ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

Extra

eainsi23

သာယာေသာ မနက္ခင္း တစ္ခုတြင္
ေဇာတိက ေစ်းဆီုင္ႀကီး ေရွ ႔မ်က္နွာသာ ေနရာလြတ္မွာ  စတုဒီသာမ႑ပ္တခုကို
ထိုးထားေလသည္။
ေတာ႐ြာတို ႔ရဲ႕ ထံုစံအတိုင္း
ဝါးမ႑ပ္မွာ မိုးကာအုပ္ပီး
ဖဲစေတြနဲ ့အလွဆင္ထားတာျဖစ္သည္။
အိမ္ေရွ ႔ၿခံစည္းရုိးစပ္တြင္လည္း  ေက်ာက္သင္ပုန္းတစ္ခုေထာင္ထားၿပီး ထိုေပၚတြင္
ေမာင္ပံုညာဦးခ်ီ  ၅နွစ္ျပည့္  ေမြးေန ႔ စတုဒီသာ လို ႔ေျမျဖဴနဲ ့ေရးထားေသး၏။

အဝင္ဝ ခေရပင္ေအာက္မွာ
ခ် ထားသည့္စားပြဲအေပၚတြင္လဲ
ပံုညာဦးခ်ီ အတြက္ လက္ေဆာင္ပစၥည္းမ်ားေပးကာထားသည္မွာ တပံုတပင္ ။

လူအမ်ားသည္ ထြက္လိုက္ၾကဝင္လိုက္ၾကျဖင့္ ဆူညံေနကာ စားပြဲဝိုင္းမ်ားသည္လဲ
ေနရာလြတ္မရွိပဲ ျပည့္ေန၏။
တခ်ိဳ ႕ သူမ်ားသည္ မိုးတိုးမတ္တပ္ျဖင့္ ေနရာေစာင့္ေနၾကေသာ္လည္း စိတ္ပ်က္ဟန္မရွိပဲ စလိုက္ႀကိဳက္ ေနာက္လိုက္က်နဲ ့
ၿပံဳးေပ်ာ္ေနၾကသည္။

တခါတေလမွ ေကြၽးနိုင္တဲ့ ေရခဲမုန္ ႔မို ႔
တ႐ြာလံုးေသာင္းေသာင္းဖ်ဖ် ကေလးလူႀကီးမက်န္ လာစားၾကကာ ပံုညာဦးခ်ီရဲ႕ ေမြးေန ႔တိုင္းသည္ စည္ကားသိုက္ၿမိဳက္
ေနတက္သည္။

"မာလာေရ သမီး ။ ဒီဝိုင္းမွာ လိုက္ပြဲေလးခ်ပါအုန္း။ "

"ဧည့္ေခၚဧည့္ခံေတြ တခ်က္ေလာက္
ဧည့္သည္ေတြအတြက္ ထိုင္ဖို ႔ေနရာစီစဥ္ေပးပါအုန္း"

"ႀကီးအုန္းတို ႔ခနေနာ္။ ဒီမွာေနရာလုပ္ခိုင္းထားတယ္"

ပြဲတခုလံုး သက္ပံု အသံသည္သာဖံုးလြမ္းေနၿပီး အဓိက ျဖစ္တဲ့ ပံုညာဦးခ်ီနဲ ့ ဖေအလုပ္သူ ေကာင္းစင္သန္ ႔ခ်ီကေတာ့ ေပ်ာက္ျခင္းမလွ ေပ်ာက္ေနေလသည္။

__________

ဆူညံသံေတြနဲ ့ကင္းေဝးရာ
အိမ္အေနာက္ဖက္ ျမစ္ဆိပ္ကို ဆင္းေသာ
ေလွကား ထစ္အလယ္ေလာက္တြင္
အျဖဴ ေရာင္ ေက်ာျပင္နွစ္ခုသည္ ၿငိမ္သက္စြာ ျမစ္ျပင္က်ယ္ကိုေငးေမာေနသည္။
ပံုတူထုထားသလို ျဖစ္ေနေပမဲ့
အ႐ြယ္အစားကေတာ့မတူညီေပ။

ရွပ္အက်ၤ ီအျဖဴ နဲ ့ပုဆိုးဆင္တူ ဝတ္ထားေသာ္လည္း တစ္ဦးသည္  အသက္၃၀အ႐ြယ္ရွိၿပီး တစ္ဦးသည္ ၅နွစ္အ႐ြယ္သာရွိေသးသည္။
ထူးျခားသည္မွာ အ႐ြယ္အစားမဟုတ္ပဲ
တူညီတဲ့ ရုပ္ရည္သာျဖစ္သည္။
ခပ္ႀကီးႀကီးလူသည္  ၾကမ္းတမ္းေသာဆံပင္ကို ေဘးခြဲအျဖစ္ ေသသပ္စြာ ၿဖီးသင္ထားသကဲ့သို ႔ ပံုစံတူ အေသးေလးသည္လည္း
ထိုနည္းတူစြာ အုန္းဆီနိုင္နိုင္ လိမ္းကာ ေဘးကိုၿဖီးသိမ္းထားသည္။

"မင္း ည ကစၿပီး အခန္းခြဲအိပ္ေတာ့ "

လူႀကီးက ကေလးကိုမၾကည့္ပဲ
ျမစ္ျပင္က်ယ္ကို ၾကည့္ကာ ခပ္ေအးေအးေျပာလိုက္သည္။

"သား အသက္ ငါးနွစ္ပဲရွိေသးတယ္။
ေျပာင္းဖို ႔မျဖစ္နိုင္ဘူး"

ကေလးငယ္သည္လည္း လူႀကီးနည္းတူ
ျမစ္ျပင္က်ယ္ကိုၾကည့္ကာျပန္ေျပာလာသည္။ တစ္ေယာက္နဲ ့တစ္ေယာက္မၾကည့္ပဲ စကားေျပာေနသူမ်ားသည္
ဖခင္ ေကာင္းစင္သန္ ႔ခ်ီနဲ ့ သားျဖစ္သူပံုညာဦးခ်ီသာ။

" မင္းအ႐ြယ္  ငါးနွစ္ဆိုတာ လူႀကီးျဖစ္ေနပီ။ တကယ္ဆို သံုးနွစ္ကတည္းက အခန္းခြဲေနသင့္တာ ။ ျပန္မေျပာနဲ ့ညကို အခန္းခြဲအိပ္မယ္ဆိုတာ  သက္ပံု ကို ေျပာလိုက္"

"သားမေျပာခ်င္ဘူး။ သက္ပံုေဘးမွာ မရွိရင္ ညအိပ္မေပ်ာ္ေလာက္ဘူး"

ေကာင္းခ်ီ မ်က္ေမွာင္ကုတ္ကာ
သားျဖစ္သူဖက္ကို လွည့္ကာမာန္မဲလိုက္သည္။

" သက္ပံု လို ႔မေခၚနဲ ့"

ခပ္မာမာစကားဆံုးေတာ့ ပံုညာဦးခ်ီသည္
သူ ႔နည္းတူ မ်က္ေမွာင္ကုတ္ကာ လွည့္ၾကည့္လာသည္။ ထို ႔ေနာက္ မေက်နပ္စြာျဖင့္

"ပါးပါးက် ေခၚၿပီး သားက် ဘာလို ႔မခၚဖို ႔
လိုက္တားေနတာလဲ။ သက္ပံုကို ပါးပါးပိုင္သလို သားလဲပိုင္တယ္"

"မင္းမပိုင္ဘူး။ သက္ပံုက ငါတစ္ေယာက္ထဲအပိုင္။ "

"ပါးပါး "

"ဘာလဲ"

ခပ္ဆတ္ဆတ္ ထူးလိုက္ေတာ့
မ်က္ေမွာက္ကုတ္ကာ ေကာင္းခ်ီကို ျပန္ၾကည့္လာသည္။
ထို ႔ေနာက္သက္ျပင္းခ်ကာ
ျမစ္ဆိပ္ဖက္ျပန္လွည္သြားပီး ထပ္ေျပာလာသည္။

"ေလာဘမႀကီးနဲ ့။ ပါးပါးနဲ ့သားစကားမမ်ားခ်င္ဘူး"

" ငါလည္း မင္းနဲ ့စကားမ်ားခ်င္တယ္မွတ္ေနလား။ မင္းသာ ငါ့သက္ပံု ကိုေနရာတကာ လိုက္လု မေနရင္ ဖေအနဲ ့သားမတည့္စရာ အေၾကာင္းမရွိဘူး "

ေျပာၿပီး နွစ္ေယာက္သား  စက္ေလွေတြကူးသန္းေမာင္းနွင္ေနတာကို အေၾကာင္းမရွိေငးေနမိသည္။ထို ႔ေနာက္
ပံုညာဦးခ်ီ ဆီက အသံထပ္ထြက္လာ၏။

"သား  ေရခဲ့မုန္ ႔  စားခ်င္တယ္"

"အဲ့ဒါဆို မင္း အခန္းေျပာင္းလိုက္"

"ပါးပါးနဲ ့စကားဆက္မေျပာခ်င္ေတာ့ဘူး"

"ေအး မေျပာနဲ ့"

သက္ပံုသည္ ေနာက္ပါးကေန 
ေရခဲမုန္ ႔နွစ္ခြက္ကိုင္ကာ သူ ႔ ပိုင္ဆိုင္တဲ့
အႀကီးအေသး ပံုစံတူ နွစ္ခု ကို ရပ္ၾကည့္ေနသည္။
တစ္ေယာက္ေသာ သူသည္ ကေလးနဲ ့အၿပိဳင္ ရန္ျဖစ္တက္သလို
ကေလးေပါက္စသည္လည္း 
မခံခ်င္ေအာင္ အ႐ြဲ ့တိုက္တက္သည္။
သက္ျပင္းခ်ကာ 

" မင္းတို ႔နွစ္ေယာက္ ငါ့ကိုခ်စ္တယ္ဆိုတာ လံုးဝမယံု ၾကည္ေတာ့ဘူး "

အသံၾကားေတာ့ လွည့္ၾကည့္လာတဲ့
ပံုစံတူ မ်က္နွာနွစ္ခု။

"သက္ပံု "

"သက္ပံု "

"မေခၚနဲ ့တစ္ေယာက္မွ ။
ငါတစ္ေယာက္ ဟိုမွာ  ဘယ္ေလာက္ ပင္ပန္းလဲ ။ မင္းတို ႔နွစ္ေယာက္ကေတာ့
ဒီမွာ နားေအးပါးေအးလာထိုင္ေနၾကတယ္ေပါ့ ဟုတ္လား "

ေဒါသထြက္ကာ သက္ပံု မ်က္နွာ တည္တင္းေနေတာ့ ေကာင္းခ်ီ သူ ႔သားကို ငံု ႔ၾကည့္ကာ  ဆူလိုက္၏။

"အဲ့ဒါမင္းေၾကာင့္။ ခုၾကည့္စမ္း ငါ့သက္ပံုေလး စိတ္ဆိုးလို ႔ မ်က္နွာေလး တည္တင္းေနပီ။ ငါတစ္ေယာက္ထဲ ဂရုစိုက္တုန္းကဆို  ခုလို ေဒါသထြက္ဖို ႔မေျပာနဲ ့။
မ်က္ေမွာင္ကုတ္တာေတာင္ ငါက ႀကိဳက္တာမဟုတ္ဘူး "

"ပါးပါးသာ  သားနဲ ့အတူ လိုက္ၿပိဳ္င္မေနရင္ သက္ပံု စိတ္မဆိုးဘူး။ "

တိုးတိုးႀကိတ္ႀကိတ္ရန္ျဖစ္ေနၾကသူနွစ္ဦးကို ၾကည့္ကာ သက္ပံု မ်က္နွာမဲေမွာင္လာသည္။
ထို ႔ေနာက္ ဆက္ေနရင္ ေဒါသကဒီ့ထက္ပို
ထြက္လာမွာကို သိ၍ အႀကီးအေသးနွစ္ေယာက္ကိုေက်ာခိုင္းလိုက္သည္။
ေကာင္းခ်ီသည္ အရင္လို မဟုတ္ေတာ့။
ေျပာင္းလဲ လာမူ ႔သည္ ငါးနွစ္တာအတြင္း
အံ့ၾသစရာေကာင္းေလာက္ပင္။
လူ ႔မူ ႔ဆက္ဆံေရးသည္ အရင္ကထက္
ပိုေကာင္းလာ သလို  သက္ပံုနားကိုပင္ သိပ္မကပ္ေတာ့။
အခ်ိန္ျပည့္ သူ ႔သားနားကပ္ကာ
တည့္သလားဆိုရင္လည္း နည္းနည္းမွ
မတည့္။
ပံုညာဦးခ်ီသည္  ေကာင္းခ်ီသားလို ႔မေျပာရေအာင္  ေလသံေရာ မ်က္နွာေရာ တပံုစံထဲ ျဖစ္သည္။
ပံုတူ ထု ထားတာမွ လြဲရင္လြဲမည္  ။
ေကာင္းခ်ီတို ႔နွစ္ေယာက္ကေတာ့ နည္းနည္းမွလြဲမည္မဟုတ္။
အယုတ္စြဆံုး  သက္ပံု ဟု
ေခၚတာကစတူကာ
အႀကိဳက္တူသူတို ႔    ထံုးစံအတိုင္း
တစ္ေယာက္နဲ ့တစ္ေယာက္ နည္းနည္းမွ
အေလ်ာ့မေပးတက္ေပ။

---------------

"မမဇင္  ေစ်းဝယ္လာေနတယ္။
ထမင္းစားၿပီးရင္ တစ္ေယာက္ေလာက္ထြက္လာၾကပါအုန္း "

ေနာက္ေဖး မီးဖိုေခ်ာင္ဖက္ ကိုလွမ္းေအာ္ကာ ေစ်းဝယ္ဖက္ကိုလွည့္ကာ...

"အန္တီ ဘာရခ်င္လို ႔လည္း ဗ် "

"သားေရ  ေကာင္းေကာင္းတို ႔ဘယ္သြားၾကလဲ"

"ပါးပါးနဲ ့သက္ပံု သရက္ၿခံဖက္သြားတယ္ဗ်။ ဘာအေရးႀကီး ကိစၥရွိလို ႔လဲ မသိဘူး"

ဧည့္သည္အမ်ိဳးသမီးသည္ 
၅နွစ္အ႐ြယ္ ပုဆိုးနဲ ့ရွပ္လက္တို တစ္ထည္ကို ေသေသသပ္သပ္ဝတ္စားထားေသာ လူႀကီးစကားေျပာေနေသာကေလးကိုၾကည့္ကာ

"အေရးတႀကီးမဟုတ္ပါဘူးကြယ္။
မေတြ ႕လို ႔ေမးၾကည့္တာ။
အန္တီ မဂ်မ္းေတာဆန္ ရခ်င္လို ႔ရွိလား"

"ရွိတယ္ခင္ဗ်။ အသစ္ ၄၀၀၀၀
အေဟာင္း ၅၀၀၀၀ပါဗ်။ တျခား ေကာင္းတဲ့ဆန္ေတြၾကည့္ခ်င္ရွိေသးတယ္ "

ခပ္သြက္သြက္ျပန္ေျဖလာသံေၾကာင့္
ဧည့္သည္အမ်ိဳးသမီး အံၾသသြားဟန္ျဖင့္

"ပဲဆီသန္ ႔ႀကိတ္ၿပီးသားေရာ ဘယ္ေစ်းလဲ"ဟုထပ္ေမးလာသည္။

"ေျမပဲဆီအသန္ ႔  ဆိုရင္ ၆၂၀၀၀ေစ်းေပါက္ပါတယ္ဗ်။ အေရာအေနွာမပါလို ႔ ေစ်းကေတာ့ နည္းနည္းပိုတယ္"

"မင္းက အသြက္ေလးပဲ။
မဆိုးဘူး ေကာင္းေကာင္းတို ႔အမွီလိုက္နိုင္သားပဲ ။ ကဲ ဒါဆို သားဆီကပဲ ဝယ္သြားလိုက္ေတာ့မယ္။ ျဖစ္လား"

ပံုညာ ေခါင္းညိမ့္ျပလိုက္သည္။
သိတက္အ႐ြယ္ကတည္းက ေစ်းေရာင္းေနတဲ့ သက္ပံုလက္ထဲ မွာ ေထြးေပြ ႕ရင္း
ႀကီးလာသူမို ႔ ေစ်းေရာင္းတာကေတာ့
သိပ္မခက္ခဲေပ။
ခုလို ဧည့္မရွိခ်ိန္ေတြဆို ခူးခါနီးသရက္သီးေတြကို  ပါးပါးနဲ ့အတူ
သရက္ၿခံဖက္သြားကာ ဂရုစိုက္တက္သည္မို ႔ အိမ္မွာတခါတေလ ပံုညာသာ ဆိုင္ေစာင့္က်န္ေနတက္သည္။

သက္ပံု လက္ထြက္ပီပီ 
ပံုညာသံုးနွစ္အ႐ြယ္ကတည္းက
အေပါင္းႏုတ္အေျမာက္အစားအျပင္
အလီမ်ိဳးစံု နဲ ့ ပိုက္ဆံ အ႐ြက္အႀကီးအေသးကိုပါခြဲတက္ေနၿပီျဖစ္သည္။

ေစ်းသည္သားသမီးမို ႔ နားနီးကာ
ေစ်းေရာင္းတာကေတာ့ ပံုညာအကြၽမ္းက်င္ဆံုးပင္။
ၿပီးေတာ့ ပံုညာမွာ ကိုယ္ပိုင္စီးပြားေရး တခု  ရွိေန ေသးသည္။
အဲ့ဒါက  နွစ္စဥ္ ေမြးေန ႔ပြဲက
ရတဲ့ မုန္ ႔ဖိုး တခ်ိဳ ႕ကို ပါးပါး က
နံ႔သာျဖဴ ပင္ေတြ စိုက္ပ်ိဳးေပးထားျခင္းပင္။
ခုဆို ငါးနွစ္တိတိေမြးေန ႔ပြဲကရတဲ့
ပိုက္ဆံေတြျဖင့္ စိုက္ပ်ိဳးေပးေသာ
နံ ့သာျဖဴ ခင္းမွာ တစ္ဧက နီးပါး ရွိၿပီျဖစ္လို ႔ေနာင္တခ်ိန္ ပံုညာ အ႐ြယ္ေရာက္ရင္
ပူစရာမလိုေတာ့ေပ။
နံ ့သာျဖဴ ေစ်းသည္ ပိသာခ်ိန္နဲ ့ေရာင္းရသလို ေစ်းလည္းေကာင္းသည္ေၾကာင့္
ေနာင္ေရးေတာ့စိတ္ပူစရာမရွိေတာ့။

" ဆန္သံုးပို္င္း  ဆီတပံုး ၂သိန္း ၁ေသာင္း၂ေထာင္က်ပါတယ္ဗ်။ ဒါပဲလားအန္တီ ဘာလိုေသးလဲ ဗ် "

" ေတာ္ပါပီရွင္ ။ အန္တီက ေစ်းေရာင္းစားတဲ့သူမဟုတ္ဘူး။ အိမ္စားဖို ႔မ်ားမ်ားဝယ္တာမို ႔ပါ။ ေစ်းေရာင္းေတာ္သားပဲ
မင္းက ။ "

"ဟုတ္ေက်းဇူးတင္ပါတယ္ဗ်။
အန္တီအတြက္ လက္ေဆာင္ ဖန္ခြက္နွစ္ခြက္လက္ေဆာင္ေပးလိုက္မယ္ေနာ္"

ပံုညာတစ္ေယာက္ မေန ႔က best
လက္ဖက္ရည္ထုတ္က လက္ေဆာင္ထည့္ေပးလိုက္ေသာ ခြက္နွစ္ခြက္နဲ ့မ်က္နွာလုပ္လိုက္သည္ကို ဧည့္သည္အမ်ိဳးသမီးက သေဘာတက် ရယ္ေမာကာ ယူျပန္သြားသည္။

ခ်စ္တဲ့အိမ္စည္။

(extra ေရးဖို ႔စိတ္ကူးမရွိထားဘူး။ အခ်စ္ေတြေပးၾကလို ႔ အခ်စ္ျပန္ေပးလိုက္တာပါ။ )

___________

သာယာသော မနက်ခင်း တစ်ခုတွင်
ဇောတိက ဈေးဆီုင်ကြီး ရှေ့ မျက်နှာသာ နေရာလွတ်မှာ  စတုဒီသာမဏ္ဍပ်တခုကို
ထိုးထားလေသည်။
တောရွာတို့ ရဲ့ ထုံစံအတိုင်း
ဝါးမဏ္ဍပ်မှာ မိုးကာအုပ်ပီး
ဖဲစတွေနဲ့ အလှဆင်ထားတာဖြစ်သည်။
အိမ်ရှေ့ ခြံစည်းရိုးစပ်တွင်လည်း  ကျောက်သင်ပုန်းတစ်ခုထောင်ထားပြီး ထိုပေါ်တွင်
မောင်ပုံညာဦးချီ  ၅နှစ်ပြည့်  မွေးနေ့  စတုဒီသာ လို့ မြေဖြူနဲ့ ရေးထားသေး၏။

အဝင်ဝ ခရေပင်အောက်မှာ
ချ ထားသည့်စားပွဲအပေါ်တွင်လဲ
ပုံညာဦးချီ အတွက် လက်ဆောင်ပစ္စည်းများပေးကာထားသည်မှာ တပုံတပင် ။

လူအများသည် ထွက်လိုက်ကြဝင်လိုက်ကြဖြင့် ဆူညံနေကာ စားပွဲဝိုင်းများသည်လဲ
နေရာလွတ်မရှိပဲ ပြည့်နေ၏။
တချို့  သူများသည် မိုးတိုးမတ်တပ်ဖြင့် နေရာစောင့်နေကြသော်လည်း စိတ်ပျက်ဟန်မရှိပဲ စလိုက်ကြိုက် နောက်လိုက်ကျနဲ့
ပြုံးပျော်နေကြသည်။

တခါတလေမှ ကျွေးနိုင်တဲ့ ရေခဲမုန့် မို့
တရွာလုံးသောင်းသောင်းဖျဖျ ကလေးလူကြီးမကျန် လာစားကြကာ ပုံညာဦးချီရဲ့ မွေးနေ့ တိုင်းသည် စည်ကားသိုက်မြိုက်
နေတက်သည်။

"မာလာရေ သမီး ။ ဒီဝိုင်းမှာ လိုက်ပွဲလေးချပါအုန်း။ "

"ဧည့်ခေါ်ဧည့်ခံတွေ တချက်လောက်
ဧည့်သည်တွေအတွက် ထိုင်ဖို့ နေရာစီစဉ်ပေးပါအုန်း"

"ကြီးအုန်းတို့ ခနနော်။ ဒီမှာနေရာလုပ်ခိုင်းထားတယ်"

ပွဲတခုလုံး သက်ပုံ အသံသည်သာဖုံးလွမ်းနေပြီး အဓိက ဖြစ်တဲ့ ပုံညာဦးချီနဲ့  ဖအေလုပ်သူ ကောင်းစင်သန့် ချီကတော့ ပျောက်ခြင်းမလှ ပျောက်နေလေသည်။

__________

ဆူညံသံတွေနဲ့ ကင်းဝေးရာ
အိမ်အနောက်ဖက် မြစ်ဆိပ်ကို ဆင်းသော
လှေကား ထစ်အလယ်လောက်တွင်
အဖြူ ရောင် ကျောပြင်နှစ်ခုသည် ငြိမ်သက်စွာ မြစ်ပြင်ကျယ်ကိုငေးမောနေသည်။
ပုံတူထုထားသလို ဖြစ်နေပေမဲ့
အရွယ်အစားကတော့မတူညီပေ။

ရှပ်အင်္ကျီအဖြူ နဲ့ ပုဆိုးဆင်တူ ဝတ်ထားသော်လည်း တစ်ဦးသည်  အသက်၃၀အရွယ်ရှိပြီး တစ်ဦးသည် ၅နှစ်အရွယ်သာရှိသေးသည်။
ထူးခြားသည်မှာ အရွယ်အစားမဟုတ်ပဲ
တူညီတဲ့ ရုပ်ရည်သာဖြစ်သည်။
ခပ်ကြီးကြီးလူသည်  ကြမ်းတမ်းသောဆံပင်ကို ဘေးခွဲအဖြစ် သေသပ်စွာ ဖြီးသင်ထားသကဲ့သို့  ပုံစံတူ အသေးလေးသည်လည်း
ထိုနည်းတူစွာ အုန်းဆီနိုင်နိုင် လိမ်းကာ ဘေးကိုဖြီးသိမ်းထားသည်။

"မင်း ည ကစပြီး အခန်းခွဲအိပ်တော့ "

လူကြီးက ကလေးကိုမကြည့်ပဲ
မြစ်ပြင်ကျယ်ကို ကြည့်ကာ ခပ်အေးအေးပြောလိုက်သည်။

"သား အသက် ငါးနှစ်ပဲရှိသေးတယ်။
ပြောင်းဖို့ မဖြစ်နိုင်ဘူး"

ကလေးငယ်သည်လည်း လူကြီးနည်းတူ
မြစ်ပြင်ကျယ်ကိုကြည့်ကာပြန်ပြောလာသည်။ တစ်ယောက်နဲ့ တစ်ယောက်မကြည့်ပဲ စကားပြောနေသူများသည်
ဖခင် ကောင်းစင်သန့် ချီနဲ့  သားဖြစ်သူပုံညာဦးချီသာ။

" မင်းအရွယ်  ငါးနှစ်ဆိုတာ လူကြီးဖြစ်နေပီ။ တကယ်ဆို သုံးနှစ်ကတည်းက အခန်းခွဲနေသင့်တာ ။ ပြန်မပြောနဲ့ ညကို အခန်းခွဲအိပ်မယ်ဆိုတာ  သက်ပုံ ကို ပြောလိုက်"

"သားမပြောချင်ဘူး။ သက်ပုံဘေးမှာ မရှိရင် ညအိပ်မပျော်လောက်ဘူး"

ကောင်းချီ မျက်မှောင်ကုတ်ကာ
သားဖြစ်သူဖက်ကို လှည့်ကာမာန်မဲလိုက်သည်။

" သက်ပုံ လို့ မခေါ်နဲ့ "

ခပ်မာမာစကားဆုံးတော့ ပုံညာဦးချီသည်
သူ့ နည်းတူ မျက်မှောင်ကုတ်ကာ လှည့်ကြည့်လာသည်။ ထို့ နောက် မကျေနပ်စွာဖြင့်

"ပါးပါးကျ ခေါ်ပြီး သားကျ ဘာလို့ မခ်ါဖို့
လိုက်တားနေတာလဲ။ သက်ပုံကို ပါးပါးပိုင်သလို သားလဲပိုင်တယ်"

"မင်းမပိုင်ဘူး။ သက်ပုံက ငါတစ်ယောက်ထဲအပိုင်။ "

"ပါးပါး "

"ဘာလဲ"

ခပ်ဆတ်ဆတ် ထူးလိုက်တော့
မျက်မှောက်ကုတ်ကာ ကောင်းချီကို ပြန်ကြည့်လာသည်။
ထို့ နောက်သက်ပြင်းချကာ
မြစ်ဆိပ်ဖက်ပြန်လှည်သွားပီး ထပ်ပြောလာသည်။

"လောဘမကြီးနဲ့ ။ ပါးပါးနဲ့ သားစကားမများချင်ဘူး"

" ငါလည်း မင်းနဲ့ စကားများချင်တယ်မှတ်နေလား။ မင်းသာ ငါ့သက်ပုံ ကိုနေရာတကာ လိုက်လု မနေရင် ဖအေနဲ့ သားမတည့်စရာ အကြောင်းမရှိဘူး "

ပြောပြီး နှစ်ယောက်သား  စက်လှေတွေကူးသန်းမောင်းနှင်နေတာကို အကြောင်းမရှိငေးနေမိသည်။ထို့ နောက်
ပုံညာဦးချီ ဆီက အသံထပ်ထွက်လာ၏။

"သား  ရေခဲ့မုန့်   စားချင်တယ်"

"အဲ့ဒါဆို မင်း အခန်းပြောင်းလိုက်"

"ပါးပါးနဲ့ စကားဆက်မပြောချင်တော့ဘူး"

"အေး မပြောနဲ့ "

သက်ပုံသည် နောက်ပါးကနေ 
ရေခဲမုန့် နှစ်ခွက်ကိုင်ကာ သူ့  ပိုင်ဆိုင်တဲ့
အကြီးအသေး ပုံစံတူ နှစ်ခု ကို ရပ်ကြည့်နေသည်။
တစ်ယောက်သော သူသည် ကလေးနဲ့ အပြိုင် ရန်ဖြစ်တက်သလို
ကလေးပေါက်စသည်လည်း 
မခံချင်အောင် အရွဲ့ တိုက်တက်သည်။
သက်ပြင်းချကာ 

" မင်းတို့ နှစ်ယောက် ငါ့ကိုချစ်တယ်ဆိုတာ လုံးဝမယုံ ကြည်တော့ဘူး "

အသံကြားတော့ လှည့်ကြည့်လာတဲ့
ပုံစံတူ မျက်နှာနှစ်ခု။

"သက်ပုံ "

"သက်ပုံ "

"မခေါ်နဲ့ တစ်ယောက်မှ ။
ငါတစ်ယောက် ဟိုမှာ  ဘယ်လောက် ပင်ပန်းလဲ ။ မင်းတို့ နှစ်ယောက်ကတော့
ဒီမှာ နားအေးပါးအေးလာထိုင်နေကြတယ်ပေါ့ ဟုတ်လား "

ဒေါသထွက်ကာ သက်ပုံ မျက်နှာ တည်တင်းနေတော့ ကောင်းချီ သူ့ သားကို ငုံ့ ကြည့်ကာ  ဆူလိုက်၏။

"အဲ့ဒါမင်းကြောင့်။ ခုကြည့်စမ်း ငါ့သက်ပုံလေး စိတ်ဆိုးလို့  မျက်နှာလေး တည်တင်းနေပီ။ ငါတစ်ယောက်ထဲ ဂရုစိုက်တုန်းကဆို  ခုလို ဒေါသထွက်ဖို့ မပြောနဲ့ ။
မျက်မှောင်ကုတ်တာတောင် ငါက ကြိုက်တာမဟုတ်ဘူး "

"ပါးပါးသာ  သားနဲ့ အတူ လိုက်ပြိုင်မနေရင် သက်ပုံ စိတ်မဆိုးဘူး။ "

တိုးတိုးကြိတ်ကြိတ်ရန်ဖြစ်နေကြသူနှစ်ဦးကို ကြည့်ကာ သက်ပုံ မျက်နှာမဲမှောင်လာသည်။
ထို့ နောက် ဆက်နေရင် ဒေါသကဒီ့ထက်ပို
ထွက်လာမှာကို သိ၍ အကြီးအသေးနှစ်ယောက်ကိုကျောခိုင်းလိုက်သည်။
ကောင်းချီသည် အရင်လို မဟုတ်တော့။
ပြောင်းလဲ လာမူ့ သည် ငါးနှစ်တာအတွင်း
အံ့သြစရာကောင်းလောက်ပင်။
လူ့ မူ့ ဆက်ဆံရေးသည် အရင်ကထက်
ပိုကောင်းလာ သလို  သက်ပုံနားကိုပင် သိပ်မကပ်တော့။
အချိန်ပြည့် သူ့ သားနားကပ်ကာ
တည့်သလားဆိုရင်လည်း နည်းနည်းမှ
မတည့်။
ပုံညာဦးချီသည်  ကောင်းချီသားလို့ မပြောရအောင်  လေသံရော မျက်နှာရော တပုံစံထဲ ဖြစ်သည်။
ပုံတူ ထု ထားတာမှ လွဲရင်လွဲမည်  ။
ကောင်းချီတို့ နှစ်ယောက်ကတော့ နည်းနည်းမှလွဲမည်မဟုတ်။
အယုတ်စွဆုံး  သက်ပုံ ဟု
ခေါ်တာကစတူကာ
အကြိုက်တူသူတို့     ထုံးစံအတိုင်း
တစ်ယောက်နဲ့ တစ်ယောက် နည်းနည်းမှ
အလျော့မပေးတက်ပေ။

---------------

"မမဇင်  ဈေးဝယ်လာနေတယ်။
ထမင်းစားပြီးရင် တစ်ယောက်လောက်ထွက်လာကြပါအုန်း "

နောက်ဖေး မီးဖိုချောင်ဖက် ကိုလှမ်းအော်ကာ ဈေးဝယ်ဖက်ကိုလှည့်ကာ...

"အန်တီ ဘာရချင်လို့ လည်း ဗျ "

"သားရေ  ကောင်းကောင်းတို့ ဘယ်သွားကြလဲ"

"ပါးပါးနဲ့ သက်ပုံ သရက်ခြံဖက်သွားတယ်ဗျ။ ဘာအရေးကြီး ကိစ္စရှိလို့ လဲ မသိဘူး"

ဧည့်သည်အမျိုးသမီးသည် 
၅နှစ်အရွယ် ပုဆိုးနဲ့ ရှပ်လက်တို တစ်ထည်ကို သေသေသပ်သပ်ဝတ်စားထားသော လူကြီးစကားပြောနေသောကလေးကိုကြည့်ကာ

"အရေးတကြီးမဟုတ်ပါဘူးကွယ်။
မတွေ့ လို့ မေးကြည့်တာ။
အန်တီ မဂျမ်းတောဆန် ရချင်လို့ ရှိလား"

"ရှိတယ်ခင်ဗျ။ အသစ် ၄၀၀၀၀
အဟောင်း ၅၀၀၀၀ပါဗျ။ တခြား ကောင်းတဲ့ဆန်တွေကြည့်ချင်ရှိသေးတယ် "

ခပ်သွက်သွက်ပြန်ဖြေလာသံကြောင့်
ဧည့်သည်အမျိုးသမီး အံသြသွားဟန်ဖြင့်

"ပဲဆီသန့် ကြိတ်ပြီးသားရော ဘယ်ဈေးလဲ"ဟုထပ်မေးလာသည်။

"မြေပဲဆီအသန့်   ဆိုရင် ၆၂၀၀၀ဈေးပေါက်ပါတယ်ဗျ။ အရောအနှောမပါလို့  ဈေးကတော့ နည်းနည်းပိုတယ်"

"မင်းက အသွက်လေးပဲ။
မဆိုးဘူး ကောင်းကောင်းတို့ အမှီလိုက်နိုင်သားပဲ ။ ကဲ ဒါဆို သားဆီကပဲ ဝယ်သွားလိုက်တော့မယ်။ ဖြစ်လား"

ပုံညာ ခေါင်းညိမ့်ပြလိုက်သည်။
သိတက်အရွယ်ကတည်းက ဈေးရောင်းနေတဲ့ သက်ပုံလက်ထဲ မှာ ထွေးပွေ့ ရင်း
ကြီးလာသူမို့  ဈေးရောင်းတာကတော့
သိပ်မခက်ခဲပေ။
ခုလို ဧည့်မရှိချိန်တွေဆို ခူးခါနီးသရက်သီးတွေကို  ပါးပါးနဲ့ အတူ
သရက်ခြံဖက်သွားကာ ဂရုစိုက်တက်သည်မို့  အိမ်မှာတခါတလေ ပုံညာသာ ဆိုင်စောင့်ကျန်နေတက်သည်။

သက်ပုံ လက်ထွက်ပီပီ 
ပုံညာသုံးနှစ်အရွယ်ကတည်းက
အပေါင်းနုတ်အမြောက်အစားအပြင်
အလီမျိုးစုံ နဲ့  ပိုက်ဆံ အရွက်အကြီးအသေးကိုပါခွဲတက်နေပြီဖြစ်သည်။

ဈေးသည်သားသမီးမို့  နားနီးကာ
ဈေးရောင်းတာကတော့ ပုံညာအကျွမ်းကျင်ဆုံးပင်။
ပြီးတော့ ပုံညာမှာ ကိုယ်ပိုင်စီးပွားရေး တခု  ရှိနေ သေးသည်။
အဲ့ဒါက  နှစ်စဉ် မွေးနေ့ ပွဲက
ရတဲ့ မုန့် ဖိုး တချို့ ကို ပါးပါး က
နံ့သာဖြူ ပင်တွေ စိုက်ပျိုးပေးထားခြင်းပင်။
ခုဆို ငါးနှစ်တိတိမွေးနေ့ ပွဲကရတဲ့
ပိုက်ဆံတွေဖြင့် စိုက်ပျိုးပေးသော
နံ့ သာဖြူ ခင်းမှာ တစ်ဧက နီးပါး ရှိပြီဖြစ်လို့ နောင်တချိန် ပုံညာ အရွယ်ရောက်ရင်
ပူစရာမလိုတော့ပေ။
နံ့ သာဖြူ ဈေးသည် ပိသာချိန်နဲ့ ရောင်းရသလို ဈေးလည်းကောင်းသည်ကြောင့်
နောင်ရေးတော့စိတ်ပူစရာမရှိတော့။

" ဆန်သုံးပိုင်း  ဆီတပုံး ၂သိန်း ၁သောင်း၂ထောင်ကျပါတယ်ဗျ။ ဒါပဲလားအန်တီ ဘာလိုသေးလဲ ဗျ "

" တော်ပါပီရှင် ။ အန်တီက ဈေးရောင်းစားတဲ့သူမဟုတ်ဘူး။ အိမ်စားဖို့ များများဝယ်တာမို့ ပါ။ ဈေးရောင်းတော်သားပဲ
မင်းက ။ "

"ဟုတ်ကျေးဇူးတင်ပါတယ်ဗျ။
အန်တီအတွက် လက်ဆောင် ဖန်ခွက်နှစ်ခွက်လက်ဆောင်ပေးလိုက်မယ်နော်"

ပုံညာတစ်ယောက် မနေ့ က best
လက်ဖက်ရည်ထုတ်က လက်ဆောင်ထည့်ပေးလိုက်သော ခွက်နှစ်ခွက်နဲ့ မျက်နှာလုပ်လိုက်သည်ကို ဧည့်သည်အမျိုးသမီးက သဘောတကျ ရယ်မောကာ ယူပြန်သွားသည်။

ချစ်တဲ့အိမ်စည်။

( တကယ်ဆို extra ရေးဖို့ စိတ်ကူးမရှိထားဘူး။ အချစ်တွေပေးကြလို့  အချစ်ပြန်ပေးလိုက်တာပါ။ )

Bạn đang đọc truyện trên: ZingTruyen.Xyz