ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

15

eainsi23

" ေဘဘီ  ဟိုမွာ လိမ္လိမ္မာမာေနေနာ္ "

ေသခ်ာ စီထည့္ေပးထားေသာ အဝတ္စားမ်ားနဲ ့ အသံုးအေဆာင္မ်ားကို  ျပန္စစ္ရင္း လရိပ္ေျပာလိုက္သည္။
ေပါက္စီလံုး တစ္ေယာက္ကေတာ့ သြားရမဲ့ ေနရာကို မသြားခ်င္ေပမဲ့  ဂ်ီေတာ့ မက်ေတာ့။
ေနာက္ဆံုးပိတ္ ကာတြန္းရုပ္အတြင္းခံလွလွေလးေတြကို တစ္ထြာသာသာေလာက္သာရွိတဲ့ အိတ္အျဖဴေရာင္ထဲထည့္ကာ
ဇစ္ဆြဲပိတ္လိုက္သည္။

အကုန္ၿပီးသြားၿပီ။

မၾကာခင္ ေပါက္စီလံုး သည္လည္း
ရက္ေပါင္းအေတာ္ၾကာေအာင္
လရိပ္နဲ ့ခြဲခြာရေတာ့မည္။
မသက္သာေသာ စိတ္ခံစားခ်က္ကို
ေလပူတခ်ိဳ ႕မႈတ္ထုတ္ရင္း ေျဖသိမ့္ေပမဲ့
အဆင္မေျပသြားခဲ့။

ေပါက္စီလံုးကို ၾကည့္လိုက္ေတာ့လဲ
ေမြ ႕ရာေပၚမွာ ေျခတြဲလန္းခ်ကာ
သူ ႔ကိုေငးၾကည့္ေန၏။

"ေဘဘီ  စိတ္မေကာင္းေနတာလား။
တကယ္လို ႔ ငါ ဟိုကေနျပန္ေရာက္တဲ့ အထိ မင္းျပန္မလာေသးရင္ လိုက္လာခဲ့မယ္ေလ။ ဘယ္လိုလဲ "

ေျပာရင္းေဘးနားသြားရပ္ကာ  တင္းၾကပ္စြာ ေပါက္စီလံုးကို ေထြးဖက္လိုက္သည္။

ျပန္ဖက္လာေသာလက္ေဖာင္းေဖာင္းေလးေတြေၾကာင့္ သူ ႔စိတ္ထဲဝမ္းနည္းသြား၏။
ေပါက္စီလံုးနဲ ့သူ အခ်ိန္ၾကာေအာင္
ခြဲမေနခဲ့ဘူးေပ။ ဒီတခါ ခြဲရတာက အၾကာဆံုးမို ႔ စိတ္ထဲမွာေနရတာ မသက္သာလွ။

"လံုလံု  ခ်စ္ခ်စ္ကိုလြမ္းေနမွာေနာ္။
ၿပီေတာ့ လိမ္လိမ္မာမာလဲ ေနခဲ့မယ္။
ခ်စ္ခ်စ္ျပန္ေရာက္ရင္ လံုလံုဆီလိုက္ခဲ့"

"အြန္း  ။ မင္းျပန္မေရာက္ေသးရင္
ငါမင္းဆီကိုလာခဲ့မယ္။ အခ်ိဳမ်ားတာေတြ
အရမ္းမစားနဲ ့။ ငါမွာတာမေမ့နဲ ့ေနာ္။
မင္းအိတ္ထဲမွာ ေန ႔စဥ္ စားရမဲ့ အခ်ိန္ စရင္းထည့္ေပးထားတယ္။ ကယ္လိုရီနည္းတဲ့ မုန္ ႔ေတြကိုလဲ ေရးေပးထားတယ္။
အဲ့အတိုင္းစား။ ၾကားလားေဘဘီ"

ရင္ခြင္ထဲမွာတိုးေဝွ ႔ပြတ္သပ္ေနတဲ့
ဝက္တေကာင္ရဲ႕ အစားမေလ်ာ့ခ်င္တဲ့စိတ္က 'အင္း' ကိုေတာင္ ပီသေအာင္
မေျပာခ်င္ေတာ့။

"ကဲ ဒါဆို သြားရေအာင္  "

အိမ္ေရွ႕ မွာ ေစာင့္ေနတဲ့ ေပါက္စီလံုး အေဖကို အားနာသည္ေျကာင့္   လရိပ္
ေပါက္စီလံုး ကိုယ္လံုးကို ပုခံုးကေနကိုင္ကာ  ဆြဲထုတ္လိုက္၏။
အနည္းငယ္႐ြဲ ့ေစာင္းေနတဲ့ မ်က္မွန္ေလးကို  ျပန္တည့္ေပးလိုက္ၿပီး  အနီေရာင္
လ်ွာထိုးအုပ္ထုတ္ကို ေနာက္ျပန္ေဆာင္းေပးလိုက္ေတာ့ ေပါက္စီလံုးက  အနီေရာင္ ခရင္ေလးတို ႔ထားတဲ့ ေပါင္မုန္ ႔လံုးျဖဴျဖဴေလးလို။

" ခ်စ္ခ်စ္ ကို ခ်စ္တယ္"

ပါးတစ္ဖက္မွာ ေႏြးကနဲျဖစ္သြားသည္မို ႔
ဘာက်န္ေသးလဲ မ်က္လံုးေဝ့ရွာေနေသာ
အၾကည့္တို ႔သည္ ေပါက္စီလံုးထံသို ႔ျပန္ေရာက္သြား၏။ 

" ငါလည္း ေဘဘီကို ခ်စ္ပါတယ္ "

လက္ကနဲ ျဖစ္သြားတဲ့ မ်က္ရည္စေလးနဲ ့အတူ  ကြၽန္ေတာ့္ကိုယ္သည္
ဝက္တစ္ေကာင္ရဲ႕ ဖက္တြယ္ကုတ္တက္ျခင္းကိုခံလိုက္ရသည္။

ဝက္ကေလး ေပ်ာ္သြားသည္ထင္၏။

ဘယ္ေတာ့မွ မေျပာဖူးေသာစကားသည္
ခ်စ္တယ္ ဆိုတာပင္။
ပထမဆံုးအႀကိမ္ နားဆင္ရေသာသူသည္ ေပါက္စီလံုးပင္ ျဖစ္ေပမဲ့ 
ကြၽန္ေတာ္အရမ္း ေပ်ာ္ပါသည္။

"ေဘဘီကို ခ်စ္ပါတယ္။ လိမ္လိမ္မာမာေနေနာ္ ။ သြားရေအာင္ "

ေပါက္စီလံုးဆီက အသံထြက္မလာေတာ့
သလို ေအာက္ကိုလဲ ဆင္းမေပး။
သူကိုယ္တိုင္လည္း ဖယ္ခြာမခ်ခ်င္သည္မို ႔
ဝက္ေပါက္စကို မနိုင့္တနိုင္ေပြ ႕လို ႔
အဝတ္အိတ္ကိုဆြဲကာ အခန္းထဲကေန ထြက္လာခဲ့လိုက္သည္။

"ေပး ေပး  အိတ္ကို ဦးလံု ဆြဲမယ္"

သူ ႔သားအေၾကာင္းသိတဲ့ ဦးေကာင္းလံုက
လရိပ္လက္ထဲက အိတ္ကိုဆြဲ ယူၿပီး ကားဆီအရင္သြားနွင့္သည္။

ပုခံုးေပၚေမွာက္အိပ္ေနသည့္ေပါက္စီလံုးသည္ အျဖဴေရာင္ တီရွပ္ဖားဖားနဲ ့ ဒူးတိေဘာင္းဘီတိုေလးဝတ္ထားတာမို ႔
ေျခသလံုးျဖဴတုတ္တုတ္ေတြက ထင္းလင္းကာ ေန၏။ တီေလးက သေဘာက်ကာ
ေဘးမွာ လာရပ္ၿပီး စေနာက္ေနေသာ္လည္း မ်က္နွာေဖာ္မလာသည္ေၾကာင့္ လရိပ္ကိုယ္တိုင္လည္း စိတ္မေကာင္းျဖစ္ရသည္။

"ေဘဘီ  "

ခပ္တိုးတိုးေခၚသံအဆံုးမွာ
ေခါင္းေလးေမာ့လာ၏။ ငိုထားသည္မို ႔
မ်က္မွန္က စိုေနကာ ဝိုးတို ႔ဝါးတားျဖစ္ေနမွာမလြဲဧကန္။

ဦးေကာင္းလံု ဖြင့္ေပးထားေသာ ကားတံခါးမွ  အထဲကို ေသခ်ာ ထည့္ေပးေတာ့
ရုန္းရင္းဆန္ခတ္ မလုပ္ပဲ  မ်က္လႊာေလးခ်ကာ ထိုင္၏။
မ်က္မွန္ကိုျဖဳတ္ကာ  
ေသခ်ာ အက်ၤ ီနဲ ့မ်က္ရည္ေတြကိုသုတ္ေပးကာ  ေပါက္စီလံုးကို ျပန္တပ္ေပးတဲ့အထိ မေျပာင္းလဲစြာၿငိမ္ေနတုန္း။

ကိုယ္တိုင္လည္းဝမ္းနည္းလာတာမို ႔
ေပါက္စီလံုးကို ခဏၾကာေအာင္ ေထြးဖက္ကာ အၿမဲ ခိုးနမ္းေနၾက ပါးစုန္ ႔ႀကီးေတြကို  ဖက္နမ္းလိုက္သည္။

"သြားေတာ့ ေဘဘီ ။ လမ္းမွာ ငိုမေနနဲ ့။
ငါျမန္ျမန္ျပန္လာခဲ့မယ္ ။ ၿပီးေတာ့
မင္းနဲ ့အတူ သြားဝယ္မယ္လို ႔ ေတြးထားတာ ဂစ္တာတစ္လက္ကို မနက္ဖန္ သြားဝယ္ၿပီး ကားဂိတ္ကေန ပို ႔ေပးလိုက္မယ္။
ငါ့ကိုလြမ္းရင္ ဂစ္တာေလး နဲ ့ေဆာ့ေနေပါ့"

အနည္းငယ္ စိတ္သက္သာရာရသြားဟန္ျဖင့္ေမာ့ၾကည့္လာကာေျပာလာသည့္စကားသည္

"ေဆာ့ရေအာင္ လံုလံုက ကေလးလား"တဲ့

ေပါက္စီလံုးတို ႔ကားေလးသည္
ျမင္းကြင္းကေန တေ႐ြ ႕ေ႐ြ ႕ေပ်ာက္ကြယ္သြားတဲ့ အထိ  သူ မလႈပ္ရွားနိုင္ေသး။
လစ္ဟာသြားတဲ့ ခံစားခ်က္သည္
ဘာနဲ ့မွမတူေပ။  ကြၽန္ေတာ့္၏ စိတ္ခံစားခ်က္သည္  ထုံမႈိင္းကာ  အနက္ေရာင္လြင္ျပင္ျဖစ္လို ႔ေန၏။

ေနာက္တရက္မနက္တြင္ တီေလးကိုေခၚကာ ေပါက္စီလံုးအတြက္ ဂစ္တာေလး တစ္လက္ သြားဝယ္ျဖစ္သည္။
ဘာအမ်ိဳးစား ဆိုတာ ကြၽန္ေတာ္မသိေပ။
ခါတိုင္း တခုခုလုပ္မည္ဆိုလ်ွင္  ေလ့လာလိုက္စားတက္ေသာ ကြၽန္ေတာ္သည္
တိတ္ဆိတ္ေနေသာ အခန္းက်ဥ္းဝယ္
ဘာမွလုပ္ကိုင္၍မရေအာင္  စိတ္ဓာတ္ပ်က္ျပားလို ႔ေနခဲ့၏။

အစိမ္းေရာင္မႈိင္းမႈိင္းေပၚမွာ အနီေရာင္
ပန္းခက္ေလးတခ်ိဳ ႕ပါေသာ
ဂစ္တာေလးသည္ အလံုးအထည္ သိပ္မႀကီးပဲ ေပါ့ေပါ့ပါးပါးေလးမို ႔ဆိုင္ထဲဝင္ကတည္းက ကြၽန္ေတာ္မ်က္စိက်ေနသည္။
တီေလးသည္ ဆိုင္ရွင္နဲ ့စကားလက္စံုက်ကာ  ဂစ္တာအမ်ိဳးစားေပါင္းမ်ားစြာကို
ေလ့လာေနသည္။

ဘာေတြေျပာသလဲ ကြၽန္ေတာ္နားမေထာင္ျဖစ္ပါ။
မ်က္လံုးထဲသာစြဲေနေသာ ဂစ္တာလွလွကို ေကာက္ကိုင္ကာ ေပြ ႕ၾကည့္မိသည္။

"လရိပ္ အဲ့ဒါႀကိဳက္လို ႔လား"

တီေလး အသံေၾကာင့္ ေပြ ႕ထားေသာ ဂစ္တာေလးကို ငံု ႔ၾကည့္ကာ  ေခါင္းၿငိမ့္ျပလိဳက္၏။ေဘဘီနဲ ့ဆိုရင္ ဒါေလးနဲ ့သိပ္လိုက္္မွာ။ တကယ္ဆိုရင္ ဟိုရင္ေန ႔ကတည္းက ေဘဘီလက္ကိုဆြဲၿပီး အတူလာၾကည့္ရမွာ။
သူသာ အခ်ိန္မဆြဲရင္ခုခ်ိန္မွာ 
ေဘဘီလက္ညိဳးထိျပတဲ့ ဂစ္တာေလးတစ္လံုးဝယ္ေပးးျဖစ္မည္ေလ။

အျပန္လမ္းသည္ အိမ္ကိုမဟုတ္ခဲ့။
လူစည္ကားရာ ကားကြင္းတစ္ခုဆီကိုသာ။

အဆင္သင့္ေရးလာခဲ့ေသာ စာ႐ြက္ေလးကို  ဂစ္တာအိုးေလးထဲထည့္ၿပီး   ဇစ္ဆြဲကာ အိတ္ကို ပိတ္လိုက္တယ္။ မိနစ္အနည္းငယ္ၾကာၿပီးသြားတဲ့အခ်ိန္တြင္
အနက္ေရာင္မိုးကာ အိတ္နဲ ့ထုတ္ပိုးထားေသာ  ဂစ္တာေလးတစ္လံုးသည္
ေတာင္ႀကီး ဆိုတဲ့ ခရီးသြားကားတစ္စီးေပၚမွာ တေ႐ြ ႕ေ႐ြ ႕ပါလို ႔သြားသည္။

ထို ေန ႔မွစ၍ ကြၽန္ေတာ္နဲ ့ေပါက္စီလံုးရဲ႕
ခြဲခြာျခင္းသည္ သက္တမ္းၾကာခဲ့မည္ဟုသိခဲ့ပါလ်ွင္ ကြၽန္ေတာ္သည္  အေဖရွိရာ စကၤာပူသို ႔သြားခဲ့မည္မဟုတ္ပါ။
ေနာက္တပတ္ခန္ ႔ၾကာေသာအခါမွာ
တီေလးနဲ ့ကြၽန္ေတာ္သည္ အေဖရွိရာ သို ႔
ေလယာဥ္နဲ ့လိုက္ပါခဲ့သည္။

သေဘၤာသားအေဖသည္
ဒီတခါ ပင္လယ္ေပ်ာ္လုပ္ေတာ့မဲ့ ပံုမျမင္ေတာ့။

အသက္၄၀ေက်ာ္အ႐ြယ္ နိုင္ငံျခားသူ အန္တီႀကီးသည္ ေဖာ္ေ႐ြကာ လွပသည္။
အေဖလို အိမ္ေထာင္ကြဲ ျဖစ္ေပမဲ့ သားသမီးေတာ့မရွိဘူးတဲ့။
လုပ္ငန္းကိုင္ငန္းသည္ တအားမခ်မ္းသာေပမဲ့
စကၤာပူလို နိုင္ငံမွာ  အမ်ိဳးသားအမ်ိဳးသမီးဝတ္ ေရာင္းခ်ေသာဆိုင္အႀကီးႀကီး ပိုင္ဆိုင္ကာ က်ယ္ဝန္းေသာ ကြန္ဒို တစ္ခန္းလဲပိုင္ဆိုင္ေသးသည္မို ႔ အေတာ္ႀကီး အဆင္ေျပလွတဲ့ အထဲမွာေတာ့ပါသည္။

အေဖနဲ ့သူ ႔အမ်ိဳးသမီးသည္
ကြၽန္ေတာ့္ကို ခ်စ္ခင္စြာ ႀကိဳဆိုၾကေပမဲ့
ကြၽန္ေတာ္ မေပ်ာ္ခဲ့ပါ။
ကြၽန္ေတာ္၏စိတ္အာရုံသည္    
ေတာင္ႀကီးၿမိဳ ႕က တစ္ေယာက္ေသာ
ဝက္တစ္ေကာင္ဆီကိုသာေရာက္ေနၿပီး
အၿမဲ ေငးေငးငိုင္ငိုင္ျဖစ္ေနတက္သည္။

သာယာေသာမနက္ခင္းတခုတြင္ အေဖ့
မဂၤလာေဆာင္ကို  က်င္းပခဲ့ၿပီး ကြၽန္ေတာ္ကေတာ့ ခံစားခ်က္မဲ့ စြာေငးၾကည့္ေနခဲ့၏။   နွစ္ေပါင္းမ်ားစြာၾကာေအာင္
ေဝးကြာေနခဲ့ရေသာ သားအဖ သံေယာဇဥ္သည္ ေသြးေအးကာ    စကားေတြအမ်ားႀကီးမေျပာျဖစ္ခဲ့ၾကေပ။

ထို ႔ေၾကာင့္အေဖသည္  မလုပ္ေပးနိုင္ခဲ့ေသာ
ဖခင္တာဝန္ကို ႀကိဳးစားထမ္းေဆာင္ဖို ႔
တခုတည္းေသာ ညတညတြင္  ကြၽန္ေတာ့္ကို အသိေပးလာ၏။

အေဖနဲ ့တီေလး၏ ဆံုးျဖတ္ခ်က္သည္
ကြၽန္ေတာ့္အတြက္  ဆိုးဝါးတဲ့ စိတ္ခံစားခ်က္ကိုျဖစ္ေပၚေစၿပီး  အျပန္အလွန္စကားမ်ားရတဲ့အထိ ေရာက္ေစခဲ့သည္။

အေဖ့ အမ်ိဳးသမီး အန္တီ ဂေရ႕သည္
သားသမီးမရွိသူမို ႔ကြၽန္ေတာ္အေပၚမွာ ၾကင္နာေပမဲ့ ကြၽန္ေတာ္မေပ်ာ္ပါ။
ဒီမွာေနရင္  ကြၽန္ေတာ့္စိတ္ႀကိဳက္
ေက်နပ္ေအာင္ ထားၾကမွာအမွန္ေပ။
ဒါေပမဲ့  ေပါက္စီလံုးမွ မရွိတာ။
ကြၽန္ေတာ္ရဲ႕ ဘဝတစ္စိတ္တေဒသ
အတူရွိေနဖူးသာ ေပါက္စီလံုးကို ကြၽန္ေတာ္မခြဲနိုင္ေပ။

သို ႔ေသာ္   ေနာက္ဆံုးအႀကိမ္တီေလးေျပာလိုက္တဲ့ စကားေၾကာင့္  ေအာ္ဟစ္ေသာင္းက်န္းေနေသာ ကြၽန္ေတာ္သည္
ထိတ္လန္ ႔တုန္လႈပ္စြာ  တီေလးကို ကြၽန္ေတာ္ၾကည့္မိလိုက္သည္။

အေဖသည္လည္း တီေလးစကားေၾကာင့္
အလန္ ႔တၾကားျဖစ္သြားသည္မို ႔
ဒီအျဖစ္ပ်က္ကို သူလည္းခုမွသိသြားဟန္ပင္။

ေလာကႀကီးသည္ လံုးဝမတရားခဲ့ပါ။
အရာရာ ကို လက္လြတ္အရႈံးေပးလိုက္ရေသာ ခံစားမူ ႔သည္ ၁၅နွစ္အ႐ြယ္ပဲရွိေသးသည့္ကြၽန္ေတာ္ ကို ေျဖသိမ့္နိုင္စြမ္းမရွိခဲ့ေပ။

၃ရက္နီးပါးခန္ ႔ကိုယ့္ကိုကိုယ္ ျပန္လည္ျပဳျပင္ခဲ့ၿပီးေနာက္မွာ   ကြၽန္ေတာ္ဟာ
တတီတီဝင္ေနတက္ေသာ ဖုန္းကေလးကို အၿပီးတိုင္ စြန္ ႔ခြာခဲ့သည္။
ထို ႔ေနာက္မွာ အေဖနဲ ့တီေလးရဲ႕ စိတ္ဆႏၵအတိုင္း ကြၽန္ေတာ္  စကၤာပူမွာ ေက်ာင္းေျပာင္းတက္ဖို ႔ ဆံုးျဖတ္ခ်က္ခဲ့သည္။ ဒါဟာ ကြၽန္ေတာ္ လုပ္ေပးနိုင္တဲ့
တခုတည္းေသာအရာပင္ျဖစ္သည္။

ေပါက္စီလံုးသည္ ကြၽန္ေတာ့္ကို ေသခ်ာေပါက္ မလြဲမေသ ေစာင့္ေနေပလိမ့္မည္။
သို ႔ေသာ္ ေပးခဲ့ေသာ ကတိကို ကြၽန္ေတာ္မတည္နိုင္ေတာ့သည္မို ႔
ေနာက္တခ်ိန္ ျပန္လည္ဆံုေတြ ႕ျဖစ္ရင္
ေပါက္စီလံုးေက်နပ္ေအာင္ေတာင္းပန္ဖို ႔
ကြၽန္ေတာ္ အမ်ားႀကီးႀကိဳးစားရအုန္းမည္။

ထို ေန ႔မွစ၍  ကြၽန္ေတာ္နဲ ့သက္ငယ္ေဝလံုသည္ အကန္ ႔သတ္မရွိေဝးကြာဖို ႔
အေၾကာင္းျဖစ္လာခဲ့၏

ခ်စ္တဲ့အိမ္စည္။

_____________

" ဘေဘီ  ဟိုမှာ လိမ်လိမ်မာမာနေနော် "

သေချာ စီထည့်ပေးထားသော အဝတ်စားများနဲ့  အသုံးအဆောင်များကို  ပြန်စစ်ရင်း လရိပ်ပြောလိုက်သည်။
ပေါက်စီလုံး တစ်ယောက်ကတော့ သွားရမဲ့ နေရာကို မသွားချင်ပေမဲ့  ဂျီတော့ မကျတော့။
နောက်ဆုံးပိတ် ကာတွန်းရုပ်အတွင်းခံလှလှလေးတွေကို တစ်ထွာသာသာလောက်သာရှိတဲ့ အိတ်အဖြူရောင်ထဲထည့်ကာ
ဇစ်ဆွဲပိတ်လိုက်သည်။

အကုန်ပြီးသွားပြီ။

မကြာခင် ပေါက်စီလုံး သည်လည်း
ရက်ပေါင်းအတော်ကြာအောင်
လရိပ်နဲ့ ခွဲခွာရတော့မည်။
မသက်သာသော စိတ်ခံစားချက်ကို
လေပူတချို့ မှုတ်ထုတ်ရင်း ဖြေသိမ့်ပေမဲ့
အဆင်မပြေသွားခဲ့။

ပေါက်စီလုံးကို ကြည့်လိုက်တော့လဲ
မွေ့ ရာပေါ်မှာ ခြေတွဲလန်းချကာ
သူ့ ကိုငေးကြည့်နေ၏။

"ဘေဘီ  စိတ်မကောင်းနေတာလား။
တကယ်လို့  ငါ ဟိုကနေပြန်ရောက်တဲ့ အထိ မင်းပြန်မလာသေးရင် လိုက်လာခဲ့မယ်လေ။ ဘယ်လိုလဲ "

ပြောရင်းဘေးနားသွားရပ်ကာ  တင်းကြပ်စွာ ပေါက်စီလုံးကို ထွေးဖက်လိုက်သည်။

ပြန်ဖက်လာသောလက်ဖောင်းဖောင်းလေးတွေကြောင့် သူ့ စိတ်ထဲဝမ်းနည်းသွား၏။
ပေါက်စီလုံးနဲ့ သူ အချိန်ကြာအောင်
ခွဲမနေခဲ့ဘူးပေ။ ဒီတခါ ခွဲရတာက အကြာဆုံးမို့  စိတ်ထဲမှာနေရတာ မသက်သာလှ။

"လုံလုံ  ချစ်ချစ်ကိုလွမ်းနေမှာနော်။
ပြီတော့ လိမ်လိမ်မာမာလဲ နေခဲ့မယ်။
ချစ်ချစ်ပြန်ရောက်ရင် လုံလုံဆီလိုက်ခဲ့"

"အွန်း  ။ မင်းပြန်မရောက်သေးရင်
ငါမင်းဆီကိုလာခဲ့မယ်။ အချိုများတာတွေ
အရမ်းမစားနဲ့ ။ ငါမှာတာမမေ့နဲ့ နော်။
မင်းအိတ်ထဲမှာ နေ့ စဉ် စားရမဲ့ အချိန် စရင်းထည့်ပေးထားတယ်။ ကယ်လိုရီနည်းတဲ့ မုန့် တွေကိုလဲ ရေးပေးထားတယ်။
အဲ့အတိုင်းစား။ ကြားလားဘေဘီ"

ရင်ခွင်ထဲမှာတိုးဝှေ့ ပွတ်သပ်နေတဲ့
ဝက်တကောင်ရဲ့ အစားမလျော့ချင်တဲ့စိတ်က 'အင်း' ကိုတောင် ပီသအောင်
မပြောချင်တော့။

"ကဲ ဒါဆို သွားရအောင်  "

အိမ်ရှေ့ မှာ စောင့်နေတဲ့ ပေါက်စီလုံး အဖေကို အားနာသည်ကြောင့်   လရိပ်
ပေါက်စီလုံး ကိုယ်လုံးကို ပုခုံးကနေကိုင်ကာ  ဆွဲထုတ်လိုက်၏။
အနည်းငယ်ရွဲ့ စောင်းနေတဲ့ မျက်မှန်လေးကို  ပြန်တည့်ပေးလိုက်ပြီး  အနီရောင်
လျှာထိုးအုပ်ထုတ်ကို နောက်ပြန်ဆောင်းပေးလိုက်တော့ ပေါက်စီလုံးက  အနီရောင် ခရင်လေးတို့ ထားတဲ့ ပေါင်မုန့် လုံးဖြူဖြူလေးလို။

" ချစ်ချစ် ကို ချစ်တယ်"

ပါးတစ်ဖက်မှာ နွေးကနဲဖြစ်သွားသည်မို့ 
ဘာကျန်သေးလဲ မျက်လုံးဝေ့ရှာနေသော
အကြည့်တို့ သည် ပေါက်စီလုံးထံသို့ ပြန်ရောက်သွား၏။ 

" ငါလည်း ဘေဘီကို ချစ်ပါတယ် "

လက်ကနဲ ဖြစ်သွားတဲ့ မျက်ရည်စလေးနဲ့ အတူ  ကျွန်တော့်ကိုယ်သည်
ဝက်တစ်ကောင်ရဲ့ ဖက်တွယ်ကုတ်တက်ခြင်းကိုခံလိုက်ရသည်။

ဝက်ကလေး ပျော်သွားသည်ထင်၏။

ဘယ်တော့မှ မပြောဖူးသောစကားသည်
ချစ်တယ် ဆိုတာပင်။
ပထမဆုံးအကြိမ် နားဆင်ရသောသူသည် ပေါက်စီလုံးပင် ဖြစ်ပေမဲ့ 
ကျွန်တော်အရမ်း ပျော်ပါသည်။

"ဘေဘီကို ချစ်ပါတယ်။ လိမ်လိမ်မာမာနေနော် ။ သွားရအောင် "

ပေါက်စီလုံးဆီက အသံထွက်မလာတော့
သလို အောက်ကိုလဲ ဆင်းမပေး။
သူကိုယ်တိုင်လည်း ဖယ်ခွာမချချင်သည်မို့ 
ဝက်ပေါက်စကို မနိုင့်တနိုင်ပွေ့ လို့ 
အဝတ်အိတ်ကိုဆွဲကာ အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

"ပေး ပေး  အိတ်ကို ဦးလုံ ဆွဲမယ်"

သူ့ သားအကြောင်းသိတဲ့ ဦးကောင်းလုံက
လရိပ်လက်ထဲက အိတ်ကိုဆွဲ ယူပြီး ကားဆီအရင်သွားနှင့်သည်။

ပုခုံးပေါ်မှောက်အိပ်နေသည့်ပေါက်စီလုံးသည် အဖြူရောင် တီရှပ်ဖားဖားနဲ့  ဒူးတိဘောင်းဘီတိုလေးဝတ်ထားတာမို့ 
ခြေသလုံးဖြူတုတ်တုတ်တွေက ထင်းလင်းကာ နေ၏။ တီလေးက သဘောကျကာ
ဘေးမှာ လာရပ်ပြီး စနောက်နေသော်လည်း မျက်နှာဖော်မလာသည်ကြောင့် လရိပ်ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ရသည်။

"ဘေဘီ  "

ခပ်တိုးတိုးခေါ်သံအဆုံးမှာ
ခေါင်းလေးမော့လာ၏။ ငိုထားသည်မို့ 
မျက်မှန်က စိုနေကာ ဝိုးတို့ ဝါးတားဖြစ်နေမှာမလွဲဧကန်။

ဦးကောင်းလုံ ဖွင့်ပေးထားသော ကားတံခါးမှ  အထဲကို သေချာ ထည့်ပေးတော့
ရုန်းရင်းဆန်ခတ် မလုပ်ပဲ  မျက်လွှာလေးချကာ ထိုင်၏။
မျက်မှန်ကိုဖြုတ်ကာ  
သေချာ အင်္ကျီနဲ့ မျက်ရည်တွေကိုသုတ်ပေးကာ  ပေါက်စီလုံးကို ပြန်တပ်ပေးတဲ့အထိ မပြောင်းလဲစွာငြိမ်နေတုန်း။

ကိုယ်တိုင်လည်းဝမ်းနည်းလာတာမို့ 
ပေါက်စီလုံးကို ခဏကြာအောင် ထွေးဖက်ကာ အမြဲ ခိုးနမ်းနေကြ ပါးစုန့် ကြီးတွေကို  ဖက်နမ်းလိုက်သည်။

"သွားတော့ ဘေဘီ ။ လမ်းမှာ ငိုမနေနဲ့ ။
ငါမြန်မြန်ပြန်လာခဲ့မယ် ။ ပြီးတော့
မင်းနဲ့ အတူ သွားဝယ်မယ်လို့  တွေးထားတာ ဂစ်တာတစ်လက်ကို မနက်ဖန် သွားဝယ်ပြီး ကားဂိတ်ကနေ ပို့ ပေးလိုက်မယ်။
ငါ့ကိုလွမ်းရင် ဂစ်တာလေး နဲ့ ဆော့နေပေါ့"

အနည်းငယ် စိတ်သက်သာရာရသွားဟန်ဖြင့်မော့ကြည့်လာကာပြောလာသည့်စကားသည်

"ဆော့ရအောင် လုံလုံက ကလေးလား"တဲ့

ပေါက်စီလုံးတို့ ကားလေးသည်
မြင်းကွင်းကနေ တရွေ့ ရွေ့ ပျောက်ကွယ်သွားတဲ့ အထိ  သူ မလှုပ်ရှားနိုင်သေး။
လစ်ဟာသွားတဲ့ ခံစားချက်သည်
ဘာနဲ့ မှမတူပေ။  ကျွန်တော့်၏ စိတ်ခံစားချက်သည်  ထုံမှိုင်းကာ  အနက်ရောင်လွင်ပြင်ဖြစ်လို့ နေ၏။

နောက်တရက်မနက်တွင် တီလေးကိုခေါ်ကာ ပေါက်စီလုံးအတွက် ဂစ်တာလေး တစ်လက် သွားဝယ်ဖြစ်သည်။
ဘာအမျိုးစား ဆိုတာ ကျွန်တော်မသိပေ။
ခါတိုင်း တခုခုလုပ်မည်ဆိုလျှင်  လေ့လာလိုက်စားတက်သော ကျွန်တော်သည်
တိတ်ဆိတ်နေသော အခန်းကျဉ်းဝယ်
ဘာမှလုပ်ကိုင်၍မရအောင်  စိတ်ဓာတ်ပျက်ပြားလို့ နေခဲ့၏။

အစိမ်းရောင်မှိုင်းမှိုင်းပေါ်မှာ အနီရောင်
ပန်းခက်လေးတချို့ ပါသော
ဂစ်တာလေးသည် အလုံးအထည် သိပ်မကြီးပဲ ပေါ့ပေါ့ပါးပါးလေးမို့ ဆိုင်ထဲဝင်ကတည်းက ကျွန်တော်မျက်စိကျနေသည်။
တီလေးသည် ဆိုင်ရှင်နဲ့ စကားလက်စုံကျကာ  ဂစ်တာအမျိုးစားပေါင်းများစွာကို
လေ့လာနေသည်။

ဘာတွေပြောသလဲ ကျွန်တော်နားမထောင်ဖြစ်ပါ။
မျက်လုံးထဲသာစွဲနေသော ဂစ်တာလှလှကို ကောက်ကိုင်ကာ ပွေ့ ကြည့်မိသည်။

"လရိပ် အဲ့ဒါကြိုက်လို့ လား"

တီလေး အသံကြောင့် ပွေ့ ထားသော ဂစ်တာလေးကို ငုံ့ ကြည့်ကာ  ခေါင်းငြိမ့်ပြလိုက်၏။ဘေဘီနဲ့ ဆိုရင် ဒါလေးနဲ့ သိပ်လိုက်မှာ။ တကယ်ဆိုရင် ဟိုရင်နေ့ ကတည်းက ဘေဘီလက်ကိုဆွဲပြီး အတူလာကြည့်ရမှာ။
သူသာ အချိန်မဆွဲရင်ခုချိန်မှာ 
ဘေဘီလက်ညိုးထိပြတဲ့ ဂစ်တာလေးတစ်လုံးဝယ်ပေးးဖြစ်မည်လေ။

အပြန်လမ်းသည် အိမ်ကိုမဟုတ်ခဲ့။
လူစည်ကားရာ ကားကွင်းတစ်ခုဆီကိုသာ။

အဆင်သင့်ရေးလာခဲ့သော စာရွက်လေးကို  ဂစ်တာအိုးလေးထဲထည့်ပြီး   ဇစ်ဆွဲကာ အိတ်ကို ပိတ်လိုက်တယ်။ မိနစ်အနည်းငယ်ကြာပြီးသွားတဲ့အချိန်တွင်
အနက်ရောင်မိုးကာ အိတ်နဲ့ ထုတ်ပိုးထားသော  ဂစ်တာလေးတစ်လုံးသည်
တောင်ကြီး ဆိုတဲ့ ခရီးသွားကားတစ်စီးပေါ်မှာ တရွေ့ ရွေ့ ပါလို့ သွားသည်။

ထို နေ့ မှစ၍ ကျွန်တော်နဲ့ ပေါက်စီလုံးရဲ့
ခွဲခွာခြင်းသည် သက်တမ်းကြာခဲ့မည်ဟုသိခဲ့ပါလျှင် ကျွန်တော်သည်  အဖေရှိရာ စင်္ကာပူသို့ သွားခဲ့မည်မဟုတ်ပါ။
နောက်တပတ်ခန့် ကြာသောအခါမှာ
တီလေးနဲ့ ကျွန်တော်သည် အဖေရှိရာ သို့
လေယာဉ်နဲ့ လိုက်ပါခဲ့သည်။

သင်္ဘောသားအဖေသည်
ဒီတခါ ပင်လယ်ပျော်လုပ်တော့မဲ့ ပုံမမြင်တော့။

အသက်၄၀ကျော်အရွယ် နိုင်ငံခြားသူ အန်တီကြီးသည် ဖော်ရွေကာ လှပသည်။
အဖေလို အိမ်ထောင်ကွဲ ဖြစ်ပေမဲ့ သားသမီးတော့မရှိဘူးတဲ့။
လုပ်ငန်းကိုင်ငန်းသည် တအားမချမ်းသာပေမဲ့
စင်္ကာပူလို နိုင်ငံမှာ  အမျိုးသားအမျိုးသမီးဝတ် ရောင်းချသောဆိုင်အကြီးကြီး ပိုင်ဆိုင်ကာ ကျယ်ဝန်းသော ကွန်ဒို တစ်ခန်းလဲပိုင်ဆိုင်သေးသည်မို့  အတော်ကြီး အဆင်ပြေလှတဲ့ အထဲမှာတော့ပါသည်။

အဖေနဲ့ သူ့ အမျိုးသမီးသည်
ကျွန်တော့်ကို ချစ်ခင်စွာ ကြိုဆိုကြပေမဲ့
ကျွန်တော် မပျော်ခဲ့ပါ။
ကျွန်တော်၏စိတ်အာရုံသည်    
တောင်ကြီးမြို့ က တစ်ယောက်သော
ဝက်တစ်ကောင်ဆီကိုသာရောက်နေပြီး
အမြဲ ငေးငေးငိုင်ငိုင်ဖြစ်နေတက်သည်။

သာယာသောမနက်ခင်းတခုတွင် အဖေ့
မင်္ဂလာဆောင်ကို  ကျင်းပခဲ့ပြီး ကျွန်တော်ကတော့ ခံစားချက်မဲ့ စွာငေးကြည့်နေခဲ့၏။   နှစ်ပေါင်းများစွာကြာအောင်
ဝေးကွာနေခဲ့ရသော သားအဖ သံယောဇဉ်သည် သွေးအေးကာ    စကားတွေအများကြီးမပြောဖြစ်ခဲ့ကြပေ။

ထို့ ကြောင့်အဖေသည်  မလုပ်ပေးနိုင်ခဲ့သော
ဖခင်တာဝန်ကို ကြိုးစားထမ်းဆောင်ဖို့
တခုတည်းသော ညတညတွင်  ကျွန်တော့်ကို အသိပေးလာ၏။

အဖေနဲ့ တီလေး၏ ဆုံးဖြတ်ချက်သည်
ကျွန်တော့်အတွက်  ဆိုးဝါးတဲ့ စိတ်ခံစားချက်ကိုဖြစ်ပေါ်စေပြီး  အပြန်အလှန်စကားများရတဲ့အထိ ရောက်စေခဲ့သည်။

အဖေ့ အမျိုးသမီး အန်တီ ဂရေ့သည်
သားသမီးမရှိသူမို့ ကျွန်တော်အပေါ်မှာ ကြင်နာပေမဲ့ ကျွန်တော်မပျော်ပါ။
ဒီမှာနေရင်  ကျွန်တော့်စိတ်ကြိုက်
ကျေနပ်အောင် ထားကြမှာအမှန်ပေ။
ဒါပေမဲ့  ပေါက်စီလုံးမှ မရှိတာ။
ကျွန်တော်ရဲ့ ဘဝတစ်စိတ်တဒေသ
အတူရှိနေဖူးသာ ပေါက်စီလုံးကို ကျွန်တော်မခွဲနိုင်ပေ။

သို့ သော်   နောက်ဆုံးအကြိမ်တီလေးပြောလိုက်တဲ့ စကားကြောင့်  အော်ဟစ်သောင်းကျန်းနေသော ကျွန်တော်သည်
ထိတ်လန့် တုန်လှုပ်စွာ  တီလေးကို ကျွန်တော်ကြည့်မိလိုက်သည်။

အဖေသည်လည်း တီလေးစကားကြောင့်
အလန့် တကြားဖြစ်သွားသည်မို့ 
ဒီအဖြစ်ပျက်ကို သူလည်းခုမှသိသွားဟန်ပင်။

လောကကြီးသည် လုံးဝမတရားခဲ့ပါ။
အရာရာ ကို လက်လွတ်အရှုံးပေးလိုက်ရသော ခံစားမူ့ သည် ၁၅နှစ်အရွယ်ပဲရှိသေးသည့်ကျွန်တော် ကို ဖြေသိမ့်နိုင်စွမ်းမရှိခဲ့ပေ။

၃ရက်နီးပါးခန့် ကိုယ့်ကိုကိုယ် ပြန်လည်ပြုပြင်ခဲ့ပြီးနောက်မှာ   ကျွန်တော်ဟာ
တတီတီဝင်နေတက်သော ဖုန်းကလေးကို အပြီးတိုင် စွန့် ခွာခဲ့သည်။
ထို့ နောက်မှာ အဖေနဲ့ တီလေးရဲ့ စိတ်ဆန္ဒအတိုင်း ကျွန်တော်  စင်္ကာပူမှာ ကျောင်းပြောင်းတက်ဖို့  ဆုံးဖြတ်ချက်ခဲ့သည်။ ဒါဟာ ကျွန်တော် လုပ်ပေးနိုင်တဲ့
တခုတည်းသောအရာပင်ဖြစ်သည်။

ပေါက်စီလုံးသည် ကျွန်တော့်ကို သေချာပေါက် မလွဲမသေ စောင့်နေပေလိမ့်မည်။
သို့ သော် ပေးခဲ့သော ကတိကို ကျွန်တော်မတည်နိုင်တော့သည်မို့ 
နောက်တချိန် ပြန်လည်ဆုံတွေ့ ဖြစ်ရင်
ပေါက်စီလုံးကျေနပ်အောင်တောင်းပန်ဖို့
ကျွန်တော် အများကြီးကြိုးစားရအုန်းမည်။

ထို နေ့ မှစ၍  ကျွန်တော်နဲ့ သက်ငယ်ဝေလုံသည် အကန့် သတ်မရှိဝေးကွာဖို့
အကြောင်းဖြစ်လာခဲ့၏

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz