ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

32

eainsi23

  ေနာက္ဆံုး ပန္းသီးလံုးေလးကို  စပ်စ္သီးေတြထည့္ထားတဲ့ျခင္းထဲကို  ေရစစ္ေအာင္ နွစ္ခါေလာက္ခါၿပီးအေပၚကေနထည္ ့လိုက္၏။
တခါထဲ ေဘစင္ ေဘးမွာ  ခ်ထားတဲ့ အ
ထုတ္ပိုးေတြထဲက  အိတ္ေတြဖယ္ကာ
အသီး႐ြက္ေတြ ထုတ္သည္။  ေဘဘီက
ထမင္းေပါင္းႀကိဳက္တက္ေတာ့ အသီးအ႐ြက္မ်ိဳးစံုက မျပတ္တမ္းဝယ္ထားေနရ၏။

ေသခ်ာ သန္ ႔ရွင္း ေဆးေၾကာေနတုန္း 
ခါးမွာေပြ ႕ဖက္လာတဲ့ လက္တစံု နွင့္အတူ ပုခံုးတစ္ဖက္က ေလးခနဲ။
သက္ငယ္ေဝလံုက  ၅နွစ္ထဲငယ္လို႔သာ ေတာ္ေသးသည္။  ပူကပ္ ပ်စ္ခြၽဲ ေနတဲ့ပံုစံကို သူ႔ရဲ႕ခ်စ္လွစြာေသာ Fanေတြျမင္ရင္ ဘာေျပာမလဲ သိခ်င္သည္။

" ျပန္လာၿပီလား  "

"အင္း  ျပန္လာၿပီ။  ဘယ္လိုလုပ္မလဲဟင္ ၊လံုလံု gymေတာင္ မေဆာ့ခ်င္ေတာ့ဘူး။
အခ်ိန္တိုင္း  ပက္က်ိ ေလးလို ခ်စ္ခ်စ္နားမွာပဲကပ္ေနခ်င္ေတာ့တယ္ တကယ္ေျပာတာ "

ပုခံုးေပၚ မွီႏြဲ ့တင္ထားတဲ့ ေခါင္းကို လရိပ္ သူ ႔ေခါင္းနဲ ့မနာေအာင္ ေဘးခ်င္းပစ္တိုက္ကာ ရယ္မိသည္။ 

"ခုလည္း မင္းငါ့နား အခ်ိန္တိုင္းကပ္ေနတာပဲ မဟုတ္ဘူးလားေဘဘီ  "

"မသိဘူး  နမ္းခ်င္တယ္  "

ဟိုေန ႔က နမ္းပီးကတည္းက  ေၾကာက္သြားပီမို ႔ေခါင္းရမ္းျပကာ  ေဘဘီနဲ ့ေဝးေအာင္ ေဘးေ႐ြ ႕လိုက္သည္။
ဒါကိုပင္  ထပ္တူ လိုက္တိုးကာ   အက်ၤ ီ လက္ဖ်ားေတြကို  ဆြဲလ်က္  မ်က္ေတာင္ေတြပုတ္ခတ္ပုတ္ခတ္လုပ္ျပေန၏။

"မရဘူး  "

ျပတ္သားမွ ေတာ္ကာက်မည္။
မဟုတ္ရင္  ရည္းစားသက္တမ္း၃ရက္မျပည့္ခင္ သူလံုးပါးပါးရလိမ့္မည္။

လက္ထဲကိုင္ထားေသာ ဇကာျခင္းထဲက စပ်စ္သီးတလံုးကိုဆြဲျဖဳတ္ကာ  မ်က္နွာငယ္ေလးလုပ္ျပေနသူပါးစပ္ထဲထိုးထည့္ကာ ေရခဲေသတၱာထဲ ေသခ်ာ ထည့္ေနမိသည္။  ေဘဘီက ႀကီးလာမွ အခ်ိဳးေတြအရမ္းေျပာင္းကုန္သည္။ အရင္လို ေျပာစကားလည္းနားမေထာင္ေတာ့ပဲ ေခါင္းအရမ္းမာလာ၏။

" ေဘဘီ  ေရသြားခ်ိဳး  "

အားကစားေဘာင္းဘီရွည္ဝတ္ထားေသာ ေျခေထာက္ေတြက  ေဘးမွာလာရပ္ တာကို ေမာ့မၾကည့္ပဲျမင္ေနရသည္။
သက္ျပင္းခ်ကာ ေခါင္းေမာ့ၾကည့္ေတာ့
"နမ္းရေအာင္"ဟု ထပ္ေျပာျပန္သည္။

"  မရဘူး ေရအရင္ သြားခ်ိဳး ။ ေခြၽးေတြနဲ ့အေအးပတ္ေတာ့မယ္ "

အျဖဴ ေရာင္ စြပ္က်ယ္သည္ ရင္အုပ္က်ယ္က်ယ္ ေခြၽးေတြနဲ႔ကပ္ေနသလို  ပါးျပင္ေပၚမွာလည္း ဆံပင္ရွည္တခ်ိဳ႕က   ကပ္ၿငိေနေသးသည္။ ရုပ္ေခ်ာတဲ့ေကာင္ေလးကိုရည္းစားေတာ္ထားရတာ တကယ္ ေက်နပ္စရာပဲ။

" နမ္းမယ္လို ႔"

"ဟင့္အင္  ေရ သြားခ်ိဳး  ။ "

"မခ်ိဳးခ်င္ဘူး ၊ နမ္းခ်င္တယ္ "

"မနမ္း.."

ေထြးစုတ္ခံလိုက္ရတာေၾကာင့္ စကားဆံုးေအာင္ေျပာခြင့္မရလိုက္။
ပါးကို လက္နွစ္ဖက္နဲ ့ ဆြဲကိုင္ပင့္ေမာ့လ်က္ ေဘဘီသည္ ၂ရက္စာ အခြင့္ေရးကို ရသေလာက္ယူသည္။
အရသာခံေနတဲ့  လ်ာဖ်ားသည္  သူလိုရာကို လွည့္ပတ္ေနေပမဲ့ မေန႔ကေလာက္ေတာ့ မၾကမ္းတမ္းေတာ့ေပ။

ထုရုိက္ေတာ့မဲ့ လက္သီးစုတ္ေလးသည္  တျဖည္းျဖည္း ေအာက္ကို က်သြားေလၿပီ။
တစ္ရက္ထဲနဲ ့အရသာသိသြားၿပီျဖစ္တဲ့
ေဘဘီသည္ဘယ္ေတာ့မွ အလြတ္ေပးမည္မဟုတ္ေတာ့ေပ။

၁၉ နွစ္အ႐ြယ္ ရည္းစားငယ္ငယ္ေလးကေတာ့  ခုမွ ခံစားဖူးတဲ့ အနမ္းရဲ႕ အရသာကို 
ေသခ်ာေပါက္ ႀကိဳက္နွစ္သက္သြား၏။

သူစူးစမ္းရွာေဖြ ေနေသာ  အရာသည္
နႈတ္ခမ္းတစံု ျဖစ္ေလသည္မို ႔  လရိပ္မွဴ းခိုင္ တစ္ေယာက္  သင္ယူတက္ခါစ သူ ႔ကေလးကို  မ်က္စိစံုမွိတ္လ်က္ အလိုလိုက္ေနရသည္။

ႁပြတ္!

ထူးအန္းေနေသာ  နႈတ္ခမ္းသည္  ေပါက္ၿပဲမသြားေသာ္လည္း ထံုတင္းနာက်င္ေန၏။  နွဖူးေပၚျခင္းထိေတြ ႕လ်က္ ျပင္းျပစြာ နွစ္ေယာက္သား အသက္လုရူေနမိသည္။  လံုလံုေတာင္ ဒီေလာက္ေမာေနရင္  သူဆိုရင္ ဆိုဖြယ္မရွိေတာ့။
ဒီေလာက္နဲ ့ၿပီးသြားတာကိုပဲ ေက်းဇူးတင္လွပါၿပီ။ နို ႔မို ႔ဆို   ေဘဘီ့ၾကမ္းတမ္းမူ ႔ေၾကာင့္  အထိအေတြ ႕မရွိေသာ သူ ႔နႈတ္ခမ္းေလး အနာတရျဖစ္ေပေတာ့မည္။

"ေရသြားခ်ိဳးေတာ့  "

ေပ်ာ့ေခြေနတဲ့ ဒူးေတြကေတာ့  ေနသားၾကေသးပံုမေပၚ ။
ေရခဲေသတၲာကို  အားျပဳ လ်က္  ေဘဘီမျမင္ရေအာင္ ေက်ာခိုင္းလိုက္၏။
ေသခ်ာ ၾကည့္မယ္ဆိုလ်င္  လက္ေတြတုန္ေနသည္ကိုပါ ျမင္ရမွာမလြဲ။

ရည္းစားထားရတာ လြယ္မေနဘူးတကယ္။

"ဟုတ္"

ေပါ့ပါးေသာ ခ်စ္စဖြယ္ေကာင္ေလးကေတာ့ လိုခ်င္တာရကာ  ေပ်ာ္ရႊင္လ်က္ထြက္သြား၏။ တျဖည္းျဖည္း  ၾကမ္းေပၚလရိပ္ ထိုင္ခ်လိုက္၏။  ၿပီးေတာ့ တုန္ေနေသာလက္ေတြျဖင့္  ဒူးကိုပိုက္ကာ  မိနစ္အေတာ္ၾကာေအာင္ ၿငိမ္ေန၏။

ဒီပံုစံအတိုင္းဆို  သူ  ေဘဘီနဲ ့အတူအားကစားလိုက္လုပ္သင့္ၿပီထင္သည္။
အသက္မ်ားအရမ္းႀကီးလာလို ႔ခံနိုင္ရည္မရွိေတာ့တာမ်ားလား။ 

ေမးခြန္းေပါင္းမ်ားစြာနွင့္ တေယာက္ေသာသူက ကမၻာၿပိဳေနသလို  တဖက္ေရခ်ိဳးခန္းထဲတြင္လည္း ဆူညံစြာ သီခ်င္းဆိုေနေသာ
ရည္းစားကေလးလည္းရွိ၏။

________

တစ္စံုတစ္ေယာက္၏  ပြတ္သပ္ေနထိုင္မူ ႔သည္ အေတာ္ေလးဆိုးဝါးပါ၏။ ေၾကာင္ တစ္ေကာင္ ေမြးထားရင္ေတာင္ သူေလာက္ဆိုးမည္မထင္။  တအိအိ ေဘးမွာ  ေခါင္တင္တိုးေဝွ ႔မူ ႔သည္ အေတာ္ေလးအေနွာက္အယွက္ျဖစ္စရာပင္။

"လံုလံု  ငါအလုပ္လုပ္ေနတယ္"

ခဲတံကိုင္ထားတဲ့ လက္ေတြက  ျမည္တြန္ေတာက္တီးေနေပမဲ့ရပ္တန္ ႔မသြား။
သူဒီေန ႔တကယ္ Designအသစ္ေတြ အာရုံရေနတယ္။  ေအာ္လိုက္ ေတာ့  ေဘးမွာ ကုန္းကုန္းႀကီးပုခံုးေပၚ ေခါင္းလာတင္တဲ့သူသည္ ထ သြား၏။
စာၾကည့္မီးဖြင့္ထားတဲ့ စားပြဲေပၚမွာ  စာ႐ြက္ေတြက ပ်ံ ့က်ဲေနသည္။

လရိပ္သူ ႔အခန္းမျပန္ရတာ   အေတာ္ၾကာၿပီ။  သူဘယ္သြားသြား ေနာက္ကတအီအီ လိုက္ေနတဲ့ ေကာင္ေလးေၾကာင့္ 
သူ မွာ ဘာလုပ္လုပ္  စိတ္မေျဖာင့္ေတာ့။
ခုလည္း မိုးခ်ဳပ္ေနပီ။ အိပ္စရာရွိတာအိပ္လိုက္ပါေတာ့လား။  မဟုတ္လည္း အေဝးႀကီးသြားေနတာမွမဟုတ္တာ။
သူ ႔ကုတင္ေဘးက  စားပြဲမွာ ၿငိမ္ၿငိမ္ေလးထိုင္ဆြဲေနရုံပဲ လရိပ္လုပ္ေနတာပါ။

"ဟာ  ေဘဘီ "

ဆြဲလက္စ  ခဲတံက အေပၚေျမႇာက္သြားကာ စာ႐ြက္နဲ ့လက္နဲ ့လြတ္သြားသည္။
တိုးဝင္လာေသာ ေခါင္းမဲမဲနွင့္ 
မေသးလွေသာ ခနၶာကိုယ္သည္  လရိပ္ ေပါင္ေပၚ ခြထိုင္လာ၏။
ၿပီးေတာ့  လည္ပင္း လက္နဲ ့သိုင္းဖက္ၿပီး
ကေလးေတြလို ေခါင္းတင္ကာ ၿငိမ္သြား၏။
သေဘာက  သူဒီတိုင္းေနမယ္ လရိပ္က ပံုဆြဲေပါ့။

လႁပြတ္ပဲ သက္ငယ္ေဝလံု ၊ လႁပြတ္ပဲ..

ခပ္ႀကိတ္ႀကိတ္ဆဲကာ  မမွီမကမ္း  ခဲတံျပန္ကိုင္ေနရသည္။ ေလးပင့္လာတဲ့ ကိုယ္ထည္သည္ လြန္ခဲ့ေသာ ၃နွစ္သားမဟုတ္ဘူးဆိုတာ  တရားဝင္ေဖာ္ျပေနသကဲ့သို ႔   ...

" ခ်စ္တယ္  "

ပါးတဖက္သည္ ေႏြးခနဲ 

" အင္း ခ်စ္တယ္  "

တခ်က္ခ်က္ျမည္ေနေသာ နာရီလက္တံမ်ားသည္  တိတ္ဆိတ္မူ ႔ကို ႀကီးစိုးလာၿပီးေနာက္  အသက္ရူသံ သဲ့သဲ့က လည္ပင္းၾကားမွာခပ္မွန္မွန္ထြက္ေပၚ၍ လာေခ်သည္။

မိနွစ္နွစ္ဆယ္ခန္ ႔အၾကာတြင္တအိအိ ၿပိဳဆင္းလာေသာ ကိုယ္ထည္ေၾကာင့္ လႈပ္ရွားေနေသာ လက္ကေလးသည္  ရပ္တန္႔၍သြားေလၿပီ။

ၿပံဳးေယာင္ေယာင္ နႈတ္ခမ္းပါးသည္ 
သူ ႔ကိုယ္ေပၚမွာ ရေအာင္ အိပ္ေပ်ာ္တက္ေသာ ကေလးဆိုးကို  အျပစ္မဆို နိုင္ေတာ့သည္အထိ  ေက်နပ္ေနသည္။

"မင္း တကယ္သိပ္ဆိုးလြန္းတယ္ေဘဘီ  "

အိစက္တုန္ခါေနတက္ေသာ  ပါးျပင္က
အသည္းတယားယား  ျဖစ္ေစေလာက္ေအာင္  မို ႔တက္ေနကာ ဖိအိပ္ထားေသာပုခံုးေၾကာင့္ နႈတ္ခမ္းေဖာင္းေဖာင္းကစူတူတူ ျဖစ္ေနသည္။  ငံု ႔ၾကည့္ေနရင္းအားမရေတာ့ ၿပီမို ႔  ခပ္မို႔မို ႔ပါးကို  ဖိကပ္နမ္းပစ္လိုက္သည္ထိ သူဟာ ေဘဘီ ပါးျပင္ကို သေဘာက်ပါသည္။

ေလးပင့္လွေသာ ကိုယ္ကို  လရိပ္မဖို ႔
မလြယ္ေပ။  တင္ပါးေအာက္ကိုလက္လ်ိဳ ကာ ထိန္းထားလ်က္ တျဖည္းျဖည္း မတ္တပ္  ရပ္ရ၏။  ကုတင္က  ေဘးမွာရွိလို ႔သာ  ေတာ္ေသးသည္။  တအားထြားလာေသာ  ကေလးငယ္ကို  လရိပ္ အရင္လို  အၾကာႀကီးမခ်ီ နိုင္ေတာ့တာကိုေတာ့ ဝန္ခံပါသည္။

ရည္းစားငယ္ငယ္ေလး ထားရင္  ထိုသို ႔
ေပြ ႕ခ်ီသိပ္ရသည္တဲ့လား။

အံ့ၾသစရာ  အလိုလိုက္မူ ႔ႀကီးေတြ ။

ေနသားက်ေအာင္ အိပ္ယာေပၚတင္ေပးၿပီးသည့္ထိ   လရိပ္တေယာက္  ဖတ္ဖတ္ေမာလို ႔ေနေခ်သည္။ ေန ႔စဥ္ ဒီလိုသာဆိုရင္ သူတကယ္ မလြယ္ ။
ဆိုးလိုက္ တာလည္းလြန္ေရာပဲ။ 
ဖရုိဖရဲဆန္ေနတဲ့ ဆံပင္ေတြကို ေသခ်ာ  လက္နဲ ့သပ္တင္ေပးေနရင္း  ေနာက္တခါ ထပ္နမ္းဖို ႔လည္းသူ မေမ့ခဲ့ပါ။
အသက္ႀကီးမွ ရည္းစားရေသာ  လရိပ္အတြက္ ေဘဘီက ခ်စ္စရာေကာင္းေပမဲ့
အသက္ငယ္လြန္းတာကေတာ့အဆင္မေျပေပ။ 

"Good night  baby "

တိုးဖြဖြဆိုရင္း အခန္းမီးကို ပိတ္ကာ  ေဘဘီ ကိုယ္ကို ရင္ခြင္ထဲပစ္ထည့္လိုက္၏။

ရည္းစားရွိေသာ သူတို႔၏ ည သည္ ႏုညံ့ေထြးေထြးလြန္းသလား....

___________

"ကိုႀကီး တို ႔ညေန အိမ္လည္လာမယ္တဲ့"

"အင္း "

ဖုန္းကိုင္ထားေပမဲ့ အာရုံက  ေဝလြင္မင္းထက္ကို  ဘယ္လိုရင္ဆိုင္ရမလဲဆိုတာ ေတြးေနမိသည္။  ၿပီးေတာ့ စိတ္လည္းဆိုးေနသည္။ ဒီေကာင္  လရိပ္ကို ေဘဘီမဟုတ္ပဲ ဝိုင္းလိမ္ေပးခဲ့သည္။ ကေလးက မသိလို ႔လုပ္တယ္ဆိုရင္ေတာင္ သူ ႔အသက္ကဖင့္ေစာင့္ ေနၿပီမဟုတ္လား။
ဘာေၾကာင့္ မႀကီးမငယ္နဲ ့ ဝိုင္းလိမ္ေပးရသလဲ။

"ခ်စ္ခ်စ္လို ႔ လံုလံုေျပာေနတာကို
စိတ္ဝင္တစားလည္း နားမေထာင္ေပးဘူး  "

"နားေထာင္ေန ..ဟာ !! ေဘဘီ  ဒါဘာေတြလဲ  " 

မ်က္လံုးေတြ ျပာခနဲ ျဖစ္သြားေအာင္ထိပင္။ ေဘဘီက တကယ္အရူးပဲ။
သူ  ဖုန္းမကိုင္တာ    ဘယ္နွစ္ရက္ရွိၿပီလဲ။ဒီၾကားထဲဘာေတြျဖစ္ပ်က္သြားသလဲဆိုတာ သူတကယ္မသိခဲ့တာပါ။

ဖုန္းမွန္ျပင္ေပၚက  fb အေကာင့္က 
Moon  ဆိုတဲ့ အျပာေရာင္ အမွန္ျခစ္နဲ ့အေကာင္စစ္ ။အတုမဟုဘူး ။ နိုင္ငံေက်ာ္
ဆယ္ေက်ာ္သက္တစ္ေယာက္ရဲ႕   Facebook  acc။ 

ထင္းေနတဲ့  စာေၾကာင္းတစ္ေၾကာင္းက
In a relationship တဲ့။
like ေတြ share ေတြက  မနည္းမေနာအျပင္ ။  ဒါေတာင္ မန္႔ပိတ္ထားလို႔သာ ေတာ္ေသးသည္။

"အဲ့ဒါဘာျဖစ္လဲ ခ်စ္ခ်စ္ရာ ။ လံုလံုစကားေျပာေနတာကိုသာနားေထာင္ေပးစမ္းပါ  "

"နားမေထာင္ေသးဘူး။ ငါေျပာတာမင္းအရင္နားေထာင္။  မင္းမွာ  ေရွ ႔ဆက္ရမဲ့ အနာဂတ္ရွိေသးတယ္။ တြဲေနရင္ေတာင္
Silentတြဲရမယ္ေလ။ မင္း သာေယာက်ာ္းတစ္ေယာက္နဲ ့တြဲေနမွန္းသိကုန္က်ရင္
သြားၿပီ မင္းရဲ႕ေအာင္ျမင္မူ ႔ေတြက  "

လရိပ္တကယ္ စိတ္တိုပါသည္။
သူသည္ ေဘဘီအနာဂတ္မွာ  တစံုတရာ မျဖစ္ေစဖို ႔ ေဘးကေန ကာကြယ္ေပးရမဲ့သူ။ လရိပ္မွဴ းခိုင္ေၾကာင့္Moonဆိုတဲ့
အားလံုးအထက္က ေကာင္ကေလးသည္
ေအာက္ကို ျပဳတ္က်လာမွာ သူတကယ္စိုးရိမ္သည္။

" ခ်စ္ခ်စ္    ျဖစ္ေစခ်င္တာေတြ ျဖစ္လာမွာမဟုတ္ဘူး ၊   လံုလံု အသက္ငယ္ေသးတာပဲဆိုတဲ့အေတြးကို ခ်စ္ခ်စ္မေတြးသင့္ေတာ့ဘူးထင္တယ္။ ရည္းစားရွိတယ္၊အဲ့ဒီရည္းစားက  လရိပ္မွဴ းခိုင္ဆိုတာ  တေလာကလံုး သိဖို ႔  လံုလံုမွာ ေျပာပိုင္ခြင့္ရွိတယ္။  တခါလာ ေအာင္ျမင္မူ ႔၊ တခါလာအနာဂတ္၊  တခုမွဆြဲမထည့္နဲ ့  မွဴ းခိုင္  ၊
ခင္ဗ်ားက  အားလံုးထက္ ပိုတန္ဖိုးႀကီးတယ္။  ၿပီးေတာ့  Silent   ။  လူမသိ သူမသိတြဲဖို ႔ စိတ္ကူးကို မရွိတာ။ "

"မဟုတ္ဘူးေဘဘီရာ ။    ငါေျပာတာနားေထာင္ပါဦး  "

Moon   ေခါင္းရမ္းကာ  လက္ကာျပလိုက္သည္။ ဒီလူ ႔ေျပာတာေတြ ဘာတခုမွနားမေထာင္ခ်င္ဘူး  ။

" မေျပာနဲ ့ ကြၽန္ေတာ္ေျပာတာ က်န္ေသးတယ္။ ေရွ ႔ေလ်ွာက္   ခင္ဗ်ားကိုခင္ဗ်ား ကန္ ႔သတ္လိုက္တဲ့  အေၾကာင္းျပခ်က္ေတြ တခုမွမလိုခ်င္ဘူး။  ထပ္ၿပီး အဲ့ဒါနဲ ့ပတ္သတ္ၿပီး လာမေျပာနဲ႔။ ခင္ဗ်ားစကားကို အရင္အတိုင္း  နားေထာင္ေနဆဲ ဆိုေပမဲ့ အခ်စ္ေရးကိုေတာ့ ဘာလုပ္ပါဆိုၿပီး ေဘာင္လာမခတ္နဲ ့။  ခင္ဗ်ား ေက်နပ္သည္ျဖစ္ေစ၊ မေက်နပ္သည္ျဖစ္ေစ လရိပ္မွဴ းခိုင္က Moonရဲ႕ ခ်စ္သူရည္းစားပဲ  ။ အႏုပညာကို ခုတံုးလုပ္ပီး လံုလံု  ကိုယ္ပိုင္  ဘဝကို ေတာ့ ဘယ္သူမွလာမခ်ယ္လွယ္နဲ ့မႀကိဳက္ဘူး လံုးဝပဲ။  ေအာင္ျမင္မူ ႔ဆိုတာကို ဘယ္သူက ရခ်င္တယ္ေျပာေနလို႔လဲ။
ဒါေတြအကုန္ ခင္ဗ်ားမရွိရင္ ဘာထူးမွာလဲ ။ ဘာမွမထူးဘူး မွဴ းခိုင္ မထူးေတာ့ဘူး။
ဒီလိုေတြ ခင္ဗ်ား စိုးရိမ္ေၾကာင့္ၾကမူ ႔မ်ားလြန္းေနရင္ ဒီေလာက ကေန ကြၽန္ေတာ္ ထြက္ရလိမ့္မယ္  "

ကြၽန္ေတာ္ျဖစ္သြားလိုက္၊လံုလံု ျဖစ္သြားလိုက္နဲ ့  နီးေစြးေနေသာ ေဒါသေကာင္ကေလးက  သူ ႔ကိုသူလည္းမသိေတာ့တဲ့ပံု။    လရိပ္  သက္ျပင္းခ်ကာ  အသာေလး ေထြးေပြ ႕ေပးထားလိုက္သည္။ 

အခ်စ္နဲ ့ပတ္သတ္လာရင္  လူတိုင္းရူးေနၾကတာပဲ ..

ေဘဘီရူးသလို   လရိပ္လည္းရူးပါသည္။
သူ ၏ စဥ္းစားေတြးေခၚနိုင္မူ ႔ေတြသည္
ေဝလံု၏  ေဒါသလႈိင္းေတြေၾကာင့္ ပယ္ေပ်ာက္သြားခဲ့ေလၿပီ။

ၿပီးေတာ့         ရည္းစားငယ္ငယ္ေလး၏  ေဒါသ ထြက္ေနပံုေလးက   အလြန္ပဲ  Sexy က်ေနေတာ့ လရိပ္က အမ်ားႀကီးပိုရူးသြားမိ သလို 

ခ်စ္တဲ့အိမ္စည္။

  နောက်ဆုံး ပန်းသီးလုံးလေးကို  စပျစ်သီးတွေထည့်ထားတဲ့ခြင်းထဲကို  ရေစစ်အောင် နှစ်ခါလောက်ခါပြီးအပေါ်ကနေထည့် လိုက်၏။
တခါထဲ ဘေစင် ဘေးမှာ  ချထားတဲ့ အ
ထုတ်ပိုးတွေထဲက  အိတ်တွေဖယ်ကာ
အသီးရွက်တွေ ထုတ်သည်။  ဘေဘီက
ထမင်းပေါင်းကြိုက်တက်တော့ အသီးအရွက်မျိုးစုံက မပြတ်တမ်းဝယ်ထားနေရ၏။

သေချာ သန့် ရှင်း ဆေးကြောနေတုန်း 
ခါးမှာပွေ့ ဖက်လာတဲ့ လက်တစုံ နှင့်အတူ ပုခုံးတစ်ဖက်က လေးခနဲ။
သက်ငယ်ဝေလုံက  ၅နှစ်ထဲငယ်လို့သာ တော်သေးသည်။  ပူကပ် ပျစ်ချွဲ နေတဲ့ပုံစံကို သူ့ရဲ့ချစ်လှစွာသော Fanတွေမြင်ရင် ဘာပြောမလဲ သိချင်သည်။

" ပြန်လာပြီလား  "

"အင်း  ပြန်လာပြီ။  ဘယ်လိုလုပ်မလဲဟင် ၊လုံလုံ gymတောင် မဆော့ချင်တော့ဘူး။
အချိန်တိုင်း  ပက်ကျိ လေးလို ချစ်ချစ်နားမှာပဲကပ်နေချင်တော့တယ် တကယ်ပြောတာ "

ပုခုံးပေါ် မှီနွဲ့ တင်ထားတဲ့ ခေါင်းကို လရိပ် သူ့ ခေါင်းနဲ့ မနာအောင် ဘေးချင်းပစ်တိုက်ကာ ရယ်မိသည်။ 

"ခုလည်း မင်းငါ့နား အချိန်တိုင်းကပ်နေတာပဲ မဟုတ်ဘူးလားဘေဘီ  "

"မသိဘူး  နမ်းချင်တယ်  "

ဟိုနေ့ က နမ်းပီးကတည်းက  ကြောက်သွားပီမို့ ခေါင်းရမ်းပြကာ  ဘေဘီနဲ့ ဝေးအောင် ဘေးရွေ့ လိုက်သည်။
ဒါကိုပင်  ထပ်တူ လိုက်တိုးကာ   အင်္ကျီ လက်ဖျားတွေကို  ဆွဲလျက်  မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်ပြနေ၏။

"မရဘူး  "

ပြတ်သားမှ တော်ကာကျမည်။
မဟုတ်ရင်  ရည်းစားသက်တမ်း၃ရက်မပြည့်ခင် သူလုံးပါးပါးရလိမ့်မည်။

လက်ထဲကိုင်ထားသော ဇကာခြင်းထဲက စပျစ်သီးတလုံးကိုဆွဲဖြုတ်ကာ  မျက်နှာငယ်လေးလုပ်ပြနေသူပါးစပ်ထဲထိုးထည့်ကာ ရေခဲသေတ္တာထဲ သေချာ ထည့်နေမိသည်။  ဘေဘီက ကြီးလာမှ အချိုးတွေအရမ်းပြောင်းကုန်သည်။ အရင်လို ပြောစကားလည်းနားမထောင်တော့ပဲ ခေါင်းအရမ်းမာလာ၏။

" ဘေဘီ  ရေသွားချိုး  "

အားကစားဘောင်းဘီရှည်ဝတ်ထားသော ခြေထောက်တွေက  ဘေးမှာလာရပ် တာကို မော့မကြည့်ပဲမြင်နေရသည်။
သက်ပြင်းချကာ ခေါင်းမော့ကြည့်တော့
"နမ်းရအောင်"ဟု ထပ်ပြောပြန်သည်။

"  မရဘူး ရေအရင် သွားချိုး ။ ချွေးတွေနဲ့ အအေးပတ်တော့မယ် "

အဖြူ ရောင် စွပ်ကျယ်သည် ရင်အုပ်ကျယ်ကျယ် ချွေးတွေနဲ့ကပ်နေသလို  ပါးပြင်ပေါ်မှာလည်း ဆံပင်ရှည်တချို့က   ကပ်ငြိနေသေးသည်။ ရုပ်ချောတဲ့ကောင်လေးကိုရည်းစားတော်ထားရတာ တကယ် ကျေနပ်စရာပဲ။

" နမ်းမယ်လို့ "

"ဟင့်အင်  ရေ သွားချိုး  ။ "

"မချိုးချင်ဘူး ၊ နမ်းချင်တယ် "

"မနမ်း.."

ထွေးစုတ်ခံလိုက်ရတာကြောင့် စကားဆုံးအောင်ပြောခွင့်မရလိုက်။
ပါးကို လက်နှစ်ဖက်နဲ့  ဆွဲကိုင်ပင့်မော့လျက် ဘေဘီသည် ၂ရက်စာ အခွင့်ရေးကို ရသလောက်ယူသည်။
အရသာခံနေတဲ့  လျာဖျားသည်  သူလိုရာကို လှည့်ပတ်နေပေမဲ့ မနေ့ကလောက်တော့ မကြမ်းတမ်းတော့ပေ။

ထုရိုက်တော့မဲ့ လက်သီးစုတ်လေးသည်  တဖြည်းဖြည်း အောက်ကို ကျသွားလေပြီ။
တစ်ရက်ထဲနဲ့ အရသာသိသွားပြီဖြစ်တဲ့
ဘေဘီသည်ဘယ်တော့မှ အလွတ်ပေးမည်မဟုတ်တော့ပေ။

၁၉ နှစ်အရွယ် ရည်းစားငယ်ငယ်လေးကတော့  ခုမှ ခံစားဖူးတဲ့ အနမ်းရဲ့ အရသာကို 
သေချာပေါက် ကြိုက်နှစ်သက်သွား၏။

သူစူးစမ်းရှာဖွေ နေသော  အရာသည်
နှုတ်ခမ်းတစုံ ဖြစ်လေသည်မို့   လရိပ်မှူးခိုင် တစ်ယောက်  သင်ယူတက်ခါစ သူ့ ကလေးကို  မျက်စိစုံမှိတ်လျက် အလိုလိုက်နေရသည်။

ပြွတ်!

ထူးအန်းနေသော  နှုတ်ခမ်းသည်  ပေါက်ပြဲမသွားသော်လည်း ထုံတင်းနာကျင်နေ၏။  နှဖူးပေါ်ခြင်းထိတွေ့ လျက် ပြင်းပြစွာ နှစ်ယောက်သား အသက်လုရူနေမိသည်။  လုံလုံတောင် ဒီလောက်မောနေရင်  သူဆိုရင် ဆိုဖွယ်မရှိတော့။
ဒီလောက်နဲ့ ပြီးသွားတာကိုပဲ ကျေးဇူးတင်လှပါပြီ။ နို့ မို့ ဆို   ဘေဘီ့ကြမ်းတမ်းမူ့ ကြောင့်  အထိအတွေ့ မရှိသော သူ့ နှုတ်ခမ်းလေး အနာတရဖြစ်ပေတော့မည်။

"ရေသွားချိုးတော့  "

ပျော့ခွေနေတဲ့ ဒူးတွေကတော့  နေသားကြသေးပုံမပေါ် ။
ရေခဲသေတ္တာကို  အားပြု လျက်  ဘေဘီမမြင်ရအောင် ကျောခိုင်းလိုက်၏။
သေချာ ကြည့်မယ်ဆိုလျင်  လက်တွေတုန်နေသည်ကိုပါ မြင်ရမှာမလွဲ။

ရည်းစားထားရတာ လွယ်မနေဘူးတကယ်။

"ဟုတ်"

ပေါ့ပါးသော ချစ်စဖွယ်ကောင်လေးကတော့ လိုချင်တာရကာ  ပျော်ရွှင်လျက်ထွက်သွား၏။ တဖြည်းဖြည်း  ကြမ်းပေါ်လရိပ် ထိုင်ချလိုက်၏။  ပြီးတော့ တုန်နေသောလက်တွေဖြင့်  ဒူးကိုပိုက်ကာ  မိနစ်အတော်ကြာအောင် ငြိမ်နေ၏။

ဒီပုံစံအတိုင်းဆို  သူ  ဘေဘီနဲ့ အတူအားကစားလိုက်လုပ်သင့်ပြီထင်သည်။
အသက်များအရမ်းကြီးလာလို့ ခံနိုင်ရည်မရှိတော့တာများလား။ 

မေးခွန်းပေါင်းများစွာနှင့် တယောက်သောသူက ကမ္ဘာပြိုနေသလို  တဖက်ရေချိုးခန်းထဲတွင်လည်း ဆူညံစွာ သီချင်းဆိုနေသော
ရည်းစားကလေးလည်းရှိ၏။

________

တစ်စုံတစ်ယောက်၏  ပွတ်သပ်နေထိုင်မူ့ သည် အတော်လေးဆိုးဝါးပါ၏။ ကြောင် တစ်ကောင် မွေးထားရင်တောင် သူလောက်ဆိုးမည်မထင်။  တအိအိ ဘေးမှာ  ခေါင်တင်တိုးဝှေ့ မူ့ သည် အတော်လေးအနှောက်အယှက်ဖြစ်စရာပင်။

"လုံလုံ  ငါအလုပ်လုပ်နေတယ်"

ခဲတံကိုင်ထားတဲ့ လက်တွေက  မြည်တွန်တောက်တီးနေပေမဲ့ရပ်တန့် မသွား။
သူဒီနေ့ တကယ် Designအသစ်တွေ အာရုံရနေတယ်။  အော်လိုက် တော့  ဘေးမှာ ကုန်းကုန်းကြီးပုခုံးပေါ် ခေါင်းလာတင်တဲ့သူသည် ထ သွား၏။
စာကြည့်မီးဖွင့်ထားတဲ့ စားပွဲပေါ်မှာ  စာရွက်တွေက ပျံ့ ကျဲနေသည်။

လရိပ်သူ့ အခန်းမပြန်ရတာ   အတော်ကြာပြီ။  သူဘယ်သွားသွား နောက်ကတအီအီ လိုက်နေတဲ့ ကောင်လေးကြောင့် 
သူ မှာ ဘာလုပ်လုပ်  စိတ်မဖြောင့်တော့။
ခုလည်း မိုးချုပ်နေပီ။ အိပ်စရာရှိတာအိပ်လိုက်ပါတော့လား။  မဟုတ်လည်း အဝေးကြီးသွားနေတာမှမဟုတ်တာ။
သူ့ ကုတင်ဘေးက  စားပွဲမှာ ငြိမ်ငြိမ်လေးထိုင်ဆွဲနေရုံပဲ လရိပ်လုပ်နေတာပါ။

"ဟာ  ဘေဘီ "

ဆွဲလက်စ  ခဲတံက အပေါ်မြှောက်သွားကာ စာရွက်နဲ့ လက်နဲ့ လွတ်သွားသည်။
တိုးဝင်လာသော ခေါင်းမဲမဲနှင့် 
မသေးလှသော ခန္ဓာကိုယ်သည်  လရိပ် ပေါင်ပေါ် ခွထိုင်လာ၏။
ပြီးတော့  လည်ပင်း လက်နဲ့ သိုင်းဖက်ပြီး
ကလေးတွေလို ခေါင်းတင်ကာ ငြိမ်သွား၏။
သဘောက  သူဒီတိုင်းနေမယ် လရိပ်က ပုံဆွဲပေါ့။

လပြွတ်ပဲ သက်ငယ်ဝေလုံ ၊ လပြွတ်ပဲ..

ခပ်ကြိတ်ကြိတ်ဆဲကာ  မမှီမကမ်း  ခဲတံပြန်ကိုင်နေရသည်။ လေးပင့်လာတဲ့ ကိုယ်ထည်သည် လွန်ခဲ့သော ၃နှစ်သားမဟုတ်ဘူးဆိုတာ  တရားဝင်ဖော်ပြနေသကဲ့သို့    ...

" ချစ်တယ်  "

ပါးတဖက်သည် နွေးခနဲ 

" အင်း ချစ်တယ်  "

တချက်ချက်မြည်နေသော နာရီလက်တံများသည်  တိတ်ဆိတ်မူ့ ကို ကြီးစိုးလာပြီးနောက်  အသက်ရူသံ သဲ့သဲ့က လည်ပင်းကြားမှာခပ်မှန်မှန်ထွက်ပေါ်၍ လာချေသည်။

မိနှစ်နှစ်ဆယ်ခန့် အကြာတွင်တအိအိ ပြိုဆင်းလာသော ကိုယ်ထည်ကြောင့် လှုပ်ရှားနေသော လက်ကလေးသည်  ရပ်တန့်၍သွားလေပြီ။

ပြုံးယောင်ယောင် နှုတ်ခမ်းပါးသည် 
သူ့ ကိုယ်ပေါ်မှာ ရအောင် အိပ်ပျော်တက်သော ကလေးဆိုးကို  အပြစ်မဆို နိုင်တော့သည်အထိ  ကျေနပ်နေသည်။

"မင်း တကယ်သိပ်ဆိုးလွန်းတယ်ဘေဘီ  "

အိစက်တုန်ခါနေတက်သော  ပါးပြင်က
အသည်းတယားယား  ဖြစ်စေလောက်အောင်  မို့ တက်နေကာ ဖိအိပ်ထားသောပုခုံးကြောင့် နှုတ်ခမ်းဖောင်းဖောင်းကစူတူတူ ဖြစ်နေသည်။  ငုံ့ ကြည့်နေရင်းအားမရတော့ ပြီမို့   ခပ်မို့မို့ ပါးကို  ဖိကပ်နမ်းပစ်လိုက်သည်ထိ သူဟာ ဘေဘီ ပါးပြင်ကို သဘောကျပါသည်။

လေးပင့်လှသော ကိုယ်ကို  လရိပ်မဖို့
မလွယ်ပေ။  တင်ပါးအောက်ကိုလက်လျို ကာ ထိန်းထားလျက် တဖြည်းဖြည်း မတ်တပ်  ရပ်ရ၏။  ကုတင်က  ဘေးမှာရှိလို့ သာ  တော်သေးသည်။  တအားထွားလာသော  ကလေးငယ်ကို  လရိပ် အရင်လို  အကြာကြီးမချီ နိုင်တော့တာကိုတော့ ဝန်ခံပါသည်။

ရည်းစားငယ်ငယ်လေး ထားရင်  ထိုသို့
ပွေ့ ချီသိပ်ရသည်တဲ့လား။

အံ့သြစရာ  အလိုလိုက်မူ့ ကြီးတွေ ။

နေသားကျအောင် အိပ်ယာပေါ်တင်ပေးပြီးသည့်ထိ   လရိပ်တယောက်  ဖတ်ဖတ်မောလို့ နေချေသည်။ နေ့ စဉ် ဒီလိုသာဆိုရင် သူတကယ် မလွယ် ။
ဆိုးလိုက် တာလည်းလွန်ရောပဲ။ 
ဖရိုဖရဲဆန်နေတဲ့ ဆံပင်တွေကို သေချာ  လက်နဲ့ သပ်တင်ပေးနေရင်း  နောက်တခါ ထပ်နမ်းဖို့ လည်းသူ မမေ့ခဲ့ပါ။
အသက်ကြီးမှ ရည်းစားရသော  လရိပ်အတွက် ဘေဘီက ချစ်စရာကောင်းပေမဲ့
အသက်ငယ်လွန်းတာကတော့အဆင်မပြေပေ။ 

"Good night  baby "

တိုးဖွဖွဆိုရင်း အခန်းမီးကို ပိတ်ကာ  ဘေဘီ ကိုယ်ကို ရင်ခွင်ထဲပစ်ထည့်လိုက်၏။

ရည်းစားရှိသော သူတို့၏ ည သည် နုညံ့ထွေးထွေးလွန်းသလား....

___________

"ကိုကြီး တို့ ညနေ အိမ်လည်လာမယ်တဲ့"

"အင်း "

ဖုန်းကိုင်ထားပေမဲ့ အာရုံက  ဝေလွင်မင်းထက်ကို  ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ တွေးနေမိသည်။  ပြီးတော့ စိတ်လည်းဆိုးနေသည်။ ဒီကောင်  လရိပ်ကို ဘေဘီမဟုတ်ပဲ ဝိုင်းလိမ်ပေးခဲ့သည်။ ကလေးက မသိလို့ လုပ်တယ်ဆိုရင်တောင် သူ့ အသက်ကဖင့်စောင့် နေပြီမဟုတ်လား။
ဘာကြောင့် မကြီးမငယ်နဲ့  ဝိုင်းလိမ်ပေးရသလဲ။

"ချစ်ချစ်လို့  လုံလုံပြောနေတာကို
စိတ်ဝင်တစားလည်း နားမထောင်ပေးဘူး  "

"နားထောင်နေ ..ဟာ !! ဘေဘီ  ဒါဘာတွေလဲ  " 

မျက်လုံးတွေ ပြာခနဲ ဖြစ်သွားအောင်ထိပင်။ ဘေဘီက တကယ်အရူးပဲ။
သူ  ဖုန်းမကိုင်တာ    ဘယ်နှစ်ရက်ရှိပြီလဲ။ဒီကြားထဲဘာတွေဖြစ်ပျက်သွားသလဲဆိုတာ သူတကယ်မသိခဲ့တာပါ။

ဖုန်းမှန်ပြင်ပေါ်က  fb အကောင့်က 
Moon  ဆိုတဲ့ အပြာရောင် အမှန်ခြစ်နဲ့ အကောင်စစ် ။အတုမဟုဘူး ။ နိုင်ငံကျော်
ဆယ်ကျော်သက်တစ်ယောက်ရဲ့   Facebook  acc။ 

ထင်းနေတဲ့  စာကြောင်းတစ်ကြောင်းက
In a relationship တဲ့။
like တွေ share တွေက  မနည်းမနောအပြင် ။  ဒါတောင် မန့်ပိတ်ထားလို့သာ တော်သေးသည်။

"အဲ့ဒါဘာဖြစ်လဲ ချစ်ချစ်ရာ ။ လုံလုံစကားပြောနေတာကိုသာနားထောင်ပေးစမ်းပါ  "

"နားမထောင်သေးဘူး။ ငါပြောတာမင်းအရင်နားထောင်။  မင်းမှာ  ရှေ့ ဆက်ရမဲ့ အနာဂတ်ရှိသေးတယ်။ တွဲနေရင်တောင်
Silentတွဲရမယ်လေ။ မင်း သာယောကျာ်းတစ်ယောက်နဲ့ တွဲနေမှန်းသိကုန်ကျရင်
သွားပြီ မင်းရဲ့အောင်မြင်မူ့ တွေက  "

လရိပ်တကယ် စိတ်တိုပါသည်။
သူသည် ဘေဘီအနာဂတ်မှာ  တစုံတရာ မဖြစ်စေဖို့  ဘေးကနေ ကာကွယ်ပေးရမဲ့သူ။ လရိပ်မှူးခိုင်ကြောင့်Moonဆိုတဲ့
အားလုံးအထက်က ကောင်ကလေးသည်
အောက်ကို ပြုတ်ကျလာမှာ သူတကယ်စိုးရိမ်သည်။

" ချစ်ချစ်    ဖြစ်စေချင်တာတွေ ဖြစ်လာမှာမဟုတ်ဘူး ၊   လုံလုံ အသက်ငယ်သေးတာပဲဆိုတဲ့အတွေးကို ချစ်ချစ်မတွေးသင့်တော့ဘူးထင်တယ်။ ရည်းစားရှိတယ်၊အဲ့ဒီရည်းစားက  လရိပ်မှူးခိုင်ဆိုတာ  တလောကလုံး သိဖို့   လုံလုံမှာ ပြောပိုင်ခွင့်ရှိတယ်။  တခါလာ အောင်မြင်မူ့ ၊ တခါလာအနာဂတ်၊  တခုမှဆွဲမထည့်နဲ့   မှူးခိုင်  ၊
ခင်ဗျားက  အားလုံးထက် ပိုတန်ဖိုးကြီးတယ်။  ပြီးတော့  Silent   ။  လူမသိ သူမသိတွဲဖို့  စိတ်ကူးကို မရှိတာ။ "

"မဟုတ်ဘူးဘေဘီရာ ။    ငါပြောတာနားထောင်ပါဦး  "

Moon   ခေါင်းရမ်းကာ  လက်ကာပြလိုက်သည်။ ဒီလူ့ ပြောတာတွေ ဘာတခုမှနားမထောင်ချင်ဘူး  ။

" မပြောနဲ့  ကျွန်တော်ပြောတာ ကျန်သေးတယ်။ ရှေ့ လျှောက်   ခင်ဗျားကိုခင်ဗျား ကန့် သတ်လိုက်တဲ့  အကြောင်းပြချက်တွေ တခုမှမလိုချင်ဘူး။  ထပ်ပြီး အဲ့ဒါနဲ့ ပတ်သတ်ပြီး လာမပြောနဲ့။ ခင်ဗျားစကားကို အရင်အတိုင်း  နားထောင်နေဆဲ ဆိုပေမဲ့ အချစ်ရေးကိုတော့ ဘာလုပ်ပါဆိုပြီး ဘောင်လာမခတ်နဲ့ ။  ခင်ဗျား ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ လရိပ်မှူးခိုင်က Moonရဲ့ ချစ်သူရည်းစားပဲ  ။ အနုပညာကို ခုတုံးလုပ်ပီး လုံလုံ  ကိုယ်ပိုင်  ဘဝကို တော့ ဘယ်သူမှလာမချယ်လှယ်နဲ့ မကြိုက်ဘူး လုံးဝပဲ။  အောင်မြင်မူ့ ဆိုတာကို ဘယ်သူက ရချင်တယ်ပြောနေလို့လဲ။
ဒါတွေအကုန် ခင်ဗျားမရှိရင် ဘာထူးမှာလဲ ။ ဘာမှမထူးဘူး မှူးခိုင် မထူးတော့ဘူး။
ဒီလိုတွေ ခင်ဗျား စိုးရိမ်ကြောင့်ကြမူ့ များလွန်းနေရင် ဒီလောက ကနေ ကျွန်တော် ထွက်ရလိမ့်မယ်  "

ကျွန်တော်ဖြစ်သွားလိုက်၊လုံလုံ ဖြစ်သွားလိုက်နဲ့   နီးစွေးနေသော ဒေါသကောင်ကလေးက  သူ့ ကိုသူလည်းမသိတော့တဲ့ပုံ။    လရိပ်  သက်ပြင်းချကာ  အသာလေး ထွေးပွေ့ ပေးထားလိုက်သည်။ 

အချစ်နဲ့ ပတ်သတ်လာရင်  လူတိုင်းရူးနေကြတာပဲ ..

ဘေဘီရူးသလို   လရိပ်လည်းရူးပါသည်။
သူ ၏ စဉ်းစားတွေးခေါ်နိုင်မူ့ တွေသည်
ဝေလုံ၏  ဒေါသလှိုင်းတွေကြောင့် ပယ်ပျောက်သွားခဲ့လေပြီ။

ပြီးတော့         ရည်းစားငယ်ငယ်လေး၏  ဒေါသ ထွက်နေပုံလေးက   အလွန်ပဲ  Sexy ကျနေတော့ လရိပ်က အများကြီးပိုရူးသွားမိ သလို 

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz