ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

29

eainsi23

" ခြမ္း ! "

ပစ္လႊင့္လိုက္တဲ့ ဖုန္းေလးသည္ နံရံနွင့္ ရုိက္မိကာ  တစစီ  ။ 

အားးး!!!

ေအာ္ဟစ္သံအက်ယ္ႀကီးနဲ ့အတူ 
ငိုရႈိက္သံ သဲ့သဲ့  က  ကပ္ပါလ်က္။ မဲေမွာင္ေနေသာ အခန္းထဲမွာ ေလာကနဲ ့အဆက္ျဖတ္လ်က္  ကမၻာပ်က္ေနေသာ လူတစ္ေယာက္ ။ ထို ႔ေနာက္ တိုးဖြေသာ အသံသဲ့သဲ့က ရႈိက္သံေတြနဲ ့အတူ ေရာေနွာကာ  ထြက္ေပၚလာ၏။

"ေဘဘီ ..ေဘဘီ  သူ ႔ကေလးေလး.."

ခန္႔ညားေခ်ာေမာေသာ ေကာင္ငယ္ေလး၏ အေနာက္တိုင္းဝတ္စံု နွင့္ပံုရိပ္ေတြသည္ ျမင္လႊာမွ ေဖ်ာက္ဖ်က္ပစ္လို ႔မရနိုင္ေအာင္ စြဲေနေစသည္။
ဖ်င္း ခနဲ စူးမ်က္ေအာင့္သက္သြားေသာ ရင္ဘတ္ကို ဖိၿပီး ျမင္ကြင္းကို ျပယ္ေပ်ာက္သြားေအာင္ ေငြ ႕ရည္ေတြနဲ ့ဖံုးဖိပစ္သည္။ သို ႔ေပမဲ့ မရ။ ကြယ္ေပ်ာက္မသြားေသာ ျမင္လႊာမွာ ေဘဘီသည္ အမ်ိဳးသမီးငယ္ေလးနဲ ့ရပ္ကာ  Pre wedding ရုိက္ကူးဖို ႔ျပင္ဆင္ေနသည္။

မခံမရပ္နိုင္ေအာင္ နာက်င္မူ ႔သည္
ရင္ဘတ္ထဲကလား၊ မို ႔ေဖာင္းေနေသာ မ်က္လံုးေတြကလားမသဲကြဲ ေတာ့။

မၾကည့္ေတာ့ဘူးလို ႔ဆံုးျဖတ္ထားတဲ့
Social media  ကို မေနနိုင္ေတာ့ သြားၾကည့္ခဲ့မိသည္။   လႈိင္လႈိင္တက္ေနေသာ သတင္းေတြက ေဘဘီ မဂၤလာသတင္းေတြ သာ ။  

လရိပ္ဘယ္လိုမွ လက္မခံနိုင္ေသးပါ။
ေဝလြင္မင္းထက္ ဆိုတဲ့ တစ္ေယာက္တုန္းက  ဒီေလာက္မခံစားခဲ့ရေပမဲ့
ေဘဘီဟာ Moonပါလို ႔ သိခဲ့ရပီးတဲ့ေနာက္မွာေတာ့  မဂၤလာပြဲကို လရိပ္ ခြင့္မျပဳေပးခ်င္ပါ။    ကေလးေလးမွာ ေအာင္ျမင္မူ ႔ေတြ တသီႀကီးက်န္ေသးသည္ေလ။ ဘာေၾကာင့္ ဒီေလာက္ မိုက္ရူးရဲဆန္ရတာလဲ  သက္ငယ္ေဝလံုရာ ....

လက္သီးကိုက်စ္က်စ္ပါေအာင္ စုတ္လ်က္
ယိုင္နဲ ့ေနေသာ ေျခေထာက္ေတြကို  အားတင္းကာ မတ္မတ္ရပ္ေစသည္။

တားရမယ္..ဟုတ္တယ္ ။ ေဘဘီ ကို
မယူေစခ်င္ေသးဘူး  ။ မဟုတ္ဘူး  မယူရဘူး။ သူျပန္လာတာ ေဘဘီနဲ ့အတူတူေနဖို ႔ေလ။ ဘာေၾကာင့္  တျခားတစ္ေယာက္ကို အတူေနေစတာလဲ။  ေဘဘီကအရူးပဲ....

တသြင္သြင္စီးက်ေနတဲ့ မ်က္ရည္ေတြနဲ ့
လရိပ္ပံုစံက အရူးတစ္ေယာက္လိုပဲ။
ပိန္ေလ်ာ္ေနတဲ့ ကိုယ္လံုးသည္  ဒီရက္ပိုင္းအတြင္း စိတ္ေထာင္းကိုယ္ေၾက ေၾကာင့္ အမ်ားႀကီး ဝိတ္က်သြား၏။

အံဆြဲထဲကို ဆြဲဖြင့္ေတာ့ ေနာက္ထပ္ဖုန္းတလံုးထြက္လာ၏။  သံုးလက္စဖုန္းေဟာင္းမို ႔ မွတ္ထားတဲ့ ေသာ နံပါတ္ေတြက အဆင္သင့္။  ေခၚေနက်   ေဘဘီ ့  မန္ေနဂ်ာ ကိုဂ်က္၏ ဖုန္းကို ေခၚလိုက္သည္။

တတိတိကိုက္ျဖတ္ေနေသာ လက္သည္းထိပ္ေတြသည္  တတီတီ ဝင္ေနေသာ ဖုန္းသံ အလိုက္ စိတ္လႈပ္ရွားမူ ႔ကိုျပေနသည္။

ဖုန္းက်ခါနီး အခ်ိန္မွ အခ်ိန္မွီ ဖုန္းကိုကိုင္လိုက္ပံု

" ဟယ္လို ကိုဂ်က္ "

ငိုထားသည္ေၾကာင့္ နွာသံေပါက္ေန၏။
တဖက္ကလည္းသိမွာပင္  ။ မရွက္နိုင္ေတာ့ပါ။ သက္ငယ္ေဝလံုနွင့္ပတ္သတ္လာရင္  သိကၡာတရားဆိုတာ လရိပ္မွာ မရွိေတာ့။

"ဟုတ္ ကိုလရိပ္ ေျပာပါဗ် "

"ဘယ္မွာလဲ "

"ဗ်ာ! "

"Moon ဘယ္မွာလဲလို ႔! "

စိတ္မရွည္စြာ ေအာ္ေမးလိုက္ေတာ့တဖက္က တိတ္သြား၏။ အားလည္းမနာနိုင္ေတာ့ပါ။ ရုတ္ပ်က္ဆင္းပ်က္ အေျခေနကို လရိပ္မထိန္းသိမ္းနိုင္ေတာ့ၿပီမို ႔  ျပန္ေျဖလာသည္ကို လက္သည္းကိုက္ကာ  စိတ္မရွည္စြာေစာင့္ေနမိသည္။

"  ( ...) မွာ  ကိုေဝ့ girl friend နဲ ့အတူ ညစာ ..... "

တီ တီ...

က်သြားၿပီ ျဖစ္တဲ့ ဖုန္းကို ၾကည့္ကာ
ကိုဂ်က္  ေခါင္းရမ္းကာ  ေဘးမွာထိုင္ေနတဲ့   စားပြဲကိုလွမ္းၾကည့္လိုက္သည္။
သူေျပာတာ ဘာမ်ားမွားသြားလို႔လဲ။

ကိုေဝ့ တို ႔စံုတြဲကို Moonက  ညစာလိုက္ေကြၽးေနတာေလ။
စကားလည္းဆံုးေအာင္နားမေထာင္ဘူး ။

"  မင္းသတင္းေတြ ပြေနၿပီ မေျဖရွင္းဘူးလား ။ "

ရွန္ပိန္ ခြက္ေလးကို အသံျမည္ေအာင္ လိုက္တိုက္ပီး  ေမးတဲ့ ကိုႀကီးေဝလြင္ ့အေမးကို  ေခါင္းရမ္းရုံသာ ျပလိုက္သည္။

" မေကာင္းဘူးထင္တယ္ေနာ္ေဘဘီ  ။
မင္း အျမန္ေျဖရွင္းသင့္တယ္ေလ  "

"ေဘဘီလို ႔မေခၚနဲ ့  "

ခပ္မာမာ တားျမစ္မူ ႔က  မၾကည္မလင္ထြက္လာ၏။  လႈပ္ခတ္ေနေသာ ခြက္ထဲကအနီေရာင္ အရည္ေတြ ကို  ေငးၾကည့္ေနတဲ့ မ်က္ဝန္းေတြသည္ အရင္လအနည္းငယ္ကလို  ေတာက္ပ မူ ႔ေတြမရွိေတာ့။

ေဘးက ဟယ္လင္ ကေတာ့  ၿငိမ္သက္စြာ 
ညစာကို စားေနၿပီး Moonကို နားလည္မူ ႔အျပည့္ေပးထားေလသည္။
ဒီကေလး အသည္းကြဲေနကတည္းက အေတာ္အသင့္  သူမ မသိခ်င္ေယာင္ေဆာင္ေနေပးတက္၏။

"  မ်ားေနၿပီ  လံုလံု  ။သိပ္မေသာက္နဲ ့။ "

နႈတ္ခမ္းေရာက္ခါနီးခြက္သည္ စားပြဲေပၚကို ျပန္ေရာက္သြားသည္။ လႈပ္ရွားမူ ႔မွန္သမ်ွသည္ အသက္မဲ့ေနသလို ။ ေဝလြင္သက္ပ်င္းခ်မိပါသည္။
လံုလံုကို ကံေကာင္းေစခ်င္သည္။
ဒီကေလးက  လရိပ္မွဴ းခိုင္ဆိုတဲ့ အမ်ိဳးသားကို  သိပ္စြဲလမ္းခဲ့တာ။ 

 
"လရိပ္က
သူ ႔ခံစားခ်က္ကို မကြဲျပားေသးတာပါ။
စိတ္ရွည္ေပးလိုက္ပါ လံုလံု ။ တခါတေလ
အခ်စ္က  သိပ္နားလည္ရခက္တယ္ကြ။
မင္းကို သူကိုယ္တိုင္ သံေယာဇဥ္ရွိခဲ့လို႔သာ တစ္ေယာက္ထဲဒီကိုျပန္လာခဲ့တာေပါ့။  အဆင္ေျပသြားမွာပါ  "

သူကိုယ္တိုင္ ရည္းစားအမ်ားႀကီးမထားဖူးသူမို ႔ လံုလံု ျပသနာကို မေျဖရွင္းေပးနိုင္ပါ။ ဟယ္လင္က  နိုင္ငံျခားသူဆိုေပမဲ့
ငယ္သူငယ္ခ်င္းျဖစ္တာေရာ ၊ အေနေအးတာေရာ ေၾကာင့္  ေဝလြင့္အခ်စ္ေရးသည္ သိပ္ျပသနာ မရွိခဲ့ေပ။

ဒါေပမဲ့ သူ႔ညီအခ်စ္ေရးကေတာ့သူနဲ ့မတူေတာ့ဘူး။  ငယ္ဘဝထဲက တဖက္သက္ရူးမိုက္ခဲ့တဲ့  အခ်စ္ရူးေလးက  ဘယ္ေလာက္ေတာင္ အခ်စ္ကို ကိုးကြယ္သလဲ ဆိုရင္  ၁၉နွစ္ ေလာက္  ဒီလူတစ္ေယာက္ထဲကိုပဲ  နွလံုးသားထဲကိုထည့္လို႔ရတာပါတဲ့။

ဂရုဏာ ေဒါသနဲ ့ရုိက္ပစ္ခ်င္သည္။
ဆူဆံုးမ လိုက္ခ်င္သည္ ။ ဒါေပမဲ့ လက္ေတြ ႕မွာ က်  အရည္လဲ့ေနတဲ့  မ်က္ဝန္းေလေလးေတြ ေၾကာင့္ မေျပာရက္ခဲ့တဲ့ နွစ္ေတြမွ အမ်ားႀကီးပဲ။

" ဒါပီး ဘယ္သြားစရာရွိေသးလဲလံုလံု။ "

"ေဟာ္တယ္ "

"တိုက္ခန္း မျပန္ခ်င္ရင္လည္း အိမ္ျပန္အိပ္ေလ  ။ ဘယ္ခ်ိန္ထိ  အဲ့မွာေနမလို ႔လဲ "

"စိတ္ေျပ တဲ့အထိ  "  

"က်စ္!! "

နွစ္လိုမူ ႔မရွိတဲ့ အသံက  ခ်က္ျခင္းစုတ္သတ္လ်က္ထြက္လာေပမဲ့  Moonျပန္မၾကည့္မိ။   ရုိင္းစိုင္းေနတာ မဟုတ္ဘူးဆိုတာသူတို ႔လည္းသိမွာပါ။ ဒီအခ်ိန္မွာ ဘာစကားမွ မေျပာတာအေကာင္းဆံုးပဲ ။
ေျပာဖို ႔လည္း စိတ္မပါေတာ့သည္မို ႔

" ျပန္ရေအာင္ ။ ကိုဂ်က္ ရွင္းၿပီးမွ  လိုက္ခဲ့ေတာ့  "

မန္ေနဂ်ာ ဖက္ကို လွည့္ေအာ္ကာ  အရင္ 
မတ္တပ္ရပ္လိုက္သည္။ 
ရွည္လ်ားသြယ္ေျဖာင့္လွတဲ့ အရပ္အေမာင္းနဲ ့နီရဲေနေသာ နႈတ္ခမ္းပါးေတြနဲ ့Moon။

အားလံုးရဲ႕ အၾကည့္ေတြက သိသိသာသာ ။ အဆိုေတာ္မဟုတ္ပဲ Model တစ္ေယာက္အျဖစ္ ရပ္တည္မယ္ဆိုရင္ေတာင္ 
ဒီထက္ပိုေအာင္ျမင္နိုင္မဲ့ ရုပ္ရည္မ်ိဳးပင္။

"  လံုလံုနဲ ့အရင္လိုက္သြားနွင့္ ဟယ္လင္ ။ကို Toilet ဝင္အုန္းမယ္ "

"ok "

နွစ္ေယာက္သား  ကားပါးကင္ကို အတူလမ္းေလ်ွာက္လာမိသည္။
ဟယ္လင္က  Moonနဲ ့လည္းခင္ပါသည္။
New Yorkမွာတုန္းကဆို  Moonကို
ေနရာအနွံ ့ သူမပဲ လိုက္ပို ႔ေပးခဲ့တာ။
ဒါေပမဲ့ ဒီေန ႔ေတာ့  Moon အေတာ္ႀကီး
အသည္းကြဲေနတာမို ႔  ဟယ္လင့္ကို အားနာေပမဲ့  ဧည့္ခံစကား မေျပာနိုင္ခဲ့ပါ။

" ကားေပၚ တက္နွင့္ေလ  "

အနက္ေရာင္ ကား နားမတ္တပ္ရပ္မိတဲ့ အခ်ိန္မွာ ပထမဆံုး Moon ေျပာျဖစ္တဲ့ စကားပင္။

" ရတယ္  လြင့္ကို ေစာင့္မယ္  "

လူမ်ိဳးကြဲမေလး တစ္ေယာက္၏ 
ျပန္ေျဖလာသည့္  လြင္ဆိုတဲ့ ကိုႀကီးနာမည္က  ဒီတခါေတာ့ ခ်စ္စရာေကာင္းသားပဲ။ တဖန္ျပန္လည္တိတ္ဆိတ္သြားေသာ  စကားဝိုင္းမွာ  Moon အာရုံေတြသည္လည္းလြင့္ခ်င္ရာလြင့္ေန၏။

____

တာေ၀းေျပးခဲ့ရသလို ေမာဟိုက္ေနမူ႔ ႔သည္ ရင္ဘတ္ကိုပင္နွိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေပၚေစသည္။  အနက္ေရာင္ ကားနက္ႀကီးေဘးမွာ  အျဖဴ ေရာင္ အေနာက္တိုင္းသူေလးနဲ ့ရပ္စကားေျပာေနေသာ Moon ။  ဘယ္ေတာ့မွ ကုန္ဆံုးမယ္မွန္းမသိတဲ့ 
မ်က္ရည္စေတြသည္ ခ်က္ျခင္းစီးက်လာျပန္သည္။ အျမင္အာရုံကိုပင္ ဖုံးေနသည္မို ႔ ပြတ္တိုက္သုတ္ဖယ္ၿပီး   ေဘဘီးေဘးကို အေျပးသြားမိသည္။

" ေဘဘီ  " 

အားအင္ကုန္ဆံုးစ ျပဳေနပီမို ႔ 
ေခၚသံသည္ေတာင္  ၾကားရုံေလာက္သာ ထြက္လာေတာ့သည္။

ျဖတ္ခနဲ လွည့္ၾကည့္လာတဲ့ မ်က္ဝန္းေတြသည္  အံၾသတႀကီးျဖစ္ပီးမွ ျပန္လည္ေလးနက္သြားကာ  ေခါင္းကို တဖက္ျပန္လွည့္သြား၏။ 

" မလုပ္ရဘူး ေဘဘီ။ မင္းလက္မထက္ရဘူး  "

တဆတ္ဆတ္တုန္ေနေသာ  ဒူး သည္
အခ်ိန္ျမင့္စြာ မတ္တပ္ေတာင္ရပ္နိုင္မည့္ပံုမေပၚေတာ့ေပ။ ကားတံခါးကို လက္နဲ ့ ေထာက္ထားရသည္အထိ  သူ ႔ပံုစံက 
ဆိုးဝါးလွသည္။  တဖက္မိန္းကေလးကို ေစာ္ကားလိုစိတ္မရွိေပမဲ့ သူ ႔အျပဳအမူေတြသည္ အဆင့္တန္းမရွိစြာ  ေဘဘီ့စိတ္နဲ ့
ေျပာမိေျပာရာေျပာေနမိသည္။

" ျပန္ေတာ့ ။  ကြၽန္ေတာ္ ခင္ဗ်ားမ်က္နွာကိုမၾကည့္ခ်င္ဘူး  "

"ဟင့္အင္ ငါမျပန္ဘူး။ မင္းေျပာေတာ့ ခ်စ္တယ္ဆို  ။  မင္းကတိမတည္ဘူး  ေဘဘီ။  ငါနဲ ့တသက္လံုးမင္းေနမွာပါဆို  ၊
ငါ့ကို အသက္ႀကီးတဲ့ထိ ေဘးနားမွာ
ျပဳစုေပးမွာပါဆို ။ ေဘဘီ မင္းက လူလိမ္ပဲ "

အစီစဥ္မက်တဲ့  စကားေတြကို လရိပ္ငိုၿပီးေျပာေနမိသည္။  ယွဥ္တြဲကာ ေတြ ႕လိုက္ရတဲ့ ခံစားခ်က္သည္ ရူးမလိုပင္။

" ဟက္ !  လူလိမ္ ဟုတ္လား လရိပ္မွဴးခိုင္
၁၉ရက္ေန ႔လိုက္လာခဲ့ပါမယ္ေျပာတာဘယ္သူလဲ။ ထားရစ္ခဲ့တာဘယ္သူလဲ ။
မခ်စ္ဘူး ေျပာတာဘယ္သူလဲ။ အေနနီးလို ႔ျဖစ္တာပါေျပာတာဘယ္သူလဲ။ ျပန္စဥ္းစားၾကည့္ပါအုန္း ...ေတာက္စ္!! "

တက္ေခါက္သံျပင္းျပင္းကာ လူတကိုယ္လံုးကို ဆြဲကုိင္လႈပ္ခံလိုက္ရသလိုပဲ။
ဒီလို ၾကမ္းတမ္းတဲ့ အျပဳမူေတြကို ေဘဘီ လရိပ္အေပၚမွာ လုပ္ခဲ့ၿပီ။ 

မုန္းသြားရင္ ေရာ..

ဟင့္အင္  ေဘဘီ မမုန္းရဘူး။
ကြၽန္ေတာ့္ကို ေဘဘီမမုန္းရဘူးေလ။

ကားတံခါးကို ဖိကိုင္ထားတဲ့ လက္ေတြသည္ Moonရဲ႕ လက္ကို  ဖြဖြေလးသြားဆြဲမိသည္။

" ငါမွားသြားပါတယ္။  ခ်စ္ခ်စ္မွားသြားပါတယ္ ေဘဘီရာ။  ေနာက္ကို ပစ္မထားခဲ့ေတာ့ပါဘူး။ လက္မထက္ပါနဲ ့ေနာ္ ေဘဘီ။  ငါ   ငါေတာင္းပန္ပါတယ္  "

"ဘာေၾကာင့္ လက္မထက္ရမွာလဲ ။
ခင္ဗ်ားက ဘာမို ႔လာတားေနရတာလဲေျပာစမ္း  "

ဆြဲလႈပ္ခံလိုက္ရတာ ပုခံုးသားေတြမဟုတ္ပဲ တကိုယ္လံုးျဖစ္ေနသည္။

ရက္ရွည္ေနေသာ အဖ်ား နွင့္ မစားမေသာက္ ေနခဲ့ေသာရက္ေတြေၾကာင့္ Moonလက္ထဲမွာ လူက အရုပ္တရုပ္လို မူးမိုက္ေပ်ာ့ေခြလ်က္  ။ တခ်က္ တခ်က္  မိုက္ခနဲ ျဖစ္သြားတဲ့  မ်က္လံုးေတြကို အားတင္းဖြင့္ကာ   ရန္လုပ္ေနတဲ့ ေဘဘီ့ကို မလုပ္ပါနဲ ့မတားျမစ္ခဲ့ေပ။

စိတ္ေစရာကို ခနၶာက မလုပ္နိုင္ေတာ့တဲ့အခ်ိန္မွာ  ေမွးမွိတ္သြားေသာ မ်က္လံုးေတြနဲ ့ ပိန္းေမွာင္သြားေသာ အေမွာင္ထု ။
နားထဲမွာ တခ်က္တခ်က္ၾကားေနရေသာ အသံမ်ားက  ခ်စ္ခ်စ္ ဟု စိုးရိမ္တႀကီးေခၚေနသလား။ 

အမွတ္တမဲ့ ေသမ်ားသြားခဲ့ရင္ ဘဝဆက္တိုင္း  မခံစားနိုင္သူသာ ျဖစ္ပါ့ရေစ။

ခ်စ္တဲ့အိမ္စည္။

(  အခ်ိဳေကြၽးေနၾကဆိုေတာ့ ကိုယ္လည္းမေပ်ာ္ပါဘူး။  ထို ႔ေၾကာင့္  ...)
 

" ခွမ်း ! "

ပစ်လွှင့်လိုက်တဲ့ ဖုန်းလေးသည် နံရံနှင့် ရိုက်မိကာ  တစစီ  ။ 

အားးး!!!

အော်ဟစ်သံအကျယ်ကြီးနဲ့ အတူ 
ငိုရှိုက်သံ သဲ့သဲ့  က  ကပ်ပါလျက်။ မဲမှောင်နေသော အခန်းထဲမှာ လောကနဲ့ အဆက်ဖြတ်လျက်  ကမ္ဘာပျက်နေသော လူတစ်ယောက် ။ ထို့ နောက် တိုးဖွသော အသံသဲ့သဲ့က ရှိုက်သံတွေနဲ့ အတူ ရောနှောကာ  ထွက်ပေါ်လာ၏။

"ဘေဘီ ..ဘေဘီ  သူ့ ကလေးလေး.."

ခန့်ညားချောမောသော ကောင်ငယ်လေး၏ အနောက်တိုင်းဝတ်စုံ နှင့်ပုံရိပ်တွေသည် မြင်လွှာမှ ဖျောက်ဖျက်ပစ်လို့ မရနိုင်အောင် စွဲနေစေသည်။
ဖျင်း ခနဲ စူးမျက်အောင့်သက်သွားသော ရင်ဘတ်ကို ဖိပြီး မြင်ကွင်းကို ပြယ်ပျောက်သွားအောင် ငွေ့ ရည်တွေနဲ့ ဖုံးဖိပစ်သည်။ သို့ ပေမဲ့ မရ။ ကွယ်ပျောက်မသွားသော မြင်လွှာမှာ ဘေဘီသည် အမျိုးသမီးငယ်လေးနဲ့ ရပ်ကာ  Pre wedding ရိုက်ကူးဖို့ ပြင်ဆင်နေသည်။

မခံမရပ်နိုင်အောင် နာကျင်မူ့ သည်
ရင်ဘတ်ထဲကလား၊ မို့ ဖောင်းနေသော မျက်လုံးတွေကလားမသဲကွဲ တော့။

မကြည့်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့
Social media  ကို မနေနိုင်တော့ သွားကြည့်ခဲ့မိသည်။   လှိုင်လှိုင်တက်နေသော သတင်းတွေက ဘေဘီ မင်္ဂလာသတင်းတွေ သာ ။  

လရိပ်ဘယ်လိုမှ လက်မခံနိုင်သေးပါ။
ဝေလွင်မင်းထက် ဆိုတဲ့ တစ်ယောက်တုန်းက  ဒီလောက်မခံစားခဲ့ရပေမဲ့
ဘေဘီဟာ Moonပါလို့  သိခဲ့ရပီးတဲ့နောက်မှာတော့  မင်္ဂလာပွဲကို လရိပ် ခွင့်မပြုပေးချင်ပါ။    ကလေးလေးမှာ အောင်မြင်မူ့ တွေ တသီကြီးကျန်သေးသည်လေ။ ဘာကြောင့် ဒီလောက် မိုက်ရူးရဲဆန်ရတာလဲ  သက်ငယ်ဝေလုံရာ ....

လက်သီးကိုကျစ်ကျစ်ပါအောင် စုတ်လျက်
ယိုင်နဲ့ နေသော ခြေထောက်တွေကို  အားတင်းကာ မတ်မတ်ရပ်စေသည်။

တားရမယ်..ဟုတ်တယ် ။ ဘေဘီ ကို
မယူစေချင်သေးဘူး  ။ မဟုတ်ဘူး  မယူရဘူး။ သူပြန်လာတာ ဘေဘီနဲ့ အတူတူနေဖို့ လေ။ ဘာကြောင့်  တခြားတစ်ယောက်ကို အတူနေစေတာလဲ။  ဘေဘီကအရူးပဲ....

တသွင်သွင်စီးကျနေတဲ့ မျက်ရည်တွေနဲ့
လရိပ်ပုံစံက အရူးတစ်ယောက်လိုပဲ။
ပိန်လျော်နေတဲ့ ကိုယ်လုံးသည်  ဒီရက်ပိုင်းအတွင်း စိတ်ထောင်းကိုယ်ကြေ ကြောင့် အများကြီး ဝိတ်ကျသွား၏။

အံဆွဲထဲကို ဆွဲဖွင့်တော့ နောက်ထပ်ဖုန်းတလုံးထွက်လာ၏။  သုံးလက်စဖုန်းဟောင်းမို့  မှတ်ထားတဲ့ သော နံပါတ်တွေက အဆင်သင့်။  ခေါ်နေကျ   ဘေဘီ့   မန်နေဂျာ ကိုဂျက်၏ ဖုန်းကို ခေါ်လိုက်သည်။

တတိတိကိုက်ဖြတ်နေသော လက်သည်းထိပ်တွေသည်  တတီတီ ဝင်နေသော ဖုန်းသံ အလိုက် စိတ်လှုပ်ရှားမူ့ ကိုပြနေသည်။

ဖုန်းကျခါနီး အချိန်မှ အချိန်မှီ ဖုန်းကိုကိုင်လိုက်ပုံ

" ဟယ်လို ကိုဂျက် "

ငိုထားသည်ကြောင့် နှာသံပေါက်နေ၏။
တဖက်ကလည်းသိမှာပင်  ။ မရှက်နိုင်တော့ပါ။ သက်ငယ်ဝေလုံနှင့်ပတ်သတ်လာရင်  သိက္ခာတရားဆိုတာ လရိပ်မှာ မရှိတော့။

"ဟုတ် ကိုလရိပ် ပြောပါဗျ "

"ဘယ်မှာလဲ "

"ဗျာ! "

"Moon ဘယ်မှာလဲလို့ ! "

စိတ်မရှည်စွာ အော်မေးလိုက်တော့တဖက်က တိတ်သွား၏။ အားလည်းမနာနိုင်တော့ပါ။ ရုတ်ပျက်ဆင်းပျက် အခြေနေကို လရိပ်မထိန်းသိမ်းနိုင်တော့ပြီမို့   ပြန်ဖြေလာသည်ကို လက်သည်းကိုက်ကာ  စိတ်မရှည်စွာစောင့်နေမိသည်။

"  ( ...) မှာ  ကိုဝေ့ girl friend နဲ့ အတူ ညစာ ..... "

တီ တီ...

ကျသွားပြီ ဖြစ်တဲ့ ဖုန်းကို ကြည့်ကာ
ကိုဂျက်  ခေါင်းရမ်းကာ  ဘေးမှာထိုင်နေတဲ့   စားပွဲကိုလှမ်းကြည့်လိုက်သည်။
သူပြောတာ ဘာများမှားသွားလို့လဲ။

ကိုဝေ့ တို့ စုံတွဲကို Moonက  ညစာလိုက်ကျွေးနေတာလေ။
စကားလည်းဆုံးအောင်နားမထောင်ဘူး ။

"  မင်းသတင်းတွေ ပွနေပြီ မဖြေရှင်းဘူးလား ။ "

ရှန်ပိန် ခွက်လေးကို အသံမြည်အောင် လိုက်တိုက်ပီး  မေးတဲ့ ကိုကြီးဝေလွင့် အမေးကို  ခေါင်းရမ်းရုံသာ ပြလိုက်သည်။

" မကောင်းဘူးထင်တယ်နော်ဘေဘီ  ။
မင်း အမြန်ဖြေရှင်းသင့်တယ်လေ  "

"ဘေဘီလို့ မခေါ်နဲ့   "

ခပ်မာမာ တားမြစ်မူ့ က  မကြည်မလင်ထွက်လာ၏။  လှုပ်ခတ်နေသော ခွက်ထဲကအနီရောင် အရည်တွေ ကို  ငေးကြည့်နေတဲ့ မျက်ဝန်းတွေသည် အရင်လအနည်းငယ်ကလို  တောက်ပ မူ့ တွေမရှိတော့။

ဘေးက ဟယ်လင် ကတော့  ငြိမ်သက်စွာ 
ညစာကို စားနေပြီး Moonကို နားလည်မူ့ အပြည့်ပေးထားလေသည်။
ဒီကလေး အသည်းကွဲနေကတည်းက အတော်အသင့်  သူမ မသိချင်ယောင်ဆောင်နေပေးတက်၏။

"  များနေပြီ  လုံလုံ  ။သိပ်မသောက်နဲ့ ။ "

နှုတ်ခမ်းရောက်ခါနီးခွက်သည် စားပွဲပေါ်ကို ပြန်ရောက်သွားသည်။ လှုပ်ရှားမူ့ မှန်သမျှသည် အသက်မဲ့နေသလို ။ ဝေလွင်သက်ပျင်းချမိပါသည်။
လုံလုံကို ကံကောင်းစေချင်သည်။
ဒီကလေးက  လရိပ်မှူးခိုင်ဆိုတဲ့ အမျိုးသားကို  သိပ်စွဲလမ်းခဲ့တာ။ 

 
"လရိပ်က
သူ့ ခံစားချက်ကို မကွဲပြားသေးတာပါ။
စိတ်ရှည်ပေးလိုက်ပါ လုံလုံ ။ တခါတလေ
အချစ်က  သိပ်နားလည်ရခက်တယ်ကွ။
မင်းကို သူကိုယ်တိုင် သံယောဇဉ်ရှိခဲ့လို့သာ တစ်ယောက်ထဲဒီကိုပြန်လာခဲ့တာပေါ့။  အဆင်ပြေသွားမှာပါ  "

သူကိုယ်တိုင် ရည်းစားအများကြီးမထားဖူးသူမို့  လုံလုံ ပြသနာကို မဖြေရှင်းပေးနိုင်ပါ။ ဟယ်လင်က  နိုင်ငံခြားသူဆိုပေမဲ့
ငယ်သူငယ်ချင်းဖြစ်တာရော ၊ အနေအေးတာရော ကြောင့်  ဝေလွင့်အချစ်ရေးသည် သိပ်ပြသနာ မရှိခဲ့ပေ။

ဒါပေမဲ့ သူ့ညီအချစ်ရေးကတော့သူနဲ့ မတူတော့ဘူး။  ငယ်ဘဝထဲက တဖက်သက်ရူးမိုက်ခဲ့တဲ့  အချစ်ရူးလေးက  ဘယ်လောက်တောင် အချစ်ကို ကိုးကွယ်သလဲ ဆိုရင်  ၁၉နှစ် လောက်  ဒီလူတစ်ယောက်ထဲကိုပဲ  နှလုံးသားထဲကိုထည့်လို့ရတာပါတဲ့။

ဂရုဏာ ဒေါသနဲ့ ရိုက်ပစ်ချင်သည်။
ဆူဆုံးမ လိုက်ချင်သည် ။ ဒါပေမဲ့ လက်တွေ့ မှာ ကျ  အရည်လဲ့နေတဲ့  မျက်ဝန်းလေလေးတွေ ကြောင့် မပြောရက်ခဲ့တဲ့ နှစ်တွေမှ အများကြီးပဲ။

" ဒါပီး ဘယ်သွားစရာရှိသေးလဲလုံလုံ။ "

"ဟော်တယ် "

"တိုက်ခန်း မပြန်ချင်ရင်လည်း အိမ်ပြန်အိပ်လေ  ။ ဘယ်ချိန်ထိ  အဲ့မှာနေမလို့ လဲ "

"စိတ်ပြေ တဲ့အထိ  "  

"ကျစ်!! "

နှစ်လိုမူ့ မရှိတဲ့ အသံက  ချက်ခြင်းစုတ်သတ်လျက်ထွက်လာပေမဲ့  Moonပြန်မကြည့်မိ။   ရိုင်းစိုင်းနေတာ မဟုတ်ဘူးဆိုတာသူတို့ လည်းသိမှာပါ။ ဒီအချိန်မှာ ဘာစကားမှ မပြောတာအကောင်းဆုံးပဲ ။
ပြောဖို့ လည်း စိတ်မပါတော့သည်မို့

" ပြန်ရအောင် ။ ကိုဂျက် ရှင်းပြီးမှ  လိုက်ခဲ့တော့  "

မန်နေဂျာ ဖက်ကို လှည့်အော်ကာ  အရင် 
မတ်တပ်ရပ်လိုက်သည်။ 
ရှည်လျားသွယ်ဖြောင့်လှတဲ့ အရပ်အမောင်းနဲ့ နီရဲနေသော နှုတ်ခမ်းပါးတွေနဲ့ Moon။

အားလုံးရဲ့ အကြည့်တွေက သိသိသာသာ ။ အဆိုတော်မဟုတ်ပဲ Model တစ်ယောက်အဖြစ် ရပ်တည်မယ်ဆိုရင်တောင် 
ဒီထက်ပိုအောင်မြင်နိုင်မဲ့ ရုပ်ရည်မျိုးပင်။

"  လုံလုံနဲ့ အရင်လိုက်သွားနှင့် ဟယ်လင် ။ကို Toilet ဝင်အုန်းမယ် "

"ok "

နှစ်ယောက်သား  ကားပါးကင်ကို အတူလမ်းလျှောက်လာမိသည်။
ဟယ်လင်က  Moonနဲ့ လည်းခင်ပါသည်။
New Yorkမှာတုန်းကဆို  Moonကို
နေရာအနှံ့  သူမပဲ လိုက်ပို့ ပေးခဲ့တာ။
ဒါပေမဲ့ ဒီနေ့ တော့  Moon အတော်ကြီး
အသည်းကွဲနေတာမို့   ဟယ်လင့်ကို အားနာပေမဲ့  ဧည့်ခံစကား မပြောနိုင်ခဲ့ပါ။

" ကားပေါ် တက်နှင့်လေ  "

အနက်ရောင် ကား နားမတ်တပ်ရပ်မိတဲ့ အချိန်မှာ ပထမဆုံး Moon ပြောဖြစ်တဲ့ စကားပင်။

" ရတယ်  လွင့်ကို စောင့်မယ်  "

လူမျိုးကွဲမလေး တစ်ယောက်၏ 
ပြန်ဖြေလာသည့်  လွင်ဆိုတဲ့ ကိုကြီးနာမည်က  ဒီတခါတော့ ချစ်စရာကောင်းသားပဲ။ တဖန်ပြန်လည်တိတ်ဆိတ်သွားသော  စကားဝိုင်းမှာ  Moon အာရုံတွေသည်လည်းလွင့်ချင်ရာလွင့်နေ၏။

____

တာဝေးပြေးခဲ့ရသလို မောဟိုက်နေမူ့ သည် ရင်ဘတ်ကိုပင်နှိမ့်ချည်မြင့်ချည်ဖြစ်ပေါ်စေသည်။  အနက်ရောင် ကားနက်ကြီးဘေးမှာ  အဖြူ ရောင် အနောက်တိုင်းသူလေးနဲ့ ရပ်စကားပြောနေသော Moon ။  ဘယ်တော့မှ ကုန်ဆုံးမယ်မှန်းမသိတဲ့ 
မျက်ရည်စတွေသည် ချက်ခြင်းစီးကျလာပြန်သည်။ အမြင်အာရုံကိုပင် ဖုံးနေသည်မို့  ပွတ်တိုက်သုတ်ဖယ်ပြီး   ဘေဘီးဘေးကို အပြေးသွားမိသည်။

" ဘေဘီ  " 

အားအင်ကုန်ဆုံးစ ပြုနေပီမို့  
ခေါ်သံသည်တောင်  ကြားရုံလောက်သာ ထွက်လာတော့သည်။

ဖြတ်ခနဲ လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေသည်  အံသြတကြီးဖြစ်ပီးမှ ပြန်လည်လေးနက်သွားကာ  ခေါင်းကို တဖက်ပြန်လှည့်သွား၏။ 

" မလုပ်ရဘူး ဘေဘီ။ မင်းလက်မထက်ရဘူး  "

တဆတ်ဆတ်တုန်နေသော  ဒူး သည်
အချိန်မြင့်စွာ မတ်တပ်တောင်ရပ်နိုင်မည့်ပုံမပေါ်တော့ပေ။ ကားတံခါးကို လက်နဲ့  ထောက်ထားရသည်အထိ  သူ့ ပုံစံက 
ဆိုးဝါးလှသည်။  တဖက်မိန်းကလေးကို စော်ကားလိုစိတ်မရှိပေမဲ့ သူ့ အပြုအမူတွေသည် အဆင့်တန်းမရှိစွာ  ဘေဘီ့စိတ်နဲ့
ပြောမိပြောရာပြောနေမိသည်။

" ပြန်တော့ ။  ကျွန်တော် ခင်ဗျားမျက်နှာကိုမကြည့်ချင်ဘူး  "

"ဟင့်အင် ငါမပြန်ဘူး။ မင်းပြောတော့ ချစ်တယ်ဆို  ။  မင်းကတိမတည်ဘူး  ဘေဘီ။  ငါနဲ့ တသက်လုံးမင်းနေမှာပါဆို  ၊
ငါ့ကို အသက်ကြီးတဲ့ထိ ဘေးနားမှာ
ပြုစုပေးမှာပါဆို ။ ဘေဘီ မင်းက လူလိမ်ပဲ "

အစီစဉ်မကျတဲ့  စကားတွေကို လရိပ်ငိုပြီးပြောနေမိသည်။  ယှဉ်တွဲကာ တွေ့ လိုက်ရတဲ့ ခံစားချက်သည် ရူးမလိုပင်။

" ဟက် !  လူလိမ် ဟုတ်လား လရိပ်မှူးခိုင်
၁၉ရက်နေ့ လိုက်လာခဲ့ပါမယ်ပြောတာဘယ်သူလဲ။ ထားရစ်ခဲ့တာဘယ်သူလဲ ။
မချစ်ဘူး ပြောတာဘယ်သူလဲ။ အနေနီးလို့ ဖြစ်တာပါပြောတာဘယ်သူလဲ။ ပြန်စဉ်းစားကြည့်ပါအုန်း ...တောက်စ်!! "

တက်ခေါက်သံပြင်းပြင်းကာ လူတကိုယ်လုံးကို ဆွဲကိုင်လှုပ်ခံလိုက်ရသလိုပဲ။
ဒီလို ကြမ်းတမ်းတဲ့ အပြုမူတွေကို ဘေဘီ လရိပ်အပေါ်မှာ လုပ်ခဲ့ပြီ။ 

မုန်းသွားရင် ရော..

ဟင့်အင်  ဘေဘီ မမုန်းရဘူး။
ကျွန်တော့်ကို ဘေဘီမမုန်းရဘူးလေ။

ကားတံခါးကို ဖိကိုင်ထားတဲ့ လက်တွေသည် Moonရဲ့ လက်ကို  ဖွဖွလေးသွားဆွဲမိသည်။

" ငါမှားသွားပါတယ်။  ချစ်ချစ်မှားသွားပါတယ် ဘေဘီရာ။  နောက်ကို ပစ်မထားခဲ့တော့ပါဘူး။ လက်မထက်ပါနဲ့ နော် ဘေဘီ။  ငါ   ငါတောင်းပန်ပါတယ်  "

"ဘာကြောင့် လက်မထက်ရမှာလဲ ။
ခင်ဗျားက ဘာမို့ လာတားနေရတာလဲပြောစမ်း  "

ဆွဲလှုပ်ခံလိုက်ရတာ ပုခုံးသားတွေမဟုတ်ပဲ တကိုယ်လုံးဖြစ်နေသည်။

ရက်ရှည်နေသော အဖျား နှင့် မစားမသောက် နေခဲ့သောရက်တွေကြောင့် Moonလက်ထဲမှာ လူက အရုပ်တရုပ်လို မူးမိုက်ပျော့ခွေလျက်  ။ တချက် တချက်  မိုက်ခနဲ ဖြစ်သွားတဲ့  မျက်လုံးတွေကို အားတင်းဖွင့်ကာ   ရန်လုပ်နေတဲ့ ဘေဘီ့ကို မလုပ်ပါနဲ့ မတားမြစ်ခဲ့ပေ။

စိတ်စေရာကို ခန္ဓာက မလုပ်နိုင်တော့တဲ့အချိန်မှာ  မှေးမှိတ်သွားသော မျက်လုံးတွေနဲ့  ပိန်းမှောင်သွားသော အမှောင်ထု ။
နားထဲမှာ တချက်တချက်ကြားနေရသော အသံများက  ချစ်ချစ် ဟု စိုးရိမ်တကြီးခေါ်နေသလား။ 

အမှတ်တမဲ့ သေများသွားခဲ့ရင် ဘဝဆက်တိုင်း  မခံစားနိုင်သူသာ ဖြစ်ပါ့ရစေ။

ချစ်တဲ့အိမ်စည်။

(  အချိုကျွေးနေကြဆိုတော့ ကိုယ်လည်းမပျော်ပါဘူး။  ထို့ ကြောင့်  ...)
 

Bạn đang đọc truyện trên: ZingTruyen.Xyz