အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
19
သတ္ေသတိတိက်က် ကို ဘုတ္အဖြဲ ့မွာ
တင္ေပးခဲ့ၿပီး သံုးရက္အၾကာမွာ
ဗစ္တာဟာ fashion show မွာ ပါဝင္ခြင့္ရပ္ဆိုင္းခံလိုက္ရတယ္။
ဒါဟာ ဘာဆိုတာကို မေျပာလဲ လူတိုင္းနားလည္ၾကမည္ထင္ပါတယ္။
ကြၽန္ေတာ္ရဲ႕ အိမ္ျပန္ခ်ိန္ လို ႔အမည္ေပးထားတဲ့ ေႏြဦးဖက္ရွင္ဟာ ဗစ္တာနဲ ့ျပသနာျဖစ္ၿပီးေနာက္ပိုင္းမွာ သိသိသာသာေရပန္းစားလာခဲ့တယ္။
ဒါေပမဲ့ ဘုတ္အဖြဲ ့အစည္းနဲ ့ဗစ္တာမွအပ မည္သူ တစ္ဦး တစ္ေယာက္မွ
မျမင္ဖူးၾကေပ။
တကယ္ဆိုရင္ ကိုယ္တိုင္ေရးဆြဲခဲ့ေသာ
Designမ်ားကို စနစ္တက်ထိန္းသိမ္း
ရမွာ ကြၽန္ေတာ့္တာဝန္ဆိုေပမဲ့
ကြၽန္ေတာ့္အတြက္သီးသန္ ႔ေပးထားေသာ အခန္းကို ဝင္ေရာက္ၾကည့္ရႈ ႕ခဲ့ေသာ
ဗစ္တာရဲ႕ အျပစ္ကလည္း မေသးလွေပ။
ဗစ္တာသည္ ထို ႔ကိစၥနဲ ့ပတ္သတ္ၿပီး
တရားဝင္ ideaအသစ္မထြက္လို ႔လုပ္မိလုပ္ရာလုပ္ခဲ့တယ္ဆိုတာ ဝန္ခံခဲ့သည္။
ထို ႔အတြက္ ကြၽန္ေတာ္သည္ ဗစ္တာကို အျပစ္တစံုတရာမဆိုခဲ့ပါ။
ဗစ္တာသည္ ကြၽန္ေတာ့္designကို
ၾကည့္ရူ ႔ခဲ့ေပမဲ့ ဝါရင့္သူပီပီ
ပံုတူမကူးခ်ခဲ့ပါ။
ဗစ္တာ ဖန္တီးခဲ့ေသာ လက္ရာနဲ ့
ကြၽန္ေတာ္ဖန္တီးခဲ့ေသာ လက္ရာကို ေသခ်ာယွဥ္ၾကည့္မယ္ဆိုရင္ေတာင္ ဗစ္တာ
လက္ရာက ပိုေသသပ္လွပေပသည္။
သို ႔ေပမဲ့ ထိုအထဲမွာဗစ္တာ လိုအပ္သြားတဲ့
အေၾကာင္းရာက အိမ္ျပန္ခ်ိန္လို ႔ ဘာေၾကာင့္နာမည္ေပးထားသလဲဆိုတာပင္။
ကြၽန္ေတာ္အတြက္ အၿမဲေမ်ွာ္လင့္ရတဲ့ ေန ႔ရက္သည္ ေပါက္စီလံုးရွိရာ သို ႔ျပန္ရမဲ့ ေနရက္ပင္ျဖစ္သည္။
ထို ႔ေၾကာင့္ လိေမၼာ္ေရာင္ ကို အဓိကထားသံုးေပးခဲ့ၿပီး ေပါ့ပါးတဲ့ လူငယ္ဝတ္ လက္တို ရွပ္တစ္ထည္ကိုသာ ပံုေဖာ္ခဲ့သည္။ ရင္ဖက္တြင္ ဂီတသံစဥ္ ေလးတခုျဖင့္ ရုိးရွင္းစြာ အလွဆင္ထားေသာ အက်ၤ ီတစ္ထည္သည္ ဗစ္တာကို ဘယ္အရာကမ်ားမ်က္စိက်သြားေစခဲ့သလဲ။
သို ႔ေပမဲ့ အႏုပညာဆိုသည္မွာ ဖန္တီးသူ၏ စိတ္ခံစားမူ ႔ေၾကာင့္ ရုိးရွင္းေပမဲ့ ပိုပီး အသက္ဝင္လာတက္သည္ေလ။ ထို ႔ေၾကာင့္ ကြၽန္ေတာ့္လက္ရာသည္ အမ်ားအျမင္မွာ အက်ၤ ီ တစ္ထည္လို ႔မျမင္ရေစပဲ
ၾကည့္လိုက္တာနဲ ့တက္ႂကြမူ ႔ ၊ စိတ္အားထက္သန္မူ ႔ကို ေဖာ္ၾကဴးနိုင္ရမည္။
ေနာက္ၿပီး လူငယ္ေတြရဲ႕ ေပါ့ပါးတဲ့ ေႏြဦးdesign
အျဖစ္ အက်ၤ ီကို စဆြဲကတည္းက အျဖဴ ေရာင္
လ်ွာထိုး ဦးထုတ္တလံုးပါ ပူးတြဲဆြဲခဲ့ေလသည္။
ထိုဦးထုပ္ ၏ လ်ွာထိုးေနရာတြင္ အျဖဴေရာင္ပလက္တီနမ္ကြင္းႀကီးႀကီး တခုကို ထည့္သြင္းဆြဲခဲ့ၿပီး ဦးထုပ္ရဲ႕ အတြင္းသားကို
လိေမၼာ္ေရာင္ျဖင့္ အဓိကထားခံခ်ဳပ္ေစသည္။ၾကည့္လိုက္တာနဲ ့ လန္းဆန္းတက္ႂကြေစမူ ႔ကို အရုိးရွင္းဆံုးနဲ ့ အဆန္းဆံုး ျဖစ္ေအာင္ ဖန္တီးခဲ့ျခင္းျဖစ္ေပသည္။
အရာအားလံုးသည္ ကြၽန္ေတာ္ေမ်ွာ္မွန္းခဲ့တဲ့အတိုင္း အဆင္ေျပခဲ့ေပမဲ့ ဒီကုမၸဏီမွာေတာ့ ဆက္မရွိခ်င္ေတာ့ပါ။ထို ႔ေၾကာင့္
အထက္အရာရွိျဖစ္တဲ့ ေသာမတ္စ္ရုံးခန္းကို ကြၽန္ေတာ္သြားခဲ့သည္။
"ကြၽန္ေတာ္ အလုပ္ထြက္ေတာ့မယ္ ေသာမတ္စ္"
"ဘာလို ႔လဲ ဂြၽန္နီ။ ငါတို ႔ဖက္က မင္းသိကၡာအတြက္ အတိအလင္းေတာင္းပန္ေပးမွာပါ ။ ခုျဖစ္သြားတဲ့ ကိစၥမွာလဲ ဗစ္တာ ေဆးေၾကာင္ၿပီးလုပ္မိလုပ္ရာလုပ္လိုက္တယ္ဆိုတာ ဝန္ခံၿပီးၿပီပဲ။ အလုပ္ထြက္ရေလာက္ေအာင္ထိေတာ့ "
ေသာမတ္စ္ရဲ႕ စကားေတြက ကြၽန္ေတာ္ နားထဲမဝင္ေပမဲ့ အခ်ိန္အေတာ္ၾကာေအာင္ နားေထာင္ေပးလိုက္တယ္။
ဘယ္လိုေျပာမလဲ ။ ခုခ်ိန္မွာ ကြၽန္ေတာ္ေတြးမိတာ ကြၽန္ေတာ္ေတာ္သင့္ၿပီဆိုတာပဲ။
၉နွစ္တာကာလ ပတ္လံုး ကြၽန္ေတာ္ဟာ ဟန္ေဆာင္မ်က္နွာဖံုးတပ္ၿပီး ကိုယ္နဲ ့သဟဇတ မျဖစ္တဲ့ ပတ္ဝန္းက်င္မွာ အဆင္ေျပေျပေနဖို ႔ႀကိဳးစားေနခဲ့တယ္။
ေပ်ာ္ရႊင္ျခင္းဆိုတာ ဘယ္မွာလဲ။
လံုေလာက္တဲ့ေငြ ကြၽန္ေတာ္မွာ ရွိေနၿပီ။
လံုေလာက္တဲ့ အတက္ပညာ ကြၽန္ေတာ့္မွာ ရွိေနၿပီ။
ဒါဆို ကြၽန္ေတာ္ ဘာဆက္လုပ္မလဲ။
ဒီေလာက္ဆို တီေလး ေက်နပ္ေရာေပါ့။
ကြၽန္ေတာ္ အိမ္ကိုျပန္ခ်င္ေနၿပီေလ။
ကြၽန္ေတာ္ ေဘဘီ့ကိုေတြ ႕ခ်င္လွၿပီ။
မေန ႔ညက အိမ္မက္ထဲမွာ ေဘဘီက ကြၽန္ေတာ့္ကို မမွတ္မိဘူးတဲ့။
ကြၽန္ေတာ္ထားရစ္ခဲ့တဲ့၁၀နွစ္သားေကာင္ေလးက ကြၽန္ေတာ့္ကို ေမ့မ်ားေမ့သြားၿပီလား။
အိမ္မက္ဆိုးေၾကာင့္ ကြၽန္ေတာ္ဟာ
ေမာပန္းလြန္းလို ႔ျပန္မအိပ္နိုင္ခဲ့ဘူး။
"အိမ္ျပန္ခ်ိန္ေရာက္ၿပီ ေသာမတ္စ္ "
ကြၽန္ေတာ္ဟာ ထိုစကားကိုပဲ
ေသာမတ္စ္ကိုေျပာခဲ့ၿပီး အလုပ္ထြက္စာကို စာပြဲေပၚ တင္ေပးထားခဲ့လိုက္တယ္။
အျပန္ေရာက္ေတာ့ ေျခလွမ္းေတြက ေပါ့ပါးေနခဲ့တယ္။
ဝန္ထုတ္ဝန္ပိုးေတြ ကြၽန္ေတာ့္ပံုခံုးေပၚမွာ မရွိေတာ့ဘူးေလ။
တခုပဲ နာနာတို ႔ကို ခြဲရမွာေတာ့ စိတ္မေကာင္းစရာျဖစ္ရတယ္။
အဲ့ဒီေန ႔ညမွာပဲ နာနာနဲ ့အန္ကယ္ေဒးဗစ့္ကို အက်ိဳးအေၾကာင္းေျပာၿပီး အိမ္ျပန္ဖို ႔ခြင့္ေတာင္းလိုက္တယ္။
နာနာတစ္ေယာက္ဟာ အံ့ၾသသြားရုံကလြဲၿပီး မ်က္ရည္တစက္မက်ခဲ့ဘူး။
ပံုမွန္ဆို နာနာဟာ ကြၽန္ေတာ့္ကို သိပ္ခ်စ္ရွာတဲ့ အမ်ိဳးသမီးပါ။
ဒါေပမဲ့ ဒီတခါေတာ့ ၿပံဳးရုံသာၿပံဳးေနခဲ့တယ္။
နာနာနဲ ့ဆန္ ႔က်င္ဖက္ျဖစ္တဲ့ ကြၽန္ေတာ္ကေတာ့ နာနာအၿပံဳးေတြကို လက္မခံနိုင္စြာဖက္ၿပီငိုေကြၽးခဲ့ရတာေပါ့။
အဲ့ဒီအခ်ိန္မွာ နာနာက ကြၽန္ေတာ့္ဆံပင္ေတြကို ပြတ္သပ္ၿပီး ေျပာလာခဲ့တယ္။
"အစိမ္းေရာင္ခြက္ကေလးကို တစံုတေယာက္အစား အလြမ္းေျဖေနမွေတာ့ အခ်ိန္တန္ရင္ ဂြၽန္ အိမ္ျပန္မွာဆိုတာနာနာသိတယ္"တဲ့ ။
ကြၽန္ေတာ္ဘာစကားမွ နာနာကို ျပန္မေျပာနိုင္ခဲ့ဘူး။
ကြၽန္ေတာ္ နာနာတို ႔နဲ ့မခြဲခ်င္ေပမဲ့
ေဘဘီနဲ ့လည္းေတြ ႕ခ်င္ေသးတယ္။
ေပါက္စီလံုးနဲ ့အနည္းဆံုးတခါေလာက္ ေတာ့ ေတြ ႕ရမွျဖစ္မယ္။
နာနာကေတာ့ သူတို ႔အိမ္က အၿမဲႀကိဳဆိုေနလ်က္ပါတဲ့။
အဲ့ေန ႔ညမွာပဲ ကြၽန္ေတာ္ facebook ကို စတင္အသံုးျပဳခဲ့တယ္။
ျမန္မာျပည္က သတင္းမွန္သမ်ွကို ကြၽန္ာေတာ္တခါေတာင္ သိဖို ႔မႀကိဳးစားခဲ့ဖူးလို ႔
ဘာေတြေျပာင္းလဲသြားသလဲဆိုတာ ကြၽန္ေတာ္မသိဘူး။
အရင္ဆံုး သက္ငယ္ေဝလံု ဆိုတဲ့ နာမည္ကို လိုက္ရွာေတာ့မေတြ ႕။
ဆင္တူရုိးမွားနာမည္ေတာ္ေတာ္မ်ားမ်ားကို လိုက္ရွာေသာ္လည္း ေပါက္စီလံုးနဲ ့တူတဲ့ အရိပ္ေယာင္ကို မေတြ ႕။
တနာရီနီးပါးရွာေဖြခဲ့တာေတာင္ မေတြ ႕လာေတာ့ ကြၽန္ေတာ္အေတာ္ေလး စိတ္ဓာတ္က်လာခဲ့တယ္။
newfeedကို စိတ္ပ်က္လက္ပ်က္ဆြဲခ်ေနတုန္း ေကာင္မေလးတစ္ေယာက္shareထားတဲ့ interviewတခုကိုသြားေတြ ႕သည္။
ပ်င္းပ်င္းနဲ ့ ထို videoကိုဖြင့္ကာၾကည့္လိုက္၏။
ပထမဆံုးျမင္လိုက္ရတာ ျဖဴေဖြးေနတဲ့ ပါးအိအိေလး။
ကေလးရုပ္ကေလးသိပ္မေပ်ာက္ခ်င္လွေသးတဲ့ ထိုေကာင္ေလးက ျမန္မာမွာ အရမ္းေပါက္ေနတဲ့ အဆိုေတာ္တဲ့။
ခ်စ္ေတာ့ခ်စ္စရာေလးပင္။
ဒါေပမဲ့ မႈန္ကုတ္ေနတဲ့ ရုပ္ကေလးကေတာ့ အႏုပညာရွင္ျဖစ္ေနတာေတာင္
ေျပေျပပ်စ္ပ်စ္မရွိလွ။
ေခ်ာတာကေတာ့ အေတာ္ေလးေခ်ာလွသည္။
ဒီအသက္အ႐ြယ္ေလးနဲ ့ေအာင္ျမင္တာဆိုေတာ့ သူဘယ္အ႐ြယ္ကတည္းကမ်ား အႏုပညာရွင္ျဖစ္ဖို ႔ႀကိဳးစားခဲ့တာလဲ။
"Moon သီခ်င္းအသစ္ထြက္ဖို ႔ရွိလား "
" အႏုပညာဆိုတာ စိတ္နဲ ့ဆိုင္တယ္။
ခုခ်ိန္မွာ မရွိေသးေပမဲ့ ေနာက္တခ်ိန္မွာ
ရွိခ်င္ရွိလာနိုင္တယ္။ တကယ္ဆို ဒီေမးခြန္းမ်ိဳး ကြၽန္ေတာ့္ကိုမေမးသင့္ဘူး "
အေပါက္ဆိုးလွတဲ့ ထိုေကာင္ေလးစကားေၾကာင့္ ကြၽန္ေတာ္ တစ္ေယာက္ထဲေအာ္ရယ္ပစ္လိုက္မိသည္။
interviewသမားေတြ ဘယ္လိုေနမလဲမသိ။
"ဒါဆိုေနာက္ေမးခြန္းေျပာင္းေမးမယ္ေနာ္။
Moonအေနနဲ ့ ေအာင္ျမင္လာတာ အသက္ ၁၆နွစ္အ႐ြယ္ကတည္းကေနာ္။ ပထမဆံုး internetေပၚမွာေပါက္ခဲ့တဲ့ ၁၉ရက္ေန ႔တမ္းခ်င္းဆိုတာ ဘယ္သူ ႔ကို ရည္႐ြယ္တာလဲဆိုတာ ေျပာျပလို ႔ရမလားဗ် ။
ၿပီးေတာ့ ၁၉ရက္ေန ႔တိုင္း လိုင္းေပၚတင္တက္တဲ့ codeေလးေတြရဲ႕ ေကာလဟလ ေတြနဲ ့ပတ္သတ္ၿပီေရာဘာေျပာခ်င္ေသးလဲ"
၁၉ရက္တမ္းခ်င္းဆိုတဲ့ စကားေၾကာင့္ ကြၽန္ေတာ္ဘာရယ္မဟုတ္စိတ္ဝင္စားသြားရသည္။
ေသခ်ာ ထိုမထံုတက္ေတးေကာင္ေလးကို
စူးစိုက္ၾကည့္ေတာ့ စိတ္မရွည္သလို နဖူးေပၚက ဆံပင္ေတြလွန္တင္ေနသည္။
ၾကည့္စမ္း။ ဒါ အလြန္ရုိင္းတဲ့ အျပဳမူမ်ိဳး။
ဒါေပမဲ့ မန္ ႔ေတြမွာ တစ္ေယာက္မွ မေကာင္းမေျပာၾကေပ။
သူ ႔ဟာနဲ ့သူကေတာ့ ဟုတ္ေနတာပဲ။
ၾကည့္ရင္းၾကည့္ရင္း သူေျပာေနသမ်ွ
ဘာမွမဟုတ္ေတာ့သလိုကြၽန္ေတာ္ပါ ခံစားလာရသည္ထိ ဒီေကာင္ေလးက ေရွးဆုေတာင္းေကာင္းသည္။
"ဒီတခါေနာက္ဆံုးေျဖေပးတာ။
ေနာက္တခါ ကြၽန္ေတာ္ဘယ္interviewမွ ေျဖမွာမဟုတ္ဘူး။
၁၉က္တမ္းခ်င္းဆိုတာ တစံုတေယာက္ကို လြမ္းလို ႔စပ္ဆိုခဲ့တဲ့ သီခ်င္း။ ကြၽန္ေတာ့္ရင္ထဲကထြက္လာတဲ့ သံစဥ္ေတြမွန္သမ်ွ သူ ႔ေၾကာင့္ပဲ။ က်န္တဲ့ေကာလဟာလကေတာ့ ထင္ခ်င္ရာထင္ၾကပါ။ ဂရုမစိုက္ဘူး။ "
cameraကိုတည့္တည့္ၾကည့္ၿပီး ေျပာၿပီးေနာက္မွာ ေခါင္းတခ်က္ၿငိမ့္နႈတ္ဆက္ကာ ထိုေနရာမွ ထြက္သြားခဲ့သည္။
တကယ္မလြယ္ေၾကာေလးပဲ။
ကြၽန္ေတာ္ ခပ္ဟဟ ရယ္ေမာကာ
အိပ္ဖို ႔ျပင္လိုက္တယ္။
ဒါေပမဲ့ အိပ္မယ္ဆိုခါနီးမွ ထိုေကာင္ေလးရဲ႕ ၁၉ရက္တမ္းခ်င္းကို နားေထာင္ခ်င္မိသြားသည္။
ေခါင္းဦးေဘးခ်ထားတဲ့ ဖုန္းကို ျပန္ေကာက္စမ္းၿပီး လိုင္းေပၚကေန ရွာလိုက္သည္။
ေတြ ႕ပါၿပီ အနက္ေရာင္ ဂစ္တာတလံုးကို တီးခတ္ေနတဲ့ ပံုေလး။
camera ကိုေသခ်ာရုိက္ထားတာမဟုတ္ေတာ့ မ်က္နွာကို ေသခ်ာ မျမင္ရေပ။
ဂစ္တာသံ ၿငိမ့္ၿငိမ့္ေလးက ကြၽန္ေတာ့္အခန္းမွာ သဲ့သဲ့ေလး ျပန္ လြင့္လာၿပီးေနာက္မွာ ကြၽန္ေတာ္ဟာ ဖုန္းကို ေဘးခ်ၿပီး
ၿငိမ္သက္စြာနားေထာင္လိုက္သည္။
သီခ်င္းသည္
တစံုတေယာက္ကို လြမ္းဆြတ္ေနခဲ့ၿပီး
အခ်ိန္တိုင္းေစာင့္ေမ်ွာ္ေနဟန္ ကိုေဖာ္ၾကဴးထားျခင္းျဖစ္သည္။
၁၆နွစ္အ႐ြယ္ လူပ်ိဳေပါက္ကေလးရဲ႕ ၾသရွရွအသံသည္ အဆိုေတာ္တစ္ေယာက္ျဖစ္ဖို ႔ လိုအပ္ခ်က္မရွိလွသည္ကိုၾကားသိၿပီးေနာက္မွာ ကြၽန္ေတာ္ဟာ အိပ္ေပ်ာ္ျခင္းဆီကို ေရာက္ရွိသြားခဲ့သည္။
ခ်စ္တဲ့အိမ္စည္။
သတ်သေတိတိကျကျ ကို ဘုတ်အဖွဲ့ မှာ
တင်ပေးခဲ့ပြီး သုံးရက်အကြာမှာ
ဗစ်တာဟာ fashion show မှာ ပါဝင်ခွင့်ရပ်ဆိုင်းခံလိုက်ရတယ်။
ဒါဟာ ဘာဆိုတာကို မပြောလဲ လူတိုင်းနားလည်ကြမည်ထင်ပါတယ်။
ကျွန်တော်ရဲ့ အိမ်ပြန်ချိန် လို့ အမည်ပေးထားတဲ့ နွေဦးဖက်ရှင်ဟာ ဗစ်တာနဲ့ ပြသနာဖြစ်ပြီးနောက်ပိုင်းမှာ သိသိသာသာရေပန်းစားလာခဲ့တယ်။
ဒါပေမဲ့ ဘုတ်အဖွဲ့ အစည်းနဲ့ ဗစ်တာမှအပ မည်သူ တစ်ဦး တစ်ယောက်မှ
မမြင်ဖူးကြပေ။
တကယ်ဆိုရင် ကိုယ်တိုင်ရေးဆွဲခဲ့သော
Designများကို စနစ်တကျထိန်းသိမ်း
ရမှာ ကျွန်တော့်တာဝန်ဆိုပေမဲ့
ကျွန်တော့်အတွက်သီးသန့် ပေးထားသော အခန်းကို ဝင်ရောက်ကြည့်ရှု့ ခဲ့သော
ဗစ်တာရဲ့ အပြစ်ကလည်း မသေးလှပေ။
ဗစ်တာသည် ထို့ ကိစ္စနဲ့ ပတ်သတ်ပြီး
တရားဝင် ideaအသစ်မထွက်လို့ လုပ်မိလုပ်ရာလုပ်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့သည်။
ထို့ အတွက် ကျွန်တော်သည် ဗစ်တာကို အပြစ်တစုံတရာမဆိုခဲ့ပါ။
ဗစ်တာသည် ကျွန်တော့်designကို
ကြည့်ရူ့ ခဲ့ပေမဲ့ ဝါရင့်သူပီပီ
ပုံတူမကူးချခဲ့ပါ။
ဗစ်တာ ဖန်တီးခဲ့သော လက်ရာနဲ့
ကျွန်တော်ဖန်တီးခဲ့သော လက်ရာကို သေချာယှဉ်ကြည့်မယ်ဆိုရင်တောင် ဗစ်တာ
လက်ရာက ပိုသေသပ်လှပပေသည်။
သို့ ပေမဲ့ ထိုအထဲမှာဗစ်တာ လိုအပ်သွားတဲ့
အကြောင်းရာက အိမ်ပြန်ချိန်လို့ ဘာကြောင့်နာမည်ပေးထားသလဲဆိုတာပင်။
ကျွန်တော်အတွက် အမြဲမျှော်လင့်ရတဲ့ နေ့ ရက်သည် ပေါက်စီလုံးရှိရာ သို့ ပြန်ရမဲ့ နေရက်ပင်ဖြစ်သည်။
ထို့ ကြောင့် လိမ္မော်ရောင် ကို အဓိကထားသုံးပေးခဲ့ပြီး ပေါ့ပါးတဲ့ လူငယ်ဝတ် လက်တို ရှပ်တစ်ထည်ကိုသာ ပုံဖော်ခဲ့သည်။ ရင်ဖက်တွင် ဂီတသံစဉ် လေးတခုဖြင့် ရိုးရှင်းစွာ အလှဆင်ထားသော အင်္ကျီတစ်ထည်သည် ဗစ်တာကို ဘယ်အရာကများမျက်စိကျသွားစေခဲ့သလဲ။
သို့ ပေမဲ့ အနုပညာဆိုသည်မှာ ဖန်တီးသူ၏ စိတ်ခံစားမူ့ ကြောင့် ရိုးရှင်းပေမဲ့ ပိုပီး အသက်ဝင်လာတက်သည်လေ။ ထို့ ကြောင့် ကျွန်တော့်လက်ရာသည် အများအမြင်မှာ အင်္ကျီ တစ်ထည်လို့ မမြင်ရစေပဲ
ကြည့်လိုက်တာနဲ့ တက်ကြွမူ့ ၊ စိတ်အားထက်သန်မူ့ ကို ဖော်ကြူးနိုင်ရမည်။
နောက်ပြီး လူငယ်တွေရဲ့ ပေါ့ပါးတဲ့ နွေဦးdesign
အဖြစ် အင်္ကျီကို စဆွဲကတည်းက အဖြူ ရောင်
လျှာထိုး ဦးထုတ်တလုံးပါ ပူးတွဲဆွဲခဲ့လေသည်။
ထိုဦးထုပ် ၏ လျှာထိုးနေရာတွင် အဖြူရောင်ပလက်တီနမ်ကွင်းကြီးကြီး တခုကို ထည့်သွင်းဆွဲခဲ့ပြီး ဦးထုပ်ရဲ့ အတွင်းသားကို
လိမ္မော်ရောင်ဖြင့် အဓိကထားခံချုပ်စေသည်။ကြည့်လိုက်တာနဲ့ လန်းဆန်းတက်ကြွစေမူ့ ကို အရိုးရှင်းဆုံးနဲ့ အဆန်းဆုံး ဖြစ်အောင် ဖန်တီးခဲ့ခြင်းဖြစ်ပေသည်။
အရာအားလုံးသည် ကျွန်တော်မျှော်မှန်းခဲ့တဲ့အတိုင်း အဆင်ပြေခဲ့ပေမဲ့ ဒီကုမ္ပဏီမှာတော့ ဆက်မရှိချင်တော့ပါ။ထို့ ကြောင့်
အထက်အရာရှိဖြစ်တဲ့ သောမတ်စ်ရုံးခန်းကို ကျွန်တော်သွားခဲ့သည်။
"ကျွန်တော် အလုပ်ထွက်တော့မယ် သောမတ်စ်"
"ဘာလို့ လဲ ဂျွန်နီ။ ငါတို့ ဖက်က မင်းသိက္ခာအတွက် အတိအလင်းတောင်းပန်ပေးမှာပါ ။ ခုဖြစ်သွားတဲ့ ကိစ္စမှာလဲ ဗစ်တာ ဆေးကြောင်ပြီးလုပ်မိလုပ်ရာလုပ်လိုက်တယ်ဆိုတာ ဝန်ခံပြီးပြီပဲ။ အလုပ်ထွက်ရလောက်အောင်ထိတော့ "
သောမတ်စ်ရဲ့ စကားတွေက ကျွန်တော် နားထဲမဝင်ပေမဲ့ အချိန်အတော်ကြာအောင် နားထောင်ပေးလိုက်တယ်။
ဘယ်လိုပြောမလဲ ။ ခုချိန်မှာ ကျွန်တော်တွေးမိတာ ကျွန်တော်တော်သင့်ပြီဆိုတာပဲ။
၉နှစ်တာကာလ ပတ်လုံး ကျွန်တော်ဟာ ဟန်ဆောင်မျက်နှာဖုံးတပ်ပြီး ကိုယ်နဲ့ သဟဇတ မဖြစ်တဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေပြေနေဖို့ ကြိုးစားနေခဲ့တယ်။
ပျော်ရွှင်ခြင်းဆိုတာ ဘယ်မှာလဲ။
လုံလောက်တဲ့ငွေ ကျွန်တော်မှာ ရှိနေပြီ။
လုံလောက်တဲ့ အတက်ပညာ ကျွန်တော့်မှာ ရှိနေပြီ။
ဒါဆို ကျွန်တော် ဘာဆက်လုပ်မလဲ။
ဒီလောက်ဆို တီလေး ကျေနပ်ရောပေါ့။
ကျွန်တော် အိမ်ကိုပြန်ချင်နေပြီလေ။
ကျွန်တော် ဘေဘီ့ကိုတွေ့ ချင်လှပြီ။
မနေ့ ညက အိမ်မက်ထဲမှာ ဘေဘီက ကျွန်တော့်ကို မမှတ်မိဘူးတဲ့။
ကျွန်တော်ထားရစ်ခဲ့တဲ့၁၀နှစ်သားကောင်လေးက ကျွန်တော့်ကို မေ့များမေ့သွားပြီလား။
အိမ်မက်ဆိုးကြောင့် ကျွန်တော်ဟာ
မောပန်းလွန်းလို့ ပြန်မအိပ်နိုင်ခဲ့ဘူး။
"အိမ်ပြန်ချိန်ရောက်ပြီ သောမတ်စ် "
ကျွန်တော်ဟာ ထိုစကားကိုပဲ
သောမတ်စ်ကိုပြောခဲ့ပြီး အလုပ်ထွက်စာကို စာပွဲပေါ် တင်ပေးထားခဲ့လိုက်တယ်။
အပြန်ရောက်တော့ ခြေလှမ်းတွေက ပေါ့ပါးနေခဲ့တယ်။
ဝန်ထုတ်ဝန်ပိုးတွေ ကျွန်တော့်ပုံခုံးပေါ်မှာ မရှိတော့ဘူးလေ။
တခုပဲ နာနာတို့ ကို ခွဲရမှာတော့ စိတ်မကောင်းစရာဖြစ်ရတယ်။
အဲ့ဒီနေ့ ညမှာပဲ နာနာနဲ့ အန်ကယ်ဒေးဗစ့်ကို အကျိုးအကြောင်းပြောပြီး အိမ်ပြန်ဖို့ ခွင့်တောင်းလိုက်တယ်။
နာနာတစ်ယောက်ဟာ အံ့သြသွားရုံကလွဲပြီး မျက်ရည်တစက်မကျခဲ့ဘူး။
ပုံမှန်ဆို နာနာဟာ ကျွန်တော့်ကို သိပ်ချစ်ရှာတဲ့ အမျိုးသမီးပါ။
ဒါပေမဲ့ ဒီတခါတော့ ပြုံးရုံသာပြုံးနေခဲ့တယ်။
နာနာနဲ့ ဆန့် ကျင်ဖက်ဖြစ်တဲ့ ကျွန်တော်ကတော့ နာနာအပြုံးတွေကို လက်မခံနိုင်စွာဖက်ပြီငိုကျွေးခဲ့ရတာပေါ့။
အဲ့ဒီအချိန်မှာ နာနာက ကျွန်တော့်ဆံပင်တွေကို ပွတ်သပ်ပြီး ပြောလာခဲ့တယ်။
"အစိမ်းရောင်ခွက်ကလေးကို တစုံတယောက်အစား အလွမ်းဖြေနေမှတော့ အချိန်တန်ရင် ဂျွန် အိမ်ပြန်မှာဆိုတာနာနာသိတယ်"တဲ့ ။
ကျွန်တော်ဘာစကားမှ နာနာကို ပြန်မပြောနိုင်ခဲ့ဘူး။
ကျွန်တော် နာနာတို့ နဲ့ မခွဲချင်ပေမဲ့
ဘေဘီနဲ့ လည်းတွေ့ ချင်သေးတယ်။
ပေါက်စီလုံးနဲ့ အနည်းဆုံးတခါလောက် တော့ တွေ့ ရမှဖြစ်မယ်။
နာနာကတော့ သူတို့ အိမ်က အမြဲကြိုဆိုနေလျက်ပါတဲ့။
အဲ့နေ့ ညမှာပဲ ကျွန်တော် facebook ကို စတင်အသုံးပြုခဲ့တယ်။
မြန်မာပြည်က သတင်းမှန်သမျှကို ကျွန်ာတော်တခါတောင် သိဖို့ မကြိုးစားခဲ့ဖူးလို့
ဘာတွေပြောင်းလဲသွားသလဲဆိုတာ ကျွန်တော်မသိဘူး။
အရင်ဆုံး သက်ငယ်ဝေလုံ ဆိုတဲ့ နာမည်ကို လိုက်ရှာတော့မတွေ့ ။
ဆင်တူရိုးမှားနာမည်တော်တော်များများကို လိုက်ရှာသော်လည်း ပေါက်စီလုံးနဲ့ တူတဲ့ အရိပ်ယောင်ကို မတွေ့ ။
တနာရီနီးပါးရှာဖွေခဲ့တာတောင် မတွေ့ လာတော့ ကျွန်တော်အတော်လေး စိတ်ဓာတ်ကျလာခဲ့တယ်။
newfeedကို စိတ်ပျက်လက်ပျက်ဆွဲချနေတုန်း ကောင်မလေးတစ်ယောက်shareထားတဲ့ interviewတခုကိုသွားတွေ့ သည်။
ပျင်းပျင်းနဲ့ ထို videoကိုဖွင့်ကာကြည့်လိုက်၏။
ပထမဆုံးမြင်လိုက်ရတာ ဖြူဖွေးနေတဲ့ ပါးအိအိလေး။
ကလေးရုပ်ကလေးသိပ်မပျောက်ချင်လှသေးတဲ့ ထိုကောင်လေးက မြန်မာမှာ အရမ်းပေါက်နေတဲ့ အဆိုတော်တဲ့။
ချစ်တော့ချစ်စရာလေးပင်။
ဒါပေမဲ့ မှုန်ကုတ်နေတဲ့ ရုပ်ကလေးကတော့ အနုပညာရှင်ဖြစ်နေတာတောင်
ပြေပြေပျစ်ပျစ်မရှိလှ။
ချောတာကတော့ အတော်လေးချောလှသည်။
ဒီအသက်အရွယ်လေးနဲ့ အောင်မြင်တာဆိုတော့ သူဘယ်အရွယ်ကတည်းကများ အနုပညာရှင်ဖြစ်ဖို့ ကြိုးစားခဲ့တာလဲ။
"Moon သီချင်းအသစ်ထွက်ဖို့ ရှိလား "
" အနုပညာဆိုတာ စိတ်နဲ့ ဆိုင်တယ်။
ခုချိန်မှာ မရှိသေးပေမဲ့ နောက်တချိန်မှာ
ရှိချင်ရှိလာနိုင်တယ်။ တကယ်ဆို ဒီမေးခွန်းမျိုး ကျွန်တော့်ကိုမမေးသင့်ဘူး "
အပေါက်ဆိုးလှတဲ့ ထိုကောင်လေးစကားကြောင့် ကျွန်တော် တစ်ယောက်ထဲအော်ရယ်ပစ်လိုက်မိသည်။
interviewသမားတွေ ဘယ်လိုနေမလဲမသိ။
"ဒါဆိုနောက်မေးခွန်းပြောင်းမေးမယ်နော်။
Moonအနေနဲ့ အောင်မြင်လာတာ အသက် ၁၆နှစ်အရွယ်ကတည်းကနော်။ ပထမဆုံး internetပေါ်မှာပေါက်ခဲ့တဲ့ ၁၉ရက်နေ့ တမ်းချင်းဆိုတာ ဘယ်သူ့ ကို ရည်ရွယ်တာလဲဆိုတာ ပြောပြလို့ ရမလားဗျ ။
ပြီးတော့ ၁၉ရက်နေ့ တိုင်း လိုင်းပေါ်တင်တက်တဲ့ codeလေးတွေရဲ့ ကောလဟလ တွေနဲ့ ပတ်သတ်ပြီရောဘာပြောချင်သေးလဲ"
၁၉ရက်တမ်းချင်းဆိုတဲ့ စကားကြောင့် ကျွန်တော်ဘာရယ်မဟုတ်စိတ်ဝင်စားသွားရသည်။
သေချာ ထိုမထုံတက်တေးကောင်လေးကို
စူးစိုက်ကြည့်တော့ စိတ်မရှည်သလို နဖူးပေါ်က ဆံပင်တွေလှန်တင်နေသည်။
ကြည့်စမ်း။ ဒါ အလွန်ရိုင်းတဲ့ အပြုမူမျိုး။
ဒါပေမဲ့ မန့် တွေမှာ တစ်ယောက်မှ မကောင်းမပြောကြပေ။
သူ့ ဟာနဲ့ သူကတော့ ဟုတ်နေတာပဲ။
ကြည့်ရင်းကြည့်ရင်း သူပြောနေသမျှ
ဘာမှမဟုတ်တော့သလိုကျွန်တော်ပါ ခံစားလာရသည်ထိ ဒီကောင်လေးက ရှေးဆုတောင်းကောင်းသည်။
"ဒီတခါနောက်ဆုံးဖြေပေးတာ။
နောက်တခါ ကျွန်တော်ဘယ်interviewမှ ဖြေမှာမဟုတ်ဘူး။
၁၉က်တမ်းချင်းဆိုတာ တစုံတယောက်ကို လွမ်းလို့ စပ်ဆိုခဲ့တဲ့ သီချင်း။ ကျွန်တော့်ရင်ထဲကထွက်လာတဲ့ သံစဉ်တွေမှန်သမျှ သူ့ ကြောင့်ပဲ။ ကျန်တဲ့ကောလဟာလကတော့ ထင်ချင်ရာထင်ကြပါ။ ဂရုမစိုက်ဘူး။ "
cameraကိုတည့်တည့်ကြည့်ပြီး ပြောပြီးနောက်မှာ ခေါင်းတချက်ငြိမ့်နှုတ်ဆက်ကာ ထိုနေရာမှ ထွက်သွားခဲ့သည်။
တကယ်မလွယ်ကြောလေးပဲ။
ကျွန်တော် ခပ်ဟဟ ရယ်မောကာ
အိပ်ဖို့ ပြင်လိုက်တယ်။
ဒါပေမဲ့ အိပ်မယ်ဆိုခါနီးမှ ထိုကောင်လေးရဲ့ ၁၉ရက်တမ်းချင်းကို နားထောင်ချင်မိသွားသည်။
ခေါင်းဦးဘေးချထားတဲ့ ဖုန်းကို ပြန်ကောက်စမ်းပြီး လိုင်းပေါ်ကနေ ရှာလိုက်သည်။
တွေ့ ပါပြီ အနက်ရောင် ဂစ်တာတလုံးကို တီးခတ်နေတဲ့ ပုံလေး။
camera ကိုသေချာရိုက်ထားတာမဟုတ်တော့ မျက်နှာကို သေချာ မမြင်ရပေ။
ဂစ်တာသံ ငြိမ့်ငြိမ့်လေးက ကျွန်တော့်အခန်းမှာ သဲ့သဲ့လေး ပြန် လွင့်လာပြီးနောက်မှာ ကျွန်တော်ဟာ ဖုန်းကို ဘေးချပြီး
ငြိမ်သက်စွာနားထောင်လိုက်သည်။
သီချင်းသည်
တစုံတယောက်ကို လွမ်းဆွတ်နေခဲ့ပြီး
အချိန်တိုင်းစောင့်မျှော်နေဟန် ကိုဖော်ကြူးထားခြင်းဖြစ်သည်။
၁၆နှစ်အရွယ် လူပျိုပေါက်ကလေးရဲ့ သြရှရှအသံသည် အဆိုတော်တစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်မရှိလှသည်ကိုကြားသိပြီးနောက်မှာ ကျွန်တော်ဟာ အိပ်ပျော်ခြင်းဆီကို ရောက်ရှိသွားခဲ့သည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz