အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
23
စာစစ္မထား/
" အိမ္မွာ စပ်စ္သီး က်န္ေသးလား။ "
ေဘးမွာ ဖုန္းေျပာေနတဲ့ ေကာင္ေလးေၾကာင့္ လရိပ္အမွတ္တမဲ့ ေငးခနဲ ျဖစ္သြား၏။ လက္ထဲက ၾကက္သားဘူးေလးကို ကိုင္ထားရင္း ေဘဘီကိုအရမ္းသတိရသြားမိ၏။
ေဘဘီဆိုရင္လည္း ဒီပံုစံေလးျဖစ္ေနမလား။
အားကစားအက်ၤ ီဝတ္ထားေပမဲ့ ဗိုက္ေနရာေလးပဲကြက္ပူေနတဲ့ မ်က္မွန္ေလးနဲ ့ေကာင္ေလးကို ၾကည့္ၿပီး လရိပ္ထိုေနရာမွ မခြာနိုင္ပဲ မသိမသာဖုန္းေျပာေနတာကိုၾကည့္ေနမိသည္။
" သားေရခြက္ေလး မေန ႔က ကြဲသြားလို ႔
လွမ္းေလ်ွာက္ရင္း ဝင္လိုက္တာ။ တခါထဲဝယ္ခဲ့မလို ႔။ အဲ့ဒါဘာဝယ္ခဲ့ရအုန္းမလဲလွမ္းေမးတာ "
ၾကားေနရတဲ့အသံကထူးထူးဆန္းဆန္းမဟုတ္ေပမဲ့ လရိပ္ ရင္းနွီးေနသလို ။
ေဘးေစာင္းျမင္ေနရတဲ့ မ်က္နွာကေတာ့
ပါးေလးေတြေဖာင္းေနတာကို ေသခ်ာျမင္ေနရသည္။
ထို ႔ေနာက္ သူ ႔ေရွ ႔ကေန ျဖတ္သြားသည္မို ႔ လရိပ္ဆက္မလိုက္ေတာ့ပဲ Moonႀကိဳက္တာတခ်ိဳ ႕ခ်က္ေကြၽးဖို ႔ေလ်ွာက္ၾကည့္ေနမိသည္။
"ဟဲ့ ငါသူ ႔ကိုသိတယ္ "
ေဘးမွာ ေစ်းဝယ္ေနတဲ့ အမ်ိဳးသမီးနွစ္ေယာက္ေျပာေနတဲ့စကားေတြက နားမေထာင္ပဲနဲ ့နားထဲ ဝင္လာ၏။
" ဘယ္သူလဲ "
"ဘယ္သူကမွာလဲ။ ေစာေစာက ဒီနားရပ္ဖုန္းေျပာေနတဲ့ ဝဝေကာင္ေလးေလ "
"ေအာ္ အသားျဖဴျဖဴေလးနဲ ့။ ေအး ျမင္လိုက္တယ္ေလ ။ဘယ္သူလဲ"
"ဘယ္သူကမွာလဲ။ ေဝလံု အင္တာတိန္းမန္ ႔ကေလ။ အဲ့ကေလးေလးက ပိုင္ရွင္တဲ့။
နာမည္ေတာင္ နႈတ္ဖ်ားမွာ ေမ့ေနတာ ဘာေဝလံု ဆိုလား "
ေက်ာျပင္သည္ ထိုအမ်ိဳးသမီးေတြစကားေၾကာင့္ မတ္ခနဲျဖစ္သြား၏။
ေဘဘီ။ ေဘဘီလား။
ေစာေစာကတင္ သူ ႔ေဘးမွာရပ္ေနေသးတယ္ေလ။
ေျခဖ်ားလက္ဖ်ားေတြ တုန္ရီလာသည္ထိ
လရိပ္ခံစားလာရၿပီး က်ီးကန္းေတာင္ေျမာက္ ေလ်ွာက္ၾကည့္လိုက္၏။
မေတြ ႕ဘူး။ ဘယ္ေရာက္သြားလဲ။
ေဘဘီ ငါ မင္းကို မေတြ ႕လို ႔မျဖစ္ဘူးေနာ္။
ေလလို အရွိန္နဲ ့ သူေနရာအနွန္ ႔ ေျပးရွာေသာ္လည္း ေဘဘီ ကိုမေတြ ႕ေတာ့။
သူဟာေလ တကယ့္အသံုးမက်တဲ့ေကာင္ပဲ။
ထို ႔ေနာက္ ဝမ္းနည္းစြာေရ႐ြတ္လိုက္မိ၏။
" ေဘဘီ ရာ။ မ်က္စိေရွ ႔ေတြ ႕လိုက္ရတာေတာင္ ငါတကယ္ပဲ တံုးအလိုက္တာ"
စိတ္ပ်က္အားေလ်ာ့မူ ႔နဲ ့ အိမ္ျပန္လမ္းဟာ
အဓိပၸါယ္မဲ့လ်က္။
သူသိပ္ေတြ ႕ခ်င္ေနခဲ့ေသာကေလး။
ေမ်ွာ္လင့္ခ်က္မ်ားစြာနဲ႔ ျမန္မာျပည္ကိုျပန္လာခဲ့တာ သက္ငယ္ေ၀လံုဆိုတဲ့ ကေလးေလးေၾကာင့္။
ေဘဘီကိုေတြ ႕ရင္ေတာင္ သူလုပ္ရမဲ့ အလုပ္ေတြက သိပ္ကိုမ်ားလွသည္။
ခြင့္လြတ္နိုင္ပါ့မလားဆိုတာ မေသခ်ာေပမဲ့ေတာင္းပန္ခ်င္ေသးသည္။
ေဘဘီ နားမွ ခြင့္လြတ္ေပးမဲ့အခ်ိန္ထိေနခ်င္ေသးသည္။
သူ တကယ္ကို လြမ္းေနခဲ့တာပါ။
________
"ျပန္လာၿပီလား "
ေရခဲေသတၱာဆြဲဖြင့္ၿပီးေရဘူးယူေသာက္ေနတဲ့Moonက ျပန္ေျဖမလာေပမဲ့ ေရေသာက္ေနရင္း ေခါင္းေတာ့ညိမ့္္ျပလာေသးသည္။ ထို႔ေၾကာင့္လွည့္မၾကည့္ေတာ့ပဲ တကုတ္ကုတ္ မီးဖိုေခ်ာင္မွာ မနက္စာခ်က္ျပဳတ္ေနလိုက္၏။
ဒါေပမဲ့ မ်က္လံုးထဲ Moonရဲ႕ ပံုစံကပါလာ၏။အားကစားေဘာင္းဘီရွည္နဲ ့
စြပ္က်ယ္အနက္ေရာင္တြဲဝတ္ထားကာ
ျဖဴေဖြးေနတဲ့ ရင္ဖက္တစြန္းတစကထင္းခနဲ။ Moon ကအေတာ္ေလးအရပ္ရွည္တဲ့ထဲမွာ ပါကာ သူဘယ္ေလာက္အားကစားလုပ္လုပ္ လူကသာ
ေဘာဒီ ေတာင့္လာတာ ပါးေလးနွစ္ဖက္ကခပ္ ေဖာင္းေဖာင္း ပါးစုန္႔ေလးေတြကေတာ့ေပ်ာက္ျပယ္မသြား။
အဲ့ဒါေလးကပင္ Moonရဲ႕ ခ်စ္စရာအမွတ္သားျဖစ္ေနသည္မို ႔ လရိပ္ကေတာ့ သေဘာက်ပါသည္။ ဒါေပမဲ့ အက်င့္ယုတ္ကေလးကေတာ့ သူ ႔ကို တျခားသူေတြကကေလးနဲ ့တူလိုက္တာတို ႔၊ ခ်စ္စရာေလးတို ႔ေျပာရင္နည္းနည္းမွ မႀကိဳက္တက္သူပင္။
အဲ့ဒါေၾကာင့္ မနက္တိုင္း အေစာႀကီးထကာ Condoမွာ ပါတဲ့Gymခန္းမွာ မပ်က္မကြက္ေဆာ့ဖို ႔လဲမေမ့ဘူး အဲ့ကေလးက။ ဘာပဲေျပာေျပာ moon ခနၶာကိုယ္က တကယ္မိုက္ပါသည္။
ကြၽန္ေတာ္ကေရာ။
အင္း ေက်ာင္းသားဘ၀တုန္းကလည္းေက်ာင္းသားမို ႔စာလုပ္ခဲ့ရ။
အ႐ြယ္ေရာက္ျပန္ေတာ့လည္း အလုပ္ လုပ္ဖို ႔ႀကိဳးစားရနဲ ့ကိုယ့္ကုိကိုယ္ ဂရုစိုက္ဖို ႔ေတာင္ေမ့ေနၿပီ။
ေတာ္ေသးတယ္။ ဒါေတာင္ ဘာစားစားမဝတဲ့ သူမို ႔ အဆင္ေျပေနတာ။
" ဘာခ်က္ေနတာလဲ "
" မေန ႔ကေလ မင္းပဲ ထမင္းဆီဆမ္းနဲ ့ၾကက္သားမႊေၾကာ္စားခ်င္တယ္ဆို ။ အဲ့ဒါေၾကာင့္ ဒီေန ႔ခ်က္ေပးေနတာ။ ၁၀နာရီထိုးရင္ မင္း Photo shooting ရွိတယ္ေနာ္။
ခဏေန ေရခ်ိဳးေတာ့။ တခါထဲ မနက္စာစားသြားရမယ္။ "
" မွဴ းခိုင္ "
"ဟင္ ! "
ထူးဆန္းစြာ ေခၚတဲ့နာမည္မို ႔ အသားမက်စြာ ထူးမိ၏။
လုပ္လက္စခ်လို ႔ ေနာက္ကို လွည့္ၾကည့္ေတာ့ ပုခံုးေပၚမွာ တင္ထားတဲ့ တဘတ္ကို
ဆြဲခ်ၿပီး ေခါင္းငံု ႔သြား၏။
စည္းထားတဲ့ဆံပင္က အရမ္းမရွည္ေသးတာမို ႔ မမွီေသးတဲ့ နသယ္စက
ဆံပင္တခ်ိဳ ႕က ေခြၽးေတြနဲ ့ကပ္ညႇိေနသည္။ ဘာရယ္မဟုတ္ Moonေျပာမဲ့ စကားကို စိတ္မဝင္စားေတာ့ပဲ အဲ့ဒီဆံပင္ေမႊးေလးေတြကို ဖယ္ခြာေပးခ်င္စိတ္က၀င္လာ၏။
" ေက်းဇူးတင္ပါတယ္"
"ဟမ္"
လွည့္ထြက္သြားတဲ့ ေက်ာျပင္က်ယ္ကို ၾကည့္ၿပီးဘာေျပာလိုက္သလဲ ဆိုတာ ေသခ်ာနားမေထာင္မိလိုက္တာကို ေနာင္တရခ်င္သြားသည္။
ေျပာလို ႔သာေျပာတာ Moon ကအျပင္ကို အလုပ္ကိစၥကလြဲရင္ သိပ္ထြက္တာမေတြ ႕။ ရည္းစားမရွိသည္ကိုေတာ့ အၿမဲ အတူေတြ ႕ေနရသူမို႔ ဒါကိုေတာ့ ကြၽန္ေတာ္ေသခ်ာသိသည္။
ဒီကေလးမွာ အေသာက္အစားမရွိတာကို ေတာ့ တကယ္ခ်ီးက်ဴး မိပါသည္။
ကိုယ္ေတာင္တခါတေလ အေပါင္းအသင္းနဲ ့ေတြ ႕ရင္ ကစ္တက္ေသးေပမဲ့
Moonကေတာ့ အေတာ္ေလးေရွာင္ရွားနိုင္သည္။
" ကြၽန္ေတာ္ လက္နဲ ့စားခ်င္တာ ။
ဒါေပမဲ့ မနက္က Gym ေဆာ့ရင္း ခိုက္မိလာလို ႔ "
"အမ္ ! တအားနာေနလား ။ ျပစမ္း"
စိုးရိမ္တႀကီး ဆြဲယူၾကည့္လိုက္ေတာ့
လက္ဖမိုးမွာ အနည္းငယ္ေယာင္ရမ္းေနတာေတြ ႕ရ၏။
"က်စ္ ! ဘယ္လိုလုပ္လို ႔ခိုင္းမိလာရတာလဲ။ တခုခု ဆိုးဆိုးဝါးဝါးျဖစ္သြားရင္ ဘယ္နွယ့္လုပ္မလဲ ။ မင္း ကိုယ့္ကိုကိုယ္
ဒီေလာက္ေလးေတာင္ဂရုမစိုက္နိုင္ရင္
ေနာက္ရက္ သြားမေဆာ့နဲ ့"
"..."
ျပန္မေျဖပဲ လုပ္ေနေတာ့ မ်က္ေမွာင္ကုတ္ကာ ေအာ္ပစ္လိုက္သည္။
"ဲၾကားလား ငါေျပာေနတာကို "
အလုပ္ရွင္နဲ ့အလုပ္သမားဆိုတာ သူနားမလည္ပါ။ ငယ္ငယ္ကတည္းက ေဒါသႀကီးတက္သူမို ႔တခ်က္တခ်က္ဆိုလ်ွင္ အခုလို
စိတ္မထိန္းနိုင္ပဲျဖစ္တက္သည္။
ဒါကို Moonက စူးစိုက္ၾကည့္ၿပီး မေက်မနပ္ မ်က္ခုံးေတြကို လက္နဲ ့ထိကိုင္လာ၏။
" ဒီပံုစံအတိုင္းဆို ခင္ဗ်ားျမန္ျမန္အိုမဲ့သေဘာရွိတယ္။ သြား ထမင္းသြားထည့္ ။
ၿပီးရင္ ကြၽန္ေတာ့္ကိုခြံ ့ေကြၽးေပး "
"ဘာ ငါက "
ေျပာေနတဲ့ စကားမဆံုးေသးလွည့္ထြက္သြားတာေၾကာင့္ ကိုယ္တေယာက္ထဲ
တို ႔လို ႔တန္းလန္းက်န္ခဲ့ျပန္သည္။
ခ်ီးပဲ ။ ဒီအ႐ြယ္ႀကီးကို ထမင္းခြံ ့ရမယ္လို ႔
ၾကားလို ႔ေတာင္မေကာင္းဘူး။
စိတ္ပ်က္လက္ပ်က္ ထမင္းဆီစမ္း တပန္းကန္လုပ္ၿပီး ၾကက္သားမႊေၾကာ္ေဘးမွာပံုကာ ဧည့္ခန္းက TVေရွ ႔ၾကမ္းေပၚမွာ ထိုင္ေနတဲ့ လူယုတ္မာေလးေဘးမွာ သြားထိုင္လိုက္သည္။
"ဟ "
ကေလးေတြခြံ ့သလို ထမင္းဆုပ္ကို ပါးစပ္နားေတ့ေပးေတာ့ TVၾကည့္မပ်က္ ပါးစပ္ဟေပးသည္။
ကိုယ့္ဖက္ကသာ ကသိကေအာက္ျဖစ္ေနတာ ။ သူက ဒီအေနထားႀကီးကို မစိမ္းသက္သလို ေအးေအးေဆးေဆးပဲ။
" ထမင္းစားတာအာရုံစိုက္စမ္း။ မင္း ထမင္းကို ေၾကညက္ေအာင္ဝါးစားသင့္တယ္။
TVၾကည့္ၿပီးထမင္းစားတာ ကေလးေတြမွလုပ္တာ "
ေျပာလဲ နည္းနည္းမွ ဂရုမစိုက္ ။
ဟိုလိုင္းေျပာင္း ၊ ဒီလိုင္းေျပာင္းနဲ ့
လူကို မသိခ်င္ေယာင္ေဆာင္ကာ
ေျပာစကားလည္းနားမေထာင္။
ၾကာေတာ့ ကြၽန္ေတာ္ စိတ္မရွည္လာေတာ့သည္။
" ငါေဘဘီကို ထမင္းေကြၽးတုန္းက ဟိုးေပါက္စေလးရွိေသးတာ။ မင္းေလာက္ ေျပာရမခက္ဘူး။ စားစား ျမန္ျမန္ ။ ၿပီးရင္
သြားဖို ႔ျပင္ေတာ့ ။ ဒီေန ႔ေတာ့ ငါမလိုက္ေတာ့ဘူး။ "
"သေဘာပဲ"
ထထြက္သြားတဲ့ ေကာင္ေလးကို ၾကည့္ၿပီး
ကြၽန္ေတာ္ ဘယ္လိုမွနားမလည္နိုင္ေတာ့ေပ။ ခန္ ႔မွန္းရခက္သလို နားလည္ဖို ႔
လည္းခက္လွသည္။
ေန ႔ခင္း ၁နာရီ။
"ေနအုန္းခန ။ ဒါေလး လည္ပင္းမွာ စည္းလိုက္"
မလိုက္ဘူးလို ႔ေျပာခဲ့ေပမဲ့ သြားခဲ့နီးေတာ့ တေယာက္ထဲလႊတ္ဖို ႔စိတ္မခ်တာေၾကာင့္
ေနာက္ကတတြဲႀကီးပါလာခဲ့သည္။
ဒီေရာက္ေတာ့ ထင္တဲ့အတိုင္း အခ်ိဳးက်ေအာင္ ဘာမွမလုပ္တက္။
Moonက ကေလးလိုပဲ သူတစ္ေယာက္ထဲဆိုရင္ အဆင္ေျပေအာင္ သိပ္မလုပ္တက္ဘူး။ သူ ႔ပံုစံက ျမင္သာေအာင္ေျပာရရင္ ဂရုစိုက္ခံေနၾက ကေလးတစ္ေယာက္ပံုစံမ်ိဳး။
အနက္ေရာင္ ပုဝါေသးေသးကို လည္ပင္းမွာ ပတ္ေပးရင္း အဆင္ေျပမေျပၾကည့္လိုက္ရေသးသည္။
ရုပ္ေခ်ာတဲ့သူဆိုေတာ့ ဘာေနေနၾကည့္ေကာင္းတာကေတာ့တကယ္ပါ။
ဒီကေလး Suitနဲ ့တကယ္လိုက္ဖက္တာပဲ။
ခဲေရာင္Suitက လံုး၀ ပြေယာင္းမူ ႔မရွိပဲ ခ်ပ္ကပ္ေနတာမို ႔ မိမိုက္ေနတဲ့ ကိုယ္ထည္ကထင္းခနဲ။
လည္ပင္းက ၾကယ္သီး ၂လံုးကိုျဖဳတ္ၿပီး ပုဝါေသးေသးစည္းေပးလိုက္ေတာ့ ကေလးရုပ္ကေလးကေန လံုးဝ
Sexyပံုေျပာင္းသြား၏။ စိတ္္တိုင္းမက်တာတခုက ဆံပင္ပဲ။ ဂုတ္ေထာက္ေနတဲ့ ဆံပင္ေတြေၾကာင့္ လည္ပင္းက ပုဝါက သိပ္မေပၚေတာ့သလိုမို ႔ အတင္းထိုင္ခိုင္းကာ
စည္းေနွာင္ေပးလိုက္၏။ မဟုတ္ရင္ ကိုယ့္အရပ္ကရွည္တယ္ဆိုေပမဲ့Moonက ပိုရွည္သူမို ႔ မတ္တပ္ရပ္လုပ္ေပးဖို ႔လံုး၀အဆင္မေျပပါ။
" ၾကည့္စမ္း ။ မင္းရဲ႕ ငယ္ဂုဏ္ေလးက
အံ့မခန္းပဲ ။
ဘာလုပ္လုပ္ ၊ဘာဝတ္ဝတ္မင္းက အံ့ၾသစရာေကာင္းေအာင္ၾကည့္ေကာင္းေနေတာ့တာပဲ "
ဖ်တ္ခနဲ ေ႐ြ ႕လာတဲ့ မွန္ထဲကမ်က္ဝန္းေတြက ရႊင္ျမဴးရိပ္ကေလးသန္းေနတာကိုေတာ့ လရိပ္မေတြ ႕လိုက္ရ။သူလုပ္ေပးတာသူ သေဘာက်ကာ ေနာက္နားက ဆံပင္ေတြကို ေသခ်ာ ျပန္ျပင္လုပ္ေပးေနတုန္း
"ခုမွသိတာလား။ ဖယ္ေတာ့သူမ်ားေတြ ေစာင့္ေနၾကၿပီ"
စကားဆံုးေတာ့ ထထြက္သြား၏။ ခပ္မတ္မတ္ေက်ာျပင္က်ယ္ကို ၾကည့္ၿပီး သေဘာက်စြာ ၿပံဳးေနမိတုန္း... အထက္စီးဆန္လာတဲ့ မိန္းကေလးသံက အခန္းေပါက္ဝမွာေခါင္းျပဴရင္းထြက္လာ၏။
" ဒီမွာ ဒီမွာ "
"ကြၽန္ေတာ္ကိုေခၚတာလား"
စိတ္မရွည္ျဖစ္သြားေသာ မ်က္နွာနဲ ့ ေကာင္မေလးသည္ တကိုယ္လံုး နီးပါး အခန္းေပါက္ဝမွာေပၚလာ၏။ အခန္းသည္
Moon အဝတ္လဲဖို ႔ ေပးထားသည့္အခန္းမို ႔ တျခား အမ်ိဳးသမီးေတြ ဝင္မလာတက္ၾကေပ။ ဒါေပမဲ့ ဒီ မိန္းကေလးကေတာ့
ခပ္တည္တည္နဲ ့ အခန္းေရွ ႔မွာ လက္ပိုက္ကာ ရပ္ေန၏။
"နင့္ကိုမေခၚေတာ့ဘယ္သူ ႔ေခၚရမွာလဲ ။
သြား အေအးသြားဝယ္ေပး "
ရင္ထဲခံစားလိုက္ရတာ စူးခနဲ ။
ကိုယ္ထက္ ငယ္တဲ့ မိန္းကေလးတေယာက္ဆီကေန နင္ေတြငါေတြထိ ေျပာခံလိုက္ရေအာင္ထိ သူ ႔အဆင့္သည္ ခပ္နွိမ့္နွိမ့္မွ မဟုတ္တာ။
" ငါက ဘာလို ႔မင္း ခိုင္းတိုင္းလုပ္ရမွာလဲ။
ဒီမယ္ ေယာက်ာ္းေလးအဝတ္လဲခန္းေရွ ႔ထိလာၿပီးေတာ့ ခုလို လူႀကီးလူႀကီးမွန္းမသိ ရုိင္းစိုင္းေနရေအာင္ မင္းကဘာမို ႔လို ႔လဲ"
"ေအာင္မွာ အခိုင္းအေစေကာင္ကမ်ား။
ငါက Moon အခုလက္ခံထားတဲ့
မိုးျမင့္ေဆာက္လုပ္ေရးကုမၸဏီပိုင္ရွင္ဦးမိုးျမင့္ခိုင္ရဲ႕သမီး"
မိုးျမင့္ေဆာက္လုပ္ေရး။
လရိပ္ ေတြခနဲျဖစ္သြားသည္။
သူသိတာေပါ့ အဲ့ကုမၸဏီကို ။
ဟိုတေလာက Moon လက္ခံလိုက္တဲ့
အဆင္ျမင့္Condo ေၾကာ္ျငာသည္ အဲ့ကုမၸဏီက အပ္ထားျခင္းျဖစ္သည္။
လုပ္ငန္းႀကီးမို ႔ Moonအတြက္ အက်ိဳးမ်ားစြာျဖစ္ထြန္းနိုင္သည္မို ႔ လရိပ္ သက္ျပင္းခ်လိုက္၏။
" ဘာဝယ္ေပး..."
"ခုျပန္မယ္ လရိပ္မွဴ းခိုင္။ "
ေဒါသနဲ ့အံႀကိတ္ေျပာလိုက္တဲ့ အသံေၾကာင့္ လူကအမွတ္တမဲ့ တုန္ခနဲျဖစ္သြား၏။။
အခန္းေပါက္ဝရပ္တဲ့ေကာင္မေလးသည္လည္းထိုအတိုင္းပင္။
အလန္ ႔တၾကား အခန္းထဲ ေျခတလွမ္းဆုတ္လိုက္ေတာ့ Moonမ်က္နွာသည္ ေသခ်ာရွင္းလင္းစြာေပၚလာ၏။
အံႀကိတ္ထားကာ ထူထဲေသာ မ်က္ခံုးေတြသည္ တြန္ ႔ခ်ိဳးထားသည္မွာ အလြန္အင္မတန္ေဒါသထြက္ေနပံုမို ႔
" Moon ငါ .."
"သြားမယ္လို ႔ခင္ဗ်ားကိုေျပာေနတာမၾကားဘူးလား။ခုျပန္မယ္။ လာထြက္ခဲ့"
အေအာ္ခံလိုက္ရေတာ့ လူကမ်က္ရည္ေတြေတာင္ဝိုင္းလာရသည္။
သူ ႔အမွားလား။ အကုန္လံုးသူဘာေျပာမိခဲ့လို ႔ေဒါသတႀကီးလာေအာ္ေနတာလဲ။
အဲ့ေနရာမွာပဲေတာင့္ေတာင့္ႀကီး ရပ္ေနတဲ့
လရိပ္ကို စိတ္မရွည္ေတာ့လို ႔ထင္သည္
အထဲကိုေျခလွမ္းက်ဲနဲ ့ဝင္လာကာ လက္ကို လာဆြဲသည္။
" ဖယ္စမ္း ။ ငါ့ကိုလာမထိနဲ ့။
ငါဘာမွားလို ႔ငါ့ကိုလာေအာ္ေနတာလဲ။
မင္းဘာသိလို႔လဲ အယုတ္တမာေကာင္ရဲ႕"
"ဘာမွမမွားလို ႔ခင္ဗ်ားကိုေခၚေနတာေလ။
ဒီေလာက္ေစာ္ကားေနတာကို ျပန္မေျပာပဲၿငိမ္ခံေနရေအာင္ ခင္ဗ်ားကေရာ ရူးေနတာလား။ "
သူေအာ္ကိုယ္ေအာ္ နဲ ့ေဒါသေတြကိုေျဖေဖ်ာက္ေနသည္မို ႔ ေၾကာက္လန္ ႔တၾကားေဘးမွာၾကည့္ေနတဲ့ေကာင္မေလးကိုေမ့သြား၏။ ၿပီးမွ Moonကအရင္ သက္ျပင္းခ်ကာ စိတ္ေလ်ာ့လိုက္ဟန္ျဖင့္
"သြားရေအာင္ ။ ေနာက္ကိုဘယ္သူဘာေျပာေျပာ ၿငိမ္ခံမေနနဲ ့"
"ပစၥည္းေတြသိမ္အုန္းမယ္"
"ထားလိုက္ေတာ့ ေနာက္ရက္မွေကာင္ေလးတေယာက္လာယူခိုင္းလိုက္မယ္ "
"မင္းအလုပ္ကေရာ "
လရိပ္ေမာ့ၾကည့္ကာေမးေတာ့ ေဒါသျပန္ထြက္လာဟန္ျဖင့္ အံ့ႀကိတ္ကာ အခန္းေထာင့္က ေကာင္မေလးကို စူးစိုက္ကာလွည့္ႀကည့္သည္။ ၿပီးေတာ့ ေအးစက္စြာျဖင့္
" စာခ်ဳပ္ဖ်က္လိုက္ပီ။ တန္ဖိုးေငြ ၂ဆ ကို
မနက္ဖန္ လႊဲေပးလိုက္မယ္။ "
ခ်ာခနဲ လွည့္ထြက္သြားသည့္ေနာက္ကို
လက္ကိုမလႊတ္ခဲ့တာေၾကာင့္ လရိပ္ အတင္းေျပးလိုက္ေနရသည္။
ဒီကေလး ေဒါသႀကီးလိုက္တာ။
Shooting မွာ ဘယ္လိုအေနထားနဲ ့က်န္ခဲ့သလဲ လရိပ္မသိေတာ့ပါ။ ေက်နပ္မူ ႔တခ်ိဳ ႕က တေယာက္ေသာသူ ေဒါသထြက္ေနတာ သိရက္နဲ ့ နႈတ္ခမ္းပါးမွာနားခိုခဲ့မိသည္။
ခ်စ္တဲ့အိမ္စည္။
စာစစ်မထား/
" အိမ်မှာ စပျစ်သီး ကျန်သေးလား။ "
ဘေးမှာ ဖုန်းပြောနေတဲ့ ကောင်လေးကြောင့် လရိပ်အမှတ်တမဲ့ ငေးခနဲ ဖြစ်သွား၏။ လက်ထဲက ကြက်သားဘူးလေးကို ကိုင်ထားရင်း ဘေဘီကိုအရမ်းသတိရသွားမိ၏။
ဘေဘီဆိုရင်လည်း ဒီပုံစံလေးဖြစ်နေမလား။
အားကစားအင်္ကျီဝတ်ထားပေမဲ့ ဗိုက်နေရာလေးပဲကွက်ပူနေတဲ့ မျက်မှန်လေးနဲ့ ကောင်လေးကို ကြည့်ပြီး လရိပ်ထိုနေရာမှ မခွာနိုင်ပဲ မသိမသာဖုန်းပြောနေတာကိုကြည့်နေမိသည်။
" သားရေခွက်လေး မနေ့ က ကွဲသွားလို့
လှမ်းလျှောက်ရင်း ဝင်လိုက်တာ။ တခါထဲဝယ်ခဲ့မလို့ ။ အဲ့ဒါဘာဝယ်ခဲ့ရအုန်းမလဲလှမ်းမေးတာ "
ကြားနေရတဲ့အသံကထူးထူးဆန်းဆန်းမဟုတ်ပေမဲ့ လရိပ် ရင်းနှီးနေသလို ။
ဘေးစောင်းမြင်နေရတဲ့ မျက်နှာကတော့
ပါးလေးတွေဖောင်းနေတာကို သေချာမြင်နေရသည်။
ထို့ နောက် သူ့ ရှေ့ ကနေ ဖြတ်သွားသည်မို့ လရိပ်ဆက်မလိုက်တော့ပဲ Moonကြိုက်တာတချို့ ချက်ကျွေးဖို့ လျှောက်ကြည့်နေမိသည်။
"ဟဲ့ ငါသူ့ ကိုသိတယ် "
ဘေးမှာ ဈေးဝယ်နေတဲ့ အမျိုးသမီးနှစ်ယောက်ပြောနေတဲ့စကားတွေက နားမထောင်ပဲနဲ့ နားထဲ ဝင်လာ၏။
" ဘယ်သူလဲ "
"ဘယ်သူကမှာလဲ။ စောစောက ဒီနားရပ်ဖုန်းပြောနေတဲ့ ဝဝကောင်လေးလေ "
"အော် အသားဖြူဖြူလေးနဲ့ ။ အေး မြင်လိုက်တယ်လေ ။ဘယ်သူလဲ"
"ဘယ်သူကမှာလဲ။ ဝေလုံ အင်တာတိန်းမန့် ကလေ။ အဲ့ကလေးလေးက ပိုင်ရှင်တဲ့။
နာမည်တောင် နှုတ်ဖျားမှာ မေ့နေတာ ဘာဝေလုံ ဆိုလား "
ကျောပြင်သည် ထိုအမျိုးသမီးတွေစကားကြောင့် မတ်ခနဲဖြစ်သွား၏။
ဘေဘီ။ ဘေဘီလား။
စောစောကတင် သူ့ ဘေးမှာရပ်နေသေးတယ်လေ။
ခြေဖျားလက်ဖျားတွေ တုန်ရီလာသည်ထိ
လရိပ်ခံစားလာရပြီး ကျီးကန်းတောင်မြောက် လျှောက်ကြည့်လိုက်၏။
မတွေ့ ဘူး။ ဘယ်ရောက်သွားလဲ။
ဘေဘီ ငါ မင်းကို မတွေ့ လို့ မဖြစ်ဘူးနော်။
လေလို အရှိန်နဲ့ သူနေရာအနှန့် ပြေးရှာသော်လည်း ဘေဘီ ကိုမတွေ့ တော့။
သူဟာလေ တကယ့်အသုံးမကျတဲ့ကောင်ပဲ။
ထို့ နောက် ဝမ်းနည်းစွာရေရွတ်လိုက်မိ၏။
" ဘေဘီ ရာ။ မျက်စိရှေ့ တွေ့ လိုက်ရတာတောင် ငါတကယ်ပဲ တုံးအလိုက်တာ"
စိတ်ပျက်အားလျော့မူ့ နဲ့ အိမ်ပြန်လမ်းဟာ
အဓိပ္ပါယ်မဲ့လျက်။
သူသိပ်တွေ့ ချင်နေခဲ့သောကလေး။
မျှော်လင့်ချက်များစွာနဲ့ မြန်မာပြည်ကိုပြန်လာခဲ့တာ သက်ငယ်ဝေလုံဆိုတဲ့ ကလေးလေးကြောင့်။
ဘေဘီကိုတွေ့ ရင်တောင် သူလုပ်ရမဲ့ အလုပ်တွေက သိပ်ကိုများလှသည်။
ခွင့်လွတ်နိုင်ပါ့မလားဆိုတာ မသေချာပေမဲ့တောင်းပန်ချင်သေးသည်။
ဘေဘီ နားမှ ခွင့်လွတ်ပေးမဲ့အချိန်ထိနေချင်သေးသည်။
သူ တကယ်ကို လွမ်းနေခဲ့တာပါ။
________
"ပြန်လာပြီလား "
ရေခဲသေတ္တာဆွဲဖွင့်ပြီးရေဘူးယူသောက်နေတဲ့Moonက ပြန်ဖြေမလာပေမဲ့ ရေသောက်နေရင်း ခေါင်းတော့ညိမ့််ပြလာသေးသည်။ ထို့ကြောင့်လှည့်မကြည့်တော့ပဲ တကုတ်ကုတ် မီးဖိုချောင်မှာ မနက်စာချက်ပြုတ်နေလိုက်၏။
ဒါပေမဲ့ မျက်လုံးထဲ Moonရဲ့ ပုံစံကပါလာ၏။အားကစားဘောင်းဘီရှည်နဲ့
စွပ်ကျယ်အနက်ရောင်တွဲဝတ်ထားကာ
ဖြူဖွေးနေတဲ့ ရင်ဖက်တစွန်းတစကထင်းခနဲ။ Moon ကအတော်လေးအရပ်ရှည်တဲ့ထဲမှာ ပါကာ သူဘယ်လောက်အားကစားလုပ်လုပ် လူကသာ
ဘောဒီ တောင့်လာတာ ပါးလေးနှစ်ဖက်ကခပ် ဖောင်းဖောင်း ပါးစုန့်လေးတွေကတော့ပျောက်ပြယ်မသွား။
အဲ့ဒါလေးကပင် Moonရဲ့ ချစ်စရာအမှတ်သားဖြစ်နေသည်မို့ လရိပ်ကတော့ သဘောကျပါသည်။ ဒါပေမဲ့ အကျင့်ယုတ်ကလေးကတော့ သူ့ ကို တခြားသူတွေကကလေးနဲ့ တူလိုက်တာတို့ ၊ ချစ်စရာလေးတို့ ပြောရင်နည်းနည်းမှ မကြိုက်တက်သူပင်။
အဲ့ဒါကြောင့် မနက်တိုင်း အစောကြီးထကာ Condoမှာ ပါတဲ့Gymခန်းမှာ မပျက်မကွက်ဆော့ဖို့ လဲမမေ့ဘူး အဲ့ကလေးက။ ဘာပဲပြောပြော moon ခန္ဓာကိုယ်က တကယ်မိုက်ပါသည်။
ကျွန်တော်ကရော။
အင်း ကျောင်းသားဘ၀တုန်းကလည်းကျောင်းသားမို့ စာလုပ်ခဲ့ရ။
အရွယ်ရောက်ပြန်တော့လည်း အလုပ် လုပ်ဖို့ ကြိုးစားရနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ တောင်မေ့နေပြီ။
တော်သေးတယ်။ ဒါတောင် ဘာစားစားမဝတဲ့ သူမို့ အဆင်ပြေနေတာ။
" ဘာချက်နေတာလဲ "
" မနေ့ ကလေ မင်းပဲ ထမင်းဆီဆမ်းနဲ့ ကြက်သားမွှကြော်စားချင်တယ်ဆို ။ အဲ့ဒါကြောင့် ဒီနေ့ ချက်ပေးနေတာ။ ၁၀နာရီထိုးရင် မင်း Photo shooting ရှိတယ်နော်။
ခဏနေ ရေချိုးတော့။ တခါထဲ မနက်စာစားသွားရမယ်။ "
" မှူးခိုင် "
"ဟင် ! "
ထူးဆန်းစွာ ခေါ်တဲ့နာမည်မို့ အသားမကျစွာ ထူးမိ၏။
လုပ်လက်စချလို့ နောက်ကို လှည့်ကြည့်တော့ ပုခုံးပေါ်မှာ တင်ထားတဲ့ တဘတ်ကို
ဆွဲချပြီး ခေါင်းငုံ့ သွား၏။
စည်းထားတဲ့ဆံပင်က အရမ်းမရှည်သေးတာမို့ မမှီသေးတဲ့ နသယ်စက
ဆံပင်တချို့ က ချွေးတွေနဲ့ ကပ်ညှိနေသည်။ ဘာရယ်မဟုတ် Moonပြောမဲ့ စကားကို စိတ်မဝင်စားတော့ပဲ အဲ့ဒီဆံပင်မွှေးလေးတွေကို ဖယ်ခွာပေးချင်စိတ်က၀င်လာ၏။
" ကျေးဇူးတင်ပါတယ်"
"ဟမ်"
လှည့်ထွက်သွားတဲ့ ကျောပြင်ကျယ်ကို ကြည့်ပြီးဘာပြောလိုက်သလဲ ဆိုတာ သေချာနားမထောင်မိလိုက်တာကို နောင်တရချင်သွားသည်။
ပြောလို့ သာပြောတာ Moon ကအပြင်ကို အလုပ်ကိစ္စကလွဲရင် သိပ်ထွက်တာမတွေ့ ။ ရည်းစားမရှိသည်ကိုတော့ အမြဲ အတူတွေ့ နေရသူမို့ ဒါကိုတော့ ကျွန်တော်သေချာသိသည်။
ဒီကလေးမှာ အသောက်အစားမရှိတာကို တော့ တကယ်ချီးကျူး မိပါသည်။
ကိုယ်တောင်တခါတလေ အပေါင်းအသင်းနဲ့ တွေ့ ရင် ကစ်တက်သေးပေမဲ့
Moonကတော့ အတော်လေးရှောင်ရှားနိုင်သည်။
" ကျွန်တော် လက်နဲ့ စားချင်တာ ။
ဒါပေမဲ့ မနက်က Gym ဆော့ရင်း ခိုက်မိလာလို့ "
"အမ် ! တအားနာနေလား ။ ပြစမ်း"
စိုးရိမ်တကြီး ဆွဲယူကြည့်လိုက်တော့
လက်ဖမိုးမှာ အနည်းငယ်ယောင်ရမ်းနေတာတွေ့ ရ၏။
"ကျစ် ! ဘယ်လိုလုပ်လို့ ခိုင်းမိလာရတာလဲ။ တခုခု ဆိုးဆိုးဝါးဝါးဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ ။ မင်း ကိုယ့်ကိုကိုယ်
ဒီလောက်လေးတောင်ဂရုမစိုက်နိုင်ရင်
နောက်ရက် သွားမဆော့နဲ့ "
"..."
ပြန်မဖြေပဲ လုပ်နေတော့ မျက်မှောင်ကုတ်ကာ အော်ပစ်လိုက်သည်။
"ဲကြားလား ငါပြောနေတာကို "
အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ သူနားမလည်ပါ။ ငယ်ငယ်ကတည်းက ဒေါသကြီးတက်သူမို့ တချက်တချက်ဆိုလျှင် အခုလို
စိတ်မထိန်းနိုင်ပဲဖြစ်တက်သည်။
ဒါကို Moonက စူးစိုက်ကြည့်ပြီး မကျေမနပ် မျက်ခုံးတွေကို လက်နဲ့ ထိကိုင်လာ၏။
" ဒီပုံစံအတိုင်းဆို ခင်ဗျားမြန်မြန်အိုမဲ့သဘောရှိတယ်။ သွား ထမင်းသွားထည့် ။
ပြီးရင် ကျွန်တော့်ကိုခွံ့ ကျွေးပေး "
"ဘာ ငါက "
ပြောနေတဲ့ စကားမဆုံးသေးလှည့်ထွက်သွားတာကြောင့် ကိုယ်တယောက်ထဲ
တို့ လို့ တန်းလန်းကျန်ခဲ့ပြန်သည်။
ချီးပဲ ။ ဒီအရွယ်ကြီးကို ထမင်းခွံ့ ရမယ်လို့
ကြားလို့ တောင်မကောင်းဘူး။
စိတ်ပျက်လက်ပျက် ထမင်းဆီစမ်း တပန်းကန်လုပ်ပြီး ကြက်သားမွှကြော်ဘေးမှာပုံကာ ဧည့်ခန်းက TVရှေ့ ကြမ်းပေါ်မှာ ထိုင်နေတဲ့ လူယုတ်မာလေးဘေးမှာ သွားထိုင်လိုက်သည်။
"ဟ "
ကလေးတွေခွံ့ သလို ထမင်းဆုပ်ကို ပါးစပ်နားတေ့ပေးတော့ TVကြည့်မပျက် ပါးစပ်ဟပေးသည်။
ကိုယ့်ဖက်ကသာ ကသိကအောက်ဖြစ်နေတာ ။ သူက ဒီအနေထားကြီးကို မစိမ်းသက်သလို အေးအေးဆေးဆေးပဲ။
" ထမင်းစားတာအာရုံစိုက်စမ်း။ မင်း ထမင်းကို ကြေညက်အောင်ဝါးစားသင့်တယ်။
TVကြည့်ပြီးထမင်းစားတာ ကလေးတွေမှလုပ်တာ "
ပြောလဲ နည်းနည်းမှ ဂရုမစိုက် ။
ဟိုလိုင်းပြောင်း ၊ ဒီလိုင်းပြောင်းနဲ့
လူကို မသိချင်ယောင်ဆောင်ကာ
ပြောစကားလည်းနားမထောင်။
ကြာတော့ ကျွန်တော် စိတ်မရှည်လာတော့သည်။
" ငါဘေဘီကို ထမင်းကျွေးတုန်းက ဟိုးပေါက်စလေးရှိသေးတာ။ မင်းလောက် ပြောရမခက်ဘူး။ စားစား မြန်မြန် ။ ပြီးရင်
သွားဖို့ ပြင်တော့ ။ ဒီနေ့ တော့ ငါမလိုက်တော့ဘူး။ "
"သဘောပဲ"
ထထွက်သွားတဲ့ ကောင်လေးကို ကြည့်ပြီး
ကျွန်တော် ဘယ်လိုမှနားမလည်နိုင်တော့ပေ။ ခန့် မှန်းရခက်သလို နားလည်ဖို့
လည်းခက်လှသည်။
နေ့ ခင်း ၁နာရီ။
"နေအုန်းခန ။ ဒါလေး လည်ပင်းမှာ စည်းလိုက်"
မလိုက်ဘူးလို့ ပြောခဲ့ပေမဲ့ သွားခဲ့နီးတော့ တယောက်ထဲလွှတ်ဖို့ စိတ်မချတာကြောင့်
နောက်ကတတွဲကြီးပါလာခဲ့သည်။
ဒီရောက်တော့ ထင်တဲ့အတိုင်း အချိုးကျအောင် ဘာမှမလုပ်တက်။
Moonက ကလေးလိုပဲ သူတစ်ယောက်ထဲဆိုရင် အဆင်ပြေအောင် သိပ်မလုပ်တက်ဘူး။ သူ့ ပုံစံက မြင်သာအောင်ပြောရရင် ဂရုစိုက်ခံနေကြ ကလေးတစ်ယောက်ပုံစံမျိုး။
အနက်ရောင် ပုဝါသေးသေးကို လည်ပင်းမှာ ပတ်ပေးရင်း အဆင်ပြေမပြေကြည့်လိုက်ရသေးသည်။
ရုပ်ချောတဲ့သူဆိုတော့ ဘာနေနေကြည့်ကောင်းတာကတော့တကယ်ပါ။
ဒီကလေး Suitနဲ့ တကယ်လိုက်ဖက်တာပဲ။
ခဲရောင်Suitက လုံးဝ ပွယောင်းမူ့ မရှိပဲ ချပ်ကပ်နေတာမို့ မိမိုက်နေတဲ့ ကိုယ်ထည်ကထင်းခနဲ။
လည်ပင်းက ကြယ်သီး ၂လုံးကိုဖြုတ်ပြီး ပုဝါသေးသေးစည်းပေးလိုက်တော့ ကလေးရုပ်ကလေးကနေ လုံးဝ
Sexyပုံပြောင်းသွား၏။ စိတ်တိုင်းမကျတာတခုက ဆံပင်ပဲ။ ဂုတ်ထောက်နေတဲ့ ဆံပင်တွေကြောင့် လည်ပင်းက ပုဝါက သိပ်မပေါ်တော့သလိုမို့ အတင်းထိုင်ခိုင်းကာ
စည်းနှောင်ပေးလိုက်၏။ မဟုတ်ရင် ကိုယ့်အရပ်ကရှည်တယ်ဆိုပေမဲ့Moonက ပိုရှည်သူမို့ မတ်တပ်ရပ်လုပ်ပေးဖို့ လုံးဝအဆင်မပြေပါ။
" ကြည့်စမ်း ။ မင်းရဲ့ ငယ်ဂုဏ်လေးက
အံ့မခန်းပဲ ။
ဘာလုပ်လုပ် ၊ဘာဝတ်ဝတ်မင်းက အံ့သြစရာကောင်းအောင်ကြည့်ကောင်းနေတော့တာပဲ "
ဖျတ်ခနဲ ရွေ့ လာတဲ့ မှန်ထဲကမျက်ဝန်းတွေက ရွှင်မြူးရိပ်ကလေးသန်းနေတာကိုတော့ လရိပ်မတွေ့ လိုက်ရ။သူလုပ်ပေးတာသူ သဘောကျကာ နောက်နားက ဆံပင်တွေကို သေချာ ပြန်ပြင်လုပ်ပေးနေတုန်း
"ခုမှသိတာလား။ ဖယ်တော့သူများတွေ စောင့်နေကြပြီ"
စကားဆုံးတော့ ထထွက်သွား၏။ ခပ်မတ်မတ်ကျောပြင်ကျယ်ကို ကြည့်ပြီး သဘောကျစွာ ပြုံးနေမိတုန်း... အထက်စီးဆန်လာတဲ့ မိန်းကလေးသံက အခန်းပေါက်ဝမှာခေါင်းပြူရင်းထွက်လာ၏။
" ဒီမှာ ဒီမှာ "
"ကျွန်တော်ကိုခေါ်တာလား"
စိတ်မရှည်ဖြစ်သွားသော မျက်နှာနဲ့ ကောင်မလေးသည် တကိုယ်လုံး နီးပါး အခန်းပေါက်ဝမှာပေါ်လာ၏။ အခန်းသည်
Moon အဝတ်လဲဖို့ ပေးထားသည့်အခန်းမို့ တခြား အမျိုးသမီးတွေ ဝင်မလာတက်ကြပေ။ ဒါပေမဲ့ ဒီ မိန်းကလေးကတော့
ခပ်တည်တည်နဲ့ အခန်းရှေ့ မှာ လက်ပိုက်ကာ ရပ်နေ၏။
"နင့်ကိုမခေါ်တော့ဘယ်သူ့ ခေါ်ရမှာလဲ ။
သွား အအေးသွားဝယ်ပေး "
ရင်ထဲခံစားလိုက်ရတာ စူးခနဲ ။
ကိုယ်ထက် ငယ်တဲ့ မိန်းကလေးတယောက်ဆီကနေ နင်တွေငါတွေထိ ပြောခံလိုက်ရအောင်ထိ သူ့ အဆင့်သည် ခပ်နှိမ့်နှိမ့်မှ မဟုတ်တာ။
" ငါက ဘာလို့ မင်း ခိုင်းတိုင်းလုပ်ရမှာလဲ။
ဒီမယ် ယောကျာ်းလေးအဝတ်လဲခန်းရှေ့ ထိလာပြီးတော့ ခုလို လူကြီးလူကြီးမှန်းမသိ ရိုင်းစိုင်းနေရအောင် မင်းကဘာမို့ လို့ လဲ"
"အောင်မှာ အခိုင်းအစေကောင်ကများ။
ငါက Moon အခုလက်ခံထားတဲ့
မိုးမြင့်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးမိုးမြင့်ခိုင်ရဲ့သမီး"
မိုးမြင့်ဆောက်လုပ်ရေး။
လရိပ် တွေခနဲဖြစ်သွားသည်။
သူသိတာပေါ့ အဲ့ကုမ္ပဏီကို ။
ဟိုတလောက Moon လက်ခံလိုက်တဲ့
အဆင်မြင့်Condo ကြော်ငြာသည် အဲ့ကုမ္ပဏီက အပ်ထားခြင်းဖြစ်သည်။
လုပ်ငန်းကြီးမို့ Moonအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သည်မို့ လရိပ် သက်ပြင်းချလိုက်၏။
" ဘာဝယ်ပေး..."
"ခုပြန်မယ် လရိပ်မှူးခိုင်။ "
ဒေါသနဲ့ အံကြိတ်ပြောလိုက်တဲ့ အသံကြောင့် လူကအမှတ်တမဲ့ တုန်ခနဲဖြစ်သွား၏။။
အခန်းပေါက်ဝရပ်တဲ့ကောင်မလေးသည်လည်းထိုအတိုင်းပင်။
အလန့် တကြား အခန်းထဲ ခြေတလှမ်းဆုတ်လိုက်တော့ Moonမျက်နှာသည် သေချာရှင်းလင်းစွာပေါ်လာ၏။
အံကြိတ်ထားကာ ထူထဲသော မျက်ခုံးတွေသည် တွန့် ချိုးထားသည်မှာ အလွန်အင်မတန်ဒေါသထွက်နေပုံမို့
" Moon ငါ .."
"သွားမယ်လို့ ခင်ဗျားကိုပြောနေတာမကြားဘူးလား။ခုပြန်မယ်။ လာထွက်ခဲ့"
အအော်ခံလိုက်ရတော့ လူကမျက်ရည်တွေတောင်ဝိုင်းလာရသည်။
သူ့ အမှားလား။ အကုန်လုံးသူဘာပြောမိခဲ့လို့ ဒေါသတကြီးလာအော်နေတာလဲ။
အဲ့နေရာမှာပဲတောင့်တောင့်ကြီး ရပ်နေတဲ့
လရိပ်ကို စိတ်မရှည်တော့လို့ ထင်သည်
အထဲကိုခြေလှမ်းကျဲနဲ့ ဝင်လာကာ လက်ကို လာဆွဲသည်။
" ဖယ်စမ်း ။ ငါ့ကိုလာမထိနဲ့ ။
ငါဘာမှားလို့ ငါ့ကိုလာအော်နေတာလဲ။
မင်းဘာသိလို့လဲ အယုတ်တမာကောင်ရဲ့"
"ဘာမှမမှားလို့ ခင်ဗျားကိုခေါ်နေတာလေ။
ဒီလောက်စော်ကားနေတာကို ပြန်မပြောပဲငြိမ်ခံနေရအောင် ခင်ဗျားကရော ရူးနေတာလား။ "
သူအော်ကိုယ်အော် နဲ့ ဒေါသတွေကိုဖြေဖျောက်နေသည်မို့ ကြောက်လန့် တကြားဘေးမှာကြည့်နေတဲ့ကောင်မလေးကိုမေ့သွား၏။ ပြီးမှ Moonကအရင် သက်ပြင်းချကာ စိတ်လျော့လိုက်ဟန်ဖြင့်
"သွားရအောင် ။ နောက်ကိုဘယ်သူဘာပြောပြော ငြိမ်ခံမနေနဲ့ "
"ပစ္စည်းတွေသိမ်အုန်းမယ်"
"ထားလိုက်တော့ နောက်ရက်မှကောင်လေးတယောက်လာယူခိုင်းလိုက်မယ် "
"မင်းအလုပ်ကရော "
လရိပ်မော့ကြည့်ကာမေးတော့ ဒေါသပြန်ထွက်လာဟန်ဖြင့် အံ့ကြိတ်ကာ အခန်းထောင့်က ကောင်မလေးကို စူးစိုက်ကာလှည့်ကြည့်သည်။ ပြီးတော့ အေးစက်စွာဖြင့်
" စာချုပ်ဖျက်လိုက်ပီ။ တန်ဖိုးငွေ ၂ဆ ကို
မနက်ဖန် လွှဲပေးလိုက်မယ်။ "
ချာခနဲ လှည့်ထွက်သွားသည့်နောက်ကို
လက်ကိုမလွှတ်ခဲ့တာကြောင့် လရိပ် အတင်းပြေးလိုက်နေရသည်။
ဒီကလေး ဒေါသကြီးလိုက်တာ။
Shooting မှာ ဘယ်လိုအနေထားနဲ့ ကျန်ခဲ့သလဲ လရိပ်မသိတော့ပါ။ ကျေနပ်မူ့ တချို့ က တယောက်သောသူ ဒေါသထွက်နေတာ သိရက်နဲ့ နှုတ်ခမ်းပါးမှာနားခိုခဲ့မိသည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz