ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

24

eainsi23

အျဖဴ ေရာင္ တိုက္ႀကီးသည္ အရင္တိုင္း
မေျပာင္းလဲစြာ ခန္းနားေနဆဲပင္။
ဒီရပ္ကြက္ ဒီအိမ္ေရွ ႔ကို ကြၽန္ေတာ္ေရာက္ေနတာ အခ်ိန္အားျဖင့္၂နာရီးနီးပါးရွိေနၿပီျဖစ္သည္။

လံုလံုကိုေတြ ႕ခ်င္လွတဲ့ စိတ္သည္
ဒီအိမ္မွာသူရွိရွိ မရွိရွိ ရပ္ေစာင့္ၾကည့္ေနရုံနဲ ့တင္အဆင္ေျပပါသည္။ ထို ႔ေၾကာင့္
မိုးမလင္းခင္ကတည္းက အိမ္ေရွ ႔အုတ္ခံုေလးမွာ ထိုင္ၿပီးအလြမ္းေျဖေနျခင္းပင္။

Moon နဲ ့အလုပ္လုပ္ရတာ ျပသနာမရွိလွေပမဲ့ နားရက္မေပးခ်င္ ၊ ခြင့္ရက္မေပးခ်င္တဲ့စိတ္ေၾကာင့္လံုလံု ဆီေနာက္တေခါက္လာဖို ႔ က်န္ ႔ၾကာခဲ့သည္။

တကယ္ဆိုရင္ moon က အၿမဲ အလုပ္မ်ားေနသူမဟုတ္ေပမဲ့ နားလည္ရေတာ့ခက္လွသည္။ 
ပိုက္ဆံအမ်ားႀကီးဝင္နိုင္မဲ့ ေၾကာ္ျငာေတြ
ေတာင္ သူ စိတ္ပါမွ လက္ခံသည္။

သူအျပင္ထြက္စရာအလုပ္မရွိရင္ အိမ္ထဲမွာပဲေနၿပီး အမ်ိဳးမ်ိဳး ဂ်စ္တိုက္ကာ
အလုပ္မရွိအလုပ္ရွာခိုင္းတက္သူျဖစ္သည္။

ၾကာေတာ့ ကိုယ္ရဲ႕ Designer ဂုဏ္ပုဒ္ ေပ်ာက္ၿပီး Moonရဲ႕ ေတာက္တိုမယ္ရ ျဖစ္မွန္းမသိ ျဖစ္လာေတာ့တာပဲ။
ဒါေပမဲ့ တခုေကာင္းတာရွိေသးသည္ ။
အဲ့ဒါ ကMoon သည္  နာမည္ႀကီး တစ္ေယာက္ျဖစ္လင့္ကစား လရိပ္အေပၚမွာ ေမာက္ေမာက္မာမာ ဆက္ဆံျခင္းမ်ိဳး မရွိတာပင္။

၅နာရီေလာက္ကတည္းက ၿခံေရွ ႔အုတ္ခံုေလးမွာ ထိုင္ေစာင့္ေနတာမို ႔ ျခင္ေတြကလည္း အစုလိုက္အၿပံဳ လိုက္ ကိုက္တာခံေနရသည္။
အဖု အပိန္ ႔ေတြကို လက္ကစမ္းရင္း ကုတ္ေနတုန္း ၿခံ  တံခါး သည္ တေ႐ြ ႕ေ႐ြ ႕ ပြင့္သြားကာ အနက္ေရာင္အားကစားဝတ္စံုနဲ ့ေကာင္ေလးေျပးထြက္လာ၏။
ထိုေကာင္ေလးသည္ ဟိုတခါ ဖုန္းေျပာရင္း လရိပ္ေဘးက ျဖတ္ေက်ာ္သြားဘူးေသာ ေကာင္ေလးျဖစ္ေနသည္မို ႔

"ဟင္ !  "

လရိပ္  ထိုင္ေနရာမွ ဆတ္ခနဲ ထမိသြာ၏။

ေဘ ..ေဘဘီ လား။

သူ ဒီအိမ္ေရွ ႔မွာ လာထိုင္ေနမိေပမဲ့
တစံုတစ္ေယာက္ကိုေတြ ႕ရဖို ႔ထိေတာ့ ေမ်ွာ္လင့္မထားခဲ့ပါ။
ဝိုင္းလာတဲ့ မ်က္ရည္ေတြက ဘာကိုဝမ္းနည္းမွန္းမသိ။

အိမ္ေရွ႕လမ္းေဘးအုတ္ခံုမွာ ထိုင္ေနတဲ့ ကြၽန္ေတာ့္ကို  သာမန္ရုိးက် လွမ္းၾကည့္ရုံသာ ၾကည့္ၿပီး  ေဘးကေန ျဖတ္သြားတာမို ႔
မ်က္ရည္ေတြ ကို ကမန္းကတမ္းသုတ္ကာ
အေဝး ေရာက္သြားေတာ့မဲ့သူကို လွမ္းေခၚလိုက္သည္။

" ေဘဘီ "

ကြၽန္ေတာ္ေအာ္သံသည္ အေတာ္က်ယ္ပါသည္။
သို ႔ေသာ္  ေရွ ႔က ခပ္ဝဝ ေကာင္ေလးသည္ ရပ္တန္ ႔မသြားပဲ ဆက္သြားေနတုန္းပင္။ ထို ႔ေၾကာင့္ အရင္ကထက္ပိုက်ယ္ေသာအသံျဖင့္ ..

" ေဘဘီ ။ သက္ငယ္ေဝလံု "

ေနာက္တခါေအာ္လိုက္ခ်ိန္မွာ ေတာ့ ေရွ ႔ကသြားေနေသာ ေျခလွမ္းေတြက ရပ္သြားေလၿပီ။

လွည့္ၾကည့္လာကာ ကြၽန္ေတာ့္ကိုစူးစိုက္ၾကည့္သည္။
ၿပီးေတာ့ တမ်ိဳး ျဖစ္သြားတဲ့
မ်က္လံုးေတြ။
ခ်က္ခ်င္းျပန္လွည့္ကာ မသိခ်င္ေယာင္သြားတဲ့ အျပဳမူ ေတြ။

ဒါဘာသေဘာလဲ ေဘဘီ။
စိတ္ဆိုးေနတာလား။

ကြၽန္ေတာ္ ့သည္ ေလလိုအရွိန္ျဖင့္
ေရွ ႔ကသြားေနသူကိုမွီေအာင္ အတင္းေျပးလိုက္ေလသည္။ေဘဘီနဲ ့စကားေတြေျပာမွျဖစ္မည္။
ေဘဘီ ကို ကြၽန္ေတာ့္အေၾကာင္းေတြရွင္းျပခ်င္သည္။

" ေဘဘီ မေျပးနဲ ့။ အခုရပ္လိုက္စမ္း။
မင္း ငါ့ကိုမွတ္မိတယ္ဆိုတာ ငါသိတယ္ေနာ္ ေဝလံု ။ ငါျပန္လာတာ မင္းကို ေတာင္းပန္ဖို ႔။ မင္းေက်နပ္ေအာင္ ငါအကုန္လုပ္ေပးမယ္။ ခုရပ္လိုက္ေတာ့ "

စကားဆံုးေတာ့ ေျပးေနတဲ့ ေဘဘီ့ေျခလွမ္းေတြသည္ တေျဖးေျဖးရပ္တန္ ႔သြားသည္။
ဒါေပမဲ့ ကြၽန္ေတာ့္ဖက္ကိုလွည့္မလာပါ။
ေက်ာခိုင္းထားတဲ့ အေနထားနဲ ့
အသက္ျပင္းျပင္းရႈ ေနတဲ့ ပံုစံကိုေငးရင္း
ကြၽန္ေတာ္ ေဘဘီအေမာေျပေအာင္ ခဏေစာင့္ေနေပးလိုက္သည္။
အေတာ္ၾကာမွ 

" စိတ္ဆိုးေနတာလား ေဘဘီ "

ကြၽန္ေတာ္တို ႔၂ေယာက္ၾကားက ေလထုသည္ သိသိသာသာ ေအးစက္လ်က္။
ေဘဘီသည္ ကြၽန္ေတာ့္ကို လွည့္ၾကည့္
မလာရုံသာမက စကားေတြကိုလဲျပန္မေျပာခဲ့ပါ။
ဒါကလည္း စိတ္ဆိုးေနလို ႔ဆိုတာ ကြၽန္ေတာ္ သိပါသည္။
ဘာပဲေျပာေျပာ ေဘဘီ ေက်နပ္ေအာင္
ေခ်ာ့ရမွာ ကြၽန္ေတာ္တာဝန္ပဲမို ႔ ျပန္ေျပာသည္ျဖစ္ေစ ၊ မေျပာသည္ျဖစ္ေစ
ကြၽန္ေတာ္ ဂရု မစိုက္ေပ။

" ငါ မင္း ကို လြမ္းေနခဲ့တာ။
မင္းဆီကို  ျပန္ေရာက္ေရာက္ျခင္း လာရွာေသးတယ္။ ဒါေပမဲ့ မင္းတို ႔အိမ္က ေသာ့ပိတ္ထားတယ္။ ငါ  .. ဒီအခ်ိန္ေရာက္ဖို ႔ အခ်ိန္ေတြ ဘယ္ေလာက္ၾကာေအာင္ ခက္ခက္ခဲခဲ ေစာင့္ေနခဲ့ရတယ္ထင္လဲ ေဘဘီ။  မင္းစိတ္ဆိုးတာ သဘာ၀က်ပါတယ္။ ဒါေပမဲ့ကြာ  အရမ္းႀကီး ငါ့ကို လ်စ္လ်ဴ မရူ ႔လိုက္ပါနဲ ့ ။ ငါ စိတ္ဆိုးေျပေအာင္ ေခ်ာ့ပါမယ္။ တခုပဲ   ။ အဲ့ဒါ မင္းငါ့ကုိေရွာင္ဖယ္မသြားဖို ႔ပါ ။ "

မနက္ခင္းေလႏုေအးက  ခပ္ေျဖးေျဖး တိုက္ခတ္ေနသည္။
ဒါေပမဲ့ ကြၽန္ေတာ့္ရင္ကိုေတာ့မေအးျမသြားေစခဲ့ေပ။

၂ေပအကြာေလာက္မွာ ရပ္ေနတဲ့ ေဘဘီသည္အရင္လို ၀တုတ္တုတ္ေလးရွိေနဆဲ။
မေျပာင္းလဲသြားတဲ့ အဆီျပင္ ဗိုက္ေခါက္ကေလး  ကလည္း သက္ငယ္ေ၀လံု ပီသစြာ  ေရွ ႔ထြက္ကာ စူေနတုန္း။
ကိုယ္ျပဳစုခဲ့တဲ့  ကေလးတစ္ေယာက္မို ႔
ႀကီးထြားလာခဲ့ပံု ကို  ေသခ်ာ ၾကည့္မိကာ အလြမ္းေျဖေနတုန္း ေဘဘီဆီမွ သက္ျပင္းခ်သံထြက္လာသည္။

ၿပီးေတာ့ အနည္းငယ္ ၾသကာ
အမိန္ ႔ေပးနိုင္တဲ့ သေဘာကိုေဆာင္ေသာ
အသံအေနထားနဲ ့ေဘဘီ ပထမဦးဆံုးစကား စ ေျပာလာခဲ့သည္။

" ကေလး မဟုတ္ဘူး "

ဟက္!စိတ္ဆိုးေနတာေတာင္ ကြာ။

ေပါက္စီလံုးဆီက စကားေၾကာင့္ စိုးရိမ္ပူပန္စိတ္ေတြသည္ ကြာၾကကုန္၏။

နားထဲမွာ အရင္တုန္းက ၾကားခဲ့ဖူးေသာ

"လံုလံု ကေလးမဟုတ္ေတာ့ ဘူး "

ဆိုတဲ့ ေ၀လံုေပါက္စေလး ၏အသံကို သြားသတိရေတာ့ နႈတ္ခမ္းမွာ ၿပံဳးရိပ္ထင္၏။
ေဘဘီအသံကေတာ့ အရင္နဲ ့မတူစြာ
လံုး၀ လုပ္ငန္းရွင္တစ္ေယာက္ရဲ႕အသံေပါက္ေနသည္မို ႔ ကြၽန္ေတာ္ ေက်နပ္သြားရပါသည္။ အနည္းဆံုးေတာ့ ေဘဘီ တစ္ေယာက္ ကြၽန္ေတာ္ မရွိခဲ့ေပမဲ့ အေကာင္းဆံုး လုပ္ျပနိုင္ခဲ့တယ္ေလ။

တေ႐ြ ႕ေ႐ြ ႕ထြက္ခြာသြားတဲ့ ေကာင္ေလးကို ဒီတခါေတာ့ မတားျမစ္ခဲ့ေတာ့ပါ။

သြားပါေစ။

ဒီတခါေတာ့ ဘယ္ေနရာ သြားသြား လရိပ္မွဴ းခိုင္က ရေအာင္လိုက္ေတာ့မွာမို ႔ပင္။

_____

" အင္း ကြၽန္ေတာ္ သိပါတယ္။ "

"....."

"ဟုတ္ကဲ့ ။ ဒီရက္ပိုင္း အကိုလည္း
ဂရုစိုက္ပါ။  ရတယ္.. ေၾကာ္ျငာ ကိစၥေတြကိုလည္း စိတ္ထဲပူမေနနဲ ့။ ကြၽန္ေတာ္ ဒီရက္ပိုင္းဘာအလုပ္မွ လက္ခံမွာမဟုတ္ေတာ့ဘူး "

"....."

" ေက်းဇူးတင္ပါတယ္လို ႔မေျပာေတာ့ဘူး။
မဟုတ္လည္း အကို႔မွာ လုပ္ေပးဖို ႔
တာဝန္အမ်ားႀကီးရွိတာပဲ "

ဖုန္းထဲက ဆဲဆိုသံတခ်ိဳ ႕ေၾကာင့္ ဖုန္းကို နားနားခြာကာ ေခါင္းေမာ့ရယ္လိုက္သည္။
ၿပီးမွ ျပန္ၿပီးနားေထာင္ကာ

"ကဲပါ ကြၽန္ေတာ္ဖုန္းခ်လိုက္ေတာ့မယ္။
ေတြ ႕မွ သာ ျပဳစုေတာ့မယ္ bro"

Moon နႈတ္ဆက္ပီးဖုန္းခ် လိုက္သည္။
လည္ပင္းေပၚက တဘတ္ကို ဆြဲခ် ကာ
စို႐ြဲေနေသာ ေခြၽးေတြကိုသုတ္ကာ
ေလးနက္စြာ တစံုတခုကို ေတြးေန၏။
ထို ႔အခ်ိန္မွာ တံခါးေခါက္သံ တိုးတိုးထြက္လာၿပီး အခန္းpassward နွိပ္ေနသံကိုပါ တဆက္ထဲၾကားလိုက္ရသည္။

တံခါးဆီကို စူးစိုက္ၾကည့္ေနေသာ မ်က္လံုးတစ္စံုသည္  အေစာပိုင္းက
ေလးနက္ေနဟန္မွ တျဖည္းျဖည္း  ႏုညံ့သိမ္ေမြ ႕လာသည္။ ထို ႔ေနာက္  အခန္းထဲကို ေက်ာခိုင္းဝင္ေရာက္သြားေလသည္။

လရိပ္ တံခါးကို ဖြင့္ဝင္လိုက္ေတာ့ အထဲမွာ
ဘယ္သူမွမရွိ။

ဟိုေကာင္ေလး ျပန္ မေရာက္ေသးတာလား။ 

အျပန္ေစ်းဝင္၀ယ္လာတဲ့ အထုတ္အပိုးေတြ ကို ဆြဲၿပီး Moonရဲ႕ အခန္းကိုလွမ္းေမ်ွာ္ၾကည့္လိုက္၏။
အခန္းတံခါးသည္ ပိတ္ထားရက္အေနထားနဲ ့ျဖစ္သည္။
ဘယ္ေလာက္ပဲရင္းနွီးေနပါေစ 
Moonရဲ႕ ကိုယ္ပိုင္အိပ္ခန္းထိေတာ့ လရိပ္၀င္မၾကည့္ဖူးေပ။

ဒီေန ႔ေတာ့ လရိပ္ လံုလံုဆီသြားလိုက္တာမို ႔  Moonဆီလာခ်ိန္ေနာက္က်သြားသည္။
ထို ႔ေၾကာင့္ မနက္စာ ကို 
အျမန္ျပင္ဆင္ေပးမိသည္။

" မနက္က ဘယ္သြားေနတာလဲ "

အမွတ္တမဲ့ ေနာက္ပါးကေန ထြက္လာတဲ့
အသံေၾကာင့္ အာရုံစူးစိုက္ေနေသာ လရိပ္တစ္ေယာက္ အလန္ ႔တၾကားျဖစ္သြား၏။

" အာ လန္ ႔လိုက္တာ ကြာ ။ မင္း ေနာက္ကေန ခုလို ႀကီး  ထြက္မလာစမ္းပါနဲ ့။
ၾကာရင္မင္းေၾကာင့္ နွလံုးေရာဂါရေတာ့မယ္ "

ရင္ဖက္ကိုဖိၿပီး ေျပာေနတဲ့ လရိပ္ ကို
ၾကည့္ပီး  ကေလးေတြလို  Moonက
သေဘာက်စြာ ရယ္ေန၏။
ေနစမ္းပါအုန္း ဒီကေလး သူလန္ ႔တာကို ေပ်ာ္ေနတာလား။

" ဗိုက္ဆာ ၿပီ ။ ေနာက္ကို 
မနက္အေစာႀကီး ေလ်ွာက္သြားမေနနဲ ့။
အျပင္သြားခ်င္ ေျပာ ။ ကြၽန္ေတာ္ ခြင့္ေပးမယ္ "

ေျပာၿပီး မနက္စာစားဖို ႔ Moonက ခံုေပၚသြားထိုင္သည္။

ဒါအရမ္းသေဘာေကာင္းလြန္းေနတယ္လို ႔မထင္ဘူးလား။

လရိပ္မယံုၾကည္သလို  ေသခ်ာ ၾကည့္ေနေတာ့  ထိုင္ေနတဲ့ေနရာကေန မ်က္လံုးမိွတ္ျပ၏။

Shit !!

ဆဲဆိုကာ အလန္ ႔တၾကား ေက်ာခိုင္းလိုက္ရသည္အထိ ဒင္းအေတာ္ေလး မ်က္နွာေျပာင္တိုက္လွသည္။

" ေရာ႕ ..။ "

စားပြဲေပၚေရာက္လာတဲ့ ပဲျပဳတ္နဲ ့နွယ္ထားတဲ့ ထမင္းပန္းကန္ေၾကာင့္ Moon
တစ္ေယာက္ မ်က္ေမွာင္ကုတ္သြားတာကိုျမင္ရသည္။ အဲ့ကေလး က 
သိပ္အစားအေသာက္ ဂ်ီးမမ်ားတက္ဘူးဆိုေပမဲ့  မနက္စာ ကို ထမင္းစားဆီဆမ္းလံုး၀မစားတက္ေပ။

" ဒီေန ႔ေတာ့ ငါမနက္ျပင္ေပးဖို ႔ေနာက္က်သြားတယ္။ မႀကိဳက္ဘူးဆိုရင္ေတာင္ စားလိုက္ေတာ့  "

"ကြၽန္ေတာ္ ဒီရက္ပိုင္း အလုပ္မရွိဘူး "

ဇြန္းကိုေကာက္ကိုင္ကာ ပထမတဇြန္း ေကာက္ဝါးရင္းေျပာလာသည္။  ေျပာသမ်ွ နားေထာင္တက္တာသည္ Moon
ရဲ႕ တခုတည္းေသာ အက်င့္ေကာင္းေလးပင္။
ဘယ္ေတာ့မွ  လုပ္လို ႔ေျပာလိုက္တဲ့အရာေတြကို ကလန္ကဆန္သိပ္ျပန္မေျပာတက္ေပ။
ခုလည္းသူ သိပ္မစားခ်င္ေပမဲ့
ဒါပဲ စားရမယ္ဆိုတာသိေတာ့ လိမ္လိမ္မာမာစားေပးေနသည္။

"ပင္ပန္းလို ႔နားရေအာင္လည္း မင္း
အလုပ္တိုင္းလက္ခံေနတာမွမဟုတ္တာ ။
ငါေျပာခ်င္တာက  ငယ္တုန္းဒီထပ္ပိုၿပီး ရွာနိုင္သေလာက္ရွာသင့္တယ္မထင္ဘူးလား "

"မထင္ဘူး။ ကြၽန္ေတာ့္မွာ ဒီအလုပ္မလုပ္လည္း  တသက္လံုးထိုင္စားနိုင္တဲ့ ပိုက္ဆံေတြရွိတယ္။ ေျပာခ်င္တာက
ကြၽန္ေတာ္အခုလုပ္ေနတဲ့ အရာေတြက
ဝါသနာပါလို ႔လုပ္ေနတာ။ ပိုက္ဆံေၾကာင့္မဟုတ္ဘူး "

"ဒါေပမဲ့ မင္း... "

"ခင္ဗ်ားကေရာ ။ ခင္ဗ်ားအလုပ္ကို
ဝါသနာပါရဲ႕လား"

ျဖတ္ေမးလိုက္တဲ့ Moonရဲ႕ စကားေၾကာင့္ လရိပ္ေတြ ခနဲ ျဖစ္သြား၏။
ၿပီးေတာ့ ၿပံဳး မိသည္။ အေတြးေတြထဲမွာ
ေပါက္စီလံုး ေျပာခဲ့ဖူးေသာ စကားေတြကိုၾကားေယာင္ေနမိသည္။

" မပါဘူး။ ဒီေက်ာင္းကို ငါတက္ခဲ့ရတဲ့ရည္႐ြယ္ခ်က္က  ကေလးေလး တစ္ေယာက္ေၾကာင့္ ။ သူေျပာဖူးတယ္။
တေန ႔ၾကရင္ အဆိုေတာ္လုပ္ခ်င္တယ္တဲ့။
အဟင္း ..မင္းလိုေပါ့။ "

မပီျပင္တဲ့ရယ္သံေတြကို Moon က
လက္ပိုက္ၿပီး နားေထာင္ေပးေနတယ္။
ရင္ထဲခံစားခ်က္ေတြက ေနာင္တတရားေတြနဲ ့ေရာေထြးလ်က္။

"  သူက အဆိုေတာ္တစ္ေယာက္ေတာ့မျဖစ္ခဲ့ေပမဲ့ အကုန္လံုးေလးစားတဲ့ လုပ္ငန္းရွင္တစ္ေယာက္ေတာ့ျဖစ္လာတယ္။
တစ္ခုပဲ  ငါအလုပ္နဲ ့ သူနဲ ့က မသက္ဆိုင္ေတာ့ဘူးဆိုေတာ့ ငါကသူ ႔ေဘးနားေတာ့ဘယ္ရွိေပးနိုင္ေတာ့မလဲ ။ အင္း ..ဒါလည္း ေကာင္းပါတယ္။
ငါလည္းဒီအလုပ္ဆက္လုပ္စရာမလိုေတာ့တာေပါ့။'

" ဘာလို ႔လဲ။ လူ တစ္ေယာက္အတြက္
ကိုယ္ႀကိဳးစားမူ ႔ ေတြကို ဒီတိုင္းျဖဳန္းတီးပစ္ဖို ႔ရာ နွေျမာစရာေကာင္းလြန္းတယ္မထင္ဘူးလားမွဴ းခိုင္။ ၾကည့္ရတာေတာ့ ခင္ဗ်ားရွင္သန္ေနရတာ ပ်င္းစရာေကာင္းေနၿပီ ထင္တယ္။ ဒါဆို မပူ နဲ ့ခင္ဗ်ား သိပ္မၾကာခင္္မွာ  စိတ္လႈပ္ရွားစရာေတြနဲ ့ႀကံဳေတြ ႕ေတာ့မွာပါ "

Moon မ်က္လံုးေတြသည္ လရိပ္နားမလည္နိုင္တဲ့ အရိပ္ေတြျဖတ္သန္းေနၿပီး
နႈတ္ခမ္းပါးေတြသည္ တြန္ ႔ေကြးကာ
မထိတထိရယ္ေနေသးသည္။
စိတ္ထဲက သရုိးသရီ ခံစားခ်က္ႀကီးနဲ ့အတူ  အမည္မသိနိုင္ေသာ မလံုၿခံဳေသာ
စိတ္ႀကီးဝင္လာ၏။

Moon  မင္းက ဘာလဲကြာ....

ခ်စ္တဲ့အိမ္စည္။

( စိတ္ရွည္လက္ရွည္ေစာင့္ေပးေနၾကတဲ့သူေတြကိုတကယ္ပဲအားနာပါတယ္။
ဒီလကုန္မွ upေပးနိုင္ေတာ့မယ္ေျပာထားေပမဲ့ဒီရက္ပိုင္း အားတဲ့အခ်ိန္ဖဲ့ေရးေပးေနပါတယ္။ ဒါေပမဲ့ ဒီတခါ တကယ္ မအားေတာ့ဘူးကြယ္။ အဲ့ဒါေၾကာင့္ လကုန္ထိ စိတ္ရွည္ေပးၾကပါ။ၿပီးေတာ့ဇာတ္ေအးေနတယ္္ထင္ပါနဲ ့။ Roလာတဲ့အခ်ိန္ေရာက္ရင္သာ ခံနိုင္ရည္ရွိေအာင္ျပင္ဆင္ထားေပးပါ )

အဖြူ ရောင် တိုက်ကြီးသည် အရင်တိုင်း
မပြောင်းလဲစွာ ခန်းနားနေဆဲပင်။
ဒီရပ်ကွက် ဒီအိမ်ရှေ့ ကို ကျွန်တော်ရောက်နေတာ အချိန်အားဖြင့်၂နာရီးနီးပါးရှိနေပြီဖြစ်သည်။

လုံလုံကိုတွေ့ ချင်လှတဲ့ စိတ်သည်
ဒီအိမ်မှာသူရှိရှိ မရှိရှိ ရပ်စောင့်ကြည့်နေရုံနဲ့ တင်အဆင်ပြေပါသည်။ ထို့ ကြောင့်
မိုးမလင်းခင်ကတည်းက အိမ်ရှေ့ အုတ်ခုံလေးမှာ ထိုင်ပြီးအလွမ်းဖြေနေခြင်းပင်။

Moon နဲ့ အလုပ်လုပ်ရတာ ပြသနာမရှိလှပေမဲ့ နားရက်မပေးချင် ၊ ခွင့်ရက်မပေးချင်တဲ့စိတ်ကြောင့်လုံလုံ ဆီနောက်တခေါက်လာဖို့  ကျန့် ကြာခဲ့သည်။

တကယ်ဆိုရင် moon က အမြဲ အလုပ်များနေသူမဟုတ်ပေမဲ့ နားလည်ရတော့ခက်လှသည်။ 
ပိုက်ဆံအများကြီးဝင်နိုင်မဲ့ ကြော်ငြာတွေ
တောင် သူ စိတ်ပါမှ လက်ခံသည်။

သူအပြင်ထွက်စရာအလုပ်မရှိရင် အိမ်ထဲမှာပဲနေပြီး အမျိုးမျိုး ဂျစ်တိုက်ကာ
အလုပ်မရှိအလုပ်ရှာခိုင်းတက်သူဖြစ်သည်။

ကြာတော့ ကိုယ်ရဲ့ Designer ဂုဏ်ပုဒ် ပျောက်ပြီး Moonရဲ့ တောက်တိုမယ်ရ ဖြစ်မှန်းမသိ ဖြစ်လာတော့တာပဲ။
ဒါပေမဲ့ တခုကောင်းတာရှိသေးသည် ။
အဲ့ဒါ ကMoon သည်  နာမည်ကြီး တစ်ယောက်ဖြစ်လင့်ကစား လရိပ်အပေါ်မှာ မောက်မောက်မာမာ ဆက်ဆံခြင်းမျိုး မရှိတာပင်။

၅နာရီလောက်ကတည်းက ခြံရှေ့ အုတ်ခုံလေးမှာ ထိုင်စောင့်နေတာမို့  ခြင်တွေကလည်း အစုလိုက်အပြုံ လိုက် ကိုက်တာခံနေရသည်။
အဖု အပိန့် တွေကို လက်ကစမ်းရင်း ကုတ်နေတုန်း ခြံ  တံခါး သည် တရွေ့ ရွေ့  ပွင့်သွားကာ အနက်ရောင်အားကစားဝတ်စုံနဲ့ ကောင်လေးပြေးထွက်လာ၏။
ထိုကောင်လေးသည် ဟိုတခါ ဖုန်းပြောရင်း လရိပ်ဘေးက ဖြတ်ကျော်သွားဘူးသော ကောင်လေးဖြစ်နေသည်မို့

"ဟင် !  "

လရိပ်  ထိုင်နေရာမှ ဆတ်ခနဲ ထမိသွာ၏။

ဘေ ..ဘေဘီ လား။

သူ ဒီအိမ်ရှေ့ မှာ လာထိုင်နေမိပေမဲ့
တစုံတစ်ယောက်ကိုတွေ့ ရဖို့ ထိတော့ မျှော်လင့်မထားခဲ့ပါ။
ဝိုင်းလာတဲ့ မျက်ရည်တွေက ဘာကိုဝမ်းနည်းမှန်းမသိ။

အိမ်ရှေ့လမ်းဘေးအုတ်ခုံမှာ ထိုင်နေတဲ့ ကျွန်တော့်ကို  သာမန်ရိုးကျ လှမ်းကြည့်ရုံသာ ကြည့်ပြီး  ဘေးကနေ ဖြတ်သွားတာမို့
မျက်ရည်တွေ ကို ကမန်းကတမ်းသုတ်ကာ
အဝေး ရောက်သွားတော့မဲ့သူကို လှမ်းခေါ်လိုက်သည်။

" ဘေဘီ "

ကျွန်တော်အော်သံသည် အတော်ကျယ်ပါသည်။
သို့ သော်  ရှေ့ က ခပ်ဝဝ ကောင်လေးသည် ရပ်တန့် မသွားပဲ ဆက်သွားနေတုန်းပင်။ ထို့ ကြောင့် အရင်ကထက်ပိုကျယ်သောအသံဖြင့် ..

" ဘေဘီ ။ သက်ငယ်ဝေလုံ "

နောက်တခါအော်လိုက်ချိန်မှာ တော့ ရှေ့ ကသွားနေသော ခြေလှမ်းတွေက ရပ်သွားလေပြီ။

လှည့်ကြည့်လာကာ ကျွန်တော့်ကိုစူးစိုက်ကြည့်သည်။
ပြီးတော့ တမျိုး ဖြစ်သွားတဲ့
မျက်လုံးတွေ။
ချက်ချင်းပြန်လှည့်ကာ မသိချင်ယောင်သွားတဲ့ အပြုမူ တွေ။

ဒါဘာသဘောလဲ ဘေဘီ။
စိတ်ဆိုးနေတာလား။

ကျွန်တော့် သည် လေလိုအရှိန်ဖြင့်
ရှေ့ ကသွားနေသူကိုမှီအောင် အတင်းပြေးလိုက်လေသည်။ဘေဘီနဲ့ စကားတွေပြောမှဖြစ်မည်။
ဘေဘီ ကို ကျွန်တော့်အကြောင်းတွေရှင်းပြချင်သည်။

" ဘေဘီ မပြေးနဲ့ ။ အခုရပ်လိုက်စမ်း။
မင်း ငါ့ကိုမှတ်မိတယ်ဆိုတာ ငါသိတယ်နော် ဝေလုံ ။ ငါပြန်လာတာ မင်းကို တောင်းပန်ဖို့ ။ မင်းကျေနပ်အောင် ငါအကုန်လုပ်ပေးမယ်။ ခုရပ်လိုက်တော့ "

စကားဆုံးတော့ ပြေးနေတဲ့ ဘေဘီ့ခြေလှမ်းတွေသည် တဖြေးဖြေးရပ်တန့် သွားသည်။
ဒါပေမဲ့ ကျွန်တော့်ဖက်ကိုလှည့်မလာပါ။
ကျောခိုင်းထားတဲ့ အနေထားနဲ့ 
အသက်ပြင်းပြင်းရှု နေတဲ့ ပုံစံကိုငေးရင်း
ကျွန်တော် ဘေဘီအမောပြေအောင် ခဏစောင့်နေပေးလိုက်သည်။
အတော်ကြာမှ 

" စိတ်ဆိုးနေတာလား ဘေဘီ "

ကျွန်တော်တို့ ၂ယောက်ကြားက လေထုသည် သိသိသာသာ အေးစက်လျက်။
ဘေဘီသည် ကျွန်တော့်ကို လှည့်ကြည့်
မလာရုံသာမက စကားတွေကိုလဲပြန်မပြောခဲ့ပါ။
ဒါကလည်း စိတ်ဆိုးနေလို့ ဆိုတာ ကျွန်တော် သိပါသည်။
ဘာပဲပြောပြော ဘေဘီ ကျေနပ်အောင်
ချော့ရမှာ ကျွန်တော်တာဝန်ပဲမို့  ပြန်ပြောသည်ဖြစ်စေ ၊ မပြောသည်ဖြစ်စေ
ကျွန်တော် ဂရု မစိုက်ပေ။

" ငါ မင်း ကို လွမ်းနေခဲ့တာ။
မင်းဆီကို  ပြန်ရောက်ရောက်ခြင်း လာရှာသေးတယ်။ ဒါပေမဲ့ မင်းတို့ အိမ်က သော့ပိတ်ထားတယ်။ ငါ  .. ဒီအချိန်ရောက်ဖို့  အချိန်တွေ ဘယ်လောက်ကြာအောင် ခက်ခက်ခဲခဲ စောင့်နေခဲ့ရတယ်ထင်လဲ ဘေဘီ။  မင်းစိတ်ဆိုးတာ သဘာဝကျပါတယ်။ ဒါပေမဲ့ကွာ  အရမ်းကြီး ငါ့ကို လျစ်လျူ မရူ့ လိုက်ပါနဲ့  ။ ငါ စိတ်ဆိုးပြေအောင် ချော့ပါမယ်။ တခုပဲ   ။ အဲ့ဒါ မင်းငါ့ကိုရှောင်ဖယ်မသွားဖို့ ပါ ။ "

မနက်ခင်းလေနုအေးက  ခပ်ဖြေးဖြေး တိုက်ခတ်နေသည်။
ဒါပေမဲ့ ကျွန်တော့်ရင်ကိုတော့မအေးမြသွားစေခဲ့ပေ။

၂ပေအကွာလောက်မှာ ရပ်နေတဲ့ ဘေဘီသည်အရင်လို ၀တုတ်တုတ်လေးရှိနေဆဲ။
မပြောင်းလဲသွားတဲ့ အဆီပြင် ဗိုက်ခေါက်ကလေး  ကလည်း သက်ငယ်ဝေလုံ ပီသစွာ  ရှေ့ ထွက်ကာ စူနေတုန်း။
ကိုယ်ပြုစုခဲ့တဲ့  ကလေးတစ်ယောက်မို့
ကြီးထွားလာခဲ့ပုံ ကို  သေချာ ကြည့်မိကာ အလွမ်းဖြေနေတုန်း ဘေဘီဆီမှ သက်ပြင်းချသံထွက်လာသည်။

ပြီးတော့ အနည်းငယ် သြကာ
အမိန့် ပေးနိုင်တဲ့ သဘောကိုဆောင်သော
အသံအနေထားနဲ့ ဘေဘီ ပထမဦးဆုံးစကား စ ပြောလာခဲ့သည်။

" ကလေး မဟုတ်ဘူး "

ဟက်!စိတ်ဆိုးနေတာတောင် ကွာ။

ပေါက်စီလုံးဆီက စကားကြောင့် စိုးရိမ်ပူပန်စိတ်တွေသည် ကွာကြကုန်၏။

နားထဲမှာ အရင်တုန်းက ကြားခဲ့ဖူးသော

"လုံလုံ ကလေးမဟုတ်တော့ ဘူး "

ဆိုတဲ့ ဝေလုံပေါက်စလေး ၏အသံကို သွားသတိရတော့ နှုတ်ခမ်းမှာ ပြုံးရိပ်ထင်၏။
ဘေဘီအသံကတော့ အရင်နဲ့ မတူစွာ
လုံးဝ လုပ်ငန်းရှင်တစ်ယောက်ရဲ့အသံပေါက်နေသည်မို့  ကျွန်တော် ကျေနပ်သွားရပါသည်။ အနည်းဆုံးတော့ ဘေဘီ တစ်ယောက် ကျွန်တော် မရှိခဲ့ပေမဲ့ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်လေ။

တရွေ့ ရွေ့ ထွက်ခွာသွားတဲ့ ကောင်လေးကို ဒီတခါတော့ မတားမြစ်ခဲ့တော့ပါ။

သွားပါစေ။

ဒီတခါတော့ ဘယ်နေရာ သွားသွား လရိပ်မှူးခိုင်က ရအောင်လိုက်တော့မှာမို့ ပင်။

_____

" အင်း ကျွန်တော် သိပါတယ်။ "

"....."

"ဟုတ်ကဲ့ ။ ဒီရက်ပိုင်း အကိုလည်း
ဂရုစိုက်ပါ။  ရတယ်.. ကြော်ငြာ ကိစ္စတွေကိုလည်း စိတ်ထဲပူမနေနဲ့ ။ ကျွန်တော် ဒီရက်ပိုင်းဘာအလုပ်မှ လက်ခံမှာမဟုတ်တော့ဘူး "

"....."

" ကျေးဇူးတင်ပါတယ်လို့ မပြောတော့ဘူး။
မဟုတ်လည်း အကို့မှာ လုပ်ပေးဖို့ 
တာဝန်အများကြီးရှိတာပဲ "

ဖုန်းထဲက ဆဲဆိုသံတချို့ ကြောင့် ဖုန်းကို နားနားခွာကာ ခေါင်းမော့ရယ်လိုက်သည်။
ပြီးမှ ပြန်ပြီးနားထောင်ကာ

"ကဲပါ ကျွန်တော်ဖုန်းချလိုက်တော့မယ်။
တွေ့ မှ သာ ပြုစုတော့မယ် bro"

Moon နှုတ်ဆက်ပီးဖုန်းချ လိုက်သည်။
လည်ပင်းပေါ်က တဘတ်ကို ဆွဲချ ကာ
စိုရွဲနေသော ချွေးတွေကိုသုတ်ကာ
လေးနက်စွာ တစုံတခုကို တွေးနေ၏။
ထို့ အချိန်မှာ တံခါးခေါက်သံ တိုးတိုးထွက်လာပြီး အခန်းpassward နှိပ်နေသံကိုပါ တဆက်ထဲကြားလိုက်ရသည်။

တံခါးဆီကို စူးစိုက်ကြည့်နေသော မျက်လုံးတစ်စုံသည်  အစောပိုင်းက
လေးနက်နေဟန်မှ တဖြည်းဖြည်း  နုညံ့သိမ်မွေ့ လာသည်။ ထို့ နောက်  အခန်းထဲကို ကျောခိုင်းဝင်ရောက်သွားလေသည်။

လရိပ် တံခါးကို ဖွင့်ဝင်လိုက်တော့ အထဲမှာ
ဘယ်သူမှမရှိ။

ဟိုကောင်လေး ပြန် မရောက်သေးတာလား။ 

အပြန်ဈေးဝင်ဝယ်လာတဲ့ အထုတ်အပိုးတွေ ကို ဆွဲပြီး Moonရဲ့ အခန်းကိုလှမ်းမျှော်ကြည့်လိုက်၏။
အခန်းတံခါးသည် ပိတ်ထားရက်အနေထားနဲ့ ဖြစ်သည်။
ဘယ်လောက်ပဲရင်းနှီးနေပါစေ 
Moonရဲ့ ကိုယ်ပိုင်အိပ်ခန်းထိတော့ လရိပ်ဝင်မကြည့်ဖူးပေ။

ဒီနေ့ တော့ လရိပ် လုံလုံဆီသွားလိုက်တာမို့   Moonဆီလာချိန်နောက်ကျသွားသည်။
ထို့ ကြောင့် မနက်စာ ကို 
အမြန်ပြင်ဆင်ပေးမိသည်။

" မနက်က ဘယ်သွားနေတာလဲ "

အမှတ်တမဲ့ နောက်ပါးကနေ ထွက်လာတဲ့
အသံကြောင့် အာရုံစူးစိုက်နေသော လရိပ်တစ်ယောက် အလန့် တကြားဖြစ်သွား၏။

" အာ လန့် လိုက်တာ ကွာ ။ မင်း နောက်ကနေ ခုလို ကြီး  ထွက်မလာစမ်းပါနဲ့ ။
ကြာရင်မင်းကြောင့် နှလုံးရောဂါရတော့မယ် "

ရင်ဖက်ကိုဖိပြီး ပြောနေတဲ့ လရိပ် ကို
ကြည့်ပီး  ကလေးတွေလို  Moonက
သဘောကျစွာ ရယ်နေ၏။
နေစမ်းပါအုန်း ဒီကလေး သူလန့် တာကို ပျော်နေတာလား။

" ဗိုက်ဆာ ပြီ ။ နောက်ကို 
မနက်အစောကြီး လျှောက်သွားမနေနဲ့ ။
အပြင်သွားချင် ပြော ။ ကျွန်တော် ခွင့်ပေးမယ် "

ပြောပြီး မနက်စာစားဖို့  Moonက ခုံပေါ်သွားထိုင်သည်။

ဒါအရမ်းသဘောကောင်းလွန်းနေတယ်လို့ မထင်ဘူးလား။

လရိပ်မယုံကြည်သလို  သေချာ ကြည့်နေတော့  ထိုင်နေတဲ့နေရာကနေ မျက်လုံးမှိတ်ပြ၏။

Shit !!

ဆဲဆိုကာ အလန့် တကြား ကျောခိုင်းလိုက်ရသည်အထိ ဒင်းအတော်လေး မျက်နှာပြောင်တိုက်လှသည်။

" ရော့ ..။ "

စားပွဲပေါ်ရောက်လာတဲ့ ပဲပြုတ်နဲ့ နှယ်ထားတဲ့ ထမင်းပန်းကန်ကြောင့် Moon
တစ်ယောက် မျက်မှောင်ကုတ်သွားတာကိုမြင်ရသည်။ အဲ့ကလေး က 
သိပ်အစားအသောက် ဂျီးမများတက်ဘူးဆိုပေမဲ့  မနက်စာ ကို ထမင်းစားဆီဆမ်းလုံးဝမစားတက်ပေ။

" ဒီနေ့ တော့ ငါမနက်ပြင်ပေးဖို့ နောက်ကျသွားတယ်။ မကြိုက်ဘူးဆိုရင်တောင် စားလိုက်တော့  "

"ကျွန်တော် ဒီရက်ပိုင်း အလုပ်မရှိဘူး "

ဇွန်းကိုကောက်ကိုင်ကာ ပထမတဇွန်း ကောက်ဝါးရင်းပြောလာသည်။  ပြောသမျှ နားထောင်တက်တာသည် Moon
ရဲ့ တခုတည်းသော အကျင့်ကောင်းလေးပင်။
ဘယ်တော့မှ  လုပ်လို့ ပြောလိုက်တဲ့အရာတွေကို ကလန်ကဆန်သိပ်ပြန်မပြောတက်ပေ။
ခုလည်းသူ သိပ်မစားချင်ပေမဲ့
ဒါပဲ စားရမယ်ဆိုတာသိတော့ လိမ်လိမ်မာမာစားပေးနေသည်။

"ပင်ပန်းလို့ နားရအောင်လည်း မင်း
အလုပ်တိုင်းလက်ခံနေတာမှမဟုတ်တာ ။
ငါပြောချင်တာက  ငယ်တုန်းဒီထပ်ပိုပြီး ရှာနိုင်သလောက်ရှာသင့်တယ်မထင်ဘူးလား "

"မထင်ဘူး။ ကျွန်တော့်မှာ ဒီအလုပ်မလုပ်လည်း  တသက်လုံးထိုင်စားနိုင်တဲ့ ပိုက်ဆံတွေရှိတယ်။ ပြောချင်တာက
ကျွန်တော်အခုလုပ်နေတဲ့ အရာတွေက
ဝါသနာပါလို့ လုပ်နေတာ။ ပိုက်ဆံကြောင့်မဟုတ်ဘူး "

"ဒါပေမဲ့ မင်း... "

"ခင်ဗျားကရော ။ ခင်ဗျားအလုပ်ကို
ဝါသနာပါရဲ့လား"

ဖြတ်မေးလိုက်တဲ့ Moonရဲ့ စကားကြောင့် လရိပ်တွေ ခနဲ ဖြစ်သွား၏။
ပြီးတော့ ပြုံး မိသည်။ အတွေးတွေထဲမှာ
ပေါက်စီလုံး ပြောခဲ့ဖူးသော စကားတွေကိုကြားယောင်နေမိသည်။

" မပါဘူး။ ဒီကျောင်းကို ငါတက်ခဲ့ရတဲ့ရည်ရွယ်ချက်က  ကလေးလေး တစ်ယောက်ကြောင့် ။ သူပြောဖူးတယ်။
တနေ့ ကြရင် အဆိုတော်လုပ်ချင်တယ်တဲ့။
အဟင်း ..မင်းလိုပေါ့။ "

မပီပြင်တဲ့ရယ်သံတွေကို Moon က
လက်ပိုက်ပြီး နားထောင်ပေးနေတယ်။
ရင်ထဲခံစားချက်တွေက နောင်တတရားတွေနဲ့ ရောထွေးလျက်။

"  သူက အဆိုတော်တစ်ယောက်တော့မဖြစ်ခဲ့ပေမဲ့ အကုန်လုံးလေးစားတဲ့ လုပ်ငန်းရှင်တစ်ယောက်တော့ဖြစ်လာတယ်။
တစ်ခုပဲ  ငါအလုပ်နဲ့  သူနဲ့ က မသက်ဆိုင်တော့ဘူးဆိုတော့ ငါကသူ့ ဘေးနားတော့ဘယ်ရှိပေးနိုင်တော့မလဲ ။ အင်း ..ဒါလည်း ကောင်းပါတယ်။
ငါလည်းဒီအလုပ်ဆက်လုပ်စရာမလိုတော့တာပေါ့။'

" ဘာလို့ လဲ။ လူ တစ်ယောက်အတွက်
ကိုယ်ကြိုးစားမူ့  တွေကို ဒီတိုင်းဖြုန်းတီးပစ်ဖို့ ရာ နှမြောစရာကောင်းလွန်းတယ်မထင်ဘူးလားမှူးခိုင်။ ကြည့်ရတာတော့ ခင်ဗျားရှင်သန်နေရတာ ပျင်းစရာကောင်းနေပြီ ထင်တယ်။ ဒါဆို မပူ နဲ့ ခင်ဗျား သိပ်မကြာခင်မှာ  စိတ်လှုပ်ရှားစရာတွေနဲ့ ကြုံတွေ့ တော့မှာပါ "

Moon မျက်လုံးတွေသည် လရိပ်နားမလည်နိုင်တဲ့ အရိပ်တွေဖြတ်သန်းနေပြီး
နှုတ်ခမ်းပါးတွေသည် တွန့် ကွေးကာ
မထိတထိရယ်နေသေးသည်။
စိတ်ထဲက သရိုးသရီ ခံစားချက်ကြီးနဲ့ အတူ  အမည်မသိနိုင်သော မလုံခြုံသော
စိတ်ကြီးဝင်လာ၏။

Moon  မင်းက ဘာလဲကွာ....

ချစ်တဲ့အိမ်စည်။

( စိတ်ရှည်လက်ရှည်စောင့်ပေးနေကြတဲ့သူတွေကိုတကယ်ပဲအားနာပါတယ်။
ဒီလကုန်မှ upပေးနိုင်တော့မယ်ပြောထားပေမဲ့ဒီရက်ပိုင်း အားတဲ့အချိန်ဖဲ့ရေးပေးနေပါတယ်။ ဒါပေမဲ့ ဒီတခါ တကယ် မအားတော့ဘူးကွယ်။ အဲ့ဒါကြောင့် လကုန်ထိ စိတ်ရှည်ပေးကြပါ။ပြီးတော့ဇာတ်အေးနေတယ်ထင်ပါနဲ့ ။ Roလာတဲ့အချိန်ရောက်ရင်သာ ခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားပေးပါ )

Bạn đang đọc truyện trên: ZingTruyen.Xyz