ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

လြမ္းခ်င္း၁

eainsi23

ယြန္းဘူးေလးထဲမွာ
လွလွပပ သိမ္းဆည္းထားတဲ့
ပန္းေရာင္ စာအိတ္ ေလးေတြက အရင္လို
အေရာင္မစိုေတာ့ေပမဲ့ လွပေနဆဲ။

ဂရုစိုက္သူက ဘယ္ေလာက္ျမတ္နိုးတက္သလဲ  ဆိုတာ ၉နွစ္ေက်ာ္  ရွိေနတာေတာင္
တြန္ ႔ျခင္းေခါက္ျခင္း နည္းနည္းမွမရွိ။

ထိုဘူးေလးထဲက စာအိတ္ေတြကို သေဘာတက် ကိုယ္တြယ္ၾကည့္ရူ ႔ေနတဲ့ လက္ကေလးက သိပ္ လွတယ္။

လူတစ္ေယာက္ကို ဘယ္အခ်ိန္မွာ ခ်စ္နိုင္မယ္ထင္သလဲတဲ့ ။
အဲ့အေျဖကို ကြၽန္ေတာ္လည္း မသိဘူး။
ကြၽန္ေတာ္သိတာ
တစ္ခုတည္းေသာ မိုး႐ြာတဲ့ ေန ႔တေန ႔က
ရန္ေတြ ႕ေနတဲ့ ပန္းႏုေရာင္ နႈတ္ခမ္းပါးကေန  စတယ္။

တြန္ ႔ေကြးေနတဲ့ မ်က္ခံုးေလးက သိပ္လွတယ္။
ေထာ္လန္ေနတဲ့ နႈတ္ခမ္းေတြက ပိတ္
လိုက္ဖြင့္လိုက္ ကြၽန္ေတာ့္ကိုမရပ္မနားရန္ေတြ ႕တယ္။
မိုးေရေတြစိုေနတဲ့ စူပုတ္ပုတ္မ်က္နွာေလးက ဘယ္အေၾကာင္းေၾကာင့္
အလိုမက်ေနရပါသလဲ။

ကြၽန္ေတာ္ဘာမွမသိဘူး။
အသံေတြလဲ မၾကားေတာ့ဘူး။
မိုးေရ စိုမွာလဲ မေၾကာက္ေတာ့ဘူး။
ရင္ေအးစရာျမင္ကြင္းက ကြၽန္ေတာ္ေရွ ႔ ႔မွာ။

သူဟာေယာက်ာ္းလားမိန္းမလား။
ကြၽန္ေတာ္ဘာမွမသိဘူး။
နွလံုးခုန္သံ တဒိန္းဒိန္းဆူညံေနတာကိုေတာ့ ၾကားတယ္။
ထိုအခ်ိန္မွ စ၍ သူ ႔ကို ကြၽန္ေတာ္ ခ်စ္မိသြားခဲ့တယ္။

အဲ့ဒီေန ႔ဟာ......

မႈန္မႈိင္းေနတဲ့ ရာသီဥတုကမၾကာခင္မွာ မိုး႐ြာမဲ့ သေဘာရွိသည္။ တကယ္ဆို သက္မင္းပံု က
မိုးရာသီကို မႀကိဳက္ေပ။
ကားကို တျဖည္းျဖည္းရပ္ကြက္လမ္းဘက္ခ်ိဳးေကြ ႕လိုက္တာနဲ ့ တဂ်စ္ဂ်စ္အသံေပးလို ႔ထိုးရပ္သြားေလသည္။

"ဟာကြာ  အိမ္ေရာက္မွေတာ့မပ်က္ဘူး"

တကယ္ဆို ကားသာ စီးတက္တာ
မျပင္တက္ဘူး။
ကားပ်က္ရင္ ဟိုနႈိက္ ဒီနႈိက္လုပ္တက္ဖို ႔
ေနေနသာသာ ကားတံခါးပိတ္ကာ
ကားကို ထားခဲ့ဖို ႔ပဲ လုပ္တက္တဲ့
သက္မင္းပံု တစ္ေယာက္ဟာ အခုလည္းထို ႔အတိုင္းပဲ  ေက်ာပိုးအိတ္ေလးလြယ္ကာ ဂ်ဴ တီကုတ္ ကို လက္က ကိုင္လို ႔
ကားအျပင္ကိုထြက္လိုက္၏။
သိပ္မေကာင္းေတာ့တဲ့ကားဆိုေပမဲ့
အၿမဲပ်က္ေလ့မရွိသည္မို ႔သက္ပံုက ထိုကားေလးကိုသာ သေဘာတက် စီးၿမဲပင္။
ဒါေပမဲ့ ဒီေန ႔ေတာ့မတူေတာ့ၿပီ။
သူကားအသစ္လဲဖို ႔အိမ္ကိုပူဆာမွျဖစ္မည္။

စိတ္မေကာင္းစြာနဲ ့ပဲ စိုစြတ္စြတ္မိုးရာသီကို မႀကိဳက္တဲ့ သက္မင္းပံုဟာ ကားအျပင္ေရာက္တာနဲ ့ မိုးဖြဲေလးေတြက်လာ၏။
စိတ္ပ်က္လက္ပ်က္ ေကာင္းကင္ကို ေမာ့ၾကည့္ၿပီး နႈတ္ခမ္းစူျပမိသည္။

ညေနေစာင္းေနၿပီဆိုေပမဲ့ အုပ္မိႈိင္းေနတဲ့
ရာသီဥတုေၾကာင့္ ပတ္ဝန္းက်င္သည္ ပိုၿပီးမဲေမွာင္ေနလ်က္ရွိသည္။

"ကြၽတ္! မိုးကေတာ့ ေသေအာင္႐ြာေတာ့မယ္ထင္တယ္"

ခပ္တိုးတိုးေရ႐ြတ္ကာ ေျခလွမ္းေတြကို သြက္လိုက္၏။
မဟုတ္လဲ လူသြားလူလာျပတ္ေနတဲ့
အေျခေနႀကီးကို သက္မင္းပံုေၾကာက္သည္။

"ရွပ္...  ရွပ္"

ေဟာ.....

ေနာက္ကေန လိုက္လာေသာ ေျခသံေၾကာင့္ အသာအယာ ေနာက္လွည့္ၾကည့္မိေတာ့ အထုပ္ ကေလးတထုပ္လက္ကဆြဲၿပီး သူ ႔ေနာက္လိုက္လိုက္ေနေသာ  ေကာင္ေလးတစ္ေယာက္။
ဘာလဲ နွာဗူးလား။
မသိမသာ ဟိုဖက္ရပ္ကြက္ လမ္းဖက္ခ်ိဳးလိုက္ေတာ့လည္း ပါလာျပန္သည္။
ေဒါသက မိုးေရထဲလမ္းေလ်ွာက္ျပန္လာရကတည္းက ထြက္ခ်င္ေနပါတယ္ဆိုမွ။

စိတ္တိုစြာ  လမ္းေလ်ွာက္ေနရာမွ ရပ္တန္ ႔လိုက္ေတာ့ ေနာက္ပါးမွ ကပ္လိုက္လာတဲ့
တစ္ေယာက္ကလဲရပ္တန္ ႔သြားသည္။
ရယ္လဲမရယ္ ၿပံဳးလည္းမၿပံဳးတဲ့ မ်က္နွာထားေၾကာင့္ ေၾကာက္႐ြံ ့သြားေပမဲ့
ခပ္ဆတ္ဆတ္ေအာ္ပစ္လိုက္သည္။

"ဒီမွာ မင္း ငါ့ေနာက္ကို လိုက္ေနတာလား။  "

ေမးတာကို ျပန္ေျဖမလာပဲ  ကိုယ့္ကို ခပ္တည္တည္ၾကည့္ေနတာမို ႔ သက္မင္းပံုရဲ႕ နႈတ္ခမ္းပါးတို ႔သည္ မေက်မနပ္ စူပုတ္လာ၏။
ေဖေဖ သာသိရင္ မင္းေဒါသထြက္ရင္
ေယာက်ာ္းလို ထြက္စမ္းလို ႔ ဆူအုန္းမည္။
ဘယ္တက္နိုင္မလည္းသူ ႔ဘာသာသူ ျဖစ္သြားတာကို။

"ထပ္လိုက္လာရင္ ငါေအာ္လိုက္မွာေနာ္။
ဘယ္သူမွ မရွိဘူးဆိုၿပီး ငါ့ကို ေနွာက္ယွက္ဖို ႔မေတြးနဲ ့။ ဒီရပ္ကြက္က ငါ့ရပ္ကြက္ပဲ။ ဘာမွတ္ေနလဲ "

ေၾကာက္မလားလို ႔ၿခိမ္းေျခာက္ေသာ္လည္း ထိုေကာင္ေလးက အၾကည့္မပ်က္ပါ။
ဒီလူ က ဘာႀကီးလဲ။
ပိုမို ေမွာင္လာေသာ ရာသီဥတုေၾကာင့္
သက္မင္းပံု ထပ္မေျပာေတာ့ပဲ ေနာက္ေၾကာင္းလွည့္ၿပီးေျပးေလသည္။
ဒါေပမဲ့ ထိုေကာင္ေလးကေတာ့ ဆက္လိုက္မလာပါ။

_
_

*နႈတ္ခမ္းေလးက ခ်စ္စရာေလး*

ေကာင္းခ်ီ တစ္ေယာက္  ေျပးထြက္သြားတဲ့ ေက်ာျပင္
ေလးေပ်ာက္ကြယ္သြားသည္ထိ ထိုေနရာမွ ေရွ ႔ဆက္သြားဖို ႔ေမ့သြားသည္။

သူပထမဆံုးေတြးမိတာ နႈတ္ခမ္းေလးပင္။
မိုးေရေတြစိုေနေသာ ပန္းေရာင္နႈတ္ခမ္းေလးက တခါတေလ စူတူတူေလးျဖစ္သြားတက္ၿပီး တခါတေလ သြားေလးနဲ ့ ဖိကိုက္ျခင္းကိုလဲခံေနရသည္။အဲ့ခ်ိန္မွာ သူ ႔စိတ္ထဲရွိေနတာက
နႈတ္ခမ္းေတြ နာေနေလာက္ၿပီ ဆိုတာပဲ။
ဘာေၾကာင့္ အျပစ္မရွိတဲ့ နႈတ္ခမ္းေတြကိုဖိကိုက္ၿပီး ဒဏ္ခတ္ေနတာလဲ။ 

ေနာက္ၿပီး ရွိေသးတယ္။
တြန္ ႔ခ်ိဳးေနတဲ့ မ်က္ခုံးတန္းေကြးေကြးေလး
။ အခ်ိဳးစားက်လွတဲ့ မ်က္ခံုးတန္းေလးဟာ အလိုမက်လို ႔တြန္ ႔ေခါက္ေနသည္မို ႔
ေကာင္းခ်ီစိတ္မသက္မသာျဖစ္ရျပန္သည္။
ဘယ္လိုလုပ္ရမလဲ။
အဲ့ဒီခပ္တြန္ ႔တြန္ ႔မ်က္ခံုးေလးကို ျဖန္ ႔ေပးခ်င္လို ႔သူ ႔လက္ေတြအန္မတန္ယားေနလွျပီေလ။ ။

မၾကာဘူး ထိုလူသားက မ်က္စိေရွ ႔မွာ ထြက္ေျပးသြားတယ္။

ဘာစကားေတြေျပာသြားသလဲ သူမၾကားမိလိုက္တာ စိတ္ပ်က္စရာပါ။
ပန္ေရာင္သန္းတဲ့ နႈတ္ခမ္းပါးက
လႈပ္ရွားေနတာကိုပဲ သူသိခဲ့တယ္။

မွတ္မွတ္ရရ အဲ့ဒီညေနက
ေကာင္းခ်ီ ရင္ဖက္ႀကီးဆူညံေနလို ႔
ညေရာက္သည့္တိုင္ ေကာင္းေကာင္းအိပ္လို ႔မေပ်ာ္ခဲ့ဘူး။
ဒါဟာ ဘာေၾကာင့္ျဖစ္သလဲဆိုတာသူနားမလည္ခဲ့ေပ။
အူတူူတူနဲ ့စခဲ့တဲ့  နွလံုးခုန္သံက
သက္မင္းပံုဆိုတဲ့ ေဆးေက်ာင္းသားေလးေၾကာင့္တဲ့ ။

ထို ႔အခ်ိန္ကေန ႔စလို ႔ ကြၽန္ေတာ္ဟာ သက္မင္းပံုအေပၚမွာ .......

ခ်စ္တဲ့အိမ္စည္။

(Extra မဟုတ္ပဲ ေရာက္တက္ရာရာ ေရးေနတာပါ။ )

ယွန်းဘူးလေးထဲမှာ
လှလှပပ သိမ်းဆည်းထားတဲ့
ပန်းရောင် စာအိတ် လေးတွေက အရင်လို
အရောင်မစိုတော့ပေမဲ့ လှပနေဆဲ။

ဂရုစိုက်သူက ဘယ်လောက်မြတ်နိုးတက်သလဲ  ဆိုတာ ၉နှစ်ကျော်  ရှိနေတာတောင်
တွန့် ခြင်းခေါက်ခြင်း နည်းနည်းမှမရှိ။

ထိုဘူးလေးထဲက စာအိတ်တွေကို သဘောတကျ ကိုယ်တွယ်ကြည့်ရူ့ နေတဲ့ လက်ကလေးက သိပ် လှတယ်။

လူတစ်ယောက်ကို ဘယ်အချိန်မှာ ချစ်နိုင်မယ်ထင်သလဲတဲ့ ။
အဲ့အဖြေကို ကျွန်တော်လည်း မသိဘူး။
ကျွန်တော်သိတာ
တစ်ခုတည်းသော မိုးရွာတဲ့ နေ့ တနေ့ က
ရန်တွေ့ နေတဲ့ ပန်းနုရောင် နှုတ်ခမ်းပါးကနေ  စတယ်။

တွန့် ကွေးနေတဲ့ မျက်ခုံးလေးက သိပ်လှတယ်။
ထော်လန်နေတဲ့ နှုတ်ခမ်းတွေက ပိတ်
လိုက်ဖွင့်လိုက် ကျွန်တော့်ကိုမရပ်မနားရန်တွေ့ တယ်။
မိုးရေတွေစိုနေတဲ့ စူပုတ်ပုတ်မျက်နှာလေးက ဘယ်အကြောင်းကြောင့်
အလိုမကျနေရပါသလဲ။

ကျွန်တော်ဘာမှမသိဘူး။
အသံတွေလဲ မကြားတော့ဘူး။
မိုးရေ စိုမှာလဲ မကြောက်တော့ဘူး။
ရင်အေးစရာမြင်ကွင်းက ကျွန်တော်ရှေ့့မှာ။

သူဟာယောကျာ်းလားမိန်းမလား။
ကျွန်တော်ဘာမှမသိဘူး။
နှလုံးခုန်သံ တဒိန်းဒိန်းဆူညံနေတာကိုတော့ ကြားတယ်။
ထိုအချိန်မှ စ၍ သူ့ ကို ကျွန်တော် ချစ်မိသွားခဲ့တယ်။

အဲ့ဒီနေ့ ဟာ......

မှုန်မှိုင်းနေတဲ့ ရာသီဥတုကမကြာခင်မှာ မိုးရွာမဲ့ သဘောရှိသည်။ တကယ်ဆို သက်မင်းပုံ က
မိုးရာသီကို မကြိုက်ပေ။
ကားကို တဖြည်းဖြည်းရပ်ကွက်လမ်းဘက်ချိုးကွေ့ လိုက်တာနဲ့  တဂျစ်ဂျစ်အသံပေးလို့ ထိုးရပ်သွားလေသည်။

"ဟာကွာ  အိမ်ရောက်မှတော့မပျက်ဘူး"

တကယ်ဆို ကားသာ စီးတက်တာ
မပြင်တက်ဘူး။
ကားပျက်ရင် ဟိုနှိုက် ဒီနှိုက်လုပ်တက်ဖို့
နေနေသာသာ ကားတံခါးပိတ်ကာ
ကားကို ထားခဲ့ဖို့ ပဲ လုပ်တက်တဲ့
သက်မင်းပုံ တစ်ယောက်ဟာ အခုလည်းထို့ အတိုင်းပဲ  ကျောပိုးအိတ်လေးလွယ်ကာ ဂျူ တီကုတ် ကို လက်က ကိုင်လို့ 
ကားအပြင်ကိုထွက်လိုက်၏။
သိပ်မကောင်းတော့တဲ့ကားဆိုပေမဲ့
အမြဲပျက်လေ့မရှိသည်မို့ သက်ပုံက ထိုကားလေးကိုသာ သဘောတကျ စီးမြဲပင်။
ဒါပေမဲ့ ဒီနေ့ တော့မတူတော့ပြီ။
သူကားအသစ်လဲဖို့ အိမ်ကိုပူဆာမှဖြစ်မည်။

စိတ်မကောင်းစွာနဲ့ ပဲ စိုစွတ်စွတ်မိုးရာသီကို မကြိုက်တဲ့ သက်မင်းပုံဟာ ကားအပြင်ရောက်တာနဲ့  မိုးဖွဲလေးတွေကျလာ၏။
စိတ်ပျက်လက်ပျက် ကောင်းကင်ကို မော့ကြည့်ပြီး နှုတ်ခမ်းစူပြမိသည်။

ညနေစောင်းနေပြီဆိုပေမဲ့ အုပ်မှိုင်းနေတဲ့
ရာသီဥတုကြောင့် ပတ်ဝန်းကျင်သည် ပိုပြီးမဲမှောင်နေလျက်ရှိသည်။

"ကျွတ်! မိုးကတော့ သေအောင်ရွာတော့မယ်ထင်တယ်"

ခပ်တိုးတိုးရေရွတ်ကာ ခြေလှမ်းတွေကို သွက်လိုက်၏။
မဟုတ်လဲ လူသွားလူလာပြတ်နေတဲ့
အခြေနေကြီးကို သက်မင်းပုံကြောက်သည်။

"ရှပ်...  ရှပ်"

ဟော.....

နောက်ကနေ လိုက်လာသော ခြေသံကြောင့် အသာအယာ နောက်လှည့်ကြည့်မိတော့ အထုပ် ကလေးတထုပ်လက်ကဆွဲပြီး သူ့ နောက်လိုက်လိုက်နေသော  ကောင်လေးတစ်ယောက်။
ဘာလဲ နှာဗူးလား။
မသိမသာ ဟိုဖက်ရပ်ကွက် လမ်းဖက်ချိုးလိုက်တော့လည်း ပါလာပြန်သည်။
ဒေါသက မိုးရေထဲလမ်းလျှောက်ပြန်လာရကတည်းက ထွက်ချင်နေပါတယ်ဆိုမှ။

စိတ်တိုစွာ  လမ်းလျှောက်နေရာမှ ရပ်တန့် လိုက်တော့ နောက်ပါးမှ ကပ်လိုက်လာတဲ့
တစ်ယောက်ကလဲရပ်တန့် သွားသည်။
ရယ်လဲမရယ် ပြုံးလည်းမပြုံးတဲ့ မျက်နှာထားကြောင့် ကြောက်ရွံ့ သွားပေမဲ့
ခပ်ဆတ်ဆတ်အော်ပစ်လိုက်သည်။

"ဒီမှာ မင်း ငါ့နောက်ကို လိုက်နေတာလား။  "

မေးတာကို ပြန်ဖြေမလာပဲ  ကိုယ့်ကို ခပ်တည်တည်ကြည့်နေတာမို့  သက်မင်းပုံရဲ့ နှုတ်ခမ်းပါးတို့ သည် မကျေမနပ် စူပုတ်လာ၏။
ဖေဖေ သာသိရင် မင်းဒေါသထွက်ရင်
ယောကျာ်းလို ထွက်စမ်းလို့  ဆူအုန်းမည်။
ဘယ်တက်နိုင်မလည်းသူ့ ဘာသာသူ ဖြစ်သွားတာကို။

"ထပ်လိုက်လာရင် ငါအော်လိုက်မှာနော်။
ဘယ်သူမှ မရှိဘူးဆိုပြီး ငါ့ကို နှောက်ယှက်ဖို့ မတွေးနဲ့ ။ ဒီရပ်ကွက်က ငါ့ရပ်ကွက်ပဲ။ ဘာမှတ်နေလဲ "

ကြောက်မလားလို့ ခြိမ်းခြောက်သော်လည်း ထိုကောင်လေးက အကြည့်မပျက်ပါ။
ဒီလူ က ဘာကြီးလဲ။
ပိုမို မှောင်လာသော ရာသီဥတုကြောင့်
သက်မင်းပုံ ထပ်မပြောတော့ပဲ နောက်ကြောင်းလှည့်ပြီးပြေးလေသည်။
ဒါပေမဲ့ ထိုကောင်လေးကတော့ ဆက်လိုက်မလာပါ။

_
_

*နှုတ်ခမ်းလေးက ချစ်စရာလေး*

ကောင်းချီ တစ်ယောက်  ပြေးထွက်သွားတဲ့ ကျောပြင်
လေးပျောက်ကွယ်သွားသည်ထိ ထိုနေရာမှ ရှေ့ ဆက်သွားဖို့ မေ့သွားသည်။

သူပထမဆုံးတွေးမိတာ နှုတ်ခမ်းလေးပင်။
မိုးရေတွေစိုနေသော ပန်းရောင်နှုတ်ခမ်းလေးက တခါတလေ စူတူတူလေးဖြစ်သွားတက်ပြီး တခါတလေ သွားလေးနဲ့  ဖိကိုက်ခြင်းကိုလဲခံနေရသည်။အဲ့ချိန်မှာ သူ့ စိတ်ထဲရှိနေတာက
နှုတ်ခမ်းတွေ နာနေလောက်ပြီ ဆိုတာပဲ။
ဘာကြောင့် အပြစ်မရှိတဲ့ နှုတ်ခမ်းတွေကိုဖိကိုက်ပြီး ဒဏ်ခတ်နေတာလဲ။ 

နောက်ပြီး ရှိသေးတယ်။
တွန့် ချိုးနေတဲ့ မျက်ခုံးတန်းကွေးကွေးလေး
။ အချိုးစားကျလှတဲ့ မျက်ခုံးတန်းလေးဟာ အလိုမကျလို့ တွန့် ခေါက်နေသည်မို့
ကောင်းချီစိတ်မသက်မသာဖြစ်ရပြန်သည်။
ဘယ်လိုလုပ်ရမလဲ။
အဲ့ဒီခပ်တွန့် တွန့် မျက်ခုံးလေးကို ဖြန့် ပေးချင်လို့ သူ့ လက်တွေအန်မတန်ယားနေလှပြီလေ။ ။

မကြာဘူး ထိုလူသားက မျက်စိရှေ့ မှာ ထွက်ပြေးသွားတယ်။

ဘာစကားတွေပြောသွားသလဲ သူမကြားမိလိုက်တာ စိတ်ပျက်စရာပါ။
ပန်ရောင်သန်းတဲ့ နှုတ်ခမ်းပါးက
လှုပ်ရှားနေတာကိုပဲ သူသိခဲ့တယ်။

မှတ်မှတ်ရရ အဲ့ဒီညနေက
ကောင်းချီ ရင်ဖက်ကြီးဆူညံနေလို့ 
ညရောက်သည့်တိုင် ကောင်းကောင်းအိပ်လို့ မပျော်ခဲ့ဘူး။
ဒါဟာ ဘာကြောင့်ဖြစ်သလဲဆိုတာသူနားမလည်ခဲ့ပေ။
အူတူတူနဲ့ စခဲ့တဲ့  နှလုံးခုန်သံက
သက်မင်းပုံဆိုတဲ့ ဆေးကျောင်းသားလေးကြောင့်တဲ့ ။

ထို့ အချိန်ကနေ့ စလို့  ကျွန်တော်ဟာ သက်မင်းပုံအပေါ်မှာ .......

ချစ်တဲ့အိမ်စည်။

(Extra မဟုတ်ပဲ ရောက်တက်ရာရာ ရေးနေတာပါ။ )

Bạn đang đọc truyện trên: ZingTruyen.Xyz