ZingTruyen.Xyz

အကြင်နာဝေလုံ (အႀကင္နာေဝလံု) Completed

11

eainsi23

" ေဘဘီ ေရခ်ိဳးမယ္"

ေပါက္စီလံုးရဲ႕ ေက်ာင္းဝတ္စံုေလးကို ေသခ်ာ မီးပူတိုက္ၿပီး ေမြ ႕ယာေပၚ ျဖန္ ႔ကာတင္ထားလိုက္သည္။
ကေလးဝတ္အက်ၤ ီဆိုေပမဲ့ ကြၽန္ေတာ္ဝတ္လို ႔ရေအာင္ထိ ႀကီးပါတယ္။

ေခၚသံၾကားေတာ့  အခန္းထဲကို သူ ေသာက္ေနက် ေရခြက္အစိမ္းေလးကိုင္ကာ  ဝင္လာသည္။ ေသခ်ာၾကည့္မိေတာ့
စိတ္မေကာင္းျဖစ္သြားရ၏။ သူကေလးကို
ခြက္အသစ္ဝယ္မျဖစ္တာ ၾကာလွပီ။

"ေဘဘီ ့ခြက္ေလးေဟာင္းေနၿပီပဲ ဒီတခါ ေစ်းဝယ္သြားရင္ အသစ္ထပ္ဝယ္ေပးမယ္ေနာ္ "

ေပါက္စီလံုးလက္ထဲကခြက္ကေလးက
နွစ္ေပါင္းအေတာ္ၾကာေတာ့ မပဲ့မ႐ြဲ ့ေသးေပမဲ့ အေဟာင္းေရာင္ေတာ့ေပါက္ေနေလၿပီ။

"အသစ္မဝယ္ေပးပါနဲ ့လံုလံု ဒါေလးကိုပဲ ႀကိဳက္တယ္"

"ဘာလို ႔လဲ ။ ခါတိုင္းငါေျပာရင္
ခုလိုေတြ အထြန္ ႔သိပ္မတက္ပါဘူး။
ခုတေလာ မင္းငါ့ကို ျပန္ျပန္ေျပာေနတာမ်ားေနၿပီေနာ္ ေဘဘီ။ ဟိုေန ႔က ကိစၥကို ခုထိ မေက်နပ္ေသးဘူးလား "

ကြၽန္ေတာ္ ဆူသလို အသံမာလိုက္ေတာ့
ေပါက္စီလံုး က ဝမ္းနည္းတဲ့မ်က္လံုးေတြနဲ ့ေမာ့ၾကည့္လာသည္။
အနည္းငယ္မ်က္ရည္ဝိုင္းေနေပမဲ့
အရင္လို  လာဖက္ပီး လံုလံု ကိုမဆူပါနဲ ့လို ႔ မေျပာ။
စိတ္ထဲ အလိုမက်ေတာ့  စူးစိုက္ကာ
ျပန္ၾကည့္မိသည္။

"လံုလံု မေက်နပ္တာမရွိဘူး။
အဲ့လိုႀကီး ေနာက္ကို မေျပာနဲ ့လံုလံု မႀကိဳက္ဘူး "

သူသုတ္ေနၾက တဘတ္အႀကီးႀကီးကို
အဝတ္စင္ေပၚက ဆြဲခ်ကာ
ေရခ်ိဳးခန္းထဲဝင္သြား၏။
အခန္းထဲမွာ ကြၽန္ေတာ္သည္ ၿငိမ္သက္စြာက်န္ေနခဲ့ၿပီး ေပါက္စီလံုး ဝင္သြားေသာ
ေရခ်ိဳးခန္းတံခါးဆီကို အဓိပၸါယ္မဲ့ ေငးေမာေနခဲ့မိသည္။
ေပါက္စီလံုးက အသက္၁၀နွစ္ထဲဝင္ေနၿပီဆိုေပမဲ့ ဟိုးတုန္းက သံုးနွစ္သားလို
ကြၽန္ေတာ္ေရခ်ိဳးေပးေနတုန္း။
ထို ႔ေၾကာင့္ ေရခ်ိဳးခန္းေပါက္ဝကိုအလ်ွင္အျမန္သြားကာ

"ေဘဘီ တံခါးဖြင့္ ငါေရခ်ိဳးေပးမယ္။ "

ေရခ်ိဳးခန္းတံခါးကို ခပ္ဆတ္ဆတ္ေခါက္ကာ မေနနိုင္စြာ ဆိုေတာ့
ေရေလာင္းခ်ိဳးသံတိတ္သြားကာ
ျပန္ေအာ္လာ၏

"ဒီေန ႔ကစ  လံုလံု ဘာသာခ်ိဳးေတာ့မယ္။
လံုလံု ကေလးမဟုတ္ေတာ့ဘူး"

ေနာက္တေခါက္  ေခါက္မဲ့လက္ေတြသည္
ေလထဲမွာ ရပ္တန္႔သြား၏။
စိတ္ရႈပ္စြာ မ်က္ေမွာင္ကုတ္ပီး သက္ပ်င္းကို ေလးပင့္စြာခ်ကာ  အခန္းေထာင့္က ေက်ာက္ျပင္ေလးကို လွမ္းၾကည့္လိုက္သည္။သနပ္ခါးလဲ လိမ္းမဲ့ပံုမျမင္ေတာ့။

ေပါက္စီလံုးက ကေလးပဲရွိေသးတယ္။
လူႀကီး မ ျဖစ္ေသးဘူး။
အရာရာကိုယ့္ေျခကိုယ္လက္လုပ္ေပးေနၾကဆိုေတာ့ မလုပ္ေပးရေတာ့
ရင္ထဲတမ်ိဳးႀကီးျဖစ္ေနသည္။

ၿပီးေတာ့ ေပါက္စီလံုးသည္ အခုလို ကြၽန္ေတာ့္ကို တခါမွ စိတ္မဆိုးဘူးေပ။
သူအလြန္ဆံုးလုပ္  စိတ္ေကာက္တာမ်ိဳးထိပင္။

ကြၽန္ေတာ္ စိတ္ပ်က္လက္ပ်က္
ေပါက္စီလံုးေက်ာပိုးအိတ္ကိုဆြဲပီး
အခ်ိန္စာရင္းစစ္ကာ အသစ္လဲ ထည့္ေပးလိုက္တယ္။ မိနစ္အနည္းငယ္ၾကာေတာ့
ေပါက္စီလံုး ေရခ်ိဳးခန္းထဲကထြက္လာ၏။
မေျပာင္းလဲစြာ ကာတြန္းရုပ္အတြင္းခံေလးနဲ ့တဘတ္အႀကီးႀကီးပတ္ကာ
ထြက္လာေပမဲ့  ေပါက္စီလံုးရဲ႕
ဗိုက္႐ြဲေလးကိုေတာ့ လံုၿခံဳေအာင္မဖံုးထားနိုင္ေပ။

အစီစဥ္မက် သူ ႔ဘာသာေမြ ႕ယာေပၚက အ ဝတ္ကို
ယူဝတ္ေနတာကိုအေတာ္ၾကာေအာင္ ေငးၾကည့္ေနၿပီးမွ

"လာ ငါဝတ္ေပးမယ္ " ဟု ေခၚလိုက္မိသည္။ သို ႔ေပမဲ့ ေပါက္စီလံုးဆီက လံုလံုဘာသာဝတ္မယ္ဆိုတဲ့ စကားသာၾကား ရ
ေတာ့ လရိပ္ ေဒါသတႀကီးေအာ္ပစ္လိုက္သည္။

"မင္းဘာျဖစ္ေနတာလဲ ေဘဘီ။
ငါ့ကို ခုလို အကန္ေတြ ေျပာေနမယ္ဆို
မင္းဘာသာ ေနေတာ့ ငါနဲ ့လာမပတ္သတ္နဲ ့။ "

သူ ႔စကားဆံုးေတာ့ ေပါက္စီလံုးရဲ႕
ဝမ္းပန္းတနည္းၾကည့္လာတဲ့ အၾကည့္ကေရာက္လာၿပီး ခ်က္ျခင္းစူးရဲစြာ
ၾကည့္တဲ့ အၾကည့္ေျပာင္းသြား၏။
ထို မ်က္လံုးေတာင္ေၾကာင့္ လရိပ္မွဴးခိုင္
အေတာ္ႀကီးအံ့အားသင့္သြားသည္။
သူျပဳစုပ်ိဳးေထာင္ခဲ့ရေသာကေလး က
ဘာလို ႔ခုလို ပံုစံေျပာင္းသြားရတာလဲဆိုတာ သူနားမလည္ေတာ့။

" ခ်စ္ခ်စ္  ကအၿမဲ လံုလံုကို နွင္ထုတ္တယ္။အၿမဲ လံုလံုဘာျဖစ္ေနသလဲ ေတြးမၾကည့္ဘူး။ ခ်စ္ခ်စ္ စိတ္တိုင္းက်ႀကီးပဲ လုပ္တယ္။ ခ်စ္ခ်စ္က အတၲပဲႀကီးတက္တာ။ လံုလံု ကိုမခ်စ္ဘူး "

ေပါက္စီလံုးသည္ ေအးစက္စြာ ျပန္ေအာ္လာၿပီး  စီးက်လာတဲ့ သူ ႔မ်က္ရည္ေတြကို သုတ္ကာ သူ ႔ေက်ာပိုးအိတ္ေလး ေကာက္လြယ္ကာ အခန္းထဲကေန ေျပးထြက္သြားသည္။
အျဖစ္အပ်က္သည္ တခဏအတြင္းမွာ
ျဖစ္သြားခဲ့ၿပီး  ကြၽန္ေတာ္ သတိတရၾကည့္မိခ်ိန္တြင္ ေပါက္စီလံုးက အခန္းတြင္းမွာမရွိေတာ့ေပ။
တစ္စို ႔စြာ  လရိပ္ စာၾကည့္ခံုေပၚတြင္
အရုပ္က်ိဳးျပတ္ဝင္ထိုင္လိုက္မိသည္။

ေပါက္စီလံုးက သူ ႔ကိုျပန္ေအာ္သြားတယ္။
ဘယ္ေတာ့မွ သူ ႔ကိုထားမသြားဘူးလို ႔
ေျပာပီး ေပါက္စီလံုးက သူ ႔ကိုထားသြားခဲ့တယ္။

ကြၽန္ေတာ္ ဒီအျဖစ္ပ်က္ကို လက္မခံနိုင္ေသးေပ။
ခံစားခ်က္က ဆိုးဆိုးဝါးဝါးပင္။
တိတ္ဆိတ္ေျခာက္ျခားသြားတဲ့ အခန္းေၾကာင့္လား။ ဒါမွမဟုတ္
တခါမွ ျပန္မေျပာဖူးတဲ့ ေပါက္စီလံုးက ခုျပန္ေျပာသြားျခင္းေၾကာင့္လား။
ဘာတခုမွမေရရာေပ။

"ဟင္း "

သက္ျပင္းခ်သံက အခန္းထဲမွာ ပီပီသသ
ၾကားလိုက္ရတာ ေပါက္စီလံုးမရွိလို ႔လား။
ဘာဆူညံသံမွ မၾကားရတဲ့ အခန္းကို
ေဝ့ဝဲၾကည့္မိေတာ့ ဟိုးငယ္ငယ္ေလးကတည္းက ေပါက္စီလံုး အသံုးျပဳခဲ့ေသာ
အရုပ္ေတြအပါအဝင္ အသံုးအေဆာင္မ်ားသည္ ကြၽန္ေတာ္ပစၥည္းေတြထပ္မ်ားကာ သူ ႔ေနရာနဲ ့သူ စနစ္တက် ညီညာစြာ စီတင္ထားသည္။

စိတ္ေမာလူေမာနဲ ့ေက်ာင္းသြားဖို ႔ျပင္ရသည္။ မၾကာခင္ ၈ တန္း အစိုးရစစ္ ေျဖရေတာ့မည္မို ႔ ေက်ာင္းကေတာ့မသြားလို႔ ႔မရ။
စိတ္မပါလက္မပါနဲ ့  တီေလးဝယ္ေပးထားေသာ စက္ဘီးေလးကို တြန္းပီးၿခံျပင္ထြက္လာေတာ့ ေပါက္စီလံုးအိမ္က ကားနက္ႀကီးက ေဘးကေန ကပ္ျဖတ္သြား၏။
ကားမွန္မွာ အျပည့္တင္ထားေပမဲ့
ေပါက္စီလံုးေဝရာဝစၥသာ သံုးသည့္ကားမို ႔
ေက်ာင္းသြားၿပီမွန္းရိပ္မိလိုက္သည္။

တစ္ေယာက္ထဲလြတ္လပ္စြာ စက္ဘီးနင္းေနမိေပမဲ့ ေနာက္ခံုက ဝက္တေကာင္မပါေတာ့  ဟာတာတာနဲ ့တမ်ိဳးႀကီး။
အထီးက်န္ျခင္းကို မႀကိဳက္တဲ့
ကြၽန္ေတာ္ကေတာ့ ေပါက္စီလံုးမရွိတာ
တစ္ရက္ရွိေသး ေလာကႀကီးက သာယာမူ ႔မရွိေတာ့ခံစားေနရေတာ့သည္။

လူ ႔စိတ္ဆိုတာ အခက္သား။
တခါတေလ ကြၽန္ေတာ္ ေပါက္စီလံုးကုိ
"ငါလုပ္ေပးလို ႔"ဆိုတဲ့ အတၲတခုနဲ ့
အနိုင္ယူခဲ့မိတာေတြ ရွိပါတယ္။
ဒါဟာ ေပါက္စီလံုး က အေလ်ာ့ေပးခဲ့လို ႔
သာျဖစ္သည္။

အၿမဲတမ္းစိတ္အလိုမက်ရင္" မင္းအိမ္မင္းျပန္ေတာ့"ဆိုေတာ့ အနိုင္ယူစကားေတြဟာေပါက္စီလံုးဘယ္မွ မသြားမွန္းသိလို ႔
ေျပာတာေပါ့။

ခါတိုင္းလဲေျပာေနက်ပဲ ခုမွ စိတ္ဆိုးသြားစရာလိုလား။
ခ်စ္ခ်စ္ အဲ့လို လံုလံု ကိုမေျပာနဲ ့ ဆိုပီး
သူမႀကိဳက္တာေျပာရင္ အတင္းဖက္ပီး
ေခ်ာ့ေနက်ပဲ။ အဲ့လို လုပ္လိုက္ေတာ့ဘာျဖစ္သြားမွာလဲ။

ေတြးရင္းနင္းရင္းနဲ ့  ေက်ာင္းကို
ေရာက္လာေတာ့ ေပါက္စီလံုးက  
ေက်ာင္းေပါက္ဝ  ဗာဒံပင္ေအာက္မွာ
ကေလးေတြနဲ ့ေဆာ့ေနတာေတြ ႕ရသည္။
ကြၽန္ေတာ္လာတာ ေတြ ႕ရင္  အေျပးလာဖက္ေနၾက ေပါက္စီလံုးသည္ မသိခ်င္ေယာင္ေဆာင္ကာ ကြၽန္ေတာ္ကို မေခၚေပ။

မၾကာခင္ ေက်ာင္းတက္ေခါင္းေလာင္းထိုးေတာ့မွာမို ႔ ေခြၽးပ်ံ  ေအာင္ေဆာ့ေနျခင္းအေပၚ မတားျမစ္ခဲ့ေပ။
ပထမဆံုးမေခၚမေျပာျဖစ္ေနျခင္းမို ႔
အနည္းငယ္ေနရခက္ေပမဲ့ အက်င့္ပုတ္သည္ပဲေျပာေျပာ  အႀကီးျဖစ္တဲ့ကြၽန္ေတာ္ကေတာ့ စ မေခၚနိုင္ေပ။

စာသင္ခ်ိန္တခ်ိဳ ႕သည္ ကြၽန္ေတာ္ကို အေတာ္ႀကီးအသက္ရူၾကပ္ ေစၿပီး အားလက္ခ်ိန္ဆင္းဖို ႔ အခ်ိန္ေရာက္ေအာင္
အၾကာႀကီး ေစာင့္လိုက္ရတယ္လို ႔ပင္ခံစားေနရသည္။

ပံုမွန္ဆို ေပါက္စီလံုး အတြက္  
မုန္ ႔စားေက်ာင္းဆင္းရင္  အိမ္ကထည့္လာတဲ့ မုန္ ႔တခ်ိဳ ႕ကို သြားေကြၽးေနၾကပင္။
ခုတခါေတာ့ ေကြၽးသည့္မေကြၽးသင့္
အေတာ္ႀကီး စဥ္းစားေနမိၿပီးမွ   အခန္းေရွ ႔ကေနျဖတ္သြားေသာ ေပါက္စီလံုးသူငယ္ခ်င္း  ရွင္းသန္ ႔ ကိုျမင္လိုက္ရသည္ေၾကာင့္ လွမ္းေခၚကာ လူႀကံဳထည့္ေပးလိုက္သည္။

"ညီေလး ..ရွင္းသန္ ႔  အကို ႔ကို ဒါေလး
ေဝလံုဆီေပးေပးလို ႔ရမလား"

"ရတယ္ ကိုႀကီး ေပး။ သားယူသြားလိုက္မယ္"

အၿမဲတမ္းသူ လာေနၾကမို ႔
စကားအမ်ားႀကီးမေျပာျဖစ္ေပမဲ့ 
ကေလးေတြလဲ သူ ႔ကို သိေနေပသည္။
ထို ႔ေန ႔က အတန္းခ်ိန္ေတြကို စိတ္မပါလက္မပါ ျဖတ္သန္းခဲ့ၿပီး   အလာတုန္းကအတိုင္း အျပန္လည္း တစ္ေယာက္ထဲသာ ျပန္လာျဖစ္ေလသည္။

ဆူဆူညံညံဝက္တေကာင္မရွိျခင္း ေၾကာင့္
ထိုေန ႔က  ကြၽန္ေတာ့္ရာသီဥတု မသာယာခဲ့ပါ။

" လရိပ္ လာအုန္း"

အိမ္ေပါက္ဝရပ္ကာဖိနပ္ခြၽတ္ေနကာရွိေသး တီေလး က စီးႀကိဳ ေခၚေလသည္။

" လာမွာပါ။ ဘယ္နွယ့္ျဖစ္ေနတာတုန္း။
ဒီအိမ္အျပင္ဘယ္မွ သြားစရာမရွိဘူး။
ေျပာ ဘာေျပာမွာလဲ "

ေက်ာပိုးအိတ္ကို စာပြဲေပၚခ်ကာ ခံုမွာ
တီေလးနဲ ့မ်က္နွာခ်င္းဆိုင္ထိုင္လိုက္သည္။

"လံုလံုနဲ ့ဘာကိစၥရန္ျဖစ္တာလဲ။
မနက္က အိမ္ကို ငိုယိုၿပီး ၿပန္လာတယ္တဲ့
နင္ကေလးကို ဘာလုပ္လိုက္တာလဲ။
ဟိုက အေဖာ္မရွိရွာလို ႔နင့္ေအာ္ဟစ္သမ်ွ
သည္းခံေနရွာတဲ့ကေလးေနာ္"

"ကြၽန္ေတာ္ ဘာမွအနိုင္မက်င့္ဘူး။
ခါတိုင္းလို  မင္းအိမ္မင္းျပန္လို ႔ပဲေျပာမိတာ။ ခုမွနာစရာမရွိ နာေနတာ။
မဟုတ္လဲ ကြၽန္ေတာ္ဒီတိုင္းေျပာတက္တာ သူသိေနတာပဲ "

"အဲ့ဒါကိုက မဟုတ္တာေလ။
မင္းစိတ္ဆိုးတိုင္းနွင္ထုတ္ေနမွေတာ့
လူပဲေလ ။ တေန ႔မဟုတ္ေတာ့ စိတ္ထဲ
စိတ္နာလာမွာပဲ "

"ဒါဆို အစကတည္းက လံုလံုက
ခ်စ္ခ်စ္နဲ ့ပဲ အၿမဲေနမွာလို ႔ဂတိမေပးနဲ ့ေပါ့။
တည္နိုင္တာလဲ မဟုတ္ပဲ အလကားဟာေတြ ။ ေနာက္ဆို ဘယ္သူ ႔မွ သံေယာဇဥ္မထားေတာ့ဘူး ။ စိတ္ပ်က္ဖို ႔ေကာင္းတယ္"

ေျပာၿပီး ေက်ာပိုးအိတ္ကို  ေကာက္ယူကာ အခန္းထဲဝင္သြားေသာ တူေတာ္ေမာင့္ကို
စိတ္ပ်က္လက္ပ်က္ ၾကည့္မိရုံကလြဲၿပီး
ေမ လဲ ဘာမွဆက္မေျပာတက္ေတာ့။
မနက္က ေစ်းေရာက္ေတာ့
ဦးေကာင္းလံု ဖုန္းဆက္လာသည္။

လရိပ္နဲ ့ လံုလံုရန္ျဖစ္လာတာလားတဲ့။
အိမ္က အလုပ္သမားေတြ ကေျပာတာေတာ့ လံုလံု တစ္ေယာက္ ငိုႀကီးခ်က္မ
ျပန္လာတာတဲ့။

ကိုယ္က ေစ်းေရာက္ေနၿပီမို ႔အိမ္မွာ ျဖစ္သမ်ွဘာသိမွာလဲ။
လံုလံု ဆိုတာ လရိပ္တခြန္းဆို တခြန္း
ၿပီးတဲ့ ေကာင္ေလး။
ကိုယ္တူ အနိုင္ယူတာ သိေပမဲ့
သူတို ႔ နွစ္ေယာက္ၾကားဝင္ပါတာ
မႀကိဳက္ေတာ့ ဘာမွ  သိပ္ေတာ့ မပါျဖစ္ေပ။
ဘာပဲေျပာေျပာ လံုလံုက ကေလးပဲ
ရွိေသးသည္။
အၿမဲ တင္းေနလို ႔မွမရတာ။
ေခ်ာ့တလွည့္ ေျခာက္တလွည့္ ဆံုးမမွ
ေရရွည္အဆင္ေျပမွာေပါ့။ ခုေတာ့။

_____

"ဒုန္း "

စာၾကည့္စားပြဲေပၚ ေက်ာပိုးအိတ္ကိုပစ္တင္လိုက္ေတာ့
ဒုန္းကနဲ ျမည္သံက ခပ္အုပ္အုပ္ထြက္လာတယ္။
ထိုအခါမွတစံုတခုကို သတိရသြားကာ
စိုးရိမ္တႀကီး ေက်ာပိုးအိတ္ကိုဖြင့္ၾကည့္မိသည္။

"ဟူးး ေတာ္ပါေသးတယ္။ မကြဲလို ႔"

တစ္ေယာက္ထဲ  ဆိုရင္း အိတ္ထဲကေန
ပစၥည္းတခုကို ဂရုတစိုက္ ဆြဲထုတ္လိုက္
၏။

အစိမ္းေရာင္ အသဲပံု ခြက္လွလွေလးက
လက္ထဲမွာ  သူမဟုတ္သလို ။

ခ်စ္တဲ့အိမ္စည္။

( ေန ႔စဥ္ upနိုင္ဖို ႔ႀကိဳးစားေပးပါ့မယ္။ )

___________

" ဘေဘီ ရေချိုးမယ်"

ပေါက်စီလုံးရဲ့ ကျောင်းဝတ်စုံလေးကို သေချာ မီးပူတိုက်ပြီး မွေ့ ယာပေါ် ဖြန့် ကာတင်ထားလိုက်သည်။
ကလေးဝတ်အင်္ကျီဆိုပေမဲ့ ကျွန်တော်ဝတ်လို့ ရအောင်ထိ ကြီးပါတယ်။

ခေါ်သံကြားတော့  အခန်းထဲကို သူ သောက်နေကျ ရေခွက်အစိမ်းလေးကိုင်ကာ  ဝင်လာသည်။ သေချာကြည့်မိတော့
စိတ်မကောင်းဖြစ်သွားရ၏။ သူကလေးကို
ခွက်အသစ်ဝယ်မဖြစ်တာ ကြာလှပီ။

"ဘေဘီ့ ခွက်လေးဟောင်းနေပြီပဲ ဒီတခါ ဈေးဝယ်သွားရင် အသစ်ထပ်ဝယ်ပေးမယ်နော် "

ပေါက်စီလုံးလက်ထဲကခွက်ကလေးက
နှစ်ပေါင်းအတော်ကြာတော့ မပဲ့မရွဲ့ သေးပေမဲ့ အဟောင်းရောင်တော့ပေါက်နေလေပြီ။

"အသစ်မဝယ်ပေးပါနဲ့ လုံလုံ ဒါလေးကိုပဲ ကြိုက်တယ်"

"ဘာလို့ လဲ ။ ခါတိုင်းငါပြောရင်
ခုလိုတွေ အထွန့် သိပ်မတက်ပါဘူး။
ခုတလော မင်းငါ့ကို ပြန်ပြန်ပြောနေတာများနေပြီနော် ဘေဘီ။ ဟိုနေ့ က ကိစ္စကို ခုထိ မကျေနပ်သေးဘူးလား "

ကျွန်တော် ဆူသလို အသံမာလိုက်တော့
ပေါက်စီလုံး က ဝမ်းနည်းတဲ့မျက်လုံးတွေနဲ့ မော့ကြည့်လာသည်။
အနည်းငယ်မျက်ရည်ဝိုင်းနေပေမဲ့
အရင်လို  လာဖက်ပီး လုံလုံ ကိုမဆူပါနဲ့ လို့  မပြော။
စိတ်ထဲ အလိုမကျတော့  စူးစိုက်ကာ
ပြန်ကြည့်မိသည်။

"လုံလုံ မကျေနပ်တာမရှိဘူး။
အဲ့လိုကြီး နောက်ကို မပြောနဲ့ လုံလုံ မကြိုက်ဘူး "

သူသုတ်နေကြ တဘတ်အကြီးကြီးကို
အဝတ်စင်ပေါ်က ဆွဲချကာ
ရေချိုးခန်းထဲဝင်သွား၏။
အခန်းထဲမှာ ကျွန်တော်သည် ငြိမ်သက်စွာကျန်နေခဲ့ပြီး ပေါက်စီလုံး ဝင်သွားသော
ရေချိုးခန်းတံခါးဆီကို အဓိပ္ပါယ်မဲ့ ငေးမောနေခဲ့မိသည်။
ပေါက်စီလုံးက အသက်၁၀နှစ်ထဲဝင်နေပြီဆိုပေမဲ့ ဟိုးတုန်းက သုံးနှစ်သားလို
ကျွန်တော်ရေချိုးပေးနေတုန်း။
ထို့ ကြောင့် ရေချိုးခန်းပေါက်ဝကိုအလျှင်အမြန်သွားကာ

"ဘေဘီ တံခါးဖွင့် ငါရေချိုးပေးမယ်။ "

ရေချိုးခန်းတံခါးကို ခပ်ဆတ်ဆတ်ခေါက်ကာ မနေနိုင်စွာ ဆိုတော့
ရေလောင်းချိုးသံတိတ်သွားကာ
ပြန်အော်လာ၏

"ဒီနေ့ ကစ  လုံလုံ ဘာသာချိုးတော့မယ်။
လုံလုံ ကလေးမဟုတ်တော့ဘူး"

နောက်တခေါက်  ခေါက်မဲ့လက်တွေသည်
လေထဲမှာ ရပ်တန့်သွား၏။
စိတ်ရှုပ်စွာ မျက်မှောင်ကုတ်ပီး သက်ပျင်းကို လေးပင့်စွာချကာ  အခန်းထောင့်က ကျောက်ပြင်လေးကို လှမ်းကြည့်လိုက်သည်။သနပ်ခါးလဲ လိမ်းမဲ့ပုံမမြင်တော့။

ပေါက်စီလုံးက ကလေးပဲရှိသေးတယ်။
လူကြီး မ ဖြစ်သေးဘူး။
အရာရာကိုယ့်ခြေကိုယ်လက်လုပ်ပေးနေကြဆိုတော့ မလုပ်ပေးရတော့
ရင်ထဲတမျိုးကြီးဖြစ်နေသည်။

ပြီးတော့ ပေါက်စီလုံးသည် အခုလို ကျွန်တော့်ကို တခါမှ စိတ်မဆိုးဘူးပေ။
သူအလွန်ဆုံးလုပ်  စိတ်ကောက်တာမျိုးထိပင်။

ကျွန်တော် စိတ်ပျက်လက်ပျက်
ပေါက်စီလုံးကျောပိုးအိတ်ကိုဆွဲပီး
အချိန်စာရင်းစစ်ကာ အသစ်လဲ ထည့်ပေးလိုက်တယ်။ မိနစ်အနည်းငယ်ကြာတော့
ပေါက်စီလုံး ရေချိုးခန်းထဲကထွက်လာ၏။
မပြောင်းလဲစွာ ကာတွန်းရုပ်အတွင်းခံလေးနဲ့ တဘတ်အကြီးကြီးပတ်ကာ
ထွက်လာပေမဲ့  ပေါက်စီလုံးရဲ့
ဗိုက်ရွဲလေးကိုတော့ လုံခြုံအောင်မဖုံးထားနိုင်ပေ။

အစီစဉ်မကျ သူ့ ဘာသာမွေ့ ယာပေါ်က အ ဝတ်ကို
ယူဝတ်နေတာကိုအတော်ကြာအောင် ငေးကြည့်နေပြီးမှ

"လာ ငါဝတ်ပေးမယ် " ဟု ခေါ်လိုက်မိသည်။ သို့ ပေမဲ့ ပေါက်စီလုံးဆီက လုံလုံဘာသာဝတ်မယ်ဆိုတဲ့ စကားသာကြား ရ
တော့ လရိပ် ဒေါသတကြီးအော်ပစ်လိုက်သည်။

"မင်းဘာဖြစ်နေတာလဲ ဘေဘီ။
ငါ့ကို ခုလို အကန်တွေ ပြောနေမယ်ဆို
မင်းဘာသာ နေတော့ ငါနဲ့ လာမပတ်သတ်နဲ့ ။ "

သူ့ စကားဆုံးတော့ ပေါက်စီလုံးရဲ့
ဝမ်းပန်းတနည်းကြည့်လာတဲ့ အကြည့်ကရောက်လာပြီး ချက်ခြင်းစူးရဲစွာ
ကြည့်တဲ့ အကြည့်ပြောင်းသွား၏။
ထို မျက်လုံးတောင်ကြောင့် လရိပ်မှူးခိုင်
အတော်ကြီးအံ့အားသင့်သွားသည်။
သူပြုစုပျိုးထောင်ခဲ့ရသောကလေး က
ဘာလို့ ခုလို ပုံစံပြောင်းသွားရတာလဲဆိုတာ သူနားမလည်တော့။

" ချစ်ချစ်  ကအမြဲ လုံလုံကို နှင်ထုတ်တယ်။အမြဲ လုံလုံဘာဖြစ်နေသလဲ တွေးမကြည့်ဘူး။ ချစ်ချစ် စိတ်တိုင်းကျကြီးပဲ လုပ်တယ်။ ချစ်ချစ်က အတ္တပဲကြီးတက်တာ။ လုံလုံ ကိုမချစ်ဘူး "

ပေါက်စီလုံးသည် အေးစက်စွာ ပြန်အော်လာပြီး  စီးကျလာတဲ့ သူ့ မျက်ရည်တွေကို သုတ်ကာ သူ့ ကျောပိုးအိတ်လေး ကောက်လွယ်ကာ အခန်းထဲကနေ ပြေးထွက်သွားသည်။
အဖြစ်အပျက်သည် တခဏအတွင်းမှာ
ဖြစ်သွားခဲ့ပြီး  ကျွန်တော် သတိတရကြည့်မိချိန်တွင် ပေါက်စီလုံးက အခန်းတွင်းမှာမရှိတော့ပေ။
တစ်စို့ စွာ  လရိပ် စာကြည့်ခုံပေါ်တွင်
အရုပ်ကျိုးပြတ်ဝင်ထိုင်လိုက်မိသည်။

ပေါက်စီလုံးက သူ့ ကိုပြန်အော်သွားတယ်။
ဘယ်တော့မှ သူ့ ကိုထားမသွားဘူးလို့
ပြောပီး ပေါက်စီလုံးက သူ့ ကိုထားသွားခဲ့တယ်။

ကျွန်တော် ဒီအဖြစ်ပျက်ကို လက်မခံနိုင်သေးပေ။
ခံစားချက်က ဆိုးဆိုးဝါးဝါးပင်။
တိတ်ဆိတ်ခြောက်ခြားသွားတဲ့ အခန်းကြောင့်လား။ ဒါမှမဟုတ်
တခါမှ ပြန်မပြောဖူးတဲ့ ပေါက်စီလုံးက ခုပြန်ပြောသွားခြင်းကြောင့်လား။
ဘာတခုမှမရေရာပေ။

"ဟင်း "

သက်ပြင်းချသံက အခန်းထဲမှာ ပီပီသသ
ကြားလိုက်ရတာ ပေါက်စီလုံးမရှိလို့ လား။
ဘာဆူညံသံမှ မကြားရတဲ့ အခန်းကို
ဝေ့ဝဲကြည့်မိတော့ ဟိုးငယ်ငယ်လေးကတည်းက ပေါက်စီလုံး အသုံးပြုခဲ့သော
အရုပ်တွေအပါအဝင် အသုံးအဆောင်များသည် ကျွန်တော်ပစ္စည်းတွေထပ်များကာ သူ့ နေရာနဲ့ သူ စနစ်တကျ ညီညာစွာ စီတင်ထားသည်။

စိတ်မောလူမောနဲ့ ကျောင်းသွားဖို့ ပြင်ရသည်။ မကြာခင် ၈ တန်း အစိုးရစစ် ဖြေရတော့မည်မို့  ကျောင်းကတော့မသွားလို့ မရ။
စိတ်မပါလက်မပါနဲ့   တီလေးဝယ်ပေးထားသော စက်ဘီးလေးကို တွန်းပီးခြံပြင်ထွက်လာတော့ ပေါက်စီလုံးအိမ်က ကားနက်ကြီးက ဘေးကနေ ကပ်ဖြတ်သွား၏။
ကားမှန်မှာ အပြည့်တင်ထားပေမဲ့
ပေါက်စီလုံးဝေရာဝစ္စသာ သုံးသည့်ကားမို့
ကျောင်းသွားပြီမှန်းရိပ်မိလိုက်သည်။

တစ်ယောက်ထဲလွတ်လပ်စွာ စက်ဘီးနင်းနေမိပေမဲ့ နောက်ခုံက ဝက်တကောင်မပါတော့  ဟာတာတာနဲ့ တမျိုးကြီး။
အထီးကျန်ခြင်းကို မကြိုက်တဲ့
ကျွန်တော်ကတော့ ပေါက်စီလုံးမရှိတာ
တစ်ရက်ရှိသေး လောကကြီးက သာယာမူ့ မရှိတော့ခံစားနေရတော့သည်။

လူ့ စိတ်ဆိုတာ အခက်သား။
တခါတလေ ကျွန်တော် ပေါက်စီလုံးကို
"ငါလုပ်ပေးလို့ "ဆိုတဲ့ အတ္တတခုနဲ့
အနိုင်ယူခဲ့မိတာတွေ ရှိပါတယ်။
ဒါဟာ ပေါက်စီလုံး က အလျော့ပေးခဲ့လို့
သာဖြစ်သည်။

အမြဲတမ်းစိတ်အလိုမကျရင်" မင်းအိမ်မင်းပြန်တော့"ဆိုတော့ အနိုင်ယူစကားတွေဟာပေါက်စီလုံးဘယ်မှ မသွားမှန်းသိလို့
ပြောတာပေါ့။

ခါတိုင်းလဲပြောနေကျပဲ ခုမှ စိတ်ဆိုးသွားစရာလိုလား။
ချစ်ချစ် အဲ့လို လုံလုံ ကိုမပြောနဲ့  ဆိုပီး
သူမကြိုက်တာပြောရင် အတင်းဖက်ပီး
ချော့နေကျပဲ။ အဲ့လို လုပ်လိုက်တော့ဘာဖြစ်သွားမှာလဲ။

တွေးရင်းနင်းရင်းနဲ့   ကျောင်းကို
ရောက်လာတော့ ပေါက်စီလုံးက  
ကျောင်းပေါက်ဝ  ဗာဒံပင်အောက်မှာ
ကလေးတွေနဲ့ ဆော့နေတာတွေ့ ရသည်။
ကျွန်တော်လာတာ တွေ့ ရင်  အပြေးလာဖက်နေကြ ပေါက်စီလုံးသည် မသိချင်ယောင်ဆောင်ကာ ကျွန်တော်ကို မခေါ်ပေ။

မကြာခင် ကျောင်းတက်ခေါင်းလောင်းထိုးတော့မှာမို့  ချွေးပျံ  အောင်ဆော့နေခြင်းအပေါ် မတားမြစ်ခဲ့ပေ။
ပထမဆုံးမခေါ်မပြောဖြစ်နေခြင်းမို့ 
အနည်းငယ်နေရခက်ပေမဲ့ အကျင့်ပုတ်သည်ပဲပြောပြော  အကြီးဖြစ်တဲ့ကျွန်တော်ကတော့ စ မခေါ်နိုင်ပေ။

စာသင်ချိန်တချို့ သည် ကျွန်တော်ကို အတော်ကြီးအသက်ရူကြပ် စေပြီး အားလက်ချိန်ဆင်းဖို့  အချိန်ရောက်အောင်
အကြာကြီး စောင့်လိုက်ရတယ်လို့ ပင်ခံစားနေရသည်။

ပုံမှန်ဆို ပေါက်စီလုံး အတွက်  
မုန့် စားကျောင်းဆင်းရင်  အိမ်ကထည့်လာတဲ့ မုန့် တချို့ ကို သွားကျွေးနေကြပင်။
ခုတခါတော့ ကျွေးသည့်မကျွေးသင့်
အတော်ကြီး စဉ်းစားနေမိပြီးမှ   အခန်းရှေ့ ကနေဖြတ်သွားသော ပေါက်စီလုံးသူငယ်ချင်း  ရှင်းသန့်  ကိုမြင်လိုက်ရသည်ကြောင့် လှမ်းခေါ်ကာ လူကြုံထည့်ပေးလိုက်သည်။

"ညီလေး ..ရှင်းသန့်   အကို့ ကို ဒါလေး
ဝေလုံဆီပေးပေးလို့ ရမလား"

"ရတယ် ကိုကြီး ပေး။ သားယူသွားလိုက်မယ်"

အမြဲတမ်းသူ လာနေကြမို့ 
စကားအများကြီးမပြောဖြစ်ပေမဲ့ 
ကလေးတွေလဲ သူ့ ကို သိနေပေသည်။
ထို့ နေ့ က အတန်းချိန်တွေကို စိတ်မပါလက်မပါ ဖြတ်သန်းခဲ့ပြီး   အလာတုန်းကအတိုင်း အပြန်လည်း တစ်ယောက်ထဲသာ ပြန်လာဖြစ်လေသည်။

ဆူဆူညံညံဝက်တကောင်မရှိခြင်း ကြောင့်
ထိုနေ့ က  ကျွန်တော့်ရာသီဥတု မသာယာခဲ့ပါ။

" လရိပ် လာအုန်း"

အိမ်ပေါက်ဝရပ်ကာဖိနပ်ချွတ်နေကာရှိသေး တီလေး က စီးကြို ခေါ်လေသည်။

" လာမှာပါ။ ဘယ်နှယ့်ဖြစ်နေတာတုန်း။
ဒီအိမ်အပြင်ဘယ်မှ သွားစရာမရှိဘူး။
ပြော ဘာပြောမှာလဲ "

ကျောပိုးအိတ်ကို စာပွဲပေါ်ချကာ ခုံမှာ
တီလေးနဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။

"လုံလုံနဲ့ ဘာကိစ္စရန်ဖြစ်တာလဲ။
မနက်က အိမ်ကို ငိုယိုပြီး ပြန်လာတယ်တဲ့
နင်ကလေးကို ဘာလုပ်လိုက်တာလဲ။
ဟိုက အဖော်မရှိရှာလို့ နင့်အော်ဟစ်သမျှ
သည်းခံနေရှာတဲ့ကလေးနော်"

"ကျွန်တော် ဘာမှအနိုင်မကျင့်ဘူး။
ခါတိုင်းလို  မင်းအိမ်မင်းပြန်လို့ ပဲပြောမိတာ။ ခုမှနာစရာမရှိ နာနေတာ။
မဟုတ်လဲ ကျွန်တော်ဒီတိုင်းပြောတက်တာ သူသိနေတာပဲ "

"အဲ့ဒါကိုက မဟုတ်တာလေ။
မင်းစိတ်ဆိုးတိုင်းနှင်ထုတ်နေမှတော့
လူပဲလေ ။ တနေ့ မဟုတ်တော့ စိတ်ထဲ
စိတ်နာလာမှာပဲ "

"ဒါဆို အစကတည်းက လုံလုံက
ချစ်ချစ်နဲ့ ပဲ အမြဲနေမှာလို့ ဂတိမပေးနဲ့ ပေါ့။
တည်နိုင်တာလဲ မဟုတ်ပဲ အလကားဟာတွေ ။ နောက်ဆို ဘယ်သူ့ မှ သံယောဇဉ်မထားတော့ဘူး ။ စိတ်ပျက်ဖို့ ကောင်းတယ်"

ပြောပြီး ကျောပိုးအိတ်ကို  ကောက်ယူကာ အခန်းထဲဝင်သွားသော တူတော်မောင့်ကို
စိတ်ပျက်လက်ပျက် ကြည့်မိရုံကလွဲပြီး
မေ လဲ ဘာမှဆက်မပြောတက်တော့။
မနက်က ဈေးရောက်တော့
ဦးကောင်းလုံ ဖုန်းဆက်လာသည်။

လရိပ်နဲ့  လုံလုံရန်ဖြစ်လာတာလားတဲ့။
အိမ်က အလုပ်သမားတွေ ကပြောတာတော့ လုံလုံ တစ်ယောက် ငိုကြီးချက်မ
ပြန်လာတာတဲ့။

ကိုယ်က ဈေးရောက်နေပြီမို့ အိမ်မှာ ဖြစ်သမျှဘာသိမှာလဲ။
လုံလုံ ဆိုတာ လရိပ်တခွန်းဆို တခွန်း
ပြီးတဲ့ ကောင်လေး။
ကိုယ်တူ အနိုင်ယူတာ သိပေမဲ့
သူတို့  နှစ်ယောက်ကြားဝင်ပါတာ
မကြိုက်တော့ ဘာမှ  သိပ်တော့ မပါဖြစ်ပေ။
ဘာပဲပြောပြော လုံလုံက ကလေးပဲ
ရှိသေးသည်။
အမြဲ တင်းနေလို့ မှမရတာ။
ချော့တလှည့် ခြောက်တလှည့် ဆုံးမမှ
ရေရှည်အဆင်ပြေမှာပေါ့။ ခုတော့။

_____

"ဒုန်း "

စာကြည့်စားပွဲပေါ် ကျောပိုးအိတ်ကိုပစ်တင်လိုက်တော့
ဒုန်းကနဲ မြည်သံက ခပ်အုပ်အုပ်ထွက်လာတယ်။
ထိုအခါမှတစုံတခုကို သတိရသွားကာ
စိုးရိမ်တကြီး ကျောပိုးအိတ်ကိုဖွင့်ကြည့်မိသည်။

"ဟူးး တော်ပါသေးတယ်။ မကွဲလို့ "

တစ်ယောက်ထဲ  ဆိုရင်း အိတ်ထဲကနေ
ပစ္စည်းတခုကို ဂရုတစိုက် ဆွဲထုတ်လိုက်
၏။

အစိမ်းရောင် အသဲပုံ ခွက်လှလှလေးက
လက်ထဲမှာ  သူမဟုတ်သလို ။

ချစ်တဲ့အိမ်စည်။

( နေ့ စဉ် upနိုင်ဖို့ ကြိုးစားပေးပါ့မယ်။ )

Bạn đang đọc truyện trên: ZingTruyen.Xyz