ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

2

eainsi23

ေပါက္စီလံုးနာမည္က သက္ငယ္ေဝလံုတဲ့။ ၃နွစ္၅လသားအရြယ္ေရာက္ေနေပမဲ့
ေပါက္စီလံုးက စကားေတြအမ်ားႀကီးမေျပာနိုင္ေသးဘူး။
နို ့ဘူးနဲ ့ႀကီးျပင္းခဲ့တဲ့ ကေလးေတြက
ထိုအတိုင္း ျဖစ္တက္တယ္လို ့တီေလးေျပာတုန္းက က်ြန္ေတာ္ မ်က္ေမွာင္ကုတ္ပပီး ထိုကေလးကိုေအးစက္စက္သာႀကည့္ေနခဲ့တယ္။

က်ြန္ေတာ္ဘယ္သူ ့ကိုမွမသနားခ်င္သလို
ကေလးေတြကိုလဲ မခ်စ္ခ်င္ဘူး။

ဘယ္ေလာက္ေအးတိေအးစက္နဲ ့
ေပါက္ဆီလံုးကို ဆက္ဆံဆံ အဲ့ကေလးက
အမွတ္သည္းေျခ လံုးဝမရွိဘူး။

မိုးလင္းတာနဲ ့က်ြန္ေတာ္အခန္းထဲေရာက္ေနတက္ျပီး အိပ္ယာမနိုးနိုးေအာင္ေဘးကေန နွဳိးေနတက္သည္။

ကေလးတစ္ေယာက္ျဖစ္ပီး လံုေလာက္တဲ့အိပ္ခ်ိန္မရွိရင္ မေကာင္းဘူးဆိုတာ
ေပါက္စီလံုးရဲ့အေဖက မသိဘူးထင္တယ္။
ေဒၚေလးက ဆိုင္သြားဖို ့မနက္ဆို
ေစာေစာထေလ့ရွိတယ္ ။ အဲ့ဒီအခ်ိန္ဆို
ေပါက္စီလံုးအိမ္က အလုပ္သမားတစ္ေယာက္ကိုလက္ဆြဲပီးလိုက္ပို ့ခိုင္းတက္တယ္။ အစက သူလာတာသိပ္မႀကိဳက္ေပမဲ့ ေဒၚေလးရဲ့တဒုန္းဒုန္းတံခါးရုိက္ပီး နွဳိးသံထက္ေတာ့ သူေနွာက္ယွက္တာအဆင္ေျပတယ္ထင္တာပဲ။
အဲ့လိုနဲ ့ ေပါက္စီလံုးကက်ြန္ေတာ့္
ဘဝထဲကို တျဖည္းျဖည္းတိုးဝင္လာေတာ့တယ္။

တျဖည္းျဖည္းသိလာတဲ့ အေႀကာင္းရာမ်ားစြာထဲမွာ သက္ငယ္ေဝလံုက က်ြန္ေတာ္လို အေမမရွိေတာ့တဲ့သူတဲ့။
အဲ့ဒါေႀကာင့္ သူ ့အေဖက အလိုလိုက္တာေနမွာဆိုတာကို က်ြန္ေတာ္ လက္ခံသြားပီးတဲ့ေနာက္မွာ က်ြန္ေတာ္သူ ့
ကိုမခ်စ္ေပမဲ့ အျမင္မႀကည္တာေတာ့မရွိခဲ့ေတာ့ဘူး။

"ခ်စ္ခ်စ္ လံုလံု လိုက္"

ထံုးစံအတိုင္း စကားတခြန္းကို ေပါက္စီလံုးအျပည့္မေျပာနိုင္ျပန္ဘူး။
ေက်ာင္းဝတ္စံုအျပည့္ဝတ္ထားတဲ့
က်ြန္ေတာ့္ နားမွာရစ္သီရစ္သီလုပ္ပီး
လိုက္ခ်င္တဲ့ အေႀကာင္းေျပာလာတယ္။
ေခၚလို ့မရဘူးေလ။
ေက်ာင္းဆိုတာ ကေလးေတြလိုက္လို ့မရဘူးဆိုတာ ရွင္းမျပခ်င္ဘူး။

"မလိုက္ရဘူး"

ျပတ္ျပတ္သားသားရွိတဲ့ က်ြန္ေတာ္စကားအဆံုးမွာ ဆြဲထားတဲ့ လက္ကိုျဖဳတ္ပီး
က်ြန္ေတာ့ ေမြ ့ယာေပၚ ေကြးေကြးေလးသြားအိပ္ေနတယ္။
ဒါစိတ္ေကာက္သြားတာဆိုတာ တလနီးပါးေလာက္ လက္ပြန္းတတီးေနလာတဲ့ အေတြ ့အႀကံဳရက်ြန္ေတာ္သိလိုက္တယ္။
ဒါေပမဲ့ က်ြန္ေတာ္မေခ်ာ့ဘူး။
စကားေတြအမ်ားႀကီးေျပာရတာကိုက်ြန္ေတာ္တကယ္မႀကိဳဘူးေလ။
ဒါကိုေပါက္စီလံုးေနာက္က်သိသြားလိမ့္မယ္။

က်ြန္ေတာ္ေက်ာင္းသြားေတာ့ သူ ့အိမ္က
ျပန္လာေခၚသြားတယ္။ မလိုက္ခ်င္တဲ့ မ်က္ဝန္းေတြနဲ ့အသနားခံလာတယ္။
ေဒၚေလးက ေစ်းကို သြားျပီ က်ြန္ေတာ္က ရပ္ကြက္ထဲက ေက်ာင္းကို သြားရမယ္။ က်ြန္ေတာ္အိမ္မွာ ကေလးတစ္ေယာက္ထဲေနခဲ့လို ့မွမရတာ။
အဲ့ဒါေႀကာင့္ က်ြန္ေတာ္မသိခ်င္ေယာင္ေဆာင္ေနလိုက္တယ္။

ဒီေန ့ေက်ာင္းမွာသင္သမ်ွကို အိမ္စာမပါေအာင္ က်ြန္ေတာ္ တခါထဲလုပ္ေနမိသည္။
ေက်ာင္းဆင္းခ်ိန္ေမ်ွာ္ေနတက္တဲ့ ေပါက္စီလံုးက အိမ္ေရာက္ရင္ စာက်က္လို ့မရေအာင္ ေနွာက္ယွက္လြန္းလို ့ပါ။
ေဒၚေလးက ေန ့တိုင္းမုန္ ့ဖိုးေပးတက္ေပမဲ့ ထိုပိုက္ဆံေတြကို က်ြန္ေတာ္ ဝယ္မစားတက္ဘူး။
ျပန္ေရာက္တိုင္း အံဆြဲထဲမွာ ထိုးထားတက္တဲ့ မုန္ ့ဖိုးေတြလဲ အေတာ္မ်ားေနတာသိေပမဲ့ အပိုေတြလုပ္ရတာမႀကိဳက္တဲ့က်ြန္ေတာ္က တခါေတာင္ဘယ္ေလာက္ရွိျပီလဲ မစပ္စုခဲ့ဘူး။
ဒါေပမဲ့ ဒီေန ့မွာေတာ့ ေပးလိုက္တဲ့ မုန္ ့ဖိုးကိုသံုးဖို ့ႀကံရြယ္ထားတယ္။

မုန္းစားဆင္းခ်ိန္ေရာက္ေတာ့ ကေလးေတြရဲ့ ေပ်ာ္ႀကတယ္။
ေအာ္ႀက ေဆာ့ႀကနဲ ့
ဆူညံပြက္ေလာရုိက္ေနတဲ့ အခန္းျပင္ကို
က်ြန္ေတာ္ဘယ္ေတာ့မွ ေျခမခ်ခ်င္ခဲ့ဘူး။

တိုးတိုက္ဝယ္ရတဲ့ မုန္ ့ေစ်းတန္းေတြကိုလဲ က်ြန္ေတာ္တကယ္သေဘာမက်ဘူး။
ကေလးေတြက ညစ္ပတ္ျပီး စည္းကမ္းမရွိႀကဘူးေလ။
သူတို ့ေႀကာင့္ က်ြန္ေတာ္ရဲ့မီးပူထိုးထားတဲ့ ေကာ့ျပန္ေနေသာ အျဖဴေရာင္
အက်ၤ ီေလးညစ္ေပသြားမွာသိပ္စိုးပါသည္။

ဒါေပမဲ့ က်ြန္ေတာ္ ဒီေန ့မုန္ ့ေစ်းတန္းကိုသြားခဲ့မိတယ္။
အခန္းထဲေရာက္ေတာ့ က်ြန္ေတာ္ရဲ့ ေကာ့ျပန္စြာမီးပူထိုးဝတ္ထားတဲ့ အျဖဴေရာင္အက်ၤ ီေလးက တြန္ ့ေက်ကာအနည္းငယ္ညစ္ပတ္ေနေလသည္။

ဒါေပမဲ့ ဒီတခါေတာ့ က်ြန္ေတာ္ထူးျခားစြာစိတ္ညစ္မေနခဲ့ပါဘူး။
လက္ထဲမွာ ကိုင္ထားတဲ့ နို ့ဘူးေလးကို ေသခ်ာေလး ေက်ာပိုးအိတ္ထဲမွာ ထည့္ကာ စာထိုင္ဖတ္ေနလိုက္ျပီး အိမ္ျပန္ခ်ိန္ကို တိတ္တိတ္ေလးေစာင့္ေမ်ွာ္ေနခဲ့မိသည္။

ေက်ာင္းဆင္းခ်ိန္ေရာက္ေတာ့ က်ြန္ေတည္ ေက်ာပိုးအိတ္ကိုလြယ္ကာ ခပ္ျမန္ျမန္ပဲ အခန္းထဲကေနေျပးထြက္လိုက္တယ္။
ေျပးလႊားတာက်ြန္ေတာ္အက်င့္မဟုတ္တာသိေပမဲ့ က်ြန္ေတာ္ သတိမမူစြာေျပးေနမိခဲ့တယ္။
မနက္က ေက်ာင္းလိုက္ခ်င္လို ့ဂ်ီက်ေနတဲ့ ေပါက္စီလံုးေႀကာင့္ အႀကီးပီပီေခ်ာ့ရမယ္ဆိုတာက်ြန္ေတာ္သိတာလဲပါတယ္။
က်ြန္ေတာ္ရဲ့ စာသင္ခ်ိန္တခ်ိဳ ့မွာ ဝမ္းနည္းသြားတဲ့  ေပါက္စီလံုးပံုရိပ္ေတြ ႀကီးစိုးေနေတာ့ စာသင္ရတာ က်ြန္ေတာ္စိတ္မေျဖာင့္ခဲ့ပါ။

က်ြန္ေတာ္ဖတ္ခဲ့ဖူးတဲ့ စာေတြေႀကာင့္ ဒီအရြယ္ေလးေတြက စိတ္ဒဏ္ရာရလြယ္တယ္ဆိုတာ က်ြန္ေတာ္သိတယ္။
စိတ္ပါလို ့မဟုတ္ေပမဲ့ေပါက္စီလံုးကို စိတ္ဒဏ္ရာေတာ့က်ြန္ေတာ္မရေစခ်င္ဘူး။
အဲ့ဒါေႀကာင့္ နည္းနည္းေခ်ာ့လိုက္ဖို ့က်ြန္ေတာ္ေတြးထားပါတယ္။

ထင္တဲ့အတိုင္း အိမ္ေရွ ့က အုတ္ခံုေလးေပၚမွာ အနီေရာင္ဝမ္းဆက္ေလးနဲ ့ေပါက္စီလံုးက ထိုင္ပီး က်ြန္ေတာ္ကိုေမ်ွာ္ေနတာေပါ့။

"ခ်စ္ခ်စ္  လံုလံုေစာင့္"

က်ြန္ေတာ္ကို ေစာင့္ေနတာကို သိေပမဲ့
နည္းနည္းေတာ့ စိတ္တိုမိတယ္။
စကားေတာင္ေလးလံုးကြဲေအာင္မေျပာတက္ေသးတဲ့ ကေလးေလးကို
တစ္ေယာက္ထဲ လႊတ္ေပးထားမ်ိဳးက ေတာ္ေတာ္စိတ္ပ်က္စရာေကာင္းတယ္လို ့ထင္တယ္။

"ေနာက္ကို ငါျပန္မလာမျခင္းအိမ္ထဲက ထြက္မလာနဲ ့။ တကယ္လို ့မင္းငါ့စကားနားမေထာင္ရင္ေနာက္ကို ငါနဲ ့လာမေဆာ့နဲ ့"

က်ြန္ေတာ္ရဲ့စကားအဓိပၸါယ္ကို ေပါက္စီလံုးနားမလည္ပါ။ ဒါေပမဲ့ က်ြန္ေတာ္သူ ့ကိုဆူေနမွန္းေတာ့ သူသိသည္။
ဝမ္းနည္းသြားသည္ထင္ ေမာ့ႀကည့္ေနရွာတဲ့ မ်က္လံုးအိမ္ထဲတြင္ မ်က္ရည္ႀကည္ေတြရစ္သိုင္းလာတာကို က်ြန္ေတာ္ေသခ်ာျမင္ေနရတယ္။

"တိတ္ မငိုနဲ ့။ ေနာက္ကို ငါေက်ာင္းက ျပန္လာရင္ လာေခၚမယ္ အိမ္ျပန္လံုးဝ မထြက္ရဘူးေနာ္ ႀကားလား"

သူနားမလည္ေပမဲ့ ငိုမဲ့မဲ့ေလးေခါင္းညိမ့္ျပလာတယ္။
ထို ့ေႀကာင့္ လိမ္မာတဲ့ ကေလးကို ဆုခ်တဲ့အေနနဲ ့ေက်ာင္းကဝယ္လာတဲ့ ႏုိ ့ဘူးေလးထုတ္တိုက္လိုက္သည္။

"ေရာ့ မငိုနဲ ့။ ငိုတဲ့ ကေလးေတြကို ငါမခ်စ္ဘူး"

ပိုက္တံေလးနဲ ့ဗူးကုိ ထိုးေဖာက္ကာ
လက္ထဲထိုးေပးေတာ့ ငိုရင္းတန္းလန္း
ေအာက္သြားက်ိဳးေလးေပၚေအာင္ရယ္ျပလာ၏။

"ခ်စ္စရာနည္းနည္းမွမေကာင္းဘူး"

က်ြန္ေတာ္ တိုးတိုးေရရြတ္ကာ ျခံတံခါးကိုတြန္းဖြင့္လိုက္တယ္။
အိမ္ထဲဝင္မလို ့ေျခလွမ္းကာရွိေသး
လက္ေသးေသးေလးက က်ြန္ေတာ္လက္ကို လာဆြဲကိုင္လာျပန္သည္။

"မင္းေတာ္ေတာ္ရွဳပ္တယ္"

မေက်မနပ္ေျပာလိုက္ေပမဲ့ ေပါက္စီလံုးလက္ကိုေတာ့က်ြန္ေတာ္ျပန္ဆုပ္ကိုင္မိတယ္။

ေပါက္စီလံုးက ဘယ္ေတာ့မွ တစ္ေယာက္ထဲလမ္းမေလ်ွာက္တက္ဘူး။
အသားထိတာမႀကိဳက္ေပမဲ့ က်ြန္ေတာ္ျငင္းရင္ေပါက္စီလံုးငိုလာမွာေတာ့ က်ြန္ေတာ္စိုးရိမ္သည္။

"ခဏထိုင္အုန္း …ျငိမ္ျငိမ္ေနေနာ္ ။ငါ
အက်ၤ ီလဲအုန္းမယ္"

ဆိုဖာေပၚ ေပြ ့တင္ေပးျပီး က်ြန္ေတာ္မွာေတာ့ ေပါက္စီလံုးက မ်က္လံုးျပဴးေလးနဲ ့ႏို ့ဗူးေသာက္ရင္းေမာ့ႀကည့္လာ၏။

တကယ္စိတ္ကုန္ခ်င္စရာေလး။

က်ြန္ေတာ္ျမန္ျမန္ပဲ အက်ၤ ီလဲလိုက္ရပါသည္။
ဒီေန ့အိမ္စာလဲ လုပ္စရာမရွိတာေႀကာင့္ေပါက္စီလံုး ေဆာ့တာကိုေဘးကထိုင္ႀကည့္ရုံသာရွိသည္။

"ခ်စ္ခ်စ္ လံုလံုေဆာ့"

ဆိုဖာေပၚမွာေျပာတဲ့အတိုင္းထိုင္ေနေပမဲ့
သူထြက္လာေတာ့ လက္ကမ္းပီးေခၚခိုင္းေနျပန္သည္။
စိတ္မရွည္စြာ မ်က္ေမွာင္ကုတ္ပီး သြားခ်ီေတာ့ တခစ္ခစ္နဲ ့ရယ္ေနတာမရပ္ေတာ့။

အားေနရယ္စရာမပါပဲကေလေတြက
ရယ္ႀကသည္။
ငိုသံထက္စာရင္ေတာ့ ရယ္သံက
ပိုေကာင္းသည္ထင္၏။
ထို ့ေႀကာင္ ့ေပါက္စီလံုးရယ္ ေအာင္
မခ်ီခ်င္ပဲ အခ်ိန္ေတာ္ႀကာေအာင္ခ်ီထားမိသည္။
ေပါက္စီလံုးက လူသာငယ္တာ ခႏၶာကိုယ္က ဝဝဖိုင့္ဖိုင့္မို ့ သူကိုႀကာႀကာခ်ီရင္ လက္ေတြ ေညာင္း၏။

မိနစ္၂၀ခန္ ့ခ်ီပိုးပီး ေပါက္စီလံုးေပ်ာ္ေအာင္လုပ္ေပးျပီးေနာက္မွာ က်ြန္ေတာ္ ဆက္မခ်ီထားနိုင္ေတာ့။

"ဆင္းအုန္း မင္းကိုယ္လံုးက ေလးတယ္"

"လံုလံု ဆင္းဘူး"

အတင္းလည္ပင္းကိုကုတ္ဖက္တြယ္ထားတာမို ့ေအာက္ခ်လို ့မရ။
က်ြန္ေတာ္စိတ္ပ်က္သြားသည္။
ေပါက္စီလံုးက လူသိပ္ကပ္၏။
ေပြ ့ထားရက္နဲ ့ခံုေပၚထိုင္သည့္တိုင္
ေပါက္စီလံုးက က်ြန္ေတာ့္ေပါင္ေပၚခြထိုင္ကာ လည္ပင္းႀကားမ်က္နွာအပ္ကာ
ျငိမ္ေနသည္။
တေန ့လံုးပင္ပန္းလာတာမို ့
ေပါက္စီလံုးကို စကားမေျပာနိုင္ပဲ အိပ္ခ်င္လာတယ္။
ေနာက္ဆံုး က်ြန္ေတာ္အိပ္ေပ်ာ္စျပဳေနတဲ့အခ်ိန္မွာ က်ြန္ေတာ္ပါးျပင္ကို ခပ္စိုစိုအရာတခုထိေတြ ့သြားျပီး……

"ခ်စ္ခ်စ္ အာဘြား"ဆိုတာသာ ေနာက္ဆံုးႀကားလိုက္ရသည္။

ခ်စ္တဲ့အိမ္စည္။

(ေရးေနႀကပံုစံမဟုတ္ေတာ့ တမ်ိဳးျဖစ္ေနတယ္။ မန္ ့ေတြ မျပန္ေပမဲ့ သိတယ္ေနာ္။ အားလံုးကိုခ်စ္တယ္)

>>>>>>>>><<<<<<<<>><

ပေါက်စီလုံးနာမည်က သက်ငယ်ဝေလုံတဲ့။ ၃နှစ်၅လသားအရွယ်ရောက်နေပေမဲ့
ပေါက်စီလုံးက စကားတွေအများကြီးမပြောနိုင်သေးဘူး။
နို့ ဘူးနဲ့ ကြီးပြင်းခဲ့တဲ့ ကလေးတွေက
ထိုအတိုင်း ဖြစ်တက်တယ်လို့ တီလေးပြောတုန်းက ကျွန်တော် မျက်မှောင်ကုတ်ပပီး ထိုကလေးကိုအေးစက်စက်သာကြည့်နေခဲ့တယ်။

ကျွန်တော်ဘယ်သူ့ ကိုမှမသနားချင်သလို
ကလေးတွေကိုလဲ မချစ်ချင်ဘူး။

ဘယ်လောက်အေးတိအေးစက်နဲ့
ပေါက်ဆီလုံးကို ဆက်ဆံဆံ အဲ့ကလေးက
အမှတ်သည်းခြေ လုံးဝမရှိဘူး။

မိုးလင်းတာနဲ့ ကျွန်တော်အခန်းထဲရောက်နေတက်ပြီး အိပ်ယာမနိုးနိုးအောင်ဘေးကနေ နှိုးနေတက်သည်။

ကလေးတစ်ယောက်ဖြစ်ပီး လုံလောက်တဲ့အိပ်ချိန်မရှိရင် မကောင်းဘူးဆိုတာ
ပေါက်စီလုံးရဲ့အဖေက မသိဘူးထင်တယ်။
ဒေါ်လေးက ဆိုင်သွားဖို့ မနက်ဆို
စောစောထလေ့ရှိတယ် ။ အဲ့ဒီအချိန်ဆို
ပေါက်စီလုံးအိမ်က အလုပ်သမားတစ်ယောက်ကိုလက်ဆွဲပီးလိုက်ပို့ ခိုင်းတက်တယ်။ အစက သူလာတာသိပ်မကြိုက်ပေမဲ့ ဒေါ်လေးရဲ့တဒုန်းဒုန်းတံခါးရိုက်ပီး နှိုးသံထက်တော့ သူနှောက်ယှက်တာအဆင်ပြေတယ်ထင်တာပဲ။
အဲ့လိုနဲ့  ပေါက်စီလုံးကကျွန်တော့်
ဘဝထဲကို တဖြည်းဖြည်းတိုးဝင်လာတော့တယ်။

တဖြည်းဖြည်းသိလာတဲ့ အကြောင်းရာများစွာထဲမှာ သက်ငယ်ဝေလုံက ကျွန်တော်လို အမေမရှိတော့တဲ့သူတဲ့။
အဲ့ဒါကြောင့် သူ့ အဖေက အလိုလိုက်တာနေမှာဆိုတာကို ကျွန်တော် လက်ခံသွားပီးတဲ့နောက်မှာ ကျွန်တော်သူ့
ကိုမချစ်ပေမဲ့ အမြင်မကြည်တာတော့မရှိခဲ့တော့ဘူး။

"ချစ်ချစ် လုံလုံ လိုက်"

ထုံးစံအတိုင်း စကားတခွန်းကို ပေါက်စီလုံးအပြည့်မပြောနိုင်ပြန်ဘူး။
ကျောင်းဝတ်စုံအပြည့်ဝတ်ထားတဲ့
ကျွန်တော့် နားမှာရစ်သီရစ်သီလုပ်ပီး
လိုက်ချင်တဲ့ အကြောင်းပြောလာတယ်။
ခေါ်လို့ မရဘူးလေ။
ကျောင်းဆိုတာ ကလေးတွေလိုက်လို့ မရဘူးဆိုတာ ရှင်းမပြချင်ဘူး။

"မလိုက်ရဘူး"

ပြတ်ပြတ်သားသားရှိတဲ့ ကျွန်တော်စကားအဆုံးမှာ ဆွဲထားတဲ့ လက်ကိုဖြုတ်ပီး
ကျွန်တော့ မွေ့ ယာပေါ် ကွေးကွေးလေးသွားအိပ်နေတယ်။
ဒါစိတ်ကောက်သွားတာဆိုတာ တလနီးပါးလောက် လက်ပွန်းတတီးနေလာတဲ့ အတွေ့ အကြုံရကျွန်တော်သိလိုက်တယ်။
ဒါပေမဲ့ ကျွန်တော်မချော့ဘူး။
စကားတွေအများကြီးပြောရတာကိုကျွန်တော်တကယ်မကြိုဘူးလေ။
ဒါကိုပေါက်စီလုံးနောက်ကျသိသွားလိမ့်မယ်။

ကျွန်တော်ကျောင်းသွားတော့ သူ့ အိမ်က
ပြန်လာခေါ်သွားတယ်။ မလိုက်ချင်တဲ့ မျက်ဝန်းတွေနဲ့ အသနားခံလာတယ်။
ဒေါ်လေးက ဈေးကို သွားပြီ ကျွန်တော်က ရပ်ကွက်ထဲက ကျောင်းကို သွားရမယ်။ ကျွန်တော်အိမ်မှာ ကလေးတစ်ယောက်ထဲနေခဲ့လို့ မှမရတာ။
အဲ့ဒါကြောင့် ကျွန်တော်မသိချင်ယောင်ဆောင်နေလိုက်တယ်။

ဒီနေ့ ကျောင်းမှာသင်သမျှကို အိမ်စာမပါအောင် ကျွန်တော် တခါထဲလုပ်နေမိသည်။
ကျောင်းဆင်းချိန်မျှော်နေတက်တဲ့ ပေါက်စီလုံးက အိမ်ရောက်ရင် စာကျက်လို့ မရအောင် နှောက်ယှက်လွန်းလို့ ပါ။
ဒေါ်လေးက နေ့ တိုင်းမုန့် ဖိုးပေးတက်ပေမဲ့ ထိုပိုက်ဆံတွေကို ကျွန်တော် ဝယ်မစားတက်ဘူး။
ပြန်ရောက်တိုင်း အံဆွဲထဲမှာ ထိုးထားတက်တဲ့ မုန့် ဖိုးတွေလဲ အတော်များနေတာသိပေမဲ့ အပိုတွေလုပ်ရတာမကြိုက်တဲ့ကျွန်တော်က တခါတောင်ဘယ်လောက်ရှိပြီလဲ မစပ်စုခဲ့ဘူး။
ဒါပေမဲ့ ဒီနေ့ မှာတော့ ပေးလိုက်တဲ့ မုန့် ဖိုးကိုသုံးဖို့ ကြံရွယ်ထားတယ်။

မုန်းစားဆင်းချိန်ရောက်တော့ ကလေးတွေရဲ့ ပျော်ကြတယ်။
အော်ကြ ဆော့ကြနဲ့
ဆူညံပွက်လောရိုက်နေတဲ့ အခန်းပြင်ကို
ကျွန်တော်ဘယ်တော့မှ ခြေမချချင်ခဲ့ဘူး။

တိုးတိုက်ဝယ်ရတဲ့ မုန့် ဈေးတန်းတွေကိုလဲ ကျွန်တော်တကယ်သဘောမကျဘူး။
ကလေးတွေက ညစ်ပတ်ပြီး စည်းကမ်းမရှိကြဘူးလေ။
သူတို့ ကြောင့် ကျွန်တော်ရဲ့မီးပူထိုးထားတဲ့ ကော့ပြန်နေသော အဖြူရောင်
အင်္ကျီလေးညစ်ပေသွားမှာသိပ်စိုးပါသည်။

ဒါပေမဲ့ ကျွန်တော် ဒီနေ့ မုန့် ဈေးတန်းကိုသွားခဲ့မိတယ်။
အခန်းထဲရောက်တော့ ကျွန်တော်ရဲ့ ကော့ပြန်စွာမီးပူထိုးဝတ်ထားတဲ့ အဖြူရောင်အင်္ကျီလေးက တွန့် ကျေကာအနည်းငယ်ညစ်ပတ်နေလေသည်။

ဒါပေမဲ့ ဒီတခါတော့ ကျွန်တော်ထူးခြားစွာစိတ်ညစ်မနေခဲ့ပါဘူး။
လက်ထဲမှာ ကိုင်ထားတဲ့ နို့ ဘူးလေးကို သေချာလေး ကျောပိုးအိတ်ထဲမှာ ထည့်ကာ စာထိုင်ဖတ်နေလိုက်ပြီး အိမ်ပြန်ချိန်ကို တိတ်တိတ်လေးစောင့်မျှော်နေခဲ့မိသည်။

ကျောင်းဆင်းချိန်ရောက်တော့ ကျွန်တေည် ကျောပိုးအိတ်ကိုလွယ်ကာ ခပ်မြန်မြန်ပဲ အခန်းထဲကနေပြေးထွက်လိုက်တယ်။
ပြေးလွှားတာကျွန်တော်အကျင့်မဟုတ်တာသိပေမဲ့ ကျွန်တော် သတိမမူစွာပြေးနေမိခဲ့တယ်။
မနက်က ကျောင်းလိုက်ချင်လို့ ဂျီကျနေတဲ့ ပေါက်စီလုံးကြောင့် အကြီးပီပီချော့ရမယ်ဆိုတာကျွန်တော်သိတာလဲပါတယ်။
ကျွန်တော်ရဲ့ စာသင်ချိန်တချို့ မှာ ဝမ်းနည်းသွားတဲ့  ပေါက်စီလုံးပုံရိပ်တွေ ကြီးစိုးနေတော့ စာသင်ရတာ ကျွန်တော်စိတ်မဖြောင့်ခဲ့ပါ။

ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ စာတွေကြောင့် ဒီအရွယ်လေးတွေက စိတ်ဒဏ်ရာရလွယ်တယ်ဆိုတာ ကျွန်တော်သိတယ်။
စိတ်ပါလို့ မဟုတ်ပေမဲ့ပေါက်စီလုံးကို စိတ်ဒဏ်ရာတော့ကျွန်တော်မရစေချင်ဘူး။
အဲ့ဒါကြောင့် နည်းနည်းချော့လိုက်ဖို့ ကျွန်တော်တွေးထားပါတယ်။

ထင်တဲ့အတိုင်း အိမ်ရှေ့ က အုတ်ခုံလေးပေါ်မှာ အနီရောင်ဝမ်းဆက်လေးနဲ့ ပေါက်စီလုံးက ထိုင်ပီး ကျွန်တော်ကိုမျှော်နေတာပေါ့။

"ချစ်ချစ်  လုံလုံစောင့်"

ကျွန်တော်ကို စောင့်နေတာကို သိပေမဲ့
နည်းနည်းတော့ စိတ်တိုမိတယ်။
စကားတောင်လေးလုံးကွဲအောင်မပြောတက်သေးတဲ့ ကလေးလေးကို
တစ်ယောက်ထဲ လွှတ်ပေးထားမျိုးက တော်တော်စိတ်ပျက်စရာကောင်းတယ်လို့ ထင်တယ်။

"နောက်ကို ငါပြန်မလာမခြင်းအိမ်ထဲက ထွက်မလာနဲ့ ။ တကယ်လို့ မင်းငါ့စကားနားမထောင်ရင်နောက်ကို ငါနဲ့ လာမဆော့နဲ့ "

ကျွန်တော်ရဲ့စကားအဓိပ္ပါယ်ကို ပေါက်စီလုံးနားမလည်ပါ။ ဒါပေမဲ့ ကျွန်တော်သူ့ ကိုဆူနေမှန်းတော့ သူသိသည်။
ဝမ်းနည်းသွားသည်ထင် မော့ကြည့်နေရှာတဲ့ မျက်လုံးအိမ်ထဲတွင် မျက်ရည်ကြည်တွေရစ်သိုင်းလာတာကို ကျွန်တော်သေချာမြင်နေရတယ်။

"တိတ် မငိုနဲ့ ။ နောက်ကို ငါကျောင်းက ပြန်လာရင် လာခေါ်မယ် အိမ်ပြန်လုံးဝ မထွက်ရဘူးနော် ကြားလား"

သူနားမလည်ပေမဲ့ ငိုမဲ့မဲ့လေးခေါင်းညိမ့်ပြလာတယ်။
ထို့ ကြောင့် လိမ်မာတဲ့ ကလေးကို ဆုချတဲ့အနေနဲ့ ကျောင်းကဝယ်လာတဲ့ နို့ ဘူးလေးထုတ်တိုက်လိုက်သည်။

"ရော့ မငိုနဲ့ ။ ငိုတဲ့ ကလေးတွေကို ငါမချစ်ဘူး"

ပိုက်တံလေးနဲ့ ဗူးကို ထိုးဖောက်ကာ
လက်ထဲထိုးပေးတော့ ငိုရင်းတန်းလန်း
အောက်သွားကျိုးလေးပေါ်အောင်ရယ်ပြလာ၏။

"ချစ်စရာနည်းနည်းမှမကောင်းဘူး"

ကျွန်တော် တိုးတိုးရေရွတ်ကာ ခြံတံခါးကိုတွန်းဖွင့်လိုက်တယ်။
အိမ်ထဲဝင်မလို့ ခြေလှမ်းကာရှိသေး
လက်သေးသေးလေးက ကျွန်တော်လက်ကို လာဆွဲကိုင်လာပြန်သည်။

"မင်းတော်တော်ရှုပ်တယ်"

မကျေမနပ်ပြောလိုက်ပေမဲ့ ပေါက်စီလုံးလက်ကိုတော့ကျွန်တော်ပြန်ဆုပ်ကိုင်မိတယ်။

ပေါက်စီလုံးက ဘယ်တော့မှ တစ်ယောက်ထဲလမ်းမလျှောက်တက်ဘူး။
အသားထိတာမကြိုက်ပေမဲ့ ကျွန်တော်ငြင်းရင်ပေါက်စီလုံးငိုလာမှာတော့ ကျွန်တော်စိုးရိမ်သည်။

"ခဏထိုင်အုန်း …ငြိမ်ငြိမ်နေနော် ။ငါ
အင်္ကျီလဲအုန်းမယ်"

ဆိုဖာပေါ် ပွေ့ တင်ပေးပြီး ကျွန်တော်မှာတော့ ပေါက်စီလုံးက မျက်လုံးပြူးလေးနဲ့ နို့ ဗူးသောက်ရင်းမော့ကြည့်လာ၏။

တကယ်စိတ်ကုန်ချင်စရာလေး။

ကျွန်တော်မြန်မြန်ပဲ အင်္ကျီလဲလိုက်ရပါသည်။
ဒီနေ့ အိမ်စာလဲ လုပ်စရာမရှိတာကြောင့်ပေါက်စီလုံး ဆော့တာကိုဘေးကထိုင်ကြည့်ရုံသာရှိသည်။

"ချစ်ချစ် လုံလုံဆော့"

ဆိုဖာပေါ်မှာပြောတဲ့အတိုင်းထိုင်နေပေမဲ့
သူထွက်လာတော့ လက်ကမ်းပီးခေါ်ခိုင်းနေပြန်သည်။
စိတ်မရှည်စွာ မျက်မှောင်ကုတ်ပီး သွားချီတော့ တခစ်ခစ်နဲ့ ရယ်နေတာမရပ်တော့။

အားနေရယ်စရာမပါပဲကလေတွေက
ရယ်ကြသည်။
ငိုသံထက်စာရင်တော့ ရယ်သံက
ပိုကောင်းသည်ထင်၏။
ထို့ ကြောင့် ပေါက်စီလုံးရယ် အောင်
မချီချင်ပဲ အချိန်တော်ကြာအောင်ချီထားမိသည်။
ပေါက်စီလုံးက လူသာငယ်တာ ခန္ဓာကိုယ်က ဝဝဖိုင့်ဖိုင့်မို့  သူကိုကြာကြာချီရင် လက်တွေ ညောင်း၏။

မိနစ်၂၀ခန့် ချီပိုးပီး ပေါက်စီလုံးပျော်အောင်လုပ်ပေးပြီးနောက်မှာ ကျွန်တော် ဆက်မချီထားနိုင်တော့။

"ဆင်းအုန်း မင်းကိုယ်လုံးက လေးတယ်"

"လုံလုံ ဆင်းဘူး"

အတင်းလည်ပင်းကိုကုတ်ဖက်တွယ်ထားတာမို့ အောက်ချလို့ မရ။
ကျွန်တော်စိတ်ပျက်သွားသည်။
ပေါက်စီလုံးက လူသိပ်ကပ်၏။
ပွေ့ ထားရက်နဲ့ ခုံပေါ်ထိုင်သည့်တိုင်
ပေါက်စီလုံးက ကျွန်တော့်ပေါင်ပေါ်ခွထိုင်ကာ လည်ပင်းကြားမျက်နှာအပ်ကာ
ငြိမ်နေသည်။
တနေ့ လုံးပင်ပန်းလာတာမို့
ပေါက်စီလုံးကို စကားမပြောနိုင်ပဲ အိပ်ချင်လာတယ်။
နောက်ဆုံး ကျွန်တော်အိပ်ပျော်စပြုနေတဲ့အချိန်မှာ ကျွန်တော်ပါးပြင်ကို ခပ်စိုစိုအရာတခုထိတွေ့ သွားပြီး……

"ချစ်ချစ် အာဘွား"ဆိုတာသာ နောက်ဆုံးကြားလိုက်ရသည်။

ချစ်တဲ့အိမ်စည်။

(ရေးနေကြပုံစံမဟုတ်တော့ တမျိုးဖြစ်နေတယ်။ မန့် တွေ မပြန်ပေမဲ့ သိတယ်နော်။ အားလုံးကိုချစ်တယ်)

Bạn đang đọc truyện trên: ZingTruyen.Xyz