ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

9

eainsi23

အျပန္ ဝိတ္ ပါသည့္ကားမို ့ျဖည္းျဖည္းသာ
ေမာင္းခဲ့ ရေတာ့ ခရီးကသိပ္မတြင္လွေပ။

အိပဲ့အိပဲ့ ေမာင္းလာတဲ့ ကုန္ကားေလးသည္ တံငါကုန္းေက်ာက္ၾကမ္းလမ္း ကို လိပ္လိုေမာင္းလာရသည္မို ႔ ရြာကိုျပန္ ေရာက္ ေတာ့ ည ၇နာရီ ထိုးပီးမွေရာက္၏။

ျခံထဲထိကားေမာင္းဝင္လိုက္စဥ္မွာပဲ
ေဒၚေလးေအးႀကည္တို ့ညီအမနဲ ့တျခား
မိန္းမႀကီးသံုးေလးေယာက္ ထြက္လာ၏။

ဘာလို ့အိမ္ေရာက္ေနႀကတာလဲ မေတြးနိုင္ သက္ပံုမျမင္ေတာ့ရင္က ပူလာသည္။

"ေဒၚေလး သက္ပံုေရာ "

ကားေပၚက မဆင္းခင္ ကတည္းကေအာ္ေမးေနေတာ့ ေဒၚေလးက သူ ့ကိုအေရးမစိုက္ပဲ ကားေနာက္ခန္းက ပါတဲ့ ကုန္ေတြကို ႀကည့္ေန၏။

" ငါဒီမွာ ...ေရာ ့ေရအရင္ ေသာက္အုန္း။ "
တံခါးဝ မွာေရခြက္ေလးကိုင္ကာ ေရာက္လာတဲ့ သက္ပံုျမင္မွ စို ့ေနတဲ့ အေမာ ကေျပက်သြား၏။

"ေနာက္ဆို လူအရင္လာပါဗ်ာ။ ေရဆာတာထပ္ ခင္ဗ်ားကို မျမင္ရတာပိုဆိုးတယ္"

အကဲပိုလွတဲ့ ေကာင္းခ်ီကို မ်က္ေစာင္း႐ြယ္ကာ ေရခြက္ကို ကမ္းေပးလိုက္သည္။
တစ္ေနကုန္သြားလာေနရတဲ့အလုပ္္မို ႔
ေကာင္းခ်ီ ပင္ပန္းလာမယ္ဆိုတာ သိေနေတာ့ စိတ္က မေကာင္းေတာ့။

"ေကာင္းခ်ီဗိုက္ဆာေနပီလား။
ခဏေနာ္ ထမင္းအရင္ခူးေပးမယ္။ ဟင္းေတြက မင္းမလာခင္ကတည္းက ေႏြးထားပီးသား ပူပူေလာေလာစားရုံပဲ "

သူေသာက္ပီးျပန္ေပးတဲ့ေရခြက္ကေလးကိုင္ကာ အိမ္ထဲျပန္ဝင္ေတာ့မဲ့ သက္ပံုလက္ကို ေကာင္းခ်ီအျမန္ဆြဲတားလိုက္သည္။
တေန ့လံုးလြမ္းေနရတာမို ့ အနားမွာသာေနေစခ်င္သည္။

"မသြားနဲ ့ဒီတိုင္းေလးခဏေနမယ္"

မ်က္နွာတည္ေလးနဲ ့ လက္ဖ်ားေတြကို မလႊတ္တမ္းဆြဲထားတဲ့ ေကာင္းခ်ီေလးေႀကာင့္ အူယားမိတာအတိုင္းထက္အလြန္ ။
အရယ္အျပံဳးမရွိတဲ့ မ်က္နွာက ရယ္ေနရင္ေတာင္ သက္ပံု ခ်စ္မိခ်င္မွခ်စ္မိမယ္။
ခုလိုေလးက တမင္လုပ္ေနတာမဟုတ္ပဲ
အေနေအးတဲ့ေကာင္ေလးက အသည္းယားစရာပင္။

"လာအုန္း ေကာင္ေကာင္း ။ ဒီမွာ ခရမ္းခ်ဥ္သီး ေဖာက္သည္ယူမယ္တဲ့ ဘယ္ေစ်းေပးမွာလဲ "

ေဒၚေလးအသံေႀကာင့္ ေကာင္းခ်ီစိတ္တိုသြားသည္။ ျဖစ္နိုင္ရင္ ဝယ္လာတဲ့ကုန္စိမ္းေတြကို ေနာက္ေဖးက ျမစ္ထဲသာ သြန္ပစ္လိုက္ခ်င္သည္။ အေရးေကာင္းရင္ ဖ်က္လို ့ဖ်က္စီးလုပ္ၿပီ။

"သြားလိုက္ပါ။ ငါထမင္းခူးလိုက္အုန္းမယ္"

လႊတ္ထြက္သြားတဲ့ လက္ဖ်ားေလးေႀကာင့္
စိတ္ထဲမွာ နွေျမာတသ။
သူကိုယ္တိုင္ကလည္း ခပ္ေအးေအးေနသလို
သက္ပံုကလည္း အခ်ြဲအႏြဲ ့မရွိပဲ အေနအထိုင္တည္သည္မို ့ သူတို ့ပါတ္သတ္မူ ့သည္
ပံုမွန္အတိုင္းသိပ္ထူးျခားမူ ့မရွိ။

"မနက္မွလာတာမဟုတ္ဘူး ။ မိုးခ်ဳပ္ေနပီကို "

"ေအာ္ေအ... မနက္က် မွယူေတာ့ သူတို ့ကဘယ္ခ်ိန္ေရာင္းစားရမွာလဲ။ ရွိတဲ့ ေစ်းက မိုးမလင္းတနာရီပဲႀကာေအာင္စည္တဲ့ေစ်း။ စီးပြားေရးလုပ္တာမ်ား ဘယ္ခ်ိန္ယူယ ူဝယ္တဲ့သူရွိလို ့ေရာင္းရတာကို ဂဂ်ီဂေဂ်ာင္လုပ္မေနနဲ ့"

ေဒၚေလးေအးႀကည္စကားေႀကာင့္ ေကာင္းခ်ီ သက္ပံု ဆီမွအာရုံလႊဲကာ ... ဝယ္လာတဲ့ ကုန္စိမ္းကိုေဖာက္သည္ေပးဖို ့ေစ်းေျပာရသည္။

"အမ်ားေစ်းလား။ အခ်ိန္ဘယ္ေလာက္ယူမွာလဲ"

"ေစ်းကိုက္ရင္ မ်ားမ်ားယူမယ္"

ဟိုတေလာက ျမသက္နဲ ့ေစ်းဝယ္တုန္းက
ေတြ ့ခဲ့တဲ့ ေစ်းသည္အေဒၚႀကီးေျပာလာေတာ့ ေခါင္းညိမ့္ျပကာ

"၇၀၀ေစ်းယူေလ .. အေဒၚတို ့ ၁၀၀၀ေစ်းေရာင္းတာမို ့လား ကိုက္ပါတယ္"

"ေအးေအး ၇၀၀ေစ်းဆို အမွည့္ တေတာင္း အစိမ္းတေတာင္း အခ်ိန္ရွိသေလာက္ယူမယ္... က်န္တဲ့ ပန္းမုန္လာ တို ့မုန္လာထုပ္တို ့ကိုလည္း ေစ်းသင့္ရင္တခါထဲယူလိုက္မယ္... ႀကည့္က်က္ ေလ်ာ့ေပးအုန္း"

"ေစ်းက စိတ္ခ်ပါ က်ြန္ေတာ္ အနည္းဆံုးအေဒၚတို ့ေရာင္းသာေအာင္ လုပ္ေပးထားတာ ပါ။ ပန္းပြင့္ က အပြင့္တစ္ရာယူရင္ ၄၀၀လုပ္ေပးမယ္ ေရြးယူလုိ ့ေတာ့မရဘူး။ ထည့္ေပးတဲ့ဟာ ယူရမွာေနာ္ ။ ေရြးယူရင္ ၅၅၀ ။
ႀကိဳက္တာယူ ။ "

"ေအးပါ အဲ့တာဆို ထည့္ေပးတာယူလိုက္မယ္ အႀကီး ၊အေသး မ်ွေတာ့ထည့္ေပး "

"ဟုတ္... ေဒၚေလးျမရင္ ခ်ိန္ခြင္ ၊အေလးလုပ္ထားတယ္မို ့လား "

"ေအးေအး လုပ္ထားတယ္ ခ်ိန္ေတာ့မလား "

" ေဒၚေလးတို ့လုပ္ေပးလိုက္ေတာ့ေလ ။က်ြန္ေတာ္ထမင္းစားအုန္းမယ္... ကိုထက္ လာ ထမင္းစားမွာျဖင့္။ "

လူက သက္ပံုနားကို ကပ္ေနခ်င္လွၿပီ။
အလုပ္ေတြအကုန္ေဒၚေလးတို ႔ကိုအပ္ကာ ကိုထက္ကိုပါ လွည့္ေခၚလိုက္ေသးသည္။

"ေတာ္ပီ ကြၽန္ေတာ္အိမ္ေရာက္မွစားေတာ့မယ္ ။
ဒါေလးကူေပးပီးရင္ က်ြန္ေတာ္လည္း ျပန္မွာ "

"ေအးေအး ေရာ့ ဒါဆို မုန္ ့ဖိုးယူသြား။ ငါထမင္းစားေနတုန္း မင္းျပန္သြားတာ
မသိမွာ စိုးလို ့"

အိပ္ေထာင္ထဲက ၇၀၀၀ကိုထုတ္ေပးေတာ့ ကိုထက္က တရုိတေသလွမ္းယူ၏။
ေက်ာခိုင္းကာ သက္ပံုရွိရာ အိမ္ထဲဝင္လိုက္ေတာ့ ထမင္းစားပြဲမွာ ခူးထားတဲ့ ပန္းကန္ေလးနွစ္ခ်ပ္ နဲ ့ထမင္းျဖဴေတြက
အရံသင့္။

"ထိုင္ေလ ဘာလုပ္ေနတာလဲ ။ "

ပူပူေႏြးေႏြး ဟင္းခ်ိဳ ပန္းကန္ကို သယ္လာတဲ့ သက္ပံုက ေနာက္ပါးကေနထြက္လာ၏။

"ဟင္းေႏြးေနတာ ဗိုက္ဆာေနပီလား"

"ဆာေနပီ။ က်ြန္ေတာ္လမ္းမွာ ဘာမွဝယ္မစားခဲ့ရဘူး"

"စားေတာ့မစားခဲ့ဘူး။ ဗိုက္ကို အဆာခံေနေသးတယ္။ အလုပ္က အဆင္ေျပခဲ့လား"

" အဆင္ေျပတယ္ ။ ဝယ္လာတာသံုးသိန္ဖိုးပဲရွိတာ သက္ပံုျမင္တဲ့အတိုင္းပဲ "

"အဆင္ေျပတယ္ဆိုလဲ ပီးတာပဲ စားစား
ဆာေနပီမို ့လား "

ညေနစာ က လက္ရာေကာင္းလို ့လား
သက္ပံုမ်က္နွာေလးေႀကာင့္လား သူမသိ။
နွစ္ပန္းကန္ေလာက္ စားဝင္သြားတာေတာ့ ေသခ်ာသည္။

သူအိမ္ထဲကထြက္လာေတာ့ ခ်ိန္ခြင္နဲ ့တပိသာျခင္း ခ်ိန္ေနႀကတာ ပီးေတာင္ပီးေတာ့မယ္။
ကိုထက္ မိန္းမနဲ ့ အငယ္မ ျမသက္က
တပိသာဆန္ ့တဲ့ အိတ္ထဲ က်ံဳ း ထည့္ေပးေနသလို ေဒၚေလးျမရင္က ခ်ိန္ေပးေနသည္။
ေဒၚေလးေအးႀကည္က သူ ့ကိုယ္လံုးဝဝႀကီးေႀကာင့္ ထိုင္ရာမထ အခ်ိန္မွတ္ေန၏။

ေကာင္းခ်ီရဲ့ ပထမဆံုးအလုပ္ဆိုေတာ့ တမ်ိဳးလံုးအားႀကိဳးမာန္တက္ဝိုုင္းကူေပးႀကသည္မို ့ ပါလာသမ်ွခရမ္းခ်ဥ္ ေျခာက္ေတာင္းက အစိမ္း တေတာင္းသာက်န္သည္။
အပိုေပးလိုက္တာနဲ ့အခ်ိန္တိုးတာနဲ ့ေပါင္းကာ တစ္ေတာင္းက်န္ေနေသးတာကိုပင္
ပိုက္ဆံ ၃ေသာင္းေလာက္က်န္ေနျပီ။
ေနာက္တေတာင္းကုန္ရင္ ေလးေသာင္းေက်ာ္ေလာက္ျမတ္မည္မို ့ တာထြက္ကေတာ့ ေကာင္းေနသည္။

ည ကိုးနာရီထိုးေတာ့ ပါလာသမ်ွ အနည္းငယ္ေလာက္သာ က်န္ေတာ့သည္။

"ေဒၚေလး ျပန္ရင္ စားခ်င္တာယူသြား ။
ကိုထက္မိန္းမ ညည္းေရာ ျပန္ရင္ လိုတာယူသြား"

ကိုထက္မိန္းမ နာမည္ကမသိေတာ့ ခပ္
လြယ္လြယ္သာေခၚလိုက္သည္။

"ေအးေအး ေဒၚေလးက ဒီနည္းနည္းနာေနတဲ့ ခရမ္းခ်ဥ္းသီး ေတြယူသြားလိုက္မယ္။
က်န္တာေတာ့ မနက္ မင္းညီမ ျမသက္ေစ်းမွာ
သြားေရာင္းေပးလိမ့္မယ္ "

"မင္း ကိုက္ေရာကိုက္ရဲ့လား။ တခါတေလ လာတဲ့ ကုန္စိမ္းကာေတြေတာင္မင္းေလာက္ေစ်းမခ်ိဳဘူး ...ေရာ့...ေရာ့ ပိုက္ဆံေတြ ။
အေႀကြးေတာ့ ငါမသိခင္ မေရာင္းနဲ ့တခ်ိဳ ့ေစ်းသည္ေတြက အက်င့္ေကာင္းတာမဟုတ္ဘူး "

ေကာင္းခ်ီေခါင္းညိတ္ျပလိုက္သည္။
အေႀကြးေပးရေအာင္လဲ ဒီရြာကရွိသမ်ွ လူကုန္ သူမသိ။ ေပးလဲမေပးနိုင္ ။
လက္ထဲေရာက္လာတဲ့ ပိုက္ဆံ ေတြ ေရႀကည့္လိုက္ေတာ့ ၄သိန္း၃ေသာင္း ၅ရာ ။
ဒါေတာင္ ပန္းနည္းနည္း ခရမ္းသီး နဲ ့မုန္ညွင္းရြက္ ေတာ္ေတာ္မ်ားမ်ားက်န္ေသးသည္။
အံ့ႀသစရာပဲ ။

"ဘယ္လိုလဲ အရင္းေရာရလား ။ စာရင္းေရာ ကိုက္ရဲ့လား"

သူတြက္ေနတာကိုႀကည့္ပီး စိတ္ပူေနတဲ့ ေဒၚေလးေအးႀကည္ကို

"ျမတ္ပါတယ္ မဆိုးပါဘူး။ ေဒၚေလးျပန္ရင္ ဘုရားပန္း ယူသြားအုန္း "

"ေတာ္ပါေသးရဲ့ ငေကာင္းရယ္။ ငါျဖင့္
ခုမွ ေစ်းထေရာင္းတာဆိုေတာ့ မင္းလုပ္ေရာလုပ္တက္ပါ့မလားအဆင္ေရာေျပပါ့မလား နဲ ့စိတ္ပူလိုက္ရတာ "

"အဆင္ေျပပါတယ္ မပူပါနဲ ့။ ေဒၚေလးျမရင္ေရာ ဘုရားပန္းလိုရင္ယူသြား "

"ေဒၚေလး မေန ့ကမွ သေျပပန္းထိုးထားလို ့မယူေတာ့ဘူး။ မနက္က်မွ ျမသက္လႊတ္လိုက္မယ္ အဲ့ဒါဆို ေဒၚေလးတို ့ျပန္ေတာ့မယ္ေနာ္ "

အကုန္လံုး သိမ္းဆည္းေပးခဲ့သည္မို ့
ေကာင္းခ်ီ ဆက္သိမ္းစရာမလိုေတာ့။
ထိုေႀကာင့္ ကိုထက္မိန္းမေလးနဲ ့ညီမျဖစ္သူျမသက္ကို ေခၚကာ

"ေရာ့ ... တေထာင္ဆီ ။ မုန္ ့ဝယ္စားႀက"

"ေဟး တစ္ေထာင္ေတာင္ရတယ္ကြ ။ကိုေကာင္းက ေပးတာ ။ ေပ်ာ္စရာႀကီး"

တစ္ေထာင္တန္ကိုင္ကာေပ်ာ္ေနတဲ့ ညီမလုပ္သူကို ႀကည့္ကာ ေကာင္းခ်ီ သူပါ စိတ္ထဲေပ်ာ္လာရသည္။
ဘဝကို သက္ေတာင့္သက္သာ ေမာင္နွမေတြ နဲ ့ေပ်ာ္ေပ်ာ္ပါးပါးေနရတာကို သူသေဘာက်သည္။

"ကဲကဲ ဒါဆို မိုးခ်ဳပ္ေနပီျပန္က်ေတာ့"

"ဟုတ္ ဒါဆို သမီးတို ့ျပန္ေတာ့မယ္။ ပန္းေတြကို ကန္ထဲ ေရစိမ္ထားခဲ့တယ္။ "

"ေအး"ဟုသာ ေျပာလိုက္သည္။

အကုန္ျပန္ေတာ့ အိမ္က တိတ္ဆိတ္သြား၏။
ေကာင္းခ်ီ ကိုယ္တိုင္လည္း အရမ္းမပင္ပန္းေပမဲ့ တေန ့လံုး ေက်ာမဆန္ ့ရေသးတာေရာ သက္ပံုေလးနဲ ့ ကပ္ပီးမေနရေသးတာေရာေႀကာင့္ ျဖစ္နိုင္ရင္ အိမ္ရာထဲ
ဒိုင္ပင္ထိုးခ်ခ်င္ေနေပမဲ့ နံေစာ္ေနတဲ့ ကိုယ္ေႀကာင့္ ေရခ်ိဳးရအုန္းမယ္။

ေရဆိုတာ ခ်ိဳးရမယ္လို ့ဘယ္သူကမ်ား
သတ္မွတ္လိုက္သလဲ။ စိတ္ညစ္စရာပဲ..

ခ်စ္တဲ့အိမ္စည္။

>>>>>>>>>>><<<<<<>>

အပြန် ဝိတ် ပါသည့်ကားမို့ ဖြည်းဖြည်းသာ
မောင်းခဲ့ ရတော့ ခရီးကသိပ်မတွင်လှပေ။

အိပဲ့အိပဲ့ မောင်းလာတဲ့ ကုန်ကားလေးသည် တံငါကုန်းကျောက်ကြမ်းလမ်း ကို လိပ်လိုမောင်းလာရသည်မို့ ရွာကိုပြန် ရောက် တော့ ည ၇နာရီ ထိုးပီးမှရောက်၏။

ခြံထဲထိကားမောင်းဝင်လိုက်စဉ်မှာပဲ
ဒေါ်လေးအေးကြည်တို့ ညီအမနဲ့ တခြား
မိန်းမကြီးသုံးလေးယောက် ထွက်လာ၏။

ဘာလို့ အိမ်ရောက်နေကြတာလဲ မတွေးနိုင် သက်ပုံမမြင်တော့ရင်က ပူလာသည်။

"ဒေါ်လေး သက်ပုံရော "

ကားပေါ်က မဆင်းခင် ကတည်းကအော်မေးနေတော့ ဒေါ်လေးက သူ့ ကိုအရေးမစိုက်ပဲ ကားနောက်ခန်းက ပါတဲ့ ကုန်တွေကို ကြည့်နေ၏။

" ငါဒီမှာ ...ရော့ ရေအရင် သောက်အုန်း။ "
တံခါးဝ မှာရေခွက်လေးကိုင်ကာ ရောက်လာတဲ့ သက်ပုံမြင်မှ စို့ နေတဲ့ အမော ကပြေကျသွား၏။

"နောက်ဆို လူအရင်လာပါဗျာ။ ရေဆာတာထပ် ခင်ဗျားကို မမြင်ရတာပိုဆိုးတယ်"

အကဲပိုလှတဲ့ ကောင်းချီကို မျက်စောင်းရွယ်ကာ ရေခွက်ကို ကမ်းပေးလိုက်သည်။
တစ်နေကုန်သွားလာနေရတဲ့အလုပ်မို့
ကောင်းချီ ပင်ပန်းလာမယ်ဆိုတာ သိနေတော့ စိတ်က မကောင်းတော့။

"ကောင်းချီဗိုက်ဆာနေပီလား။
ခဏနော် ထမင်းအရင်ခူးပေးမယ်။ ဟင်းတွေက မင်းမလာခင်ကတည်းက နွေးထားပီးသား ပူပူလောလောစားရုံပဲ "

သူသောက်ပီးပြန်ပေးတဲ့ရေခွက်ကလေးကိုင်ကာ အိမ်ထဲပြန်ဝင်တော့မဲ့ သက်ပုံလက်ကို ကောင်းချီအမြန်ဆွဲတားလိုက်သည်။
တနေ့ လုံးလွမ်းနေရတာမို့ အနားမှာသာနေစေချင်သည်။

"မသွားနဲ့ ဒီတိုင်းလေးခဏနေမယ်"

မျက်နှာတည်လေးနဲ့ လက်ဖျားတွေကို မလွှတ်တမ်းဆွဲထားတဲ့ ကောင်းချီလေးကြောင့် အူယားမိတာအတိုင်းထက်အလွန် ။
အရယ်အပြုံးမရှိတဲ့ မျက်နှာက ရယ်နေရင်တောင် သက်ပုံ ချစ်မိချင်မှချစ်မိမယ်။
ခုလိုလေးက တမင်လုပ်နေတာမဟုတ်ပဲ
အနေအေးတဲ့ကောင်လေးက အသည်းယားစရာပင်။

"လာအုန်း ကောင်ကောင်း ။ ဒီမှာ ခရမ်းချဉ်သီး ဖောက်သည်ယူမယ်တဲ့ ဘယ်ဈေးပေးမှာလဲ "

ဒေါ်လေးအသံကြောင့် ကောင်းချီစိတ်တိုသွားသည်။ ဖြစ်နိုင်ရင် ဝယ်လာတဲ့ကုန်စိမ်းတွေကို နောက်ဖေးက မြစ်ထဲသာ သွန်ပစ်လိုက်ချင်သည်။ အရေးကောင်းရင် ဖျက်လို့ ဖျက်စီးလုပ်ပြီ။

"သွားလိုက်ပါ။ ငါထမင်းခူးလိုက်အုန်းမယ်"

လွှတ်ထွက်သွားတဲ့ လက်ဖျားလေးကြောင့်
စိတ်ထဲမှာ နှမြောတသ။
သူကိုယ်တိုင်ကလည်း ခပ်အေးအေးနေသလို
သက်ပုံကလည်း အချွဲအနွဲ့ မရှိပဲ အနေအထိုင်တည်သည်မို့ သူတို့ ပါတ်သတ်မူ့ သည်
ပုံမှန်အတိုင်းသိပ်ထူးခြားမူ့ မရှိ။

"မနက်မှလာတာမဟုတ်ဘူး ။ မိုးချုပ်နေပီကို "

"အော်အေ... မနက်ကျ မှယူတော့ သူတို့ ကဘယ်ချိန်ရောင်းစားရမှာလဲ။ ရှိတဲ့ ဈေးက မိုးမလင်းတနာရီပဲကြာအောင်စည်တဲ့ဈေး။ စီးပွားရေးလုပ်တာများ ဘယ်ချိန်ယူယူဝယ်တဲ့သူရှိလို့ ရောင်းရတာကို ဂဂျီဂဂျောင်လုပ်မနေနဲ့ "

ဒေါ်လေးအေးကြည်စကားကြောင့် ကောင်းချီ သက်ပုံ ဆီမှအာရုံလွှဲကာ ... ဝယ်လာတဲ့ ကုန်စိမ်းကိုဖောက်သည်ပေးဖို့ ဈေးပြောရသည်။

"အများဈေးလား။ အချိန်ဘယ်လောက်ယူမှာလဲ"

"ဈေးကိုက်ရင် များများယူမယ်"

ဟိုတလောက မြသက်နဲ့ ဈေးဝယ်တုန်းက
တွေ့ ခဲ့တဲ့ ဈေးသည်အဒေါ်ကြီးပြောလာတော့ ခေါင်းညိမ့်ပြကာ

"၇၀၀ဈေးယူလေ .. အဒေါ်တို့ ၁၀၀၀ဈေးရောင်းတာမို့ လား ကိုက်ပါတယ်"

"အေးအေး ၇၀၀ဈေးဆို အမှည့် တတောင်း အစိမ်းတတောင်း အချိန်ရှိသလောက်ယူမယ်... ကျန်တဲ့ ပန်းမုန်လာ တို့ မုန်လာထုပ်တို့ ကိုလည်း ဈေးသင့်ရင်တခါထဲယူလိုက်မယ်... ကြည့်ကျက် လျော့ပေးအုန်း"

"ဈေးက စိတ်ချပါ ကျွန်တော် အနည်းဆုံးအဒေါ်တို့ ရောင်းသာအောင် လုပ်ပေးထားတာ ပါ။ ပန်းပွင့် က အပွင့်တစ်ရာယူရင် ၄၀၀လုပ်ပေးမယ် ရွေးယူလို့ တော့မရဘူး။ ထည့်ပေးတဲ့ဟာ ယူရမှာနော် ။ ရွေးယူရင် ၅၅၀ ။
ကြိုက်တာယူ ။ "

"အေးပါ အဲ့တာဆို ထည့်ပေးတာယူလိုက်မယ် အကြီး ၊အသေး မျှတော့ထည့်ပေး "

"ဟုတ်... ဒေါ်လေးမြရင် ချိန်ခွင် ၊အလေးလုပ်ထားတယ်မို့ လား "

"အေးအေး လုပ်ထားတယ် ချိန်တော့မလား "

" ဒေါ်လေးတို့ လုပ်ပေးလိုက်တော့လေ ။ကျွန်တော်ထမင်းစားအုန်းမယ်... ကိုထက် လာ ထမင်းစားမှာဖြင့်။ "

လူက သက်ပုံနားကို ကပ်နေချင်လှပြီ။
အလုပ်တွေအကုန်ဒေါ်လေးတို့ ကိုအပ်ကာ ကိုထက်ကိုပါ လှည့်ခေါ်လိုက်သေးသည်။

"တော်ပီ ကျွန်တော်အိမ်ရောက်မှစားတော့မယ် ။
ဒါလေးကူပေးပီးရင် ကျွန်တော်လည်း ပြန်မှာ "

"အေးအေး ရော့ ဒါဆို မုန့် ဖိုးယူသွား။ ငါထမင်းစားနေတုန်း မင်းပြန်သွားတာ
မသိမှာ စိုးလို့ "

အိပ်ထောင်ထဲက ၇၀၀၀ကိုထုတ်ပေးတော့ ကိုထက်က တရိုတသေလှမ်းယူ၏။
ကျောခိုင်းကာ သက်ပုံရှိရာ အိမ်ထဲဝင်လိုက်တော့ ထမင်းစားပွဲမှာ ခူးထားတဲ့ ပန်းကန်လေးနှစ်ချပ် နဲ့ ထမင်းဖြူတွေက
အရံသင့်။

"ထိုင်လေ ဘာလုပ်နေတာလဲ ။ "

ပူပူနွေးနွေး ဟင်းချို ပန်းကန်ကို သယ်လာတဲ့ သက်ပုံက နောက်ပါးကနေထွက်လာ၏။

"ဟင်းနွေးနေတာ ဗိုက်ဆာနေပီလား"

"ဆာနေပီ။ ကျွန်တော်လမ်းမှာ ဘာမှဝယ်မစားခဲ့ရဘူး"

"စားတော့မစားခဲ့ဘူး။ ဗိုက်ကို အဆာခံနေသေးတယ်။ အလုပ်က အဆင်ပြေခဲ့လား"

" အဆင်ပြေတယ် ။ ဝယ်လာတာသုံးသိန်ဖိုးပဲရှိတာ သက်ပုံမြင်တဲ့အတိုင်းပဲ "

"အဆင်ပြေတယ်ဆိုလဲ ပီးတာပဲ စားစား
ဆာနေပီမို့ လား "

ညနေစာ က လက်ရာကောင်းလို့ လား
သက်ပုံမျက်နှာလေးကြောင့်လား သူမသိ။
နှစ်ပန်းကန်လောက် စားဝင်သွားတာတော့ သေချာသည်။

သူအိမ်ထဲကထွက်လာတော့ ချိန်ခွင်နဲ့ တပိသာခြင်း ချိန်နေကြတာ ပီးတောင်ပီးတော့မယ်။
ကိုထက် မိန်းမနဲ့ အငယ်မ မြသက်က
တပိသာဆန့် တဲ့ အိတ်ထဲ ကျုံး ထည့်ပေးနေသလို ဒေါ်လေးမြရင်က ချိန်ပေးနေသည်။
ဒေါ်လေးအေးကြည်က သူ့ ကိုယ်လုံးဝဝကြီးကြောင့် ထိုင်ရာမထ အချိန်မှတ်နေ၏။

ကောင်းချီရဲ့ ပထမဆုံးအလုပ်ဆိုတော့ တမျိုးလုံးအားကြိုးမာန်တက်ဝိုင်းကူပေးကြသည်မို့ ပါလာသမျှခရမ်းချဉ် ခြောက်တောင်းက အစိမ်း တတောင်းသာကျန်သည်။
အပိုပေးလိုက်တာနဲ့ အချိန်တိုးတာနဲ့ ပေါင်းကာ တစ်တောင်းကျန်နေသေးတာကိုပင်
ပိုက်ဆံ ၃သောင်းလောက်ကျန်နေပြီ။
နောက်တတောင်းကုန်ရင် လေးသောင်းကျော်လောက်မြတ်မည်မို့ တာထွက်ကတော့ ကောင်းနေသည်။

ည ကိုးနာရီထိုးတော့ ပါလာသမျှ အနည်းငယ်လောက်သာ ကျန်တော့သည်။

"ဒေါ်လေး ပြန်ရင် စားချင်တာယူသွား ။
ကိုထက်မိန်းမ ညည်းရော ပြန်ရင် လိုတာယူသွား"

ကိုထက်မိန်းမ နာမည်ကမသိတော့ ခပ်
လွယ်လွယ်သာခေါ်လိုက်သည်။

"အေးအေး ဒေါ်လေးက ဒီနည်းနည်းနာနေတဲ့ ခရမ်းချဉ်းသီး တွေယူသွားလိုက်မယ်။
ကျန်တာတော့ မနက် မင်းညီမ မြသက်ဈေးမှာ
သွားရောင်းပေးလိမ့်မယ် "

"မင်း ကိုက်ရောကိုက်ရဲ့လား။ တခါတလေ လာတဲ့ ကုန်စိမ်းကာတွေတောင်မင်းလောက်ဈေးမချိုဘူး ...ရော့...ရော့ ပိုက်ဆံတွေ ။
အကြွေးတော့ ငါမသိခင် မရောင်းနဲ့ တချို့ ဈေးသည်တွေက အကျင့်ကောင်းတာမဟုတ်ဘူး "

ကောင်းချီခေါင်းညိတ်ပြလိုက်သည်။
အကြွေးပေးရအောင်လဲ ဒီရွာကရှိသမျှ လူကုန် သူမသိ။ ပေးလဲမပေးနိုင် ။
လက်ထဲရောက်လာတဲ့ ပိုက်ဆံ တွေ ရေကြည့်လိုက်တော့ ၄သိန်း၃သောင်း ၅ရာ ။
ဒါတောင် ပန်းနည်းနည်း ခရမ်းသီး နဲ့ မုန်ညှင်းရွက် တော်တော်များများကျန်သေးသည်။
အံ့သြစရာပဲ ။

"ဘယ်လိုလဲ အရင်းရောရလား ။ စာရင်းရော ကိုက်ရဲ့လား"

သူတွက်နေတာကိုကြည့်ပီး စိတ်ပူနေတဲ့ ဒေါ်လေးအေးကြည်ကို

"မြတ်ပါတယ် မဆိုးပါဘူး။ ဒေါ်လေးပြန်ရင် ဘုရားပန်း ယူသွားအုန်း "

"တော်ပါသေးရဲ့ ငကောင်းရယ်။ ငါဖြင့်
ခုမှ ဈေးထရောင်းတာဆိုတော့ မင်းလုပ်ရောလုပ်တက်ပါ့မလားအဆင်ရောပြေပါ့မလား နဲ့ စိတ်ပူလိုက်ရတာ "

"အဆင်ပြေပါတယ် မပူပါနဲ့ ။ ဒေါ်လေးမြရင်ရော ဘုရားပန်းလိုရင်ယူသွား "

"ဒေါ်လေး မနေ့ ကမှ သပြေပန်းထိုးထားလို့ မယူတော့ဘူး။ မနက်ကျမှ မြသက်လွှတ်လိုက်မယ် အဲ့ဒါဆို ဒေါ်လေးတို့ ပြန်တော့မယ်နော် "

အကုန်လုံး သိမ်းဆည်းပေးခဲ့သည်မို့
ကောင်းချီ ဆက်သိမ်းစရာမလိုတော့။
ထိုကြောင့် ကိုထက်မိန်းမလေးနဲ့ ညီမဖြစ်သူမြသက်ကို ခေါ်ကာ

"ရော့ ... တထောင်ဆီ ။ မုန့် ဝယ်စားကြ"

"ဟေး တစ်ထောင်တောင်ရတယ်ကွ ။ကိုကောင်းက ပေးတာ ။ ပျော်စရာကြီး"

တစ်ထောင်တန်ကိုင်ကာပျော်နေတဲ့ ညီမလုပ်သူကို ကြည့်ကာ ကောင်းချီ သူပါ စိတ်ထဲပျော်လာရသည်။
ဘဝကို သက်တောင့်သက်သာ မောင်နှမတွေ နဲ့ ပျော်ပျော်ပါးပါးနေရတာကို သူသဘောကျသည်။

"ကဲကဲ ဒါဆို မိုးချုပ်နေပီပြန်ကျတော့"

"ဟုတ် ဒါဆို သမီးတို့ ပြန်တော့မယ်။ ပန်းတွေကို ကန်ထဲ ရေစိမ်ထားခဲ့တယ်။ "

"အေး"ဟုသာ ပြောလိုက်သည်။

အကုန်ပြန်တော့ အိမ်က တိတ်ဆိတ်သွား၏။
ကောင်းချီ ကိုယ်တိုင်လည်း အရမ်းမပင်ပန်းပေမဲ့ တနေ့ လုံး ကျောမဆန့် ရသေးတာရော သက်ပုံလေးနဲ့ ကပ်ပီးမနေရသေးတာရောကြောင့် ဖြစ်နိုင်ရင် အိမ်ရာထဲ
ဒိုင်ပင်ထိုးချချင်နေပေမဲ့ နံစော်နေတဲ့ ကိုယ်ကြောင့် ရေချိုးရအုန်းမယ်။

ရေဆိုတာ ချိုးရမယ်လို့ ဘယ်သူကများ
သတ်မှတ်လိုက်သလဲ။ စိတ်ညစ်စရာပဲ..

ချစ်တဲ့အိမ်စည်။

>>>>>>>>>>><<<<<<>>

Bạn đang đọc truyện trên: ZingTruyen.Xyz