အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
26
ႏႈတ္ခမ္းကို ကိုက္လ်က္ လရိပ္ အိပ္ယာစြန္းမွာ ထိုင္လိုက္၏။ သိပ္မၾကာခင္မွာပဲ
ခ်က္ျခင္းထကာ လမ္းထေလ်ွာက္လိုက္ျပန္သည္။ ည ၁နာရီခန္ ႔ရွိေနၿပီဆိုေပမဲ့
သူ ႔မွာ အိပ္လို ႔မေပ်ာ္နိုင္ေသး။
အေၾကာင္းမွာ Moon ၏ dating သတင္းက newfeed တခုလံုး မျမင္ခ်င္မွ အဆံုးျပန္ ႔နွံ ့လ်က္ရွိလို ႔ပင္။
တခါမွ သို႔သို႔သန္ ႔သန္ ႔ သတင္းမထြက္ဖူးသူ မို ႔ လူအမ်ားအေတာ္ေလး စိတ္ဝင္စားေနၾကသည္။
သက္ျပင္းခ်ကာ လက္ထဲက ကိုင္ထားဆဲဖုန္းကို ျပန္ဖြင့္ၾကည့္မိျပန္သည္။
ပံုထဲတြင္ နိုင္ငံျခားသူ မိန္းကေလး တစ္ေယာက္နဲ ့ Moon သည္ Shopping ထြက္ေနၾကဟန္ရွိၿပီး အဆိုပါမိန္းကေလးကို
Moonက ၿပံဳးၾကည့္ေနသည့္ပံုပင္ ။
လွပေသာေကာင္မေလးသည္ ခါးလယ္ခန္ ႔ရွိေသာ ဆံပင္ဝါဝါေလးနွင့္ ဒူးတိရွိေသာဂါဝန္ ျဖဴျဖဴ ေလးဝတ္ထား၏။
ဘယ္ရူ ႔ေထာင့္ကေန ၾကည့္ၾကည့္ အရမ္းလွမွန္းသိသာေစေသာရုပ္မ်ိဳးမို ႔Moonနွင့္ အေတာ္ေလးလုိက္ဖက္လွပါသည္။
သူ ႔သတင္းေတြ မီဒီယာေတြမွာ ျပန္ ႔လ်က္ရွိတာ ကို Moon လည္းသိမွာပင္။
သို ႔ေသာ္ မည္သည့္ ေျဖရွင္းခ်က္မွ
Moon ၏ social media မွာ ေျဖရွင္းထားျခင္းမရွိေသးေပ။
ခုမွေအာင္ျမင္ခါစ အ႐ြယ္ေလးမို ႔
ဒါကိုေတာ့ လရိပ္ စိတ္ပူပါသည္။
ဘယ္လိုပဲ မတည့္ပါဟု ေျပာေျပာ
Moonသည္ အေျပာမတက္ေပမဲ့
စိတ္ရင္း ေကာင္းေသာ ကေလးမို ႔
လရိပ္မွာ ၾကည့္ရူ ႔ေစာင့္ေရွာက္ရမည့္ ဝတၲရား အျပည့္ရွိသည္။
ဖုန္းဆက္ ေသာ္လည္း ဖုန္းက မကိုင္သည္မို ႔ လရိပ္ မွာ ေမ်ာက္မီးခဲထိုင္မိသလို ခံစားေနရသည္။ ကာယကံရွင္က မည္သို ႔
ေနမည္ မသိေသာ္လည္း လရိပ္ကေတာ့
အေတာ္ေလးပူ ပင္ေသာက ေရာက္လ်က္ရွိ၏။
ညသည္ ရွည္ၾကာလြန္းသည္။
တလူးလူး တလိမ့္လိမ့္ျဖင့္ အိပ္ေပ်ာ္သြားကာ မနက္ ၆နာရီခန္႔တြင္ျပန္လည္နိုးထလာခဲ့သည္။
နိုးနိုးခ်င္းလုပ္မိသည္က ဖုန္းေကာက္ကိုင္တာပင္။
Moon ၏ fan ေတြ က ဆိုးဝါးေသာ
commentမ်ား မေပးထားၾကပါ။ သို႔ေသာ္ အေတာ္ေလး ဝမ္းနည္းေနၾကသည္ကိုေတာ့ေတြ ႕ရသည္။ အစကတည္းက Moonမွာ ေမ်ွာ္လင့္ေနတဲ့ ရည္းစားရွိမယ္ဆိုတာ သူတို ႔လည္းသိေပမဲ့ ရုတ္တရက္ ဆိုေတာ့
အံ့ၾသကာ လက္သင့္ မခံနိုင္ေသးပံုပင္။
လရိပ္၏ အလုပ္ သည္ အေတာ္ေလး ဆန္းက်ယ္ပါတယ္။ ဘာအလုပ္မွ မယ္မယ္ရရ မလုပ္ရပဲ အိပ္လိုက္စားလိုက္ျဖင့္ လခရသည္။ သိပ္မၾကာခင္မွာ ေရာက္ရွိလာေတာ့မဲ့ Moon ရဲ႕ birthday show
မွာ ဝတ္ဆင္မဲ့ Design တခ်ိဳ ႕ကို ဖန္တီးေနရသည္က လြဲၿပီး သူ ႔မွာ ထူးေထြ လုပ္ေပးရတဲ့ အလုပ္ဆိုပီးမရွိလွ။
တခါတေလ Shooting မွာ ဝတ္ဖို ႔ စီစဥ္ေပးရတယ္ဆိုတာလည္း အလုပ္လုပ္ဖို ႔
ပ်င္းလွတဲ့ ေဂါက္ေၾကာင္ Moonေၾကာင့္
တလ မွ ၂ခါေလာက္သာ ရွိသည္။
ထို ႔ေၾကာင့္ လရိပ္၏ အလုပ္သည္
ထမင္းဟင္းခ်က္ေကြၽးရသည့္ အလုပ္
သာရွိၿပီး က်န္အခ်ိန္မ်ားတြင္ Moonနွင့္ စကားမ်ားရန္ျဖစ္ရုံ သာရွိသည္။
ဤသည္ကား အလုပ္ရွင္နဲ ့အလုပ္သမား ဟူေသာ စိတ္ကို မဝင္ေစသလားဆိုတာ
ဆိုတာ လရိပ္မသိေပမဲ့ တခုခု ဆို
သံေယာဇဥ္ တြယ္စရာ ဒီလူ တစ္ေယာက္ပင္ ရွိ၍ သူ ႔မွာ စိတ္ပူ လွပါသည္။
အခ်ိန္အားျဖင့္ ၁၀နာရီခန္ ႔ ။
စိတ္ထဲေနလို ႔မေကာင္းလွ၍
ေဘဘီ ဆီကို ထြက္ခဲ့လိုက္သည္။
အဆင္ျမင့္စြာ တည္ေဆာက္ထားေသာ
ေ၀လံု အင္တာတိန္းမန္ ႔အေဆာက္အဦးသည္ အေတာ္ေလးႀကီးက်ယ္ခန္းနားကာ လံုၿခံဳေရးတင္းၾကပ္ေသာေနရာဆိုလည္းမမွား။
ခါတိုင္း အထဲကိုဝင္ၿပီး ေဝလံုနဲ ့ေတြ ႕ဖို ႔
ေျပာဖူးေသာလည္း ထြက္မေတြ ႕သူေၾကာင့္ ဒီေန ႔ေတာ့ အေဆာက္အဦး၏ မလွမ္းမကမ္းကေန ေစာင့္ေနမိသည္။
ေဘဘီအရမ္းေသြးေအးသြားပါသည္။
ရင္နာေပမဲ့ ျဖစ္သင့္တယ္ဆိုတာ လရိပ္သိ၏။ သူသာ ကေလး ကို တစ္ေယာက္
ထဲ မထားခဲ့ရင္ ခုလို စိတ္နာမည္မဟုတ္ေပ။
ေတြးၾကည့္ရင္း လရိပ္ ဝမ္းနည္းမိသည္။
အသက္ ၂၄ နွစ္အ႐ြယ္ရွိေနၿပီ ျဖစ္တဲ့သူ ႔မွာ သံေယာဇဥ္ တြယ္စရာ မရွိသလို
ခင္မင္ဖြယ္ရာ အေပါင္းသင္းေတာင္
မထားခဲ့ဖူးေပ။ ဘဝကို အခက္ခဲမရွိျဖစ္သန္းလာတယ္လို ႔ လူတိုင္းထင္ၾကမွာ မလြဲ ။
တကယ္ေတာ့ သူ ႔ရင္ထဲက ခံစားခ်က္ကို ဘယ္သူ သိနိုင္မွာလဲ။
ဝမ္းနည္းခဲ့ရတယ္၊ အထီးက်န္ခဲ့ရတယ္၊
ႀကိဳးစားခဲ့ရတယ္ ၊ ေနာင္တေတြနဲ ့မေျပာရႊင္မူ ႔ေတြ နဲ ့သူဒီအ႐ြယ္ထိ ျဖတ္သန္းလာခဲ့ရတာ။ ဘယ္သူ ႔မွ အနားမွာ မရွိခဲ့ရင္ေတာင္ ေဘဘီကိုေတာ့ရွိေစခ်င္သည္။
အထီးက်န္ခဲ့ရတဲ့ သူ ႔ဘဝနားမွာ
ေဘဘီ ကို အေဖာ္ျပဳေပးေစခ်င္သည္။
" boss .. ဟိုမွာ ေရာက္ေနျပန္ပီ "
Mac book ကို ၾကည့္ေနရာမွ ကိုရုိးစကားေၾကာင့္ ကားျပတင္းေပါက္ကေန
လွမ္းၾကည့္လိုက္၏။
" က်စ္ ! ဇြဲေကာင္းလိုက္တာ "
လမ္းေဘး ပလက္ေဖာင္းေပၚမွာ လမ္းသြားလမ္းလာ အရိပ္ခိုရေအာင္ လုပ္ေပးထာတဲ့ အမိုးေလးရွိ၏။ ထိုေနရာ မွာ ရပ္ေငးေနတဲ့ လရိပ္မွဴ းခိုင္။
အိမ္ေနရင္း ဝတ္ထားဟန္ရွိတဲ့
ေခါင္းစြပ္ လက္ရွည္ အနက္ေရာင္ နွင့္ ေဘာင္းဘီရွည္ ကိုသာ ျဖစ္သလို ဝတ္ထားေပမဲ့ ရွည္သြယ္ေသာ ကိုယ္လံုးနဲ ့
ၾကည့္ေကာင္းလွတဲ့ ရုပ္ရည္ကုိေတာ့ ဖံုးကြယ္မထားနိုင္ခဲ့ ။ ထိုအမ်ိဳးသားသည္
သက္ငယ္ေဝလံုရဲ႕ ငယ္ခ်စ္ဦးပင္။
အေၾကာင္းရာမ်ားစြာသည္ နွစ္ေပါင္းေတြၾကာခဲ့တာကိုပင္ ေပ်ာက္ျပယ္မသြားခဲ့ပါ။
သံေယာဥ္ဇင္ဆိုတာ ကလည္းခက္သား
" ကားျပန္ေကြ ႕လိုက္ ကိုရုိး ။ သူနဲ ့ဒီေန ႔ေတာ့ စကားေျပာမွ ျဖစ္မယ္။ "
ရုံးေရွ ႔ေရာက္ေတာ့မဲ့ ကားကို ကိုရုိးကကြၽမ္းက်င္စြာ ျပန္ေကြ ႕၏။
" စကားေျပာရေအာင္ "
ထိုးစိုက္လာတဲ့ ကားနဲ ့အတူ ေအာင္ျမင္လွတဲ့ အသံက တခ်ိန္ထဲထြက္လာ၏။
အဓိပၸါယ္မဲ့ ေငးေမာၾကည့္ေနရာမွ
မ်က္စိေရွ ႔ေရာက္လာေသာ ေဘဘီ ။
ကဗ်ာကယာ ကားေဘးနားကို သြားရပ္ မိသည္ထိ ဝမ္းသာမူ ႔ကို သူမထိန္းထားနိုင္ခဲ့ပါ။
ကားေပၚက အဲကြန္းေလေအးက အေတာ္ေလးေအးပါသည္။
ေဘးမွာထိုင္ေနေသာ ေဘဘီကိုခိုး ၾကည့္
ေတာ့ အမူအရာသည္
ေအးေဆးတည္ၿငိမ္ေနသည္။ မတည္ၿငိမ္နိုင္တာကေတာ့ လရိပ္ပါပဲ။ ေတြ ႕ရင္ ေျပာမယ္ဆိုတဲ့ စာစီထားခဲ့ေသာ စကားေတြက ၾကက္ေပ်ာက္ငွက္ေပ်ာက္။
အလုပ္ေတြမ်ားေနလို ႔လားမသိ ။ အမ်ားႀကီးပိန္က်သြားေသာ ကေလး ကိုၾကည့္ရင္းစိတ္မေကာင္းျဖစ္ရသည္။
" ကြၽန္ေတာ္လက္ထက္ေတာ့မယ္ လရိပ္
မွဴ းခိုင္။ ျဖစ္နိုင္ရင္ လာမေတြ ႕ေစခ်င္ေတာ့ဘူး "
ဓားသြားလို စကားေတြက ရင္ဝမွာ ထိုးစိုက္ခံလိုက္ရသလို ခံစားခ်က္။
ခ်က္ျခင္းေဝ့သီလာေသာ မ်က္ရည္စေတြ ပုတ္ခတ္သိမ္းရေလာက္ေအာင္ထိ
ရုပ္ပ်က္ဆင္းပ်က္နိုင္ပါ၏။
" ငါ..ငါက..မင္းကိုေတြ ႕ခ်င္ရုံပါေဘဘီ။
က်န္တာ ဘာမွ မေမ်ွာ္လင့္ထားပါဘူး။
အရင္လို ခင္မင္ခြင့္ေလးေတာင္ ငါမွာမရွိေတာ့ဘူးလား "
ထိန္းေျပာေသာ္လည္း အက္ကြဲတုန္ရီေနေသာ အသံက သိသာစြာထြက္ေပၚလာသည္။
စကားဝိုင္းက သိသာစြာတိတ္ဆိတ္သြားသည္။
ကိုရုိးကေတာ့ ၿငိမ္သက္စြာကားကိုေမာင္းေန၏။ ဘယ္ကိုသြားမလည္း
သူမေျပာသလို ကိုရုိးသည္လည္မေမးခဲ့။
" လက္ထက္ဖို ႔အရမ္းေစာလြန္းေနေသးတယ္မို ႔လား။ ၁၉ နွစ္ ဆိုတဲ့ အသက္က
ခုမွ ကေလးသာသာပဲရွိေသးတယ္ေလ။
ျပန္စဥ္စားပါဦး ေဘဘီရာ "
လရိပ္ထပ္ေျပာလိုက္သည္။
တကယ္ပဲယူႀကံဳးမရခံစားခ်က္က ဆိုးဝါးစြာ ရင္ထဲမွာ တိုးဝင္ေန၏။
ဒီကေလးက သူထိန္းသိမ္းျပဳစုခဲ့ေသာ ကေလး။ အသက္ဘယ္ေလာက္ ပဲ
ႀကီးသြားပါေစ ။ တခ်ိန္က လရိပ္မွဴ းခိုင္
ဆိုတဲ့ သူ က ေခ်းေသးကအစ မ႐ြံ မရွာ
လုပ္ကိုင္ေပးခဲ့သူပါ။
ဆိုဝါးလိုက္တာ။
သူ သာေဘးနားမွာ ထိန္းမတ္ျပဳျပင္ခဲ့မယ္ဆိုရင္ ဒီအ႐ြယ္ေလး က ကေလးလုပ္ေနရမဲ့ အ႐ြယ္ေလးပဲရွိေသးတယ္။
အရာအားလံုးသူ ႔ေၾကာင့္၊ သူ ႔အမွားေတြေၾကာင့္ ေဘဘီ ဒီလိုျဖစ္သြားခဲ့ရတာ။
" ကြၽန္ေတာ္ နဲ ့သူက ဟိုငယ္ငယ္ကတည္းက သူငယ္ခ်င္းေတြ။ ကြၽန္ေတာ္
စိတ္ဓာတ္ ေအာက္ဆံုးထိထိုးက်သြားခ်ိန္မွာလည္း သူရွိေပးခဲ့တယ္။ ကြၽန္ေတာ္အဆင္မေျပျဖစ္ခ်ိန္မွာလည္း သူက ထြက္ခြာမသြားခဲ့ဘူး ။ ေနာက္ဆံုး ဘယ္ေတာ့မွ ထားသြားမဲ့သူ မဟုတ္လို ႔ ကြၽန္ေတာ့္ကို စိတ္ပူေပးေနဖို ႔မလိုေတာ့ပါဘူး။"
" ၿပီးေတာ့ ခင္ဗ်ားကို ေက်းဇူးတင္ပါတယ္။ သက္ငယ္ေဝလံု ဆိုတဲ့ ငယ္ဘဝမွာ ခင္ဗ်ားက အမွတ္တရ မ်ားစြာရွိခဲ့ဖူးသူပါ။နာက်င္စရာေတြ မ်ားခဲ့ေပမဲ့ ဘယ္ေတာ့မွ ခင္ဗ်ားကိုမုန္းေနမွာ မဟုတ္ဘူးဆိုတာေတာ့ ယံုၾကည္ေပးပါ။ "
"ဘယ္ေတာ့မွ မမုန္းဘူး .."
သံေယာင္ လိုက္ဆို မိရင္း က်ဆင္းေနဆဲ မ်က္ရည္စေတြကို သုတ္လိုက္၏။
ျဖဳတ္ခနဲ ျပဳတ္က်သြားတဲ့ ရင္ထဲက ဆို ႔နွစ္မူ ႔သည္ မမုန္းဘူးဆိုတဲ့ စကားက တိုက္စားဖယ္ရွားေပးသြား၏။
ေနာက္ဆံုးအႀကိမ္ေတြ ႕ဆံု မူ ႔ကို
ေဘဘီ နႈတ္က ခြင့္လြတ္ေပးမူ ႔နဲ ့
အဆံုးသတ္သြားခဲ့သည္။
ေပ်ာ္ပါတယ္ သက္ငယ္ေဝလံု ။
ငါအမ်ားႀကီးေပ်ာ္ခဲ့ပါတယ္။ အမွတ္တရအားလံုး နွလံုးသားထဲမွာ အၿမဲရွိေနမွာပါ။
တသက္လံုးေပ်ာ္ရႊင္မူ ႔ေတြနဲ ့ ျဖတ္သန္းသြားႏိုင္ပါေစလို ႔ ခ်စ္ခ်စ္က ဆုေတာင္းေပးခဲ့ပါ့မယ္ ကေလးရယ္။
အိမ္အျပန္လမ္းမွာ မိုးေတြက တဖြဲဖြဲက်ေန၏ စိတ္ေပါ့ပါးသြားေပမဲ့ ဝမ္းနည္းေနတုန္းပဲ။ ေဘဘီေတာင္ အိမ္ေထာင္ျပဳတဲ့ အ႐ြယ္ေရာက္ေနၿပီ။ သူကေရာ..
ကိုယ္အေၾကာင္းကိုယ္ေတြးမိေတာ့ အဓိပၸါယ္မရွိ ၿပံဳးမိျပန္သည္။
ေဘဘီေၾကာင့္ သူဟာ အားနာစိတ္ျဖင့္
အခ်စ္ကိုေမ့ကာ ျမန္မာျပည္ျပန္ဖို ႔ပဲ အားသန္ခဲ့သည္။
အခ်ိန္ေတြအၾကာႀကီး အျမစ္တြယ္ေနခဲ့တဲ့ စိတ္က မိနစ္ပိုင္းအတြင္း ေျပေပ်ာက္သြားတာ အံ့အားသင့္စရာ။
စိတ္မေကာင္းတာကေတာ့
ေဘဘီ ကို အဆက္သြယ္လုပ္ခြင့္မရွိေတာ့တာပဲ။
ေဘဘီ စိတ္ခ်မ္းသာေအာင္ ေနာက္လာမေတြ ႕ေတာ့ပါဘူးလို ႔ဂတိေပးခဲ့ေသာျငား
တခါတရံေတာ့ သူ႔ကေလး ကိုသြားၾကည့္ခ်င္ေသးသည္။
ဟက္ခ်ိဳး..
" က်စ္ ! "
နွာရည္ယိုေနတဲ့ နွာေခါင္းကို ပြတ္လ်က္ စိတ္က အလိုမက်စြာစုတ္သတ္မိသည္။
မိုးမိရင္ သူက အေအးပတ္လြယ္သည္။
ေရစိုဆံပင္ေတြကို ပြတ္သုတ္ရင္း Moonအခန္းဖက္ကူးရျပန္သည္။
ကိုယ့္ဖက္မွာ ေရကလြဲၿပီး စားစရာမုန္ ႔ေတာင္ရွိတာမဟုတ္ဘူး။
ေရခဲ့ေသတၲာကို ဖြင့္ၾကည့္ေတာ့ စားစရာမုန္ ႔အျပည့္။ ခရီးသြားတာေတာင္ သူငတ္မွာမို ႔ အျပည့္အစံုထည့္ေပးခဲ့ေသးတာ။
မေက်နပ္ေပမဲ့ ဒါကိုေတာ့ အမွတ္ျပည့္ေပးမိတယ္။
ေနရာအနွံ ့ရွာတာေတာင္ေဆးကိုမေတြ ႕ေတာ့ စိတ္ပ်က္လက္ပ်က္ ခါးေထာက္ ကာ အခန္းကိုေဝ့ၾကည့္မိသည္။
အကုန္ရွာၿပီးပီ ။
မရွာရေသးတာဆိုလို ႔တေနရာပဲ ရွိေတာ့သည္။ အဲ့ဒါ Moon အခန္းပင္။
ဟက္ခ်ိဳး!
ဝင္ရွာသင့္မရွာသင့္ ေတြေနရင္းပင္
ေနာက္တႀကိမ္နွာေခ် လိုက္တာမို ႔ အခန္းတံခါးကို တြန္းဖြင့္လိုက္သည္။
ဟိုတစ္ေယာက္ကလည္း သူမဝင္ဘူးဆိုတာ သိလို ႔လားမသိ ။ စိတ္ခ်လက္ခ် ပင္
တံခါးကိုေစ့ထားခဲ့သည္။
တခါမွ မဝင္ၾကည့္ဖူးတဲ့ အခန္းမို ႔ဝင္ရမွာလည္း အားနာသလို ကိုယ့္ကိုကိုယ္စည္းကမ္းမရွိသလိုလည္းခံစားရသည္။
နွာရည္ေတြက ပိုယိုလာၿပီး လူကလည္းဖ်ားခ်င္သလိုလို ျဖစ္လာ၏။
ေမွာင္မဲေနေသာ အခန္းကို ေနာက္ဆံုးဝင္လိုက္ဖို ႔ဆံုးျဖတ္ကာ မီးခလုတ္ကိုဖြင့္လိုက္၏။
"ေခ်ာက္!! "
ခ်စ္တဲ့အိမ္စည္။
နှုတ်ခမ်းကို ကိုက်လျက် လရိပ် အိပ်ယာစွန်းမှာ ထိုင်လိုက်၏။ သိပ်မကြာခင်မှာပဲ
ချက်ခြင်းထကာ လမ်းထလျှောက်လိုက်ပြန်သည်။ ည ၁နာရီခန့် ရှိနေပြီဆိုပေမဲ့
သူ့ မှာ အိပ်လို့ မပျော်နိုင်သေး။
အကြောင်းမှာ Moon ၏ dating သတင်းက newfeed တခုလုံး မမြင်ချင်မှ အဆုံးပြန့် နှံ့ လျက်ရှိလို့ ပင်။
တခါမှ သို့သို့သန့် သန့် သတင်းမထွက်ဖူးသူ မို့ လူအများအတော်လေး စိတ်ဝင်စားနေကြသည်။
သက်ပြင်းချကာ လက်ထဲက ကိုင်ထားဆဲဖုန်းကို ပြန်ဖွင့်ကြည့်မိပြန်သည်။
ပုံထဲတွင် နိုင်ငံခြားသူ မိန်းကလေး တစ်ယောက်နဲ့ Moon သည် Shopping ထွက်နေကြဟန်ရှိပြီး အဆိုပါမိန်းကလေးကို
Moonက ပြုံးကြည့်နေသည့်ပုံပင် ။
လှပသောကောင်မလေးသည် ခါးလယ်ခန့် ရှိသော ဆံပင်ဝါဝါလေးနှင့် ဒူးတိရှိသောဂါဝန် ဖြူဖြူ လေးဝတ်ထား၏။
ဘယ်ရူ့ ထောင့်ကနေ ကြည့်ကြည့် အရမ်းလှမှန်းသိသာစေသောရုပ်မျိုးမို့ Moonနှင့် အတော်လေးလိုက်ဖက်လှပါသည်။
သူ့ သတင်းတွေ မီဒီယာတွေမှာ ပြန့် လျက်ရှိတာ ကို Moon လည်းသိမှာပင်။
သို့ သော် မည်သည့် ဖြေရှင်းချက်မှ
Moon ၏ social media မှာ ဖြေရှင်းထားခြင်းမရှိသေးပေ။
ခုမှအောင်မြင်ခါစ အရွယ်လေးမို့
ဒါကိုတော့ လရိပ် စိတ်ပူပါသည်။
ဘယ်လိုပဲ မတည့်ပါဟု ပြောပြော
Moonသည် အပြောမတက်ပေမဲ့
စိတ်ရင်း ကောင်းသော ကလေးမို့
လရိပ်မှာ ကြည့်ရူ့ စောင့်ရှောက်ရမည့် ဝတ္တရား အပြည့်ရှိသည်။
ဖုန်းဆက် သော်လည်း ဖုန်းက မကိုင်သည်မို့ လရိပ် မှာ မျောက်မီးခဲထိုင်မိသလို ခံစားနေရသည်။ ကာယကံရှင်က မည်သို့
နေမည် မသိသော်လည်း လရိပ်ကတော့
အတော်လေးပူ ပင်သောက ရောက်လျက်ရှိ၏။
ညသည် ရှည်ကြာလွန်းသည်။
တလူးလူး တလိမ့်လိမ့်ဖြင့် အိပ်ပျော်သွားကာ မနက် ၆နာရီခန့်တွင်ပြန်လည်နိုးထလာခဲ့သည်။
နိုးနိုးချင်းလုပ်မိသည်က ဖုန်းကောက်ကိုင်တာပင်။
Moon ၏ fan တွေ က ဆိုးဝါးသော
commentများ မပေးထားကြပါ။ သို့သော် အတော်လေး ဝမ်းနည်းနေကြသည်ကိုတော့တွေ့ ရသည်။ အစကတည်းက Moonမှာ မျှော်လင့်နေတဲ့ ရည်းစားရှိမယ်ဆိုတာ သူတို့ လည်းသိပေမဲ့ ရုတ်တရက် ဆိုတော့
အံ့သြကာ လက်သင့် မခံနိုင်သေးပုံပင်။
လရိပ်၏ အလုပ် သည် အတော်လေး ဆန်းကျယ်ပါတယ်။ ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ရပဲ အိပ်လိုက်စားလိုက်ဖြင့် လခရသည်။ သိပ်မကြာခင်မှာ ရောက်ရှိလာတော့မဲ့ Moon ရဲ့ birthday show
မှာ ဝတ်ဆင်မဲ့ Design တချို့ ကို ဖန်တီးနေရသည်က လွဲပြီး သူ့ မှာ ထူးထွေ လုပ်ပေးရတဲ့ အလုပ်ဆိုပီးမရှိလှ။
တခါတလေ Shooting မှာ ဝတ်ဖို့ စီစဉ်ပေးရတယ်ဆိုတာလည်း အလုပ်လုပ်ဖို့
ပျင်းလှတဲ့ ဂေါက်ကြောင် Moonကြောင့်
တလ မှ ၂ခါလောက်သာ ရှိသည်။
ထို့ ကြောင့် လရိပ်၏ အလုပ်သည်
ထမင်းဟင်းချက်ကျွေးရသည့် အလုပ်
သာရှိပြီး ကျန်အချိန်များတွင် Moonနှင့် စကားများရန်ဖြစ်ရုံ သာရှိသည်။
ဤသည်ကား အလုပ်ရှင်နဲ့ အလုပ်သမား ဟူသော စိတ်ကို မဝင်စေသလားဆိုတာ
ဆိုတာ လရိပ်မသိပေမဲ့ တခုခု ဆို
သံယောဇဉ် တွယ်စရာ ဒီလူ တစ်ယောက်ပင် ရှိ၍ သူ့ မှာ စိတ်ပူ လှပါသည်။
အချိန်အားဖြင့် ၁၀နာရီခန့် ။
စိတ်ထဲနေလို့ မကောင်းလှ၍
ဘေဘီ ဆီကို ထွက်ခဲ့လိုက်သည်။
အဆင်မြင့်စွာ တည်ဆောက်ထားသော
ဝေလုံ အင်တာတိန်းမန့် အဆောက်အဦးသည် အတော်လေးကြီးကျယ်ခန်းနားကာ လုံခြုံရေးတင်းကြပ်သောနေရာဆိုလည်းမမှား။
ခါတိုင်း အထဲကိုဝင်ပြီး ဝေလုံနဲ့ တွေ့ ဖို့
ပြောဖူးသောလည်း ထွက်မတွေ့ သူကြောင့် ဒီနေ့ တော့ အဆောက်အဦး၏ မလှမ်းမကမ်းကနေ စောင့်နေမိသည်။
ဘေဘီအရမ်းသွေးအေးသွားပါသည်။
ရင်နာပေမဲ့ ဖြစ်သင့်တယ်ဆိုတာ လရိပ်သိ၏။ သူသာ ကလေး ကို တစ်ယောက်
ထဲ မထားခဲ့ရင် ခုလို စိတ်နာမည်မဟုတ်ပေ။
တွေးကြည့်ရင်း လရိပ် ဝမ်းနည်းမိသည်။
အသက် ၂၄ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့သူ့ မှာ သံယောဇဉ် တွယ်စရာ မရှိသလို
ခင်မင်ဖွယ်ရာ အပေါင်းသင်းတောင်
မထားခဲ့ဖူးပေ။ ဘဝကို အခက်ခဲမရှိဖြစ်သန်းလာတယ်လို့ လူတိုင်းထင်ကြမှာ မလွဲ ။
တကယ်တော့ သူ့ ရင်ထဲက ခံစားချက်ကို ဘယ်သူ သိနိုင်မှာလဲ။
ဝမ်းနည်းခဲ့ရတယ်၊ အထီးကျန်ခဲ့ရတယ်၊
ကြိုးစားခဲ့ရတယ် ၊ နောင်တတွေနဲ့ မပြောရွှင်မူ့ တွေ နဲ့ သူဒီအရွယ်ထိ ဖြတ်သန်းလာခဲ့ရတာ။ ဘယ်သူ့ မှ အနားမှာ မရှိခဲ့ရင်တောင် ဘေဘီကိုတော့ရှိစေချင်သည်။
အထီးကျန်ခဲ့ရတဲ့ သူ့ ဘဝနားမှာ
ဘေဘီ ကို အဖော်ပြုပေးစေချင်သည်။
" boss .. ဟိုမှာ ရောက်နေပြန်ပီ "
Mac book ကို ကြည့်နေရာမှ ကိုရိုးစကားကြောင့် ကားပြတင်းပေါက်ကနေ
လှမ်းကြည့်လိုက်၏။
" ကျစ် ! ဇွဲကောင်းလိုက်တာ "
လမ်းဘေး ပလက်ဖောင်းပေါ်မှာ လမ်းသွားလမ်းလာ အရိပ်ခိုရအောင် လုပ်ပေးထာတဲ့ အမိုးလေးရှိ၏။ ထိုနေရာ မှာ ရပ်ငေးနေတဲ့ လရိပ်မှူးခိုင်။
အိမ်နေရင်း ဝတ်ထားဟန်ရှိတဲ့
ခေါင်းစွပ် လက်ရှည် အနက်ရောင် နှင့် ဘောင်းဘီရှည် ကိုသာ ဖြစ်သလို ဝတ်ထားပေမဲ့ ရှည်သွယ်သော ကိုယ်လုံးနဲ့
ကြည့်ကောင်းလှတဲ့ ရုပ်ရည်ကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ ။ ထိုအမျိုးသားသည်
သက်ငယ်ဝေလုံရဲ့ ငယ်ချစ်ဦးပင်။
အကြောင်းရာများစွာသည် နှစ်ပေါင်းတွေကြာခဲ့တာကိုပင် ပျောက်ပြယ်မသွားခဲ့ပါ။
သံယောဉ်ဇင်ဆိုတာ ကလည်းခက်သား
" ကားပြန်ကွေ့ လိုက် ကိုရိုး ။ သူနဲ့ ဒီနေ့ တော့ စကားပြောမှ ဖြစ်မယ်။ "
ရုံးရှေ့ ရောက်တော့မဲ့ ကားကို ကိုရိုးကကျွမ်းကျင်စွာ ပြန်ကွေ့ ၏။
" စကားပြောရအောင် "
ထိုးစိုက်လာတဲ့ ကားနဲ့ အတူ အောင်မြင်လှတဲ့ အသံက တချိန်ထဲထွက်လာ၏။
အဓိပ္ပါယ်မဲ့ ငေးမောကြည့်နေရာမှ
မျက်စိရှေ့ ရောက်လာသော ဘေဘီ ။
ကဗျာကယာ ကားဘေးနားကို သွားရပ် မိသည်ထိ ဝမ်းသာမူ့ ကို သူမထိန်းထားနိုင်ခဲ့ပါ။
ကားပေါ်က အဲကွန်းလေအေးက အတော်လေးအေးပါသည်။
ဘေးမှာထိုင်နေသော ဘေဘီကိုခိုး ကြည့်
တော့ အမူအရာသည်
အေးဆေးတည်ငြိမ်နေသည်။ မတည်ငြိမ်နိုင်တာကတော့ လရိပ်ပါပဲ။ တွေ့ ရင် ပြောမယ်ဆိုတဲ့ စာစီထားခဲ့သော စကားတွေက ကြက်ပျောက်ငှက်ပျောက်။
အလုပ်တွေများနေလို့ လားမသိ ။ အများကြီးပိန်ကျသွားသော ကလေး ကိုကြည့်ရင်းစိတ်မကောင်းဖြစ်ရသည်။
" ကျွန်တော်လက်ထက်တော့မယ် လရိပ်
မှူးခိုင်။ ဖြစ်နိုင်ရင် လာမတွေ့ စေချင်တော့ဘူး "
ဓားသွားလို စကားတွေက ရင်ဝမှာ ထိုးစိုက်ခံလိုက်ရသလို ခံစားချက်။
ချက်ခြင်းဝေ့သီလာသော မျက်ရည်စတွေ ပုတ်ခတ်သိမ်းရလောက်အောင်ထိ
ရုပ်ပျက်ဆင်းပျက်နိုင်ပါ၏။
" ငါ..ငါက..မင်းကိုတွေ့ ချင်ရုံပါဘေဘီ။
ကျန်တာ ဘာမှ မမျှော်လင့်ထားပါဘူး။
အရင်လို ခင်မင်ခွင့်လေးတောင် ငါမှာမရှိတော့ဘူးလား "
ထိန်းပြောသော်လည်း အက်ကွဲတုန်ရီနေသော အသံက သိသာစွာထွက်ပေါ်လာသည်။
စကားဝိုင်းက သိသာစွာတိတ်ဆိတ်သွားသည်။
ကိုရိုးကတော့ ငြိမ်သက်စွာကားကိုမောင်းနေ၏။ ဘယ်ကိုသွားမလည်း
သူမပြောသလို ကိုရိုးသည်လည်မမေးခဲ့။
" လက်ထက်ဖို့ အရမ်းစောလွန်းနေသေးတယ်မို့ လား။ ၁၉ နှစ် ဆိုတဲ့ အသက်က
ခုမှ ကလေးသာသာပဲရှိသေးတယ်လေ။
ပြန်စဉ်စားပါဦး ဘေဘီရာ "
လရိပ်ထပ်ပြောလိုက်သည်။
တကယ်ပဲယူကြုံးမရခံစားချက်က ဆိုးဝါးစွာ ရင်ထဲမှာ တိုးဝင်နေ၏။
ဒီကလေးက သူထိန်းသိမ်းပြုစုခဲ့သော ကလေး။ အသက်ဘယ်လောက် ပဲ
ကြီးသွားပါစေ ။ တချိန်က လရိပ်မှူးခိုင်
ဆိုတဲ့ သူ က ချေးသေးကအစ မရွံ မရှာ
လုပ်ကိုင်ပေးခဲ့သူပါ။
ဆိုဝါးလိုက်တာ။
သူ သာဘေးနားမှာ ထိန်းမတ်ပြုပြင်ခဲ့မယ်ဆိုရင် ဒီအရွယ်လေး က ကလေးလုပ်နေရမဲ့ အရွယ်လေးပဲရှိသေးတယ်။
အရာအားလုံးသူ့ ကြောင့်၊ သူ့ အမှားတွေကြောင့် ဘေဘီ ဒီလိုဖြစ်သွားခဲ့ရတာ။
" ကျွန်တော် နဲ့ သူက ဟိုငယ်ငယ်ကတည်းက သူငယ်ချင်းတွေ။ ကျွန်တော်
စိတ်ဓာတ် အောက်ဆုံးထိထိုးကျသွားချိန်မှာလည်း သူရှိပေးခဲ့တယ်။ ကျွန်တော်အဆင်မပြေဖြစ်ချိန်မှာလည်း သူက ထွက်ခွာမသွားခဲ့ဘူး ။ နောက်ဆုံး ဘယ်တော့မှ ထားသွားမဲ့သူ မဟုတ်လို့ ကျွန်တော့်ကို စိတ်ပူပေးနေဖို့ မလိုတော့ပါဘူး။"
" ပြီးတော့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ သက်ငယ်ဝေလုံ ဆိုတဲ့ ငယ်ဘဝမှာ ခင်ဗျားက အမှတ်တရ များစွာရှိခဲ့ဖူးသူပါ။နာကျင်စရာတွေ များခဲ့ပေမဲ့ ဘယ်တော့မှ ခင်ဗျားကိုမုန်းနေမှာ မဟုတ်ဘူးဆိုတာတော့ ယုံကြည်ပေးပါ။ "
"ဘယ်တော့မှ မမုန်းဘူး .."
သံယောင် လိုက်ဆို မိရင်း ကျဆင်းနေဆဲ မျက်ရည်စတွေကို သုတ်လိုက်၏။
ဖြုတ်ခနဲ ပြုတ်ကျသွားတဲ့ ရင်ထဲက ဆို့ နှစ်မူ့ သည် မမုန်းဘူးဆိုတဲ့ စကားက တိုက်စားဖယ်ရှားပေးသွား၏။
နောက်ဆုံးအကြိမ်တွေ့ ဆုံ မူ့ ကို
ဘေဘီ နှုတ်က ခွင့်လွတ်ပေးမူ့ နဲ့
အဆုံးသတ်သွားခဲ့သည်။
ပျော်ပါတယ် သက်ငယ်ဝေလုံ ။
ငါအများကြီးပျော်ခဲ့ပါတယ်။ အမှတ်တရအားလုံး နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။
တသက်လုံးပျော်ရွှင်မူ့ တွေနဲ့ ဖြတ်သန်းသွားနိုင်ပါစေလို့ ချစ်ချစ်က ဆုတောင်းပေးခဲ့ပါ့မယ် ကလေးရယ်။
အိမ်အပြန်လမ်းမှာ မိုးတွေက တဖွဲဖွဲကျနေ၏ စိတ်ပေါ့ပါးသွားပေမဲ့ ဝမ်းနည်းနေတုန်းပဲ။ ဘေဘီတောင် အိမ်ထောင်ပြုတဲ့ အရွယ်ရောက်နေပြီ။ သူကရော..
ကိုယ်အကြောင်းကိုယ်တွေးမိတော့ အဓိပ္ပါယ်မရှိ ပြုံးမိပြန်သည်။
ဘေဘီကြောင့် သူဟာ အားနာစိတ်ဖြင့်
အချစ်ကိုမေ့ကာ မြန်မာပြည်ပြန်ဖို့ ပဲ အားသန်ခဲ့သည်။
အချိန်တွေအကြာကြီး အမြစ်တွယ်နေခဲ့တဲ့ စိတ်က မိနစ်ပိုင်းအတွင်း ပြေပျောက်သွားတာ အံ့အားသင့်စရာ။
စိတ်မကောင်းတာကတော့
ဘေဘီ ကို အဆက်သွယ်လုပ်ခွင့်မရှိတော့တာပဲ။
ဘေဘီ စိတ်ချမ်းသာအောင် နောက်လာမတွေ့ တော့ပါဘူးလို့ ဂတိပေးခဲ့သောငြား
တခါတရံတော့ သူ့ကလေး ကိုသွားကြည့်ချင်သေးသည်။
ဟက်ချိုး..
" ကျစ် ! "
နှာရည်ယိုနေတဲ့ နှာခေါင်းကို ပွတ်လျက် စိတ်က အလိုမကျစွာစုတ်သတ်မိသည်။
မိုးမိရင် သူက အအေးပတ်လွယ်သည်။
ရေစိုဆံပင်တွေကို ပွတ်သုတ်ရင်း Moonအခန်းဖက်ကူးရပြန်သည်။
ကိုယ့်ဖက်မှာ ရေကလွဲပြီး စားစရာမုန့် တောင်ရှိတာမဟုတ်ဘူး။
ရေခဲ့သေတ္တာကို ဖွင့်ကြည့်တော့ စားစရာမုန့် အပြည့်။ ခရီးသွားတာတောင် သူငတ်မှာမို့ အပြည့်အစုံထည့်ပေးခဲ့သေးတာ။
မကျေနပ်ပေမဲ့ ဒါကိုတော့ အမှတ်ပြည့်ပေးမိတယ်။
နေရာအနှံ့ ရှာတာတောင်ဆေးကိုမတွေ့ တော့ စိတ်ပျက်လက်ပျက် ခါးထောက် ကာ အခန်းကိုဝေ့ကြည့်မိသည်။
အကုန်ရှာပြီးပီ ။
မရှာရသေးတာဆိုလို့ တနေရာပဲ ရှိတော့သည်။ အဲ့ဒါ Moon အခန်းပင်။
ဟက်ချိုး!
ဝင်ရှာသင့်မရှာသင့် တွေနေရင်းပင်
နောက်တကြိမ်နှာချေ လိုက်တာမို့ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
ဟိုတစ်ယောက်ကလည်း သူမဝင်ဘူးဆိုတာ သိလို့ လားမသိ ။ စိတ်ချလက်ချ ပင်
တံခါးကိုစေ့ထားခဲ့သည်။
တခါမှ မဝင်ကြည့်ဖူးတဲ့ အခန်းမို့ ဝင်ရမှာလည်း အားနာသလို ကိုယ့်ကိုကိုယ်စည်းကမ်းမရှိသလိုလည်းခံစားရသည်။
နှာရည်တွေက ပိုယိုလာပြီး လူကလည်းဖျားချင်သလိုလို ဖြစ်လာ၏။
မှောင်မဲနေသော အခန်းကို နောက်ဆုံးဝင်လိုက်ဖို့ ဆုံးဖြတ်ကာ မီးခလုတ်ကိုဖွင့်လိုက်၏။
"ချောက်!! "
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz