ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

တမ္းခ်င္း

eainsi23

သူ ႔နာမည္က သက္မင္းပံုတဲ့။
မနက္တိုင္း ကြၽန္ေတာ္တို ႔ရပ္ကြက္ ထိပ္ကေန ကားေမာင္းၿပီးေက်ာင္းကိုသြားေလ့ရွိတယ္။

အၿပံဳးလွလွေလေတြနဲ ့ ထိုအမ်ိဳးသားဟာ
ပန္းေရာင္ေလးေတြ ႀကိဳက္သတဲ့ဗ်။

ကားအတြင္းပိုင္းကို အလွဆင္ထားတဲ့
ပစၥည္းေလးေတြ၊  အသံုးအေဆာင္
လွွလွေလးေတြက သက္မင္းပံု ႀကိဳက္နွစ္သက္တဲ့ အဲ့ဒီ ပန္းေရာင္ေလးေတြပဲ။

တခါတေလ ထိုအမ်ိဳးသားက ပင္ျမင္စံ တဲ့ သဇင္လိုပဲ  တင့္တယ္မူ ႔ေတြအျပည့္ပင္။

ပန္းေရာင္ႀကိဳက္တဲ့ ထိုအမ်ိဳးသားရဲ႕
ပန္းေရာင္ဖူးဖူးနႈတ္ခမ္းေလးကေတာ့
ကြၽန္ေတာ္အႀကိဳက္ေပါ့။

ၾကည့္ေလ ရင္ခုန္ေလ၊ ၾကည့္ေလ စြဲညိေလနဲ ့ ကြၽန္ေတာ္ရင္ခုန္ျခင္းေတြက သက္မင္းပံုမွ မရရင္မျဖစ္ေတာ့ပါတဲ့။
အခ်ိန္ေတြၾကာလာေလေလ ကုဖို ႔ေဆးမရွိ
ျဖစ္လာတဲ့ ကြၽန္ေတာ္ဟာ ေနပူပူ မိုး႐ြာ႐ြာ
လမ္းထိပ္ အုတ္ခံုမွာထိုင္လို ႔ ေမ်ွာ္ေတာ္ေယာင္ လုပ္ကာ မ်က္နွာႏုုႏုကို ေမာ္ဖူးဖို ႔
မပ်က္ကြက္ခဲ့ပါ။

စားလည္းဒီစိတ္ ၊သြားလည္းဒီစိတ္နဲ ့
ကြၽန္ေတာ္ကေတာ့ သက္္မင္းပံုေၾကာင့္ရူးခဲ့ရပါၿပီ။

ဘာၾကည့္ႀကိဳက္တာလဲတဲ့။

ေမးလည္းေမးတက္ပါ့။
ဖုံးကြယ္ဖို ႔မလိုတဲ့ အေၾကာင္းျပေတြမွာ
သက္မင္းပံုက အဓိကပဲ ။
ရွက္ဖို ႔ေနေနသာသာ အေပါင္းသင္းေတြကဒီေကာင္ ဟိုေဆးေက်ာင္းသားေလး
သက္မင္းပံုဆိုတဲ့ တစ္ေယာက္ကို ႀကိဳက္ေနတာတဲ့ လို ႔ေျပာခံလိုက္ရရင္ကို  အေပ်ာ္လံုးက တေနကုန္စို ႔လို႔။

ကြၽန္ေတာ့္ပတ္ဝန္းက်ဳင္မွာေတာ့ 
သက္မင္းပံု ေၾကာင့္ ကြၽန္ေတာ္ဟာ လူ
ထူးဆန္းျဖစ္မွန္းမသိျဖစ္လာတယ္။

ျမတ္နိုးလိုက္တာ လို ႔ေရ႐ြတ္ရင္း ကြၽန္ေတာ္ဟာ ထမင္းၾကမ္းခဲ ဟင္းမပါပဲ ကိုက္လို ႔ စားၿမိန္ခဲ့တယ္။

ရူးေနၿပီ ဒီေကာင္ကတဲ့။ ၿပံဳးၿပံဳးပါပဲ။

သက္မင္းပံု က ကြၽန္ေတာ့္တဖက္ျခမ္းေလးေလ။ အၿပံဳးေတြေၾကာင့္ အလုပ္ေတြ မပင္ပန္းေတာ့ သလို အၾကည့္တခ်က္ေၾကာင့္ အိမ္မက္ေတြလွခဲ့တယ္။

၁၈နွစ္ေကာင္ေလးရဲ႕ အခ်စ္ဦး ၊
ေဆးေက်ာင္းသားေလး သက္မင္းပံုက
တျဖည္းျဖည္း ကြၽန္ေတာ္ကို သိလာခဲ့တယ္။

အဲ့ဲဒီေန ႔က  ေနသာတယ္။
မနက္ေစာေစာ   ဆိုင္တံဆိပ္ပါ တီရွပ္ တထည္နဲ ့ စုတ္ခ်ာခ်ာ ကြၽန္ေတာ္ဟာ
လမ္းထိပ္အုတ္ခံုမွာ ထိုင္ၿပီး  ေမ်ွာ္ေငးေနခဲ့မိတယ္။

အျဖဴ ေရာင္ကားေလးက တလိမ့္လိမ့္နဲ ့ျမင္ကြင္းထဲဝင္လာတယ္။

အနားေရာက္မွ ေနွးသြားတဲ့ ကားေလးရယ္၊  လွမ္းၾကည့္လိုက္ အၾကည့္တခ်က္ရယ္နဲ ့ကြၽန္ေတာ္ဟာ ပစၥဳပၸန္ကို ေမ့တယ္။

ပါးစပ္အေဟာင္းသား အသိစိတ္မဲ့ေနတဲ့
ကြၽန္ေတာ္ဟာ  ၾကည့္ရဆိုးေနမလား။
မ်က္ေတာင္ခတ္ဖို ႔ ၊ ပါးစပ္ပိတ္ဖို ႔ ေမ့ေနတဲ့ အခ်ိန္မွာ  ထပ္ေရာက္လာတာက
အၿပံဳး တပြင့္။

ေသပါၿပီ။

နာက်င္သြားေသာ ရင္ဘတ္ကိုဖိၿပီးေအာ္တယ္။

မင္းပိုလိုက္တာလို ႔  ၾကင္နာတက္တဲ့ နွလံုးသားမရွိသူေတြက ဆိုမလား။

သို ႔ေသာ္ မတက္နိုင္ပါ။

ကြၽန္ေတာ့္ သက္မင္းပံု ကို မျမင္ရရင္ေတာင္ ရူးဖို ႔လံုေလာက္ေနတာ ဘယ္သူ ႔စကားကို ေျဖရွင္းေနရဦးမွာလဲ။

ထိုေန ႔ကစလို  ကိုယ့္ကိုကိုယ္သတ္မွတ္လိုက္တယ္။

သက္မင္းပံု ကို ေပ်ာ္ရႊင္ေအာင္ထားဖို ႔
ေကာင္းစင္သန္႔ခ်ီ ဆိုတဲ့ သူဘဝကို တသက္စာကို  ရင္းနွီးျမဳပ္နွံမယ္လို ႔...

ထိုမ်ွ ေလာက္အထိ  ကြၽန္ေတာ့္ အရင္းနွီးႀကီးတယ္။ တသက္စာ စီမံကိန္းမွာ မခ်စ္ဖူးတဲ့  ကြၽန္ေတာ္ဟာ သက္မင္းပံု ကို စိတ္ကူးနဲ ့အပိုင္ႀကံတယ္။

ခ်စ္တဲ့အိမ္စည္။

သူ့ နာမည်က သက်မင်းပုံတဲ့။
မနက်တိုင်း ကျွန်တော်တို့ ရပ်ကွက် ထိပ်ကနေ ကားမောင်းပြီးကျောင်းကိုသွားလေ့ရှိတယ်။

အပြုံးလှလှလေတွေနဲ့  ထိုအမျိုးသားဟာ
ပန်းရောင်လေးတွေ ကြိုက်သတဲ့ဗျ။

ကားအတွင်းပိုင်းကို အလှဆင်ထားတဲ့
ပစ္စည်းလေးတွေ၊  အသုံးအဆောင်
လှလှလေးတွေက သက်မင်းပုံ ကြိုက်နှစ်သက်တဲ့ အဲ့ဒီ ပန်းရောင်လေးတွေပဲ။

တခါတလေ ထိုအမျိုးသားက ပင်မြင်စံ တဲ့ သဇင်လိုပဲ  တင့်တယ်မူ့ တွေအပြည့်ပင်။

ပန်းရောင်ကြိုက်တဲ့ ထိုအမျိုးသားရဲ့
ပန်းရောင်ဖူးဖူးနှုတ်ခမ်းလေးကတော့
ကျွန်တော်အကြိုက်ပေါ့။

ကြည့်လေ ရင်ခုန်လေ၊ ကြည့်လေ စွဲညိလေနဲ့  ကျွန်တော်ရင်ခုန်ခြင်းတွေက သက်မင်းပုံမှ မရရင်မဖြစ်တော့ပါတဲ့။
အချိန်တွေကြာလာလေလေ ကုဖို့ ဆေးမရှိ
ဖြစ်လာတဲ့ ကျွန်တော်ဟာ နေပူပူ မိုးရွာရွာ
လမ်းထိပ် အုတ်ခုံမှာထိုင်လို့  မျှော်တော်ယောင် လုပ်ကာ မျက်နှာနုနုကို မော်ဖူးဖို့
မပျက်ကွက်ခဲ့ပါ။

စားလည်းဒီစိတ် ၊သွားလည်းဒီစိတ်နဲ့
ကျွန်တော်ကတော့ သက်မင်းပုံကြောင့်ရူးခဲ့ရပါပြီ။

ဘာကြည့်ကြိုက်တာလဲတဲ့။

မေးလည်းမေးတက်ပါ့။
ဖုံးကွယ်ဖို့ မလိုတဲ့ အကြောင်းပြတွေမှာ
သက်မင်းပုံက အဓိကပဲ ။
ရှက်ဖို့ နေနေသာသာ အပေါင်းသင်းတွေကဒီကောင် ဟိုဆေးကျောင်းသားလေး
သက်မင်းပုံဆိုတဲ့ တစ်ယောက်ကို ကြိုက်နေတာတဲ့ လို့ ပြောခံလိုက်ရရင်ကို  အပျော်လုံးက တနေကုန်စို့ လို့။

ကျွန်တော့်ပတ်ဝန်းကျုင်မှာတော့ 
သက်မင်းပုံ ကြောင့် ကျွန်တော်ဟာ လူထူးဆန်းဖြစ်မှန်းမသိဖြစ်လာတယ်။

မြတ်နိုးလိုက်တာ လို့ ရေရွတ်ရင်း ကျွန်တော်ဟာ ထမင်းကြမ်းခဲ ဟင်းမပါပဲ ကိုက်လို့  စားမြိန်ခဲ့တယ်။

ရူးနေပြီ ဒီကောင်ကတဲ့။ ပြုံးပြုံးပါပဲ။

သက်မင်းပုံ က ကျွန်တော့်တဖက်ခြမ်းလေးလေ။ အပြုံးတွေကြောင့် အလုပ်တွေ မပင်ပန်းတော့ သလို အကြည့်တချက်ကြောင့် အိမ်မက်တွေလှခဲ့တယ်။

၁၈နှစ်ကောင်လေးရဲ့ အချစ်ဦး ၊
ဆေးကျောင်းသားလေး သက်မင်းပုံက
တဖြည်းဖြည်း ကျွန်တော်ကို သိလာခဲ့တယ်။

အဲ့ဒီနေ့ က  နေသာတယ်။
မနက်စောစော   ဆိုင်တံဆိပ်ပါ တီရှပ် တထည်နဲ့  စုတ်ချာချာ ကျွန်တော်ဟာ
လမ်းထိပ်အုတ်ခုံမှာ ထိုင်ပြီး  မျှော်ငေးနေခဲ့မိတယ်။

အဖြူ ရောင်ကားလေးက တလိမ့်လိမ့်နဲ့ မြင်ကွင်းထဲဝင်လာတယ်။

အနားရောက်မှ နှေးသွားတဲ့ ကားလေးရယ်၊  လှမ်းကြည့်လိုက် အကြည့်တချက်ရယ်နဲ့ ကျွန်တော်ဟာ ပစ္စုပ္ပန်ကို မေ့တယ်။

ပါးစပ်အဟောင်းသား အသိစိတ်မဲ့နေတဲ့
ကျွန်တော်ဟာ  ကြည့်ရဆိုးနေမလား။
မျက်တောင်ခတ်ဖို့  ၊ ပါးစပ်ပိတ်ဖို့  မေ့နေတဲ့ အချိန်မှာ  ထပ်ရောက်လာတာက
အပြုံး တပွင့်။

သေပါပြီ။

နာကျင်သွားသော ရင်ဘတ်ကိုဖိပြီးအော်တယ်။

မင်းပိုလိုက်တာလို့   ကြင်နာတက်တဲ့ နှလုံးသားမရှိသူတွေက ဆိုမလား။

သို့ သော် မတက်နိုင်ပါ။

ကျွန်တော့် သက်မင်းပုံ ကို မမြင်ရရင်တောင် ရူးဖို့ လုံလောက်နေတာ ဘယ်သူ့ စကားကို ဖြေရှင်းနေရဦးမှာလဲ။

ထိုနေ့ ကစလို  ကိုယ့်ကိုကိုယ်သက်မှတ်လိုက်တယ်။

သက်မင်းပုံ ကို ပျော်ရွှင်အောင်ထားဖို့
ကောင်းစင်သန့်ချီ ဆိုတဲ့ သူဘဝကို တသက်စာကို  ရင်းနှီးမြုပ်နှံမယ်လို့ ...

ထိုမျှ လောက်အထိ  ကျွန်တော့် အရင်းနှီးကြီးတယ်။ တသက်စာ စီမံကိန်းမှာ မချစ်ဖူးတဲ့  ကျွန်တော်ဟာ သက်မင်းပုံ ကို စိတ်ကူးနဲ့ အပိုင်ကြံတယ်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz