ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

28

eainsi23

"အိပ္ရေအာင္ လံုလံုေလးရယ္။ အရမ္းမိုးခ်ဳပ္ေနၿပီေလ "

"ဟင့္အင္ လံုလံု မအိပ္ေသးဘူး ေဖေဖ။
ခ်စ္ခ်စ္က ေျပာတယ္  ၁၉ရက္ေန႔က်
သားဆီလိုက္လာခဲ့မယ္တဲ့  "

ဝရံတာကေန ၿခံျပင္ကို လွမ္းေငးေနေသာသားကို ၾကည့္ကာ  ေလးတြဲ႕စြာ သက္ျပင္းခ်မိသည္။  ဒီကေလးကို ဘယ္လိုေတာင္  အားေပးနွစ္သိမ့္ရမွန္းေတာင္မသိေတာ့ေပ။ သူ ႔ရဲ႕ တစ္ဦးတည္းေသာ
ရင္နွစ္သည္းခ်ာေလး သည္ အစြဲလမ္းတအားႀကီးလြန္းလွသည္။

၁၉ရက္ေန႔က် ေဘဘီဆီ ငါလိုက္လာခဲ့မယ္ဆိုတဲ့ ဂစ္တာေလးနဲ ့ထည့္ေပးလိုက္တဲ့ စာ႐ြက္ေလးသည္  သားရဲ႕ေမ်ွာ္လင့္ခ်က္ေလးေပ။ လစဥ္လတိုင္း ၁၉ရက္ေန႔ဆို သားကတက္ႂကြ ေနတက္သည္မွာ ၁နွစ္နီးပါးေတာင္ရွိခဲ့ၿပီ။

" သား  ျပန္မလာေတာ့တဲ့သူ ကို ခုလို
ဇြတ္လုပ္ေနရတာ မပင္ပန္းဘူးလား။ "

လမ္းေပၚကိုေငးေနတဲ့ မ်က္ဝန္းေတြက
ခ်က္ျခင္း ေခါင္းငံုကာ မ်က္လႊာခ်သြားခဲ့သည္။ သိေနရက္သားနဲ ့သားရာ။
ဝဋ္ေႂကြးႀကီးလိုက္တာ။

စိတ္မေကာင္းျဖစ္ေနတဲ့ လံုလံုပုခံုေလးကို
ဖိကိုင္ၿပီး  ရင္ခြင္ထဲကို  ဖိသြင္းလိုက္သည္။ အၿမဲငိုေနတက္တဲ့ ကေလးကို မငိုေစဖို ႔သူဘာလုပ္ရမလဲ။

ဟင္းး...

သက္ျပင္းရွည္ႀကီး ခ်မိသြားေအာင္ထိ
သားေၾကာင့္ ရတက္မေအးနိုင္ခဲ့ပါ။
လံုလံုေလးဟာ  မိတဆိုးသားေလးမို ႔
ငယ္စဥ္ကတည္းက အခ်စ္ပိုခဲ့ရသည္၊သနားခဲ့ရသည္။  သူရွာခဲ့ေသာ စည္းစိမ္ေတြၾကားမွာ သားကေပ်ာ္ရႊင္မူ ႔လံုးဝမရွိတာကိုေတြ႕ရေတာ့  တခ်ိန္လံုးေငြကိုသာ သည္းႀကီးမည္းႀကီးရွာခဲ့မိတာကိုေနာင္တရပါသည္။ထို ႔ေၾကာင့္  ဆံုးျဖတ္ခ်က္တခု ခ်လိုက္မိသည္။

"  လရိပ္ဆီကို ေဖေဖလိုက္ပို႔ရမလားလံုလံု  "

ဖြက္ထားတဲ့ မ်က္နွာေလးသည္ ရင္ဘတ္ၾကားက ခ်က္ျခင္း ရုန္းကန္တိုးတြက္လာၿပီး  ၿပံဳးကာၾကည့္လာ၏။ မ်က္ရည္မ်ားကေတာ့ စီးက်လ်က္ပင္။
အေမးမရွိတဲ့ စကားကို ထပ္ခါထပ္ခါ ေခါင္းညိမ့္ျပရင္းေျပာေနမိတာက..

"သားကို ေဖေဖလိုက္ပို ႔ေပးမယ္သား။
လိုက္ပို ႔ေပးပါ့မယ္ ။ "

ၾကယ္ေရာင္လင္းေနတဲ့ ေကာင္းကင္ယံက
လွပမူ ႔သည္  ဖခင္တေယာက္ရဲ႕  ဝမ္းနည္းမူ ႔ေၾကာင့္ အက်ည္းတန္ေနသည္။
ေျမာက္မ်ားစြာေသာ ဘဝေတြသည္
လူတန္းစြာမေ႐ြး အပူမီးကို ရင္ဝယ္ေပြ ႕ထားၾကရသည္။ ထိုအထဲမွာ  သက္ငယ္ေဝလံုကလည္း တစ္ေယာက္အပါဝင္ပင္။

ဂစ္တာေသးေသးကို တီးခတ္ရင္း  သူသီခ်င္းသံေတြကို နားမေထာင္သြားရတဲ့သူကို လြမ္းသည္  ။ မပ်က္မျပတ္ကြက္  ေမ်ွာ္ေနဆဲ၁၉ရက္ေန႔သည္ ရုိးရာမပ်က္  ဝမ္းနည္းေစတုန္း။

ခံစားခ်က္ေၾကာင့္ သီခ်င္းလွလွထြက္သလို
သီခ်င္းဆိုတိုင္း လြမ္းရတဲ့ လရိပ္မွဴးခိုင္ကို
နွစ္တိုင္း မိုင္ေပါင္းမ်ားစြာသြားခ်ည္ျပန္ခ်ည္ ျဖတ္သန္းၿပီး လိုက္ၾကည့္ရတာလည္းအေမာ။

New York မွာ နွင္းက်ခ်ိန္ဆို အရမ္းေအးတယ္။ အေႏြးထည္အနီေလးနဲ ့ေက်ာင္းသြားတဲ့ ေကာင္းေလးေနာက္ကေန တိတ္တဆိတ္ လိုက္ရင္းသူခ်န္ခဲ့တဲ့ နွင္းေတာထဲက  ေျခရာခြက္ေလးကိုလိုက္နင္းကာ ေပ်ာ္ေနတဲ့ကေလးငယ္က ခ်မ္းဖို ႔ေမ့ခဲ့သည္။

ေဖေဖက ကတိတည္ပါတယ္။ မၾကာခဏလိုက္ပို ႔တက္ေသာ  ခ်စ္ခ်စ္ရွိရာ  အရပ္မွာ
လံုလံု တစ္ေယာက္လည္း ေပ်ာ္ေမြ ႕ေနတက္ခဲ့ၿပီ။  တခါတေလ  ၿပံဳးတယ္။ တခါတေလ ငိုင္ေနတက္တဲ့ ခ်စ္ခ်စ္က  လံုလံုမရွိတဲ့ အရပ္ေဒသမွာ ေနသားက်ေသးပံုမေပၚဘူး။

တခါတေလ ေျပးေခၚ ဖက္ထားခ်င္သည္။
လံုလံု ကိုဘာလို ႔ထားခဲ့တယ္လဲ လို ႔ငိုေမးခ်င္သည္။
၁၉ရက္ေန ႔လာေတြ ႕မယ္ေျပာၿပီး မလာတဲ့ ခ်စ္ခ်စ္က လူညာ ဆိုၿပီး ေျပးကာရန္ေတြ ႕ခ်င္သည္။

ဒါေပမဲ့ လံုလံု မလုပ္ခဲ့ဘူး။
ေဖေဖကေျပာတယ္  ။ ခ်စ္ခ်စ္ ပညာတက္ႀကီး ျဖစ္တဲ့အထိ  သားက ေစာင့္ေနေပးလိုက္ပါတဲ့။

ခြဲခြာရတာလံုလံု မႀကိဳက္ဘူး ခ်စ္ခ်စ္ရာ။
ေက်ာင္းသြားေက်ာင္းျပန္ လိုက္ၾကည့္ ေနရတာ လံုလံု ေပ်ာ္ေပမဲ့ ျပန္မဲ့ေန႔ဆို
ေဖေဖ့ရင္ခြင္ထဲဝင္ၿပီးငိုခဲ့ရတာ  အေမာပါပဲ။

နွစ္တိုင္း ေျပာင္းလဲလာတဲ့ ခ်စ္ခ်စ္က အရပ္ကေလးရွည္လာတယ္။
အသားေတြ ေဖြးလာတယ္။
အၿမဲတည္တင္းေနတက္တဲ့ နႈတ္ခမ္းေလးက အၿပံဳးေတြ လႈိင္လႈိင္ ပြင့္လာတယ္။

ခ်စ္ခ်စ္အမ်ားႀကီးေျပာင္းလဲသြားတာပဲ။

သူကေရာ ..

လံုလံုကေတာ့ မေျပာင္းလဲပါဘူး။
ခ်စ္ခ်စ္ကို လာေတြ ႕ဖို ႔နွစ္တိုင္းမေမ့သလို
မေတြ ႕ရတဲ့ အခ်ိန္ေတြမွာလဲ လြမ္းေနဆဲပါပဲ။

ဒီနွစ္ ေႏြရာသီမွာ ဂီတသင္တန္းေတြအမ်ား ထပ္ တက္ျဖစ္တယ္ ခ်စ္ခ်စ္။
ဆရာေတြကေျပာတယ္။
ဒီကေလး ပါရမီ သိပ္ပါတာပဲတဲ့။
မတီးတက္တဲ့ ေခတ္ေပၚ တူရိယာ မ်ိဳးစံု
မရွိသလို အသံအေနထားလွတဲ့ လံုလံုက
၁၄နွစ္အ႐ြယ္ကတည္းက ခ်စ္ခ်စ္အတြက္
၁၉ရက္ေန ႔တမ္းခ်င္းကို ေရးသားနိုင္ခဲ့ၿပီ။

သီခ်င္းေတြ ကို ေရးရတာ အရမ္းေပ်ာ္တာပဲ ခ်စ္ခ်စ္ရာ။ တခါတေလ  ခ်စ္ခ်စ္ ေက်ာင္းဆင္းခ်ိန္ကို ေစာင့္ရင္း ေရးခဲ့မိတဲ့ သီခ်င္းေလးေတြမွအမ်ားႀကီးပဲ။

ခ်စ္ခ်စ္ က Fashion ကို စိတ္ဝင္စားတာလား။ အံ့ၾသစရာပဲ။ ခ်စ္ခ်စ္ရဲ႕ ဝါသနာက
ၿငိမ္ၿငိမ္ေလးထိုင္ပီး စာဖတ္ရတာကို ႀကိဳက္တာမို ႔လား။ လူေတြနဲ ့စကားေျပာရတာမႀကိဳက္သလို   ခ်စ္ခ်စ္က စိတ္ဖိစီးရၿပီးအေတြးမ်ားရတဲ့ အလုပ္ေတြကို မႀကိဳက္ဘူးေလ။

ခ်စ္ခ်စ္ေရ  စိတ္မေကာင္းစရာပဲ ။
လံုလံု ဆယ္တန္းမေအာင္ဘူး ။ ခ်စ္ခ်စ္သိရင္ ဆူမယ္ထင္တယ္။ ပညာေရးက ခ်စ္ခ်စ္မရွိေတာ့ မထြန္းေပါက္ခဲ့ဘူး ။ ျပန္လာရင္ေတာ့ လံုလံု  ေတာင္းပန္ပါ့မယ္။
ဒါေပမဲ့  ဝမ္းသာစရာတခုေတာ့ရွိတယ္။
အဲ့ဒါက  လံုလံု You Tubeမွာ ဖြင့္ထားတဲ့
Channelက 640000 subscribersရွိသြားၿပီေလ။ သီခ်င္းေတြနဲ ့တူရိယာေတြကို ခ်စ္တဲ့ လံုလံုက  ပညာေရးမွာ မျဖစ္ထြန္းခဲ့ေပမဲ့  အႏုပညာနယ္ပယ္မွာေတာ့ ေျခလွမ္းခ်ထားနိုင္ခဲ့ၿပီ။

ခ်စ္ခ်စ္သိရင္ ဂုဏ္ယူမွာလားဟင္..

အခ်ိန္ေတြေျပာင္းတာ ၾကာလိုက္တာ ခ်စ္ခ်စ္ရယ္။  တရက္ၿပီးတရက္ ေစာင့္ရတာ စိတ္မရွည္ေတာ့ဘူး။  ေမ်ွာ္ရင္းေစာင့္ရင္းနဲ ့ပဲ  လံုလံု  Fbမွာ ၁၉ရက္ေန ႔တမ္းခ်င္းကို တင္လိုက္မိတယ္ခ်စ္ခ်စ္။ အဲ့ဒီေန ႔က
ေဖေဖဆံုးသြားတယ္ ။ အရမ္းဝမ္းနည္းခဲ့သလို အနားမွာမရွိေပးတဲ့ ခ်စ္ခ်စ္ကိုလည္း စိတ္နာတယ္။

လုပ္ငန္းေတြ ကေသာင္းကနင္းနဲ ့ အသက္မျပည့္ေသးတဲ့ လံုလံုက ပညာလည္းမတက္ေတာ့ အရမ္းဒုကၡေရာက္ခဲ့ရတယ္။
ပူေဆြးေနရတဲ့နာေရးမွာ  ေဖေဖေနရာလုခ်င္သူေတြက အမ်ားႀကီးပဲ။

လံုလံု လူေတြကို တကယ္မုန္းတယ္ခ်စ္ခ်စ္ရယ္။  ေဖေဖကေတာ့ ေနာက္ဆံုးအႀကိမ္ထိ တာဝန္ေက်သြားရွာပါတယ္။

အႏုပညာဝါသနာပါတဲ့ လံုလံုအတြက္
ေအဂ်င္စီ တစ္ခုေတာင္ ေထာင္ေပးသြားခဲ့ေသးတယ္ေလ။

အကိုႀကီးက ေဝလြင္မင္းထက္ က လံုလံု
နဲ ့ညီအကိုတစ္ဝမ္းကြဲေတာ္တယ္။

ေဖေဖက ေမာင္နွမ၃ေယာက္ရွိတယ္ေလ။
ေတာင္ႀကီးမွာေနတဲ့ အေဒၚအပ်ိဳ ႀကီးရဲ႕ အထက္က  ဦးေလးႀကီး ဦးထြန္းလံု ဆိုတာရွိေသးတယ္။ သူတို ႔က ၾသဇီမွာေနၾကတယ္ဆိုေပမဲ့ လံုလံုတို နဲ ့အဆက္အသြယ္ေတာ့မျပတ္ခဲ့ဘူး။ အစအဆံုးေဖေဖနာေရးကို  အေကာင္းဆံုးလုပ္ေပးခဲ့သလို
ပိုင္ဆိုင္မူ ႔ေတြကို ေသခ်ာ အေပ်ာက္အပ်က္မရွိေအာင္ လုပ္ေပးခဲ့တယ္။

ဘာမွမလုပ္တက္တဲ့ လံုလံုကေတာ့ စီစဥ္မူ ႔ေတြကို လက္ခံရုံမွလြဲၿပီး  ဘာမွနားမလည္ခဲ့ဘူး ခ်စ္ခ်စ္ရယ္။
စိတ္မခ်ျဖစ္ေနဆဲဦးေလးႀကီးက ျပန္သြားၿပီး သိပ္မၾကာဘူး ကိုႀကီးေဝလြင္ကို လႊတ္လိုက္တယ္။  စီးပြာေရးနဲ ့ေက်ာင္းၿပီးထားတဲ့ ကိုႀကီးက တကယ္ကိုေတာ္ပါေပတယ္။ 

ဘယ္လုပ္ငန္းမွ လွည့္ၾကည့္စရာမလိုေအာင္ စနစ္က်တယ္။ ဒါေပမဲ့ သူ ႔အသက္က ၂၃နွစ္ရွိၿပီ ။ ၁၇ နွစ္အ႐ြယ္ ဟန္ေဆာင္ရတာေတာ့ ဘယ္လြယ္မလဲ။

ဒီနွစ္ ေဆာင္းမွာ  New Yorkလမ္းေတြက ေျခာက္ကပ္ကပ္ပဲ။
ခါတိုင္းလိုက္ပို ႔ေနက် ေဖေဖ မရွိေတာ့တာကလြဲၿပီး   ခ်စ္ခ်စ္ကို တိတ္တဆိတ္လိုက္ၾကည့္ဆဲပဲ။

အျပင္သြားတယ္၊ ေစ်းဝယ္တယ္။
သိပ္ႀကီးအျပင္ထြက္ေလ့မရွိေတာ့ မ်က္နွာေလးျမင္ဖို ႔ခဲရင္းလာတယ္။

ဒါေပမဲ့  လံုလံုေက်နပ္ပါတယ္။ ျဖဴ စင္မူ ႔ေတြ အေရာင္စြန္းလာတဲ့ လံုလံု အတြက္
ခ်စ္ခ်စ္က စိတ္ေအးစရာပါပဲ။ ခုထိ ခ်စ္သူရည္းစားမရိွေသးဘူးတဲ့။ ခ်စ္ခ်စ္က ခ်စ္ဖို ႔ေကာင္းလိုက္တာ။

ေက်ာင္းၿပီးသြားေတာ့ ခ်စ္ခ်စ္ က  ဖက္ရွင္ကုမၸဏီမွာ အလုပ္ေလ်ွာက္တယ္တဲ့ ။
ခ်က္ျခင္း ကိုႀကီးကို  အဲ့ဒီကုမၸဏီမွာ ရွယ္ယာဝင္းခိုင္းတဲ့အထိ  လံုလံု မိုက္ရူးရဲဆန္ပစ္လိုက္တယ္။ 

ခ်စ္ခ်စ္က ေတာ္လိုက္တာ။
အလုပ္သင္ဝင္တန္းအျဖစ္  ခ်က္ျခင္း ေ႐ြးခ်ယ္ခံရေလာက္သည္ထိ  လရိပ္မွဴ းခိုင္ရဲ႕လက္ရာေတြက  မိုက္သည္တဲ့။

သိပ္မၾကာခင္မွာ လံုလံု အဲ့ဒီကုမၸဏီမွာရွယ္ရာဝင္နိုင္ခဲ့တယ္။

ခ်စ္ခ်စ္ႀကိဳးစားေနတဲ့ ကာလေတြမွာလည္းလံုလံုလည္း ႀကိဳးစားေနရတယ္။ ေဖေဖ့ရဲ႕
ျမန္မာျပည့္အနွံ ့ဖြင့္ထားတဲ့ ဆီဆိုင္ေတြ ကို  လံုလံု နားလည္ေအာင္ ေလ့လာေနတယ္ ခ်စ္ခ်စ္။ စီးပြာေရးက တကယ္ခက္တယ္။ အရမ္းလည္းပင္ပန္းတယ္ ခ်စ္ခ်စ္ေရ။  မပ်က္စီးေအာင္ မေပ်ာက္ပ်က္ေအာင္ လံုလံု ႀကိဳးစားေနရင္းကေန 
ခ်စ္ခ်စ္ လုပ္ေနတဲ့ ကုမၸဏီမွာ ျပသနာတက္တယ္တဲ့  ။ 

စိုးရိမ္လိုက္ရတာ ခ်စ္ခ်စ္ရာ ။
အားခ်င္း လိုက္လာခဲ့ရေလာက္ေအာင္
တကယ္ထူပူေနခဲ့ရတာ။

ဒါေပမဲ့  ကြၽန္ေတာ့္ မွဴးခိုင္ကေတာ့
ပီေကဝါးေတာင္ မပ်က္ဘူး  ။
ခ်စ္စရာျမင္ကြင္းကို ၾကည့္ပီး လံုလံုၿပံဳးမိေသးတယ္။ ဒီနွစ္ပိုင္းအတြင္း လရိပ္မွဴးခိုင္ပံုရိပ္ေပ်ာက္ေနတာဘယ္ေလာက္ၾကာပီလဲ။

ဒါဟာပံုရိပ္စစ္ဆိုတာေတြ႕ရေတာ့ ကြၽန္ေတာ္ ေပ်ာ္သြားတယ္။
ခ်စ္ခ်စ္က အရမ္းေသြးေအးၿပီး မာနႀကီးတက္တဲ့သူေလ။ 

ေျဖရွင္းနိုင္မယ္မွန္းသိေပမဲ့  ဗစ္တာက နာမည္ႀကီးတစ္ေယာက္မို ႔ျပသာနာအၾကာႀကီးမတက္ေအာင္ လံုလံုဝင္ပါမိသြားတယ္။ အဲ့ဒီအတြက္ကိုလည္း လံုလံုေတာင္းပန္ပါ့မယ္။   ဘယ္ေန ႔ျပန္လာမယ္မွန္းမသိေတာ့တဲ့ ခ်စ္ခ်စ္ကို  ေစာင့္ရတာ အလြန္ စိတ္ရွည္မွ ျဖစ္မယ္ေလ။

ဒါေပမဲ့ အဲ့ဒီေန ႔က လံုလံု ငိုခဲ့ရေသးတယ္။
ခ်စ္ခ်စ္က အလုပ္ထြက္ၿပီး အိမ္ကို ျပန္မယ္တဲ့ ။
အိမ္ဆိုတာ လံုလံုရွိရာ ကိုလား ခ်စ္ခ်စ္ရာ

အျမန္ဆံုးျပန္လာဖို ႔ဆုေတာင္းသလို
မ်က္နွာခ်င္းဆိုင္ အတူေနဖို ႔ အခန္းနွစ္ခန္းကိုလည္းဝယ္လိုက္ေသးတယ္။
ဒီတခါေတာ့ ဘယ္ေတာ့မွ မေဝးခ်င္ေတာ့ဘူးခ်စ္ခ်စ္ရယ္....

ခ်စ္တဲ့အိမ္စည္။

( ဇာတ္အရမ္းေအးေနေတာ့မႀကိဳက္ၾကဘူးမွန္းသိပါတယ္။ View ေရာ ၊Voteေရာ နည္းေနေတာ့ ေရးဖို ႔လည္း အားမရွိဘူးျဖစ္ေနလို ႔ၾကာသြားတယ္။ေတာင္းပန္ပါတယ္ ေနာ္)

"အိပ်ရအောင် လုံလုံလေးရယ်။ အရမ်းမိုးချုပ်နေပြီလေ "

"ဟင့်အင် လုံလုံ မအိပ်သေးဘူး ဖေဖေ။
ချစ်ချစ်က ပြောတယ်  ၁၉ရက်နေ့ကျ
သားဆီလိုက်လာခဲ့မယ်တဲ့  "

ဝရံတာကနေ ခြံပြင်ကို လှမ်းငေးနေသောသားကို ကြည့်ကာ  လေးတွဲ့စွာ သက်ပြင်းချမိသည်။  ဒီကလေးကို ဘယ်လိုတောင်  အားပေးနှစ်သိမ့်ရမှန်းတောင်မသိတော့ပေ။ သူ့ ရဲ့ တစ်ဦးတည်းသော
ရင်နှစ်သည်းချာလေး သည် အစွဲလမ်းတအားကြီးလွန်းလှသည်။

၁၉ရက်နေ့ကျ ဘေဘီဆီ ငါလိုက်လာခဲ့မယ်ဆိုတဲ့ ဂစ်တာလေးနဲ့ ထည့်ပေးလိုက်တဲ့ စာရွက်လေးသည်  သားရဲ့မျှော်လင့်ချက်လေးပေ။ လစဉ်လတိုင်း ၁၉ရက်နေ့ဆို သားကတက်ကြွ နေတက်သည်မှာ ၁နှစ်နီးပါးတောင်ရှိခဲ့ပြီ။

" သား  ပြန်မလာတော့တဲ့သူ ကို ခုလို
ဇွတ်လုပ်နေရတာ မပင်ပန်းဘူးလား။ "

လမ်းပေါ်ကိုငေးနေတဲ့ မျက်ဝန်းတွေက
ချက်ခြင်း ခေါင်းငုံကာ မျက်လွှာချသွားခဲ့သည်။ သိနေရက်သားနဲ့ သားရာ။
ဝဋ်ကြွေးကြီးလိုက်တာ။

စိတ်မကောင်းဖြစ်နေတဲ့ လုံလုံပုခုံလေးကို
ဖိကိုင်ပြီး  ရင်ခွင်ထဲကို  ဖိသွင်းလိုက်သည်။ အမြဲငိုနေတက်တဲ့ ကလေးကို မငိုစေဖို့ သူဘာလုပ်ရမလဲ။

ဟင်းး...

သက်ပြင်းရှည်ကြီး ချမိသွားအောင်ထိ
သားကြောင့် ရတက်မအေးနိုင်ခဲ့ပါ။
လုံလုံလေးဟာ  မိတဆိုးသားလေးမို့
ငယ်စဉ်ကတည်းက အချစ်ပိုခဲ့ရသည်၊သနားခဲ့ရသည်။  သူရှာခဲ့သော စည်းစိမ်တွေကြားမှာ သားကပျော်ရွှင်မူ့ လုံးဝမရှိတာကိုတွေ့ရတော့  တချိန်လုံးငွေကိုသာ သည်းကြီးမည်းကြီးရှာခဲ့မိတာကိုနောင်တရပါသည်။ထို့ ကြောင့်  ဆုံးဖြတ်ချက်တခု ချလိုက်မိသည်။

"  လရိပ်ဆီကို ဖေဖေလိုက်ပို့ရမလားလုံလုံ  "

ဖွက်ထားတဲ့ မျက်နှာလေးသည် ရင်ဘတ်ကြားက ချက်ခြင်း ရုန်းကန်တိုးတွက်လာပြီး  ပြုံးကာကြည့်လာ၏။ မျက်ရည်များကတော့ စီးကျလျက်ပင်။
အမေးမရှိတဲ့ စကားကို ထပ်ခါထပ်ခါ ခေါင်းညိမ့်ပြရင်းပြောနေမိတာက..

"သားကို ဖေဖေလိုက်ပို့ ပေးမယ်သား။
လိုက်ပို့ ပေးပါ့မယ် ။ "

ကြယ်ရောင်လင်းနေတဲ့ ကောင်းကင်ယံက
လှပမူ့ သည်  ဖခင်တယောက်ရဲ့  ဝမ်းနည်းမူ့ ကြောင့် အကျည်းတန်နေသည်။
မြောက်များစွာသော ဘဝတွေသည်
လူတန်းစွာမရွေး အပူမီးကို ရင်ဝယ်ပွေ့ ထားကြရသည်။ ထိုအထဲမှာ  သက်ငယ်ဝေလုံကလည်း တစ်ယောက်အပါဝင်ပင်။

ဂစ်တာသေးသေးကို တီးခတ်ရင်း  သူသီချင်းသံတွေကို နားမထောင်သွားရတဲ့သူကို လွမ်းသည်  ။ မပျက်မပြတ်ကွက်  မျှော်နေဆဲ၁၉ရက်နေ့သည် ရိုးရာမပျက်  ဝမ်းနည်းစေတုန်း။

ခံစားချက်ကြောင့် သီချင်းလှလှထွက်သလို
သီချင်းဆိုတိုင်း လွမ်းရတဲ့ လရိပ်မှူးခိုင်ကို
နှစ်တိုင်း မိုင်ပေါင်းများစွာသွားချည်ပြန်ချည် ဖြတ်သန်းပြီး လိုက်ကြည့်ရတာလည်းအမော။

New York မှာ နှင်းကျချိန်ဆို အရမ်းအေးတယ်။ အနွေးထည်အနီလေးနဲ့ ကျောင်းသွားတဲ့ ကောင်းလေးနောက်ကနေ တိတ်တဆိတ် လိုက်ရင်းသူချန်ခဲ့တဲ့ နှင်းတောထဲက  ခြေရာခွက်လေးကိုလိုက်နင်းကာ ပျော်နေတဲ့ကလေးငယ်က ချမ်းဖို့ မေ့ခဲ့သည်။

ဖေဖေက ကတိတည်ပါတယ်။ မကြာခဏလိုက်ပို့ တက်သော  ချစ်ချစ်ရှိရာ  အရပ်မှာ
လုံလုံ တစ်ယောက်လည်း ပျော်မွေ့ နေတက်ခဲ့ပြီ။  တခါတလေ  ပြုံးတယ်။ တခါတလေ ငိုင်နေတက်တဲ့ ချစ်ချစ်က  လုံလုံမရှိတဲ့ အရပ်ဒေသမှာ နေသားကျသေးပုံမပေါ်ဘူး။

တခါတလေ ပြေးခေါ် ဖက်ထားချင်သည်။
လုံလုံ ကိုဘာလို့ ထားခဲ့တယ်လဲ လို့ ငိုမေးချင်သည်။
၁၉ရက်နေ့ လာတွေ့ မယ်ပြောပြီး မလာတဲ့ ချစ်ချစ်က လူညာ ဆိုပြီး ပြေးကာရန်တွေ့ ချင်သည်။

ဒါပေမဲ့ လုံလုံ မလုပ်ခဲ့ဘူး။
ဖေဖေကပြောတယ်  ။ ချစ်ချစ် ပညာတက်ကြီး ဖြစ်တဲ့အထိ  သားက စောင့်နေပေးလိုက်ပါတဲ့။

ခွဲခွာရတာလုံလုံ မကြိုက်ဘူး ချစ်ချစ်ရာ။
ကျောင်းသွားကျောင်းပြန် လိုက်ကြည့် နေရတာ လုံလုံ ပျော်ပေမဲ့ ပြန်မဲ့နေ့ဆို
ဖေဖေ့ရင်ခွင်ထဲဝင်ပြီးငိုခဲ့ရတာ  အမောပါပဲ။

နှစ်တိုင်း ပြောင်းလဲလာတဲ့ ချစ်ချစ်က အရပ်ကလေးရှည်လာတယ်။
အသားတွေ ဖွေးလာတယ်။
အမြဲတည်တင်းနေတက်တဲ့ နှုတ်ခမ်းလေးက အပြုံးတွေ လှိုင်လှိုင် ပွင့်လာတယ်။

ချစ်ချစ်အများကြီးပြောင်းလဲသွားတာပဲ။

သူကရော ..

လုံလုံကတော့ မပြောင်းလဲပါဘူး။
ချစ်ချစ်ကို လာတွေ့ ဖို့ နှစ်တိုင်းမမေ့သလို
မတွေ့ ရတဲ့ အချိန်တွေမှာလဲ လွမ်းနေဆဲပါပဲ။

ဒီနှစ် နွေရာသီမှာ ဂီတသင်တန်းတွေအများ ထပ် တက်ဖြစ်တယ် ချစ်ချစ်။
ဆရာတွေကပြောတယ်။
ဒီကလေး ပါရမီ သိပ်ပါတာပဲတဲ့။
မတီးတက်တဲ့ ခေတ်ပေါ် တူရိယာ မျိုးစုံ
မရှိသလို အသံအနေထားလှတဲ့ လုံလုံက
၁၄နှစ်အရွယ်ကတည်းက ချစ်ချစ်အတွက်
၁၉ရက်နေ့ တမ်းချင်းကို ရေးသားနိုင်ခဲ့ပြီ။

သီချင်းတွေ ကို ရေးရတာ အရမ်းပျော်တာပဲ ချစ်ချစ်ရာ။ တခါတလေ  ချစ်ချစ် ကျောင်းဆင်းချိန်ကို စောင့်ရင်း ရေးခဲ့မိတဲ့ သီချင်းလေးတွေမှအများကြီးပဲ။

ချစ်ချစ် က Fashion ကို စိတ်ဝင်စားတာလား။ အံ့သြစရာပဲ။ ချစ်ချစ်ရဲ့ ဝါသနာက
ငြိမ်ငြိမ်လေးထိုင်ပီး စာဖတ်ရတာကို ကြိုက်တာမို့ လား။ လူတွေနဲ့ စကားပြောရတာမကြိုက်သလို   ချစ်ချစ်က စိတ်ဖိစီးရပြီးအတွေးများရတဲ့ အလုပ်တွေကို မကြိုက်ဘူးလေ။

ချစ်ချစ်ရေ  စိတ်မကောင်းစရာပဲ ။
လုံလုံ ဆယ်တန်းမအောင်ဘူး ။ ချစ်ချစ်သိရင် ဆူမယ်ထင်တယ်။ ပညာရေးက ချစ်ချစ်မရှိတော့ မထွန်းပေါက်ခဲ့ဘူး ။ ပြန်လာရင်တော့ လုံလုံ  တောင်းပန်ပါ့မယ်။
ဒါပေမဲ့  ဝမ်းသာစရာတခုတော့ရှိတယ်။
အဲ့ဒါက  လုံလုံ You Tubeမှာ ဖွင့်ထားတဲ့
Channelက 640000 subscribersရှိသွားပြီလေ။ သီချင်းတွေနဲ့ တူရိယာတွေကို ချစ်တဲ့ လုံလုံက  ပညာရေးမှာ မဖြစ်ထွန်းခဲ့ပေမဲ့  အနုပညာနယ်ပယ်မှာတော့ ခြေလှမ်းချထားနိုင်ခဲ့ပြီ။

ချစ်ချစ်သိရင် ဂုဏ်ယူမှာလားဟင်..

အချိန်တွေပြောင်းတာ ကြာလိုက်တာ ချစ်ချစ်ရယ်။  တရက်ပြီးတရက် စောင့်ရတာ စိတ်မရှည်တော့ဘူး။  မျှော်ရင်းစောင့်ရင်းနဲ့ ပဲ  လုံလုံ  Fbမှာ ၁၉ရက်နေ့ တမ်းချင်းကို တင်လိုက်မိတယ်ချစ်ချစ်။ အဲ့ဒီနေ့ က
ဖေဖေဆုံးသွားတယ် ။ အရမ်းဝမ်းနည်းခဲ့သလို အနားမှာမရှိပေးတဲ့ ချစ်ချစ်ကိုလည်း စိတ်နာတယ်။

လုပ်ငန်းတွေ ကသောင်းကနင်းနဲ့  အသက်မပြည့်သေးတဲ့ လုံလုံက ပညာလည်းမတက်တော့ အရမ်းဒုက္ခရောက်ခဲ့ရတယ်။
ပူဆွေးနေရတဲ့နာရေးမှာ  ဖေဖေနေရာလုချင်သူတွေက အများကြီးပဲ။

လုံလုံ လူတွေကို တကယ်မုန်းတယ်ချစ်ချစ်ရယ်။  ဖေဖေကတော့ နောက်ဆုံးအကြိမ်ထိ တာဝန်ကျေသွားရှာပါတယ်။

အနုပညာဝါသနာပါတဲ့ လုံလုံအတွက်
အေဂျင်စီ တစ်ခုတောင် ထောင်ပေးသွားခဲ့သေးတယ်လေ။

အကိုကြီးက ဝေလွင်မင်းထက် က လုံလုံ
နဲ့ ညီအကိုတစ်ဝမ်းကွဲတော်တယ်။

ဖေဖေက မောင်နှမ၃ယောက်ရှိတယ်လေ။
တောင်ကြီးမှာနေတဲ့ အဒေါ်အပျို ကြီးရဲ့ အထက်က  ဦးလေးကြီး ဦးထွန်းလုံ ဆိုတာရှိသေးတယ်။ သူတို့ က သြဇီမှာနေကြတယ်ဆိုပေမဲ့ လုံလုံတို နဲ့ အဆက်အသွယ်တော့မပြတ်ခဲ့ဘူး။ အစအဆုံးဖေဖေနာရေးကို  အကောင်းဆုံးလုပ်ပေးခဲ့သလို
ပိုင်ဆိုင်မူ့ တွေကို သေချာ အပျောက်အပျက်မရှိအောင် လုပ်ပေးခဲ့တယ်။

ဘာမှမလုပ်တက်တဲ့ လုံလုံကတော့ စီစဉ်မူ့ တွေကို လက်ခံရုံမှလွဲပြီး  ဘာမှနားမလည်ခဲ့ဘူး ချစ်ချစ်ရယ်။
စိတ်မချဖြစ်နေဆဲဦးလေးကြီးက ပြန်သွားပြီး သိပ်မကြာဘူး ကိုကြီးဝေလွင်ကို လွှတ်လိုက်တယ်။  စီးပွာရေးနဲ့ ကျောင်းပြီးထားတဲ့ ကိုကြီးက တကယ်ကိုတော်ပါပေတယ်။ 

ဘယ်လုပ်ငန်းမှ လှည့်ကြည့်စရာမလိုအောင် စနစ်ကျတယ်။ ဒါပေမဲ့ သူ့ အသက်က ၂၃နှစ်ရှိပြီ ။ ၁၇ နှစ်အရွယ် ဟန်ဆောင်ရတာတော့ ဘယ်လွယ်မလဲ။

ဒီနှစ် ဆောင်းမှာ  New Yorkလမ်းတွေက ခြောက်ကပ်ကပ်ပဲ။
ခါတိုင်းလိုက်ပို့ နေကျ ဖေဖေ မရှိတော့တာကလွဲပြီး   ချစ်ချစ်ကို တိတ်တဆိတ်လိုက်ကြည့်ဆဲပဲ။

အပြင်သွားတယ်၊ ဈေးဝယ်တယ်။
သိပ်ကြီးအပြင်ထွက်လေ့မရှိတော့ မျက်နှာလေးမြင်ဖို့ ခဲရင်းလာတယ်။

ဒါပေမဲ့  လုံလုံကျေနပ်ပါတယ်။ ဖြူ စင်မူ့ တွေ အရောင်စွန်းလာတဲ့ လုံလုံ အတွက်
ချစ်ချစ်က စိတ်အေးစရာပါပဲ။ ခုထိ ချစ်သူရည်းစားမရှိသေးဘူးတဲ့။ ချစ်ချစ်က ချစ်ဖို့ ကောင်းလိုက်တာ။

ကျောင်းပြီးသွားတော့ ချစ်ချစ် က  ဖက်ရှင်ကုမ္ပဏီမှာ အလုပ်လျှောက်တယ်တဲ့ ။
ချက်ခြင်း ကိုကြီးကို  အဲ့ဒီကုမ္ပဏီမှာ ရှယ်ယာဝင်းခိုင်းတဲ့အထိ  လုံလုံ မိုက်ရူးရဲဆန်ပစ်လိုက်တယ်။ 

ချစ်ချစ်က တော်လိုက်တာ။
အလုပ်သင်ဝင်တန်းအဖြစ်  ချက်ခြင်း ရွေးချယ်ခံရလောက်သည်ထိ  လရိပ်မှူးခိုင်ရဲ့လက်ရာတွေက  မိုက်သည်တဲ့။

သိပ်မကြာခင်မှာ လုံလုံ အဲ့ဒီကုမ္ပဏီမှာရှယ်ရာဝင်နိုင်ခဲ့တယ်။

ချစ်ချစ်ကြိုးစားနေတဲ့ ကာလတွေမှာလည်းလုံလုံလည်း ကြိုးစားနေရတယ်။ ဖေဖေ့ရဲ့
မြန်မာပြည့်အနှံ့ ဖွင့်ထားတဲ့ ဆီဆိုင်တွေ ကို  လုံလုံ နားလည်အောင် လေ့လာနေတယ် ချစ်ချစ်။ စီးပွာရေးက တကယ်ခက်တယ်။ အရမ်းလည်းပင်ပန်းတယ် ချစ်ချစ်ရေ။  မပျက်စီးအောင် မပျောက်ပျက်အောင် လုံလုံ ကြိုးစားနေရင်းကနေ 
ချစ်ချစ် လုပ်နေတဲ့ ကုမ္ပဏီမှာ ပြသနာတက်တယ်တဲ့  ။ 

စိုးရိမ်လိုက်ရတာ ချစ်ချစ်ရာ ။
အားချင်း လိုက်လာခဲ့ရလောက်အောင်
တကယ်ထူပူနေခဲ့ရတာ။

ဒါပေမဲ့  ကျွန်တော့် မှူးခိုင်ကတော့
ပီကေဝါးတောင် မပျက်ဘူး  ။
ချစ်စရာမြင်ကွင်းကို ကြည့်ပီး လုံလုံပြုံးမိသေးတယ်။ ဒီနှစ်ပိုင်းအတွင်း လရိပ်မှူးခိုင်ပုံရိပ်ပျောက်နေတာဘယ်လောက်ကြာပီလဲ။

ဒါဟာပုံရိပ်စစ်ဆိုတာတွေ့ရတော့ ကျွန်တော် ပျော်သွားတယ်။
ချစ်ချစ်က အရမ်းသွေးအေးပြီး မာနကြီးတက်တဲ့သူလေ။ 

ဖြေရှင်းနိုင်မယ်မှန်းသိပေမဲ့  ဗစ်တာက နာမည်ကြီးတစ်ယောက်မို့ ပြသာနာအကြာကြီးမတက်အောင် လုံလုံဝင်ပါမိသွားတယ်။ အဲ့ဒီအတွက်ကိုလည်း လုံလုံတောင်းပန်ပါ့မယ်။   ဘယ်နေ့ ပြန်လာမယ်မှန်းမသိတော့တဲ့ ချစ်ချစ်ကို  စောင့်ရတာ အလွန် စိတ်ရှည်မှ ဖြစ်မယ်လေ။

ဒါပေမဲ့ အဲ့ဒီနေ့ က လုံလုံ ငိုခဲ့ရသေးတယ်။
ချစ်ချစ်က အလုပ်ထွက်ပြီး အိမ်ကို ပြန်မယ်တဲ့ ။
အိမ်ဆိုတာ လုံလုံရှိရာ ကိုလား ချစ်ချစ်ရာ

အမြန်ဆုံးပြန်လာဖို့ ဆုတောင်းသလို
မျက်နှာချင်းဆိုင် အတူနေဖို့  အခန်းနှစ်ခန်းကိုလည်းဝယ်လိုက်သေးတယ်။
ဒီတခါတော့ ဘယ်တော့မှ မဝေးချင်တော့ဘူးချစ်ချစ်ရယ်....

ချစ်တဲ့အိမ်စည်။

( ဇာတ်အရမ်းအေးနေတော့မကြိုက်ကြဘူးမှန်းသိပါတယ်။ View ရော ၊Voteရော နည်းနေတော့ ရေးဖို့ လည်း အားမရှိဘူးဖြစ်နေလို့ ကြာသွားတယ်။တောင်းပန်ပါတယ် နော်)

Bạn đang đọc truyện trên: ZingTruyen.Xyz