အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
21
အမွတ္တမဲ့ လက္ခံလိုက္မိတဲ့ အလုပ္ရဲ႕
၃နွစ္ဆိုအဲ့ စာခ်ဳပ္က သိပ္မၾကာခင္မွာ လရိပ္ကို ေျပာင္ျပလာပါသည္။
ျဖစ္ပံုက ဆန္းၾကယ္သည္။
အဲ့ဒါက ကုမၸဏီကို လံုးဝသြားစရာမလိုေတာ့တာပင္။
တခ်ိန္လံုး ထိုေကာင္ေလး သြားတဲ့ ေနာက္ကို လိုက္ရသည္မွာ ဒီေန ႔ဆို ၅ရက္တင္းတင္းျပည့္ခဲ့ေလၿပီ။
အခုလည္း ဂစ္တာတလက္နဲ ့
မ်က္နွာခ်င္းဆိုင္ခံုမွာ ထိုေကာင္ေလးက
တေဒါင္ေဒါင္တီးကာ လရိပ္ကိုနားပူေအာင္လုပ္ေနေလသည္။
သီခ်င္းကိုဟုတ္တိပတ္တိ ဆိုတာမဟုတ္ပဲ လက္သရမ္းေနတာမို ႔ လရိပ္ေဒါသေတြကိုက်ိတ္မွိတ္ၿမိဳ ခ်ေနရသည္။
ၾကာလာေတာ့ ဘယ္လို မွ ပံုဆြဲဖို ႔အာရုံမရေတာ့။
စိတ္ပ်က္လက္ပ်က္ ခဲတံကို ပစ္ခ်ကာ
ထိုေမတၱာတံုးကို လက္ပိုက္ကာ ၾကည့္လိုက္သည္။
" မင္းဘယ္ခ်ိန္ထိ ဒီလိုဆူေနမွာလဲ။
တမနက္လံုး ငါ Designဆြဲေနတာ ခုထိပံုတပံုေတာင္ေကာင္းေကာင္းထြက္မလာဘူးး "
"ဗိုက္ဆာတယ္ "
ၾကည့္! ေတြ ႕လား။ ဘယ္ေလာက္ အသည္းယားစရာေကာင္းလဲ။
စိတ္ဆိုးတဲ့သူသာ ပက္လက္လန္သြားမယ္ အဲ့ေကာင္ေလးရဲ႕ အခ်ိဳးက ျမင္တဲ့အတိုင္းပဲ။ ဆြဲစိေဆာင့္ကာ လုပ္ပစ္လိုက္ရရင္ အႏုိင္က်င့္တယ္ျဖစ္အုန္းမယ္။
"ဗိုက္ဆာတယ္လို ႔"
"က်စ္ ! ခဏေစာင့္ ။ ငါျပန္လာလို ႔ အဲ့ တေတာင္ေတာင္ ကို ဆက္တီးေနေသးရင္ ငါအခန္းငါျပန္ေတာ့မွာ "
ေျပာစရာရွိတာ ေျပာၿပီး ဆူေဆာင့္ကာ
မီးဖိုခန္းထဲ ဝင္လာခဲ့လိုက္သည္။
ဘာခ်က္ေကြၽးရမလဲ စဥ္းစားေတာ့
ထမင္းေပါင္း ကိုသာအာရုံရသည္။
ထိုေကာင္ေလးမွာ တခုေကာင္းတာရွိသည္ အဲ့ဒါေကြၽးသမ်ွစားတာပင္။ တခြန္းတေလေတာင္ ဂ်ီးမမ်ားတက္ေပ။
နာရီဝက္နီးပါးေလာက္ စိတ္ပါလက္ပါ
ခ်က္ျပဳတ္လိုက္ေတာ့ ဟိုေကာင္ေလးကို ခဏေမ့သြား၏။ အကုန္ၿပီးစီးေတာ့
အသားနဲ ့အသီး႐ြက္ မ်ားစြာပါေသာ ထမင္းေပါင္းတစ္ပြဲက လွလွပပ ထြက္လာ၏။
ပန္းကန္းျပားေလးကို လက္ထဲ ေသခ်ာသယ္ကာ ဧည့္ခန္းထုတ္လာေတာ့ ဟိုေကာင္ေလးက ဆိုဖာေပၚမွာ ေကြးေကြးေလးအိပ္ေန၏။ ပံုမွန္အရပ္အေမာင္းဆိုရင္ေတာင္ ဆိုဖာေပၚမွာ ေကာင္းေကာင္းအိပ္နိုင္ေသာ္လည္း ထိုေကာင္ေလးကေတာ့ သူ ႔၏ ရွည္လ်ားတဲ့ ေျခတံရွည္ေတြကို အတင္းဖိေခါက္သိမ္းထားရတဲ့ အေျခေနမွာပင္ ျဖစ္ေအာင္အိပ္ေနရသည္။
မွန္စားပြဲေပၚမွာ ထမင္းပန္းကန္ေလးခ်ကာ
မ်က္မွန္လြတ္ေနေသာ မ်က္ဝန္းေလးေတြကိုေငးၾကည့္မိသည္။
တကယ္ကို ဒီေကာင္ေလးမွာထူးျခားတဲ့ရုပ္ရွည္ရွိတာပဲ။
အိမ္မွာေနတုန္းဆို ထိုေကာင္ေလးက မ်က္မွန္ ေလးေတြတက္တက္ေသာ္လည္း အျပင္ထြက္ရင္ေတာ့ မ်က္ကပ္မွန္သာ တပ္ေလ့ရွိသည္။
၁၉နွစ္ဆိုတဲ့ ငယ္ဂုဏ္ေလးေၾကာင့္
ႏုအိေနတဲ့ ပါးျပင္ေလးက အဖုအဖိန္ ႔တခုတေလေတာင္ မရွိ။ ေသြးေၾကာေလးေတြနဲ ့ ဘူးသီးႏုႏုေတြမွာျမင္ေနရတက္ေသာအေမႊးေပ်ာ့ေပ်ာ့ေလးေတြက ထိုေကာင္ေလးရဲ႕ပါးျပင္ေပၚမွာ ရွိေနတုန္း။
စိတ္လိုလက္ရေငးေမာၿပီးမွ ကိုယ့္အေတြးကို ကိုယ္ျပန္ရွက္သြားကာ ေခ်ာင္းဟန္ ႔လိုက္မိသည္။
"အဟမ္း ဟမ္း !! ဟိုေကာင္ေလး အိပ္မေနနဲ ့ ဗိုက္ဆာလို ႔ဆို "
သိပ္မေအာ္လိုက္ရ။ ခ်က္ခ်င္းမ်က္လံုးပြင့္ကာ နိုးလာ၏။ စားပြဲက မ်က္မွန္ကိုေကာက္တက္ကာ အသီးအ႐ြက္ေတြကို ၾကည့္ေနသည္။ ထိုေနာက္ မစားေသးပဲ မ်က္ေမွာင္ႀကီး ကုတ္ကာ လူကိုလွည့္ၾကည့္လာ၏။
"ဘာလဲ စားစရာရွိတာစား။ သူမ်ားပင္ပန္းခံခ်က္ျပဳတ္ထားတာ ေစတနာနဲ ့။ အသီး႐ြက္ဆိုတာ စားေပးမွ ။ "
"မစားခ်င္ဘူး။ ကြၽန္ေတာ္ အသီး႐ြက္မႀကိဳက္ဘူး။ "
"မစားခ်င္ဘူးလို ႔ဂ်ီးမ်ားရေအာင္ မင္းက ကေလးလား။ ငါငယ္ငယ္ကထိန္းေပးဖူးတဲ့ ေဘဘီေတာင္ မင္းေလာက္ ဂ်ီးမမ်ားဘူး "
ေစာေစာက အစားေသာက္မေ႐ြးဖူးဆိုတဲ့ စကားကိုျပန္ျပင္မယ္။
တကယ္ ဆို ကေလးေတြထက္ေတာင္
ဆိုးဝါးေသးတယ္။
တစ္ေယာက္ထဲ မဲ့႐ြဲ ့ကာ ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာေနတုန္း ထိုေကာင္ေလးဆီက အၾကည့္စူးစူးေၾကာင့္ လႈပ္ရွားမူ ႔မွန္သမ်ွ ရပ္သြား၏။
"ငိုေနတာလား။ မစားခ်င္မစားနဲ ့။ ေပးေပး
မငိုနဲ ့ "
မ်က္ရည္စ တခ်ိဳ ႕ရစ္ဝဲေနေသာ မ်က္ဝန္းေတြနဲ ့ထိုေကာင္ေလးသည္ ကြၽန္ေတာ့္စကားေၾကာင့္ အၾကည့္ျပန္လႊဲကာ ဇြန္းနဲ႔ ့အ႐ြက္ေတြကိုေ႐ြးကာဆယ္စားေနသည္။
တဇြန္းၿပီးတဇြန္း ေဖာင္းေနတဲ့ပါးေလးပိုေဖာင္းေအာင္ထိ ဆယ္စားေနတာမို ႔
ေနာက္ဆံုး မေနနိုင္ေတာ့ ဝင္တားရျပန္သည္။
"ျဖည္းျဖည္းစားတာမဟုတ္ဘူး။
ေရာ႕ ေရေသာက္ ။ "
ေရတခြက္ငဲွ ႔ကာေရွ ႔တိုးေပးေတာ့ ယူေသာက္သည္။ ၿပီးေတာ့ ဆက္စားေနျပန္သည္။ မႀကိဳက္ဖူးလဲေ ျပာေသးသည္။
ခုက်ေတာ့လဲ နည္းနည္းေတာင္မက်န္ေအာင္စားေန၏။ တကယ္ပဲ ထိုေကာင္ေလးက နားလည္ရခက္လွသည္။
" ဒီမွာေကာင္ေလး ။ စားၿပီးရင္ အစာေၾကေဆးေသာက္ရမယ္ေနာ္ ။ "
အိတ္ထဲက ေဆာင္ထားေနက် အစားေၾကေဆးေပးေတာ့ မယူပဲလရိပ္ကို ၾကည့္ေန၏။
ေရာ႕ ဆိုကာ လက္ထဲထည့္ေပးေတာ့
မေသာက္ပဲ ထိုေဆးလံုးေလးကို ဆုပ္ကိုင္ကာ
" ကြၽန္ေတာ့္ကိုလည္း ေဘဘီလို ႔ေခၚ "
"အဟြတ္ အဟြတ္ "
Moonဆိုတဲ့ ေကာင္ေလးက ထိုသို ႔ အဆက္ဆက္မရွိေျပာရမယ္ဆိုရင္ နံပါတ္တစ္ပဲ။
အေတာ္ၾကာေအာင္ သီးၿပီးတဲ့ထိ
ခပ္တည္တည္ပဲ ၾကည့္ေနတာမို ႔
" ေဘဘီလို ႔ေခၚရေအာင္ မင္းက ကေလးလား။ ၿပီးေတာ့ အဲ့လိုေခၚရမဲ့သူက ငါ့ေဘဘီ တစ္ေယာက္ပဲ ရွိတယ္။ "
ခပ္ဆတ္ဆတ္ ေျပာကာ
စားပြဲေပၚက စာ႐ြက္တခ်ိဳ ႕ကို ေကာက္သိမ္းၿပီး ကိုယ့္အခန္းကို ျပန္ေျပးလာခဲ့လိုက္သည္။ မလြယ္ဘူး ထိုေကာင္ေလးနဲ ့
ၾကာၾကာအတူေနရရင္။
___________
" ေနအုန္း ခဏ "
ရင္ဖက္က သံုးလံုးခန္ ႔ျပဳတ္ေနေသာ
ၾကယ္သီးေတြကို ၾကည့္ကာ ျပန္တပ္ဖို ႔လက္ကလွမ္းလိုက္သည္။
ရင္ဖက္ေဖြးေဖြးက အသားျဖဴသူမို ႔
ထင္းရွင္းေနကာ ဘယ္လိုမွ မ်က္နွာလႊဲထားလို ႔လဲမရ။
ခုဟာက နိုင္ငံျခား Brand တခုရဲ႕
အက်ၤ ီေၾကာ္ျငာကို Moonက လက္ခံရုိက္ကူးေပးေနတာျဖစ္သည္။
အကုန္အျပည့္တက္ရင္မလွေတာ့မွာစိုးလို ႔တလံုးကိုသာျပန္တက္ေပးလိုက္ၿပီး ဆြဲႀကိဳး ေသးေသးေနရာမွာ ခပ္တုတ္တုတ္ ေရႊဆြဲႀကိဳးကို ေျပာင္းဆင္ေပးလိုက္သည္။
မိတ္ကပ္အနည္းငယ္ ျပင္ထားေသာ မ်က္နွာေလးသည္ ပန္းႏုေရာင္ေလးသန္းကာ ရွည္စျပဳေနတဲ့ ဆံႏြယ္ေတြကို ေနာက္မွာ တလႊာစီးထားသည္မို ႔ကေလးဆန္မသြားပဲ လံုးဝအရုိင္းဆန္ေနသည္။
"ရၿပီ "
စိတ္တိုင္းက် ျပန္ျပင္ဆင္ေပးၿပီးေတာ့
မလွမ္းမကမ္းကေန တေခါက္ျပန္ေျပးၾကည့္ေသးသည္။ အကုန္အဆင္ေျပပီဆိုမွ လက္မေထာင္ျပေတာ့ မသိခ်င္ေယာင္ကာ ရုိက္ကြင္းဖက္ကို ထြက္သြား၏။
ေလထဲမွာ တိုးလို ႔တန္းလန္း က်န္ခဲ့တဲ့ လက္မကို ရွက္ရွက္နဲ ့ျပန္သိမ္းလိုက္ရၿပီး တေယာက္ထဲ နႈတ္ခမ္းကိုက္ကာ မေက်မနပ္က်န္ခဲ့ရသည္။
ထိုေကာင္ေလးက နည္းနည္းမွေသာက္က်င့္မေကာင္းပါ။
အားနာမူ ႔ဆိုတာ ဂ်ိဳနဲ ့လားလို ႔ေမးယူရေလာက္ေအာင္ အလိုက္ကမ္းဆိုးတစက္မွမသိသူပင္။
ဒါေပမဲ့ ထိုေကာင္ေလးက လမင္းႀကီးနဲ ့တူသည္။ တဖ်တ္ဖ်တ္မီးအလင္းေရာင္ေတြၾကားမွာ ခပ္တည္တည္မ်က္နွာထားနဲ ့
Moonသည္ အမွန္တကယ္ ၾကည့္ေကာင္းလြန္းလွသည္။
အေျပာဆိုးလွတဲ့ Moonမွာ
ၾကည့္ေကာင္းလွတဲ့ ရုပ္ရည္ေၾကာင့္
Fanေတြအမ်ားႀကီးရွိတာကေတာ့ မနာလိုခ်င္စရာေကာင္းလွသည္။
"ေနာက္တစံုလဲမယ္။ "
Camera men ရဲ႕ အသံက်ယ္ႀကီးေၾကာင့္ ေနာက္တစံုကို လရိပ္ အဆင္သင့္ထုတ္ထားလိုက္သည္။မၾကာဘူး ေဘးနားလာရပ္ကာ
"ေရတိုက္ ။ေရေသာက္ခ်င္တယ္ "
"မင္းမွာလက္မပါဘူးလား။ ငါ့အလုပ္က
မင္းရဲ႕ ပင္တိုင္ Designer ။ ေအာက္ေျခသိမ္းကအစ လိုက္လုပ္ေပးေနစရာမလိုဘူးထင္တယ္။ "
ေစာေစာကကိစၥနဲ ့အျမင္မၾကည္ျဖစ္ေနသည္မို ႔ ကြၽန္ေတာ္ေလသံေတြသည္ အနည္းငယ္မာလို ႔ေနသည္။
ကိုယ္ဘယ္ေလာက္မာမာ ၾကည့္ေနတဲ့ ေပေစာင္းေစာင္းအခြက္က နည္းနည္းေလးေတာင္ေျပာင္းမသြားတဲ့အျပင္ ထပ္ၿပီးေျပာလာျပန္သည္။
"ေရ.ေသာက္.ခ်င္ .တယ္ "
လရိပ္ေဒါသတႀကီး Moonကို ၾကည့္ကာ
"မတိုက္ဘူး။ မင္းလက္နဲ ့မင္းဘာသာ ေသာက္ ။ ငါ့အလုပ္က မင္းအဝတ္စားလဲရင္ ကူညီေပးဖို ႔ Ok "
ပံုမွန္ဆို ကြၽန္ေတာ္က စကားေတြခုလို တြက္ကပ္ၿပီး ေျပာမေနတက္ေပ။ တခြန္းေျပာလို ႔မွမရရင္ လုပ္ေပးလိုက္တာမ်ားသည္။ ဒီတခါေတာ့ ထိုေမတၲာတံုးေလးကို
အေလ်ာ့မေပးဘူးဆိုတဲ့ စိတ္နဲ ့ အျမင္ကပ္လို ႔ တမင္ပင္လုပ္မေပးတာျဖစ္သည္။
ဒါေပမဲ့ Moonက သူ ႔ဘာသာလဲ ယူမေသာက္ လရိပ္ကိုလည္းဆက္မေျပာလာေတာ့။
အမွန္တကယ္ဆို အိမ္ကထည့္လာတဲ့ ေရဘူးေလးကို အိတ္ထဲကထုတ္ေသာက္ရုံသာ။ အပန္းမႀကီးတာကို သူကိုယ္တိုင္ကလည္း ေသာက္က်င့္ယုတ္ၿပီး ကပ္ေနတာ။
စိတ္ဆိုးဆိုးနဲ ့ေနာက္တစံုကို ေဆာင့္ေအာင့္လဲေပးေတာ့လည္း တခြန္းမွျပန္မေျပာၿငိမ္ၿပီး လုပ္ေပးတဲ့ အတိုင္းခံေနသည္။
Moonက အေက်ာတင္းသလို လရိပ္မွဴ းခိုင္ကလည္း ေခါင္းမာတက္သူမို ႔ သူတို ႔နွစ္ေယာက္ကနည္းနည္းမွ မတည့္။
ဒါေပမဲ့ ဒီတခါ အေလ်ာ့ေပးရတာ လရိပ္ျဖစ္ခဲ့သည္။
ေရဆာတယ္ေျပာၿပီး ယူမတိုက္မခ်င္းလံုးဝမထိသည္မို ႔ေနာက္ဆံုး ကိုယ္သာ အေလ်ာ့ေပးလိုက္ရသည္။
အနက္ေရာင္ ေရဘူးေလးကိုကိုင္ၿပီး သူဓာတ္ပံုရုိက္တဲ့နား သြားေပးေတာ့ ဘယ္ေတာ့မွမၿပံဳးတဲ့
နႈတ္ခမ္းေတြက မထိတထိနဲ ့ ၿပံဳးခ်င္သလိုလို။
ေတာက္ ! သနားမိတာ ဘယ္သူ ႔အျပစ္မွမဟုတ္ဘူး လရိပ္မွဴးခိုင္ဆိုတဲ့ ကြၽန္ေတာ့္အျပစ္။
ျဖစ္နိုင္ရင္ အဲ့ဒီ နႈတ္ခမ္းႀကီးကို ငါ့ကို ေလွာင္ခ်င္အုန္းဟ ဆိုၿပီး ဆြဲဖဲ့ပစ္ခ်င္သည္။
အဲ့ဒီ ေမတၱာတံုး ဘယ္ေလာက္ ေသာက္က်င့္ယုတ္သလဲဆိုရင္ ေဘးနားမွာ ခိုင္းဖို ႔ေခၚထားတဲ့ ေကာင္ေလးနွစ္ေယာက္ကို ကြၽန္ေတာ္ေရာက္ကတည္းက အလုပ္ထုတ္လိုက္တာ ။
ထိုးထားတဲ့ စာခ်ဳပ္က လက္မွတ္ေၾကာင့္ သည္းခံေနတာ နို ႔မို ႔ဆို အဲ့အေကာင္နားမွာ ေနမေနဘူး။
ခ်စ္တဲ့အိမ္စည္။
အမှတ်တမဲ့ လက်ခံလိုက်မိတဲ့ အလုပ်ရဲ့
၃နှစ်ဆိုအဲ့ စာချုပ်က သိပ်မကြာခင်မှာ လရိပ်ကို ပြောင်ပြလာပါသည်။
ဖြစ်ပုံက ဆန်းကြယ်သည်။
အဲ့ဒါက ကုမ္ပဏီကို လုံးဝသွားစရာမလိုတော့တာပင်။
တချိန်လုံး ထိုကောင်လေး သွားတဲ့ နောက်ကို လိုက်ရသည်မှာ ဒီနေ့ ဆို ၅ရက်တင်းတင်းပြည့်ခဲ့လေပြီ။
အခုလည်း ဂစ်တာတလက်နဲ့
မျက်နှာချင်းဆိုင်ခုံမှာ ထိုကောင်လေးက
တဒေါင်ဒေါင်တီးကာ လရိပ်ကိုနားပူအောင်လုပ်နေလေသည်။
သီချင်းကိုဟုတ်တိပတ်တိ ဆိုတာမဟုတ်ပဲ လက်သရမ်းနေတာမို့ လရိပ်ဒေါသတွေကိုကျိတ်မှိတ်မြို ချနေရသည်။
ကြာလာတော့ ဘယ်လို မှ ပုံဆွဲဖို့ အာရုံမရတော့။
စိတ်ပျက်လက်ပျက် ခဲတံကို ပစ်ချကာ
ထိုမေတ္တာတုံးကို လက်ပိုက်ကာ ကြည့်လိုက်သည်။
" မင်းဘယ်ချိန်ထိ ဒီလိုဆူနေမှာလဲ။
တမနက်လုံး ငါ Designဆွဲနေတာ ခုထိပုံတပုံတောင်ကောင်းကောင်းထွက်မလာဘူးး "
"ဗိုက်ဆာတယ် "
ကြည့်! တွေ့ လား။ ဘယ်လောက် အသည်းယားစရာကောင်းလဲ။
စိတ်ဆိုးတဲ့သူသာ ပက်လက်လန်သွားမယ် အဲ့ကောင်လေးရဲ့ အချိုးက မြင်တဲ့အတိုင်းပဲ။ ဆွဲစိဆောင့်ကာ လုပ်ပစ်လိုက်ရရင် အနိုင်ကျင့်တယ်ဖြစ်အုန်းမယ်။
"ဗိုက်ဆာတယ်လို့ "
"ကျစ် ! ခဏစောင့် ။ ငါပြန်လာလို့ အဲ့ တတောင်တောင် ကို ဆက်တီးနေသေးရင် ငါအခန်းငါပြန်တော့မှာ "
ပြောစရာရှိတာ ပြောပြီး ဆူဆောင့်ကာ
မီးဖိုခန်းထဲ ဝင်လာခဲ့လိုက်သည်။
ဘာချက်ကျွေးရမလဲ စဉ်းစားတော့
ထမင်းပေါင်း ကိုသာအာရုံရသည်။
ထိုကောင်လေးမှာ တခုကောင်းတာရှိသည် အဲ့ဒါကျွေးသမျှစားတာပင်။ တခွန်းတလေတောင် ဂျီးမများတက်ပေ။
နာရီဝက်နီးပါးလောက် စိတ်ပါလက်ပါ
ချက်ပြုတ်လိုက်တော့ ဟိုကောင်လေးကို ခဏမေ့သွား၏။ အကုန်ပြီးစီးတော့
အသားနဲ့ အသီးရွက် များစွာပါသော ထမင်းပေါင်းတစ်ပွဲက လှလှပပ ထွက်လာ၏။
ပန်းကန်းပြားလေးကို လက်ထဲ သေချာသယ်ကာ ဧည့်ခန်းထုတ်လာတော့ ဟိုကောင်လေးက ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်နေ၏။ ပုံမှန်အရပ်အမောင်းဆိုရင်တောင် ဆိုဖာပေါ်မှာ ကောင်းကောင်းအိပ်နိုင်သော်လည်း ထိုကောင်လေးကတော့ သူ့ ၏ ရှည်လျားတဲ့ ခြေတံရှည်တွေကို အတင်းဖိခေါက်သိမ်းထားရတဲ့ အခြေနေမှာပင် ဖြစ်အောင်အိပ်နေရသည်။
မှန်စားပွဲပေါ်မှာ ထမင်းပန်းကန်လေးချကာ
မျက်မှန်လွတ်နေသော မျက်ဝန်းလေးတွေကိုငေးကြည့်မိသည်။
တကယ်ကို ဒီကောင်လေးမှာထူးခြားတဲ့ရုပ်ရှည်ရှိတာပဲ။
အိမ်မှာနေတုန်းဆို ထိုကောင်လေးက မျက်မှန် လေးတွေတက်တက်သော်လည်း အပြင်ထွက်ရင်တော့ မျက်ကပ်မှန်သာ တပ်လေ့ရှိသည်။
၁၉နှစ်ဆိုတဲ့ ငယ်ဂုဏ်လေးကြောင့်
နုအိနေတဲ့ ပါးပြင်လေးက အဖုအဖိန့် တခုတလေတောင် မရှိ။ သွေးကြောလေးတွေနဲ့ ဘူးသီးနုနုတွေမှာမြင်နေရတက်သောအမွှေးပျော့ပျော့လေးတွေက ထိုကောင်လေးရဲ့ပါးပြင်ပေါ်မှာ ရှိနေတုန်း။
စိတ်လိုလက်ရငေးမောပြီးမှ ကိုယ့်အတွေးကို ကိုယ်ပြန်ရှက်သွားကာ ချောင်းဟန့် လိုက်မိသည်။
"အဟမ်း ဟမ်း !! ဟိုကောင်လေး အိပ်မနေနဲ့ ဗိုက်ဆာလို့ ဆို "
သိပ်မအော်လိုက်ရ။ ချက်ချင်းမျက်လုံးပွင့်ကာ နိုးလာ၏။ စားပွဲက မျက်မှန်ကိုကောက်တက်ကာ အသီးအရွက်တွေကို ကြည့်နေသည်။ ထိုနောက် မစားသေးပဲ မျက်မှောင်ကြီး ကုတ်ကာ လူကိုလှည့်ကြည့်လာ၏။
"ဘာလဲ စားစရာရှိတာစား။ သူများပင်ပန်းခံချက်ပြုတ်ထားတာ စေတနာနဲ့ ။ အသီးရွက်ဆိုတာ စားပေးမှ ။ "
"မစားချင်ဘူး။ ကျွန်တော် အသီးရွက်မကြိုက်ဘူး။ "
"မစားချင်ဘူးလို့ ဂျီးများရအောင် မင်းက ကလေးလား။ ငါငယ်ငယ်ကထိန်းပေးဖူးတဲ့ ဘေဘီတောင် မင်းလောက် ဂျီးမများဘူး "
စောစောက အစားသောက်မရွေးဖူးဆိုတဲ့ စကားကိုပြန်ပြင်မယ်။
တကယ် ဆို ကလေးတွေထက်တောင်
ဆိုးဝါးသေးတယ်။
တစ်ယောက်ထဲ မဲ့ရွဲ့ ကာ ဗျစ်တောက်ဗျစ်တောက်ပြောနေတုန်း ထိုကောင်လေးဆီက အကြည့်စူးစူးကြောင့် လှုပ်ရှားမူ့ မှန်သမျှ ရပ်သွား၏။
"ငိုနေတာလား။ မစားချင်မစားနဲ့ ။ ပေးပေး
မငိုနဲ့ "
မျက်ရည်စ တချို့ ရစ်ဝဲနေသော မျက်ဝန်းတွေနဲ့ ထိုကောင်လေးသည် ကျွန်တော့်စကားကြောင့် အကြည့်ပြန်လွှဲကာ ဇွန်းနဲ့ အရွက်တွေကိုရွေးကာဆယ်စားနေသည်။
တဇွန်းပြီးတဇွန်း ဖောင်းနေတဲ့ပါးလေးပိုဖောင်းအောင်ထိ ဆယ်စားနေတာမို့
နောက်ဆုံး မနေနိုင်တော့ ဝင်တားရပြန်သည်။
"ဖြည်းဖြည်းစားတာမဟုတ်ဘူး။
ရော့ ရေသောက် ။ "
ရေတခွက်ငှဲ့ ကာရှေ့ တိုးပေးတော့ ယူသောက်သည်။ ပြီးတော့ ဆက်စားနေပြန်သည်။ မကြိုက်ဖူးလဲေ ပြာသေးသည်။
ခုကျတော့လဲ နည်းနည်းတောင်မကျန်အောင်စားနေ၏။ တကယ်ပဲ ထိုကောင်လေးက နားလည်ရခက်လှသည်။
" ဒီမှာကောင်လေး ။ စားပြီးရင် အစာကြေဆေးသောက်ရမယ်နော် ။ "
အိတ်ထဲက ဆောင်ထားနေကျ အစားကြေဆေးပေးတော့ မယူပဲလရိပ်ကို ကြည့်နေ၏။
ရော့ ဆိုကာ လက်ထဲထည့်ပေးတော့
မသောက်ပဲ ထိုဆေးလုံးလေးကို ဆုပ်ကိုင်ကာ
" ကျွန်တော့်ကိုလည်း ဘေဘီလို့ ခေါ် "
"အဟွတ် အဟွတ် "
Moonဆိုတဲ့ ကောင်လေးက ထိုသို့ အဆက်ဆက်မရှိပြောရမယ်ဆိုရင် နံပါတ်တစ်ပဲ။
အတော်ကြာအောင် သီးပြီးတဲ့ထိ
ခပ်တည်တည်ပဲ ကြည့်နေတာမို့
" ဘေဘီလို့ ခေါ်ရအောင် မင်းက ကလေးလား။ ပြီးတော့ အဲ့လိုခေါ်ရမဲ့သူက ငါ့ဘေဘီ တစ်ယောက်ပဲ ရှိတယ်။ "
ခပ်ဆတ်ဆတ် ပြောကာ
စားပွဲပေါ်က စာရွက်တချို့ ကို ကောက်သိမ်းပြီး ကိုယ့်အခန်းကို ပြန်ပြေးလာခဲ့လိုက်သည်။ မလွယ်ဘူး ထိုကောင်လေးနဲ့
ကြာကြာအတူနေရရင်။
___________
" နေအုန်း ခဏ "
ရင်ဖက်က သုံးလုံးခန့် ပြုတ်နေသော
ကြယ်သီးတွေကို ကြည့်ကာ ပြန်တပ်ဖို့ လက်ကလှမ်းလိုက်သည်။
ရင်ဖက်ဖွေးဖွေးက အသားဖြူသူမို့
ထင်းရှင်းနေကာ ဘယ်လိုမှ မျက်နှာလွှဲထားလို့ လဲမရ။
ခုဟာက နိုင်ငံခြား Brand တခုရဲ့
အင်္ကျီကြော်ငြာကို Moonက လက်ခံရိုက်ကူးပေးနေတာဖြစ်သည်။
အကုန်အပြည့်တက်ရင်မလှတော့မှာစိုးလို့ တလုံးကိုသာပြန်တက်ပေးလိုက်ပြီး ဆွဲကြိုး သေးသေးနေရာမှာ ခပ်တုတ်တုတ် ရွှေဆွဲကြိုးကို ပြောင်းဆင်ပေးလိုက်သည်။
မိတ်ကပ်အနည်းငယ် ပြင်ထားသော မျက်နှာလေးသည် ပန်းနုရောင်လေးသန်းကာ ရှည်စပြုနေတဲ့ ဆံနွယ်တွေကို နောက်မှာ တလွှာစီးထားသည်မို့ ကလေးဆန်မသွားပဲ လုံးဝအရိုင်းဆန်နေသည်။
"ရပြီ "
စိတ်တိုင်းကျ ပြန်ပြင်ဆင်ပေးပြီးတော့
မလှမ်းမကမ်းကနေ တခေါက်ပြန်ပြေးကြည့်သေးသည်။ အကုန်အဆင်ပြေပီဆိုမှ လက်မထောင်ပြတော့ မသိချင်ယောင်ကာ ရိုက်ကွင်းဖက်ကို ထွက်သွား၏။
လေထဲမှာ တိုးလို့ တန်းလန်း ကျန်ခဲ့တဲ့ လက်မကို ရှက်ရှက်နဲ့ ပြန်သိမ်းလိုက်ရပြီး တယောက်ထဲ နှုတ်ခမ်းကိုက်ကာ မကျေမနပ်ကျန်ခဲ့ရသည်။
ထိုကောင်လေးက နည်းနည်းမှသောက်ကျင့်မကောင်းပါ။
အားနာမူ့ ဆိုတာ ဂျိုနဲ့ လားလို့ မေးယူရလောက်အောင် အလိုက်ကမ်းဆိုးတစက်မှမသိသူပင်။
ဒါပေမဲ့ ထိုကောင်လေးက လမင်းကြီးနဲ့ တူသည်။ တဖျတ်ဖျတ်မီးအလင်းရောင်တွေကြားမှာ ခပ်တည်တည်မျက်နှာထားနဲ့
Moonသည် အမှန်တကယ် ကြည့်ကောင်းလွန်းလှသည်။
အပြောဆိုးလှတဲ့ Moonမှာ
ကြည့်ကောင်းလှတဲ့ ရုပ်ရည်ကြောင့်
Fanတွေအများကြီးရှိတာကတော့ မနာလိုချင်စရာကောင်းလှသည်။
"နောက်တစုံလဲမယ်။ "
Camera men ရဲ့ အသံကျယ်ကြီးကြောင့် နောက်တစုံကို လရိပ် အဆင်သင့်ထုတ်ထားလိုက်သည်။မကြာဘူး ဘေးနားလာရပ်ကာ
"ရေတိုက် ။ရေသောက်ချင်တယ် "
"မင်းမှာလက်မပါဘူးလား။ ငါ့အလုပ်က
မင်းရဲ့ ပင်တိုင် Designer ။ အောက်ခြေသိမ်းကအစ လိုက်လုပ်ပေးနေစရာမလိုဘူးထင်တယ်။ "
စောစောကကိစ္စနဲ့ အမြင်မကြည်ဖြစ်နေသည်မို့ ကျွန်တော်လေသံတွေသည် အနည်းငယ်မာလို့ နေသည်။
ကိုယ်ဘယ်လောက်မာမာ ကြည့်နေတဲ့ ပေစောင်းစောင်းအခွက်က နည်းနည်းလေးတောင်ပြောင်းမသွားတဲ့အပြင် ထပ်ပြီးပြောလာပြန်သည်။
"ရေ.သောက်.ချင် .တယ် "
လရိပ်ဒေါသတကြီး Moonကို ကြည့်ကာ
"မတိုက်ဘူး။ မင်းလက်နဲ့ မင်းဘာသာ သောက် ။ ငါ့အလုပ်က မင်းအဝတ်စားလဲရင် ကူညီပေးဖို့ Ok "
ပုံမှန်ဆို ကျွန်တော်က စကားတွေခုလို တွက်ကပ်ပြီး ပြောမနေတက်ပေ။ တခွန်းပြောလို့ မှမရရင် လုပ်ပေးလိုက်တာများသည်။ ဒီတခါတော့ ထိုမေတ္တာတုံးလေးကို
အလျော့မပေးဘူးဆိုတဲ့ စိတ်နဲ့ အမြင်ကပ်လို့ တမင်ပင်လုပ်မပေးတာဖြစ်သည်။
ဒါပေမဲ့ Moonက သူ့ ဘာသာလဲ ယူမသောက် လရိပ်ကိုလည်းဆက်မပြောလာတော့။
အမှန်တကယ်ဆို အိမ်ကထည့်လာတဲ့ ရေဘူးလေးကို အိတ်ထဲကထုတ်သောက်ရုံသာ။ အပန်းမကြီးတာကို သူကိုယ်တိုင်ကလည်း သောက်ကျင့်ယုတ်ပြီး ကပ်နေတာ။
စိတ်ဆိုးဆိုးနဲ့ နောက်တစုံကို ဆောင့်အောင့်လဲပေးတော့လည်း တခွန်းမှပြန်မပြောငြိမ်ပြီး လုပ်ပေးတဲ့ အတိုင်းခံနေသည်။
Moonက အကျောတင်းသလို လရိပ်မှူးခိုင်ကလည်း ခေါင်းမာတက်သူမို့ သူတို့ နှစ်ယောက်ကနည်းနည်းမှ မတည့်။
ဒါပေမဲ့ ဒီတခါ အလျော့ပေးရတာ လရိပ်ဖြစ်ခဲ့သည်။
ရေဆာတယ်ပြောပြီး ယူမတိုက်မချင်းလုံးဝမထိသည်မို့ နောက်ဆုံး ကိုယ်သာ အလျော့ပေးလိုက်ရသည်။
အနက်ရောင် ရေဘူးလေးကိုကိုင်ပြီး သူဓာတ်ပုံရိုက်တဲ့နား သွားပေးတော့ ဘယ်တော့မှမပြုံးတဲ့
နှုတ်ခမ်းတွေက မထိတထိနဲ့ ပြုံးချင်သလိုလို။
တောက် ! သနားမိတာ ဘယ်သူ့ အပြစ်မှမဟုတ်ဘူး လရိပ်မှူးခိုင်ဆိုတဲ့ ကျွန်တော့်အပြစ်။
ဖြစ်နိုင်ရင် အဲ့ဒီ နှုတ်ခမ်းကြီးကို ငါ့ကို လှောင်ချင်အုန်းဟ ဆိုပြီး ဆွဲဖဲ့ပစ်ချင်သည်။
အဲ့ဒီ မေတ္တာတုံး ဘယ်လောက် သောက်ကျင့်ယုတ်သလဲဆိုရင် ဘေးနားမှာ ခိုင်းဖို့ ခေါ်ထားတဲ့ ကောင်လေးနှစ်ယောက်ကို ကျွန်တော်ရောက်ကတည်းက အလုပ်ထုတ်လိုက်တာ ။
ထိုးထားတဲ့ စာချုပ်က လက်မှတ်ကြောင့် သည်းခံနေတာ နို့ မို့ ဆို အဲ့အကောင်နားမှာ နေမနေဘူး။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz