အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
17
"သား ျပန္ရေအာင္ေလ "
ခပ္ဖြဲဖြဲ က်လာၿပီ ျဖစ္တဲ့ မိုးဖြဲေလးေတြ
ေၾကာင့္ လရိပ္ကို ျပန္ဖို ႔ ေခၚလိုက္သည္။
အခ်ိန္ေတာ္ၾကာေအာင္ ကမ်ည္းမွတ္တိုင္ တခုေရွ ႔မွာ ရပ္ေနတဲ့ သားက သူ ႔စကားေၾကာင့္ ေနာက္ဆံုးအႀကိမ္ မ်က္ရည္ေတြကို သုတ္လိုက္၏။
ထိုေနာက္ လက္ထဲ ကိုင္ထားတဲ့
အျဖဴေရာင္ နွင္းဆီပန္းေလးကို
ၿပံဳးေနတဲ့ သရီေမ ရဲ႕ ဓာတ္ပံုေရွ ႔မွာ
ခ် လိုက္ၿပီး နႈတ္ဆက္ေနသည္။
"တီေလး ကြၽန္ေတာ္သြားေတာ့မယ္။
တီေလးမွာထားခဲ့တာေတြ ကြၽန္ေတာ္မေမ့ပါဘူး။ မၾကာခဏလာမေတြ ႕နိုင္ေတာ့လို ႔
ကြၽန္ေတာ္ေတာင္းပန္ပါတယ္ တီေလး"
စကားဆံုးေတာ့ လရိပ္ တီေလး ကိုေက်ာခိုင္းလိုက္တယ္။
အတူတူေနခဲ့တုန္းက တီေလးကို
သူ ဂရုမစိုက္ခဲ့တာေတြ မ်ားခဲ့သည္။
တီေလး ဘာေတြျဖစ္ေနသလဲ သူမသိခဲ့သလို သိေအာင္လဲ သူမႀကိဳးစားခဲ့။
သူ သိတာက သက္ငယ္ေဝလံုကို။
ေဘဘီကိုသာ သူဂရုစိုက္ေနမိတာနဲ ့
တီေလးအေပၚမွာ ပ်က္ကြက္ခဲ့မိသည္။
ထို ႔ေၾကာင့္ သူ ႔ကိုသူ အျပစ္ေပးတဲ့အေနနဲ ့ သူ တီေလးမွာခဲ့တဲ့ အတိုင္း တေသြမတိမ္းလိုက္နာဖို ႔ ဆံုးျဖတ္ထားသည္။
" တခုခု အဆာေျပစားမလား လရိပ္"
အန္တီဂေရ႕စ္ က အိမ္ထဲ ဝင္လိုက္တာနဲ ့ အခန္းထဲတန္းမဝင္ပဲ
ဂရုတစိုက္ေမးလာ၏။
ခုခ်ိန္မွာ လရိပ္ကို အထိခိုက္မခံေသာ ပန္းတပြင့္လို ရုစိုက္ေနၾကသည့္အထဲမွာ
အန္တီဂေရ႕စ္လည္းပါသည္။
မိေထြးဆိုေပမဲ့
လရိပ္အေပၚမွာ သားတေယာက္လို
သေဘာထားေနမွန္း
သိသည္ေၾကာင့္ အဂၤလိပ္လို ပီသစြာ
ေျပာလိုက္သည္။
"ကြၽန္ေတာ္မစားေတာ့ဘူး အန္တီဂေရ႕စ္ ။ ခုေလာေလာဆယ္ဆယ္ စကားခနေျပာလို ႔ရမလား။ အေဖေရာ "
ဖခင္ဖက္ကိုပါ လွည့္ေျပာေတာ့ အကုန္
ေခါင္းညိမ့္ျပကာ ဧည့္ခန္းမွာ
ဝင္ထိုင္ၾကသည္။
ရွိတာမွ မိသားစုသံုးေယာက္ထဲမို ႔
လရိပ္ ေလးစားစြာ သူျဖစ္ခ်င္တာကို
ေျပာျပလိုက္သည္။
တီေလးအသက္ရွိစဥ္က ေဘဘီနားမွာ ကပ္ေနရင္း
လရိပ္ဘဝကို ကုန္ဆံုးသြားမွာ သိပ္စိုးရိမ္ခဲ့တာ။
မေသခင္ ၂လေလာက္က ကြၽန္ေတာ္ကို
ေျပာခဲ့ဖူးတဲ့ စကားတခြန္းရွိတယ္။
အဲ့ဒါက လရိပ္ကို တီေလးက ပညာတက္ႀကီးမဟုတ္ေတာင္ ကိုယ့္ေျခေထာက္ေပၚ
ကိုယ္ရပ္နိုင္တဲ့ ပညာတခုကိုေတာ့ ရေအာင္ ယူေစခ်င္တာတဲ့။
တကယ္ဆို ကြၽန္ေတာ္ဘာကို စိတ္ဝင္စားသလဲဆိုတာခုထိ မသိေသးဘူး။
သိဖို ႔၊ စူးစမ္းဖို ႔ကြၽန္ေတာ္ေမ့ေနခဲ့တယ္ဆိုရင္ ပိုမွန္လိမ့္မယ္။
တေန ႔တာ ရဲ႕ အနက္ခင္းအစမွာ
တီေလး ဘယ္ခ်ိန္ေစ်းကိုသြားသလဲ ၊မနက္စာ ဘာစားသြားသလဲ ကြၽန္ေတာ္ဘာမွမသိခဲ့ဘူး။
ခုခ်ိန္မွာ တီေလးအေပၚမွာ ကြၽန္ေတာ္
တာဝန္မေက်ခဲ့တာေတြအတြက္ အေတာ္ေလး အားနာၿပီးေနာင္တရမိသည္။
ထို ႔ေၾကာင့္ တီေလး ေမ်ွာ္လင့္ခဲ့တဲ့ အတိုင္း ကြၽန္ေတာ္ ျမန္မာျပည္မျပန္ပဲ လိမ္လိမ္မာမာေက်ာင္းဆက္တက္မည္။
" ဘာေျပာမွာလဲ သား။
အေဖတို ႔ကို ပြင့္ပြင့္လင္းလင္း
ျဖစ္ခ်င္တာသာေျပာလိုက္"
" ကြၽန္ေတာ္ ေက်ာင္းတက္ခ်င္တယ္။
ဒါေပမဲ့ ဒီမွာမဟုတ္ဘူး "
ကြၽန္ေတာ့စကားဆံုးေတာ့ အေဖ့ေက်ာျပင္ဟာ မတ္ခနဲ ျဖစ္သြားသည္။
အေဖက သူ နဲ ့အတူေနဖို ႔ေမ်ွာ္လင့္ထားဟန္။
ဒါေပမဲ့ ကြၽန္ေတာ္ ဒီေျမမွာ မေနခ်င္ဘူး။
အေၾကာင္းျပခ်က္ ရွိေပမဲ့ သူ မေျပာျပခ်င္ဘူး။
ျဖစ္နိုင္ရင္ ေဝးေလေကာင္းေလပဲ။
"ဘာလို ႔လဲ။ အေဖ ႔ေၾကာင့္လား
ဒါမွမဟုတ္ အန္တီ ဂေရ႕စ္ေၾကာင့္လား"
ယဥ္ေက်းစြာပင္ ျမန္မာစကားနားမလည္တဲ့ အန္တီ့ေရွ ႔မွာ ကြၽန္ေတာ္တို ႔ အဂၤလိုပဲ ေျပာေနၾကတာျဖစ္သည္။
ထို ႔ေၾကာင့္ ကြၽန္ေတာ္ေျပာသမ်ွ
အန္တီကလည္း စိတ္ဝင္တစားေဘးမွာ နားေထာင္ေပးၿပီး ဘာမွေတာ့ဝင္မေျပာေသး။
အေဖ့စကားေၾကာင့္ ကြၽန္ေတာ္ အန္တီ့ကိုအားနာသလိုၾကည့္ကာ ေခါင္းရမ္းျပလိုက္တယ္။
ကြၽန္ေတာ္ အေဖေနာက္အိမ္ေထာင္ျပဳတာကို ဝမ္းနည္းခဲ့ေပမဲ့ ကိုယ့္အေပၚေကာင္းမြန္စြာဆက္ဆံေနတဲ့ အမ်ိဳးသမီးတစ္ေယာက္အေပၚမွာ မုန္းတီးရေလာက္ေအာင္ထိ စိတ္ဓာတ္ မေသးသိ္မ္ဘူး။
"မဟုတ္ဘူး။ အန္တီ့ကို ကြၽန္ေတာ္သေဘာက်ပါတယ္။ အေဖလဲ အေဖ့ ဘဝကို လြတ္လပ္စြာ ေ႐ြးခ်ယ္ခြင့္ရွိတာပဲ ကြၽန္ေတာ္ နားလည္ပါတယ္။
အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္ကိုလည္းနားလည္ေပးေစခ်င္တယ္။ ကြၽန္ေတာ့္အသက္၁၅နွစ္ရွိၿပီ အေဖ။ ကေလးတစ္ေယာက္လို မထင္ေစခ်င္ေတာ့ဘူးး"
" မဟုတ္ဘူးေလ သားရာ ။
ကေလးမဟုတ္ေတာ့ရင္ေတာင္ ဒီအသက္႐ြယ္ေလးနဲ ့အေဖက တစ္ေယာက္ထဲ
ဘယ္လို စိတ္ခ်ၿပီးမွ ပို ႔ရမွာလဲ။ သားစိတ္ညစ္ေနရင္ စိတ္ေျပလက္ေပ်ာက္
ခရီးထြက္မလားအေဖလိုက္ပို ႔ေပးမယ္"
ကြၽန္ေတာ္ စကားျပန္မေျပာပဲ
အေဖ့ကို ေအးတိေအးစက္ၾကည့္လိုက္သည္။
အေဖဘာေၾကာင့္ အတၱႀကီးေနတာလဲ။
ကြၽန္ေတာ့္ဘဝကိုတီေလးနဲ ့ ျပစ္ထားခဲ့ၿပီးမွ ခုဘာလို ႔ျခယ္လွယ္ဖို ႔ႀကိဳးစားေနတာလဲ။
" ဒါလင္ က်မ စကားနည္းနည္းေလာက္ေျပာလို ႔ရမလား"
အန္တီ ့အသံေၾကာင့္ ေရွ ႔ဆက္ေျပာမဲ့
အေဖသည္ ပါးစပ္ပိတ္ကာ သူအမ်ိဳးသမီးဆီအၾကည့္ေရာက္သြားသည္။
ၿပီးေနာက္ ကြၽန္ေတာ့္ဆီ လက္ျပကာ
ေျပာ လိုက္ဆိုတဲ့ ပံု ကို အန္တီဂေရ႕စ္ကို
လုပ္ျပ၏။
" ဘယ္မွာ ေက်ာင္းတက္တက္အဆင္ေျပလားသား ။ New York ဆိုရင္ေရာ သားသေဘာက်လား "
"New York ?"
အန္တီ့စကားကိုသံေယာင္လိုက္ၿပီး ကြၽန္ေတာ္ ဆိုမိေတာ့ အန္တီဂေရ႕စ္က ၾကင္ၾကင္နာနာ ၿပံဳးလ်က္ ေခါင္းညိမ့္ျပတယ္။
New York က ကြၽန္ေတာ္ငယ္ငယ္က
အသြားခ်င္ဆံုးၿမိဳ ႕ျဖစ္ခဲ့ဘူးတယ္။
ငယ္ဘဝက အေတြးတခ်ိဳ ႕သည္
ေပါက္စီလံုးကို ထိန္းရင္း အရာရာ ေဝ့ဝါးခဲ့လို ႔ ခုခ်ိန္မွာဘယ္သြားခ်င္လဲေမးလာခဲ့ရင္ေတာင္ ခ်က္ျခင္း ျပန္ေျဖနိုင္လိမ့္မည္မထင္။
"အန္တီ့ ညီမကNew Yorkမွာ ေနတာ။
သားသတိထားမိလားမသိဘူး။ အန္တီ့မဂၤလာေဆာင္ေန ႔က မိတ္ဆက္ေပးေသးတယ္ေလ "
ကြၽန္ေတာ္မွတ္မိတယ္ဆိုတာသိေတာ့
အန္တီဂေရစ့္က စကားဆက္ေျပာတယ္။
မမွတ္မိစရာေတာ့မရွိ။
အန္တီဂေရစ့္နဲ ့နည္းနည္းမွမတူေသာ
လူမည္းအမ်ိဳးသမီး ဆီရာနာက ညီမေတာ္တယ္ဆိုတာ နည္းနည္းေတာ့အံ့ၾသစရာပါ။
တကယ္ေတာ့ အန္တီဂေရစ့္က မေအတူ ျဖစ္ၿပီး အန္တီဆီရာနာက အေဖတူျဖစ္ပံုရပါတယ္။
ေသခ်ာၾကည့္မည္ဆိုပါလ်ွင္ အန္တီဆီရာနာက ပိုလွၿပီး အသက္၄၀အ႐ြယ္ဟုပင္မထင္ရေလာက္ေအာင္ ပိုမိုက္သည္။
" သူတို ႔မွာသားသမီးမရွိေတာ့ သားသြားရင္ ေပ်ာ္ေအာင္ထားမွာပါ။ သြားခ်င္လားသား"
"ေဟး ဟန္နီ ကိုယ္စကားခဏေျပာအုန္းမယ္။ သားကို လႊတ္ဖို ႔ဆိုတာ "
အေဖက စကားျဖတ္ကာဝင္ေျပာလာ၏။
ကြၽန္ေတာ့္ကို ေခ်ာ့ေမာ့ေျပာေနတဲ့ အန္တီ
ဂေရစ့္သည္ အေဖ့အသံေၾကာင့္ ၿပံဳးေနရာမွာ ေလးနက္တဲ့ မ်က္နွာထားေျပာင္းသြား၏။
အန္တီ ဂေရစ့္ကို သေဘာက်ရတာ
ထိုသို ႔ေသာ ထက္ျမတ္တဲ့ ပံုပန္းေၾကာင့္ပင္။
ေျပာစရာရွိရင္ နားဝင္ေအာင္ေျပာျပတက္သလို သူနဲ ့မသက္ဆိုင္ရင္ အေတာ္သင့္ဝင္မေျပာတက္။ ဝင္ေျပာလာၿပီဆိုရင္လည္း အေျခေနကို ေျပာင္းလဲေအာင္စည္းရုံနိုင္စြမ္းရွိသည္။
"ဒါလင္ ကေလးေတြရဲ႕ဘဝကို
ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားလို ႔မရဘူးေလ။ အေဖ တစ္ေယာက္ျဖစ္ေနရင္ေတာင္ လရိပ္
ကို ခ်ဳပ္ကိုင္ဖို ႔နည္းလမ္းထပ္
လမ္းမွန္ျပသေပးတာကိုပဲ လုပ္သင့္တယ္။ "
အေဖ ဆက္မေျပာေတာ့ေပ။
ၿငိမ္သက္သြားတဲ့ စကားဝိုင္းကေန
ကြၽန္ေတာ္မတ္တပ္ထရပ္လိုက္တယ္။
ၿပီးေတာ့ အန္တီ ့ကိုၾကည့္ကာ
" ကြၽန္ေတာ္ သြားခ်င္ပါတယ္။ အန္တီ စီစဥ္ေပးပါ"
ထို ႔ေနာက္ ကြၽန္ေတာ့္ေျခလွမ္းေတြက
အခန္းထဲသို ႔ ေျဖးေလးစြာ လွမ္းဝင္လိုက္၏။
ဧည့္ခန္းမွာ အေဖနဲ ့အန္တီရဲ႕ အေျခတင္ေျပာေနသံသဲ့သဲ့ကို ၾကားေနရေပမဲ့
ကြၽန္ေတာ္ အခန္းတံခါးကိုပိတ္ကာ လ်စ္လ်ဴရႈ ႕လိုက္၏။
ပင္ပန္းလိုက္တာ။
မြန္းၾကပ္ေနတဲ့ ခံစားခ်က္က လူတကိုယ္လံုး ကိုင္ရုိက္ထားသလို ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိ။
အန္တီဆီရာနာက စိတ္ရင္းေကာင္းၿပီး
အန္တီ့လို ၾကင္နာတက္မဲ့ပံုမို ႔ ကြၽန္ေတာ္အဆင္ေျပမွာပါ။
အိပ္ယာေပၚကို ဖိနပ္ခြၽတ္ၿပီး အသာယာလွဲလိုက္တယ္။
အရင္ကနဲ ့မတူစြာ ပိန္က်သြားတဲ့
ခနၶာကိုယ္ဟာ ႏုညံ့တဲ့ေမြ ႕ရာေပၚမွာေတာင္ အထိခိုက္မခံပဲနာက်င္ေနသည္။
ေဘဘီေရာ အဆင္ေျပပါ့မလား။
တရက္ေတာင္ စိတ္ေကာက္ၿပီးကြၽန္ေတာ္နဲ ့မခြဲနိုင္ရွာတဲ့ ကေလးေလးကို
ဘယ္လို စိတ္နဲ ့ထားခဲ့ရက္မွာလဲ။
ခြင့္လႊတ္ပါေဘဘီ ။
တီေလး ရဲ႕ ေနာက္ဆံုးဆႏၵကို ငါျဖည့္ဆည္းေပးၿပီးရင္ မင္းရွိရာကို ျပန္လာခဲ့ပါ့မယ္။
ခြင့္လႊတ္မူ ႔ဆိုတာ မေတာင္းဆိုဘူး။
မင္းႀကိဳက္သလို စိတ္ဆိုးပါ ။
ခုေတာ့ ေခတၱခနေဝးေနခြင့္ျပဳပါ သက္ငယ္ေဝလံု။
ေခါင္းအုန္းေဘးကေဟာင္းႏြမ္းေနၿပီးျဖစ္တဲ့ အစိမ္းေရာင္
ခြက္ေလးကို တယုတယ ဆုပ္ကိုင္၍ တီးတိုးဆိုလိုက္မိသည္။
ေပါက္စီလံုးရဲ႕ အေငြ ႕သက္မ်ားစြာရွိတဲ့ခြက္ကေလး။
ေပါက္စီလံုး အရမ္းသိပ္သေဘာက်ၿပီး
ႀကိဳက္နွစ္သက္တဲ့ ခြက္ကေလး။
အသစ္ဝယ္ေပးတာေတာင္ သိပ္မသံုးပဲ
ခြက္ေဟာင္းေလးပဲ ျပန္ရွာသံုးတဲ့
ေဘဘီတစ္ေယာက္ ခြက္ကေလးေပ်ာက္လို ႔ရွာေနအုန္းမလား။
ျဖစ္နိုင္ရင္ ေလေျပ ညင္းေလးေတြကို
စကားလက္ေဆာင္ပါးလို ႔ရတဲ့
စာပို ႔သမားေလေတြျဖစ္ေစခ်င္သည္။
မျဖစ္နိုင္တာကုိသိေပမဲ့ လြမ္းစိတ္နဲ ့ ကြၽန္ေတာ္ဟာ အက်ိဳးအေၾကာင္း ဆင္ေျခမဲ့လို ႔။
ထို ႔ေနာက္ ခြက္ကေလးကို တင္းတင္းဆုပ္ကိုင္ၿပီး လမင္းကို သက္ေသတည္ကာ ထပ္ၿပီးျဖစ္ခ်င္တာဆုေတာင္းလိုက္သည္။
တေနရာစီ ျဖစ္ေနတဲ့ သူတို ႔နွစ္ေယာက္ရဲ႕
သံေယာဇဥ္ေတြ စစ္မွန္ပါက ေနာင္နွစ္ေပါင္းမ်ားစြာ ၾကာသည့္တိုင္ ျပန္လည္ဆံုေတြ ႕ရပါေစသား.........။
ခ်စ္တဲ့ အိမ္စည္။
(ေနမေကာင္းလို ႔ပါ။ ခဏတိုင္း မupခိုင္းၾကပါနဲ ့ေနာ္။ ေနသာေကာင္းရင္ ကိုယ္ဘယ္တုန္းက updateၾကာဖူးလို ႔လဲ )
"သား ပြန်ရအောင်လေ "
ခပ်ဖွဲဖွဲ ကျလာပြီ ဖြစ်တဲ့ မိုးဖွဲလေးတွေ
ကြောင့် လရိပ်ကို ပြန်ဖို့ ခေါ်လိုက်သည်။
အချိန်တော်ကြာအောင် ကမျည်းမှတ်တိုင် တခုရှေ့ မှာ ရပ်နေတဲ့ သားက သူ့ စကားကြောင့် နောက်ဆုံးအကြိမ် မျက်ရည်တွေကို သုတ်လိုက်၏။
ထိုနောက် လက်ထဲ ကိုင်ထားတဲ့
အဖြူရောင် နှင်းဆီပန်းလေးကို
ပြုံးနေတဲ့ သရီမေ ရဲ့ ဓာတ်ပုံရှေ့ မှာ
ချ လိုက်ပြီး နှုတ်ဆက်နေသည်။
"တီလေး ကျွန်တော်သွားတော့မယ်။
တီလေးမှာထားခဲ့တာတွေ ကျွန်တော်မမေ့ပါဘူး။ မကြာခဏလာမတွေ့ နိုင်တော့လို့
ကျွန်တော်တောင်းပန်ပါတယ် တီလေး"
စကားဆုံးတော့ လရိပ် တီလေး ကိုကျောခိုင်းလိုက်တယ်။
အတူတူနေခဲ့တုန်းက တီလေးကို
သူ ဂရုမစိုက်ခဲ့တာတွေ များခဲ့သည်။
တီလေး ဘာတွေဖြစ်နေသလဲ သူမသိခဲ့သလို သိအောင်လဲ သူမကြိုးစားခဲ့။
သူ သိတာက သက်ငယ်ဝေလုံကို။
ဘေဘီကိုသာ သူဂရုစိုက်နေမိတာနဲ့
တီလေးအပေါ်မှာ ပျက်ကွက်ခဲ့မိသည်။
ထို့ ကြောင့် သူ့ ကိုသူ အပြစ်ပေးတဲ့အနေနဲ့ သူ တီလေးမှာခဲ့တဲ့ အတိုင်း တသွေမတိမ်းလိုက်နာဖို့ ဆုံးဖြတ်ထားသည်။
" တခုခု အဆာပြေစားမလား လရိပ်"
အန်တီဂရေ့စ် က အိမ်ထဲ ဝင်လိုက်တာနဲ့ အခန်းထဲတန်းမဝင်ပဲ
ဂရုတစိုက်မေးလာ၏။
ခုချိန်မှာ လရိပ်ကို အထိခိုက်မခံသော ပန်းတပွင့်လို ရုစိုက်နေကြသည့်အထဲမှာ
အန်တီဂရေ့စ်လည်းပါသည်။
မိထွေးဆိုပေမဲ့
လရိပ်အပေါ်မှာ သားတယောက်လို
သဘောထားနေမှန်း
သိသည်ကြောင့် အင်္ဂလိပ်လို ပီသစွာ
ပြောလိုက်သည်။
"ကျွန်တော်မစားတော့ဘူး အန်တီဂရေ့စ် ။ ခုလောလောဆယ်ဆယ် စကားခနပြောလို့ ရမလား။ အဖေရော "
ဖခင်ဖက်ကိုပါ လှည့်ပြောတော့ အကုန်
ခေါင်းညိမ့်ပြကာ ဧည့်ခန်းမှာ
ဝင်ထိုင်ကြသည်။
ရှိတာမှ မိသားစုသုံးယောက်ထဲမို့
လရိပ် လေးစားစွာ သူဖြစ်ချင်တာကို
ပြောပြလိုက်သည်။
တီလေးအသက်ရှိစဉ်က ဘေဘီနားမှာ ကပ်နေရင်း
လရိပ်ဘဝကို ကုန်ဆုံးသွားမှာ သိပ်စိုးရိမ်ခဲ့တာ။
မသေခင် ၂လလောက်က ကျွန်တော်ကို
ပြောခဲ့ဖူးတဲ့ စကားတခွန်းရှိတယ်။
အဲ့ဒါက လရိပ်ကို တီလေးက ပညာတက်ကြီးမဟုတ်တောင် ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်နိုင်တဲ့ ပညာတခုကိုတော့ ရအောင် ယူစေချင်တာတဲ့။
တကယ်ဆို ကျွန်တော်ဘာကို စိတ်ဝင်စားသလဲဆိုတာခုထိ မသိသေးဘူး။
သိဖို့ ၊ စူးစမ်းဖို့ ကျွန်တော်မေ့နေခဲ့တယ်ဆိုရင် ပိုမှန်လိမ့်မယ်။
တနေ့ တာ ရဲ့ အနက်ခင်းအစမှာ
တီလေး ဘယ်ချိန်ဈေးကိုသွားသလဲ ၊မနက်စာ ဘာစားသွားသလဲ ကျွန်တော်ဘာမှမသိခဲ့ဘူး။
ခုချိန်မှာ တီလေးအပေါ်မှာ ကျွန်တော်
တာဝန်မကျေခဲ့တာတွေအတွက် အတော်လေး အားနာပြီးနောင်တရမိသည်။
ထို့ ကြောင့် တီလေး မျှော်လင့်ခဲ့တဲ့ အတိုင်း ကျွန်တော် မြန်မာပြည်မပြန်ပဲ လိမ်လိမ်မာမာကျောင်းဆက်တက်မည်။
" ဘာပြောမှာလဲ သား။
အဖေတို့ ကို ပွင့်ပွင့်လင်းလင်း
ဖြစ်ချင်တာသာပြောလိုက်"
" ကျွန်တော် ကျောင်းတက်ချင်တယ်။
ဒါပေမဲ့ ဒီမှာမဟုတ်ဘူး "
ကျွန်တော့စကားဆုံးတော့ အဖေ့ကျောပြင်ဟာ မတ်ခနဲ ဖြစ်သွားသည်။
အဖေက သူ နဲ့ အတူနေဖို့ မျှော်လင့်ထားဟန်။
ဒါပေမဲ့ ကျွန်တော် ဒီမြေမှာ မနေချင်ဘူး။
အကြောင်းပြချက် ရှိပေမဲ့ သူ မပြောပြချင်ဘူး။
ဖြစ်နိုင်ရင် ဝေးလေကောင်းလေပဲ။
"ဘာလို့ လဲ။ အဖေ့ ကြောင့်လား
ဒါမှမဟုတ် အန်တီ ဂရေ့စ်ကြောင့်လား"
ယဉ်ကျေးစွာပင် မြန်မာစကားနားမလည်တဲ့ အန်တီ့ရှေ့ မှာ ကျွန်တော်တို့ အင်္ဂလိုပဲ ပြောနေကြတာဖြစ်သည်။
ထို့ ကြောင့် ကျွန်တော်ပြောသမျှ
အန်တီကလည်း စိတ်ဝင်တစားဘေးမှာ နားထောင်ပေးပြီး ဘာမှတော့ဝင်မပြောသေး။
အဖေ့စကားကြောင့် ကျွန်တော် အန်တီ့ကိုအားနာသလိုကြည့်ကာ ခေါင်းရမ်းပြလိုက်တယ်။
ကျွန်တော် အဖေနောက်အိမ်ထောင်ပြုတာကို ဝမ်းနည်းခဲ့ပေမဲ့ ကိုယ့်အပေါ်ကောင်းမွန်စွာဆက်ဆံနေတဲ့ အမျိုးသမီးတစ်ယောက်အပေါ်မှာ မုန်းတီးရလောက်အောင်ထိ စိတ်ဓာတ် မသေးသ်ိမ်ဘူး။
"မဟုတ်ဘူး။ အန်တီ့ကို ကျွန်တော်သဘောကျပါတယ်။ အဖေလဲ အဖေ့ ဘဝကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတာပဲ ကျွန်တော် နားလည်ပါတယ်။
အဲ့ဒါကြောင့် ကျွန်တော့်ကိုလည်းနားလည်ပေးစေချင်တယ်။ ကျွန်တော့်အသက်၁၅နှစ်ရှိပြီ အဖေ။ ကလေးတစ်ယောက်လို မထင်စေချင်တော့ဘူးး"
" မဟုတ်ဘူးလေ သားရာ ။
ကလေးမဟုတ်တော့ရင်တောင် ဒီအသက်ရွယ်လေးနဲ့ အဖေက တစ်ယောက်ထဲ
ဘယ်လို စိတ်ချပြီးမှ ပို့ ရမှာလဲ။ သားစိတ်ညစ်နေရင် စိတ်ပြေလက်ပျောက်
ခရီးထွက်မလားအဖေလိုက်ပို့ ပေးမယ်"
ကျွန်တော် စကားပြန်မပြောပဲ
အဖေ့ကို အေးတိအေးစက်ကြည့်လိုက်သည်။
အဖေဘာကြောင့် အတ္တကြီးနေတာလဲ။
ကျွန်တော့်ဘဝကိုတီလေးနဲ့ ပြစ်ထားခဲ့ပြီးမှ ခုဘာလို့ ခြယ်လှယ်ဖို့ ကြိုးစားနေတာလဲ။
" ဒါလင် ကျမ စကားနည်းနည်းလောက်ပြောလို့ ရမလား"
အန်တီ့ အသံကြောင့် ရှေ့ ဆက်ပြောမဲ့
အဖေသည် ပါးစပ်ပိတ်ကာ သူအမျိုးသမီးဆီအကြည့်ရောက်သွားသည်။
ပြီးနောက် ကျွန်တော့်ဆီ လက်ပြကာ
ပြော လိုက်ဆိုတဲ့ ပုံ ကို အန်တီဂရေ့စ်ကို
လုပ်ပြ၏။
" ဘယ်မှာ ကျောင်းတက်တက်အဆင်ပြေလားသား ။ New York ဆိုရင်ရော သားသဘောကျလား "
"New York ?"
အန်တီ့စကားကိုသံယောင်လိုက်ပြီး ကျွန်တော် ဆိုမိတော့ အန်တီဂရေ့စ်က ကြင်ကြင်နာနာ ပြုံးလျက် ခေါင်းညိမ့်ပြတယ်။
New York က ကျွန်တော်ငယ်ငယ်က
အသွားချင်ဆုံးမြို့ ဖြစ်ခဲ့ဘူးတယ်။
ငယ်ဘဝက အတွေးတချို့ သည်
ပေါက်စီလုံးကို ထိန်းရင်း အရာရာ ဝေ့ဝါးခဲ့လို့ ခုချိန်မှာဘယ်သွားချင်လဲမေးလာခဲ့ရင်တောင် ချက်ခြင်း ပြန်ဖြေနိုင်လိမ့်မည်မထင်။
"အန်တီ့ ညီမကNew Yorkမှာ နေတာ။
သားသတိထားမိလားမသိဘူး။ အန်တီ့မင်္ဂလာဆောင်နေ့ က မိတ်ဆက်ပေးသေးတယ်လေ "
ကျွန်တော်မှတ်မိတယ်ဆိုတာသိတော့
အန်တီဂရေစ့်က စကားဆက်ပြောတယ်။
မမှတ်မိစရာတော့မရှိ။
အန်တီဂရေစ့်နဲ့ နည်းနည်းမှမတူသော
လူမည်းအမျိုးသမီး ဆီရာနာက ညီမတော်တယ်ဆိုတာ နည်းနည်းတော့အံ့သြစရာပါ။
တကယ်တော့ အန်တီဂရေစ့်က မအေတူ ဖြစ်ပြီး အန်တီဆီရာနာက အဖေတူဖြစ်ပုံရပါတယ်။
သေချာကြည့်မည်ဆိုပါလျှင် အန်တီဆီရာနာက ပိုလှပြီး အသက်၄၀အရွယ်ဟုပင်မထင်ရလောက်အောင် ပိုမိုက်သည်။
" သူတို့ မှာသားသမီးမရှိတော့ သားသွားရင် ပျော်အောင်ထားမှာပါ။ သွားချင်လားသား"
"ဟေး ဟန်နီ ကိုယ်စကားခဏပြောအုန်းမယ်။ သားကို လွှတ်ဖို့ ဆိုတာ "
အဖေက စကားဖြတ်ကာဝင်ပြောလာ၏။
ကျွန်တော့်ကို ချော့မော့ပြောနေတဲ့ အန်တီ
ဂရေစ့်သည် အဖေ့အသံကြောင့် ပြုံးနေရာမှာ လေးနက်တဲ့ မျက်နှာထားပြောင်းသွား၏။
အန်တီ ဂရေစ့်ကို သဘောကျရတာ
ထိုသို့ သော ထက်မြတ်တဲ့ ပုံပန်းကြောင့်ပင်။
ပြောစရာရှိရင် နားဝင်အောင်ပြောပြတက်သလို သူနဲ့ မသက်ဆိုင်ရင် အတော်သင့်ဝင်မပြောတက်။ ဝင်ပြောလာပြီဆိုရင်လည်း အခြေနေကို ပြောင်းလဲအောင်စည်းရုံနိုင်စွမ်းရှိသည်။
"ဒါလင် ကလေးတွေရဲ့ဘဝကို
ထိန်းချုပ်ဖို့ ကြိုးစားလို့ မရဘူးလေ။ အဖေ တစ်ယောက်ဖြစ်နေရင်တောင် လရိပ်
ကို ချုပ်ကိုင်ဖို့ နည်းလမ်းထပ်
လမ်းမှန်ပြသပေးတာကိုပဲ လုပ်သင့်တယ်။ "
အဖေ ဆက်မပြောတော့ပေ။
ငြိမ်သက်သွားတဲ့ စကားဝိုင်းကနေ
ကျွန်တော်မတ်တပ်ထရပ်လိုက်တယ်။
ပြီးတော့ အန်တီ့ ကိုကြည့်ကာ
" ကျွန်တော် သွားချင်ပါတယ်။ အန်တီ စီစဉ်ပေးပါ"
ထို့ နောက် ကျွန်တော့်ခြေလှမ်းတွေက
အခန်းထဲသို့ ဖြေးလေးစွာ လှမ်းဝင်လိုက်၏။
ဧည့်ခန်းမှာ အဖေနဲ့ အန်တီရဲ့ အခြေတင်ပြောနေသံသဲ့သဲ့ကို ကြားနေရပေမဲ့
ကျွန်တော် အခန်းတံခါးကိုပိတ်ကာ လျစ်လျူရှု့ လိုက်၏။
ပင်ပန်းလိုက်တာ။
မွန်းကြပ်နေတဲ့ ခံစားချက်က လူတကိုယ်လုံး ကိုင်ရိုက်ထားသလို ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ။
အန်တီဆီရာနာက စိတ်ရင်းကောင်းပြီး
အန်တီ့လို ကြင်နာတက်မဲ့ပုံမို့ ကျွန်တော်အဆင်ပြေမှာပါ။
အိပ်ယာပေါ်ကို ဖိနပ်ချွတ်ပြီး အသာယာလှဲလိုက်တယ်။
အရင်ကနဲ့ မတူစွာ ပိန်ကျသွားတဲ့
ခန္ဓာကိုယ်ဟာ နုညံ့တဲ့မွေ့ ရာပေါ်မှာတောင် အထိခိုက်မခံပဲနာကျင်နေသည်။
ဘေဘီရော အဆင်ပြေပါ့မလား။
တရက်တောင် စိတ်ကောက်ပြီးကျွန်တော်နဲ့ မခွဲနိုင်ရှာတဲ့ ကလေးလေးကို
ဘယ်လို စိတ်နဲ့ ထားခဲ့ရက်မှာလဲ။
ခွင့်လွှတ်ပါဘေဘီ ။
တီလေး ရဲ့ နောက်ဆုံးဆန္ဒကို ငါဖြည့်ဆည်းပေးပြီးရင် မင်းရှိရာကို ပြန်လာခဲ့ပါ့မယ်။
ခွင့်လွှတ်မူ့ ဆိုတာ မတောင်းဆိုဘူး။
မင်းကြိုက်သလို စိတ်ဆိုးပါ ။
ခုတော့ ခေတ္တခနဝေးနေခွင့်ပြုပါ သက်ငယ်ဝေလုံ။
ခေါင်းအုန်းဘေးကဟောင်းနွမ်းနေပြီးဖြစ်တဲ့ အစိမ်းရောင်
ခွက်လေးကို တယုတယ ဆုပ်ကိုင်၍ တီးတိုးဆိုလိုက်မိသည်။
ပေါက်စီလုံးရဲ့ အငွေ့ သက်များစွာရှိတဲ့ခွက်ကလေး။
ပေါက်စီလုံး အရမ်းသိပ်သဘောကျပြီး
ကြိုက်နှစ်သက်တဲ့ ခွက်ကလေး။
အသစ်ဝယ်ပေးတာတောင် သိပ်မသုံးပဲ
ခွက်ဟောင်းလေးပဲ ပြန်ရှာသုံးတဲ့
ဘေဘီတစ်ယောက် ခွက်ကလေးပျောက်လို့ ရှာနေအုန်းမလား။
ဖြစ်နိုင်ရင် လေပြေ ညင်းလေးတွေကို
စကားလက်ဆောင်ပါးလို့ ရတဲ့
စာပို့ သမားလေတွေဖြစ်စေချင်သည်။
မဖြစ်နိုင်တာကိုသိပေမဲ့ လွမ်းစိတ်နဲ့ ကျွန်တော်ဟာ အကျိုးအကြောင်း ဆင်ခြေမဲ့လို့ ။
ထို့ နောက် ခွက်ကလေးကို တင်းတင်းဆုပ်ကိုင်ပြီး လမင်းကို သက်သေတည်ကာ ထပ်ပြီးဖြစ်ချင်တာဆုတောင်းလိုက်သည်။
တနေရာစီ ဖြစ်နေတဲ့ သူတို့ နှစ်ယောက်ရဲ့
သံယောဇဉ်တွေ စစ်မှန်ပါက နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင် ပြန်လည်ဆုံတွေ့ ရပါစေသား.........။
ချစ်တဲ့ အိမ်စည်။
(နေမကောင်းလို့ ပါ။ ခဏတိုင်း မupခိုင်းကြပါနဲ့ နော်။ နေသာကောင်းရင် ကိုယ်ဘယ်တုန်းက updateကြာဖူးလို့ လဲ )
Bạn đang đọc truyện trên: ZingTruyen.Xyz