံ ပြူးဝိုင်းကာ သွား၏။ သေချာကြည့်မယ်ဆိုရင်
လရိပ်မျက်လုံးထဲမှာ ပန်းရောင် အသည်းပျံလေးတွေ ပျံသန်းနေမှာ ဖြစ်ပြီး
နှုတ်မှလည်းမထိန်းနိုင်စွာ ခပ်တိုးတိုးထွက်သွားသေး၏။

" ဘေဘီ sexy "

"ချစ်ချစ် ! "

"အမ်! "

လက်မောင်းကို ကိုင်လှုပ်ဆွဲခါခံလိုက်ရ၍
ပြူးနေတဲ့ မျက်လုံးမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အရှက်ပြေရယ်ပြလိုက်၏။

"ဟီး မျက်လုံးထဲ အကောင်ဝင်သွားလို့ "

"ဟုတ်လား လုံလုံ မှုတ်ပေးမယ် လာ "

နှုတ်ခမ်းဖူးဖူးလေးက စိုးရိမ်တကြီး မျက်နှာရှေ့ ပြေးကပ်လာ၏။
လရိပ် မထိန်းနိုင်တော့ပြီမို့ မျက်လုံးရှေ့ ရောက်နေတဲ့ နှုတ်ခမ်းစူစူလေးကို မျက်နှာချင်းဆိုင် ဆွဲကပ်လိုက်၏။
ထို့ နောက် မွတ်သိပ်စွာ လရိပ်က အရင်နမ်းမိတော့သည်။
သူ့ ကောင်လေး သည် ထိုမျှ ချစ်ဖို့ ကောင်းလွန်းပါသည်။
သိပ်ချောလွန်းတဲ့ ရည်းစားလေးကြောင့်
အပြင်တောင်မထွက်နိုင်တော့ပြီ။

"အွန်း နေပါ ပြွတ်! "

ပြောခွင့်မရတဲ့ နှုတ်ခမ်းတွေကို အတင်းရှောင်ဖယ်၍ ရုန်းမိ၏။

မကြည်မလင် ကြည့်လာတဲ့ ချစ်ချစ်က
သူရုန်းလိုက်တာမို့ စိတ်မရှည်တော့ဟန်။

" အပြင်သွားမယ်လေ။ အပြန် မှ ဆက်နမ်းရအောင် ခုလုံလုံတို့ မသွားရင် ဆိုင်ပိတ်သွားလိမ့်မယ် "

"လပြွတ်ပဲ "

လရိပ် ဆံပင်တွေကို သပ်ပေးပြီး ချစ်စနိုးဆိုလာတဲ့ ဘေဘီလက်တွေကိုရိုက်ပုတ်ကာ ရှေ့ ကနေအရင် ထွက်လာလိုက်သည်။ အရှိန်ရနေပြီ မို့ သူအရမ်းစိတ်ဆိုးပါသည်။

Moonသည် သူ့ ရှေ့ က စိတ်ဆိုးမာန်ဆိုးထွက်ခွာသွားတဲ့ သူ့ဘဲကြီးကို အရမ်းအသည်းယားလို့ နေ၏။ ချစ်ချစ်က အပြောအဆို
သိပ်မတက်ပေမဲ့ သူ့ ကိုချစ်မှန်းသိသာသည်။
ပြီးတော့ ခုထိ သူ့ ကို ကလေးတစ်ယောက်လို သနားငဲ့ညာနေတက်တာမို့ Moonရဲ့
တဖက်ခြမ်းသည် လရိပ်အပေါ်မှာ
ချစ်စဖွယ်ကောင်းအောင် တမင်ဆိုးနွဲ့ ခြင်းဖြင့် အနိုင်ယူနေခြင်းဖြစ်သည်။

မထိတထိရယ်နေသော နှုတ်ခမ်းပါးတွေသည် ဆတ်ခနဲ ချစ်ချစ်နောက်လှည့်ကြည့်လိုက်တာနဲ့ တပြိုင်နက်ထဲ သနားစရာကောင်းအောင် မျက်နှာလေးငယ်သွား၏။

ထို့ ပုံစံကို မြင်တဲ့ လရိပ်သည် စိတ်မကောင်းဖြစ်သွားဟန်ဖြင့် နောက်ကိုပြန်လျှောက်လာကာ သူ့ ကလေးကို ကြင်ကြင်နာနာလေးလက်တွဲခေါ်ယူလိုက်၏။
နှုတ်မှလည်း

" နှေးတိနှေးတုတ်နဲ့ ခြေတံရှည်ကြီးမှအားမနာ လိပ်ကလေးလို လမ်းလျှောက်နေတာလားဘေဘီ။ ဟိုရောက်ရင် နာရင်
ဆက်မထိုးတော့နဲ့ နော် ကောင်လေး ။ ကြားလား " ဟု မှာနေသေးသည်။

Moon ငုံ့ကြည့်နေရင်း သူ့ နှုတ်ခမ်းတွေကို လျှာနဲ့ သပ်လိုက်သည်။
တကယ်ပဲ လရိပ်မှူးခိုင်က သူ့အတွက် စားချင်စရာ လဝန်းကလေးပင်။
မျက်တောင်မဲမဲလေးတွေက အပေါ်စီးကနေမြင်နေရတာ ရင်ခုန်ချင်စရာ။

"ကြားလား ဘေဘီ "

"လုံလုံ ကို ချစ်ချစ်ဖက်ထားပေးရင် မနာလောက်ဘူး"

စကားတက်တဲ့ သူ့ရည်းစားကို မျက်စောင့်ဝင့်ကာ

" အပိုတွေ "

"အပိုပြောတာမဟုတ်ဘူးလို့ ..နော် ဖက်ထားပေးမယ်မို့ဟုတ်လား "

ကားပေါ်ရောက်တက်ထိ စက်မနှိုးနိုင်ပဲ
ဒီမေးခွန်းကိုမေးနေတုန်းမို့ လရိပ်
ခါးကုန်းလျက် လှမ်းနမ်းလိုက်တယ်။

" ငါ့ကောင်လေး သဘော "

"ဟက်! "

Moon သဘောကျစွာ ကားစီယာတိုင်ကို သုံးချက်လောက်ရိုက်ပစ်လိုက်သည်။
ငါ့ကောင်လေးလို့ ခေါ်ရင် သူ သိပ်သိပ်သဘောကျ၏။
ထိုစကားလေးသည် ချစ်ချစ်နဲ့ သူသည်
စုံတွဲတွေဆိုတာ ဖော်ပြနေတာမို့
ကားမောင်းနေရင်းနဲ့ တောင် အပြုံးက ပ်လို့ မရပ်တော့အောင်ပင်။

_________

"ဘယ်နေရာထိုးမှာလဲ ညီလေး "

"ခါးစပ်နားအကို .. ဒီပုံစံလေးထိုးမယ်"

Tattoo ဆရာသည် အသက်၃၀အရွယ်လောက်ရှိသေးပေမဲ့ နာမည်အရမ်းကြီးကာ သူ့ လက်ရာကိုကြိုက်လို့ တန်းစီနေကြတဲ့ သူတွေ မှ အများသားတဲ့။
ခုကြည့်ရသလောက် ရည်ရည်မွန်မွန်နဲ့
စိတ်ရှည်မဲ့ ပုံမို့ လရိပ် ဘေးကနေသာ
စိတ်အေးလက်အေး ရပ်ကြည့်နေမိသည်။ Tattooဆရာနဲ့ နှစ်ယောက်သား သူထိုးမဲ့ပုံကို ရွေးချယ်ပြသ ကာ အဆင်မပြေ စကားပြောနေကြသည်ကို ကြည့်ကာ
လရိပ် ကျေနပ်နေမိသည်။

ဒီလိုကျ ပြန်ရင်လည်းသူ့ကလေးက လူကြီးလေးနဲ့ တူနေပြန်၏။

" ချစ်ချစ် ဒီကိုလာ "

" အဆင်ပြေပြီလား ဘယ်လိုပုံထိုးမှာလဲ "

အနီးနားကပ်သွားကာ ဘေဘီပြတဲ့ ပုံကိုကြည့်မိ၏။ ပြီးတော့ ပြုံးမိသွားသည်။
အနီးနားမှာ ခေါင်းငဲ့ပြီး သူ့ သဘောထားကို စိတ်ဝင်တစား စောင့်နားထောင်နေတဲ့ ဘေဘီနားရွက်ကလေးကို ချစ်စနိုးနဲ့ လိမ်ဆွဲလိုက်၏။

ဘေဘီရွေးချယ်ထားတဲ့ ပုံလေးသည်
လခြမ်းကွေး လေးပေါ်မှာ အနီရောင်လိပ်ပြာ အသေးလေး ခိုနားနေဟန် ဖြစ်၏။
ထိုအောက်ခြေ တွင် 11 hr 3min 20 sec ဟု ခပ်စောင်းစောင်း စာလုံးလှလှလေးနဲ့ရေးခြယ်ထားလေသည်။
ထိုအချိန်သည် သူတို့ နှစ်ယောက် ရည်းစားစဖြစ်တဲ့ နာရီလက်တံလေးတွေရပ်တန့်ရာနေရာဖြစ်၏။

စိတ်ထဲမှာထင်လိုက်မိတာက tattooဆိုလို့ အကြီးအကျယ် နဂါးရုပ်၊
ကျားရုပ်ကြီးတွေလားလို့ ပင်။

သဘောတကျရယ်မောကာ ခေါင်းညိမ့်ပြလိုက်၏။ ထိုအခါမှ သက်မောချကာ အင်္ကျီချွတ်ဖို့ ပြင်သည်။

လက်နှစ်ဖက်နဲ့ ဆွဲတင်လိုက်သော အင်္ကျီသည် ရင်ဘတ်ပေါ်ထိမြောက်တက်လာကာ နီရဲရဲ ခြင်ကိုက်ဖုလေးနှစ်လုံးကပေါ်လာ၏။

ဘုရားရေ ..

လရိပ် အလျှင်အမြန် လက်တွေကိုဆွဲချုပ်ကာ ဆက်မချွတ်ဖို့ မျက်လုံးပြူး ပြလိုက်၏။
ပြီးတော့ ထိုးမဲ့စက်ကို ကိုင်ကာ စောင့်နေတဲ့ Tattooဆရာကို လှည့်ပြီး သွားဖြဲရယ်ပြလိုက်သည်။

" ဒီတိုင်းထိုးလို့ ရမလား အကို။ သူ အအေးပတ်နေလို့ "

အလိမ်အညာစကားတွေသည် ချစ်စရာ
ရည်းစားပေါက်စလေးကြောင့် အလွယ်တကူထွက်လာရသည်။

"ရတယ် ရတယ် မချွတ် နဲ့ ။ အင်္ကျီလေးပဲ မြှောက်ပေးထား။ ခါးစပ်ဆိုတော့ လွတ်တယ် "

" ထိုင်ရက်ပဲ ထိုးမယ်နော်အကို ၊ ကျွန်တော် အပ်ကြောက်လို့ ... ချစ်ချစ် ဖက်ထားပေး လုံလုံ နာမှာကြောက်တယ် "

ဂျစ်ဖောက်ဖောက် နိုင်ငံကျော်အဆိုတော့်၏ ချွဲပစ်မူ့ ကို စိတ်ရှည်သော Tattoo
ဆရာသည် အမြင်ကပ်သွားပုံပင် အေးဟု သာ ခပ်မာမာပြောလာ၏ ။

Tattooထိုးသံသည် တဒီဒီ စကြားနေရပြီ။
ဘေဘီသည် ခုံပေါ်မှာ ထိုင်ရက်အနေထားဖြင့် ဘေးမှာ မတ်တပ်ရပ်နေသော
လရိပ်ကို ဖက်တွယ်မှီနွဲ့ ထားသည်။

ဘေဘီ့မျက်နှာလေးနည်းနည်းမဲ့ သွားရင်ကို လရိပ်ကိုယ်တိုင်ခံစားရတဲ့အတိုင်း
နာကျင်ရသည်မို့ ချွေးစို့ နေတဲ့ နှဖူးလေးကို တရွှတ်ရွှတ်နမ်းကာ အားပေးနေမိသည်။ ဒီအချိန်မှာ သူစိမ်းရှိတယ်ဆိုတာကိုလည်းမရှက်နိုင်တော့ပေ။
သူ့ ရည်းစားသည်သာ အရေးကြီးလေ၏။

အဖြစ်သည်းလှသော နှစ်ယောက်ကိုကြည့်ပြီး Tattooဆရာသည် အတော်လေး
စိတ်ရှည်နေရပါသည်။ ထိုးတဲ့ Tattooသည် လက်သုံးလုံးအရွယ်လောက်သာရှိတဲ့ ပိစိပေါက်စကလေးသာဖြစ်၏ ။
ဒါကိုပင် အဆိုတော်ကောင်သည် မှီနွဲ့ခွေခေါက်ကာ ရှုံ့ မဲ့ပြ၏။

စိတ်ပျက်တယ် ။ ငါ သိပ်စိတ်ပျက်တယ်

FA တစ်ယောက်၏ ညီးညူသံသည် ရင်ထဲမှာအကြိမ်ကြိမ်ပဲ့တင်လျက် ရှိနေ၏။

Tattooထိုးတယ်ဆိုတာ ရည်းစားရှိမှ ပိုနာတက်တာလား...ချီး အံ့သြစရာ
သောက်အတွဲတွေ

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz