ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

8

eainsi23

သိပ္မႀကာခင္မွာပဲ ေဒၚေလး ျမရင္ရဲ့သားကိုထက္ရဲ့ ျမိဳ ့ေလးျမိဳ ့က သူငယ္ခ်င္း၏လိုင္စင္မပါတဲ့ without ကုန္တင္ကားအေသးကို သိန္းေလးဆယ္ေပးပီးေကာင္းခ်ီ ဝယ္လိုက္သည္။
ကားက အသစ္မဟုတ္ေပမဲ့ အေတာ္ႀကီးသစ္ေသးတယ္လို ့ေျပာရမယ္။
ေကာင္းခ်ီတို ့နယ္ေတြမွာ အေတာ္အသင့္
အနီးနားျမိဳ ့ကအစ လိုင္စင္မပါတဲ့ကားေတြသံုးရေသးသည္။

ခုလည္း ကုန္စိမ္းေရာင္းဖို ့ျမိဳ ့ေလး အေက်ာ္
က စိုက္ခင္းေတြဆီကို ကိုယ္တိုင္ သြားဝယ္ဖို ့ကိုထက္နဲ ့အတူ ေန ့ခင္း၂နာရီခန္ ့မွာ
တံငါကုန္းရြာကေန ထြက္လာခဲ့လိုက္သည္။

သက္ပံုကေတာ့ ေအးေအးေနတက္သူပီပီ
ေကာင္းခ်ီမရွိလဲ  အိမ္မွာစာဖတ္ရင္း က်န္ခဲ့သည္။ ညီမျဖစ္သူ ျမသက္ကိုေတာ့
စက္ခ်ဳပ္ဆိုင္ကျပန္လာရင္ သက္ပံုဆီ သြားေနေပးဖို ့ေဒၚေလးျမရင္ကိုသြားမွာ
ထားခဲ့ရသည္။

သူခိုး လူဆိုး မရွိတဲ့ ရြာဆိုေတာ့စိတ္မခ်စရာေတာ့မရွိတာေႀကာင့္ ေနာက္ဆံကင္းကင္းပင္ ။

"ကိုေကာင္း ျမိဳ ့ေလးဝင္အုန္းမလား "

"ေအး မုန္ ့ဆိုင္ႀကီးတာေတြ ့ရင္ ရပ္လိုက္အုန္း သက္ပံုအတြက္အျပန္မုန္ ့ဝယ္ခ်င္လို ့"

ျမိဳ  ့ေလး ျမိဳ ့ဆိုတာ  ျမိဳ  ့ေသးေပမဲ့ ေဘးရြာေတြမ်ားေတာ့ အေတာ္ကေလးစည္သည္ေျပာရမယ္။
တံငါကုန္းနဲ ့ျမိဳ  ့ေလးဆိုရင္ မိုင္ ၃၀ ေဝးေပမဲ့ လမ္းပန္းမဖြင့္ျဖိဳးေတာ့
နွစ္ရက္သံုးရက္ တခါေလာက္သာ လိုင္းကားထြက္ေပးသည္။
အဲ့ဒါေႀကာင့္တံငါကုန္းရြာက ရြာႀကီးျဖစ္ေပပမဲ့  ေစ်း ႀကီး သည္။
ဒါေတာင္ ေဘးနားက ေတာရြာေလးေတြက ေစ်းသည္ေတြက
တံငါကုန္းမွာ တဆင့္ေစ်းျပန္ယူေရာင္းႀကတာရွိေသးသည္။

"ကိုေကာင္း …ေရာက္ပီ ။ "

"အင္း  မင္းေရာ ဘာဝယ္အုန္းမလဲ "

ကားရပ္ထားတဲ့ စတိုးဆိုင္ကိုႀကည့္ပီး ေကာင္းခ်ီေမးလိုက္သည္။

"ေတာ္ပီ မဝယ္ေတာ့ဘူး။ "

ကားေပၚကေနမဆင္းတဲ့ ကိုထက္ကို ထားခဲ့ပီး အျမန္ပင္  ဆိုင္ထဲဝင္လိုက္သည္။
အာလူးေႀကာ္ တတြဲ နဲ ့တျခား မုန္ ့ေတာ္ေတာ္မ်ားမ်ားကို ပါဝယ္ပီး အျပင္ျပန္ထြက္လာေတာ့ ကိုထက္က လမ္းတဖက္ကြမ္းယာဆိုင္ကေန ျပန္လာ၏။

"စားအုန္းမလား ကိုေကာင္း "

အိတ္အႀကည္ေလးနဲ ့ထုတ္ထားတဲ့ ကြမ္းယာထုတ္ကို ကမ္းေပးလာေပမဲ့ ေကာင္းခ်ီ ျငင္းလိုက္သည္။

"ငါကြမ္းျဖတ္ထားတာ ။ေရာ့ မင္းမိန္းမအတြက္ "

သက္သက္ဝယ္လာတဲ့ အေအးဘူးနဲ့ မုန္ ့တခ်ိဳ ့ကိုေပးေတာ့ ယူရမွာအားနာေန၏။

အခုလည္း  အလုပ္မရွိတဲ့ ကိုသက္ အတြက္
တစ္ရက္လုပ္အားခ  ၇၀၀၀ေပးပီးအငွားေခၚပီး ကားေမာင္းခိုင္းရျခင္းျဖစ္သည္။
သက္ပံုကားေမာင္းတက္ေပမဲ့ ေကာင္းခ်ီကမေမာင္းတက္။ လိုက္ေမာင္းေပးဖို ့သက္ပံုေျပာေပမဲ့ ေနပူပူမို ့သက္ပုံကိုမခိုင္းရက္ေပ။

ျမိဳ ့ေလးျမိဳ ့ကေန ၅မိုင္ခန္ ့အကြာေရာက္ေတာ့ စိုက္ခင္းေတြကို ကားလမ္းေဘးတစ္ေလ်ွာက္ေတြ ့ရသည္။

"ကိုထက္ မင္းသူငယ္ခ်င္းေျပာတဲ့
ကိုႀကည္မင္း တဲက ဘယ္ဟာလဲ ။ "

"က်ြန္ေတာ္လည္းမသိဘူး ေနအုန္း ေမးလိုက္မယ္"

ကားကို လမ္းေဘးရပ္ကာ ကိုထက္က တဲတစ္တဲ ကိုသြားေမးသည္။
စိုက္ခင္းေတြထဲမွာ တင္ တဲေဆာက္ေနႀကသည္မို ့ ဟိုတစုဒီတစု ျဖင့္  တစ္အိမ္နဲ ့တအိမ္ အေတာ္ေဝးႀကသည္။
ဦးႀကည္မင္းဆိုတာကလည္း ကိုထက္သူငယ္ခ်င္းညႊန္ေပးလိုက္တဲ့  အခင္းရွင္ပင္။
သေဘာေကာင္းသလို ရုိးသားသည္ မို ့
ေစ်းတင္ေရာင္းတာဘာညာမရွိပဲ ေပါက္ေစ်းကိုသာ လာဝယ္သမ်ွသူ ေရာင္းေပးသည္တဲ့။

"ဘာတဲ့လဲ "

ကားေပၚျပန္တက္လာၿပီး စက္ျပန္နွဳိးေနတဲ့ကိုထက္က

"ဟို ေရွ  ့က လက္ပံပင္ေအာက္က တဲတဲ့ "

ခပ္လွမ္းလွမ္းမွာ ျမင္ေနရတဲ့ အနီေရာင္ လက္ပံပြင့္ေတြ နဲ ့တဲက လွပ ေပမဲ့ ေနပူဒဏ္ေႀကာင့္ ပူပူေလာင္ေလာင္ ျဖစ္ေနတဲ့
ေကာင္းခ်ီကိုေတာ့ မေအးခ်မ္းနိုင္။

"ဝုတ္ …ဝုတ္ "

ကားက ကားလမ္းေဘး ရပ္ကာရွိေသး
တဲထဲက ေခြးနက္တစ္ေကာင္က ေျပးထြက္လာသည္။

"ဦးႀကည္မင္း… ဗ်ိဳ  ့ဦးႀကည္မင္း ဒီမွာ  ခင္ဗ်ား  ေခြးႀကီးလာဆြဲပါအုန္းဗ် "

ကားေခါင္းထိ ေခြးက မတက္နိုင္ေတာ့ ေအာက္ကေနသာ ထိုးေဟာင္ေန၏။
ကိုထက္ေအာ္သံေႀကာင့္ ထင္သည္

ဖ်င္ႀကမ္းလက္ရွည္ဝတ္ထားတဲ့ ခပ္ဝဝ လူႀကီးတစ္ဦးေျပးထြက္လာကာ ေခြးကိုေမာင္းထုတ္၏။

"ငနက္ သြားစမ္း အိမ္ထဲ …ဒါ အိမ္လာတဲ့ ဧည့္သည္ေတြ"

နားလည္ပံုရတဲ့ေခြးက ထိုအခါမွတအီအီအသံေပးကာ ေျပးထြက္သည္။

"ဘာကိစၥရွိလို ့လဲ ငါတူတို ့"

"ဟို ဦးေလးက ဦးႀကည္မင္းလား ။
က်ြန္ေတာ္ကို ျမိဳ ့ေလးက ဦးေလးေက်ာ္ သား ရဲေက်ာ္စြာ က လြတ္လိုက္လို ့ပါ"

"ေအာ္  … ကိုေက်ာ္တို ့အသိေတြလား …
လာ လာ ဒါဆို အိမ္ထဲဝင္ႀကပါအုန္း"

ေကာင္းခ်ီ ကားေအာက္ဆင္းပီးသည့္တိုင္
ကိုထက္က ေခြးေႀကာက္လို ့မဆင္းခ်င္ျဖစ္ေန၏။

"ဆင္းပါ ငနက္က ေဟာင္သာေဟာင္တာ လူမကိုက္ပါဘူး ။ ခုလည္း သူအေမ မိစိန္တို ့ျပန္လာေတာ့မွာမို ့သြားႀကိဳ ေနေလာက္ပါျပီ"

ေျပာရင္းအိမ္ထဲဝင္သြားတာမို ့ေကာင္းခ်ီတို ့နွစ္ေယာက္ေနာက္ကလိုက္ရသည္။
သက္ကယ္မိုး ထားတဲ့ တဲေလးေရွ  ့တြင္ အရိပ္ရေအာင္ ဘူးစင္ႀကီးႀကီးကို  စင္ထိုးတင္ထား၏။
ေနေပ်ာက္မထိုးေအာင္ ဘူးပင္ျဖစ္သလို
ဘူးသီးေတြက ထြားခ်က္။
ခပ္လွမ္းလွမ္းအရိပ္ေအာက္မွာ ပံုထားတဲ့
ခရမ္းခ်ဥ္သီး… ခရမ္းသီး ဘူးသီးနဲ ့
ဂႏၶာမာပန္း သစၥာပန္းေတြက ဒိုင္ပို ့ဖို ့ခူးထားဟန္။

" ဘာအေရးရွိလို ့လဲ ။ စားအုန္း ငါ့မိန္းမ မိစိန္ကေတာ့ အခင္းထဲ အသီးေကာက္ေနတယ္ "

ေရွ  ့ထိုးေပးလာတာ ေရေႏြးအိုးနဲ ့လက္ဖက္ပန္းကန္ေလး။

" ဦးေလးတို ့ဆီမွာ ဘာေတြရလဲ ဗ်။
က်ြန္ေတာ္တို ့ေစ်းေလး အဆင္ေျပရင္ ကုန္စိမ္းလက္ကားေလးရခ်င္လို ့ပါ"

ေကာင္းခ်ီလာရင္းကိစၥကိုသာေျပာလိုက္သည္။

"ေအာ္ ေဖာက္သည္ရခ်င္တာလား။
ဒါဆိုေကာင္းတာေပါ့ကြာ။ ျမိဳ  ့ေလးမွာ
ဒိုင္သြားသြင္းရင္ ခုတေလာ ငါတို ့ကို ေစ်းနွိမ္ေပးေနရတာနဲ ့ဘာနဲ ့စိုက္ရတာေတာင္
မကာမိပါဘူးကြာ …ကိုယ္တိုင္ေရာင္းဖို ့က်လဲ မိတ္မရွိတာေရာ အခ်ိန္မေပးနိုင္တာေရာနဲ ့မေရာင္းျဖစ္ဘူး"

ရုိးရုိးသားသား ေျပာျပေနတဲ့ ဦးေလးႀကီးေႀကာင့္ ေကာင္းခ်ီေခါင္းညိတ္ျပကာ…

"ဟုတ္ကဲ့ က်ြန္ေတာ္က တံငါကုန္းရြာက
ေန သက္သက္ဒီထိလာခဲ့တာပါ။ ေစ်း
လည္း တခါမွမေရာင္းဖူးဘူး ။ ခုအိမ္ေထာင္က်ေတာ့ ဒီအလုပ္ကေလးစမ္းလုပ္ႀကည့္မလို ့ "

"ေအးေအး ေစ်းကေတာ့ စိတ္ခ်ပါ ။
ခု ျမိဳ ့ေလးမွာ သြင္းတဲ့ ဒိုင္ေစ်းပဲ ယူသြားပါ။  ခရမ္းခ်ဥ္သီးက ၄၀၀ေစ်း သြင္းရတယ္ ။ မင္းတို ့ယူေရာင္းဖို ့ကိုက္ရဲ့လား"

ဦးေလးႀကီးစကားေႀကာင္းေကာင္းခ်ီ မ်က္ေမွာင္ကုတ္လုိက္သည္။ ရြာမွာ ၉၀၀ေစ်း။ ဒီမွာ ၄၀၀ထက္ဝက္ေတာင္မက။

"၄၅၀ ေပးမယ္ ဦးေလး။ လွတာေလးလုပ္ေပး။ ဘယ္လိုခ်ိန္တာလဲ ေတာင္းျပတ္လညး ပိသာေစ်းလား"

ေကာင္းခ်ီ ၅၀ပိုတိုးေပးလိုက္ေတာ့
အေတာ္ႀကီးဝမ္းသာသြားဟန္။  ျမိဳ  ့မွာ က်င္လည္ခဲ့တဲ့ ေကာင္းခ်ီအတြက္ ေစ်းမေရာင္းဘူးေပမဲ့ စိမ္းသက္မေန။
ကိုထက္ကေတာ့ ပိုတိုးေပးေတာ့ မ်က္လံုးျပဴ းပီး လက္ကုတ္ေန၏

" ေက်းဇူးတင္ပါတယ္ငါ့တူရယ္။ အလုပ္သမားငွားခနဲ ့ဘာနဲ ့ ခရမ္းခ်ဥ္ေတြေစ်းေကာင္းရက္နဲ ့ဦးေလးတို ့လည္း ထင္သေလာက္ မျမတ္ပါဘူး။ တခါတေလ ၁၅၀ေစ်းေလာက္ထိက်သြားတဲ့ အခါမ်ိဳးဆို ေသေရာပဲ "

ဒါကို ေကာင္းခ်ီလဲ သိသည္။ တခါတေလ ခရမ္းခ်ဥ္ေစ်းေတြ က်ရင္ ၁၀၀ဖိုးေလာက္ဝယ္ရင္ကို ၅၀သားအိတ္နဲ ့တစ္လံုးမက ရသည္။ ေတာင္သူလုပ္ရတာလဲ တကယ္ေတာ့မလြယ္ကူ။

" ကိုႀကည္မင္း ဧည့္သည္ေတြေရာက္ေနတာလား "

ခေမာက္ကေလးေစာင္းကာ ႏြားလွည္းေမာင္းပီးဝင္လာတဲ့ အမ်ိဳးသမီးက ဦးႀကည္မင္းကို လွမ္းေအာ္ေမးသည္။ ေနာက္မွာ
လည္း  လွည္း သံုးစီးခန္ ့က တတန္းေလာက္ပါလာသည္။

"ဟုတ္တယ္ ။ လာအုန္း စကားေျပာရေအာင္ "

လွည္းမွ ႏြားကိုခ်ြတ္ေနတဲ့ အမ်ိဳးသမီးက
လက္ထဲက ႏြားခ်ည္ထားတဲ့ ႀကိဳးကို ကေလးမေလးလက္ထဲေပးကာ စားပြဲမွာဝင္ထိုင္လာသည္။

"ဒါက တံငါကုန္းက ေစ်းယူဖို ့လာတာ ။ "

"ေအာ္ ဟုတ္လား။ ဘာရခ်င္လဲ ေဒၚေလးတို ့က အစံုစိုက္တာ"

"ခရမ္းခ်ဥ္က ဘယ္လို ေရာင္းတာလဲ ေတာင္းခ်ိန္လား"

"ျမိဳ ့ေတြဆို ကတၱားနဲ ့ခ်ိန္ေပးတာပဲ။
ေဒၚေလးတို ့ဆီမွာ ကတၱားမရွိေတာ့
ျပည္ေတာင္းနဲ ့ခ်ိန္ေပးတာ ။ မျပည့္မွာေတာ့ မပူနဲ ့ျပည္ေတာင္းနဲ ့အျပည့္ေမာက္ေမာက္က တပိသာအေလးထက္ ၁၀သားမကဘူး ပိုတယ္။ အစမ္းခ်ိန္ျပလိုက္မယ္ ေတာင္းပါတယ္မို ့လား။ "

"ေတာင္းက ပါပါတယ္ ခ်ိန္ေတာ့ မျပပါနဲ ့
ေဒၚေလးတို ့ကိုယံုပါတယ္။ က်ြန္ေတာ္
လည္း ခုမွ စေရာင္းရတာမို ့အသီးလွတာေလးေတာ့ထည့္ေပးပါ"

"လွတာ ထည့္ေပးလိုက္ မိစိန္ ။ ၄၅၀ေစ်းနဲ ့ဒီကေလး ကေစ်းျဖတ္ထားတာ ။ "

" ဟုတ္ပါပီေတာ္ … ေနာက္တခါမလာခ်င္ေအာင္ က်ဳပ္မလုပ္ပါဘူး။ ပိုပိုသာသာ
လည္း ထည္ ့ေပးလိုက္မယ္ ။ မဟုတ္ရင္ ပြဲရုံမွာဆို  သူတို ့ေျပာတဲ့အေလးခ်ိန္ေလာက္ပဲရတာပဲ ဟာ "

ေဒၚစိန္ဆိုတဲ့ အေဒၚက ေျပာတဲ့ အတိုင္းတကယ္လဲ ထည့္ေပးလိုက္သည္။

အစိမ္းနွစ္ေတာင္း …အနီနွစ္ေတာင္း …သိပ္မရဲေသးတဲ့ အဝါ တစ္ေတာင္း …
အခ်ိန္ ၁၂၀ေက်ာ္…။ ၆၅၀၀၀ဖိုးဝယ္လိုက္သည္။

ရြာမွာ တစီး ၅၀၀ေရာင္းတဲ့ သစၥာပန္းကို
အခင္းရွင္ဆီ တိုက္ရုိက္ဝယ္ေတာ့ တစီး ၁၈၀တဲ့ ။
ေလာဘႀကီးစြာ  အနီ …အျဖဴ  …
ပန္းေရာင္ … အဖူးေလးေတြႀကီးပဲ
အစီး ၈၀  …  အပို ၁၀ ။ ေပါင္း အစီး ၉၀ကို ၁၄၅၀၀ဖိုး။

ဂႏၶာမာ အဝါေရာင္ အပြင့္ေသးကို  သူတို ့အေခၚ ေတာထံုးဆိုသည့္ လက္တေပြ  ့စာ
အထံုးႀကီးမွ  တစ္ထံုး ၆၀၀ ။

ခြဲပီး ဘုရားအိုးတစ္အိုးစာသာ စီးေရာင္းရင္  ၆စီးေလာက္ရသည္တဲ့။ စိုက္ရတဲ့ ေတာင္သူေတြ တကယ္ပင္အားနာမိသည္။
ေစ်းခ်ိဳ လြန္းေပမဲ့ ေရာင္းအား ဘယ္ေလာက္ရွိမယ္ဆိုတာ မသိ၍ အစမ္း ၁၀ထံုး
၆၀၀၀ဖိုးသာဝယ္မိသည္။

ပန္းမုန္လာနဲ ့မုန္လာထုပ္ဆိုရင္ လွကလွေသးသည္… ေစ်းကခ်ိဳေသးသည္မို ့ ေလာဘႀကီးစြာဝယ္ခ်င္ေပမဲ့  လမ္းမေကာင္းေသးသျဖင့္ ျပည့္ေမာက္ေနေအာင္ မတင္ရဲ။
ခရမ္းသီး… ၂၅၀ ေစ်းနဲ ့ အခ်ိန္ ၂၀
မုန္ညွင္းရြက္  တထံုး၅၀၀နဲ ့  ဆယ္ထံုး
မုန္လာဥျဖဴ    တစီး ၁၅၀ နဲ ့ အထံုး၂၀

နဲ ့တျခား ဟိုနည္းနည္း ဒီနည္းနည္းကိုပါ စံုေအာင္ ဝယ္လိုက္ေတာ့ ကားက
ဒိုင္နာကားေလးမို ့ နည္းနည္းေတာင္ျပည့္ခ်င္ေန၏။

ကားတစီးစာအျပည့္မွာ ပိုက္ဆံက ၃သိန္းဖိုးေလာက္မို ့ အံ့ႀသရေသးသည္။

အပိုေတြအမ်ားႀကီးထည့္ေပးပီး ကားေပၚထိ အလုပ္သမားေတြနဲ ့ေသခ်ာ တင္ေပးလိုက္တာမို ့ ေက်းဇူးတင္စကားေျပာဖို ့ျပင္ေပမဲ့  ေကာင္းခ််ီတို ့ကို လာဝယ္လို ့ သူတို ့ကအရင္ ေက်းဇူးတင္ေနႀကသည္။
ဖုန္းနံပါတ္ေတာင္းလာသည္မို ့ေနာက္ရက္ ဖုန္းဆက္ပီး ေစ်းစကား ေျပာကာ
ကိုထက္ကိုပဲ လႊတ္ပီး ကုန္သယ္ခိုင္းရုံသာ။
အျပန္လမ္းေတာ့ ကုန္အျပည့္တင္တဲ့ကားကိုျဖည္းျဖည္းသာေမာင္းခိုင္းပီး မနက္ဖန္
ကုန္စိမ္းသည္ဘဝ စ ဖို ့ ျပင္ဆင္ထားမိသည္။

ခ်စ္တဲ့ သက္ပံုအတြက္ဆို ဘာလုပ္ရလုပ္ရသူမမူ ့သည္မို ့ ……

ခ်စ္တဲ့အိမ္စည္။

သိပ်မကြာခင်မှာပဲ ဒေါ်လေး မြရင်ရဲ့သားကိုထက်ရဲ့ မြို့ လေးမြို့ က သူငယ်ချင်း၏လိုင်စင်မပါတဲ့ without ကုန်တင်ကားအသေးကို သိန်းလေးဆယ်ပေးပီးကောင်းချီ ဝယ်လိုက်သည်။
ကားက အသစ်မဟုတ်ပေမဲ့ အတော်ကြီးသစ်သေးတယ်လို့ ပြောရမယ်။
ကောင်းချီတို့ နယ်တွေမှာ အတော်အသင့်
အနီးနားမြို့ ကအစ လိုင်စင်မပါတဲ့ကားတွေသုံးရသေးသည်။

ခုလည်း ကုန်စိမ်းရောင်းဖို့ မြို့ လေး အကျော်
က စိုက်ခင်းတွေဆီကို ကိုယ်တိုင် သွားဝယ်ဖို့ ကိုထက်နဲ့ အတူ နေ့ ခင်း၂နာရီခန့် မှာ
တံငါကုန်းရွာကနေ ထွက်လာခဲ့လိုက်သည်။

သက်ပုံကတော့ အေးအေးနေတက်သူပီပီ
ကောင်းချီမရှိလဲ  အိမ်မှာစာဖတ်ရင်း ကျန်ခဲ့သည်။ ညီမဖြစ်သူ မြသက်ကိုတော့
စက်ချုပ်ဆိုင်ကပြန်လာရင် သက်ပုံဆီ သွားနေပေးဖို့ ဒေါ်လေးမြရင်ကိုသွားမှာ
ထားခဲ့ရသည်။

သူခိုး လူဆိုး မရှိတဲ့ ရွာဆိုတော့စိတ်မချစရာတော့မရှိတာကြောင့် နောက်ဆံကင်းကင်းပင် ။

"ကိုကောင်း မြို့ လေးဝင်အုန်းမလား "

"အေး မုန့် ဆိုင်ကြီးတာတွေ့ ရင် ရပ်လိုက်အုန်း သက်ပုံအတွက်အပြန်မုန့် ဝယ်ချင်လို့ "

မြို့လေး မြို့ ဆိုတာ  မြို့သေးပေမဲ့ ဘေးရွာတွေများတော့ အတော်ကလေးစည်သည်ပြောရမယ်။
တံငါကုန်းနဲ့ မြို့လေးဆိုရင် မိုင် ၃၀ ဝေးပေမဲ့ လမ်းပန်းမဖွင့်ဖြိုးတော့
နှစ်ရက်သုံးရက် တခါလောက်သာ လိုင်းကားထွက်ပေးသည်။
အဲ့ဒါကြောင့်တံငါကုန်းရွာက ရွာကြီးဖြစ်ပေပမဲ့  ဈေး ကြီး သည်။
ဒါတောင် ဘေးနားက တောရွာလေးတွေက ဈေးသည်တွေက
တံငါကုန်းမှာ တဆင့်ဈေးပြန်ယူရောင်းကြတာရှိသေးသည်။

"ကိုကောင်း …ရောက်ပီ ။ "

"အင်း  မင်းရော ဘာဝယ်အုန်းမလဲ "

ကားရပ်ထားတဲ့ စတိုးဆိုင်ကိုကြည့်ပီး ကောင်းချီမေးလိုက်သည်။

"တော်ပီ မဝယ်တော့ဘူး။ "

ကားပေါ်ကနေမဆင်းတဲ့ ကိုထက်ကို ထားခဲ့ပီး အမြန်ပင်  ဆိုင်ထဲဝင်လိုက်သည်။
အာလူးကြော် တတွဲ နဲ့ တခြား မုန့် တော်တော်များများကို ပါဝယ်ပီး အပြင်ပြန်ထွက်လာတော့ ကိုထက်က လမ်းတဖက်ကွမ်းယာဆိုင်ကနေ ပြန်လာ၏။

"စားအုန်းမလား ကိုကောင်း "

အိတ်အကြည်လေးနဲ့ ထုတ်ထားတဲ့ ကွမ်းယာထုတ်ကို ကမ်းပေးလာပေမဲ့ ကောင်းချီ ငြင်းလိုက်သည်။

"ငါကွမ်းဖြတ်ထားတာ ။ရော့ မင်းမိန်းမအတွက် "

သက်သက်ဝယ်လာတဲ့ အအေးဘူးနဲ့ မုန့် တချို့ ကိုပေးတော့ ယူရမှာအားနာနေ၏။

အခုလည်း  အလုပ်မရှိတဲ့ ကိုသက် အတွက်
တစ်ရက်လုပ်အားခ  ၇၀၀၀ပေးပီးအငှားခေါ်ပီး ကားမောင်းခိုင်းရခြင်းဖြစ်သည်။
သက်ပုံကားမောင်းတက်ပေမဲ့ ကောင်းချီကမမောင်းတက်။ လိုက်မောင်းပေးဖို့ သက်ပုံပြောပေမဲ့ နေပူပူမို့ သက်ပုံကိုမခိုင်းရက်ပေ။

မြို့ လေးမြို့ ကနေ ၅မိုင်ခန့် အကွာရောက်တော့ စိုက်ခင်းတွေကို ကားလမ်းဘေးတစ်လျှောက်တွေ့ ရသည်။

"ကိုထက် မင်းသူငယ်ချင်းပြောတဲ့
ကိုကြည်မင်း တဲက ဘယ်ဟာလဲ ။ "

"ကျွန်တော်လည်းမသိဘူး နေအုန်း မေးလိုက်မယ်"

ကားကို လမ်းဘေးရပ်ကာ ကိုထက်က တဲတစ်တဲ ကိုသွားမေးသည်။
စိုက်ခင်းတွေထဲမှာ တင် တဲဆောက်နေကြသည်မို့  ဟိုတစုဒီတစု ဖြင့်  တစ်အိမ်နဲ့ တအိမ် အတော်ဝေးကြသည်။
ဦးကြည်မင်းဆိုတာကလည်း ကိုထက်သူငယ်ချင်းညွှန်ပေးလိုက်တဲ့  အခင်းရှင်ပင်။
သဘောကောင်းသလို ရိုးသားသည် မို့
ဈေးတင်ရောင်းတာဘာညာမရှိပဲ ပေါက်ဈေးကိုသာ လာဝယ်သမျှသူ ရောင်းပေးသည်တဲ့။

"ဘာတဲ့လဲ "

ကားပေါ်ပြန်တက်လာပြီး စက်ပြန်နှိုးနေတဲ့ကိုထက်က

"ဟို ရှေ့က လက်ပံပင်အောက်က တဲတဲ့ "

ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ အနီရောင် လက်ပံပွင့်တွေ နဲ့ တဲက လှပ ပေမဲ့ နေပူဒဏ်ကြောင့် ပူပူလောင်လောင် ဖြစ်နေတဲ့
ကောင်းချီကိုတော့ မအေးချမ်းနိုင်။

"ဝုတ် …ဝုတ် "

ကားက ကားလမ်းဘေး ရပ်ကာရှိသေး
တဲထဲက ခွေးနက်တစ်ကောင်က ပြေးထွက်လာသည်။

"ဦးကြည်မင်း… ဗျို့ဦးကြည်မင်း ဒီမှာ  ခင်ဗျား  ခွေးကြီးလာဆွဲပါအုန်းဗျ "

ကားခေါင်းထိ ခွေးက မတက်နိုင်တော့ အောက်ကနေသာ ထိုးဟောင်နေ၏။
ကိုထက်အော်သံကြောင့် ထင်သည်

ဖျင်ကြမ်းလက်ရှည်ဝတ်ထားတဲ့ ခပ်ဝဝ လူကြီးတစ်ဦးပြေးထွက်လာကာ ခွေးကိုမောင်းထုတ်၏။

"ငနက် သွားစမ်း အိမ်ထဲ …ဒါ အိမ်လာတဲ့ ဧည့်သည်တွေ"

နားလည်ပုံရတဲ့ခွေးက ထိုအခါမှတအီအီအသံပေးကာ ပြေးထွက်သည်။

"ဘာကိစ္စရှိလို့ လဲ ငါတူတို့ "

"ဟို ဦးလေးက ဦးကြည်မင်းလား ။
ကျွန်တော်ကို မြို့ လေးက ဦးလေးကျော် သား ရဲကျော်စွာ က လွတ်လိုက်လို့ ပါ"

"အော်  … ကိုကျော်တို့ အသိတွေလား …
လာ လာ ဒါဆို အိမ်ထဲဝင်ကြပါအုန်း"

ကောင်းချီ ကားအောက်ဆင်းပီးသည့်တိုင်
ကိုထက်က ခွေးကြောက်လို့ မဆင်းချင်ဖြစ်နေ၏။

"ဆင်းပါ ငနက်က ဟောင်သာဟောင်တာ လူမကိုက်ပါဘူး ။ ခုလည်း သူအမေ မိစိန်တို့ ပြန်လာတော့မှာမို့ သွားကြို နေလောက်ပါပြီ"

ပြောရင်းအိမ်ထဲဝင်သွားတာမို့ ကောင်းချီတို့ နှစ်ယောက်နောက်ကလိုက်ရသည်။
သက်ကယ်မိုး ထားတဲ့ တဲလေးရှေ့တွင် အရိပ်ရအောင် ဘူးစင်ကြီးကြီးကို  စင်ထိုးတင်ထား၏။
နေပျောက်မထိုးအောင် ဘူးပင်ဖြစ်သလို
ဘူးသီးတွေက ထွားချက်။
ခပ်လှမ်းလှမ်းအရိပ်အောက်မှာ ပုံထားတဲ့
ခရမ်းချဉ်သီး… ခရမ်းသီး ဘူးသီးနဲ့
ဂန္ဓာမာပန်း သစ္စာပန်းတွေက ဒိုင်ပို့ ဖို့ ခူးထားဟန်။

" ဘာအရေးရှိလို့ လဲ ။ စားအုန်း ငါ့မိန်းမ မိစိန်ကတော့ အခင်းထဲ အသီးကောက်နေတယ် "

ရှေ့ထိုးပေးလာတာ ရေနွေးအိုးနဲ့ လက်ဖက်ပန်းကန်လေး။

" ဦးလေးတို့ ဆီမှာ ဘာတွေရလဲ ဗျ။
ကျွန်တော်တို့ ဈေးလေး အဆင်ပြေရင် ကုန်စိမ်းလက်ကားလေးရချင်လို့ ပါ"

ကောင်းချီလာရင်းကိစ္စကိုသာပြောလိုက်သည်။

"အော် ဖောက်သည်ရချင်တာလား။
ဒါဆိုကောင်းတာပေါ့ကွာ။ မြို့လေးမှာ
ဒိုင်သွားသွင်းရင် ခုတလော ငါတို့ ကို ဈေးနှိမ်ပေးနေရတာနဲ့ ဘာနဲ့ စိုက်ရတာတောင်
မကာမိပါဘူးကွာ …ကိုယ်တိုင်ရောင်းဖို့ ကျလဲ မိတ်မရှိတာရော အချိန်မပေးနိုင်တာရောနဲ့ မရောင်းဖြစ်ဘူး"

ရိုးရိုးသားသား ပြောပြနေတဲ့ ဦးလေးကြီးကြောင့် ကောင်းချီခေါင်းညိတ်ပြကာ…

"ဟုတ်ကဲ့ ကျွန်တော်က တံငါကုန်းရွာက
နေ သက်သက်ဒီထိလာခဲ့တာပါ။ ဈေး
လည်း တခါမှမရောင်းဖူးဘူး ။ ခုအိမ်ထောင်ကျတော့ ဒီအလုပ်ကလေးစမ်းလုပ်ကြည့်မလို့  "

"အေးအေး ဈေးကတော့ စိတ်ချပါ ။
ခု မြို့ လေးမှာ သွင်းတဲ့ ဒိုင်ဈေးပဲ ယူသွားပါ။  ခရမ်းချဉ်သီးက ၄၀၀ဈေး သွင်းရတယ် ။ မင်းတို့ ယူရောင်းဖို့ ကိုက်ရဲ့လား"

ဦးလေးကြီးစကားကြောင်းကောင်းချီ မျက်မှောင်ကုတ်လိုက်သည်။ ရွာမှာ ၉၀၀ဈေး။ ဒီမှာ ၄၀၀ထက်ဝက်တောင်မက။

"၄၅၀ ပေးမယ် ဦးလေး။ လှတာလေးလုပ်ပေး။ ဘယ်လိုချိန်တာလဲ တောင်းပြတ်လညး ပိသာဈေးလား"

ကောင်းချီ ၅၀ပိုတိုးပေးလိုက်တော့
အတော်ကြီးဝမ်းသာသွားဟန်။  မြို့မှာ ကျင်လည်ခဲ့တဲ့ ကောင်းချီအတွက် ဈေးမရောင်းဘူးပေမဲ့ စိမ်းသက်မနေ။
ကိုထက်ကတော့ ပိုတိုးပေးတော့ မျက်လုံးပြူးပီး လက်ကုတ်နေ၏

" ကျေးဇူးတင်ပါတယ်ငါ့တူရယ်။ အလုပ်သမားငှားခနဲ့ ဘာနဲ့  ခရမ်းချဉ်တွေဈေးကောင်းရက်နဲ့ ဦးလေးတို့ လည်း ထင်သလောက် မမြတ်ပါဘူး။ တခါတလေ ၁၅၀ဈေးလောက်ထိကျသွားတဲ့ အခါမျိုးဆို သေရောပဲ "

ဒါကို ကောင်းချီလဲ သိသည်။ တခါတလေ ခရမ်းချဉ်ဈေးတွေ ကျရင် ၁၀၀ဖိုးလောက်ဝယ်ရင်ကို ၅၀သားအိတ်နဲ့ တစ်လုံးမက ရသည်။ တောင်သူလုပ်ရတာလဲ တကယ်တော့မလွယ်ကူ။

" ကိုကြည်မင်း ဧည့်သည်တွေရောက်နေတာလား "

ခမောက်ကလေးစောင်းကာ နွားလှည်းမောင်းပီးဝင်လာတဲ့ အမျိုးသမီးက ဦးကြည်မင်းကို လှမ်းအော်မေးသည်။ နောက်မှာ
လည်း  လှည်း သုံးစီးခန့် က တတန်းလောက်ပါလာသည်။

"ဟုတ်တယ် ။ လာအုန်း စကားပြောရအောင် "

လှည်းမှ နွားကိုချွတ်နေတဲ့ အမျိုးသမီးက
လက်ထဲက နွားချည်ထားတဲ့ ကြိုးကို ကလေးမလေးလက်ထဲပေးကာ စားပွဲမှာဝင်ထိုင်လာသည်။

"ဒါက တံငါကုန်းက ဈေးယူဖို့ လာတာ ။ "

"အော် ဟုတ်လား။ ဘာရချင်လဲ ဒေါ်လေးတို့ က အစုံစိုက်တာ"

"ခရမ်းချဉ်က ဘယ်လို ရောင်းတာလဲ တောင်းချိန်လား"

"မြို့ တွေဆို ကတ္တားနဲ့ ချိန်ပေးတာပဲ။
ဒေါ်လေးတို့ ဆီမှာ ကတ္တားမရှိတော့
ပြည်တောင်းနဲ့ ချိန်ပေးတာ ။ မပြည့်မှာတော့ မပူနဲ့ ပြည်တောင်းနဲ့ အပြည့်မောက်မောက်က တပိသာအလေးထက် ၁၀သားမကဘူး ပိုတယ်။ အစမ်းချိန်ပြလိုက်မယ် တောင်းပါတယ်မို့ လား။ "

"တောင်းက ပါပါတယ် ချိန်တော့ မပြပါနဲ့ 
ဒေါ်လေးတို့ ကိုယုံပါတယ်။ ကျွန်တော်
လည်း ခုမှ စရောင်းရတာမို့ အသီးလှတာလေးတော့ထည့်ပေးပါ"

"လှတာ ထည့်ပေးလိုက် မိစိန် ။ ၄၅၀ဈေးနဲ့ ဒီကလေး ကဈေးဖြတ်ထားတာ ။ "

" ဟုတ်ပါပီတော် … နောက်တခါမလာချင်အောင် ကျုပ်မလုပ်ပါဘူး။ ပိုပိုသာသာ
လည်း ထည့် ပေးလိုက်မယ် ။ မဟုတ်ရင် ပွဲရုံမှာဆို  သူတို့ ပြောတဲ့အလေးချိန်လောက်ပဲရတာပဲ ဟာ "

ဒေါ်စိန်ဆိုတဲ့ အဒေါ်က ပြောတဲ့ အတိုင်းတကယ်လဲ ထည့်ပေးလိုက်သည်။

အစိမ်းနှစ်တောင်း …အနီနှစ်တောင်း …သိပ်မရဲသေးတဲ့ အဝါ တစ်တောင်း …
အချိန် ၁၂၀ကျော်…။ ၆၅၀၀၀ဖိုးဝယ်လိုက်သည်။

ရွာမှာ တစီး ၅၀၀ရောင်းတဲ့ သစ္စာပန်းကို
အခင်းရှင်ဆီ တိုက်ရိုက်ဝယ်တော့ တစီး ၁၈၀တဲ့ ။
လောဘကြီးစွာ  အနီ …အဖြူ  …
ပန်းရောင် … အဖူးလေးတွေကြီးပဲ
အစီး ၈၀  …  အပို ၁၀ ။ ပေါင်း အစီး ၉၀ကို ၁၄၅၀၀ဖိုး။

ဂန္ဓာမာ အဝါရောင် အပွင့်သေးကို  သူတို့ အခေါ် တောထုံးဆိုသည့် လက်တပွေ့စာ
အထုံးကြီးမှ  တစ်ထုံး ၆၀၀ ။

ခွဲပီး ဘုရားအိုးတစ်အိုးစာသာ စီးရောင်းရင်  ၆စီးလောက်ရသည်တဲ့။ စိုက်ရတဲ့ တောင်သူတွေ တကယ်ပင်အားနာမိသည်။
ဈေးချို လွန်းပေမဲ့ ရောင်းအား ဘယ်လောက်ရှိမယ်ဆိုတာ မသိ၍ အစမ်း ၁၀ထုံး
၆၀၀၀ဖိုးသာဝယ်မိသည်။

ပန်းမုန်လာနဲ့ မုန်လာထုပ်ဆိုရင် လှကလှသေးသည်… ဈေးကချိုသေးသည်မို့  လောဘကြီးစွာဝယ်ချင်ပေမဲ့  လမ်းမကောင်းသေးသဖြင့် ပြည့်မောက်နေအောင် မတင်ရဲ။
ခရမ်းသီး… ၂၅၀ ဈေးနဲ့  အချိန် ၂၀
မုန်ညှင်းရွက်  တထုံး၅၀၀နဲ့   ဆယ်ထုံး
မုန်လာဥဖြူ    တစီး ၁၅၀ နဲ့  အထုံး၂၀

နဲ့ တခြား ဟိုနည်းနည်း ဒီနည်းနည်းကိုပါ စုံအောင် ဝယ်လိုက်တော့ ကားက
ဒိုင်နာကားလေးမို့  နည်းနည်းတောင်ပြည့်ချင်နေ၏။

ကားတစီးစာအပြည့်မှာ ပိုက်ဆံက ၃သိန်းဖိုးလောက်မို့  အံ့သြရသေးသည်။

အပိုတွေအများကြီးထည့်ပေးပီး ကားပေါ်ထိ အလုပ်သမားတွေနဲ့ သေချာ တင်ပေးလိုက်တာမို့  ကျေးဇူးတင်စကားပြောဖို့ ပြင်ပေမဲ့  ကောင်းချီတို့ ကို လာဝယ်လို့  သူတို့ ကအရင် ကျေးဇူးတင်နေကြသည်။
ဖုန်းနံပါတ်တောင်းလာသည်မို့ နောက်ရက် ဖုန်းဆက်ပီး ဈေးစကား ပြောကာ
ကိုထက်ကိုပဲ လွှတ်ပီး ကုန်သယ်ခိုင်းရုံသာ။
အပြန်လမ်းတော့ ကုန်အပြည့်တင်တဲ့ကားကိုဖြည်းဖြည်းသာမောင်းခိုင်းပီး မနက်ဖန်
ကုန်စိမ်းသည်ဘဝ စ ဖို့  ပြင်ဆင်ထားမိသည်။

ချစ်တဲ့ သက်ပုံအတွက်ဆို ဘာလုပ်ရလုပ်ရသူမမူ့ သည်မို့  ……

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz