အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
20
"ဟူး ... ေနာက္ဆံုးေတာ့ အိမ္ျပန္ေရာက္ခဲ့ၿပီ "
အေပၚစီးကေန ျမင္ေနရေသာ ရန္ကုန္ၿမိဳ ႕ျပရူ ႔ခင္းေတြကို ေငးၾကည့္ရင္း ကြၽန္ေတာ္တစ္ေယာက္ထဲတီးတိုးဆိုမိသည္။
လြန္ခဲ့ေသာ ၂ရက္က ကြၽန္ေတာ္ ျပန္ေရာက္တယ္။
ေရာက္ေရာက္ခ်င္း ကားငွားၿပီး ေမ်ွာ္လင့္ျခင္းေတြနဲ ့ ေပါက္စီလံုးကိုသြားေတြ ႕ခဲ့ေပမဲ့
ေသာ့ခတ္ထားတဲ့ အိမ္ကိုသာ ေတြ ႕ခဲ့ရသည္။
စိတ္ဓာတ္က်တယ္ဆိုတာ ကြၽန္ေတာ့္ဘဝမွာ ဒါပထမဆံုးပဲ။
ေပါက္စီလံုးကိုဘာပဲျဖစ္ျဖစ္ အရင္ဦးဆံုးေတြ ႕ခ်င္တာကြၽန္ေတာ္ဆႏၵေလ။
ေနာက္ဆံုး အေဖ့ကို ႀကိဳတင္ဝယ္ခိုင္းထားတဲ့ Condoကို ညတြင္းျခင္း ေရာက္ခဲ့တယ္ဆိုပါေတာ့။ အထဲမွာ ပစၥည္းအစံု ျဖည့္တင္းထားတဲ့ Condoသည္
တကယ့္ အမိုက္စားမို ႔ေတာ္ရုံလူ ဝယ္မေနနိုင္ေပ။
ေဒၚေလးေပးထားခဲ့တဲ့ အေမြ ေတာ္ေတာ္မ်ားမ်ားကိုေတာ့ သံုးလိုက္ရတယ္ဆိုေပမဲ့ တကယ္ႀကီး အဆင့္ျမင့္Condoမို ႔တန္ပါသည္။
ထားပါ ဒါက မသံုးလို ႔မွမျဖစ္တာ။
ခုလတ္တေလာကေတာ့ ေတာ္ေတာ္ႀကီးအဆင္ေျပသြားတယ္ထားပါေတာ့။
အလုပ္အတြက္လည္းမပူရ ။ ဒီကိုျပန္မလာခင္ကတည္းက ဖက္ရွင္ကုမၸဏီႀကီးတစ္ခုမွာ သူအလုပ္ေလ်ွာက္ခဲ့ၿပီးသား။ ရဖို ႔လည္းမ်ားသည္မို ႔တျခားေတာ့ အလုပ္မရွာေတာ့။
Ringtone.......
မွန္တံခါးမွအျပင္ကိုေငးေနေသာ ကြၽန္ေတာ့္အေတြးသည္ ဖုန္းသံက်ယ္က်ယ္ေၾကာင့္ ပ်က္ျပယ္ကုန္သည္။ဒီခ်ိန္ဖုန္းဆက္လာကတည္းက ဘယ္သူဆိုတာ သိသည္မို ႔ ၿပံဳးကာ ဖုန္းကိုင္လိုက္သည္။
"Hello ! ဂြၽန္နီ ။ ေနရတာ အဆင္ေျပရဲ႕လား"
"ေျပပါတယ္ အန္တီဂေရစ့္ ။ ဒီမွာၾကည့္ မိုက္တယ္မို ႔လား။ "
အခန္းကို ဖုန္းနဲ ့လွည့္ပတ္ျပေတာ့ အန္တီက ပါ သေဘာက်ေနသည္။
"က်ယ္သားပဲ။ မင္းအေဖဝယ္တုန္းက အန္တီမၾကည့္လိုက္ရဘူးေလ။ အဆင္ေျပရင္ ၿပီးတာပါပဲ။ ဘာလိုအပ္ေသးလဲ ဂြၽန္နီ"
"လိုအပ္ရင္ ေျပာမယ္အန္တီ။ ခုေတာ့ မနက္စာ အျပင္ထြက္စားလိုက္အုန္းမယ္။ "
"အင္း ။ ဒါဆို အန္တီဖုန္းခ်လိုက္မယ္။ ေအာ္ ေမ့ေတာ့မလို ႔ ။ အန္တီမိတ္ေဆြတစ္ေယာက္နဲ ့ခ်ိတ္ထားတယ္ ။ လိပ္စာ ပို ႔ေပးထားမယ္။ သူ ႔ဆီသြားေတြ ႕လိုက္။ သြားရလာရလြယ္ေအာင္ ဂြၽန္နီ အတြက္ ကားမွာေပးထားတယ္။ သားႀကိဳက္တာလည္းေ႐ြးလို ႔ရတယ္။ အန္တီဝယ္ေပးတာမို ႔အားမနာပဲ သားႀကိဳက္တာယူလို ႔ရတယ္"
အန္တီနဲ ့အေတာ္ၾကာေအာင္ စကားေျပာၿပီးနႈတ္ဆက္ကာဖုန္းကို ခ်လိုက္သည္။
ဝယ္ေပးေတာ့လဲယူရတာေပါ့။
သူကအရင္လို လရိပ္မွမဟုတ္ေတာ့တာ။
ကိုယ္အေၾကာင္းကိုယ္ေတြးမိေတာ့ ရယ္ခ်င္မိသလို။
အရင္ကဆို သူမ်ားပိုက္ဆံဆို သူကလက္ဖ်ားနဲ ့ေတာင္ ထိသူမဟုတ္။
ခုေတာ့ မိသားစုဆိုတဲ့ စိတ္နဲ ့ကြၽန္ေတာ့္စိတ္ေတြက ႏုညံ့ေနသည္။
ခနၾကာေတာ့လိပ္စာ တခုဖုန္းထဲဝင္လာ၏။
ေရျမန္ျမန္ခ်ိဳးကာ သူအျပင္သြားဖို ႔အခန္းထဲကေန ထြက္လိုက္သည္။
လရိပ္ တံခါးဖြင့္ၿပီး အျပင္ထြက္ခါရွိေသး
မ်က္နွာခ်င္းဆိုင္အခန္းတံခါးပိတ္သြား၏။
တအိမ္တည္းေသာ အိမ္နီးခ်င္း အခန္းကိုေရာက္ကတည္းက မနႈတ္ဆက္ရေသး။
ညေနက်မွ တခုခု လတ္ေဆာင္ဝယ္ၿပီးသြားနႈတ္ဆက္ရုံေပါ့။
ခုကေတာ့ အိမ္မွာေပးစရာ လက္ေဆာင္မေျပာနဲ ့အေအး တဘူးေတာင္မရွိ။
ေခါင္းရမ္းကာ လရိပ္ ဓာတ္ေလွကားနဲ ့ေအာက္ကိုဆင္းလာခဲ့လိုက္သည္။
အရင္ဆံုး အငွားကားတစ္စီးကို တားကာ
ေစ်းဝယ္စင္တာတခုဆီကိုေမာင္းခိုင္းလိုက္သည္။
နာနာကတေယာက္ထဲ ျဖစ္သလိုစားမွာ သိပ္စိုးရိမ္ရွာသည္မို ႔ မနက္စာကိုေတာ့ ေကာင္းေကာင္းစားဖို ႔ လရိပ္ဆံုးျဖတ္ထားသည္။
အရင္ဆံုး ဟင္းခ်က္စားဖို ႔လိုအပ္တာအကုန္ဝယ္လိုက္သည္။ အိုးခြက္ပန္းကန္ေတြက ရွိၿပီးသားမို ႔ ထပ္ေတာ့မဝယ္ရ။
တစ္နာရီနီးပါးေလာက္ အခ်ိန္ျဖဳန္းၿပီးေတာ့ လရိပ္လက္ထဲမွာ အထုတ္အပိုးေတြက မနိုင္မနင္း ျဖစ္ကုန္သည္ထိ မ်ားလာသည္။
မတက္နိုင္ဘူး။ ဒါေတြအကုန္လိုအပ္တာေတြႀကီးပဲမို ႔ မေရာက္ေရာက္ေအာင္ေတာ့ အိမ္ကို ရေအာင္သယ္ခဲ့သည္။
ဟိုဖက္အခန္းအတြက္ သစ္သီးတခ်ိဳ ႕ဝယ္လာသည္မို ႔ ပစၥည္းေတြမထည့္အား
လတ္ေဆာင္ထုတ္ေလးကိုင္ကာ
အခန္းျပင္ျပန္ထြက္ရသည္။
ႀကီးႀကီးက်ယ္က်ယ္ လရိပ္မွဴ းခိုင္အတြက္ကေတာ့ ပထမဆံုးအိမ္နီးခ်င္းကို နႈတ္ဆက္ဖို ႔ရာ အေတာ္ေလးအဆင္မေျပခ်င္လွေပမဲ့ အတက္နိုင္ဆံုးၿပံဳးကာ လူေခၚဘဲလ္ ကိုတီးလိုက္၏။
ခနေစာင့္ေသာ္လည္း ဘာသံမွမၾကားသည္ေၾကာင့္ ထပ္ၿပီးတီးလိုက္၏။
အေတာ္ၾကာမွ ေျခသံတရွပ္ရွပ္နဲ ့အတူ တံခါးဖြင့္လာ၏။
ကြၽီ !
တံခါးဖြင့္လိုက္တာနဲ ့မ်က္မွန္အဝိုင္းေလးတပ္ထားေသာ ေကာင္ေလးတစ္ေယာက္မ်က္နွာေပၚလာ၏။
အိပ္ခ်င္မူးတူး ျဖစ္ကာ မႈံကုတ္ေနေသာ္လည္း အိစက္စက္ မ်က္နွာေလးက အျပစ္ဟူသမ်ွ ဘယ္ေနရာမွမေတြ ႕။ ေနပါအုန္း သူ ဒီေကာင္ေလးကို ဘယ္မွာေတြ ႕ဘူးတာပါလိမ့္။
"ဘာကိစၥလဲ "
ေလသံက မာေထာင္ေနသည္မို ႔ လရိပ္
ကိုယ္ေလး ဆတ္ခနဲေတာင္ တုန္သြားရသည္။
"ဟိုဖက္အိမ္အခန္းကို ေျပာင္းလာတဲ့ သူပါ။ မေန ႔ကမွေျပာင္းလာလို ႔ လာနႈတ္ဆက္တာပါ "
ကိုယ့္ထက္အမ်ားႀကီးငယ္မယ္မွန္းသိေပမဲ့
ဘာေၾကာင့္ ေၾကာက္႐ြံ ့သလို ခံစားေနရမွန္းလရိပ္လည္းနားမလည္။
အက်ိဳးအေၾကာင္းေျပေျပလည္လည္ေျပာျပေသာ္လည္း ေအးစက္စက္အၾကည့္က နည္းနည္းမွမေျပာင္း။
ကိုယ့္ကို အထက္ေအာက္ စူးစိုက္ၾကည့္လာေသာ္လည္း သူကေတာ့ လူတကိုယ္လံုးထြက္မလာပဲ အခန္းေပါက္ဝကေန ေခါင္းေလးတင္ထြက္ကာေမးေနျခင္းျဖစ္သည္။
"နာမည္ဘယ္သူလို ႔မွတ္ထားရမွာလဲ "
"လရိပ္မွဴ းခိုင္ပါ ညီေလး "
တင္းခနဲ ျဖစ္သြားရုံမက မ်က္ေမွာင္ပါကုတ္လိုက္တာမို ႔ သူဘာမ်ားမွားသြားသလဲျပန္စဥ္းစားရျပန္သည္။
အခန္းေရွ ႔မွာ နွစ္ေယာက္သားအေတာ္ၾကာေအာင္ ေၾကာင္ေတာင္ေတာင္ မတ္တပ္ရပ္ေနၿပီးမွ လရိပ္လည္းဆက္မေနခ်င္ေတာ့တာေၾကာင့္ လက္ထဲ အိတ္ထုတ္ကို လွမ္းေပးလိုက္သည္။
"လက္ေဆာင္ပါ။ စပ်စ္သီးေတြ လတ္ဆတ္လို ႔ဝယ္လာခဲ့လိုက္တာ ႀကိဳက္မလားေတာ့မသိဘူး "
ကြၽန္ေတာ့္စကားဆံုးေတာ့ လက္ထဲကအထုတ္ကို ဆတ္ခနဲ ဆြဲယူသြားၿပီး အခန္းတံခါးကို အသံက်ယ္က်ယ္ျဖင့္ျပန္ပိတ္သြား၏။
"ဝုန္း!! "
စိတ္ပ်က္စရာ အိမ္နီးျခင္းေၾကာင့္
လရိပ္ စိတ္တိုသြားသည္။
အရမ္းရုိင္းတဲ့ အျပဳအမူေတြေၾကာင့္
လာနႈတ္ဆက္ခ်င္အုန္းဟဲ့ ဆိုပီး ကိုယ္ေခါင္းကို သံုးခ်က္ေလာက္ထုလိုက္ေသးသည္။
ေတာ္ၿပီ။ ေနာက္ဆို ေဝးေဝးက ေရွာင္ၿပီပဲ။
အခန္းထဲေရာက္တဲ့အထိ စိတ္ထဲ ဟိုဖက္ခန္းကေကာင္ေလးကို ေမတၱာပို ႔လို ႔မၿပီး။
အရင္စိတ္နဲ ့ဆို ဒီေကာင္ေလးလြယ္မည္မထင္။
အသက္ႀကီးလာလို ႔လရိပ္မွဴ းခိုင္တို ႔က စိတ္ကို ေလ်ာ့ထားတာ။
ငယ္တုန္းကဆို ထိုေကာင္ေလးအေပါက္ဆိုးတာေလာက္ကေတာ့ လရိပ္တို ႔က ဟားဟားပဲ။
စိတ္တိုတိုနဲ ့ မနက္စာကို ေပါင္မုန္ ႔တလံုးသာ ေဒါသတႀကီးဝါးေနမိသည္။
"က်စ္ ! ဒီရုပ္ကို ငါျမင္ဖူးပါတယ္။
ဘယ္မွာပါလိမ့္ "
ေပါင္မုန္ ႔ကို က်ိတ္ဝါးရင္း ဒီေကာင္ေလးကို ဘယ္မွာ ျမင္ဖူးသလဲဆိုတာ ထပ္ခါထပ္ခါ ျပန္စဥ္းစားေနမိသည္။
ေအာ္ သိၿပီ။
ဟို အရုိင္းတံုးအဆိုေတာ္ေလး။
ျမန္မာျပည္မလာခင္တလေလာက္က သူၾကည့္ခဲ့ေသာ interviewထဲက
ေကာင္ေလး။
စဥ္းစားလိုက္ရတာ။ ဒီလို မ်က္ေမွာင္ကုတ္နဲ ့ ရုပ္ကို ငါကလည္းငါပဲ။
အသက္ႀကီးလာလို ႔မ်ား အရင္လို ဥာဏ္ေတြဘာေတြမ်ားမေကာင္းေတာ့လား။
လရိပ္တစ္ေယာက္ အဆင္မေျပတဲ့
ျမန္မာျပည္မနက္ခင္းကို ေပါင္မုန္ ႔ဝါးရင္းစိတ္ပ်က္လက္ပ်က္ ျဖတ္သန္းေနေလသည္။
_
_
_
" ထိုင္ လရိပ္ ။ သား အတြက္
ရုံးခန္းျပင္ေပးထားတယ္။ လိုအပ္တာရွိရင္လည္း ဦးတို ႔ကို အားမနာပဲ ေျပာလို ႔ရတယ္။ "
ခံုမွာ လရိပ္ဝင္ထိုင္ရင္း မန္ေနဂ်ာကို ေျပာတာကို နားေထာင္လိုက္သည္။
"လရိပ္အတြက္ ေနစရာဦးတို ႔စီစဥ္ေပးရအုန္းမလား"
မန္ေနဂ်ာ ဦးမ်ိဳးျမင့္ဦးစကားေၾကာင့္ လရိပ္ၿပံဳးကာျငင္းလိုက္သည္။
"ေနပါေစဦးမ်ိဳး။ ကြၽန္ေတာ္ ေနဖို ႔အဆင္ေျပပါတယ္။ "
"ဒါဆို တျခားလိုအပ္တာရွိရင္ေျပာသာေျပာ။ အားမနာနဲ ့။ သူေဌးကိုယ္တိုင္က
လရိပ္ကို အစစအရာရာ ကူညီေပးဖို ႔ေျပာထားတာ။ "
"အာ ဟုတ္ကဲ့ ။ လိုအပ္လာရင္ေျပာပါ့မယ္ဗ်။ "
ကုမၸဏီအေနနဲ ့ အရမ္းေအာင္ျမင္ေနတဲ့
အေျခအေနမို ႔သူလို ေက်ာင္းဆင္းတစ္ေယာက္ကို ခခယယ ဆက္ဆံေနတာကို
လရိပ္အေတာ္ပင္အားနာလာရသည္။
"ေဒါက္ ေဒါက္ "
"ခဏေနာ္ လရိပ္"
ခြင့္ေတာင္းလာသည္မို ႔ေခါင္းအသာၿငိမ့္ျပကာ မ်က္လႊာခ်ကာ ၿငိမ္ေနလိုက္သည္။
မၾကာဘူး တခါးဖြင့္ကာ ဝင္လာသံနဲ ့အတူ ေဘးမွာဝင္ထိုင္တာကို မ်က္ဝန္းေထာင့္မွာေတြ ႕လိုက္ရသည္။
ေရေမႊးနံ ့ေဖ်ာ့ေဖ်ာ့က နွာေခါင္းဝမွာရစ္သီရစ္သီ။
"ဘယ္လိုလဲ Moon မေတြ ႕တာၾကာပီေနာ္။ ေျပာ ဦးမ်ိဳး ဘာကူညီေပးရမလဲ "
Moon ဆိုတဲ့ နာမည္ေၾကာင့္ လွည့္ၾကည့္မိလိုက္တာ ဆတ္ခနဲ ပဲ။
က်စ္ ဟို အရုိင္းတုံးေပါက္စ။
ဆံုလည္းဆံုတက္ပါ့ေပတယ္ ။
ကိုယ္ကသာ စိတ္ပ်က္ေနတာ ဟိုက ဒီဖက္ကိုေတာင္ေယာင္လို ႔လွည့္မလာေပ။
" တျခားမဟုတ္ဘူး။ သိပ္မၾကာခင္
Showပြဲ လုပ္ေတာ့မွာ။ အဲ့ဒါ ဦးမ်ိဳးတို ႔ဆီက စိတ္ခ်ရတဲ့ Designer တစ္ေယာက္ေလာက္ ရခ်င္လို ႔ "
စကားမ်ားသည္ ကိုယ္နဲ ့မသက္ဆိုင္သည္ေၾကာင့္ နႈတ္ဆက္ဖို ႔ေခါင္းကို ေမာ့လိုက္ေတာ့ ဦးမ်ိဳးက လရိပ္ဖက္ကို လွည့္ကာ
ဟိုေမတၱာတံုးေလးနဲ ့မိတ္ဆက္ေပးေနေသးသည္။
"အဟင္း ႀကံဳတံုးမိတ္ဆက္ေပးရအုန္းမယ္လရိပ္ေရ။ သူ က Moonတဲ့ အႏုပညာရွင္ေလ။ Moon သူက New Yoak ကလာတဲ့ Designer လရိပ္မွဴ းခိုင္တဲ့ "
"အဲ့ဒါဆိုလည္း သူ ႔ကိုပဲေပးလိုက္ေတာ့ဦးမ်ိဳး။ "
အပိုးမက်ိဳးတဲ့ေလသံေၾကာင့္ ေဒါသက ေထာင္းကနဲ။
"Sorry လရိပ္ေရ။ Moonက အဲ့လိုပဲ အေျပာလံုးဝမတက္ဘူး။ "
လရိပ္မ်က္နွာရိပ္မ်က္နွာကဲကိုသိစြာ
ဖာေထးၿပီးေျပာလာေပမဲ့ လရိပ္ဒီတခါ
မ်က္နွာကိုတည္တင္းထားမိသည္။
ဘာပဲေျပာေျပာ ကိုယ့္ပညာနဲ ့ကိုယ္ရပ္တည္နိုင္တဲ့ အေျခအေနမို ႔ ဒီကုမၸဏီမွာ မလုပ္ရလည္း ကိုယ္ပိုင္ တနိုင္တပိုင္ သင္တန္းနဲ ့ ဆိုင္ဖြင့္နိုင္တယ္။
" ဒီမွာ။ ကြၽန္ေတာ္က ခုေအာင္ျမင္ေနတဲ့ အႏုပညာရွင္။ ခင္ဗ်ား သာ ယံုၾကည္မူ ႔ရွိရင္ ဘာလို ႔မလုပ္နိုင္ရမွာလဲ။ ကြၽန္ေတာ္ေျပာတာမွားလား "
ျဖစ္နိုင္ရင္ ကိုယ့္ကို တခြန္းမက်န္ျပန္ပတ္ေနတဲ့ ေကာင္ေလးကို နားရင္းေတြႀကီးပဲ တီးပစ္လိုက္ခ်င္သည္။
ထီမထင္တဲ့ ရုပ္နဲ ့ကိုယ့္ကို ေပေစာင္းေစာင္းၾကည့္ေနတဲ့ ထိုေမတၱာတံုးေလးကို
စူးစိုက္ကာျပန္ၾကည့္ရင္း လံုးေနတဲ့ နွာေခါင္းေလးကို အၾကည့္ေရာက္မိသြားေတာ့
အမွတ္တမဲ့ ေဘဘီ့ကိုအရမ္းသတိရမိသြားသည္။
သတိလက္လြတ္ ၾကည့္မိေတာ့ ထိုေကာင္ေလးဆီမွာ ဘာတုန္းဆိုတဲ့ သေဘာနဲ ့မ်က္ခံုးပင့္ျပလာသည္။
ထို ႔ေၾကာင့္ အၾကည့္တို ႔ကို လရိပ္ဖက္မွအရင္ ဖယ္သိမ္းကာ ထိုေကာင္စုတ္ေလးကိုေျပာတာကို ကေယာင္ကတမ္းလက္ခံလိုက္မိသြား၏။
ခ်စ္တဲ့အိမ္စည္။
"ဟူး ... နောက်ဆုံးတော့ အိမ်ပြန်ရောက်ခဲ့ပြီ "
အပေါ်စီးကနေ မြင်နေရသော ရန်ကုန်မြို့ ပြရူ့ ခင်းတွေကို ငေးကြည့်ရင်း ကျွန်တော်တစ်ယောက်ထဲတီးတိုးဆိုမိသည်။
လွန်ခဲ့သော ၂ရက်က ကျွန်တော် ပြန်ရောက်တယ်။
ရောက်ရောက်ချင်း ကားငှားပြီး မျှော်လင့်ခြင်းတွေနဲ့ ပေါက်စီလုံးကိုသွားတွေ့ ခဲ့ပေမဲ့
သော့ခတ်ထားတဲ့ အိမ်ကိုသာ တွေ့ ခဲ့ရသည်။
စိတ်ဓာတ်ကျတယ်ဆိုတာ ကျွန်တော့်ဘဝမှာ ဒါပထမဆုံးပဲ။
ပေါက်စီလုံးကိုဘာပဲဖြစ်ဖြစ် အရင်ဦးဆုံးတွေ့ ချင်တာကျွန်တော်ဆန္ဒလေ။
နောက်ဆုံး အဖေ့ကို ကြိုတင်ဝယ်ခိုင်းထားတဲ့ Condoကို ညတွင်းခြင်း ရောက်ခဲ့တယ်ဆိုပါတော့။ အထဲမှာ ပစ္စည်းအစုံ ဖြည့်တင်းထားတဲ့ Condoသည်
တကယ့် အမိုက်စားမို့ တော်ရုံလူ ဝယ်မနေနိုင်ပေ။
ဒေါ်လေးပေးထားခဲ့တဲ့ အမွေ တော်တော်များများကိုတော့ သုံးလိုက်ရတယ်ဆိုပေမဲ့ တကယ်ကြီး အဆင့်မြင့်Condoမို့ တန်ပါသည်။
ထားပါ ဒါက မသုံးလို့ မှမဖြစ်တာ။
ခုလတ်တလောကတော့ တော်တော်ကြီးအဆင်ပြေသွားတယ်ထားပါတော့။
အလုပ်အတွက်လည်းမပူရ ။ ဒီကိုပြန်မလာခင်ကတည်းက ဖက်ရှင်ကုမ္ပဏီကြီးတစ်ခုမှာ သူအလုပ်လျှောက်ခဲ့ပြီးသား။ ရဖို့ လည်းများသည်မို့ တခြားတော့ အလုပ်မရှာတော့။
Ringtone.......
မှန်တံခါးမှအပြင်ကိုငေးနေသော ကျွန်တော့်အတွေးသည် ဖုန်းသံကျယ်ကျယ်ကြောင့် ပျက်ပြယ်ကုန်သည်။ဒီချိန်ဖုန်းဆက်လာကတည်းက ဘယ်သူဆိုတာ သိသည်မို့ ပြုံးကာ ဖုန်းကိုင်လိုက်သည်။
"Hello ! ဂျွန်နီ ။ နေရတာ အဆင်ပြေရဲ့လား"
"ပြေပါတယ် အန်တီဂရေစ့် ။ ဒီမှာကြည့် မိုက်တယ်မို့ လား။ "
အခန်းကို ဖုန်းနဲ့ လှည့်ပတ်ပြတော့ အန်တီက ပါ သဘောကျနေသည်။
"ကျယ်သားပဲ။ မင်းအဖေဝယ်တုန်းက အန်တီမကြည့်လိုက်ရဘူးလေ။ အဆင်ပြေရင် ပြီးတာပါပဲ။ ဘာလိုအပ်သေးလဲ ဂျွန်နီ"
"လိုအပ်ရင် ပြောမယ်အန်တီ။ ခုတော့ မနက်စာ အပြင်ထွက်စားလိုက်အုန်းမယ်။ "
"အင်း ။ ဒါဆို အန်တီဖုန်းချလိုက်မယ်။ အော် မေ့တော့မလို့ ။ အန်တီမိတ်ဆွေတစ်ယောက်နဲ့ ချိတ်ထားတယ် ။ လိပ်စာ ပို့ ပေးထားမယ်။ သူ့ ဆီသွားတွေ့ လိုက်။ သွားရလာရလွယ်အောင် ဂျွန်နီ အတွက် ကားမှာပေးထားတယ်။ သားကြိုက်တာလည်းရွေးလို့ ရတယ်။ အန်တီဝယ်ပေးတာမို့ အားမနာပဲ သားကြိုက်တာယူလို့ ရတယ်"
အန်တီနဲ့ အတော်ကြာအောင် စကားပြောပြီးနှုတ်ဆက်ကာဖုန်းကို ချလိုက်သည်။
ဝယ်ပေးတော့လဲယူရတာပေါ့။
သူကအရင်လို လရိပ်မှမဟုတ်တော့တာ။
ကိုယ်အကြောင်းကိုယ်တွေးမိတော့ ရယ်ချင်မိသလို။
အရင်ကဆို သူများပိုက်ဆံဆို သူကလက်ဖျားနဲ့ တောင် ထိသူမဟုတ်။
ခုတော့ မိသားစုဆိုတဲ့ စိတ်နဲ့ ကျွန်တော့်စိတ်တွေက နုညံ့နေသည်။
ခနကြာတော့လိပ်စာ တခုဖုန်းထဲဝင်လာ၏။
ရေမြန်မြန်ချိုးကာ သူအပြင်သွားဖို့ အခန်းထဲကနေ ထွက်လိုက်သည်။
လရိပ် တံခါးဖွင့်ပြီး အပြင်ထွက်ခါရှိသေး
မျက်နှာချင်းဆိုင်အခန်းတံခါးပိတ်သွား၏။
တအိမ်တည်းသော အိမ်နီးချင်း အခန်းကိုရောက်ကတည်းက မနှုတ်ဆက်ရသေး။
ညနေကျမှ တခုခု လတ်ဆောင်ဝယ်ပြီးသွားနှုတ်ဆက်ရုံပေါ့။
ခုကတော့ အိမ်မှာပေးစရာ လက်ဆောင်မပြောနဲ့ အအေး တဘူးတောင်မရှိ။
ခေါင်းရမ်းကာ လရိပ် ဓာတ်လှေကားနဲ့ အောက်ကိုဆင်းလာခဲ့လိုက်သည်။
အရင်ဆုံး အငှားကားတစ်စီးကို တားကာ
ဈေးဝယ်စင်တာတခုဆီကိုမောင်းခိုင်းလိုက်သည်။
နာနာကတယောက်ထဲ ဖြစ်သလိုစားမှာ သိပ်စိုးရိမ်ရှာသည်မို့ မနက်စာကိုတော့ ကောင်းကောင်းစားဖို့ လရိပ်ဆုံးဖြတ်ထားသည်။
အရင်ဆုံး ဟင်းချက်စားဖို့ လိုအပ်တာအကုန်ဝယ်လိုက်သည်။ အိုးခွက်ပန်းကန်တွေက ရှိပြီးသားမို့ ထပ်တော့မဝယ်ရ။
တစ်နာရီနီးပါးလောက် အချိန်ဖြုန်းပြီးတော့ လရိပ်လက်ထဲမှာ အထုတ်အပိုးတွေက မနိုင်မနင်း ဖြစ်ကုန်သည်ထိ များလာသည်။
မတက်နိုင်ဘူး။ ဒါတွေအကုန်လိုအပ်တာတွေကြီးပဲမို့ မရောက်ရောက်အောင်တော့ အိမ်ကို ရအောင်သယ်ခဲ့သည်။
ဟိုဖက်အခန်းအတွက် သစ်သီးတချို့ ဝယ်လာသည်မို့ ပစ္စည်းတွေမထည့်အား
လတ်ဆောင်ထုတ်လေးကိုင်ကာ
အခန်းပြင်ပြန်ထွက်ရသည်။
ကြီးကြီးကျယ်ကျယ် လရိပ်မှူးခိုင်အတွက်ကတော့ ပထမဆုံးအိမ်နီးချင်းကို နှုတ်ဆက်ဖို့ ရာ အတော်လေးအဆင်မပြေချင်လှပေမဲ့ အတက်နိုင်ဆုံးပြုံးကာ လူခေါ်ဘဲလ် ကိုတီးလိုက်၏။
ခနစောင့်သော်လည်း ဘာသံမှမကြားသည်ကြောင့် ထပ်ပြီးတီးလိုက်၏။
အတော်ကြာမှ ခြေသံတရှပ်ရှပ်နဲ့ အတူ တံခါးဖွင့်လာ၏။
ကျွီ !
တံခါးဖွင့်လိုက်တာနဲ့ မျက်မှန်အဝိုင်းလေးတပ်ထားသော ကောင်လေးတစ်ယောက်မျက်နှာပေါ်လာ၏။
အိပ်ချင်မူးတူး ဖြစ်ကာ မှုံကုတ်နေသော်လည်း အိစက်စက် မျက်နှာလေးက အပြစ်ဟူသမျှ ဘယ်နေရာမှမတွေ့ ။ နေပါအုန်း သူ ဒီကောင်လေးကို ဘယ်မှာတွေ့ ဘူးတာပါလိမ့်။
"ဘာကိစ္စလဲ "
လေသံက မာထောင်နေသည်မို့ လရိပ်
ကိုယ်လေး ဆတ်ခနဲတောင် တုန်သွားရသည်။
"ဟိုဖက်အိမ်အခန်းကို ပြောင်းလာတဲ့ သူပါ။ မနေ့ ကမှပြောင်းလာလို့ လာနှုတ်ဆက်တာပါ "
ကိုယ့်ထက်အများကြီးငယ်မယ်မှန်းသိပေမဲ့
ဘာကြောင့် ကြောက်ရွံ့ သလို ခံစားနေရမှန်းလရိပ်လည်းနားမလည်။
အကျိုးအကြောင်းပြေပြေလည်လည်ပြောပြသော်လည်း အေးစက်စက်အကြည့်က နည်းနည်းမှမပြောင်း။
ကိုယ့်ကို အထက်အောက် စူးစိုက်ကြည့်လာသော်လည်း သူကတော့ လူတကိုယ်လုံးထွက်မလာပဲ အခန်းပေါက်ဝကနေ ခေါင်းလေးတင်ထွက်ကာမေးနေခြင်းဖြစ်သည်။
"နာမည်ဘယ်သူလို့ မှတ်ထားရမှာလဲ "
"လရိပ်မှူးခိုင်ပါ ညီလေး "
တင်းခနဲ ဖြစ်သွားရုံမက မျက်မှောင်ပါကုတ်လိုက်တာမို့ သူဘာများမှားသွားသလဲပြန်စဉ်းစားရပြန်သည်။
အခန်းရှေ့ မှာ နှစ်ယောက်သားအတော်ကြာအောင် ကြောင်တောင်တောင် မတ်တပ်ရပ်နေပြီးမှ လရိပ်လည်းဆက်မနေချင်တော့တာကြောင့် လက်ထဲ အိတ်ထုတ်ကို လှမ်းပေးလိုက်သည်။
"လက်ဆောင်ပါ။ စပျစ်သီးတွေ လတ်ဆတ်လို့ ဝယ်လာခဲ့လိုက်တာ ကြိုက်မလားတော့မသိဘူး "
ကျွန်တော့်စကားဆုံးတော့ လက်ထဲကအထုတ်ကို ဆတ်ခနဲ ဆွဲယူသွားပြီး အခန်းတံခါးကို အသံကျယ်ကျယ်ဖြင့်ပြန်ပိတ်သွား၏။
"ဝုန်း!! "
စိတ်ပျက်စရာ အိမ်နီးခြင်းကြောင့်
လရိပ် စိတ်တိုသွားသည်။
အရမ်းရိုင်းတဲ့ အပြုအမူတွေကြောင့်
လာနှုတ်ဆက်ချင်အုန်းဟဲ့ ဆိုပီး ကိုယ်ခေါင်းကို သုံးချက်လောက်ထုလိုက်သေးသည်။
တော်ပြီ။ နောက်ဆို ဝေးဝေးက ရှောင်ပြီပဲ။
အခန်းထဲရောက်တဲ့အထိ စိတ်ထဲ ဟိုဖက်ခန်းကကောင်လေးကို မေတ္တာပို့ လို့ မပြီး။
အရင်စိတ်နဲ့ ဆို ဒီကောင်လေးလွယ်မည်မထင်။
အသက်ကြီးလာလို့ လရိပ်မှူးခိုင်တို့ က စိတ်ကို လျော့ထားတာ။
ငယ်တုန်းကဆို ထိုကောင်လေးအပေါက်ဆိုးတာလောက်ကတော့ လရိပ်တို့ က ဟားဟားပဲ။
စိတ်တိုတိုနဲ့ မနက်စာကို ပေါင်မုန့် တလုံးသာ ဒေါသတကြီးဝါးနေမိသည်။
"ကျစ် ! ဒီရုပ်ကို ငါမြင်ဖူးပါတယ်။
ဘယ်မှာပါလိမ့် "
ပေါင်မုန့် ကို ကျိတ်ဝါးရင်း ဒီကောင်လေးကို ဘယ်မှာ မြင်ဖူးသလဲဆိုတာ ထပ်ခါထပ်ခါ ပြန်စဉ်းစားနေမိသည်။
အော် သိပြီ။
ဟို အရိုင်းတုံးအဆိုတော်လေး။
မြန်မာပြည်မလာခင်တလလောက်က သူကြည့်ခဲ့သော interviewထဲက
ကောင်လေး။
စဉ်းစားလိုက်ရတာ။ ဒီလို မျက်မှောင်ကုတ်နဲ့ ရုပ်ကို ငါကလည်းငါပဲ။
အသက်ကြီးလာလို့ များ အရင်လို ဥာဏ်တွေဘာတွေများမကောင်းတော့လား။
လရိပ်တစ်ယောက် အဆင်မပြေတဲ့
မြန်မာပြည်မနက်ခင်းကို ပေါင်မုန့် ဝါးရင်းစိတ်ပျက်လက်ပျက် ဖြတ်သန်းနေလေသည်။
_
_
_
" ထိုင် လရိပ် ။ သား အတွက်
ရုံးခန်းပြင်ပေးထားတယ်။ လိုအပ်တာရှိရင်လည်း ဦးတို့ ကို အားမနာပဲ ပြောလို့ ရတယ်။ "
ခုံမှာ လရိပ်ဝင်ထိုင်ရင်း မန်နေဂျာကို ပြောတာကို နားထောင်လိုက်သည်။
"လရိပ်အတွက် နေစရာဦးတို့ စီစဉ်ပေးရအုန်းမလား"
မန်နေဂျာ ဦးမျိုးမြင့်ဦးစကားကြောင့် လရိပ်ပြုံးကာငြင်းလိုက်သည်။
"နေပါစေဦးမျိုး။ ကျွန်တော် နေဖို့ အဆင်ပြေပါတယ်။ "
"ဒါဆို တခြားလိုအပ်တာရှိရင်ပြောသာပြော။ အားမနာနဲ့ ။ သူဌေးကိုယ်တိုင်က
လရိပ်ကို အစစအရာရာ ကူညီပေးဖို့ ပြောထားတာ။ "
"အာ ဟုတ်ကဲ့ ။ လိုအပ်လာရင်ပြောပါ့မယ်ဗျ။ "
ကုမ္ပဏီအနေနဲ့ အရမ်းအောင်မြင်နေတဲ့
အခြေအနေမို့ သူလို ကျောင်းဆင်းတစ်ယောက်ကို ခခယယ ဆက်ဆံနေတာကို
လရိပ်အတော်ပင်အားနာလာရသည်။
"ဒေါက် ဒေါက် "
"ခဏနော် လရိပ်"
ခွင့်တောင်းလာသည်မို့ ခေါင်းအသာငြိမ့်ပြကာ မျက်လွှာချကာ ငြိမ်နေလိုက်သည်။
မကြာဘူး တခါးဖွင့်ကာ ဝင်လာသံနဲ့ အတူ ဘေးမှာဝင်ထိုင်တာကို မျက်ဝန်းထောင့်မှာတွေ့ လိုက်ရသည်။
ရေမွှေးနံ့ ဖျော့ဖျော့က နှာခေါင်းဝမှာရစ်သီရစ်သီ။
"ဘယ်လိုလဲ Moon မတွေ့ တာကြာပီနော်။ ပြော ဦးမျိုး ဘာကူညီပေးရမလဲ "
Moon ဆိုတဲ့ နာမည်ကြောင့် လှည့်ကြည့်မိလိုက်တာ ဆတ်ခနဲ ပဲ။
ကျစ် ဟို အရိုင်းတုံးပေါက်စ။
ဆုံလည်းဆုံတက်ပါ့ပေတယ် ။
ကိုယ်ကသာ စိတ်ပျက်နေတာ ဟိုက ဒီဖက်ကိုတောင်ယောင်လို့ လှည့်မလာပေ။
" တခြားမဟုတ်ဘူး။ သိပ်မကြာခင်
Showပွဲ လုပ်တော့မှာ။ အဲ့ဒါ ဦးမျိုးတို့ ဆီက စိတ်ချရတဲ့ Designer တစ်ယောက်လောက် ရချင်လို့ "
စကားများသည် ကိုယ်နဲ့ မသက်ဆိုင်သည်ကြောင့် နှုတ်ဆက်ဖို့ ခေါင်းကို မော့လိုက်တော့ ဦးမျိုးက လရိပ်ဖက်ကို လှည့်ကာ
ဟိုမေတ္တာတုံးလေးနဲ့ မိတ်ဆက်ပေးနေသေးသည်။
"အဟင်း ကြုံတုံးမိတ်ဆက်ပေးရအုန်းမယ်လရိပ်ရေ။ သူ က Moonတဲ့ အနုပညာရှင်လေ။ Moon သူက New Yoak ကလာတဲ့ Designer လရိပ်မှူးခိုင်တဲ့ "
"အဲ့ဒါဆိုလည်း သူ့ ကိုပဲပေးလိုက်တော့ဦးမျိုး။ "
အပိုးမကျိုးတဲ့လေသံကြောင့် ဒေါသက ထောင်းကနဲ။
"Sorry လရိပ်ရေ။ Moonက အဲ့လိုပဲ အပြောလုံးဝမတက်ဘူး။ "
လရိပ်မျက်နှာရိပ်မျက်နှာကဲကိုသိစွာ
ဖာထေးပြီးပြောလာပေမဲ့ လရိပ်ဒီတခါ
မျက်နှာကိုတည်တင်းထားမိသည်။
ဘာပဲပြောပြော ကိုယ့်ပညာနဲ့ ကိုယ်ရပ်တည်နိုင်တဲ့ အခြေအနေမို့ ဒီကုမ္ပဏီမှာ မလုပ်ရလည်း ကိုယ်ပိုင် တနိုင်တပိုင် သင်တန်းနဲ့ ဆိုင်ဖွင့်နိုင်တယ်။
" ဒီမှာ။ ကျွန်တော်က ခုအောင်မြင်နေတဲ့ အနုပညာရှင်။ ခင်ဗျား သာ ယုံကြည်မူ့ ရှိရင် ဘာလို့ မလုပ်နိုင်ရမှာလဲ။ ကျွန်တော်ပြောတာမှားလား "
ဖြစ်နိုင်ရင် ကိုယ့်ကို တခွန်းမကျန်ပြန်ပတ်နေတဲ့ ကောင်လေးကို နားရင်းတွေကြီးပဲ တီးပစ်လိုက်ချင်သည်။
ထီမထင်တဲ့ ရုပ်နဲ့ ကိုယ့်ကို ပေစောင်းစောင်းကြည့်နေတဲ့ ထိုမေတ္တာတုံးလေးကို
စူးစိုက်ကာပြန်ကြည့်ရင်း လုံးနေတဲ့ နှာခေါင်းလေးကို အကြည့်ရောက်မိသွားတော့
အမှတ်တမဲ့ ဘေဘီ့ကိုအရမ်းသတိရမိသွားသည်။
သတိလက်လွတ် ကြည့်မိတော့ ထိုကောင်လေးဆီမှာ ဘာတုန်းဆိုတဲ့ သဘောနဲ့ မျက်ခုံးပင့်ပြလာသည်။
ထို့ ကြောင့် အကြည့်တို့ ကို လရိပ်ဖက်မှအရင် ဖယ်သိမ်းကာ ထိုကောင်စုတ်လေးကိုပြောတာကို ကယောင်ကတမ်းလက်ခံလိုက္မိသွား၏။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz