ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

1

eainsi23

"သား လံုလံု … ဟိုမွာ မမ ကိုေတြ ့လား ။ ေခၚလိုက္ ခ်စ္ခ်စ္ လို ့ "

မႀကားခ်င္ေပမဲ့ နားထဲကိုဝင္လာတဲ့ အသံေႀကာင့္ လရိပ္ မ်က္နွာတည္တင္းေနေလ၏။
အလြန္ဆံုးရွိမွ ကေလးက သံုးနွစ္ေက်ာ္ေပါ့။
ခ်စ္စနိုးနဲ ့စတာပဲျဖစ္ျဖစ္ ။
သင္ေပးတာပဲျဖစ္ျဖစ္။
ဒီအရြယ္က အမ်ားအျမင္မွာခ်စ္စရာေကာင္းနိုင္ေသးေပမဲ့ အသက္ႀကီးလာတဲ့အခါမွာ စြဲလာတဲ့အမူအက်င့္က ေဖ်ာက္ဖ်က္မရနိုင္တဲ့အခါမွာ ခ်စ္စရာေကာင္း
တယ္ဆိုတဲ့ အျမင္ကေန ရုိင္းလိုက္တာဆိုတဲ့ အျမင္ကိုေျပာင္းလာနိုင္သည္။
ေသခ်ာနားေထာင္ေနတာမဟုတ္ေပမဲ့အိမ္ျခင္းကပ္ရပ္ျဖစ္ေနတဲ့အျပင္ အိမ္နွစ္အိမ္ႀကားက ပိေတာက္ပင္ႀကီးရဲ့ အရိပ္ေအာက္မွာ လရိပ္က ေန ့ခင္းအားရင္ စာဖတ္ေနတက္သလို အဲ့ဖက္အိမ္ကကေလးေလးကလဲ ေန ့ခင္းဆို ေအးတဲ့အပင္ေအာက္မွာ လာေဆာ့တက္သည္။

ဘယ္လိုမွစိတ္နွစ္ပီး စာဖတ္ရတာ အဆင္မေျပေတာ့။
မနက္ဖန္ဆို လရိပ္က သံုးတန္းတက္ရေတာ့မည္။
ေက်ာင္းမွာ လရိပ္မွဴးခိုင္ဆိုတဲ့
ခပ္တည္တည္ ေနတက္တဲ့ က်ြန္ေတာ္က စာေတာ္သလို တျခားျပင္ပဗဟုသုတေတြမွာလဲ ေတာ္သည္။
အားေနရင္ စာပဲ ဖတ္ေနတက္တဲ့ လရိပ္ကို ေက်ာင္းရွိဆရာဆရာမမ်ားက ခ်စ္ႀကသည္ကေတာ့မဆန္း။ ျမန္မာစာကလြဲျပီး
ဘယ္ဘာသာေျဖေျဖအမွတ္၉၉ …၁၀၀
ကမဆင္းတက္သူမို ့မာနကလဲႀကီးသည္။
ဖတ္စာအုပ္အျပင္ ေလ့လာေနတဲ့ အဂၤလိပ္စကားေျပာနည္းစာအုပ္ကိုတခ်ိဳ ့ကို ပိတ္ပီး တအုပ္ေပၚတအုပ္ ထပ္စီလိုက္၏။
တီေလး ဝယ္ေပးထားတဲ့ ေက်ာပိုးအိတ္ေလးထဲကို ညီညာေနေအာင္ စီထည့္ရင္း လူႀကီးခါးတဝက္စာေလာက္သာရွိေသာ အုတ္တံတိုင္းပုေလးကို မျမင္ရေပမဲ့ လွမ္းႀကည့္လိုက္သည္။
ထို ့ေနာက္ လရိပ္ အိတ္ေလးဆြဲပီး
ေဟာင္းႏြမ္းစျပဳေနတဲ့ နွစ္ထပ္တိုက္ထဲ
သို ့  လွမ္းဝင္လိုက္၏။
လရိပ္မွာ ေမေမမရွိေတာ့။ ေဖေဖ့ညီမ တီေလးက လရိပ္ရဲ့ အုပ္ထိန္းသူပင္။ ေဖေဖကေတာ့ နိုင္ငံျခားသေဘာၤလိုက္သူမို ့ အေဝးတေနရာမွာသာ လစဥ္ေထာက္ပံ ့တက္သည္။
တီေလးက အသက္၃၀ခန္ ့ရွိေနျပီျဖစ္ေနေပမဲ့ ခုထိေတာ့ အိမ္ေထာင္မျပဳေသး။
လရိပ္ေႀကာင့္မျပဳေသးတာျဖစ္နိုင္ေပမဲ့
တီေလးကို အပ်ိဳႀကီးေတာ့မျဖစ္ေစခ်င္ပါ။

"လရိပ္ တီေလးကို စတိုးဆိုင္မွာ
အေအးဘူးေလး သြားဝယ္ေပးပါအုန္း"

တီေလးက ေစ်းထဲမွာ အထည္ဆိုင္ဖြင့္ထားသည္မို ့ စီးပြားရွာရသူပီပီ
အိမ္မူ ့ကိစၥေတာ့မနိုင္နင္း။
ေရခဲေသတၱာထဲမွာေရဘူးကလြဲျပီး
မရွိေတာ့သည္မို ့ စားရင္းစာအုပ္ကိုင္တိုင္း ေခါင္းမူးေနတက္တဲ့ တီေလးအတြက္ကေတာ့ အေအးဘူးေအးေအးေလးကစိတ္ႀကည္ေဆးပင္။
ေလးအိမ္ေက်ာ္က စတိုးဆိုင္ကို
အေအးသြားဝယ္ဖို ့ လက္ထဲကေက်ာပိုးအိတ္ေလးကို ခ်ိတ္မွာသြားခ်ိတ္ရင္း တီေလး ပိုက္ဆံကိုသြားဖြင့္လိုက္သည္။
တီေလးက ေမာ့မႀကည့္ပဲ အထည္ဆိုင္မွာ ျဖည့္ရမဲ့ အထည္စာရင္းကို ခ်ေရးေန၏
အထဲမွာ အထပ္လိုက္ေသာ ပိုက္ဆံေတြထဲက ငါးေထာင္တန္တစ္ရြက္ယူကာ
လမ္းထိပ္ကို သြားဖို ့ဖိနပ္ျပန္စီးလိုက္သည္။

ျခံျပင္ကိုထြက္လိုက္တာနဲ ့ေဘးျခံက အျဖဴေရာင္
တံတိုင္းႀကီးႀကီးက မ်က္စိစူးဖြယ္။
အဲ့ဒါ ဟိုလံုလံုဆိုတဲ့ ေပါက္ဆီလံုးတို ့ျခံေပါ့။
အထဲက အိမ္ကလဲ အသစ္ျပန္ေဆာက္ထားတာမို ့ေခတ္မွီဆန္းသစ္စြာဟိန္းထေန၏။
ႀကည့္တယ္ဆိုရုံေလာက္သာႀကည့္ပီး
လရိပ္ ေခါင္းကိုျပန္တည့္လိုက္၏။
ေတြ ့ေနရင္နွဳတ္ဆက္ေနရအုန္းမည္။
လရိပ္ ကေအးေဆးေနတက္သည္မို ့
ရွဳပ္ရွဳပ္ယွက္ယွက္ေတြ မလုပ္ခ်င္။
ျပီးေတာ့ ကေလးေတြကိုလဲ မခ်စ္တက္။

"ခ်စ္ခ်စ္…ခ်စ္ခ်စ္ "

နားထဲဝင္လာတဲ့ အသံစူးစူးေလးေႀကာင့္ လရိပ္လွမ္းႀကည့္လိုက္ေတာ့ ျခံေရွ ့ကို သူ ့အေဖလက္ကိုဆြဲျပီးေျပးထြက္လာတဲ့ကေလးေလး။
အျဖဴေရာင္တီရွပ္ကေလးနဲ ့အနက္ေရာင္ ေဘာင္းဘီတိုတိုကိုဝတ္ထားတဲ့ ကေလးေလးသည္ ျဖဴေဖြးေနေသာ အသားေရရွိပီး တုတ္တုတ္တိုတိုေလးျဖစ္သည္။
ပါးစုန္ ့ႀကီးနွစ္ဖက္သည္ ေဖာင္းေဖာင္းကားကားႀကီးျဖစ္ကာ လွဳပ္ရွားလိုက္တာနဲ ့လွဳပ္ခါေန၏။

"သား အဲ့လိုမေခၚရဘူးေလ။ ကိုကို
လို ့ေခၚေလ "

ဖခင္လုပ္သူရဲ့ ဆံုးမစကားကို နားမေထာင္ပဲ အတင္းရုန္းကန္ကာ

"ခ်စ္ခ်စ္ဆီသြား။ ေဖေဖလႊတ္ "

"လံုလံု ။ ကိုကို ့ကိုအားနာစရာ။
ကိုကိုလို ့ေခၚပါဆို "

"ဟင့္ ေခၚခ်င္ဘူး။ ေဖေဖလႊတ္ပါဆို။
ခ်စ္ခ်စ္နဲ ့လိုက္မွာ "

ရုန္းကန္တြန္းထိုးပီး အတင္းလရိပ္ဆီလာခ်င္ေနတဲ့ ကေလးကို အေဖလုပ္သူကနည္းနည္းေလးေတာင္မာန္မဲျခင္းမျပဳပဲ
ခ်စ္ျမတ္နိုးစြာပဲႀကည့္ေနေလရဲ့။
ကေလးက အလိုလိုက္ထားလို ့အေတာ္ႀကီးဆိုးေနတဲ့ပံုပင္။
ခ်စ္ခ်စ္လို ့ေခၚတက္ဖို ့သင္ထားတဲ့ဖခင္ေႀကာင့္ ကေလးက ခုကတည္းကစိတ္စြဲေနေလပီ။ 
ဆက္ႀကည့္ေနရင္ ေခၚေနရမွာစိုးလို ့
လရိပ္ေျခလွမ္းေတြကို ျမန္လိုက္သည္။
ဒါေတာင္ေနာက္မွာ

"ခ်စ္ခ်စ္နဲ ့လိုက္မွာပါဆို "ဆိုတဲ့ တျဗဲျဗဲငိုသံနဲ ့
အသံစူးစူးကကပ္ပါလာေသးသည္။

စတိုးဆိုင္ေရာက္ေတာ့ေဒၚေလးေသာက္ေနႀက အေအးဘူးအျပင္ လရိပ္ေသာက္ေနက် ႏြားနို ့ဘူးေလးကိုပါ ထည့္ဝယ္လာျပီး ဘယ္မွမဝင္ပဲအိမ္ကိုသာတန္းတန္းမတ္မတ္ျပန္လာခဲ့လိုက္သည္။
လရိပ္ကိုေဒၚေလးက စိတ္ခ်မွာမေျပာနဲ ့
လရိပ္က စည္းစနစ္က်သလို တျခားကေလးေတြလို ေတြ ့တဲ့ေနရာဝင္ေဆာ့တာမ်ိဳးကို မလုပ္တက္။
လရိပ္အားရင္ စာဖတ္သည္။
ျခံထဲမွာ အပင္ေလးေတြေရေလာင္းသည္။ ဒါေတြေလာက္သာ လရိပ္လုပ္တက္ပီး မ်ားေသာအားျဖင့္ ကန္ထဲက ငါးေလးေတြကို အစာေက်ြးေနတက္သည္။

အျပန္လမ္းတြင္ ေပါက္စီလံုးတို ့အိမ္ေ့ရွ ့က မျဖတ္ခ်င္ေပမဲ့ ျဖတ္ရအုန္းမည္။
ကေလးမခ်စ္တက္ေသာ လရိပ္အတြက္ကေတာ့ လံုလံုဆိုတဲ့ ကေလးကဘယ္ေလာက္ခ်စ္စရာေကာင္းေကာင္း
နားညီးစရာေလးလို ့ပင္ျမင္မိသည္။
စူးရွတဲ့ ကေလးငိုသံေတြကို လရိပ္လံုးဝမႀကိဳက္။

"ေဖေဖ ခ်စ္ခ်စ္လာ…လံုလံု သြားမွာ"

ေဟာ …… ျခံေရွ ့ကေန သူျဖတ္သြားတာနဲ ့ေစာေစာက ကေလးရဲ့ အသံစူးစူးကထြက္လာျပန္သည္။
တမင္ေစာင့္ေနတာျဖစ္နိုင္သည္။
မိဘေတြ ကေလးကို ဒီေလာက္အလိုမလိုက္သင့္ဘူး။

"ဟိတ္ ကေလးေလး……သားကဟိုဖက္ျခံကမို ့လား။ "

လက္ညိုးထိုးျပတဲ့ လရိပ္တို ့ျခံကို
လိုက္မႀကည့္ေတာ့ လရိပ္ ထိုအသားျဖဴျဖဴနဲ ့လူႀကီးကို ေခါင္းညိမ့္ျပလိုက္သည္။
ေမးျမန္းလာေတြမေျဖခ်င္ေပမဲ့
အသက္အရြယ္ႀကီးတဲ့ လူႀကီးတစ္ေယာက္မို ့ေလးစားသမူ ့နဲ ့ရပ္နားေထာင္ေနရသည္။
သိုင္းဖိနပ္ေလးစီးေပးထားတဲ့ လံုလံုဆိုတဲ့ ေပါက္စီလံုးက  သူ ့အေဖဆြဲထားတဲ့လက္ကိုဖယ္ခ်ပီး လရိပ္ဆီကိုေျပးလာကာ
အေအးဘူးကိုင္မထားတဲ့ လက္ကို လာဆြဲထားသည္။
သြားပိုးစားေနတဲ့ ေအာက္သြားေလးတစ္ေခ်ာင္းေပၚေအာင္ ေမာ့ႀကည့္ရယ္ျပေနတဲ့ပံုေလးက အသဲယားစရာျဖစ္ေနေပမဲ့
လရိပ္ ခပ္တည္တည္သာ ျပန္ႀကည့္မိသည္။

ျဖစ္နိုင္ရင္ … ငါ့လက္ကိုမကိုင္နဲ ့
ေအာ္ပစ္လိုက္ခ်င္ေပမဲ့ လရိပ္ကရုိင္းစိုင္းတဲ့ကေလးမဟုတ္လို ့မသိခ်င္ေယာင္သာေဆာင္ေနရသည္။

"သား ကိုအကူညီေတာင္းစရာရွိလို ့
ဒီကေလးေလးနာမည္က သက္ငယ္ေဝလံုတဲ့ လံုလံုလို ့လဲေခၚတယ္။ "

လူႀကီးတစ္ေယာက္လို မိတ္ဆက္ေပးလာေပမဲ့ လရိပ္စိတ္ညစ္လာသည္။
ေဒၚေလးဝယ္ခိုင္းတဲ့ အေအးက မေအးပဲ ပူေတာ့မည္။

"လံုလံုက သားနဲ ့ေဆာ့ခ်င္လို ့တဲ့။
ဦးတို ့အိမ္ေျပာင္းလာတာသိပ္မႀကာေသးေတာ့ ။ လံုလံုမွာ အေဖာ္မရွိပဲပ်င္းေနရွာတာ ။ အဲ့ဒါ သားနဲ ့အတူတူေဆာ့ေပးလို ့ရလား"

အတင္းလိုက္ခ်င္ေနတဲ့ ေပါက္စီလံုးက
ေျခေထာက္ေလးေတြကို တခ်က္တခ်က္ေစာင့္ကာ ေျပးခ်င္ေနတဲ့ သေဘာကို ျပေနသည္။ မျဖစ္မေန လိုက္မဲ့ ပံုစံရွိတဲ့ ထိုေကာင္ေလးသည္ ေစာေစာကတည္းက ငိုထားပံုရကာ
မ်က္ေတာင္ေတြစိုရႊဲေနကာ နွာေခါင္းေလးေတာင္နီေနေသးသည္။

"က်ြန္ေတာ္အႀကာႀကီး ေဆာ့လို ့မရဘူး"

လက္ထဲကအေအးေတြမပူခင္ စကားကို ျမန္ျမန္ျဖတ္လိုက္သည္။
မေခၚခ်င္ဘူးေျပာရင္ ထိုကေလးငိုေတာ့မည္။
အသံဆူဆူညံညံေတြထြက္မလာခင္
မတက္သာပဲလက္ခံလိုက္ရသည္။

"ရပါတယ္။ သား မအားရင္ လွမ္းေအာ္လိုက္ဦးလာေခၚေပးမယ္"

လရိပ္ေခါင္းညိမ့္ျပကာ အိမ္ဖက္ကို
လွမ္းဝင္လာခဲ့သည္။
အျပန္တြင္အသြားတုန္းကလို တေယာက္ထဲမဟုတ္ေတာ့။
ခုန္စြခုန္စြနဲ ့ ေပါက္စီလံုးတလံုးေရာကပ္
ပါလာခဲ့သည္။
ေျခေထာက္တိုတိုေတြက လရိပ္သြားတဲ့အတိုု္းအတင္းေျပးလိုက္ေနရရွာေသာ္လဲ
ေျခလွမ္းေတြကိုေတာ့ မေနွးပစ္ခဲ့။
မွတ္ထားေပါက္စီလံုး …အဲ့ဒါငါနဲ ့လိုက္ခ်င္အုန္း။

ခ်စ္တဲ့အိမ္စည္။

>>>>>>>>><<<<<>>>>>>

"သား လုံလုံ … ဟိုမှာ မမ ကိုတွေ့ လား ။ ခေါ်လိုက် ချစ်ချစ် လို့  "

မကြားချင်ပေမဲ့ နားထဲကိုဝင်လာတဲ့ အသံကြောင့် လရိပ် မျက်နှာတည်တင်းနေလေ၏။
အလွန်ဆုံးရှိမှ ကလေးက သုံးနှစ်ကျော်ပေါ့။
ချစ်စနိုးနဲ့ စတာပဲဖြစ်ဖြစ် ။
သင်ပေးတာပဲဖြစ်ဖြစ်။
ဒီအရွယ်က အများအမြင်မှာချစ်စရာကောင်းနိုင်သေးပေမဲ့ အသက်ကြီးလာတဲ့အခါမှာ စွဲလာတဲ့အမူအကျင့်က ဖျောက်ဖျက်မရနိုင်တဲ့အခါမှာ ချစ်စရာကောင်း
တယ်ဆိုတဲ့ အမြင်ကနေ ရိုင်းလိုက်တာဆိုတဲ့ အမြင်ကိုပြောင်းလာနိုင်သည်။
သေချာနားထောင်နေတာမဟုတ်ပေမဲ့အိမ်ခြင်းကပ်ရပ်ဖြစ်နေတဲ့အပြင် အိမ်နှစ်အိမ်ကြားက ပိတောက်ပင်ကြီးရဲ့ အရိပ်အောက်မှာ လရိပ်က နေ့ ခင်းအားရင် စာဖတ်နေတက်သလို အဲ့ဖက်အိမ်ကကလေးလေးကလဲ နေ့ ခင်းဆို အေးတဲ့အပင်အောက်မှာ လာဆော့တက်သည်။

ဘယ်လိုမှစိတ်နှစ်ပီး စာဖတ်ရတာ အဆင်မပြေတော့။
မနက်ဖန်ဆို လရိပ်က သုံးတန်းတက်ရတော့မည်။
ကျောင်းမှာ လရိပ်မှူးခိုင်ဆိုတဲ့
ခပ်တည်တည် နေတက်တဲ့ ကျွန်တော်က စာတော်သလို တခြားပြင်ပဗဟုသုတတွေမှာလဲ တော်သည်။
အားနေရင် စာပဲ ဖတ်နေတက်တဲ့ လရိပ်ကို ကျောင်းရှိဆရာဆရာမများက ချစ်ကြသည်ကတော့မဆန်း။ မြန်မာစာကလွဲပြီး
ဘယ်ဘာသာဖြေဖြေအမှတ်၉၉ …၁၀၀
ကမဆင်းတက်သူမို့ မာနကလဲကြီးသည်။
ဖတ်စာအုပ်အပြင် လေ့လာနေတဲ့ အင်္ဂလိပ်စကားပြောနည်းစာအုပ်ကိုတချို့ ကို ပိတ်ပီး တအုပ်ပေါ်တအုပ် ထပ်စီလိုက်၏။
တီလေး ဝယ်ပေးထားတဲ့ ကျောပိုးအိတ်လေးထဲကို ညီညာနေအောင် စီထည့်ရင်း လူကြီးခါးတဝက်စာလောက်သာရှိသော အုတ်တံတိုင်းပုလေးကို မမြင်ရပေမဲ့ လှမ်းကြည့်လိုက်သည်။
ထို့ နောက် လရိပ် အိတ်လေးဆွဲပီး
ဟောင်းနွမ်းစပြုနေတဲ့ နှစ်ထပ်တိုက်ထဲ
သို့   လှမ်းဝင်လိုက်၏။
လရိပ်မှာ မေမေမရှိတော့။ ဖေဖေ့ညီမ တီလေးက လရိပ်ရဲ့ အုပ်ထိန်းသူပင်။ ဖေဖေကတော့ နိုင်ငံခြားသဘောင်္လိုက်သူမို့  အဝေးတနေရာမှာသာ လစဉ်ထောက်ပံ့ တက်သည်။
တီလေးက အသက်၃၀ခန့် ရှိနေပြီဖြစ်နေပေမဲ့ ခုထိတော့ အိမ်ထောင်မပြုသေး။
လရိပ်ကြောင့်မပြုသေးတာဖြစ်နိုင်ပေမဲ့
တီလေးကို အပျိုကြီးတော့မဖြစ်စေချင်ပါ။

"လရိပ် တီလေးကို စတိုးဆိုင်မှာ
အအေးဘူးလေး သွားဝယ်ပေးပါအုန်း"

တီလေးက ဈေးထဲမှာ အထည်ဆိုင်ဖွင့်ထားသည်မို့  စီးပွားရှာရသူပီပီ
အိမ်မူ့ ကိစ္စတော့မနိုင်နင်း။
ရေခဲသေတ္တာထဲမှာရေဘူးကလွဲပြီး
မရှိတော့သည်မို့  စားရင်းစာအုပ်ကိုင်တိုင်း ခေါင်းမူးနေတက်တဲ့ တီလေးအတွက်ကတော့ အအေးဘူးအေးအေးလေးကစိတ်ကြည်ဆေးပင်။
လေးအိမ်ကျော်က စတိုးဆိုင်ကို
အအေးသွားဝယ်ဖို့  လက်ထဲကကျောပိုးအိတ်လေးကို ချိတ်မှာသွားချိတ်ရင်း တီလေး ပိုက်ဆံကိုသွားဖွင့်လိုက်သည်။
တီလေးက မော့မကြည့်ပဲ အထည်ဆိုင်မှာ ဖြည့်ရမဲ့ အထည်စာရင်းကို ချရေးနေ၏
အထဲမှာ အထပ်လိုက်သော ပိုက်ဆံတွေထဲက ငါးထောင်တန်တစ်ရွက်ယူကာ
လမ်းထိပ်ကို သွားဖို့ ဖိနပ်ပြန်စီးလိုက်သည်။

ခြံပြင်ကိုထွက်လိုက်တာနဲ့ ဘေးခြံက အဖြူရောင်
တံတိုင်းကြီးကြီးက မျက်စိစူးဖွယ်။
အဲ့ဒါ ဟိုလုံလုံဆိုတဲ့ ပေါက်ဆီလုံးတို့ ခြံပေါ့။
အထဲက အိမ်ကလဲ အသစ်ပြန်ဆောက်ထားတာမို့ ခေတ်မှီဆန်းသစ်စွာဟိန်းထနေ၏။
ကြည့်တယ်ဆိုရုံလောက်သာကြည့်ပီး
လရိပ် ခေါင်းကိုပြန်တည့်လိုက်၏။
တွေ့ နေရင်နှုတ်ဆက်နေရအုန်းမည်။
လရိပ် ကအေးဆေးနေတက်သည်မို့
ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်ချင်။
ပြီးတော့ ကလေးတွေကိုလဲ မချစ်တက်။

"ချစ်ချစ်…ချစ်ချစ် "

နားထဲဝင်လာတဲ့ အသံစူးစူးလေးကြောင့် လရိပ်လှမ်းကြည့်လိုက်တော့ ခြံရှေ့ ကို သူ့ အဖေလက်ကိုဆွဲပြီးပြေးထွက်လာတဲ့ကလေးလေး။
အဖြူရောင်တီရှပ်ကလေးနဲ့ အနက်ရောင် ဘောင်းဘီတိုတိုကိုဝတ်ထားတဲ့ ကလေးလေးသည် ဖြူဖွေးနေသော အသားရေရှိပီး တုတ်တုတ်တိုတိုလေးဖြစ်သည်။
ပါးစုန့် ကြီးနှစ်ဖက်သည် ဖောင်းဖောင်းကားကားကြီးဖြစ်ကာ လှုပ်ရှားလိုက်တာနဲ့ လှုပ်ခါနေ၏။

"သား အဲ့လိုမခေါ်ရဘူးလေ။ ကိုကို
လို့ ခေါ်လေ "

ဖခင်လုပ်သူရဲ့ ဆုံးမစကားကို နားမထောင်ပဲ အတင်းရုန်းကန်ကာ

"ချစ်ချစ်ဆီသွား။ ဖေဖေလွှတ် "

"လုံလုံ ။ ကိုကို့ ကိုအားနာစရာ။
ကိုကိုလို့ ခေါ်ပါဆို "

"ဟင့် ခေါ်ချင်ဘူး။ ဖေဖေလွှတ်ပါဆို။
ချစ်ချစ်နဲ့ လိုက်မှာ "

ရုန်းကန်တွန်းထိုးပီး အတင်းလရိပ်ဆီလာချင်နေတဲ့ ကလေးကို အဖေလုပ်သူကနည်းနည်းလေးတောင်မာန်မဲခြင်းမပြုပဲ
ချစ်မြတ်နိုးစွာပဲကြည့်နေလေရဲ့။
ကလေးက အလိုလိုက်ထားလို့ အတော်ကြီးဆိုးနေတဲ့ပုံပင်။
ချစ်ချစ်လို့ ခေါ်တက်ဖို့ သင်ထားတဲ့ဖခင်ကြောင့် ကလေးက ခုကတည်းကစိတ်စွဲနေလေပီ။ 
ဆက်ကြည့်နေရင် ခေါ်နေရမှာစိုးလို့
လရိပ်ခြေလှမ်းတွေကို မြန်လိုက်သည်။
ဒါတောင်နောက်မှာ

"ချစ်ချစ်နဲ့ လိုက်မှာပါဆို "ဆိုတဲ့ တဗြဲဗြဲငိုသံနဲ့
အသံစူးစူးကကပ်ပါလာသေးသည်။

စတိုးဆိုင်ရောက်တော့ဒေါ်လေးသောက်နေကြ အအေးဘူးအပြင် လရိပ်သောက်နေကျ နွားနို့ ဘူးလေးကိုပါ ထည့်ဝယ်လာပြီး ဘယ်မှမဝင်ပဲအိမ်ကိုသာတန်းတန်းမတ်မတ်ပြန်လာခဲ့လိုက်သည်။
လရိပ်ကိုဒေါ်လေးက စိတ်ချမှာမပြောနဲ့
လရိပ်က စည်းစနစ်ကျသလို တခြားကလေးတွေလို တွေ့ တဲ့နေရာဝင်ဆော့တာမျိုးကို မလုပ်တက်။
လရိပ်အားရင် စာဖတ်သည်။
ခြံထဲမှာ အပင်လေးတွေရေလောင်းသည်။ ဒါတွေလောက်သာ လရိပ်လုပ်တက်ပီး များသောအားဖြင့် ကန်ထဲက ငါးလေးတွေကို အစာကျွေးနေတက်သည်။

အပြန်လမ်းတွင် ပေါက်စီလုံးတို့ အိမ်ရှေ့ က မဖြတ်ချင်ပေမဲ့ ဖြတ်ရအုန်းမည်။
ကလေးမချစ်တက်သော လရိပ်အတွက်ကတော့ လုံလုံဆိုတဲ့ ကလေးကဘယ်လောက်ချစ်စရာကောင်းကောင်း
နားညီးစရာလေးလို့ ပင်မြင်မိသည်။
စူးရှတဲ့ ကလေးငိုသံတွေကို လရိပ်လုံးဝမကြိုက်။

"ဖေဖေ ချစ်ချစ်လာ…လုံလုံ သွားမှာ"

ဟော …… ခြံရှေ့ ကနေ သူဖြတ်သွားတာနဲ့ စောစောက ကလေးရဲ့ အသံစူးစူးကထွက်လာပြန်သည်။
တမင်စောင့်နေတာဖြစ်နိုင်သည်။
မိဘတွေ ကလေးကို ဒီလောက်အလိုမလိုက်သင့်ဘူး။

"ဟိတ် ကလေးလေး……သားကဟိုဖက်ခြံကမို့ လား။ "

လက်ညိုးထိုးပြတဲ့ လရိပ်တို့ ခြံကို
လိုက်မကြည့်တော့ လရိပ် ထိုအသားဖြူဖြူနဲ့ လူကြီးကို ခေါင်းညိမ့်ပြလိုက်သည်။
မေးမြန်းလာတွေမဖြေချင်ပေမဲ့
အသက်အရွယ်ကြီးတဲ့ လူကြီးတစ်ယောက်မို့ လေးစားသမူ့ နဲ့ ရပ်နားထောင်နေရသည်။
သိုင်းဖိနပ်လေးစီးပေးထားတဲ့ လုံလုံဆိုတဲ့ ပေါက်စီလုံးက  သူ့ အဖေဆွဲထားတဲ့လက်ကိုဖယ်ချပီး လရိပ်ဆီကိုပြေးလာကာ
အအေးဘူးကိုင်မထားတဲ့ လက်ကို လာဆွဲထားသည်။
သွားပိုးစားနေတဲ့ အောက်သွားလေးတစ်ချောင်းပေါ်အောင် မော့ကြည့်ရယ်ပြနေတဲ့ပုံလေးက အသဲယားစရာဖြစ်နေပေမဲ့
လရိပ် ခပ်တည်တည်သာ ပြန်ကြည့်မိသည်။

ဖြစ်နိုင်ရင် … ငါ့လက်ကိုမကိုင်နဲ့
အော်ပစ်လိုက်ချင်ပေမဲ့ လရိပ်ကရိုင်းစိုင်းတဲ့ကလေးမဟုတ်လို့ မသိချင်ယောင်သာဆောင်နေရသည်။

"သား ကိုအကူညီတောင်းစရာရှိလို့
ဒီကလေးလေးနာမည်က သက်ငယ်ဝေလုံတဲ့ လုံလုံလို့ လဲခေါ်တယ်။ "

လူကြီးတစ်ယောက်လို မိတ်ဆက်ပေးလာပေမဲ့ လရိပ်စိတ်ညစ်လာသည်။
ဒေါ်လေးဝယ်ခိုင်းတဲ့ အအေးက မအေးပဲ ပူတော့မည်။

"လုံလုံက သားနဲ့ ဆော့ချင်လို့ တဲ့။
ဦးတို့ အိမ်ပြောင်းလာတာသိပ်မကြာသေးတော့ ။ လုံလုံမှာ အဖော်မရှိပဲပျင်းနေရှာတာ ။ အဲ့ဒါ သားနဲ့ အတူတူဆော့ပေးလို့ ရလား"

အတင်းလိုက်ချင်နေတဲ့ ပေါက်စီလုံးက
ခြေထောက်လေးတွေကို တချက်တချက်စောင့်ကာ ပြေးချင်နေတဲ့ သဘောကို ပြနေသည်။ မဖြစ်မနေ လိုက်မဲ့ ပုံစံရှိတဲ့ ထိုကောင်လေးသည် စောစောကတည်းက ငိုထားပုံရကာ
မျက်တောင်တွေစိုရွှဲနေကာ နှာခေါင်းလေးတောင်နီနေသေးသည်။

"ကျွန်တော်အကြာကြီး ဆော့လို့ မရဘူး"

လက်ထဲကအအေးတွေမပူခင် စကားကို မြန်မြန်ဖြတ်လိုက်သည်။
မခေါ်ချင်ဘူးပြောရင် ထိုကလေးငိုတော့မည်။
အသံဆူဆူညံညံတွေထွက်မလာခင်
မတက်သာပဲလက်ခံလိုက်ရသည်။

"ရပါတယ်။ သား မအားရင် လှမ်းအော်လိုက်ဦးလာခေါ်ပေးမယ်"

လရိပ်ခေါင်းညိမ့်ပြကာ အိမ်ဖက်ကို
လှမ်းဝင်လာခဲ့သည်။
အပြန်တွင်အသွားတုန်းကလို တယောက်ထဲမဟုတ်တော့။
ခုန်စွခုန်စွနဲ့  ပေါက်စီလုံးတလုံးရောကပ်
ပါလာခဲ့သည်။
ခြေထောက်တိုတိုတွေက လရိပ်သွားတဲ့အတို်းအတင်းပြးလိုက်နေရရှာသော်လဲ
ခြေလှမ်းတွေကိုတော့ မနှေးပစ်ခဲ့။
မှတ်ထားပေါက်စီလုံး …အဲ့ဒါငါနဲ့ လိုက်ချင်အုန်း။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz