အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
31
ေနေရာင္ျခည္ေႏြးေႏြးက မ်က္နွာေပၚကို စူးရွစြာထိေတြ ႕ေနသည္မို ႔ မ်က္နွာကို တဖက္သို ႔ေစာင္းကာဖယ္ရွားမိသည္။
ခနၶာကိုယ္က အေနထားမမွန္ပဲလႈပ္ရွားမိတာနွင့္တၿပိဳင္နက္ မိမိ၏ နွာေခါင္းဖ်ားသည္ ႏုညံ့အိေထြးေသာ ထိေတြ ႕မူ ႔ကို ခံစားလိုက္ရသည္။
ဆတ္ခနဲ မ်က္လံုးကို ဖြင့္ၾကည့္မိလုိက္တာနဲ ့
ျမင္ကြင္းထဲတိုးဝင္လာသည္က အျဖဴေရာင္ ေပါင္မုန္ ႔လံုးေလး။
အိပ္ခ်င္ေနေသာ မ်က္လံုးေတြ ျပန္မွိတ္သြားသည္။
သူ ႔အိပ္ေနတဲ့ အိပ္ယာေပၚ ေပါင္မုန္႔ကဘာလို ႔ေရာက္ေနသလဲဆိုတာ ျပန္စဥ္းစားမိစဥ္..
Shit..
တဖန္ျပန္ဖြင့္လာေသာ မ်က္လံုးတို႔သည္ ျပဴး က်ယ္ဝိုင္းစက္လ်က္။
တရားခံေပါင္မုန္႔လံုးသည္ တစံုတစ္ေယာက္၏ ပါးမို ႔မို ႔။ အနီးကပ္ၾကည့္ေလ
အျဖဴ ေရာင္ မလိႈင္ခဲေလးလို ။ တခ်က္တခ်က္ အသက္ျပင္းျပင္းရူလိုက္တိုင္း လႈပ္ခါသြားေနေသးသည္။
ျဖဴ ဝင္းေသာ လက္ဖ်ံရုိးနဲ ့လက္ေမာင္းတို ႔သည္ မိမိရင္ဘတ္ေပၚမွာ ကန္႔လန္႔ျဖတ္။
Shit!
ေနာက္တႀကိမ္ေရ႐ြတ္မိျပန္သည္။
ဒါသူ ႔ရည္းစားေလး။
မေန႔ညကမွ ရခဲ့ေသာ ပူပူေႏြးေႏြးရည္းစား။ ပူျပင္းမူ ႔သည္ မီးဖိုေဘးကပ္ထိုင္ေနရသည့္နွယ္။ ပါးျပင္နွစ္ဖက္သည္ပါ ေလာင္ကြၽမ္းလာေလၿပီ။
ရွက္သည္။ ဒီအသက္အ႐ြယ္ေရာက္မွာ ကိုယ္ထိန္းခဲ့ရတဲ့ကေလးနဲ ့တဲ့။
ၿပီးေတာ့ ဒီပါးေတြ။
အႀကိမ္ႀကိမ္ အသည္းယားစြာ ဖက္နမ္းခဲ့ဖူးသည္။ ေခါင္းကို ျပန္တည့္ကာ လက္ထဲက ေစာင္စကို ဆြဲလ်က္ မ်က္နွာက်က္ကိုေမာ့ၾကည့္၏။ မ်က္နွာက်က္ဘာေရာင္လဲ ဆိုတာ သူ မသိ။
မၾကခင္က ခံစားထားခဲ့ေသာ
အိစက္ေသာ အထိအေတြ ႕ကို ျပန္စဥ္းစားမိစဥ္ မ်က္လံုးေတြက ဦးတည္ရာေျပာင္းခ်င္သြား၏။စိတ္မထိန္းနိုင္စြာ ေခါင္းကိုျဖည္းျဖည္းျခင္းျပန္လွည့္မိေတာ့ မိမိကို စူးစိုက္ၾကည့္ေနေသာ မ်က္လံုးေတာက္ေတာက္ေတြ။
Shit !
တတိယအႀကိမ္ေျမာက္ေအာ္သံက အျပင္သာ ထြက္လာခဲ့မယ္ဆိုရင္ ယခင္ေအာ္သံေတြထပ္ ပိုက်ယ္မယ္ထင္၏။
ခ်က္ျခင္းျပန္တည့္သြားေသာ ေခါင္းက ေနာက္တႀကိမ္ျပန္လွည့္ၾကည့္ဖို ႔စိတ္ကူးမရွိေတာ့။
ရင္ဘတ္ထဲမွာ ရထားတစင္းခုတ္ေမာင္းေနသလို ဆိုး႐ြားစြာ တုန္ခါေန၏။ မၾကည့္ရဲပါ။ ေဘဘီက အရင္လို ကေလးမဟုတ္ေတာ့ဘူး။ သူ႔ရဲ႕ရည္းစားျဖစ္ေနၿပီ။
ပထမဆံုး မနက္ခင္းသည္ မ်က္နွာမသစ္ရေသးေသာ အခ်ိန္မွာတဲ့လား။
တဖက္သို ႔လိမ္ေနေအာင္ေစာင္းေနမိစဥ္
အသက္ရူသံျပင္းျပင္းက လည္ပင္းမွာ လာထိေတြ႕၏။
"ခ်စ္ခ်စ္ "
ၾကက္သီးဖုေတြသည္ နားနားကပ္ေျပာလိုက္တဲ့ ၾသရွရွအသံေၾကာင့္ ဖ်င္းခနဲ ထလာ၏။
ရင္ဘတ္ေပၚမွာရွိေနတဲ့ လက္သည္ တင္းၾကပ္စြာ လရိပ္၏ ကိုယ္လံုးကို ဆြဲယူၿပီး ရင္ခြင္ထဲသြင္းသည္။
အေနထားသည္ မွားေနသလိုပင္။
အပ်ိဳျဖန္းေလးလုိရွက္ေနရမဲ့သူသည္
အနွီေပါက္စီလံုးကေလးသာ ျဖစ္သင့္သည္မို႔လား။
ထို ႔ေၾကာင့္ ဖက္ထားရာမွ ရုန္းကာ
ေဘဘီဖက္ကို ႔ျပန္လွည့္၏။
ျပဴ းၾကည့္ေနေသာ မ်က္လံုးေလးမ်ားသည္ သူလုပ္တာကို မႀကိဳက္တာလားဟု ေမးေနသေယာင္။
ခပ္ျမန္ျမန္ပင္ လႈပ္ရွားလိုက္သည္။
လည္ပင္းေအာက္ကိုလက္ထည့္ကာ
အနက္ေရာင္ ဆံပင္ရွည္ေတြရွိေသာ ေခါင္းကို သူ ႔ရင္ဘတ္ထဲျပန္ေျပာင္းထည့္ျခင္းျဖစ္၏။
ရယ္သံသဲ့သဲ့က သေဘာက်စြာထြက္လိုလာေပမဲ့ ဂရုမစိုက္မိ ။ မွန္ကန္ေသာ အေနထားသည္ ဒီပံုစံက မွအစစ္ပင္။
လက္ေမာင္းေပၚမွာ ဝဲက်ေနေသာ ဆံပင္ရွည္ေတြ လက္တဖက္နဲ ့ဆြဲ ကိုင္ေဆာ့ကစားေနမိသည္ထိ ဒီကေလး သက္ငယ္ေဝလံု ကဆံပင္ရွည္ေတြနဲ ့လိုက္ဖက္ေလသည္။
"ေဘဘီ က ဆံပင္ရွည္ေတြနဲ ့လိုက္တယ္။ "
" ဒါဆို လံုလံုကို အၿမဲခ်စ္မွာလား "
ကေလးတစ္ေယာက္လို ရင္ခြင္ထဲမွာေကြးေနတဲ့ ကိုယ္ထည္သည္ အရင္လို ၃နွစ္သားမဟုတ္ေတာ့သလို ေလသံေတြသည္လည္းအရင္လို ဆည္းလည္းသံေသးေသးမဟုတ္ေတာ့။
သို႔ေပမဲ့ ၾသရွေနေသာ အသံသည္ပင္ လရိပ္အသည္းနွလံုးကို ဆြဲကိုင္လႈပ္ခါသကဲ့သို ႔ ျဖစ္ေနသည္။
" မင္းေရာငါ့ကို တသက္လံုးခ်စ္မွာလား။
ေသခ်ာစဥ္းစားၾကည့္ရင္ မင္းကခုမွ ၁၉နွစ္ေတာင္မျပည့္ေသးဘူး။ၿပီးေတာ့ ရုပ္ကလည္းေခ်ာေသးတယ္။ ငါက အသက္ႀကီးေနၿပီ။ အဆိုေတာ္ျဖစ္တဲ့မင္းက ေနာင္တခ်ိန္ ငါ့ကိုၿငီးေငြ ႕ၿပီးထားခဲ့ရင္ ဘယ္လိုလုပ္မလဲ "
ေတြးၾကည့္မိတဲ့ေနာင္ေရးသည္ စိတ္မသက္မသာျဖစ္ေစ၏။ တကယ္လည္းေဘဘီက ႏုငယ္ေခ်ာေမာသူ။ ပစ္သြားမဲ့သူသည္ ေဘဘီသာျဖစ္ၿပီး သူကေတာ့ခ်န္ထားရစ္ခဲ့တဲ့အတိုင္းေနရဖို ႔မ်ားသည္။
ဆြဲဖက္ထားေသာ ခါးေပၚကလက္သည္
ၾကားေလမရွိေအာင္ထိ ဆြဲကပ္ကာ လရိပ္လည္ပင္းသားေတြကို ထိတယ္ဆိုရုံ နႈတ္ခမ္းဖ်ားနဲ ့လာထိသည္။
"ဘယ္ေတာ့မွ ထားခဲ့မဲ့သူက လံုလံု မျဖစ္ေစရဘူး။ အဲ့ဒါေတာ့ ခ်စ္ခ်စ္ယံုလိုက္ "
စစ္ခနဲျဖစ္သြားေသာ လည္ပင္းေပၚကအေရျပားေျပာင္း မ်က္လံုးအစံုသည္ ျပဴးက်ယ္လာ၏။
ဒီေကာင္ အတက္ေကာင္းေတြတက္ေနသည္။ ၿပီးေတာ့ first dateမွာေလ။
သူေတာ့ ေႁမြေပြး ကိုရင္ခြင္ထဲထည့္ဖက္မိေလသည္။
တစစ္စစ္နဲ ့၃ခ်က္ေလာက္ျဖစ္သြားၿပီးေနာက္ တုန္ရီစြာနဲ ့တားျမစ္လိုက္သည္။
"ေဘဘီ အဲ့ဒါေတြက ငါလုပ္ရမဲ့ဟာေတြ"
______
" က်န္တာေတြ ငါမေျပာလိုေပမဲ့ ဆယ္တန္းေအာင္ ေအာင္မေျဖထားတာေတာ့
အေတာ္ႀကီး ငါ့ကိုဝမ္းနည္းေစတယ္"
အနက္ေရာင္ ဆံသားေတြကို ၿဖီးသင္ရင္း
လရိပ္ မ်က္ရည္ဝဲလ်က္ေျပာေနမိသည္။
ေဝလံု ..သူ ႔ရဲ႕ သက္ငယ္ေဝလံုေလးဟာ ဆယ္တန္းေတာင္ မေက်ာ္လႊားနိုင္ခဲ့ဘူးတဲ့။ ဒါဟာ လရိပ္ကို အလြန္အမင္း
နာက်င္ေစပါသည္။
" လံုလံုေတာင္းပန္ပါတယ္ ခ်စ္ခ်စ္။"
ၾကည္လင္ေနေသာ မ်က္ဝန္းေတြမွာ သိမ္ငယ္အားငယ္မူ ႔ေတြကအတိုင္းသား။
ေအာက္မွာဆင္းထိုင္ေနေပမဲ့ လရိပ္၏ ရင္ဘတ္နားထိေရာက္ေနေသာ ေခါင္းကေလးကို ေထြးဖက္လိုက္၏။
" ဘာမွမျဖစ္ဘူး။ ဆယ္တန္းမေအာင္ေတာ့ဘာ ျဖစ္မွာလဲ မင္းမွာ တျခားေတာ္တာေတြရွိတာပဲ "
လက္ေမာင္းေတြကိုပြတ္ကာ စိတ္ေျပေအာင္ အားေပးစကား ေျပာမိသည္။
" လက္ထက္ရေအာင္ "
"ဟင္! "
"လက္ထက္ရေအာင္လို ႔။ "
"ခုမွ တြဲတာတစ္ရက္ပဲရွိေသးတယ္ေလ။"
"တစ္ရက္ရွိေသးရင္ လက္မထက္ရဘူးလို႔ဘယ္သူေျပာလဲ "
အတင္းျပန္ရုန္းကာ မတ္တပ္ရပ္သည္။
ၿပီးေတာ့ ဆိုဖာေပၚထိုင္ေနတဲ့ လရိပ္ေဘးကို အတင္းကပ္ထိုင္ကာ ပုခံုးေပၚကို ေခြေခါက္မွီႏြဲ ့ပစ္သည္။
"ေနာ္ "
ထပ္ေျပာလာတဲ့ ထိုစကားေၾကာင့္
လရိပ္အသံထြက္ေအာင္ရယ္မိသည္။
ဒီေကာင္ေလး ကေလးကစားစရာမ်ားထင္ေနသလား။
"မရယ္နဲ ့လို ႔အတည္ေျပာေနတာ ။
လက္ထက္မယ္ ။ ခ်စ္ခ်စ္နဲ ့လက္ထက္ခ်င္တယ္ "
" ငယ္ေသးတယ္ "
တခြန္းတည္းေသာ စကားသည္ တဖက္လူကို နႈတ္ခမ္းစူေစသည္။
မသိခ်င္ေယာင္ေဆာင္ကာ remote
ယူၿပီး TV ဖြင့္လိုက္သည္။
ဒါေပမဲ့ ဖြင့္တဲ့ထိမေရာက္လိုက္ပဲ ျပဳတ္က်သြားေသာ remoteက ၾကမ္းေပၚမွာ ပို ႔လို ႔ပက္လက္ ။
" အာ့ ! ေဘ..ေဘဘီ "
ဆြဲလွဲခံလိုက္ရသည္မို ႔ လရိပ္ ဆိုဖာ လက္ရမ္းေပၚမွာ ေခါင္းတင္ရက္အေနထားနဲ ့ ျဖစ္သြားသည္။ အေပၚမွာ အုပ္မိုးထားေသာ ေဘဘီသည္ စူးရဲစြာ လရိပ္ကို စိုက္ၾကည့္ေန၏။
ပူရွိန္းရဲေလာင္ေနေသာ မ်က္နွာေၾကာင့္ ေဘးကို ေခါင္းေစာင္းေတာ့ လံုးဝအေစာင္းမခံေပ။ ပါးျပင္နွစ္ဖက္ကို လက္နဲ ့ဆြဲညစ္ထားသည္ေၾကာင့္ နႈတ္ခမ္းတို ႔သည္ စုလံုးကာ အျပင္ကို စူထြက္ေန၏။
ဒါကိုပဲ ေဘဘီက အေသခ်ာလိုက္ၾကည့္ေနတာျဖစ္သည္။
လရိပ္ ေခြၽးေတြ ျပန္လာ၏။
နီးကပ္လာေသာ ေဘဘီမ်က္နွာသည္ ဘာကိုရည္ညႊန္းသလဲ သူမသိရေအာင္ထိ ထံုအ မေနေပ။
္မ်က္လံုးေတာက္ေတာက္ေလးေတြသည္ တစံုတခုကိုေလာဘတက္ေနေသာ ကေလးေလး တစ္ေယာက္လို ။ အိစက္တံုခါေနေသာ ပါးမို ႔မို ႔ကိုလည္းအနီးကပ္ျမင္ေနရသည္။
ၿပီးေတာ့ နီရဲေနေသာ နႈတ္ခမ္းကေလး ။ လႈပ္ခတ္သြားေသာ လည္ပင္းက အသီးငယ္ ။ ေဘဘီသည္ တကယ္လူေခ်ာေလးပင္။ သို ႔ေသာ္ ခ်စ္စရာမ်က္နွာသြင္ျပင္နွင့္ ခန္႔ညားၿပီးတဇြတ္ထိုးဆန္ေသာ
အျပဳ အမူေတြေပါင္းစပ္ထားေသာ လူဆိုးေလးျဖစ္ေနမွန္း လရိပ္ကိုယ္ေတြ ႕ႀကံဳ လိုက္ရေလၿပီ။
တျခားလူ၏ နႈတ္ခမ္းသည္ မိမိ၏ စူထြက္ေနေသာ နႈတ္ခမ္းလံုးကို အၿပီအျပင္ဝါးမ်ိဳ သြားေလ၏။
မ်က္လံုးအစံုသည္ ျပဴ းက်ယ္သြားသည္။
ေဘဘီ၏ ေမွးမွိတ္ထားေသာ မ်က္လံုးမ်ားသည္ လရိပ္၏ နႈတ္ခမ္းကိုသာ သက္ဝင္ခံစားေနတဲ့ ပံုစံျဖစ္သည္ကို အတိုင္းသားျမင္ေနသည္။
ရွက္႐ြံမူ ႔သည္ ေဘဘီ ရင္ဘတ္ကို ပင္ ေသခ်ာအားစိုက္ မတြန္းနိုင္ေတာ့ၿပီ။
ပထမဆံုးအေတြ ႕အထိ ။ ၿပီးေတာ့ပထမဆံုးအနမ္း။ အဲ့ဒါက ေဘဘီနဲ ့တဲ့။
ၿငိမ့္ခနဲ ျဖစ္သြားေသာ ရင္ခုန္သံနဲ ့အတူ
လရိပ္မွဴ းခိုင္၏ မ်က္လံုးေလးသည္ တေျဖးေျဖး ေမွးစက္သြား၏။
မ်က္နွာကို ဆြဲညစ္ထားတဲ့ လက္ေတြသည္ ေျပေလ်ာ့သြားၿပီးေနာက္ ေဘဘီ၏ လက္ဖဝါးသည္ လည္ပင္းကေန ပါးရုိးကို ဖြဖြေလးပြတ္သပ္ေပးလာသည္။
ထို ႔ေနာက္ ေမးဖ်ားက ေဘဘီလက္မေလးသည္ ေအာက္နွတ္ခမ္းကို အသာအယာ ဆြဲဖြင့္ကာ မသိမသာ တိုးဝင္လာေသာ လ်ွာသည္ လရိပ္ ခံတြင္း တခုလံုးကို လွည့္လည္ျမည္းစမ္းေန၏။
ိနႈတ္ခမ္းေတြ ထူပူေယာင္ရမ္းလာသည္အထိ ေဘဘီက လရိပ္ကို လႊတ္ေပးဖို ႔
လံုးဝမစဥ္းမိေသးပံု။
ပုခံုးကိုရုိက္ကာ အတင္းတြန္းလိုက္မိသည္။ မဝလင္ေသာ ေအာက္စီဂ်င္သည္ လရိပ္ကို မည္သည့္စကားမွမဆိုနိုင္ေတာ့သည္ထိ ျပတ္လပ္ခဲ့သည္။
လြန္လြန္းကဲလြန္း နာရီဝက္မကဘူး ေဘဘီ၏ သရဲမရဲစီးနမ္းမူ ႔ေၾကာင့္ စပ္ဖ်င္းေနေသာ နႈတ္ခမ္းေထာင့္ေတြကိုလဲ ခံစားမိေနသည္။
ဘုန္း!!
" ဒီေလာက္ နမ္းနိုင္ရသလား ။ ၾကည့္စမ္း
ငါ အသက္ရူရပ္ေတာ့မလို ႔ "
လက္ေမာင္းကိုရုိက္ကာ ဆူေသာ္လည္းေဘဘီအာရုံသည္ လရိပ္ဆီမွာမရွိ။
စူးစိုက္ကာအၾကည့္မလႊဲတဲ့ေနရာသည္
နီရဲ ဖူးျပည့္ေနသည့္ လရိပ္နႈတ္ခမ္းဆီကိုသာ။
" ဟာ! မင္း "
ေၾကာက္လန္ ႔တၾကားထထိုင္လိုက္ေသာ္လည္းမမွီေတာ့ ။ တြန္းလွဲခံလိုက္ရၿပီး
ေနာက္ အငမ္းမရ တဖက္လူ၏ စုပ္ယူခံလိုက္ရေသာ လရိပ္ပိုင္ဆိုင္ေသာ နႈတ္ခမ္းသည္ ျပဳတ္ထြက္သြားမတက္ ၾကမ္းတမ္းခံေနရသည္။
မတည္ၿငိမ္ေသာ သူငယ္အိမ္မ်ားက လရိပ္၏ ေၾကာက္လန္ ႔မူ ႔ကို ျပသေနသည္။
ထုကန္ တြန္းထိုးေသာ္လည္း ျပဳတ္တူကဲ့သို ႔ ညႇပ္ထားေသာ အားကစားလုပ္ေနၾက လက္ေမာင္းကို လရိပ္ မယွဥ္နိုင္ပါ။
" အာ့ ေဘဘီ ေတာ္ ..အြန္ ႔ ေတာ္ေတာ့ "
တဖက္ဖက္ရိုက္ေနမိေသာ လက္ဖ်ားထိပ္ေတြပင္ နာက်င္လာတဲ့အထိ ေဘဘီ အသိစိတ္ေပ်ာက္ေနသည္။
လရိပ္မ်က္လံုးေတြသည္ တျဖည္းျဖည္းျပဴးက်ယ္လာကာ မ်က္ရည္မ်ားသည္ မ်က္ဝန္းေထာင့္မွ စီးက် လာသည္။
သူလံုးဝမခံနိုင္ေတာ့။
ျပတ္လပ္ေတာ့မဲ့ ေအာက္စီဂ်င္နွင့္ သူ႔ျမင္လႊာသည္ ေမွာင္တလွည့္ လင္းတလွည့္ ။
အနမ္းခံရလို ႔ေသသည့္ မသာသည္ သူျဖစ္ေတာ့မွာလား ။ ရွက္စရာေကာင္းေလစြ။
ခြပ္!
နွဖူးျပင္သည္ နာက်င္လို ႔သြားသလို
တဖက္လူသည္လည္း လရိပ္မ်က္နွာနွင့္ေဝးကြာသြား၏။
" ေဘဘီ ! မင္းရူးေနတာလား ။ "
လရိပ္ေၾကာက္လန္ ႔တၾကားေအာ္လိုက္၏။
ေစာေစာ ကနီရဲေနေသာ ေဘဘီ့မ်က္သားေတြသည္ ေအာ္သံေၾကာင့္
အျဖဴ စြတ္စြတ္တိမ္စိုင္လို ျပန္ေျပာင္းသြားကာ အငမ္းမရ ေရွ ႔ကိုျပန္ကပ္လာသည္။
ထိုအမူအရာေၾကာင့္ လရိပ္ ေနာက္ကို ေၾကာက္အားလန္ ႔အား တိုးဆုတ္ပစ္၏။
ခုခ်ိန္မွာ သက္ငယ္ေဝလံုကို ဘီလူးတစ္ေကာင္ဟု ခံစားေနမိတာ သူ မမွား။
ဒါေပမဲ့ ထိုဘီလူးေကာင္သည္ မူယာမာယာ မ်ားတက္ေလသည္။
ဝိုင္းတက္လာေသာ အရည္ၾကည္မ်ားနွင့္အတူ မဲ့က်လာေသာ ပံုရိပ္က ငိုခ်ေတာ့မတက္။
လရိပ္မွဴ းခိုင္ စိတ္ညစ္သြား၏။
အနိုင္က်င့္ခံရသူသည္ သူမဟုတ္ဘူးလား။ မသိရင္ ေဘဘီက ထိပါး ေစာ္ကားခံရေသာ မိန္းငယ္ကေလးလိုလို။
လရိပ္ သက္ျပင္းခ်ကာ အၾကည့္လြဲလိုက္သည္။
သို ႔ေသာ္ တုန္ရီေနတဲ့ လက္တစ္စံုသည္ တဖက္လူ ကို လက္ကမ္းႀကိဳဆို ေနသည္။
တိုးကပ္လာေသာ ပံုရိပ္ ။ ကိုယ္ေပၚဖိထပ္လာေသာ အေလးခ်ိန္။
ရင္ဘတ္ကို တင္လာေသာ ေခါင္းမဲမဲနဲ ့ဆံပင္ရွည္ေတြ။ တသိမ့္သိမ့္ရႈိက္ငိုေနေသာ
ေက်ာျပင္။
ဘာေတြလဲ ။ ဘာေတြလဲ။
သက္ငယ္ေဝလံု လုပ္ခ်င္ရာလုပ္ၿပီး ငိုျပတိုင္းၿပီးသြားမယ္ထင္လား။
ခ်စ္တဲ့အိမ္စည္။
( အထိအေတြ ႕ပိုင္းကို ပိုင္နိုင္ေအာင္မေရးသားနိုင့္အတြက္ ေတာင္းပန္လိုက္ပါတယ္။ နယ္ဖက္ေတြမွာရွိတဲ့သူမ်ား ေပါတာသတိထားၾကပါ။ ခု မအိမ္စည္တို ႔မိသားစုေတာင္
ေတာထဲ ေျပးအိပ္ေနရတဲ့ အေျခေနပါ။
စိတ္ခ်လံုၿခံဳလို ႔စိတ္မပူၾကပါနဲ ့။)
နေရောင်ခြည်နွေးနွေးက မျက်နှာပေါ်ကို စူးရှစွာထိတွေ့ နေသည်မို့ မျက်နှာကို တဖက်သို့ စောင်းကာဖယ်ရှားမိသည်။
ခန္ဓာကိုယ်က အနေထားမမှန်ပဲလှုပ်ရှားမိတာနှင့်တပြိုင်နက် မိမိ၏ နှာခေါင်းဖျားသည် နုညံ့အိထွေးသော ထိတွေ့ မူ့ ကို ခံစားလိုက်ရသည်။
ဆတ်ခနဲ မျက်လုံးကို ဖွင့်ကြည့်မိလိုက်တာနဲ့
မြင်ကွင်းထဲတိုးဝင်လာသည်က အဖြူရောင် ပေါင်မုန့် လုံးလေး။
အိပ်ချင်နေသော မျက်လုံးတွေ ပြန်မှိတ်သွားသည်။
သူ့ အိပ်နေတဲ့ အိပ်ယာပေါ် ပေါင်မုန့်ကဘာလို့ ရောက်နေသလဲဆိုတာ ပြန်စဉ်းစားမိစဉ်..
Shit..
တဖန်ပြန်ဖွင့်လာသော မျက်လုံးတို့သည် ပြူး ကျယ်ဝိုင်းစက်လျက်။
တရားခံပေါင်မုန့်လုံးသည် တစုံတစ်ယောက်၏ ပါးမို့ မို့ ။ အနီးကပ်ကြည့်လေ
အဖြူ ရောင် မလှိုင်ခဲလေးလို ။ တချက်တချက် အသက်ပြင်းပြင်းရူလိုက်တိုင်း လှုပ်ခါသွားနေသေးသည်။
ဖြူ ဝင်းသော လက်ဖျံရိုးနဲ့ လက်မောင်းတို့ သည် မိမိရင်ဘတ်ပေါ်မှာ ကန့်လန့်ဖြတ်။
Shit!
နောက်တကြိမ်ရေရွတ်မိပြန်သည်။
ဒါသူ့ ရည်းစားလေး။
မနေ့ညကမှ ရခဲ့သော ပူပူနွေးနွေးရည်းစား။ ပူပြင်းမူ့ သည် မီးဖိုဘေးကပ်ထိုင်နေရသည့်နှယ်။ ပါးပြင်နှစ်ဖက်သည်ပါ လောင်ကျွမ်းလာလေပြီ။
ရှက်သည်။ ဒီအသက်အရွယ်ရောက်မှာ ကိုယ်ထိန်းခဲ့ရတဲ့ကလေးနဲ့ တဲ့။
ပြီးတော့ ဒီပါးတွေ။
အကြိမ်ကြိမ် အသည်းယားစွာ ဖက်နမ်းခဲ့ဖူးသည်။ ခေါင်းကို ပြန်တည့်ကာ လက်ထဲက စောင်စကို ဆွဲလျက် မျက်နှာကျက်ကိုမော့ကြည့်၏။ မျက်နှာကျက်ဘာရောင်လဲ ဆိုတာ သူ မသိ။
မကြခင်က ခံစားထားခဲ့သော
အိစက်သော အထိအတွေ့ ကို ပြန်စဉ်းစားမိစဉ် မျက်လုံးတွေက ဦးတည်ရာပြောင်းချင်သွား၏။စိတ်မထိန်းနိုင်စွာ ခေါင်းကိုဖြည်းဖြည်းခြင်းပြန်လှည့်မိတော့ မိမိကို စူးစိုက်ကြည့်နေသော မျက်လုံးတောက်တောက်တွေ။
Shit !
တတိယအကြိမ်မြောက်အော်သံက အပြင်သာ ထွက်လာခဲ့မယ်ဆိုရင် ယခင်အော်သံတွေထပ် ပိုကျယ်မယ်ထင်၏။
ချက်ခြင်းပြန်တည့်သွားသော ခေါင်းက နောက်တကြိမ်ပြန်လှည့်ကြည့်ဖို့ စိတ်ကူးမရှိတော့။
ရင်ဘတ်ထဲမှာ ရထားတစင်းခုတ်မောင်းနေသလို ဆိုးရွားစွာ တုန်ခါနေ၏။ မကြည့်ရဲပါ။ ဘေဘီက အရင်လို ကလေးမဟုတ်တော့ဘူး။ သူ့ရဲ့ရည်းစားဖြစ်နေပြီ။
ပထမဆုံး မနက်ခင်းသည် မျက်နှာမသစ်ရသေးသော အချိန်မှာတဲ့လား။
တဖက်သို့ လိမ်နေအောင်စောင်းနေမိစဉ်
အသက်ရူသံပြင်းပြင်းက လည်ပင်းမှာ လာထိတွေ့၏။
"ချစ်ချစ် "
ကြက်သီးဖုတွေသည် နားနားကပ်ပြောလိုက်တဲ့ သြရှရှအသံကြောင့် ဖျင်းခနဲ ထလာ၏။
ရင်ဘတ်ပေါ်မှာရှိနေတဲ့ လက်သည် တင်းကြပ်စွာ လရိပ်၏ ကိုယ်လုံးကို ဆွဲယူပြီး ရင်ခွင်ထဲသွင်းသည်။
အနေထားသည် မှားနေသလိုပင်။
အပျိုဖြန်းလေးလိုရှက်နေရမဲ့သူသည်
အနှီပေါက်စီလုံးကလေးသာ ဖြစ်သင့်သည်မို့လား။
ထို့ ကြောင့် ဖက်ထားရာမှ ရုန်းကာ
ဘေဘီဖက်ကို့ပြန်လှည့်၏။
ပြူးကြည့်နေသော မျက်လုံးလေးများသည် သူလုပ်တာကို မကြိုက်တာလားဟု မေးနေသယောင်။
ခပ်မြန်မြန်ပင် လှုပ်ရှားလိုက်သည်။
လည်ပင်းအောက်ကိုလက်ထည့်ကာ
အနက်ရောင် ဆံပင်ရှည်တွေရှိသော ခေါင်းကို သူ့ ရင်ဘတ်ထဲပြန်ပြောင်းထည့်ခြင်းဖြစ်၏။
ရယ်သံသဲ့သဲ့က သဘောကျစွာထွက်လိုလာပေမဲ့ ဂရုမစိုက်မိ ။ မှန်ကန်သော အနေထားသည် ဒီပုံစံက မှအစစ်ပင်။
လက်မောင်းပေါ်မှာ ဝဲကျနေသော ဆံပင်ရှည်တွေ လက်တဖက်နဲ့ ဆွဲ ကိုင်ဆော့ကစားနေမိသည်ထိ ဒီကလေး သက်ငယ်ဝေလုံ ကဆံပင်ရှည်တွေနဲ့ လိုက်ဖက်လေသည်။
"ဘေဘီ က ဆံပင်ရှည်တွေနဲ့ လိုက်တယ်။ "
" ဒါဆို လုံလုံကို အမြဲချစ်မှာလား "
ကလေးတစ်ယောက်လို ရင်ခွင်ထဲမှာကွေးနေတဲ့ ကိုယ်ထည်သည် အရင်လို ၃နှစ်သားမဟုတ်တော့သလို လေသံတွေသည်လည်းအရင်လို ဆည်းလည်းသံသေးသေးမဟုတ်တော့။
သို့ပေမဲ့ သြရှနေသော အသံသည်ပင် လရိပ်အသည်းနှလုံးကို ဆွဲကိုင်လှုပ်ခါသကဲ့သို့ ဖြစ်နေသည်။
" မင်းရောငါ့ကို တသက်လုံးချစ်မှာလား။
သေချာစဉ်းစားကြည့်ရင် မင်းကခုမှ ၁၉နှစ်တောင်မပြည့်သေးဘူး။ပြီးတော့ ရုပ်ကလည်းချောသေးတယ်။ ငါက အသက်ကြီးနေပြီ။ အဆိုတော်ဖြစ်တဲ့မင်းက နောင်တချိန် ငါ့ကိုငြီးငွေ့ ပြီးထားခဲ့ရင် ဘယ်လိုလုပ်မလဲ "
တွေးကြည့်မိတဲ့နောင်ရေးသည် စိတ်မသက်မသာဖြစ်စေ၏။ တကယ်လည်းဘေဘီက နုငယ်ချောမောသူ။ ပစ်သွားမဲ့သူသည် ဘေဘီသာဖြစ်ပြီး သူကတော့ချန်ထားရစ်ခဲ့တဲ့အတိုင်းနေရဖို့ များသည်။
ဆွဲဖက်ထားသော ခါးပေါ်ကလက်သည်
ကြားလေမရှိအောင်ထိ ဆွဲကပ်ကာ လရိပ်လည်ပင်းသားတွေကို ထိတယ်ဆိုရုံ နှုတ်ခမ်းဖျားနဲ့ လာထိသည်။
"ဘယ်တော့မှ ထားခဲ့မဲ့သူက လုံလုံ မဖြစ်စေရဘူး။ အဲ့ဒါတော့ ချစ်ချစ်ယုံလိုက် "
စစ်ခနဲဖြစ်သွားသော လည်ပင်းပေါ်ကအရေပြားပြောင်း မျက်လုံးအစုံသည် ပြူးကျယ်လာ၏။
ဒီကောင် အတက်ကောင်းတွေတက်နေသည်။ ပြီးတော့ first dateမှာလေ။
သူတော့ မြွေပွေး ကိုရင်ခွင်ထဲထည့်ဖက်မိလေသည်။
တစစ်စစ်နဲ့ ၃ချက်လောက်ဖြစ်သွားပြီးနောက် တုန်ရီစွာနဲ့ တားမြစ်လိုက်သည်။
"ဘေဘီ အဲ့ဒါတွေက ငါလုပ်ရမဲ့ဟာတွေ"
______
" ကျန်တာတွေ ငါမပြောလိုပေမဲ့ ဆယ်တန်းအောင် အောင်မဖြေထားတာတော့
အတော်ကြီး ငါ့ကိုဝမ်းနည်းစေတယ်"
အနက်ရောင် ဆံသားတွေကို ဖြီးသင်ရင်း
လရိပ် မျက်ရည်ဝဲလျက်ပြောနေမိသည်။
ဝေလုံ ..သူ့ ရဲ့ သက်ငယ်ဝေလုံလေးဟာ ဆယ်တန်းတောင် မကျော်လွှားနိုင်ခဲ့ဘူးတဲ့။ ဒါဟာ လရိပ်ကို အလွန်အမင်း
နာကျင်စေပါသည်။
" လုံလုံတောင်းပန်ပါတယ် ချစ်ချစ်။"
ကြည်လင်နေသော မျက်ဝန်းတွေမှာ သိမ်ငယ်အားငယ်မူ့ တွေကအတိုင်းသား။
အောက်မှာဆင်းထိုင်နေပေမဲ့ လရိပ်၏ ရင်ဘတ်နားထိရောက်နေသော ခေါင်းကလေးကို ထွေးဖက်လိုက်၏။
" ဘာမှမဖြစ်ဘူး။ ဆယ်တန်းမအောင်တော့ဘာ ဖြစ်မှာလဲ မင်းမှာ တခြားတော်တာတွေရှိတာပဲ "
လက်မောင်းတွေကိုပွတ်ကာ စိတ်ပြေအောင် အားပေးစကား ပြောမိသည်။
" လက်ထက်ရအောင် "
"ဟင်! "
"လက်ထက်ရအောင်လို့ ။ "
"ခုမှ တွဲတာတစ်ရက်ပဲရှိသေးတယ်လေ။"
"တစ်ရက်ရှိသေးရင် လက်မထက်ရဘူးလို့ဘယ်သူပြောလဲ "
အတင်းပြန်ရုန်းကာ မတ်တပ်ရပ်သည်။
ပြီးတော့ ဆိုဖာပေါ်ထိုင်နေတဲ့ လရိပ်ဘေးကို အတင်းကပ်ထိုင်ကာ ပုခုံးပေါ်ကို ခွေခေါက်မှီနွဲ့ ပစ်သည်။
"နော် "
ထပ်ပြောလာတဲ့ ထိုစကားကြောင့်
လရိပ်အသံထွက်အောင်ရယ်မိသည်။
ဒီကောင်လေး ကလေးကစားစရာများထင်နေသလား။
"မရယ်နဲ့ လို့ အတည်ပြောနေတာ ။
လက်ထက်မယ် ။ ချစ်ချစ်နဲ့ လက်ထက်ချင်တယ် "
" ငယ်သေးတယ် "
တခွန်းတည်းသော စကားသည် တဖက်လူကို နှုတ်ခမ်းစူစေသည်။
မသိချင်ယောင်ဆောင်ကာ remote
ယူပြီး TV ဖွင့်လိုက်သည်။
ဒါပေမဲ့ ဖွင့်တဲ့ထိမရောက်လိုက်ပဲ ပြုတ်ကျသွားသော remoteက ကြမ်းပေါ်မှာ ပို့ လို့ ပက်လက် ။
" အာ့ ! ဘေ..ဘေဘီ "
ဆွဲလှဲခံလိုက်ရသည်မို့ လရိပ် ဆိုဖာ လက်ရမ်းပေါ်မှာ ခေါင်းတင်ရက်အနေထားနဲ့ ဖြစ်သွားသည်။ အပေါ်မှာ အုပ်မိုးထားသော ဘေဘီသည် စူးရဲစွာ လရိပ်ကို စိုက်ကြည့်နေ၏။
ပူရှိန်းရဲလောင်နေသော မျက်နှာကြောင့် ဘေးကို ခေါင်းစောင်းတော့ လုံးဝအစောင်းမခံပေ။ ပါးပြင်နှစ်ဖက်ကို လက်နဲ့ ဆွဲညစ်ထားသည်ကြောင့် နှုတ်ခမ်းတို့ သည် စုလုံးကာ အပြင်ကို စူထွက်နေ၏။
ဒါကိုပဲ ဘေဘီက အသေချာလိုက်ကြည့်နေတာဖြစ်သည်။
လရိပ် ချွေးတွေ ပြန်လာ၏။
နီးကပ်လာသော ဘေဘီမျက်နှာသည် ဘာကိုရည်ညွှန်းသလဲ သူမသိရအောင်ထိ ထုံအ မနေပေ။
်မျက်လုံးတောက်တောက်လေးတွေသည် တစုံတခုကိုလောဘတက်နေသော ကလေးလေး တစ်ယောက်လို ။ အိစက်တုံခါနေသော ပါးမို့ မို့ ကိုလည်းအနီးကပ်မြင်နေရသည်။
ပြီးတော့ နီရဲနေသော နှုတ်ခမ်းကလေး ။ လှုပ်ခတ်သွားသော လည်ပင်းက အသီးငယ် ။ ဘေဘီသည် တကယ်လူချောလေးပင်။ သို့ သော် ချစ်စရာမျက်နှာသွင်ပြင်နှင့် ခန့်ညားပြီးတဇွတ်ထိုးဆန်သော
အပြု အမူတွေပေါင်းစပ်ထားသော လူဆိုးလေးဖြစ်နေမှန်း လရိပ်ကိုယ်တွေ့ ကြုံ လိုက်ရလေပြီ။
တခြားလူ၏ နှုတ်ခမ်းသည် မိမိ၏ စူထွက်နေသော နှုတ်ခမ်းလုံးကို အပြီအပြင်ဝါးမျို သွားလေ၏။
မျက်လုံးအစုံသည် ပြူးကျယ်သွားသည်။
ဘေဘီ၏ မှေးမှိတ်ထားသော မျက်လုံးများသည် လရိပ်၏ နှုတ်ခမ်းကိုသာ သက်ဝင်ခံစားနေတဲ့ ပုံစံဖြစ်သည်ကို အတိုင်းသားမြင်နေသည်။
ရှက်ရွံမူ့ သည် ဘေဘီ ရင်ဘတ်ကို ပင် သေချာအားစိုက် မတွန်းနိုင်တော့ပြီ။
ပထမဆုံးအတွေ့ အထိ ။ ပြီးတော့ပထမဆုံးအနမ်း။ အဲ့ဒါက ဘေဘီနဲ့ တဲ့။
ငြိမ့်ခနဲ ဖြစ်သွားသော ရင်ခုန်သံနဲ့ အတူ
လရိပ်မှူးခိုင်၏ မျက်လုံးလေးသည် တဖြေးဖြေး မှေးစက်သွား၏။
မျက်နှာကို ဆွဲညစ်ထားတဲ့ လက်တွေသည် ပြေလျော့သွားပြီးနောက် ဘေဘီ၏ လက်ဖဝါးသည် လည်ပင်းကနေ ပါးရိုးကို ဖွဖွလေးပွတ်သပ်ပေးလာသည်။
ထို့ နောက် မေးဖျားက ဘေဘီလက်မလေးသည် အောက်နှတ်ခမ်းကို အသာအယာ ဆွဲဖွင့်ကာ မသိမသာ တိုးဝင်လာသော လျှာသည် လရိပ် ခံတွင်း တခုလုံးကို လှည့်လည်မြည်းစမ်းနေ၏။
ိနှုတ်ခမ်းတွေ ထူပူယောင်ရမ်းလာသည်အထိ ဘေဘီက လရိပ်ကို လွှတ်ပေးဖို့
လုံးဝမစဉ်းမိသေးပုံ။
ပုခုံးကိုရိုက်ကာ အတင်းတွန်းလိုက်မိသည်။ မဝလင်သော အောက်စီဂျင်သည် လရိပ်ကို မည်သည့်စကားမှမဆိုနိုင်တော့သည်ထိ ပြတ်လပ်ခဲ့သည်။
လွန်လွန်းကဲလွန်း နာရီဝက်မကဘူး ဘေဘီ၏ သရဲမရဲစီးနမ်းမူ့ ကြောင့် စပ်ဖျင်းနေသော နှုတ်ခမ်းထောင့်တွေကိုလဲ ခံစားမိနေသည်။
ဘုန်း!!
" ဒီလောက် နမ်းနိုင်ရသလား ။ ကြည့်စမ်း
ငါ အသက်ရူရပ်တော့မလို့ "
လက်မောင်းကိုရိုက်ကာ ဆူသော်လည်းဘေဘီအာရုံသည် လရိပ်ဆီမှာမရှိ။
စူးစိုက်ကာအကြည့်မလွှဲတဲ့နေရာသည်
နီရဲ ဖူးပြည့်နေသည့် လရိပ်နှုတ်ခမ်းဆီကိုသာ။
" ဟာ! မင်း "
ကြောက်လန့် တကြားထထိုင်လိုက်သော်လည်းမမှီတော့ ။ တွန်းလှဲခံလိုက်ရပြီး
နောက် အငမ်းမရ တဖက်လူ၏ စုပ်ယူခံလိုက်ရသော လရိပ်ပိုင်ဆိုင်သော နှုတ်ခမ်းသည် ပြုတ်ထွက်သွားမတက် ကြမ်းတမ်းခံနေရသည်။
မတည်ငြိမ်သော သူငယ်အိမ်များက လရိပ်၏ ကြောက်လန့် မူ့ ကို ပြသနေသည်။
ထုကန် တွန်းထိုးသော်လည်း ပြုတ်တူကဲ့သို့ ညှပ်ထားသော အားကစားလုပ်နေကြ လက်မောင်းကို လရိပ် မယှဉ်နိုင်ပါ။
" အာ့ ဘေဘီ တော် ..အွန့် တော်တော့ "
တဖက်ဖက်ရိုက်နေမိသော လက်ဖျားထိပ်တွေပင် နာကျင်လာတဲ့အထိ ဘေဘီ အသိစိတ်ပျောက်နေသည်။
လရိပ်မျက်လုံးတွေသည် တဖြည်းဖြည်းပြူးကျယ်လာကာ မျက်ရည်များသည် မျက်ဝန်းထောင့်မှ စီးကျ လာသည်။
သူလုံးဝမခံနိုင်တော့။
ပြတ်လပ်တော့မဲ့ အောက်စီဂျင်နှင့် သူ့မြင်လွှာသည် မှောင်တလှည့် လင်းတလှည့် ။
အနမ်းခံရလို့ သေသည့် မသာသည် သူဖြစ်တော့မှာလား ။ ရှက်စရာကောင်းလေစွ။
ခွပ်!
နှဖူးပြင်သည် နာကျင်လို့ သွားသလို
တဖက်လူသည်လည်း လရိပ်မျက်နှာနှင့်ဝေးကွာသွား၏။
" ဘေဘီ ! မင်းရူးနေတာလား ။ "
လရိပ်ကြောက်လန့် တကြားအော်လိုက်၏။
စောစော ကနီရဲနေသော ဘေဘီ့မျက်သားတွေသည် အော်သံကြောင့်
အဖြူ စွတ်စွတ်တိမ်စိုင်လို ပြန်ပြောင်းသွားကာ အငမ်းမရ ရှေ့ ကိုပြန်ကပ်လာသည်။
ထိုအမူအရာကြောင့် လရိပ် နောက်ကို ကြောက်အားလန့် အား တိုးဆုတ်ပစ်၏။
ခုချိန်မှာ သက်ငယ်ဝေလုံကို ဘီလူးတစ်ကောင်ဟု ခံစားနေမိတာ သူ မမှား။
ဒါပေမဲ့ ထိုဘီလူးကောင်သည် မူယာမာယာ များတက်လေသည်။
ဝိုင်းတက်လာသော အရည်ကြည်များနှင့်အတူ မဲ့ကျလာသော ပုံရိပ်က ငိုချတော့မတက်။
လရိပ်မှူးခိုင် စိတ်ညစ်သွား၏။
အနိုင်ကျင့်ခံရသူသည် သူမဟုတ်ဘူးလား။ မသိရင် ဘေဘီက ထိပါး စော်ကားခံရသော မိန်းငယ်ကလေးလိုလို။
လရိပ် သက်ပြင်းချကာ အကြည့်လွဲလိုက်သည်။
သို့ သော် တုန်ရီနေတဲ့ လက်တစ်စုံသည် တဖက်လူ ကို လက်ကမ်းကြိုဆို နေသည်။
တိုးကပ်လာသော ပုံရိပ် ။ ကိုယ်ပေါ်ဖိထပ်လာသော အလေးချိန်။
ရင်ဘတ်ကို တင်လာသော ခေါင်းမဲမဲနဲ့ ဆံပင်ရှည်တွေ။ တသိမ့်သိမ့်ရှိုက်ငိုနေသော
ကျောပြင်။
ဘာတွေလဲ ။ ဘာတွေလဲ။
သက်ငယ်ဝေလုံ လုပ်ချင်ရာလုပ်ပြီး ငိုပြတိုင်းပြီးသွားမယ်ထင်လား။
ချစ်တဲ့အိမ်စည်။
( အထိအတွေ့ ပိုင်းကို ပိုင်နိုင်အောင်မရေးသားနိုင့်အတွက် တောင်းပန်လိုက်ပါတယ်။ နယ်ဖက်တွေမှာရှိတဲ့သူများ ပေါတာသတိထားကြပါ။ ခု မအိမ်စည်တို့ မိသားစုတောင်
တောထဲ ပြေးအိပ်နေရတဲ့ အခြေနေပါ။
စိတ်ချလုံခြုံလို့ စိတ်မပူကြပါနဲ့ ။)
Bạn đang đọc truyện trên: ZingTruyen.Xyz