အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
14
" ဟိတ္ လရိပ္ ေျဖနိုင္လား "
ေက်ာင္းေရွ ႔ကသစ္ပင္ရိပ္ေအာက္မွာ
ေပါက္စီလံုးလာႀကိဳတာကို ရပ္ေစာင့္ေနတုန္း
လက္ေမာင္းကို ပုတ္ကာ ေမးလာသံေၾကာင့္ ေဘးကို ေစာင္းငဲ့ ၾကည့္မိသည္။
ခ်စ္စဖြယ္အမူယာ ရွိတဲ့ ေကာင္မေလးက
ခပ္ခ်ိဳခ်ိဳၿပံဳးျပေနေပမဲ့ မ်က္မွန္းတန္းမိရုံသာရွိၿပီး ခင္ခင္မင္မင္ေတာ့မရွိဖူး။
အားနာသည္ေၾကာင့္ အလိုက္အထိုက္ၿပံဳးကာ
"ဟုတ္ကဲ့ေျဖနိုင္ပါတယ္ဗ် "
" ေျဖနိုင္မွာဆိုတာသိပါတယ္။ လရိပ္က
ႏြဲ ့ တို ႔အတန္းမွာ အေတာ္ဆံုးပဲဟာ။
အိမ္က လာႀကိဳတာကိုေစာင့္ေနတာလား။
မလာေသးရင္ ႏြဲ ့တို ႔အိမ္က ကားနဲ ့လိုက္ခဲ့ေလ ။ လမ္းႀကံဳလိုက္ပို ႔ေပးမယ္ "
ႏြဲ ့ဆိုတဲ့ နာမည္ေတာင္ ခုမွသိတဲ့ လရိပ္အတြက္က မိန္းကေလးေတြနဲ ့စကားေျပာဖို ႔ကအေတာ္ႀကီး ေနရခက္စရာျဖစ္ေနသည္။
လာႀကိဳမယ္ဆိုတဲ့ ေပါက္စီလံုးကလဲခုထိမလာေသး။
စိတ္ပ်က္လက္ပ်က္ ေျဖရခက္ေနတုန္း
" ဘယ္သူမွ လိုက္ပို ႔စရာမလို ဘူး။
သူ ႔အိမ္က လာႀကိဳဖို ႔အခုေရာက္ေနၿပီ။
ဒီက အမႀကီး ဘာေျပာစရာရွိေသးလဲ "
ခပ္တည္တည္ မ်က္နွာထားနဲ ့
ဝက္တေကာင္က နွစ္ေယာက္ၾကားအတင္းတိုးရပ္လာ၏။
ႏြဲ ့ဆိုတဲ့ မိန္းကေလးကေတာ့
ေပါက္စီလံုးပံုစံကို စိတ္ဆိုးဟန္မရွိပဲ
" ေဟာ လာႀကိဳၿပီထင္တယ္။
ၾကည့္ပါအုန္း ခ်စ္စရာေပါင္မုန္ ႔လံုးေလးပါလား။ အနီးကပ္ၾကည့္မွ တအားခ်စ္စရာေကာင္းတာပဲ ။ မဟုတ္ေတာင္ မမက
လံုလံုေလးကို အေဝးကၾကည့္ၿပီးခ်စ္ေနရတာ။"
စူပုတ္ေနတာနည္းနည္းမွေလ်ာ့က်မသြားပဲ
" ခ်စ္ခ်စ္ျပန္မယ္။ ေနာက္ကို လံုလံုမဟုတ္ပဲ သူစိမ္းေတြနဲ ့စကားမေျပာနဲ ့
လံုလံု မႀကိဳက္ဘူး "
လရိပ္ ေပါက္စီလံုးေၾကာင့္တဖက္မိန္းကေလးကို အျမန္နႈတ္ဆက္လိုက္သည္။
မဟုတ္ရင္ တစက္ေလးမွ အားမနာတက္တဲ့ ေပါက္စီလံုးက လရိပ္ထပ္ ဆိုဝါးတဲ့
လူ မူ ႔ဆက္ဆံေရးရွိသူျဖစ္သည္။
ကားေပၚေရာက္တဲ့အထိ အခဲမေက်ေသးေသာ မ်က္နွာထားသည္ အလိုမက်ဟန္ျဖင့္ ေလ်ာက်ေနတဲ့ မ်က္မွန္ကို သူ ႔
လက္တုတ္ႀကီးေတြနဲ ့ေဒါသတႀကီး မ တင္သည္။
တကယ္ဆို ေပါက္စီလံုးတို ႔မူလတန္းေတြက စာေမးပြဲ အေစာႀကီး ေျဖၿပီးၾကကာ
လရိပ္တို ႔ အတန္းႀကီးေတြက ေနာက္က်ေနတာျဖစ္သည္။
စာေမးပဲြရက္ေတြကို လူႀကီလူေကာင္း
လုပ္ကာ လာႀကိဳေပးတက္ေပမဲ့
ဒီေန ႔ေတာ့ စိတ္ေကာက္တက္တဲ့ ကေလးျပန္ျဖစ္သြားပံုရကာ
ဝက္နႈတ္ခမ္းက တစ္ေထာင္ေလာက္စူထြက္ေနသည္။
ခ်စ္စရာေကာင္းေသာ သက္ငယ္ေဝလံုဆိုေသာ ျဖဴေဖြးၿပီး အဆီရစ္ေနေသာ ဝက္ကေလးသည္ ေက်ာင္းမွာေတာ့ ခ်စ္စရာေကာင္းသည္ဟုပင္နာမည္ႀကီးေသးသည္။
အိစင္းေပ်ာ့ေနေသာ ဆံႏြယ္ေတြကို မ်က္ခံုးေပၚမွာ တိတိပပ ညႇပ္ေပးထားေသာ
ဆံပင္ေလးနဲ ့ ေနာက္ဖက္နားထိ အိတြဲက်ေနေသာ ဆံပင္ပံုစံသည္ ေပါက္စီလံုးနဲ ့သိပ္လိုက္ဖက္သလို ဝိုင္းစက္စက္ မ်က္လံုးေတြကို ခ်စ္စရာ ေရႊအိုေရာင္ မ်က္မွန္မ်ိဳးစံုနဲ ့စတိုင္ထုတ္ဖံုးဖိတက္ေသာ ေပါက္စီလံုးသည္ ဆရာမမ်ားနဲ ့အတန္းႀကီးေက်ာင္းသားမ်ားၾကားတြင္ေရပန္းအလြန္စား၏။
"ေဟး ေဘဘီဝက္ "
ခပ္ေနာက္ေနာက္ ဆိုေတာ့ မ်က္ေစာင္းျပန္လွည့္ထိုးကာ ခ်က္ျခင္းေခါင္းျပန္လွည့္သြား၏
"နႈတ္ခမ္းႀကီးက ငါ့လဲ ထိုးမိပါအုန္းမယ္ ။
ဘယ္လိုလုပ္ရမလဲ ပင္ပန္းလို ႔
ေဘဘီ ေပါင္ေပၚ အိပ္ခ်င္တာပါဆို "
မသိမသာ ခါးမတ္သြားကာ
ေပါင္ေပၚ တင္ထားေသာ လက္တုတ္တိုေတြကို ဖယ္ရွားေပးလာသည္မို ႔
လရိပ္ၿပံဳးကာ
ေပါက္စီလံုးရဲ႕ ေခါင္းအုန္းထပ္ ႏုညံ့ေသာေပါင္တုတ္ႀကီးေပၚကို ေခါင္းထိုးအိပ္လိုက္သည္။
လက္ဖဝါးျဖဴျဖဴေလးသည္ သိပ္မၾကာခင္မွာ ေခါင္းေပၚေရာက္လာၿပီး တေ႐ြ ႕ေ႐ြ ႕ပြတ္သပ္ေပးေန၏။
" ငါနဲ ့မသိပါဘူး။ သူနႈတ္ဆက္ေတာ့ မိန္းကေလးမို ႔အားနာလို ႔ ျငင္းမေကာင္းဘူးေလ"
မ်က္စိမွိတ္ထားရက္နဲ ့ ခပ္ေအးေအးရွင္းျပမိေတာ့
"ေနာက္ကို သိသိမသိသိစကားျပန္ မေျပာနဲ ့လံုလံုမႀကိဳက္ဘူးေနာ္။" တဲ့
လရိပ္နဖူးေပၚ သူ နွာဖ်ားေလးနဲ ့ ေသခ်ာေလးထိကပ္ၿပီး ေခ်ာ့ေျပာေနျပန္သည္မို ႔
လက္ညိဳးနဲ ့အသာေလးဖိတြန္းလႊတ္ကာ
"ငါကေလး မဟုတ္ဘူးေဘဘီ။
မင္းထပ္ငါးနွစ္ႀကီးတယ္။"
"ဟင့္အင္ ခ်စ္ခ်စ္က လံုလံုထက္
အငယ္ "
"ဘာေျပာတယ္"
ခပ္စြာစြာေအာ္လို ႔ ေပါက္စီလံုးရဲ႕ အဆီတစ္ေနတဲ့ ခါးစပ္ေတြကို လက္နဲ ့ ပြတ္သပ္ကာ ယားေအာင္ လုပ္လိုက္သည္။
"ဟားဟား ခ္ခ္ လံုလံု မွားပါတယ္။ ေနာက္မေျပာေတာ့ပါဘူး "
တြန္ ႔လိန္ေနတဲ့ ကိုယ္လံုးႀကီးကို အတင္းကလိထိုးကာ စေတာ့ ေပါက္စီလံုးတစ္ေယာက္ နွာသီးဖ်ားေတြရဲကာ မ်က္ရည္ေတြထြက္လာ၏။
အေတာ္ၾကာ ေမာလာဟန္ရွိမွ ရပ္ေပးလိုက္ေတာ့
"ခ်စ္ခ်စ္မေကာင္းဘူး။ လံုလံုကို မ်က္ရည္က်ေအာင္လုပ္တယ္"
ဆိုၿပီး စိတ္ေကာက္ဟန္ျဖင့္ေျပာလာ၏။
ကြၽန္ေတာ္ႏုတ္ခမ္းကိုကိုက္လို ႔ ေပါက္စီလံုးရဲ႕ ကိုယ္လံုးကို အားနဲ ့
ဆြဲထူၿပီးေပါင္ေပၚတင္လိုက္တယ္။
အရင္လို ႔ေပါ့ေပါ့ပါးပါးမဟုတ္တဲ့ ဝက္ကေလးရဲ႕ အေလးခ်ိန္ဟာ တနင့္တပိုး
ႀကီးပင္။ မသိသလို နဲ ့ တစ္တုတ္ေနတဲ့
ခါးအဆီပိုေတြကို ေပြ ႕ႀကည့္ေတာ့လဲ လက္နဲ ့မဆန္ ႔။
ေပါက္စီလံုးတစ္ေယာက္ဟာေလ တကယ္ကို ဝက္တုတ္ၿပဲေလးျဖစ္ေနရွာတာပဲ။
သေဘာတက် မွီသေလာက္ေလးပဲ လက္နဲ ့ထိန္းဖက္လိုက္ၿပီး
ရင္ဖက္ကို မွီထားလိုက္သည္။
ေပါင္ေပၚမွာ ထိုင္ေနတာမို ႔ေပါက္စီလံုးရဲ႕
ေခါင္းက ကြၽန္ေတာ္ထပ္အနည္းငယ္ေက်ာ္လြန္ေနကာ ရင္ကို မွီထားတဲ့
ကြၽန္ေတာ့ေခါင္းက သက္ေသာင့္သက္သာမွီလို ႔ရတဲ့ အေနထားမွာသာ။
" လံုလံု အိမ္ျပန္ေရာက္ရင္ နင္းေပးမယ္ေလ။ခ်စ္ခ်စ္ ပင္ပန္းလို ႔လား "
လည္ပင္းနဲ ့ေက်ာျပင္ကို အသာယာေထြးဖက္လာတဲ့ လက္တုတ္တုတ္ေတြ ကို
ပြတ္သပ္ေဆာ့ကစားရင္းေခါင္းရမ္းျပလိုက္တယ္။
စာေမးပြဲ ၿပီးသြားခဲ့ၿပီမို ႔စိတ္ကေတာ့ ေပါ့သြားသည္။
တကယ္ဆို လရိပ္အေနနဲ ့ ဒီစာေမးပြဲ က
အဲ့သေလာက္လဲ မခက္ခဲပါဘူး။
စာေတာ္တဲ့ ေက်ာင္းသားတစ္ေယာက္ျဖစ္ဖို ႔ေလ့လာခဲ့ရတဲ့ စာနဲ ့ ေပးခဲ့ရတဲ့ အခ်ိန္ေတြသည္ စာေမးပြဲေလး တစ္ခုအတြက္မွမဟုတ္ပဲ။
"ညေနက်ရင္ မင္း အိမ္ကို ျပန္အုန္းေလ။
မင္းေဖေဖ ခုတေလာ အိမ္ျပန္ေရာက္ေနတာမို ႔လား။ အိမ္မွာနားေနတုန္း
ကိုယ့္ ဖေအနားကို ကပ္အုန္း။ "
ကြၽန္ေတာ့္ စကားမ်ားေၾကာင့္
ေပါက္စီလံုးရဲ႕ သိုင္းဖက္ထားတဲ့
လက္ကေလးေတြသည္ အနည္းငယ္ေျပေလ်ာ့ သြားၿပီး ၿငိမ္သက္သြား၏။
အသာယာ ေမာ့ၾကည့္မိေတာ့
ေပါက္စီလံုးသည္ စိတ္မခ်မ္းေျမ့ဟန္ျဖင့္
ကြၽန္ေတာ့္ကိုၾကည့္ေန၏။
ထိုအခ်ိန္မွာ ပဲ အိမ္ကို ျပန္ေရာက္ေနၿပီမို ႔
ဘာစကားမွမေျပာေတာ့ပဲ ကားတံခါးကို ဖြင့္ၿပီး ဆင္းဖို ႔ျပင္လိုက္သည္။
သို ႔ေပမဲ့ ေပါက္စီလံုးသည္ ေပါင္ေပၚကေနဆင္းမေပးပါ။
"ဆင္းအုန္းေလေဘဘီရဲ႕။ မင္းမဆင္းရင္
ငါဘယ္လို ကားေပၚက ထြက္လို ႔ရမွာလဲ "
ခါးစပ္ကေန မနိုင့္တနိုင္ဆြဲဖယ္ဖို ႔ႀကိဳးစားေသာ္လည္း ဆင္းမေပးပဲ လည္ပင္းကို အတင္းဖတ္ထားျပန္သည္။
မၾကာခင္၄တန္းေက်ာင္းသားႀကီးေတာင္ျဖစ္ေတာ့မဲ့ ဝက္ေပါက္ေလးတစ္ေကာင္ဟာ
အတင္းႀကီး ကေလးဆန္လို ႔ေနတယ္။
"ဘာျဖစ္လို ႔လဲ "
ကြၽန္ေတာ့္ရဲ႕အသံဟာ ေဒါသထြက္မူ ႔တစံုတရာမပါပဲ ကေလးတစ္ေယာက္ကို အလိုလိုက္ေနဟန္ျဖင့္ ၾကည္ေအးလို ႔ေန၏
"လံုလံုမသြားခ်င္ဘူး"
"ဘယ္ကိုလဲ "
"ေတာင္ႀကီး ကို"
ေတာင္ႀကီးၿမိဳ ႕။
ေပါက္စီလံုးတို ႔သည္ ေတာင္ႀကီးၿမိဳ ႕
ဇာတိျဖစ္သည္ကို သိရွိထားတဲ့ ကြၽန္ေတာ္သည္ ပုခံုးေပၚမ်က္နွာေမွာက္ေနတဲ့ ေပါက္စီလံုးကို အသာအယာ ဆြဲထုတ္ကာ မ်က္နွာျခင္းဆိုင္လိုက္သည္။
"ဘာသြားလုပ္မွာလဲ "
" ဘြားဘြားႀကီး ေနမေကာင္းလို ႔တဲ့ ။
လံုလံု မလိုက္ခ်င္ဘူး။ ေဖေဖက ေျပာတယ္။ ဟိုမွာ ဘြားဘြားေနေကာင္းေအာင္ထိ ေနရမယ္တဲ့ ။ လံုလံု ခ်စ္ခ်စ္နဲ ့အၾကာႀကီးမခြဲခ်င္ဘူးေလ ။ ေဖေဖ့ကိုေျပာေပး။
လံုလံုကို ဒီမွာေခၚထားမယ္လို ႔"
ေပါက္စီလံုးစကားေတြသည္ ကြၽန္ေတာ္ကိုအားကိုးကာ သူ ႔ကိုေခၚထားေစခ်င္ပံု ရွိေန၏။ ပံုမွန္ဆို ထိုနည္းအတိုင္းလုပ္မိနိုင္ေပမဲ့ ယခုမူ မတူေတာ့ေခ်။
"က်န္းမာေရးဆိုတာ မသြားလို ႔မရဘူး။
ေဘဘီ ခဏပဲၾကာမွပါ။ ေက်ာင္းပိတ္တုန္း အမ်ိဳးေတြနဲ ့ေတြ ႕ရမွာပဲ စိတ္ေျပလက္ေပ်ာက္ လိုက္သြားလိုက္ပါ "
"ဒါဆို ခ်စ္ခ်စ္လဲေက်ာင္းပိတ္တာပဲ
လံုလံုနဲ ့အတူတူ လိုက္ခဲ့ေလေနာ္"
အိစင္းေနတဲ့ ဆံႏြယ္ေတြကို တခ်က္ ဆြဲဖြရင္းၿပံဳးျပလိုက္ေတာ့ ေပါက္စီလံုးသည္ ငိုမဲ့မဲ့ျဖစ္လာ၏။
တစ္ေယာက္အေၾကာင္းတစ္ေယာက္သိေနတဲ့ ကြၽန္ေတာ္တို ႔နွစ္ေယာက္ၾကားမွာ နီးစပ္မူ ႔သံေယာဇဥ္က ၿပံဳးျခင္း၊ မဲ့ျခင္း ကိုပင္ ဘာအဓိပၸါယ္လဲဆိုတာ ခြဲျခားသိနိုင္တယ္ေလ။
"ငါလိုက္ရင္ တီေလး တစ္ေယာက္ထဲ က်န္ခဲ့မွာေပါ့။ သိရက္သားနဲ ့"
ၿငိမ္သက္သြားတဲ့ ေပါက္စီလံုးသည္ ဒီတခါ
ေပါင္ေပၚကေန ေအာက္ဆင္းဖို ႔ မျငင္းဆန္ေတာ့ေပ။
ကြၽန္ေတာ္တို ႔နွစ္ေယာက္ၾကားရွိေလထုသည္ သိသိသာသာ ေျပာင္းလဲသြား၏။
အိမ္ထဲလွမ္းဝင္ေတာ့ ေပါက္စီလံုးအေဖ
ဦးေကာင္းလံုက တီေလးနဲ ့ စကားေျပာေနသည္ကိုေတြ ႕ရ၏။
ၾကည့္ရတာ ေပါက္စီလံုးကို ေခၚဖို ႔ကြၽန္ေတာ္ကိုေစာင့္ေနဟန္။
ဦးေကာင္းလံုသည္ ေပါက္စီလံုးနဲ ့ပတ္သတ္ၿပီး ကြၽန္ေတာ့္ကိုေစာင့္ေရွာက္ခြင့္ေပးထားသလို သူကိုယ္တိုင္ကလည္းတခုခုဆို ကြၽန္ေတာ္ကို လူႀကီးတစ္ေယာက္လို ေျပာဆိုဆက္ဆံတက္သည္။
"ျပန္လာၿပီလား။ လာၾက ။
လံုလံု ေတာင္ႀကီးသြားမွာ ကို မလိုက္ခ်င္လို ဂ်ီက်ေနတယ္ လရိပ္။ ေခ်ာ့ေျပာလိုက္အုန္း "
တီေလးက အိမ္ထဲဝင္လာတာနဲ ့စီးႀကိဳေျပာလာ၏။
မ်က္နွာျခင္းဆိုင္ခံုမွာ နွစ္ေယာက္တူတူဝင္ထိုင္ေတာ့ ဦးေကာင္းလံုက သူ ႔သားကို ၾကည့္ကာ သေဘာက်ေနသည္။
ေပါက္စီလံုးက မလိုက္ခ်င္လို ႔ စူပုတ္ကာ
သူ ႔အေဖနဲ ့အေဝးဆံုးမွာထိုင္လိုက္ျခင္းေၾကာင့္ပင္။
"ကြၽန္ေတာ္ေျပာထားတယ္တီေလး။
က်န္းမာေရးဆိုေတာ့ မသြားလို ႔မေကာင္းဘူးေလ။ လံုလံု က ကြၽန္ေတာ့္ကိုပါ ေခၚေနတာ တီေလး တစ္ေယာက္ထဲ ထားခဲ့လို ႔မရဘူးဆိုတာ ဝက္ေကာက္ေတးကို ရွင္းျပေနရတယ္။ ရုပ္ကေတာ့ျမင္တဲ့ အတိုင္းပဲ "
ကြၽန္ေတာ့္စကားေၾကာင့္ တီေလးက လႈပ္လႈပ္ရွားရွားျဖစ္သြားကာ
"ဟုတ္တယ္ တီေလးေမ့ေနတာ လရိပ္လိုက္သြားလို ႔မရဘူး။ မေန ႔ည က
မင္းအေဖဖုန္းဆက္တယ္လရိပ္ "
ဦးေကာင္းလံုးတို ႔က သူစိမ္းေတြဆိုေပမဲ့
ခင္ရာေဆြမ်ိဳးျဖစ္ေတာ့ ေမ စကားကို ထိန္းမေျပာေတာ့ပဲ လရိပ္ကို သာ ၾကည့္ေျပာလိုက္သည္။
" ေျပာမလို ႔ပဲ ဒါေပမဲ့ လရိပ္က
စာေမးပြဲနဲ ့ဆိုေတာ့ တီေလး မေျပာျပျဖစ္ေသးတာ။ "
တည္တည္ၿငိမ္ၿငိမ္နားေထာင္ေနတဲ့
လရိပ္က ေမဆက္ေျပာမဲ့ စကားကို
ေသခ်ာနားေထာင္ေနတာေၾကာင့္
စိတ္မေကာင္းသလို သက္ျပင္းခ်မိသည္။
သူမ လက္ေပၚမွာပဲႀကီးခဲ့လို ႔
လရိပ္က တူဆိုေပမဲ့ သားတစ္ေယာက္လိုပဲ သက္မွတ္ထားတယ္။
"တီေလး ေျပာစရာရွိတာေျပာပါ ။
ကြၽန္ေတာ္ နားေထာင္ေနတယ္။ ေျပာရခက္ေနေအာင္ အေဖ ေနာက္အိမ္ေထာင္
ျပဳမွာမို ႔လား"
ေမအလန္ ႔တၾကား တူျဖစ္သူကို ေမာ့ၾကည့္မိေတာ့ ဘာမွမျဖစ္သလို ပံုစံနဲ ့
လံုလံု ဆံပင္ေတြကို ပြတ္သပ္ကာ
ေမ ့ကိုျပန္စိုက္ၾကည့္ေနသည္။
ဦးေကာင္းလံုသည္လည္းေဘးမွာ ၿငိမ္သက္စြာ စကားဝိုင္းကိုနားေထာင္ေနတာမို ႔
ေမ ေခ်ာင္း အသာဟန္႔လို ႔ အားနာသလို
ဦးေကာင္းလံုကို ၾကည့္မိသည္။
လရိပ္ကေတာ့ လရိပ္ပါပဲ။
"အင္း အဲ့ဒါ တီေလးတို ႔ေနာက္အပတ္က်
စကၤာပူကို သြားရမယ္။ ဒါေပမဲ့ မင္းအေဖကို စိတ္မဆိုးပါနဲ ့ သားရယ္ သူက..."
"ကြၽန္ေတာ္နားလည္ပါတယ္တီေလး။
လာ ေဘဘီ ငါမင္းအဝတ္ေတြ ထည့္ေပးမယ္"
ေပါက္စီလံုးလက္တဖက္ကို ဆြဲလို ႔
တီေလးတို ႔ေရွ ႔ကေန ထြက္လာခဲ့လိုက္သည္။
ခံစားခ်က္သည္ ဗလာက်င္းေနသည္။
မခံစားရတာမဟုတ္ပါ။ မခံစားနိင္ေတာ့တာပါ။
တေန ႔ေန ႔ဆိုတာ ႀကိဳတင္မွန္းထားခဲ့ေပမဲ့
လက္ေတြ ႕ေရာက္ေတာ့ရင္နဲ ့ေတာင္မဆန္ ႔ခ်င္ေတာ့။
အေစာက ဂ်ီက်ေနေသာ ေပါက္စီလံုးသည္
ၿငိမ္သက္စြာပင္ ေဘးမွာ ထိုင္လို ႔ ေငးၾကည့္ေနသည္။
ခ်စ္တဲ့အိမ္စည္။
_________
" ဟိတ် လရိပ် ဖြေနိုင်လား "
ကျောင်းရှေ့ ကသစ်ပင်ရိပ်အောက်မှာ
ပေါက်စီလုံးလာကြိုတာကို ရပ်စောင့်နေတုန်း
လက်မောင်းကို ပုတ်ကာ မေးလာသံကြောင့် ဘေးကို စောင်းငဲ့ ကြည့်မိသည်။
ချစ်စဖွယ်အမူယာ ရှိတဲ့ ကောင်မလေးက
ခပ်ချိုချိုပြုံးပြနေပေမဲ့ မျက်မှန်းတန်းမိရုံသာရှိပြီး ခင်ခင်မင်မင်တော့မရှိဖူး။
အားနာသည်ကြောင့် အလိုက်အထိုက်ပြုံးကာ
"ဟုတ်ကဲ့ဖြေနိုင်ပါတယ်ဗျ "
" ဖြေနိုင်မှာဆိုတာသိပါတယ်။ လရိပ်က
နွဲ့ တို့ အတန်းမှာ အတော်ဆုံးပဲဟာ။
အိမ်က လာကြိုတာကိုစောင့်နေတာလား။
မလာသေးရင် နွဲ့ တို့ အိမ်က ကားနဲ့ လိုက်ခဲ့လေ ။ လမ်းကြုံလိုက်ပို့ ပေးမယ် "
နွဲ့ ဆိုတဲ့ နာမည်တောင် ခုမှသိတဲ့ လရိပ်အတွက်က မိန်းကလေးတွေနဲ့ စကားပြောဖို့ ကအတော်ကြီး နေရခက်စရာဖြစ်နေသည်။
လာကြိုမယ်ဆိုတဲ့ ပေါက်စီလုံးကလဲခုထိမလာသေး။
စိတ်ပျက်လက်ပျက် ဖြေရခက်နေတုန်း
" ဘယ်သူမှ လိုက်ပို့ စရာမလို ဘူး။
သူ့ အိမ်က လာကြိုဖို့ အခုရောက်နေပြီ။
ဒီက အမကြီး ဘာပြောစရာရှိသေးလဲ "
ခပ်တည်တည် မျက်နှာထားနဲ့
ဝက်တကောင်က နှစ်ယောက်ကြားအတင်းတိုးရပ်လာ၏။
နွဲ့ ဆိုတဲ့ မိန်းကလေးကတော့
ပေါက်စီလုံးပုံစံကို စိတ်ဆိုးဟန်မရှိပဲ
" ဟော လာကြိုပြီထင်တယ်။
ကြည့်ပါအုန်း ချစ်စရာပေါင်မုန့် လုံးလေးပါလား။ အနီးကပ်ကြည့်မှ တအားချစ်စရာကောင်းတာပဲ ။ မဟုတ်တောင် မမက
လုံလုံလေးကို အဝေးကကြည့်ပြီးချစ်နေရတာ။"
စူပုတ်နေတာနည်းနည်းမှလျော့ကျမသွားပဲ
" ချစ်ချစ်ပြန်မယ်။ နောက်ကို လုံလုံမဟုတ်ပဲ သူစိမ်းတွေနဲ့ စကားမပြောနဲ့
လုံလုံ မကြိုက်ဘူး "
လရိပ် ပေါက်စီလုံးကြောင့်တဖက်မိန်းကလေးကို အမြန်နှုတ်ဆက်လိုက်သည်။
မဟုတ်ရင် တစက်လေးမှ အားမနာတက်တဲ့ ပေါက်စီလုံး ကလရိပ်ထပ် ဆိုဝါးတဲ့
လူ မူ့ ဆက်ဆံရေးရှိသူဖြစ်သည်။
ကားပေါ်ရောက်တဲ့အထိ အခဲမကျေသေးသော မျက်နှာထားသည် အလိုမကျဟန်ဖြင့် လျောကျနေတဲ့ မျက်မှန်ကို သူ့
လက်တုတ်ကြီးတွေနဲ့ ဒေါသတကြီး မ တင်သည်။
တကယ်ဆို ပေါက်စီလုံးတို့ မူလတန်းတွေက စာမေးပွဲ အစောကြီး ဖြေပြီးကြကာ
လရိပ်တို့ အတန်းကြီးတွေက နောက်ကျနေတာဖြစ်သည်။
စာမေးပွဲရက်တွေကို လူကြီလူကောင်း
လုပ်ကာ လာကြိုပေးတက်ပေမဲ့
ဒီနေ့ တော့ စိတ်ကောက်တက်တဲ့ ကလေးပြန်ဖြစ်သွားပုံရကာ
ဝက်နှုတ်ခမ်းက တစ်ထောင်လောက်စူထွက်နေသည်။
ချစ်စရာကောင်းသော သက်ငယ်ဝေလုံဆိုသော ဖြူဖွေးပြီး အဆီရစ်နေသော ဝက်ကလေးသည် ကျောင်းမှာတော့ ချစ်စရာကောင်းသည်ဟုပင်နာမည်ကြီးသေးသည်။
အိစင်းပျော့နေသော ဆံနွယ်တွေကို မျက်ခုံးပေါ်မှာ တိတိပပ ညှပ်ပေးထားသော
ဆံပင်လေးနဲ့ နောက်ဖက်နားထိ အိတွဲကျနေသော ဆံပင်ပုံစံသည် ပေါက်စီလုံးနဲ့ သိပ်လိုက်ဖက်သလို ဝိုင်းစက်စက် မျက်လုံးတွေကို ချစ်စရာ ရွှေအိုရောင် မျက်မှန်မျိုးစုံနဲ့ စတိုင်ထုတ်ဖုံးဖိတက်သော ပေါက်စီလုံးသည် ဆရာမများနဲ့ အတန်းကြီးကျောင်းသားများကြားတွင်ရေပန်းအလွန်စား၏။
"ဟေး ဘေဘီဝက် "
ခပ်နောက်နောက် ဆိုတော့ မျက်စောင်းပြန်လှည့်ထိုးကာ ချက်ခြင်းခေါင်းပြန်လှည့်သွား၏
"နှုတ်ခမ်းကြီးက ငါ့လဲ ထိုးမိပါအုန်းမယ် ။
ဘယ်လိုလုပ်ရမလဲ ပင်ပန်းလို့
ဘေဘီ ပေါင်ပေါ် အိပ်ချင်တာပါဆို "
မသိမသာ ခါးမတ်သွားကာ
ပေါင်ပေါ် တင်ထားသော လက်တုတ်တိုတွေကို ဖယ်ရှားပေးလာသည်မို့
လရိပ်ပြုံးကာ
ပေါက်စီလုံးရဲ့ ခေါင်းအုန်းထပ် နုညံ့သောပေါင်တုတ်ကြီးပေါ်ကို ခေါင်းထိုးအိပ်လိုက်သည်။
လက်ဖဝါးဖြူဖြူလေးသည် သိပ်မကြာခင်မှာ ခေါင်းပေါ်ရောက်လာပြီး တရွေ့ ရွေ့ ပွတ်သပ်ပေးနေ၏။
" ငါနဲ့ မသိပါဘူး။ သူနှုတ်ဆက်တော့ မိန်းကလေးမို့ အားနာလို့ ငြင်းမကောင်းဘူးလေ"
မျက်စိမှိတ်ထားရက်နဲ့ ခပ်အေးအေးရှင်းပြမိတော့
"နောက်ကို သိသိမသိသိစကားပြန် မပြောနဲ့ လုံလုံမကြိုက်ဘူးနော်။" တဲ့
လရိပ်နဖူးပေါ် သူ နှာဖျားလေးနဲ့ သေချာလေးထိကပ်ပြီး ချော့ပြောနေပြန်သည်မို့
လက်ညိုးနဲ့ အသာလေးဖိတွန်းလွှတ်ကာ
"ငါကလေး မဟုတ်ဘူးဘေဘီ။
မင်းထပ်ငါးနှစ်ကြီးတယ်။"
"ဟင့်အင် ချစ်ချစ်က လုံလုံထက်
အငယ် "
"ဘာပြောတယ်"
ခပ်စွာစွာအော်လို့ ပေါက်စီလုံးရဲ့ အဆီတစ်နေတဲ့ ခါးစပ်တွေကို လက်နဲ့ ပွတ်သပ်ကာ ယားအောင် လုပ်လိုက်သည်။
"ဟားဟား ခ်ခ် လုံလုံ မှားပါတယ်။ နောက်မပြောတော့ပါဘူး "
တွန့် လိန်နေတဲ့ ကိုယ်လုံးကြီးကို အတင်းကလိထိုးကာ စတော့ ပေါက်စီလုံးတစ်ယောက် နှာသီးဖျားတွေရဲကာ မျက်ရည်တွေထွက်လာ၏။
အတော်ကြာ မောလာဟန်ရှိမှ ရပ်ပေးလိုက်တော့
"ချစ်ချစ်မကောင်းဘူး။ လုံလုံကို မျက်ရည်ကျအောင်လုပ်တယ်"
ဆိုပြီး စိတ်ကောက်ဟန်ဖြင့်ပြောလာ၏။
ကျွန်တော်နုတ်ခမ်းကိုကိုက်လို့ ပေါက်စီလုံးရဲ့ ကိုယ်လုံးကို အားနဲ့
ဆွဲထူပြီးပေါင်ပေါ်တင်လိုက်တယ်။
အရင်လို့ ပေါ့ပေါ့ပါးပါးမဟုတ်တဲ့ ဝက်ကလေးရဲ့ အလေးချိန်ဟာ တနင့်တပိုး
ကြီးပင်။ မသိသလို နဲ့ တစ်တုတ်နေတဲ့
ခါးအဆီပိုတွေကို ပွေ့ ကြည့်တော့လဲ လက်နဲ့ မဆန့် ။
ပေါက်စီလုံးတစ်ယောက်ဟာလေ တကယ်ကို ဝက်တုတ်ပြဲလေးဖြစ်နေရှာတာပဲ။
သဘောတကျ မှီသလောက်လေးပဲ လက်နဲ့ ထိန်းဖက်လိုက်ပြီး
ရင်ဖက်ကို မှီထားလိုက်သည်။
ပေါင်ပေါ်မှာ ထိုင်နေတာမို့ ပေါက်စီလုံးရဲ့
ခေါင်းက ကျွန်တော်ထပ်အနည်းငယ်ကျော်လွန်နေကာ ရင်ကို မှီထားတဲ့
ကျွန်တော့ခေါင်းက သက်သောင့်သက်သာမှီလို့ ရတဲ့ အနေထားမှာသာ။
" လုံလုံ အိမ်ပြန်ရောက်ရင် နင်းပေးမယ်လေ။ချစ်ချစ် ပင်ပန်းလို့ လား "
လည်ပင်းနဲ့ ကျောပြင်ကို အသာယာထွေးဖက်လာတဲ့ လက်တုတ်တုတ်တွေ ကို
ပွတ်သပ်ဆော့ကစားရင်းခေါင်းရမ်းပြလိုက်တယ်။
စာမေးပွဲ ပြီးသွားခဲ့ပြီမို့ စိတ်ကတော့ ပေါ့သွားသည်။
တကယ်ဆို လရိပ်အနေနဲ့ ဒီစာမေးပွဲ က
အဲ့သလောက်လဲ မခက်ခဲပါဘူး။
စာတော်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ဖို့ လေ့လာခဲ့ရတဲ့ စာနဲ့ ပေးခဲ့ရတဲ့ အချိန်တွေသည် စာမေးပွဲလေး တစ်ခုအတွက်မှမဟုတ်ပဲ။
"ညနေကျရင် မင်း အိမ်ကို ပြန်အုန်းလေ။
မင်းဖေဖေ ခုတလော အိမ်ပြန်ရောက်နေတာမို့ လား။ အိမ်မှာနားနေတုန်း
ကိုယ့် ဖအေနားကို ကပ်အုန်း။ "
ကျွန်တော့် စကားများကြောင့်
ပေါက်စီလုံးရဲ့ သိုင်းဖက်ထားတဲ့
လက်ကလေးတွေသည် အနည်းငယ်ပြေလျော့ သွားပြီး ငြိမ်သက်သွား၏။
အသာယာ မော့ကြည့်မိတော့
ပေါက်စီလုံးသည် စိတ်မချမ်းမြေ့ဟန်ဖြင့်
ကျွန်တော့်ကိုကြည့်နေ၏။
ထိုအချိန်မှာ ပဲ အိမ်ကို ပြန်ရောက်နေပြီမို့
ဘာစကားမှမပြောတော့ပဲ ကားတံခါးကို ဖွင့်ပြီး ဆင်းဖို့ ပြင်လိုက်သည်။
သို့ ပေမဲ့ ပေါက်စီလုံးသည် ပေါင်ပေါ်ကနေဆင်းမပေးပါ။
"ဆင်းအုန်းလေဘေဘီရဲ့။ မင်းမဆင်းရင်
ငါဘယ်လို ကားပေါ်က ထွက်လို့ ရမှာလဲ "
ခါးစပ်ကနေ မနိုင့်တနိုင်ဆွဲဖယ်ဖို့ ကြိုးစားသော်လည်း ဆင်းမပေးပဲ လည်ပင်းကို အတင်းဖတ်ထားပြန်သည်။
မကြာခင်၎တန်းကျောင်းသားကြီးတောင်ဖြစ်တော့မဲ့ ဝက်ပေါက်လေးတစ်ကောင်ဟာ
အတင်းကြီး ကလေးဆန်လို့ နေတယ်။
"ဘာဖြစ်လို့ လဲ "
ကျွန်တော့်ရဲ့အသံဟာ ဒေါသထွက်မူ့ တစုံတရာမပါပဲ ကလေးတစ်ယောက်ကို အလိုလိုက်နေဟန်ဖြင့် ကြည်အေးလို့ နေ၏
"လုံလုံမသွားချင်ဘူး"
"ဘယ်ကိုလဲ "
"တောင်ကြီး ကို"
တောင်ကြီးမြို့ ။
ပေါက်စီလုံးတို့ သည် တောင်ကြီးမြို့
ဇာတိဖြစ်သည်ကို သိရှိထားတဲ့ ကျွန်တော်သည် ပုခုံးပေါ်မျက်နှာမှောက်နေတဲ့ ပေါက်စီလုံးကို အသာအယာ ဆွဲထုတ်ကာ မျက်နှာခြင်းဆိုင်လိုက်သည်။
"ဘာသွားလုပ်မှာလဲ "
" ဘွားဘွားကြီး နေမကောင်းလို့ တဲ့ ။
လုံလုံ မလိုက်ချင်ဘူး။ ဖေဖေက ပြောတယ်။ ဟိုမှာ ဘွားဘွားနေကောင်းအောင်ထိ နေရမယ်တဲ့ ။ လုံလုံ ချစ်ချစ်နဲ့ အကြာကြီးမခွဲချင်ဘူးလေ ။ ဖေဖေ့ကိုပြောပေး။
လုံလုံကို ဒီမှာခေါ်ထားမယ်လို့ "
ပေါက်စီလုံးစကားတွေသည် ကျွန်တော်ကိုအားကိုးကာ သူ့ ကိုခေါ်ထားစေချင်ပုံ ရှိနေ၏။ ပုံမှန်ဆို ထိုနည်းအတိုင်းလုပ်မိနိုင်ပေမဲ့ ယခုမူ မတူတော့ချေ။
"ကျန်းမာရေးဆိုတာ မသွားလို့ မရဘူး။
ဘေဘီ ခဏပဲကြာမှပါ။ ကျောင်းပိတ်တုန်း အမျိုးတွေနဲ့ တွေ့ ရမှာပဲ စိတ်ပြေလက်ပျောက် လိုက်သွားလိုက်ပါ "
"ဒါဆို ချစ်ချစ်လဲကျောင်းပိတ်တာပဲ
လုံလုံနဲ့ အတူတူ လိုက်ခဲ့လေနော်"
အိစင်းနေတဲ့ ဆံနွယ်တွေကို တချက် ဆွဲဖွရင်းပြုံးပြလိုက်တော့ ပေါက်စီလုံးသည် ငိုမဲ့မဲ့ဖြစ်လာ၏။
တစ်ယောက်အကြောင်းတစ်ယောက်သိနေတဲ့ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ နီးစပ်မူ့ သံယောဇဉ်က ပြုံးခြင်း၊ မဲ့ခြင်း ကိုပင် ဘာအဓိပ္ပါယ်လဲဆိုတာ ခွဲခြားသိနိုင်တယ်လေ။
"ငါလိုက်ရင် တီလေး တစ်ယောက်ထဲ ကျန်ခဲ့မှာပေါ့။ သိရက်သားနဲ့ "
ငြိမ်သက်သွားတဲ့ ပေါက်စီလုံးသည် ဒီတခါ
ပေါင်ပေါ်ကနေ အောက်ဆင်းဖို့ မငြင်းဆန်တော့ပေ။
ကျွန်တော်တို့ နှစ်ယောက်ကြားရှိလေထုသည် သိသိသာသာ ပြောင်းလဲသွား၏။
အိမ်ထဲလှမ်းဝင်တော့ ပေါက်စီလုံးအဖေ
ဦးကောင်းလုံက တီလေးနဲ့ စကားပြောနေသည်ကိုတွေ့ ရ၏။
ကြည့်ရတာ ပေါက်စီလုံးကို ခေါ်ဖို့ ကျွန်တော်ကိုစောင့်နေဟန်။
ဦးကောင်းလုံသည် ပေါက်စီလုံးနဲ့ ပတ်သတ်ပြီး ကျွန်တော့်ကိုစောင့်ရှောက်ခွင့်ပေးထားသလို သူကိုယ်တိုင်ကလည်းတခုခုဆို ကျွန်တော်ကို လူကြီးတစ်ယောက်လို ပြောဆိုဆက်ဆံတက်သည်။
"ပြန်လာပြီလား။ လာကြ ။
လုံလုံ တောင်ကြီးသွားမှာ ကို မလိုက်ချင်လို ဂျီကျနေတယ် လရိပ်။ ချော့ပြောလိုက်အုန်း "
တီလေးက အိမ်ထဲဝင်လာတာနဲ့ စီးကြိုပြောလာ၏။
မျက်နှာခြင်းဆိုင်ခုံမှာ နှစ်ယောက်တူတူဝင်ထိုင်တော့ ဦးကောင်းလုံက သူ့ သားကို ကြည့်ကာ သဘောကျနေသည်။
ပေါက်စီလုံးက မလိုက်ချင်လို့ စူပုတ်ကာ
သူ့ အဖေနဲ့ အဝေးဆုံးမှာထိုင်လိုက်ခြင်းကြောင့်ပင်။
"ကျွန်တော်ပြောထားတယ်တီလေး။
ကျန်းမာရေးဆိုတော့ မသွားလို့ မကောင်းဘူးလေ။ လုံလုံ က ကျွန်တော့်ကိုပါ ခေါ်နေတာ တီလေး တစ်ယောက်ထဲ ထားခဲ့လို့ မရဘူးဆိုတာ ဝက်ကောက်တေးကို ရှင်းပြနေရတယ်။ ရုပ်ကတော့မြင်တဲ့ အတိုင်းပဲ "
ကျွန်တော့်စကားကြောင့် တီလေးက လှုပ်လှုပ်ရှားရှားဖြစ်သွားကာ
"ဟုတ်တယ် တီလေးမေ့နေတာ လရိပ်လိုက်သွားလို့ မရဘူး။ မနေ့ ည က
မင်းအဖေဖုန်းဆက်တယ်လရိပ် "
ဦးကောင်းလုံးတို့ က သူစိမ်းတွေဆိုပေမဲ့
ခင်ရာဆွေမျိုးဖြစ်တော့ မေ စကားကို ထိန်းမပြောတော့ပဲ လရိပ်ကို သာ ကြည့်ပြောလိုက်သည်။
" ပြောမလို့ ပဲ ဒါပေမဲ့ လရိပ်က
စာမေးပွဲနဲ့ ဆိုတော့ တီလေး မပြောပြဖြစ်သေးတာ။ "
တည်တည်ငြိမ်ငြိမ်နားထောင်နေတဲ့
လရိပ်က မေဆက်ပြောမဲ့ စကားကို
သေချာနားထောင်နေတာကြောင့်
စိတ်မကောင်းသလို သက်ပြင်းချမိသည်။
သူမ လက်ပေါ်မှာပဲကြီးခဲ့လို့
လရိပ်က တူဆိုပေမဲ့ သားတစ်ယောက်လိုပဲ သက်မှတ်ထားတယ်။
"တီလေး ပြောစရာရှိတာပြောပါ ။
ကျွန်တော် နားထောင်နေတယ်။ ပြောရခက်နေအောင် အဖေ နောက်အိမ်ထောင်
ပြုမှာမို့ လား"
မေအလန့် တကြား တူဖြစ်သူကို မော့ကြည့်မိတော့ ဘာမှမဖြစ်သလို ပုံစံနဲ့
လုံလုံ ဆံပင်တွေကို ပွတ်သပ်ကာ
မေ့ ကိုပြန်စိုက်ကြည့်နေသည်။
ဦးကောင်းလုံသည်လည်းဘေးမှာ ငြိမ်သက်စွာ စကားဝိုင်းကိုနားထောင်နေတာမို့
မေ ချောင်း အသာဟန့်လို့ အားနာသလို
ဦးကောင်းလုံကို ကြည့်မိသည်။
လရိပ်ကတော့ လရိပ်ပါပဲ။
"အင်း အဲ့ဒါ တီလေးတို့ နောက်အပတ်ကျ
စင်္ကာပူကို သွားရမယ်။ ဒါပေမဲ့ မင်းအဖေကို စိတ်မဆိုးပါနဲ့ သားရယ် သူက..."
"ကျွန်တော်နားလည်ပါတယ်တီလေး။
လာ ဘေဘီ ငါမင်းအဝတ်တွေ ထည့်ပေးမယ်"
ပေါက်စီလုံးလက်တဖက်ကို ဆွဲလို့
တီလေးတို့ ရှေ့ ကနေ ထွက်လာခဲ့လိုက်သည်။
ခံစားချက်သည် ဗလာကျင်းနေသည်။
မခံစားရတာမဟုတ်ပါ။ မခံစားနိင်တော့တာပါ။
တနေ့ နေ့ ဆိုတာ ကြိုတင်မှန်းထားခဲ့ပေမဲ့
လက်တွေ့ ရောက်တော့ရင်နဲ့ တောင်မဆန့် ချင်တော့။
အစောက ဂျီကျနေသော ပေါက်စီလုံးသည်
ငြိမ်သက်စွာပင် ဘေးမှာ ထိုင်လို့ ငေးကြည့်နေသည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz