အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
22
Moon နားမွာ ကြၽန္ေတာ္ေရာက္လာခဲ့တာ ၄လေတာင္ရွိခဲ့ၿပီ။
တကယ္ေတာ္တဲ့ကေလးတစ္ေယာက္ဆိုတာ မေျပာပဲသိလာရေအာင္ သူဟာႀကိဳးစားျပနိုင္ခဲ့တယ္။
အသက္ငယ္တယ္၊ ရုပ္ရည္ေခ်ာေမာတယ္။ ဒါေပမဲ့ Moonဟာ အရည္ခ်င္းတကယ္ရွိတဲ့ကေလးပါ။
"မင္းတကယ္ဆို အဲ့ဒီအလုပ္ကို လက္ခံလိုက္သင့္တယ္။ "
အားမလိုအားမရသံအျပည့္နဲ ့ဆူလိုက္ေသာ္လည္း Moonက လွည့္မၾကည့္ပဲ
ကားေသာ့ကိုပစ္ခ်ကာ ကြၽန္ေတာ့္ေဘးကို လာရပ္၏။
မရယ္မၿပံဳးေသာ မ်က္နွာဟာ တည္တင္းေနေပမဲ့ ကြၽန္ေတာ့္ကေတာ့ ျမင္ရပါမ်ားလို ႔ရုိးေတာင္ေနၿပီ။
ပြဲတခုတက္ျပန္ခဲ့ေသာ Moonသည္
မိတ္ကပ္ အနည္းငယ္မွမပါပဲနဲ ့ေတာင္
ပင္ကိုယ္ရုပ္ေလးကျ ဖဴႏုဖက္ေန၏။
မ်ားေသာအားျဖင့္Moonက မိတ္ကပ္လိမ္းရတာကို မႀကိဳက္တက္သူမို ႔ မျဖစ္မေနလိမ္းရမဲ့ ရုိက္ကြင္းမ်ိဳးကလြဲပီး ျပင္ပအလုပ္ေတြကို ဒီတိုင္းပဲ မ်က္နွာေျပာင္နဲ ့သာသြားတက္သည္။
ထို ႔ေၾကာင့္Moonရဲ႕ fanေတြက သူတို ႔ကေလးအတြက္ဂုဏ္ယူမဆံုးခဲ့တာျဖစ္သည္။ စကားေျပာမတက္ေသာMoon၊
အေပါက္ဆိုးလွတဲ့Moon၊
အၿမဲ ေခ်ေနတက္ေသာMoonက
ဘာလုပ္လုပ္ အျပစ္မျမင္ပဲ ခ်စ္ေပးနိုင္တဲ့Fan ေတြကို ပိုင္ဆိုင္ထားတာေတာ့ကံေကာင္းမူ ႔တခုပင္။
"အက်ၤ ီခြၽတ္ေပး "
တိတ္ဆိတ္ေနခ်ိန္မွာ ထြက္ေပၚလာေသာ အသံက နားဝင္ဆိုးစရာ။
အၿမဲတမ္း အထက္စီးက ေစခိုင္းတက္ေသာMoonကိုစိတ္မဆိုးေတာ့ပဲ လက္က အလိုအေလ််ာက္ လုပ္ေပးမိ၏။
ညပြဲမို ႔ ကြၽန္ေတာ္ဆင္ေပးထားတဲ့ အဝတ္စားDesignနဲ ့Moonက ရူးေလာက္ေအာင္ ေခ်ာေနသည္။ အခုလဲ လိုင္းေပၚမွာ
ဘယ္ေလာက္ Hot ျဖစ္ေနၿပီလဲမသိ။
အသားျဖဴ သူမို ႔ သူမ်ားေတာ္ရုံမဝတ္ရဲတဲ့ အေရာင္မ်ိဳးေတြကို Moonကို ဆင္လို ႔ရတာက အလြန္ေက်နပ္စရာေကာင္းတယ္။
လည္ပင္းက ပလက္တီနမ္ ဆြဲႀကိဳးအရွည္ႀကီးကို အရင္ျဖဳတ္ေပးၿပီး ေစာေစာက စကားကို ျပန္ဆက္မိသည္။
"မင္းလက္ခံလိုက္ရင္ လမ္းေၾကာင္းတခုေပၚ အလြယ္တကူေရာက္သြားနိုင္တယ္ေလ ။ ဘာလို ႔ျငင္းလိုက္တာလဲ "
နာမည္ႀကီး ရုပ္ရွင္ကုမၸဏီတခုရဲ႕
ေခါင္းေဆာင္မင္းသားအျဖစ္ကမ္းလွမ္းခ်က္ကို အားမနာပဲ ျငင္းဆိုခဲ့တာ ဘယ္ေလာက္ ေဘးမွာထိုင္ၾကည့္ပီးအသည္းယားခဲ့ရသလဲ။
ျပန္ေျဖမလာေတာ့ ၾကယ္သီးျဖဳတ္ေနရင္းေမာ့ၾကည့္မိ၏။
အမွတ္တမဲ့ မို ႔ေရွာင္လြဲခ်ိန္မရလိုက္တဲ့ အၾကည့္တို ႔က လရိပ္ကို စူးစိုက္ေငးေမာေနသလို တစံုတရာခံစားခ်က္တို ႔ေရာယွက္ေနသေယာင္။
ၿပီးမွ ျဖည္းျဖည္းျခင္းအၾကည့္လြဲသြားကာ
"ကြၽန္ေတာ္ မင္းသားလုပ္ဖို ႔စိတ္ကူးမရွိဘူး"
"ဘာလို ႔လဲ။ မင္းဒီထက္ပိုေအာင္ျမင္သြားေတာ့မေကာင္းဘူးလား။ မင္းအသက္ ငယ္ငယ္ေလးရွိေသးတာ စကားေျပာတာေတြဆင္ျခင္စမ္းပါ။ လူေတြနဲ ့ေပါင္းသင္းဆက္ဆံမူ ႔မွာ မင္းကရုပ္ေလးနဲ ့မလိုက္ေအာင္တကယ္ဆိုးတယ္"
ကြၽန္ေတာ့စကားေၾကာင့္ မ်က္ခံုးေတြက ဆတ္ခနဲ ့တြန္ ႔သြားကာ ခ်က္ျခင္းခတ္ဆတ္ဆတ္ျပန္ေျပာလာသည္။
"မေကာင္းဘူး။ ဒီအလုပ္လုပ္တယ္ဆိုတာ ေအာင္ျမင္ခ်င္လို ႔မဟုတ္ဘူး။ လူတေယာက္ကို ကြၽန္ေတာ္ ဒါမ်ိဳးထိ သူမပါပဲေရာက္ေအာင္ႀကိဳးစားနိုင္တယ္ဆိုတာ ျပခ်င္
တာ "
ေျပာၿပီး အခန္းထဲလွည့္ဝင္သြားတဲ့ Moonကိုၾကည့္ပီး စိတ္ထဲ တမ်ိဳးႀကီးျဖစ္သြားရသည္။
ကြၽန္ေတာ္ကေကာ လံုလံုကိုေတြ ႕ရင္ ဘာေျပာနိုင္မလဲ။
ျမန္မာျပည္ေရာက္ကတည္း က
Moonေၾကာင့္ မအားလပ္ခဲ့သည္ေၾကာင့္လံုလံုကို ထပ္သြားမရွာျဖစ္ခဲ့။
ကြၽန္ေတာ္ရဲ႕ ရည္႐ြယ္ခ်က္က
ေ၀လံုပဲမို ႔ မနက္ဖန္ေတာ့ ခြင့္ယူၿပီး
Baby ကို သြားရွာဖို ႔ဆံုးျဖတ္လိုက္၏။
__________
ေနာက္တေန ႔တြင္ ကြၽန္ေတာ္ဟာ အေစာႀကီးMoonအခန္းသို ႔ေရာက္လာခဲ့၏။
အခန္းရဲ႕ လ်ိဳ ႕ဝွက္နံပါတ္ကို သိတဲ့ ကြၽန္ေတာ့္အတြက္က Moonအခန္းကို ပိုင္စိုးပိုင္နင္းဝင္ေရာက္ဖို ႔သည္ အားနာစရာမဟုတ္ခဲ့ေပ။
" ငါ ဒီေန ႔ နားရက္ယူမယ္"
"ဘာလုပ္ဖို ႔လဲ"
မၾကည္သလို မ်က္နွာထားနဲ ့ ေမးလာတဲ့ Moonေၾကာင့္ ေဒါသေလးက မဆိုသေလာက္ျပဴလာရျပန္တယ္။ ဒီကေလးက တကယ့္လူဂြစာပင္။
အေျပာအဆိုက ဘယ္ေတာ့မွတဖက္သားနားဝင္ေအာင္မေျပာတက္သူ။
"ဘာလုပ္လုပ္ေပါ့။ မင္းငါ့ကို ၁ပတ္တရက္ကေတာ့ နားခြင့္ေပးသင့္တယ္မထင္ဘူးလား။ ငါ့မွာငါလုပ္ခ်င္တဲ့အရာေတြရွိေသးတယ္ေလ"
"အင္းေလ။ အဲ့ဒါဘာလုပ္္မွာလဲ ေမးေနတာ။"
"ဘာေၾကာင့္မင္းကို အကုန္ေျပာျပေနရမွာလဲ။ ငါ့ပါစင္နယ္ကို မင္းကို အကုန္ရွင္းျပေနရေအာင္ မင္းကငါ့အေဖလား"
လရိပ္မေက်နပ္တာေၾကာင့္ ဘုေဘာက္လုပ္ပစ္လိုက္သည္။
အသံတိတ္သြားေပမဲ့ သူတီးေနတဲ့ ဂစ္တာကို ျပန္ေကာက္ကိုင္ကာ တေဒါင္ေဒါင္တီးေနျပန္၏။ ခြင့္ေပး၊မေပးလည္းမေျပာေတာ့ ဒီတိုင္းထိုင္ၾကည့္ေနရသည္။
" ေဟး ငါေျပာေနတာမၿပီးေသးဘူးေလ။
ခြင့္ကယူရမွာလား"
"စပ်စ္သီးစားမယ္။ ယူေပး"
"မစားရဘူး။ မင္းစားတာမ်ားေနၿပီ။ ေခ်ာင္းဆိုးေတာ့မယ္။ "
တီးလက္စ ဂစ္တာသံက ခနၿငိမ္သြားကာ
ဆက္မတီးေတာ့ပဲ ဆိုဖာေပၚ ျပန္တင္သည္။ ၿပီးေနာက္ လရိပ္ဖက္ကိုလွည့္လာကာ
"ဘယ္သြားမွာ ၊ဘာလုပ္မွာ မေျပာရင္
ခြင့္မေပးဘူး "
"က်စ္ ! ဒီေကာင္ကေတာ့ "
ခပ္တိုးတိုးပဲ မေက်နိုင္တာျပရဲသည္။
လရိပ္မွဴ းခိုင္ အရင္လို ႀကီးက်ယ္ျမင့္ျမတ္မူ ႔ေတြေပ်ာက္ေနတာၾကၿပီ။ အဲ့ဒါလည္း ထိုေကာင္ေလးေၾကာင့္သာ။
တခြန္းမခ်န္ျပန္ေျပာေနတဲ့ နႈတ္ခမ္းေလးေတြကို စိတ္တိုေပမဲ့ လရိပ္ အေလ်ာ့ေပးျဖစ္တာမ်ားေနၿပီျဖစ္သည္။
"ငါ့မာမီေလး သြားခိုင္းတဲ့တေနရာကို သြားစရာရွိလို ႔"
"ဘာလုပ္ဖို ႔လဲ "
စိတ္ဝင္စားဟန္နဲ ့ မေက်နပ္ေနဟန္ ေရာေနတဲ့ အၾကည့္ေတြေၾကာင့္ ဇေဝဇဝါျဖစ္ရေသးသည္။ တကယ္ဆိုကိုယ့္အေၾကာင္းက သူလို နာမည္ႀကီးတစ္ေယာက္ေလာက္ စိတ္ဝင္စားဖြယ္ေကာင္းမွာလား။
" သြားရလာရအဆင္ေျပေအာင္ ကားတစီး ၾကည့္ခိုင္းလို ႔ပါ။ "
"အဲ့ဒါပဲလုပ္စရာရွိတာဆိုရင္ သြားမေနနဲ ့။ ခင္ဗ်ားက တကယ္ဆို ကားဝယ္စရာလိုေသးလို ႔လား။
မဟုတ္ေတာင္ ဘယ္သြားသြား ကြၽန္ေတာ့ကားယူသံုးေနတာပဲ "
"တူမလား။ မင္းပိုင္တဲ့ဟာမင္းဟာ။ ငါပိုင္တာ ငါ့ဟာ ။ သူ ႔အကန္ ႔နဲ ့သူပဲ။ ေနရာတကာ မင္းငါ့ကို လိုက္ေျပာေနတာမ်ားၿပီေနာ္ ေကာင္ေလး။ ၿပီးေတာ့ ငါဒီေန ႔ခြင့္ယူကိုယူရမွာ။ ငါတျခားသြားစရာရွိေသးတယ္။ "
စကားဆံုးေတာ့ မ်က္ေမွာင္ၾကဳတ္ႀကီးနဲ ့
လုပ္ေနသည္မွလြဲ၍ ထပ္မဆိုလာေတာ့။
ေျပာလာလည္း လရိပ္မွဴ းခိုင္က ဂရုစိုက္မယ္ထင္လား။ ေဝးေသးတယ္။
မေက်နပ္ရင္ အလုပ္ထုတ္လိုက္ေလ။
ေမတၲာတံုးေလးအခန္းကေန ေအာင္နိုင္သူတစ္ေယာက္လို ထြက္လာၿပီး ေရမိုးခ်ိဳးကာ သားသားနားနားဝတ္စားလိုက္သည္။
အကုန္ၿပီးမွ အခန္းျပင္ထြက္ေတာ့
Moonက နံရံကိုေက်ာမွီကာေစာင့္ေန၏။
"အဲ့ဒါဘာလုပ္ေနတာလဲ "
"လိုက္မလို ႔"
ေျပာပီးေရွ ႔က ထြက္သြား၏။ ။
ေဘာင္းဘီတိုဝတ္ထားတဲ့ ေျခသလံုးေလးက အေမႊးအမ်ွင္ သိပ္မရွိပဲ မုန္လာဥျဖဴျဖဴေလးလို ကိုက္ဖဲ့စားခ်င္စရာ။
အိမ္မွာခါတိုင္းလည္းျမင္မိေသာ္လည္း ေသခ်ာမၾကည့္မိ။
ေနာက္ပါးကေန ျဖည္းျဖည္းခ်င္းလိုက္လာရင္းဆူပူဖို ႔ေမ့သြား၏။
ေျခသလံုးေလးက တကယ္လွသည္။
"ဘယ္သြားမွာလဲ လိပ္စာေျပာ"
စကားဆက္မေျပာခ်င္တာနဲ ့ သြားမဲ့ လိပ္စာကို ႐ြတ္ျပလိုက္သည္။
" မင္းအျပင္သြားမွာေရလည္းမခ်ိဳးခဲ့ဘူး "
မနက္ကအတိုင္း မ်က္မွန္နဲ ့ ဆံပင္ရွည္ေတြကို မမွီမကမ္းစည္းထားတဲ့ပံုစံပဲမို ႔
ေျပာမိေတာ့
" ေရမခ်ိဳးလည္းကြၽန္ေတာ္က ေခ်ာတယ္"တဲ့။
ကြၽန္ေတာ္နွာေခါင္းရႈံ ့ လိုက္သည္။
ညစ္ပတ္တာက ညစ္ပတ္တာပဲေလ။
တေ႐ြ ႕ေ႐ြ ႕ေမာင္းလာတဲ့ ကားက
မီးပြိဳင့္ တခ်ိဳ ႕ကို ျဖတ္ေက်ာ္ၿပီးမွာ
Showroom ကို ေရာက္လာ၏။
သို ႔ေပမဲ့ ကံမေကာင္းစြာ ဒီေန ႔ဆိုင္ပိတ္သည္တဲ့။
" ဘယ္သြားအုန္းမွာလဲ "
Moonက ကားကို ကြၽမ္းက်င္စြာ ျပန္ေကြ ႕ရင္း ေမးလာ၏။
ကြၽန္ေတာ္ သြားစရာ ရွိေသးသည္။
သို ႔ေသာ္ ထိုေကာင္ေလးနဲ ့အတူမသြားခ်င္ပါ ။ထို ေ့ၾကာင့္
"မရွိေတာ့ဘူး။ "
အနည္းငယ္ စိတ္ပ်က္ေလသံေၾကာင့္
Moonက လွည့္ၾကည့္လာ၏။
"ဘာလဲ ကားကခုရခ်င္တာလား။
လုပ္ခ်င္တာ မလုပ္ရလို ႔ နႈတ္ခမ္းစူ စိတ္ေကာက္ေနရေအာင္ ခင္ဗ်ားကို ခင္ဗ်ား ကေလး ေပါက္စေလးမ်ားမွတ္ေနတာလား။
အဲ့ေလာက္ရခ်င္ေနတယ္ဆိုရင္လည္း
ကြၽန္ေတာ္ ကားတစီးေပးမယ္"
ကြၽန္ေတာ္ စကားဆက္မေျပာမိေတာ့။
သိသိသာသာ ကားမွန္ဖက္ကို လွည့္ကာ
လူ ႔ဂြစာကိုေက်ာေပးထားလိုက္သည္။
တကယ္ဆိုရင္ ခြင့္တရက္ေတာင္ မေပးခ်င္တဲ့ အလုပ္ရွင္ဆီမွာ ေနာက္တခါထြက္ရဖို ႔လြယ္မယ္ထင္သလား။
တကယ္ပဲ စိတ္ပ်က္ဖို ႔ေကာင္းသည္။
ကားထဲတြင္သိသိသာသာ တိတ္ဆိတ္သြားၿပီးေနာက္မွာ Moonက သီခ်င္းတပုဒ္ကို ဆိုညီးလာ၏။ထိုသီခ်င္းသည္
19ရက္ေန ႔တမ္းခ်င္းသီခ်င္းေလးပင္။
လြမ္းဆြတ္မူ ႔သန္းေနေသာ သီခ်င္းတပုဒ္ေၾကာင့္ ကြၽန္ေတာ္ဟာ မေက်နပ္သမ်ွေမ့ကာ ဝမ္းနည္းမူ ႔ကို ခံစားလာရသည္။
ေဆြးရိပ္သန္းေနေသာ ခံစားခ်က္ကို အသက္ ၁၆နွစ္အ႐ြယ္ေလာက္ေလးနဲ ့ေရးစပ္နိုင္ခဲ့တာဟာ အံ့ၾသဖြယ္ရာပါ။
ၿပီးေတာ့ ၂နွစ္အတြင္း ေၾကာက္မက္ဖြယ္ရာေအာင္ျမင္မူ ႔ထိ ေရာက္လာနိုင္ခဲ့တဲ့
Moon ရဲ႕ ကံေရာ ၊ စန္းေရာ က လံုး၀အံ့အားသင့္စရာပဲ။
________
"ေဘာစ္ ! မၾကာခင္ ေရာင္ဝါထြန္း ကုမၸဏီက သူေဌး ဦးေရာင္နီ ေရာက္လာပါေတာ့မယ္။ အဆင္သင့္ ျပင္ထားသင့္ပါၿပီ "
ၿငိမ္သက္စြာ ေဘးမွာရပ္တန္ ႔ကာ
ေျပာေသာ္လည္း အဖက္မလုပ္ပဲ လက္ထဲကမုန္ ႔ကို ကုန္ေအာင္စားေနေသာ
Bossျဖစ္သူေၾကာင့္ အတြင္းေရးမူးျဖစ္သူကိုရုိး သည္ထပ္မေျပာရဲေတာ့ေပ။
စားပြဲေပၚမွာလဲ မုန္ ႔ထုတ္ခြံ ေတြ ပြစေလာင္းတက္ေနၿပီး စားပြဲရဲ႕ ေအာက္ေျခ ျခင္းထဲမွာလဲ အိမ္ကယူလာသာ မုန္ ႔မ်ိဳးစံုကအျပည့္။
အေတာ္ၾကာ စားေသာက္ၿပီးမွ ထိုင္ေနတဲ့ခံုကေနထလာ၏။
အစားေသာက္ ေသာင္းၾကမ္းလြန္းလို ႔
ဝတ္ထားတဲ့ အက်ၤ ီက ၾကယ္သီးတပ္ထားေသာ္လည္း ဗိုက္ေနရာမွာ ကြက္ၿပီး ဟ ေန၏။ ။
လူပံုက အသားျဖဴ ၿပီး ခနၶာကိုယ္၏ အ၀လြန္မူ ႔ေၾကာင့္ ၁၈နွစ္အ႐ြယ္ ဟု မထင္ရဘဲ လူႀကီးပံုေပါက္၍ေနသည္။
ဒါေပမဲ့ မည္သူတစ္ဦး တစ္ေယာက္မွ
ေဝလံု အင္တာတိန္းမန္ ႔ ရဲ႕ ပဲ့ကိုင္ရွင္ သက္ငယ္ေဝလံုကို မထီေလးစားမလုပ္ရဲေပ။
မနွစ္ပိုင္းကမွ ကုမၸဏီကို ဦးေဆာင္ခဲ့ေပမဲ့
ကေလးသာသာဆိုၿပီး အထင္မေသးဝင့္ရဲေအာင္ လုပ္ျပသြားတာမို ႔ ဖခင္ျဖစ္သူ ဦးေကာင္းလံုလက္ထက္ကထက္ ပိုေအာင္ျမင္လာတာ မ်က္ျမင္ပဲျဖစ္သည္။
လူႀကီးေတြနဲ ့စကားေျပာတာ မ်ိဳး မွာလည္း
အဆင္ေခ်ာေအာင္ ေျပာတက္သလို
အဆက္အသြယ္ေကာင္းေတြရွိတက္တဲ့
သက္ငယ္ေဝလံုက အစားေသာင္းၾကမ္းတက္ေပမဲ့ တကယ့္ ဆရာႀကီးပင္ျဖစ္သည္။
"သြားၾကတာေပါ့ ။ ကြၽန္ေတာ္ အဆင္ေျပလား ကိုရုိး "
ေအာက္နည္းနည္းက်ေနေသာ ေဘာင္းဘီကို အတင္းဆြဲတင္ရင္းေမးလာတာေၾကာင့္ ကိုရုိးတေယာက္ ေယာင္နန ေခါင္းညိမ့္ျပလိုက္မိ၏။
ထို ႔ေနာက္ ပူေနေသာ ဗိုက္ကိုမွ အားမနာပဲ ရင္ေကာ့ကာ အခန္းထဲကေနထြက္သြားၿပီးမို ႔ ေျပးလိုက္ရျပန္သည္။
သူတို ႔သူေဌးသက္ငယ္ေဝလံုက ထိုသို ႔ပင္တည္း။
ခ်စ္တဲ့အိမ္စည္။
Moon နားမှာ ကျွန်တော်ရောက်လာခဲ့တာ ၄လတောင်ရှိခဲ့ပြီ။
တကယ်တော်တဲ့ကလေးတစ်ယောက်ဆိုတာ မပြောပဲသိလာရအောင် သူဟာကြိုးစားပြနိုင်ခဲ့တယ်။
အသက်ငယ်တယ်၊ ရုပ်ရည်ချောမောတယ်။ ဒါပေမဲ့ Moonဟာ အရည်ချင်းတကယ်ရှိတဲ့ကလေးပါ။
"မင်းတကယ်ဆို အဲ့ဒီအလုပ်ကို လက်ခံလိုက်သင့်တယ်။ "
အားမလိုအားမရသံအပြည့်နဲ့ ဆူလိုက်သော်လည်း Moonက လှည့်မကြည့်ပဲ
ကားသော့ကိုပစ်ချကာ ကျွန်တော့်ဘေးကို လာရပ်၏။
မရယ်မပြုံးသော မျက်နှာဟာ တည်တင်းနေပေမဲ့ ကျွန်တော့်ကတော့ မြင်ရပါများလို့ ရိုးတောင်နေပြီ။
ပွဲတခုတက်ပြန်ခဲ့သော Moonသည်
မိတ်ကပ် အနည်းငယ်မှမပါပဲနဲ့ တောင်
ပင်ကိုယ်ရုပ်လေးကြ ဖူနုဖက်နေ၏။
များသောအားဖြင့်Moonက မိတ်ကပ်လိမ်းရတာကို မကြိုက်တက်သူမို့ မဖြစ်မနေလိမ်းရမဲ့ ရိုက်ကွင်းမျိုးကလွဲပီး ပြင်ပအလုပ်တွေကို ဒီတိုင်းပဲ မျက်နှာပြောင်နဲ့ သာသွားတက်သည်။
ထို့ ကြောင့်Moonရဲ့ fanတွေက သူတို့ ကလေးအတွက်ဂုဏ်ယူမဆုံးခဲ့တာဖြစ်သည်။ စကားပြောမတက်သောMoon၊
အပေါက်ဆိုးလှတဲ့Moon၊
အမြဲ ချေနေတက်သောMoonက
ဘာလုပ်လုပ် အပြစ်မမြင်ပဲ ချစ်ပေးနိုင်တဲ့Fan တွေကို ပိုင်ဆိုင်ထားတာတော့ကံကောင်းမူ့ တခုပင်။
"အင်္ကျီချွတ်ပေး "
တိတ်ဆိတ်နေချိန်မှာ ထွက်ပေါ်လာသော အသံက နားဝင်ဆိုးစရာ။
အမြဲတမ်း အထက်စီးက စေခိုင်းတက်သောMoonကိုစိတ်မဆိုးတော့ပဲ လက်က အလိုအလျောက် လုပ်ပေးမိ၏။
ညပွဲမို့ ကျွန်တော်ဆင်ပေးထားတဲ့ အဝတ်စားDesignနဲ့ Moonက ရူးလောက်အောင် ချောနေသည်။ အခုလဲ လိုင်းပေါ်မှာ
ဘယ်လောက် Hot ဖြစ်နေပြီလဲမသိ။
အသားဖြူ သူမို့ သူများတော်ရုံမဝတ်ရဲတဲ့ အရောင်မျိုးတွေကို Moonကို ဆင်လို့ ရတာက အလွန်ကျေနပ်စရာကောင်းတယ်။
လည်ပင်းက ပလက်တီနမ် ဆွဲကြိုးအရှည်ကြီးကို အရင်ဖြုတ်ပေးပြီး စောစောက စကားကို ပြန်ဆက်မိသည်။
"မင်းလက်ခံလိုက်ရင် လမ်းကြောင်းတခုပေါ် အလွယ်တကူရောက်သွားနိုင်တယ်လေ ။ ဘာလို့ ငြင်းလိုက်တာလဲ "
နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုရဲ့
ခေါင်းဆောင်မင်းသားအဖြစ်ကမ်းလှမ်းချက်ကို အားမနာပဲ ငြင်းဆိုခဲ့တာ ဘယ်လောက် ဘေးမှာထိုင်ကြည့်ပီးအသည်းယားခဲ့ရသလဲ။
ပြန်ဖြေမလာတော့ ကြယ်သီးဖြုတ်နေရင်းမော့ကြည့်မိ၏။
အမှတ်တမဲ့ မို့ ရှောင်လွဲချိန်မရလိုက်တဲ့ အကြည့်တို့ က လရိပ်ကို စူးစိုက်ငေးမောနေသလို တစုံတရာခံစားချက်တို့ ရောယှက်နေသယောင်။
ပြီးမှ ဖြည်းဖြည်းခြင်းအကြည့်လွဲသွားကာ
"ကျွန်တော် မင်းသားလုပ်ဖို့ စိတ်ကူးမရှိဘူး"
"ဘာလို့ လဲ။ မင်းဒီထက်ပိုအောင်မြင်သွားတော့မကောင်းဘူးလား။ မင်းအသက် ငယ်ငယ်လေးရှိသေးတာ စကားပြောတာတွေဆင်ခြင်စမ်းပါ။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမူ့ မှာ မင်းကရုပ်လေးနဲ့ မလိုက်အောင်တကယ်ဆိုးတယ်"
ကျွန်တော့စကားကြောင့် မျက်ခုံးတွေက ဆတ်ခနဲ့ တွန့် သွားကာ ချက်ခြင်းခတ်ဆတ်ဆတ်ပြန်ပြောလာသည်။
"မကောင်းဘူး။ ဒီအလုပ်လုပ်တယ်ဆိုတာ အောင်မြင်ချင်လို့ မဟုတ်ဘူး။ လူတယောက်ကို ကျွန်တော် ဒါမျိုးထိ သူမပါပဲရောက်အောင်ကြိုးစားနိုင်တယ်ဆိုတာ ပြချင်
တာ "
ပြောပြီး အခန်းထဲလှည့်ဝင်သွားတဲ့ Moonကိုကြည့်ပီး စိတ်ထဲ တမျိုးကြီးဖြစ်သွားရသည်။
ကျွန်တော်ကကော လုံလုံကိုတွေ့ ရင် ဘာပြောနိုင်မလဲ။
မြန်မာပြည်ရောက်ကတည်း က
Moonကြောင့် မအားလပ်ခဲ့သည်ကြောင့်လုံလုံကို ထပ်သွားမရှာဖြစ်ခဲ့။
ကျွန်တော်ရဲ့ ရည်ရွယ်ချက်က
ဝေလုံပဲမို့ မနက်ဖန်တော့ ခွင့်ယူပြီး
Baby ကို သွားရှာဖို့ ဆုံးဖြတ်လိုက်၏။
__________
နောက်တနေ့ တွင် ကျွန်တော်ဟာ အစောကြီးMoonအခန်းသို့ ရောက်လာခဲ့၏။
အခန်းရဲ့ လျို့ ဝှက်နံပါတ်ကို သိတဲ့ ကျွန်တော့်အတွက်က Moonအခန်းကို ပိုင်စိုးပိုင်နင်းဝင်ရောက်ဖို့ သည် အားနာစရာမဟုတ်ခဲ့ပေ။
" ငါ ဒီနေ့ နားရက်ယူမယ်"
"ဘာလုပ်ဖို့ လဲ"
မကြည်သလို မျက်နှာထားနဲ့ မေးလာတဲ့ Moonကြောင့် ဒေါသလေးက မဆိုသလောက်ပြူလာရပြန်တယ်။ ဒီကလေးက တကယ့်လူဂွစာပင်။
အပြောအဆိုက ဘယ်တော့မှတဖက်သားနားဝင်အောင်မပြောတက်သူ။
"ဘာလုပ်လုပ်ပေါ့။ မင်းငါ့ကို ၁ပတ်တရက်ကတော့ နားခွင့်ပေးသင့်တယ်မထင်ဘူးလား။ ငါ့မှာငါလုပ်ချင်တဲ့အရာတွေရှိသေးတယ်လေ"
"အင်းလေ။ အဲ့ဒါဘာလုပ်မှာလဲ မေးနေတာ။"
"ဘာကြောင့်မင်းကို အကုန်ပြောပြနေရမှာလဲ။ ငါ့ပါစင်နယ်ကို မင်းကို အကုန်ရှင်းပြနေရအောင် မင်းကငါ့အဖေလား"
လရိပ်မကျေနပ်တာကြောင့် ဘုဘောက်လုပ်ပစ်လိုက်သည်။
အသံတိတ်သွားပေမဲ့ သူတီးနေတဲ့ ဂစ်တာကို ပြန်ကောက်ကိုင်ကာ တဒေါင်ဒေါင်တီးနေပြန်၏။ ခွင့်ပေး၊မပေးလည်းမပြောတော့ ဒီတိုင်းထိုင်ကြည့်နေရသည်။
" ဟေး ငါပြောနေတာမပြီးသေးဘူးလေ။
ခွင့်ကယူရမှာလား"
"စပျစ်သီးစားမယ်။ ယူပေး"
"မစားရဘူး။ မင်းစားတာများနေပြီ။ ချောင်းဆိုးတော့မယ်။ "
တီးလက်စ ဂစ်တာသံက ခနငြိမ်သွားကာ
ဆက်မတီးတော့ပဲ ဆိုဖာပေါ် ပြန်တင်သည်။ ပြီးနောက် လရိပ်ဖက်ကိုလှည့်လာကာ
"ဘယ်သွားမှာ ၊ဘာလုပ်မှာ မပြောရင်
ခွင့်မပေးဘူး "
"ကျစ် ! ဒီကောင်ကတော့ "
ခပ်တိုးတိုးပဲ မကျေနိုင်တာပြရဲသည်။
လရိပ်မှူးခိုင် အရင်လို ကြီးကျယ်မြင့်မြတ်မူ့ တွေပျောက်နေတာကြပြီ။ အဲ့ဒါလည်း ထိုကောင်လေးကြောင့်သာ။
တခွန်းမချန်ပြန်ပြောနေတဲ့ နှုတ်ခမ်းလေးတွေကို စိတ်တိုပေမဲ့ လရိပ် အလျော့ပေးဖြစ်တာများနေပြီဖြစ်သည်။
"ငါ့မာမီလေး သွားခိုင်းတဲ့တနေရာကို သွားစရာရှိလို့ "
"ဘာလုပ်ဖို့ လဲ "
စိတ်ဝင်စားဟန်နဲ့ မကျေနပ်နေဟန် ရောနေတဲ့ အကြည့်တွေကြောင့် ဇဝေဇဝါဖြစ်ရသေးသည်။ တကယ်ဆိုကိုယ့်အကြောင်းက သူလို နာမည်ကြီးတစ်ယောက်လောက် စိတ်ဝင်စားဖွယ်ကောင်းမှာလား။
" သွားရလာရအဆင်ပြေအောင် ကားတစီး ကြည့်ခိုင်းလို့ ပါ။ "
"အဲ့ဒါပဲလုပ်စရာရှိတာဆိုရင် သွားမနေနဲ့ ။ ခင်ဗျားက တကယ်ဆို ကားဝယ်စရာလိုသေးလို့ လား။
မဟုတ်တောင် ဘယ်သွားသွား ကျွန်တော့ကားယူသုံးနေတာပဲ "
"တူမလား။ မင်းပိုင်တဲ့ဟာမင်းဟာ။ ငါပိုင်တာ ငါ့ဟာ ။ သူ့ အကန့် နဲ့ သူပဲ။ နေရာတကာ မင်းငါ့ကို လိုက်ပြောနေတာများပြီနော် ကောင်လေး။ ပြီးတော့ ငါဒီနေ့ ခွင့်ယူကိုယူရမှာ။ ငါတခြားသွားစရာရှိသေးတယ်။ "
စကားဆုံးတော့ မျက်မှောင်ကြုတ်ကြီးနဲ့
လုပ်နေသည်မှလွဲ၍ ထပ်မဆိုလာတော့။
ပြောလာလည်း လရိပ်မှူးခိုင်က ဂရုစိုက်မယ်ထင်လား။ ဝေးသေးတယ်။
မကျေနပ်ရင် အလုပ်ထုတ်လိုက်လေ။
မေတ္တာတုံးလေးအခန်းကနေ အောင်နိုင်သူတစ်ယောက်လို ထွက်လာပြီး ရေမိုးချိုးကာ သားသားနားနားဝတ်စားလိုက်သည်။
အကုန်ပြီးမှ အခန်းပြင်ထွက်တော့
Moonက နံရံကိုကျောမှီကာစောင့်နေ၏။
"အဲ့ဒါဘာလုပ်နေတာလဲ "
"လိုက်မလို့ "
ပြောပီးရှေ့ က ထွက်သွား၏။ ။
ဘောင်းဘီတိုဝတ်ထားတဲ့ ခြေသလုံးလေးက အမွှေးအမျှင် သိပ်မရှိပဲ မုန်လာဥဖြူဖြူလေးလို ကိုက်ဖဲ့စားချင်စရာ။
အိမ်မှာခါတိုင်းလည်းမြင်မိသော်လည်း သေချာမကြည့်မိ။
နောက်ပါးကနေ ဖြည်းဖြည်းချင်းလိုက်လာရင်းဆူပူဖို့ မေ့သွား၏။
ခြေသလုံးလေးက တကယ်လှသည်။
"ဘယ်သွားမှာလဲ လိပ်စာပြော"
စကားဆက်မပြောချင်တာနဲ့ သွားမဲ့ လိပ်စာကို ရွတ်ပြလိုက်သည်။
" မင်းအပြင်သွားမှာရေလည်းမချိုးခဲ့ဘူး "
မနက်ကအတိုင်း မျက်မှန်နဲ့ ဆံပင်ရှည်တွေကို မမှီမကမ်းစည်းထားတဲ့ပုံစံပဲမို့
ပြောမိတော့
" ရေမချိုးလည်းကျွန်တော်က ချောတယ်"တဲ့။
ကျွန်တော်နှာခေါင်းရှုံ့ လိုက်သည်။
ညစ်ပတ်တာက ညစ်ပတ်တာပဲလေ။
တရွေ့ ရွေ့ မောင်းလာတဲ့ ကားက
မီးပွိုင့် တချို့ ကို ဖြတ်ကျော်ပြီးမှာ
Showroom ကို ရောက်လာ၏။
သို့ ပေမဲ့ ကံမကောင်းစွာ ဒီနေ့ ဆိုင်ပိတ်သည်တဲ့။
" ဘယ်သွားအုန်းမှာလဲ "
Moonက ကားကို ကျွမ်းကျင်စွာ ပြန်ကွေ့ ရင်း မေးလာ၏။
ကျွန်တော် သွားစရာ ရှိသေးသည်။
သို့ သော် ထိုကောင်လေးနဲ့ အတူမသွားချင်ပါ ။ထိုေ့ကြာင့်
"မရှိတော့ဘူး။ "
အနည်းငယ် စိတ်ပျက်လေသံကြောင့်
Moonက လှည့်ကြည့်လာ၏။
"ဘာလဲ ကားကခုရချင်တာလား။
လုပ်ချင်တာ မလုပ်ရလို့ နှုတ်ခမ်းစူ စိတ်ကောက်နေရအောင် ခင်ဗျားကို ခင်ဗျား ကလေး ပေါက်စလေးများမှတ်နေတာလား။
အဲ့လောက်ရချင်နေတယ်ဆိုရင်လည်း
ကျွန်တော် ကားတစီးပေးမယ်"
ကျွန်တော် စကားဆက်မပြောမိတော့။
သိသိသာသာ ကားမှန်ဖက်ကို လှည့်ကာ
လူ့ ဂွစာကိုကျောပေးထားလိုက်သည်။
တကယ်ဆိုရင် ခွင့်တရက်တောင် မပေးချင်တဲ့ အလုပ်ရှင်ဆီမှာ နောက်တခါထွက်ရဖို့ လွယ်မယ်ထင်သလား။
တကယ်ပဲ စိတ်ပျက်ဖို့ ကောင်းသည်။
ကားထဲတွင်သိသိသာသာ တိတ်ဆိတ်သွားပြီးနောက်မှာ Moonက သီချင်းတပုဒ်ကို ဆိုညီးလာ၏။ထိုသီချင်းသည်
19ရက်နေ့ တမ်းချင်းသီချင်းလေးပင်။
လွမ်းဆွတ်မူ့ သန်းနေသော သီချင်းတပုဒ်ကြောင့် ကျွန်တော်ဟာ မကျေနပ်သမျှမေ့ကာ ဝမ်းနည်းမူ့ ကို ခံစားလာရသည်။
ဆွေးရိပ်သန်းနေသော ခံစားချက်ကို အသက် ၁၆နှစ်အရွယ်လောက်လေးနဲ့ ရေးစပ်နိုင်ခဲ့တာဟာ အံ့သြဖွယ်ရာပါ။
ပြီးတော့ ၂နှစ်အတွင်း ကြောက်မက်ဖွယ်ရာအောင်မြင်မူ့ ထိ ရောက်လာနိုင်ခဲ့တဲ့
Moon ရဲ့ ကံရော ၊ စန်းရော က လုံးဝအံ့အားသင့်စရာပဲ။
________
"ဘောစ် ! မကြာခင် ရောင်ဝါထွန်း ကုမ္ပဏီက သူဌေး ဦးရောင်နီ ရောက်လာပါတော့မယ်။ အဆင်သင့် ပြင်ထားသင့်ပါပြီ "
ငြိမ်သက်စွာ ဘေးမှာရပ်တန့် ကာ
ပြောသော်လည်း အဖက်မလုပ်ပဲ လက်ထဲကမုန့် ကို ကုန်အောင်စားနေသော
Bossဖြစ်သူကြောင့် အတွင်းရေးမူးဖြစ်သူကိုရိုး သည်ထပ်မပြောရဲတော့ပေ။
စားပွဲပေါ်မှာလဲ မုန့် ထုတ်ခွံ တွေ ပွစလောင်းတက်နေပြီး စားပွဲရဲ့ အောက်ခြေ ခြင်းထဲမှာလဲ အိမ်ကယူလာသာ မုန့် မျိုးစုံကအပြည့်။
အတော်ကြာ စားသောက်ပြီးမှ ထိုင်နေတဲ့ခုံကနေထလာ၏။
အစားသောက် သောင်းကြမ်းလွန်းလို့
ဝတ်ထားတဲ့ အင်္ကျီက ကြယ်သီးတပ်ထားသော်လည်း ဗိုက်နေရာမှာ ကွက်ပြီး ဟ နေ၏။ ။
လူပုံက အသားဖြူ ပြီး ခန္ဓာကိုယ်၏ အ၀လွန်မူ့ ကြောင့် ၁၈နှစ်အရွယ် ဟု မထင်ရဘဲ လူကြီးပုံပေါက်၍နေသည်။
ဒါပေမဲ့ မည်သူတစ်ဦး တစ်ယောက်မှ
ဝေလုံ အင်တာတိန်းမန့် ရဲ့ ပဲ့ကိုင်ရှင် သက်ငယ်ဝေလုံကို မထီလေးစားမလုပ်ရဲပေ။
မနှစ်ပိုင်းကမှ ကုမ္ပဏီကို ဦးဆောင်ခဲ့ပေမဲ့
ကလေးသာသာဆိုပြီး အထင်မသေးဝင့်ရဲအောင် လုပ်ပြသွားတာမို့ ဖခင်ဖြစ်သူ ဦးကောင်းလုံလက်ထက်ကထက် ပိုအောင်မြင်လာတာ မျက်မြင်ပဲဖြစ်သည်။
လူကြီးတွေနဲ့ စကားပြောတာ မျိုး မှာလည်း
အဆင်ချောအောင် ပြောတက်သလို
အဆက်အသွယ်ကောင်းတွေရှိတက်တဲ့
သက်ငယ်ဝေလုံက အစားသောင်းကြမ်းတက်ပေမဲ့ တကယ့် ဆရာကြီးပင်ဖြစ်သည်။
"သွားကြတာပေါ့ ။ ကျွန်တော် အဆင်ပြေလား ကိုရိုး "
အောက်နည်းနည်းကျနေသော ဘောင်းဘီကို အတင်းဆွဲတင်ရင်းမေးလာတာကြောင့် ကိုရိုးတယောက် ယောင်နန ခေါင်းညိမ့်ပြလိုက်မိ၏။
ထို့ နောက် ပူနေသော ဗိုက်ကိုမှ အားမနာပဲ ရင်ကော့ကာ အခန်းထဲကနေထွက်သွားပြီးမို့ ပြေးလိုက်ရပြန်သည်။
သူတို့ သူဌေးသက်ငယ်ဝေလုံက ထိုသို့ ပင်တည်း။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz