အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
33
ညေနေရာက္ေတာ့ အမွန္ပင္ ေဝလြင္မင္းထက္တို ႔စံုတြဲေရာက္ရွိခဲ့ပါသည္။
ဧည့္သည္ေတြမို ႔မေခၚခ် င္ေတာင္ အိမ္ရွင္ဝတၲရားေတာ့ လရိပ္အပ်က္မခံခဲ့ေပ။
ဟယ္လင္ ဆိုတဲ့ ေကာင္မေလးသည္ အျပင္မွာ ဟိုဖက္တီးေကာင္နွင့္မတန္ေအာင္ပင္ ပိုလို ႔ေတာင္ ေခ်ာလွပါေပးသည္။
ညစာထမင္းဝိုင္းျဖင့္ စီစဥ္ထားသည့္အတိုင္းဧည့္ခံခဲ့ေပမဲ့ လိုတာထပ္ပိုၿပီး လရိပ္ စကားေတာ့ မေျပာျဖစ္ပါ။
တဖက္လူက စိတ္ထဲမထားေသာ္ျငား
မိမိမွာေတာ့ တခ်ိန္က ေဘဘီဟုေခၚကာ ေနာက္ကတေကာက္ေကာက္လိုက္ခဲ့ဖူးသည္မို ႔ မ်က္နွာခ်င္းဆိုင္ဖို ႔ရွက္ေနမိ၏။။
အေတာ္ေလး အေနရခက္စရာပင္။
" ေကာလဟာလေတြ ငါရွင္းလိုက္ပီ လံုလံု ၿပီးေတာ့ ကုမၸဏီမွာ ငါမျပန္ခင္ ေသခ်ာလိုက္ေလ့လာသင့္တယ္"
အသားတံုးေသးေသးေလေတြျဖစ္ေအာင္ လရိပ္ ေသခ်ာဓားေသးေသးနဲ ့လွီးျဖတ္ပီးမွ ေဘဘီေရွ ႔ကို ခ်ေပးလိုက္သည္။
လရိပ္ကေတာ့ ေဘဘီစားလက္စ ပန္းကန္ကိုေျပာင္းယူစားလိုက္၏။ စကားေျပာေနရင္းနဲ ့ ေဝလြင္လွမ္းၾကည့္တာကို ျမင္ေပမဲ့
အျမင္ကပ္တာမို ႔မသိခ်င္ေယာင္ေဆာင္လိုက္သည္။
ငယ္စဥ္ကတည္းက သူလုပ္ေပးေနက်မို ႔ခုထိ ေဘဘီကို လူႀကီး တစ္ေယာက္လို လရိပ္မွာ အသားမက်နိုင္ေသး။
" ကြၽန္ေတာ္ မလုပ္ခ်င္ေသးဘူး။
ကိုႀကီးလည္းမျပန္ပါေသးနဲ ့အုန္း ။ "
"ဘာလို ႔မျပန္ရမွာတုန္း။ မင္းလည္း မင္းကိုယ္ပိုင္ဘဝရွိသလို ငါ့မွာလည္းရွိေသးတယ္ေလ။ ၿပီးေတာ့ မင္းမွာ အုပ္ထိန္းသူေကာင္းေကာင္းရွိေနပီပဲ ငါလိုေသးတယ္လား"
ေဝလြင္ ေမးေငါ့ျပေတာ့ Moonက
ႁပံဳးစိစိလုပ္ေန၏။ ဒီကေလး တကယ္ေပ်ာ္ေနတဲ့ပံုပင္။ဘာပဲေျပာေျပာ လရိပ္မွဴ းခိုင္က စည္းစနစ္က်သူမို ႔ ေဝလြင္ စိတ္ခ်ပါသည္။
" ကြၽန္ေတာ္ အရင္က လိမ္ခဲ့သလို ျဖစ္ခဲ့အတြက္ ကိုလရိပ္ကိုေတာင္းပန္ပါတယ္ ။
ေနာက္လည္း ပတ္သတ္ေနရမဲ့သူေတြဆိုေတာ့ ကိုလရိပ္လည္းစိတ္ထဲမထားဖို ႔ေမ်ွာ္လင့္ပါတယ္ "
တစ္ေယာက္ထဲ ၿငိမ္သက္စြာ စားေနတဲ့သူသည္ လက္ထဲက ဇြန္းကိုေအာက္ျပန္ခ်ကာ ေဝလြင့္ကိုၾကည့္လာ၏။
ဒီမ်က္နွာ သည္ အရင္က သူ႔ဆီငိုယုိေတာင္းပန္တုန္းကနဲ ့လံုးလံုးမတူေတာ့ပါ။
သက္ငယ္ ေဝလံု အတြက္ပဲ ရမယ္ ၊ ေဝလြင္မင္းထက္နဲ႔ တျခားသူေတြဆိုရင္ ငါက ဒီပံုစံပဲလို ႔ေျပာေနသလိုပင္။
မ်က္ဝန္းေတြသည္ ေရျပင္ညီလို တည္ၿငိမ္ေနတဲ့အျပင္ တင္းတင္းေစ့ထားေသာ နႈတ္ခမ္းေတြသည္ တဖက္လူကို ရွိန္သြားေစေလာက္ေအာက္ ေအးစက္စက္။
ဒီရုပ္မ်ိဳးကို လံုလံု ငယ္ငယ္ကေနတဲ့အခန္းထဲက ဓာတ္ပံုထဲမွာျမင္ဘူးသည္။
ေက်ာင္းသြားေတာ့မဲ့ လံုလံုေသးေသးေလးကို ေပြ ႕ခ်ီထားတဲ့ပံုေတြ၊ ၿငိမ္သက္စြာ စာထိုင္ဖတ္ေနတဲ့ ပံုေတြမွာ ဒီလို မ်က္နွာထားမ်ိဳး ပင္။
အသက္ႀကီးလာေတာ့ လိုက္ေလ်ာ ညီေထြေနတက္လာတယ္ထင္ထားေပမဲ့ တခ်က္ တခ်က္ အရင္ ဗီဇ ျပန္ျပန္ေပၚလာသည္ထင္။
တကယ္ဒီလူ ခန္ ႔မွန္းရသိပ္ခက္တယ္။
"ကြၽန္ေတာ္ စိတ္ထဲမထည့္ထားဘူးေျပာရင္ လိမ္ရာက်မလားပဲ။ အမွန္ေျပာရင္
ကြၽန္ေတာ္ စိတ္ခုပါတယ္။ သိသိရက္နဲ ့ေဘဘီေရာ ေဝလြင္ေရာ ကြၽန္ေတာ့္ကိုဝိုင္းလိမ္ ၾကတယ္။ ၿပီးၿပီးသား ကိစၥေတြကိုျပန္မေဖာ္ခ်င္ေပမဲ့ ေဝလြင္က အစစအရာရာ နားလည္ေနတဲ့အ႐ြယ္ေရာက္ေနၿပီေလ ။ မလုပ္သင့္ဘူးလို ႔ ကြၽန္ေတာ္ ထင္မိတယ္။ ဒီအေၾကာင္းနဲ ့ပတ္သတ္ပီး ခုထိ ကြၽန္ေတာ္ ေဘဘီနဲ ့ လည္း မေျဖရွင္းရေသးဘူး ။ ထားပါ ကြၽန္ေတာ္ ခုေဝလြင္ေျပာသလိုပဲ စိတ္ထဲကထုတ္လိုက္ပါေတာ့မယ္။ "
ေဝလြင္ မ်က္ခံုးပင့္ကာ သူ ႔ညီကို ၾကည့္လိုက္သည္။ မေျပာေတာ့ပါဘူးဆိုပီး အကုန္ေျပာသြားမွေတာ့ သူ ဘာဆက္ေျပာရအုန္းမွာလဲ။ ဒီေလာက္ပဲေျပာသြားလို႔ေတာ္ေသးတယ္။ လရိပ္မွဴ းခိုင္က ဘယ္သူမို ႔လို ႔လဲ။
" ခ်စ္ခ်စ္ ဟို .."
"အစားကို အရင္စား ေဘဘီ"
Moon မ်က္လံုးေလး ကလယ္ကလယ္ျဖစ္သြားသည္။ တကယ္ဆို သူ ခ်စ္ခ်စ္ကို အရမ္း ေၾကာက္သည္။ ခုဆို ခပ္တည္တည္ရုပ္ႀကီးနဲ ့ဆို ပိုဆိုး၏။
ထမင္းဝိုင္းသည္ ျပန္လည္ တိတ္ဆိတ္သြားသည္။
_____
" ေနာက္လ ၁၅ရက္ေန ႔ လံုလံု "
" ဘာရက္လဲ"
"က်စ္ "
ထမင္းစားခန္းမွာ ဟယ္လင္နဲ ့အတူ သိမ္းဆည္းေနတဲ့ ခ်စ္ခ်စ္ကို လွမ္းေငးၾကည့္ေနရင္းမွ ကိုႀကီး အသံေၾကာင့္ ျပန္လွည့္ကာ ၾကည့္မိသည္။
"ငါ့မဂၤလာေဆာင္ေန႔ "
"ေအာ္ ! ကြၽန္ေတာ္ ဘာလုပ္ေပးဖို ႔လိုေသးလဲ "
"သတိုးသားအရံ "
"NO "
"ဘာလို႔လဲ"
ခ်က္ျခင္း ျငင္းလိုက္တဲ့ စကားေၾကာင့္
ေဝလြင္ အလိုမက်စြာေမးလိုက္သည္။
ဒါကို ရွက္သလိုလိုနဲ ့မ်က္ခံုးေတြကို ကုတ္ေနၿပီးမွ
" မိန္းကေလးေတြနဲ ့ မတြဲခ်င္လို ႔။ "
"ဘာဆိုင္လဲကြ "
ကိုယ့္မွာ တသက္မွာတခါေဆာင္တဲ့ပြဲေလး ညီျဖစ္သူနဲ ့အမွတ္တရ ျဖစ္ေစခ်င္ရုံပါ။ဒါေလးကိုေတာင္ လုပ္မေပးေတာ့ သူနည္းနည္းေတာ့ မေက်နပ္ခ်င္ေတာ့။
" ဆိုင္တယ္။ ကိုႀကီး ဒါေတြ မသိပါဘူး။
ခ်စ္ခ်စ္ ေရွ ႔မွာ သူစိမ္းမိန္းကေလးေတြနဲ ့တြဲသြားတြဲလာ ထိေတြ ႕ရမွာ ကြၽန္ေတာ္မလုပ္ခ်င္ဘူး ။ သူလည္းႀကိဳက္မွာ မဟုတ္ဘူး "
"ဒါဆိုလည္း သူပါ သတိုးသားအရံ လုပ္ပါေလ့ေစေလ ။ အတူတူဆို ေနရမခက္ဘူးေပါ့ "
"ေနစမ္းပါဦး တမင္သက္သက္မ်ား ကိုႀကီး ကြၽန္ေတာ့္ကိုရန္စေနတာလား ။
ဘယ္လို အေတြးနဲ ့ ကြၽန္ေတာ့္ရည္းစားကို
တျခားသူနဲ ့ တြဲေပးဖို ႔ေျပာထြက္ရက္တာလဲ။ "
"အဲ"
သူေျပာတာဘာမ်ားမွားသြားလို႔လဲ။
သတိုးသားအရံလုပ္ဖို ပဲ ႔ေျပာမိတာ ကို ဒီေလာက္ စူးစူးရဲရဲ ၾကည့္ဖို႔လိုလို႔လား။
"အဟမ္း ! ငါက အဆင္ေျပမလား
လို ႔အႀကံေပးမိရုံပါ ။ မင္းမႀကိဳက္ရင္
မလုပ္ေပးနဲ ့ေလ။Dinner မွာေတာ့
သီခ်င္းလာဆို ေပးမယ္မို႔လား "
ထိုအခါမွ မ်က္နွာေၾကာေလ်ာ့ကာ ေခါင္းညိမ့္ျပလာတာမို ႔ရင္ထဲမွာ ႀကိတ္သက္ျပင္းခ်လိုက္မိသည္။ ၿပီးမွ ျပန္ေတြးၾကည့္ေတာ့ ေနစမ္းပါအုန္း၊ သူက အႀကီးျဖစ္ပီး ဒီေကာင္ေလးကို ေၾကာက္ေနရတာလား။ စိတ္မသက္မသာနဲ ့ေဝလြင္
မ်က္ေမွာင္ကုတ္လ်က္ ဆိုဖာေနာက္မွီကို ပစ္မွီလိုက္သည္။ ေနရတာ အဆင္ေျပမေနဘူး တကယ္..
"ဟယ္ ဂြၽန္တကယ္ေျပာတာေနာ္ "
" တကယ္ပါ ကြၽန္ေတာ္ လုပ္ေပးနိုင္မဲ့တခုခု ေတြးေနတာ အဲ့ဒါေလး စိတ္ထဲေတြးမိလိုက္လို ႔ေလ ။ အဲ့ဒါဆို ကြၽန္ေတာ္နဲ ့ အလုပ္ခန္းထဲခဏလိုက္ခဲ့ေပးလို႔ အဆင္ေျပမလား ။ တခါထဲ ကိုယ္တိုင္းေလး ယူထားလိုက္မလို ႔"
စကားေျပာကာ ဝင္လာသူေတြေၾကာင့္
ေဝလြင္ ေမာ့ၾကည့္လိုက္ေတာ့ ဟယ္လင္တစ္ေယာက္ ၿပံဳးခ်ိဳ ကာ လရိပ္မွဴ းခိုင္နွင့္စကားေျပာေနတာကိုေတြ႕ရသည္။
ဟယ္လင္က စကားနည္း တဲ့သူ ဆိုေပမဲ့
ကိုလရိပ္နဲ ့ေတာ့ အဆင္ေျပေနတဲ့ပံုပင္။
" ျပန္ၾကမလား ဟယ္လင္ .. အျပန္ တေနရာဝင္စရာရွိေသးတယ္ဆိုေတာ့ "
ေဝလြင္ မတ္တပ္ရပ္ကာ ဟယ္လင္ လက္ကေလးကို လွမ္းကိုင္ပီး ေမးလိုက္၏။
လရိပ္မွဴ းခိုင္ကေတာ့ မလွမ္းမကမ္းမွာရပ္ ကာ သူတို ႔နွစ္ေယာက္ကို ၾကည့္ေန၏။
" ခဏေစာင့္ေပး လြင္ ။ ဂြၽန္နီ က အရမ္းသေဘာေကာင္းတာပဲ ... Dinner အတြက္ ဝတ္စံု သူစီစဥ္ေပးမယ္တဲ့ "
ေျပာပီး ေဝလြင့္လက္ကို ျဖဳတ္ခ်ကာ
နွစ္ေယာက္သား စကားတေျပာေျပာနဲ ့
အခန္းတစ္ခုထဲဝင္သြား၏။
ေဝလြင္မင္းထက္ ျဖဳတ္ခ်ခံလိုက္ရေသာ
သူ ႔လက္ကေလးကို ျပန္ၾကည့္ကာ ေစာက ထိုင္တဲ့ေနရာမွာ အရွက္ေျပ ျပန္ထိုင္ေနရသည္။
သူ ႔အကို ျဖစ္ေနတဲ့ ရုပ္ကိုၾကည့္ကာ
လံုလံု ၿပံဳးစိစိျဖစ္ေနသည္။ ကိုႀကီးက
ဟယ္လင္ကို သိပ္ခ်စ္တာ။ ရည္းစားမျဖစ္ခင္က သူငယ္ခ်င္း ေတြေၾကာင့္မို ႔
ထူးထူးေထြေထြ ဆက္ဆံတဲ့ပံုစံေျပာင္းမသြားေပမဲ့ အရမ္းလွတဲ့ ဟယ္လင္ကိုေတာ့ထားစရာမရွိေအာင္ခ်စ္ပံုပင္။
_________
"ခ်စ္ခ်စ္ "
"ခ်စ္ခ်စ္ေရ "
"လံုလံုေလးရဲ႕ ရည္းစားေလးေရ "
ေဘးကေန တြတ္ထိုးေနတဲ့ ေဘဘီ့ကို
လရိပ္ လွည့္ကိုမၾကည့္ေတာ့တာ။
ေသခ်ာျပန္သံုးသပ္လိုက္ရင္ ေဘဘီသူ ႔အေပၚမွာ လိမ္လည္ခဲ့တာေတြ ကို ဒီတိုင္းေက်ာ္မသြားသင့္ဘူးလို ႔ထင္တယ္။
" ခ်စ္ခ်စ္ စိတ္မဆိုးပါနဲ ့ေတာ့။ လံုလံု ကို
မခ်စ္ေတာ့ဘူးလားဟင္ "
ဘာတခုမွ လုပ္လို ႔မရေအာင္ ေဘးကေန အတင္း ပူးကပ္ ေနတဲ့ သူ ကို ဂရုမစိုက္ပဲ ေနၾကည့္ဖို ႔ေတြးထားေပမဲ့ မ်က္နွာသစ္ေနတဲ့ ေဘးထိလာကာ မ်က္နွာငယ္ေလးလုပ္ျပေနသည္မို ႔ သက္ျပင္းခ်ကာ
မ်က္နွာျခင္းဆိုင္လိုက္သည္။
" မင္းငါ့ကို ဘယ္ခ်ိန္ထိ လိမ္ဖို ႔စဥ္းစားထားလဲ။ ငါသာ မင္းက ေဘဘီဆိုတာ
မသိခဲ့ရင္ မင္းဘယ္ခ်ိန္ထိ ငါ့ကို ..ငါကို "
နာက်င္ဝမ္းနည္းေတြမ်က္လံုးေလးေတြထဲမွာ မ်က္ရည္ဥေလးေတြက တြဲခိုလာတာျမင္ေတာ့ ေဝလံု ျပာယာခတ္သြား၏။
"မဟုတ္ပါဘူး ခ်စ္ခ်စ္ရာ ။ လံုလံု လိမ္ထားတယ္ဆိုတာကလည္း ခ်စ္ခ်စ္ ျပန္လာခဲ့ရင္ အရင္လို ညီေလးတစ္ေယာက္အျဖစ္ မ်က္လံုးထဲကို မျမင္ေစခ်င္ေတာ့လို ႔ပါ။
လံုလံု လိမ္မိတာမွားသြားတယ္ဆိုတာဝန္ခံပါတယ္။ မငိုပါနဲ ့ေတာ့ေနာ္ ..
ေနာက္လည္းထပ္လိမ္မွာ မဟုတ္ေတာ့လို ႔မငိုပါနဲ ့ခ်စ္ခ်စ္ရာ .."
" ငါ ..ငါဘယ္ေလာက္ခံစားခဲ့ရလဲ
မင္း မသိပါဘူး ..မင္းမသိလို ႔ေပါ့ေပါ့ပါးပါး
အလြယ္လုပ္လိုက္တာ ...မင္းကုိေတြ ႕ခ်င္လြန္းလို ႔ ၊ မင္းကို လြမ္းလြန္းလို ႔ ၊ ငါဘယ္ေလာက္ ရူးမတက္ျဖစ္ခဲ့ရသလဲ .."
" ေတာင္းပန္ပါတယ္ ..ေတာင္ပန္ပါတယ္ "
တတြတ္တြတ္ ေတာင္းပန္ရင္း
ခ်စ္ခ်စ္ပါးေပၚက မ်က္ရည္ေလးေတြကို
Moon သုတ္ေပးဖို ႔ လက္လွမ္းလိုက္ေတာ့ ဆတ္ခနဲ မ်က္နွာကို တဖက္လွည့္ေရွာင္သြား၏။
"မင္းနဲ ့စကားမေျပာခ်င္ဘူး သက္ငယ္ေဝလံု "
တိုးတိုက္ကာ လရိပ္အျပင္ထြက္လိုက္သည္။ ေဘဘီနဲ ့အတူရွိေနရင္ သူ ခြင့္လြတ္မိလိမ့္မည္။
" ခ်စ္ခ်စ္ လို ႔"
" ဒါဆို လံုလံုေမးတာေျဖ "
အိပ္ယာေပၚတက္ကာ ေခါင္းထိ လံုေအာင္ေစာင္ၿခံဳ ပစ္လိုက္သည္။
နႈတ္မွလည္း ..
" ဘာစကားမွ လာမေျပာနဲ ့ေဝလံု "
အခန္းသည္ တိတ္ဆိတ္ၿငိမ္သက္သြား၏။
လရိပ္၏ အသက္ရွဴ သံသဲ့သဲ့ က လြဲၿပီး မည္သည့္အသံမွ မၾကားရေတာ့။
စိတ္ဆိုးၿပီး အျပင္ထြက္သြားသလား
လရိပ္ မသိခ်င္ေတာ့ပါ။ စိတ္ရႈပ္စြာ
မ်က္စိစံုမွိတ္လ်က္ ေခါင္းထိၿခံဳထားတဲ့ေစာင္ကိုမဖယ္ပဲ အိပ္ပစ္လိုက္သည္။
သြားစမ္းေဝလံု။ ျပန္လာရဲျပန္လာၾကည့္။
ႀကိမ္းေနလို ႔မွမဆံုးေသး ေဘးကေန တလႈပ္ လႈပ္ ဆြဲ မ,လိုက္တဲ့ ေစာင္စနဲ ့အတူ
ေခါင္းမဲမဲေလးတစ္ခု တိုးဝင္လာ၏။
ၿပီးေတာ့ လရိပ္ကိုယ္ေပၚ တြားသြား တက္လာၿပီး ရင္ဘတ္ေပၚကို ေခါင္းတင္အိပ္သည္။
ေဒါသတရားတို ႔သည္ ထိုအျပဳအမူေလးေၾကာင့္ အကုန္ေပ်ာက္ကြယ္ကုန္ပါၿပီ။
အခြၽဲစိန္ေဝလံုသည္ သူ ႔ကိုယ္လံုးႀကီးမွ အားမနာ ကိုယ္ေပၚမွာ အားယားေမွာက္လ်က္ရေအာင္လာအိပ္သည္။
ၿပီးေတာ့ ရႈိက္သံ လြင္လြင္နဲ ့ လရိပ္မၾကားေအာင္ တိုးဖြဖြ ငိုေနေသးသည္။
ရင္ဘတ္ေပၚမွာ ေခါင္းတင္လာအိပ္မွေတာ့ အကုန္ၾကားမွာ သူမသိဘူးလား။
ရယ္စရာအျပင္ ခ်စ္စရာလည္းေကာင္းတဲ့
ေဘဘီလံုေလးကို ျပန္ေထြးေပြ ႕ကာ ေဘးကို ေစာင္းခ်ကာ ေဘဘီကို ေအာက္ေရာက္ေစ၏။
မ်က္ရည္ေတြပူးကပ္ေနတဲ့ စိုစိစိပါးျပင္ကို အတင္နွာေခါင္းဖ်ားနွစ္ဝင္ေအာင္ထိ အျပန္ျပန္အလွန္လွန္ နမ္းမိသည္ထိ ေဘဘီလံုေလးက ခ်စ္စရာသိပ္ေကာင္းသည္။
" ဘာလို ႔ အဲ့ေလာက္ အသည္းယားေအာင္ လုပ္ေနတာလဲ ေဘဘီ..ဟမ္"
အျဖဴ ေရာင္ မ်က္သားေလးေတြက ငိုထားရလြန္းလို ႔ အနည္းငယ္ ပန္းေရာင္ေျပာင္းခ်င္သလိုလိုေတာင္ျဖစ္ေနသည္။
ၿပီးေတာ့ အေရာင္ေျပာင္းခ်င္ေနတဲ့ ပါးျပင္ေလးေတြ ၊ နွာေခါင္းလံုးလံုးေလးေတြ အား ေဘဘီရာ .. ေသေတာ့မွာပဲ။
" လံုလံု ကို စိတ္မဆိုးပါနဲ ့ေတာ့ေနာ္ "
ၾကည္ႏူးရင္ခုန္သြားစိတ္ေၾကာင့္ လရိပ္ ေဘဘီ့ကို ငံု ႔မၾကည့္နိုင္ေတာ့ပါ။
လႈိင္းလံုးပိစိေလးေတြ ျဖတ္ေျပးေနသလိုပဲ
ရင္ထဲမွာ တသိမ့္သိမ့္ တၿငိမ့္ၿငိမ့္ ။
ဒါေၾကာင့္ ခ်စ္သူရည္းစားထားၾကတာလား ဆိုတာ ေတြးမိသြားေတာ့
မ်က္လံုးေတြ မွိတ္ထားရင္းၿပံဳးမိ၏။
သူ ႔ကေလးေလး ၊ သူ ႔အခ်စ္ကေလး
လရိပ္ ေခါင္းျပန္ငံု ႔ကာ ေဘဘီ နႈတ္ခမ္းေလးကို ခပ္ဖြဖြေလး ထိေတြ ႕လိုက္၏။
" မင္းကို ခ်စ္မိၿပီးမွေတာ့ စိတ္ဆိုးတယ္ဆိုတာ ငါ့မွာ မရွိနိုင္ေတာ့ပါဘူး ေဘဘီ..
ရင္ထဲထိ ထည့္ထားလို႔ရရင္ ထည့္ထားခ်င္တယ္ ငါ့ရည္းစားေလးကို "
" အမ်ားႀကီးခ်စ္တာလား "
"အမ်ားႀကီး အမ်ားႀကီးထပ္ပိုေသးတယ္ "
" ဒါဆို နမ္းရေအာင္ ခ်စ္ခ်စ္ "
"ဟာ ေဘဘီ! "
ေနာက္တဖန္ ေအာက္ေရာက္သြားတဲ့
သူသည္ လရိပ္မွဴးခိုင္သာ ျဖစ္ခဲ့သည္။
ေျပာင္းလဲ သြားတဲ့ ေဘဘီသည္
မထိတထိရယ္ေမာေနသည္မို ႔ အျဖဴ ေရာင္သြားတန္းေလးကေလးပင္ေပၚေန၏။
တခါတေလ ကေလးေလးလို ၊ တခါတေလ နတ္ဆိုးေလးလို ေျပာင္းလဲလြယ္တဲ့
ေဘဘီ သည္ သူ ႔ပိုင္ဆိုင္တဲ့ နံရုိးေလးတစ္ေခ်ာင္းမို ႔ ရင္ဘတ္ကို တြန္းကန္ထားတဲ့ လက္ေတြကို လရိပ္ ဖယ္ေပးလိုက္သည္။
ထို ႔ေနာက္ အေပၚမွာအုပ္မိုးထားတဲ့ေဘဘီ မ်က္နွာက ေဖာင္းအိေနတဲ့ ပါးေလးေတြ ..ပီးေတာ့ နီရဲေနေသာ နႈတ္ခမ္းပါးေလးကို
ဖြဖြေလး ထိေတြ ႕ ရင္း လရိပ္ ရီေဝစြာ ၿပံဳးျပလိုက္သည္။
"အင္း နမ္းရေအာင္ ေဘဘီ "
ပူးကပ္သြားေသာ လူနွစ္ေယာက္ကို
ေခါင္းထိလႊမ္းၿခံဳထားတဲ့ အျဖဴ ေရာင္ ေစာင္ပါးေလးက မကာကြယ္နိုင္ခဲ့ပါ...
ခ်စ္တဲ့အိမ္စည္။
ညနေရောက်တော့ အမှန်ပင် ဝေလွင်မင်းထက်တို့ စုံတွဲရောက်ရှိခဲ့ပါသည်။
ဧည့်သည်တွေမို့ မခေါ်ချ င်တောင် အိမ်ရှင်ဝတ္တရားတော့ လရိပ်အပျက်မခံခဲ့ပေ။
ဟယ်လင် ဆိုတဲ့ ကောင်မလေးသည် အပြင်မှာ ဟိုဖက်တီးကောင်နှင့်မတန်အောင်ပင် ပိုလို့ တောင် ချောလှပါပေးသည်။
ညစာထမင်းဝိုင်းဖြင့် စီစဉ်ထားသည့်အတိုင်းဧည့်ခံခဲ့ပေမဲ့ လိုတာထပ်ပိုပြီး လရိပ် စကားတော့ မပြောဖြစ်ပါ။
တဖက်လူက စိတ်ထဲမထားသော်ငြား
မိမိမှာတော့ တချိန်က ဘေဘီဟုခေါ်ကာ နောက်ကတကောက်ကောက်လိုက်ခဲ့ဖူးသည်မို့ မျက်နှာချင်းဆိုင်ဖို့ ရှက်နေမိ၏။။
အတော်လေး အနေရခက်စရာပင်။
" ကောလဟာလတွေ ငါရှင်းလိုက်ပီ လုံလုံ ပြီးတော့ ကုမ္ပဏီမှာ ငါမပြန်ခင် သေချာလိုက်လေ့လာသင့်တယ်"
အသားတုံးသေးသေးလေတွေဖြစ်အောင် လရိပ် သေချာဓားသေးသေးနဲ့ လှီးဖြတ်ပီးမှ ဘေဘီရှေ့ ကို ချပေးလိုက်သည်။
လရိပ်ကတော့ ဘေဘီစားလက်စ ပန်းကန်ကိုပြောင်းယူစားလိုက်၏။ စကားပြောနေရင်းနဲ့ ဝေလွင်လှမ်းကြည့်တာကို မြင်ပေမဲ့
အမြင်ကပ်တာမို့ မသိချင်ယောင်ဆောင်လိုက်သည်။
ငယ်စဉ်ကတည်းက သူလုပ်ပေးနေကျမို့ ခုထိ ဘေဘီကို လူကြီး တစ်ယောက်လို လရိပ်မှာ အသားမကျနိုင်သေး။
" ကျွန်တော် မလုပ်ချင်သေးဘူး။
ကိုကြီးလည်းမပြန်ပါသေးနဲ့ အုန်း ။ "
"ဘာလို့ မပြန်ရမှာတုန်း။ မင်းလည်း မင်းကိုယ်ပိုင်ဘဝရှိသလို ငါ့မှာလည်းရှိသေးတယ်လေ။ ပြီးတော့ မင်းမှာ အုပ်ထိန်းသူကောင်းကောင်းရှိနေပီပဲ ငါလိုသေးတယ်လား"
ဝေလွင် မေးငေါ့ပြတော့ Moonက
ပြုံးစိစိလုပ်နေ၏။ ဒီကလေး တကယ်ပျော်နေတဲ့ပုံပင်။ဘာပဲပြောပြော လရိပ်မှူးခိုင်က စည်းစနစ်ကျသူမို့ ဝေလွင် စိတ်ချပါသည်။
" ကျွန်တော် အရင်က လိမ်ခဲ့သလို ဖြစ်ခဲ့အတွက် ကိုလရိပ်ကိုတောင်းပန်ပါတယ် ။
နောက်လည်း ပတ်သတ်နေရမဲ့သူတွေဆိုတော့ ကိုလရိပ်လည်းစိတ်ထဲမထားဖို့ မျှော်လင့်ပါတယ် "
တစ်ယောက်ထဲ ငြိမ်သက်စွာ စားနေတဲ့သူသည် လက်ထဲက ဇွန်းကိုအောက်ပြန်ချကာ ဝေလွင့်ကိုကြည့်လာ၏။
ဒီမျက်နှာ သည် အရင်က သူ့ဆီငိုယိုတောင်းပန်တုန်းကနဲ့ လုံးလုံးမတူတော့ပါ။
သက်ငယ် ဝေလုံ အတွက်ပဲ ရမယ် ၊ ဝေလွင်မင်းထက်နဲ့ တခြားသူတွေဆိုရင် ငါက ဒီပုံစံပဲလို့ ပြောနေသလိုပင်။
မျက်ဝန်းတွေသည် ရေပြင်ညီလို တည်ငြိမ်နေတဲ့အပြင် တင်းတင်းစေ့ထားသော နှုတ်ခမ်းတွေသည် တဖက်လူကို ရှိန်သွားစေလောက်အောက် အေးစက်စက်။
ဒီရုပ်မျိုးကို လုံလုံ ငယ်ငယ်ကနေတဲ့အခန်းထဲက ဓာတ်ပုံထဲမှာမြင်ဘူးသည်။
ကျောင်းသွားတော့မဲ့ လုံလုံသေးသေးလေးကို ပွေ့ ချီထားတဲ့ပုံတွေ၊ ငြိမ်သက်စွာ စာထိုင်ဖတ်နေတဲ့ ပုံတွေမှာ ဒီလို မျက်နှာထားမျိုး ပင်။
အသက်ကြီးလာတော့ လိုက်လျော ညီထွေနေတက်လာတယ်ထင်ထားပေမဲ့ တချက် တချက် အရင် ဗီဇ ပြန်ပြန်ပေါ်လာသည်ထင်။
တကယ်ဒီလူ ခန့် မှန်းရသိပ်ခက်တယ်။
"ကျွန်တော် စိတ်ထဲမထည့်ထားဘူးပြောရင် လိမ်ရာကျမလားပဲ။ အမှန်ပြောရင်
ကျွန်တော် စိတ်ခုပါတယ်။ သိသိရက်နဲ့ ဘေဘီရော ဝေလွင်ရော ကျွန်တော့်ကိုဝိုင်းလိမ် ကြတယ်။ ပြီးပြီးသား ကိစ္စတွေကိုပြန်မဖော်ချင်ပေမဲ့ ဝေလွင်က အစစအရာရာ နားလည်နေတဲ့အရွယ်ရောက်နေပြီလေ ။ မလုပ်သင့်ဘူးလို့ ကျွန်တော် ထင်မိတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပီး ခုထိ ကျွန်တော် ဘေဘီနဲ့ လည်း မဖြေရှင်းရသေးဘူး ။ ထားပါ ကျွန်တော် ခုဝေလွင်ပြောသလိုပဲ စိတ်ထဲကထုတ်လိုက်ပါတော့မယ်။ "
ဝေလွင် မျက်ခုံးပင့်ကာ သူ့ ညီကို ကြည့်လိုက်သည်။ မပြောတော့ပါဘူးဆိုပီး အကုန်ပြောသွားမှတော့ သူ ဘာဆက်ပြောရအုန်းမှာလဲ။ ဒီလောက်ပဲပြောသွားလို့တော်သေးတယ်။ လရိပ်မှူးခိုင်က ဘယ်သူမို့ လို့ လဲ။
" ချစ်ချစ် ဟို .."
"အစားကို အရင်စား ဘေဘီ"
Moon မျက်လုံးလေး ကလယ်ကလယ်ဖြစ်သွားသည်။ တကယ်ဆို သူ ချစ်ချစ်ကို အရမ်း ကြောက်သည်။ ခုဆို ခပ်တည်တည်ရုပ်ကြီးနဲ့ ဆို ပိုဆိုး၏။
ထမင်းဝိုင်းသည် ပြန်လည် တိတ်ဆိတ်သွားသည်။
_____
" နောက်လ ၁၅ရက်နေ့ လုံလုံ "
" ဘာရက်လဲ"
"ကျစ် "
ထမင်းစားခန်းမှာ ဟယ်လင်နဲ့ အတူ သိမ်းဆည်းနေတဲ့ ချစ်ချစ်ကို လှမ်းငေးကြည့်နေရင်းမှ ကိုကြီး အသံကြောင့် ပြန်လှည့်ကာ ကြည့်မိသည်။
"ငါ့မင်္ဂလာဆောင်နေ့ "
"အော် ! ကျွန်တော် ဘာလုပ်ပေးဖို့ လိုသေးလဲ "
"သတိုးသားအရံ "
"NO "
"ဘာလို့လဲ"
ချက်ခြင်း ငြင်းလိုက်တဲ့ စကားကြောင့်
ဝေလွင် အလိုမကျစွာမေးလိုက်သည်။
ဒါကို ရှက်သလိုလိုနဲ့ မျက်ခုံးတွေကို ကုတ်နေပြီးမှ
" မိန်းကလေးတွေနဲ့ မတွဲချင်လို့ ။ "
"ဘာဆိုင်လဲကွ "
ကိုယ့်မှာ တသက်မှာတခါဆောင်တဲ့ပွဲလေး ညီဖြစ်သူနဲ့ အမှတ်တရ ဖြစ်စေချင်ရုံပါ။ဒါလေးကိုတောင် လုပ်မပေးတော့ သူနည်းနည်းတော့ မကျေနပ်ချင်တော့။
" ဆိုင်တယ်။ ကိုကြီး ဒါတွေ မသိပါဘူး။
ချစ်ချစ် ရှေ့ မှာ သူစိမ်းမိန်းကလေးတွေနဲ့ တွဲသွားတွဲလာ ထိတွေ့ ရမှာ ကျွန်တော်မလုပ်ချင်ဘူး ။ သူလည်းကြိုက်မှာ မဟုတ်ဘူး "
"ဒါဆိုလည်း သူပါ သတိုးသားအရံ လုပ်ပါလေ့စေလေ ။ အတူတူဆို နေရမခက်ဘူးပေါ့ "
"နေစမ်းပါဦး တမင်သက်သက်များ ကိုကြီး ကျွန်တော့်ကိုရန်စနေတာလား ။
ဘယ်လို အတွေးနဲ့ ကျွန်တော့်ရည်းစားကို
တခြားသူနဲ့ တွဲပေးဖို့ ပြောထွက်ရက်တာလဲ။ "
"အဲ"
သူပြောတာဘာများမှားသွားလို့လဲ။
သတိုးသားအရံလုပ်ဖို ပဲ့ ပြောမိတာ ကို ဒီလောက် စူးစူးရဲရဲ ကြည့်ဖို့လိုလို့လား။
"အဟမ်း ! ငါက အဆင်ပြေမလား
လို့ အကြံပေးမိရုံပါ ။ မင်းမကြိုက်ရင်
မလုပ်ပေးနဲ့ လေ။Dinner မှာတော့
သီချင်းလာဆို ပေးမယ်မို့လား "
ထိုအခါမှ မျက်နှာကြောလျော့ကာ ခေါင်းညိမ့်ပြလာတာမို့ ရင်ထဲမှာ ကြိတ်သက်ပြင်းချလိုက်မိသည်။ ပြီးမှ ပြန်တွေးကြည့်တော့ နေစမ်းပါအုန်း၊ သူက အကြီးဖြစ်ပီး ဒီကောင်လေးကို ကြောက်နေရတာလား။ စိတ်မသက်မသာနဲ့ ဝေလွင်
မျက်မှောင်ကုတ်လျက် ဆိုဖာနောက်မှီကို ပစ်မှီလိုက်သည်။ နေရတာ အဆင်ပြေမနေဘူး တကယ်..
"ဟယ် ဂျွန်တကယ်ပြောတာနော် "
" တကယ်ပါ ကျွန်တော် လုပ်ပေးနိုင်မဲ့တခုခု တွေးနေတာ အဲ့ဒါလေး စိတ်ထဲတွေးမိလိုက်လို့ လေ ။ အဲ့ဒါဆို ကျွန်တော်နဲ့ အလုပ်ခန်းထဲခဏလိုက်ခဲ့ပေးလို့ အဆင်ပြေမလား ။ တခါထဲ ကိုယ်တိုင်းလေး ယူထားလိုက်မလို့ "
စကားပြောကာ ဝင်လာသူတွေကြောင့်
ဝေလွင် မော့ကြည့်လိုက်တော့ ဟယ်လင်တစ်ယောက် ပြုံးချို ကာ လရိပ်မှူးခိုင်နှင့်စကားပြောနေတာကိုတွေ့ရသည်။
ဟယ်လင်က စကားနည်း တဲ့သူ ဆိုပေမဲ့
ကိုလရိပ်နဲ့ တော့ အဆင်ပြေနေတဲ့ပုံပင်။
" ပြန်ကြမလား ဟယ်လင် .. အပြန် တနေရာဝင်စရာရှိသေးတယ်ဆိုတော့ "
ဝေလွင် မတ်တပ်ရပ်ကာ ဟယ်လင် လက်ကလေးကို လှမ်းကိုင်ပီး မေးလိုက်၏။
လရိပ်မှူးခိုင်ကတော့ မလှမ်းမကမ်းမှာရပ် ကာ သူတို့ နှစ်ယောက်ကို ကြည့်နေ၏။
" ခဏစောင့်ပေး လွင် ။ ဂျွန်နီ က အရမ်းသဘောကောင်းတာပဲ ... Dinner အတွက် ဝတ်စုံ သူစီစဉ်ပေးမယ်တဲ့ "
ပြောပီး ဝေလွင့်လက်ကို ဖြုတ်ချကာ
နှစ်ယောက်သား စကားတပြောပြောနဲ့
အခန်းတစ်ခုထဲဝင်သွား၏။
ဝေလွင်မင်းထက် ဖြုတ်ချခံလိုက်ရသော
သူ့ လက်ကလေးကို ပြန်ကြည့်ကာ စောက ထိုင်တဲ့နေရာမှာ အရှက်ပြေ ပြန်ထိုင်နေရသည်။
သူ့ အကို ဖြစ်နေတဲ့ ရုပ်ကိုကြည့်ကာ
လုံလုံ ပြုံးစိစိဖြစ်နေသည်။ ကိုကြီးက
ဟယ်လင်ကို သိပ်ချစ်တာ။ ရည်းစားမဖြစ်ခင်က သူငယ်ချင်း တွေကြောင့်မို့
ထူးထူးထွေထွေ ဆက်ဆံတဲ့ပုံစံပြောင်းမသွားပေမဲ့ အရမ်းလှတဲ့ ဟယ်လင်ကိုတော့ထားစရာမရှိအောင်ချစ်ပုံပင်။
_________
"ချစ်ချစ် "
"ချစ်ချစ်ရေ "
"လုံလုံလေးရဲ့ ရည်းစားလေးရေ "
ဘေးကနေ တွတ်ထိုးနေတဲ့ ဘေဘီ့ကို
လရိပ် လှည့်ကိုမကြည့်တော့တာ။
သေချာပြန်သုံးသပ်လိုက်ရင် ဘေဘီသူ့ အပေါ်မှာ လိမ်လည်ခဲ့တာတွေ ကို ဒီတိုင်းကျော်မသွားသင့်ဘူးလို့ ထင်တယ်။
" ချစ်ချစ် စိတ်မဆိုးပါနဲ့ တော့။ လုံလုံ ကို
မချစ်တော့ဘူးလားဟင် "
ဘာတခုမှ လုပ်လို့ မရအောင် ဘေးကနေ အတင်း ပူးကပ် နေတဲ့ သူ ကို ဂရုမစိုက်ပဲ နေကြည့်ဖို့ တွေးထားပေမဲ့ မျက်နှာသစ်နေတဲ့ ဘေးထိလာကာ မျက်နှာငယ်လေးလုပ်ပြနေသည်မို့ သက်ပြင်းချကာ
မျက်နှာခြင်းဆိုင်လိုက်သည်။
" မင်းငါ့ကို ဘယ်ချိန်ထိ လိမ်ဖို့ စဉ်းစားထားလဲ။ ငါသာ မင်းက ဘေဘီဆိုတာ
မသိခဲ့ရင် မင်းဘယ်ချိန်ထိ ငါ့ကို ..ငါကို "
နာကျင်ဝမ်းနည်းတွေမျက်လုံးလေးတွေထဲမှာ မျက်ရည်ဥလေးတွေက တွဲခိုလာတာမြင်တော့ ဝေလုံ ပြာယာခတ်သွား၏။
"မဟုတ်ပါဘူး ချစ်ချစ်ရာ ။ လုံလုံ လိမ်ထားတယ်ဆိုတာကလည်း ချစ်ချစ် ပြန်လာခဲ့ရင် အရင်လို ညီလေးတစ်ယောက်အဖြစ် မျက်လုံးထဲကို မမြင်စေချင်တော့လို့ ပါ။
လုံလုံ လိမ်မိတာမှားသွားတယ်ဆိုတာဝန်ခံပါတယ်။ မငိုပါနဲ့ တော့နော် ..
နောက်လည်းထပ်လိမ်မှာ မဟုတ်တော့လို့ မငိုပါနဲ့ ချစ်ချစ်ရာ .."
" ငါ ..ငါဘယ်လောက်ခံစားခဲ့ရလဲ
မင်း မသိပါဘူး ..မင်းမသိလို့ ပေါ့ပေါ့ပါးပါး
အလွယ်လုပ်လိုက်တာ ...မင်းကိုတွေ့ ချင်လွန်းလို့ ၊ မင်းကို လွမ်းလွန်းလို့ ၊ ငါဘယ်လောက် ရူးမတက်ဖြစ်ခဲ့ရသလဲ .."
" တောင်းပန်ပါတယ် ..တောင်ပန်ပါတယ် "
တတွတ်တွတ် တောင်းပန်ရင်း
ချစ်ချစ်ပါးပေါ်က မျက်ရည်လေးတွေကို
Moon သုတ်ပေးဖို့ လက်လှမ်းလိုက်တော့ ဆတ်ခနဲ မျက်နှာကို တဖက်လှည့်ရှောင်သွား၏။
"မင်းနဲ့ စကားမပြောချင်ဘူး သက်ငယ်ဝေလုံ "
တိုးတိုက်ကာ လရိပ်အပြင်ထွက်လိုက်သည်။ ဘေဘီနဲ့ အတူရှိနေရင် သူ ခွင့်လွတ်မိလိမ့်မည်။
" ချစ်ချစ် လို့ "
" ဒါဆို လုံလုံမေးတာဖြေ "
အိပ်ယာပေါ်တက်ကာ ခေါင်းထိ လုံအောင်စောင်ခြုံ ပစ်လိုက်သည်။
နှုတ်မှလည်း ..
" ဘာစကားမှ လာမပြောနဲ့ ဝေလုံ "
အခန်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
လရိပ်၏ အသက်ရှူ သံသဲ့သဲ့ က လွဲပြီး မည်သည့်အသံမှ မကြားရတော့။
စိတ်ဆိုးပြီး အပြင်ထွက်သွားသလား
လရိပ် မသိချင်တော့ပါ။ စိတ်ရှုပ်စွာ
မျက်စိစုံမှိတ်လျက် ခေါင်းထိခြုံထားတဲ့စောင်ကိုမဖယ်ပဲ အိပ်ပစ်လိုက်သည်။
သွားစမ်းဝေလုံ။ ပြန်လာရဲပြန်လာကြည့်။
ကြိမ်းနေလို့ မှမဆုံးသေး ဘေးကနေ တလှုပ် လှုပ် ဆွဲ မ,လိုက်တဲ့ စောင်စနဲ့ အတူ
ခေါင်းမဲမဲလေးတစ်ခု တိုးဝင်လာ၏။
ပြီးတော့ လရိပ်ကိုယ်ပေါ် တွားသွား တက်လာပြီး ရင်ဘတ်ပေါ်ကို ခေါင်းတင်အိပ်သည်။
ဒေါသတရားတို့ သည် ထိုအပြုအမူလေးကြောင့် အကုန်ပျောက်ကွယ်ကုန်ပါပြီ။
အချွဲစိန်ဝေလုံသည် သူ့ ကိုယ်လုံးကြီးမှ အားမနာ ကိုယ်ပေါ်မှာ အားယားမှောက်လျက်ရအောင်လာအိပ်သည်။
ပြီးတော့ ရှိုက်သံ လွင်လွင်နဲ့ လရိပ်မကြားအောင် တိုးဖွဖွ ငိုနေသေးသည်။
ရင်ဘတ်ပေါ်မှာ ခေါင်းတင်လာအိပ်မှတော့ အကုန်ကြားမှာ သူမသိဘူးလား။
ရယ်စရာအပြင် ချစ်စရာလည်းကောင်းတဲ့
ဘေဘီလုံလေးကို ပြန်ထွေးပွေ့ ကာ ဘေးကို စောင်းချကာ ဘေဘီကို အောက်ရောက်စေ၏။
မျက်ရည်တွေပူးကပ်နေတဲ့ စိုစိစိပါးပြင်ကို အတင်နှာခေါင်းဖျားနှစ်ဝင်အောင်ထိ အပြန်ပြန်အလှန်လှန် နမ်းမိသည်ထိ ဘေဘီလုံလေးက ချစ်စရာသိပ်ကောင်းသည်။
" ဘာလို့ အဲ့လောက် အသည်းယားအောင် လုပ်နေတာလဲ ဘေဘီ..ဟမ်"
အဖြူ ရောင် မျက်သားလေးတွေက ငိုထားရလွန်းလို့ အနည်းငယ် ပန်းရောင်ပြောင်းချင်သလိုလိုတောင်ဖြစ်နေသည်။
ပြီးတော့ အရောင်ပြောင်းချင်နေတဲ့ ပါးပြင်လေးတွေ ၊ နှာခေါင်းလုံးလုံးလေးတွေ အား ဘေဘီရာ .. သေတော့မှာပဲ။
" လုံလုံ ကို စိတ်မဆိုးပါနဲ့ တော့နော် "
ကြည်နူးရင်ခုန်သွားစိတ်ကြောင့် လရိပ် ဘေဘီ့ကို ငုံ့ မကြည့်နိုင်တော့ပါ။
လှိုင်းလုံးပိစိလေးတွေ ဖြတ်ပြေးနေသလိုပဲ
ရင်ထဲမှာ တသိမ့်သိမ့် တငြိမ့်ငြိမ့် ။
ဒါကြောင့် ချစ်သူရည်းစားထားကြတာလား ဆိုတာ တွေးမိသွားတော့
မျက်လုံးတွေ မှိတ်ထားရင်းပြုံးမိ၏။
သူ့ ကလေးလေး ၊ သူ့ အချစ်ကလေး
လရိပ် ခေါင်းပြန်ငုံ့ ကာ ဘေဘီ နှုတ်ခမ်းလေးကို ခပ်ဖွဖွလေး ထိတွေ့ လိုက်၏။
" မင်းကို ချစ်မိပြီးမှတော့ စိတ်ဆိုးတယ်ဆိုတာ ငါ့မှာ မရှိနိုင်တော့ပါဘူး ဘေဘီ..
ရင်ထဲထိ ထည့်ထားလို့ရရင် ထည့်ထားချင်တယ် ငါ့ရည်းစားလေးကို "
" အများကြီးချစ်တာလား "
"အများကြီး အများကြီးထပ်ပိုသေးတယ် "
" ဒါဆို နမ်းရအောင် ချစ်ချစ် "
"ဟာ ဘေဘီ! "
နောက်တဖန် အောက်ရောက်သွားတဲ့
သူသည် လရိပ်မှူးခိုင်သာ ဖြစ်ခဲ့သည်။
ပြောင်းလဲ သွားတဲ့ ဘေဘီသည်
မထိတထိရယ်မောနေသည်မို့ အဖြူ ရောင်သွားတန်းလေးကလေးပင်ပေါ်နေ၏။
တခါတလေ ကလေးလေးလို ၊ တခါတလေ နတ်ဆိုးလေးလို ပြောင်းလဲလွယ်တဲ့
ဘေဘီ သည် သူ့ ပိုင်ဆိုင်တဲ့ နံရိုးလေးတစ်ချောင်းမို့ ရင်ဘတ်ကို တွန်းကန်ထားတဲ့ လက်တွေကို လရိပ် ဖယ်ပေးလိုက်သည်။
ထို့ နောက် အပေါ်မှာအုပ်မိုးထားတဲ့ဘေဘီ မျက်နှာက ဖောင်းအိနေတဲ့ ပါးလေးတွေ ..ပီးတော့ နီရဲနေသော နှုတ်ခမ်းပါးလေးကို
ဖွဖွလေး ထိတွေ့ ရင်း လရိပ် ရီဝေစွာ ပြုံးပြလိုက်သည်။
"အင်း နမ်းရအောင် ဘေဘီ "
ပူးကပ်သွားသော လူနှစ်ယောက်ကို
ခေါင်းထိလွှမ်းခြုံထားတဲ့ အဖြူ ရောင် စောင်ပါးလေးက မကာကွယ်နိုင်ခဲ့ပါ...
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz