ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

30

eainsi23

တခ်က္ ခ်က္ ျမည္ေနသံက နားထဲမွာ က်ယ္ေလာင္စြာ ၾကားေနရသည္။
မူးမိုက္ေနတဲ့ ေဝသနာက မ်က္လံုးမွိတ္ထားတာေတာင္ ခံစားေနရတုန္း။
ေနာက္ဆံုး ျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းကို
ျပန္စဥ္းစားမိေတာ့ မ်က္ရည္က မွိတ္ထားဆဲ မ်က္ဝန္းအိမ္ထဲကေနေတာင္ လ်ံၾကသည္။ သူ ..ဘာလို ႔မ်ားေသဆံုးမသြားေသးတာလဲ။

" နိုးေနပီ ဆို ထေတာ့ ။ ခင္ဗ်ားအတြက္
ေဆးနဲ ့ အစားအေသာက္ေတြဝယ္ေပးထားခဲ့တယ္။ ကြၽန္ေတာ္ျပန္ေတာ့မယ္ "

" Moon "

တိုးေဖ်ာ့တဲ့ အသံသဲ့သဲ့ က ေဝလံုရဲ႕ေျခလွမ္းေတြကိုရပ္တန္ ႔ေစသည္ ။
ၿပီးေတာ့ သူ ႔လက္ေတြကို လာေရာက္ စုတ္ကိုင္ထားေသာ လက္ေခ်ာင္းသြယ္သြယ္ေလးေတြ။ ကုတင္ေဘးမွာ Moonက ေက်ာခိုင္းထားလ်က္ရွိေနေပမဲ့ လွည့္ေတာ့မၾကည့္ျဖစ္ပါ။

"ဘာေျပာစရာရွိေသးလို႔လဲ "

ျပတ္သားစြာMoonဆိုလိုက္မိသည္။
ထိေတြးထားတဲ့ လက္ေခ်ာင္းေတြရဲ႕ တုန္ရီစြာ လႈပ္ရွားေနတာကိုလည္း Moon သိေနတယ္။ မသနားခ်င္ေတာ့ဘူး။
ၾကာရင္ ပိုၿပီး နာက်င္ရမွာ သူမဟုတ္ဘူးလား။ ဒီ အမ်ိဳးသားနဲ ့ပတ္သတ္ရင္ သူက
တေလာကလံုးကို ေက်ာခိုင္းရဲတဲ့အထိ သေဘာက်မိေပမဲ့ က်စ္! မေတြးေတာ့နဲ ့
သက္ငယ္ေဝလံု။

စုတ္ျပတ္သတ္ေနတဲ့ အေတြးလႊာေတြကိုေမာင္းထုတ္ရင္း ျမင္ကြင္းကို မ်က္နွာက်က္ကိုေမာ့ေငးရင္းဖယ္ထုတ္ေနမိသည္။

"မသြားပါနဲ ့"

အံႀကိတ္လိုက္မိတာ တင္းခနဲ။
မ်က္ရည္တေပါက္က ထိန္းထားရက္နဲ ့
ီစီးက်လာေသးသည္။

" ဘာေၾကာင့္လဲ လရိပ္မွဴးခိုင္၊ ခင္ဗ်ားမခ်စ္နိုင္ဘူးဆိုတဲ့သူကို ဘာေၾကာင့္ ဆြဲထားဖို ႔ႀကိဳးစားေနရတာလဲ။ ေဝးေလေကာင္းေလပဲမို႔လား။ နီးေနရင္ ပိုတိုးလာမဲ့ ကြၽန္ေတာ္စိတ္အေၾကာင္းခင္ဗ်ားသိတာပဲ "

"ငါမသိဘူးဒါေပမဲ့ မင္းမသြားရဘူး "

"အတၱႀကီးလိုက္တာ.."

နာက်ည္းစြာထြက္လာတဲ့ Moonအသံသည္လရိပ္ရဲ႕ နွလံုးသားဖဲ့ေျခလိုက္သလိုပင္။
ဒါေပမဲ့ ဆြဲထားတဲ့ လက္ကိုေတာ့ျဖဳတ္မေပးမိခဲ့။ ဒီတခါေဝးသြားရင္ လံုလံုနဲ ့ဘယ္ေတာ့မွေတြ ႕ရေတာ့မွာမဟုတ္ဘူးဆိုတာလရိပ္သိေနတယ္။

" မသြားပါနဲ ့ေဘဘီ ..ေတာင္း..ေတာင္းပန္ပါတယ္။ မထားခဲ့ပါနဲ ့ေနာ္"

" ခ်စ္လား..ခင္ဗ်ား ကြၽန္ေတာ့္ကို ခ်စ္နိုင္ရဲ႕လား "

".."

ေဘဘီစကားေတြကို လရိပ္မေျဖေပးနိုင္ခဲ့။ အခ်စ္ဆိုတာ ဘာလဲ။ ဒီအသက္အ႐ြယ္ေရာက္ေနျပီ ။ ဖို၊မ ဆက္ဆံေရးအေၾကာင္းေတာင္ ေဘဘီစိတ္နဲ ့လရိပ္ မရင္းနွီးခဲ့ေပ။

"ဟက္! မေျဖနိုင္ဘူးမို႔လား။ ခင္ဗ်ားအတြက္ nurse တစ္ေယာက္ လႊတ္ေပးလိုက္မယ္။ ထပ္လာမရွာပါနဲ ့ေတာ့ လရိပ္မွဴ းခိုင္ ။
အမုန္းနဲ ့လမ္းခြဲတာမဟုတ္ေပမဲ့ ခင္ဗ်ားနဲ ့ကြၽန္ေတာ့္ရဲ႕ သံေယာဇဥ္ေတြက ဒီေန႔ကစၿပီး ပတ္သတ္စရာမရွိေအာင္ ပ်က္စီးသြားၿပီ "

ဆြဲျဖဳတ္ပစ္ခံလိုက္ရေသာ လက္ကေလး။
ထြက္ခြာသြားတဲ့ ေက်ာျပင္က်ယ္ ။
ကမၻာတျခမ္းၿပိဳ ၾကသြားတဲ့ လရိပ္မွဴ းခိုင္။

မ်က္ရည္စက္လက္နဲ ့ အရူးတေယာက္လို
ကုတင္ေပၚကေန ထ ေတာ့ မူးခနဲ ျဖစ္သြားေသာ ေခါင္းနွင့္ တခ်က္တခ်က္
ေဝ့ဝါးေနေသာျမင္ကြင္းေတြနဲ႔ မ်က္လံုးေတြက ၿပိဳးခနဲလက္ခနဲ ။

"ဟင့္အင္ ငါလက္မခံဘူး။ ေဘဘီ မသြားပါနဲ ့။ ခ်စ္ခ်စ္ကို မထားခဲ့ပါနဲ ့။ "

ေလးတြဲ႕ေနေသာ ေျခေထာက္ကို တ႐ြတ္စြာကာ ေအာ္ဟစ္ကာ ေျပးလိုက္၏။
ျမင္လႊာထဲမွာ နွစ္ေယာက္သံုးေယာက္ျမင္ေနရတဲ့ ပံုရိပ္ေတြေၾကာင့္လူကရူးေတာ့မလိုပင္။ ဘယ္မွာလဲ သူေဘဘီက။ Moonအစစ္က ဘယ္သူလဲ။

"မသြားပါနဲ ့ "

ေႏြးေထြးတဲ့ ေက်ာျပင္ကို ပါးအပ္လို ႔ထပ္ခါထပ္ခါ ေျပာေနမိတဲ့စကား။
ေတာင့္မတ္သြားတဲ့ ေက်ာျပင္က ဒီတခါ လရိပ္ကိုတြန္းမထုတ္ေတာ့ေပ။

"မသြားပါနဲ ့"

"ခ်စ္လား "

ထပ္ထြက္လာေသာ စကားသည္
ထိုစကားေပမဲ့ ျငင္းဆိုမူ ႔ကိုမျပဳနိုင္ေတာ့ၿပီမို ႔ မ်က္ရည္မ်ားနွင့္ ေခါင္းကို တဆ တ္တဆတ္ ညိမ့္ျပမိသည္။

ဆယ္ေပါင္တူနဲ ့ထုခံလိုက္ရသလို ခံစားခ်က္ က ငယ္ထိပ္တည့္တည့္ မွာ ျဖစ္ေပၚေနသည္။ တလွပ္လွပ္ျဖစ္ေနေသာ ရင္ဘတ္က
အားကုန္သံုးလိုက္ရေတာ့ ေပ်ာ့ေခြက်စ ျပဳလာပီ။ သို႔ေပမဲ့ ယိုင္လဲမသြားေအာင္ ခါးကို အတင္းတိုးဖက္ကာ

" ခ်စ္ပါတယ္ ။ ခ်စ္ခ်စ္ေဘဘီကို ခ်စ္ပါတယ္။ မထား..ခဲ့ပါနဲ ့ေတာ့ေနာ္။ ထားမ..သြားပါနဲ.. ေတာ့ "

တအိအိ ၿပိဳဆင္းသြားတဲ့ သူ ႔ကိုယ္လံုးသည္ ထပ္မံ၍ အ ေမွာင္ထုထဲသို ႔က်ေရာက္သြားျပန္၏။ ဖားဖိုကဲ့သို ႔ျမင့္ေမာက္ေနေသာ အသက္ရူ နႈန္းေတြနဲ ့ လရိပ္သည္ တျဖည္းျဖည္းၿငိမ္က်သြား၏။
ေထြးဖက္လိုက္တဲ့ အေႏြးဓာတ္နဲ ့
ေမႊးပ်ံ ့တဲ့ ကိုယ္သင္းနံ ့ကိုရပီးမၾကာဘူး
စိတ္ခ်စိတ္နဲ ့ေလာကႀကီးနဲ ့အဆက္အ
သြယ္ လံုးဝပ်က္ေတာက္သြားေလ၏။

_______

" ေဘဘီ မသြားပါနဲ ့"

အိပ္ေပ်ာ္ေနရင္းနဲ ့စီးက်လာတဲ့ မ်က္ရည္စီးေၾကာင္းနဲ ့အတူ ညီးညဴးသံသဲ့သဲ့ ေၾကာင့္ ဆုပ္ကိုင္ထားတဲ့ လက္ေတြကိုတင္းၾကပ္ေအာင္ ေထြးဆုပ္ၿပီး ခပ္တိုးတိုးအသိေပးလိုက္သည္။

" လံုလံု ရွိေနတယ္။ စိတ္ခ်လက္ခ် အိပ္ပါ "

မ်က္ရည္စ ေလးေတြကို လက္မနဲ ့ညင္သာစြာထိေတြ ႕ဖယ္ရွာေပးရင္း မရပ္တန္႔မိတဲ့ အၿပံဳးေႏြးေႏြးက Moonမ်က္နွာမွာ ၆နာရီမကဘူးရွိေနေလၿပီ။ ခ်စ္ခ်စ္က ခ်စ္တယ္တဲ့။

"ဟက္ ! "

ေတြးမိတိုင္း ရယ္မိေလပဲ။
ေနာက္ဆံုးေတာ့ ဒီလူ က သူအပိုင္ဆိုတာ ေသခ်ာသြားခဲ့ၿပီ။

ကုတင္ေဘးမွာ ေရးလက္စ စာ႐ြက္ေပၚကို တဖက္ထဲေသာလက္ထဲမွာ ကိုင္ထားတဲ့ ခဲတံကို ပစ္ခ်လိုက္သည္။
တဖက္ကေတာ့ သူ႔ရဲ႕ပူပူေႏြးေႏြးရည္းစားၿကီး၏ လက္ကို နည္းနည္းမွ လႊတ္ေပးဖို ႔သတိမရ။ တညလံုး သတိေမ့ေနသူေဘးမွာသူေစာင့္ေပးခဲ့သည္။
အေပ်ာ္လံုးသည္ ရင္ဘတ္တခုလံုး ေျပးလႊားေဆာ့ကစားေနသည့္အတိုင္းပဲ အိပ္လို႔လည္းမရ ျဖစ္ေနသည္။
ထို ႔ေၾကာင့္ ခ်စ္ခ်စ္ေဘးမွာထိုင္ေစာင့္ေပးရင္း တညလံုး သီခ်င္းတပုဒ္ကိုေရးေန

ဒီတခါေတာ့ အခ်စ္သီခ်င္းတပုဒ္လွလွေလးေပါ့ခ်စ္ခ်စ္ရာ။

ကုတင္ေပၚကို ေခါင္းတင္ကာ
ခပ္လွလွမ်က္နွာေလးကိုေငးၾကည့္မိသည္။

ခ်စ္ခ်စ္ရဲ႕ မ်က္ေတာင္ေလးေတြက ပိုထူလာလိုက္တာ။
ငိုထားလို ႔မို႔ေနတဲ့ မ်က္ခြံေပၚမွာ ေသြးေၾကာနီနီေလးေတြက ျမင္ေနရသည္။
ပါးရုိး မရွိတဲ့ ရွည္သြယ္သြယ္မ်က္နွာေလးကိုေငးရင္း ထပ္မံၿပံဳးမိျပန္၏။

လံုလံုေတာ့ ရူးေနပီထင္တယ္ ခ်စ္ခ်စ္ရာ။
ၿပံဳးရလြန္းလို ႔ပါးေတြေတာင္ ေတာင့္ေနပီ
ရပ္တန္႔လို႔လဲ မရဘူး။

မ်က္နွာေရွ႕က သူကိုင္ထားတဲ့ ခ်စ္ခ်စ္လက္ကေလးကို နႈတ္ခမ္းသားနဲ႔ထိေတြ ႕ရင္းသူ ႔စိတ္ကူးေလးေတြကို ေျပာျပေနမိသည္။

______

"အာ! ကြၽတ္ ကြၽတ္ "

ကိုက္ခဲေနေသာ ေခါင္းကို လက္နဲ ့ဖိကိုင္ကာ ညီးညဴမိသည္။ အသိစိတ္သည္ ဝင္လိုက္၊ မဝင္လိုက္နဲ ့ လတ္တေလာ ဘာျဖစ္ေနသလဲ သူမသဲကြဲေသး။
ၿပီးမွ အလန္ ႔တၾကားထေအာ္မိသည္။

"ေဘဘီ! "

လံုးဝ ျပင္ပေလာက ကို သူခ်ိတ္ဆက္မိသြားၿပီ။ တဖ်တ္ဖ်တ္ခတ္ေနမိေသာ မ်က္ေတာင္ ဖ်ားေတြ ေအာက္မွာ ရွည္သြယ္လွပတဲ့ မ်က္လံုးအိမ္သည္ စိမ္းျမျမ မ်က္နွာက်က္ကို ေမာ့ၾကည့္ ၿပီး မ်က္ေမွာင္ေလးေတြ စုႀကံဳ ႕မိ၏။

သူ ေဘဘီအခန္းမွာရွိေနတုန္းပဲ။

ဒါဆို ေဘဘီဘယ္မွာလဲ။

အားယူကာ လက္ေခ်ာင္းေတြကို ေျမာက္ၾကည့္သည္။သို ႔ေပမဲ့ တဖက္ထဲေသာ လက္သည္ တစံုတေယာက္၏ တင္းၾကပ္စြာ ဆုပ္ကိုင္ထားမူ ႔ေအာက္မွာ။

"ေဘဘီ "

ဒုတိယအႀကိမ္ေျမာက္ စကားသံသည္
နႈတ္ခမ္းဖ်ားမွသာေပ်ာက္ကြယ္သည္ ။
တိုးထြက္လာတဲ့ မ်က္ရည္စက္သည္ ဒီတခါ ေပ်ာ္သြားလို႔တဲ့လား။
ေဘဘီမ်က္နွာကို ေငးလို ႔ နာရီလက္တံေတြကို လ်စ္လ်ဴ ရူ ႔ ပစ္လိုက္သည္။

တေခ်ာက္ တခ်က္ ခ်က္ ျမည္သံနားထဲမွာ
မၾကားရေတာ့။ ေမးစက္ေနတဲ့ မ်က္နွာေလးကို ေငးလို႔ သူက အႀကိမ္ႀကိမ္ၿပံဳးေနမိသည္။ မလြတ္တမ္းဆုပ္ကိုင္ထားတဲ့ လက္ဖဝါးေတြသည္ ေခြၽးေစးေတြနဲ ့ေနရခက္ပါ၏။ ဒါေပမဲ့ ရုန္းဖယ္မပစ္ခဲ့ဘူး။
အၾကာႀကီးေနမွ အတူေနခြင့္ရတဲ့ အခိုက္အတန္႔ေလး ။ ဒီကေလးက သူ ပိုးေမြးသလို ဂရုစိုက္ခဲ့ရေသာ သံုးနွစ္သားေလးမဟုတ္ေတာ့။ သန္မာလာသည္၊ ေခ်ာေမာလာခဲ့သည္။ အရာရာေဘးကေန သြန္သင္စရာ မလိုေတာ့ေအာင္ သူတစ္ေယာက္ထဲ ရုန္းကန္ေပးခဲ့သည္။

ျပန္ေတြးၾကည့္မိရင္ ..သူဟာ မျပတ္သားခဲ့သူသာ။ တနွစ္ေလာက္မ်ား ထိုေကာင္ေလးကို ငဲ့ၾကည့္ျဖစ္ခဲ့ရင္ ေဘဘီတစ္ေယာက္ထဲ
ခက္ခဲ လြမ္းဆြတ္ခဲ့တဲ့ေန ႔ေတြ ကို ျမင္နိုင္မည္သာ။

စိုစြတ္ဆဲ မ်က္ေတာင္ဖ်ားေတြကို လက္ဖမိုးနဲ ့ဖိသုတ္ပစ္သည္။ ငိုစရာမလိုအပ္ေတာ့ေပ။ ေဘဘီရယ္၊ သူရယ္ ေနာက္ဆို ခြဲခြာစရာအေၾကာင္းမွမရွိေတာ့ပဲ။

ေနာက္တဖန္ျပန္ၿပီး ေခါင္းေစာင္းကာ
လံုလံု ဆံပင္ေတြၾကည့္မိသည္။ ၿပီးေတာ့ ေယာက်ာ္းပီသလာတဲ့နွဖူးျပင္ ၊ အနည္းငယ္ ခြၽန္းၿပီး ထင္းထြက္ေနတဲ့ နွာတံ ပါလ်လ် အနီေရာင္ နႈတ္ခမ္းပါးေတြ ၿပီးေတာ့
သူ ႔လက္ကို ဆုပ္ကိုင္ထားေသာ လက္ေခ်ာင္းရွည္ေတြ။ ၿပီးေတာ့....

လရိပ္ လြတ္လပ္ေနတဲ့ လက္တဖက္ကို အားယူၿပီး အျဖဴ ေရာင္ ေဘဘီ့ေဘးက စာ႐ြက္ေလးကိုေကာက္ကိုင္လိုက္၏။

အနက္ေရာင္ ခဲသားနဲ ့ဆြဲျခစ္ထားတဲ့ လွလွပပ လက္ေရးေလးေတြ ျမင္ေတာ့ၾကည္ႏူးစိတ္က ျပည့္လ်ံလာေသးသည္ ။
ဒါ သူငယ္ငယ္က သံုးနွစ္သားေပါက္စီလံုးကို လက္ခ်င္းထက္လို ႔သင္ေပးဖူးတဲ့ အေရးအသားေလးေတြေပါ့။

ျမတ္နိုးစိတ္နဲ ့ နႈတ္ခမ္းေထာင့္က ေကာ့တက္သြား၏။

ေခါင္းစဥ္ေလးက "အၾကင္နာေဝလံု "တဲ့

ေနာက္တခါထပ္ၿပံဳးမိျပန္ပီ။ ဒါသူ႔အေၾကာင္းေရးထားတာေပါ့ေလ။ သီခ်င္းႏုတ္ကေလးေတြနဲ ့ ေပါ့ပါးစြာေရးဖြဲ႕ထားတဲ့ အခ်စ္သူခ်င္းေလးတစ္ပုဒ္က လရိပ္ကိုရင္ခုန္ေစ၏။

သီခ်င္ေလးရဲ႕ အဓိပၸါယ္သည္
ကေလးငယ္ တစ္ေယာက္သည္ အေဝးႀကီးက လမင္းႀကီးကို လိုခ်င္ခဲ့ဖူးေၾကာင္း၊
အခက္အခဲအမ်ားႀကီးရွိခဲ့ေပမဲ့ ဘယ္ေတာ့မွ သူရဲ႕ မက္ေမာလိုခ်င္ခဲ့မူ ႔ကို တားစီးမရခဲ့ဘူးဆုိတဲ့ အေၾကာင္း။ ဒါေပမဲ့
သူရဲ႕ စိတ္အားထက္သန္မူ ႔နဲ ့သစၥာတရားတို ႔ေၾကာင့္ေနာက္ဆံုးမွာ လမင္းဟာ သူ႔ေဘးမွာ ထာဝရေရာက္ရွိလာခဲ့ၿပီျဖစ္ေၾကာင္းကို ေရးဖြဲ႕ထားျခင္းသာ ျဖစ္သည္။

" အဲ့ဒီ လမင္းႀကီး က ငါလားေဘဘီ "

ယွက္ျဖာဆုပ္ကိုင္ထာတဲ့ လက္ေတြကို လႈပ္ရမ္းပီး ေခ်ာ့ျမဴ ကာ ေမးမိသည္။ ထို ႔ေနာက္ မ်က္ခံုးမဲမဲေလးက ဖ်တ္ခနဲ တြန္ ႔ခ်ိဳးသြားပီး ခ်က္ျခင္း ျပန္လည္ဆန္႔တန္းသြား၏။

ထို ႔ေနာက္ ပါးလ်တဲ့နႈတ္ခမ္းပါးေလးက
ေလသံသဲ့သဲ့တိုးထြက္လာ၏။ မွိတ္ထားဆဲမ်က္လံုးေတြကေတာ့ ပြင့္မလာေသးပါ။

" ခ်စ္လား "

လရိပ္ၿပံဳးကာ မျမင္ရမွန္းသိေပမဲ့ ေခါင္းညိမ့္ျပမိသည္။

"ခ်စ္တယ္ အမ်ားႀကီး "

ေကာ့တက္လာတဲ့ နႈတ္ခမ္ေထာင့္ခ်ိဳးေလးေတြကညီညီညာညာ။
ရင္သက္စရာ ရူ ႔ခင္းကို ေငးလ်က္ေတြးမိတာက ေဘဘီ က အရမ္းေခ်ာတာပဲ ဆိုတာ။

" ညီေလးလိုလား ၊ ရည္းစားလိုလား "

ထပ္မံ၍ ေမးလာတဲ့ စကားသည္ ပါးနွစ္ဖက္ကို အေရာင္ေျပာင္းေစသည္။
ေငးေနမိတဲ့ အၾကည့္တို ႔ကို မ်က္နွာက်က္ကုိ ျပန္ပို ႔မိသည္။
ၿပီးေတာ့ မ်က္လံုးေတြကို စံုမွိတ္ပစ္လိုက္၏။

"ရည္းစားလို "

"ဟက္! "

ခပ္တိုးတိုးရယ္သံက ရွက္႐ြံမူ ႔ကိုပိုတိုးေစသည္။ လရိပ္လံုးဝမ်က္လံုးဖြင့္မၾကည့္ရဲေတာ့ပါ။ တဒုန္းဒုန္း ေပါက္ထြက္္မတက္
ရင္ခုန္ေစေသာ စကားသည္ ထို ဟက္ခနဲ ရယ္လိုက္တဲ့ ရယ္သံေၾကာင့္လား။
ရွက္စရာေကာင္းလိုက္တာ။
ကိုယ္ျပဳစုယုယခဲ့ေသာ ကေလးငယ္ဆီမွ
ရယ္သံသဲ့သဲ့ေၾကာင့္ နွလံုးခုန္သံမမွန္ေလာက္ေအာင္ ျဖစ္ရတယ္ဆိုတာ ရာဇဝန္ရုိင္းလိုက္ေလျခင္း။

" ခ်စ္ခ်စ္ "

"အင္း"

လွည့္မၾကည့္ပဲ ထူးသည္။

" ခ်စ္ခ်စ္လို ႔"

"ဘာတုန္း ေျပာပါ့လား "

"ဒီကိုၾကည့္ "

"မၾကည့္ဘူး "

"ရွက္ေနတာလား "

"ေဘာကိုရွက္ "

"အဲ့ဒါဆို လွည့္ "

"မလွည့္ဘူး "

"ဒါဆို ခ်စ္လား"

"ခ်စ္တယ္ "

Shit!!

ရင္ထဲကဆဲသံကို အျပင္မထြက္သြားေအာင္ နႈတ္ခမ္းေတြကို ကိုက္ထားလိုက္မိသည္။ ခပ္ေသာေသာရယ္သံက မရပ္ေတာ့။
ေနပါအုန္း ဒီကေလး သူ ႔ကို စေနတာလား။ ေႏြးခနဲ ျဖစ္သြားတဲ့ ပါးျပင္ေၾကာင့္ လူက သတိလက္လြတ္ ။

က်စ္!နမ္းျပန္ပီ။

ဒီေကာင္ အသားယူတာ အေတာ္မ်ားေနၿပီထင္တယ္။

ပုဇြန္ကင္ေလးလို ရဲတက္ေနတဲ့ မ်က္နွာေလးကို ေငးရင္းMoonရဲ႕ ရယ္သံေတြဟာ မရပ္တန္ ႔ေတာ့ ...

မုန္တိုင္းေတြရပ္စဲသြားရင္ေတာ့ ေလေျပ ေလညင္းေတြက သူမဟုတ္သလို
တၿငိမ့္ၿငိမ္ေရာက္လာေနၾကပဲေလ။
ေနေရာင္ေႏြးေႏြးက အခန္းထဲကိုတိုးဝင္လာသည္ ။
လွပတဲ့ မနက္ခင္းမ်ားက အစျပဳ လို ႔
ခ်စ္ျခင္းထံုမႊမ္းေသာေန႔ရက္ေတြနဲ ့ ခ်စ္ခ်စခနဲ ့အတူ ျဖတ္သန္းခ်င္မိသည္။

ဒီေန ႔မွစ၍ ကြၽန္ေတာ္တို ႔နွစ္ေယာက္သည္...

ခ်စ္တဲ့အိမ္စည္။

တချက် ချက် မြည်နေသံက နားထဲမှာ ကျယ်လောင်စွာ ကြားနေရသည်။
မူးမိုက်နေတဲ့ ဝေသနာက မျက်လုံးမှိတ်ထားတာတောင် ခံစားနေရတုန်း။
နောက်ဆုံး ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို
ပြန်စဉ်းစားမိတော့ မျက်ရည်က မှိတ်ထားဆဲ မျက်ဝန်းအိမ်ထဲကနေတောင် လျံကြသည်။ သူ ..ဘာလို့ များသေဆုံးမသွားသေးတာလဲ။

" နိုးနေပီ ဆို ထတော့ ။ ခင်ဗျားအတွက်
ဆေးနဲ့ အစားအသောက်တွေဝယ်ပေးထားခဲ့တယ်။ ကျွန်တော်ပြန်တော့မယ် "

" Moon "

တိုးဖျော့တဲ့ အသံသဲ့သဲ့ က ဝေလုံရဲ့ခြေလှမ်းတွေကိုရပ်တန့် စေသည် ။
ပြီးတော့ သူ့ လက်တွေကို လာရောက် ဆုပ်ကိုင်ထားသော လက်ချောင်းသွယ်သွယ်လေးတွေ။ ကုတင်ဘေးမှာ Moonက ကျောခိုင်းထားလျက်ရှိနေပေမဲ့ လှည့်တော့မကြည့်ဖြစ်ပါ။

"ဘာပြောစရာရှိသေးလို့လဲ "

ပြတ်သားစွာMoonဆိုလိုက်မိသည်။
ထိတွေးထားတဲ့ လက်ချောင်းတွေရဲ့ တုန်ရီစွာ လှုပ်ရှားနေတာကိုလည်း Moon သိနေတယ်။ မသနားချင်တော့ဘူး။
ကြာရင် ပိုပြီး နာကျင်ရမှာ သူမဟုတ်ဘူးလား။ ဒီ အမျိုးသားနဲ့ ပတ်သတ်ရင် သူက
တလောကလုံးကို ကျောခိုင်းရဲတဲ့အထိ သဘောကျမိပေမဲ့ ကျစ်! မတွေးတော့နဲ့
သက်ငယ်ဝေလုံ။

စုတ်ပြတ်သတ်နေတဲ့ အတွေးလွှာတွေကိုမောင်းထုတ်ရင်း မြင်ကွင်းကို မျက်နှာကျက်ကိုမော့ငေးရင်းဖယ်ထုတ်နေမိသည်။

"မသွားပါနဲ့ "

အံကြိတ်လိုက်မိတာ တင်းခနဲ။
မျက်ရည်တပေါက်က ထိန်းထားရက်နဲ့
ီစီးကျလာသေးသည်။

" ဘာကြောင့်လဲ လရိပ်မှူးခိုင်၊ ခင်ဗျားမချစ်နိုင်ဘူးဆိုတဲ့သူကို ဘာကြောင့် ဆွဲထားဖို့ ကြိုးစားနေရတာလဲ။ ဝေးလေကောင်းလေပဲမို့လား။ နီးနေရင် ပိုတိုးလာမဲ့ ကျွန်တော်စိတ်အကြောင်းခင်ဗျားသိတာပဲ "

"ငါမသိဘူးဒါပေမဲ့ မင်းမသွားရဘူး "

"အတ္တကြီးလိုက်တာ.."

နာကျည်းစွာထွက်လာတဲ့ Moonအသံသည်လရိပ်ရဲ့ နှလုံးသားဖဲ့ခြေလိုက်သလိုပင်။
ဒါပေမဲ့ ဆွဲထားတဲ့ လက်ကိုတော့ဖြုတ်မပေးမိခဲ့။ ဒီတခါဝေးသွားရင် လုံလုံနဲ့ ဘယ်တော့မှတွေ့ ရတော့မှာမဟုတ်ဘူးဆိုတာလရိပ်သိနေတယ်။

" မသွားပါနဲ့ ဘေဘီ ..တောင်း..တောင်းပန်ပါတယ်။ မထားခဲ့ပါနဲ့ နော်"

" ချစ်လား..ခင်ဗျား ကျွန်တော့်ကို ချစ်နိုင်ရဲ့လား "

".."

ဘေဘီစကားတွေကို လရိပ်မဖြေပေးနိုင်ခဲ့။ အချစ်ဆိုတာ ဘာလဲ။ ဒီအသက်အရွယ်ရောက်နေပြီ ။ ဖို၊မ ဆက်ဆံရေးအကြောင်းတောင် ဘေဘီစိတ်နဲ့ လရိပ် မရင်းနှီးခဲ့ပေ။

"ဟက်! မဖြေနိုင်ဘူးမို့လား။ ခင်ဗျားအတွက် nurse တစ်ယောက် လွှတ်ပေးလိုက်မယ်။ ထပ်လာမရှာပါနဲ့ တော့ လရိပ်မှူးခိုင် ။
အမုန်းနဲ့ လမ်းခွဲတာမဟုတ်ပေမဲ့ ခင်ဗျားနဲ့ ကျွန်တော့်ရဲ့ သံယောဇဉ်တွေက ဒီနေ့ကစပြီး ပတ်သက်စရာမရှိအောင် ပျက်စီးသွားပြီ "

ဆွဲဖြုတ်ပစ်ခံလိုက်ရသော လက်ကလေး။
ထွက်ခွာသွားတဲ့ ကျောပြင်ကျယ် ။
ကမ္ဘာတခြမ်းပြို ကြသွားတဲ့ လရိပ်မှူးခိုင်။

မျက်ရည်စက်လက်နဲ့ အရူးတယောက်လို
ကုတင်ပေါ်ကနေ ထ တော့ မူးခနဲ ဖြစ်သွားသော ခေါင်းနှင့် တချက်တချက်
ဝေ့ဝါးနေသောမြင်ကွင်းတွေနဲ့ မျက်လုံးတွေက ပြိုးခနဲလက်ခနဲ ။

"ဟင့်အင် ငါလက်မခံဘူး။ ဘေဘီ မသွားပါနဲ့ ။ ချစ်ချစ်ကို မထားခဲ့ပါနဲ့ ။ "

လေးတွဲ့နေသော ခြေထောက်ကို တရွတ်စွာကာ အော်ဟစ်ကာ ပြေးလိုက်၏။
မြင်လွှာထဲမှာ နှစ်ယောက်သုံးယောက်မြင်နေရတဲ့ ပုံရိပ်တွေကြောင့်လူကရူးတော့မလိုပင်။ ဘယ်မှာလဲ သူဘေဘီက။ Moonအစစ်က ဘယ်သူလဲ။

"မသွားပါနဲ့ "

နွေးထွေးတဲ့ ကျောပြင်ကို ပါးအပ်လို့ ထပ်ခါထပ်ခါ ပြောနေမိတဲ့စကား။
တောင့်မတ်သွားတဲ့ ကျောပြင်က ဒီတခါ လရိပ်ကိုတွန်းမထုတ်တော့ပေ။

"မသွားပါနဲ့ "

"ချစ်လား "

ထပ်ထွက်လာသော စကားသည်
ထိုစကားပေမဲ့ ငြင်းဆိုမူ့ ကိုမပြုနိုင်တော့ပြီမို့ မျက်ရည်များနှင့် ခေါင်းကို တဆ တ်တဆတ် ညိမ့်ပြမိသည်။

ဆယ်ပေါင်တူနဲ့ ထုခံလိုက်ရသလို ခံစားချက် က ငယ်ထိပ်တည့်တည့် မှာ ဖြစ်ပေါ်နေသည်။ တလှပ်လှပ်ဖြစ်နေသော ရင်ဘတ်က
အားကုန်သုံးလိုက်ရတော့ ပျော့ခွေကျစ ပြုလာပီ။ သို့ပေမဲ့ ယိုင်လဲမသွားအောင် ခါးကို အတင်းတိုးဖက်ကာ

" ချစ်ပါတယ် ။ ချစ်ချစ်ဘေဘီကို ချစ်ပါတယ်။ မထား..ခဲ့ပါနဲ့ တော့နော်။ ထားမ..သွားပါနဲ.. တော့ "

တအိအိ ပြိုဆင်းသွားတဲ့ သူ့ ကိုယ်လုံးသည် ထပ်မံ၍ အ မှောင်ထုထဲသို့ ကျရောက်သွားပြန်၏။ ဖားဖိုကဲ့သို့ မြင့်မောက်နေသော အသက်ရူ နှုန်းတွေနဲ့ လရိပ်သည် တဖြည်းဖြည်းငြိမ်ကျသွား၏။
ထွေးဖက်လိုက်တဲ့ အနွေးဓာတ်နဲ့
မွှေးပျံ့ တဲ့ ကိုယ်သင်းနံ့ ကိုရပီးမကြာဘူး
စိတ်ချစိတ်နဲ့ လောကကြီးနဲ့ အဆက်အ
သွယ် လုံးဝပျက်တောက်သွားလေ၏။

_______

" ဘေဘီ မသွားပါနဲ့ "

အိပ်ပျော်နေရင်းနဲ့ စီးကျလာတဲ့ မျက်ရည်စီးကြောင်းနဲ့ အတူ ညီးညူးသံသဲ့သဲ့ ကြောင့် ဆုပ်ကိုင်ထားတဲ့ လက်တွေကိုတင်းကြပ်အောင် ထွေးဆုပ်ပြီး ခပ်တိုးတိုးအသိပေးလိုက်သည်။

" လုံလုံ ရှိနေတယ်။ စိတ်ချလက်ချ အိပ်ပါ "

မျက်ရည်စ လေးတွေကို လက်မနဲ့ ညင်သာစွာထိတွေ့ ဖယ်ရှာပေးရင်း မရပ်တန့်မိတဲ့ အပြုံးနွေးနွေးက Moonမျက်နှာမှာ ၆နာရီမကဘူးရှိနေလေပြီ။ ချစ်ချစ်က ချစ်တယ်တဲ့။

"ဟက် ! "

တွေးမိတိုင်း ရယ်မိလေပဲ။
နောက်ဆုံးတော့ ဒီလူ က သူအပိုင်ဆိုတာ သေချာသွားခဲ့ပြီ။

ကုတင်ဘေးမှာ ရေးလက်စ စာရွက်ပေါ်ကို တဖက်ထဲသောလက်ထဲမှာ ကိုင်ထားတဲ့ ခဲတံကို ပစ်ချလိုက်သည်။
တဖက်ကတော့ သူ့ရဲ့ပူပူနွေးနွေးရည်းစားကြီး၏ လက်ကို နည်းနည်းမှ လွှတ်ပေးဖို့ သတိမရ။ တညလုံး သတိမေ့နေသူဘေးမှာသူစောင့်ပေးခဲ့သည်။
အပျော်လုံးသည် ရင်ဘတ်တခုလုံး ပြေးလွှားဆော့ကစားနေသည့်အတိုင်းပဲ အိပ်လို့လည်းမရ ဖြစ်နေသည်။
ထို့ ကြောင့် ချစ်ချစ်ဘေးမှာထိုင်စောင့်ပေးရင်း တညလုံး သီချင်းတစ်ပုဒ်ကိုရေးနေမိသည်။

ဒီတခါတော့ အချစ်သီချင်းတပုဒ်လှလှလေးပေါ့ချစ်ချစ်ရာ။

ကုတင်ပေါ်ကို ခေါင်းတင်ကာ
ခပ်လှလှမျက်နှာလေးကိုငေးကြည့်မိသည်။

ချစ်ချစ်ရဲ့ မျက်တောင်လေးတွေက ပိုထူလာလိုက်တာ။
ငိုထားလို့ မို့နေတဲ့ မျက်ခွံပေါ်မှာ သွေးကြောနီနီလေးတွေက မြင်နေရသည်။
ပါးရိုး မရှိတဲ့ ရှည်သွယ်သွယ်မျက်နှာလေးကိုငေးရင်း ထပ်မံပြုံးမိပြန်၏။

လုံလုံတော့ ရူးနေပီထင်တယ် ချစ်ချစ်ရာ။
ပြုံးရလွန်းလို့ ပါးတွေတောင် တောင့်နေပေမဲ့
ရပ်တန့်လို့လည်း မရခဲ့ပေ။

မျက်နှာရှေ့က သူကိုင်ထားတဲ့ ချစ်ချစ်လက်ကလေးကို နှုတ်ခမ်းသားနဲ့ထိတွေ့ ရင်းသူ့ စိတ်ကူးလေးတွေကို ပြောပြနေမိသည်။

______

"အာ! ကျွတ် ကျွတ် "

ကိုက်ခဲနေသော ခေါင်းကို လက်နဲ့ ဖိကိုင်ကာ ညီးညူမိသည်။ အသိစိတ်သည် ဝင်လိုက်၊ မဝင်လိုက်နဲ့ လတ်တလော ဘာဖြစ်နေသလဲ သူမသဲကွဲသေး။
ပြီးမှ အလန့် တကြားထအော်မိသည်။

"ဘေဘီ! "

လုံးဝ ပြင်ပလောက ကို သူချိတ်ဆက်မိသွားပြီ။ တဖျတ်ဖျတ်ခတ်နေမိသော မျက်တောင် ဖျားတွေ အောက်မှာ ရှည်သွယ်လှပတဲ့ မျက်လုံးအိမ်သည် စိမ်းမြမြ မျက်နှာကျက်ကို မော့ကြည့် ပြီး မျက်မှောင်လေးတွေ စုကြုံ့ မိ၏။

သူ ဘေဘီအခန်းမှာရှိနေတုန်းပဲ။

ဒါဆို ဘေဘီဘယ်မှာလဲ။

အားယူကာ လက်ချောင်းတွေကို မြောက်ကြည့်သည်။သို့ ပေမဲ့ တဖက်ထဲသော လက်သည် တစုံတယောက်၏ တင်းကြပ်စွာ ဆုပ်ကိုင်ထားမူ့ အောက်မှာ။

"ဘေဘီ "

ဒုတိယအကြိမ်မြောက် စကားသံသည်
နှုတ်ခမ်းဖျားမှသာပျောက်ကွယ်သည် ။
တိုးထွက်လာတဲ့ မျက်ရည်စက်သည် ဒီတခါ ပျော်သွားလို့တဲ့လား။
ဘေဘီမျက်နှာကို ငေးလို့ နာရီလက်တံတွေကို လျစ်လျူ ရူ့ ပစ်လိုက်သည်။

တချောက် တချက် ချက် မြည်သံနားထဲမှာ
မကြားရတော့။ မေးစက်နေတဲ့ မျက်နှာလေးကို ငေးလို့ သူက အကြိမ်ကြိမ်ပြုံးနေမိသည်။ မလွတ်တမ်းဆုပ်ကိုင်ထားတဲ့ လက်ဖဝါးတွေသည် ချွေးစေးတွေနဲ့ နေရခက်ပါ၏။ ဒါပေမဲ့ ရုန်းဖယ်မပစ်ခဲ့ဘူး။
အကြာကြီးနေမှ အတူနေခွင့်ရတဲ့ အခိုက်အတန့်လေး ။ ဒီကလေးက သူ ပိုးမွေးသလို ဂရုစိုက်ခဲ့ရသော သုံးနှစ်သားလေးမဟုတ်တော့။ သန်မာလာသည်၊ ချောမောလာခဲ့သည်။ အရာရာဘေးကနေ သွန်သင်စရာ မလိုတော့အောင် သူတစ်ယောက်ထဲ ရုန်းကန်ပေးခဲ့သည်။

ပြန်တွေးကြည့်မိရင် ..သူဟာ မပြတ်သားခဲ့သူသာ။ တနှစ်လောက်များ ထိုကောင်လေးကို ငဲ့ကြည့်ဖြစ်ခဲ့ရင် ဘေဘီတစ်ယောက်ထဲ
ခက်ခဲ လွမ်းဆွတ်ခဲ့တဲ့နေ့ တွေ ကို မြင်နိုင်မည်သာ။

စိုစွတ်ဆဲ မျက်တောင်ဖျားတွေကို လက်ဖမိုးနဲ့ ဖိသုတ်ပစ်သည်။ ငိုစရာမလိုအပ်တော့ပေ။ ဘေဘီရယ်၊ သူရယ် နောက်ဆို ခွဲခွာစရာအကြောင်းမှမရှိတော့ပဲ။

နောက်တဖန်ပြန်ပြီး ခေါင်းစောင်းကာ
လုံလုံ ဆံပင်တွေကြည့်မိသည်။ ပြီးတော့ ယောကျာ်းပီသလာတဲ့နှဖူးပြင် ၊ အနည်းငယ် ချွန်းပြီး ထင်းထွက်နေတဲ့ နှာတံ ပါလျလျ အနီရောင် နှုတ်ခမ်းပါးတွေ ပြီးတော့
သူ့ လက်ကို ဆုပ်ကိုင်ထားသော လက်ချောင်းရှည်တွေ။ ပြီးတော့....

လရိပ် လွတ်လပ်နေတဲ့ လက်တဖက်ကို အားယူပြီး အဖြူ ရောင် ဘေဘီ့ဘေးက စာရွက်လေးကိုကောက်ကိုင်လိုက်၏။

အနက်ရောင် ခဲသားနဲ့ ဆွဲခြစ်ထားတဲ့ လှလှပပ လက်ရေးလေးတွေ မြင်တော့ကြည်နူးစိတ်က ပြည့်လျံလာသေးသည် ။
ဒါ သူငယ်ငယ်က သုံးနှစ်သားပေါက်စီလုံးကို လက်ချင်းထပ်လို့ သင်ပေးဖူးတဲ့ အရေးအသားလေးတွေပေါ့။

မြတ်နိုးစိတ်နဲ့ နှုတ်ခမ်းထောင့်က ကော့တက်သွား၏။

ခေါင်းစဉ်လေးက "အကြင်နာဝေလုံ "တဲ့

နောက်တခါထပ်ပြုံးမိပြန်ပီ။ ဒါသူ့အကြောင်းရေးထားတာပေါ့လေ။ သီချင်းနုတ်ကလေးတွေနဲ့ ပေါ့ပါးစွာရေးဖွဲ့ထားတဲ့ အချစ်သူချင်းလေးတစ်ပုဒ်က လရိပ်ကိုရင်ခုန်စေ၏။

သီချင်လေးရဲ့ အဓိပ္ပါယ်သည်
ကလေးငယ် တစ်ယောက်သည် အဝေးကြီးက လမင်းကြီးကို လိုချင်ခဲ့ဖူးကြောင်း၊
အခက်အခဲအများကြီးရှိခဲ့ပေမဲ့ ဘယ်တော့မှ သူရဲ့ မက်မောလိုချင်ခဲ့မူ့ ကို တားစီးမရခဲ့ဘူးဆိုတဲ့ အကြောင်း။ ဒါပေမဲ့
သူရဲ့ စိတ်အားထက်သန်မူ့ နဲ့ သစ္စာတရားတို့ ကြောင့်နောက်ဆုံးမှာ လမင်းဟာ သူ့ဘေးမှာ ထာဝရရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းကို ရေးဖွဲ့ထားခြင်းသာ ဖြစ်သည်။

" အဲ့ဒီ လမင်းကြီး က ငါလားဘေဘီ "

ယှက်ဖြာဆုပ်ကိုင်ထာတဲ့ လက်တွေကို လှုပ်ရမ်းပီး ချော့မြူ ကာ မေးမိသည်။ ထို့ နောက် မျက်ခုံးမဲမဲလေးက ဖျတ်ခနဲ တွန့် ချိုးသွားပီး ချက်ခြင်း ပြန်လည်ဆန့်တန်းသွား၏။

ထို့ နောက် ပါးလျတဲ့နှုတ်ခမ်းပါးလေးက
လေသံသဲ့သဲ့တိုးထွက်လာ၏။ မှိတ်ထားဆဲမျက်လုံးတွေကတော့ ပွင့်မလာသေးပါ။

" ချစ်လား "

လရိပ်ပြုံးကာ မမြင်ရမှန်းသိပေမဲ့ ခေါင်းညိမ့်ပြမိသည်။

"ချစ်တယ် အများကြီး "

ကော့တက်လာတဲ့ နှုတ်ခမ်ထောင့်ချိုးလေးတွေကညီညီညာညာ။
ရင်သက်စရာ ရူ့ ခင်းကို ငေးလျက်တွေးမိတာက ဘေဘီ က အရမ်းချောတာပဲ ဆိုတာ။

" ညီလေးလိုလား ၊ ရည်းစားလိုလား "

ထပ်မံ၍ မေးလာတဲ့ စကားသည် ပါးနှစ်ဖက်ကို အရောင်ပြောင်းစေသည်။
ငေးနေမိတဲ့ အကြည့်တို့ ကို မျက်နှာကျက်ကို ပြန်ပို့ မိသည်။
ပြီးတော့ မျက်လုံးတွေကို စုံမှိတ်ပစ်လိုက်၏။

"ရည်းစားလို "

"ဟက်! "

ခပ်တိုးတိုးရယ်သံက ရှက်ရွံမူ့ ကိုပိုတိုးစေသည်။ လရိပ်လုံးဝမျက်လုံးဖွင့်မကြည့်ရဲတော့ပါ။ တဒုန်းဒုန်း ပေါက်ထွက်မတက်
ရင်ခုန်စေသော စကားသည် ထို ဟက်ခနဲ ရယ်လိုက်တဲ့ ရယ်သံကြောင့်လား။
ရှက်စရာကောင်းလိုက်တာ။
ကိုယ်ပြုစုယုယခဲ့သော ကလေးငယ်ဆီမှ
ရယ်သံသဲ့သဲ့ကြောင့် နှလုံးခုန်သံမမှန်လောက်အောင် ဖြစ်ရတယ်ဆိုတာ ရာဇဝင်ရိုင်းလိုက်လေခြင်း။

" ချစ်ချစ် "

"အင်း"

လှည့်မကြည့်ပဲ ထူးသည်။

" ချစ်ချစ်လို့ "

"ဘာတုန်း ပြောပါ့လား "

"ဒီကိုကြည့် "

"မကြည့်ဘူး "

"ရှက်နေတာလား "

"ဘောကိုရှက် "

"အဲ့ဒါဆို လှည့် "

"မလှည့်ဘူး "

"ဒါဆို ချစ်လား"

"ချစ်တယ် "

Shit!!

ရင်ထဲကဆဲသံကို အပြင်မထွက်သွားအောင် နှုတ်ခမ်းတွေကို ကိုက်ထားလိုက်မိသည်။ ခပ်သောသောရယ်သံက မရပ်တော့။
နေပါအုန်း ဒီကလေး သူ့ ကို စနေတာလား။ နွေးခနဲ ဖြစ်သွားတဲ့ ပါးပြင်ကြောင့် လူက သတိလက်လွတ် ။

ကျစ်!နမ်းပြန်ပီ။

ဒီကောင် အသားယူတာ အတော်များနေပြီထင်တယ်။

ပုဇွန်ကင်လေးလို ရဲတက်နေတဲ့ မျက်နှာလေးကို ငေးရင်းMoonရဲ့ ရယ်သံတွေဟာ မရပ်တန့် တော့ ...

မုန်တိုင်းတွေရပ်စဲသွားရင်တော့ လေပြေ လေညင်းတွေက သူမဟုတ်သလို
တငြိမ့်ငြိမ်ရောက်လာနေကြပဲလေ။
နေရောင်နွေးနွေးက အခန်းထဲကိုတိုးဝင်လာသည် ။
လှပတဲ့ မနက်ခင်းများက အစပြု လို့
ချစ်ခြင်းထုံမွှမ်းသောနေ့ရက်တွေနဲ့ ချစ်ချစ်နဲ့ အတူ ဖြတ်သန်းချင်မိသည်။

ဒီနေ့ မှစ၍ ကျွန်တော်တို့ နှစ်ယောက်သည်...

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz