ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

18

eainsi23

၉ နွစ္ခန္ ႔ၾကာေသာ္။

"နာနာ ေရ သားရဲ႕ ခြက္ကေလးေရာ ။
အစိမ္းေရာင္ေလးေလ "

သာယာတဲ့ မနက္ခင္းအစမွာ
အျဖဴေရာင္ နွစ္ထပ္အိမ္ေလးရဲ႕ အေပၚထပ္အခန္းငယ္ ရွိ ေကာင္ေလးတစ္ေယာက္ရဲ႕ အသံက်ယ္က်ယ္က ျဖတ္သန္းလို ႔လာတယ္။
ေအာက္ထပ္မွာ ရွိတဲ့ မနက္စာ ခ်က္ေနတဲ့
ခပ္မိုက္မိုက္ လူမည္းအမ်ိဳးသမီးသည္
အသက္ငါးဆယ္ခန္ ႔ရွိၿပီျဖစ္ေသာ္လည္း
အားကစားဝတ္စံုျဖင့္ သြက္လက္ေပါ့ပါးစြာ မီးဖိုေခ်ာင္ဝင္ေန၏။
ညိဳရီေနေသာ သူမရဲ႕ အသားေရသည္
အရမ္းလွပကာ ေပါင္တိုဝတ္ထားသည္ေၾကာင့္ သြယ္လ်ေနေသာ ေျခတံတို ႔က အတိုင္းသား။
အသက္ငါးဆယ္ဆိုတာ ေျပာမွပဲယံုၾကမယ္။
ကေလးမရွိတဲ့ ဆယ္ရီနာ တစ္ေယာက္ကေတာ့ ခုခ်ိန္ထိ လန္းတုန္းပင္။
အေပၚထပ္မွာ ေအာ္ေၾကာလန္ေနတဲ့
သားျဖစ္သူေၾကာင့္ ဆယ္ရီနာ ေၾကာ္ထားတဲ့ ၾကက္ဥကို ဆယ္ကာ ေပါင္မုန္ ႔ေပၚတင္လိုက္တယ္။ ၿပီးေနာက္မွာ

" ဂြၽန္နီ အသံက်ယ္ႀကီးနဲ ့ေအာ္မေနနဲ ့။
သားခြက္ကို နာနာမကိုင္ဘူး။ ေသခ်ာရွာ။ ေတြ ႕ရင္ မနက္စာ စားဖို ႔ေအာက္ဆင္းခဲ့ေတာ့ "

အေတာ္ၾကာမွ ေကာင္ေလးတစ္ေယာက္သည္ ေလွကားကေန ေျပးဆင္းလာၿပီး ဆယ္ရီနာ ရဲ႕ ပါးကို လာနမ္းသည္။

"sorry နာနာ ညက သား
ေနရာမွားထားလိုက္လို ႔။ သိတဲ့ အတိုင္း
အလုပ္မွာ နည္းနည္းေသာက္ခဲ့ေတာ့
သား ဘာလုပ္ခဲ့သလဲ မမွတ္မိေတာ့တာ"

ထမင္းစားပြဲမွာထိုင္ရင္း အက်ိဳးအေၾကာင္းရွင္းျပလိုက္ေတာ့ မ်က္ေစာင္းတခုက ခ်စ္စဖြယ္လြင့္လာ၏။
နာနာ က ဘယ္ေတာ့မွ ကြၽန္ေတာ့ကို မဆူဘူး။
အပစ္ျမင္လာရင္ေတာင္ မ်က္ေစာင္းေလး႐ြယ္ရုံေလာက္သာ လုပ္တက္သူ။
အန္ကယ္ ေဒ့ဗစ္လဲ ထို ႔အတူပဲ။
ဘယ္ေတာ့မွ ေလသံမာမာ ကြၽန္ေတာ့္ကို မေျပာဖူးဘူး။

" အိမ္ျပန္ေနာက္က်မယ္ဆို ဖုန္းဆက္ေနာ္ ဂြၽန္။ "

ခုတေလာ အလုပ္မွာ အခ်ိန္ပိုဆင္းေနရတဲ့ရက္ေတြမ်ားေနၿပီေလ။
နာနာတစ္ေယာက္ရဲ႕ ပြစိပြစိ စကားေတြထြက္မလာခင္ ပါးကို ေနာက္တခါျပန္နမ္းၿပီး အိတ္ကို လြယ္ကာ ႏုတ္ဆက္လိုက္တယ္။

"ဟုတ္ကဲ့ပါ။ သားသြားေတာ့မယ္။
အလုပ္က ခုတေလာ ဖက္ရွင္ျပပြဲနီးလာၿပီေလနာနာရဲ႕ ။ ေနာက္က်အုန္းမွာပဲ။
အဲ့ဒါေၾကာင့္ နာနာကပဲ ခြင့္လြတ္ေပးလိုက္ပါေနာ္"

ဂြၽန္နီရဲ႕ ခပ္ခြၽဲခြၽဲ အေျပာေၾကာင့္ နာနာတစ္ေယာက္ သေဘာေတြက်ကာ တၿပံဳးၿပံဳး
ျဖစ္သြား၏။
ေသြးသားရင္းမဟုတ္ေပမဲ့ ဂြၽန္ ႔ကို သူမတို ႔လင္မယားနွစ္ေယာက္လံုးခ်စ္ပါသည္။
ဂြၽန္ေရာက္လာခဲ့ျခင္းသည္ သာမန္ရုိးက် ျဖစ္ေပမဲ့ လည္း ဆယ္ရီနာအတြက္ကေတာ့ ေပ်ာ္လို ႔မဆံုးျဖစ္ခဲ့ရ၏။
ဂြၽန္နီ စေရာက္ခါစ က ေအးစက္စက္နဲ ့
စကားသိပ္မေျပာဘူး။
ေက်ာင္းသြားစရာရွိတာကိုသြားတယ္။
ျပန္လာရင္ အိမ္သန္ ႔ရွင္းေရးမွန္သမ်ွကို
ဆယ္ရီနာမခိုင္းရပဲ အကုန္လုပ္ေပးထားတာပဲ။
ၿပီးရင္ အခန္းထဲကေန မထြက္ေတာ့ဘူး။
ဂေရစ့္ကေတာ့ ဂြၽန္နီကို စိတ္ခ်မ္းသာေအာင္ထားဖို ႔ တတြတ္တြတ္မွာတယ္။
တကယ္ဆို ဂြၽန္႔ကို ဂေရစ့္ မွာလို ႔
ဂရုစိုက္ေပးတာမဟုတ္ဘူး ။

ဂြၽန္နီက တကယ္ခ်စ္စရာေလးေလ။
စကားမေျပာပဲေအးစက္စက္ေနရင္ေတာင္
သူ ႔ရုပ္ကေလးက ခင္မင္စရာ ၊ ခ်စ္ခင္စရာ
ုရုပ္မ်ိဳးေလးက ကြဲထြက္ေနတက္တယ္။

ေက်ာင္းစတက္တုန္းကဆို ဂြၽန္ ႔ကို လူတိုင္းစိတ္ဝင္စားၾကတယ္။
ရုပ္ကေလးနဲ ့ဝါဝင္းေနတဲ့ အသားေရက
ထူးထူးျခားျခားျဖစ္ေနမွာကိုး။

ဥာဏ္လည္းတအားေကာင္းတဲ့ကေလး။
ပညာေရးမွာ နည္းနည္းခက္ခဲမယ္ထင္ထားေပမဲ့ အံ့ၾသစရာ ဂြၽန္နီက ဘာသာစကား ေလးမ်ိဳးေလာက္ေကာင္းေကာင္းေျပာတက္တယ္။

အဲ့ဒါေၾကာင့္ အထက္တန္းၿပီးေတာ့
နာမည္ႀကီး ဖက္ရွင္ေက်ာင္းကို တက္ခြင့္ရခဲ့တာ။
တကယ္ဆို ဂြၽန္တက္ခဲ့တဲ့ ေက်ာင္းက
ေတာ္ရုံလူ တက္လို ႔မရဘူး။
စာေတာ္ရုံတင္မကဘူး ပါရမီနဲ ့ဝါသနာလည္းပါမွတက္လို ႔ရတာ။
ဝင္ခြင့္ေအာင္ဖို ႔ေတာင္ ကေလးေတြ
အသည္းအသန္ ႀကိဳးစားရတဲ့ ေက်ာင္းကို
ဂြၽန္နီက ဘယ္ခ်ိန္ေျဖလိုက္မွန္း ဆယ္ရီနာ တို ႔လင္မယားမသိလိုက္ေပ။

လဝက္ေလာက္ၾကာမွ သူေအာင္သြားၿပီလို ႔အသိေပးလာတာ။
အဲ့ေန ႔အေၾကာင္းကို ျပန္ေျပာျပရင္
တကယ္ပဲ ၾကက္သီးထရတယ္။
ဂြၽန္နီက တကယ္ကို ထူးျခားတာ။
ခုဆိုရင္ ဖက္ရွင္ကုမၸဏီတခုမွာ
အလုပ္သင္ဖက္ရွင္ Designer အျဖစ္ဝင္ေရာက္ လုပ္ကိုင္ေနသလို မၾကာမွီ က်င္းပမဲ့
အႀကီးက်ယ္ဆံုး Fashion Show ပြဲမွာလည္း ဂြၽန္လက္ရာ Design တခုက ေ႐ြးခ်ယ္ခံရတယ္တဲ့။

တကယ္ဆို ဂြၽန္က အလုပ္သင္ အျဖစ္
သံုးနွစ္ျပည့္ေအာင္ လုပ္ၿပီးမွ သူ ႔လက္ရာေတြကို ဘုတ္အဖြဲ ့ က ဆံုးျဖတ္ၿပီး တရားဝင္ ဝန္ထမ္းျဖစ္ခြင့္ရမွာျဖစ္တယ္။

ဒါေပမဲ့ ဂြၽန္ရဲ႕ အလုပ္သင္ကာလက
ခုမွ ၁နွစ္နဲ ့၈လ ပဲရွိေသးသည္။
ဒီShowပြဲမွာသာ ဂြၽန္ ႔လက္ရာ
ကအနည္းဆံုးသတ္မွတ္ထားတဲ့ ေရာင္းအား
၃၅% ခန္ ႔ရရွိမည္ဆိုလ်ွင္ တရားဝင္ဝန္ထမ္းျဖစ္ရုံမကဘူး အငယ္တန္း Designer
တန္းျဖစ္မည္ျဖစ္သည္။

ဆယ္ရီနာဟာ သူ ႔သားရဲ႕ေအာင္ျမင္မူ ႔အတြက္ မနက္စာစားရင္ ဂုဏ္ယူေနလ်က္ရွိသည္။

_________

" Morning ဂြၽန္နီ ။ မင္းကို
ေသာမတ္စ္ ေစာင့္ေနတယ္ ။ အထဲဝင္ေတြ ႕လိုက္အုန္း "

ကုမၸဏီကိုေရာက္တာနဲ ့ လူးဝစ္စ္ က
စီးႀကိဳ ေျပာလာတယ္။
ေခါင္းညိမ့္ျပကာ ေသာမတ္စ္ရဲ႕ ရုံခန္းေရွ ႔သြားၿပီး တံခါးကို ေခါက္လိုက္၏။
ဝင္ခဲ့ဆိုေသာ အသံၾကားမွ တံခါးကို ဖြင့္ဝင္၏။
ေသာမတ္စ္ ဆိုတာ သူတို ႔ ရဲ႕ အထက္အရာရွိေပါ့။
အထဲမွာ ေသာမတ္စ္က laptopတလံုးနဲ ့အလုပ္ရႈပ္ေနတယ္။ ေမာ့ၾကည့္ၿပီး သူ ႔ကိုျမင္ေတာ့
မ်က္နွာခ်င္းဆိုင္ခံုကို လက္နဲ ့ျပကာထိုင္ခိုင္းသည္။

" ထိုင္ ဂြၽန္။ ေခၚခိုင္းလိုက္ရတာက
မင္းဆြဲတဲ့ Designမွာ ျပသနာနည္းနည္းရွိေနလို ႔။ တျခားမဟုတ္ဘူး
ဗစ္တာ ဆြဲတဲ့ Designနဲ ့မင္းဆြဲတဲ့ ပံုမွာ တူညီေနတယ္။ အဲ့ဒါ မၾကာခင္ဘုတ္အဖြဲ ့က လာေရာက္စစ္ေဆးေပးလိမ့္မယ္"

ေသာက္မတ္စ္စကားေၾကာင့္ ဂြၽန္ ႔မ်က္နွာေပၚက အၿပံဳးခ်ိဳခ်ိဳ တခုက ကြယ္ေပ်ာက္သြား၏။ ဗစ္တာဆိုတာ ကုမၸဏီရဲ႕ နာမည္ႀကီး Designer တစ္ေယာက္။
ဘာေၾကာင့္ သူလို အလုပ္သင္ဆြဲတဲ့
Designနဲ ့တူစရာရွိမွာလဲ။
ဘုတ္အဖြဲ ့အစည္းပါ ပါလာၿပီဆိုမွေတာ့
ျပသနာက အေသးေလးမဟုတ္ေတာ့။

" ဗစ္တာရဲ႕ ရုံးခန္းက ၁၁လႊာမွာေလ။
အဲ့ဒီကို ကြၽန္ေတာ္တို ႔လို အလုပ္သင္သမားေတြသြားခြင့္မရွိဘူး။ "

ကြၽန္ေတာ္ဆိုလိုခ်င္တာကို နားလည္တဲ့
ေသာမက္က ၿပံဳးၿပီးဆက္ေျပာလာတယ္။

"ၿပီးခဲ့တဲ့ တပတ္ေလာက္က ဗစ္တာရဲ႕
အလုပ္အိတ္ ခိုးခံရတယ္။ ဒါေတြကို
ဒီလို ဒီမွာ ေျဖရွင္းလို ႔မရဘူးဆိုတာ ဂြၽန္ မင္းနားလည္မွာပါ။ မနက္ဖန္ ဘုတ္အဖြဲ႕ အစည္းလာရင္ မင္းတို ႔နွစ္ေယာက္ကို တစ္ေယာက္ခ်င္းေခၚၿပီး ေျဖရွင္းခိုင္းၾကလိမ့္မယ္။ တခုေတာ့ရွိတယ္။ ဗစ္တာက ငါတို ႔ကုမၸဏီရဲ႕ နာမည္Designer ဆိုေတာ့
ဘာအေၾကာင္းေနေန လက္လႊတ္လို ႔မရဘူး။ မင္း ကိုယ္တိုင္ မင္းဆြဲတာပါဆိုတဲ့
အေၾကာင္းျပခ်က္ ေကာင္းေကာင္းေပးႏိုင္ရင္ေတာ့ အေကာင္းဆံုးျဖတ္ေက်ာ္နိုင္မွာပါ"

ေသာမတ္စ္ရုံးခန္းက ျပန္ထြက္လာၿပီးတဲ့အထိ ကြၽန္ေတာ္စိတ္ရႈပ္စြာ ေတြးေနမိသည္။
ေသခ်ာေပါက္ Designကို သူကူးမခ်ထားဘူး။
ဒီကုမၸဏီမွာမလုပ္ရလဲ ကြၽန္ေတာ္အေနနဲ ့
ဘာမွမျဖစ္သြားေပမဲ့ နာမည္ပ်က္ေတာ့မထင္ခဲ့ခ်င္ပါ။
တီေလး စိတ္တိုင္းက် တေနရာထိ ေရာက္ေအာင္ သြားၿပီးသြားရင္ ကြၽန္ေတာ္ လူတစ္ေယာက္ကို သြားရွာေတာ့မွာ။
အဲ့ဒါေၾကာင့္ ဒီနွစ္ေတြထဲမွာ ကြၽန္ေတာ္အရာရာကို အားစိုက္ၿပီး ႀကိဳးစားခဲ့တယ္။
လူမူ ႔ဆက္ဆံေရးဆိုတာလဲ အရင္က
လရိပ္မွဴ းခိုင္လို ေအးစက္စက္္မဟုတ္ေတာ့ဘူး။
ဂြၽန္နီ အျဖစ္ဘဝအသစ္မွာ မာနကို ခ်ဳပ္တည္းကာ အကုန္လံုးနဲ ့အဆင္ေျပေအာင္ေနခဲ့တယ္။

ဒါေပမဲ့ ဒီတခါေတာ့ ဂြၽန္နီ ဘဝနဲ ့ေျဖရွင္းလို ႔ အဆင္ေျပမယ္မထင္ဘူး။
လရိပ္မွဴ းခိုင္ဆိုတာ ဘယ္ေလာက္မာနႀကီးၿပီး မျဖစ္ျဖစ္ေအာင္ လုပ္နိုင္စြမ္းရွိတယ္ဆိုတာ သိေအာင္ ျပမွျဖစ္မယ္။

ကြၽန္ေတာ့္ အတြက္ လက္တေလာ သီးသန္ ႔ေပးထားတဲ့ Designအခန္းမွာ
အိတ္ထဲက laptopကိုထုတ္ကာ
ဆြဲခဲ့တဲ့Designကို စစ္လိုက္သည္။
ထို ႔ေနာက္ သူ ႔ဘာေၾကာင့္ ဒီDesignကို ဆြဲရသလဲ ဆိုတဲ့ ႏုတ္နွင့္ အဓိက အသံုးျပဳရမဲ့ ကုန္ၾကမ္းအေၾကာင္းကို listထုတ္လိုက္သည္။

ရုံးဆင္းခ်ိန္ မေရာက္ခင္ ကြၽန္ေတာ့္ ရဲ႕
ေျဖရွင္းခ်က္ နဲ ့ သတ္ေသ တိတိက်က် ရခဲ့ၿပီမို ႔ ေစာေစာရုံးဆင္းဖို ႔ ေသာမတ္စ္ဆီ
အေၾကာင္းၾကားလိုက္သည္။
စိတ္ေျပလက္ေပ်ာက္ အျပန္မွာ နာနာ အစား Mall မွာေစ်းဝယ္ခဲ့လိုက္သည္။
ပစၥည္းတေပြ ႕တပိုက္နဲ ့ အိမ္ေရာက္ေတာ့
နာနာတစ္ေယာက္က အိမ္မွာ မရွိ။
ၾကည့္ရတာ နာနာ တစ္ေယာက္ သူတို ႔သားအဖ မရွိတာနဲ ့ ထြက္လည္ေနတယ္ထင္ပါ့။

ဒါဆို ဒီေန ႔မီးဖိုေခ်ာင္က သူ ႔အလွည့္ေပါ့။
သေဘာတက်ရယ္ကာ အက်ၤ ီကိုေတာင္မလဲပဲ သူ စိတ္ပါလက္ပါ ညေနစာခ်က္လိုက္တယ္။
အကုန္ၿပီးေတာ့ ေရခ်ိဳးဖို ႔သူ အခန္းကို တက္လာခဲ့တယ္။

ပထမဆံုး သူ ႔အလုပ္အိတ္ကေလးကို ေမြ ႕ရာေပၚတင္လိုက္ၿပီး ေခါင္းအုန္းေဘးကခြက္ကေလး ကို တယုတယ ေကာက္ကိုင္လိုက္သည္။ ထို ႔ေနာက္ ရင္ခြင္ထဲကို ပိုက္ၿပီး ၿငိမ္သက္စြာ မ်က္လံုးမွိတ္၍ တီးတိုးဆိုလိုက္၏။

"ငါ မင္းကို အရမ္းလြမ္းတာပဲ ေဘဘီ။
ခုဆို မင္းဘယ္လို ပံုမ်ိဳးေလး ျဖစ္ေနၿပီလဲ။
အရင္လို ဝတုတ္တုတ္ေလး ျဖစ္ေနအုန္းမလား ။ ငါအရမ္းသိခ်င္တာပဲ ေပါက္စီလံုးရာ..။ အင္း သိပ္မၾကာေတာ့ပါဘူး။ ငါျပန္လာခဲ့ေတာ့မယ္ ေဘဘီ"

ခ်စ္တဲ့အိမ္စည္။

၉ နှစ်ခန့် ကြာသော်။

"နာနာ ရေ သားရဲ့ ခွက်ကလေးရော ။
အစိမ်းရောင်လေးလေ "

သာယာတဲ့ မနက်ခင်းအစမှာ
အဖြူရောင် နှစ်ထပ်အိမ်လေးရဲ့ အပေါ်ထပ်အခန်းငယ် ရှိ ကောင်လေးတစ်ယောက်ရဲ့ အသံကျယ်ကျယ်က ဖြတ်သန်းလို့ လာတယ်။
အောက်ထပ်မှာ ရှိတဲ့ မနက်စာ ချက်နေတဲ့
ခပ်မိုက်မိုက် လူမည်းအမျိုးသမီးသည်
အသက်ငါးဆယ်ခန့် ရှိပြီဖြစ်သော်လည်း
အားကစားဝတ်စုံဖြင့် သွက်လက်ပေါ့ပါးစွာ မီးဖိုချောင်ဝင်နေ၏။
ညိုရီနေသော သူမရဲ့ အသားရေသည်
အရမ်းလှပကာ ပေါင်တိုဝတ်ထားသည်ကြောင့် သွယ်လျနေသော ခြေတံတို့ က အတိုင်းသား။
အသက်ငါးဆယ်ဆိုတာ ပြောမှပဲယုံကြမယ်။
ကလေးမရှိတဲ့ ဆယ်ရီနာ တစ်ယောက်ကတော့ ခုချိန်ထိ လန်းတုန်းပင်။
အပေါ်ထပ်မှာ အော်ကြောလန်နေတဲ့
သားဖြစ်သူကြောင့် ဆယ်ရီနာ ကြော်ထားတဲ့ ကြက်ဥကို ဆယ်ကာ ပေါင်မုန့် ပေါ်တင်လိုက်တယ်။ ပြီးနောက်မှာ

" ဂျွန်နီ အသံကျယ်ကြီးနဲ့ အော်မနေနဲ့ ။
သားခွက်ကို နာနာမကိုင်ဘူး။ သေချာရှာ။ တွေ့ ရင် မနက်စာ စားဖို့ အောက်ဆင်းခဲ့တော့ "

အတော်ကြာမှ ကောင်လေးတစ်ယောက်သည် လှေကားကနေ ပြေးဆင်းလာပြီး ဆယ်ရီနာ ရဲ့ ပါးကို လာနမ်းသည်။

"sorry နာနာ ညက သား
နေရာမှားထားလိုက်လို့ ။ သိတဲ့ အတိုင်း
အလုပ်မှာ နည်းနည်းသောက်ခဲ့တော့
သား ဘာလုပ်ခဲ့သလဲ မမှတ်မိတော့တာ"

ထမင်းစားပွဲမှာထိုင်ရင်း အကျိုးအကြောင်းရှင်းပြလိုက်တော့ မျက်စောင်းတခုက ချစ်စဖွယ်လွင့်လာ၏။
နာနာ က ဘယ်တော့မှ ကျွန်တော့ကို မဆူဘူး။
အပစ်မြင်လာရင်တောင် မျက်စောင်းလေးရွယ်ရုံလောက်သာ လုပ်တက်သူ။
အန်ကယ် ဒေ့ဗစ်လဲ ထို့ အတူပဲ။
ဘယ်တော့မှ လေသံမာမာ ကျွန်တော့်ကို မပြောဖူးဘူး။

" အိမ်ပြန်နောက်ကျမယ်ဆို ဖုန်းဆက်နော် ဂျွန်။ "

ခုတလော အလုပ်မှာ အချိန်ပိုဆင်းနေရတဲ့ရက်တွေများနေပြီလေ။
နာနာတစ်ယောက်ရဲ့ ပွစိပွစိ စကားတွေထွက်မလာခင် ပါးကို နောက်တခါပြန်နမ်းပြီး အိတ်ကို လွယ်ကာ နုတ်ဆက်လိုက်တယ်။

"ဟုတ်ကဲ့ပါ။ သားသွားတော့မယ်။
အလုပ်က ခုတလော ဖက်ရှင်ပြပွဲနီးလာပြီလေနာနာရဲ့ ။ နောက်ကျအုန်းမှာပဲ။
အဲ့ဒါကြောင့် နာနာကပဲ ခွင့်လွတ်ပေးလိုက်ပါနော်"

ဂျွန်နီရဲ့ ခပ်ချွဲချွဲ အပြောကြောင့် နာနာတစ်ယောက် သဘောတွေကျကာ တပြုံးပြုံး
ဖြစ်သွား၏။
သွေးသားရင်းမဟုတ်ပေမဲ့ ဂျွန့် ကို သူမတို့ လင်မယားနှစ်ယောက်လုံးချစ်ပါသည်။
ဂျွန်ရောက်လာခဲ့ခြင်းသည် သာမန်ရိုးကျ ဖြစ်ပေမဲ့ လည်း ဆယ်ရီနာအတွက်ကတော့ ပျော်လို့ မဆုံးဖြစ်ခဲ့ရ၏။
ဂျွန်နီ စရောက်ခါစ က အေးစက်စက်နဲ့
စကားသိပ်မပြောဘူး။
ကျောင်းသွားစရာရှိတာကိုသွားတယ်။
ပြန်လာရင် အိမ်သန့် ရှင်းရေးမှန်သမျှကို
ဆယ်ရီနာမခိုင်းရပဲ အကုန်လုပ်ပေးထားတာပဲ။
ပြီးရင် အခန်းထဲကနေ မထွက်တော့ဘူး။
ဂရေစ့်ကတော့ ဂျွန်နီကို စိတ်ချမ်းသာအောင်ထားဖို့  တတွတ်တွတ်မှာတယ်။
တကယ်ဆို ဂျွန့်ကို ဂရေစ့် မှာလို့ 
ဂရုစိုက်ပေးတာမဟုတ်ဘူး ။

ဂျွန်နီက တကယ်ချစ်စရာလေးလေ။
စကားမပြောပဲအေးစက်စက်နေရင်တောင်
သူ့ ရုပ်ကလေးက ခင်မင်စရာ ၊ ချစ်ခင်စရာ
ုရုပ်မျိုးလေးက ကွဲထွက်နေတက်တယ်။

ကျောင်းစတက်တုန်းကဆို ဂျွန့် ကို လူတိုင်းစိတ်ဝင်စားကြတယ်။
ရုပ်ကလေးနဲ့ ဝါဝင်းနေတဲ့ အသားရေက
ထူးထူးခြားခြားဖြစ်နေမှာကိုး။

ဥာဏ်လည်းတအားကောင်းတဲ့ကလေး။
ပညာရေးမှာ နည်းနည်းခက်ခဲမယ်ထင်ထားပေမဲ့ အံ့သြစရာ ဂျွန်နီက ဘာသာစကား လေးမျိုးလောက်ကောင်းကောင်းပြောတက်တယ်။

အဲ့ဒါကြောင့် အထက်တန်းပြီးတော့
နာမည်ကြီး ဖက်ရှင်ကျောင်းကို တက်ခွင့်ရခဲ့တာ။
တကယ်ဆို ဂျွန်တက်ခဲ့တဲ့ ကျောင်းက
တော်ရုံလူ တက်လို့ မရဘူး။
စာတော်ရုံတင်မကဘူး ပါရမီနဲ့ ဝါသနာလည်းပါမှတက်လို့ ရတာ။
ဝင်ခွင့်အောင်ဖို့ တောင် ကလေးတွေ
အသည်းအသန် ကြိုးစားရတဲ့ ကျောင်းကို
ဂျွန်နီက ဘယ်ချိန်ဖြေလိုက်မှန်း ဆယ်ရီနာ တို့ လင်မယားမသိလိုက်ပေ။

လဝက်လောက်ကြာမှ သူအောင်သွားပြီလို့ အသိပေးလာတာ။
အဲ့နေ့ အကြောင်းကို ပြန်ပြောပြရင်
တကယ်ပဲ ကြက်သီးထရတယ်။
ဂျွန်နီက တကယ်ကို ထူးခြားတာ။
ခုဆိုရင် ဖက်ရှင်ကုမ္ပဏီတခုမှာ
အလုပ်သင်ဖက်ရှင် Designer အဖြစ်ဝင်ရောက် လုပ်ကိုင်နေသလို မကြာမှီ ကျင်းပမဲ့
အကြီးကျယ်ဆုံး Fashion Show ပွဲမှာလည်း ဂျွန်လက်ရာ Design တခုက ရွေးချယ်ခံရတယ်တဲ့။

တကယ်ဆို ဂျွန်က အလုပ်သင် အဖြစ်
သုံးနှစ်ပြည့်အောင် လုပ်ပြီးမှ သူ့ လက်ရာတွေကို ဘုတ်အဖွဲ့  က ဆုံးဖြတ်ပြီး တရားဝင် ဝန်ထမ်းဖြစ်ခွင့်ရမှာဖြစ်တယ်။

ဒါပေမဲ့ ဂျွန်ရဲ့ အလုပ်သင်ကာလက
ခုမှ ၁နှစ်နဲ့ ၈လ ပဲရှိသေးသည်။
ဒီShowပွဲမှာသာ ဂျွန့် လက်ရာ
ကအနည်းဆုံးသတ်မှတ်ထားတဲ့ ရောင်းအား
၃၅% ခန့် ရရှိမည်ဆိုလျှင် တရားဝင်ဝန်ထမ်းဖြစ်ရုံမကဘူး အငယ်တန်း Designer
တန်းဖြစ်မည်ဖြစ်သည်။

ဆယ်ရီနာဟာ သူ့ သားရဲ့အောင်မြင်မူ့ အတွက် မနက်စာစားရင် ဂုဏ်ယူနေလျက်ရှိသည်။

_________

" Morning ဂျွန်နီ ။ မင်းကို
သောမတ်စ် စောင့်နေတယ် ။ အထဲဝင်တွေ့ လိုက်အုန်း "

ကုမ္ပဏီကိုရောက်တာနဲ့  လူးဝစ်စ် က
စီးကြို ပြောလာတယ်။
ခေါင်းညိမ့်ပြကာ သောမတ်စ်ရဲ့ ရုံခန်းရှေ့ သွားပြီး တံခါးကို ခေါက်လိုက်၏။
ဝင်ခဲ့ဆိုသော အသံကြားမှ တံခါးကို ဖွင့်ဝင်၏။
သောမတ်စ် ဆိုတာ သူတို့  ရဲ့ အထက်အရာရှိပေါ့။
အထဲမှာ သောမတ်စ်က laptopတလုံးနဲ့ အလုပ်ရှုပ်နေတယ်။ မော့ကြည့်ပြီး သူ့ ကိုမြင်တော့
မျက်နှာချင်းဆိုင်ခုံကို လက်နဲ့ ပြကာထိုင်ခိုင်းသည်။

" ထိုင် ဂျွန်။ ခေါ်ခိုင်းလိုက်ရတာက
မင်းဆွဲတဲ့ Designမှာ ပြသနာနည်းနည်းရှိနေလို့ ။ တခြားမဟုတ်ဘူး
ဗစ်တာ ဆွဲတဲ့ Designနဲ့ မင်းဆွဲတဲ့ ပုံမှာ တူညီနေတယ်။ အဲ့ဒါ မကြာခင်ဘုတ်အဖွဲ့ က လာရောက်စစ်ဆေးပေးလိမ့်မယ်"

သောက်မတ်စ်စကားကြောင့် ဂျွန့် မျက်နှာပေါ်က အပြုံးချိုချို တခုက ကွယ်ပျောက်သွား၏။ ဗစ်တာဆိုတာ ကုမ္ပဏီရဲ့ နာမည်ကြီး Designer တစ်ယောက်။
ဘာကြောင့် သူလို အလုပ်သင်ဆွဲတဲ့
Designနဲ့ တူစရာရှိမှာလဲ။
ဘုတ်အဖွဲ့ အစည်းပါ ပါလာပြီဆိုမှတော့
ပြသနာက အသေးလေးမဟုတ်တော့။

" ဗစ်တာရဲ့ ရုံးခန်းက ၁၁လွှာမှာလေ။
အဲ့ဒီကို ကျွန်တော်တို့ လို အလုပ်သင်သမားတွေသွားခွင့်မရှိဘူး။ "

ကျွန်တော်ဆိုလိုချင်တာကို နားလည်တဲ့
သောမက်က ပြုံးပြီးဆက်ပြောလာတယ်။

"ပြီးခဲ့တဲ့ တပတ်လောက်က ဗစ်တာရဲ့
အလုပ်အိတ် ခိုးခံရတယ်။ ဒါတွေကို
ဒီလို ဒီမှာ ဖြေရှင်းလို့ မရဘူးဆိုတာ ဂျွန် မင်းနားလည်မှာပါ။ မနက်ဖန် ဘုတ်အဖွဲ့ အစည်းလာရင် မင်းတို့ နှစ်ယောက်ကို တစ်ယောက်ချင်းခေါ်ပြီး ဖြေရှင်းခိုင်းကြလိမ့်မယ်။ တခုတော့ရှိတယ်။ ဗစ်တာက ငါတို့ ကုမ္ပဏီရဲ့ နာမည်Designer ဆိုတော့
ဘာအကြောင်းနေနေ လက်လွှတ်လို့ မရဘူး။ မင်း ကိုယ်တိုင် မင်းဆွဲတာပါဆိုတဲ့
အကြောင်းပြချက် ကောင်းကောင်းပေးနိုင်ရင်တော့ အကောင်းဆုံးဖြတ်ကျော်နိုင်မှာပါ"

သောမတ်စ်ရုံးခန်းက ပြန်ထွက်လာပြီးတဲ့အထိ ကျွန်တော်စိတ်ရှုပ်စွာ တွေးနေမိသည်။
သေချာပေါက် Designကို သူကူးမချထားဘူး။
ဒီကုမ္ပဏီမှာမလုပ်ရလဲ ကျွန်တော်အနေနဲ့
ဘာမှမဖြစ်သွားပေမဲ့ နာမည်ပျက်တော့မထင်ခဲ့ချင်ပါ။
တီလေး စိတ်တိုင်းကျ တနေရာထိ ရောက်အောင် သွားပြီးသွားရင် ကျွန်တော် လူတစ်ယောက်ကို သွားရှာတော့မှာ။
အဲ့ဒါကြောင့် ဒီနှစ်တွေထဲမှာ ကျွန်တော်အရာရာကို အားစိုက်ပြီး ကြိုးစားခဲ့တယ်။
လူမူ့ ဆက်ဆံရေးဆိုတာလဲ အရင်က
လရိပ်မှူးခိုင်လို အေးစက်စက်မဟုတ်တော့ဘူး။
ဂျွန်နီ အဖြစ်ဘဝအသစ်မှာ မာနကို ချုပ်တည်းကာ အကုန်လုံးနဲ့ အဆင်ပြေအောင်နေခဲ့တယ်။

ဒါပေမဲ့ ဒီတခါတော့ ဂျွန်နီ ဘဝနဲ့ ဖြေရှင်းလို့  အဆင်ပြေမယ်မထင်ဘူး။
လရိပ်မှူးခိုင်ဆိုတာ ဘယ်လောက်မာနကြီးပြီး မဖြစ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတာ သိအောင် ပြမှဖြစ်မယ်။

ကျွန်တော့် အတွက် လက်တလော သီးသန့် ပေးထားတဲ့ Designအခန်းမှာ
အိတ်ထဲက laptopကိုထုတ်ကာ
ဆွဲခဲ့တဲ့Designကို စစ်လိုက်သည်။
ထို့ နောက် သူ့ ဘာကြောင့် ဒီDesignကို ဆွဲရသလဲ ဆိုတဲ့ နုတ်နှင့် အဓိက အသုံးပြုရမဲ့ ကုန်ကြမ်းအကြောင်းကို listထုတ်လိုက်သည်။

ရုံးဆင်းချိန် မရောက်ခင် ကျွန်တော့် ရဲ့
ဖြေရှင်းချက် နဲ့  သတ်သေ တိတိကျကျ ရခဲ့ပြီမို့  စောစောရုံးဆင်းဖို့  သောမတ်စ်ဆီ
အကြောင်းကြားလိုက်သည်။
စိတ်ပြေလက်ပျောက် အပြန်မှာ နာနာ အစား Mall မှာဈေးဝယ်ခဲ့လိုက်သည်။
ပစ္စည်းတပွေ့ တပိုက်နဲ့  အိမ်ရောက်တော့
နာနာတစ်ယောက်က အိမ်မှာ မရှိ။
ကြည့်ရတာ နာနာ တစ်ယောက် သူတို့ သားအဖ မရှိတာနဲ့  ထွက်လည်နေတယ်ထင်ပါ့။

ဒါဆို ဒီနေ့ မီးဖိုချောင်က သူ့ အလှည့်ပေါ့။
သဘောတကျရယ်ကာ အင်္ကျီကိုတောင်မလဲပဲ သူ စိတ်ပါလက်ပါ ညနေစာချက်လိုက်တယ်။
အကုန်ပြီးတော့ ရေချိုးဖို့ သူ အခန်းကို တက်လာခဲ့တယ်။

ပထမဆုံး သူ့ အလုပ်အိတ်ကလေးကို မွေ့ ရာပေါ်တင်လိုက်ပြီး ခေါင်းအုန်းဘေးကခွက်ကလေး ကို တယုတယ ကောက်ကိုင်လိုက်သည်။ ထို့ နောက် ရင်ခွင်ထဲကို ပိုက်ပြီး ငြိမ်သက်စွာ မျက်လုံးမှိတ်၍ တီးတိုးဆိုလိုက်၏။

"ငါ မင်းကို အရမ်းလွမ်းတာပဲ ဘေဘီ။
ခုဆို မင်းဘယ်လို ပုံမျိုးလေး ဖြစ်နေပြီလဲ။
အရင်လို ဝတုတ်တုတ်လေး ဖြစ်နေအုန်းမလား ။ ငါအရမ်းသိချင်တာပဲ ပေါက်စီလုံးရာ..။ အင်း သိပ်မကြာတော့ပါဘူး။ ငါပြန်လာခဲ့တော့မယ် ဘေဘီ"

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz