ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

16

eainsi23

"သား လံုလံုေလး  ။ ဒါေလး စားလိုက္အုန္း "

ေနမေကာင္းျဖစ္တဲ့ ကေလးငယ္သည္
မ်က္လံုးေတြ ေမွးမွိတ္ထားေပမဲ့ 
လက္ထဲကေထြးဖက္ထားတဲ့ ဂစ္တာေလးကိုေတာ့ မဖယ္ရွားခဲ့ေပ။
အရင္က ဝၿဖိဳးေနတဲ့ ကိုယ္လံုးေလးသည္
တေရွာင္ေရွာင္ေနမေကာင္းျဖစ္လာပါမ်ားေတာ့ ပိန္လွီကာအရုိးေပၚအေရတင္ျဖစ္လို ႔ေန၏။ ေမ်ွာ္လင့္ခ်က္မဲ့ ေနဟန္ရွိေသာ မ်က္လံုးေတြက  သူ႔အသံၾကားေတာ့
ဖြင့္ၾကည့္လာတယ္။ ၿပီးေနာက္

"ေဖေဖ  လံုလံု ခ်စ္ခ်စ္ကိုလြမ္းတယ္။
ခ်စ္ခ်စ္ကိုေခၚေပးပါ "

တျဖည္းျဖည္းမဲ့ က်လာတဲ့ မ်က္နွာေလးနဲ ့အတူ  မ်က္ရည္ေတြကေခါင္းအုန္းေပၚကို စီးက်လာ၏။ လရိပ္မရွိတာ သံုးလျပည့္ခဲ့ၿပီ။ သားသည္ ေတာင္ႀကီးမွာ ေမေမမဆံုးခင္ တလနီးပါးေလာက္ကထိ  ဒီေလာက္အေျခေနမဆိုးခဲ့ပါ။
အိမ္ျပန္ေရာက္ေတာ့ သရီေမ ထံမွ
လရိပ္က ဒီမွာမေနေတာ့ဘူး ဆိုတဲ့ သတင္းၾကားရၿပီးေနာက္မွာ တငိုငိုတရယ္ရယ္ နဲ ့ အရူးတစ္ပိုင္းျဖစ္ခဲ့သည္။

"အစြဲလမ္းႀကီးလိုက္တာ သားရယ္။
လရိပ္ က ဟိုမွာပဲေက်ာင္းတက္ေတာ့မွာတဲ့ ။ သားအခုလို ေနမေကာင္းျဖစ္ေနရင္ လရိပ္ ဘယ္စိတ္ေကာင္းမွာလဲ။ ထ ေနာ္
ၾကက္ေပါင္းစြပ္ျပဳတ္ေလးေသာက္လိုက္
သား အားရွိၿပီး ျမန္ျမန္ႀကီးလာမွ လရိပ္ဆီလိုက္သြားလို ႔ရမွာေပါ့"

စြပ္ျပဳတ္ပန္းကန္ကိုေဘးခ်ကာ  ဦးေကာင္းလံုေခ်ာ့ေမာ့ကာ သားကို ေပြ ႕ထူလိုက္သည္။ အရင္ကနဲ ့မတူ ေသးသြားလိုက္တာသားရယ္။

ရင္ထဲအပူေတြကို ထုတ္မျပပဲ ေနေနေပမဲ့
သူ ႔ရင္ထဲမွာလဲ မီးေတာင္တစ္ခုလို ပူျပင္းေနတာ သူသာ အသိဆံုး။

မျဖစ္နိုင္ေတာ့တဲ့ ဘဝကို သူဘယ္လို
ႀကိဳးစား တည္ေဆာက္ေပးလို ႔ရမွာလဲ။
သရီေမဆိုတဲ့ အမ်ိဳးသမီးက သိပ္စိတ္ေကာင္းရွိသလို စိတ္ဓာတ္မာသည္။
Brain Tumour ဆိုတဲ့ ဦးေနွာက္အက်ိတ္ တည္တဲ့ ေရာဂါကို ေၾကာင့္ ေလာကႀကီးမွာေနရဖို ႔အခ်ိန္က ၆လတဲ့။

ကံၾကမၼာကအေတာ္ႀကီးရက္စက္လြန္းလွသည္ဟုထင္သည္။ သရီေမသည္ စိတ္ေကာင္းရွိလြန္းတဲ့ မိန္းကေလးျဖစ္ေပမဲ့
ထြက္ခြာရမဲ့ အခ်ိန္သည္ ေစာလွေပသည္။

ဒီအေၾကာင္းေတြကို ၾကားသိတုန္းကဆိုရင္ သူအေတာ္ေလး ေရွာ႔ရခဲ့ရသည္။
ခုဆို လရိပ္တေယာက္က ေဆးရုံေပၚမွာရွိတဲ့ သူ ႔အေဒၚကို  ျပဳစုေစာင့္ေရွာက္ေနရေရာေပါ့။
သူသာ အမွန္တိုင္းေျပာျပရင္ လံုလံုက
လိုက္ပို ႔ေပးဖို ႔ပူဆာလိမ့္မည္။
အပူေပၚအပူဆင့္ေနတဲ့ မိသားစုကို
သူ ဒုကၡမေပးခ်င္ပါ။
လံုလံု ဒီအ႐ြယ္ေရာက္တဲ့အထိ
ေကြၽးေမြးေစာင့္ေရွာက္ခဲ့တဲ့ ေက်းဇူး
ေၾကာင့္ သူတက္နိုင္တာ ကူညီခဲ့တဲ့အျပင္
သရီေမ ေရာင္းခ်ခဲ့ေသာ အိမ္နဲ ့ၿခံကို သူပဲဝယ္ေပးယူခဲ့တာျဖစ္သည္။

ၿပီးေတာ့  လရိပ္မွဴးခိုင္ ။
ေခါင္းမာၿပီးမာနႀကီးေသာ ထိုေကာင္ငယ္ေလးသည္  လံုလံုနဲ ့ပတ္သတ္လာရင္
ေပ်ာ့ညံ့တက္ေသာ အားနည္းခ်က္ရွိေသာေၾကာင့္  သူ ႔ဘဝတက္လမ္းမ်ားကို
လံုလံု ကိုပ်ိဳးေထာင္ၿပီးေနမည္ကို သူ စိုးရိမ္သည္။
ခုခ်ိန္မွာ အေကာင္းဆံုးဘဝတခုကိုရနိုင္သည့္ အေျခေနမို ႔ လြတ္လပ္စြာျပန္သန္းဖို ႔
သူ လံုလံုကို ခတၲျပန္ေခၚထားမွျဖစ္လိမ့္မည္။

"လံုလံု  ႀကီးလာရင္  ခ်စ္ခ်စ္ကို
လိုက္ေခၚလို ႔ရလားေဖေဖ။ "

မ်က္ရည္စိုေနတဲ့ မ်က္လံုးအိမ္ကို
အသာအယာထိေတြ ႕ဖယ္ရွားေပးရင္း
သူ ႁပံဳးကာ ေခါင္းညိမ့္ျပလိုက္သည္။

"ရတာေပါ့ သားရယ္။ သားသာ
လရိပ္မွာထားတဲ့ အတိုင္း လိမ္လိမ္မာမာေန၊ သားျဖစ္ခ်င္တာကို ႀကိဳးစားၿပီး
အ႐ြယ္ေရာက္ေအာင္ျမန္ျမန္လုပ္ ။
ဒါမွ လရိပ္နဲ ့ျပန္ေတြ ႕ရင္ သားကို ေတာ္လိုက္တာလို ႔ေျပာမွာေပါ့။ မဟုတ္ရင္
သားကို စိတ္ပ်က္သြားလိမ့္မယ္။
သားခ်စ္ခ်စ္အေၾကာင္းသားသိရက္နဲ ့
သူက  အေပါက္ဆိုးတယ္ေလ။ "

"ခ္ခ္ လံုလံု သိတယ္။
ခ်စ္ခ်စ္က စိတ္ဆိုးရင္ သားကို
သြား ငါနဲ ့မေနနဲ ့လို ႔ ေဟာ္ဒီလို မ်က္နွာႀကီးလုပ္ၿပီးေျပာတယ္"

မ်က္ေမွာက္ကုတ္ကာ လရိပ္ပံုစံလုပ္ျပေနတဲ့ သားကိုေထြးဖက္ၿပီး ဦးေကာင္းလံု
ရယ္ေမာလိုက္မိသည္။
သူ ႔ခ်စ္ခ်စ္ အေၾကာင္းေျပာရရင္သားက ေပ်ာ္ေနေတာ့တာပဲ ။

"ကဲ ဒါဆို ေဖေဖနဲ ့အတူ ေဟာဒီ စြပ္ျပဳတ္ေလး ေသာက္ေပးပါအုန္း။ ၿပီးရင္
လံုလံုေလး ကိုယ္ခံအားေတြေကာင္းေအာင္ ၿခံထဲမွာ လမ္းခနေလ်ွာက္မယ္။
ေနာက္ၿပီးေတာ့ က်န္ေသးတယ္။
လံုလံု ကို ေဖေဖ ဂစ္တာတီးသင္ေပးေတာ့မယ္"

"ေဖေဖတကယ္ေျပာတာေနာ္။ "

ဝမ္းသာအားရ ေမာ့ေျပာလာတဲ့သားကို ငံု ႔နမ္းရင္း သူၿပံဳးကာ ကတိေပးလိုက္တယ္။

"တကယ္ေပါ့ ေဖ့သားရယ္။
ဒါေၾကာင့္ဒီရက္ပိုင္း အစားမ်ားမ်ားစားရမယ္ေနာ္"

"ဟုတ္ကဲ့ေဖေဖ "

ေမြ ႕ယာေပၚက ဂစ္တာေလးကို
တယုတယေပြ ႕လို ႔ သားက ၿပံဳးေန၏။
သားအနာဂတ္စိတ္ကူးနဲ ့ေမ်ွာ္လင့္ခ်က္အိမ္မက္ဟာ  လရိပ္မွဴးခိုင္နဲ ့ တိုက္ရုိက္သက္ဆိုင္ေနမွန္းသိေပမဲ့ သူ တားျမစ္ဖို ႔စိတ္ကူးမရွိပါ။

သက္ငယ္ေဝလံု အဆင္ေျပရင္ရပါၿပီ။

__________

" သား  တီေလး ေတာင္းပန္ပါတယ္"

တီေလး လက္ကို ေသခ်ာ ပုဝါေလးနဲ ့
သုတ္ေပးေနရာမွာ ရပ္တန္ ႔ကာ
တည္တင္းေအးစက္ေသာ အၾကည့္နဲ ့
ျဖဴေဖ်ာ့ ေနေသာ တီေလး ကို   ၾကည့္လိုက္သည္။
စကားတလံုးေျပာဖို ႔ခက္ခဲေနတဲ့ တီေလး
ကအရင္လို လွပေသာ ဆံႏြယ္ေတြမရွိေတာ့။
အၿမဲ ပန္းေရာင္သန္းေနေသာ နႈတ္ခမ္းပါးက ေျခာက္ေသြ ႕အက္ကြဲကာ ျပာငန္းငန္းအေရာင္ေတာင္ ေျပာင္းလုၿပီ။

ေမွးမွိတ္စျပဳခ်င္ေနတဲ့ မ်က္ဝန္းေတြက
လရိပ္ဆီက ခြင့္ျပဳခ်က္ကိုေစာင့္ေနသည္မို ႔
ဥေပကၡာျပဳကာ ေခါင္းရမ္းျပလိုက္သည္။

ခြင့့္ျပဳစရာလား။  တီေလး ဘယ္မွမသြားရဘူး။
၆ လေတာင္မျပည့္ေသးဘူး။
မ်က္စိတမိွတ္အတြင္းမွာ ဘာေၾကာင့္
ဒီေလာက္ထိ အေျပာင္းလဲျဖစ္သြားရတာလဲ။

ခြင့္မျပဳဘူး။ ဘယ္မွမသြားရဘူး။

ကြၽန္ေတာ္ေခါင္းကို သြင္သြင္ခါ၍
တုုန္ရီေနေသာ လက္တို ႔နဲ ့
တီေလးလက္ကို အထပ္ထပ္ ပြတ္ကာ သန္႔ရွင္းေရးလုပ္ေပးေနမိသည္။

နီရဲေနေသာ လက္ဖမိုးတို ႔က အႀကိမ္ႀကိမ္ပြတ္တိုက္မူ ႔ေၾကာင့္ ပြန္းပဲ့ကာ ေနေပမဲ့
ကြၽန္ေတာ္မရပ္တန္ ႔ခဲ့ေပ။

ဘာလို ႔ရပ္ရမွာလဲ။
တီေလးက အသန္႔ရွင္းႀကိဳက္တယ္။
သူေရမခ်ိဳးတာၾကာၿပီေလ။
အဲ့ဒါေၾကာင့္ စိတ္ညစ္ေနတာေနမွာ။
မျဖစ္ဘူး။ တီေလး စိတ္ညစ္လို ႔မျဖစ္ဘူး။
စိတ္ညစ္ရင္ တီေလး ဒီမွာမေနခ်င္ပဲေနလိမ့္မယ္။
တီေလး ကိုဘယ္မွမလႊတ္နိုင္ဘူး။

အေတြးေတြနဲ ့ကြၽန္ေတာ္ဟာ အရူးတစ္ေယာက္လို တီေလးကို သန္ ႔ရွင္းေရးလုပ္ေပးေနခဲ့သည္။  ဒါေပမဲ့
အၾကမ္းပတမ္း သုတ္ေနတဲ့ လက္ေတြကို
တစ္စံုတစ္ဦးက ထိန္းခ်ဳပ္ကာ
တီေလးေဘးကေန ေပြ ႕ခ်ီ ထုတ္လိုက္သည္မို ႔ကြၽန္ေတာ္အတင္းရုန္ကန္လိုက္သည္။

ဘာလို ႔ကြၽန္ေတာ္ကို ဆြဲထုတ္ေနတာလဲ။
တီေလး ေဘးမွာ ကြၽန္ေတာ္ရွိမွ ျဖစ္မွာပါဆို။

"ဖယ္စမ္း ။ တီေလး ကို သန္ ႔ရွင္းေရးလုပ္ေပးရမယ္။ "

ခပ္မာမာ ေအာ္ဟစ္ေနတဲ့ ကြၽန္ေတာ္က
အရူးတစ္ေယာက္လိုပါပဲ။

"သား    ေမ ကို သြားခြင့္ေပးလိုက္ပါေတာ့ကြာ ။အေဖေတာင္းပန္ပါတယ္ "

"မသြားခိုင္းဘူး ။ တီေလးကို ဘယ္မွ မလြတ္ဘူး "

အေဖ့ရဲ႕ စကားကို မနာခံလိုစြာ ႀကံဳးေအာ္ပစ္လိုက္၏။
တီေလးက တခ်က္တခ်က္ မ်က္ျဖဴ လန္သြားေပမဲ့  ကြၽန္ေတာ္ ့ေၾကာင့္ ထြက္မသြားနိုင္ျဖစ္ေနသည္။

"တိတ္စမ္း လရိပ္မွဴးခိုင္။ သရီေမ ကို မင္းခ်စ္သလို ငါလဲခ်စ္တယ္။ မင္း အတၲႀကီးေနတာ လရိပ္ ။ ဟို မွာၾကည့္စမ္း။ ငါ့ညီမေလး ဘယ္ေလာက္နာက်ဳင္ခံစားေနရမလဲ။
"

ကြၽန္ေတာ္မရုန္းကန္နိုင္ေတာ့ပါ။
ေျခကုန္လက္ပန္း က်သြားထက္
ခံနိုင္ရည္ကုန္ဆံုးသြားတာပါ။
တီေလးက ကြၽန္ေတာ္အေမ လိုပဲ။
အေမ ့ထက္ေတာင္ ပိုၿပီး ကြၽန္ေတာ္အေပၚမွာေကာင္းခဲ့သူပါ။
တီေလး ကို ကြၽန္ေတာ္ ေကာင္းေကာင္း
မျပဳစုလိုက္ရေသးဘူး။
ကိုက္ခဲလြန္းလို ႔ တြန္လိန္ေနတဲ့
တီေလး အေျခေနေတြကိုလဲ ကြၽန္ေတာ္ျမင္ဖူးတာပဲ ။
နွလံုးသားေတြ နာက်င္ၿပီး မၾကည့္ရက္ခဲ့လို ႔မ်က္နွာလႊဲရတာလဲ ခဏခဏပါ။
ဒါေပမဲ့ ကြၽန္ေတာ္လက္မလႊတ္ခ်င္ခဲ့ဘူး။

ခုေရာ  ကြၽန္ေတာ္ လုပ္နိုင္မွာလား။
လႈပ္ရွားမူ ႔မရွိေတာ့တဲ့ ကြၽန္ေတာ့္ကို ခ်ဳပ္ထားရာမွ အေဖက ဖယ္ေပးခဲ့တယ္။
အသက္မဲ့သူ တစ္ေယာက္လို တီေလးနားကို တျဖည္းျဖည္းတိုးကပ္သြားလိုက္ၿပီး
လက္ကေလး ကို ျပန္ေကာက္ကိုင္လိုက္၏။

ေသြးစို ႔ေနတဲ့ လက္ဖမိုးေလးကို တယုတယ ပါးနဲ ့ကပ္ကာ
ကြၽန္ေတာ္ မ်က္စိစံု မွိတ္ကာ အသက္ျပင္းျပင္းရွဴ လိုက္၏။
မ်က္ရည္းစီးေၾကာင္းဟာ ပါးျပင္ေပၚမွာ
မရပ္တန္ ႔ေလာက္ေအာင္ ျဖတ္စီးသြားၿပီးခ်ိန္တြင္ ကြၽန္ေတာ္ တည္ၿငိမ္စြာ
တီေလးကို မၾကည့္ပဲ ေျပာလိုက္၏။

" တီေလး စိတ္ေျဖာင့္ေျဖာင့္နဲ ့သြားလိုရာ သြားပါေတာ့ "

မ်က္ျဖဴလန္စ ျပဳေနတဲ့ တီေလးက ကြၽန္ေတာ့္အသံၾကားၿပီးမၾကာခင္မွာပဲ
အေၾကာတခ်က္ဆန္ ႔ကာ  တျဖည္းျဖည္းၿငိမ္သက္သြားခဲ့၏။

ထို ႔ေနာက္ကြၽန္ေတာ္သည္ တီေလးလက္ကို ကိုင္ကာ အျမင္အာရုံ ေမွာင္မိုက္သြားခဲ့၏။
အေဖ့ရဲ႕ ငိုသံကို ၾကားေနရေပမဲ့ ေဝးသြားလိုက္နီးသြားလိုက္နဲ ့။
ေနာက္  ေလထုထဲမွာ ဝဲလႊင့္သြားသလို ခံစားလိုက္ရၿပီး သာယာေသာေနရာတခုမွာ  ကြၽန္ေတာ္မတ္တပ္ရပ္ေနခဲ့တယ္။
ေရာင္စံုပန္းခင္းႀကီးနဲ ့လိပ္ျပာလွလွေလးေတြဟာ မ်က္စိတဆံုး ။

ေငးလို ႔ လိုက္ၾကည့္ေနမိတုန္း
အျဖဴေရာင္ ေက်ာျပင္ေလးတခုက
တေ႐ြ ႕ေ႐ြ ႕ေရွ ႔ကိုသြားေန၏။

"တီေလး !!"

ေခၚသံၾကားေတာ့ တီေလးက လွည့္ၾကည့္ကာ ၿပံဳးျပလာတယ္။
ၿပီးေတာ့ေျပာတယ္။

"ျပန္ေတာ့" တဲ့

"မျပန္ဘူး။ တီေလးနဲ ့ေနမွာ ။"

ခပ္က်ယ္က်ယ္ေအာ္လို ႔ကြၽန္ေတာ္ဂ်စ္တိုက္တယ္။ မျပန္ခ်င္ဘူး။
တီေလး တစ္ေယာက္ထဲ ထားခဲ့ရမွာ စိတ္မခ်ဘူး။
တီေလး က  စိတ္မာေပမဲ့ တစ္ေယာက္ထဲေနရတာမႀကိဳက္ဘူး။

"ျပန္ေတာ့လရိပ္။ တီေလးက ေကာင္းတဲ့ ေနရာတခုကို သြားေတာ့မွာ။ တီေလးအတြက္ လရိပ္မလိုေတာ့ဘူး "

"ဟင့္အင္  ကြၽန္ေတာ္မသြားခ်င္ဘူး ။
ကြၽန္ေတာ္တီေလး ကိုအေဖာ္ျပဳရအုန္းမယ္ "

ေျပာၿပီး တီေလးနားကို ကြၽန္ေတာ္ေျပးသြားမိသည္။ သို ႔ေသာ္ ဘယ္လို မွ တီေလးေဘးကိုမေရာက္။

"လရိပ္ သားျပန္ေတာ့။  တီေလး နဲ ့လရိပ္နဲ ့ဘဝျခားသြားၿပီ။ သားအခုမျပန္ရင္
လံုလံု ကိုမေတြ ႕ရပဲ ေနလိမ့္မယ္"

အသဲအသန္ေျပးေနတဲ့ ကြၽန္ေတာ္ဟာ
တီေလးစကားေၾကာင့္  ေနရာတခုမွာ
ေျခစံုရပ္သြား၏။

ေဘဘီ ။

ဟုတ္သားပဲ။ ေဘဘီ ေစာင့္ေနေတာ့မွာ။
ငါ.. ငါ တီေလးနဲ ့လိုက္လို ႔မျဖစ္ဘူး။
ေဘဘီ  တစ္ေယာက္ထဲ ငိုေနလိမ့္မယ္။

"လရိပ္   သြားေတာ့ သား ။ ေနာက္လွည့္
ျပန္ေတာ့"

တီေလး စကားအဆံုးမွာ ကြၽန္ေတာ္ဟာ
ထိုေနရာမွ တိမ္စိုင္တခုလို  လႊင့္ပါး
သြား၏။

တျဖည္းျဖည္း ေႏြးေထြးတဲ့ ေလထုကိုခံစားလိုက္ရၿပီးမွာ  နာမည္တခုကို
ေခၚကာ ကြၽန္ေတာ္ ျပန္လည္အသိစိတ္မဲ့သြား၏။
ထိုနာမည္က ....

"ေဘဘီ "

ခ်စ္တဲ့ အိမ္စည္။

(မွားရင္ ေထာက္ျပပါ။ ေဆးေလာကအေၾကာင္း မအိမ္စည္ မသိဘူး )

 

______________

"သား လုံလုံလေး  ။ ဒါလေး စားလိုက်အုန်း "

နေမကောင်းဖြစ်တဲ့ ကလေးငယ်သည်
မျက်လုံးတွေ မှေးမှိတ်ထားပေမဲ့ 
လက်ထဲကထွေးဖက်ထားတဲ့ ဂစ်တာလေးကိုတော့ မဖယ်ရှားခဲ့ပေ။
အရင်က ဝဖြိုးနေတဲ့ ကိုယ်လုံးလေးသည်
တရှောင်ရှောင်နေမကောင်းဖြစ်လာပါများတော့ ပိန်လှီကာအရိုးပေါ်အရေတင်ဖြစ်လို့ နေ၏။ မျှော်လင့်ချက်မဲ့ နေဟန်ရှိသော မျက်လုံးတွေက  သူ့အသံကြားတော့
ဖွင့်ကြည့်လာတယ်။ ပြီးနောက်

"ဖေဖေ  လုံလုံ ချစ်ချစ်ကိုလွမ်းတယ်။
ချစ်ချစ်ကိုခေါ်ပေးပါ "

တဖြည်းဖြည်းမဲ့ ကျလာတဲ့ မျက်နှာလေးနဲ့ အတူ  မျက်ရည်တွေကခေါင်းအုန်းပေါ်ကို စီးကျလာ၏။ လရိပ်မရှိတာ သုံးလပြည့်ခဲ့ပြီ။ သားသည် တောင်ကြီးမှာ မေမေမဆုံးခင် တလနီးပါးလောက်ကထိ  ဒီလောက်အခြေနေမဆိုးခဲ့ပါ။
အိမ်ပြန်ရောက်တော့ သရီမေ ထံမှ
လရိပ်က ဒီမှာမနေတော့ဘူး ဆိုတဲ့ သတင်းကြားရပြီးနောက်မှာ တငိုငိုတရယ်ရယ် နဲ့  အရူးတစ်ပိုင်းဖြစ်ခဲ့သည်။

"အစွဲလမ်းကြီးလိုက်တာ သားရယ်။
လရိပ် က ဟိုမှာပဲကျောင်းတက်တော့မှာတဲ့ ။ သားအခုလို နေမကောင်းဖြစ်နေရင် လရိပ် ဘယ်စိတ်ကောင်းမှာလဲ။ ထ နော်
ကြက်ပေါင်းစွပ်ပြုတ်လေးသောက်လိုက်
သား အားရှိပြီး မြန်မြန်ကြီးလာမှ လရိပ်ဆီလိုက်သွားလို့ ရမှာပေါ့"

စွပ်ပြုတ်ပန်းကန်ကိုဘေးချကာ  ဦးကောင်းလုံချော့မော့ကာ သားကို ပွေ့ ထူလိုက်သည်။ အရင်ကနဲ့ မတူ သေးသွားလိုက်တာသားရယ်။

ရင်ထဲအပူတွေကို ထုတ်မပြပဲ နေနေပေမဲ့
သူ့ ရင်ထဲမှာလဲ မီးတောင်တစ်ခုလို ပူပြင်းနေတာ သူသာ အသိဆုံး။

မဖြစ်နိုင်တော့တဲ့ ဘဝကို သူဘယ်လို
ကြိုးစား တည်ဆောက်ပေးလို့ ရမှာလဲ။
သရီမေဆိုတဲ့ အမျိုးသမီးက သိပ်စိတ်ကောင်းရှိသလို စိတ်ဓာတ်မာသည်။
Brain Tumour ဆိုတဲ့ ဦးနှောက်အကျိတ် တည်တဲ့ ရောဂါကို ကြောင့် လောကကြီးမှာနေရဖို့ အချိန်က ၆လတဲ့။

ကံကြမ္မာကအတော်ကြီးရက်စက်လွန်းလှသည်ဟုထင်သည်။ သရီမေသည် စိတ်ကောင်းရှိလွန်းတဲ့ မိန်းကလေးဖြစ်ပေမဲ့
ထွက်ခွာရမဲ့ အချိန်သည် စောလှပေသည်။

ဒီအကြောင်းတွေကို ကြားသိတုန်းကဆိုရင် သူအတော်လေး ရှော့ရခဲ့ရသည်။
ခုဆို လရိပ်တယောက်က ဆေးရုံပေါ်မှာရှိတဲ့ သူ့ အဒေါ်ကို  ပြုစုစောင့်ရှောက်နေရရောပေါ့။
သူသာ အမှန်တိုင်းပြောပြရင် လုံလုံက
လိုက်ပို့ ပေးဖို့ ပူဆာလိမ့်မည်။
အပူပေါ်အပူဆင့်နေတဲ့ မိသားစုကို
သူ ဒုက္ခမပေးချင်ပါ။
လုံလုံ ဒီအရွယ်ရောက်တဲ့အထိ
ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျေးဇူး
ကြောင့် သူတက်နိုင်တာ ကူညီခဲ့တဲ့အပြင်
သရီမေ ရောင်းချခဲ့သော အိမ်နဲ့ ခြံကို သူပဲဝယ်ပေးယူခဲ့တာဖြစ်သည်။

ပြီးတော့  လရိပ်မှူးခိုင် ။
ခေါင်းမာပြီးမာနကြီးသော ထိုကောင်ငယ်လေးသည်  လုံလုံနဲ့ ပတ်သတ်လာရင်
ပျော့ညံ့တက်သော အားနည်းချက်ရှိသောကြောင့်  သူ့ ဘဝတက်လမ်းများကို
လုံလုံ ကိုပျိုးထောင်ပြီးနေမည်ကို သူ စိုးရိမ်သည်။
ခုချိန်မှာ အကောင်းဆုံးဘဝတခုကိုရနိုင်သည့် အခြေနေမို့  လွတ်လပ်စွာပြန်သန်းဖို့
သူ လုံလုံကို ခတ္တပြန်ခေါ်ထားမှဖြစ်လိမ့်မည်။

"လုံလုံ  ကြီးလာရင်  ချစ်ချစ်ကို
လိုက်ခေါ်လို့ ရလားဖေဖေ။ "

မျက်ရည်စိုနေတဲ့ မျက်လုံးအိမ်ကို
အသာအယာထိတွေ့ ဖယ်ရှားပေးရင်း
သူ ပြုံးကာ ခေါင်းညိမ့်ပြလိုက်သည်။

"ရတာပေါ့ သားရယ်။ သားသာ
လရိပ်မှာထားတဲ့ အတိုင်း လိမ်လိမ်မာမာနေ၊ သားဖြစ်ချင်တာကို ကြိုးစားပြီး
အရွယ်ရောက်အောင်မြန်မြန်လုပ် ။
ဒါမှ လရိပ်နဲ့ ပြန်တွေ့ ရင် သားကို တော်လိုက်တာလို့ ပြောမှာပေါ့။ မဟုတ်ရင်
သားကို စိတ်ပျက်သွားလိမ့်မယ်။
သားချစ်ချစ်အကြောင်းသားသိရက်နဲ့
သူက  အပေါက်ဆိုးတယ်လေ။ "

"ခ်ခ် လုံလုံ သိတယ်။
ချစ်ချစ်က စိတ်ဆိုးရင် သားကို
သွား ငါနဲ့ မနေနဲ့ လို့  ဟော်ဒီလို မျက်နှာကြီးလုပ်ပြီးပြောတယ်"

မျက်မှောက်ကုတ်ကာ လရိပ်ပုံစံလုပ်ပြနေတဲ့ သားကိုထွေးဖက်ပြီး ဦးကောင်းလုံ
ရယ်မောလိုက်မိသည်။
သူ့ ချစ်ချစ် အကြောင်းပြောရရင်သားက ပျော်နေတော့တာပဲ ။

"ကဲ ဒါဆို ဖေဖေနဲ့ အတူ ဟောဒီ စွပ်ပြုတ်လေး သောက်ပေးပါအုန်း။ ပြီးရင်
လုံလုံလေး ကိုယ်ခံအားတွေကောင်းအောင် ခြံထဲမှာ လမ်းခနလျှောက်မယ်။
နောက်ပြီးတော့ ကျန်သေးတယ်။
လုံလုံ ကို ဖေဖေ ဂစ်တာတီးသင်ပေးတော့မယ်"

"ဖေဖေတကယ်ပြောတာနော်။ "

ဝမ်းသာအားရ မော့ပြောလာတဲ့သားကို ငုံ့ နမ်းရင်း သူပြုံးကာ ကတိပေးလိုက်တယ်။

"တကယ်ပေါ့ ဖေ့သားရယ်။
ဒါကြောင့်ဒီရက်ပိုင်း အစားများများစားရမယ်နော်"

"ဟုတ်ကဲ့ဖေဖေ "

မွေ့ ယာပေါ်က ဂစ်တာလေးကို
တယုတယပွေ့ လို့  သားက ပြုံးနေ၏။
သားအနာဂတ်စိတ်ကူးနဲ့ မျှော်လင့်ချက်အိမ်မက်ဟာ  လရိပ်မှူးခိုင်နဲ့  တိုက်ရိုက်သက်ဆိုင်နေမှန်းသိပေမဲ့ သူ တားမြစ်ဖို့ စိတ်ကူးမရှိပါ။

သက်ငယ်ဝေလုံ အဆင်ပြေရင်ရပါပြီ။

__________

" သား  တီလေး တောင်းပန်ပါတယ်"

တီလေး လက်ကို သေချာ ပုဝါလေးနဲ့
သုတ်ပေးနေရာမှာ ရပ်တန့် ကာ
တည်တင်းအေးစက်သော အကြည့်နဲ့
ဖြူဖျော့ နေသော တီလေး ကို   ကြည့်လိုက်သည်။
စကားတလုံးပြောဖို့ ခက်ခဲနေတဲ့ တီလေး
ကအရင်လို လှပသော ဆံနွယ်တွေမရှိတော့။
အမြဲ ပန်းရောင်သန်းနေသော နှုတ်ခမ်းပါးက ခြောက်သွေ့ အက်ကွဲကာ ပြာငန်းငန်းအရောင်တောင် ပြောင်းလုပြီ။

မှေးမှိတ်စပြုချင်နေတဲ့ မျက်ဝန်းတွေက
လရိပ်ဆီက ခွင့်ပြုချက်ကိုစောင့်နေသည်မို့
ဥပေက္ခာပြုကာ ခေါင်းရမ်းပြလိုက်သည်။

ခွင့်ပြုစရာလား။  တီလေး ဘယ်မှမသွားရဘူး။
၆ လတောင်မပြည့်သေးဘူး။
မျက်စိတမှိတ်အတွင်းမှာ ဘာကြောင့်
ဒီလောက်ထိ အပြောင်းလဲဖြစ်သွားရတာလဲ။

ခွင့်မပြုဘူး။ ဘယ်မှမသွားရဘူး။

ကျွန်တော်ခေါင်းကို သွင်သွင်ခါ၍
တုန်ရီနေသော လက်တို့ နဲ့ 
တီလေးလက်ကို အထပ်ထပ် ပွတ်ကာ သန့်ရှင်းရေးလုပ်ပေးနေမိသည်။

နီရဲနေသော လက်ဖမိုးတို့ က အကြိမ်ကြိမ်ပွတ်တိုက်မူ့ ကြောင့် ပွန်းပဲ့ကာ နေပေမဲ့
ကျွန်တော်မရပ်တန့် ခဲ့ပေ။

ဘာလို့ ရပ်ရမှာလဲ။
တီလေးက အသန့်ရှင်းကြိုက်တယ်။
သူရေမချိုးတာကြာပြီလေ။
အဲ့ဒါကြောင့် စိတ်ညစ်နေတာနေမှာ။
မဖြစ်ဘူး။ တီလေး စိတ်ညစ်လို့ မဖြစ်ဘူး။
စိတ်ညစ်ရင် တီလေး ဒီမှာမနေချင်ပဲနေလိမ့်မယ်။
တီလေး ကိုဘယ်မှမလွှတ်နိုင်ဘူး။

အတွေးတွေနဲ့ ကျွန်တော်ဟာ အရူးတစ်ယောက်လို တီလေးကို သန့် ရှင်းရေးလုပ်ပေးနေခဲ့သည်။  ဒါပေမဲ့
အကြမ်းပတမ်း သုတ်နေတဲ့ လက်တွေကို
တစ်စုံတစ်ဦးက ထိန်းချုပ်ကာ
တီလေးဘေးကနေ ပွေ့ ချီ ထုတ်လိုက်သည်မို့ ကျွန်တော်အတင်းရုန်ကန်လိုက်သည်။

ဘာလို့ ကျွန်တော်ကို ဆွဲထုတ်နေတာလဲ။
တီလေး ဘေးမှာ ကျွန်တော်ရှိမှ ဖြစ်မှာပါဆို။

"ဖယ်စမ်း ။ တီလေး ကို သန့် ရှင်းရေးလုပ်ပေးရမယ်။ "

ခပ်မာမာ အော်ဟစ်နေတဲ့ ကျွန်တော်က
အရူးတစ်ယောက်လိုပါပဲ။

"သား    မေ ကို သွားခွင့်ပေးလိုက်ပါတော့ကွာ ။အဖေတောင်းပန်ပါတယ် "

"မသွားခိုင်းဘူး ။ တီလေးကို ဘယ်မှ မလွတ်ဘူး "

အဖေ့ရဲ့ စကားကို မနာခံလိုစွာ ကြုံးအော်ပစ်လိုက်၏။
တီလေးက တချက်တချက် မျက်ဖြူ လန်သွားပေမဲ့  ကျွန်တော့် ကြောင့် ထွက်မသွားနိုင်ဖြစ်နေသည်။

"တိတ်စမ်း လရိပ်မှူးခိုင်။ သရီမေ ကို မင်းချစ်သလို ငါလဲချစ်တယ်။ မင်း အတ္တကြီးနေတာ လရိပ် ။ ဟို မှာကြည့်စမ်း။ ငါ့ညီမလေး ဘယ်လောက်နာကျုင်ခံစားနေရမလဲ။
"

ကျွန်တော်မရုန်းကန်နိုင်တော့ပါ။
ခြေကုန်လက်ပန်း ကျသွားထက်
ခံနိုင်ရည်ကုန်ဆုံးသွားတာပါ။
တီလေးက ကျွန်တော်အမေ လိုပဲ။
အမေ့ ထက်တောင် ပိုပြီး ကျွန်တော်အပေါ်မှာကောင်းခဲ့သူပါ။
တီလေး ကို ကျွန်တော် ကောင်းကောင်း
မပြုစုလိုက်ရသေးဘူး။
ကိုက်ခဲလွန်းလို့  တွန်လိန်နေတဲ့
တီလေး အခြေနေတွေကိုလဲ ကျွန်တော်မြင်ဖူးတာပဲ ။
နှလုံးသားတွေ နာကျင်ပြီး မကြည့်ရက်ခဲ့လို့ မျက်နှာလွှဲရတာလဲ ခဏခဏပါ။
ဒါပေမဲ့ ကျွန်တော်လက်မလွှတ်ချင်ခဲ့ဘူး။

ခုရော  ကျွန်တော် လုပ်နိုင်မှာလား။
လှုပ်ရှားမူ့ မရှိတော့တဲ့ ကျွန်တော့်ကို ချုပ်ထားရာမှ အဖေက ဖယ်ပေးခဲ့တယ်။
အသက်မဲ့သူ တစ်ယောက်လို တီလေးနားကို တဖြည်းဖြည်းတိုးကပ်သွားလိုက်ပြီး
လက်ကလေး ကို ပြန်ကောက်ကိုင်လိုက်၏။

သွေးစို့ နေတဲ့ လက်ဖမိုးလေးကို တယုတယ ပါးနဲ့ ကပ်ကာ
ကျွန်တော် မျက်စိစုံ မှိတ်ကာ အသက်ပြင်းပြင်းရှူ လိုက်၏။
မျက်ရည်းစီးကြောင်းဟာ ပါးပြင်ပေါ်မှာ
မရပ်တန့် လောက်အောင် ဖြတ်စီးသွားပြီးချိန်တွင် ကျွန်တော် တည်ငြိမ်စွာ
တီလေးကို မကြည့်ပဲ ပြောလိုက်၏။

" တီလေး စိတ်ဖြောင့်ဖြောင့်နဲ့ သွားလိုရာ သွားပါတော့ "

မျက်ဖြူလန်စ ပြုနေတဲ့ တီလေးက ကျွန်တော့်အသံကြားပြီးမကြာခင်မှာပဲ
အကြောတချက်ဆန့် ကာ  တဖြည်းဖြည်းငြိမ်သက်သွားခဲ့၏။

ထို့ နောက်ကျွန်တော်သည် တီလေးလက်ကို ကိုင်ကာ အမြင်အာရုံ မှောင်မိုက်သွားခဲ့၏။
အဖေ့ရဲ့ ငိုသံကို ကြားနေရပေမဲ့ ဝေးသွားလိုက်နီးသွားလိုက်နဲ့ ။
နောက်  လေထုထဲမှာ ဝဲလွှင့်သွားသလို ခံစားလိုက်ရပြီး သာယာသောနေရာတခုမှာ  ကျွန်တော်မတ်တပ်ရပ်နေခဲ့တယ်။
ရောင်စုံပန်းခင်းကြီးနဲ့ လိပ်ပြာလှလှလေးတွေဟာ မျက်စိတဆုံး ။

ငေးလို့  လိုက်ကြည့်နေမိတုန်း
အဖြူရောင် ကျောပြင်လေးတခုက
တရွေ့ ရွေ့ ရှေ့ ကိုသွားနေ၏။

"တီလေး !!"

ခေါ်သံကြားတော့ တီလေးက လှည့်ကြည့်ကာ ပြုံးပြလာတယ်။
ပြီးတော့ပြောတယ်။

"ပြန်တော့" တဲ့

"မပြန်ဘူး။ တီလေးနဲ့ နေမှာ ။"

ခပ်ကျယ်ကျယ်အော်လို့ ကျွန်တော်ဂျစ်တိုက်တယ်။ မပြန်ချင်ဘူး။
တီလေး တစ်ယောက်ထဲ ထားခဲ့ရမှာ စိတ်မချဘူး။
တီလေး က  စိတ်မာပေမဲ့ တစ်ယောက်ထဲနေရတာမကြိုက်ဘူး။

"ပြန်တော့လရိပ်။ တီလေးက ကောင်းတဲ့ နေရာတခုကို သွားတော့မှာ။ တီလေးအတွက် လရိပ်မလိုတော့ဘူး "

"ဟင့်အင်  ကျွန်တော်မသွားချင်ဘူး ။
ကျွန်တော်တီလေး ကိုအဖော်ပြုရအုန်းမယ် "

ပြောပြီး တီလေးနားကို ကျွန်တော်ပြေးသွားမိသည်။ သို့ သော် ဘယ်လို မှ တီလေးဘေးကိုမရောက်။

"လရိပ် သားပြန်တော့။  တီလေး နဲ့ လရိပ်နဲ့ ဘဝခြားသွားပြီ။ သားအခုမပြန်ရင်
လုံလုံ ကိုမတွေ့ ရပဲ နေလိမ့်မယ်"

အသဲအသန်ပြေးနေတဲ့ ကျွန်တော်ဟာ
တီလေးစကားကြောင့်  နေရာတခုမှာ
ခြေစုံရပ်သွား၏။

ဘေဘီ ။

ဟုတ်သားပဲ။ ဘေဘီ စောင့်နေတော့မှာ။
ငါ.. ငါ တီလေးနဲ့ လိုက်လို့ မဖြစ်ဘူး။
ဘေဘီ  တစ်ယောက်ထဲ ငိုနေလိမ့်မယ်။

"လရိပ်   သွားတော့ သား ။ နောက်လှည့်
ပြန်တော့"

တီလေး စကားအဆုံးမှာ ကျွန်တော်ဟာ
ထိုနေရာမှ တိမ်စိုင်တခုလို  လွှင့်ပါး
သွား၏။

တဖြည်းဖြည်း နွေးထွေးတဲ့ လေထုကိုခံစားလိုက်ရပြီးမှာ  နာမည်တခုကို
ခေါ်ကာ ကျွန်တော် ပြန်လည်အသိစိတ်မဲ့သွား၏။
ထိုနာမည်က ....

"ဘေဘီ "

ချစ်တဲ့ အိမ်စည်။

(မှားရင် ထောက်ပြပါ။ ဆေးလောကအကြောင်း မအိမ်စည် မသိဘူး )

 

Bạn đang đọc truyện trên: ZingTruyen.Xyz