ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

12

eainsi23

မီးလင္းေနေသးေသာ အခန္းငယ္ေလးကို
ေငးၾကည့္ရင္း လံုလံု တစ္ေယာက္
ကေလးတန္မဲ့ သက္ျပင္းခ်မိတာအခါခါ။
သူ ခ်စ္ခ်စ္ကို အရမ္းလြမ္းေနၿပီေလ။
ခုဆို ပိုဆိုးတယ္။ တေန ကုန္ သူစိတ္ဆိုးေနတာေတာင္ ခ်စ္ခ်စ္က မေခ်ာ့ဘူး။
ေက်ာင္းမွာ ကေလးေတြနဲ ့ေဆာ့ေနတာျမင္ရင္ လာဆူမလားလို ႔ ေစာင့္ေနေပမဲ့
ခ်စ္ခ်စ္က လံုလံု ကိုမသိခ်င္ေယာင္ေဆာင္သြားတယ္။
လံုလံုအရမ္းဝမ္းနည္းတာပဲ။
လံုလံုကေတာ့ ခ်စ္လိုက္ရတာ ။

ခ်စ္ခ်စ္က  လံုလံု ဆို သိပ္အနိုင္က်င့္တယ္။

လက္ထဲမွာ ေန ႔ခင္းက ခ်စ္ခ်စ္ လူႀကံဳေပးလိုက္တဲ့ စပ်စ္သီးေျခာက္မုန္ ႔ထုတ္ေလးကို မစားရက္စြာ လက္ထဲမွာ လွည့္ပတ္ေဆာ့ရင္း တဖက္အိမ္ကို  ေမ်ွာ္ၾကည့္ေနမိသည္။

နွစ္ေယာက္အိပ္ေမြ ႕ယာက်ယ္ႀကီးက
တခါတေလေတာင္ လာမအိပ္ျဖစ္ေပမဲ့
ခမ္းနားႀကီးက်ယ္စြာ အလွဆင္ထားတာေတြ ႕ရသည္။

သို ႔ေပမဲ့ လံုလံု ဒီမွာ မအိပ္ခ်င္ေပ။
ခ်စ္ခ်စ္ေဘးမွာ မရွိဘဲ သူ မအိပ္တက္ဘူး။
ဒါေပမဲ့ ခ်စ္ခ်စ္က သူ ႔ကိုမွမလို ခ်င္တာ။
ဟိုဖက္အိမ္ကို အရမ္းသြားခ်င္ေပမဲ့
ခ်စ္ခ်စ္က သူ ႔ကို လာမွမေခၚပဲ သူဘယ္လို သြားရမွာလဲ။

စိတ္ညစ္လိုက္တာ  ဒီလိုမွန္းသိရင္
သူ ခ်စ္ခ်စ္ကို စိတ္မေကာက္ပါဘူး။

က်ယ္ျပန္ ႔လွတဲ့  ဝရံတာမွာ ဝတုတ္တုတ္
ဝက္တေကာင္ဟာ ေတာင္ေလ်ွာက္လိုက္
ေျမာက္ေလ်ွာက္လိုက္နဲ ့ အိပ္မရလို ႔
လမ္းသလားေနတယ္။

_______

"က်စ္ !  "

တလံုးမွ ဖတ္မရတဲ့ စာေတြေၾကာင့္
စာအုပ္ကို စိတ္ပ်က္စြာပိတ္လိုက္မိသည္။
သူလုပ္ေနက်အလုပ္မ်ားစြာကို
ဒီေန ႔ ဘာတခုမွ မလုပ္ရတာကို
သူနည္းနည္းမွ အလိုမက်။

ခါတိုင္းဆို ေပါက္စီလံုးကို
ေရခ်ိဳးထမင္းေကြၽး စာျပရတဲ့ အလုပ္ေတြ
ေၾကာင့္ ညအခ်ိန္သည္  ခဏသာၾကာျမင့္ခဲ့ေပမဲ့ ယေန ႔ေတာ့မတူညီေတာ့ေပ။

တေန ႔လံုးမၾကားရတဲ့ အသံဆာဆာေလး
ကို သူတကယ္ၾကားခ်င္ေနမိသည္။
ဒီခ်ိန္ ေပါက္စီလံုးတစ္ေယာက္
ဟိုဖက္အိမ္မွာ ဘာေတြမ်ားလုပ္ေနမလဲ။
ထမင္းေရာ စားၿပီးရဲ႕လား သူအရမ္းစိတ္ပူူည္။

ဒီအသက္အ႐ြယ္ေရာက္ေနတာေတာင္
လရိပ္အရိပ္တၾကည့္ၾကည့္  ဂရုစိုက္ခဲ့တာမို ႔
ေပါက္စီလံုးက ကိုယ့္ဘာသာဘာတခုမွမလုပ္တက္ေပ။

စိတ္မဝင္စားေတာ့တဲ့  စာအုပ္ကို
ဆက္မဖတ္ေတာ့ပဲ  တဖက္အိမ္က
ဝရံတာကို လွမ္းၾကည့္လိုက္မိသည္။
သူ ႔အခန္းနဲ ့ေပါက္စီလံုးအခန္းသည္
အနည္းငယ္ေဝးကြာေပမဲ့
ေသခ်ာျမင္ရတဲ့အေနထားမွာမို ႔ ေပါက္စီလံုးသာ အဲ့ဒီေနရာမွာ ရွိရင္ ေတြ ႕ျမင္နိုင္ေလသည္။

သို ႔ေသာ္ ေမ်ွာ္မွန္းထားသလို ေပါက္စီလံုးရွိမေနေပ။
စိတ္ပ်က္စြာ သူအိပ္ယာ ဝင္လိုက္သည္။
က်ယ္ဝန္းသြားေသာ အိပ္ယာမွာ
လြတ္လပ္စြာ အိပ္ေနမိေပမဲ့
ေဘးမွာ အိပ္ေနၾကသူမရွိတဲ့အျဖစ္က
ေနရခက္လြန္းလွသည္။
ေခါင္းခ်တာနဲ ့အိပ္ေပ်ာ္တက္လြန္းတဲ့
ကြၽန္ေတာ္သည္ ခုေတာ္ေတာ္နဲ ့အိပ္မေပ်ာ္ပဲ ျဖစ္ေန၏။

တလူးလူးတလိမ့္လိမ့္နဲ ့ျဖစ္ေနတုန္း
ၾကားေနၾကေျခသံသဲ့သဲ့ကိုၾကားလိုက္ရသည္။
အခန္းမီးသည္ စာၾကည့္မီးသာထြန္းထားသည္မို ႔ ကြၽန္ေတာ္အနည္းငယ္ေခါင္းေထာင္ၾကည့္လိုက္ၿပီး ျပန္လွဲအိပ္လိုက္၏

ဘာေၾကာင့္ဆို အခန္းထဲကို ခိုးေၾကာင္ခိုးဝွက္ဝင္တဲ့ ဝက္တေကာင္ေၾကာင့္ပင္။
မနက္က အိမ္ကအသြားတုန္းကလိုပင္
ေက်ာပိုးအိတ္တလံုးနဲ ့ သူ အိပ္ေနတယ္ အထင္ ျဖင့္ တိုးတိတ္စြာ သူခိုးတစ္ေယာက္လို ဝင္လာတဲ့ ဝက္တုတ္ၿပဲေၾကာင့္ သိေနေပမဲ့ အိပ္ခ်င္ေယာင္ေဆာင္ေနမိသည္။

မၾကာဘူး အိတ္ကေလးခ်ကာ ကုတင္ေပၚလႈပ္စိလႈပ္စိတက္လာပီးေဘးမွာ အသာယာဝင္အိပ္လာသည္။
လုပ္သမ်ွသည္ အတက္နိုင္ဆံုး ညင္သာစြာလုပ္ေနေပမဲ့ ကြၽန္ေတာ္ကေတာ့သိေန
၏။

ေက်နပ္စိတ္နဲ ့ ၿပံဳးမလို ျဖစ္သြားေသာ
နႈတ္ခမ္းကိုအသာအယာဖိထိန္းကာ
ဘာဆက္လုပ္မလဲ မသိခ်င္ေယာင္ေဆာင္ထားလိုက္သည္။

ထို ႔ေနာက္ သက္ျပင္းခ်သံ နဲ ့အတူေလသံတိုးတိုးျဖင့္

"ခ်စ္ခ်စ္က အိပ္ေတာင္ေနၿပီ ။
လံုလံု ကို လြမ္းလဲမလြမ္းဘူး" ဟူသည့္ စိတ္ပ်က္လက္ပ်က္ေရ႐ြတ္ေနသံကိုလဲ 
ဆက္တိုက္ၾကားလိုက္ရသည္။

အေတာ္ၾကာ ေပါက္စီလံုးသည္
ကြၽန္ေတာ္ကို ထိုင္ၾကည့္ေနၿပီးေနာက္
ဖြဖြေလး မ်က္ခြံေတြ ကိုနမ္းလာ၏။
ထိတယ္ဆိုရုံေလး ဆိုေပမဲ့ အိပ္မေပ်ာ္တဲ့
ကြၽန္ေတာ္ကေတာ့ ဝက္တေကာင္ရဲ႕
လုပ္ေနသမ်ွကို အကုန္သိေန၏။
ထို ႔ေၾကာင့္ အိပ္ခ်င္ေယာင္ေဆာင္မေနေတာ့ပဲ ဝတုတ္ၿပဲ ကို အိပ္ယာထက္ ဆြဲခ်ကာ ဒူးနဲ ့ညႇပ္ဖိထားလိုက္ၿပီး တင္ပါးေတြကို ခပ္ဆတ္ဆတ္ရုိက္ပစ္လိုက္သည္။

"ထြက္သြားတုန္းက သြားၿပီး ဘာလို ႔ခုမွျပန္လာတာလဲ။ "

မ်က္မွန္ကင္းလြတ္ေနတဲ့ မ်က္လံုးဝိုင္းေတြက   အမွတ္တမဲ့ ဆြဲခ်ခံလိုက္ရ၍လန္ ႔သြားသေယာင္ ျဖစ္ေနေပမဲ့  ခ်က္ျခင္း
ဝမ္းနည္းပလက္ ျဖစ္ကာ အရည္ၾကည္ေတြဝိုင္းလာ၏။

"ခ်စ္ခ်စ္ ကို မေခၚဘူး "

"ေအာင္မာ မေခၚရင္ ဘာလို ႔ျပန္လာတာလဲ "

"လြမ္းလို ႔ေပါ့ ။ ခ်စ္ခ်စ္ေနနိုင္ေပမဲ့
လံုလံုမွမေနနိုင္တာ "

တခြန္းမခံျပန္ေအာ္ေနေသာ ေပါက္စီလံုးေၾကာင့္ ထပ္ၿပီး  တင္ပါးေတြကို ရုိက္ပစ္လိုက္သည္။
သိပ္အားမထည့္ေပမဲ့   အသားေပါေသာ ဝက္ကေလးကေတာ့ နာသြားသည့္ထင္
နႈတ္ခမ္းေတြပါ မဲ့ က်လာသည္။

" ေနာက္ ငါ့ကို ျပန္ေျပာၿပီး ခုလို ထြက္သြားရင္ မင္းကို ဒီထက္နာေအာင္ ရုိက္မွာ ...တိတ္ မငိုနဲ ့ ။ ေနာက္သြားအုန္းမွာလား"

"ဒါဆို ခ်စ္ခ်စ္လဲ နွင္မထုတ္နဲ ့ေပါ့ "

"ၾကည့္ တခြန္းမွ မခံေတာ့ဘူး။ ျပန္ေျပာေနတာေတြ တိတ္စမ္း ။ ထပ္မေျပာနဲ ့ေတာ့ "

အသားေပါေသာဝက္ေကာင္ေပါက္ကို ဒူးၾကားက ထုတ္ကာ ေခါင္းအုန္းေပၚ ေပြ ႕တင္ေပးလိုက္သည္။
တိတ္ဆိုေတာ့ ပါးစပ္ကသာတိတ္သည္။
မ်က္ရည္ကေတာ့ တစက္ေတာင္မတိတ္။
ေနာက္ဆံုးေတာ့ ကိုယ္သာ လူၾကမ္းႀကီးျဖစ္သြားတာပဲ။

"မငိုနဲ ့ေတာ့ ။ ငါေနာက္ကို နွင္မထုတ္ေတာ့ဘူး။ ငါေျပာမိလို ႔ မွားသြားပါတယ္။
ခြင့္လြတ္ ..ဟုတ္ၿပီလား"

ဂရုတစိုက္ မ်က္ရည္ေတြနဲ ့ေခြၽးေတြသုတ္ေပးရင္း ကြၽန္ေတာ္ကတိေပးလိုက္သည္။
ေပါက္စီလံုးကို အနိုင္က်င့္ေနမိတာ
မ်ားေနၿပီလားဆိုတာ မသိေပမဲ့
ကေလး ကို ငိုေအာင္ လုပ္မိတာကေတာ့
တကယ္ သူမွားသြားတာပါ။

"လံုလံုလဲ မွားသြားပါတယ္။
ခ်စ္ခ်စ္ကိုေနာက္ျပန္မေျပာေတာ့ပါဘူး"

ထိုအခါမွ ရႈိက္သံတဝက္နဲ ့ျပန္ေျဖလာသည္မို ႔ လရိပ္ၿပံဳးကာ  ဝတုတ္တုတ္ကိုယ္ေကို ဆြဲေပြ ႕ လိုက္သည္။
ဝက္တေကာင္ရဲ႕ ႀကီးထြားမူ ႔သည္ အံ့ၾသစရာပင္။
ရင္ခြင္ထဲမွာ အရင္လို မဆန္ ႔ခ်င္ေတာ့သည္မွာ ေပါက္စီလံုးကပဲ ဝလာလို ႔လား။
ကိုယ္ကပဲ ပိန္သြယ္ေနလို ႔မ်ားလားဆိုတာ အေတြးမ်ားခ်င္စရာ။

"အင္း  လိမ္မာတယ္...ထမင္းစားခဲ့ၿပီလား
ဘာစားထားလဲ"

"လံုလံု  ဘာမွစားရေသးဘူး။
ဟို သူတို ႔ကေကြၽးပါတယ္။ လံုလံု ခ်စ္ခ်စ္ကို စိတ္ေကာက္ေနလို ႔မစားခဲ့တာပါ"

ကြၽန္ေတာ္ေဒါသကို သိတဲ့ ေပါက္စီလံုးသည္ တခါထဲ ဟိုဖက္အိမ္က အလုပ္သမားေတြအတြက္ပါ ေရွ ႔ေနလိုက္ေပးၿပီးသား။
၉နာရီခြဲေနၿပီမို ႔ အနည္းငယ္ အလိုမက်ခ်င္တဲ့ စိတ္ကိုေလ်ာ့ခ်ကာ အဆာေျပေကြၽးဖို ႔အိပ္ယာကေန ထရသည္။

"ေနာက္ကို မင္း ငါ့ကြယ္ရာေရာက္ေနလဲ
စားသင့္တာကို စားရမယ္။မင္းထိခိုက္နစ္နာေစမဲ့ အရာမ်ိဳး လုပ္တာ ဒါေနာက္ဆံုးအႀကိမ္ျဖစ္ပါေစ။ ငါမရွိရင္ မင္းဘယ္လိုလုပ္မလဲ"

အခန္းထဲကေန ေျပာရင္း ေဘာက္ဆတ္ေဘာက္ဆတ္ထြက္လာေတာ့ေနာက္ကေန
ေပါက္စီလံုးက တပါထဲကပ္ပါလာ၏။

"ခ်စ္ခ်စ္က ဘယ္မွမသြားတာ။
လံုလံု ေနာက္မလုပ္ေတာ့ဘူး "

လရိပ္ဘာစကားမွထပ္မေျပာေတာ့ပဲ
ေရခဲေသတၱာထဲကို လွန္ေလွာရွာလိုက္သည္။
ထမင္းေတာ့ မိုးခ်ဳပ္ေနၿပီမို ႔မေကြၽးခ်င္ေတာ့။
မဟုတ္ေတာင္ ေပါက္စီလံုးတစ္ေယာက္ သူ ႔ဘာသာသူကို မနိုင္ေတာ့တဲ့ အေျခေနမို ႔ ထမင္းေကြၽးၿပီး ထပ္အဝမခံေစခ်င္ေပ။

"ပန္းသီးပဲစားေတာ့ သူက ကယ္လိုရီနည္းတယ္။ ေနာက္ကို ဗိုက္ဆာရင္ ညေန ၃နာရီအထိပဲ အစာစားရမယ္။ ေဘဘီ
မင္းဝိတ္ခ်ရေတာ့မယ္  "

ပန္းသီးစိတ္ကိုဓားနဲ ့ေသခ်ာလွီးကာ ပါးစပ္ထဲကိုထည့္ခြံ ့ရင္း ကြၽန္ေတာ္ေျပာလိုက္သည္။
ဒီတခါေတာ့ဘာမွဆက္မေျပာလာေတာ့။

" မင္း ဝ ေနလို ႔ ငါကမခ်စ္ေတာ့တာမဟုတ္ဘူး။ ငါနဲ ့က်န္းက်န္းမာမာ ေနသြားခ်င္ရင္ မင္းဝိတ္ခ်မွရမယ္။ ၿပီးေတာ့မင္းပဲ
အဆိုေတာ္လုပ္ခ်င္တာဆို။
ဝေနရင္ မင္းကို ဘယ္သူက အားေပးမွာလဲ "

နဖူးေအာက္ကို စင္းၾကေနတဲ့ ဆံပင္ေတြကို သပ္တင္ေပးရင္းေခ်ာ့ေမာ့ကာ
ေျပာလိုက္ေတာ့ စားေနရင္း ေခါင္းညိမ့္ျပလာသည္။

"ဟုတ္ လံုလံုေနာက္ရက္ကေနစၿပီးဝိတ္ခ်ေတာ့မွာ ။ "

တၿမံဳ ႕ၿမံဳ ႕ဝါးေနတဲ့ ပါးေလးကို ဆြဲဖ်စ္ရင္း
သီးခ်င္းဆိုတာ ဝါသနာပါတဲ့ ေပါက္စီလံုးကို သေဘာတက်ၾကည့္မိသည္။
ပြဲတိုင္းေက်ာ္ ေပါက္စီလံုးဟာ သူ ႔ဝက္ကိုယ္လံုးမွ  အားမနာ ခုန္ေပါက္ကရတာကိုလဲ ဝါသနာပါေသးသည္။
ဝ လဲ ခ်စ္ဖို ႔ေကာင္းတယ္ဆိုေပမဲ့
က်န္းမာေရးရူ ႔ေထာင့္က ၾကည့္ရင္ေတာ့
ကြၽန္ေတာ္ သိပ္မႀကိဳက္ေပ။
ထို ႔ေၾကာင့္ ေပါက္စီလံုးကို  အမ်ားႀကီးမပိန္ေတာင္ နည္းနည္းေတာ့ သြားလာလႈပ္ရွားရလြယ္ေအာင္ က်ေစခ်င္သည္။

ခ်စ္တဲ့အိမ္စည္။

_______

မီးလင်းနေသေးသော အခန်းငယ်လေးကို
ငေးကြည့်ရင်း လုံလုံ တစ်ယောက်
ကလေးတန်မဲ့ သက်ပြင်းချမိတာအခါခါ။
သူ ချစ်ချစ်ကို အရမ်းလွမ်းနေပြီလေ။
ခုဆို ပိုဆိုးတယ်။ တနေ ကုန် သူစိတ်ဆိုးနေတာတောင် ချစ်ချစ်က မချော့ဘူး။
ကျောင်းမှာ ကလေးတွေနဲ့ ဆော့နေတာမြင်ရင် လာဆူမလားလို့  စောင့်နေပေမဲ့
ချစ်ချစ်က လုံလုံ ကိုမသိချင်ယောင်ဆောင်သွားတယ်။
လုံလုံအရမ်းဝမ်းနည်းတာပဲ။
လုံလုံကတော့ ချစ်လိုက်ရတာ ။

ချစ်ချစ်က  လုံလုံ ဆို သိပ်အနိုင်ကျင့်တယ်။

လက်ထဲမှာ နေ့ ခင်းက ချစ်ချစ် လူကြုံပေးလိုက်တဲ့ စပျစ်သီးခြောက်မုန့် ထုတ်လေးကို မစားရက်စွာ လက်ထဲမှာ လှည့်ပတ်ဆော့ရင်း တဖက်အိမ်ကို  မျှော်ကြည့်နေမိသည်။

နှစ်ယောက်အိပ်မွေ့ ယာကျယ်ကြီးက
တခါတလေတောင် လာမအိပ်ဖြစ်ပေမဲ့
ခမ်းနားကြီးကျယ်စွာ အလှဆင်ထားတာတွေ့ ရသည်။

သို့ ပေမဲ့ လုံလုံ ဒီမှာ မအိပ်ချင်ပေ။
ချစ်ချစ်ဘေးမှာ မရှိဘဲ သူ မအိပ်တက်ဘူး။
ဒါပေမဲ့ ချစ်ချစ်က သူ့ ကိုမှမလို ချင်တာ။
ဟိုဖက်အိမ်ကို အရမ်းသွားချင်ပေမဲ့
ချစ်ချစ်က သူ့ ကို လာမှမခေါ်ပဲ သူဘယ်လို သွားရမှာလဲ။

စိတ်ညစ်လိုက်တာ  ဒီလိုမှန်းသိရင်
သူ ချစ်ချစ်ကို စိတ်မကောက်ပါဘူး။

ကျယ်ပြန့် လှတဲ့  ဝရံတာမှာ ဝတုတ်တုတ်
ဝက်တကောင်ဟာ တောင်လျှောက်လိုက်
မြောက်လျှောက်လိုက်နဲ့  အိပ်မရလို့
လမ်းသလားနေတယ်။

_______

"ကျစ် !  "

တလုံးမှ ဖတ်မရတဲ့ စာတွေကြောင့်
စာအုပ်ကို စိတ်ပျက်စွာပိတ်လိုက်မိသည်။
သူလုပ်နေကျအလုပ်များစွာကို
ဒီနေ့  ဘာတခုမှ မလုပ်ရတာကို
သူနည်းနည်းမှ အလိုမကျ။

ခါတိုင်းဆို ပေါက်စီလုံးကို
ရေချိုးထမင်းကျွေး စာပြရတဲ့ အလုပ်တွေ
ကြောင့် ညအချိန်သည်  ခဏသာကြာမြင့်ခဲ့ပေမဲ့ ယနေ့ တော့မတူညီတော့ပေ။

တနေ့ လုံးမကြားရတဲ့ အသံဆာဆာလေး
ကို သူတကယ်ကြားချင်နေမိသည်။
ဒီချိန် ပေါက်စီလုံးတစ်ယောက်
ဟိုဖက်အိမ်မှာ ဘာတွေများလုပ်နေမလဲ။
ထမင်းရော စားပြီးရဲ့လား သူအရမ်းစိတ်ပူည်။

ဒီအသက်အရွယ်ရောက်နေတာတောင်
လရိပ်အရိပ်တကြည့်ကြည့်  ဂရုစိုက်ခဲ့တာမို့
ပေါက်စီလုံးက ကိုယ့်ဘာသာဘာတခုမှမလုပ်တက်ပေ။

စိတ်မဝင်စားတော့တဲ့  စာအုပ်ကို
ဆက်မဖတ်တော့ပဲ  တဖက်အိမ်က
ဝရံတာကို လှမ်းကြည့်လိုက်မိသည်။
သူ့ အခန်းနဲ့ ပေါက်စီလုံးအခန်းသည်
အနည်းငယ်ဝေးကွာပေမဲ့
သေချာမြင်ရတဲ့အနေထားမှာမို့  ပေါက်စီလုံးသာ အဲ့ဒီနေရာမှာ ရှိရင် တွေ့ မြင်နိုင်လေသည်။

သို့ သော် မျှော်မှန်းထားသလို ပေါက်စီလုံးရှိမနေပေ။
စိတ်ပျက်စွာ သူအိပ်ယာ ဝင်လိုက်သည်။
ကျယ်ဝန်းသွားသော အိပ်ယာမှာ
လွတ်လပ်စွာ အိပ်နေမိပေမဲ့
ဘေးမှာ အိပ်နေကြသူမရှိတဲ့အဖြစ်က
နေရခက်လွန်းလှသည်။
ခေါင်းချတာနဲ့ အိပ်ပျော်တက်လွန်းတဲ့
ကျွန်တော်သည် ခုတော်တော်နဲ့ အိပ်မပျော်ပဲ ဖြစ်နေ၏။

တလူးလူးတလိမ့်လိမ့်နဲ့ ဖြစ်နေတုန်း
ကြားနေကြခြေသံသဲ့သဲ့ကိုကြားလိုက်ရသည်။
အခန်းမီးသည် စာကြည့်မီးသာထွန်းထားသည်မို့  ကျွန်တော်အနည်းငယ်ခေါင်းထောင်ကြည့်လိုက်ပြီး ပြန်လှဲအိပ်လိုက်၏

ဘာကြောင့်ဆို အခန်းထဲကို ခိုးကြောင်ခိုးဝှက်ဝင်တဲ့ ဝက်တကောင်ကြောင့်ပင်။
မနက်က အိမ်ကအသွားတုန်းကလိုပင်
ကျောပိုးအိတ်တလုံးနဲ့  သူ အိပ်နေတယ် အထင် ဖြင့် တိုးတိတ်စွာ သူခိုးတစ်ယောက်လို ဝင်လာတဲ့ ဝက်တုတ်ပြဲကြောင့် သိနေပေမဲ့ အိပ်ချင်ယောင်ဆောင်နေမိသည်။

မကြာဘူး အိတ်ကလေးချကာ ကုတင်ပေါ်လှုပ်စိလှုပ်စိတက်လာပီးဘေးမှာ အသာယာဝင်အိပ်လာသည်။
လုပ်သမျှသည် အတက်နိုင်ဆုံး ညင်သာစွာလုပ်နေပေမဲ့ ကျွန်တော်ကတော့သိနေ
၏။

ကျေနပ်စိတ်နဲ့  ပြုံးမလို ဖြစ်သွားသော
နှုတ်ခမ်းကိုအသာအယာဖိထိန်းကာ
ဘာဆက်လုပ်မလဲ မသိချင်ယောင်ဆောင်ထားလိုက်သည်။

ထို့ နောက် သက်ပြင်းချသံ နဲ့ အတူလေသံတိုးတိုးဖြင့်

"ချစ်ချစ်က အိပ်တောင်နေပြီ ။
လုံလုံ ကို လွမ်းလဲမလွမ်းဘူး" ဟူသည့် စိတ်ပျက်လက်ပျက်ရေရွတ်နေသံကိုလဲ 
ဆက်တိုက်ကြားလိုက်ရသည်။

အတော်ကြာ ပေါက်စီလုံးသည်
ကျွန်တော်ကို ထိုင်ကြည့်နေပြီးနောက်
ဖွဖွလေး မျက်ခွံတွေ ကိုနမ်းလာ၏။
ထိတယ်ဆိုရုံလေး ဆိုပေမဲ့ အိပ်မပျော်တဲ့
ကျွန်တော်ကတော့ ဝက်တကောင်ရဲ့
လုပ်နေသမျှကို အကုန်သိနေ၏။
ထို့ ကြောင့် အိပ်ချင်ယောင်ဆောင်မနေတော့ပဲ ဝတုတ်ပြဲ ကို အိပ်ယာထက် ဆွဲချကာ ဒူးနဲ့ ညှပ်ဖိထားလိုက်ပြီး တင်ပါးတွေကို ခပ်ဆတ်ဆတ်ရိုက်ပစ်လိုက်သည်။

"ထွက်သွားတုန်းက သွားပြီး ဘာလို့ ခုမှပြန်လာတာလဲ။ "

မျက်မှန်ကင်းလွတ်နေတဲ့ မျက်လုံးဝိုင်းတွေက   အမှတ်တမဲ့ ဆွဲချခံလိုက်ရ၍လန့် သွားသယောင် ဖြစ်နေပေမဲ့  ချက်ခြင်း
ဝမ်းနည်းပလက် ဖြစ်ကာ အရည်ကြည်တွေဝိုင်းလာ၏။

"ချစ်ချစ် ကို မခေါ်ဘူး "

"အောင်မာ မခေါ်ရင် ဘာလို့ ပြန်လာတာလဲ "

"လွမ်းလို့ ပေါ့ ။ ချစ်ချစ်နေနိုင်ပေမဲ့
လုံလုံမှမနေနိုင်တာ "

တခွန်းမခံပြန်အော်နေသော ပေါက်စီလုံးကြောင့် ထပ်ပြီး  တင်ပါးတွေကို ရိုက်ပစ်လိုက်သည်။
သိပ်အားမထည့်ပေမဲ့   အသားပေါသော ဝက်ကလေးကတော့ နာသွားသည့်ထင်
နှုတ်ခမ်းတွေပါ မဲ့ ကျလာသည်။

" နောက် ငါ့ကို ပြန်ပြောပြီး ခုလို ထွက်သွားရင် မင်းကို ဒီထက်နာအောင် ရိုက်မှာ ...တိတ် မငိုနဲ့  ။ နောက်သွားအုန်းမှာလား"

"ဒါဆို ချစ်ချစ်လဲ နှင်မထုတ်နဲ့ ပေါ့ "

"ကြည့် တခွန်းမှ မခံတော့ဘူး။ ပြန်ပြောနေတာတွေ တိတ်စမ်း ။ ထပ်မပြောနဲ့ တော့ "

အသားပေါသောဝက်ကောင်ပေါက်ကို ဒူးကြားက ထုတ်ကာ ခေါင်းအုန်းပေါ် ပွေ့ တင်ပေးလိုက်သည်။
တိတ်ဆိုတော့ ပါးစပ်ကသာတိတ်သည်။
မျက်ရည်ကတော့ တစက်တောင်မတိတ်။
နောက်ဆုံးတော့ ကိုယ်သာ လူကြမ်းကြီးဖြစ်သွားတာပဲ။

"မငိုနဲ့ တော့ ။ ငါနောက်ကို နှင်မထုတ်တော့ဘူး။ ငါပြောမိလို့  မှားသွားပါတယ်။
ခွင့်လွတ် ..ဟုတ်ပြီလား"

ဂရုတစိုက် မျက်ရည်တွေနဲ့ ချွေးတွေသုတ်ပေးရင်း ကျွန်တော်ကတိပေးလိုက်သည်။
ပေါက်စီလုံးကို အနိုင်ကျင့်နေမိတာ
များနေပြီလားဆိုတာ မသိပေမဲ့
ကလေး ကို ငိုအောင် လုပ်မိတာကတော့
တကယ် သူမှားသွားတာပါ။

"လုံလုံလဲ မှားသွားပါတယ်။
ချစ်ချစ်ကိုနောက်ပြန်မပြောတော့ပါဘူး"

ထိုအခါမှ ရှိုက်သံတဝက်နဲ့ ပြန်ဖြေလာသည်မို့  လရိပ်ပြုံးကာ  ဝတုတ်တုတ်ကိုယ်ကေို ဆွဲပွေ့  လိုက်သည်။
ဝက်တကောင်ရဲ့ ကြီးထွားမူ့ သည် အံ့သြစရာပင်။
ရင်ခွင်ထဲမှာ အရင်လို မဆန့် ချင်တော့သည်မှာ ပေါက်စီလုံးကပဲ ဝလာလို့ လား။
ကိုယ်ကပဲ ပိန်သွယ်နေလို့ များလားဆိုတာ အတွေးများချင်စရာ။

"အင်း  လိမ်မာတယ်...ထမင်းစားခဲ့ပြီလား
ဘာစားထားလဲ"

"လုံလုံ  ဘာမှစားရသေးဘူး။
ဟို သူတို့ ကကျွေးပါတယ်။ လုံလုံ ချစ်ချစ်ကို စိတ်ကောက်နေလို့ မစားခဲ့တာပါ"

ကျွန်တော်ဒေါသကို သိတဲ့ ပေါက်စီလုံးသည် တခါထဲ ဟိုဖက်အိမ်က အလုပ်သမားတွေအတွက်ပါ ရှေ့ နေလိုက်ပေးပြီးသား။
၉နာရီခွဲနေပြီမို့  အနည်းငယ် အလိုမကျချင်တဲ့ စိတ်ကိုလျော့ချကာ အဆာပြေကျွေးဖို့ အိပ်ယာကနေ ထရသည်။

"နောက်ကို မင်း ငါ့ကွယ်ရာရောက်နေလဲ
စားသင့်တာကို စားရမယ်။မင်းထိခိုက်နစ်နာစေမဲ့ အရာမျိုး လုပ်တာ ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ။ ငါမရှိရင် မင်းဘယ်လိုလုပ်မလဲ"

အခန်းထဲကနေ ပြောရင်း ဘောက်ဆတ်ဘောက်ဆတ်ထွက်လာတော့နောက်ကနေ
ပေါက်စီလုံးက တပါထဲကပ်ပါလာ၏။

"ချစ်ချစ်က ဘယ်မှမသွားတာ။
လုံလုံ နောက်မလုပ်တော့ဘူး "

လရိပ်ဘာစကားမှထပ်မပြောတော့ပဲ
ရေခဲသေတ္တာထဲကို လှန်လှောရှာလိုက်သည်။
ထမင်းတော့ မိုးချုပ်နေပြီမို့ မကျွေးချင်တော့။
မဟုတ်တောင် ပေါက်စီလုံးတစ်ယောက် သူ့ ဘာသာသူကို မနိုင်တော့တဲ့ အခြေနေမို့  ထမင်းကျွေးပြီး ထပ်အဝမခံစေချင်ပေ။

"ပန်းသီးပဲစားတော့ သူက ကယ်လိုရီနည်းတယ်။ နောက်ကို ဗိုက်ဆာရင် ညနေ ၃နာရီအထိပဲ အစာစားရမယ်။ ဘေဘီ
မင်းဝိတ်ချရတော့မယ်  "

ပန်းသီးစိတ်ကိုဓားနဲ့ သေချာလှီးကာ ပါးစပ်ထဲကိုထည့်ခွံ့ ရင်း ကျွန်တော်ပြောလိုက်သည်။
ဒီတခါတော့ဘာမှဆက်မပြောလာတော့။

" မင်း ဝ နေလို့  ငါကမချစ်တော့တာမဟုတ်ဘူး။ ငါနဲ့ ကျန်းကျန်းမာမာ နေသွားချင်ရင် မင်းဝိတ်ချမှရမယ်။ ပြီးတော့မင်းပဲ
အဆိုတော်လုပ်ချင်တာဆို။
ဝနေရင် မင်းကို ဘယ်သူက အားပေးမှာလဲ "

နဖူးအောက်ကို စင်းကြနေတဲ့ ဆံပင်တွေကို သပ်တင်ပေးရင်းချော့မော့ကာ
ပြောလိုက်တော့ စားနေရင်း ခေါင်းညိမ့်ပြလာသည်။

"ဟုတ် လုံလုံနောက်ရက်ကနေစပြီးဝိတ်ချတော့မှာ ။ "

တမြုံ့ မြုံ့ ဝါးနေတဲ့ ပါးလေးကို ဆွဲဖျစ်ရင်း
သီးချင်းဆိုတာ ဝါသနာပါတဲ့ ပေါက်စီလုံးကို သဘောတကျကြည့်မိသည်။
ပွဲတိုင်းကျော် ပေါက်စီလုံးဟာ သူ့ ဝက်ကိုယ်လုံးမှ  အားမနာ ခုန်ပေါက်ကရတာကိုလဲ ဝါသနာပါသေးသည်။
ဝ လဲ ချစ်ဖို့ ကောင်းတယ်ဆိုပေမဲ့
ကျန်းမာရေးရူ့ ထောင့်က ကြည့်ရင်တော့
ကျွန်တော် သိပ်မကြိုက်ပေ။
ထို့ ကြောင့် ပေါက်စီလုံးကို  အများကြီးမပိန်တောင် နည်းနည်းတော့ သွားလာလှုပ်ရှားရလွယ်အောင် ကျစေချင်သည်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz