အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed
13
"လရိပ္ ခဏ ေစာင့္အုန္း တီေလး ေစ်းေရာင္း က်ေနလို ႔ "
တီေလး ကို ေခါင္းညိမ့္ျပကာ
ေဘးနားခံုမွာ ထိုင္ေနတဲ့ ေပါက္စီလံုးကို
ငံု ႔ၾကည့္လိုက္သည္။
ရာသီဥတု ပူေပမဲ့ ေစ်းဆိုတဲ့ အတိုင္း အထည္ဆိုင္ေတြ ကုန္စံုဆိုင္ေတြနဲ ့ ျပည့္ကာ
လူသြားလူလာကလည္း ျပည့္ညက္ေနသည္။
သူတို ႔နွစ္ေယာက္ကေတာ့ ဒီေန ႔ေက်ာင္းပိတ္တာေရာ၊ ေပါက္စီလံုးအတြက္ လိုအပ္တာေလး ဝယ္ေပးခ်င္တာေရာေပါင္းကာ တီေလး နဲ ့မနက္အေစာႀကီး ကတည္းက လိုက္လာခဲ့တာျဖစ္သည္။
တီေလး အထည္ဆိုင္သည္
ေယာက်ာ္းမိန္းမဝတ္အထည္မ်ိဳးစံုေရာင္းဝယ္ၿပီး ဝန္ထမ္းနွစ္ေယာက္နဲ ့ သိပ္မႀကီးေပမဲ့ စံုလင္စြာေရာင္းနိုင္တဲ့အေနထားမွာသာ။
လရိပ္က တခါတရံလာလိုက္ဖူးေပမဲ့
ေပါက္စီလံုးကေတာ့ ခုမွပထမဆံုးအႀကိမ္ျဖစ္သည္။
ဆိုင္ေရွ ႔ေထာင့္နားေလးက ခံုမွာ ထိုင္ေစာင့္ရင္း အပူဒဏ္ေၾကာင့္ အနည္းငယ္ေခြၽးျပန္ခ်င္ေနတဲ့ ေပါက္စီလံုးနဖူးေတြ ကို
လက္ဖဝါးနဲ ့သုတ္ဖယ္ေပးလိုက္သည္။
ေပါက္စီလံုးက အရမ္းႏုသည္။
အပူဒဏ္ကို မခံနိုင္ပဲ အျပင္ထြက္ရင္
နွာေခါင္းထိပ္ေလးေတြရဲကာ
ေခြၽးအရမ္းထြက္တက္သည္။
"ေဘဘီ အရမ္းပူေနလား။ တီေလးက နည္းနည္းၾကာအုန္းမယ္ထင္တယ္။
ငါနဲ ့ ေစ်းထဲ မုန္ ႔သြားစားၾကမလား"
ၾကည္ေတာက္ေတာက္ မ်က္ဝန္းေတြက မ်က္မွန္ေလးျခားေနတာေတာင္
ၾကယ္ကေလးတလံုးလို လွေနတုန္း။
" လံုလံု ဖာလူဒါေသာက္ခ်င္တယ္။ "
"အခ်ိဳ မ်ားတယ္ေလကြာ"
မဝင့္မရဲေတာင္းဆိုေနတဲ့ အၾကည့္ေတြေၾကာင့္ စိတ္ထဲကမွာ လိုက္ေရာခ်င္စိတ္က ထႂကြလာသည္။ ေပါက္စီလံုး တစ္ေယာက္ခုတေလာ သိပ္ခြၽဲႏြဲ ့လာတာ သိသိသာသာ။
အနည္းငယ္ စူလာတဲ့ နႈတ္ခမ္းေပါက္စကို ဆြဲညစ္ရင္း
"ကဲ ဒီေန ႔ေတာ့ ခြင့္ျပဳလိုက္မယ္။
ေနာက္ရက္ အဆာေျပစားရင္ တျခားမုန္ ႔မရဘူး ပန္းသီးပဲရမယ္ ။ သေဘာတူလား"
"yes"
ျမဴးႂကြစြာ ေအာ္ၿပီး ပါးတစ္ဖက္ကို
အနမ္းေပးလာကာ သေဘာတူေၾကာင္းျပလာတာမို ႔ ၿပံဳးမိတာအခါခါ။
ဝက္ေပါက္စကို လက္ဆြဲကာ တီေလးကို မုန္ ႔စားသြားမဲ့အေၾကာင္းခြင့္ေတာင္းလိုက္သည္။
ကေလးေပ်ာက္မယ္ဆိုတာပဲ သတိေပးၿပီး မုန္႔ဖိုးထုတ္ေပးလိုက္တာမို ႔
ေပါက္စီလံုးနဲ ့မုန္ ႔စားဖို ႔ ေစ်းထဲ ကေနထြက္ခဲ့လိုက္သည္။
မုန္ ႔ပဲ သေရစာေရာင္းတဲ့ ေစ်းသည္ေတာ္ေတာ္မ်ားမ်ားသည္
လူသြားလမ္း ပလက္ေဖာင္းေဘးေတြ
အတန္းလိုက္ခ်ေရာင္းေနၾကတာျဖစ္ၿပီး
သြားလာလႈပ္ရွားသူမ်ားကလည္း အသြားလာမျပတ္သလို ဆိုင္ထိုင္မုန္ ႔စားသူမ်ားကလည္း လမ္းေဘးမွာ ဒီတိုင္းထိုင္စားေနၾကတာျဖစ္သည္။
"လာ ေဘဘီ။လက္ကိုမလြတ္နဲ ့ လူရႈပ္တယ္ ။ ဘာစားခ်င္လဲ အေအးပဲေသာက္မွာလား"
ေပါက္စီလံုးကေတာ့ သြားလာသူမ်ားကို
တအံတၾသၾကည့္လို ႔ သေဘာက်ေနတယ္။
ေမးတာကိုျပန္မေျဖပဲ ပတ္ဝန္းက်င္ကို စူးစမ္းေနတဲ့ ဝက္ေပါက္ေလးကို
ခါးကိုင္း ငံု ႔ၾကည့္ကာ မ်က္စိေရွ ႔လက္ကို ယမ္းျပလိုက္၏။
"တအားေငးတာပဲ။ ေတာ္ေတာ့ ငါ့ကိုပဲၾကည့္ ၊ငါေျပာတာပဲ နားေထာင္ "
"ဟီး လံုလံု ခုမွ ျမင္ဖူးလို ႔ပါ ခ်စ္ခ်စ္ကလည္း"
ဘာစကားမွ ဆက္မေျပာေတာ့ပဲ
ေပါက္စီလံုးရဲ႕ အိစက္ေနတဲ့ လက္ကေလးကို အသာဆြဲလို ႔ အေအးဆိုင္ေရွ ႔မွာ ဝင္ထိုင္လိုက္သည္။
အေအးဆိုင္ဆိုေပမဲ့ ခံုပုေလးေတြပဲ ခ်ထားကာ စားပြဲမခ်ထားေပ။
စားခ်င္ရင္ လက္ထဲမွာ ဒီတိုင္းကိုင္စားရတာျဖစ္၏။
ခံုနွစ္ခံု ကို လူလြတ္ရာ ေနရာမွာ ဆြဲထိုင္ရင္း အေအးေရာင္းတဲ့ အေဒၚႀကီးကို
ေအာ္ကာမွာလိုက္သည္။
"အေဒၚ ကြၽန္ေတာ္တို ႔အတြက္
ဖာလူဒါ အခ်ိဳ ေလ်ာ့ၿပီး စိမ့္စိမ့္ေလး တခြက္နဲ ့ သံပရာေရတခြက္ေပးပါ"
ေပါက္စီလံုးက ကြၽန္ေတာ္လုပ္သမ်ွ မ်က္လံုးျပဴးေလးနဲ ့လိုက္ၾကည့္ေနတာေၾကာင့္ ဆံပင္ေတြဆြဲဖြၿပီး
"ေျပာ ဘာေျပာခ်င္လို ႔လဲ။ မျမင္ဖူးလို အတင္းလိုက္ၾကည့္ေနတာလား"
" ခ်စ္ခ်စ္ကို ခ်စ္လို ႔ေပါ့။ လံုလံု ခါတိုင္းလဲ
ၾကည့္ေနတက္တာပဲ ကို "
ေဘးခ်င္းကပ္ထိုင္ေနတဲ့ ခံုမို ႔ ေပါက္စီလံုးတစ္ေယာက္ မွီႏြဲ ့ကာ ခြၽဲခ်င္တိုင္းခြၽဲေနေလရဲ႕။ ပုခံုးထက္မွာ မွီထားတဲ့ ေခါင္းေလးကို တခ်က္ငံု ႔နမ္းကာ နွစ္ေယာက္သားအေတာ္ၾကာေအာင္ အေအးမွာထားတာေစာင့္ရင္း လမ္းေပၚကို ေငးေမာၾကည့္မိသည္။
"ဒီနွစ္ေႏြရာသီကို ေဘဘီ ဘာသင္တန္းတက္ခ်င္လဲ တူရိယာတီးတာ တခုခု သင္ခ်င္လား "
ေျပာေနရင္း အေအး လာပို ႔ေပးတဲ့ ေကာင္မေလးတစ္ေယာက္ေၾကာင့္စကားစျပတ္ကာ ခဏရပ္သြား၏။
"ေနအုန္း ငါေမႊေပးမယ္"
ဂရုတစိုက္ အရသာစံုေအာင္ ဇြန္းနဲ ့ေမႊေပးကာ အရင္ တဇြန္းျမည္းၾကည့္လိုက္သည္။ အရမ္းမခ်ိဳပဲ
စိမ့္သက္သက္အရသာေၾကာင့္ ဇြန္းကို
ေပါက္စီလံုးထံျပန္ေပးၿပီး စားေစလိုက္သည္။
"ေရာ႕ အရမ္းမခ်ိဳဘူး။စား လမ္းေဘးသည္ဆိုေပမဲ့ အရသာအရမ္းေကာင္းတယ္။
ေစာက ငါေျပာတာ စကားဆက္္အုန္းမယ္။
သင္တန္းတက္မလားဆိုတာေလ ။ ဘယ္လိုလဲ "
" အင္း လံုလံု တက္ခ်င္တယ္။ ဂစ္တာ
ကို ေ႐ြးလို ႔ရလား။ လံုလံု အဲ့ဒါပဲ တက္ခ်င္တယ္ "
စားေနရင္း ေျပာလာတဲ့ စကားမို ႔ အနည္းငယ္ မပီသခ်င္ေပမဲ့ ကြၽန္ေတာ္အေတြးေတြကေတာ့ ေလးနက္သြားသည္။
ဂစ္တာတီးဖို ႔ ေပါက္စီလံုးအရမ္းငယ္လြန္းေန မလား။
ပညာေရးဖက္ကိုလဲ မေလ်ာ့က်ေစခ်င္။
ခုဆိုရင္ ေပါက္စီလံုးက ကြၽန္ေတာ့္ျပဳစုမူ ႔
ေၾကာင့္ 1 to 5 ဝင္ေနေပမဲ့ ဗဟုသုတနဲ ့
ဘာသာစကား၂မ်ိဳးေလာက္ ေကာင္းေကာင္းေျပာတက္ေနၿပီ။
ေပါက္စီလံုးအတြက္ အေကာင္းဆံုးကိုသာ
ေပးအပ္ခ်င္ေပမဲ့ ကေလးကို
အမ်ားႀကီးဖိအားျဖစ္သြားမွာကိုေတာ့
ကြၽန္ေတာ္ ေၾကာက္သည္။
"ငါ စဥ္းစားအုန္းမယ္။ မင္းအသက္အ႐ြယ္နဲ ့ သင္ဖို ႔ ငယ္ေသးမွာ စိုးတယ္။
ၿပီးေတာ့ ပညာေရးမွာ တိုးတက္မူ ႔ေလ်ာ့
က်သြားရင္ .."
ေပါက္စီလံုးက တဝက္ေလာက္က်န္ေနေသးတဲ့ ခြက္ကို ဆက္မစားေတာ့ပဲ
ဇြန္းကို ခြက္ထဲ ထည့္လိုက္သည္။
ၿပီးမွ ကြၽန္ေတာ့ဖက္ကို လူတကိုယ္လံုးလွည့္လာကာ အေအးေသာက္တဲ့ ပိုက္တံကို ခြက္ထဲလွည့္ေနတဲ့ ကြၽန္ေတာ့လက္ကို
လာဆြဲကာ ဆုပ္ကိုင္လိုက္သည္။
ၿပီးမွ
"လံုလံု ကတိေပးတယ္။
လံုလံု အကုန္လံုးကို အရင္တိုင္းပဲ
တိုးတက္ေအာင္လုပ္မယ္။ အမွတ္ေတြလဲ မေလ်ာ့က်သြားေစရဘူး။ ေနာ္ လံုလံုကို
ဂစ္တာတီးသင္ေပးပါ "
ေပါက္စီလံုးေျပာေနတာကို ၾကားေပးမဲ့
ကြၽန္ေတာ္ နားထဲမဝင္ပါ။
ကြၽန္ေတာ္သိတာ နႈတ္ခမ္းပါးေလးမွာ
ကပ္ၿငိေနတဲ့ အျဖဴေရာင္ ဖာလူဒါနို ႔နွစ္မ်ား။
ဘယ္ေလာက္ေတာင္ နို ႔ေတြထည့္ေပးထားလဲမသိ။
နႈတ္ခမ္းေဘးတဝိုက္မွာ ေပလို ႔။
ေသခ်ာလက္မနဲ ့သြားသုတ္ေပးေတာ့
စကားေျပာတာအရွိန္ျပတ္သြားလို ႔ထင္၏
မ်က္မွန္ေအာက္က မ်က္ဝန္းေတြက
အလိုမက်ဟန္ျဖင့္ၾကည့္လာကာ
သုတ္ေပးေနတဲ့ လက္မကို သြားနဲ ့ဖိကိုက္လိုက္သည္။
"အ! ဝက္စုတ္ ဘာကိစၥငါ့ကို ကိုက္တာလဲ"
"လံုလံု စကားေျပာေနတာ ခ်စ္ခ်စ္မွ စိတ္မဝင္စားတာကို "
"စိတ္မဝင္စားတာနဲ ့ကိုက္စရာလား ။
အသက္ကေလးႀကီးလာကာရွိေသး
မင္းငါ့ကိုအရင္လို မခ်စ္ေတာ့ဘူးမို ႔လား "
နွစ္ေယာက္သား ခပ္ႀကိတ္ႀကိတ္ရန္ျဖစ္ေနတာမို ႔ ပတ္ဝန္းက်င္က သိပ္ဂရုမျပဳမိၾက။
ေသာက္လက္စအေအးခြက္ကို ကိုင္ထားၿပီး သူၿပိဳင္ကိုယ္ၿပိဳင္ ျပန္ၾကည့္ေနၾကစဥ္
ေပါက္စီလံုးက ပထမဆံုး မ်က္လႊာခ်သြား၏
ၿပီးေတာ့ သက္ပ်င္းခ်သည္။
ေအာင္မာ ကိုယ္က အႀကီးျဖစ္ၿပီး တမင္သူ ႔ကို စိတ္ညစ္ေအာင္လုပ္တယ္ဆိုတဲ့ သေဘာလား ။
သက္ျပင္းခ်ျခင္းခ် သူ လို ဝက္တုတ္ၿပဲ
ကို ဂရုစိုက္ေပးေနရတဲ့ ကိုယ္က ခ်ရမွာမဟုတ္ဖူးလား။
မုန္ ႔ေကြၽးတာ ၊ေရတိုက္တာ ၊ထမင္းေကြၽး
ေခ်းေသးသုတ္သင္တာ ကိုယ္နဲ ့ဘာတခု
လြတ္ဘူးလဲ။
" ေဘဘီမင္းငါ့ကို စိတ္မရွည္တာလား "
နႈတ္ခမ္းပါးေတြက လံုးဝစူထြက္လာကာ
မ်က္လံုးျပဴးေလးက မ်က္မွန္ေအာက္က ခုန္ထြက္ေတာ့မေယာင္ ေမာ့ၾကည့္လာတယ္။
ေျပာ ဘာလဲဆိုတဲ့ သေဘာနဲ ့ ေပေစာင္းေစာင္းၿပန္ၾကည့္လိုက္ေတာ့မွ
နႈတ္ခမ္းေတြ စူေနရာမွ အထဲျပန္ဝင္ကာ မဲ့က်သြား၏။
ဝက္တစ္ေကာင္ရဲ႕ ေျပာင္းလဲတဲ့မ်က္နွာသြင္ျပင္ကို ေစ့စပ္စြာ ၾကည့္ေနတုန္း ထြက္ေနတဲ့
ေဒါသစိတ္ကေလးသည္ ခ်က္ျခင္း
ေပ်ာက္ကြယ္သြားတာကေတာ့ အံ့ၾသစရာပင္။
"လံုလံု ခ်စ္ခ်စ္ကို အၿမဲခ်စ္မွာ ။
အသက္ႀကီးလဲခ်စ္မွာပဲ။ ၿပီးေတာ့ စိတ္လည္းရွည္မွာ။ ခ်စ္ခ်စ္ အဘိုးႀကီးျဖစ္သြားရင္
လံုလံု ကို ငယ္ငယ္က ျပဳစုေပးသလို
ခ်စ္ခ်စ္ကို ျပန္ျပဳစုေပးမွာ ။
ေနာက္ကို မဟုတ္တာေတြမေျပာစမ္းနဲ ့"
ေအာင္မာ လက္ေတာက္ေလာက္က။
ေျပာၿပီး လက္ထဲက ခြက္ကို ဆြဲယူသြားကာ ေစ်းသည္အေဒၚႀကီးဆီသြားေပးသည္။ ဒူးသာသာ ဝတ္ထားတဲ့ ေဘာင္းဘီထဲက ဆြဲထုတ္ၿပီး လူႀကီးတစ္ေယာက္လို ပိုက္ဆံရွင္းေနတာမို ႔ အလိုမက်စြာ
မ်က္ေမွာင္ကုတ္မိသည္။
ဘယ္ကပိုက္ဆံေတြလဲ။
ကိုယ္ပါေနတာကို ကေလးက ကေလးလို မေနဘူး။
"ခ်စ္ခ်စ္ ျပန္မယ္ "
ကမ္းလာတဲ့ လက္ေဖာင္းေဖာင္းေတြကို
ငံု ႔ၾကည့္ၿပီး
" ပိုက္ဆံဘယ္ကရတာလဲ ။
မင္းေဖေဖေပးတာေတြယူေနျပန္တာလား။
ငါ့အရိပ္မွာ ငါ ဝလင္ေအာင္မေကြၽးနိုင္ လို ႔လား..... "
"ေတာ္ၿပီ ဘာမဟုတ္တာကို
ေလကုန္ခံေနတာလဲ။ ထ ျပန္မယ္။
ပိုက္ဆံက ေဖေဖေပးမွပဲ ရမွာလား။
ခ်စ္ခ်စ္ေပးထားတာေတြ မသံုးပဲစုထားတာ "
အတင္းလက္ဆြဲကာ ေခၚရင္း ရွင္းျပလာတာမို ႔ ေဒါသစိတ္ေလး က
စကၠန္ ႔၃၀မၾကာပဲ ေျပရျပန္သည္။
"ဘာလို ႔မစားပဲ လုပ္ေနျပန္တာလဲ
မုန္ ႔ဖိုးေပးပါတယ္ဆိုမွ စားေစခ်င္လို ႔ ႔...အ! ေခြးေကာင္ေလး ငါ့ကိုကိုက္ျပန္ၿပီ"
ထို ႔အခါမွ ၿပံဳးစိစိျဖစ္လာတဲ့ မ်က္နွာေလးနဲ ့အတူ
"ခ်စ္ခ်စ္က အူယားစရာေကာင္းလို ႔" တဲ့။
ခ်စ္တဲ့အိမ္စည္။
____________
"လရိပ် ခဏ စောင့်အုန်း တီလေး ဈေးရောင်း ကျနေလို့ "
တီလေး ကို ခေါင်းညိမ့်ပြကာ
ဘေးနားခုံမှာ ထိုင်နေတဲ့ ပေါက်စီလုံးကို
ငုံ့ ကြည့်လိုက်သည်။
ရာသီဥတု ပူပေမဲ့ ဈေးဆိုတဲ့ အတိုင်း အထည်ဆိုင်တွေ ကုန်စုံဆိုင်တွေနဲ့ ပြည့်ကာ
လူသွားလူလာကလည်း ပြည့်ညက်နေသည်။
သူတို့ နှစ်ယောက်ကတော့ ဒီနေ့ ကျောင်းပိတ်တာရော၊ ပေါက်စီလုံးအတွက် လိုအပ်တာလေး ဝယ်ပေးချင်တာရောပေါင်းကာ တီလေး နဲ့ မနက်အစောကြီး ကတည်းက လိုက်လာခဲ့တာဖြစ်သည်။
တီလေး အထည်ဆိုင်သည်
ယောကျာ်းမိန်းမဝတ်အထည်မျိုးစုံရောင်းဝယ်ပြီး ဝန်ထမ်းနှစ်ယောက်နဲ့ သိပ်မကြီးပေမဲ့ စုံလင်စွာရောင်းနိုင်တဲ့အနေထားမှာသာ။
လရိပ်က တခါတရံလာလိုက်ဖူးပေမဲ့
ပေါက်စီလုံးကတော့ ခုမှပထမဆုံးအကြိမ်ဖြစ်သည်။
ဆိုင်ရှေ့ ထောင့်နားလေးက ခုံမှာ ထိုင်စောင့်ရင်း အပူဒဏ်ကြောင့် အနည်းငယ်ချွေးပြန်ချင်နေတဲ့ ပေါက်စီလုံးနဖူးတွေ ကို
လက်ဖဝါးနဲ့ သုတ်ဖယ်ပေးလိုက်သည်။
ပေါက်စီလုံးက အရမ်းနုသည်။
အပူဒဏ်ကို မခံနိုင်ပဲ အပြင်ထွက်ရင်
နှာခေါင်းထိပ်လေးတွေရဲကာ
ချွေးအရမ်းထွက်တက်သည်။
"ဘေဘီ အရမ်းပူနေလား။ တီလေးက နည်းနည်းကြာအုန်းမယ်ထင်တယ်။
ငါနဲ့ ဈေးထဲ မုန့် သွားစားကြမလား"
ကြည်တောက်တောက် မျက်ဝန်းတွေက မျက်မှန်လေးခြားနေတာတောင်
ကြယ်ကလေးတလုံးလို လှနေတုန်း။
" လုံလုံ ဖာလူဒါသောက်ချင်တယ်။ "
"အချို များတယ်လေကွာ"
မဝင့်မရဲတောင်းဆိုနေတဲ့ အကြည့်တွေကြောင့် စိတ်ထဲကမှာ လိုက်ရောချင်စိတ်က ထကြွလာသည်။ ပေါက်စီလုံး တစ်ယောက်ခုတလော သိပ်ချွဲနွဲ့ လာတာ သိသိသာသာ။
အနည်းငယ် စူလာတဲ့ နှုတ်ခမ်းပေါက်စကို ဆွဲညစ်ရင်း
"ကဲ ဒီနေ့ တော့ ခွင့်ပြုလိုက်မယ်။
နောက်ရက် အဆာပြေစားရင် တခြားမုန့် မရဘူး ပန်းသီးပဲရမယ် ။ သဘောတူလား"
"yes"
မြူးကြွစွာ အော်ပြီး ပါးတစ်ဖက်ကို
အနမ်းပေးလာကာ သဘောတူကြောင်းပြလာတာမို့ ပြုံးမိတာအခါခါ။
ဝက်ပေါက်စကို လက်ဆွဲကာ တီလေးကို မုန့် စားသွားမဲ့အကြောင်းခွင့်တောင်းလိုက်သည်။
ကလေးပျောက်မယ်ဆိုတာပဲ သတိပေးပြီး မုန့်ဖိုးထုတ်ပေးလိုက်တာမို့
ပေါက်စီလုံးနဲ့ မုန့် စားဖို့ ဈေးထဲ ကနေထွက်ခဲ့လိုက်သည်။
မုန့် ပဲ သရေစာရောင်းတဲ့ ဈေးသည်တော်တော်များများသည်
လူသွားလမ်း ပလက်ဖောင်းဘေးတွေ
အတန်းလိုက်ချရောင်းနေကြတာဖြစ်ပြီး
သွားလာလှုပ်ရှားသူများကလည်း အသွားလာမပြတ်သလို ဆိုင်ထိုင်မုန့် စားသူများကလည်း လမ်းဘေးမှာ ဒီတိုင်းထိုင်စားနေကြတာဖြစ်သည်။
"လာ ဘေဘီ။လက်ကိုမလွတ်နဲ့ လူရှုပ်တယ် ။ ဘာစားချင်လဲ အအေးပဲသောက်မှာလား"
ပေါက်စီလုံးကတော့ သွားလာသူများကို
တအံတသြကြည့်လို့ သဘောကျနေတယ်။
မေးတာကိုပြန်မဖြေပဲ ပတ်ဝန်းကျင်ကို စူးစမ်းနေတဲ့ ဝက်ပေါက်လေးကို
ခါးကိုင်း ငုံ့ ကြည့်ကာ မျက်စိရှေ့ လက်ကို ယမ်းပြလိုက်၏။
"တအားငေးတာပဲ။ တော်တော့ ငါ့ကိုပဲကြည့် ၊ငါပြောတာပဲ နားထောင် "
"ဟီး လုံလုံ ခုမှ မြင်ဖူးလို့ ပါ ချစ်ချစ်ကလည်း"
ဘာစကားမှ ဆက်မပြောတော့ပဲ
ပေါက်စီလုံးရဲ့ အိစက်နေတဲ့ လက်ကလေးကို အသာဆွဲလို့ အအေးဆိုင်ရှေ့ မှာ ဝင်ထိုင်လိုက်သည်။
အအေးဆိုင်ဆိုပေမဲ့ ခုံပုလေးတွေပဲ ချထားကာ စားပွဲမချထားပေ။
စားချင်ရင် လက်ထဲမှာ ဒီတိုင်းကိုင်စားရတာဖြစ်၏။
ခုံနှစ်ခုံ ကို လူလွတ်ရာ နေရာမှာ ဆွဲထိုင်ရင်း အအေးရောင်းတဲ့ အဒေါ်ကြီးကို
အော်ကာမှာလိုက်သည်။
"အဒေါ် ကျွန်တော်တို့ အတွက်
ဖာလူဒါ အချို လျော့ပြီး စိမ့်စိမ့်လေး တခွက်နဲ့ သံပရာရေတခွက်ပေးပါ"
ပေါက်စီလုံးက ကျွန်တော်လုပ်သမျှ မျက်လုံးပြူးလေးနဲ့ လိုက်ကြည့်နေတာကြောင့် ဆံပင်တွေဆွဲဖွပြီး
"ပြော ဘာပြောချင်လို့ လဲ။ မမြင်ဖူးလို အတင်းလိုက်ကြည့်နေတာလား"
" ချစ်ချစ်ကို ချစ်လို့ ပေါ့။ လုံလုံ ခါတိုင်းလဲ
ကြည့်နေတက်တာပဲ ကို "
ဘေးချင်းကပ်ထိုင်နေတဲ့ ခုံမို့ ပေါက်စီလုံးတစ်ယောက် မှီနွဲ့ ကာ ချွဲချင်တိုင်းချွဲနေလေရဲ့။ ပုခုံးထက်မှာ မှီထားတဲ့ ခေါင်းလေးကို တချက်ငုံ့ နမ်းကာ နှစ်ယောက်သားအတော်ကြာအောင် အအေးမှာထားတာစောင့်ရင်း လမ်းပေါ်ကို ငေးမောကြည့်မိသည်။
"ဒီနှစ်နွေရာသီကို ဘေဘီ ဘာသင်တန်းတက်ချင်လဲ တူရိယာတီးတာ တခုခု သင်ချင်လား "
ပြောနေရင်း အအေး လာပို့ ပေးတဲ့ ကောင်မလေးတစ်ယောက်ကြောင့်စကားစပြတ်ကာ ခဏရပ်သွား၏။
"နေအုန်း ငါမွှေပေးမယ်"
ဂရုတစိုက် အရသာစုံအောင် ဇွန်းနဲ့ မွှေပေးကာ အရင် တဇွန်းမြည်းကြည့်လိုက်သည်။ အရမ်းမချိုပဲ
စိမ့်သက်သက်အရသာကြောင့် ဇွန်းကို
ပေါက်စီလုံးထံပြန်ပေးပြီး စားစေလိုက်သည်။
"ရော့ အရမ်းမချိုဘူး။စား လမ်းဘေးသည်ဆိုပေမဲ့ အရသာအရမ်းကောင်းတယ်။
စောက ငါပြောတာ စကားဆက်အုန်းမယ်။
သင်တန်းတက်မလားဆိုတာလေ ။ ဘယ်လိုလဲ "
" အင်း လုံလုံ တက်ချင်တယ်။ ဂစ်တာ
ကို ရွေးလို့ ရလား။ လုံလုံ အဲ့ဒါပဲ တက်ချင်တယ် "
စားနေရင်း ပြောလာတဲ့ စကားမို့ အနည်းငယ် မပီသချင်ပေမဲ့ ကျွန်တော်အတွေးတွေကတော့ လေးနက်သွားသည်။
ဂစ်တာတီးဖို့ ပေါက်စီလုံးအရမ်းငယ်လွန်းနေ မလား။
ပညာရေးဖက်ကိုလဲ မလျော့ကျစေချင်။
ခုဆိုရင် ပေါက်စီလုံးက ကျွန်တော့်ပြုစုမူ့
ကြောင့် 1 to 5 ဝင်နေပေမဲ့ ဗဟုသုတနဲ့
ဘာသာစကား၂မျိုးလောက် ကောင်းကောင်းပြောတက်နေပြီ။
ပေါက်စီလုံးအတွက် အကောင်းဆုံးကိုသာ
ပေးအပ်ချင်ပေမဲ့ ကလေးကို
အများကြီးဖိအားဖြစ်သွားမှာကိုတော့
ကျွန်တော် ကြောက်သည်။
"ငါ စဉ်းစားအုန်းမယ်။ မင်းအသက်အရွယ်နဲ့ သင်ဖို့ ငယ်သေးမှာ စိုးတယ်။
ပြီးတော့ ပညာရေးမှာ တိုးတက်မူ့ လျော့
ကျသွားရင် .."
ပေါက်စီလုံးက တဝက်လောက်ကျန်နေသေးတဲ့ ခွက်ကို ဆက်မစားတော့ပဲ
ဇွန်းကို ခွက်ထဲ ထည့်လိုက်သည်။
ပြီးမှ ကျွန်တော့ဖက်ကို လူတကိုယ်လုံးလှည့်လာကာ အအေးသောက်တဲ့ ပိုက်တံကို ခွက်ထဲလှည့်နေတဲ့ ကျွန်တော့လက်ကို
လာဆွဲကာ ဆုပ်ကိုင်လိုက်သည်။
ပြီးမှ
"လုံလုံ ကတိပေးတယ်။
လုံလုံ အကုန်လုံးကို အရင်တိုင်းပဲ
တိုးတက်အောင်လုပ်မယ်။ အမှတ်တွေလဲ မလျော့ကျသွားစေရဘူး။ နော် လုံလုံကို
ဂစ်တာတီးသင်ပေးပါ "
ပေါက်စီလုံးပြောနေတာကို ကြားပေးမဲ့
ကျွန်တော် နားထဲမဝင်ပါ။
ကျွန်တော်သိတာ နှုတ်ခမ်းပါးလေးမှာ
ကပ်ငြိနေတဲ့ အဖြူရောင် ဖာလူဒါနို့ နှစ်များ။
ဘယ်လောက်တောင် နို့ တွေထည့်ပေးထားလဲမသိ။
နှုတ်ခမ်းဘေးတဝိုက်မှာ ပေလို့ ။
သေချာလက်မနဲ့ သွားသုတ်ပေးတော့
စကားပြောတာအရှိန်ပြတ်သွားလို့ ထင်၏
မျက်မှန်အောက်က မျက်ဝန်းတွေက
အလိုမကျဟန်ဖြင့်ကြည့်လာကာ
သုတ်ပေးနေတဲ့ လက်မကို သွားနဲ့ ဖိကိုက်လိုက်သည်။
"အ! ဝက်စုတ် ဘာကိစ္စငါ့ကို ကိုက်တာလဲ"
"လုံလုံ စကားပြောနေတာ ချစ်ချစ်မှ စိတ်မဝင်စားတာကို "
"စိတ်မဝင်စားတာနဲ့ ကိုက်စရာလား ။
အသက်ကလေးကြီးလာကာရှိသေး
မင်းငါ့ကိုအရင်လို မချစ်တော့ဘူးမို့ လား "
နှစ်ယောက်သား ခပ်ကြိတ်ကြိတ်ရန်ဖြစ်နေတာမို့ ပတ်ဝန်းကျင်က သိပ်ဂရုမပြုမိကြ။
သောက်လက်စအအေးခွက်ကို ကိုင်ထားပြီး သူပြိုင်ကိုယ်ပြိုင် ပြန်ကြည့်နေကြစဉ်
ပေါက်စီလုံးက ပထမဆုံး မျက်လွှာချသွား၏
ပြီးတော့ သက်ပျင်းချသည်။
အောင်မာ ကိုယ်က အကြီးဖြစ်ပြီး တမင်သူ့ ကို စိတ်ညစ်အောင်လုပ်တယ်ဆိုတဲ့ သဘောလား ။
သက်ပြင်းချခြင်းချ သူ လို ဝက်တုတ်ပြဲ
ကို ဂရုစိုက်ပေးနေရတဲ့ ကိုယ်က ချရမှာမဟုတ်ဖူးလား။
မုန့် ကျွေးတာ ၊ရေတိုက်တာ ၊ထမင်းကျွေး
ချေးသေးသုတ်သင်တာ ကိုယ်နဲ့ ဘာတခု
လွတ်ဘူးလဲ။
" ဘေဘီမင်းငါ့ကို စိတ်မရှည်တာလား "
နှုတ်ခမ်းပါးတွေက လုံးဝစူထွက်လာကာ
မျက်လုံးပြူးလေးက မျက်မှန်အောက်က ခုန်ထွက်တော့မယောင် မော့ကြည့်လာတယ်။
ပြော ဘာလဲဆိုတဲ့ သဘောနဲ့ ပေစောင်းစောင်းပြန်ကြည့်လိုက်တော့မှ
နှုတ်ခမ်းတွေ စူနေရာမှ အထဲပြန်ဝင်ကာ မဲ့ကျသွား၏။
ဝက်တစ်ကောင်ရဲ့ ပြောင်းလဲတဲ့မျက်နှာသွင်ပြင်ကို စေ့စပ်စွာ ကြည့်နေတုန်း ထွက်နေတဲ့
ဒေါသစိတ်ကလေးသည် ချက်ခြင်း
ပျောက်ကွယ်သွားတာကတော့ အံ့သြစရာပင်။
"လုံလုံ ချစ်ချစ်ကို အမြဲချစ်မှာ ။
အသက်ကြီးလဲချစ်မှာပဲ။ ပြီးတော့ စိတ်လည်းရှည်မှာ။ ချစ်ချစ် အဘိုးကြီးဖြစ်သွားရင်
လုံလုံ ကို ငယ်ငယ်က ပြုစုပေးသလို
ချစ်ချစ်ကို ပြန်ပြုစုပေးမှာ ။
နောက်ကို မဟုတ်တာတွေမပြောစမ်းနဲ့ "
အောင်မာ လက်တောက်လောက်က။
ပြောပြီး လက်ထဲက ခွက်ကို ဆွဲယူသွားကာ ဈေးသည်အဒေါ်ကြီးဆီသွားပေးသည်။ ဒူးသာသာ ဝတ်ထားတဲ့ ဘောင်းဘီထဲက ဆွဲထုတ်ပြီး လူကြီးတစ်ယောက်လို ပိုက်ဆံရှင်းနေတာမို့ အလိုမကျစွာ
မျက်မှောင်ကုတ်မိသည်။
ဘယ်ကပိုက်ဆံတွေလဲ။
ကိုယ်ပါနေတာကို ကလေးက ကလေးလို မနေဘူး။
"ချစ်ချစ် ပြန်မယ် "
ကမ်းလာတဲ့ လက်ဖောင်းဖောင်းတွေကို
ငုံ့ ကြည့်ပြီး
" ပိုက်ဆံဘယ်ကရတာလဲ ။
မင်းဖေဖေပေးတာတွေယူနေပြန်တာလား။
ငါ့အရိပ်မှာ ငါ ဝလင်အောင်မကျွေးနိုင် လို့ လား..... "
"တော်ပြီ ဘာမဟုတ်တာကို
လေကုန်ခံနေတာလဲ။ ထ ပြန်မယ်။
ပိုက်ဆံက ဖေဖေပေးမှပဲ ရမှာလား။
ချစ်ချစ်ပေးထားတာတွေ မသုံးပဲစုထားတာ "
အတင်းလက်ဆွဲကာ ခေါ်ရင်း ရှင်းပြလာတာမို့ ဒေါသစိတ်လေး က
စက္ကန့် ၃၀မကြာပဲ ပြေရပြန်သည်။
"ဘာလို့ မစားပဲ လုပ်နေပြန်တာလဲ
မုန့် ဖိုးပေးပါတယ်ဆိုမှ စားစေချင်လို့့...အ! ခွေးကောင်လေး ငါ့ကိုကိုက်ပြန်ပြီ"
ထို့ အခါမှ ပြုံးစိစိဖြစ်လာတဲ့ မျက်နှာလေးနဲ့ အတူ
"ချစ်ချစ်က အူယားစရာကောင်းလို့ " တဲ့။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz