ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

27

eainsi23

ေခ်ာက္!!

မီးအလင္းေရာင္နဲ ့အတူ  အစိမ္းေရာင္ ကမၻာငယ္ေလးတခုေပၚလာ၏။
အိပ္ယာ ၊ အသံုးအေဆာင္  အကုန္လံုးသည္ အစိမ္ေရာင္ သံုးထားရုံမက  အခန္းအျပင္အဆင္ကလည္း အစိမ္းေရာင္ပင္။

မသိရင္ သစ္ေတာထဲေရာက္သြားသလိုမို ႔
ေဂါက္ေၾကာင္ေၾကာင္Moon ရဲ႕စိတ္ကူးဆန္းႀကီးကို ေတြးရင္းၿပံဳးမိေသးသည္။

အိပ္ယာေဘးမွာ က်ေနတဲ့  ဝက္ေခါင္းစိမ္း ကေလးကိုေကာက္တင္ရင္း  မဆီမဆိုင္
ေဘဘီကို သတိရသြားသည္။

ေဘဘီလည္းMoonလို  အစိမ္းေရာင္ႀကိဳက္သည္ေလ။ မဆိုင္ၾကေတာ့ဘူးဆိုေပမဲ့
သတိရခြင့္ေတာ့ရွိေသးဦးမယ္ထင္တယ္။

အရုပ္ကေလးကို ေသခ်ာေနရာခ်ၿပီးေတာ့
အိပ္ယာေဘးက စားပြဲနားကို ကပ္သြားမိ၏။  မ်ားမ်ားစားစားမရွိလွေသာ  အသံုးအေဆာင္မ်ားက စားပြဲေပၚမွာ ျပန္႔က်ဲေနသည္။ အမ်ားစုသည္ စာ႐ြက္မ်ားနွင့္ခဲတံမ်ားမို ႔ ဒီကေလး  ညေတြပါ မအိပ္ပဲ
သီခ်င္းေရးတက္ ပါ့လား ဆိုတာသိရ၏။ တကယ္တမ္းက် Moonနဲ ့အတူေနဆိုေပမဲ့  ေဘဘီ အေၾကာင္းေတြးေနရတာနဲ ့ဘာေတြလုပ္ေနတက္သလဲ ၊ဘယ္ခ်ိန္အိပ္သလဲ ဆိုတာေတာင္ လရိပ္မသိေပ။

စိတ္လိုလက္ရေဆးရွာရမွာေမ့ၿပီး  စားပြဲကိုရွင္းေပးမိသည္။ စား႐ြက္မ်ားကို  ညီညာေအာင္ စီထပ္ေပးၿပီး  တဖက္ေထာင့္တြင္  ကပ္ထားလိုက္သည္။ ၿပီးေနာက္ ခဲတံေတြကို လိုက္ေကာက္ေနစဥ္ မ်က္လံုးထဲဝင္လာသည္က အစိမ္းေရာင္ခြက္ကေလးပင္။

ေဟာင္းႏြမ္းေနေသာ ခြက္စိမ္းေလး။

ဒီခြက္ေလးကို သူမွတ္မိသည္။

ေဘဘီကို သူမသြားခင္က  ဝယ္ေပးခဲ့ဖူးေသာ ခြက္ပံုစံမ်ိဳးပင္။  စိတ္ထဲ ဇေဝေဝါ ျဖစ္ေနေပမဲ့ ျပန္ခ်လိုက္သည္။

လူတိုင္းမွာ ပံုစံတူ ခြက္ ရွိေနနိုင္တာပဲေလ။

အံဆြဲ ကို ဖြင့္ ရွာေတာ့မွ   ေဆးတခ်ိဳ ႕ေတြ ႕  ရ၏။  သူမ်ားအခန္းထဲ ၾကာၾကာမေနခ်င္တာမို ႔  ေဆးလံုးအနည္းငယ္ယူၿပီး  လွည့္ထြက္ခဲ့လိုက္သည္။

သို ႔ေသာ္  အခန္းေပါက္ဝေရာက္မွျမင္လိုက္ရတာအရာတခုေၾကာင့္  လရိပ္ေျခလွမ္းေတြ ျပန္ရပ္တန္႔သြားသည္။

အစြန္းတစ  ဟေန ဟန္ရွိေသာ Moonအခန္းထဲမွ ေနာက္ထပ္ တံခါးတခု ။
အနီေရာင္  မီးအလင္းေရာင္သည္ အခန္းအတြင္းကေန လ်ံ ၾကေနၿပီး    တံခါးအနီးတဝိုက္တြင္ သိသာစြာ  ရဲေန၏။

ဘာလဲ ?

အျပင္ထြက္အံေျခေထာက္ေတြသည္  တျဖည္းျဖည္း  ထိုတံခါးနားဆီသို ႔တိုးကပ္သြားမိသည္။

____

" ရပီ အကိုလည္းပင္ပန္းေနေလာက္ၿပီ ျပန္နားေတာ့ေလ ။ ေနာက္မွ ကြၽန္ေတာ္ ဆက္သြယ္လိုက္မယ္ "

လိုက္ပို ႔ေပးတဲ့ မန္ေနဂ်ာ  ကို နႈတ္ဆက္စကားေျပာရင္း  luggageကို ဆြဲယူလိုက္၏။  အခန္းသည္ သိသိသာသာ တိတ္ဆိတ္ေန၏။  မီးဖိုခန္းဖက္ လွည့္ၾကည့္ေသာ္လည္း ျမင္ေနက် အရိပ္ကေလးက မရွိ။  တီဗြီေရွ ႔မွာ မုန္ ႔ထုတ္တထုတ္နဲ ့
ထိုင္စားေနၾက လရိပ္မွဴ းခိုင္သည္ ဒီေန ႔
ဘယ္မ်ားသြားေနသလဲ  ။

ျပန္ၿပန္ေရာက္ေရာက္ခ်င္း ဝယ္လာတဲ့
လက္ေဆာင္ေတြ ေပးခ်င္သည္။
ၿပံဳးေပ်ာ္သြားမဲ့ မွဴးခိုင္ရဲ႕မ်က္နွာေလးသည္
အင္မတန္ေအးခ်မ္းလွသည္မို ႔ moonကေတာ့ ေလာဘႀကီးစြာ ျမင္ခ်င္ပါသည္။

စိတ္ပ်က္လက္ပ်က္ အိတ္ကိုခ်ကာ ဖုန္းဆက္လိုက္သည္။  သို႔ေပမဲ့  ခပ္တိုးတိုး ringtone သံသဲ့သဲ့  Moon အခန္းထဲမွ
ထြက္လာသည္မို ႔မ်က္လံုးအစံုသည္ ျပဴ းက်ယ္ကာ သြား၏။

"သြားၿပီ  "

Moonသည္ အိတ္ကို လည္းမသယ္နိုင္ေတာ့ပါ  ။ တခုခုကို စိုးရိမ္ေၾကာင့္ၾကစိတ္မ်ားနွင့္ အခန္းအတြင္းသို ႔အေျပးအလႊားဝင္သြားမိ၏။

တစြန္းတစ ဟေနဟန္ရွိေသာ အခန္းဝတြင္ Moon ေျခစံုရပ္သြားသည္။
ထိုအခန္းတံခါးကို သူမဖြင့္ရဲပါ။
အထဲမွာ ျမင္ရမဲ့ ျမင္ကြင္းကို သူ ရင္မဆိုင္နိုင္ေသးတာပင္။

တံခါးလက္ကိုင္ကို ဖိဆုပ္ကိုင္မိသည့္အထိ  Moonရဲ႕လက္ေတြဟာ တဆတ္ဆတ္တုန္ရီလို ႔ေနသည္။

Moon ၏ ယူႀကံဳးမရအသံသည္ 
ကြဲအက္စြာ ထြက္လာေလသည္။

"မွဴ းခိုင္ !!! "

အနီေရာင္ အခန္းေလးသည္ ရွင္းလင္းစြာပြင့္သြားခဲ့ပါၿပီ။
လရိပ္မွဴ းခိုင္သည္ ထိုအခန္း၏ အလယ္မွာ ၿငိမ္သက္စြာ ၾကမ္းေပၚမွာ အသက္မရွိသလို ထိုင္ေန၏။

သူ ႔ေဘး မွာ အနွစ္နွစ္အလလ  Moon  မွတ္တမ္းတင္ရုိက္ကူးခဲ့ေသာ  ဓာတ္ပံုေတြသည္ ပ်ံ ့က်ဲေနသည္။ ၿပီးေတာ့    နံရံေပၚမွာလည္း  လရိပ္မွဴးခိုင္ ၁၄နွစ္သားအ႐ြယ္မွစလို ႔ တျဖည္းျဖည္းအ႐ြယ္ေရာက္ ေျပာင္းလဲခဲ့တဲ့ ပံုမ်ိဳးစံုသည္
ေထာင္ေပါင္းမ်ားစြာ ကပ္ထားလ်က္ရွိသည္။ 

အမွန္ေတာ့  ဒီအခန္းငယ္သည္
Moon၏ လ်ိဳ ႕ဝွက္ထားေသာ ဘဝတခုျဖစ္၏။ ဒီေနရာမွာ Moon အမ်ားႀကီးေပ်ာ္ခဲ့ဖူးသည္။ ငိုခဲ့ဖူးသည္။  အမွတ္တရရုိက္ကူးၿပီးစီးခဲ့တဲ့ ဓာတ္ပံုမ်ားစြာကို ဒီေနရာမွာ အသက္သြင္းၿပီး  ၿပံဳးေပ်ာ္ခဲ့ဖူးသည္။

" မင္းငါ့ကို ဘာလို႔လိမ္တာလဲ သက္ငယ္ေဝလံု "

တိတ္ဆိတ္ေနတဲ့ အခန္းမွာ ထြက္လာတဲ့ မွဴ းခိုင္အသံသည္ ခပ္တိုးတိုးဆိုေပမဲ့
Moon ကိုေတာ့ထိတ္လန္႔တုန္လႈပ္ေစပါသည္။ 

တလမ္းျခင္း တိုးကာ မွဴ းခိုင္ေဘးမွာ
ဒူးေထာက္ထိုင္လိုက္သည္။

" ခ်စ္လို ႔ပါ  မွဴ းခိုင္။ ခင္ဗ်ားကို ခ်စ္မိသြားလို ႔ပါ  "

မွဴ းခိုင္က အလန္ ႔တၾကားေမာ့ၾကည့္လာတယ္။ ၿပီးေတာ့   လက္သင့္မခံနိုင္သလို မ်က္နွာလႊဲသြားသည္။ ထိုပံုစံကပင္
Moonရင္ကို အစိတ္စိတ္အမႊားမႊားကြဲသြားေစတာပင္။

ထို႔ေနာက္ မွဴ းခိုင္သည္
မၿငိမ္သက္ေသာ မ်က္လံုးအိမ္မ်ားျဖင့္
Moonကို စူးစိုက္ၾကည့္ကာ  ေျပာလာခဲ့သည္။

"  ငါ  ငါလည္းမင္းကို ခ်စ္တာပဲေလ။ ဒါဟာ လိမ္ရတဲ့ အေၾကာင္းျပခ်က္မဟုတ္ဘူး ေဘဘီ"

"မဟုတ္ဘူး မွဴ းခိုင္  ။ ခင္ဗ်ားထင္သလို
ကြၽန္ေတာ္ ခင္ဗ်ားကို ျဖဴ ျဖဴ စင္စင္ ခ်စ္ေနခဲ့တာမဟုတ္ဘူး။ ခင္ဗ်ားကို ကြၽန္ေတာ့္ေဘးမွာ တသက္လံုး ေခၚထားခ်င္တာ။ ခင္ဗ်ားဟာ ကြၽန္ေတာ္လူ ဆိုတာ လူတကာသိေအာင္ႂကြားခ်င္တာ။ အဲ့လို ေနွာင္ဖြဲ႕မူ႔ မ်ိဳးနဲ ့ခင္ဗ်ားကိုကြၽန္ေတာ္ ခ်စ္ေနတာ လရိပ္မွဴ းခိုင္  "

Moonအသံသည္ အေတာ္ပင္က်ယ္ပါသည္။ ျဖစ္နိုင္ရင္  မွဴ းခိုင္ကို ထိုသို ႔ၾကမ္းတမ္းေသာ စကားေတြကို Moon မေျပာခ်င္ေပ။

"မင္း ရူးေနလား!! ။ ငါက ေယာက်ာ္းတစ္ေယာက္ေလ  ။ မျဖစ္နိုင္တာေတြမေျပာစမ္းနဲ ့ေဝလံု  ။ "

"အဟင္း..မျဖစ္နိုင္တာလို ႔ဘာလို႔သတ္မွတ္တာရလဲ။ ကြၽန္ေတာ္  ခင္ဗ်ားေဘးမွာ တခ်ိန္လံုး အရိပ္တၾကည့္ၾကည့္နဲ ့ေနခဲ့တာ ၁၉နွစ္လံုးေနာ္။ခဏေလးမဟုတ္ဘူး မွဴးခိုင္။  ဒါ အမွန္တရားဆိုတာ 
ခင္ဗ်ားလက္သင့္မခံလို ႔မရေတာ့ဘူး ။
ခင္ဗ်ား ကို ကြၽန္ေတာ္ ခ်စ္တယ္။ "

နီးေစြးေနတဲ့ ပါးျပင္သည္ တခ်ိန္လံုး မ်က္ရည္က်ေနခဲ့တယ္ဆိုတာ သိသာေစသည္။
နွာသီးဖ်ားေတြရဲေနသလို  အဆက္မပ်က္က်ဆင္းေနတဲ့  မ်က္ရည္မ်ားသည္လည္းမရပ္တန္႔ေတာ့ပါ။ ခ်စ္တယ္ေျပာလို ႔
ငိုတာခင္ဗ်ား တစ္ေယာက္ပဲရွိမယ္ထင္တယ္ ။
ဘယ္လိုလုပ္ရမလဲ  ။ ကြၽန္ေတာ့္ရင္ေတြနာလိုက္တာ  မွဴးခိုင္ရာ။ 

" မခ်စ္ရပါဘူး။ မင္းငါ့ကို အဲ့လိုစိတ္ေတြနဲ ့မခ်စ္ရဘူးေဝလံု ။ မင္း..မင္းဟာ ငါ့ညီေလး ၊ ဟုတ္တယ္ ငါတို႔က ညီကိုလိုေနခဲ့ၾကတာ   "

ေခါင္းရမ္းကာ အႀကိမ္ႀကိမ္ၿငင္းဆိုေနသူသည္  ဘာေၾကာင့္  moonကို နာက်င္မူ ႔ေတြပဲ အၿမဲေပးေနရတာလဲ။
ဒီလူ ႔ကို ခ်စ္ခဲ့မိလို ႔သူ ႔ဘ၀ဟာ
အနာတရအမ်ားႀကီးျဖစ္ခဲ့ဖူးသည္။
အႀကိမ္ႀကိမ္  မိုင္ေပါင္းမ်ားစြာ
ျဖတ္ေက်ာ္ၿပီး မလွမ္းမကမ္းကေန  သြားၾကည့္ဖူးခဲ့သည္။ 

ခုေတာ့  ခ်စ္ခဲ့မိတဲ့  သူ ႔နွလံုးသားေလးသည္  မွဴ းခိုင္ကို နာက်င္ေစသည္လား။

တုန္ရီေနေသာလက္နဲ ့ ပါးျပင္ေပၚက မ်က္ရည္ေတြ သုတ္ေပးဖို ႔လက္လွမ္းလိုက္မိသည္။ မငိုပါနဲ ့ဟု ေျပာခ်င္သည္။
ေထြးေပြ ႕ခ်င္သည္။ 

"ဖယ္ ငါ့အသားကို မထိနဲ ့ေဝလံု  ။
မင္းရဲ႕ မွားယြင္းေနတဲ့ စိတ္က  အမွန္မဟုတ္ဘူး။ ဒါ ငယ္ေသးလို ႔ျဖစ္တာ  ။ ငါတို ႔နီးနီးကပ္ကပ္ မေနရင္  မင္း အဆင္ေျပသြားလိမ့္မယ္ "

ပုတ္ခ်ခံလိုက္ရတဲ့ လက္ကို ၾကည့္ကာ
moon မ်က္ရည္မ်ားနဲ ့ရယ္လိုက္မိသည္။
မွဴ းခိုင္က ဆိုးလိုက္တာ။
သူတို႔အခ်ိန္ၾကာႀကီးေ၀းခဲ့ဖူးတာပဲ။
ဘာေၾကာင့္ ထပ္ေ၀းဖို ႔ေျပာနိုင္ရတာလဲ။

" ခင္ဗ်ား  ကိုေသခ်ာထပ္ေျပာမယ္ လရိပ္မွဴ းခိုင္။ ကြၽန္ေတာ္ ခင္ဗ်ားကို သိပ္ခ်စ္တယ္။ ရူးေလာက္ေအာင္ ၊ ရူးခ်င္သြားေအာင္ကိုခ်စ္တာ၊ ခင္ဗ်ားအၿပံဳး၊ ခင္ဗ်ားရယ္သံက ကြၽန္ေတာ့္ဘဝပဲ။ ဒါဟာ ဘယ္ေတာ့မွေျပာင္းလဲလို ႔ရမွာမဟုတ္သလို ေျပာင္းလဲသြားမွာလည္းမဟုတ္ဘူး "

"မေျပာနဲ ့။ ထပ္မေျပာနဲ ့ေဝလံု။  ငါ..ငါ သြားေတာ့မယ္။  မင္း အလုပ္အတြက္ေလ်ာ္ေၾကးကို  မနက္ဖန္လြဲေပးမယ္ ေဝလံု။  ငါတို ႔ထပ္မေတြ ႕ၾကရေအာင္  "

နံရံကို အားျပဳကာ ျဖည္းျဖည္းခ်င္းထသြားေသာ မွဴးခိုင္ကို Moon ဒူးေထာက္ေနရက္သားနဲ ့ေမာ့မၾကည့္ပဲ  ေလးနက္စြာေျပာလိုက္သည္။

" ဒီအခန္းကေန ခုေျခတလမ္းထြက္ ၾကည့္စမ္း လရိပ္မွဴ းခိုင္။ ဒီတခါထြက္သြားပီးရင္ ခင္ဗ်ား ေနာက္ထပ္ ျပန္လာခြင့္မရွိေတာ့ဘူးဆိုတာ မေမ့နဲ ့။  "

တျဖည္းျဖည္းလွမ္းကာထြက္သြားေသာ ေျခလွမ္းေတြကို သူ ႔မွာတားပိုင္ခြင့္မ ရွိခဲ့ပါ။
ဘာေၾကာင့္လဲ  မွဴ းခိုင္ရာ ။ ခင္ဗ်ား နိုင္ပါတယ္ဗ်ာ။

ခ်စ္ခဲ့မိတာ လံုလံုမွားသြားလားခ်စ္ခ်စ္ရယ္

____

တဆစ္ဆစ္ ထိုးကိုက္လာတဲ့ေခါင္းကို လ်စ္လ်ဴ ႕ရူ ႔ရင္း အိပ္ယာေပၚေခြအိပ္လိုက္သည္။ တဆတ္ဆတ္တုန္ေနေသာ ဒူးေတြသည္  ဒီဖက္ခန္းကို အားကုန္သံုးေလ်ွာက္ခဲ့ရသည္မို ႔ ေပ်ာ့ေခြကာ အိပ္ယာေပၚေရာက္သည္နွင့္ပံုရက္သား ျဖစ္သြား၏။

နာက်င္မူ ႔သည္ နွလံုးသားထဲကလား
ခနၶာကိုယ္ကလားဆိုတာ လရိပ္မခြဲျခားနိုင္ေတာ့ပါ။  Moon က  ေဘဘီတဲ့။

ဖလင္ေဆးတဲ့ အခန္းထဲမွာ ေထာင္ေပါင္မ်ားစြာေသာ လရိပ္ဓာတ္ပံုေတြနဲ ့အတူ
ကေလးသံုး ဂစ္တာအိုေလးတလံုး။
တခ်ိန္လံုး အနားမွာ ထားၿပီး လိမ္ေနတဲ့ခံစားခ်က္သည္  ေနာက္ေက်ာကို ဓားနဲ႔ထိုးခံလိုက္ရတဲ့ နာက်င္မူ ႔ထက္ဆိုးသည္။

အင္တာတိန္းမန္ ႔ေရွ ႔သြားေစာင့္ကာေတာင္းပန္ခဲ့ရတဲ့အခ်ိန္ေတြ။
ေဘဘီ ခြင့္လြတ္မူ ႔ရေအာင္ႀကိဳးစားခဲ့ရတဲ့ အခ်ိန္ေတြသည္  အရူးလိုပါပဲ။

လုပ္ရက္လိုက္တာ ဆိုတဲ့ စကားကို တီးတိုးေရ႐ြတ္ရင္း  ပါးျပင္ေပၚက မ်က္ရည္စက္ေတြသည္  တခ်က္ေလးေတာင္ မရပ္တန္႔ပဲ စီးက် ေနခဲ့သည္။

တဆစ္ဆစ္ထိုးကိုက္လာတဲ့ ေခါင္းေၾကာင့္
တခ်က္တခ်က္  စိတ္က လြတ္ထြက္သြားၿပီးေနာက္ တျဖည္းျဖည္းအေမွာင္ထုထဲသို ႔တိုးဝင္သြား၏။

ျဖစ္နိုင္ရင္ ေသသြားပါရေစ ..

______

" ဟိတ္ Moon မိန္းမယူေတာ့မွာလား မသိဘူးေတာ့။  ငါတို ႔ေတာ့အသည္းကြဲပါၿပီ "

"ဟယ္ ငါၾကားေနတဲ့ သတင္းေတြက အမွန္လား။ မျဖစ္ပါေစနဲ ့လို ႔ဆုေတာင္းေနတာကို "

" ဟုတ္ပါ့ ။ ခုမွ ၁၉နွစ္အ႐ြယ္ပဲရွိေသးတာ ။ ေစာလြန္းတယ္မထင္ဘူးလား"

"ငိုခ်င္ပါတယ္ဆိုမွနင္ကတမ်ိဳး။ မေသခ်ာတဲ့ သတင္းေတြ သယ္လာရင္ နင့္ကိုသတ္မွာေနာ္။ တြဲေနတယ္ဆိုတဲ့ သတင္းၾကားတာေတာင္မၾကာေသးတာကိုယူတယ္ဆိုတာ ျဖစ္နိုင္ပါ့မလား"

"ဘာလို႔မျဖစ္နိုင္ရမွာလဲ။ မေန႔ညက
ေကာင္မေလး နဲ႔ မဂၤလာဝတ္စံု ၾကည့္ေနတဲ့ ပံုေတြ တက္လာတယ္ေလ ။ နင္မသိေသးဘူးလား"

"ဟုတ္လား မၾကည့္ရေသးဘူး။
ငါ ဖုန္းကြဲေနလို ႔ လိုင္းမသံုးရတာ၂ရက္ရွိေနၿပီ "

ေဘးကေကာင္မေလးေတြ ေျပာေနၾကတဲ့ စကားေတြေၾကာင့္  လက္ထဲက  ကိတ္မုန္ ႔ဘူးေလးကို  အဓိပၸါယ္မဲ့ ဆုပ္ကိုင္မိလိုက္သည္။   ျမင္ကြင္းေတြ ဝါးလာသည္ကိုလည္းမုန္းသည္။  အိမ္ျပန္လမ္းသည္ တိတ္ဆိတ္ေျခာက္ကပ္ေန၏။

ဘယ္တုန္းက  သူ ႔ဘ၀ဟာ ေပ်ာ္ရႊင္ခဲ့ဖူးလဲ ။  ဟိုးတုန္းကလည္း တစ္ေယာက္ထဲ
ခုလည္း တစ္ေယာက္ထဲပဲေလ။ ဘာေတြ ထူးေထြေျပာင္းလဲသြားလို႔လဲ။

ပိတ္ထားရက္သား တဖက္အခန္းက တံခါးကို ျမင္မိေတာ့ မ်က္ရည္ေတြက အိခနဲ ဝိုင္းလာျပန္သည္။

မျမင္ရတာ ၁ပါတ္ခန္ ႔ရွိေနၿပီ။
မေတြ ႕ၾကရေအာင္ ေျပာခဲ့မိတာ သူဆိုေပမဲ့   မေနနိုင္သူကလည္း လရိပ္သာျဖစ္သည္။ စိတ္မာေသာ လရိပ္မွဴ းခိုင္ ဆိုတာ ေပ်ာက္ကြယ္ခဲ့တာၾကာပါၿပီ။

ေဘဘီနဲ ့ပတ္သတ္လာရင္ သူဟာ အၿမဲ
မ်က္ရည္လြယ္ ေပ်ာ့ညံ့လြယ္ တဲ့ သူ ျဖစ္ခဲ့ရတာ  ဟိုးကေလးဘ၀ကတည္းကပင္။

လရိပ္မွဴ းခိုင္ရဲ႕ ဘ၀မွာ သက္ငယ္ေဝလံုဟာ အားနည္းခ်က္တခုဆိုတာ  လူတိုင္းသိတယ္ေဘဘီ။
အဲ့ဒါေၾကာင့္ မင္းမွန္ပါတယ္ ေဘဘီ .
မင္းမွန္ပါတယ္ကြာ....

ခ်စ္တဲ့အိမ္စည္။

ချောက်!!

မီးအလင်းရောင်နဲ့ အတူ  အစိမ်းရောင် ကမ္ဘာငယ်လေးတခုပေါ်လာ၏။
အိပ်ယာ ၊ အသုံးအဆောင်  အကုန်လုံးသည် အစိမ်ရောင် သုံးထားရုံမက  အခန်းအပြင်အဆင်ကလည်း အစိမ်းရောင်ပင်။

မသိရင် သစ်တောထဲရောက်သွားသလိုမို့
ဂေါက်ကြောင်ကြောင်Moon ရဲ့စိတ်ကူးဆန်းကြီးကို တွေးရင်းပြုံးမိသေးသည်။

အိပ်ယာဘေးမှာ ကျနေတဲ့  ဝက်ခေါင်းစိမ်း ကလေးကိုကောက်တင်ရင်း  မဆီမဆိုင်
ဘေဘီကို သတိရသွားသည်။

ဘေဘီလည်းMoonလို  အစိမ်းရောင်ကြိုက်သည်လေ။ မဆိုင်ကြတော့ဘူးဆိုပေမဲ့
သတိရခွင့်တော့ရှိသေးဦးမယ်ထင်တယ်။

အရုပ်ကလေးကို သေချာနေရာချပြီးတော့
အိပ်ယာဘေးက စားပွဲနားကို ကပ်သွားမိ၏။  များများစားစားမရှိလှသော  အသုံးအဆောင်များက စားပွဲပေါ်မှာ ပြန့်ကျဲနေသည်။ အများစုသည် စာရွက်များနှင့်ခဲတံများမို့  ဒီကလေး  ညတွေပါ မအိပ်ပဲ
သီချင်းရေးတက် ပါ့လား ဆိုတာသိရ၏။ တကယ်တမ်းကျ Moonနဲ့ အတူနေဆိုပေမဲ့  ဘေဘီ အကြောင်းတွေးနေရတာနဲ့ ဘာတွေလုပ်နေတက်သလဲ ၊ဘယ်ချိန်အိပ်သလဲ ဆိုတာတောင် လရိပ်မသိပေ။

စိတ်လိုလက်ရဆေးရှာရမှာမေ့ပြီး  စားပွဲကိုရှင်းပေးမိသည်။ စားရွက်များကို  ညီညာအောင် စီထပ်ပေးပြီး  တဖက်ထောင့်တွင်  ကပ်ထားလိုက်သည်။ ပြီးနောက် ခဲတံတွေကို လိုက်ကောက်နေစဉ် မျက်လုံးထဲဝင်လာသည်က အစိမ်းရောင်ခွက်ကလေးပင်။

ဟောင်းနွမ်းနေသော ခွက်စိမ်းလေး။

ဒီခွက်လေးကို သူမှတ်မိသည်။

ဘေဘီကို သူမသွားခင်က  ဝယ်ပေးခဲ့ဖူးသော ခွက်ပုံစံမျိုးပင်။  စိတ်ထဲ ဇဝေဝေါ ဖြစ်နေပေမဲ့ ပြန်ချလိုက်သည်။

လူတိုင်းမှာ ပုံစံတူ ခွက် ရှိနေနိုင်တာပဲလေ။

အံဆွဲ ကို ဖွင့် ရှာတော့မှ   ဆေးတချို့ တွေ့   ရ၏။  သူများအခန်းထဲ ကြာကြာမနေချင်တာမို့   ဆေးလုံးအနည်းငယ်ယူပြီး  လှည့်ထွက်ခဲ့လိုက်သည်။

သို့ သော်  အခန်းပေါက်ဝရောက်မှမြင်လိုက်ရတာအရာတခုကြောင့်  လရိပ်ခြေလှမ်းတွေ ပြန်ရပ်တန့်သွားသည်။

အစွန်းတစ  ဟနေ ဟန်ရှိသော Moonအခန်းထဲမှ နောက်ထပ် တံခါးတခု ။
အနီရောင်  မီးအလင်းရောင်သည် အခန်းအတွင်းကနေ လျံ ကြနေပြီး    တံခါးအနီးတဝိုက်တွင် သိသာစွာ  ရဲနေ၏။

ဘာလဲ ?

အပြင်ထွက်အံခြေထောက်တွေသည်  တဖြည်းဖြည်း  ထိုတံခါးနားဆီသို့ တိုးကပ်သွားမိသည်။

____

" ရပီ အကိုလည်းပင်ပန်းနေလောက်ပြီ ပြန်နားတော့လေ ။ နောက်မှ ကျွန်တော် ဆက်သွယ်လိုက်မယ် "

လိုက်ပို့ ပေးတဲ့ မန်နေဂျာ  ကို နှုတ်ဆက်စကားပြောရင်း  luggageကို ဆွဲယူလိုက်၏။  အခန်းသည် သိသိသာသာ တိတ်ဆိတ်နေ၏။  မီးဖိုခန်းဖက် လှည့်ကြည့်သော်လည်း မြင်နေကျ အရိပ်ကလေးက မရှိ။  တီဗွီရှေ့ မှာ မုန့် ထုတ်တထုတ်နဲ့ 
ထိုင်စားနေကြ လရိပ်မှူးခိုင်သည် ဒီနေ့
ဘယ်များသွားနေသလဲ  ။

ပြန်ပြန်ရောက်ရောက်ချင်း ဝယ်လာတဲ့
လက်ဆောင်တွေ ပေးချင်သည်။
ပြုံးပျော်သွားမဲ့ မှူးခိုင်ရဲ့မျက်နှာလေးသည်
အင်မတန်အေးချမ်းလှသည်မို့  moonကတော့ လောဘကြီးစွာ မြင်ချင်ပါသည်။

စိတ်ပျက်လက်ပျက် အိတ်ကိုချကာ ဖုန်းဆက်လိုက်သည်။  သို့ပေမဲ့  ခပ်တိုးတိုး ringtone သံသဲ့သဲ့  Moon အခန်းထဲမှ
ထွက်လာသည်မို့ မျက်လုံးအစုံသည် ပြူးကျယ်ကာ သွား၏။

"သွားပြီ  "

Moonသည် အိတ်ကို လည်းမသယ်နိုင်တော့ပါ  ။ တခုခုကို စိုးရိမ်ကြောင့်ကြစိတ်များနှင့် အခန်းအတွင်းသို့ အပြေးအလွှားဝင်သွားမိ၏။

တစွန်းတစ ဟနေဟန်ရှိသော အခန်းဝတွင် Moon ခြေစုံရပ်သွားသည်။
ထိုအခန်းတံခါးကို သူမဖွင့်ရဲပါ။
အထဲမှာ မြင်ရမဲ့ မြင်ကွင်းကို သူ ရင်မဆိုင်နိုင်သေးတာပင်။

တံခါးလက်ကိုင်ကို ဖိဆုပ်ကိုင်မိသည့်အထိ  Moonရဲ့လက်တွေဟာ တဆတ်ဆတ်တုန်ရီလို့ နေသည်။

Moon ၏ ယူကြုံးမရအသံသည် 
ကွဲအက်စွာ ထွက်လာလေသည်။

"မှူးခိုင် !!! "

အနီရောင် အခန်းလေးသည် ရှင်းလင်းစွာပွင့်သွားခဲ့ပါပြီ။
လရိပ်မှူးခိုင်သည် ထိုအခန်း၏ အလယ်မှာ ငြိမ်သက်စွာ ကြမ်းပေါ်မှာ အသက်မရှိသလို ထိုင်နေ၏။

သူ့ ဘေး မှာ အနှစ်နှစ်အလလ  Moon  မှတ်တမ်းတင်ရိုက်ကူးခဲ့သော  ဓာတ်ပုံတွေသည် ပျံ့ ကျဲနေသည်။ ပြီးတော့    နံရံပေါ်မှာလည်း  လရိပ်မှူးခိုင် ၁၄နှစ်သားအရွယ်မှစလို့  တဖြည်းဖြည်းအရွယ်ရောက် ပြောင်းလဲခဲ့တဲ့ ပုံမျိုးစုံသည်
ထောင်ပေါင်းများစွာ ကပ်ထားလျက်ရှိသည်။ 

အမှန်တော့  ဒီအခန်းငယ်သည်
Moon၏ လျို့ ဝှက်ထားသော ဘဝတခုဖြစ်၏။ ဒီနေရာမှာ Moon အများကြီးပျော်ခဲ့ဖူးသည်။ ငိုခဲ့ဖူးသည်။  အမှတ်တရရိုက်ကူးပြီးစီးခဲ့တဲ့ ဓာတ်ပုံများစွာကို ဒီနေရာမှာ အသက်သွင်းပြီး  ပြုံးပျော်ခဲ့ဖူးသည်။

" မင်းငါ့ကို ဘာလို့လိမ်တာလဲ သက်ငယ်ဝေလုံ "

တိတ်ဆိတ်နေတဲ့ အခန်းမှာ ထွက်လာတဲ့ မှူးခိုင်အသံသည် ခပ်တိုးတိုးဆိုပေမဲ့
Moon ကိုတော့ထိတ်လန့်တုန်လှုပ်စေပါသည်။ 

တလမ်းခြင်း တိုးကာ မှူးခိုင်ဘေးမှာ
ဒူးထောက်ထိုင်လိုက်သည်။

" ချစ်လို့ ပါ  မှူးခိုင်။ ခင်ဗျားကို ချစ်မိသွားလို့ ပါ  "

မှူးခိုင်က အလန့် တကြားမော့ကြည့်လာတယ်။ ပြီးတော့   လက်သင့်မခံနိုင်သလို မျက်နှာလွှဲသွားသည်။ ထိုပုံစံကပင်
Moonရင်ကို အစိတ်စိတ်အမွှားမွှားကွဲသွားစေတာပင်။

ထို့နောက် မှူးခိုင်သည်
မငြိမ်သက်သော မျက်လုံးအိမ်များဖြင့်
Moonကို စူးစိုက်ကြည့်ကာ  ပြောလာခဲ့သည်။

"  ငါ  ငါလည်းမင်းကို ချစ်တာပဲလေ။ ဒါဟာ လိမ်ရတဲ့ အကြောင်းပြချက်မဟုတ်ဘူး ဘေဘီ"

"မဟုတ်ဘူး မှူးခိုင်  ။ ခင်ဗျားထင်သလို
ကျွန်တော် ခင်ဗျားကို ဖြူ ဖြူ စင်စင် ချစ်နေခဲ့တာမဟုတ်ဘူး။ ခင်ဗျားကို ကျွန်တော့်ဘေးမှာ တသက်လုံး ခေါ်ထားချင်တာ။ ခင်ဗျားဟာ ကျွန်တော်လူ ဆိုတာ လူတကာသိအောင်ကြွားချင်တာ။ အဲ့လို နှောင်ဖွဲ့မူ့ မျိုးနဲ့ ခင်ဗျားကိုကျွန်တော် ချစ်နေတာ လရိပ်မှူးခိုင်  "

Moonအသံသည် အတော်ပင်ကျယ်ပါသည်။ ဖြစ်နိုင်ရင်  မှူးခိုင်ကို ထိုသို့ ကြမ်းတမ်းသော စကားတွေကို Moon မပြောချင်ပေ။

"မင်း ရူးနေလား!! ။ ငါက ယောကျာ်းတစ်ယောက်လေ  ။ မဖြစ်နိုင်တာတွေမပြောစမ်းနဲ့ ဝေလုံ  ။ "

"အဟင်း..မဖြစ်နိုင်တာလို့ ဘာလို့သတ်မှတ်တာရလဲ။ ကျွန်တော်  ခင်ဗျားဘေးမှာ တချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ နေခဲ့တာ ၁၉နှစ်လုံးနော်။ခဏလေးမဟုတ်ဘူး မှူးခိုင်။  ဒါ အမှန်တရားဆိုတာ 
ခင်ဗျားလက်သင့်မခံလို့ မရတော့ဘူး ။
ခင်ဗျား ကို ကျွန်တော် ချစ်တယ်။ "

နီးစွေးနေတဲ့ ပါးပြင်သည် တချိန်လုံး မျက်ရည်ကျနေခဲ့တယ်ဆိုတာ သိသာစေသည်။
နှာသီးဖျားတွေရဲနေသလို  အဆက်မပျက်ကျဆင်းနေတဲ့  မျက်ရည်များသည်လည်းမရပ်တန့်တော့ပါ။ ချစ်တယ်ပြောလို့
ငိုတာခင်ဗျား တစ်ယောက်ပဲရှိမယ်ထင်တယ် ။
ဘယ်လိုလုပ်ရမလဲ  ။ ကျွန်တော့်ရင်တွေနာလိုက်တာ  မှူးခိုင်ရာ။ 

" မချစ်ရပါဘူး။ မင်းငါ့ကို အဲ့လိုစိတ်တွေနဲ့ မချစ်ရဘူးဝေလုံ ။ မင်း..မင်းဟာ ငါ့ညီလေး ၊ ဟုတ်တယ် ငါတို့က ညီကိုလိုနေခဲ့ကြတာ   "

ခေါင်းရမ်းကာ အကြိမ်ကြိမ်ငြင်းဆိုနေသူသည်  ဘာကြောင့်  moonကို နာကျင်မူ့ တွေပဲ အမြဲပေးနေရတာလဲ။
ဒီလူ့ ကို ချစ်ခဲ့မိလို့ သူ့ ဘ၀ဟာ
အနာတရအများကြီးဖြစ်ခဲ့ဖူးသည်။
အကြိမ်ကြိမ်  မိုင်ပေါင်းများစွာ
ဖြတ်ကျော်ပြီး မလှမ်းမကမ်းကနေ  သွားကြည့်ဖူးခဲ့သည်။ 

ခုတော့  ချစ်ခဲ့မိတဲ့  သူ့ နှလုံးသားလေးသည်  မှူးခိုင်ကို နာကျင်စေသည်လား။

တုန်ရီနေသောလက်နဲ့  ပါးပြင်ပေါ်က မျက်ရည်တွေ သုတ်ပေးဖို့ လက်လှမ်းလိုက်မိသည်။ မငိုပါနဲ့ ဟု ပြောချင်သည်။
ထွေးပွေ့ ချင်သည်။ 

"ဖယ် ငါ့အသားကို မထိနဲ့ ဝေလုံ  ။
မင်းရဲ့ မှားယွင်းနေတဲ့ စိတ်က  အမှန်မဟုတ်ဘူး။ ဒါ ငယ်သေးလို့ ဖြစ်တာ  ။ ငါတို့ နီးနီးကပ်ကပ် မနေရင်  မင်း အဆင်ပြေသွားလိမ့်မယ် "

ပုတ်ချခံလိုက်ရတဲ့ လက်ကို ကြည့်ကာ
moon မျက်ရည်များနဲ့ ရယ်လိုက်မိသည်။
မှူးခိုင်က ဆိုးလိုက်တာ။
သူတို့အချိန်ကြာကြီးဝေးခဲ့ဖူးတာပဲ။
ဘာကြောင့် ထပ်ဝေးဖို့ ပြောနိုင်ရတာလဲ။

" ခင်ဗျား  ကိုသေချာထပ်ပြောမယ် လရိပ်မှူးခိုင်။ ကျွန်တော် ခင်ဗျားကို သိပ်ချစ်တယ်။ ရူးလောက်အောင် ၊ ရူးချင်သွားအောင်ကိုချစ်တာ၊ ခင်ဗျားအပြုံး၊ ခင်ဗျားရယ်သံက ကျွန်တော့်ဘဝပဲ။ ဒါဟာ ဘယ်တော့မှပြောင်းလဲလို့ ရမှာမဟုတ်သလို ပြောင်းလဲသွားမှာလည်းမဟုတ်ဘူး "

"မပြောနဲ့ ။ ထပ်မပြောနဲ့ ဝေလုံ။  ငါ..ငါ သွားတော့မယ်။  မင်း အလုပ်အတွက်လျော်ကြေးကို  မနက်ဖန်လွဲပေးမယ် ဝေလုံ။  ငါတို့ ထပ်မတွေ့ ကြရအောင်  "

နံရံကို အားပြုကာ ဖြည်းဖြည်းချင်းထသွားသော မှူးခိုင်ကို Moon ဒူးထောက်နေရက်သားနဲ့ မော့မကြည့်ပဲ  လေးနက်စွာပြောလိုက်သည်။

" ဒီအခန်းကနေ ခုခြေတလမ်းထွက် ကြည့်စမ်း လရိပ်မှူးခိုင်။ ဒီတခါထွက်သွားပီးရင် ခင်ဗျား နောက်ထပ် ပြန်လာခွင့်မရှိတော့ဘူးဆိုတာ မမေ့နဲ့ ။  "

တဖြည်းဖြည်းလှမ်းကာထွက်သွားသော ခြေလှမ်းတွေကို သူ့ မှာတားပိုင်ခွင့်မ ရှိခဲ့ပါ။
ဘာကြောင့်လဲ  မှူးခိုင်ရာ ။ ခင်ဗျား နိုင်ပါတယ်ဗျာ။

ချစ်ခဲ့မိတာ လုံလုံမှားသွားလားချစ်ချစ်ရယ်

____

တဆစ်ဆစ် ထိုးကိုက်လာတဲ့ခေါင်းကို လျစ်လျူ့ ရူ့ ရင်း အိပ်ယာပေါ်ခွေအိပ်လိုက်သည်။ တဆတ်ဆတ်တုန်နေသော ဒူးတွေသည်  ဒီဖက်ခန်းကို အားကုန်သုံးလျှောက်ခဲ့ရသည်မို့  ပျော့ခွေကာ အိပ်ယာပေါ်ရောက်သည်နှင့်ပုံရက်သား ဖြစ်သွား၏။

နာကျင်မူ့ သည် နှလုံးသားထဲကလား
ခန္ဓာကိုယ်ကလားဆိုတာ လရိပ်မခွဲခြားနိုင်တော့ပါ။  Moon က  ဘေဘီတဲ့။

ဖလင်ဆေးတဲ့ အခန်းထဲမှာ ထောင်ပေါင်များစွာသော လရိပ်ဓာတ်ပုံတွေနဲ့ အတူ
ကလေးသုံး ဂစ်တာအိုလေးတလုံး။
တချိန်လုံး အနားမှာ ထားပြီး လိမ်နေတဲ့ခံစားချက်သည်  နောက်ကျောကို ဓားနဲ့ထိုးခံလိုက်ရတဲ့ နာကျင်မူ့ ထက်ဆိုးသည်။

အင်တာတိန်းမန့် ရှေ့ သွားစောင့်ကာတောင်းပန်ခဲ့ရတဲ့အချိန်တွေ။
ဘေဘီ ခွင့်လွတ်မူ့ ရအောင်ကြိုးစားခဲ့ရတဲ့ အချိန်တွေသည်  အရူးလိုပါပဲ။

လုပ်ရက်လိုက်တာ ဆိုတဲ့ စကားကို တီးတိုးရေရွတ်ရင်း  ပါးပြင်ပေါ်က မျက်ရည်စက်တွေသည်  တချက်လေးတောင် မရပ်တန့်ပဲ စီးကျ နေခဲ့သည်။

တဆစ်ဆစ်ထိုးကိုက်လာတဲ့ ခေါင်းကြောင့်
တချက်တချက်  စိတ်က လွတ်ထွက်သွားပြီးနောက် တဖြည်းဖြည်းအမှောင်ထုထဲသို့ တိုးဝင်သွား၏။

ဖြစ်နိုင်ရင် သေသွားပါရစေ ..

______

" ဟိတ် Moon မိန်းမယူတော့မှာလား မသိဘူးတော့။  ငါတို့ တော့အသည်းကွဲပါပြီ "

"ဟယ် ငါကြားနေတဲ့ သတင်းတွေက အမှန်လား။ မဖြစ်ပါစေနဲ့ လို့ ဆုတောင်းနေတာကို "

" ဟုတ်ပါ့ ။ ခုမှ ၁၉နှစ်အရွယ်ပဲရှိသေးတာ ။ စောလွန်းတယ်မထင်ဘူးလား"

"ငိုချင်ပါတယ်ဆိုမှနင်ကတမျိုး။ မသေချာတဲ့ သတင်းတွေ သယ်လာရင် နင့်ကိုသတ်မှာနော်။ တွဲနေတယ်ဆိုတဲ့ သတင်းကြားတာတောင်မကြာသေးတာကိုယူတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"

"ဘာလို့မဖြစ်နိုင်ရမှာလဲ။ မနေ့ညက
ကောင်မလေး နဲ့ မင်္ဂလာဝတ်စုံ ကြည့်နေတဲ့ ပုံတွေ တက်လာတယ်လေ ။ နင်မသိသေးဘူးလား"

"ဟုတ်လား မကြည့်ရသေးဘူး။
ငါ ဖုန်းကွဲနေလို့  လိုင်းမသုံးရတာ၂ရက်ရှိနေပြီ "

ဘေးကကောင်မလေးတွေ ပြောနေကြတဲ့ စကားတွေကြောင့်  လက်ထဲက  ကိတ်မုန့် ဘူးလေးကို  အဓိပ္ပါယ်မဲ့ ဆုပ်ကိုင်မိလိုက်သည်။   မြင်ကွင်းတွေ ဝါးလာသည်ကိုလည်းမုန်းသည်။  အိမ်ပြန်လမ်းသည် တိတ်ဆိတ်ခြောက်ကပ်နေ၏။

ဘယ်တုန်းက  သူ့ ဘ၀ဟာ ပျော်ရွှင်ခဲ့ဖူးလဲ ။  ဟိုးတုန်းကလည်း တစ်ယောက်ထဲ
ခုလည်း တစ်ယောက်ထဲပဲလေ။ ဘာတွေ ထူးထွေပြောင်းလဲသွားလို့လဲ။

ပိတ်ထားရက်သား တဖက်အခန်းက တံခါးကို မြင်မိတော့ မျက်ရည်တွေက အိခနဲ ဝိုင်းလာပြန်သည်။

မမြင်ရတာ ၁ပါတ်ခန့် ရှိနေပြီ။
မတွေ့ ကြရအောင် ပြောခဲ့မိတာ သူဆိုပေမဲ့   မနေနိုင်သူကလည်း လရိပ်သာဖြစ်သည်။ စိတ်မာသော လရိပ်မှူးခိုင် ဆိုတာ ပျောက်ကွယ်ခဲ့တာကြာပါပြီ။

ဘေဘီနဲ့ ပတ်သတ်လာရင် သူဟာ အမြဲ
မျက်ရည်လွယ် ပျော့ညံ့လွယ် တဲ့ သူ ဖြစ်ခဲ့ရတာ  ဟိုးကလေးဘ၀ကတည်းကပင်။

လရိပ်မှူးခိုင်ရဲ့ ဘ၀မှာ သက်ငယ်ဝေလုံဟာ အားနည်းချက်တခုဆိုတာ  လူတိုင်းသိတယ်ဘေဘီ။
အဲ့ဒါကြောင့် မင်းမှန်ပါတယ် ဘေဘီ .
မင်းမှန်ပါတယ်ကွာ....

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz