အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
25
" ေအာက္မွာ ေရာက္ေနျပန္ၿပီ Boss ။
အရင္ေန႔ေတြကအတိုင္းေတြ ႕ခြင့္ေတာင္းထားတယ္။ ကြၽန္ေတာ္ဘာျပန္ေျပာလိုက္ရမလဲ "
ကိုရိုးစကားေၾကာင့္ ကီးဘုတ္ေပၚမွာ ေျပးလႊားေနတဲ့ လက္ေတြသည္ စကၠန္႔ပိုင္းေလာက္ရပ္သြားကာ ခ်က္ျခင္း အသံျမည္သည္ထိ တေဖာက္ေဖ်ာက္ျပန္နွိပ္ေနျပသည္။ မ်က္လံုးေရာ လက္ေရာ တခ်က္မနားပဲ အလုပ္လုပ္ေနရင္းမွ ....
" ထားလိုက္ ။ အခ်ိန္တန္ရင္ သူ ႔ဘာသာျပန္သြားလိမ့္မယ္။ "
" အခ်ိန္တန္ရင္ ျပန္သြားမွာဆိုေပမဲ့
နွစ္နာရီနီးပါးေလာက္ မတ္တပ္ရပ္ ေစာင့္ေနရတာမို ႔ပါ။ တကယ္လို ႔Boss မေတြ ႕ခ်င္ဘူးဆိုရင္ .. ကြၽန္ေတာ္ ျပန္ဖို ႔သြားေျပာလိုက္ပါ့မယ္။ "
" ေျပာခ်င္သပါ့ ဆိုလည္း သြားေျပာေခ်။
တခါတည္းေျပာခဲ့ ငါခရီးထြက္သြားတယ္။ ေနာက္ရက္လည္းမလာခဲ့ပါနဲ ့လို ႔"
မ်က္မွန္ကို ပင့္တင္ရင္း ေျပာလာေပမဲ့
အၾကည့္ကေတာ့ ကြန္ျပဴ တာ မွန္ျပင္ေပၚမွာပဲမို ႔ ကိုရုိးနွာေခါင္းရႈံ ့လိုက္၏။
သူ႔တို ႔Bossက ၁၉နွစ္ဆိုတာ ဟုတ္ေရာဟုတ္ရဲ႕လား ။ စဥ္းစားၾကည့္ရင္ မျဖစ္နိုင္သလိုပဲ။
တခါတေလ ကေလးဆန္တယ္။
တခါတေလ လူလတ္ပိုင္းအ႐ြယ္တေယာက္လို ရင့္က်က္တဲ့ ဟန္ပန္ေတြလည္းျဖတ္ေျပးေနတက္ေသးသည္။
လူႀကီးေတြနဲ ့စကားေျပာတဲ့ေနရာမွာလည္း လံုးဝ ဆရာႀကီးေနာ္။
အဲ့ဒါေၾကာင့္ သူေဌး ေဝလံုဆိုရင္ ငယ္ေပမဲ့ ဒီေလာကမွာ ေလ်ာ့မတြက္ရဲတာ။
၄နွစ္တာ သက္တမ္းပဲ ရွိေသးတဲ့ အင္တာတိန္းမန္ ႔က အႏုပညာေလာကမွာ
ထိတ္တန္းထိ ေရာက္ေအာင္ လုပ္ျပနိုင္တာ သူေဌး ေဝလံုေၾကာင့္ဆိုရင္လည္းမမွားေပ။
လြန္ခဲ့တဲ့ နွစ္နွစ့္ခန္ ႔က အရင္ပိုင္ရွင္ေဟာင္း ဦးေကာင္းလံု လက္ထက္ကဆိုရင္
ပိုက္ဆံအရွိန္အဝါေၾကာင့္သာ တေနရာေရာက္ခဲ့တာ။ ခုလို လူငယ္တိုင္းရဲ႕ ေမ်ာ္လင့္ခ်က္ အျဖစ္ေရာက္ရွိခဲ့တာ သက္ငယ္ေဝလံုရဲ႕ ႀကိဳးစားအားထုတ္မူ ႔နဲ ့တိုက္ရုိက္သက္ဆိုင္သည္လို ႔ေျပာရမွာပင္။
_____
"ဟယ္လို ! ေဘဘီ မင္းဟာေလးေရာက္ေနျပန္ၿပီကြ။ ဒီကိုမလြတ္စမ္းနဲ ့။
ငါဘယ္ေလာက္အေနထိုင္ခက္ခဲလည္းဆိုတာ သိရက္နဲ ့"
သူ႔ စကားကို တဖက္မွ သေဘာက်စြာ ေအာ္ရယ္တာကို နားေထာင္းရင္း သက္ျပင္းခ်မိသည္။ ဒီကေလး ရဲ႕ စိတ္ကို ေဝလြင္မင္းထက္ နားမလည္တာေတာ့အမွန္ပင္။
" ေအး ရယ္ေနလိုက္။ ၅ ရက္ရွိၿပီေနာ္။
နည္းနည္းမွ ဇြဲေလ်ာ့မဲ့ပံုမေပၚဘူး။
က်စ္! မသိေတာ့ဘူးကြာ ။ မင္းကိစၥမင္းဘာသာရွင္းေတာ့။ အလုပ္ေတြကိုသာ ငါေခါင္းခံလုပ္ေပးနိုင္မယ္ေနာ္ ။ အခ်စ္ေရးေတာ့လာ အပူမကပ္နဲ ့။ ထပ္ၿပီး လႊတ္ထားဦးမယ္ဆိုရင္ေတာ့ ဒီတခါ ထပ္ေတြ ႕ၿပီး မင္းအေနနဲ ့ငါပံုမွားရုိက္ေတာ့မွာေနာ္ "
"ရမလား။ လုပ္ၾကည့္လိုက္ေလ။
လရိပ္မွဴ းခိုင္ဆိုတာ ကြၽန္ေတာ့္လူ။
ထိရဲထိၾကည့္ေနာ္။ အကိုေတြဘာေတြနားမလည္ဘူး။ အသက္ကိုထိုင္ကန္ေတာ့ၿပီး
ၾကည့္တဲ့မ်က္လံုးနဲ ့ေျပာရဲတဲ့ပါးစပ္ကို
ထိုးေဖာက္ပစ္လိုက္မယ္။ ဘာမွတ္ေနလဲ "
တဖက္မွ ဆီပ်စ္ပ်စ္နစ္နွစ္စကားေတြေၾကာင့္ေဝလြင့္မ်က္နွာရႈံ ့မဲ့သြား၏။
ႀကီးတာေတြငယ္တာေတြ သည္
လရိပ္မွဴ းခိုင္ဆိုတဲ့ နာမည္ေအာက္ေရာက္သြားရင္ ေပ်ာက္ကြယ္တက္စၿမဲပင္။
" ဟာ ေဘဘီရာ။ ၾကမ္းလိုက္တာ စကာေတြက။ ညီကိုခ်င္းကို စေနတာသိရက္နဲ႔။
ေတာ္ၿပီ။ ေတာ္ၿပီ။ မင္းဟာေလးကိုေနာက္ေန ႔မလႊတ္လိုက္နဲ ့။ လႊတ္ရင္ေတာ့ ငါအဆိုးမဆိုနဲ ့။ မင္းဘာသာ ေနာက္မွ လုပ္ခ်င္ရာလုပ္ေတာ့ "
ဘာသံမွထြက္မလာခင္ ေဝလြင္ ဦးေအာင္ဖုန္းခ်လိုက္သည္။
ၿပီးေတာ့ ဖုန္းကိုၾကည့္ကာ
ေခါင္းရမ္းကာ ၿပံဳးလိုက္မိ၏။
သက္ငယ္ေဝလံု ..သက္ငယ္ေဝလံု။
မင္း ဘာဆက္လုပ္ဦးမွာလည္းဆိုတာ ငါတကယ္သိခ်င္လွၿပီ .....
__________
"ဟူးးး"
လက္ထဲက ကားေသာ့ကို စားပြဲေပၚကိုပစ္ခ်ရင္း ဆိုဖာေပၚမွာ စိတ္ပ်က္စြာ
ေမွာက္အိပ္လိုက္၏။
"အား ! စိတ္ရႈပ္လိုက္တာ။ ေဘဘီ မင္းဘာေၾကာင့္ ဒီေလာက္ေခါင္းမာနိုင္ရတာလဲ "
လရိပ္ ၏ အသံသည္ တိတ္ဆိတ္ေနေသာအခန္းမွာ လြင့္ပ်ယ္လာ၏။
အမွန္တကယ္ပင္ လရိပ္ဝမ္းနည္းေနမိသည္။
ေဘဘီသည္ အရင္ကဆို သူ႔စကားဆိုရင္ ေျမဝယ္မက် နားေထာင္တက္တဲ့ေကာင္ေလးပင္။
ဒါေပမဲ့ အခုေတာ့ မဟုတ္ေတာ့ၿပီ။
စိတ္ေျပလြယ္တဲ့ လံုလံုေလးက
လရိပ္ စကားကို နားမေထာင္ေတာ့ရုံတင္မကဘူး ဥေပကၡာပါ ျပဳခဲ့ေလ၏။
ေဘဘီ့ ရုံးေရွ ႔မွာ လရိပ္သြားေစာင့္ေနတာ
၅ရက္နီးပါးရွိၿပီ။ လံုးဝထြက္ မေတြ ႕သလို
ဒီေန ႔ဆို နွင္ပါထုတ္ခံလိုက္ရသည္။
ရုံးမေတြ ႕ရလဲ ဘာျဖစ္လဲ အိမ္ကို သြားၾကည့္မွာေပါ့ ဆိုၿပီး အားကိုးတႀကီး မနက္ေစာေစာ ထၿပီး သြားခဲ့သည္။
သို႔ေသာ္ေတြ ႕လိုက္ရတာ ေသာခေလာက္ႀကီး တခုကိုသာ။
ေခ်ာ့လို ႔လြယ္မယ္ထင္ခဲ့တဲ့ ေဘဘီသည္
အခုေတာ့ လရိပ္ကို လံုးဝစိတ္နာသြားခဲ့ၿပီ ထင္၏။
စိတ္ထဲမွာ အလိုမက်စိတ္က တစ္ေယာက္ထဲေနေလ ပိုခံစားရေလ ဆိုသလိုပဲ
Moon Parisကို သြားတာ ၅ရက္ေလာက္ပဲရွိေသးသည္ သူ ႔မွာ မူးသလိုလို၊ ရူးသလိုလို ျဖစ္ေနၿပီ။
" Moon မင္းကလည္းမရွိ။ ငါတစ္ေယာက္ထဲအိမ္မွာ ပ်င္းလို႔ေသေတာ့မွာပဲ "
ေမွာက္ရက္အတိုင္း ေနရင္း ေဘာင္းဘီအိတ္ထဲက ဖုန္းကိုထုတ္သည္။
အဆင္မ်ားေျပရဲ႕လားမသိ။
Moonက တကယ္ေတာ္ပါသည္။
အသက္ငယ္သလို ရုပ္လည္းေခ်ာတဲ့
Moonသည္ အဆိုမွာလည္းပါရမီထူးသလို ခနၶာကိုယ္နွင့္အရပ္အေမာင္းကလည္း တမူထူးျခားစြာ အဆက္အေပါက္လွ၏။
ထို ႔ေၾကာင့္ Paris မွာ က်င္းပမဲ့
fashion Showပြဲ မွာ ဖိတ္ၾကားျခင္းခံရတာျဖစ္သည္။
Newfeedမွာ ဟိုဆြဲဒီဆြဲ လုပ္ရင္း ေတြ ႕ရတဲ့ သတင္းမ်ားသည္ ျမင္ျမင္သမ်ွ
Moonအေၾကာင္းမ်ားသာ ။
Moon ဆိုလို ႔ ဒီေကာင္ေလး ဘာစာ၊ ဘာသတင္းမွ facebook မွာ မတင္တာ
အေတာ္ၾကာေနၿပီပဲ။
အရင္ကဆိုရင္ ၁၉ရက္ေန႔တိုင္း
ဒီေကာင္ေလးရဲ႕ လ်ိဳ ႕ဝွက္ Bar codeေတြ
ေတြ ႕ရတက္သည္။
Bar Codeဆိုလို ႔ သူတစ္ေယာက္ထဲပဲ
သိေနတာမ်ိဳးမဟုတ္။
စံုေထာက္မ်က္စိနဲ ့fanေတြေၾကာင့္
သူတင္သမ်ွ စာေတြအကုန္ ျပန္ေဖာ္ေပးတဲ့ we love group ေတြက ရွိေသးသည္။
(အရမ္းလြမ္းတယ္။ ဒါေပမဲ့ ေစာင့္ေနဆဲပါ )
(ဒီအခ်ိန္ အရမ္းေအးတယ္။ စိတ္နာေပမဲ့
ဖ်ားမွာေတာ့ စိုးရိမ္တယ္ )တို ႔
စသည္ စာအတိုအထြာေလးမ်ားသည္
19ရက္ေန ႔တိုင္း Moon တင္ေလ့ရွိသည့္စာမ်ားျဖစ္သည္။
" သတိရလိုက္တာ ။ ဒီခ်ိန္ဘာမ်ားလုပ္ေနမလဲ။ အာ မစဥ္းစားနဲ ့။ ဒီေကာင္က သတိရဖို ႔မတန္ဘူး။ ငါ့ကို ပလစ္ၿပီး သြားတဲ့ ဒင္းလိုေကာင္ကို ဘာေစာက္ေၾကာင္းမွာ စိုးရိမ္ေပးေနစရာမလိုဘူး "
ကိုယ့္ဘာသာ ေရ႐ြတ္ရင္း ၾကည့္လက္စ Moonပံု ကို ပိတ္ကာ ဖုန္းကို ေဘးပစ္ခ်လိုက္သည္။
အိမ္မွာ လရိပ္တစ္ေယာက္ထဲက်န္ခဲ့သည္။ ကားေသာ့ ၊ တိုက္ခန္းေသာ့ ေပးထားခဲ့တာမို ႔ အိပ္ခ်ိန္က လြဲၿပီး က်န္အခ်ိန္ေတြကေတာ့Moonအခန္းထဲမွာသာေနျဖစ္သည္။ Fashion Showဆိုတာ တကယ္ေတာ့ လရိပ္အလိုက္သင့္ဆံုးေနရာမို႔လား။
ဒါကို သူ ႔မန္ေနဂ်ာနဲ ့နွစ္ေယာက္ထဲသာသြားသည္။ လရိပ္ကိုေတာ့ အိမ္ေစာင့္ဆိုၿပီး ထားခဲ့သည္မို ႔ စိတ္ဆိုးၿပီးက်န္ခဲ့ရ၏။
စီစဥ္ေပးလိုက္တဲ့ အဝတ္စားေတြနဲ ့
အမိုက္စားပံုရိပ္ေတြကို သူ ႔Fan Pageေတြနွင့္ Mediaေတြမွာ ပလူပ်ံ ေအာင္ေတြ ႕ေနသည္မို ႔ေက်နပ္ေသာ္လည္း စိတ္ဆိုးတာေတာ့ ဆိုးေနတုန္းပင္။
ring..ring...
က်ယ္ေလာင္လွတဲ့ ဖုန္းျမည္သံေၾကာင့္အိပ္ေပ်ာ္လုဆဲဆဲ မ်က္ဝန္းေတြက ဖြင့္ဟလာ၏။
ျပန္ေရာက္ကတည္းေမွာက္အိပ္ေနတာမို ႔ရင္ဖက္ေတြေတာင္နာေနသည္။
ေအာက္က်ေနတဲ့ ေျခေထာက္တဖက္ကိုအားျပဳ ၿပီးပလက္အရင္လွန္၏။
ၿပီးမွ ဖုန္းကိုေကာက္ကိုင္ေတာ့ ျမင္ရတဲ့
နံပါတ္သည္ နိုင္ျခားCall ျဖစ္ေန၏။
"ေျပာ ဘာလဲ "
ပစ္ထားခဲ့တာကို မေက်နပ္ေၾကာင္းျပသည့္အေနျဖင့္ ခတ္ဆတ္ဆတ္ထူးမိသည္။
ဒါကိုသိသည့္နွယ္ တဖက္မွာ ရယ္သံသဲ့သဲ့က စိတ္မဆိုးပဲထြက္လာသည္။
လရိပ္က Moonကို အလုပ္ရွင္ဆိုၿပီး ေလးစားရမွန္းမသိသလို လရိပ္ကိုလည္း အလုပ္သမားဆိုၿပီး Moonက သတ္မွတ္ထားဟန္မတူ။
တခါတေလ စိတ္အခန္ ႔မသင့္လို ႔
ဆူေစာင့္ေနရင္ေတာင္ Moonက မသိခ်င္ေယာင္ေဆာင္ေနတက္တာမ်ိဳးရွိသည္။
လရိပ္ကေတာ့ နည္းနည္းေလးေတာင္
အားမနာတက္ေပ။
ေျပာစရာရွိရင္ ေျပာမည္။
ဆဲစရာရွိရင္ ဆဲမည္။
မေက်နပ္ရင္ အလုပ္ထုတ္ပစ္ဟု
အၿမဲ ၿခိမ္းေျခာက္တက္ေသးသူျဖစ္သည္။
တကယ္ဆိုရင္ လရိပ္လြန္တာပါ။
အလုပ္ခ်ိန္ ဆိုၿပီး လရိပ္မွာ ပံုမွန္မရွိသလို
အိပ္ခ်င္အိပ္၊ စားခ်င္စား ေနခ်င္သလိုေနရုံျဖင့္ လကုန္တိုင္း ခန္႔မွန္းတာထက္ပိုေသာ ပိုက္ဆံေတြ အေကာင့္ထဲဝင္လာေနၾကပပင္။ စီးစရာ ကားေပးထားေသာ အလုပ္ရွင္ ၊ လစဥ္လခ နွင့္ စားရိတ္ၿငိမ္းတင္ေကြၽးထားေသာ အလုပ္ရွင္သည္ Moonတစ္ေယာက္သာရွိေပလိမ့္မည္။
" ဘာလုပ္ေနလဲ။ စိတ္ဆိုးမေနစမ္းပါနဲ ့။
နဂုိကတည္းက အသက္ႀကီးလို ႔ရုပ္ရင့္ေနပါၿပီ ဆိုမွ "
"ေအာင္မာ။ ရင့္ရင့္ေပါ့ ။ငါရင့္တာမင္းကို ဘာမ်ားစိတ္အေနွာက္ယွက္ေပးေနလို႔လဲ။
ရန္စ မွာဆိုဖုန္းမဆက္နဲ ့"
" ရန္စ မလို ႔မဟုတ္ဘူး။ အတည္ေျပာမလို ႔ "
လရိပ္ မ်က္ေမွာင္ႀကံဳ လ်က္ နားေထာင္ထားသည္။ သူ ႔ဘာသာအတည္ေျပာေျပာမေျပာေျပာ ။
" မ်က္ေမွာင္ႀကီးကုတ္မေနနဲ ့မွဴ းခိုင္။
ကြၽန္ေတာ္ မနက္ဖန္ ျပန္လာမွာ ဆိုတာ လွမ္းေျပာတာ။ ဘာရခ်င္ေသးလဲ။
တခါထဲ လိုခ်င္တာမွာလိုက္ ။ ခုအျပင္ေရာက္တုန္း ဝယ္ခဲ့ေပးမယ္။ "
စကားဆံုးေတာ့ တြန္ ႔ကုတ္ထားတဲ့ မ်က္ခံုးေတြသည္ ငွက္ေတာင္ပံေလးသဖြယ္ ပင့္ေကာ့သြား၏။ဘာေၾကာင့္ဆိုေသာ္
ေဘးမွာ ပီပီသသ အဂၤလိပ္ေလသံျဖင့္ေျပာလိုက္ေသာ မိန္းကေလးအသံေၾကာင့္ပင္။ ထို ႔ေနာက္စိတ္ဝင္တစားေလသံျဖင့္ အေလာတႀကီးေမးလိုက္သည္။
" အျပင္ ေရာက္ေနတာလား။ ဘာသြားလုပ္တာလဲ ။ ဘယ္သူနဲ႔လဲ "
Moonမွာ ေစာင့္ေနရတဲ့ မိန္းကေလးရွိသည္။
ထို ႔ေၾကာင့္19ရက္ေန ႔တိုင္း လြမ္းဆြတ္စြာတင္တဲ့ ေသာ စာတိုေလးေတြသည္
ထိုမိန္းကေလးအသံနွင့္မ်ား သက္ဆိုင္ေနမလား။
စိတ္ဝင္စားမူ ႔ဒီဂရီသည္အေတာ္ႀကီးျမင့္တက္ေနေလၿပီ။
"ဟင္ လို ႔။ ဘယ္သူနဲ ့သြားတာလဲ "
ျပန္မေျဖလာသည္မို ႔ထပ္ေမးေတာ့ တဖက္မွာ ရယ္ သံထြက္လာ၏။
"ဘာေတြ စိတ္ဝင္စားေနတာလဲ။
မေျပာျပဖူး။ အခ်ိန္တန္ရင္ သိလိမ့္မယ္ ။
ဒါပဲ ဖုန္းခ်ၿပီ "
ကိုရီယားကားအပိုင္းေတြလိုပဲ
ဇာတ္ရွိန္တက္လို ႔ၾကည့္ေကာင္းေနၿပီ ဆိုမွ ေနာက္တစ္ပိုင္းေမ်ွာ္ပါ လို ႔ ျဖတ္ခ်ခံလိုက္ရသလိုပဲ အူယားစြာ က်န္ေနရခဲ့သည္။
"အားး!! သိခ်င္ပါတယ္ဆိုမွ ။ ေသာက္ေကာင္ေလး "
ခ်စ္တဲ့အိမ္စည္။
( Hello မေတြ ႕တာၾကာပီေနာ္။
လကုန္မွ upမယ္ေျပာထားေပမဲ့ ၾကားထဲ အလြမ္းေျပ တျဖတ္လာခဲ့ေပးတာ ။ သိပ္မၾကာေတာ့ပါဘူး ။ updateမွန္စြာျဖင့္ျပန္လာခဲ့ပါ့မယ္။ခဏစိတ္ရွည္ေပးၾကပါအုန္း)
" အောက်မှာ ရောက်နေပြန်ပြီ Boss ။
အရင်နေ့တွေကအတိုင်းတွေ့ ခွင့်တောင်းထားတယ်။ ကျွန်တော်ဘာပြန်ပြောလိုက်ရမလဲ "
ကိုရိုးစကားကြောင့် ကီးဘုတ်ပေါ်မှာ ပြေးလွှားနေတဲ့ လက်တွေသည် စက္ကန့်ပိုင်းလောက်ရပ်သွားကာ ချက်ခြင်း အသံမြည်သည်ထိ တဖောက်ဖျောက်ပြန်နှိပ်နေပြသည်။ မျက်လုံးရော လက်ရော တချက်မနားပဲ အလုပ်လုပ်နေရင်းမှ ....
" ထားလိုက် ။ အချိန်တန်ရင် သူ့ ဘာသာပြန်သွားလိမ့်မယ်။ "
" အချိန်တန်ရင် ပြန်သွားမှာဆိုပေမဲ့
နှစ်နာရီနီးပါးလောက် မတ်တပ်ရပ် စောင့်နေရတာမို့ ပါ။ တကယ်လို့ Boss မတွေ့ ချင်ဘူးဆိုရင် .. ကျွန်တော် ပြန်ဖို့ သွားပြောလိုက်ပါ့မယ်။ "
" ပြောချင်သပါ့ ဆိုလည်း သွားပြောချေ။
တခါတည်းပြောခဲ့ ငါခရီးထွက်သွားတယ်။ နောက်ရက်လည်းမလာခဲ့ပါနဲ့ လို့ "
မျက်မှန်ကို ပင့်တင်ရင်း ပြောလာပေမဲ့
အကြည့်ကတော့ ကွန်ပြူ တာ မှန်ပြင်ပေါ်မှာပဲမို့ ကိုရိုးနှာခေါင်းရှုံ့ လိုက်၏။
သူ့တို့ Bossက ၁၉နှစ်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား ။ စဉ်းစားကြည့်ရင် မဖြစ်နိုင်သလိုပဲ။
တခါတလေ ကလေးဆန်တယ်။
တခါတလေ လူလတ်ပိုင်းအရွယ်တယောက်လို ရင့်ကျက်တဲ့ ဟန်ပန်တွေလည်းဖြတ်ပြေးနေတက်သေးသည်။
လူကြီးတွေနဲ့ စကားပြောတဲ့နေရာမှာလည်း လုံးဝ ဆရာကြီးနော်။
အဲ့ဒါကြောင့် သူဌေး ဝေလုံဆိုရင် ငယ်ပေမဲ့ ဒီလောကမှာ လျော့မတွက်ရဲတာ။
၄နှစ်တာ သက်တမ်းပဲ ရှိသေးတဲ့ အင်တာတိန်းမန့် က အနုပညာလောကမှာ
ထိတ်တန်းထိ ရောက်အောင် လုပ်ပြနိုင်တာ သူဌေး ဝေလုံကြောင့်ဆိုရင်လည်းမမှားပေ။
လွန်ခဲ့တဲ့ နှစ်နှစ့်ခန့် က အရင်ပိုင်ရှင်ဟောင်း ဦးကောင်းလုံ လက်ထက်ကဆိုရင်
ပိုက်ဆံအရှိန်အဝါကြောင့်သာ တနေရာရောက်ခဲ့တာ။ ခုလို လူငယ်တိုင်းရဲ့ မျော်လင့်ချက် အဖြစ်ရောက်ရှိခဲ့တာ သက်ငယ်ဝေလုံရဲ့ ကြိုးစားအားထုတ်မူ့ နဲ့ တိုက်ရိုက်သက်ဆိုင်သည်လို့ ပြောရမှာပင်။
_____
"ဟယ်လို ! ဘေဘီ မင်းဟာလေးရောက်နေပြန်ပြီကွ။ ဒီကိုမလွတ်စမ်းနဲ့ ။
ငါဘယ်လောက်အနေထိုင်ခက်ခဲလည်းဆိုတာ သိရက်နဲ့ "
သူ့ စကားကို တဖက်မှ သဘောကျစွာ အော်ရယ်တာကို နားထောင်းရင်း သက်ပြင်းချမိသည်။ ဒီကလေး ရဲ့ စိတ်ကို ဝေလွင်မင်းထက် နားမလည်တာတော့အမှန်ပင်။
" အေး ရယ်နေလိုက်။ ၅ ရက်ရှိပြီနော်။
နည်းနည်းမှ ဇွဲလျော့မဲ့ပုံမပေါ်ဘူး။
ကျစ်! မသိတော့ဘူးကွာ ။ မင်းကိစ္စမင်းဘာသာရှင်းတော့။ အလုပ်တွေကိုသာ ငါခေါင်းခံလုပ်ပေးနိုင်မယ်နော် ။ အချစ်ရေးတော့လာ အပူမကပ်နဲ့ ။ ထပ်ပြီး လွှတ်ထားဦးမယ်ဆိုရင်တော့ ဒီတခါ ထပ်တွေ့ ပြီး မင်းအနေနဲ့ ငါပုံမှားရိုက်တော့မှာနော် "
"ရမလား။ လုပ်ကြည့်လိုက်လေ။
လရိပ်မှူးခိုင်ဆိုတာ ကျွန်တော့်လူ။
ထိရဲထိကြည့်နော်။ အကိုတွေဘာတွေနားမလည်ဘူး။ အသက်ကိုထိုင်ကန်တော့ပြီး
ကြည့်တဲ့မျက်လုံးနဲ့ ပြောရဲတဲ့ပါးစပ်ကို
ထိုးဖောက်ပစ်လိုက်မယ်။ ဘာမှတ်နေလဲ "
တဖက်မှ ဆီပျစ်ပျစ်နစ်နှစ်စကားတွေကြောင့်ဝေလွင့်မျက်နှာရှုံ့ မဲ့သွား၏။
ကြီးတာတွေငယ်တာတွေ သည်
လရိပ်မှူးခိုင်ဆိုတဲ့ နာမည်အောက်ရောက်သွားရင် ပျောက်ကွယ်တက်စမြဲပင်။
" ဟာ ဘေဘီရာ။ ကြမ်းလိုက်တာ စကာတွေက။ ညီကိုချင်းကို စနေတာသိရက်နဲ့။
တော်ပြီ။ တော်ပြီ။ မင်းဟာလေးကိုနောက်နေ့ မလွှတ်လိုက်နဲ့ ။ လွှတ်ရင်တော့ ငါအဆိုးမဆိုနဲ့ ။ မင်းဘာသာ နောက်မှ လုပ်ချင်ရာလုပ်တော့ "
ဘာသံမှထွက်မလာခင် ဝေလွင် ဦးအောင်ဖုန်းချလိုက်သည်။
ပြီးတော့ ဖုန်းကိုကြည့်ကာ
ခေါင်းရမ်းကာ ပြုံးလိုက်မိ၏။
သက်ငယ်ဝေလုံ ..သက်ငယ်ဝေလုံ။
မင်း ဘာဆက်လုပ်ဦးမှာလည်းဆိုတာ ငါတကယ်သိချင်လှပြီ .....
__________
"ဟူးးး"
လက်ထဲက ကားသော့ကို စားပွဲပေါ်ကိုပစ်ချရင်း ဆိုဖာပေါ်မှာ စိတ်ပျက်စွာ
မှောက်အိပ်လိုက်၏။
"အား ! စိတ်ရှုပ်လိုက်တာ။ ဘေဘီ မင်းဘာကြောင့် ဒီလောက်ခေါင်းမာနိုင်ရတာလဲ "
လရိပ် ၏ အသံသည် တိတ်ဆိတ်နေသောအခန်းမှာ လွင့်ပျယ်လာ၏။
အမှန်တကယ်ပင် လရိပ်ဝမ်းနည်းနေမိသည်။
ဘေဘီသည် အရင်ကဆို သူ့စကားဆိုရင် မြေဝယ်မကျ နားထောင်တက်တဲ့ကောင်လေးပင်။
ဒါပေမဲ့ အခုတော့ မဟုတ်တော့ပြီ။
စိတ်ပြေလွယ်တဲ့ လုံလုံလေးက
လရိပ် စကားကို နားမထောင်တော့ရုံတင်မကဘူး ဥပေက္ခာပါ ပြုခဲ့လေ၏။
ဘေဘီ့ ရုံးရှေ့ မှာ လရိပ်သွားစောင့်နေတာ
၅ရက်နီးပါးရှိပြီ။ လုံးဝထွက် မတွေ့ သလို
ဒီနေ့ ဆို နှင်ပါထုတ်ခံလိုက်ရသည်။
ရုံးမတွေ့ ရလဲ ဘာဖြစ်လဲ အိမ်ကို သွားကြည့်မှာပေါ့ ဆိုပြီး အားကိုးတကြီး မနက်စောစော ထပြီး သွားခဲ့သည်။
သို့သော်တွေ့ လိုက်ရတာ သောခလောက်ကြီး တခုကိုသာ။
ချော့လို့ လွယ်မယ်ထင်ခဲ့တဲ့ ဘေဘီသည်
အခုတော့ လရိပ်ကို လုံးဝစိတ်နာသွားခဲ့ပြီ ထင်၏။
စိတ်ထဲမှာ အလိုမကျစိတ်က တစ်ယောက်ထဲနေလေ ပိုခံစားရလေ ဆိုသလိုပဲ
Moon Parisကို သွားတာ ၅ရက်လောက်ပဲရှိသေးသည် သူ့ မှာ မူးသလိုလို၊ ရူးသလိုလို ဖြစ်နေပြီ။
" Moon မင်းကလည်းမရှိ။ ငါတစ်ယောက်ထဲအိမ်မှာ ပျင်းလို့သေတော့မှာပဲ "
မှောက်ရက်အတိုင်း နေရင်း ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်သည်။
အဆင်များပြေရဲ့လားမသိ။
Moonက တကယ်တော်ပါသည်။
အသက်ငယ်သလို ရုပ်လည်းချောတဲ့
Moonသည် အဆိုမှာလည်းပါရမီထူးသလို ခန္ဓာကိုယ်နှင့်အရပ်အမောင်းကလည်း တမူထူးခြားစွာ အဆက်အပေါက်လှ၏။
ထို့ ကြောင့် Paris မှာ ကျင်းပမဲ့
fashion Showပွဲ မှာ ဖိတ်ကြားခြင်းခံရတာဖြစ်သည်။
Newfeedမှာ ဟိုဆွဲဒီဆွဲ လုပ်ရင်း တွေ့ ရတဲ့ သတင်းများသည် မြင်မြင်သမျှ
Moonအကြောင်းများသာ ။
Moon ဆိုလို့ ဒီကောင်လေး ဘာစာ၊ ဘာသတင်းမှ facebook မှာ မတင်တာ
အတော်ကြာနေပြီပဲ။
အရင်ကဆိုရင် ၁၉ရက်နေ့တိုင်း
ဒီကောင်လေးရဲ့ လျို့ ဝှက် Bar codeတွေ
တွေ့ ရတက်သည်။
Bar Codeဆိုလို့ သူတစ်ယောက်ထဲပဲ
သိနေတာမျိုးမဟုတ်။
စုံထောက်မျက်စိနဲ့ fanတွေကြောင့်
သူတင်သမျှ စာတွေအကုန် ပြန်ဖော်ပေးတဲ့ we love group တွေက ရှိသေးသည်။
(အရမ်းလွမ်းတယ်။ ဒါပေမဲ့ စောင့်နေဆဲပါ )
(ဒီအချိန် အရမ်းအေးတယ်။ စိတ်နာပေမဲ့
ဖျားမှာတော့ စိုးရိမ်တယ် )တို့
စသည် စာအတိုအထွာလေးများသည်
19ရက်နေ့ တိုင်း Moon တင်လေ့ရှိသည့်စာများဖြစ်သည်။
" သတိရလိုက်တာ ။ ဒီချိန်ဘာများလုပ်နေမလဲ။ အာ မစဉ်းစားနဲ့ ။ ဒီကောင်က သတိရဖို့ မတန်ဘူး။ ငါ့ကို ပလစ်ပြီး သွားတဲ့ ဒင်းလိုကောင်ကို ဘာစောက်ကြောင်းမှာ စိုးရိမ်ပေးနေစရာမလိုဘူး "
ကိုယ့်ဘာသာ ရေရွတ်ရင်း ကြည့်လက်စ Moonပုံ ကို ပိတ်ကာ ဖုန်းကို ဘေးပစ်ချလိုက်သည်။
အိမ်မှာ လရိပ်တစ်ယောက်ထဲကျန်ခဲ့သည်။ ကားသော့ ၊ တိုက်ခန်းသော့ ပေးထားခဲ့တာမို့ အိပ်ချိန်က လွဲပြီး ကျန်အချိန်တွေကတော့Moonအခန်းထဲမှာသာနေဖြစ်သည်။ Fashion Showဆိုတာ တကယ်တော့ လရိပ်အလိုက်သင့်ဆုံးနေရာမို့လား။
ဒါကို သူ့ မန်နေဂျာနဲ့ နှစ်ယောက်ထဲသာသွားသည်။ လရိပ်ကိုတော့ အိမ်စောင့်ဆိုပြီး ထားခဲ့သည်မို့ စိတ်ဆိုးပြီးကျန်ခဲ့ရ၏။
စီစဉ်ပေးလိုက်တဲ့ အဝတ်စားတွေနဲ့
အမိုက်စားပုံရိပ်တွေကို သူ့ Fan Pageတွေနှင့် Mediaတွေမှာ ပလူပျံ အောင်တွေ့ နေသည်မို့ ကျေနပ်သော်လည်း စိတ်ဆိုးတာတော့ ဆိုးနေတုန်းပင်။
ring..ring...
ကျယ်လောင်လှတဲ့ ဖုန်းမြည်သံကြောင့်အိပ်ပျော်လုဆဲဆဲ မျက်ဝန်းတွေက ဖွင့်ဟလာ၏။
ပြန်ရောက်ကတည်းမှောက်အိပ်နေတာမို့ ရင်ဖက်တွေတောင်နာနေသည်။
အောက်ကျနေတဲ့ ခြေထောက်တဖက်ကိုအားပြု ပြီးပလက်အရင်လှန်၏။
ပြီးမှ ဖုန်းကိုကောက်ကိုင်တော့ မြင်ရတဲ့
နံပါတ်သည် နိုင်ခြားCall ဖြစ်နေ၏။
"ပြော ဘာလဲ "
ပစ်ထားခဲ့တာကို မကျေနပ်ကြောင်းပြသည့်အနေဖြင့် ခတ်ဆတ်ဆတ်ထူးမိသည်။
ဒါကိုသိသည့်နှယ် တဖက်မှာ ရယ်သံသဲ့သဲ့က စိတ်မဆိုးပဲထွက်လာသည်။
လရိပ်က Moonကို အလုပ်ရှင်ဆိုပြီး လေးစားရမှန်းမသိသလို လရိပ်ကိုလည်း အလုပ်သမားဆိုပြီး Moonက သတ်မှတ်ထားဟန်မတူ။
တခါတလေ စိတ်အခန့် မသင့်လို့
ဆူစောင့်နေရင်တောင် Moonက မသိချင်ယောင်ဆောင်နေတက်တာမျိုးရှိသည်။
လရိပ်ကတော့ နည်းနည်းလေးတောင်
အားမနာတက်ပေ။
ပြောစရာရှိရင် ပြောမည်။
ဆဲစရာရှိရင် ဆဲမည်။
မကျေနပ်ရင် အလုပ်ထုတ်ပစ်ဟု
အမြဲ ခြိမ်းခြောက်တက်သေးသူဖြစ်သည်။
တကယ်ဆိုရင် လရိပ်လွန်တာပါ။
အလုပ်ချိန် ဆိုပြီး လရိပ်မှာ ပုံမှန်မရှိသလို
အိပ်ချင်အိပ်၊ စားချင်စား နေချင်သလိုနေရုံဖြင့် လကုန်တိုင်း ခန့်မှန်းတာထက်ပိုသော ပိုက်ဆံတွေ အကောင့်ထဲဝင်လာနေကြပပင်။ စီးစရာ ကားပေးထားသော အလုပ်ရှင် ၊ လစဉ်လခ နှင့် စားရိတ်ငြိမ်းတင်ကျွေးထားသော အလုပ်ရှင်သည် Moonတစ်ယောက်သာရှိပေလိမ့်မည်။
" ဘာလုပ်နေလဲ။ စိတ်ဆိုးမနေစမ်းပါနဲ့ ။
နဂိုကတည်းက အသက်ကြီးလို့ ရုပ်ရင့်နေပါပြီ ဆိုမှ "
"အောင်မာ။ ရင့်ရင့်ပေါ့ ။ငါရင့်တာမင်းကို ဘာများစိတ်အနှောက်ယှက်ပေးနေလို့လဲ။
ရန်စ မှာဆိုဖုန်းမဆက်နဲ့ "
" ရန်စ မလို့ မဟုတ်ဘူး။ အတည်ပြောမလို့ "
လရိပ် မျက်မှောင်ကြုံ လျက် နားထောင်ထားသည်။ သူ့ ဘာသာအတည်ပြောပြောမပြောပြော ။
" မျက်မှောင်ကြီးကုတ်မနေနဲ့ မှူးခိုင်။
ကျွန်တော် မနက်ဖန် ပြန်လာမှာ ဆိုတာ လှမ်းပြောတာ။ ဘာရချင်သေးလဲ။
တခါထဲ လိုချင်တာမှာလိုက် ။ ခုအပြင်ရောက်တုန်း ဝယ်ခဲ့ပေးမယ်။ "
စကားဆုံးတော့ တွန့် ကုတ်ထားတဲ့ မျက်ခုံးတွေသည် ငှက်တောင်ပံလေးသဖွယ် ပင့်ကော့သွား၏။ဘာကြောင့်ဆိုသော်
ဘေးမှာ ပီပီသသ အင်္ဂလိပ်လေသံဖြင့်ပြောလိုက်သော မိန်းကလေးအသံကြောင့်ပင်။ ထို့ နောက်စိတ်ဝင်တစားလေသံဖြင့် အလောတကြီးမေးလိုက်သည်။
" အပြင် ရောက်နေတာလား။ ဘာသွားလုပ်တာလဲ ။ ဘယ်သူနဲ့လဲ "
Moonမှာ စောင့်နေရတဲ့ မိန်းကလေးရှိသည်။
ထို့ ကြောင့်19ရက်နေ့ တိုင်း လွမ်းဆွတ်စွာတင်တဲ့ သော စာတိုလေးတွေသည်
ထိုမိန်းကလေးအသံနှင့်များ သက်ဆိုင်နေမလား။
စိတ်ဝင်စားမူ့ ဒီဂရီသည်အတော်ကြီးမြင့်တက်နေလေပြီ။
"ဟင် လို့ ။ ဘယ်သူနဲ့ သွားတာလဲ "
ပြန်မဖြေလာသည်မို့ ထပ်မေးတော့ တဖက်မှာ ရယ် သံထွက်လာ၏။
"ဘာတွေ စိတ်ဝင်စားနေတာလဲ။
မပြောပြဖူး။ အချိန်တန်ရင် သိလိမ့်မယ် ။
ဒါပဲ ဖုန်းချပြီ "
ကိုရီယားကားအပိုင်းတွေလိုပဲ
ဇာတ်ရှိန်တက်လို့ ကြည့်ကောင်းနေပြီ ဆိုမှ နောက်တစ်ပိုင်းမျှော်ပါ လို့ ဖြတ်ချခံလိုက်ရသလိုပဲ အူယားစွာ ကျန်နေရခဲ့သည်။
"အားး!! သိချင်ပါတယ်ဆိုမှ ။ သောက်ကောင်လေး "
ချစ်တဲ့အိမ်စည်။
( Hello မတွေ့ တာကြာပီနော်။
လကုန်မှ upမယ်ပြောထားပေမဲ့ ကြားထဲ အလွမ်းပြေ တဖြတ်လာခဲ့ပေးတာ ။ သိပ်မကြာတော့ပါဘူး ။ updateမှန်စွာဖြင့်ပြန်လာခဲ့ပါ့မယ်။ခဏစိတ်ရှည်ပေးကြပါအုန်း)
Bạn đang đọc truyện trên: ZingTruyen.Xyz